Christian Dance (ဘုရား၏ကယ်တင်ခြင်း၌ ကျွန်ုပ်တို့ဝမ်းမြောက်)
05.02.2025
၁
ကျွန်ုပ်တို့ သီဆို၊ ကခုန်ကြ။
ထက်သန်သော စိတ်နှလုံးများဖြင့် ဝမ်းမြောက်သောလူများ ကျွန်ုပ်တို့ပေ။
ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိလျက် ကျွန်ုပ်တို့၏ စိတ်နှလုံးများကို ပူဇော်ပေးအပ်ကြသည်။
ကျယ်လောင်သောအသံဖြင့် ဘုရားသခင်ကို ကျွန်ုပ်တို့ ချီးမွမ်းပြီး
ကိုယ်တော့်အတွက် ဝမ်းမြောက်ခြင်းဖြင့် ကခုန်ကြသည်။
ကျွန်ုပ်တို့ မိမိတို့ကိုယ်ကို လှုံ့ဆော်ကြပြီး သမ္မာတရား လိုက်စားကြ။
ကျွန်ုပ်တို့ အပျက်သဘောမဆောင်ကြတော့ဘဲ ကျွန်ုပ်တို့၏ ဝိညာဉ်က လွတ်မြောက်မှုကို ရှာတွေ့။
ကျွန်ုပ်တို့၏ စိတ်နှလုံးကို ကျွန်ုပ်တို့ ဖွင့်ဟကြပြီး စည်းချက်အတိုင်းလိုက်ကြသည်၊
လက်ချင်းတွဲလျက် ရင်းနှီးစွာလေ။
ကျွန်ုပ်တို့၏ စိတ်နှလုံးကို ကျွန်ုပ်တို့ ဖွင့်ဟကြပြီး စည်းချက်အတိုင်းလိုက်ကြသည်၊
ကျွန်ုပ်တို့၏ ဝမ်းမြောက်မှုကို ဘုရားသခင်အား ခံစားစေချင်။
ဘုရားသခင်ကို ကျွန်ုပ်တို့ နောက်ထပ် နာကျင်မှု သို့မဟုတ် နှလုံးကြေကွဲမှု မခံစားစေလို။
၂
ကျွန်ုပ်တို့ နှလုံးသားများ ဖွင့်ဟပြီး ကခုန်ခြင်းဖြင့် လက်များကို လှုပ်ရှားကြသည်။
ကျွန်ုပ်တို့ နှလုံးသားများကို အဘယ်သူ လှုံ့ဆော်ပေးသနည်း။
အဘယ်သူအတွက် ကျွန်ုပ်တို့ မျက်ရည်ကျသနည်း။
ကိုယ်တော်၏ တရားစီရင်ခြင်းက ကျွန်ုပ်တို့ကို သန့်စင်စေ၊
ပြီးလျှင် မျက်ရည်ကျရသည်အထိ ကျွန်ုပ်တို့ တို့ထိခံရ။
မျှော်လင့်ခြင်းကို ကျွန်ုပ်တို့ အားပါးတရကြိုဆို။
သမ္မာတရားကို ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်၊ ဘုရားသခင်ကို ချစ်ရန်ကြိုးစား၊
ပြီးလျှင် ဘုရားသခင်အတွက် အသက်ရှင်ကြသည်။
ဝမ်းနည်းမှုက တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်။
ဘုရားသခင်သည် သနားကရုဏာနှင့်ပြည့်သည်။ ချစ်ခြင်းမျိုးစေ့များကို သူ ကြဲသည်။
မြေမှုန့်ဖြစ်သည့် ကျွန်ုပ်တို့က ကောင်းသော အသီးအပွင့်များဖြစ်လာ။
ဘုရားသခင်သည် သနားကရုဏာနှင့်ပြည့်သည်။ ချစ်ခြင်းမျိုးစေ့များကို သူ ကြဲသည်။
ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က အလွန် မျက်နှာသာရပြီး
ထိုမျှ ကြီးမားသော ကယ်တင်ခြင်းကို မွေ့လျော်ခံစားရ။
၃
အို၊ အနန္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော် ကျွန်ုပ်တို့ကို အလွန်ချစ်သည်။
ဤဘဝတွင် ကိုယ်တော်အတွက်သာ ကျွန်ုပ်တို့ အသက်ရှင်။
ကျွန်ုပ်တို့သည် စမ်းသပ်မှုများကြားတွင် ဆင်းရဲဒုက္ခခံရသော်လည်း
ကိုယ်တော်၏ မေတ္တာက ကျွန်ုပ်တို့နှင့်အတူ ရှိသည်။
အဆုံးထိတိုင် ကိုယ်တော့်နောက်သို့ လိုက်မည်။
သမ္မာတရားကို ကျွန်ုပ် လက်တွေ့လုပ်ဆောင်ပြီး သစ္စာစောင့်သိကာ ကျိုးနွံနာခံသည်။
ကျွန်ုပ်နှင့်ပတ်သက်၍ ကိုယ်တော့်ကို နောက်ထပ် မစိုးရိမ်စေလို။
ဤဘဝတွင် ကိုယ်တော်အတွက်သာ ကျွန်ုပ်တို့ အသက်ရှင်။
ကျွန်ုပ်တို့၏ တကယ့် နောက်ဆုံးထွက်သက်ထိ ကိုယ်တော်ကို မိမိကိုယ်ကို ဆက်ကပ်ကြမည်။
ဤဘဝတွင် ကိုယ်တော်အတွက်သာ ကျွန်ုပ်တို့ အသက်ရှင်။
အင်မတန်ကောင်းသည့် သီချင်းများကို ကျွန်ုပ်တို့ သီဆိုပြီး အင်မတန် ဝမ်းမြောက်ဖွယ်အကများ ကခုန်။
ကိုယ်တော့်အတွက်သာ၊ ကိုယ်တော့်အတွက်သာ၊
ကိုယ်တော့်အတွက်သာ၊ ကိုယ်တော့်အတွက်သာ။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ