Myanmar Gospel Testimony - ကျွန်ုပ်နှင့် ဘုရားသခင်၏ နိုင်ငံတော်ကြားတွင် ကျွန်ုပ်၏ သင်းအုပ်ဆရာက တားဆီးသည်
25.03.2022
အွန်လိုင်းတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို စုံစမ်းလေ့လာချိန်တွင်၊ အဓိက ဇာတ်ဆောင်သည် ယင်းက သူ့အား ဝိညာဉ်ရေးရာ အာဟာရ အများအပြားဖြင့် ထောက်ပံ့ပေးသည်ဟု ခံစားရသည်။ သို့သော် အံ့ဩစရာမှာ၊ သူ၏ သင်းအုပ်ဆရာက ထိုအကြောင်းကို သိသွားချိန်တွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်ကို မောင်နှမများကို ဆက်သွယ်သည့် အချက်အလက်များကို သူ့အား အတင်းဖျက်ခိုင်းလေသည်။ သူသည် ယခင် အသင်းတော် ဝတ်ပြုပွဲများသို့ အတင်းပြန်တက်ခိုင်းခြင်း ခံရသော်လည်း ၎င်းတို့အားဖြင့် ပြုစုပျိုးထောင်ခံရသည်ဟု လုံးဝ မခံစားရဘဲ၊ သူ့ကို စိတ်ဆင်းရဲသွားစေသည်။ ပို၍ဆိုးသည်မှာ၊ သူ၏ ဇနီးသည်လည်း သင်းအုပ်ဆရာ၏ သွေးထိုးခြင်းခံရလျက်၊ သူ့အား ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လေ့လာစုံစမ်းခြင်းမှ တားဆီးဖို့ စတင်လုပ်ဆောင်လေသည်။ အဆက်မပြတ် ပိတ်ဆို့ခြင်းနှင့် ဖိနှိပ်မှုများကြားမှ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည်ဟု သူ သေချာလာပြီး၊ ဆရာတော်များ၏ အပြုအမူအပေါ် ပိုင်းခြားသိမြင်မှု ရရှိလာလေသည်။ သူ၏ ဇနီးသည်နှင့်အတူ သူသည် နောက်ဆုံးတွင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံကြလေသည်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ