Myanmar Testimony Video - ဘဝင်မြင့်ခြင်းမှ လွတ်မြောက်ရန်မှာ မလွယ်ကူပါ
14.11.2022
အဓိကဇာတ်ဆောင်သည် တာဝန်သစ်တစ်ခုကို စတင်သောအခါတွင် အလုပ်ကို ကောင်းကောင်းမလုပ်နိုင်လျှင် အထင်သေးခံရမည်ကို စိုးရိမ်သည်။ သူမ၏ ဘဝင်မြင့်မှုနှင့် ပုံရိပ်ကို ထိန်းသိမ်းရန် သူမသည် မိမိကိုယ်ကို စတင် အယောင်ဆောင်ပြီး ဖုံးကွယ်သည်။ တစ်စုံတစ်ခုကို သူမ နားမလည်သောအခါ၊ သို့မဟုတ် မလုပ်ဆောင်နိုင်သောအခါ သူမသည် မိတ်သဟာယကို မရှာဖွေပေ။ ထို့ကြောင့် အလုပ်တွင် နှောင့်နှေးမှုများဖြစ်ပြီး အပျက်သဘောဆောင်မှုနှင့် နာကျင်မှုတွင် အသက်ရှင်ရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် သူမသည် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို ရှာတွေ့ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းမှတစ်ဆင့်သာ သူမ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ချည်နှောင်မှုမှ လွတ်မြောက်ပြီး လွတ်လပ်မှုနှင့် စိတ်သက်သာမှုကို ရှာတွေ့နိုင်သည်ကိုလည်း နားလည်သွားသည်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ