Christian Dance (နောက်ဆုံးသောကာလ၏ ခရစ်တော်နောက် လိုက်လျှောက်ရခြင်းအတွက် ကျွန်ုပ်တို့ ကောင်းချီးခံစားရလိုက်လေခြင်း)

04.11.2024

ကျွန်ုပ်တို့သည် နောက်ဆုံးသောကာလ ခရစ်တော်တည်းဟူသော အနန္တတန်ခိုးရှင် ဘုရားသခင်နောက် လိုက်လျှောက်။

ဘုရားနှုတ်ကပတ်တော်ကို နေ့စဉ်နေ့တိုင်း ကျွန်ုပ်တို့စားသောက်ပြီး အလွန်မွေ့လျော်။

ကျွန်ုပ်တို့သည် အသက်ရေ၏ ရေလောင်းပေးခြင်းကို ရရှိပြီး ကောင်းကင်နိုင်ငံတော်၏ စားတော်ပွဲကို တက်ရောက်။

နိုင်ငံတော်တွင် ကျွန်ုပ်တို့ အသက်သစ်တစ်ခု နေထိုင်။

ဘုရားနှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရားဖြစ်ပြီး

ကျွန်ုပ်တို့ ပိုမိုဖတ်ရှုလေ ကျွန်ုပ်တို့စိတ်နှလုံးများ ပိုမိုတောက်ပလာလေဖြစ်။

ကျွန်ုပ်တို့သည် ဤကမ္ဘာမြေ၏ အမှောင်နှင့် မကောင်းမှုကို ရှင်းလင်းစွာ တွေ့မြင်ပြီး

ဘဝ၏ တန်ဖိုးနှင့် အဓိပ္ပာယ်ကို နားလည်။

ကျွန်ုပ်တို့သည် မိမိတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် အရာခပ်သိမ်းကို စွန့်ပစ်ပြီး

အသက်၏ တောက်ပသော လမ်းကြောင်းကို လျှောက်လှမ်း။

ကျွန်ုပ်တို့၏ အနှစ်မဲ့၍ နာကျင်သော အသက်များကို ဖယ်ရှားကာ

ဘုရားရှေ့မှောက် လွတ်လပ်မှုနှင့် လွတ်မြောက်မှုရှိစွာ ရှင်သန်နေထိုင်။

ကျွန်ုပ်တို့သည် သီချင်းသစ်တစ်ပုဒ်ကို သီဆို၍ အကသစ်တစ်ခုကို ကပြ၊

ဘုရားသခင်ကို ကျေးဇူးတင်၍ ချီးမွမ်း။

ဘုရားနှုတ်ကပတ်တော်သည် ကျွန်ုပ်တို့ကို ရေလောင်းပေး၍ ကျွေးမွေးကာ

ကျွန်ုပ်တို့အသက်များသည် ဖြည်းဖြည်းမှန်မှန် ကြီးထွား။

ကျွန်ုပ်တို့သည် သီချင်းသစ်တစ်ပုဒ်ကို သီဆို၍ အကသစ်တစ်ခုကို ကပြ၊

ကျွန်ုပ်တို့ကို သမ္မာတရားနှင့် အသက် ပေးအပ်သောကြောင့် ဘုရားသခင်ကို ကျေးဇူးတင်။

ကျွန်ုပ်တို့သည် မိမိတာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်၍ ဆုံးခန်းတိုင် သစ္စာစောင့်သိလျက်ရှိမည်ဖြစ်၊

သမ္မာတရား စစ်မှန်မှုကို ကျွန်ုပ်တို့ အသက်ရှင်နေထိုင်မည်ဖြစ်ကာ

ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်စေမည်ဖြစ်။

နောက်ဆုံးသောကာလ၏ ခရစ်တော်နောက် လိုက်လျှောက်ရခြင်းအတွက်

ကျွန်ုပ်တို့ ကောင်းချီးခံစားရလိုက်လေခြင်း။

ဘုရားနှုတ်ကပတ်တော်သည် ကျွန်ုပ်တို့ကို တရားစီရင်၊ သန့်စင်၍ ပြောင်းလဲပေးကာ

စာတန်၏ အမှောင်စွမ်းအားမှ ကျွန်ုပ်တို့ကို ကယ်တင်။

ကျွန်ုပ်တို့သည် အလင်းထဲတွင် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် ရှင်သန်နေထိုင်။

ကျွန်ုပ်တို့သည် ဘုရားနှုတ်ကပတ်တော်များ၏ စမ်းသပ်မှုများမှတစ်ဆင့် လမ်းညွှန်ခံရကာ

ဘုရားသခင်၏ စိတ်နှလုံးကို ကျွန်ုပ်တို့နားလည်သောကြောင့် ကျွန်ုပ်တို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်။

ညှဉ်းပန်းနှိပ်စက်မှု၊ စမ်းသပ်မှုများနှင့် ကြီးစွာသော ဆင်းရဲဒုက္ခများမှတစ်ဆင့်

ကျွန်ုပ်တို့၏ ယုံကြည်မှုနှင့် အချစ်တို့ စုံလင်အောင် ပြုလုပ်ခံရ။

ကျွန်ုပ်တို့၏ တွေ့ကြုံခံစားမှုများတွင် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို တွေ့မြင်ပြီး

ကျွန်ုပ်တို့သည် ကိုယ်တော့်အတွက် ကြောက်ရွံ့မှုနှင့် လေးစားမှုဖြင့် ပြည့်ဝကြ။

ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကျွန်ုပ်တို့အား စီစဉ်ညွှန်ကြားစေပြီး ကိုယ်ပိုင်ရွေးချယ်မှုတစ်ခုမျှ မပြုလုပ်၊

ကျွန်ုပ်တို့သည် သေသည့်တိုင်အောင် သစ္စာစောင့်သိမည်ဖြစ်ကာ

တကယ့်ဆုံးခန်းတိုင် ဘုရားသခင်နောက် လိုက်လျှောက်မည်ဖြစ်။

ကျွန်ုပ်တို့သည် သီချင်းသစ်တစ်ပုဒ်ကို သီဆို၍ အကသစ်တစ်ခုကို ကပြ၊

ဘုရားသခင်ကို ကျေးဇူးတင်၍ ချီးမွမ်း။

ကျွန်ုပ်တို့သည် ဘုရားသခင်၏ သန့်စင်ခြင်းနှင့် ကယ်တင်ခြင်း ခံခဲ့ရပြီးဖြစ်သည်မှာ

ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီး လုံးဝဥဿုံဖြစ်။

ကျွန်ုပ်တို့သည် သီချင်းသစ်တစ်ပုဒ်ကို သီဆို၍ အကသစ်တစ်ခုကို ကပြ၊

အနန္တတန်ခိုးရှင် ဘုရားသခင်နောက် လိုက်လျှောက်ရာတွင် ကျွန်ုပ်တို့ များစွာရရှိ။

ကျွန်ုပ်တို့သည် မိမိ၏ဖြစ်တည်မှုတစ်ခုလုံးကို ဆက်ကပ်၍ ဘုရားသခင်အဘို့ အသုံးခံ။

ကျွန်ုပ်တို့သည် ဘုရားသခင်ကို ထာဝရ ချစ်ခင်၍ ကျိုးနွံနာခံမည်ဖြစ်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။