Myanmar Sermon Series - အဘယ်ကြောင့်ဘုရားသခင်၏အသံတော်ကို နားထောင်ခြင်းအားဖြင့်သာ သခင့်ကို ကျွန်ုပ်တို့ ကြိုဆိုနိုင်သနည်း

02.03.2022

နောက်ဆုံးသောကာလတွင် ကယ်တင်ရှင် အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားများစွာကို ဖော်ပြပြီး တရားစီရင်ခြင်းအမှုကို ပြုလျက်၊ ပေါ်ထွန်းပြီး အမှုပြုနေပြီဖြစ်သည်။ သမ္မာတရားကို ချစ်ပြီး ဘုရားသခင် ပေါ်ထွန်းခြင်းကို တောင့်တသည့် ဂိုဏ်းဂဏအလုံးစုံမှ လူများသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ယင်းတို့သည် ဘုရားအသံတော် ဖြစ်ကြောင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်ကြောင်း သတိပြုမိကြပြီးဖြစ်သည်။ ဝမ်းမြောက်မှုအပြည့်ဖြင့် ၎င်းတို့သည် သူ့ထံ ပြန်လာကြပြီးဘုရားသခင်၏ပလ္လင်တော် ရှေ့မှောက်သို့ ချီဆောင်ခံရပြီးဖြစ်သည့်အပြင်၊ ၎င်းတို့သည် သိုးသငယ်၏ မင်္ဂလာဆောင် စားတော်ပွဲကို တက်ရောက်နေကြသည်။ ဤအရာက သခင်ယေရှု၏ ပရောဖက်ပြုခြင်းကို ပြည့်စုံစေလေသည်။ “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀) သို့ရာတွင် ဘုရားသခင်၏အသံတော်ကို ကြားဖို့ စိုးစဉ်းမျှ မရှာဖွေဘဲ၊ သခင်မိုးတိမ်စီးကာ ကြွလာမည်ဟူသည် သမ္မာကျမ်းစာ စကားလုံးများကို ဖက်တွယ်ထားသေးသည့် လူများစွာရှိသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ငိုကြွေးမြည်တမ်းပြီး ၎င်းတို့၏အံသွားများခဲကြိတ်လျက်၊ သခင့်ကို ကြိုဆိုဖို့ အခွင့်နှင့်လွဲချော်ပြီး ဘေးဒုက္ခများထဲသို့ ကျရောက်ကြသည်။ သို့ဆိုလျှင် ကျွန်ုပ်တို့သည် အဘယ့်ကြောင့် ဘုရားသခင်၏အသံတော်ကို နားထောင်ခြင်းအားဖြင့်သာ သခင့်ကို ကြိုဆိုနိုင်ကြသနည်း။ စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း ၏ ဤအပိုင်းတွင် သမ္မာတရားကို ရှာဖွေပြီး အဖြေရှာဖို့ သင့်အား လမ်းပြပေးလိမ့်မည်။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။