တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း - သခင် မိုးတိမ်စီး၍ ကြွဆင်းမည်ကိုသာ စောင့်မျှော်နေသူများ အမင်္ဂလာရှိ၏
28.02.2026
သခင့်ကို ယုံကြည်သူများအတွက် အကြီးမားဆုံးသော မျှော်လင့်ချက်မှာ ကိုယ်တော့်ကို ကြိုဆို၍ ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခံရခြင်း ဖြစ်သည်။ သို့သော် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုခြင်းနှင့်ပတ်သက်ပါက လူများစွာသည် ကောင်းကင်တမန်များနှင့် ပေါလု၏ စကားများကို လိုက်နာကြပြီး သခင်ယေရှု၏ ဝိညာဉ်ခန္ဓာ မိုးတိမ်စီး၍ ကြွလာကာ ၎င်းတို့ကို ကောင်းကင်ဘုံသို့ ချီဆောင်သွားဖို့ကိုသာ တစ်ဖက်သတ် စောင့်မျှော်နေကြသည်။ သို့သော် “လူသား” ကြွလာခြင်းနှင့်ပတ်သက်သည့် ကိုယ်တော်၏ ပရောဖက်ပြုချက်များကို အခြေခံ၍ သခင့်ကို ကြိုဆိုသူ နည်းပါးလှသည်။ ဤအရာကြောင့် ယုံကြည်သူများစွာ၏ မျှော်လင့်ချက်များ အချည်းနှီး ဖြစ်ခဲ့ရသည်။ လူသားမျိုးနွယ်၏ ကြီးမားသော ကပ်ဘေးများ ကျရောက်လုနီးပါးဖြစ်သည့် ယခုအချိန်ထိ သူတို့ စောင့်မျှော်ခဲ့ကြသည့်တိုင် သခင်ယေရှု မိုးတိမ်စီး၍ ကြွဆင်းလာသည်ကို မမြင်တွေ့ကြရသေးပေ။ နောက်ဆုံးသော ကာလတွင် သခင်သည် မည်သည့်နည်းလမ်းဖြင့် ပေါ်ထွန်း၍ အမှုပြုမည်နည်း။ သခင့်ကို ကြိုဆိုရန် ကျွန်ုပ်တို့ မည်သို့ စောင့်ကြည့်ပြီး စောင့်မျှော်သင့်သနည်း။ ဤအစီအစဉ်က သမ္မာတရားကို ရှာဖွေရာတွင်လည်းကောင်း၊ အဖြေများကို ရှာဖွေရာတွင်လည်းကောင်း သင့်ကို လမ်းပြပေးပါလိမ့်မည်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ