Myanmar Sermon Series 2022 - အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် သခင်ယေရှုကို သစ္စာဖောက်ခြင်းဖြစ်ပါသလား

15.01.2022

အနန္တတန်ခိုးရှင် ဘုရားသခင်တည်းဟူသော နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သမ္မာတရားများကို ဖော်ပြရင်း၊ ပေါ်ထွန်းကာ၊ အမှုပြုပြီဖြစ်သည်။ အရှေ့အရပ်မှ အနောက်အရပ်သို့ ကြီးမားသော အလင်းရောင်ကဲ့သို့ ထွန်းလင်းတောက်ပပြီး ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေလျက်၊ သန်းနှင့်ချီသော နှုတ်ကပတ်တော်များဖြင့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ကို အွန်လိုင်းတွင် တင်ထားသည်။ နိုင်ငံများအားလုံး၊ ဒေသများအားလုံးနှင့် ဂိုဏ်းဂဏအားလုံးမှ သမ္မာတရားကို ချစ်သော လူများသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးဖြစ်ကာ၊ ဘုရားသခင်၏ အသံတော်ကို ကြားကာ သူ့ကို စိတ်ထက်သန်စွာ လက်ခံကြပြီးဖြစ်သည်။ နိုင်ငံတော် ဧဝံဂေလိသည် တစ်ဟုန်ထိုး အင်အားနှင့် အရှိန်တို့ဖြင့် ပျံ့နှံ့ပြီး တိုးချဲ့နေကာ၊ “နောက်ဆုံးသော ကာလတွင် ယေဟောဝါအိမ်တော်၏ တောင်သည် တောင်များ၏ထိပ်တွင် တည်ရလိမ့်မည်ဖြစ်ပြီး တောင်ကုန်းများအထက်တွင် ချီးမြှောက်ခြင်းခံရလိမ့်မည်။ ပြီးလျှင် ခပ်သိမ်း သောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။” (အနာဂတ္တိကျမ်း ၂:၂) “လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။” (ရှင်မဿဲခရစ်ဝင် ၂၄:၂၇) ဟူသည့် သမ္မာကျမ်းစာဆိုင်ရာ ပရောဖက်ပြုချက်များကို လုံးလုံး ပြည့်စုံစေပေသည်။ သို့ရာတွင် အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပုံမှန်လူတစ်ယောက်နှင့် တူသကဲ့သို့၊ သခင်ယေရှု၏ ပုံသဏ္ဌာန်တော်ဖြင့် မိုးတိမ်စီးကာ ကြွမလာသောကြောင့်၊ သို့မဟုတ် အနန္တတန်ခိုးရှင် ဘုရားသခင်သည် ယေရှုဟု မခေါ်သကဲ့သို့၊ သမ္မာကျမ်းစာသည် “အနန္တတန်ခိုးရှင် ဘုရားသခင်” ဟူသည့် နာမတော်ကို လုံးဝ မဖော်ပြထားသောကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်မခံကြသည့် ယုံကြည်သူ များစွာ ရှိနေဆဲဖြစ်သည်။ ပြီးလျှင် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် သခင်ယေရှုကို သစ္စာဖောက်ခြင်း ဖြစ်သည်ဟုပင် ၎င်းတို့က ရှုတ်ချကြသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် သခင့်ကို မကြိုဆိုရ‌သေးဘဲ၊ ဘေးဒုက္ခများကို မလွန်ဆန်နိုင်ကြချေ။ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံခြင်းသည် သခင်ယေရှုကို သစ္စာဖောက်ခြင်း အမှန်တကယ် ဟုတ်သလော၊ မဟုတ်သလော။ စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း၏ ဤအပိုင်းတွင် ဘုရားသခင်၏ပေါ်ထွန်းခြင်းနှင့် အမှုတော်အကြောင်းကို ကျွန်ုပ်တို့ ပိုသိနိုင်ပြီး၊ အဖြေကို ရှာဖွေဖို့ ကြိုးစားနိုင်သည်။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။