Christian Song - ဘုရားအတွက် သစ္စာရှိသော နှလုံးသား - ၂၀၂၆ခုနှစ် ချီးမွမ်းခြင်း၏ အသံများ

19.01.2026

အို ဘုရားသခင်။ ကျွန်ုပ်၏ အသက်သည် ကိုယ်တော့်အဖို့ များစွာမထိုက်တန် လှသော်လည်း ယင်းကို ကိုယ်တော့်ထံ ကျွန်ုပ် ဆက်ကပ်လိုပါ၏။ လူတို့သည် ကိုယ်တော့်ကို ချစ်ဖို့ မထိုက်တန်သည့်အပြင် သူတို့၏အချစ်နှင့် နှလုံးများသည် တန်ဖိုးမဲ့သော်လည်း လူသားများ၏ ရည်ရွယ်ချက်များကို ကိုယ်တော်သိကြောင်း ကျွန်ုပ် ယုံကြည်ပါသည်။ လူသားတို့၏ ဇာတိပကတိက ကိုယ်တော်၏ လက်သင့်ခံခြင်းကို မခံရသော်လည်း ကိုယ်တော် ကျွန်ုပ်၏ စိတ်နှလုံးကို လက်ခံဖို့ ကျွန်ုပ် ဆန္ဒရှိပါ၏။ ကျွန်ုပ်၏ စိတ်နှလုံးကို ဘုရားသခင်ထံ လုံးလုံးလျားလျား ဆက်ကပ်အပ်နှံဖို့ ကျွန်ုပ် လိုလားလျက်ရှိသည်။ ဘုရားသခင်အတွက် မည်သည့်အရာကိုမျှ ကျွန်ုပ် မလုပ်ဆောင်နိုင်သော်လည်း ဘုရားသခင်ကို သစ္စာစောင့်သိစွာ စိတ်ကျေနပ် စေဖို့၊ ကိုယ်တော်အတွက် တစ်စိတ်တစ်ဝမ်းတည်းရှိနေဖို့ ကျွန်ုပ် လိုလားနေပါသည်။ ဘုရားသခင်အနေဖြင့် ကျွန်ုပ်၏ စိတ်နှလုံးအပေါ် စိစစ်ရမည်ဟု ကျွန်ုပ် ယုံကြည်သည်။

အို ဘုရားသခင်။ ဘုရားသခင်အတွက် ချစ်ခြင်းနှင့်ဆိုင်သည့် ကျွန်ုပ်၏ အတွေးများနှင့် ကျွန်ုပ်၏ စိတ်နှလုံး၏ ဆန္ဒကို ဘုရားသခင်က လက်ခံဖို့မှလွဲ၍ ကျွန်ုပ်၏ဘဝတွင် မည်သည့်အရာကိုမျှ ကျွန်ုပ် မတောင်းဆိုပါ။ ဘုရားသခင်နှင့် အလွန်ကြာမြင့်စွာ ကျွန်ုပ် ရှိခဲ့သည့်တိုင် သူ့ကို ကျွန်ုပ် မည်သည့်အခါကမျှ မချစ်ခဲ့ပါ၊ ယင်းသည် ကျွန်ုပ်၏ အကြီးမားဆုံးသော အကြွေးဖြစ်၏။ ကျွန်ုပ် သူနှင့်အတူ နေခဲ့သော်လည်း သူ့ကို ကျွန်ုပ် မသိခဲ့ပါ။ ပြီးလျှင် ကိုယ်တော်၏ ကွယ်ရာတွင် မလျော်ကန်သော အရာအချို့ကိုပင် ကျွန်ုပ်ပြောခဲ့မိသည်။ ဤအရာများကို စဉ်းစားမိခြင်းက ဘုရားသခင်ကို သာ၍ပင် အကြွေးတင်ရှိသည်ဟု ကျွန်ုပ်ကို ခံစားမိစေသည်။ ကျွန်ုပ်သည် မြေမှုန့်ထက် တန်ဖိုးမဲ့ပါ၏။ ဘုရားသခင်ထံ ဤသစ္စာစောင့်သိသော စိတ်နှလုံးကို ဆက်ကပ်အပ်နှံခြင်းမှလွဲ၍ ကျွန်ုပ် မည်သည့်အရာမျှ မတတ်နိုင်ပါ။

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။