Christian Dance (သူ့အား ချစ်သောသူတို့ကို ဘုရားသခင် အသိအမှတ်ပြု၏)

26.07.2024

ဘုရားသခင်ကို ချစ်သောသူတို့သည် သူ့ကို ကျိုးနွံနာခံကြသည်။

သူ၏ ရှေ့မှောက်တွင် နေ့စဉ် အသက်ရှင်ကြသည်။

ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြခြင်းကို ရရှိသည့်အခါ၊

အေးချမ်းခြင်း၊ ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းရှိ။

ဘုရားသခင်ကို ချစ်သောသူတို့တွင် ရိုးသားသော စိတ်နှလုံးများရှိကြသည်။

သမ္မာတရားကို နားလည်သည်နှင့် လက်တွေ့လုပ်ဆောင်ကြသည်။

ဘုရားသခင်၏ ရည်ရွယ်ချက်များကို သူတို့ အမှန်တကယ် အလေးထားကြပြီး၊

သူ့ကို စိတ်ကျေနပ်စေရန် သူတို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းကြသည်။

သူ့အား ချစ်သောသူတို့ကို ဘုရားသခင် ကောင်းချီးပေး၏

သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည် သူတို့နှင့် အမြဲတူရှိသည်။

သမ္မာတရားကို ရှာဖွေကာ အလင်းပေးခြင်းကို ရရှိလျက်၊

ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု သန့်စင်ခြင်းခံရသည်။

ဘုရားသခင်ကို ချစ်သောသူတို့သည် စည်းမျဉ်းနှင့်ညီကြ၏။

သူတို့ အမြင်များနှင့်လုပ်ရပ်များတွင် သမ္မာတရားအပေါ် အမှီပြုကြသည်။

စည်းမျဉ်းစည်းကမ်းများ၊ အချုပ်အနှောင်များ မရှိပါ၊

သူတို့သည် သမ္မာတရားကို နားလည်ပြီး လွတ်မြောက်ပြီးဖြစ်သည်။

ဘုရားကို ချစ်သောသူတို့သည် သူ့ကို ကြောက်ရွံ့ကြသည်။

အရာခပ်သိမ်းတွင် သူ၏ စိစစ်ခြင်းကို လက်ခံကြသည်။

သူတို့ သဘောညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကာ ဘုရားသခင်ကို အစေခံကြသည်။

စစ်မှန်မှုကို အသက်ရှင်နေထိုင်ပြီး သက်သေခံချက် ရှိကြသည်။

ဘုရားသခင်ကို ချစ်သောသူတို့သည် သူ့ကို သစ္စာစောင့်သိကြ၏။

စမ်းသပ်မှုများကို ကြုံရင်း၊ သူတို့၏ ယုံကြည်ခြင်း အားကောင်းကြသည်။

သူတို့၏ အနာဂတ်နှင့် ကံကြမ္မာကို လက်လွှတ်ကာ

အနန္တတန်ခိုးရှင် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်ကြသည်။

ဘုရားသခင်ကို ချစ်သောသူတို့သည် အမှန်တကယ် ပျော်ရွှင်ကြသည်၊

တရားစီရင်ခြင်းမှတစ်ဆင့် ကယ်တင်ခြင်း ရရှိကြသည်။

ဘုရားနှုတ်ကပတ်တော်များကို မိမိတို့၏ အသက်အဖြစ် ရရှိကြသည်။

သူ၏ မျက်နှာတော် အလင်းတွင် အသက်ရှင်ကြသည်။

ဘုရားသခင်ကို ချစ်သောသူတို့သည် သူ့အား ကိုးကွယ်ကြ၏

သူ၏ဖြောင့်မတ်ခြင်းနှင့် သူ၏သန့်ရှင်းခြင်းကို ချီးမွမ်းကြသည်။

ဘုရားသခင်ကို ချစ်သောသူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ကြသည်၊

သူတို့သည် ဘုရားသခင်ကို အမြဲ သက်သေခံကာ ဘုန်းထင်ရှားစေကြ၏။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။