Christian Dance (အသင်းတော် အသက်တာသည် ဧကန်အမှန် ကောင်းမွန်သည်)

31.10.2024

လူ့ဇာတိခံယူထားသော အနန္တတန်ခိုးရှင် ဘုရားသခင်၊

ကိုယ်တော့်ကို ကျွန်ုပ်တို့ ကျယ်လောင်စွာ ချီးမွမ်း။

ကောင်းကင်နိုင်ငံတော်၏ စားတော်ပွဲကို တက်ရောက်ရန်

ကိုယ်တော့်ပလ္လင်တော်ရှေ့သို့ ကျွန်ုပ်တို့ ချီဆောင်ခံရပြီးဖြစ်။

ကျွန်ုပ်တို့သည် ကိုယ်တော့်နှုတ်ကပတ်တော်များ၏ ရေလောင်းပေးခြင်းခံရပြီး

ကိုယ်တော်၏ ကြီးမားသော အချစ်ကို မွေ့လျော်ခံစား၊

ကိုယ်တော့်ရှေ့မှောက်တွင် တစ်နေ့နှင့်တစ်နေ့ ရှင်သန်နေထိုင်ရင်း

ကျွန်ုပ်တို့စိတ်နှလုံးများထဲတွင် ပျော်ရွှင်မှုနှင့် ချိုမြိန်မှုကို ခံစားရ။

ဘုရားနှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့ကို ဘဝသစ်တစ်ခုဆီသို့ ခေါ်ဆောင်ပေး။

ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းတွင်

သမ္မာတရားက မည်မျှအဖိုးတန်သည်ကို ကျွန်ုပ်တို့ နားလည်သဘောပေါက်။

ယခုတွင် ကျွန်ုပ်တို့သည် သမ္မာတရားကို နားလည်၍

စည်းမျဉ်းစည်းကမ်းများ၏ ဘောင်ခတ်ခြင်းကို မခံရသောကြောင့်

ကျွန်ုပ်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်၊

ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပြီး လွတ်လပ်မှုနှင့် လွတ်မြောက်မှုကို ရရှိနိုင်။

လာ...လာ...လာ...လာ...

အသင်းတော် အသက်တာသည် ဧကန်အမှန် ဝမ်းမြောက်ဖွယ်ကောင်းပြီး

ကျွန်ုပ်တို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ထာဝရ ချီးမွမ်း။

နောက်ဆုံးသော ကာလ၏ ဘုရားသခင့် အမှုတော်ကို လက်ခံရသည်မှာ

စစ်မှန်သော ဂုဏ်တစ်ခုဖြစ်လေခြင်း။

ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံခံစားရသောအခါ

ကျွန်ုပ်တို့ မည်မျှဖောက်ပြန်ပျက်စီးကြောင်းကို တွေ့မြင်။

ကျွန်ုပ်တို့သည် စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းကို ခံစားခဲ့ရသော်လည်း

ကျွန်ုပ်တို့၏ စာတန်ဆန်သော စိတ်သဘောထားများ သန့်စင်ခံရ။

သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်သောအခါ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ကျွန်ုပ်တို့တွေ့မြင်။

ကျွန်ုပ်တို့သည် သမ္မာတရားကို ရရှိပြီး ဘုရားသခင်၏ ကယ်တင်ခြင်းခံရကာ အသက်သစ်ကို ရရှိ။

ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားပြီး လူသစ်များ ဖြစ်လာသောအခါ

ဘုရားသခင်၏ အချစ်သည် မည်မျှလက်တွေ့ကျကြောင်း ကျွန်ုပ်တို့တွေ့ကြုံခံစားရ။

သမ္မာတရားကို ကျွန်ုပ်တို့ ရရှိပြီး လွတ်မြောက်ကြ၊

ကျွန်ုပ်တို့စိတ်နှလုံးများ ဝမ်းမြောက်မှုဖြင့် ပြည့်နှက်။

ကျွန်ုပ်တို့သည် အမှောင်၏ စွမ်းအားမှ ရုန်းထွက်၍ ဘုရားသခင်၏ ရယူခြင်းကို ခံရသည်မှာ

ဧကန်အမှန် ကောင်းချီးခံစားရခြင်းဖြစ်။

လာ...လာ...လာ...လာ...

အသင်းတော် အသက်တာသည် ဧကန်အမှန် ဝမ်းမြောက်ဖွယ်ကောင်းပြီး

ကျွန်ုပ်တို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ထာဝရ ချီးမွမ်း။

ညီအစ်ကိုမောင်နှမများသည် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်၍

ဘုရားနှုတ်ကပတ်တော်များတွင် ရှင်သန်နေထိုင်၊

ကျွန်ုပ်တို့သည် တစ်ဦးပေါ်တစ်ဦး ချစ်ခင်၍ ကူညီပံ့ပိုးကာ ကျွန်ုပ်တို့၏စိတ်နှလုံးများ နီးစပ်။

ကျွန်ုပ်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ရိုးသားသောသူများ ဖြစ်လာရန်

မိမိကိုယ်မိမိ စစ်မှန်စွာ ဖွင့်ဟ၊ ယင်းသည် ဘုရားကို ပျော်ရွှင်စေ။

ကျွန်ုပ်တို့သည် လှည့်ဖြားမှု၊ အပေးအယူလုပ်မှုများ သို့မဟုတ် တောင်းဆိုချက်များမရှိဘဲ

ဘုရားသခင်ကို ရိုးရှင်းစွာချစ်။

ဘုရားသခင်အတွက် လှပသော သက်သေခံချက်ပေးရန် ညီအစ်ကိုမောင်နှမတို့ လက်ချင်းချိတ်ဆက်ကြ။

ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ဝေရန် ကျွန်ုပ်တို့သည် မိမိတို့၏ ဖြစ်တည်မှုတစ်ခုလုံးကို ဆက်ကပ်

ကျွန်ုပ်တို့၏စိတ်နှလုံးနှင့် အသိဉာဏ် အပြည့်အဝဖြင့် မိမိတို့၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်း၍

ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်စေ။

ကျွန်ုပ်တို့သည် ဆုံးခန်းတိုင် သစ္စာစောင့်သိစွာဖြင့် ဘုရားသခင်အဘို့ မိမိတို့ကိုယ်ကို အသုံးခံမည်ဖြစ်ကာ

ဘုရားသခင်ကို ထာဝရ ချစ်၍ ကိုယ်တော့်အတွက် သက်သေခံမည်ဖြစ်။

လာ...လာ...လာ...လာ...

အသင်းတော် အသက်တာသည် ဧကန်အမှန် ဝမ်းမြောက်ဖွယ်ကောင်းပြီး

ကျွန်ုပ်တို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ထာဝရ ချီးမွမ်း။

ဘုရားသခင်၏ တရားစီရင်မှုသည် ကယ်တင်ခြင်းဖြစ်ပြီး ကျွန်ုပ်တို့ကို သန့်စင်၍ စုံလင်​အောင် ပြုလုပ်ပေး။

ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကာ ကျွန်ုပ်တို့၏ အသက်ဖြစ်လာ။

ကျွန်ုပ်တို့သည် ဘုရားသခင်ကို စိတ်နှလုံးနှင့် ရိုးသားခြင်းဖြင့် ကိုးကွယ်ပြီး ကိုယ်တော့်မျက်မှောက်တော်၏

အလင်းတွင် ရှင်သန်နေထိုင်။

ခရစ်တော်၏ နိုင်ငံတော်သည် ဧကန်အမှန် အံ့ဖွယ်ကောင်းပြီး ကျွန်ုပ်တို့၏ နွေးထွေးသောအိမ်ဖြစ်။

အသင်းတော် အသက်တာတွင် ရှင်သန်နေထိုင်ခြင်းတွင်

ကျွန်ုပ်တို့၏ စိတ်နှလုံးများသည် စကားလုံးများဖြင့် ဖော်ပြ၍မရလောက်အောင် ဝမ်းမြောက်။

ဘုရားသခင်၏ မျက်မှောက်တော်နှင့် လမ်းညွှန်မှုကို ရရှိခြင်းသည်

အလွန်ကြီးမားသော ကောင်းချီးမင်္ဂလာတစ်ပါး ဖြစ်ပြီး

ဘုရားသခင်ကို ချစ်ခင်ခြင်းနှင့် ဘုရားအလိုတော်ကို လိုက်လျှောက်ခြင်းသည်

အသက်ရှင်နေထိုင်ရန်အတွက် ပျော်ရွှင်ဖွယ်အကောင်းဆုံးနည်းလမ်းဖြစ်။

အသင်းတော် အသက်တာသည် ဧကန်အမှန် ဝမ်းမြောက်ဖွယ်ကောင်းပြီး

ကျွန်ုပ်တို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ထာဝရ ချီးမွမ်း။

လာ...လာ...လာ...လာ...

အသင်းတော် အသက်တာသည် ဧကန်အမှန် ဝမ်းမြောက်ဖွယ်ကောင်းပြီး

ကျွန်ုပ်တို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ထာဝရ ချီးမွမ်း။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။