Christian Dance (ကျွန်ုပ်တို့၏ အတွေ့အကြုံတွင် ကျွန်ုပ်သည် ဘုရားနှုတ်ကပတ်တော်၏ အဖိုးတန်မှုကို တွေ့မြင်လာ)
26.10.2024
၁
လူသားသည် သမ္မာတရားကို ဖော်ပြ၍ လူကြားသို့ လာခဲ့ပြီဖြစ်။
ဘုရား၏ သိုးများသည် ဘုရားအသံကို ကြားရကာ ဘုရားရှေ့မှောက် ပြန်လာ။
ကျွန်ုပ်တို့သည် ဘုရားနှုတ်ကပတ်တော်ကို စားသောက်၍ မွေ့လျော်ကာ
သိုးသငယ်၏ စားတော်ပွဲကို တက်ရောက်။
စစ်မှန်သည့် ဘုရားသခင်၏ မျက်နှာတော်ကို မြင်ရလိမ့်မည်ဟု ကျွန်ုပ်၏ အိပ်မက်များထဲတွင်ပင် စိတ်မကူးခဲ့။
သမ္မာတရားကို ကျွန်ုပ်တို့ နားလည်၍ ပိုင်းခြားသိမြင်မှုကို ရရှိရန်အတွက်
ဘုရားနှုတ်ကပတ်တော်ကို နေ့စဉ်နေ့တိုင်း ကျွန်ုပ်တို့စားသောက်။
ကြီးစွာသော ဆင်းရဲဒုက္ခများနှင့် ညှဉ်းပန်းနှိပ်စက်မှုမှတစ်ဆင့်
ကျွန်ုပ်တို့သည် အဆင်းနီသော နဂါးကြီး၏ မျက်နှာကို ရှင်းလင်းစွာ တွေ့မြင်လာ။
ကျွန်ုပ်တို့သည် ဘုရားနောက် လိုက်လျှောက်ရန် အရာခပ်သိမ်းကို စွန့်ပစ်ကာ
ဘုရားနှုတ်ကပတ်တော်၏ လမ်းညွှန်မှုကို ခံရ။
ကျွန်ုပ်တို့သည် နေ့စဉ်နေ့တိုင်း ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံ၍
ကျွန်ုပ်တို့၏ စိတ်နှလုံးများသည် ပျားရည်ထက် ပို၍ချိုမြိန်သော ဝမ်းမြောက်မှုနှင့် ပြည့်နှက်။
ဖြောင့်မတ်ခြင်းကို ဆာလောင်မွတ်သိပ်သူများ၏ ဝိညာဉ်များ စိတ်ကျေနပ်မှုရှိ။
အရာခပ်သိမ်းတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူများ၏ အသက်များသည် ဖြည်းညင်းစွာ ကြီးထွား။
ကျွန်ုပ်တို့သည် သစ္စာစောင့်သိမှုရှိစွာဖြင့် မိမိ၏တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်း၍
ဘုရား၏ အသိအမှတ်ပြုခြင်းခံရ။
ကျွန်ုပ်တို့သည် ထာဝရအချိန်ထိ ဘုရားကို ချစ်ခင်မည်ဖြစ်ကာ ဘုရားအတွက် သက်သေခံမည်ဖြစ်။
၂
ဘုရား၏ တရားစီရင်မှုကို တွေ့ကြုံခြင်းတွင် ကျွန်ုပ်တို့သည် သန့်စင်ခံရ၍ ဘုရား၏ ချစ်ခြင်းကို မြည်းစမ်းရ။
ကျွန်ုပ်၏ စိတ်နှလုံးကို ထိုးဖောက်သော ကြမ်းတမ်းသည့် ဘုရားနှုတ်ကပတ်တော်များသည်
ကျွန်ုပ်ကို ကယ်တင်ရန် ရည်ရွယ်ချက်အတွက်သာ ဖြစ်။
ယင်းတို့ကို တွေ့ကြုံပြီးနောက်မှသာ ဘုရား၏ စေ့စပ်သေချာသော ရည်ရွယ်ချက်များကို ကျွန်ုပ်နားလည်။
ဘုရားနောက် လိုက်လျှောက်နိုင်ခြင်းသည် ဘုရား၏ ကောင်းချီးဖြစ်။
ကျွန်ုပ်တို့သည် ကြီးစွာသော ဆင်းရဲဒုက္ခနှင့် နာကျင်မှုမျိုးစုံကို ခံစားရကာ
ယင်းသည် ဘုရား၏ အမိန့်ပေးစီရင်မှုဖြစ်။
ဘုရားသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိကြောင်း ကျွန်ုပ်တို့ သိရှိကာ ယုံကြည်မှုနှင့် ခွန်အား ရရှိ။
ကျွန်ုပ်တို့သည် စာတန်၏ အကြံအစည်များကို ထိုးဖောက်မြင်ရကာ
ကြောက်တတ်ခြင်း သို့မဟုတ် ထိတ်လန့်ခြင်း မရှိတော့။
ဘုရားသခင်က ကျွန်ုပ်တို့အား သူ့သဘောကျ စီစဉ်ညွှန်ကြားသည်ကို ခွင့်ပြုရန်နှင့်
ဘုရားအတွက် ကျွန်ုပ်တို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရန် ကျွန်ုပ်တို့ ပျော်ရွှင်။
ကျွန်ုပ်သည် ဘုရား၏ များလှစွာသော ချစ်ခြင်းကို မွေ့လျော်ခံစားခဲ့ပြီးဖြစ်ကာ
ယင်းအတွက် ကျွန်ုပ်ပြန်မပေးဆပ်ပါက ကျွန်ုပ်ကို လူသားဟု မခေါ်ထိုက်။
ကျွန်ုပ်သည် သေသည့်တိုင်အောင် သစ္စာစောင့်သိမည်ဖြစ်၊ ဘုရားကို ချစ်ခင်မည်ဖြစ်၊
နောက်ဆုံး ဆုံးခန်းတိုင်အောင် ဘုရားနောက် လိုက်လျှောက်မည်ဖြစ်။
ကျွန်ုပ်သည် ထာဝရအချိန်ထိ ဘုရားကို ချစ်ခင်မည်ဖြစ်ကာ ဘုရားအတွက် သက်သေခံမည်ဖြစ်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ