Gospel Testimony in Burmese | စစ်မှန်တဲ့ခရစ်တော်နဲ့ ခရစ်တော်အယောင်ဆောင်တွေကို ကျွန်မ ခွဲခြားတတ်တယ်

Gospel Testimony in Burmese | စစ်မှန်တဲ့ခရစ်တော်နဲ့ ခရစ်တော်အယောင်ဆောင်တွေကို ကျွန်မ ခွဲခြားတတ်တယ်

218 |12.11.2020

အဓိကဇာတ်ကောင်သည် ဘာသာရေးကိုင်းရှိုင်းသော ခရစ်ယာန်လူငယ်တစ်ယောက်ဖြစ်ပြီး၊ သခင် ပေါ်ထွန်းခြင်းကို ကြိုဆိုရန် အမြဲတမ်း မျှော်လင့်ခဲ့သူဖြစ်သည်။ သို့သော် သခင်ယေရှုက အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်ကြွလာခဲ့ပြီဟု သူမ၏အမေက သက်သေခံသောအခါ၊ သူမသည် စိတ်ထဲတွင် ပဋိပက္ခဖြစ်လာခဲ့ရသည်။ ခရစ်တော်အယောင်ဆောင်တို့သည် နောက်ဆုံးသောကာလတွင် ပေါ်လာလိမ့်မည်ဟု သူမ၏သင်းအုပ်က အမြဲတမ်း ပြောဆိုတတ်သောကြောင့်၊ သူမအနေဖြင့် စူးစမ်းမည်ဆိုလျှင် လှည့်စားခံရမည်ကို စိုးရိမ်မိခြင်းဖြစ်သည်။ သို့သော် သူမက မစူးစမ်းဘဲနေ၍၊ အနန္တတန်ခိုးရှင်ဘုရားသခင်က အမှန်တကယ် ပြန်ကြွလာသော သခင်ယေရှု ဖြစ်နေသည်ဆိုလျှင်၊ သူမသည် သခင် ပြန်လာခြင်းကို ကြိုဆိုခွင့်နှင့် လွဲချော်မည်မဟုတ်လား။ ဤသို့ စိတ်တွင်း လွန်ဆွဲနေမှုမှတစ်ဆင့် သူမ နားလည်လာလေသည်။ မှန်သောလမ်းကို စူးစမ်းရန်အတွက် အဓိကသော့ချက်မှာ ဘုရားသခင်၏အသံကို နားထောင်ရန်ဖြစ်ပြီး၊ သူမအနေဖြင့် အမြဲတမ်း သတိထားလွန်းလျှင် သခင့်ကို ကြိုဆိုနိုင်လိမ့်မည် မဟုတ်ဟူ၍ ဖြစ်သည်။ သူမလည်း ရှာဖွေစူးစမ်းရန် ဆုံးဖြတ်လိုက်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဖတ်ကာ၊ နောက်ဆုံးတွင် ဘုရားသခင်၏အသံကို အသိအမှတ်ပြုမိသည်။ သို့ဖြင့် သူမက သခင်၏ ပေါ်ထွန်းခြင်းကို ကြိုဆိုမိတော့သည်။ ကျွနု်ပ်တို့လည်း ခရစ်တော်အယောင်ဆောင်များကို သတိရှိရင်းဖြင့် သခင် ပြန်လာခြင်းကို မည်သို့ကြိုဆိုနိုင်သနည်း။ ယခု ဗီဒီယိုတွင် အဖြေရှိပါသည်။

နောက်ထပ်ပြပါ။
ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်