Myanmar Short Gospel Film - နောဧနေ့များ ရောက်လာကြပြီ | ကပ်ဘေးများကြား၌ ဘုရားသခင်အားဖြင့် ကယ်တင်ခြင်းခံရသည့်နည်းလမ်း

06.05.2020

နောဧ ခေတ်တုန်းက လူသားမျိုးနွယ်ကို ပြန်ဆန်းစစ်ကြစို့။ လူသားဟာ နောင်တရဖို့ကို လုံးဝ မစဉ်းစားခဲ့ဘဲ မကောင်းမှုမျိုးစုံထဲမှာ ပါဝင်နေခဲ့တယ်။ ဘယ်သူမှ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နားမထောင်ခဲ့ကြပါဘူး။ သူတို့ရဲ့ ကြမ်းကြုတ် ယုတ်မာမှုတွေနဲ့ ဆိုးညစ်မှုတွေက ဘုရားသခင်ကို ဒေါသ ထွက်လာစေပြီး နောက်ဆုံးမှာ ၊ ဧရာမ ရေလွှမ်းမိုးမှု ကပ်ဘေးထဲ သူတို့ မျိုပစ်ခံခဲ့ကြရပါတယ်။ နောဧ အပါအဝင် သူ့မိသားစု ရှစ်ယောက်ပဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နားထောင်ခဲ့ပြီး အသက်ရှင် ကျန်ရစ်နိုင်ခဲ့ကြတယ်။ အခုဆိုရင် နောက်ဆုံးသော ကာလ ရောက်ရှိလာပါပြီ။ လူသားမျိုးနွယ်ရဲ့ အကျင့်ပျက်မှုက ပိုပို နက်ရှိုင်း လာနေပါတယ်။ လူတိုင်းက မကောင်းမှုကို မြတ်နိုးနေကြတယ်။ ဘာသာရေး လောကကြီး တခုလုံးက ကမ္ဘာ့ ဒီရေလှိုင်းရဲ့ နောက်မှာ လိုက်နေကြပါတယ်။ သူတို့ဟာ အမှန်တရားကို နည်းနည်းလေးမှ မနှစ်သက်ကြပါဘူး။ နောဧရဲ့ နေ့ရက်တွေ တကယ့်ကို ရောက်ရှိလာကြပါပြီ။ လူသားမျိုးနွယ်ကို ကယ်တင်ပေးဖို့အတွက် ဘုရားသခင်ဟာ နောက်ဆုံးသော ကာလမှာ လူသားတို့ အလယ် တရားစီရင်မှုကို လုပ်ဆောင်ဖို့ နောက်တကြိမ် ပြန်လာခဲ့ပါပြီ။ ဒါဟာ လူသားကို ဘုရားသခင်က နောက်ဆုံးအကြိမ် ကယ်တင်ခြင်း ဖြစ်ပါတယ်။ လူသားမျိုးနွယ်က ဘာကို ရွေးချယ်သင့်ပါသလဲ။

ဒါဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ စီချွမ်းစီရင်စုထဲက ချင်းပင်းကောင်တီ နယ်သားတွေဟာ အနန္တတန်ခိုးရှင် ဘုရားသခင် နိုင်ငံတော်ရဲ့ ဧဝံဂေလိ သတင်းစကားကို လက်ခံဖို့ အကြိမ်ကြိမ် ငြင်းပယ်ခဲ့ကြလို့ ကပ်ဘေးကြီးကို နှစ်ကြိမ် သူတို့ ရင်ဆိုင်ခဲ့ကြရပါတယ်။ စီချွမ်း မြေငလျင်ကြီး အတွင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခဲ့ကြတဲ့ ညီအစ်ကို မောင်နှမ အများအပြားတို့ကို ဘုရားသခင်က အံ့အားသင့်ဖွယ် ကာကွယ်ပေးခဲ့တာကြောင့် အသက်ရှင်လျက် ကျန်ရစ်ခဲ့ကြပါတယ်။ ဒီအချက်တွေကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ကြတာကတော့- ဘုရားသခင်ကို လက်ခံပြီး နာခံကြသူတွေနဲ့ ဘုရားသခင်ကို ငြင်းပယ်ပြီး ဆန့်ကျင်ကြသူတွေဖြစ်ပါတယ်။ ဒီလူအမျိုးအစားနှစ်မျိုးမှာ လွန်စွာခြားနားတဲ့ အဆုံးသတ်နှစ်ခု ရှိကြပါတယ်။

ဤဗီဒီယိုမှ တချို့ အကြောင်းအရာများသည် ဖော်ပြပါ အကြောင်းအရာမှ ဖြစ်သည်-

www.stockfootage.com

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။