Gospel Choir Song "လောကသည် ပြိုလဲလေပြီ၊ ဗာဗုလုန်သည် ရပ်တန့်နေပါတကား"

12.04.2025

စကြဝဠာတစ်လျှောက်လုံးရှိ လူများသည် ငါ၏နေ့ရက်ရောက်ရှိခြင်းကို ဂုဏ်ပြုကြပြီး၊

ကောင်းကင်တမန်များသည် ငါ၏ လူအပေါင်းတို့ အလယ်တွင် လျှောက်လှမ်းသွားကြသည်။

စာတန်သည် အနှောင့်အယှက်ပေးသောအခါ၊

ကောင်းကင်တမန်များသည် ကောင်းကင်ဘုံရှိ ၎င်းတို့၏ အစေခံမှုကြောင့် ငါ၏လူများကို အမြဲ ကူညီကြသည်။

ငါ၏ လူတို့သည် လူသား၏ အားနည်းချက်ကြောင့် နတ်ဆိုး၏ အထင်အမြင်မှားစေခြင်းကို မခံရသော်လည်း၊

အမှောင် အင်အားစုများ၏ အပြင်းအထန် တိုက်ခိုက်မှုကြောင့်၊

မြူကို ဖြတ်သန်းလျက် လူသား၏အသက်တာကို တွေ့ကြုံရန် သာ၍ပင် ကြိုးပမ်းကြ၏။

ငါ၏လူအပေါင်းတို့သည် ငါ၏နာမအောက်တွင် အလျှော့ပေးကြပြီး၊

မည်သည့်အခါမျှ ငါ့ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ရန် မည်သူမျှ မထကြွချေ။

ကောင်းကင်တမန်များ၏ အလုပ်ကြောင့်၊ လူသားသည် ငါ၏နာမကို လက်ခံပြီး

အားလုံးသည် ငါ၏ လုပ်ဆောင်မှုလမ်းကြောင်းအလယ်တွင် ရှိကြသည်။

လောကသည် ပြိုလဲလေပြီ။ ဗာဗုလုန်သည် ရပ်တန့်နေပါတကား။

အို ဘာသာရေး လောက။ အဘယ်သို့ ယင်းသည် ကမ္ဘာမြေကြီးပေါ်ရှိ

ငါ၏သြဇာအာဏာအားဖြင့် ဖျက်ဆီးခြင်း မခံရဘဲနေနိုင်မည်နည်း။

မည်သူသည် ငါ့ကို ပုန်ကန်ကာ ဆန့်ကျင်ဝံ့သေးသနည်း။

ကျမ်းပြုဆရာများလော။ ဘာသာရေး အရာရှိအားလုံးလော။

ကမ္ဘာမြေကြီးပေါ်က အုပ်ချုပ်သူများနှင့် အာဏာပိုင်များလော။ ကောင်းကင်တမန်များလော။

မည်သူသည် ငါ့ခန္ဓာကိုယ်၏ စုံလင်ခြင်းနှင့် ပြည့်ဝခြင်းကို ဂုဏ်မပြုသနည်း။

လူအပေါင်းတို့အလယ်တွင် ငါ့ကြောင့် မည်သူသည် မရပ်မနား ချီးမွမ်းခြင်းများကို မသီဆိုသနည်း၊

မည်သူသည် အစဉ်မပျော်ရွှင်သနည်း။

လောကသည် ပြိုလဲလေပြီ။ ဗာဗုလုန်သည် ရပ်တန့်နေပါတကား။

အို ဘာသာရေး လောက။ အဘယ်သို့ ယင်းသည် ကမ္ဘာမြေကြီးပေါ်ရှိ

ငါ၏သြဇာအာဏာအားဖြင့် ဖျက်ဆီးခြင်း မခံရဘဲနေနိုင်မည်နည်း။

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၂) မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။