Christian Dance (ဘုရားနှုတ်ကပတ်တော်များသည် အံ့ဖွယ်များ လုပ်ဆောင်)
18.12.2024
၁
အို၊ ဘုရားသခင်။ ကိုယ်တော်သည် လူသားမျိုးနွယ်ကြား လာရန် လူ့ဇာတိခံပြီး
ကျွန်ုပ်တို့ထံ ထာဝရအသက်၏ လမ်းခရီးကို ဆောင်ကြဉ်းပေး။
ကိုယ်တော့်နှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရားဖြစ်၊
ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တရားစီရင်၍ သန့်စင်။
ကိုယ်တော့်နှုတ်ကပတ်တော်များသည် သြဇာအာဏာရှိ၍ ကျွန်ုပ်တို့ကို စာတန်၏ စွမ်းအားမှ ကယ်တင်။
ကိုယ်တော့်အချစ်သည် ကျွန်ုပ်တို့၏ စိတ်နှလုံးတွင် နက်ရှိုင်းစွာ အမြစ်တွယ်ပြီး
ကိုယ်တော့်လူအားလုံးသည် ကိုယ်တော့်ကို ချီးမွမ်းခြင်းတွင် သီချင်းသစ်များ ရေးစပ်။
အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ်တို့ ချီးမွမ်း။
အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ်တို့ ချီးမွမ်း။
ကိုယ်တော့်လူတစ်ဦးစီ၏ ကြီးထွားတိုးတက်မှုသည်
ကိုယ်တော့်နှုတ်ကပတ်တော်များ၏ ရေလောင်းပေးခြင်းနှင့် ထိန်းကျောင်းပေးခြင်းမှ ခွဲခွာ၍မရ။
ကိုယ်တော့်လူတစ်ဦးစီ၏ စိတ်နှလုံးများသည်
ကိုယ်တော့်အတွက် အချစ်နှင့် သံယောဇဉ်ဖြင့် ပြည့်ဝကြ။
ကိုယ်တော်သည် ကျွန်ုပ်တို့၏ဖြစ်ခြင်းတစ်ခုလုံးကို အပြည့်အဝ ရရှိပြီးဖြစ်သည်၊
ကိုယ်တော့်အတွက် ကျွန်ုပ်တို့ သီချင်းမဆိုဘဲ အဘယ်နေနိုင်မည်နည်း။
၂
အို၊ ဘုရားသခင်။ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းသည် ကောင်းကင်ဘုံအထက်တွင်ရှိ၊
မကောင်းမှုခေတ်သည် ကိုယ်တော့်အမျက်ဒေါသဖြင့် လောင်ကျွမ်းခံရ။
ကိုယ်တော့်နှုတ်ကပတ်တော်များသည် ကိုယ်တော်၏ အနန္တတန်ခိုးကို ထုတ်ဖော်ပြီး
ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို အသစ်ဖြစ်စေကာ အသက်နှင့် ပြည့်ဝစေ။
ကိုယ်တော်သည် ပြီးပြည့်စုံသော ဂုဏ်ကျက်သရေကို ရရှိပြီးဖြစ်ကာ
စာတန်ကို အောင်နိုင်ပြီး ရန်သူအားလုံးကို နှိမ်နှင်း။
ကိုယ်တော့်လူအားလုံးသည် ကိုယ်တော့်ပလ္လင်တော်ရှေ့မှောက် ပြန်လာပြီး
ကိုယ်တော်၏ အလျှံပယ်ရှိခြင်းတွင် ပျော်မွေ့၍ ကိုယ်တော်၏ အံ့ဖွယ်အမှုများကို အားတက်သရော ချီးမွမ်း။
အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ်တို့ ချီးမွမ်း။
အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ်တို့ ချီးမွမ်း။
အသက်နှင့် သေဆုံးမှု၏ အခိုက်အတန့်တိုင်းတွင်
ကိုယ်တော့်နှုတ်ကပတ်တော်များသည် စာတန်၏ ညှဉ်းပန်းနှိပ်စက်မှုကို ကျော်လွန်နိုင်ရန် ကျွန်ုပ်တို့ကို လမ်းပြ။
ထူးကဲသော သက်သေခံချက်တစ်ခုစီသည်
ကိုယ်တော်၏ အဆုံးမရှိသော အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို အားတက်သရော ချီးမွမ်း။
ကိုယ်တော့်နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ပြီး အရာခပ်သိမ်းကို ပြီးမြောက်အောင်မြင်ကာ
လူတစ်စုကို သန့်စင်၍ စုံလင်စေပြီး သူတို့ကို အောင်နိုင်သူများအဖြစ် စုံလင်အောင်ပြု။
စကြဝဠာတစ်ခုလုံး ကိုယ်တော့်ကို ကျယ်လောင်စွာ ချီးမွမ်းပြီး
ထိုချီးမွမ်းသံများသည် မည်သည့်အခါမျှ နှုတ်ဆိတ်ခံရမည်မဟုတ်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ