Christian Dance (ကျွန်ုပ်၏စိတ်နှလုံးတွင် ကိုယ်တော် အမြဲရှိနေပါစေ)

05.02.2025

နွေဦးနှင့် ​ဆောင်းဦးတစ်လျှောက် ကျွန်ုပ်ဘေးတွင် ကိုယ်တော်ရှိပြီး ဆောင်းရာသီနှင့် နွေရာသီတစ်လျှောက် ကျွန်ုပ်နှင့်အတူ ကိုယ်တော် လမ်းလျှောက်။

ကိုယ်တော်၏ အထီးကျန်သော မျက်နှာတော်ကို တွေ့ရသောအခါ ကျွန်ုပ်စိတ်နှလုံးသည် များစွာသော ဝမ်းနည်းမှုဖြင့် ပြည့်နှက်။

ကျွန်ုပ်သည် ဘယ်သောအခါမှ ကိုယ်တော်၏ အထီးကျန်မှုကို အလေးမထားဖူးသလို ကိုယ်တော်၏ နာကျင်မှုကို မနှစ်သိမ့်ပေးဖူး။

ခေါင်းမာသော နောင်တမရမှုတွင် ကိုယ်တော်၏ စစ်မှန်သော တိုက်တွန်းချက်များနှင့် အကြိမ်ကြိမ် ကျွန်ုပ်ရင်ဆိုင်ရ။

ကျွန်ုပ်သည် အမြဲ ကိုယ်တော့်ကို နာကျင်စေပြီး စိတ်ပျက်စေကာ

ကိုယ်တော်၏ ဆုံးမခြင်း ခံရပြီးနောက်မှသာ အသိတရား အနည်းငယ် ရရှိ။

ကျွန်ုပ်သည် ကိုယ်တော်၏ အနားတွင် နီးကပ်စွာ နေသည့်တိုင် ကိုယ်တော်၏ ဝန်ထုပ်ကို မထမ်းရွက်နိုင်။

ဆင်ခြင်တုံတရားကင်းမဲ့သောသူက ကိုယ်တော်၏ ဆင်းရဲဒုက္ခ တစ်ခုတလေကို မည်သို့များ သိနိုင်မည်နည်း။

ကျွန်ုပ်၏ ကိုယ်ပိုင်လိုအင်ဆန္ဒများအတွက်၊ ဇာတိပကတိအတွက် ကျွန်ုပ်သည် သမ္မာတရား၊ ကိုယ်ကျင့်တရားအပြုအမူနှင့် တရားမျှတမှုကို မေ့လျော့ခဲ့။

ကျွန်ုပ်သည် သောကများ ဖိစီးသောအခါတွင် ကိုယ်တော့်စိတ်နှလုံးကို ကြေကွဲစေခဲ့ပြီ။

ကိုယ်တော်သည် ဝမ်းနည်းကြေကွဲသည့်တိုင် ယင်းကို မည်သူကမျှ နားမလည်။

ဖောက်ပြန်ပျက်စီးမှုအလယ်တွင် နာကျင်မှုဖြင့် အော်ညည်းနေစဉ် ကိုယ်တော့်ကို လောဘတကြီး ကျွန်ုပ် တောင်းဆို။

ကိုယ်တော်၏စိုးရိမ်မှုအချို့ကို ဝေမျှခံစားရန် မည်သူသည် အသိတရားနှင့် ဆင်ခြင်တုံတရား ရှိသနည်း။

ကိုယ်တော်၏ အဖိုးတန်သော အချစ်နှင့် စစ်မှန်သော ခံစားချက်ဖြင့် ကိုယ်တော့်စိတ်နှလုံးသည် အကြင်နာဆုံးဖြစ်။

ကိုယ်တော့်ထက် မည်သူက ပို၍တင့်တယ်နိုင်ခဲ့မည်နည်း၊ မည်သူကပို၍ဂုဏ်ရှိနိုင်ခဲ့မည်နည်း။

ကိုယ်တော်နှင့်အတူ ကျွန်ုပ် အမြဲရှိမည်ဖြစ်ပြီး ကိုယ်တော့်ကို ကျွန်ုပ် မည်သည့်အခါမျှ စွန့်ခွာမည်မဟုတ်။

ကိုယ်တော့်မျက်နှာတော်တွင် ကြီးမားသော ဝမ်းမြောက်မှု ပေါ်လာပြီး ကျွန်ုပ်၏စိတ်နှလုံးတွင် ကိုယ်တော် အမြဲရှိနေပါစေ။

ကိုယ်တော့်မျက်နှာတော်တွင် ကြီးမားသော ဝမ်းမြောက်မှု ပေါ်လာပြီး ကျွန်ုပ်၏စိတ်နှလုံးတွင် ကိုယ်တော် အမြဲရှိနေပါစေ။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ၊ ကျွန်ုပ်၏စိတ်နှလုံးတွင် ကိုယ်တော် အမြဲရှိနေပါစေ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။