Christian Dance (သမ္မာတရားကို မရပြီးမချင်း မည်သည့်အခါမျှ လက်မလျှော့ရန် ကျွန်ုပ် သစ္စာဆို)

10.02.2025

လူ့ဇာတိ၌ ပေါ်ထွန်းသော နှုတ်ကပတ်တော်သည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ပေ။

သူသည် နောက်ဆုံးသော ကာလထဲက လက်တွေ့ကျသော လူ့ဇာတိခံ ဘုရားသခင်ဖြစ်ပေ။

ကမ္ဘာဦးမတိုင်မီ နောက်ဆုံးသော ကာလတွင် ကျွန်ုပ်၏ မွေးဖွားခြင်းကို သူ ကြိုတင်ပြဋ္ဌာန်းခဲ့ပေ။

သိမ်းပိုက်ခြင်းနှင့် ကယ်တင်ခြင်းတို့မှတစ်ဆင့် ကျွန်ုပ်အပေါ် သူ၏ အသက်ကို ပေးလေပြီ။

ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို တရားစီရင်ရန် သမ္မာတရားကို ဖော်ပြပြီး

၎င်းတို့၏ အကျည်းတန်ကာ စာတန်ဆန်သော မျက်နှာထားကို သူဖွင့်ချလေပြီ။

ကျွန်ုပ် ပုန်းကွယ်စရာ နေရာမရှိဘဲ အသရေပျက်ရသည်၊ ကျွန်ုပ် လုံးဝ ရှက်မိပါသည်။

ကျွန်ုပ်သည် မြေမှုန်လက်တစ်ဆုပ်သာ ဖြစ်သည်ကို ကျွန်ုပ် သိပါသည်။

ကြွားဝါရန် ကျွန်ုပ်တွင် ဘာမျှမကျန်ရှိပေ။

မြေပေါ် မိမိကိုယ်ကိုယ် ကျွန်ုပ် ပျပ်ဝပ်သည်၊ ကျွန်ုပ်၏ စိတ်နှလုံးက သိမ်းပိုက်ခြင်းခံရပေ။

ခရစ်‌တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကြောင်း ကျွန်ုပ် အခိုင်အမာဆိုသည်။

ဤဘဝတွင် သမ္မာတရားကို မရပြီးမချင်း မည်သည့်အခါမျှ လက်မလျှော့ရန် ကျွန်ုပ် သစ္စာဆို။

ကျွန်ုပ် ခံသင့်သည့် ဆင်းရဲဒုက္ခကို ကျွန်ုပ် မခံနိုင်လျှင် ကျွန်ုပ်သည် လူသားဖြစ်ရန် မထိုက်တန်ပေ။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ် ပြန်မပေးဆပ်နိုင်လျှင် သူ့ကို ကျွန်ုပ် ရင်မဆိုင်နိုင်။

ဘုရားသခင်၏ တရားစီရင်ခြင်းအားဖြင့် ကျွန်ုပ်သည် မိမိကိုယ်ကို သိကျွမ်းလာပြီး

ကျွန်ုပ်၏ နက်နဲသော ဖောက်ပြန်ပျက်စီးခြင်းနှင့် သူ့ကို အစေခံရန် မထိုက်တန်ခြင်းကို ကျွန်ုပ်မြင်ရပြီ။

ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့သည် ကျွန်ုပ်၏ ပုန်ကန်ခြင်းကို ထုတ်ဖော်သဖြင့်

ကျွန်ုပ်သည် မိမိ၏ နိမ့်ကျမှုနှင့် ဆိုးညစ်မှုတို့ကို သာ၍ပင် မုန်းတီးသည်။

ဘုရားသခင်၏ အသက်ဖြစ်သောအရာသည် သမ္မာတရားသာဖြစ်သည်။

ကျွန်ုပ်၏ စိတ်နှလုံးသည် သမ္မာတရားကို ဆာငတ်ပြီး ကျွန်ုပ်သည် တိုးတက်ရန် အားထုတ်မည်။

ဘုရားသခင်ကို သိကျွမ်းခြင်းသည် ကျွန်ုပ်အား အသက်ကို သာ၍ပင် လိုက်စားရန် လှုံ့ဆော်ပေး။

သူ၏နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်နေထိုင်ခြင်းသည်

အမှန်တကယ်ပင် ကြီးမားသော ကောင်းချီးဖြစ်။

ကျွန်ုပ်၏ အသက်ကို ဝမ်းမြောက်စွာ ဆက်ကပ်မည်ဖြစ်ပြီး ဘုရားသခင်ကို ချစ်ရန်

ကျွန်ုပ်၏ စိတ်နှလုံးကို အသုံးပြုမည်။ သူ့အတွက် သက်သေခံနိုင်သည်ကို ကျွန်ုပ် အားရကျေနပ်မိ။

ခရစ်‌တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကြောင်း ကျွန်ုပ် အခိုင်အမာဆိုသည်။

ဤဘဝတွင် သမ္မာတရားကို မရပြီးမချင်း မည်သည့်အခါမျှ လက်မလျှော့ရန် ကျွန်ုပ် သစ္စာဆို။

ကျွန်ုပ် ခံသင့်သည့် ဆင်းရဲဒုက္ခကို ကျွန်ုပ် မခံနိုင်လျှင် ကျွန်ုပ်သည် လူသားဖြစ်ရန် မထိုက်တန်ပေ။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ် ပြန်မပေးဆပ်နိုင်လျှင် သူ့ကို ကျွန်ုပ် ရင်မဆိုင်နိုင်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။