Christian Dance (အရာခပ်သိမ်းသည် ဘုရားသခင် သတ်မှတ်သည့် စည်းမျဉ်းများနှင့် တရားတော်များအတိုင်း ရှင်သန်)
28.04.2025
၁
နှစ်ထောင်ပေါင်းအချို့ ကုန်ဆုံးပြီးနောက်
လူသားမျိုးနွယ်သည် ဘုရားသခင် ချပေးသနားခဲ့သည့် အလင်းနှင့် လေကို မွေ့လျော်ခံစားနေဆဲပင်ဖြစ်သည်။
ဘုရားသခင်ကိုယ်တော်တိုင် မှုတ်သွင်းခဲ့သည့် ဇီဝအသက်ကို အသက်ရှူဆဲပင် ဖြစ်သည်။
ဘုရားသခင်ဖန်ဆင်းခဲ့သည့် ပန်းပွင့်များ၊ ငှက်များ၊
ငါးများနှင့် ပိုးမွှားများကို မွေ့လျော်ခံစားနေဆဲဖြစ်ပြီး
ဘုရားသခင်ပေးအပ်ခဲ့သည့် အရာအားလုံးကို မွေ့လျော်ခံစားနေဆဲ ဖြစ်သည်။
နေ့နှင့်ညသည် အချင်းချင်း အဆက်မပြတ် အစားထိုးနေဆဲဖြစ်သည်။
ရာသီဥတုလေးခုသည် ယခင်ကဲ့သို့ပင် လှည့်ပတ်နေဆဲဖြစ်သည်။
ကောင်းကင်တွင်ပျံနေသည့် ငန်းများသည် ဤဆောင်းရာသီတွင် ထွက်ခွာကြပြီး
နောက်နှစ်နွေဦးတွင် ပြန်လာဆဲဖြစ်သည်။
ရေထဲက ငါးများသည် သူတို့၏အိမ်ဖြစ်သည့် မြစ်များနှင့် အင်းအိုင်များကို မည်သည့်အခါမျှ မစွန့်ခွာပေ။
၂
ပုစဉ်းရင်ကွဲများသည် နွေနေ့ရက်များတွင် ကမ္ဘာမြေပေါ်၌ ကျယ်လောင်စွာ သီချင်းဆိုကြသည်။
မြက်ထဲတွင်ရှိသည့် ပုရစ်များက ဆောင်းဦးရာသီတွင် တိုက်ခတ်သော
လေနှင့်အတူ အချိန်မီ တီးတိုးသီဆိုနေကြသည်။
ငန်းများသည် ငန်းအုပ်အဖြစ် စုစည်းကြပြီး လင်းယုန်များက သီးသန့်နေထိုင်ကြသည်။
ခြင်္သေ့အုပ်များက အမဲလိုက်ခြင်းဖြင့် မိမိတို့ကိုယ်မိမိ အားဖြည့်သည်။
သမင်ကြီးများသည် မြက်နှင့် ပန်းပွင့်များမှ ခွဲထွက်မသွားပေ။...
အရာအားလုံးထဲမှ သက်ရှိသတ္တဝါ အမျိုးအစားတိုင်းသည်
ထွက်ခွာပြီး ပြန်လာသည်။ ပြီးနောက် ပြန်ထွက်ခွာကြပြန်သည်။
မျက်စိတစ်မှိတ်အတွင်းတွင် ပြောင်းလဲမှုများစွာ ဖြစ်ပေါ်နေသည်။
သို့ရာတွင် မပြောင်းလဲသည့်အရာမှာ သူတို့၏ ဗီဇအသိစိတ်များနှင့်
ရှင်သန်ရပ်တည်နေရေး နိယာမများပင်ဖြစ်သည်။
သူတို့သည် ဘုရားသခင်၏ထောက်ပံ့မှုနှင့် အာဟာရ ဖြည့်ပေးမှုအောက်တွင် အသက်ရှင်ကြသည်။
မိမိတို့၏ ဗီဇအသိစိတ်များကို မည်သူမျှ မပြောင်းနိုင်ပေ။
မိမိတို့၏ ရှင်သန်ရပ်တည်ရေး စည်းမျဉ်းများကို မည်သူမျှ မဖျက်ဆီးနိုင်ပေ။
နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁) မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ