Christian Dance (ဘုရားအိမ်တော်သို့ ကျွန်ုပ်ပြန်သွား)
05.02.2025
၁
ကျွန်ုပ်သည် ဘုရားသခင်၏ အသံကို ကြားရပြီး နောက်ဆုံးတွင် ဘုရားအိမ်တော်သို့ ပြန်သွား။
လက်တွေ့ကျသော ဘုရားသခင်ကို တွေ့မြင်ရသည့်အတွက် ကျွန်ုပ် ဧကန်အမှန် ကံကောင်း။
နှစ်ပေါင်းများစွာ ကျွန်ုပ်တောင့်တနေခဲ့သော အရာသည် ဖြစ်လာခဲ့ပြီ။
အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်တစ်ခုစီသည် သမ္မာတရား စစ်မှန်မှုဖြစ်။
ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းဖြင့် ကျွန်ုပ်သည် လျှောက်လှမ်းရမည့် လမ်းကြောင်းကို ရရှိပြီးဖြစ်ကာ
လူတစ်ဦးအနေဖြင့် လျှောက်သင့်သည့် လမ်းခရီးကို နားလည်။
အသက်စမ်းရေတွင်းဖြင့် ရေလောင်းပေးခြင်းကို ကျွန်ုပ်ခံရပြီးဖြစ်ကာ
ကျွန်ုပ်သည် အသက်တွင် တဖြည်းဖြည်း ကြီးထွားတိုးတက်ပြီးဖြစ်။
တရားစီရင်မှုမှတစ်ဆင့် ဖောက်ပြန်ပျက်စီးမှုကို ကျွန်ုပ်ဖယ်ရှားပြီး
ကျွန်ုပ်တွင် ရိုးသားသောသူတစ်ဦး၏ ပုံသဏ္ဌာန်ရှိ။
ကျွန်ုပ်သည် လမ်းပျောက်လျက် ရှာဖွေနေခြင်း မရှိတော့
ကျွန်ုပ်သည် သမ္မာတရားသို့ ဝင်ရောက်ကာ ကယ်တင်ခံရပြီးဖြစ်။
ဘုရားနှုတ်ကပတ်တော်များသည် လူများ၏စိတ်နှလုံးများထဲသို့ နက်ရှိုင်းစွာ ဖောက်ဝင်၊
ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းသည် နှိုင်းယှဉ်၍မရနိုင်သော ပျော်ရွှင်မှုဖြစ်။
၂
ကျွန်ုပ်သည် သိုးသငယ်၏ စားတော်ပွဲကို တက်ရောက်ပြီး
နိုင်ငံတော်၏ လက်တွေ့ကျသော လေ့ကျင့်သင်ကြားပေးခြင်းကို လက်ခံပြီးဖြစ်။
ဆင်းရဲဒုက္ခများကို ကျွန်ုပ်ကျော်ဖြတ်ခဲ့ရသော်လည်း
ဘုရားသခင်ထံမှ ကျွန်ုပ်မြည်းစမ်းခဲ့ရသောအချစ်သည် အလွန်စစ်မှန်။
စမ်းသပ်မှုများနှင့် ကြီးစွာသော ဆင်းရဲဒုက္ခများသည် ကျွန်ုပ်၏စိတ်နှလုံးကို အလွန်နာကျင်စေပြီး
များလှစွာသော ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်။
ကျွန်ုပ်ယုံကြည်ခြင်း၏ မသန့်စင်မှုများ ဖယ်ရှားခံရပြီး
ဘုရားသခင်ကို ချစ်သော ကျွန်ုပ်၏စိတ်နှလုံးသည် ပို၍သန့်စင်လာ။
ဘုရားသခင်၏ သစ္စာရှိမှုနှင့် ဖြောင့်မတ်မှုသည် ကျွန်ုပ်ကို ညှို့ယူဆွဲဆောင်ပြီး စွဲမက်စေ။
ဘုရားသခင်၏ စိတ်သဘောထားသည် အလွန်ချစ်ခင်နှစ်လိုဖွယ်ကောင်းသောကြောင့်
ကျွန်ုပ်၏စိတ်နှလုံးတွင် အလွန်နက်ရှိုင်းစွာ အမြစ်တွယ်လာ။
ဘုရားသခင်အတွက် ကျွန်ုပ်၏အချစ်သည် တစ်နေ့တခြား တိုးပွားလာပြီး
ကျွန်ုပ်၏စိတ်နှလုံးသည် ဘုရားသခင်ကို ချစ်နိုင်သည့်အတွက် ကျွန်ုပ်စိတ်ကျေနပ်မှုရှိ။
ဘုရားသခင်သည် သန့်ရှင်း၊ ဖြောင့်မတ်ပြီး ဧကန်အမှန် ချစ်ခင်နှစ်လိုဖွယ်ကောင်း၊
ကျွန်ုပ်၏စိတ်နှလုံးသည် ချီးမွမ်းမှုသီချင်းများဖြင့် ပြည့်ဝ။
၃
ကြယ်များသည် ကောင်းကင်မှနေ၍ ကျွန်ုပ်ကို ပြုံးပြပြီး နေမင်းကြီးက ကျွန်ုပ်ကို ခေါင်းညိတ်ပြ။
နေမင်းကြီးက တောက်ပပြီး မိုးရေက စိုစွတ်စေကာ
ကျွန်ုပ်၏ ဘေးရှိ ဘုရားနှုတ်ကပတ်တော်များဖြင့် ကျွန်ုပ် ပို၍ကြီးထွားတိုးတက်။
ဘုရားနှုတ်ကပတ်တော်များသည် နှိုင်းယှဉ်၍မရအောင် ကြွယ်ဝပြီး
ကျွန်ုပ်တို့၏ စားတော်ပွဲသည် ဧကန်အမှန် ချိုမြိန်။
ဘုရားသခင်၏ လျှံပယ်သောနှင့် ပြီးပြည့်စုံသော ပံ့ပိုးမှုသည်
ကျွန်ုပ်၏ ဝိညာဉ်ကို ကျေနပ်မှုအပြည့်ရှိစေပြီး ကြွယ်ဝစေ။
ဤအသင်းတော်သည် ခရစ်တော်၏ နိုင်ငံတော်ဖြစ်။
ဘုရားသခင်၏လူများသည် ဘုရားသခင်ကို ချစ်ပြီး ကျိုးနွံနာခံ။
ဘုရားသခင်၏လူများအားလုံးသည် သူ့နံဘေးတွင် ရှင်သန်နေထိုင်ပြီး
ကမ္ဘာမြေပေါ်ရှိ အသက်သည် ကောင်းကင်ဘုံကဲ့သို့ဖြစ်။
ဝမ်းနည်းမှု သို့မဟုတ် မျက်ရည်များ မရှိဘဲ
ဘုရားသခင်ရှေ့မှောက် ရှင်သန်နေထိုင်ခြင်းသည် နှိုင်းယှဉ်၍မရအောင် ကောင်းချီးပေးခံရခြင်းဖြစ်။
ဘုရားနှုတ်ကပတ်တော်များသည် ကျွန်ုပ်ဖြစ်တည်မှု၏ အခြေခံအုတ်မြစ်ဖြစ်လာ။
ကျွန်ုပ်သည် ဘုရားသခင်နှင့် မည်သည့်အခါမျှ တစ်ဖန် ခွဲခွာမည်မဟုတ်။
၄
ဘုရားသခင်သည် လူများအတွက် နေ့စဉ် ပြောဆိုပြီး ပံ့ပိုးပေး။
နိုင်ငံတော်အသက်တာသည် အလွန်အံ့ဖွယ်ကောင်း။
ကျွန်ုပ်စိတ်နှလုံး၏ ချစ်ရသောသူ၊
ကိုယ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းအကြောင်း ကျွန်ုပ် ပြော၍ မလောက်နိုင်။
ကိုယ်တော့်နှုတ်ကပတ်တော်များသည် အလွန်ချိုမြိန်ပြီး
၎င်းတို့သည် ကျွန်ုပ်၏စိတ်နှလုံးကို နွေးထွေးစေကာ ကျွန်ုပ်၏အချစ်ကို နှိုးဆွပေး။
ကိုယ်တော်၏ တရားစီရင်မှုသည် သန့်ရှင်းပြီး ဖြောင့်မတ်၊
၎င်းသည် ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်နှလုံးကို သန့်စင်ပေး။
ကျွန်ုပ်သည် ကိုယ်တော်၏အချစ်များစွာကို မွေ့လျော်ပြီးဖြစ်။
ကျွန်ုပ်သည် သမ္မာတရားကို လိုက်စားပြီး ကိုယ်တော့်ကို စိတ်ကျေနပ်စေမည်ဖြစ်။
ကျွန်ုပ်စိတ်နှလုံးသည် ကိုယ်တော့်ကို ချိုမြိန်စွာ ချစ်ပြီး
ဤအချစ်သည် ကျွန်ုပ်ကို ဝမ်းမြောက်စွာ ကခုန်စေ။
ကျွန်ုပ်၏တစ်ဘဝလုံးကို ကိုယ်တော့်အတွက် ဆက်ကပ်လိုပြီး
ကိုယ်တော့်အပေါ်ထားသည့် ကျွန်ုပ်အချစ်ကြောင့် ကျွန်ုပ်၏နေ့ရက်များသည် ဝမ်းမြောက်မှုဖြင့် ပြည့်ဝ။
ကျွန်ုပ်သည် မိမိ၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီး ကောင်းမွန်သော သက်သေခံချက်ကို ပေးမည်ဖြစ်။
ကျွန်ုပ်သည် ကိုယ်တော့်ကို ထာဝရ ချစ်ပြီး ကိုးကွယ်မည်ဖြစ်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ