Myanmar Gospel Movie Trailer - လူငယ်ဘဝကို နှုတ်ဆက်ခြင်း

02.06.2025

ကောလိပ်သည် မရေမတွက်နိုင်သော ကျောင်းသားများ၏ စိတ်နှလုံးရှိ အသိပညာနန်းတော်တစ်ခုဖြစ်သည်။ သို့ရာတွင် ရန်ရှင်းချန်းသည် ကောလိပ်ဝင်းအတွင်းသို့ ဝင်ရောက်သောအခါ၌ အေးတိအေးစက်ဖြင့် စိတ်ဝင်စားမှုမရှိသော ပတ်ဝန်းကျင်တစ်ခု၊ သူမ၏ အတန်းဖော်များက တစ်ယောက်ကိုတစ်ယောက် စဉ်ဆက်မပြတ် လျှို့ဝှက်ကြံစည်ကာ ယှဉ်ပြိုင်ကြပြီး အားလုံးက ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားနေကြသော နေရာတစ်ခုအား ရင်ဆိုင်လိုက်ရသည်ကို သူမ တွေ့လိုက်ရသည်။ ကောလိပ်၌ ဘုရားသခင်အား ယုံကြည်ခြင်းသည် အတိုင်ခံရခြင်း၊ ဖမ်းဆီးခံရခြင်း၊ သို့မဟုတ် နှင်ထုတ်ခံရခြင်းပင် ဖြစ်လာနိုင်သည်။ ဤမှောင်မိုက်ပြီး အကျင့်ပျက်သော တက္ကသိုလ်ဘဝသည် သူမအား လွန်စွာပင် စိတ်ပျက်စေခဲ့သည်။ သူမသည် ဘုရားနှုတ်ကပတ်တော်တို့ကို ဖတ်ရန် ညီအစ်ကိုမောင်နှမများနှင့် စုဝေးခဲ့သည့် လှပသောအချိန်တို့ကို တောင့်တလာခဲ့ပြီး အသက်တာ၌ အဓိပ္ပာယ်ရှိသော လမ်းကြောင်းကို လိုက်စားရန် ပို၍ပင် တမ်းတခဲ့သည်။ သို့သော် မှန်သောလမ်းကြောင်းကို ရွေးချယ်ခြင်းသည် မည်သည့်အခါမျှ မလွယ်ကူပေ။ သူမ၏ စာသင်ကြားမှုများကို စွန့်လွှတ်ရန် သူမ စဉ်းစားသောအခါ၌ သူမ၏ မိခင်နှင့် ဆွေမျိုးများက သူမကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကာ သူမအပေါ် အလွန်ကြီးသော ဖိအားကို ပေးကြသည်။ စိတ်ဒုက္ခပေးသော အခက်အခဲများအလယ်တွင် သူမသည် မည်သည့်ဆုံးဖြတ်ချက်ကို ချမည်နည်း။ အသက်တာ၏ လမ်းဆုံလမ်းခွများတွင် ရပ်လျက် မည်သူက သူမအား ရှေ့သို့လမ်းကို ညွှန်ပြမည်နည်း။ လူငယ်ဘဝကို နှုတ်ဆက်ခြင်း ဟူသည့် ရုပ်ရှင်ဇာတ်ကား ထုတ်လွှင့်မှုကို သင် စောင့်မျှော်ဖို့ ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။