စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကောင်းကင်နိုင်ငံတော်သီချင်း

လူထုအပေါင်းတို့သည် ငါ့ကို သြဘာပေးကြ၏။ လူထုအပေါင်းတို့သည် ငါ့ကို ချီးမွမ်းကြ၏။ နှုတ်ခပ်သိမ်းတို့သည် တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်၏ နာမတော်ကို မြွက်ဆိုကြ၏။ လူခပ်သိမ်းတို့သည် ငါ၏ဆောင်ရွက်ချက်တို့ကို မော်ကြည့်ကြ၏။ နိုင်ငံတော်သည် လူ့လောကသို့ ဆင်းသက်၏၊ ငါ၏ ဇာတိအဖြစ်တော်သည် ချမ်းသာကြွယ်ဝ၏။ အဘယ်သူသည် ဤအရာအတွက် မဝမ်းမြောက်ဘဲ ရှိမည်နည်း။ အဘယ်သူသည် ပျော်ရွှင်မှုကြောင့် မကဘဲနေမည်နည်း။ အို...ဇိအုန်၊ ငါ့ကို ချီးကျူးဂုဏ်ပြုရန် သင်၏အောင်လံကို လွှင့်ထူလော့။ ငါ၏ သန့်ရှင်းသောနာမကို ဖြန့်ကျက်ရန် သင်၏အောင်ပွဲခံသီချင်းကို ဆိုလော့။ မြေကြီးစွန်းတိုင်ရှိသော ဖန်ဆင်းခြင်းအပေါင်းတို့၊ သင်တို့သည် ငါ့အတွက် ပူဇော်သက္ကာများ ဖြစ်စေနိုင်ရန် မိမိကိုယ်ကိုယ် အလျင်အမြန် သန့်စင်ကြလော့။ ကောင်းကင်ထက်က ကြယ်တာရာတို့၊ မိုးမျက်နှာကြက်၌ ငါ၏ အားကြီးသောတန်ခိုးကို ပြသရန် သင်တို့၏နေရာသို့ အလျင်အမြန် ပြန်ကြလော့။ ငါသည် မိမိတို့၏ အသင်္ချေချစ်ခြင်းနှင့် ကြောက်ရွံ့ခြင်းကို သီချင်းအားဖြင့် ငါ့အပေါ်သွန်းလောင်းသော မြေကြီးပေါ်ရှိ လူတို့၏ အသံများကို နားစိုက်ထောင်၏။ ဤနေ့ရက်တွင် ဖန်ဆင်းခြင်းခပ်သိမ်း ပြန်လည်အသက်ဝင်လာစဉ် လူ့လောကထဲသို့ ငါဆင်းကြွလာ၏။ ဤအချိန်၊ ဤအခါသမယတွင်ပင် ပန်းများအပေါင်းတို့ ဝေဝေဆာဆာ ပွင့်လန်းကုန်၍၊ ငှက်များအပေါင်းတို့ သံပြိုင်သီချင်းဆိုကာ၊ အရာခပ်သိမ်းတို့ ပျော်ရွှင်မှုဖြင့် တုန်လှုပ်လျက်ရှိကြ၏။ နိုင်ငံတော်၏ ဂုဏ်ပြုသံအားဖြင့် စာတန်၏နိုင်ငံတော် ပြိုလဲကာ ကောင်းကင်နိုင်ငံတော်သီချင်း၏ မြည်ဟည်းသံကြောင့် ပျက်စီးလျက်၊ နောက်တဖန် လုံးဝ မပေါ်ထွန်းတော့ချေ။

ကမ္ဘာပေါ်မှ မည်သူသည် ထ၍ဆန့်ကျင်ဝံ့သနည်း။ မြေကြီးပေါ်သို့ ငါဆင်းသက်စဉ်တွင် ငါသည် လောင်ကျွမ်းခြင်းကို ယူဆောင်ခဲ့၏။ အမျက်ဒေါသကို ယူဆောင်ခဲ့၏။ ကပ်ဘေးအမျိုးမျိုးကို ယူဆောင်ခဲ့၏။ လောကီနိုင်ငံတို့သည် ယခုတွင် ငါ၏ နိုင်ငံတော်ဖြစ်၏။ ကောင်းကင်ထက်တွင် တိမ်များလူးလှိမ့်ပြီး တလိပ်လိပ် ထကြွကြ၏။ ကောင်းကင်အောက်တွင် အိုင်များနှင့်မြစ်များ တစ်ဟုန်ထိုး မြင့်တက်၍ နိုးကြားစေသော တေးသွားတစ်ပုဒ်ကို ဝမ်းသာအားရ ထုတ်ဆိုကြ၏။ နားနေသည့်တိရစ္ဆာန်များ ၎င်းတို့၏သားရဲတွင်းများမှ ပေါ်ထွက်လာကာ လူအပေါင်းတို့ အိပ်စက်ခြင်းမှ ငါ့ကြောင့် နိုးထကြ၏။ နောက်ဆုံးတွင် များလှစွာသောလူမျိုးတို့ စောင့်စားခဲ့သည့်နေ့ရက် ရောက်လာပေပြီ။ သူတို့သည် ငါ့အား အသာယာဆုံး သီချင်းများ ပူဇော်ကြ၏။

ဤသာယာလှပသောအချိန်တွင်၊ ဤစိတ်လှုပ်ရှားဖွယ်အချိန်တွင်၊

အထက်တွင်ရှိကောင်းကင်တို့နှင့် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းတို့ ယခု ချီးမွမ်းကြ၏။ အဘယ်သူသည် ဤအတွက် စိတ်မလှုပ်ရှားဘဲနေမည်နည်း။

အဘယ်သူသည် ဤအတွက် မပျော်ဘဲနေမည်နည်း။ အဘယ်သူသည် ဤအခါသမယတွင် မငိုဘဲနေမည်နည်း။

ကောင်းကင်သည် ယခင်ကောင်းကင်နှင့် မတူပေ။ ယခု ကောင်းကင်သည် နိုင်ငံတော်၏ကောင်းကင်ဖြစ်၏။

ယခုမြေကြီးသည် ယခင်မြေကြီး မဟုတ်တော့ဘဲ ယခု သန့်ရှင်းသောမြေကြီးဖြစ်၏။

မိုးသည်းထန်စွာရွာပြီးနောက် ညစ်ညမ်းသောကမ္ဘာဟောင်းသည် လုံးဝပြောင်းလဲသွားလေသည်။

တောင်များ ပြောင်းလဲနေသည်...ရေများ ပြောင်းလဲနေသည်...

လူတို့သည်လည်း ပြောင်းလဲနေသည်...အရာခပ်သိမ်း ပြောင်းလဲနေသည်...

တိတ်သောတောင်တို့၊ ငါ့အတွက် ကကြလော့။

ရေသေတို့၊ လွတ်လပ်စွာ စီးဆင်းလော့။

အိပ်နေသောအမျိုးသားတို့။ နိုးထ၍လိုက်ကြလာ့။

ငါရောက်လာပြီ...နောက် ငါစိုးစံ၏...

လူခပ်သိမ်းသည် ၎င်းတို့မျက်လုံးများဖြင့် ငါ့မျက်နှာကို မြင်ကြမည်။ ခပ်သိမ်းတို့သည် ၎င်းတို့နားများဖြင့် ငါ့အသံကြားမည်။

နိုင်ငံတော်ရှိဘဝကို ၎င်းတို့ကိုယ်တိုင် ခံစားမည်...

ချစ်ဖွယ်ကောင်းလှ၏...လှလွန်း၏...

မေ့မရနိုင်...မေ့မရနိုင်...

လောင်နေသောငါ့ဒေါသတွင် အဆင်းနီသောနဂါးကြီး ရုန်းကန်၏။

ငါ၏ဘုန်းအာနုဘော်ဖြစ်သော စီရင်ချက်တွင် နတ်ဆိုးတို့ သူတို့၏ သဏ္ဍာန်အစစ်တို့ကို ပြကြ၏။

ခက်ထန်သောငါ၏နှုတ်ကပတ်တော်တို့တွင် ခပ်သိမ်းတို့ ရှက်ကြ၏၊ ၎င်းတို့၏မျက်နှာများ မပြရဲကြ။

အတိတ်ကိုပြန်သတိရလျက်၊ ငါ့ကိုသူတို့လှောင်ပြောင်ပုံ၊

၎င်းတို့ မိမိကိုယ်ကိုယ် အစဉ်ဝါကြွားနေလျက်၊ ငါ့ကိုအစဉ် အာခံနေလျက်။

ယနေ့ အဘယ်သူမငိုဘဲနေမည်နည်း။ နောင်တမရဘဲ နေမည်နည်း။

စကြဝဠာကမ္ဘာတစ်ခုလုံး မျက်ရည်များပြည့်နေ၏...

ပျော်ရွှင်နေသည့်အသံများပြည့်လျက်...ရယ်သံများပြည့်လျက်...

နှိုင်းမရသောပျော်ရွှင်မှု...နှိုင်းမရသောပျော်ရွှင်မှု...

မိုးဖွဲသံလေး...နှင်းထူထူ တောင်ပံခတ်လျက်ကျနေသည်...

လူတို့ဝမ်းနည်းခြင်းနှင့်ပျော်ရွှင်မှု ရောနေလျက်...အချို့ရယ်နေသည်...

အချို့ရှိုက်ငိုနေသည်...နောက် အချို့သြဘာပေးနေသည်...

လူတို့ မေ့လျော့သွားသည်အလား...တိမ်ဖုံးနေလား၊ မိုးရွာနေသောနွေဦးလား၊

ပန်းများပွင့်နေသောနွေလား၊ အလျှံပယ်ရိတ်သိမ်းသည့် ဆောင်းဦးလား၊

ရေခဲနှင့်ဆီးနှင်းခဲလောက် အေးသည့်ဆောင်းလား၊ မည်သူမျှမသိ...

ကောင်းကင်တွင်တိမ်များလွင့်မျောသည်၊ မြေကြီးတွင်ပင်လယ်များ ဆူကြ၏။

သားတို့လက်ဝှေ့ယမ်းကြ၏...လူတို့ ကလျက် ခြေထောက်များ လှုပ်ကြ၏...

ကောင်းကင်တမန်တို့ အမှုထမ်းနေကြ၏...ကောင်းကင်တမန်တို့ သိုးထိန်းနေကြ၏...

မြေပြင်ရှိလူတို့ ပျားပန်းခပ်မျှ လှုပ်ရှားနေကြ၏၊ မြေပြင်ပေါ်ရှိ အရာခပ်သိမ်း ပွားများကြ၏။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။