
Christian Dance (အနန္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်းခြင်းအား သီဆိုလော့)
08.03.2025
၁
ချစ်ခင်နှစ်လိုဖွယ်ကောင်းသော အနန္တတန်ခိုးရှင် ဘုရားသခင်၊
ကိုယ်တော့်ကို ချီးမွမ်းခြင်းအား ကျွန်ုပ်တို့ ထာဝရ သီဆို။
ကိုယ်တော်သည် ပေါ်ထွန်းလာပြီဖြစ်သော စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်ဖြစ်၊
ဘုန်းအသရေနှင့် ကြွလာပြီဖြစ်သော ကယ်တင်ရှင်ဖြစ်။
လူသားမျိုးနွယ်ကို လုံးဝ သန့်စင်ပေးရန်နှင့် ကယ်တင်ရန်
ကိုယ်တော်သည် လူ့ဇာတိ နှစ်ကြိမ်ခံယူ။
ကိုယ်တော်သည် စကားပြော၊ အလုပ်လုပ်ပြီး ယနေ့တိုင် လူသားမျိုးနွယ်ကို လမ်းပြ။
သင်သည် များစွာသော ညှဉ်းပန်းနှိပ်စက်မှုနှင့် နာကျင်မှုကို ခံစားခဲ့ရပြီး
အရှက်ခွဲကို ခါးစည်းခံရကာ ဤခေတ်၏ ငြင်းပယ်ခြင်းခံရ။
ကိုယ်တော့်စိတ်နှလုံး၏ သွေးအားလုံးအတွက် အဖိုးအခကို ကိုယ်တော်ပေးချေပြီးဖြစ်ကာ
ယင်းသည် ကိုယ်တော့်အချစ်ကို အပြည့်အဝ ထုတ်ဖော်ခဲ့လေပြီ။
ကျွန်ုပ်တို့သည် ကိုယ်တော့်နှုတ်ကပတ်တော်များမှ ကိုယ်တော့်လုပ်ဆောင်ချက်များကို တွေ့မြင်ရပြီး
ကိုယ်တော့်ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို သိရှိရ။
ကိုယ်တော့်ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းနှင့်
ကိုယ်တော့်ရည်ရွယ်ချက်များအားလုံးကို ကျွန်ုပ်တို့ထံ ထုတ်ဖော်ခဲ့ပြီးဖြစ်။
ကိုယ်တော့်နှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့ကို သိမ်းပိုက်ပြီး ကယ်တင်၊
ကိုယ်တော်သည် လူ၏ ထာဝရအချစ်နှင့်ထိုက်တန်။
အို၊ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်တို့သည် ထာဝရ ကိုယ်တော့်ကို ချစ်မည်ဖြစ်၊
ကျိုးနွံနာခံမည်ဖြစ်ပြီး ကိုယ်တော့်အတွက် သက်သေခံမည်ဖြစ်။
၂
ချစ်ခင်နှစ်လိုဖွယ်ကောင်းသော အနန္တတန်ခိုးရှင် ဘုရားသခင်၊
ကိုယ်တော့်ကို ချီးမွမ်းခြင်းအား ကျွန်ုပ်တို့ ထာဝရ သီဆို။
ကိုယ်တော့်မျက်မှောက်တော်တွင် ကျွန်ုပ်တို့ကို နေထိုင်ခွင့်ပြုရန်
ကိုယ်တော်သည် သမ္မာတရားကို ဖော်ပြပြီး ကျွန်ုပ်တို့ကယ်တင်။
ကိုယ်တော်သည် ကိုယ်တော့်နှုတ်ကပတ်တော်များဖြင့် ကျွန်ုပ်တို့ကို ရေလောင်းပေးပြီး ပံ့ပိုးပေးကာ
ကျွန်ုပ်တို့ကို စုံလင်စေရန် စမ်းသပ်မှုများ အသုံးပြု။
ကိုယ်တော့်နှုတ်ကပတ်တော်များကို တွေ့ကြုံပြီး သမ္မာတရားကို နားလည်ပြီးနောက်
ကျွန်ုပ်တို့၏အသက်များ ဖြည်းဖြည်းနှင့် မှန်မှန် ကြီးထွား။
ကိုယ်တော်သည် ကျွန်ုပ်တို့ကို တရားစီရင်ပြီး သန့်စင်ကာ
ကျွန်ုပ်တို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားပြီး လူသစ်များ ဖြစ်။
ကိုယ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်။
ကိုယ်တော်သည် ကျွန်ုပ်တို့၏ ခင်မင်ရင်းနှီးဖွယ်ကောင်းပြီး ရိုသေလေးစားထိုက်သည့် ချစ်ရသူဖြစ်။
ကိုယ်တော့်ကို ချီးမွမ်းရာတွင် ကျွန်ုပ်တို့ ဟစ်ကြွေးသီဆိုပြီး
ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်နေသဘောထားကို ကျွန်ုပ်တို့ ချီးမွမ်း။
ကိုယ်တော့်အပေါ် ကျွန်ုပ်တို့၏အချစ်နှင့် ရိုသေကိုင်းရှိုင်းမှုကို ဖော်ပြရန် ကျွန်ုပ်တို့ကခုန်။
ကိုယ်တော်သည် စာတန်ကို အောင်နိုင်ပြီး ကျွန်ုပ်တို့ကို လုံးဝ ကယ်တင်ခဲ့ပြီးဖြစ်ကာ
အလုံးစုံသော ဘုန်းအသရေကို ရရှိပြီးဖြစ်။
အို၊ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်တို့သည် ထာဝရ ကိုယ်တော့်ကို ချစ်မည်ဖြစ်၊
ကျိုးနွံနာခံမည်ဖြစ်ပြီး ကိုယ်တော့်အတွက် သက်သေခံမည်ဖြစ်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ