ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ (အပိုင်း နှစ်)

ပထမ လူ့ဇာတိခံယူသော ဘုရားသခင်သည် လူ့ဇာတိခံယူခြင်း၏ အလုပ်ကို ပြီးမြောက်အောင် မလုပ်ဆောင်ခဲ့ပေ၊ သူသည် ဘုရားသခင် ဇာတိပကတိ၌ လုပ်ဆောင်နိုင်ရန် လိုအပ်ခဲ့သည့် အလုပ်၏ ပထမအဆင့်ကိုသာ ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လူ့ဇာတိခံယူခြင်း၏ အလုပ်ကို ပြီးဆုံးစေရန် အလို့ငှာ၊ ဘုရားသခင်သည် ဇာတိပကတိသို့ နောက်တစ်ကြိမ် ပြန်ကြွလာခဲ့ပြီး၊ ဇာတိပကတိ၏ သာမန်သဘောနှင့် စစ်မှန်သောသဘော အားလုံးကို အသက်ရှင်နေထိုင်သွားသည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လုံး၀ ပုံမှန် ရိုးရိုးဇာတိပကတိထဲတွင် ထင်ရှားပြသစေခြင်း ဖြစ်သည်၊ ဤနည်းအားဖြင့် သူမလုပ်ဆောင်ရသေးသည့် ဇာတိပကတိထဲမှ အလုပ်ကို အဆုံးသတ်သွား၏။ ဒုတိယအကြိမ် ခံယူသော ဇာတိပကတိသည် အနှစ်သာရအားဖြင့် ပထမအကြိမ်နှင့် တူသော်လည်း၊ ပထမအကြိမ်ထက် သာ၍ပင် စစ်မှန်သည်၊ သာ၍ပင် ပုံမှန်ဖြစ်သည်။ အကျိုးဆက်အနေနှင့်၊ ဒုတိယအကြိမ် ခံယူသော ဇာတိပကတိ၏ ခံစားရသော ဆင်းရဲဒုက္ခသည် ပထမအကြိမ်ထက် ပို၍ ကြီးမားသည်၊ သို့သော် ဤဆင်းရဲဒုက္ခသည် လူ့ဇာတိ၌ လုပ်ဆောင်သော သူ့အမှုတော်၏ ရလဒ်သာဖြစ်ပြီး၊ ၎င်းသည် ဖောက်ပြန်ပျက်စီးနေသော လူသားများ၏ ဆင်းရဲဒုက္ခနှင့် ကွဲပြားခြားနားသည်။ ၎င်းသည်လည်း သူ့ဇာတိပကတိ၏ သာမန်သဘောနှင့် စစ်မှန်မှုမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ သူ၏ အမှုတော်ကို သူသည် လုံး၀သာမန်ဖြစ်ကာ စစ်မှန်သော ဇာတိပကတိ၌ ထမ်းဆောင်သည့်အတွက်၊ ဇာတိပကတိသည် အကြီးအကျယ် ခက်ခဲမှုကို ခံရပ်ရပေမည်။ သူ၏ဇာတိပကတိမှာ လက်တွေ့ကျပြီး သာမန်ဖြစ်လေလေ၊ သူ၏ အမှုတော်ကို ထမ်းဆောင်ရာတွင် သူ ဆင်းရဲဒုက္ခခံစားရလေလေ ဖြစ်လိမ့်မည်။ ဘုရားသခင်၏အလုပ်ကို လုံးဝသဘာဝလွန် မဟုတ်သော၊ အလွန်သာမန်ဖြစ်သော ဇာတိပကတိ၌ ဖော်ပြသည်။ သူ၏ ဇာတိပကတိသည် သာမန်ဖြစ်ပြီး လူသားအား ကယ်တင်ခြင်း အလုပ်ကိုလည်း တာ၀န်ယူရမည် ဖြစ်သဖြင့်၊ သူသည် သဘာဝလွန် ဇာတိပကတိက ခံရမည့် ဆင်းရဲဒုက္ခထက် ပို၍ ကြီးမားသော အတိုင်းအတာကို ခံစားခဲ့ရသည်၊ ဤဆင်းရဲဒုက္ခ အားလုံးသည် သူ့ဇာတိပကတိ၏ စစ်မှန်မှုနှင့် သာမန်သဘောမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ သူတို့၏ အမှုတော်များကို ထမ်းဆောင်နေစဉ်အတွင်း ဇာတိပကတိ နှစ်ခု ကြုံတွေ့ခဲ့ရသည့် ဆင်းရဲဒုက္ခမှ လူ့ဇာတိခံယူသော ဇာတိပကတိ၏ အနှစ်သာရကို တွေ့မြင်နိုင်သည်။ ဇာတိပကတိသည် သာမန်ဖြစ်လေလေ၊ အလုပ်ကို ဆောင်ရွက်ချိန်တွင် သူသည် ကြံ့ကြံ့ခံရမည့် အခက်အခဲ ကြီးမားလေလေ ဖြစ်သည်၊ အလုပ်ကို လုပ်ဆောင်သည့် ဇာတိပကတိသည် စစ်မှန်လေလေ၊ လူများ၏ အယူအဆများ ပြင်းထန်လာလေလေ ဖြစ်ပြီး၊ သူ့အပေါ် ဘေးအန္တရာယ်များ ကျရောက်လာနိုင်လေလေ ဖြစ်သည်။ သို့သော်ငြားလည်း ဇာတိပကတိသည် စစ်မှန်လေလေ၊ ဇာတိပကတိသည် လိုအပ်ရာများနှင့် သာမန် သက်ရှိ လူသားတစ်ယောက်၏ အသိစိတ်အပြည့်အစုံတို့ကို ပိုင်ဆိုင်လေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ အလုပ်ကို ဇာတိပကတိထဲ၌ သူသည် ဆောင်ရွက်နိုင်စွမ်း ရှိလေလေဖြစ်သည်။ ကားတိုင်ပေါ်တွင် သံမှို ရိုက်နှက်ခြင်း ခံခဲ့ရသည်မှာ ယေရှု၏ ဇာတိပကတိပင် ဖြစ်ပြီး၊ အပြစ်ဖြေရာယဇ်အနေနှင့် ပေးအပ်ခဲ့သော သူ၏ ဇာတိပကတိ ဖြစ်သည်၊ သူစာတန်ကို အနိုင်ယူပြီး လူသားကို လက်ဝါးကပ်တိုင်မှ အပြည့်အ၀ ကယ်တင်ခဲ့ခြင်းမှာလည်း သာမန်လူ့သဘာဝရှိသော ဇာတိပကတိ အားဖြင့်ပင် ဖြစ်သည်။ ထို့အပြင် ဒုတိယအကြိမ် လူ့ဇာတိခံယူသော ဘုရားသခင်သည် သိမ်းပိုက်သော အလုပ်ကို ထမ်းဆောင်ပြီး စာတန်ကို အနိုင်ယူခြင်းမှာလည်း ပြီးပြည့်စုံသော ဇာတိပကတိ အနေနှင့်ပင် ဖြစ်သည်။ လုံး၀ သာမန်ဖြစ်ပြီး စစ်မှန်သော ဇာတိပကတိသာလျှင် သိမ်းပိုက်ခြင်း အလုပ်တစ်ခုလုံးကို ထမ်းဆောင်နိုင်မည်ဖြစ်ပြီး အစွမ်းထက်သော သက်သေခံချက်ပေးနိုင်မည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ သဘာဝလွန်သော အံ့သြဖွယ်ရာများနှင့် ထုတ်ဖော်ခြင်းများမှတစ်ဆင့် မဟုတ်ဘဲ၊ ဇာတိပကတိထဲရှိ ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် သာမန်သဘောမှတစ်ဆင့်သာ လူသားအား သိမ်းပိုက်ခြင်းကို ထိထိရောက်ရောက် လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဤလူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုတော်မှာ စကားပြောရန်ဖြစ်ပြီး၊ ဤနည်းဖြင့် လူသားကို သိမ်းပိုက်ပြီး စုံလင်စေရန် ဖြစ်သည်၊ တစ်နည်းဆိုရလျှင်၊ ဇာတိပကတိထဲတွင် ပြီးပြည့်မြောက်သော ဝိညာဉ်တော်၏ အလုပ်၊ ဇာတိပကတိ၏ တာဝန်မှာ စကားပြောရန်ဖြစ်ပြီး ဤနည်းအားဖြင့် လူသားကို လုံး၀သိမ်းပိုက်၊ ဖွင့်ပြကာ စုံလင်စေပြီး ပယ်ရှင်းရန်ပင် ဖြစ်သည်။ ထို့ကြောင့် သိမ်းပိုက်ခြင်း အလုပ်အားဖြင့် ဇာတိပကတိ၌ ဘုရားသခင်၏ အလုပ်သည် အပြည့်အဝ ပြီးမြောက် အောင်မြင်မည် ဖြစ်သည်။ ကနဦး ရွေးနှုတ်ခြင်း အလုပ်သည် လူ့ဇာတိခံယူခြင်း အလုပ်၏ အစအဦးပိုင်းမျှသာ ဖြစ်သည်၊ သိမ်းပိုက်ခြင်း အလုပ်ကို လုပ်ဆောင်သည့် ဇာတိပကတိသည် လူ့ဇာတိခံယူခြင်း၏ အလုပ်တစ်ခုလုံးကို ပြီးပြည့်စုံစေ လိမ့်မည် ဖြစ်သည်။ လိင်သတ်မှတ်ချက်တွင်၊ တစ်ဦးသည် အမျိုးသားဖြစ်ပြီး၊ အခြားတစ်ဦးမှာ အမျိုးသမီး ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်သည် ပြီးပြည့်စုံသွားပြီ ဖြစ်ပြီး၊ ၎င်းသည် ဘုရားသခင်နှင့် ပတ်သက်သည့် လူသားများ၏ အယူအဆများကို ပပျောက်စေသည်၊ ဘုရားသခင်သည် အမျိုးသားရော၊ အမျိုးသမီးပါ နှစ်မျိုးစလုံးဖြစ်နိုင်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်သည် အနှစ်သာရအားဖြင့် လိင်သတ်မှတ်ချက် မရှိပေ။ သူသည် ယောက်ျားနှင့် မိန်းမ နှစ်မျိုးစလုံးကို ဖန်ဆင်းခဲ့ပြီး၊ သူ့အတွက် လိင်သတ်မှတ်ချက် မရှိပေ။ အလုပ်၏ ဤအဆင့်တွင် ဘုရားသခင်သည် နိမိတ် လက္ခဏာများနှင့် အံ့ဖွယ်သောအမှုများကို မလုပ်ဆောင်သည်မှာ အလုပ်သည် နှုတ်ကပတ်တော်များအားဖြင့် ရလဒ်များကို ရရှိရန်အတွက် ဖြစ်သည်။ ထို့အပြင်၊ ဤသို့ဖြစ်ရခြင်းအကြောင်းရင်းမှာ လူ့ဇာတိခံယူသော ဘုရားသခင်၏အလုပ်မှာ ဤအကြိမ်တွင် နာမကျန်းသောသူကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန် မဟုတ်ဘဲ၊ စကားပြောခြင်းအားဖြင့် လူသားကို သိမ်းပိုက်ရန်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော ဤလူ့ဇာတိမှ ပိုင်ဆိုင်ထားသော ပင်ကိုစွမ်းရည်မှာ နှုတ်ကပတ်တော်များကို ပြောဆိုပြီး လူသားကို သိမ်းပိုက်ရန်ပင် ဖြစ်သည်၊ နာမကျန်းသူကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန်မဟုတ်ပေ။ သာမန် လူ့သဘာဝထဲရှိ သူ၏အလုပ်သည် အံ့သြဖွယ်ရာများကို ပြုလုပ်ရန် မဟုတ်၊ နာမကျန်းသူတို့ကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန်လည်း မဟုတ်ဘဲ၊ စကားပြောရန် ဖြစ်သည်၊ ထို့ကြောင့် ဒုတိယအကြိမ် ခံယူသော ဇာတိပကတိသည် လူများအတွက် ပထမတစ်ကြိမ်ထက် ပို၍ သာမန်ဖြစ်သည်ဟု ထင်ရသည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် မုသားမဟုတ်မှန်း သိမြင်ကြသော်လည်း၊ ဤလူ့ဇာတိခံယူသော ဘုရားသခင်သည် ယေရှု လူ့ဇာတိခံယူခြင်းနှင့် ကွဲပြားခြားနားပြီး၊ သူတို့ နှစ်ဦးစလုံးသည် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သော်လည်း၊ သူတို့သည် လုံး၀တူညီနေခြင်းကား မဟုတ်ပေ။ ယေရှုသည် ပုံမှန် လူ့သဘာဝ၊ သာမန် လူ့သဘာဝကို ပိုင်ဆိုင်ခဲ့သော်လည်း၊ နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများစွာသည် သူနှင့်အတူရှိနေခဲ့သည်။ ဤလူ့ဇာတိခံယူသော ဘုရားသခင်တွင် လူသား၏မျက်လုံးများသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ၊ နာမကျန်းသောသူများကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကို မောင်းထုတ်ခြင်း၊ ပင်လယ်ပေါ်၌ လမ်းလျှောက်ခြင်း၊ ရက်လေးဆယ် အစာရှောင်ခြင်း အစရှိသည်တို့ကို မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။...သူသည် ယေရှု လုပ်ဆောင်ခဲ့သည့် အလုပ်ကို မလုပ်ဆောင်ပေ၊ အကြောင်းမှာ သူ၏ ဇာတိပကတိသည် အနှစ်သာရအားဖြင့် ယေရှု၏ ဇာတိပကတိနှင့် ကွဲပြားခြားနားသောကြောင့် မဟုတ်ဘဲ၊ သူ၏ အမှုတော်မှာ နာမကျန်းသောသူများကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန် မဟုတ်သည့် အတွက်ကြောင့်ပင် ဖြစ်သည်။ သူသည် သူကိုယ်တိုင်၏ အလုပ်ကို မဖြိုဖျက်ပေ၊ သူကိုယ်တိုင်၏အလုပ်ကို မနှောင့်ယှက်ပေ။ သူသည် လူသားကို သူ၏ စစ်မှန်သော နှုတ်ကပတ်တော်များအားဖြင့် သိမ်းပိုက်သည့်အတွက်၊ လူသားကို အံ့သြဖွယ်ရာများနှင့် ချိုးနှိမ်ရန် မလိုအပ်တော့ပေ၊ ထို့ကြောင့် ဤအဆင့်သည် လူ့ဇာတိခံယူခြင်း အလုပ်ကို ပြီးပြည့်စုံစေရန် ဖြစ်သည်။ သင်ယနေ့ မြင်တွေ့ရသည့် လူ့ဇာတိခံယူသော ဘုရားသခင်သည် ဇာတိပကတိ လုံးလုံးလျားလျား ဖြစ်ပြီး၊ သူနှင့်ပတ်သက်ပြီး မည်သည့် သဘာဝလွန် အရာမျှ မရှိပေ။ သူသည် အခြားသူများကဲ့သို့ ဖျားနာသည်၊ အခြားသူများကဲ့သို့ပင် အစားအစာနှင့် အဝတ်အထည်ကို လိုအပ်သည်။ သူသည် အပြည့်အ၀ ဇာတိပကတိတစ်ရပ် ဖြစ်သည်။ ဤတစ်ကြိမ်တွင်၊ လူ့ဇာတိခံယူသော ဘုရားသခင်သည် သဘာဝလွန်သော နိမိတ် လက္ခဏာများနှင့် အံ့ဖွယ်သော အမှုများကို ပြုလုပ်ပြီး၊ နာမကျန်းသောသူတို့ကို ကျန်းမာစေသည်၊ နတ်ဆိုးများကို နှင်ထုတ်သည်၊ သို့မဟုတ် နှုတ်ကပတ်တော်တစ်ခွန်းတည်းနှင့် သေစေနိုင်စွမ်း ရှိသည်ဆိုပါက၊ သိမ်းပိုက်ခြင်း အလုပ်ကို မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ တစ်ပါးအမျိုးသား တိုင်းပြည်များသို့ ထိုအလုပ်သည် မည်သို့မည်ပုံ ပျံ့နှံ့နိုင်မည်နည်း။ နာမကျန်းသောသူများကို ကျန်းမာစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းသည် ကျေးဇူးတော်ခေတ်၏ အလုပ်ဖြစ်ပြီး၊ ရွေးနုတ်ခြင်းအလုပ်၏ ပထမအဆင့်လည်း ဖြစ်သည်၊ ယခုတွင် ဘုရားသခင်သည် လက်ဝါးကပ်တိုင်အားဖြင့် လူသားကို ကယ်တင်ခဲ့ပြီး ဖြစ်သောကြောင့်၊ သူသည် ထိုအလုပ်ကို မလုပ်ဆောင်တော့ပေ။ အကယ်၍ နောက်ဆုံးသော ကာလတွင် နာမကျန်းသောသူကို ကျန်းမာစေပြီး၊ နတ်ဆိုးများကို နှင်ထုတ်ကာ၊ လူသားအတွက် ကားစင်တင်ခံမည့် ယေရှုနှင့် အတူတူပင်ဖြစ်သော “ဘုရားသခင်” တစ်ပါး ပေါ်ထွက်လာခဲ့မည် ဆိုပါက၊ သမ္မာကျမ်းစာထဲရှိ ဘုရားသခင်၏ ဖော်ပြချက်များနှင့် ထပ်တူထပ်မျှဖြစ်ပြီး လူသားအတွက် လက်ခံရန် လွယ်ကူသော်ငြားလည်း၊ ၎င်း၏ အနှစ်သာရအရ ဘုရားသခင်၏ ဝိညာဉ်တော်က ယူတင်ဝတ်ဆင်ထားသော ဇာတိပကတိ ဖြစ်လိမ့်မည် မဟုတ်ဘဲ၊ နတ်ဆိုးက ယူတင်ဝတ်ဆင်ထားသော ဇာတိပကတိသာလျှင် ဖြစ်လိမ့်မည်။ အကြောင်းမှာ သူပြီးပြည့်စုံစေခဲ့ပြီးသော အရာကို မည်သည့်အခါမျှ ထပ်မလုပ်သည်မှာ ဘုရားသခင် အလုပ်၏ အခြေခံသဘောတရား ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် ဘုရားသခင် ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း၏ အလုပ်သည်လည်း ပထမအကြိမ်၏ အလုပ်နှင့် ကွဲပြားခြားနားသည်။ နောက်ဆုံးသော ကာလတွင်၊ ဘုရားသခင်သည် သိမ်းပိုက်ခြင်း အလုပ်ကို ရိုးရိုးပုံမှန် ဇာတိပကတိထဲတွင် အကောင်အထည်ဖော်သည်၊ သူသည် နာမကျန်းသူတို့ကို ကျန်းမာစေခြင်းမပြု၊ လူသားအတွက် ကားစင်တင်ခံရလိမ့်မည် မဟုတ်ဘဲ၊ ဇာတိပကတိ၌ ရိုးစင်းစွာနှင့် နှုတ်ကပတ်တော်များကို ပြောဆိုမည်ဖြစ်ပြီး၊ ဇာတိပကတိ၌ လူသားကို သိမ်းပိုက်မည် ဖြစ်သည်။ ထိုကဲ့သို့သော ဇာတိပကတိသာလျှင် ဘုရားသခင် ခံယူသော ဇာတိပကတိဖြစ်သည်၊ ထိုကဲ့သို့သော ဇာတိပကတိသာလျှင် ဘုရားသခင်၏ ဇာတိပကတိ၌ အလုပ်ကို ပြီးပြည့်စုံစေနိုင်မည် ဖြစ်သည်။

ဤအဆင့်တွင် လူ့ဇာတိခံယူသော ဘုရားသခင်သည် အခက်အခဲကို ကြံ့ကြံ့ခံနေသည် ဖြစ်စေ၊ သူ၏ အမှုတော်ကို ထမ်းဆောင်နေရသည် ဖြစ်စေ၊ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်ကို ပြီးပြည့်စုံစေရန် ထိုကဲ့သို့ သူလုပ်ဆောင်ခြင်း ဖြစ်သည်၊ အကြောင်းမှာ ဤသည်ကား ဘုရားသခင်၏ နောက်ဆုံး လူ့ဇာတိခံယူခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် နှစ်ကြိမ်တည်းသာ လူ့ဇာတိခံယူနိုင်သည်။ တတိယအကြိမ် မရှိနိုင်ပေ။ ပထမ လူ့ဇာတိခံယူခြင်းသည် အမျိုးသားဖြစ်ခဲ့ပြီး၊ ဒုတိယသည် အမျိုးသမီး ဖြစ်သည့်အတွက်ကြောင့်၊ ဘုရားသခင် ဇာတိပကတိ၏ ပုံရိပ်သည် လူသား၏ စိတ်တွင် ပြီးပြည့်စုံသွားပြီ ဖြစ်သည်၊ ထို့အပြင် လူ့ဇာတိခံယူခြင်း နှစ်ကြိမ်သည် ဇာတိပကတိထဲ၌ ဘုရားသခင်၏ အလုပ်ကို ပြီးဆုံးစေ ခဲ့ပြီးဖြစ်သည်။ ပထမအကြိမ် လူ့ဇာတိခံယူသော ဘုရားသခင်သည် လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်ကို ပြီးပြည့်စုံစေရန် အလို့ငှါ ပုံမှန် လူ့သဘာဝကို ပိုင်ဆိုင်ခဲ့သည်။ ဤတစ်ကြိမ်တွင်လည်း သူသည် သာမန် လူ့သဘာဝကို ပိုင်ဆိုင်ထားသော်လည်း၊ ဤလူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်မှာမူ ကွဲပြားခြားနားသည်၊ ယင်းသည် ပို၍နက်ရှိုင်းပြီး၊ သူ၏ အလုပ်သည် သာ၍ နက်နဲသော အဓိပ္ပာယ် ရှိသည်။ ဘုရားသခင် လူ့ဇာတိကို နောက်တစ်ကြိမ် ပြန်၍ခံယူရခြင်း၏ အကြောင်းရင်းမှာ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်ကို ပြီးပြည့်စုံစေရန် ဖြစ်သည်။ ဘုရားသခင်သည် သူ့အလုပ်၏ ဤအဆင့်ကို လုံး၀နိဂုံးချုပ်ပြီးသောအခါ၊ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်အလုံးစုံ၊ ဆိုလိုသည်မှာ၊ ဇာတိပကတိ၌ ဘုရားသခင်၏ အလုပ်သည် ပြီးပြည့်စုံလိမ့်မည် ဖြစ်ပြီး၊ ဇာတိပကတိထဲတွင် လုပ်ဆောင်ရမည့် အလုပ်ရှိတော့မည် မဟုတ်ပေ။ ဆိုလိုသည်မှာ၊ ယခုအချိန်မှစ၍ ဘုရားသခင်သည် သူ၏အလုပ်ကို ဆောင်ရွက်ရန် ဇာတိပကတိသို့ နောက်တစ်ဖန် ဘယ်သောအခါမျှ ပြန်ကြွလာတော့မည် မဟုတ်ပေ။ လူသားမျိုးနွယ်ကို ကယ်တင်ရန်နှင့် စုံလင်စေရန်သာ ဘုရားသခင်သည် လူ့ဇာတိခံယူခြင်းအလုပ်ကို လုပ်ဆောင်ခြင်းဖြစ်သည်။ တစ်နည်းဆိုရလျှင်၊ သူ့အလုပ်အတွက်မှလွဲ၍ လူ့ဇာတိခံယူဖို့ ဆိုသည်မှာ ဘုရားသခင် လုပ်လေ့လုပ်ထရှိသည့် အရာတစ်ခု လုံးဝ မဟုတ်ပေ။ အလုပ်လုပ်ဆောင်ရန် ဇာတိပကတိထဲသို့ ကြွလာခြင်းအားဖြင့်၊ သူသည် စာတန်ကို ဘုရားသခင်မှာ ဇာတိပကတိ၊ သာမန် လူပုဂ္ဂိုလ်တစ်ဦး၊ ပုံမှန် လူပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်ငြားလည်း၊ သူသည် လောကအပေါ် ထူးကဲ အောင်မြင်စွာ အုပ်စိုးနိုင်ပြီး၊ စာတန်ကို နှိမ်နှင်းနိုင်ကာ၊ လူသားမျိုးနွယ်ကို ရွေးနုတ်ကယ်တင်ပြီး၊ လူသားမျိုးနွယ်ကို သိမ်းပိုက်နိုင်ကြောင်း ပြခြင်းဖြစ်သည်။ စာတန်၏အလုပ်၏ပန်းတိုင်မှာ လူသားမျိုးနွယ်ကို ဖျက်စီးရန် ဖြစ်ပြီး၊ ဘုရားသခင်၏ ပန်းတိုင်မှာမူ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဖြစ်သည်။ စာတန်သည် လူသားကို အောက်ခြေမဲ့သော တွင်းနက်ထဲတွင် ပိတ်လှောင်ပြီး၊ ဘုရားသခင်ကမူ လူသားကို ထိုတွင်းထဲမှ ကယ်နုတ်သည်။ စာတန်သည် လူသားအားလုံးကို သူ့အား ကိုးကွယ်စေသည်၊ ဘုရားသခင်ကမူ ၎င်းတို့အား သူ၏ အုပ်စိုးမှုကို ခံစေသည်၊ အကြောင်းမှာ သူသည် ဖန်ဆင်းခြင်း၏ သခင်ဖြစ်သောကြောင့် ဖြစ်သည်။ ဤအလုပ်အားလုံးသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း နှစ်ကြိမ်စလုံးမှတစ်ဆင့် ရရှိခဲ့ခြင်း ဖြစ်သည်။ သူ၏ ဇာတိပကတိသည် အနှစ်သာရအားဖြင့် ဘုရား၏သဘောသဘာဝနှင့် လူ့သဘာဝတို့ ပေါင်းစပ်ခြင်းပင်ဖြစ်ပြီး ပုံမှန် လူ့သဘာဝကို ပိုင်ဆိုင်သည်။ ထို့ကြောင့် ဘုရားသခင် ခံယူသော ဇာတိပကတိ မရှိပါက၊ ဘုရားသခင်သည် လူသားမျိုးနွယ်အား ကယ်တင်ရာတွင် ရလဒ်များကို ရရှိနိုင်မည် မဟုတ်ပေ၊ သူ့ဇာတိပကတိ၏ သာမန်လူ့သဘာဝ မရှိပါကလည်း၊ ဇာတိပကတိ၌ သူ၏ အလုပ်သည်လည်း ဤရလဒ်များကို ရနိုင်ဦးမည် မဟုတ်ပေ။ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အနှစ်သာရမှာ သူသည် သာမန်လူ့သဘာဝကို ပိုင်ဆိုင်ရမည်အတွက် ဖြစ်သည်၊ အကြောင်းမှာ ဤကဲ့သို့မဟုတ်ပါက လူ့ဇာတိခံယူရခြင်းတွင် ဘုရားသခင်၏ မူလရည်ရွယ်ချက်နှင့် ဆန့်ကျင်နေမည် ဖြစ်သည်။

ယေရှု၏အလုပ်၌ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်မှာ ပြီးပြည့်စုံခဲ့ခြင်းမရှိဟု ငါပြောရခြင်းမှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ နှုတ်ကပတ်တော်သည် ဇာတိပကတိ လုံးလုံးလျားလျား ဖြစ်မလာခဲ့သောကြောင့် ဖြစ်သည်။ ယေရှုပြုခဲ့သည့်အရာမှာ ဇာတိပကတိ၌ ဘုရားသခင်၏အလုပ်၏ တစ်ပိုင်းမျှသာ ဖြစ်သည်၊ သူသည် ရွေးနှတ်ခြင်း အလုပ်ကိုသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ လူသားအား လုံး၀ ရယူပိုင်ဆိုင်ခြင်း အလုပ်ကို မလုပ်ဆောင်ခဲ့ပေ။ ဤအကြောင်းကြောင့် ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် နောက်တစ်ကြိမ် လူ့ဇာတိခံယူခြင်းဖြစ်သည်။ အလုပ်၏ ဤအဆင့်ကိုလည်း သာမန်ဇာတိပကတိ၌ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ လုံး၀ သာမန်ဖြစ်သော၊ လူ့သဘာဝမှာ စိုးစဉ်းမျှပင် ထူးကဲသာလွန်ခြင်း မရှိသော လူသားတစ်ဦးမှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အခြားတစ်နည်းနှင့် ဆိုရလျှင်၊ ဘုရားသခင်သည် လူသား လုံး၀ ဖြစ်သွားသည်၊ သူ၏ကိုယ်ပိုင်လက္ခဏာသည် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ ဖြစ်ပြီး၊ အလုပ်ကို လုပ်ဆောင်နေသည့် လုံး၀သက်ရှိလူသား၊ လုံး၀ ဇာတိပကတိ ဖြစ်သည်။ လူ့မျက်စိသည် ကောင်းကင် ဘာသာစကားကို ပြောဆိုနိုင်သော ပကတိ သာမန်လူပုဂ္ဂိုလ် တစ်ဦး၊ စည်းဝေးခန်းမကြီးများတွင် ဘာသာရေး၏ အတွင်းကျသော သမ္မာတရားကို ထုတ်ဖော်ပြရန် မဆိုထားနှင့် အံ့သြဖွယ် နိမိတ်လက္ခဏာများ ဘာမျှမပြသူ၊ အံ့ဖွယ်ရာများ ဘာမျှ မလုပ်ဆောင်သော၊ လုံး၀ ထူးကဲသာလွန်ခြင်း မရှိသော ဇာတိခန္ဓာကို မြင်သည်။ ဒုတိယ အကြိမ် ခံယူသော ဇာတိပကတိ၏ အလုပ်သည် လူများအတွက် ပထမ အကြိမ်နှင့် လုံးဝ မတူကွဲပြား နေသကဲ့သို့ ထင်ရသည်၊ ကွဲပြားလွန်းလှသည့်အတွက် သူတို့နှစ်ခုတွင် တူသောအရာ ဘာမျှ မရှိဟု ထင်မှတ်ရပြီး၊ ပထမ အလုပ်နှင့်သက်ဆိုင်သော မည်သည့်အရာကိုမျှ ဤတစ်ကြိမ်တွင် မမြင်တွေ့နိုင်ပေ။ ဒုတိယအကြိမ် ခံယူသော ဇာတိပကတိ၏ အလုပ်သည် ပထမအကြိမ်၏ အလုပ်နှင့် ကွဲပြားခြားနားသော်လည်း၊ ထိုအချက်က သူတို့၏ အရင်းအမြစ်သည် တူညီသောအရာ တစ်ခုတည်းမဟုတ်ကြောင်း သက်သေမပြပေ။ သူတို့၏ အရင်းအမြစ်သည် တစ်ခုတည်း ဟုတ်၊ မဟုတ် ဆိုသည်မှာ သူတို့၏ အပြင်ပိုင်းကိုယ်ထည်များအပေါ်၌ မူတည်ခြင်း မရှိဘဲ၊ ဇာတိပကတိများမှ လုပ်ဆောင်ခဲ့သည့် အလုပ်၏ သဘာဝအပေါ်တွင်သာ မူတည်သည်။ သူ့အလုပ်၏ အဆင့်သုံးဆင့် အတောအတွင်း၊ ဘုရားသခင်သည် နှစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီး၊ နှစ်ကြိမ်စလုံးတွင် ဘုရားသခင်၏ လူ့ဇာတိခံယူသော အလုပ်သည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးသည်၊ အလုပ်သစ်တစ်ခုကို အစပြုပေးသည်၊ လူ့ဇာတိခံယူခြင်းများသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ပြည့်စုံစေသည်။ အမှန်တကယ်အားဖြင့် ဇာတိပကတိနှစ်ပါးသည် အရင်းအမြစ် တစ်ခုတည်းမှ လာသည် ဆိုခြင်းကို လူသားမျက်လုံးများဖြင့် မြင်နိုင်ရန်မှာမူ မဖြစ်နိုင်ပေ။ ထိုသို့မြင်နိုင်ဖို့ဆိုသည်မှာ လူသားမျက်လုံးနှင့် လူသားစိတ်တို့၏ တတ်စွမ်းနိုင်သည်ထက် လွန်သည်ဆိုခြင်းကို ပြောရန်ပင် မလိုအပ်ပေ။ သို့သော် ၎င်းတို့၏ အနှစ်သာရ၌မူ ၎င်းတို့သည် အတူတူပင်ဖြစ်သည်၊ အကြောင်းမှာ သူတို့၏ အလုပ်သည် ဝိညာဉ်တော်တစ်ပါးတည်းမှ အရင်းခံသောကြောင့် ဖြစ်သည်။ ခံယူသော ဇာတိပကတိ နှစ်ပါးသည် တူညီသော အရင်းအမြစ်မှ ပေါ်ထွက်လာခြင်း ဟုတ်၊ မဟုတ်ဆိုသည်ကို သူတို့ မွေးဖွားခဲ့သည့် ခေတ်ကာလနှင့် နေရာဒေသများအားဖြင့် သို့မဟုတ် ထိုကဲ့သို့သော အခြားအကြောင်းရင်းများဖြင့် ဆုံးဖြတ်၍ မရဘဲ၊ သူတို့မှ ဖော်ပြသည့် ဘုရားသဘောသဘာဝ အလုပ်အားဖြင့်သာ ဆုံးဖြတ်၍ ရမည်ဖြစ်သည်။ ဒုတိယအကြိမ် ခံယူသော ဇာတိပကတိသည် ယေရှုလုပ်ဆောင်ခဲ့သော အလုပ်နှင့်သက်ဆိုင်သော မည်သည့်အရာကိုမျှ ဆောင်ရွက်ခြင်းမရှိပေ၊ အကြောင်းမှာ ဘုရားသခင်၏ အလုပ်သည် လုပ်ရိုးလုပ်စဉ်များကို မလိုက်နာဘဲ၊ အကြိမ်တိုင်းတွင် ၎င်းသည် လမ်းကြောင်းအသစ်ကို ဖွင့်ပေးသောကြောင့် ဖြစ်သည်။ ဒုတိယအကြိမ် ခံယူသော ဇာတိပကတိသည် လူများ၏ စိတ်ထဲရှိသော ပထမ ဇာတိပကတိအပေါ် ထင်မြင်ချက်ကို နက်ရှိုင်းစေရန် သို့မဟုတ် ခိုင်ခံ့စေရန် မရည်ရွယ်ဘဲ၊ ဖြည့်စွက်ရန်နှင့် စုံလင်စေရန်၊ ဘုရားသခင်နှင့် ပတ်သက်သည့် လူသား၏ အသိပညာကို နက်ရှိုင်းစေရန်၊ လူတို့၏ နှလုံးသားများထဲ၌ တည်ရှိသော စည်းကမ်းများ အားလုံးကို ချိုးဖျက်ရန်နှင့် သူတို့၏ နှလုံးသားများထဲ၌ ရှိသော ဘုရားသခင်နှင့် ပတ်သက်သည့် မှားယွင်းသော ပုံရိပ်ကို သုတ်သင်ပယ်ရှင်းရန် ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင်၏အလုပ်၏ မည်သည့်သီးသန့်အဆင့် တစ်ဆင့်ကမျှ လူသားကို ကိုယ်တော်နှင့်ပတ်သက်သည့် စုံလင်သည့် အသိပညာကို မပေးနိုင်ဟု ပြော၍ရသည်၊ တစ်ဆင့်စီသည် အစိတ်အပိုင်း တစ်ခုကိုသာ ပေးပြီး၊ အလုံးစုံကို မပေးပေ။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို အပြည့်အဝ ဖော်ပြခဲ့ပြီး ဖြစ်သော်လည်း၊ လူသား၏ နည်းပါးသော နားလည်နိုင်စွမ်းကြောင့် ဘုရားသခင်နှင့် ပတ်သက်သော သူ၏ အသိပညာမှာ မပြည့်မစုံဘဲ ရှိနေသည်။ လူ့ဘာသာ စကားကို အသုံးပြု၍ ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံကို ဖော်ပြရန်မှာ မဖြစ်နိုင်ပေ၊ ထို့အပြင်၊ သူ့အလုပ်၏ အဆင့်တစ်ဆင့်တည်းက ဘုရားသခင်ကို အပြည့်အဝ အဘယ်သို့ ဖော်ပြနိုင်မည်နည်း။ သူ့သာမန် လူ့သဘာဝဖြင့် ကွယ်ဝှက်ထားသော ဇာတိပကတိဖြင့် သူအလုပ်လုပ်ပြီး သူ၏ ခန္ဓာကိုယ်ထည်အားဖြင့် မဟုတ်ဘဲ သူ၏ဘုရားသဘောသဘာဝ၏ ဖော်ပြမှုများအားဖြင့်သာ သူ့ကို သိကျွမ်းနိုင်သည်။ သူ၏ အမျိုးမျိုးသော အလုပ်အားဖြင့် လူသားက သူ့အားသိကျွမ်း လာနိုင်စေရန် ဘုရားသခင်သည် ဇာတိပကတိထဲသို့ ဆင်းကြွလာခြင်းဖြစ်ပြီး၊ သူ့အလုပ်၏ အဆင့်များသည် တစ်ဆင့်နှင့် တစ်ဆင့်လုံးဝ မတူပေ။ ဤနည်းလမ်းအားဖြင့်သာ လူသားသည် ရှုထောင့်တစ်ခုတည်းတွင်ပင် ပိတ်မိမနေဘဲ ဇာတိပကတိထဲရှိ ဘုရားသခင်၏အလုပ်နှင့် ပတ်သက်သည့် ပြည့်စုံသော အသိပညာကို ရရှိနိုင်မည်ဖြစ်သည်။ ခံယူသော ဇာတိပကတိ နှစ်ခု၏ အလုပ်သည် ကွဲပြားခြားနား သော်ငြားလည်း၊ ထိုဇာတိပကတိများ၏ အနှစ်သာရနှင့် သူတို့ အလုပ်၏ အရင်းအမြစ်မှာ ထပ်တူပင် ဖြစ်သည်၊ သူတို့သည် အလုပ်၏ မတူကွဲပြားသော အဆင့်နှစ်ဆင့်ကို ထမ်းဆောင်ရန် တည်ရှိပြီး၊ မတူကွဲပြားသော ခေတ်နှစ်ခေတ်တွင် ပေါ်ထွက်လာခြင်းသာ ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ၊ ဘုရားသခင်ခံယူသော ဇာတိပကတိများသည် အနှစ်သာရချင်းတူပြီး အရင်းအမြစ်တူသည်၊ ဤအရာသည် မည်သူမျှ ငြင်းဆို၍ မရနိုင်သော သမ္မာတရားပင် ဖြစ်သည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။