Christian Dance (ဘုရားသခင်၏ စစ်မှန်သော မေတ္တာ)
12.02.2025
၁
ယနေ့ ဘုရားသခင်ရှေ့မှောက် ကျွန်ုပ်ပြန်လာ၊
ဘုရားနှုတ်ကပတ်တော်များကို မွေ့လျော်ခြင်းတွင်
ကျွန်ုပ်၏စိတ်နှလုံးသည် နှိုင်း၍မရအောင် ချိုမြိန်မှုကို ခံစားရ။
သမ္မာတရားကို နားလည်ခြင်းသည် ကျွန်ုပ်၏စိတ်ဝိညာဉ်ကို လွတ်မြောက်စေပြီး
ဘာသာရေး ဟိတ်ဟန်များ၏ ချုပ်နှောင်မှုများနှင့် ဘောင်ခတ်မှုများကို ကျွန်ုပ်နှုတ်ဆက်။
ယနေ့ ဘုရားသခင်ရှေ့မှောက် ကျွန်ုပ်ပြန်လာ၊
ဘုရားသခင်၏ တရားစီရင်မှုကို တွေ့ကြုံခြင်းမှတစ်ဆင့်
ကိုယ်တော်၏ စိတ်သဘောထားကို ကျွန်ုပ်သိလာ။
ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းသော မျက်နှာတော်ကို တွေ့မြင်သောအခါ
ကျွန်ုပ်စိတ်နှလုံးတွင် ပြောစရာများစွာရှိ။
ကျွန်ုပ် ကြီးထွားစဉ် ကျွန်ုပ်ကို ရေလောင်းပေးပြီး
အာဟာရပေးသော အရာမှာ ဘုရားသခင်၏ နူးညံ့သော နှုတ်ကပတ်တော်များဖြစ်။
ဘုရားသခင်၏ တင်းကြပ်သော နှုတ်ကပတ်တော်များ၏ ဖော်ထုတ်မှုနှင့် တရားစီရင်မှုသည်
ကျွန်ုပ်ကို မိမိကိုယ်မိမိ သိလာနိုင်စေ။
ကျွန်ုပ်တို့က ဘုရားသခင်၏ မိသားစုတွင် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နိုင်ခြင်းသည်
ကိုယ်တော်၏ ကျွန်ုပ်တို့ကို မြှောက်တင်ပေးမှုဖြစ်။
ယခု ကျွန်ုပ်တို့က အသက်တွင် မှန်ကန်သော လမ်းကြောင်းကို လျှောက်နိုင်ခြင်းသည်
ဘုရားသခင်၏ ကောင်းချီးနှင့် သနားကရုဏာဖြစ်။
အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်တို့သည် ကိုယ်တော့်ကို ထာဝရ ချစ်မည်ဖြစ်။
လာ လာ လာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်းလော့။
လာ လာ လာ၊ ဟာလာလူရာ။
၂
အို ဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဧကန်အမှန် ချစ်။
နေ့ရက်တိုင်း ကိုယ်တော်သည် နှုတ်ကပတ်တော်အသစ်များ
ပြောကြားပြီး ကျွန်ုပ်တို့ကို ရေလောင်းကာ ပံ့ပိုးပေး။
ကိုယ်တော်၏ နှုတ်ကပတ်တော်အသစ်များကို နေ့တိုင်း ဖတ်ရှုသောကြောင့်
ကျွန်ုပ်တို့ ဉာဏ်ပွင့်ခြင်းအသစ် ရရှိ၊
ကျွန်ုပ်တို့သည် သမ္မာတရားများစွာကို နားလည်ပြီး အသက်တွင် တဖြည်းဖြည်း ကြီးထွား။
အို ဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဧကန်အမှန် ချစ်။
ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့၏ စာတန်ဆန်သော စိတ်သဘောထားများကို တရားစီရင်။
ကိုယ်တော်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့်
ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးမှု သန့်စင်ခံရ။
စာတန်၏ စွမ်းအားမှ ကျွန်ုပ်တို့ ရုန်းထွက်ပြီး ကယ်တင်ခံရ။
ညီအစ်ကိုမောင်နှမတို့၊ မြန်မြန် ထကြလော့။
ကျွန်ုပ်တို့၏ ဘုရားသခင်ကို အတူတကွ ချီးမွမ်းကြစို့။
ယနေ့ ကျွန်ုပ်တို့ အတူတကွ စုဝေးနိုင်ကြပေ၊
ကျွန်ုပ်တို့ထံ ဘုရားသခင်က ပေးကမ်းသော ဤအချိန်ကောင်းကို မြတ်နိုးလိုက်ကြစို့။
လူ့ဇာတိ၏ အချုပ်အနှောင်အားလုံးကို ဖယ်ရှားလိုက်ကြစို့။
အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်ုပ်တို့၏ စိတ်နှလုံးများ ကျေနပ်အားရသည်အထိ ချီးမွမ်းလိုက်ကြစို့။
ကျွန်ုပ်တို့၏ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှဖြင့်
မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းလိုက်ကြစို့။
ဘုရားသခင်အတွက် ကျွန်ုပ်တို့၏အချစ်ကို လက်တွေ့လုပ်ရပ်များဖြင့် ပြလိုက်ကြစို့။
အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်တို့သည် ကိုယ်တော့်ကို ထာဝရ ချစ်မည်ဖြစ်။
လာ လာ လာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်းလော့။
လာ လာ လာ၊ ဟာလာလူရာ။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ