Myanmar Christian Song - သုံးပါးတစ်ဆူဘုရားရှိပါသလား
15.11.2023
သုံးပါးတစ်ဆူရှိတယ် ဆိုရင် ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူအကြောင်း ရှင်းပြပါ။
သန့်ရှင်းသော ခမည်းတော်ဆိုတာ ဘာလဲ။ သားတော်ဆိုတာ ဘာလဲ။
သန့်ရှင်းသော ဝိညာဉ်တော်ဆိုတာ ဘာလဲ။ ယေဟောဝါဟာ သန့်ရှင်းသော ခမည်းတော်လား။
ယေရှုဟာ သားတော်လား။ ဒီလိုဆိုရင် သန့်ရှင်းသော ဝိညာဉ်တော်ဟာ ဘယ်သူလဲ။
ခမည်းတော်ဟာ ဝိညာဉ်တော်တစ်ပါးလား။ သားတော်ရဲ့ အနှစ်သာရဟာ ဝိညာဉ်တော်တစ်ပါး မဟုတ်ဘူးလား။
ယေရှုအမှုဟာ သန့်ရှင်းသော ဝိညာဉ်တော်အမှု မဟုတ်ဘူးလား။
ယေရှုအမှုကို ဝိညာဉ်တော် လုပ်ခဲ့သလိုမျိုးပဲ၊ ယေဟောဝါအမှုကို ဝိညာဉ်တော် လုပ်ခဲ့တာ မဟုတ်ဘူးလား။
ဘုရားသခင်မှာ ဝိညာဉ်တော် ဘယ်နှစ်ပါးရှိသလဲ။
သင့်ရှင်းပြချက်အရ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် ပုဂ္ဂိုလ်သုံးပါးဟာ တစ်ပါးတည်းပေါ့။
ဝိညာဉ်တော်သုံးပါးရှိတာသာ အမှန်ဆိုရင် ဘုရားသုံးပါးရှိတဲ့အဓိပ္ပာယ်ပဲ။
စစ်မှန်တဲ့ ဘုရားတစ်ဆူမရှိဘူးလို့ ဆိုလိုတယ်
ဒီလိုဘုရားမျိုးမှာ ဘုရားပင်ကိုအနှစ်သာရ ဘယ်လိုရှိနိုင်မှာလဲ။
ဘုရားတစ်ဆူတည်းရှိတယ်လို့ လက်ခံရင်
သူဟာ သားနဲ့ အဖေ ရှိနိုင်ပါ့မလား။
ဒါတွေအားလုံး သင့်အယူအဆတွေပဲ မဟုတ်ဘူးလား။
ဘုရားတစ်ဆူတည်း၊ ဘုရား၌ ပုဂ္ဂိုလ်တစ်ပါးတည်းရှိပြီး
ဘုရားသခင်ရဲ့ ဝိညာဉ်တော်တစ်ပါးတည်းသာရှိ၏၊
ကျမ်းစာထဲမှာ ရေးသားထားတဲ့အတိုင်း
“သန့်ရှင်းသော ဝိညာဉ်တော်နဲ့ဘုရားတစ်ပါးတည်းရှိ၏”
ခမည်းတော်နဲ့သားတော် ရှိရှိ မရှိရှိ၊
တကယ်တော့ ဘုရားတစ်ပါးတည်းရှိတယ်။
သင်ယုံကြည်တဲ့ ထိုပုဂ္ဂိုလ်သုံးပါးရဲ့အနှစ်သာရမှာ
သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အနှစ်သာရပါ။
ဘုရားဟာ လူ့ဇာတိခံယူနိုင်ပြီး၊
လူတို့အလယ် နေထိုင်နိုင်တဲ့အပြင် အရာအားလုံးရဲ့အထက်မှာ ရှိနေနိုင်တဲ့ ဝိညာဉ်တော်တစ်ပါးပဲ။
နေရာတိုင်းမှာ ရှိပြီး အရာခပ်သိမ်းကို လွှမ်းခြုံသူပါ။
ဇာတိခန္ဓာနဲ့ စကြဝဠာမှာ တစ်ပြိုင်နက်တည်း ရှိနေနိုင်သူပါ။
ဘုရားသခင်ဟာ စစ်မှန်တဲ့ တစ်ဆူတည်းသော ဘုရားဟု ပြောကြလို့
ပိုင်းခြား၍မရသော ဘုရားတစ်ဆူတည်းရှိ၏။
ဘုရားသည် ဝိညာဉ်တော်တစ်ပါးတည်း၊ ပုဂ္ဂိုလ်တစ်ဦးတည်းဖြစ်ပြီး
အဲဒါဟာ ဘုရားရဲ့ဝိညာဉ်တော်ပဲ။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ