Christian Dance (ဘုရားသခင်ကို ချီးမွမ်းရာတွင် သီဆိုဟစ်ကြွေး)
12.02.2025
၁
ညီအစ်ကိုမောင်နှမတို့၊ သီချင်း အတူဆိုကြစို့။
ဘုရားသခင်ကို ချီးမွမ်းရာတွင် သီဆိုဟစ်ကြွေးကြစို့။
ဘုရားသခင်သည် ဂုဏ်ကျက်သရေ ရရှိပြီးသောကြောင့် သူ့ကို ချီးမွမ်းကြလော့။
အနန္တတန်ခိုးရှင် ဘုရားသခင်သည် အောင်နိုင်သူတစ်စုကို စုံလင်စေခဲ့ပြီဖြစ်။
ဘုရားသခင်သည် စာတန်ကို လုံးဝအနိုင်ယူခဲ့ပြီဖြစ်။
ဘုရားသခင်၏ လူများသည် ၎င်းတို့၏တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်နေ။
၎င်းတို့သည် သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ကို ကျိုးနွံနာခံကာ
ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန် နှစ်သက်ဖွယ် သက်သေခံချက်ပေး။
ဘုရားသခင်သည် စာတန်ကို အတူတကွ အောင်နိုင်စေရန် ကျွန်ုပ်တို့ကို လမ်းပြ။
ကျွန်ုပ်တို့သည် မိမိတို့၏စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဘုရားသခင်ကို ချီးမွမ်း။
အောင်ပွဲခံရန် ကျွန်ုပ်တို့ ဝမ်းမြောက်စွာ သီဆိုကခုန်ကြစို့။
ဘုရားသခင်၏ ဂုဏ်ကျက်သရေ နေ့ရက် ရောက်လာပြီဖြစ်၊
ခရစ်တော်၏ နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် ပေါ်ထွန်းလာပြီဖြစ်ပြီး
နိုင်ငံအားလုံးနှင့် လူအားလုံးတို့သည် ဘုရားသခင်ထံ ဂုဏ်ကျက်သရေ ပေးအပ်။
၂
ညီအစ်ကိုမောင်နှမတို့၊ သီချင်း အတူဆိုကြစို့။
ဘုရားသခင်ထံ သီချင်းနှင့် အကအသစ်များ ပူဇော်ဆက်ကပ်ကြစို့။
ဘုရားသခင်၏အချစ်အတွက် ကျေးဇူးတင်ရှိခြင်းနှင့် ချီးမွမ်းမှုတို့ ကျွန်ုပ်တို့ ပေးအပ်။
ကျွန်ုပ်တို့သည် ယနေ့တိုင် ဘုရားသခင်နောက် လိုက်လျှောက်ပြီးဖြစ်၊
ဤသည်မှာ ဘုရားသခင်၏ စောင့်ရှောက်ခြင်းနှင့် ကျေးဇူးတော်ကြောင့် လုံးဝဖြစ်။
ကျွန်ုပ်တို့၏ နှိပ်စက်ညှဉ်းပန်းမှုနှင့် အခက်အခဲကြုံတွေ့မှု အားလုံးတစ်လျှောက်
ဘုရားသခင်သည် ထိုတစ်လျှောက်လုံး ကျွန်ုပ်တို့နှင့်အတူ ရှိပြီးဖြစ်။
ဘုရားနှုတ်ကပတ်တော်သည် ကျွန်ုပ်တို့ကို ဦးဆောင်လမ်းပြပေးပြီး
စာတန်၏ စုံစမ်းသွေးဆောင်ခြင်းများကို ကျော်လွှားနိုင်ရန် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို တိုးပွားစေ။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန် မိမိတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်။
အောင်ပွဲခံရန် ကျွန်ုပ်တို့ ဝမ်းမြောက်စွာ သီဆိုကခုန်ကြစို့။
ဘုရားသခင်၏ ဂုဏ်ကျက်သရေ နေ့ရက် ရောက်လာပြီဖြစ်၊
ခရစ်တော်၏ နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် ပေါ်ထွန်းလာပြီဖြစ်ပြီး
နိုင်ငံအားလုံးနှင့် လူအားလုံးတို့သည် ဘုရားသခင်ထံ ဂုဏ်ကျက်သရေ ပေးအပ်။
၃
ညီအစ်ကိုမောင်နှမတို့၊ သီချင်း အတူဆိုကြစို့။
ဝမ်းမြောက်စွာ ဗုံတီးပြီး ကစားကြလော့။
ဘုရားသခင်၏ ကြီးမြတ်သောအလုပ်သည် ပြီးမြောက်သွားပြီဖြစ်။
နိုင်ငံတော် ဧဝံဂေလိတရားသည် ကမ္ဘာလောက၏ နိုင်ငံအားလုံးထံသို့ ပျံ့နှံ့သွားပြီဖြစ်ကာ
ဘုရားသခင်၏ နာမတော်ကို နေရာတိုင်းတွင် သိရှိ။
ဘုရားနှုတ်ကပတ်တော်သည် လူများ၏ စိတ်နှလုံးများအတွင်းသို့ နက်ရှိုင်းစွာ ဖောက်ဝင်ပြီးဖြစ်။
နိုင်ငံအားလုံးရှိ ဘုရားသခင် ရွေးချယ်ထားသောလူများသည် အသက်တွင် ကြီးထွားတိုးတက်ပြီးဖြစ်။
ကျွန်ုပ်တို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် သစ္စာစောင့်သိမှုဖြင့် သူ့အတွက် မိမိကိုယ်မိမိ အသုံးခံ၊
ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် သက်သေခံရန်
သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး စစ်မှန်မှုကို အသက်ရှင်နေထိုင်။
အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပြီး ချီးမွမ်း။
အောင်ပွဲခံရန် ကျွန်ုပ်တို့ ဝမ်းမြောက်စွာ သီဆိုကခုန်ကြစို့။
ဘုရားသခင်၏ ဂုဏ်ကျက်သရေ နေ့ရက် ရောက်လာပြီဖြစ်၊
ခရစ်တော်၏ နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် ပေါ်ထွန်းလာပြီဖြစ်ပြီး
နိုင်ငံအားလုံးနှင့် လူအားလုံးတို့သည် ဘုရားသခင်ထံ ဂုဏ်ကျက်သရေ ပေးအပ်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ