ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အခန်း ၁၇” | ကောက်နုတ်ချက် ၂၂၆

ကမ္ဘာမြေကြီးပေါ်တွင် ငါသည် ငါ၏ အလုပ်ကို အလုံးစုံ ထုတ်ဖော်လျက် ငါ၏သြဇာအာဏာကို ကိုင်ဝံ့သည်။ ငါ့အလုပ်ထဲရှိ အရာခပ်သိမ်းသည် ကမ္ဘာမြေကြီး၏ မျက်နှာပြင်ပေါ်၌ ထင်ဟပ်လျက်ရှိသည်၊ ကမ္ဘာမြေကြီးပေါ်၌ လူသားမျိုးနွယ်သည် ကောင်းကင်ဘုံရှိ ငါ၏ လှုပ်ရှားမှုများကို နားလည်သဘောပေါက် ခြင်းငှာ မတတ်နိုင်သကဲ့သို့ ငါ့ဝိညာဉ်တော်၏ ပတ်လမ်းများနှင့် လမ်းကြောင်းများကို ပြည့်စုံစေ့စပ်စွာ စဉ်းစား ချင့်ချိန်ခြင်းငှာ မတတ်နိုင်ကြ။ လူ့သတ္တဝါများ၏ အများစုသည် ဝိညာဉ်၏ အခြေအနေအမှန်ကို သဘောပေါက် နားလည်နိုင်ခြင်း မရှိဘဲ ဝိညာဉ်ပြင်ပ၌ တည်ရှိသည့် အသေးအဖွဲ အချက်အလက်များကိုသာ နားလည် သဘောပေါက်ကြသည်။ လူသားမျိုးနွယ်အား ငါပြုသော တောင်းဆိုမှုများသည် ကောင်းကင်ဘုံ၌ ရှိသော မရေရာသည့် ငါမှ ထုတ်ပြန်သည်မဟုတ်၊ သို့တည်းမဟုတ် ကမ္ဘာမြေကြီးပေါ်ရှိ မမြော်တွေးနိုင်သော ငါမှ ထုတ်ပြန်ခြင်းလည်း မဟုတ်၊ ကမ္ဘာမြေကြီးပေါ်ရှိ လူသား၏ ဝိညာဉ်အသက်တာနှင့်အညီ ငါသည် လျောက်ပတ်သော တောင်းဆိုမှုများကို ပြုသည်။ ငါသည် မည်သည့်အခါမျှ တစ်ဦးတစ်လေကိုပင် အခက်အခဲ မဖြစ်စေခဲ့သကဲ့သို့ ငါ၏ ပျော်ရွှင်မှုအတွက်နှင့် မည်သူ့ထံကမှ “သွေးကို ညှစ်ထုတ်ခြင်း” ငှာ မတောင်းဆို ခဲ့ဖူးပေ၊ ငါ၏ တောင်းဆိုချက်များကို ဤအခြေအနေများတွင် သာ ကန့်သတ် ထားခြင်း ဖြစ်နိုင်သလော။ ကမ္ဘာမြေကြီးပေါ်ရှိ ဖန်ဆင်းခံ သတ္တဝါအသင်္ချေထဲတွင် ငါ၏နှုတ်ထဲရှိ နှုတ်ကပတ်တော်များ၏ စိတ်သဘောထားများကို မကျိုးနွံသောသူမှာ မည်သူနည်း။ ဤဖန်ဆင်းခံ သတ္တဝါများထဲမှ မည်သူသည် ငါ့ရှေ့မှောက်သို့ ရောက်လာလျက် ငါ၏ လောင်သောမီးနှင့် နှုတ်ကပတ်တော်များ မှတစ်ဆင့် လုံးလုံး ပြာချခြင်းကို မခံရသနည်း။ ဤဖန်ဆင်းခံ သတ္တဝါများထဲမှ မည်သူသည် ငါ၏ ရှေ့မှောက်၌ ပလွှားသော ပီတိအဟုန်နှင့် ဝံ့ဝံ့ကြွားကြွား လျှောက်ဝံ့သနည်း။ ဤဖန်ဆင်းခံ သတ္တဝါများထဲမှ မည်သူသည် ငါ့ရှေ့မှောက်တွင် ပျပ်ဝပ်ခြင်းမရှိသနည်း။ ငါသည် ဖန်ဆင်းခြင်းအပေါ်၌ ရေငုံနှုတ်ပိတ်ခြင်း ကျင့်သုံးစေရုံမျှသော ဘုရားသခင်လော။ ဖန်ဆင်းခြင်းရှိ အသင်္ချေလှသောအရာများမှ ငါ၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းသော အရာများကို ငါရွေးချယ်သည်၊ လူသားမျိုးနွယ်ရှိ အသင်္ချေလှသော လူသတ္တဝါများမှ ငါ၏ နှလုံးသားကို စောင့်ရှောက်သော သူများကို ငါရွေးချယ်သည်။ ငါသည် ကြယ်အားလုံးထဲမှ အကောင်းဆုံးကို ရွေးချယ်သည်၊ ထိုသို့အားဖြင့် ငါ၏နိုင်ငံတော်ထဲသို့ မှေးမှိန်သော ဖျော့တော့တော့ အလင်းကို ထည့်လိုက်သည်။ ငါ၏သင်းရနံ့ကို နေရာအနှံ့ ပျံ့နှံ့စေရင်း၊ အရပ်ခပ်သိမ်းတွင် ငါ၏ ပုံသဏ္ဌာန်ကို ချန်ထားခဲ့ရင်းနှင့် ကမ္ဘာ မြေကြီးပေါ် ငါလမ်းလျှောက်ထွက်သည်။ နေရာအသီးသီးစီတိုင်းသည် ငါ၏ အသံနှင် ပဲ့တင်ထပ်နေသည်။ အရပ်ခပ်သိမ်းမှ လူတို့သည် ယမန်နေ့၏ လှပသောမြင်ကွင်းများအပေါ် လွမ်းမောတသစွာ တဝဲလည်လည် ဖြစ်နေသည်၊ အကြောင်းမှာ လူသားမျိုးနွယ်အားလုံးသည် အတိတ်ကို အောက်မေ့သတိရ နေသောကြောင့်ပင်…

လူသားမျိုးနွယ် အားလုံးသည် ငါ၏မျက်နှာကို တွေ့မြင်ရန် တောင့်တကြသည်၊ သို့သော်လည်း ငါသည် ကိုယ်တိုင်ကိုယ်ကျ ကမ္ဘာမြေကြီးပေါ်သို့ ဆင်းကြွလာသောအခါ ၎င်းတို့အားလုံးသည် ငါ၏ ကြွလာခြင်းကို မကြိုက်ကြပေ။ ငါသည် ကောင်းကင်ဘုံရှိ လူသား၏ရန်သူ ဖြစ်လေသည့်အလား ၎င်းတို့အားလုံးသည် အလင်းကြွလာခြင်းကို နှင်ထုတ်ကြသည်။ လူသားသည် မိမိ၏ မျက်လုံးများထဲ၌ ခုခံကာကွယ်သော အလင်းရောင်နှင့် ငါ့ကို ဆီးကြိုကြသည်၊ သတိကြီးကြီးနှင့် ရှိနေကြပြီး ငါသည် သူ့အတွက် အခြားသော အစီအစဉ်များရှိမည်ကို အလွန်အမင်း ကြောက်ရွံ့လေသည်။ လူ့သတ္တဝါများသည် ငါ့ကို မရင်းနှီးသော သူငယ်ချင်းအဖြစ် မှတ်ယူကြသည့်အတွက် ငါသည် ၎င်းတို့ကို လက်လွတ်စပယ် သတ်ပစ်ရန် ရည်ရွယ်ချက် ရှိသည်ဟု ခံစားကြသည်။ လူသား၏ မျက်လုံးများထဲ၌ ငါသည် သေစေနိုင်လောက်သော ရန်ဘက်တစ်ဦး ဖြစ်သည်။ ဘေးဒုက္ခအလယ်တွင် ငါ၏ နွေးထွေးမှုကို ခံစားခဲ့ရသော်ငြားလည်း လူသားသည် ငါ၏ ချစ်ခြင်းမေတ္တာကို သတိမမူလျက်ပင် ရှိသေးပြီး ငါ့ကို ပိတ်ပင်ရန်နှင့် အာခံဖီဆန်ရန် စိတ်ထက်သန်လျက် ရှိသေးသည်။ လူသားကို အရေးယူစိမ့်သောငှာ သူ၏ ဤအခြေအနေထဲ ရှိနေခြင်းကို အခွင့်ကောင်းယူရန် ဝေးစွ၊ ငါသည် လူသားကို ဖက်ရမ်းခြင်း၏ နွေးထွေးမှုထဲ၌ ပွေ့ပိုက်ထားသည်၊ သူ၏နှုတ်ကို ချိုမြိန်ခြင်းနှင့် ဖြည့်ပေးသည်၊ သူ၏ ဝမ်းဗိုက်ထဲသို့ လိုအပ်သောအစာကို သွင်းပေး၏။ သို့သော်လည်း ငါ၏ ဒေါသနှင့် ပြည့်သော အမျက်သည် တောင်များနှင့် မြစ်များကို လှုပ်ခါသောအခါ လူသား၏ သူရဲဘောကြောင်မှုကြောင့် ငါသည် ဤကဲ့သို့ အမျိုးမျိုးသော စောင်မမှုများကို သူ့အား အပ်နှင်းပေးတော့မည် မဟုတ်။ ထိုအချိန်၌ ငါသည် အမျက်ဒေါသ ပို၍ ကြီးလာမည်၊ သက်ရှိအရာအားလုံးကို နောင်တရခြင်းငှာ အခွင့်ပေးရန် ငြင်းဆိုလျက် လူသား၏ မျှော်လင့်ချက် အားလုံးကို စွန့်ပယ်လျက်နှင့် လူသားသည် အလွန်မှပင် ထိုက်တန်သော အပြစ်ဒဏ်ကို စီရင်မည်။ ဤအချိန်၌ ဒေါသတကြီး မာန်ဟုန်ပြင်းနေသော သမုဒ္ဒရာ လှိုင်းလုံးများကဲ့သို့၊ တစ်သောင်းသော တောင်များ ပြိုကျသကဲ့သို့ မိုးချုန်းသံနှင့် လျှပ်ပြက် ခြင်းသည် ပြိုးပြက်၍ မြည်ဟိန်း၏။ သူ၏ ပုန်ကန်ခြင်းကြောင့် လူသားသည် မိုးချုန်းသံနှင့် လျှပ်ပြက်ခြင်းအားဖြင့် ခုတ်လှဲခြင်းခံရပြီး အခြားသော ဖန်ဆင်းခံ သတ္တဝါများသည် မိုးချုန်းသံနှင့် လျှပ်ပြက်ခြင်း၏ ပေါက်ကွဲမှု၌ သုတ်သင်ပယ်ရှင်းခြင်း ခံရသည်၊ စကြဝဠာတစ်ခုလုံးသည် ပရမ်းပတာအဖြစ်သို့ ရုတ်ခြည်း ဆင်းသက်သွားပြီး ဖန်ဆင်းခြင်းသည် မူလဘူတ ဇီဝအသက်ကို ပြန်လည်ရယူခြင်းငှာ မတတ်စွမ်းနိုင်။ အသင်္ချေလှသော လူသားမျိုးနွယ် တစ်ပြုံတစ်ခေါင်းသည် မိုးချုန်းသံ၏ မြည်ဟိန်းခြင်းမှ မလွတ်မြောက်နိုင်ကြ၊ လျှပ်ပြက်ခြင်း၏ ပြိုးပြက်မှုအလယ်၌ လူသတ္တဝါ များသည် တောင်များပေါ်မှ သွယ်ဖြာစီးလာသော ပြင်းထန်သည့် ရေစီးများအားဖြင့် တိုက်ချခြင်းခံရရန် အလျင်အမြန် စီးဆင်းနေသော စမ်းချောင်းထဲသို့ တစ်အုပ်အပေါ် တစ်အုပ် ပြိုလဲကျကုန်သည်။ ရုတ်ခနဲပင် လူသားမျိုးနွယ်၏ ခိုလှုံရာအရပ်သို့ လူသားကမ္ဘာသည် စုဝင်လာသည်။ အလောင်းကောင်များသည် သမုဒ္ဒရာ၏ မျက်နှာပြင်ပေါ်တွင် ဟိုဟိုသည်သည် လွင့်မျော၏။ လူသားမျိုးနွယ် အားလုံးသည် ငါ့အမျက် ဒေါသကြောင့် ငါနှင့် ဝေးရာဆီ သွားကြသည်၊ အကြောင်းမှာ လူသားသည် ငါ့ဝိညာဉ်၏ အနှစ်သာရကို စော်ကားခဲ့၍ လူသား၏ ပုန်ကန်မှုသည် ငါ့ကို သဘောမကျစေသောကြောင့် ဖြစ်သည်။ သို့သော်လည်း ရေနှင့်ကင်းလွတ်သော အရပ်များတွင် အခြားလူသားတို့သည် ၎င်းတို့ကို ငါပေးသနားခဲ့သော ကတိတော်များ ဖြစ်သည့် ရယ်မောခြင်းနှင့် သီဆိုခြင်းတို့အလယ်၌ ပျော်မွေ့လျက်ပင် ရှိကြဦးမည်။

လူသားမျိုးနွယ် တစ်ရပ်လုံးသည် ဆိတ်ငြိမ်သွားသောအခါ ငါသည် ၎င်း၏ စူးစိုက်ကြည့်ခြင်း ရှေ့မှောက်၌ ဖျော့တော့တော့ အလင်းတစ်ခုကို ထုတ်လွှတ်သည်။ ထို့နောက် ချက်ချင်းပင် လူသားများသည် စိတ်ရှင်းလာကြပြီး မျက်လုံးတောက်လာကြကာ ဆိတ်ဆိတ်သာ ဆက်နေလိုမှုကို ရပ်တန့်ကြသည်၊ ထို့ကြောင့် ဝိညာဉ်ရေးရာ ခံစားချက်သည် ၎င်းတို့၏ နှလုံးသားများထဲ၌ ရုတ်တရက် နှိုးဆွလာခဲ့သည်။ ဤအချိန်၌ လူသားမျိုးနွယ် အားလုံးသည် ရှင်ပြန်ထမြောက်ခဲ့လေပြီ။ ၎င်းတို့၏ မျိုသိပ်ထားခဲ့သော နာကြည်းချက်များကို ဘေးဖယ်ထားလျက် လူသားအားလုံးသည် ငါကြွေးကြော်သော နှုတ်ကပတ်တော်များမှတစ်ဆင့် ဆက်လက် ရှင်သန်နိုင်ခွင့်ကို ရရှိခဲ့ကြလျက် ငါ့ရှေ့မှောက်သို့ လာကြသည်။ ဤသို့ဖြစ်ရခြင်းမှာ လူသတ္တဝါ အားလုံးတို့သည် ကမ္ဘာမြေကြီး၏ မျက်နှာပြင်ပေါ်တွင် နေထိုင်ခြင်းငှာ လိုလားကြသောကြောင့် ဖြစ်သည်။ သို့သော်လည်း ၎င်းတို့အထဲမှ မည်သူသည် ငါ့အတွက်နှင့် ရှင်သန်နေထိုင်ရန် ရည်ရွယ်ချက် ရှိခဲ့ကြဖူးသနည်း။ ၎င်းတို့အထဲမှ မည်သူသည် ငါ့ကို စိတ်ကျေနပ်မှု ပေးစိမ့်သောငှာ မိမိအထဲမှ ရှုမောဖွယ်ရာ အရာများကို ဖော်ထုတ်ခဲ့ဖူးခြင်း ရှိသနည်း။ ၎င်းတို့အထဲမှ မည်သူသည် ငါ့၌ရှိသော စွဲမက်ဖွယ် သင်းရနံ့ကို သတိပြုမိခြင်း ရှိဖူးသနည်း။ လူသတ္တဝါ အားလုံးသည် ကြမ်းထော်၍ မသန့်စင်ထားသော အရင်းခံနှင့် ဖွဲ့စည်းထားသည်။ အပြင်ပန်းတွင် ၎င်းတို့သည် အမြင်များကို ဖမ်းစားသည့်ပုံ ရှိသော်လည်း ၎င်းတို့၏ ပဓာနကျသော ကိုယ်တိုင်များ အတွင်း၌မူ ငါ့ကို စိတ်ရင်းအမှန်နှင့် မချစ်ကြ။ အဘယ်ကြောင့်ဆိုသော် လူသား နှလုံးသား၏ နက်ရှိုင်းသော ချောင်ကြိုချောင်ကြားများ၌ ငါ၏ အသေးဆုံးသော ပမာဏပင် မည်သည့်အခါမျှ မရှိခဲ့ဖူးသောကြောင့် ဖြစ်သည်။ လူသားသည် အလွန်ပင် ချို့တဲ့လွန်းသည်၊ လူသားနှင့် ငါကိုယ်တိုင်ကို ယှဉ်ကြည့်ပါက ငါတို့သည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကဲ့သို့ပင် ကွာဝေးသကဲ့သို့ မြင်ရလိမ့်မည် ဖြစ်သည်။ ထိုသို့ဖြစ်သော်ငြားလည်း ငါသည် လူသားကို သူ၏ အားနည်း၍ ခုခံနိုင်စွမ်းမရှိသော နေရာများကို မတိုက်ခိုက်သကဲ့သို့ သူ၏ ချို့တဲ့ခြင်း များအကြောင်းကြောင့် သူ့ကို မထီမဲ့မြင်ပြုရန်လည်း မရယ်ပေ။ ငါ၏ လက်များသည် ကမ္ဘာမြေကြီးပေါ်၌ နှစ်ထောင်ချီ လုပ်ဆောင်နေခဲ့ပြီး ထိုအချိန် တစ်လျှောက်လုံးတွင် ငါ၏ မျက်လုံးသည် လူသားမျိုးနွယ် အားလုံးအပေါ်ကို စောင့်ကြည့်လျက် ရှိနေခဲ့သည်။ သို့သော်လည်း ငါသည် မည်သည့်အခါကမျှ လူသားတစ်ဦး၏ အသက်ကို အရုပ်တစ်ရုပ်ကဲ့သို့အလား ကစားရန် သာမန်ကာလျှံကာနှင့် လက်ခံခဲ့ခြင်း မရှိ။ ငါသည် လူသား၏ နှလုံးသွေးကို လေ့လာပြီး သူပေးဆပ်ခဲ့ရသော အဖိုးအခကို ငါနားလည်သည်။ သူသည် ငါ့ရှေ့၌ ရပ်တည်သည်နှင့် ငါသည် လူသားကို ပြစ်တင်ဆုံးမရန်အလို့ငှာ သူ၏ အကာအကွယ်မဲ့ခြင်းကို အခွင့်ကောင်းယူရန် အလိုမရှိသကဲ့သို့ သူ့အပေါ်သို့ မနှစ်မြို့ဖွယ်သော အရာများကို အပ်နှင်းရန်လည်း မလိုလား။ ထိုအစား ငါသည် ဤတစ်ချိန်လုံးပင် လူသားအတွက် ထောက်ပံ့ပေးခဲ့သည်၊ လူသားကို ပေးသနားခဲ့သည်။ ထို့ကြောင့် လူသား ခံစားသောအရာမှာ ငါ၏ ကျေးဇူးတော် လုံးလုံးပင် ဖြစ်သည်၊ ငါ၏ လက်မှ လာသည့် ကြွယ်ဝခြင်း လုံးလုံးပင် ဖြစ်သည်။ ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှိသည့်အတွက် လူသားသည် ဆာလောင်မွတ်သိပ်ခြင်း၏ ညှဉ်းပန်းမှုဒဏ်များကို မည်သည့်အခါမျှ မခံစားခဲ့ရချေ။ ထိုအစား ငါသည် လူသားကို သူနှစ်သက်နိုင်မည့် အရာများကို ငါ၏လက်များထဲမှ လက်ခံခွင့်ပြုပြီး လူသားမျိုးနွယ်ကို ငါ၏ ကောင်းချီးမင်္ဂလာများ အတွင်း၌ နေထိုင်ရန် ခွင့်ပြုပေးသည်။ လူသားမျိုးနွယ် အားလုံးသည် ငါ၏ ပြစ်တင်ဆုံးမမှုအောက်၌ နေထိုင်ကြသည် မဟုတ်လော။ တောင်များသည် ၎င်းတို့၏ နက်ရှိုင်းရာများ၌ ကြွယ်ဝ၍ များပြားလှသော အရာများကို ထိန်းထားသကဲ့သို့၊ ရေများသည်လည်း ၎င်းတို့၏ ကျယ်ဝန်းလှခြင်း၌ ပျော်မွေ့ဖွယ်သော အရာများကို ထိန်းထားသကဲ့သို့ ငါ၏ နှုတ်ကပတ်တော်များအတွင်း၌ နေထိုင်ကြသော လူတို့သည် ၎င်းတို့ သဘောကျ၍ မြည်းစမ်းကြသော အစားအစာကို သာ၍ပင် ရှိကြသည် မဟုတ်လော။ ငါသည် ကမ္ဘာမြေကြီးပေါ်တွင် ရှိပြီး လူသားမျိုးနွယ်သည် ငါ၏ ကောင်းချီးမင်္ဂလာများကို ကမ္ဘာမြေကြီးပေါ်၌ ခံစားကြရသည်။ ငါ၏ အလုပ်သည် ပြီးဆုံးသော အချိန်လည်း ဖြစ်သည်။ ငါသည် ကမ္ဘာမြေကြီးကို စွန့်ခွာသွားသောအချိန်တွင် လူသားမျိုးနွယ်သည် ၎င်းတို့၏ အားနည်းခြင်းအတွက် စာနာခြင်းကို ငါ့ထံမှ ရရှိကြတော့မည် မဟုတ်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

လူသား၏ပုန်ကန်ခြင်းသည် ဘုရားသခင်၏အမျက်တော်ကို နှိုးဆွ၏

ကိုယ်တော်၏ အမျက်ဒေါသ တောင်များနှင့် မြစ်များကို လှုပ်ခါသောအခါ၊ ဘုရားသခင်သည် သူရဲဘောကြောင်သောလူသားကို ဆက်လက် ကူညီတော့မည် မဟုတ်ပေ။ အမျက်ဒေါသဖြင့် ကိုယ်တော်သည် ၎င်းတို့ နောင်တရရန် အခွင့်အရေးကို ငြင်းပယ်လေမည်၊ ၎င်းတို့၌ သူ၏မျှော်လင့်ချက်ကို လက်လျှော့ကာ၊ ၎င်းတို့ ထိုက်တန်သည့်အလျောက် အပြစ်ဒဏ်ပေးတော်မူမည်။ ထိုအခါ ဒေါသဖြင့် တိုက်ခတ်သော လှိုင်းတံပိုးကဲ့သို့ တောင်အလုံးပေါင်း တစ်သောင်း ပြိုကျသကဲ့သို့ မိုးကြိုးသံ မြည်ဟိန်းလေမည်။ လူသားမျိုးနွယ်၏ ပုန်ကန်ခြင်းကြောင့် ၎င်းတို့သည် ဖျက်ဆီးခြင်းနှင့် သတ်ဖြတ်ခြင်းကို ခံရ၏။ ဖန်ဆင်းခံအပေါင်း မိုးကြိုးနှင့် လျှပ်စီးကြောင့် သုတ်သင်ခြင်းကို ခံရ၏။ ဘုရားသခင်၏ အမျက်တော်ကြောင့် လူအပေါင်းသည် ဘုရားသခင်ထံမှ ဝေးရာသို့ သွားကြ၏။ အကြောင်းမှာ လူသားသည် ကိုယ်တော့်ဝိညာဉ်တော်၏ အနှစ်သာရကို ပြစ်မှားမိခြင်းကြောင့်၊ လူသား၏ပုန်ကန်ခြင်းသည် ဘုရားသခင်ကို ဒေါသထွက်စေခြင်းကြောင့် ဖြစ်၏။

စကြဝဠာသည် ရုန်းရင်းဆန်ခတ်ဖြင့် ပရမ်းပတာဖြစ်ခြင်းထဲသို့ ကျဆင်းလေ၏၊ ဖန်ဆင်းခြင်းသည် ပထမဆုံး အသက်လေကို တဖန်ပြန်မရနိုင်ပေ။ လူသားသည် မိုးကြိုးဟိန်းသံမှ မလွတ်မြောက်နိုင်ရာ၊ လျှပ်စီးလက်သည့်အလယ်၊ လူစုလူဝေးများသည် စမ်းချောင်းများအတွင်း ပြိုလဲကျပြီး တောင်များပေါ်မှ ရေတံခွန်ကဲ့သို့ ကျဆင်းလျက်နေသော ပြင်းထန်သောရေစီးကြောင်းများ၏ သယ်ဆောင်သွားခြင်းကို ခံကြရ၏။ ထို့နောက် တစ်ပြိုင်တည်း၊ လူသားမျိုးနွယ်၏ “ပန်းတိုင်” ၌ “လူသားများ”၏ ကမ္ဘာတစ်ခု ရှိ၍ အသေကောင်များ ပင်လယ်ပေါ်၌ မျောပါနေလေ၏။ ဘုရားသခင်၏ အမျက်တော်ကြောင့် လူအပေါင်းသည် ဘုရားသခင်ထံမှ ဝေးရာသို့ သွားကြ၏။ အကြောင်းမှာ လူသားသည် ကိုယ်တော့်ဝိညာဉ်တော်၏ အနှစ်သာရကို ပြစ်မှားမိခြင်းကြောင့်၊ လူသား၏ပုန်ကန်ခြင်းသည် ဘုရားသခင်ကို ဒေါသထွက်စေခြင်းကြောင့် ဖြစ်၏။ ဘုရားသခင်၏ အမျက်တော်ကြောင့် လူအပေါင်းသည် ဘုရားသခင်ထံမှ ဝေးရာသို့ သွားကြ၏။ အကြောင်းမှာ လူသားသည် ကိုယ်တော့်ဝိညာဉ်တော်၏ အနှစ်သာရကို ပြစ်မှားမိခြင်းကြောင့်၊ လူသား၏ပုန်ကန်ခြင်းသည် ဘုရားသခင်ကို ဒေါသထွက်စေခြင်းကြောင့် ဖြစ်၏။ သို့သော်လည်း ကုန်းမြေပေါ်တွင် ရယ်မောခြင်း နှင့် သီချင်းများအကြား အခြားလူများ သီချင်းဆိုလျက်နေမည်၊ ဘုရားသခင် စောင့်ထိန်းခဲ့သော၊ ၎င်းတို့အတွက်သာ ဘုရားသခင် စောင့်ထိန်းခဲ့သော ကတိတော်များကို မွေ့လျော်ခံစားလျက်နေ၏။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” | ကောက်နုတ်ချက် ၁၆၆

ကျေးဇူးတော်ခေတ်တွင်၊ ယောဟန်သည် ယေရှုအတွက် လမ်းခင်းပေးခဲ့သည်။ သူသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို မလုပ်နိုင်ခဲ့ဘဲ လူသား၏ တာဝန်ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း” | ကောက်နုတ်ချက် ၃၂၂

လူသားတွင် ယုံကြည်ခြင်းနှင့်ပတ်သက်၍ မသေချာသောစကားလုံးသာရှိသည်။ သို့ရာတွင် လူသားသည် ဘယ်အတွက်ကြောင့် ယုံကြည်ခြင်းရှိသည်ကိုမဆိုထားနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ” | ကောက်နုတ်ချက် ၅၂၂

ယခုတွင် ပေတရု လျှောက်လှမ်းခဲ့သည့် တိကျသည့်လမ်းကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်နိုင်သင့်ပေသည်။ ပေတရု၏ လမ်းကြောင်းကို သင်...