ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၄) အခန်း သုံး

၂။ လူ့သဘာဝကို အခြေခံ၍

ယခု ငါတို့သည် ဒုတိယအမျိုးအစားဖြစ်သည့် ၎င်းတို့၏ လူ့သဘာဝကို ဆက်လက် မိတ်သဟာယပြုဆွေးနွေးကြမည်။ လူတစ်ဦး၏ လူ့သဘာဝဆိုင်ရာ သရုပ်သကန်များမှတစ်ဆင့် ဤလူပုဂ္ဂိုလ်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း ရှိမရှိနှင့် ၎င်းတို့သည် အသင်းတော်၌ ဆက်လက်နေထိုင်ရန် သင့်တော်ခြင်း ရှိမရှိကို ငါတို့ ပိုင်းခြားသိမြင်ပြီး အဆုံးအဖြတ်ပေးသည်။ ၎င်းတို့၏ လူ့သဘာဝဆိုင်ရာ သရုပ်သကန်များ၊ ထုတ်ဖော်ပြချက်များနှင့် ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရတို့အရ ၎င်းတို့သည် စစ်မှန်သော ညီအစ်ကိုမောင်နှမများ မဟုတ်ပါက၊ အသင်းတော်၌ နေထိုင်ရန် မသင့်တော်ပါက၊ ၎င်းတို့၏ တည်ရှိမှုက ညီအစ်ကိုမောင်နှမများကို နှောင့်ယှက်ပါက၊ ပြီးလျှင် ၎င်းတို့၏ အပြုအမူအရ အသင်းတော်မှ ရှင်းလင်းပစ်သင့်သော သို့မဟုတ် နှင်ထုတ်သင့်သောသူများတွင် ပါဝင်နေပါက အသင်းတော်သည် ဤလူပုဂ္ဂိုလ်များကို ရှင်းလင်းပစ်ရန် သို့မဟုတ် နှင်ထုတ်ရန် သက်ဆိုင်ရာ အစီအစဉ်များကို လျင်မြန်စွာ ရေးဆွဲသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်လေးခုမြောက် တာဝန်နှင့်ပတ်သက်သော မိတ်သဟာယဖွဲ့ခြင်းသည် ဆိုးယုတ်သူအမျိုးမျိုးကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းအကြောင်း ဖြစ်သည်။ လူ့သဘာဝ၏ ရှုထောင့်မှ ကြည့်လျှင် ဤလူပုဂ္ဂိုလ်များ၏ လူ့သဘာဝသည် မကောင်းသည့်အပြင် ဆိုးယုတ်သည်မှာ သေချာသည်၊ ရိုးရိုးရှင်းရှင်းပြောရလျှင် ၎င်းတို့သည် လုံးဝမကောင်းသောသူများ ဖြစ်ကြသည်။ ၎င်းတို့၏ လူ့သဘာဝဆိုင်ရာ သရုပ်သကန်များအရ ၎င်းတို့အား အသင်းတော်၌ ဆက်လက်၍ အနှောင့်အယှက်များ ဖြစ်စေခြင်းမှလည်းကောင်း၊ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသင်းတော်အသက်တာနှင့် ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းဆိုင်ရာ ပုံမှန်စည်းစနစ်ကို ထိခိုက်စေခြင်းမှလည်းကောင်း ဟန့်တားရန် ၎င်းတို့ကို အသင်းတော်မှ ရှင်းလင်းပစ်သင့်သည် သို့မဟုတ် နှင်ထုတ်သင့်သည်။ သို့ဆိုလျှင် လူတစ်ဦး၏ လူ့သဘာဝကို ကောင်းသည် သို့မဟုတ် ဆိုးသည်ဟု ငါတို့သည် မည်သည့်သရုပ်သကန်များမှတစ်ဆင့် အကဲဖြတ်ပြီး ထိုသို့ဖြင့် အသင်းတော်က ၎င်းတို့ကို ရှင်းလင်းပစ်သင့်သည် သို့မဟုတ် နှင်ထုတ်သင့်သည်ကို ဆုံးဖြတ်ကြသနည်း။ ဒုတိယအမျိုးအစားဖြစ်သော လူ့သဘာဝတွင် အကျဉ်းချုပ်အားဖြင့် အချက်များစွာ ပါဝင်သော်လည်း ပထမအချက်ကို ဦးစွာ မိတ်သဟာယဖွဲ့ကြစို့။

က။ အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုရသည်ကို နှစ်သက်ခြင်း

ပထမအချက်မှာ အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုရသည်ကို နှစ်သက်သောသူတို့အကြောင်း ဖြစ်သည်။ သင်တို့အားလုံးသည် ဤလူစားမျိုးကို မကြာခဏဆိုသလို မုချ မြင်ဖူးကြပေမည်။ အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုရသည်ကို နှစ်သက်ခြင်း၏ အဓိကသရုပ်သကန်မှာ အဘယ်နည်း။ ယင်းမှာ စည်းမျဉ်းများမရှိဘဲ စကားပြောဆိုခြင်း၊ မကောင်းသောအကျိုးဆက်များကို ဖြစ်ပေါ်စေလျက် ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များဖြင့် အငြင်းပွားမှုများကို အစဉ်အမြဲ လှုံ့ဆော်ခြင်း ဖြစ်သည်။ ထိုသို့သောလူတို့သည် ၎င်းတို့၏ ပြောဆိုသောစကား၌ ဆိုးရွားသော ပြဿနာများရှိသည်မှာ ရှင်းလင်းသည်၊ ယင်းမှာ ညံ့ဖျင်းသော စိတ်သဘောထားနှင့် လူ့သဘာဝကင်းမဲ့ခြင်းတို့၌ အမြစ်တွယ်နေပြီး ၎င်းတို့ကို အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုရသည်ကို နှစ်သက်စေရန် ဦးဆောင်သည်။ ဤဝေါဟာရ၏ ရှုထောင့်မှ ကြည့်လျှင် “အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုခြင်း” ဆိုသည်မှာ အမှန်ကို အမှားဖြစ်သည်ဟုလည်းကောင်း၊ အမှားကို အမှန်ဖြစ်သည်ဟုလည်းကောင်း မကြာခဏ အခိုင်အမာဆိုခြင်းကို ဆိုလိုသည်။ ယင်းမှာ အဖြူအမည်း ပြောင်းပြန်လှန်ခြင်းအကြောင်းဖြစ်ပြီး အဖြစ်မှန်များကို မမှန်ကန်သောအသေးစိတ်အချက်များဖြင့် မွမ်းမံခြယ်သခြင်း၊ အခြေအမြစ်မရှိသော စွပ်စွဲချက်များကို ပြုလုပ်ခြင်း၊ အခြေအမြစ်မရှိသော ဝေဖန်မှုများ ပြုလုပ်ခြင်းနှင့် မိမိနှစ်သက်သလို ပြောဆိုခြင်းတို့ပင် ဖြစ်သည်။ ထိုသို့သောလူတို့သည် အမှုအရာများကို အပြုသဘောဆောင်သော ရှုထောင့်မှ မည်သည့်အခါမျှ မတင်ပြပေ၊ ၎င်းတို့ပြောဆိုသည့်အရာသည် လူတို့ကို မတည်ဆောက်ပေးသည့်အပြင် လူတို့အတွက် မည်သည့်အကျိုးကျေးဇူး သို့မဟုတ် အကူအညီကိုမျှ လုံးဝမပေးပေ။ ၎င်းတို့နှင့် အပြန်အလှန်ဆက်ဆံခြင်း၊ ပေါင်းသင်းဆက်ဆံခြင်းနှင့် ပြောဆိုဆက်သွယ်ခြင်း ပြုလုပ်စဉ်တွင် ၎င်းတို့ပြောဆိုသည်ကို နားထောင်ခြင်းသည် လူတို့၏ စိတ်နှလုံးများကို မှောင်မိုက်ခြင်းနှင့် မကြည်လင်ခြင်းထဲသို့ မကြာခဏ ကျဆင်းသွားစေပြီး ၎င်းတို့၏ ယုံကြည်ခြင်း၌ ယုံကြည်မှုကိုပင် ပျောက်ဆုံးသွားစေကာ ၎င်းတို့၌ ဘုရားသခင်ကို ယုံကြည်ရန် မည်သည့်စိတ်ဆန္ဒမျှ မရှိတော့ဘဲ ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းများနှင့် စုဝေးပွဲများအတွင်း မိမိတို့၏ စိတ်များကို ငြိမ်သက်အောင် မထားနိုင်တော့ပေ။ ၎င်းတို့သည် ထိုသို့သော လူပုဂ္ဂိုလ်များ ဖြန့်ဝေသော အမှားအမှန်နှင့်ပတ်သက်သည့် အခိုင်အမာဆိုချက်များနှင့် အတင်းအဖျင်းများကြောင့် စိတ်နှလုံးနှင့် ဝိညာဉ်၌ မကြာခဏ တည်ငြိမ်မှုမရှိကြဘဲ လူတိုင်းကို မနှစ်မြို့ဖွယ်အဖြစ် ရှုမြင်လာကြပြီး အခြားသူများ၌ အမှားများမှလွဲ၍ မည်သည့်အရာကိုမျှ မမြင်တော့ပေ။ အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုသည်ကို ကြားပြီးနောက်တွင် လူတို့၏ ပုံမှန်စဉ်းစားတွေးခေါ်မှုသည် မကြာခဏ နှောင့်ယှက်ခြင်းခံရပြီး ကိစ္စရပ်များအပေါ် ၎င်းတို့၏ မှန်ကန်သော အမြင်ရှုထောင့်များပင် နှောင့်ယှက်ခြင်းခံရကာ အမှားနှင့်အမှန်ကို ပိုင်းခြားသိမြင်ရန် ခက်ခဲစေသည်။ ပိုင်းခြားသိမြင်နိုင်ခြင်း ကင်းမဲ့သောသူတို့သည် အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုရန် နှစ်သက်သောလူတို့ ပြောဆိုသည့် အချို့အရာများကြောင့် သတိပင်မထားမိဘဲ မကြာခဏ ဖြားယောင်းခြင်းနှင့် စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်သွားကြသည်။ ၎င်းတို့က “ထိုလူတို့သည် မည်သူ့ကိုမျှ မထိခိုက်စေခဲ့ပါ၊ ၎င်းတို့သည် စုဝေးပွဲများတွင် ပုံမှန်ပါဝင်ကြသည်၊ တစ်ခါတစ်ရံတွင် ၎င်းတို့သည် အလှူဒါနများပင် ပေးကမ်းပြီး အခြားသူများကို ကူညီကြကာ မည်သည့်မကောင်းမှုကိုမျှ မလုပ်ဆောင်ခဲ့ပါ” ဟု တွေးထင်ကြသည်။ သို့သော် ထိုသို့သော လူပုဂ္ဂိုလ်များနှင့် ၎င်းတို့၏ အပြန်အလှန်ဆက်ဆံမှုများ၏ အကျိုးဆက်များမှာ ၎င်းတို့သည် အမှားအမှန် ကိစ္စရပ်များ၌ မကြာခဏ နစ်မွန်းသွားကြပြီး စုံစမ်းသွေးဆောင်ခြင်း၌ နစ်မွန်းသွားကြကာ လူအချင်းချင်းကြားရှိ စိတ်ခံစားမှုဆိုင်ရာ ရှုပ်ထွေးမှုများနှင့် မသင့်လျော်သော လူအချင်းချင်း ဆက်ဆံရေးများအလယ်၌ နစ်မွန်းသွားကြခြင်း ဖြစ်သည်။ အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုသော ဤလူတို့သည် လူအချင်းချင်းကြားရှိ သင့်လျော်သော ဆက်ဆံရေးများကို နှောင့်ယှက်ရာ၌လည်းကောင်း၊ လူတို့၏ စိတ်ထဲရှိ သန့်စင်သော နားလည်သဘောပေါက်မှုအချို့ကို ဖျက်ဆီးရာ၌လည်းကောင်း အထူးကျွမ်းကျင်ကြသည်။ ၎င်းတို့၏ အမြင်၌ မည်သူမဆို ဆက်ဆံရေးကောင်းမွန်ပြီး တစ်ဦးကိုတစ်ဦး ပံ့ပိုးကူညီနိုင်ကြပါက ၎င်းတို့၏ လျှို့ဝှက်တိုက်ခိုက်မှုများနှင့် ဝေဖန်ကဲ့ရဲ့မှုများအတွက် ပစ်မှတ်များ ဖြစ်လာကြသည်။ အလားတူပင် မိမိ၏တာဝန်ကို သစ္စာစောင့်သိမှုအချို့ဖြင့် ထမ်းဆောင်ပြီး မိမိကိုယ်ကို အနည်းငယ် အသုံးခံသော မည်သူမဆိုသည်လည်း ၎င်းတို့၏ တိုက်ခိုက်မှုများအတွက် ပစ်မှတ်တစ်ခု ဖြစ်သည်။ မည်သည့်အရာမဆို မည်မျှပင် ကောင်းမွန်သည် သို့မဟုတ် အပြုသဘောဆောင်သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို အသရေဖျက်ရန် နည်းလမ်းများ ရှာဖွေကြသည်။ ၎င်းတို့သည် အရာရာတိုင်းအပေါ် သွယ်ဝိုက်သော ဝေဖန်ကဲ့ရဲ့မှုများ ပြုလုပ်ကြသည်၊ ကိစ္စရပ်တိုင်းအပေါ် မှတ်ချက်ပေးကြပြီး အရေးကိစ္စအားလုံးအပေါ် မိမိတို့၏ ကိုယ်ပိုင်အမြင်ရှုထောင့်များကို ကိုင်စွဲထားကြသည်။ ဤအမြင်ရှုထောင့်များသည် စစ်မှန်သော အမြင်ရှုထောင့်များ လုံးဝမဟုတ်ပေ၊ ထိုအစား ၎င်းတို့သည် အဓိပ္ပာယ်မရှိသောစကားများ ပြောဆိုကြသည်၊ အမှန်တရားများနှင့် အမှားများကို ရောထွေးစေကြပြီး အဖြူအမည်းကို ပြောင်းပြန်လှန်ကြသည်။ ပန်းတိုင်တစ်ခုကို ဖြစ်မြောက်အောင်မြင်စေခြင်းငှာ သို့မဟုတ် လူအချင်းချင်းကြား ရန်တိုက်ပေးခြင်းငှာ သို့မဟုတ် အချို့သော လူပုဂ္ဂိုလ်များကို အသရေဖျက်ခြင်းငှာ ၎င်းတို့သည် အဖြစ်မှန်များကို မမှန်ကန်သော အသေးစိတ်အချက်များဖြင့် မွမ်းမံခြယ်သခြင်းနှင့် အခြေအမြစ်မရှိသော စွပ်စွဲချက်များ ပြုလုပ်ခြင်းအားဖြင့် အမှုအရာများကို တမင်တကာနှင့် မဆင်မခြင် လုပ်ကြံဖန်တီးသည်အထိပင် ပြုလုပ်ကြပြီး မရှိသည်ကို အရှိလုပ်ကြသည်။ အဖြစ်မှန်များကို မသိရှိသောသူတို့သည် ၎င်းတို့ပြောဆိုသည်ကို နားထောင်ပြီး ၎င်းတို့၏ အခိုင်အမာဆိုချက်များသည် ကျိုးကြောင်းဆီလျော်ပုံရပြီး မှားယွင်းနိုင်ဖွယ်မရှိဟု ထင်မှတ်ကြကာ ထိုသို့ဖြင့် အထင်အမြင်မှားစေခြင်းကို ခံကြရသည်။ အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုခြင်းကို နှစ်သက်သော ဤလူစားမျိုးသည် မည်သည့်အပြုသဘောဆောင်သော ကိစ္စရပ်ကိုမဆို သွယ်ဝိုက်သော ဝေဖန်မှုများ ပြုလုပ်ကြသည်။ ယင်းမှာ ၎င်းတို့၌ တရားမျှတစိတ် ရှိသောကြောင့်လော။ (မဟုတ်ပါ။) ၎င်းတို့သည် မိမိတို့၏ တာဝန်ကို တက်ကြွစွာ ထမ်းဆောင်သောသူများ၊ သစ္စာစောင့်သိသောသူများ၊ မိမိတို့ကိုယ်ကို စိတ်အားထက်သန်စွာ အသုံးခံသောသူများနှင့် အသိတရားနှင့် ဆင်ခြင်တုံတရားရှိသောသူတို့ကို အာခံပြီး အထင်မကြီးကြပေ။ သို့ဆိုလျှင် ဤလူပုဂ္ဂိုလ်များ၏ မဆင်မခြင် ပြောဆိုခြင်းအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ အရင်းအမြစ်သည် အဘယ်မှာရှိသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုခြင်းကို အစဉ်အမြဲ နှစ်သက်ကြသနည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ လူ့သဘာဝသည် မကောင်းသောကြောင့် ဖြစ်ပါသည်။) မှန်ပေသည်၊ ယင်းမှာ မကောင်းသော လူ့သဘာဝကြောင့် ဖြစ်သည်။ ၎င်းတို့၏ လူ့သဘာဝသည် ကောင်းမွန်ပါက ၎င်းတို့သည် အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုကြမည်မဟုတ်ပေ။ စကားပြောဆိုခြင်းသည် အသိတရားနှင့် ဆင်ခြင်တုံတရားအပေါ် အခြေခံသင့်သည်၊ လူတစ်ဦးသည် ကောက်ကျစ်သော သီအိုရီများနှင့် မိစ္ဆာဒိဋ္ဌိအယူဝါဒများကို အခွင့်သာတိုင်း ကရားရေလွှတ် မပြောဆိုသင့်ပေ။ အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုခြင်း၏ အရင်းအမြစ်မှာ မကောင်းသော လူ့သဘာဝ ဖြစ်သည်။ ထိုသို့သောလူတို့ ပြောဆိုသည့် မည်သည့်အရာမဆိုသည် မနှစ်မြို့ဖွယ်ကောင်းကာ ယဉ်ကျေးစွာဆိုရလျှင် ၎င်းတို့သည် အခြားသူများကို ဝေဖန်ကဲ့ရဲ့နေခြင်း ဖြစ်သော်လည်း အမှန်တကယ်တွင် ၎င်းတို့၏ စကားများ၌ ပြစ်တင်ရှုတ်ချရန်နှင့် ကျိန်ဆဲရန် မလိုမုန်းထားသော ရည်ရွယ်ချက် အစိတ်အပိုင်းအချို့ ပါဝင်ပြီး သွေးထိုးလှုံ့ဆော်ခြင်း၊ မနာလိုခြင်း၊ အာခံခြင်း၊ မုန်းတီးခြင်းတို့၏ အရိပ်အယောင်များ ပါဝင်သည့်အပြင် လဲရာသူကို ထပ်ကန်သည့် အရိပ်အယောင်များပင် ပါဝင်သည်။ အတိုချုပ်အားဖြင့် ဤသည်တို့မှာ ၎င်းတို့၏ အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုခြင်း၏ အဓိကလက္ခဏာများ ဖြစ်ကြသည်။ ဤထူးခြားသည့်လက္ခဏာများအပြင် ထိုသို့သော လူပုဂ္ဂိုလ်များ၌ နောက်ထပ် ဘုံလက္ခဏာတစ်ခု ရှိသေးသည်၊ ၎င်းတို့ မရှိသည့်အရာ သူတစ်ပါး၌ ရှိလျှင် မနာလိုဖြစ်၍ မိမိ၌ ရှိသည့်အရာ ထိုလူများတွင် မရှိပါက လှောင်ပြောင်ကြသည်။ ၎င်းတို့၏ လူ့သဘာဝသည် ကောင်းမွန်သလော။ (မကောင်းမွန်ပါ။) မိမိတို့တွင် မရှိသည့်အရာ သူတစ်ပါး၌ ရှိလျှင် မကျေမချမ်းဖြစ်၍ မိမိ၌ ရှိသည့်အရာ ထိုလူများတွင် မရှိပါက လှောင်ပြောင်ကြသော ဤအမျိုးအစားဝင် လူပုဂ္ဂိုလ်များသည် မိမိတို့ထက် သာလွန်သော မည်သူ့ကိုမဆို မနာလိုဖြစ်ကြပြီး ထိုလူတို့၏ ကွယ်ရာတွင် မကောင်းပြောဆိုကာ ဝေဖန်သုံးသပ်ပြီး ပြစ်တင်ရှုတ်ချကြသည်၊ တစ်ဖက်တွင်မူ တစ်စုံတစ်ဦးသည် ၎င်းတို့ထက် နိမ့်ကျပါက ၎င်းတို့သည် ထိုလူကို ကဲ့ရဲ့လှောင်ပြောင်ရန်၊ သရော်ရန်နှင့် အထင်သေးရန် အသင့်ရှိလျက် နှာခေါင်းရှုံ့ကာ ရယ်မောကြသည်။ ၎င်းတို့သည် မည်သည့်ကိစ္စရပ်ကိုမဆို မှန်ကန်စွာ နားလည်နိုင်ခြင်းမရှိသကဲ့သို့ အခြေခံအကျဆုံးသော လူ့ကိုယ်ကျင့်တရားများအပေါ် အခြေခံ၍ ချဉ်းကပ်နိုင်ခြင်းလည်း မရှိပေ။ ၎င်းတို့သည် မည်သူ့ကိုမျှ ကောင်းချီးပေးရန် မလိုအပ်သကဲ့သို့ မည်သူ၏ ကောင်းကျိုးကိုမျှ လိုလားရန် သို့မဟုတ် အရာရာတိုင်း ၎င်းတို့အလိုရှိသည့်အတိုင်း ဖြစ်မြောက်ပါစေဟု ဆန္ဒပြုရန် သို့မဟုတ် မှန်သောလမ်းကြောင်းကို လျှောက်လှမ်းပါစေဟု ဆန္ဒပြုရန်လည်း မလိုအပ်ပေ၊ သို့သော် အနည်းဆုံးအနေဖြင့် ၎င်းတို့သည် အခြားသူများကို မည်သည့်မလိုမုန်းထားစိတ်မျှ မထားဘဲ မှန်ကန်စွာ အကဲဖြတ်သင့်သည်၊ ၎င်းတို့သည် ဤအရာကိုပင် လုပ်ဆောင်ရန်ပင် အရေးနိမ့်ကြ၏။ ၎င်းတို့၏ အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုခြင်း၏ နောက်ကွယ်ရှိ အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့၏ ပြောဆိုသောစကားမှတစ်ဆင့် အခြားသူများအပေါ် ၎င်းတို့၏ သဘောထားမှတစ်ဆင့်၊ ၎င်းတို့ တွေးထင်သောအရာနှင့် ၎င်းတို့၏ စိတ်နှလုံးနက်ရှိုင်းရာ၌ အခြားသူများကို ဆက်ဆံသည့် နည်းလမ်းမှတစ်ဆင့် ဤလူစားမျိုးတို့၏ လူ့သဘာဝသည် မလိုမုန်းထားသောသဘောရှိသည်မှာ သိသာထင်ရှားသည်။ ဤလူစားမျိုးသည် အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုရန် ၎င်းတို့၏ နှုတ်ကိုသာ အသုံးပြုကြသော်လည်း ဤလုပ်ဆောင်ချက်များ၏ နောက်ကွယ်၌ ၎င်းတို့ပြီးမြောက်အောင်မြင်ရန်မျှော်လင့်ထားသောအရာများ၊ အောင်မြင်လိုသော ရည်မှန်းချက်များအပြင် ၎င်းတို့၏ စိတ်နှလုံးနက်ရှိုင်းရာ၌ လူများနှင့် ကိစ္စရပ်များအပေါ် ၎င်းတို့၏ စစ်မှန်သော အမြင်များနှင့် သဘောထားများလည်း တည်ရှိနေသည်။ အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုခြင်းကို နှစ်သက်သောသူတို့သည် သမ္မာတရားကို ကောင်းစွာ သဘောပေါက်နားလည်ခြင်း ရှိမရှိနှင့် ၎င်းတို့သည် သမ္မာတရားကို နှစ်သက်သောလူများ ဖြစ်မဖြစ်ကို ယခုလောလောဆယ် ဘေးဖယ်ထားလျက် ၎င်းတို့၏ လူ့သဘာဝ၏ ဤလက္ခဏာဖြစ်သည့် အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုခြင်းကို နှစ်သက်ခြင်းအပေါ် အခြေခံ၍ ၎င်းတို့သည် အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများအပေါ် ကောင်းမွန်သော သို့မဟုတ် အပြုသဘောဆောင်သော ဩဇာလွှမ်းမိုးမှု တစ်ခုခု ရှိနိုင်သလော။ (မရှိနိုင်ပါ။) လုံးဝ မရှိနိုင်ပါတကား။

အမှန်နှင့် အမှားကို ပြောင်းပြန်လှန် ပြောသောသူတို့တွင် မည်သည့်သရုပ်သကန်များ ရှိသည်ကို ကြည့်ရှုရန် တိကျသော ဥပမာအချို့ကို ကြည့်ကြစို့။ ဥပမာအားဖြင့် ညီအစ်မတစ်ဦးရှိသည်ဆိုပါစို့၊ သူ၏မိသားစုသည် အလွန်ချမ်းသာသော်လည်း ဧဝံဂေလိတရားကို ဟောပြောခြင်းနှင့် ဘုရားသခင်အတွက် သက်သေခံခြင်းငှာ သူသည် ဇာတိပကတိ၏ သာယာမှုများကို စွန့်လွှတ်ပြီး သူ၏တာဝန်ကို ထမ်းဆောင်ရန် အိမ်မှ ထွက်ခွာခဲ့သည်။ ငါ့ကို ပြောလော့၊ ပုံမှန်လူတို့သည် ဤအခြေအနေကို မည်သို့ ရှုမြင်မည်နည်း။ ၎င်းတို့သည် သူ့ကို လေးစားပြီး အားကျကြမည် မဟုတ်လော။ အနည်းဆုံးအနေဖြင့် ၎င်းတို့က ထိုညီအစ်မသည် သူ၏တာဝန်ကို ထမ်းဆောင်ရန် ဇာတိပကတိ၏ သာယာမှုများကို စွန့်လွှတ်နိုင်သည့်အတွက် ချီးကျူးထိုက်ပြီး အတုယူထိုက်သည်ဟု ထင်မှတ်ကြပေမည်။ သို့သော် အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုခြင်းကို နှစ်သက်သောသူတို့သည် သူ၏အကြောင်းကို မည်သို့ မှတ်ချက်ပေးကြသနည်း။ ၎င်းတို့က “သူသည် တစ်နေ့လုံး အပြင်ထွက်ပြီး ဧဝံဂေလိတရား ဟောပြောရန် ချမ်းသာသောသူတစ်ဦး၏ ဘဝကို စွန့်လွှတ်နေသည်၊ သူ ဤအတိုင်း ဆက်သွားနေပါက မကြာမီ သို့မဟုတ် နောင်တွင် သူ၏ခင်ပွန်းက သူ့ကို ကန်ထုတ်လိမ့်မည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိခြင်းနှင့် ပျော်ရွှင်စွာ နေထိုင်ခြင်းအကြောင်းသာ မဟုတ်လော။ သူ့ကို ကြည့်ပါဦး၊ ကောင်းချီးမင်္ဂလာများ ရှိသော်လည်း မည်သို့ ခံစားရမည်ကို မသိဘဲ မိမိ၏တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ ထမ်းဆောင်ရန် မိမိ၏မိသားစုနှင့် အသက်မွေးဝမ်းကျောင်းကို စွန့်လွှတ်နေသည်၊ ယင်းမှာ မိုက်မဲသည် မဟုတ်လော။ ကျွန်ုပ်၏မိသားစုသာ ထိုမျှ ချမ်းသာပါက ကျွန်ုပ်သည် ကိုယ့်အိမ်၌ကိုယ် ပျော်ရွှင်စွာနေမည်” ဟု ပြောဆိုကြသည်။ ငါ့ကို ပြောလော့၊ ထိုစကားများထဲတွင် လူ့သဘာဝနှင့် ကိုက်ညီသော၊ အခြားသူများကို တည်ဆောက်ပေးသော ဝါကျတစ်ကြောင်းမျှ ရှိသလော။ (မရှိပါ။) ပိုင်းခြားသိမြင်နိုင်စွမ်း အနည်းငယ် ရှိသောသူတို့သည် ဤသည်ကို ကြားလျှင် “ဤသည်မှာ အဖြစ်မှန်များကို လိမ်လည်ပြောဆိုခြင်း မဟုတ်လော။ ယုံကြည်သူတစ်ဦးအနေဖြင့် ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံရန် အရာခပ်သိမ်းကို စွန့်လွှတ်ခြင်းနှင့် ရုပ်ဝတ္ထုဆိုင်ရာ သာယာမှုများကို မလိုက်စားခြင်းသည် ပင်ကိုအားဖြင့် အပြုသဘောဆောင်သော အရာတစ်ခုဖြစ်သော်လည်း ၎င်းတို့က ယင်းကို ပြစ်တင်ရှုတ်ချနေပါသည်” ဟု တွေးထင်ကြပေမည်။ ပိုင်းခြားသိမြင်နိုင်စွမ်းမရှိသော တစ်စုံတစ်ဦးသည် ဤသည်ကို ကြားပါက ၎င်းတို့သည် အထင်အမြင်မှားစေခြင်းနှင့် နှောင့်ယှက်ခြင်းကို ခံရလိမ့်မည်၊ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ စိတ်အားထက်သန်မှုနှင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် အမှုအရာများကို စွန့်လွှတ်ပြီး မိမိတို့ကိုယ်ကို အသုံးခံခြင်းအတွက် ၎င်းတို့၏ စိတ်အားထက်သန်မှုသည် ချက်ချင်းပင် အကြီးအကျယ် လျော့ကျသွားလိမ့်မည်။ အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုခြင်းကို နှစ်သက်သောသူတို့၏ စကားများသည် နည်းပါးသော်လည်း ၎င်းတို့သည် အခြားသူများအပေါ် သက်ရောက်စေသည့် အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှုမှာ သိသာထင်ရှားပြီး တစ်စုံတစ်ဦးကို အတန်ကြာ အပျက်သဘောဆောင်စေကာ ပြန်လည် နာလန်ထူနိုင်ခြင်းမရှိစေရန် လုံလောက်သည်။ ဤသည်မှာ အမှန်ပင် မဟုတ်လော။ (ဟုတ်ပါသည်။) ဖြစ်နိုင်ဖွယ်ရှိပုံရသော စကားအနည်းငယ်မျှသည် အချို့လူတို့ကို ကြားရုံမျှဖြင့် အဆိပ်သင့်စေနိုင်သည်။ ထိုသို့သော အဆိပ်သင့်စေသည့်စကားများကို ပြောဆိုနိုင်သောသူတို့၏ လူ့သဘာဝနှင့်ပတ်သက်၍ မည်သို့ဆိုနိုင်သနည်း။ (မကောင်းပါ။) ၎င်းတို့၏ စကားများထဲတွင် ကြားပြီးနောက် တစ်စုံတစ်ဦး၏ ယုံကြည်ခြင်းကို တိုးပွားစေနိုင်သည့် ဝါကျတစ်ကြောင်းမျှ ရှိသလော။ (မရှိပါ။) ဤစကားများအားလုံးသည် အဘယ်နည်း။ ယေဘုယျအားဖြင့် ပြောရလျှင် ၎င်းတို့အားလုံးသည် မယုံကြည်သူများ၏ စကားများသာ ဖြစ်ကြသည်၊ ဝါကျတစ်ကြောင်းမျှ ဘုရားသခင်နောက်သို့ လိုက်သောသူတို့ ပြောဆိုသင့်သည့်စကား မဟုတ်ပေ။ ပို၍ တိတိကျကျဆိုရလျှင် ဤလူတို့ ပြောဆိုသော ဝါကျတစ်ကြောင်းမျှ မည်သည့်လူ့သဘာဝကိုမျှ ထင်ဟပ်ခြင်းမရှိပေ။ လူ့သဘာဝကင်းမဲ့သည်ဟု ဆိုရာ၌ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ကိုယ်ကျင့်တရားပင် မပိုင်ဆိုင်ခြင်းကို ဆိုလိုသည်။ ကိုယ်ကျင့်တရားကင်းမဲ့သည်ဟု ဆိုရာ၌ မည်သည့်အရာကို ဆိုလိုသနည်း။ ထိုညီအစ်မသည် ကောင်းမွန်သော နေထိုင်မှုအခြေအနေများနှင့် ချမ်းသာသော မိသားစုတစ်ခု ရှိသည်၊ ဤလူတို့၏ သဘောထားမှာ အဘယ်နည်း။ ယင်းမှာ အားကျပြီးနောက် ကောင်းကျိုးအတွက် ဆန္ဒပြုကာ မေ့ထားလိုက်ခြင်းမျှသာလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ မနာလိုခြင်း၊ ဒေါသထွက်ခြင်း၊ မကျေမချမ်းဖြစ်ခြင်းနှင့် ၎င်းတို့၏ စိတ်နှလုံးထဲ၌ စောဒကတက်ခြင်းများကို သိုထားခြင်း ဖြစ်သည်။ “သူသည် ထိုမျှများသောငွေကို ပိုင်ဆိုင်ထိုက်ပါသလော။ အဘယ်ကြောင့် ငါ့ထံတွင် ထိုမျှများသောငွေ မရှိရသနည်း။ အဘယ်ကြောင့် ဘုရားသခင်သည် သူ့ကို ကောင်းချီးပေးပြီး ကျွန်ုပ်ကို မပေးသနည်း” ဟူ၍ ဖြစ်၏။ ထိုညီအစ်မသည် ချမ်းသာပြီး ပြည့်စုံသောကြောင့် ၎င်းတို့သည် စစ်မှန်သော အားကျမှု သို့မဟုတ် ကောင်းကျိုးအတွက် ဆန္ဒပြုခြင်း စကားတစ်ခွန်းမျှ မရှိဘဲ မနာလိုခြင်းနှင့် မုန်းတီးခြင်းကို ခံစားကြရသည်။ ဤသည်မှာ အခြေခံအကျဆုံးသော ကိုယ်ကျင့်တရားများပင် လုံးဝမရှိခြင်းကို ညွှန်ပြသည်။ ထိုညီအစ်မသည် ချမ်းသာသောကြောင့် ၎င်းတို့သည် သူ၏ဥစ္စာပစ္စည်းများကို လုယက်ရန် သို့မဟုတ် လိမ်လည်လှည့်ဖြားရန် ကြိုးစားသည့် အခြေအနေနီးပါးအထိ အမုန်းတရားကို သိုထားကြသည်။ ထို့အပြင် ဤညီအစ်မသည် ချမ်းသာသော မိသားစုတစ်ခု၌ အသက်ရှင်နေထိုင်သည့်တိုင် သူသည် ကောင်းမွန်သော နေထိုင်မှုအခြေအနေများနှင့် ရုပ်ဝတ္ထုဆိုင်ရာ သက်သောင့်သက်သာမှုများကို စွန့်လွှတ်ပြီး သူ၏တာဝန်ကို ထမ်းဆောင်ရန် ထွက်ခွာသွားနိုင်သည်၊ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအတွက် ဤသည်မှာ ချီးမွမ်းဂုဏ်ပြုထိုက်သောအရာတစ်ခုဖြစ်သည်၊ ယင်းမှာ လေးစားပြီး အားကျထိုက်သည်။ လူတို့သည် သူ့အား ကောင်းကျိုးအတွက် ဆန္ဒပြုသင့်ပြီး သူ့ထံ ချဉ်းကပ်ကာ သူ့ကို အတုယူရန် ကြိုးစားသင့်သည်။ သို့သော် အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုခြင်းကို နှစ်သက်သော ဤလူတို့တွင် ဤကဲ့သို့သော ပြောစရာတစ်ခုခု ရှိပါသလော။ (မရှိပါ။) ၎င်းတို့သည် မည်သို့ ပြောဆိုကြသနည်း။ ဝါကျတိုင်းသည် ကြမ်းတမ်းသော စကားလုံးများနှင့် မုန်းတီးခြင်း၏ အရိပ်အယောင်တို့ဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့သည် အဘယ်ကြောင့် ဤသို့ ပြောဆိုနိုင်ကြသနည်း။ ယင်းမှာ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အခြေအနေနှင့်ပတ်သက်၍ မရောင့်ရဲနိုင်ဘဲ မကျေမနပ်ဖြစ်ပြီး မကျေမချမ်းမှုကို သိုထားသောကြောင့် ဖြစ်၍ ထိုသို့ဖြင့် ၎င်းတို့သည် မိမိတို့၏ ဒေါသကို ဤချမ်းသာသော ညီအစ်မအပေါ် ပုံချကြခြင်း ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် မိမိ၏တာဝန်ကို တက်ကြွစွာ ထမ်းဆောင်နိုင်ပြီး သမ္မာတရားကို လိုက်စားနိုင်သောသူတို့ကို အထူးတလည် တန်ဖိုးထားခြင်း၊ လေးစားအားကျခြင်း၊ ၎င်းတို့ထံမှ သင်ယူခြင်းနှင့် အတုယူခြင်းတို့ကို ပြုလုပ်သင့်သည်။ ထိုညီအစ်မ၏ အားသာချက်များမှ သင်ယူပြီး မိမိတို့၏ အားနည်းချက်များကို ဖြည့်ဆည်းမည့်အစား ဤလူတို့သည် သူ့ကို မိုက်မဲသည်ဟု လှောင်ပြောင်ကြပြီး သူ၏ခင်ပွန်းက သူ့ကို ကွာရှင်းမည့်အရေးကို မျှော်လင့်ကြသည်၊ ၎င်းတို့သည် သူ၏ ကျဆုံးခန်းကို မြင်တွေ့ရန် စောင့်ဆိုင်းနေကြသည်။ ထိုညီအစ်မသည် သူ့ခင်ပွန်း၏ အမှန်တကယ် ကွာရှင်းခြင်းကို ခံရပါက ၎င်းတို့သည် ဝမ်းမြောက်ကြမည် မဟုတ်လော။ ၎င်းတို့၏ ဆန္ဒသည် ပြည့်စုံသွားမည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ စစ်မှန်သော ခံစားချက်များ၊ ၎င်းတို့၏ ကြံရွယ်ချက်နှင့် ရည်ရွယ်ချက်ကိုလည်း ထင်ဟပ်စေသည်။ ၎င်းတို့သည် အခြားသူများကို ကောင်းသော ဆန္ဒမပြုကြပေ။ ကောင်းစားနေသော သို့မဟုတ် မိမိတို့ထက် သာလွန်သော မည်သူ့ကိုမဆို မြင်တွေ့ခြင်းသည် ၎င်းတို့ကို မနာလိုခြင်းနှင့် မကျေမနပ်ဖြစ်ခြင်းတို့ဖြင့် ပြည့်စေသည်။ ဘုရားသခင်အပေါ် အခြားတစ်စုံတစ်ဦး၏ ယုံကြည်ခြင်းသည် မည်မျှပင် ခိုင်မာသည်ဖြစ်စေ ထိုလူပုဂ္ဂိုလ်သည် ၎င်းတို့ထက် သာလွန်ပါက လက်ခံနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် လူ့သဘာဝ လုံးဝကင်းမဲ့ပြီး ကောင်းချီးပေးခြင်း သို့မဟုတ် တည်ဆောက်ပေးခြင်း စကားတစ်ခွန်းကိုမျှ ပြောဆိုနိုင်စွမ်းမရှိကြပေ။ ၎င်းတို့သည် အဘယ်ကြောင့် ထိုသို့သောစကားများကို မပြောဆိုနိုင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ လူ့သဘာဝသည် အလွန်ဆိုးယုတ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မပြောဆိုလိုခြင်းကြောင့် မဟုတ်သကဲ့သို့ မှန်ကန်သောစကားလုံးများ ကင်းမဲ့နေခြင်းကြောင့်လည်း မဟုတ်ပေ၊ ထိုအစား ၎င်းတို့၏ စိတ်နှလုံးများသည် မနာလိုခြင်း၊ မကျေမချမ်းဖြစ်ခြင်းနှင့် ဒေါသထွက်ခြင်းတို့ဖြင့် ပြည့်နှက်နေသောကြောင့် ကောင်းချီးပေးခြင်းစကားများကို ပြောဆိုရန် မဖြစ်နိုင်ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့၏ စိတ်နှလုံးများသည် ထိုသို့သော ဖောက်ပြန်ပျက်စီးသည့်အရာများဖြင့် ပြည့်နှက်နေသည်ဟူသောအချက်က ၎င်းတို့၏ လူ့သဘာဝသည် မလိုမုန်းထားသောသဘောရှိကြောင်းကို ညွှန်ပြနိုင်သလော။ (ဟုတ်ပါသည်။) ညွှန်ပြနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ထိုသို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ထုတ်ဖော်ပြသသောကြောင့် အခြားသူများအတွက် ပိုင်းခြားသိမြင်ရန် လွယ်ကူသွားပြီး အခြားသူများသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ထွင်းဖောက်မြင်နိုင်သောကြောင့် ဖြစ်သည်။

နောက်ထပ် ဥပမာတစ်ခု ရှိသည်။ ညီအစ်မတစ်ဦးသည် ဘုရားသခင်ကို မယုံကြည်မီက သူ၏ယောက်မနှင့် အစဉ်အမြဲ ပဋိပက္ခဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ၎င်းတို့နှစ်ဦးစလုံး ဘုရားသခင်ကို ယုံကြည်လာကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမှတစ်ဆင့် သမ္မာတရားအချို့ကို နားလည်လာကြသည်။ ၎င်းတို့သည် လူတစ်ဦးအနေဖြင့် မည်သို့ ကျင့်ကြံပြုမူသင့်သည်နှင့် အခြားသူများနှင့် မည်သို့သင့်မြတ်သင့်သည်ကို သိရှိနားလည်ခဲ့ကြပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ခံရသည့်အခါ အချင်းချင်း ပွင့်လင်းစွာ ပြောဆိုနိုင်ခဲ့ကြကာ မိမိတို့ကိုယ်ကို သိရန် ကြိုးစားနိုင်ခဲ့ကြသည်၊ ယင်းက ၎င်းတို့၏ ဆက်ဆံရေးကို တိုး၍ သဟဇာတဖြစ်စေခဲ့သည်။ အချို့လူတို့သည် ၎င်းတို့ကို အားကျပြီး “သူတို့ကို ကြည့်ပါဦး၊ မိသားစုတစ်စုလုံး ဘုရားသခင်ကို ယုံကြည်ကြပြီး ယောက်မများက ညီအစ်မအရင်းများကဲ့သို့ပင်ဖြစ်သည်။ ဤအရာအားလုံးက ဘုရားသခင်အပေါ် သူတို့၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည် မဟုတ်လော။ ဘာသာတရားမရှိသူများ၏ မိသားစုများသည် လုံးဝ အဆင်မပြေနိုင်ကြပါ၊ အစဉ်သဖြင့် ရန်ဖြစ်ပြီး အချင်းချင်း ပြိုင်ဆိုင်နေကြသည်။ မိခင်တစ်ဦးတည်းမှ မွေးသည့်မောင်နှမအရင်းများတွင်ပင် ဖြစ်လေ့ရှိသည်။ ယုံကြည်သူများက များစွာ ပို၍ ကောင်းသည်။ ယောက်မများသည် ညီအစ်မအရင်းများ မဟုတ်လျှင်ပင် ၎င်းတို့ ဘုရားသခင်ကို ယုံကြည်သရွေ့ လိုက်စားရန် တူညီသောပန်းတိုင်များဖြင့်၊ တူညီသောလမ်းကြောင်းကို လျှောက်ပြီး စိတ်တူကိုယ်တူရှိသဖြင့် ၎င်းတို့သည် ဝိညာဉ်တွင် သဟဇာတဖြစ်ကြသည်၊ ယင်းမှာ လှပကောင်းမွန်လှပါတကား” ဟု ပြောဆိုကြပေမည်။ ဤသည်က ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သောသူတို့သည် ဘာသာတရားမရှိသူများနှင့် ကွဲပြားကြောင်း ပြသသည်။ မတူညီသော မိသားစုများမှ လူတို့သည် ဘုံပန်းတိုင်များနှင့် လိုက်စားမှုများဖြင့် အတူတကွ စုစည်းကြပြီး ဘုရားသခင်၏ အိမ်တော်၌လည်းကောင်း၊ ဘုရားသခင်၏ ရှေ့မှောက်၌လည်းကောင်း သဟဇာတဖြစ်ကြသည်။ ဤသို့ပြောဆိုရခြင်း၏ ရည်ရွယ်ချက်မှာ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်၏ အကျိုးသက်ရောက်မှုဖြစ်ကြောင်း၊ ဘုရားသခင်က လူတို့အား ပေးသနားသော ကျေးဇူးတော်ဖြစ်ကြောင်း လူတို့ကို သိစေရန် ဖြစ်သည်။ ဤသည်မှာ ဘာသာတရားမရှိသူတို့ မပိုင်ဆိုင်သော၊ မခံစားနိုင်သော အရာတစ်ခု ဖြစ်သည်။ အနည်းဆုံးအားဖြင့် ဤသည်ကို ကြားပြီးနောက် လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်သည်ဟု ခံစားရမည်ဖြစ်ပြီး ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့်ပတ်သက်၍ နှစ်သက်ဖွယ်သော အထင်အမြင်တစ်ခု ရှိလာမည်ဖြစ်သည်။ သို့သော် အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုခြင်းကို နှစ်သက်သောသူသည် ဤအကြောင်းနှင့်ပတ်သက်၍ မည်သို့ပြောဆိုသည်ကို နားထောင်ကြည့်လော့။ “ဟွန်း။ ထိုယောက်မများသည် အပြင်ပန်းတွင် သင့်မြတ်ပုံရပြီး စုဝေးပွဲများအတွင်းတွင် အကုန် သဟဇာတ ဖြစ်နေကြပုံရသည်ဟု သင် မြင်ကောင်းမြင်နိုင်သည်။ သို့သော်လည်း တစ်ခါတစ်ရံတွင် ၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက် ကတောက်ကဆ မဖြစ်ကြသလော။ သင်မသိပါ၊ ၎င်းတို့သည် ယခင်က အလွန်ပင် ဆိုးရွားစွာ ရန်ဖြစ်ခဲ့ဖူးသည်” ဟူ၍ ဖြစ်လေသည်။ အခြားသူများက “အတိတ်က ၎င်းတို့၏ အငြင်းပွားမှုများနှင့် အချေအတင်ဖြစ်မှုများမှာ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်ခဲ့ကြခြင်းနှင့် သမ္မာတရားကို နားမလည်ခဲ့ကြခြင်းတို့ကြောင့် ဖြစ်သည်။ ယခုအခါတွင် ၎င်းတို့သည် အလွန်အမင်း သင့်မြတ်နေကြပြီ။ ဤသည်မှာ ယခုအခါ ၎င်းတို့နှစ်ဦးစလုံး ဘုရားသခင်ကို ယုံကြည်ကြခြင်း၊ သမ္မာတရားအချို့ကို နားလည်ကြခြင်း၊ မိတ်သဟာယဖွဲ့ခြင်းတွင် တစ်ဦးနှင့်တစ်ဦး ပွင့်လင်းစွာ ပြောဆိုနိုင်ကြခြင်း၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးမှုများကို သိရှိကြခြင်းနှင့် တာဝန်များကို မကြာခဏဆိုသလို အတူတကွ ထမ်းဆောင်ကြခြင်းတို့ကြောင့် ဖြစ်သည်။ ၎င်းတို့ကြားတွင် ကတောက်ကဆဖြစ်ခြင်းအချို့ ရှိနေသေးသော်လည်း ၎င်းတို့သည် ယေဘုယျအားဖြင့် တစ်ဦးနှင့်တစ်ဦး မိမိတို့၏ အမှားများကို ဝန်ခံနိုင်ကြပြီး မိမိတို့ လုပ်ဆောင်သမျှအပေါ် တစ်ဦးနှင့်တစ်ဦး တိုင်ပင်ဆွေးနွေးနိုင်ကြသည်။ ဤသည်မှာ မည်သည့် ဘာသာတရားမရှိသူမျှ ၎င်းတို့၏ သွေးသားတော်စပ်သူများနှင့်ပင်လျှင် မရရှိနိုင်သော အရာတစ်ခု ဖြစ်လေသည်” ဟု ပြောဆိုကြသည်။ သို့တိုင် အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုသောသူက “မည်သည့်မိသားစုတွင်များ ရန်မဖြစ်ဘဲ ရှိသနည်း။ ယောက်မတွေဆိုသည်ကို ထားဘိဦး၊ မွေးချင်း ညီအစ်မအရင်းအချာများပင် ရန်ဖြစ်ကြသည် မဟုတ်လော။ ယခု ၎င်းတို့ သင့်မြတ်နေပုံမှာ အခြားသူများကို ပြသရန် ဟန်ဆောင်ခြင်းမျှသာ ဖြစ်သည်။ ၎င်းတို့၏ ယောက္ခထီး သေဆုံးသွားသည်နှင့် ၎င်းတို့ အမွေလုကြမည် မဟုတ်ဟူသည်ကို ကျွန်ုပ် အလျှင်းမယုံကြည်ပါ။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ ဆန္ဒတစ်ခု၊ ဝိညာဉ်ရေးရာ နှစ်သိမ့်မှုတစ်မျိုးမျှသာ မဟုတ်လော။ ထိုအရာကြောင့် ၎င်းတို့သည် ဤမျှလောက်များသော စည်းစိမ်ဥစ္စာကို အမှန်တကယ် စွန့်လွှတ်နိုင်မည်လော။ လုံးဝ မဖြစ်နိုင်ပေ” ဟု ပြောဆိုသည်။ ဤစကားများထဲတွင် အဖြစ်မှန်များနှင့် ကိုက်ညီသော ပြောဆိုချက်တစ်ကြောင်းမျှ ရှိသလော။ လူတို့၏ ကောင်းကျိုးချမ်းသာအတွက် ဆန္ဒပြုခြင်း၊ ကောင်းချီးပေးခြင်း တစ်ခုခု ရှိသလော။ (မရှိပါ။) အခြားသူများ မိမိတို့ကဲ့သို့ပင် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားနေရသည်ကို မြင်တွေ့ပြီးနောက် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အမှန်တကယ် ကောင်းမွန်သည်ဟူသော ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်ကို ဖော်ပြသည့်အရာ တစ်ခုခု ရှိပါသလော။ (မရှိပါ။) အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုသောသူတို့၏ အမြင်၌ ညီအစ်ကိုမောင်နှမများကြားတွင် ဖြစ်ပေါ်သော ဤပုဂ္ဂိုလ်ရေးဆိုင်ရာ ပြောင်းလဲမှုများအားလုံးသည် လိမ်လည်လှည့်ဖြားခြင်းသာ ဖြစ်သည်၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှ ရရှိသော သမ္မာတရားကို ရရှိခြင်းနှင့် စိတ်သဘောထားများ ပြောင်းလဲခြင်းတို့အားလုံးသည် အတုအယောင်များသာ ဖြစ်သည်၊ ဘုရားသခင်သည် လူတို့ကို သန့်စင်ပေးနိုင်သည်၊ ဘုရားသခင်သည် လူတို့ကို ပြောင်းလဲပေးနိုင်သည်ဟု ၎င်းတို့ မယုံကြည်ကြပေ။ ၎င်းတို့၏ စကားများမှနေ၍ လူတို့အပေါ် ၎င်းတို့၏ မဆင်မခြင် ဝေဖန်ခြင်း၊ မုန်းတီးခြင်းနှင့် ကျိန်ဆဲခြင်းတို့ကို မြင်တွေ့နိုင်ရုံသာမက လူတို့အပေါ် ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်တို့ဖြင့် ရရှိခဲ့သော အကျိုးသက်ရောက်မှုအား ၎င်းတို့၏ မယုံကြည်ခြင်းနှင့် ငြင်းပယ်ခြင်းကိုလည်း မြင်တွေ့နိုင်သည်။ ထိုယောက်မများသည် ကောင်းမွန်သော ဆက်ဆံရေးရှိကြပြီး ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းကြောင့် အတူရှိသည့်အခါ အချင်းချင်း သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းကို ပြသကြသည်။ အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုခြင်းကို နှစ်သက်သော ဤလူသည် သူ၏စိတ်နှလုံးထဲ၌ မသက်မသာဖြစ်ပြီး မကျေမနပ်ဖြစ်ကာ ထိုညီအစ်မများအကြား ရန်တိုက်ပေးရန် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို ကြိုးစားသည်၊ ထိုယောက်မများ တွေ့ဆုံသည့်အခါ ရန်ဖြစ်ပြီး တိုက်ခိုက်ကြအောင် လုပ်နိုင်ပါက သူသည် ပျော်ရွှင်သွားသည်။ ဤသည်မှာ မည်သို့သော အမူအရာမျိုးနည်း။ ဤသည်မှာ မည်သို့သော စိတ်နေသဘောထားမျိုးနည်း။ သူ၏ စိတ်နေသဘောထားမှ အကဲဖြတ်လျှင် ဤသည်မှာ အနည်းငယ် စိတ်ဖောက်ပြန်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သူ၏ အမူအရာအားဖြင့်ဆိုလျှင် ယင်းမှာ ရုပ်ဆိုးအကျည်းတန်သော အမူအရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သို့တိုင် ဤလူစားမျိုးသည် အသင်းတော်အသက်တာ၌ ပါဝင်နေဆဲဖြစ်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်သောသူတို့တွင်လည်း ဤကဲ့သို့သောလူများ မရှားပါးပေ။ ဤလူတို့ကို “အဆိပ်အတောက်ရှိသောလျှာ” ရှိသည်ဟု အများအားဖြင့် ရည်ညွှန်းကြသည်။ အမှန်တကယ်တွင် ၎င်းတို့၏ လျှာသည် အဆိပ်အတောက်ရှိရုံသာမက ၎င်းတို့၏ အတွင်းစိတ်ကမ္ဘာသည် မယုံနိုင်လောက်အောင် မှောင်မိုက်ပြီး အဆိပ်အတောက်ပြင်းလှသည်။ ညီအစ်ကိုမောင်နှမများ မည်မျှပင် ကောင်းမွန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မျှဝေကြပါစေ ၎င်းတို့၏ အမြင်၌ ဤအရာများအားလုံးသည် လူမှဖန်တီးထားခြင်းဖြစ်ပြီး စိတ်ကူးယဉ်ထားခြင်းသာဖြစ်ကာ ၎င်းတို့နှင့်ပတ်သက်၍ ထူးခြားသောအရာ တစ်ခုမျှမရှိပေ။ ဘုရားသခင်သည် မည်သူ့အပေါ်၌မဆို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို ပြုလုပ်ပြီး သိသာထင်ရှားသော အကျိုးကျေးဇူးများကို ဖြစ်ပေါ်စေကာ ထိုသူတို့သည် မတ်တပ်ရပ်ပြီး မိမိတို့၏ အတွေ့အကြုံကို မျှဝေကာ ဘုရားသခင်ကို သက်သေခံနိုင်သည့်တိုင် ဤလူစားမျိုးသည် စိတ်နှလုံးထဲ၌ ယင်းကို မထီမဲ့မြင်ပြုပြီး “ထိုအရာက မည်သည့်အရာများ ထူးကဲနေပါသနည်း။ တရားဒေသနာများစွာကို ကြားနာပြီးနောက် မည်သူမဆို နားလည်မှု အနည်းငယ်တော့ ရှိမည် မဟုတ်လော။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတစ်ပုဒ် ရေးလိုက်ရုံမျှဖြင့် မိမိကိုယ်ကို အောင်နိုင်သူဟု သတ်မှတ်ကာ ကျေနပ်နေကြသလော။ အနာဂတ်တွင် အမှုအရာများ မှားယွင်းလာသည့်အခါ သင်သည် ဘုရားကို စောဒကတက်ဦးမည်လော ဆိုသည်ကို ကျွန်ုပ် မြင်လိုလှသည်။ ဘုရားက သင်၏ သားသမီးကို ယူသွားခဲ့လျှင် သင် ငိုကြွေးမည်လော၊ ထိုအခါတွင် ဘုရားသခင်ကို ဆက်၍ ယုံကြည်နိုင်ဦးမည်လော ဆိုသည်ကို ကျွန်ုပ် မြင်လိုလှသည်” ဟု စဉ်းစားကြသည်။ သင်တို့၏ အထင်၌ ၎င်းတို့၏ စိတ်နှလုံးထဲတွင် မည်သည့်အရာများ ပြည့်နှက်နေသနည်း။ ယင်းမှာ လောကကြီးတစ်ခုလုံး ရှုပ်ထွေးပရမ်းပတာ ဖြစ်သွားရန် တောင့်တခြင်း၊ လူတို့ မှန်သောလမ်းခရီးကို လျှောက်လှမ်းမည်ကို ကြောက်ရွံ့ခြင်း မဟုတ်လော။ အတိုချုပ်အားဖြင့် မည်သူ့မိသားစု၌မဆို မည်သည့်အရာ ဖြစ်ပျက်ပါစေ ၎င်းတို့သည် ယင်းအပေါ် မှတ်ချက်အချို့ ပေးရမည်ဖြစ်သော်လည်း ၎င်းတို့ မည်သို့ပင် ပြောဆိုပါစေ ဤလူတို့အားလုံး၌ လက္ခဏာတစ်ခုရှိသည်၊ ယင်းမှာ မည်သူမျှ ကောင်းစားသည်ကို မလိုလားခြင်း ဖြစ်သည်၊ ၎င်းတို့သည် လူတိုင်းကို လုံးဝ အသုံးမကျသကဲ့သို့ ပြောဆိုကြသည်၊ အခြားသူများကို အမှိုက်သရိုက်ကဲ့သို့ ပြောဆိုခြင်းက ၎င်းတို့ကို ပျော်ရွှင်စေပြီး ၎င်းတို့သည် အခြားသူများ၏ ကံဆိုးမိုးမှောင်ကျခြင်း၌ အစဉ်အမြဲ ပျော်မွေ့ကြသည်။ တစ်စုံတစ်ဦးသည် ချမ်းသာသော မိသားစုတစ်ခု ရှိပါက ၎င်းတို့သည် မနာလိုဖြစ်ကြသည်၊ ဒေါသထွက်ကြသည်၊ မုန်းတီးကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲ၌ အစဉ်မပြတ် စောဒကတက်ကြကာ ဘုရားသခင်သည် ထိုလူ၏ ဥစ္စာဓနနှင့် သူခံစားရသော ကျေးဇူးတော်ကို ချွတ်ယူပြီး မိမိတို့အား ပေးသနားပါရန် ဆန္ဒရှိကြသည်။ ဤလူပုဂ္ဂိုလ်များ လူတို့၏ ကွယ်ရာတွင် ပြောဆိုသော စောဒကတက်သည့်စကားများကို နားထောင်၍ပင် မရနိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူများနှင့် မည်ကဲ့သို့ တူမည်နည်း။ ဤလူစားမျိုးသည် မိမိတို့ကိုယ်ကို ဟန်ဆောင်ရာ၌လည်း ကျွမ်းကျင်ကြသည်မှာ ပြောစရာမလိုပေ။ ၎င်းတို့၏ စိတ်နှလုံးများသည် မည်မျှပင် မလိုမုန်းထားစိတ်ရှိသည် သို့မဟုတ် မှောင်မိုက်သည်ဖြစ်စေ စုဝေးပွဲများအတွင်း ညီအစ်ကိုမောင်နှမများ၏ ရှေ့မှောက်၌ ၎င်းတို့သည်လည်း မိမိတို့၏ နားလည်မှုနှင့် ထိုးထွင်းသိမြင်မှုများကို မိတ်သဟာယဖွဲ့ကြမည်ဖြစ်ပြီး မိမိတို့ကိုယ်ကို ဟန်ဆောင်ရန်၊ မိမိတို့အတွက် “ထွန်းလင်းတောက်ပသော” ပုံရိပ်ကောင်းတစ်ခုကို ဖန်တီးရန် ကြီးကျယ်သော အယူဝါဒများကို ကရားရေလွှတ် ပြောကြလိမ့်မည်။ သို့သော် ကွယ်ရာတွင်မူ ၎င်းတို့သည် လူကဲ့သို့ မပြောဆိုကြ၊ မပြုမူကြပေ။ လူအများစုသည် ဤလူပုဂ္ဂိုလ်များနှင့် အပြန်အလှန် ဆက်ဆံဖူးခြင်းမရှိပါက ၎င်းတို့၏ စစ်မှန်သော သရုပ်သကန်များ သို့မဟုတ် ၎င်းတို့၏ စိတ်နှလုံးနက်ရှိုင်းရာ၌ ရှိသောအရာကို မသိရှိပါက စုဝေးပွဲများအတွင်း ၎င်းတို့ မှန်ကန်စွာ ပြောဆိုသည်ကို ကြားရုံမျှဖြင့် ၎င်းတို့၏ လူ့သဘာဝသည် မည်မျှ ယုတ်မာသည် သို့မဟုတ် ရက်စက်ကြမ်းကြုတ်သည်ကို သတိပြုမိကြမည်မဟုတ်သကဲ့သို့ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်သည် မည်မျှ နိမ့်ကျသည်ကိုလည်း သတိပြုမိကြမည်မဟုတ်ဘဲ ၎င်းတို့ကို ကောင်းသည်ဟုပင် ထင်မှတ်ကြလိမ့်မည်။ ၎င်းတို့နှင့် အချိန်ပို၍ကြာကြာ နေထိုင်ပြီး ကွယ်ရာရှိ အသက်တာ၌ ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများကို နားလည်လာပြီးမှသာလျှင် လူတို့သည် ၎င်းတို့အပေါ် တဖြည်းဖြည်း ပိုင်းခြားသိမြင်လာကြပြီး စက်ဆုပ်ရွံရှာမှုကို ခံစားလာကြသည်။ သို့ဖြစ်၍ တစ်စုံတစ်ဦးကို ပိုင်းခြားသိမြင်ခြင်းသည် ၎င်းတို့ စုဝေးပွဲများအတွင်း ပြောဆိုသော နှစ်သက်ဖွယ်စကားများအပေါ်၌သာ အခြေမခံသင့်ပေ၊ ၎င်းတို့၏ အနှစ်သာရနှင့် စရိုက်မှန်ကို ထွင်းဖောက်မြင်နိုင်ရန် ကွယ်ရာရှိ အသက်တာ၌ ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် စကားများကိုလည်း စောင့်ကြည့်လေ့လာရမည်။

လူကဲ့သို့ မပြောဆိုခြင်းအပြင် အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုခြင်းကို နှစ်သက်သော လူစားမျိုးတွင် နောက်ထပ် လက္ခဏာတစ်ခု ရှိသည်။ ၎င်းတို့သည် လူတိုင်းနှင့် အရာရာတိုင်းအပေါ် မှတ်ချက်ပေးလိုကြသည်၊ ၎င်းတို့ မရင်းနှီးသော သို့မဟုတ် တစ်ခါမျှ အပြန်အလှန် ဆက်ဆံဖူးခြင်းမရှိသောသူတို့ကိုပင် မှတ်ချက် ပေးလိုကြပြီး အခြားလူများ၏ ဘဝထဲရှိ အသေးငယ်ဆုံးသော ကိစ္စရပ်များကိုပင် ချမ်းသာမပေးကြပေ။ ၎င်းတို့၏ မှတ်ချက်ပေးခြင်း၏ ရလဒ်မှာ မည်မျှပင် အပြုသဘောဆောင်သော အရာတစ်ခုဖြစ်ပါစေ ၎င်းတို့၏ ပြောဆိုသောစကားအားဖြင့် အပျက်သဘောဆောင်သော အရာများအဖြစ်သို့ လိုရာဆွဲပြောခြင်းခံရသည်၊ မည်မျှပင် သင့်လျော်သော အရာတစ်ခုဖြစ်ပါစေ ၎င်းတို့၏ ယုတ်မာသောနှုတ်မှ ထွက်လာသည့်အခါ အပျက်သဘောဆောင်သော အရာတစ်ခုအဖြစ်သို့ ပုံပျက်သွားသည်။ ဤသည်က ၎င်းတို့ကို ပျော်ရွှင်စေပြီး ကောင်းစွာ စားဝင်အိပ်ပျော်စေသည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ မည်သို့သော သတ္တဝါမျိုးနည်း။ ဥပမာအားဖြင့် အချို့ညီအစ်ကိုမောင်နှမများသည် ယခုနှစ်တွင် ဝင်ငွေကောင်းခဲ့ပြီး ငွေရေးကြေးရေး ပိုမိုကောင်းမွန်လာကာ ဆယ်ဖို့တစ်ဖို့ထက် ကျော်လွန်၍ အနည်းငယ်ပို၍ ပူဇော်ဆက်ကပ်ကြလျှင် ၎င်းတို့သည် မနာလိုဖြစ်လာပြီး “ယခုနှစ်တွင် သင်တို့သည် အဘယ်ကြောင့် ဤမျှလောက်များစွာ ပူဇော်ဆက်ကပ်ကြသနည်း။ လူတစ်ဦးတစ်ယောက်သည် ကောင်းမြတ်သည် သို့မဟုတ် ဆိုးယုတ်သည်ကို ဘုရား ဆုံးဖြတ်တော်မူခြင်းမှာ သင် မည်မျှ ပူဇော်ဆက်ကပ်သည်ဟူသည့်အပေါ်၌ အခြေမခံပေ။ သင်၏ စိတ်အားထက်သန်မှုက အဘယ်အကျိုးရှိမည်နည်း။ ဘုရားအိမ်တော်သည် ငွေကြေး မလိုအပ်ပေ” ဟု ပြောဆိုကြသည်။ မနှစ်မြို့ဖွယ်သော စကားများသည် တစ်ဖန် ထွက်ပေါ်လာပြန်သည် မဟုတ်လော။ မည်သူမဆို သင့်လျော်သော အရာတစ်ခုခုကို လုပ်ဆောင်သည်ဖြစ်စေ၊ သမ္မာတရားနှင့် ကိုက်ညီသော အရာတစ်ခုခုကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို ကန့်ကွက်ဖွယ်အဖြစ် တွေ့ရှိကြပြီး စိတ်နှလုံးထဲ၌ အလွန်အမင်း အော်ဂလီဆန်ကြ၏။ ၎င်းတို့သည် သင့်ကို ချုပ်ကိုင်နိုင်ရန် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို ကြိုးစားကြသည်၊ သင့်ကို တိုက်ခိုက်ရန်၊ စွပ်စွဲရန်နှင့် ပြစ်တင်ရှုတ်ချရန် ဆင်ခြေများကို ရှာဖွေကြသည်၊ သင့်ကို အလဲထိုးပြီး သင့်ထံမှ အပြုသဘောဆောင်ခြင်းကို ဖယ်ရှားကာ သင့်ကို လုံးဝ ရှုပ်ထွေးသွားစေပြီး အမှားနှင့်အမှန်ကို မခွဲခြားနိုင်တော့သည်အထိ ပြုလုပ်ကြသည်။ ထို့နောက် ၎င်းတို့သည် အားရပါးရ ရယ်မောကြပြီး စိတ်ထဲ၌ သင့်ကို လှောင်ပြောင်ကာ မိမိတို့ကိုယ်ကို “သင်သည် ထိုမျှသာ ထိုက်တန်သည်၊ သို့တိုင်အောင် သင်သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အကြောင်း ပြောသေးသည်” ဟု ပြောဆိုကြသည်။ ဤသည်မှာ မိမိ၏ စရိုက်မှန်ကိုပြနေသော နတ်ဆိုးတစ်ကောင် မဟုတ်လော။ ဤသည်တို့မှာ စာတန်၏အစေခံတစ်ဦး၊ အန္တိခရစ်တစ်ဦး၏ စကားများ မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူစားမျိုးအကြောင်းကို ငါ ပြောလေလေ၊ ဒေါသထွက်လေလေ၊ ပို၍ ရွံရှာသည်ဟု ခံစားရလေဖြစ်သည်။ သင်တို့သည် ထိုသို့သော လူပုဂ္ဂိုလ်များကို ကြုံတွေ့ဖူးသလော။ ၎င်းတို့၏ အသွင်အပြင် သို့မဟုတ် မျက်နှာအသွင်အပြင် မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုတော့မည်ဆိုလျှင် ၎င်းတို့၏ အမူအရာများသည် ထူးဆန်းလာသည်။ နှုတ်ခမ်းများ ရှုံ့မဲ့သွားသည်၊ မျက်လုံးများ စွေစောင်းလာသည်၊ အခြားသူများကို တည့်တည့်မကြည့်တော့ပေ၊ အချို့လူများ၏ မျက်နှာအသွင်အပြင်များသည် နေရာမှပင် ရွေ့သွားပုံရသည်။ ဤသည်မှာ ၎င်းတို့သည် လူကဲ့သို့ မပြောဆိုတော့မည်ဖြစ်ကြောင်း သင့်ကို ပြောပြနေသည့် သင့်ထံသို့ ပေးပို့နေသော အချက်ပြမှုတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် သင် မည်သို့ပြုလုပ်မည်နည်း။ သင်သည် ဤအချက်ပြမှုကို လက်ခံမည်လော သို့မဟုတ် ပိတ်ဆို့လိုက်မည်လော။ (ပိတ်ဆို့လိုက်ပါမည်။) သင်သည် ခပ်ခွာခွာနေရမည်ဖြစ်ပြီး ၎င်းတို့အား “စကားမပြောနှင့်။ ကျွန်ုပ် နားမထောင်လို။ သင်သည် အတင်းအဖျင်း လွန်စွာပြောတတ်သည်။ လူပီသစွာ စကားမပြောတတ်လျှင် ကျွန်ုပ်နှင့် ဝေးဝေးတွင်နေပါ။ ကျွန်ုပ်သည် သင်၏ အနှောင့်အယှက်ကို မခံလို၊ ဤသို့သော မလျော်ကန်သည့် လူမှုဆက်ဆံရေးများတွင်လည်း မပါဝင်မပတ်သက်လိုပေ။ သင့်ကဲ့သို့သော သူကို ကျွန်ုပ် အရေးစိုက်မည် မဟုတ်” ဟု ပြောဆိုရမည်။ သင်တို့အထဲတွင် မည်သူတို့သည် အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုခြင်းကို နှစ်သက်သည်၊ မည်သူတို့သည် ထိုသို့သော အမူအရာမျိုး ပိုင်ဆိုင်သည်ကို စောင့်ကြည့်လေ့လာပြီး ထို့နောက် ၎င်းတို့ထံမှ လျင်မြန်စွာ ခပ်ခွာခွာနေကြလော့။ ဤလူပုဂ္ဂိုလ်များ၏ လူ့သဘာဝ၏ လက္ခဏာမှာ အဘယ်နည်း။ ယင်းမှာ အဆိပ်အတောက်ပြင်းစွာ ပြောဆိုခြင်း သို့မဟုတ် ပို၍ အရပ်သုံးစကားဖြင့်ဆိုသော် “အဆိပ်အတောက်ရှိသောလျှာ” ရှိခြင်း ဖြစ်သည်။ ၎င်းတို့၏ အဆိပ်အတောက်ပြင်းသော စကားများကို ဖော်ထုတ်ခြင်းအားဖြင့် ၎င်းတို့ ထုတ်လွှင့်သော အမျိုးမျိုးသော ပြောဆိုချက်များကို သင်တို့ မြင်တွေ့နိုင်သည်၊ ၎င်းတို့၏ ပြောဆိုချက်များမှတစ်ဆင့် ၎င်းတို့၏ အတွင်းစိတ်ကမ္ဘာကို သင်တို့ မြင်တွေ့နိုင်ပြီး ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရသည် အတိအကျ မည်သို့ဖြစ်သည်ကိုနှင့် ၎င်းတို့သည် ဆိုးယုတ်သောလူများ ဟုတ်မဟုတ်ကို ဆုံးဖြတ်နိုင်သည်။ အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုခြင်းကို နှစ်သက်သော ဤလူစားမျိုးသည် ၎င်းတို့ ထုတ်လွှင့်သော အမျိုးမျိုးသော အချက်ပြမှုများနှင့် ပြောဆိုချက်များမှတစ်ဆင့် အခြားသူများအား ၎င်းတို့ကို ဆိုးယုတ်သောလူများအဖြစ် ရှင်းလင်းစွာ သတ်မှတ်စေသည်။ ဤလူစားမျိုးသည် ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းအတွက် စံနှုန်းနှင့် အပြည့်အဝ ကိုက်ညီသည်၊ ၎င်းတို့အပေါ် သနားကရုဏာ မထားနိုင်ပေ။ ၎င်းတို့ကို ရှင်းလင်းပစ်ရမည်ဖြစ်ပြီး အသင်းတော်အတွင်း၌ အနှောင့်အယှက်များ ဖြစ်စေရန် ခွင့်မပြုသင့်ပေ။

ငါတို့သည် အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုခြင်းကို နှစ်သက်သော လူစားမျိုးတို့၏ လက္ခဏာများအပေါ် ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်၊ ထို့အပြင် ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်မှု အခြေအနေနှင့် ၎င်းတို့၏ လူ့သဘာဝဆိုင်ရာ ဖော်ပြချက်များအရ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် သမ္မာတရားကို မချစ်မြတ်နိုးသော လူစားမျိုးဖြစ်ကြောင်း ထင်ရှားနေသင့်သည်။ ၎င်းတို့၏ လူ့သဘာဝသည် အကျိုးအကြောင်း မသိသည့်အခြေအနေအထိ ညံ့ဖျင်းပြီး အခြေခံအကျဆုံးသော လူ့ကိုယ်ကျင့်တရားများပင် ကင်းမဲ့သည်၊ ၎င်းတို့၏ ထူးခြားသော ကိစ္စရပ်တွင် ၎င်းတို့၏ ညံ့ဖျင်းသော လူ့သဘာဝ၏ လက္ခဏာမှာ ၎င်းတို့သည် အထူးသဖြင့် အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုခြင်းကို နှစ်သက်ခြင်းသာ ဖြစ်သည်။ ၎င်းတို့ ပြောဆိုသော စကားများမှတစ်ဆင့် လူတစ်ဦးသည် ၎င်းတို့၏ လူ့သဘာဝ၏ လက္ခဏာနှင့် ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရကို စောင့်ကြည့်လေ့လာနိုင်သည်၊ ဤလူစားမျိုးသည် ညံ့ဖျင်းသော လူ့သဘာဝရှိသည့် လူပုဂ္ဂိုလ်များဖြစ်သည်မှာ ရှင်းလင်းသည်။ ၎င်းတို့၏ လူ့သဘာဝသည် မည်သည့်အတိုင်းအတာအထိ ညံ့ဖျင်းသနည်း။ ယင်းမှာ ဆိုးယုတ်သည့် အတိုင်းအတာအထိ ညံ့ဖျင်းသည်၊ သို့ဖြစ်၍ ၎င်းတို့ကို ဆိုးယုတ်သောလူများ အမျိုးအစားထဲသို့ ထည့်သွင်းသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ ပုံမှန်အားဖြင့် ပြောဆိုသော စကားများသည် ရံဖန်ရံခါ မြည်တမ်းခြင်း၊ မနာလိုမှုအနည်းငယ်ကို ဖော်ပြခြင်း သို့မဟုတ် ရံဖန်ရံခါ လူ့အားနည်းချက်အနည်းငယ်ကို ပြသခြင်းတို့ မဟုတ်ဘဲ၊ ၎င်းတို့၏ သရုပ်သကန်များသည် သာမန်ဖြစ်သော၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ သရုပ်သကန်များ မဟုတ်ဘဲ ၎င်းတို့ကို ဆိုးယုတ်သော လူများအဖြစ် အမျိုးအစားခွဲခြားနိုင်ကြောင်း သက်သေပြရန် လုံလောက်သော သရုပ်သကန်များ ဖြစ်သည်။ ဤသည်မှာ ပထမဆုံးသော လူစားမျိုးဖြစ်သည့် အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုခြင်းကို နှစ်သက်သောသူတို့ ဖြစ်သည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။