ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၆) အခန်း နှစ်

၂။ ဘုရားသခင်၏ လူများ

သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူများ၏ သရုပ်သကန်များအကြောင်း မိတ်သဟာယဖွဲ့ပြီးနောက် အခြားလူအမျိုးအစားတစ်မျိုး၏ သရုပ်သကန်များအကြောင်းကို ပြောကြစို့။ လူအမျိုးမျိုး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် ဘုရားသခင်၏ အမျိုးမျိုးသော ဖော်ထုတ်မှုများနှင့် တရားစီရင်မှုများကို ကြားပြီးနောက် ဤပုဂ္ဂိုလ်တစ်ဦးချင်းစီသည် နှိုင်းယှဉ်ကြည့်လျှင် မိမိတို့၏ ကိုယ်ပိုင်အတိတ်မှ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထုတ်ဖော်မှုများနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ စိုးမိုးမှုအောက်တွင် ဖြစ်ပေါ်လာသည့် ဘုရားသခင်နှင့် သမ္မာတရားအပေါ်ထားသော သဘောထားအမျိုးမျိုးကို ပို၍ စဉ်းစားကြသည်။ ၎င်းတို့သည် မိမိတို့၏ အမျိုးမျိုးသော သရုပ်သကန်များကို ဆင်ခြင်သုံးသပ်ပြီး သိရှိလာကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ချိန်ဆကြသည်၊ မိမိတို့၏ တာဝန်အပေါ်ထားသော သဘောထားကို ဆန်းစစ်ကြပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင်လည်းကောင်း၊ ဘုရားသခင် စီစဉ်ဖွဲ့စည်းထားသော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအလယ်တွင်လည်းကောင်း ၎င်းတို့ ထုတ်ဖော်ပြသည့် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးမှုများကို ဆန်းစစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်မှု၊ ဖော်ထုတ်မှုနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို လက်ခံရန် ကြိုးစားရင်း အသေးစိတ်အချက် တစ်ခုချင်းစီတိုင်းမှ မိမိတို့ကိုယ်ကို ဆန်းစစ်ပြီး သိရှိကြသည်။ ဤပုဂ္ဂိုလ်တစ်ဦးချင်းစီသည် အလုပ်လုပ်ပေးသူများထက် မည်သည့်နည်းလမ်းများဖြင့် ပိုကောင်းသနည်း။ ၎င်းတို့သည် သမ္မာတရားကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်းကောင်း၊ ဘုရားသခင် ဖော်ထုတ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတိုင်းကိုလည်းကောင်း တက်ကြွစွာ၊ အပြုသဘောဆောင်စွာဖြင့် လက်ခံနိုင်သည်။ တစ်ခါတစ်ရံ ၎င်းတို့သည် အပျက်သဘောဆောင်ခြင်း၊ ရှောင်ရှားခြင်း သို့မဟုတ် လက်လျှော့ရန် စဉ်းစားခြင်းပင် ရှိနိုင်သော်လည်း မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် သမ္မာတရားကို မိမိတို့ကိုယ်တိုင် လက်ခံလာစေရန် လှုံ့ဆော်မှုတစ်ခုကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ ဤလှုံ့ဆော်မှုသည် အဘယ်အရာဖြစ်သနည်း။ ယင်းမှာ “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့ကို ပြောင်းလဲစေနိုင်သည်။ လူတစ်ဦးသည် သမ္မာတရားကို လက်ခံသရွေ့ ဤပြဿနာများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအားလုံးကို ဖြေရှင်းနိုင်ပြီး ထိုအခါ ထိုသူသည် ကယ်တင်ခြင်းခံရနိုင်သည်။ ငါသည် ကယ်တင်ခြင်းခံရလိုပါက ဘုရားသခင်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး သမ္မာတရားကို လက်ခံရမည်” ဟူ၍ ဖြစ်သည်။ ဥပမာအားဖြင့် ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းနှင့်ပတ်သက်သည့် သမ္မာတရားကို ကြားသည့်အခါ အချို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်လာကြပြီး ၎င်းတို့ ပြုလုပ်သည့် လှည့်ဖြားခြင်းနှင့် ကောက်ကျစ်ခြင်းအပြင် ၎င်းတို့၏ မသိမသာ ဒုက္ခပေးပြီး ကောက်ကျစ်ဆိုးယုတ်သော အသွင်အပြင်များကို ပို၍ ရှင်းလင်းစွာ မြင်တွေ့လာကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် သို့မဟုတ် စိတ်အာရုံတွင် ကျန်ရှိနေသေးသော မိမိတို့၏ အတိတ်မှ လိမ်လည်မှုများနှင့် လှည့်ဖြားသည့်နည်းလမ်းများကို ပြန်လည်အမှတ်ရကြသည်၊ ယင်းတို့သည် ရုပ်ရှင်ထဲမှ ဇာတ်ဝင်ခန်းများကဲ့သို့ ၎င်းတို့၏ စိတ်ထဲတွင် အထပ်ထပ်အခါခါ ပြန်လည်မြင်ယောင်လာပြီး ၎င်းတို့ကို ပို၍ ရှက်ရွံ့ကာ နာကျင်ပြီး ဝမ်းနည်းလာစေသည်။ အဆက်မပြတ် မိမိကိုယ်ကို ဆန်းစစ်ခြင်းနှင့် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းတို့ ပြုလုပ်ပြီးနောက် ၎င်းတို့သည် ရာဇဝတ်သားများကဲ့သို့ ခံစားကြရပြီး ချက်ချင်းပင် လုံးဝ အားအင်ကုန်ခမ်းကာ မတ်တပ်မရပ်နိုင်တော့ပေ။ ၎င်းတို့သည် မိမိတို့မှာ လူကောင်းများမဟုတ်ဘဲ ဆိုးယုတ်သောသူများဖြစ်သည်ဟု ခံစားကြရပြီး ၎င်းတို့သည် ကံကောင်းထောက်မ၍ ဘုရားသခင်ကို တိုက်ရိုက် အတိုက်အခံမလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းမှာ အမှန်ပင် သီသီလေး လွတ်မြောက်ခြင်း ဖြစ်ကြောင်း တွေးထင်ကြသည်။ ထို့နောက် ၎င်းတို့သည် လူတစ်ဦးအနေဖြင့် ဤကဲ့သို့ ရှုံးနိမ့်ရန် မလိုလားဘဲ နိုးကြားလာကြပြီး “ငါသည် အသစ်တစ်ဖန် ပြန်လည်စတင်ရမည်ဖြစ်ပြီး ရိုးသားသောလူတစ်ဦး ဖြစ်ရမည်၊ သို့မဟုတ်လျှင် ငါသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မခံရနိုင်ပေ။ ကယ်တင်ခြင်းခံရရန် ငါသည် ရိုးသားသောလူတစ်ဦး ဖြစ်ရမည်။ ငါသည် ယခု လုံးဝ လက်မလျှော့နိုင်ပေ” ဟု သန္နိဋ္ဌာန်ချကြသည်။ ဤလူများသည် သမ္မာတရားကို အစောပိုင်းတွင် လက်ခံသည်ဖြစ်စေ၊ နောက်ပိုင်းတွင် လက်ခံသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ နားလည်သဘောပေါက်မှုသည် နက်ရှိုင်းသည်ဖြစ်စေ၊ အပေါ်ယံဆန်သည်ဖြစ်စေ မည်သို့ပင်ဖြစ်စေကာမူ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားသည် အလွန်အမင်း မနှစ်မြို့ခြင်း သို့မဟုတ် အတိုက်အခံလုပ်ခြင်း ဖြစ်ဖို့ဝေးစွ၊ မထီမဲ့မြင်ပြုခြင်းမဟုတ်ချေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တက်ကြွစွာ အသိအမှတ်ပြုပြီး လက်ခံကြကာ ထို့နောက် ယင်းတို့ကို လက်တွေ့လုပ်ဆောင်ရန် အစဉ်အသင့်ရှိနေကြသည်။ ၎င်းတို့ ပြုမူဆောင်ရွက်သည့်အခါ သို့မဟုတ် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် စည်းမျဉ်းများကို ရှာဖွေရန် အစွမ်းကုန်ကြိုးစားပြီး ထို့နောက် ဤစည်းမျဉ်းများအတိုင်း သတိရှိစွာ ပြုမူဆောင်ရွက်ကြသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် သတ်သတ်မှတ်မှတ်ဖြစ်သော စည်းမျဉ်းများကို မရှာဖွေနိုင်လျှင် သို့မဟုတ် ဦးတည်ရာကို နားမလည်နိုင်လျှင်ပင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ၊ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီစွာ ထမ်းဆောင်ရန် ဖြစ်သည်။ ဤလူများ၏ လူ့သဘာဝနှင့် အလုပ်လုပ်ပေးသူများ၏ လူ့သဘာဝတို့သည် အများအားဖြင့် တူညီကြသည်၊ မြင့်ခြင်းနှင့် နိမ့်ခြင်း သို့မဟုတ် မြင့်မြတ်ခြင်းနှင့် ယုတ်ညံ့ခြင်းဟူ၍ ခြားနားချက်မရှိပေ။ ဤလူအမျိုးအစားထဲမှ များစွာသောသူတို့သည် မိမိတို့ကိုယ်ကို “လူ့သဘာဝကောင်းရှိခြင်း၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း၊ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် စွန့်လွှတ်နိုင်စွမ်းရှိခြင်း၊ မိမိ၏ တာဝန်ကို ထမ်းဆောင်ရန် အဖိုးအခပေးလိုစိတ်နှင့် ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံနိုင်ခြင်း” အဖြစ် ရှုမြင်ကြသည်မှာ ပြောစရာမလိုပေ။ သို့သော် ဤလူများနှင့် အလုပ်လုပ်ပေးသူများအကြား ခြားနားချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် လူတို့ကို ဖော်ထုတ်ခြင်းဆိုင်ရာ နှုတ်ကပတ်တော်များကို ကြားပြီးနောက် ၎င်းတို့၏ သဘောထားသည် လျစ်လျူရှုခြင်းမဟုတ်၊ ရှောင်တိမ်းခြင်းမဟုတ်ဘဲ တက်ကြွစွာနှင့် စိတ်ရင်းမှန်ဖြင့် လက်ခံခြင်း ဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို ကြားပြီးနောက် ၎င်းတို့သည် စိတ်ဆင်းရဲပြီး စိတ်မချမ်းမသာဖြစ်လျှင်ပင်၊ မိမိတို့၏ ထုတ်ဖော်ခံရသော ဖောက်ပြန်ပျက်စီးမှုအပေါ် ဒေါသထွက်ခြင်းကို ဖော်ပြလျှင်ပင် နောက်ဆုံးတွင် ၎င်းတို့သည် ယင်းတို့ကို မှန်ကန်စွာ ရင်ဆိုင်နိုင်ကြသေးသည်၊ တက်ကြွစွာ လက်ခံကြပြီး လက်ဦးမှုဖြင့် လက်တွေ့လုပ်ဆောင်ကာ ဝင်ရောက်ကြသည်။ ဤသည်မှာလည်း လူအမျိုးအစားတစ်မျိုး မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူများသည် အတိုင်းအတာတစ်ခုအထိ ကိုယ်စားပြုခြင်း မရှိကြသလော။ (ဟုတ်ပါသည်။) ဤလူများ များစွာ ရှိသလော။ (မများပါ။) ယခုအခါ များစွာမရှိသော်လည်း ၎င်းတို့၏ အရေအတွက် တိုးပွားလာမည်ဟု မျှော်လင့်ချက်ရှိသည်။ သို့ဆိုလျှင် ဤလူများကို မည်သည့်အမျိုးအစားထဲသို့ ခွဲခြားထည့်သွင်းသင့်သနည်း။ ဤတိကျသော သရုပ်သကန်များသည် ဤလူများက သမ္မာတရားကို ချစ်မြတ်နိုးပြီး သမ္မာတရားကို လက်ခံနိုင်ကြောင်း ညွှန်ပြနိုင်သလော။ (ညွှန်ပြနိုင်ပါသည်။) ၎င်းတို့ ညွှန်ပြနိုင်သည်။ သဘောပေါက်နားလည်နိုင်စွမ်း ညံ့ဖျင်းသော အချို့လူများသည် သမ္မာတရားကို ပို၍ နှေးကွေးစွာ လက်ခံကြသော်လည်း ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ၎င်းတို့သည် သမ္မာတရားကို လက်ခံကြပြီး ယင်းထဲသို့ တက်ကြွစွာ ဝင်ရောက်လိုသော စိတ်သဘောထားရှိကြသည်။ တစ်စုံတစ်ဦးက အလင်းသစ် သို့မဟုတ် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသော လက်တွေ့လုပ်ဆောင်ခြင်းအတွက် လမ်းခရီးများကို မိတ်သဟာယဖွဲ့သည့်အခါတိုင်း ၎င်းတို့၏ မျက်လုံးများသည် အရောင်တောက်လာသည်၊ ၎င်းတို့၏ စိတ်နှလုံးများသည် ရှင်းလင်းလာပြီး “နောက်ဆုံးတွင်မူ တစ်စုံတစ်ယောက်က ဤအလင်းကို မိတ်သဟာယဖွဲ့ခဲ့ပြီ။ ဤသည်မှာ ငါလိုအပ်သောအရာ ဖြစ်သည်” ဟု တွေးလျက် ဝမ်းမြောက်ကြသည်။ ၎င်းတို့သည် မိမိတို့ လိုအပ်နေသောအရာကို အစဉ်သဖြင့် နားလည်နိုင်ကြသည်၊ ၎င်းတို့ အရေးတကြီး လိုအပ်ပြီး ကင်းမဲ့နေသော အလင်းနှင့် ဉာဏ်အလင်းရခြင်းကို ရရှိနိုင်ကြပြီး ၎င်းတို့၏ ညီအစ်ကိုမောင်နှမများ မိတ်သဟာယဖွဲ့သော စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုမှ ၎င်းတို့ လိုအပ်သော သမ္မာတရား စည်းမျဉ်းများကို ရှာဖွေနိုင်ကြသည်။ ဤတိကျသော သရုပ်သကန်များကို အခြေခံ၍ ၎င်းတို့၏ စိတ်နှလုံးများသည် သမ္မာတရားကို မတောင့်တကြသလော။ (တောင့်တကြပါသည်။) ဤလူများသည် သမ္မာတရားကို ချစ်မြတ်နိုးသည်ဟု ငါတို့ ပြောဆိုပါက ဤပြောဆိုချက်သည် အလွန် ဓမ္မဓိဋ္ဌာန်ကျခြင်း သို့မဟုတ် တိကျမှန်ကန်ခြင်း မရှိပေ။ သို့သော် ၎င်းတို့၏ တိကျသော သရုပ်သကန်များကို အခြေခံ၍ ဤလူများသည် သမ္မာတရားကို တောင့်တကြသည်။ ဤတောင့်တခြင်းသည် အဘယ်မှ လာသနည်း။ ယင်းမှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် ၎င်းတို့၏ မျှော်လင့်ချက်မှလည်းကောင်း၊ ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် ကြုံတွေ့ရသော အမျိုးမျိုးသော ပြဿနာများနှင့် အခက်အခဲများကို ဖြေရှင်းရန် ၎င်းတို့၏ မျှော်လင့်ချက်မှလည်းကောင်း၊ သမ္မာတရား၌ တိုးတက်မှုရရှိရန်၊ ပို၍ နှိုက်နှိုက်ချွတ်ချွတ် လေ့လာရန် ၎င်းတို့၏ မျှော်လင့်ချက်မှလည်းကောင်း၊ ထို့အပြင် စည်းမျဉ်းများဖြင့် အမှန်တကယ် ပြုမူနိုင်ရန်၊ လမ်းကြောင်းတစ်ခုဖြင့် လက်တွေ့လုပ်ဆောင်နိုင်ရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်မှုများမှ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အနှစ်သာရမှာ အဘယ်အရာဖြစ်သည်ကို၊ ယင်းတို့ကို မည်သို့ဖြေရှင်းပြီး ဖယ်ရှားရမည်ကို ပို၍ တိကျစွာ အသိအမှတ်ပြုနိုင်ရန် ၎င်းတို့၏ မျှော်လင့်ချက်မှလည်းကောင်း လာခြင်း ဖြစ်သည်။ ဤလူများသည် ရာထူးအဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း၊ မိမိတို့၏ ကိုယ်ပိုင်နည်းလမ်းကို ခေါင်းမာစွာ တစိုက်မတ်မတ် လုပ်ဆောင်ခြင်း၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်း၊ မာနထောင်လွှားခြင်း၊ လှည့်ဖြားတတ်ခြင်း သို့မဟုတ် စိတ်နှလုံးမာကျောခြင်းကဲ့သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများအတွင်း၌ မကြာခဏ အသက်ရှင်နေထိုင်ကြလျှင်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဆက်မပြတ် စားသုံးခြင်းနှင့် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းမှတစ်ဆင့် ဤသိသာထင်ရှားသော ပြဿနာများကို တဖြည်းဖြည်း ဆန်းစစ်ပြီး ဖော်ထုတ်သွားမည် ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် ဤအရာများကို ပြဿနာများအဖြစ်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်မှုများအဖြစ်၊ သမ္မာတရားနှင့် မကိုက်ညီသောအရာ၊ ဘုရားသခင် မုန်းတီးသောအရာအဖြစ် အသိအမှတ်ပြုနိုင်သည်။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သတိပြုမိပြီးနောက် ၎င်းတို့သည် ယင်းတို့ကို ဖြေရှင်းရန်နှင့် ဖယ်ရှားရန် သာ၍ပင် တောင့်တကြသည်။ ဤသည်မှာ သမ္မာတရားအတွက် ၎င်းတို့၏ တောင့်တခြင်း၏ ရင်းမြစ်တစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းတို့တွင် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် လိုအပ်ချက်၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန် အရေးတကြီး စိတ်ဆန္ဒ ရှိကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုး ထုတ်ဖော်ပြခဲ့သည်ကို ရှာဖွေတွေ့ရှိသည်ဖြစ်စေ၊ ၎င်းတို့ ကြုံတွေ့ရသည့် မည်သည့် ပြဿနာများ သို့မဟုတ် အခက်အခဲများပင်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် တိကျမှန်ကန်သော အဖြေများကို ရှာဖွေရန်၊ ဘုရားသခင်က လူထံမှ အဘယ်အရာကို တောင်းဆိုသည်ကို နားလည်ရန်နှင့် ယင်းတို့ကို ဖြေရှင်းရန် မည်သည့်သမ္မာတရားများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုသင့်သည်ကို နားလည်ရန် ပို၍ စိတ်အားထက်သန်ကြသည်။ သမ္မာတရားအတွက် ၎င်းတို့၏ တောင့်တခြင်း၏ တိကျသော သရုပ်သကန်များနှင့် ရင်းမြစ်များမှာ ဤအရာများ ဖြစ်ကြသည်။ ဤသို့ပြောခြင်းသည် ဓမ္မဓိဋ္ဌာန်ကျသော ပြောဆိုချက်တစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) ဤလူများသည် သမ္မာတရားကို ချစ်မြတ်နိုးသည်ဟု မဆိုနိုင်ပေ။ ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးပါက အလွန် တက်ကြွကြမည်ဖြစ်ပြီး ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များသည် ပို၍ အပြုသဘောဆောင်မည် ဖြစ်သည်။ သို့သော် ဤလူများ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် ၎င်းတို့၏ အမှန်တကယ်ဖြစ်သော ဝိညာဉ်ရင့်ကျက်မှုအပေါ် အခြေခံ၍ ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးသည့်အဆင့်သို့ မရောက်ရှိသေးဘဲ ယင်းကို တောင့်တရုံသာ ရှိသေးသည်။ ဤပြောဆိုချက်သည် အတော်ပင် ဓမ္မဓိဋ္ဌာန်ကျပြီးဖြစ်သည်။ သို့ဆိုလျှင် ဤလူများ၏ အမျိုးမျိုးသော သရုပ်သကန်များကို ကြည့်ရှုလျက် ၎င်းတို့ကို မည်သည့်အမျိုးအစားထဲသို့ ခွဲခြားထည့်သွင်းသင့်သနည်း။ တိကျမှန်ကန်စွာ ပြောရလျှင် ဤလူများသည် ဘုရားသခင်၏ လူများဟူသည့် အမျိုးအစားနှင့် သက်ဆိုင်သည်။ ဤအခိုင်အမာဆိုချက်တွင် အခြေခံအကြောင်းရင်းတစ်ခု ရှိသည်။ အဘယ်အခြေခံအကြောင်းရင်းနည်း။ ဤလူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အခြားသူများ၏ စိတ်သဘောထားများနှင့် တူညီသည်။ လူ့သဘာဝအရ ၎င်းတို့၏ လူ့သဘာဝသည် ကောင်းသည်ဟု မဆိုနိုင်သကဲ့သို့ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် စုံလင်သောသူများဖြစ်သည်ဟုလည်း မဆိုနိုင်ပေ၊ ၎င်းတို့အများစုသည် သာမန် လူ့သဘာဝရှိကြသည်။ “သာမန်” ဟူသည်မှာ ဤနေရာတွင် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ အတိုင်းအတာတစ်ခုအထိ အသိတရားနှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်ခြင်းကို ဆိုလိုသည်။ သို့သော် ဤသည်မှာ အရေးကြီးဆုံးသော ကဏ္ဍမဟုတ်ပေ။ အရေးအကြီးဆုံးမှာ အဘယ်အရာနည်း။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို ကြားပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ဖော်ထုတ်ထားသော လူအမျိုးမျိုး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအကြောင်း ကြားပြီးနောက် ၎င်းတို့သည် လျစ်လျူရှုခြင်းမရှိဘဲ စိတ်လှုပ်ရှားကာ တစ်စုံတစ်ခုကို ဆောင်ရွက်ကြမည် ဖြစ်သည်။ တစ်စုံတစ်ခုကို ဆောင်ရွက်ခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များနှင့် ဤသမ္မာတရားများကို ကြားပြီးနောက် ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်း၌ ဆက်လက်အသက်ရှင်ပြီး ၎င်းတို့၏ ယခင် နေထိုင်မှုပုံစံအတိုင်း ဆက်လက်နေထိုင်ရန် မလိုလားတော့ခြင်း ဖြစ်သည်။ ထိုအစား ၎င်းတို့သည် ယခင်က အားကိုးခဲ့သော အမျိုးမျိုးသော အတွေးအခေါ်များ၊ ရှုထောင့်အမြင်များနှင့် ဖြစ်တည်မှုနည်းလမ်းများ၊ နေထိုင်မှုပုံစံတို့ကို ပြောင်းလဲရန် ကြိုးပမ်းကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင်လည်းကောင်း၊ ဘုရားသခင် စီစဉ်ဖွဲ့စည်းထားသော အမျိုးမျိုးသော အခြေအနေများတွင်လည်းကောင်း သမ္မာတရားကို တက်ကြွစွာ ရှာဖွေကြပြီး မဆင်မခြင် တစ်ဇွတ်ထိုး ပြုမူမည့်အစား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံအဖြစ်၊ လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများအဖြစ် အသုံးပြုကြသည်။ ၎င်းတို့၏ လူ့သဘာဝ၊ အစွမ်းအစ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်၏ တောင်းဆိုချက်များအပေါ် ၎င်းတို့၏ သဘောထားများနှင့် ရှုမြင်ပုံများ စသည်တို့မှကြည့်လျှင် ဤလူများသည် ဘုရားသခင် ကယ်တင်ရန် ရည်ရွယ်ထားသောသူများ အတိအကျ ဖြစ်ကြသည်။ ၎င်းတို့သည် အလုပ်လုပ်ပေးသူများထက် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီး ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် ပိုရှိကြသည်။ ကယ်တင်ခြင်းခံရရန် သမ္မာတရားကို လက်ခံပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်သောသူများသာလျှင် ဘုရားသခင်၏ လူများအဖြစ် သတ်မှတ်ခံရသည်။ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်သည် အတော်ပင် လျော်ကန်သင့်မြတ်သည် မဟုတ်လော။ (သင့်မြတ်ပါသည်။) ယင်းသည် အသင့်တော်ဆုံး ဖြစ်သည်။ ကယ်တင်ခြင်းခံရခြင်းသည် အားအနည်းငယ် စိုက်ထုတ်ပြီး ကျန်ရစ်နိုင်ရန် အဖိုးအခ အနည်းငယ်ပေးကာ ထို့နောက် အရာအားလုံး ပြီးဆုံးသွားခြင်းအကြောင်း မဟုတ်ပေ။ ကယ်တင်ခြင်းခံရနိုင်သောသူများ၏ အခြေအနေမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်ကို လက်ခံပြီး တွေ့ကြုံခြင်းမှတစ်ဆင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြေရှင်းခံရသည့် အခြေအနေတစ်ခု ဖြစ်သည်။ ဤဖြစ်စဉ်တွင် ၎င်းတို့သည် ဘုရားသခင်ကို သိလာကြသည်၊ မိမိတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို နားလည်လာကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် စစ်မှန်ပြီး တိကျသော တွေ့ကြုံမှုများ ရှိလာကြကာ ထိုသို့ဖြင့် ဘုရားသခင်အတွက် သက်သေခံနိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် သက်သေခံချက်ပေးနိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ မည်သည့်ကဏ္ဍများနှင့်ပတ်သက်၍ သက်သေခံကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ကြောင်းကို သက်သေခံကြသည်။ ဤသည်မှာ ကယ်တင်ခြင်းရရှိပြီးနောက် လူတစ်ဦး၌ ထင်ရှားပေါ်လွင်နိုင်သည့်အရာ ဖြစ်သည်။ လူများသည် ကယ်တင်ခြင်းခံရပြီးနောက် ဤရလဒ်များကို အဘယ်ကြောင့် စွမ်းဆောင်ရရှိနိုင်သနည်း။ ၎င်းတို့သည် ဤအရာကို မိမိတို့ကိုယ်ကို “လူ့သဘာဝကောင်းရှိခြင်း၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း၊ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် စွန့်လွှတ်နိုင်စွမ်းရှိခြင်း၊ မိမိ၏ တာဝန်ကို ထမ်းဆောင်ရန် အဖိုးအခပေးလိုစိတ်ရှိခြင်း” ဟု မှတ်ယူသောကြောင့် စွမ်းဆောင်ရရှိခြင်း မဟုတ်ပေ။ တစ်ခုတည်းသောအကြောင်းရင်း၊ ပြီးလျှင် အရေးအကြီးဆုံးသောအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ အသက်အဖြစ် လက်ခံနိုင်ခြင်း၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း၊ မိမိတို့၏ မူလ၊ ဟောင်းနွမ်းသော နေထိုင်မှုနည်းလမ်းများနှင့် နေထိုင်မှုအပေါ် ရှုမြင်ပုံများကို ဘေးဖယ်ထားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ အသက်သစ်အဖြစ် ခံယူခြင်းတို့ကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကျင့်ကြံပြုမူရန်၊ အမှုအရာများကို လုပ်ဆောင်ရန်၊ ဘုရားသခင်နောက်လိုက်ရန်၊ ဘုရားသခင်ကို ကျိုးနွံနာခံရန်နှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံအဖြစ် အသုံးပြုကြသည်။ ဤသည်မှာ ထိုသို့သောလူများ၌ စွမ်းဆောင်ရရှိနိုင်သော ရလဒ် ဖြစ်သည်။ ကယ်တင်ခြင်းရရှိရန် အရေးကြီးဆုံးသော ကဏ္ဍမှာ အဘယ်အရာဖြစ်သနည်း။ (သမ္မာတရားကို လက်ခံနိုင်ခြင်း ဖြစ်ပါသည်။) မှန်ပေသည်။ သမ္မာတရားကို လက်ခံနိုင်ခြင်းသည် အဓိကသော့ချက် ဖြစ်သည်။

အချို့လူများက “ကျွန်ုပ်သည် ဘုရားသခင်အတွက် အဆုံးတိုင် ကိုယ့်ကိုယ်ကိုယ် အသုံးခံပါက ဘုရားသခင်သည် ကျွန်ုပ်ကို ကြီးစွာ ကောင်းချီးပေးမည်လော” ဟု ပြောဆိုကြသည်။ သင်သည် သမ္မာတရားကို လက်မခံသော်လည်း အဆုံးတိုင် ဘုရားသခင်နောက်ကို လိုက်ရန်၊ နောက်ဆုံးအချိန်အထိ အလုပ်လုပ်ပေးရန် ဆက်လက်ဇွဲရှိနိုင်ပြီး ထိုအတောအတွင်း ကြီးမားသော ပြစ်မှားခြင်းများမရှိဘဲ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း မရှိပါက ထိုသို့သောအခြေအနေများအောက်တွင် ဘုရားသခင်သည် သင့်ကို ကျန်ရစ်ခွင့်ရသော သစ္စာစောင့်သိသည့် အလုပ်လုပ်ပေးသူတစ်ဦးအဖြစ် မှတ်ယူလိမ့်မည်။ အချို့လူများက “ကျန်ရစ်ခြင်းသည် အဘယ်သို့သော ကောင်းချီးမင်္ဂလာဖြစ်သနည်း” ဟု မေးကြသည်။ ယင်းသည် သေးငယ်သော ကောင်းချီးမင်္ဂလာ မဟုတ်ပေ။ အခွင့်အရေးနှင့် ဖြစ်နိုင်ချေရှိပါက သင်သည် ဘုရားသခင်၏ စစ်မှန်သော ပုံသဏ္ဌာန်ကို မြင်တွေ့ရနိုင်ပြီး ဤသည်မှာ နောက်ခေတ်တွင် ဘုရားသခင် မည်သို့အမှုပြုမည်အပေါ် မူတည်သည်။ ကျန်ရစ်ပြီး နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာ အသက်ရှင်ရန် အခွင့်အရေးရှိပါက ထိုကောင်းချီးမင်္ဂလာသည် အတော်ပင် ထူးမြတ်ပေသည်။ ဤကောင်းချီးမင်္ဂလာသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ ယင်းသည် “ကျွန်ုပ်သည် လူ့သဘာဝကောင်းရှိသည်၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည်၊ ကျွန်ုပ်သည် စွန့်လွှတ်နိုင်သည်၊ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရန် အဖိုးအခပေးလိုစိတ်ရှိပြီး ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံနိုင်သည်” ဟူသော ရှုမြင်ပုံကို ဆုပ်ကိုင်ထားရင်း သစ္စာစောင့်သိစွာ အလုပ်လုပ်ပေးခြင်းဖြင့် စွမ်းဆောင်ရရှိခြင်း ဖြစ်သည်။ အလုပ်လုပ်ပေးသူများသည် ကျေနပ်ရောင့်ရဲရကောင်းမှန် မသိသင့်သလော။ (သိသင့်ပါသည်။) ၎င်းတို့သည် ဤကောင်းချီးမင်္ဂလာကို ရရှိသည့်အတွက် ကျေနပ်ရောင့်ရဲသင့်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုပင် လက်မခံပေ၊ သို့တိုင်အောင် ဘုရားသခင်သည် သင်၏ သစ္စာစောင့်သိမှုနှင့် အဆုံးတိုင် အလုပ်လုပ်ပေးနိုင်စွမ်းကို မြင်သောကြောင့်၊ ဤကာလအတွင်း စွန့်ခွာခြင်းမရှိဘဲ၊ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း သို့မဟုတ် သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ခြင်းမရှိဘဲ၊ ကြီးမားသော ပြစ်မှားခြင်းများကို ကျူးလွန်ခြင်းမရှိဘဲနေသောကြောင့် ကိုယ်တော်သည် သင့်အား ဤကောင်းချီးမင်္ဂလာနှင့် ကျေးဇူးတော်ကို ပေးသနားတော်မူသည်။ လူသားမျိုးနွယ်ကို ဖန်ဆင်းချိန်မှစ၍ ဤသည်မှာ သစ္စာစောင့်သိစွာ အလုပ်လုပ်ပေးရုံသာရှိပြီး ကယ်တင်ခြင်း မရရှိခဲ့သော ဖောက်ပြန်ပျက်စီးသည့် လူသားများကို ဘုရားသခင် ပေးသနားသည့် အကြီးမြတ်ဆုံးသော လက်ဆောင် ဖြစ်သည်။ သင်သည် အားအနည်းငယ်သာ စိုက်ထုတ်ခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုပင် လက်မခံပေ။ ထိုသို့သော ကြီးမားသည့် ကောင်းချီးမင်္ဂလာကို လက်ခံရရှိနိုင်ခြင်းသည် အတော်ပင် ကောင်းမွန်နေပြီဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၏ အလွန်ကြီးမားသော ကျေးဇူးတော် ဖြစ်သည်။ အခြားအမျိုးအစားမှာ ငါတို့ ယခုလေးတင် ပြောဆိုခဲ့သော ဘုရားသခင်၏ လူများ ဖြစ်ကြသည်။ ဘုရားသခင်၏ လူများ လက်ခံရရှိသော ကောင်းချီးမင်္ဂလာများသည် အလုပ်လုပ်ပေးသူများ လက်ခံရရှိသော ကောင်းချီးမင်္ဂလာများထက် သေချာပေါက် ပို၍ ကြီးမြတ်သည်။ သို့ဆိုလျှင် ဘုရားသခင်၏ လူများ၏ ကောင်းချီးမင်္ဂလာကား အဘယ်နည်း။ ကျန်ရစ်နိုင်ရုံ သို့မဟုတ် ဘုရားသခင်၏ စစ်မှန်သော ပုံသဏ္ဌာန်ကို မြင်တွေ့ရန် အခွင့်အရေးရှိရုံမျှကဲ့သို့ မရိုးရှင်းသည်မှာ ပြောစရာမလိုပေ။ သာ၍များပြားသော ကောင်းချီးမင်္ဂလာများ ရှိသေးသော်လည်း ငါတို့သည် ယင်းတို့ကို ဤနေရာတွင် ဆွေးနွေးမည်မဟုတ်ပေ။ ထိုအကြောင်းကို ပြောဆိုခြင်းသည် လက်တွေ့မကျသည့်အပြင် သင်တို့ကို ငါပြောလျှင်ပင် သင်တို့သည် ယခု နားလည်မည်မဟုတ်သကဲ့သို့ ရရှိမည်လည်း မဟုတ်ပေ။ ဘုရားသခင်၏ လူများသည် ဘုရားသခင် ကယ်တင်ရန် ရည်ရွယ်ထားသောသူများ ဖြစ်ကြပြီး လူသားမျိုးနွယ်အားလုံးထဲတွင် ၎င်းတို့သည် အကြီးမြတ်ဆုံးသော ကောင်းချီးမင်္ဂလာများကို လက်ခံရရှိကြသည်၊ ဤသည်မှာ လုံးဝ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဘုရားသခင်၏ အမှုတော်တွင်၊ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ အမှုတော်အတွင်း၌ ဘုရားသခင်၏ လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်ခြင်းအားဖြင့်လည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ်နှင့် ၎င်းတို့၏ ဖြစ်တည်မှုအတွက် စည်းမျဉ်းများအဖြစ် သဘောထားနိုင်ခြင်းအားဖြင့်လည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ အသက်အဖြစ် ခံယူခြင်းအားဖြင့်လည်းကောင်း စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်လျက် ဘုရားသခင်အတွက် ခိုင်မာပြီး အားကောင်းသော သက်သေခံချက်ကို ပေးခဲ့ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ အသက်ရှင်နေထိုင်သည့်အရာ၊ မိမိတို့၏ အသက်ကို အသုံးပြု၍ စာတန်ကို တန်ပြန်တိုက်ခိုက်ပြီး ရှက်ကြောက်စေနိုင်သည်၊ လူသားမျိုးနွယ်အကြားတွင် ဘုရားသခင်အတွက် သက်သေခံနိုင်ပြီး ထိုသို့ဖြင့် ဘုရားသခင်ထံ ဘုန်းအသရေကို ဆောင်ကြဉ်းပေးနိုင်ကြသည်။ သို့ဖြစ်၍ ဘုရားသခင်၏ လူများသည် ဘုရားသခင် ကယ်တင်ရန် ရည်ရွယ်ထားသောသူများ၊ ကယ်တင်ခြင်းကို လက်ခံရရှိသောသူများ ဖြစ်ကြသည်။ အချို့လူများက “ဤပုဂ္ဂိုလ်တစ်ဦးချင်းစီသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ အသက်အဖြစ် ခံယူနိုင်သောကြောင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင်နိုင်ပြီး ဘုရားသခင်အတွက် သက်သေခံနိုင်သောကြောင့် ယင်းက ၎င်းတို့ကို ဘုရားသခင်၏ ချစ်သားများ၊ ဘုရားသခင် နှစ်သက်တော်မူသောသူများ ဖြစ်စေသလော” ဟု ပြောဆိုကြသည်။ သင်သည် အလွန်အကျွံ စဉ်းစားနေခြင်းဖြစ်သည်၊ ဘုရားသခင်၏ လူများထဲမှ တစ်ဦးဖြစ်ရုံနှင့်ပင် လုံလောက်ပြီ။ ဘုရားသခင်က သင့်ကို သူ၏သား၊ သူ၏ကလေး သို့မဟုတ် သူ၏ချစ်သားဟု ခေါ်ပါက ယင်းမှာ ဘုရားသခင်၏ အမှုဖြစ်သည်၊ သို့သော် မည်သည့်အချိန်တွင်မဆို သင်သည် မိမိကိုယ်ကို ဘုရားသခင်၏ ချစ်သား၊ ဘုရားသခင်၏ သား သို့မဟုတ် ဘုရားသခင်၏ အသည်းကျော်ဟု မည်သည့်အခါမျှ မခေါ်ဆိုရပေ။ သင်သည် မိမိကိုယ်ကို ထိုသို့သော ခေါ်ဆိုမှုများကို မပြုလုပ်နှင့်၊ မိမိကိုယ်ကို ထိုသို့ မမှတ်ယူနှင့်၊ သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်သည်။ ဤသည်မှာ မှန်ကန်သည်။ တစ်နေ့တွင် သင်သည် ဘုရားသခင်၏ လူများအဖြစ် ခေါ်ဆိုခြင်း ခံရလျှင်ပင် သို့မဟုတ် သင်သည် ကယ်တင်ခြင်းခံရခြင်း၏ လမ်းခရီးပေါ်သို့ စတင်လျှောက်လှမ်းခဲ့ပြီးဖြစ်လျှင်ပင် သင်သည် ဖန်ဆင်းခံတစ်ဦးသာ ဖြစ်နေသေးသည်။ သင်သည် ဤသို့ တွေးထင်ပါက သင်လျှောက်လှမ်းနေသော လမ်းခရီးသည် မှန်ကန်သောလမ်းခရီးဖြစ်ကြောင်း သက်သေပြသည်။ သင်သည် ဘုရားသခင်၏ ချစ်သားဖြစ်ရန်၊ ဘုရားသခင် ချစ်မြတ်နိုးသောသူဖြစ်ရန်၊ ဘုရားသခင် နှစ်သက်တော်မူသောသူဖြစ်ရန် အစဉ်ရှာဖွေနေပါက သင်လျှောက်လှမ်းနေသော လမ်းကြောင်းသည် မှားယွင်းသောလမ်းခရီး ဖြစ်သည်၊ ဤလမ်းကြောင်းသည် မည်သည့်နေရာသို့မျှ မရောက်ရှိဘဲ သင်သည် ထိုသို့သော အကောင်အထည် မပေါ်နိုင်သည့် အတွေးမျိုးကို မတွေးသင့်ပေ။ ဘုရားသခင်သည် ထိုသို့သော နှုတ်ကပတ်တော်များကို ပြောဆိုခဲ့ဖူးသည်ဖြစ်စေ၊ မပြောဆိုခဲ့ဖူးသည်ဖြစ်စေ၊ လူတို့အား ထိုသို့သော ကတိတစ်ခုကို ပေးခဲ့သည်ဖြစ်စေ၊ မပေးခဲ့သည်ဖြစ်စေ သင်သည် မိမိကိုယ်ကို ဤသို့ မမှတ်ယူသင့်ပေ၊ ယင်းမှာ သင်ရရှိရန် ကြိုးစားသင့်သည့်အရာ မဟုတ်ပေ။ ဘုရားသခင်၏ လူများထဲမှ တစ်ဦးဖြစ်ရခြင်းသည် လုံလောက်သည်ထက် ပိုနေပြီဖြစ်သည်၊ ဘုရားသခင်၏ လူများသည် ဖန်ဆင်းခံများအနေဖြင့် စံနှုန်းပြည့်မီပြီးဖြစ်သည်။ ဝမ်းနည်းစရာကောင်းသည်မှာ သင်သည် ယခုထက်တိုင် ထိုသို့မဟုတ်သေးပေ။ သို့ဖြစ်၍ ထိုမရေရာသော၊ အထင်အမြင်မှားစေသော၊ အနှစ်မဲ့သောအရာများကို မလိုက်စားနှင့်။ ကယ်တင်ခြင်းခံရရန် လိုက်စားနိုင်ခြင်းသည် အတိုင်းအတာတစ်ခုအထိ ကယ်တင်ခြင်းခံရခြင်း၏ လမ်းခရီးပေါ်သို့ စတင်လျှောက်လှမ်းနေခြင်းပင် ဖြစ်သည်။ ဘုရားသခင်၏ လူများ၏ အဓိက လက္ခဏာများမှာ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ခြင်းနှင့် သမ္မာတရားကို ချစ်မြတ်နိုးကြောင်း ပြသခြင်းတို့ ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းနှင့် ကယ်တင်ခြင်းကို လိုက်စားခြင်း၏ ဖြစ်စဉ်တွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ အတွေးအခေါ်ဟောင်းများနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သက်ဆိုင်သည့် အမျိုးမျိုးသော အပျက်သဘောဆောင်သည့် အခြေအနေများနှင့် သရုပ်သကန်များကို မတူညီသော အတိုင်းအတာများအထိ ဖြေရှင်းနိုင်သည်၊ ဖယ်ရှားနိုင်သည်၊ ပြောင်းလဲနိုင်သည်။ ထို့နောက် ၎င်းတို့သည် ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၊ သမ္မာတရား စည်းမျဉ်းများကို နားလည်သောလူတစ်ဦးဖြစ်ခြင်း၊ သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှုရှိသော လူတစ်ဦးဖြစ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်သောလူတစ်ဦး ဖြစ်ခြင်းဟူသည့် ဘုရားသခင်၏ တောင်းဆိုချက်များကို အသက်ရှင်နေထိုင်နိုင်သည်။ စံနှုန်းပြည့်မီပြီး စံသတ်မှတ်ချက်နှင့် ကိုက်ညီသော ဘုရားသခင်၏ လူများထဲမှ တစ်ဦး မည်သို့ဖြစ်ရမည်နှင့်ပတ်သက်၍မူ ငါတို့သည် ဤနေရာတွင် အသေးစိတ် ရှင်းပြမည်မဟုတ်ပေ၊ ယင်းမှာ ယနေ့ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်း၏ အကြောင်းအရာ မဟုတ်ပေ။

၃။ အငှားအလုပ်သမားများ

အလုပ်လုပ်ပေးသူများနှင့် ဘုရားသခင်၏ လူများအပြင် ဘုရားသခင် ရွေးချယ်ထားသောသူများထဲတွင် အသနားစရာ အကောင်းဆုံးဖြစ်သည့် အခြားသော လူအမျိုးအစားတစ်မျိုးလည်း ရှိသေးသည်။ ဘုရားသခင် ဖော်ပြခဲ့သော အမျိုးမျိုးသော သမ္မာတရားများနှင့် လူသားမျိုးနွယ်အပေါ် သူ၏ ဖော်ထုတ်ခြင်းဆိုင်ရာ နှုတ်ကပတ်တော်အမျိုးမျိုးကို ကြားပြီးနောက်တွင် ၎င်းတို့၏ အပြုအမူ၊ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာနှင့် ၎င်းတို့၏ လိုက်စားမှုတို့သည် လုံးဝ ပြောင်းလဲခြင်းမရှိပေ။ သင်သည် ၎င်းတို့နှင့် သမ္မာတရားအကြောင်းကို မည်သို့ပင် မိတ်သဟာယဖွဲ့ပါစေ ၎င်းတို့သည် တုံ့ပြန်မှုမရှိဘဲ နေကြသည်။ “ကျွန်ုပ် မပြောင်းလဲချင်ပါ။ ကျွန်ုပ် နေချင်သလို နေမည်၊ မည်သူမျှ ကျွန်ုပ်ကို မထိန်းချုပ်နိုင်ပါ။ သင်တို့ ကြိုက်သလိုလုပ်၊ ကျွန်ုပ် ဂရုမစိုက်ပါ။ ကျွန်ုပ် အခု စိတ်မကြည်ပါ၊ သို့ဖြစ်၍ သင်တို့အားလုံး ကျွန်ုပ်ကို လာမနှောင့်ယှက်နှင့်။ လာနှောင့်ယှက်လျှင် ကျွန်ုပ် ယဉ်ကျေးတော့မည် မဟုတ်” ဟူ၍ ဖြစ်သည်။ ၎င်းတို့က “ကျွန်ုပ်သည် လူ့သဘာဝကောင်းရှိသည်၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည်၊ ကျွန်ုပ်သည် စွန့်လွှတ်နိုင်သည်၊ ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံနိုင်ပြီး အဖိုးအခပေးလိုစိတ်ရှိသည်” ဟူသည့် တိကျသော သဘောထား သို့မဟုတ် ရှုထောင့်အမြင်ဖြင့် မိမိတို့ကိုယ်ကို မမှတ်ယူကြသော်လည်း ညီအစ်ကိုမောင်နှမများကြားတွင် ပို၍ တိကျသော သဘောထားတစ်ခုကို ပြသကြသည်။ ဤသဘောထားမှာ အဘယ်နည်း။ ယင်းမှာ “ကျွန်ုပ် လုပ်ချင်သလို လုပ်မည်၊ ကျွန်ုပ် ကြိုက်ရာကို ပြုမည်။ မည်သူမျှ ကျွန်ုပ်ကို သမ္မာတရားလက်ခံရန် မတိုက်တွန်းသင့်၊ မည်သူမျှ ကျွန်ုပ်ကို ပြောင်းလဲရန် မကြိုးစားသင့်ပေ။ ကျွန်ုပ်ကို သမ္မာတရားလက်ခံရန် ကြိုးစားတိုက်တွန်းသူ မည်သူမဆိုသည် ကိုယ့်ဒုက္ခ ကိုယ်ရှာခြင်းသာ ဖြစ်သည်၊ မည်သူမဆို ကျွန်ုပ်ကို ပြုပြင်ရန် ကြိုးစားပါက ကျွန်ုပ် အသက်နှင့်လဲ၍ ပြန်တိုက်ခိုက်မည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် ပြောခဲ့သော မည်သည့်နှုတ်ကပတ်တော်ကိုမျှ စိုးစဉ်းမျှ စိတ်မဝင်စားသကဲ့သို့ ဘုရားသခင် ပြုသည့်အမှုတော်ကိုလည်း စိတ်မဝင်စားပေ။ ညီအစ်ကိုမောင်နှမများက စုဝေးပွဲများအတွင်း သို့မဟုတ် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ်အတွင်း ထုတ်ဖော်ပြောကြသည့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အမှုအရာများကို လုပ်ဆောင်ခြင်းဆိုင်ရာ စည်းမျဉ်းများအပြင် လူတို့ ဘုရားသခင်အပေါ် ထားရှိသင့်သော သဘောထားနှင့် လူလူချင်း ပေါင်းသင်းဆက်ဆံရာတွင် စောင့်ထိန်းသင့်သော စည်းမျဉ်းများနှင့်ပတ်သက်၍မူ ၎င်းတို့သည် မထီမဲ့မြင်ပြုသော သဘောထားဖြင့် ဆက်ဆံကြသည်မှာ ပြောစရာမလိုပေ။ အချို့သော ပုဂ္ဂိုလ်များသည် တာဝန်တစ်ခုကို ထမ်းဆောင်ကြသော်လည်း ဘုရားအိမ်တော်က တောင်းဆိုသော စည်းမျဉ်းများကို လုံးဝ လျစ်လျူရှုကြပြီး မိမိတို့ စီစဉ်ထားသည့်အတိုင်းသာ လုပ်ဆောင်ကြသည်။ သင်သည် ၎င်းတို့နှင့် စည်းမျဉ်းများကို မိတ်သဟာယဖွဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် သင်၏ရှေ့တွင် သဘောတူကြသော်လည်း ထို့နောက် လှည့်ထွက်သွားကာ မိမိတို့၏ မကောင်းဆိုးဝါးသွင်ပြင်ကို ပြသလျက် မဆင်မခြင် တစ်ဇွတ်ထိုး ပြုမူကြတော့သည်။ အပြင်ပန်းတွင် ယဉ်ကျေးသော လူများကဲ့သို့ ထင်ရသော ပုဂ္ဂိုလ်များလည်း ရှိသေးသည်၊ သို့သော် သင်သည် ၎င်းတို့နှင့် စကားပြောဆိုသည့်အခါ ၎င်းတို့၏ ရှုမြင်ပုံများမှာ မမှန်ကန်၊ ၎င်းတို့၏ လေသံမှာ မမှန်ကန်၊ ပို၍ အရေးကြီးသည်မှာ ၎င်းတို့၏ စိတ်သဘောထားမှာ မမှန်ကန်သဖြင့် ၎င်းတို့နှင့် စကားပြောဆိုရန် မဖြစ်နိုင်ပေ။ သင်က ၎င်းတို့ကို “လောက၌ ဘုရားသခင် တည်ရှိသလော” ဟု မေးသည့်အခါ ၎င်းတို့က “ကျွန်ုပ် မသိပါ” ဟု ပြောသည်။ သင်က “ဤအရာကို ဤသို့ လုပ်ဆောင်သင့်သည်၊ ယင်းမှာ ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည်” ဟု ပြောသည်။ ၎င်းတို့က “သင်က ကျွန်ုပ်ကို မနှစ်မြို့ဘူးလား။ ကျွန်ုပ်ကို ပြဿနာရှာနေသလော။ သင်က ကျွန်ုပ်ကို နှင်ထုတ်ဖို့ ကြိုးစားနေခြင်းဖြစ်သလား” ဟု တုံ့ပြန်သည်။ သင်က “ဤသို့ ပြုမူခြင်းသည် အယူအဆများကို ဖြန့်ဝေခြင်းနှင့် အပျက်သဘောဆောင်မှုကို ပွင့်အံချခြင်းဖြစ်ပြီး အချို့သော ယုံကြည်သူအသစ်များကို ခလုတ်တိုက်လဲစေနိုင်သည်။ ကျွန်ုပ်တို့သည် ဘုရားအိမ်တော်၏ စည်းမျဉ်းများကို လိုက်နာရမည်၊ လူလူချင်း ပေါင်းသင်းဆက်ဆံရာတွင် လိုက်နာသင့်သော စည်းမျဉ်းများကိုလည်း ရှင်းလင်းစွာ သိရှိရမည်။ ပြောဆိုပြုမူသည့်အရာက အခြားသူများကို တည်ဆောက်မှုမဖြစ်စေနိုင်လျှင် သို့မဟုတ် မကူညီနိုင်လျှင် အနည်းဆုံးအနေဖြင့် အခြားသူများအပေါ် ဆိုးကျိုးမသက်ရောက်စေသင့်ပေ။ ဤသည်မှာ ပုံမှန် လူ့သဘာဝရှိသူတစ်ဦး ပိုင်ဆိုင်သင့်သော ဆင်ခြင်တုံတရား ဖြစ်သည်” ဟု ပြောသည်။ ၎င်းတို့က “ကျွန်ုပ်ကို ပုံမှန် လူ့သဘာဝအကြောင်း ပြောနေခြင်းဖြစ်သလား၊ စည်းမျဉ်းများအကြောင်း သင်ပေးနေခြင်းဖြစ်သလား၊ သင့်ကိုယ်သင် မည်သူများ အောက်မေ့နေသနည်း။ ကျွန်ုပ် အပျက်သဘောဆောင်မှုကို ပွင့်အံချခြင်းမှာ အဘယ်အရာမှားသနည်း။ ခလုတ်တိုက်လဲသည့် ယုံကြည်သူအသစ်တစ်ဦး ရှိတိုင်း ယုံကြည်သူအသစ်တစ်ဦး လျော့နည်းသွားသည်။ ၎င်းတို့ကို မြင်ရသဖြင့် ကျွန်ုပ် စိတ်အနှောင့်အယှက် ဖြစ်စရာ မလိုတော့ပါ” ဟု ပြောသည်။ ၎င်းတို့နှင့် စည်းမျဉ်းများအကြောင်း ပြောဆိုခြင်းသည် အချည်းနှီးဖြစ်သကဲ့သို့ လူ့သဘာဝအကြောင်း ဆွေးနွေးခြင်းသည်လည်း အချည်းနှီးပင် ဖြစ်သည်။ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့ခြင်းကရော မည်သို့နည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဆိုင်ရာ မိတ်သဟာယဖွဲ့ခြင်းကိုလည်း နားမထောင်ကြပေ။ မည်သူမျှ ၎င်းတို့ကို မဝေဖန်ရဲ၊ မည်သူမျှ ၎င်းတို့ကို စိတ်အနှောင့်အယှက်မပေးရဲ သို့မဟုတ် ရန်မစရဲပေ။ အသင်းတော်၌ ထိုသို့သောလူများ ရှိသလော။ (ရှိပါသည်။) ရှင်းလင်းပစ်ခြင်းခံရသောသူများထဲတွင် ထိုသို့သော ပုဂ္ဂိုလ်များ အမှန်ပင် ရှိကြသည်။ ဤလူများသည် အလုပ်လုပ်ပေးသူများလော၊ ဘုရားသခင်၏ လူများလော၊ သို့မဟုတ် အဘယ်အရာများနည်း။ (၎င်းတို့သည် ဖယ်ရှားရှင်းလင်းခြင်းခံရသော လူများဖြစ်ကြပါသည်။) ၎င်းတို့ကို အဘယ်ကြောင့် ဖယ်ရှားရှင်းလင်းခဲ့သနည်း။ (သမ္မာတရားကို လက်မခံခြင်းကြောင့်၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းကြောင့် ဖြစ်ပါသည်။) ဤသည်မှာ ပြဿနာ၏ အနှစ်သာရ ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် သမ္မာတရားကို လက်မခံကြသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသနည်း။ အရင်းခံအကြောင်းရင်းမှာ အဘယ်အရာဖြစ်သနည်း။ (ဤလူများ၏ အနှစ်သာရမှာ မယုံကြည်သူများ၏ အနှစ်သာရ ဖြစ်ပါသည်။) မှန်သည်၊ ၎င်းတို့၏ အနှစ်သာရမှာ မယုံကြည်သူများ၏ အနှစ်သာရ ဖြစ်သည်။ အသင်းတော်၌ မယုံကြည်သူ အတော်များများ ရှိသော်လည်း မယုံကြည်သူအားလုံးသည် ဤကဲ့သို့ ဖြစ်ကြသလော။ (မဟုတ်ပါ။) အခြေခံအကျဆုံးသော လူ့ကိုယ်ကျင့်တရားနှင့် ပြုစုပျိုးထောင်မှုပင် ကင်းမဲ့သော ဤပုဂ္ဂိုလ်များသည် မယုံကြည်သူများ ဖြစ်သောကြောင့်သာ ဖယ်ရှားရှင်းလင်းခံရခြင်း ဖြစ်သလော။ ၎င်းတို့ကို အဘယ်ကြောင့် ဖယ်ရှားရှင်းလင်းခဲ့သနည်း။ အရင်းစစ်လျှင် ယင်းမှာ လူ့သဘာဝ၏ ပြဿနာဖြစ်သည်၊ ဤလူများတွင် ဆိုးရွားပြီး မလိုမုန်းထားသော လူ့သဘာဝရှိသည်။ တိတိကျကျဆိုရလျှင် ၎င်းတို့တွင် လူ့သဘာဝ ကင်းမဲ့သည်။ ၎င်းတို့တွင် လူ့သဘာဝ ကင်းမဲ့သောကြောင့် ၎င်းတို့သည် အဘယ်အရာများ ဖြစ်ကြသနည်း။ ၎င်းတို့သည် နတ်ဆိုးဆန်သော သဘာဝ ရှိသူများ ဖြစ်ကြသည်။ နတ်ဆိုးဆန်သော သဘာဝရှိသည့် လူများသည် တိရစ္ဆာန်များနှင့် နှိုင်းယှဉ်လျှင် မည်သို့ရှိသနည်း။ ငါထင်သည်မှာ ၎င်းတို့သည် တိရစ္ဆာန်များထက်ပင် ပို၍ဆိုးသည်၊ အချို့ တိရစ္ဆာန်များသည် နာခံတတ်ပြီး မကောင်းမှုပြုခြင်းကို ရှောင်ကြဉ်နိုင်သည်။ ဥပမာအားဖြင့် ခွေးများသည် အတော်ပင် ကောင်းနိုင်သည်၊ အချို့ခွေးများသည် လူသားများနှင့် ထူးကဲစွာ သင့်မြတ်နိုင်သော အလွန်ကောင်းသည့် အိမ်မွေးတိရစ္ဆာန်များ အမှန်ပင် ဖြစ်ကြသည်။ ၎င်းတို့သည် အထူးပင် နာခံတတ်ပြီး လိမ္မာကာ လူများပြောသမျှကို နားလည်ကြပြီး အိမ်တွင်း၌ မွေးမြူရန် သင့်တော်သည်။ ထိုသို့သော ခွေးများသည် နာခံမှုမရှိသော လူသားများထက် များစွာ ပို၍ကောင်းသည်။ ကောင်းသောခွေးများထက်ပင် ပို၍ဆိုးသော လူများစွာ ရှိသည်။ သို့ဆိုလျှင် ၎င်းတို့သည် လူသားများ ဖြစ်ကြသေးသလော။ မဟုတ်ပေ၊ ၎င်းတို့သည် လူသားများ မဟုတ်ကြပေ၊ ၎င်းတို့သည် လူသားမဟုတ်သော သတ္တဝါများ ဖြစ်ကြသည်။ လူများစွာသည် လူတို့၏ ဘာသာစကားကို နားမလည်ကြပေ၊ ၎င်းတို့နှင့် ဆက်သွယ်ပြောဆိုရန် မဖြစ်နိုင်ပေ။ မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ ၎င်းတို့သည် သမ္မာတရားကို လက်မခံကြပေ၊ ပြုပြင်ခြင်းခံရသည့်အခါ ညည်းညူကြပြီး ဖယ်ရှားရှင်းလင်းခြင်းခံရသည့်အခါ ကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်းကြကာ မည်မျှပင် နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သည်ဖြစ်စေ လုံးဝ ပြောင်းလဲခြင်းမရှိကြပေ။ ထိုသို့သောလူများကို ဘုရားအိမ်တော်၌ ဆက်၍နေခွင့်ပြုနိုင်သေးသလော။ (မပြုနိုင်ပါ။) ၎င်းတို့ကို နေခွင့်မပြုနိုင်ပေ။ ထိုသို့သော ပုဂ္ဂိုလ်များကို မည်သည့်အမျိုးအစားထဲတွင် ခွဲခြားသတ်မှတ်သင့်သနည်း။ ပထမဦးစွာ ဤပုဂ္ဂိုလ်များကို ဘုရားသခင် ရွေးချယ်ထားသောလူများထဲတွင် အမျိုးအစား သတ်မှတ်သင့်သလော။ (မသတ်မှတ်သင့်ပါ။) ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများထဲတွင် မပါဝင်ပါက ၎င်းတို့ကို မည်သည့်အမျိုးအစားထဲတွင် ထားရှိသင့်သနည်း။ ဘုရားသခင် ရွေးချယ်ထားသောလူများထဲတွင် မပါဝင်ခြင်းကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသင့်သနည်း။ ဆိုလိုသည်မှာ ၎င်းတို့ ပြသပြီး အသက်ရှင်နေထိုင်သည့် လူ့သဘာဝ၏ ရှုထောင့်မှကြည့်လျှင် ယင်းမှာ မယုံကြည်သူများဖြစ်ခြင်းဟူသည့် ရိုးရှင်းသောကိစ္စ မဟုတ်ပေ၊ ၎င်းတို့၏ အနှစ်သာရသည် လူသားမဟုတ်ပေ။ မယုံကြည်သူများဖြစ်ကြသော လူများစွာရှိသည်၊ ၎င်းတို့အားလုံးသည် ဤပုဂ္ဂိုလ်များကဲ့သို့ ဆိုးရွားပြီး မလိုမုန်းထားကြသလော။ မဟုတ်ပါ။ ဘာသာတရား မရှိသူများကြားတွင်ပင် လူတိုင်းသည် ထိုမျှ ဆိုးယုတ်သည်မဟုတ်၊ အချို့လူများတွင် အခြေခံအကျဆုံးသော ကိုယ်ကျင့်တရားစံနှုန်းများ ရှိကြသည်။ သို့ဆိုလျှင် ဤပုဂ္ဂိုလ်များနှင့်ပတ်သက်၍ကော မည်သို့နည်း။ ၎င်းတို့တွင် ဘာသာတရား မရှိသူများ၌ရှိသော အခြေခံအကျဆုံးသော ကိုယ်ကျင့်တရားများနှင့် ပြုစုပျိုးထောင်မှုပင် ကင်းမဲ့နေသည်၊ ၎င်းတို့၏ ထုတ်ဖော်မှုများနှင့် ၎င်းတို့ အသက်ရှင်နေထိုင်သည့် အရာသည် တိကျမှန်ကန်စွာဆိုရလျှင် လူ့ကိုယ်ကျင့်တရား၏ စံနှုန်းများနှင့် မကိုက်ညီပေ။ ဤလူများ၏ အနှစ်သာရမှာ နတ်ဆိုးဆန်သော သဘာဝ ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့၏ အနှစ်သာရ ရှုထောင့်မှကြည့်လျှင် ဘုရားသခင်သည် ၎င်းတို့ကို ကယ်တင်သလော။ (မကယ်တင်ပါ။) ဘုရားသခင်သည် ၎င်းတို့ကို မကယ်တင်ပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ၎င်းတို့၏ လူ့သဘာဝသည် ဆိုးရွားပြီး မလိုမုန်းထားကာ ၎င်းတို့တွင် နတ်ဆိုးဆန်သော သဘာဝ ရှိသောကြောင့်ဖြစ်ပြီး သို့ဖြစ်၍ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကာ အတိုက်အခံလုပ်ကြခြင်းဖြစ်သည်။ အမှန်တကယ်တွင် ဤသို့ပြောခြင်းသည် ၎င်းတို့ကို မြှင့်တင်ပေးရာရောက်သည်၊ တိတိကျကျဆိုရလျှင် ဤပုဂ္ဂိုလ်များသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် လက်မခံခြင်းဟူသည့် အဆင့်သို့မရောက်ဘဲ အပြုသဘောဆောင်သော အရာများကို အလွန်အမင်း မနှစ်မြို့ပြီး မုန်းတီးကြသည်။ ၎င်းတို့သည် အခြေခံအကျဆုံးသော အပြုသဘောဆောင်သည့်အရာများကိုပင် အလွန်အမင်း မနှစ်မြို့၊ မုန်းတီးပြီး အတိုက်အခံလုပ်ကြသည်၊ ပုံမှန် လူ့သဘာဝရှိသော လူတစ်ဦး လိုက်နာသင့်သော စည်းမျဉ်းများနှင့် ၎င်းတို့၌ ရှိသင့်သော ပြုစုပျိုးထောင်မှုတို့သည် ၎င်းတို့ကို အော်ဂလီဆန်စေသည့် အရာများသာ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်သလော။ (၎င်းတို့သည် ထိုအဆင့်သို့ မမီကြပေ။) မှန်သည်၊ ၎င်းတို့သည် ထိုအဆင့်သို့ မမီကြပေ၊ ၎င်းတို့သည် အလုပ်လုပ်ပေးသူများပင် မဟုတ်ကြပေ။ အချို့လူများက “၎င်းတို့သည် အလုပ်လုပ်ပေးသူများပင် မဟုတ်သောကြောင့် ဘုရားအိမ်တော်အတွင်း၌ ၎င်းတို့ကို မည်သို့ သတ်မှတ်သနည်း။ ၎င်းတို့သည် ဘုရားအိမ်တော်ထဲသို့ မည်သို့ ရောက်လာခဲ့ကြသနည်း” ဟု ပြောကြသည်။ ကျွန်ုပ်တို့သည် ၎င်းတို့ကို ရှင်းပြရမည်ဆိုလျှင်၊ အမျိုးအစားတစ်ခုထဲသို့ ထည့်သွင်းရမည်ဆိုလျှင် တိတိကျကျပြောရသော် ဤပုဂ္ဂိုလ်များသည် ဘာသာတရား မရှိသူများထဲမှ ခေါ်ဆောင်လာသော အငှားအလုပ်သမားများ သို့မဟုတ် ယာယီအလုပ်သမားများကဲ့သို့ ဖြစ်ကြသည်။ ဤအဓိပ္ပာယ်သည် ရှင်းလင်းသလော။ ဤသည်မှာ ၎င်းတို့၏ အမျိုးအစားဖြစ်သကဲ့သို့ ဘုရားအိမ်တော်၌ ၎င်းတို့ ပါဝင်သရုပ်ဆောင်သည့် ကဏ္ဍလည်း ဖြစ်သည်။ ၎င်းတို့သည် အလုပ်လုပ်ပေးသူများပင် မဟုတ်ကြပေ၊ ကျွန်ုပ်သည် ၎င်းတို့ကို အလုပ်လုပ်ပေးသူများအဖြစ် မမှတ်ယူပါ၊ ၎င်းတို့သည် မထိုက်တန်ပေ။ အလုပ်လုပ်ပေးသူများတွင် လူ့သဘာဝကောင်းရှိခြင်း၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း၊ အဖိုးအခပေးလိုစိတ်ရှိခြင်းနှင့် ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံနိုင်ခြင်းတို့ကဲ့သို့သော လက္ခဏာရပ်များ ပိုင်ဆိုင်ကြပြီး ၎င်းတို့သည် ဤအရာများကို အသက်ရှင်နေထိုင်ကြသည်။ ဤပုဂ္ဂိုလ်များတွင် ဤအရည်အသွေးများပင် ကင်းမဲ့နေသောကြောင့် ၎င်းတို့ကို အငှားအလုပ်သမားများအဖြစ် အမျိုးအစားခွဲခြားခြင်းသည် ၎င်းတို့အား အဆုံးစွန် ကြင်နာသနားမှုပြပြီး အလွန် ယဉ်ကျေးရာရောက်နေပြီ ဖြစ်သည်။ အငှားအလုပ်သမား သို့မဟုတ် ယာယီအလုပ်သမားဖြစ်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ အထူးကာလများအတွင်း အထူးလိုအပ်ချက်များကြောင့် ဘုရားအိမ်တော်သည် အချို့သော တာဝန်များကို ပြီးမြောက်စေရန် ကယ်တင်ခြင်းခံရခြင်းနှင့် မသက်ဆိုင်သော ပုဂ္ဂိုလ်အချို့ကို ခေါ်ယူစုဆောင်းခြင်း ဖြစ်သည်။ ဤတာဝန်များ ပြီးမြောက်ပြီးနောက်တွင် ဤပုဂ္ဂိုလ်များ၏ စရိုက်မှန်များမှာ ဖော်ထုတ်ခြင်းခံရသည်။ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံခြင်းမှ အပြည့်အဝ ဒုက္ခခံစားခဲ့ရပြီးဖြစ်ကာ ၎င်းတို့ကို သည်းမခံနိုင်လောက်သည့် အတိုင်းအတာအထိ စိတ်ကုန်လာပြီး ၎င်းတို့နှင့်ပတ်သက်၍ လုံလောက်သော ပိုင်းခြားသိမြင်နိုင်စွမ်းကိုလည်း ရရှိခဲ့ပြီးဖြစ်သည်။ ထိုသို့သော အခြေအနေများအောက်တွင် ဤပုဂ္ဂိုလ်များကို ရှင်းလင်းပစ်သင့်သည်၊ ဤသည်မှာ ထိုသို့သော လုပ်ဆောင်မှုများအတွက် အသင့်တော်ဆုံးသော အချိန်အခါ ဖြစ်သည်။ ဤပုဂ္ဂိုလ်များ မည်သို့ ဖြစ်ပေါ်လာသည်ကို ယခုလေးတင် ရှင်းလင်းစွာ ရှင်းပြခဲ့ပြီးဖြစ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ကယ်တင်ခြင်းခံရခြင်းနှင့် မသက်ဆိုင်သော အငှားအလုပ်သမားများဖြစ်ကြပြီး အသင်းတော်အလုပ်၏ အထူးကာလများအတွင်း ခေါ်ဆောင်ခြင်းခံရသူများ ဖြစ်ကြသည်။ အချိန်အတန်ကြာ ကျပန်းအလုပ်များလုပ်ပြီး အစေခံပြီးနောက်တွင် ဤပုဂ္ဂိုလ်များသည် ဘုရားအိမ်တော်အတွင်း၌ မဆင်မခြင် မကောင်းမှုများကို ကျူးလွန်ကြပြီး များပြားသော အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်ပေါ်စေသည်။ ၎င်းတို့ ပါဝင်လုပ်ဆောင်သည့် ကဏ္ဍမှာ အပျက်သဘောဆောင်သော လူတစ်မျိုး၏ ကဏ္ဍဖြစ်သည်။ ၎င်းတို့သည် စာတန်နှင့် နတ်ဆိုးများ၏ စရိုက်မှန်ကို အပြည့်အဝ ထင်ဟပ်စေသည်၊ အသင်းတော်၏အလုပ်ကို နှောင့်ယှက်ပြီး အသင်းတော်အသက်တာ၏ စည်းစနစ်ကို ဖျက်ဆီးကြသည်။ ပိုပြီး လက်တွေ့ကျကျ ပြောရလျှင် ဤပုဂ္ဂိုလ်များသည် ဘုရားအိမ်တော်၏ စက်ပစ္စည်းများ၊ စက်ယန္တရားများ၊ တန်ဖိုးကြီးပစ္စည်းများနှင့် အခြားအရာများစွာကို ပျက်စီးစေခြင်းကဲ့သို့ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သိသိသာသာ ထိခိုက်စေသည်ဟု ဆိုနိုင်သည်။ ဤပုဂ္ဂိုလ်များ၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများသည် လူပေါင်းများစွာအား ဒေါသထွက်စေခဲ့သည်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် လူအများအပြားကို သင်ခန်းစာများရရှိစေပြီး ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားစေကာ နတ်ဆိုးဟူသည် အဘယ်အရာ ဖြစ်သည်ကို၊ လူ့သဘာဝကင်းမဲ့ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသည်ကို သိရှိစေပြီး မယုံကြည်သူများ၏ စရိုက်မှန်များကို ရှင်းလင်းစွာ မြင်တွေ့စေခဲ့သည်မှာ ပြောစရာမလိုပေ၊ ၎င်းတို့သည် မယုံကြည်သူများ၏ အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များမှာ အဘယ်အရာဖြစ်သည်၊ ၎င်းတို့ မည်သည့်အရာကို လိုက်စားသည်၊ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာ၌ မည်သည့်အရာကို တောင့်တသည်၊ ဘုရားသခင်နှင့် သမ္မာတရားအပေါ် ၎င်းတို့ မည်သို့သော သဘောထားထားရှိသည်၊ မိမိတို့၏ တာဝန်များနှင့် အပြုသဘောဆောင်သောအရာများအပေါ် ၎င်းတို့ မည်သို့သော သဘောထားထားရှိသည်၊ ဘုရားအိမ်တော်က ချမှတ်ထားသော အချို့သော စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ဤပုဂ္ဂိုလ်များ ထားရှိသော သဘောထားများကိုပင် ရှင်းလင်းပြီး ပို၍ တိကျသောနည်းလမ်းဖြင့် လူများကို မြင်တွေ့စေခဲ့သည်။ ဤမျှ တိကျလာသည့်အခါ ဤပုဂ္ဂိုလ်များ မိမိတို့၏ လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သည်၊ ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရနှင့် ၎င်းတို့ လိုက်စားသည့်အရာတို့သည် လုံးဝ ဖော်ထုတ်ခြင်းခံရသည်။ သို့ဆိုလျှင် ဤပုဂ္ဂိုလ်များကို အသင်းတော်၌ ထားရှိခြင်းသည် မလိုအပ်ဟု ထင်ရသည်၊ ယင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ကြီးစွာသော ဘေးဖြစ်စေမည်ဖြစ်ပြီး ၎င်းတို့ကို လုံးဝ အကျိုးပြုမည်မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့ ထွက်ခွာရမည့်အချိန် ဖြစ်သည်။ သို့ဆိုလျှင် ဘုရားအိမ်တော်သည် ၎င်းတို့အား သမ္မာတရားကို လက်ခံရန်နှင့် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် လုံလောက်သော အချိန်နှင့် အခွင့်အရေးများ ပေးခဲ့သည်ဟု ကျွန်ုပ်တို့ ပြောဆိုပါက ဤပြောဆိုချက်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) သို့ဆိုလျှင် မည်သို့ ပြောဆိုသင့်သနည်း။ ဘုရားအိမ်တော်သည် ၎င်းတို့အား ပြန်လှည့်လာရန်အတွက် လုံလောက်သော အခွင့်အရေးများနှင့် အချိန်ကို ပေးခဲ့သော်လည်း နောက်ဆုံးရလဒ်က အချက်တစ်ချက်ကို ဖော်ပြသည်။ နတ်ဆိုးသည် မည်သည့်အချိန်၌မဆို နတ်ဆိုးသာဖြစ်ပြီး မည်သည့်အခါမျှ မပြောင်းလဲနိုင်ပေ။ ဤသည်မှာ အမှန်တရား ဖြစ်သည်။ အဆင်းနီသော နဂါးကြီးအား ဘုရားသခင်၏ အဆင့်အတန်းနှင့် ပင်ကိုလက္ခဏာကို အသိအမှတ်ပြုခိုင်းရန်မှာ ဖြစ်နိုင်သလော။ နတ်ဆိုးသဘာဝရှိသော ဤလူများကို ပြောင်းလဲစေပြီး စည်းမျဉ်းအချို့ကို လိုက်နာစေရန်မှာ ဖြစ်မြောက်နိုင်သလော။ (မဖြစ်မြောက်နိုင်ပါ။) ၎င်းတို့သည် ဤအရာကို မဖြစ်မြောက်နိုင်ပေ။ ၎င်းတို့အား အခွင့်အရေးများပေးခြင်းသည် ၎င်းတို့ သမ္မာတရားကို လက်ခံရန်၊ ဘုရားသခင်ပြုသော အမှုကို အသိအမှတ်ပြုရန် သို့မဟုတ် သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူရန်အတွက်မဟုတ်ဘဲ ၎င်းတို့အား ပြန်လှည့်လာရန် အခွင့်အရေးများပေးရန်သာ ဖြစ်သည်။ ၎င်းတို့ ပြန်လှည့်လာခဲ့သည့် အနည်းငယ်သော လက္ခဏာပင် ရှိခဲ့ပါက ၎င်းတို့၏ နောက်ဆုံးအဆုံးသတ်သည် ပြောင်းလဲသွားနိုင်ကောင်း ပြောင်းလဲသွားနိုင်သည်။ သို့သော် ဤလူများသည် မိမိတို့အတွက် အဘယ်အရာက ကောင်းသည်ကို မသိကြပေ၊ ၎င်းတို့၏ နတ်ဆိုးသဘာဝသည် ထိုအတိုင်းပင် အစဉ်ရှိနေမည် ဖြစ်သည်။ ၎င်းတို့အား အချိန်မည်မျှ သို့မဟုတ် အခွင့်အရေးမည်မျှပင် ပေးစေကာမူ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာနှင့် ၎င်းတို့၏ အနှစ်သာရသည် ပြောင်းလဲမည်မဟုတ်ပေ၊ ဤသည်မှာ အမှန်တရား ဖြစ်သည်။ ထို့ကြောင့် ဤလူများကို ကိုင်တွယ်ရန် နောက်ဆုံးနည်းလမ်းမှာ ၎င်းတို့ကို မိမိတို့၏ တာဝန်များမှ ဖယ်ရှားခြင်း၊ အသင်းတော်မှ ထွက်ခွာစေခြင်းနှင့် ဘုရားအိမ်တော်နှင့် မည်သည့်ဆက်နွှယ်မှု သို့မဟုတ် ဆက်ဆံရေးမျှ မရှိစေရန် သေချာစေခြင်းပင် ဖြစ်သည်။ “ဤလူများသည် အတော်ပင် ငယ်ရွယ်သေးသည်၊ အချိန်ပေးလိုက်ပါက ၎င်းတို့သည် ထူးချွန်လာကြလိမ့်မည်။ ၎င်းတို့တွင် အလွန်ကောင်းသော အစွမ်းအစရှိသည်၊ ၎င်းတို့သည် အလွန်ပင် ဆုကျေးဇူးရှိပြီး ပင်ကိုစွမ်းရည် ရှိကြသည်။ ၎င်းတို့ သမ္မာတရားကို လက်ခံနိုင်ပါက ကောင်းလိုက်မည့်ဖြစ်ခြင်း။ ဘုရားအိမ်တော်သည် ပို၍ ချစ်ခင်ပြီး သည်းခံနိုင်ပါက၊ ၎င်းတို့အား နောင်တရရန် အခွင့်အရေးများ ပိုပေးပါက ၎င်းတို့ အသက်ကြီးလာသည့်အခါ ရလဒ်များမှာ ကွဲပြားသွားနိုင်ကောင်း ကွဲပြားသွားနိုင်သည်” ဟု ပြောဆိုလျက် ၎င်းတို့ ထွက်ခွာသွားသည်ကို မမြင်လိုဘဲ ၎င်းတို့ကို သနားကြသော ပုဂ္ဂိုလ်များ ရှိသလော။ ဤသို့ တွေးခေါ်သော လူစားမျိုးမှာ အဘယ်နည်း။ (နားဝေတိမ်တောင် ဖြစ်သောလူများ၊ မရှင်းမလင်း ဖြစ်နေသော လူများ ဖြစ်ပါသည်။) မှန်သည်။ ၎င်းတို့အားလုံးသည် နားဝေတိမ်တောင်ဖြစ်သော၊ မရှင်းမလင်းဖြစ်နေသော လူများ၊ လူယုတ်မာများသာ ဖြစ်ကြသည်။ ဘုရားသခင်သည် ထိုသို့သောလူများကို မကယ်တင်ပေ၊ ဘုရားအိမ်တော်သည်လည်း ၎င်းတို့ကို နေခွင့်မပြုပေ၊ ၎င်းတို့အကြောင်း သနားစရာ အဘယ်အရာ ရှိသနည်း။ ဘုရားသခင်သည် ထိုသို့သောလူများကို ကယ်တင်မည်မဟုတ်ဟု ပြောသည့်တိုင် သင်ကမူ ၎င်းတို့အား နောင်တရရန် အခွင့်အရေးပေးသင့်သည်ဟု အကြံပြုသည်။ သင်သည် လူများကို ကယ်တင်နိုင်သလော။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်နေခြင်း မဟုတ်လော။ သင်သည် အခြားသူများကို သင်က ဘုရားသခင်ထက် ပို၍ ချစ်ခင်တတ်သည်ဟု ထင်စေရန် ကြိုးစားနေခြင်းဖြစ်သလော။ သင်၌ သမ္မာတရား လက်တွေ့ကျမှု ရှိသလော။ သင်သည် လူတစ်ဦး၏ အနှစ်သာရကို ထွင်းဖောက်မြင်နိုင်သလော။ လူများကို မည်သူက ကယ်တင်နိုင်သနည်း၊ ဘုရားသခင်လော သို့မဟုတ် သင်လော။ ဘုရားသခင်ကို ဆန့်ကျင်ဝံ့ခြင်းသည် အလွန်ပင် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကာ ဆင်ခြင်တုံတရား ကင်းမဲ့လွန်းသည် မဟုတ်လော။ ဤသည်မှာ ကြီးစွာသော ပုန်ကန်မှုတစ်ခု မဟုတ်လော။ ဤသည်မှာ စာတန်နှင့် နတ်ဆိုးများက လူဝင်စားပြီး ဘုရားသခင်ကို ဆန့်ကျင်ရာ၌ အစဉ် ပျော်မွေ့နေခြင်း မဟုတ်လော။ ယခုလေးတင် ဖော်ပြခဲ့သော မယုံကြည်သူများသည် တိရစ္ဆာန်များထက်ပင် နိမ့်ကျသည်။ မည်သို့ပင် သမ္မာတရားကို ၎င်းတို့အား မိတ်သဟာယဖွဲ့စေကာမူ အသုံးမဝင်ပေ၊ ၎င်းတို့ကို ပြုပြင်ခြင်းသည်ပင် အချည်းနှီး ဖြစ်သည်။ ၎င်းတို့တွင် စာတန်၏ သဘာဝရှိပြီး မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ဟု ဆိုနိုင်သည်။ တစ်စုံတစ်ဦးသည် စာတန်အမျိုးအနွယ်ဖြစ်သော ထိုသူတို့အား နောင်တရရန် အခွင့်အရေးပေးလိုပါက ထိုသူတို့ကို ထိုသူကပင် ထောက်ပံ့ပါစေ ၎င်းတို့တွင် အမှန်တကယ် ချစ်ခြင်းမေတ္တာရှိမရှိကို ငါတို့ မြင်ရလိမ့်မည်။ သမ္မာတရားကို လုံးဝလက်မခံသော ထိုမယုံကြည်သူများသည် အသင်းတော်၌ အဆိုးဆုံးသောသူများ ဖြစ်ကြသည်၊ ၎င်းတို့အားလုံးသည် တိရစ္ဆာန်များကဲ့သို့ဖြစ်ပြီး ဆင်ခြင်တုံတရားမဲ့ကာ ကယ်တင်ခြင်းခံရရန် မဖြစ်နိုင်ပေ။ အတိတ်တွင်ဖြစ်စေ၊ ပစ္စုပ္ပန်တွင်ဖြစ်စေ ၎င်းတို့အပေါ် အသင်းတော်၏ ကိုင်တွယ်မှုသည် အသင့်တော်ဆုံးဖြစ်ခဲ့သည်၊ အသင်းတော်သည် ၎င်းတို့အား အလွန်ကြီးမားသော စိတ်ရှည်မှုနှင့် သည်းခံမှုကို ပြသခဲ့ပြီး လုံလောက်သော အခွင့်အရေးများကို ပေးခဲ့သည်။ သို့သော် ယခုအချိန်အထိ ၎င်းတို့သည် လုံးဝ မပြောင်းလဲခဲ့ဘဲ မိမိတို့၏ နည်းလမ်းများတွင် ပို၍ပင် ဆိုးရွားလာခဲ့သည်။ အစပိုင်းတွင် ဤလူများသည် မိမိတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ကောင်းချီးများအတွက် လိုအင်ဆန္ဒများဖြင့် ဘုရားသခင်ကို ယုံကြည်ရန် လာကြသည့်အခါ ၎င်းတို့သည် အနည်းငယ် ချုပ်တည်းနိုင်ကြပြီး အနည်းငယ်သော စိတ်အားထက်သန်မှုနှင့် ဇွဲလုံ့လဖြင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ကြသည်။ သို့သော် နောက်ဆုံးတွင် “ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည် သမ္မာတရားကို လိုက်စားခြင်း၊ ဘုရားသခင်၏ အမှုကို သိရှိခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းကို ဆိုလိုပြီး ထိုမျှသာဖြစ်သည်” ကို ၎င်းတို့ မြင်တွေ့သည့်အခါ ဘုရားသခင်နှင့် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားအပြင် ၎င်းတို့၏ စရိုက်မှန်များသည်လည်း လုံးလုံးလျားလျား ဖော်ထုတ်ခြင်းခံရသည်။ အဘယ်အရာက ဖော်ထုတ်ခြင်းခံရသနည်း။ ၎င်းတို့သည် လူ့သဘာဝ၊ အသိတရားနှင့် ဆင်ခြင်တုံတရား ကင်းမဲ့ရုံသာမက အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပြီး ဆိုးယုတ်ကာ ကြမ်းတမ်းကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် သမ္မာတရားကို မထီမဲ့မြင်ပြုကြပြီး ဘုရားအိမ်တော်၏ တောင်းဆိုချက်များနှင့် စည်းမျဉ်းများ၊ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကိုပင် ရန်လိုမှုနှင့် အာခံမှုမျက်နှာထားဖြင့် ဆက်ဆံကြသည်။ ၎င်းတို့၏ ဤသရုပ်သကန်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများ ၎င်းတို့အပေါ် ခံစားရသော အော်ဂလီဆန်မှုနှင့် စက်ဆုပ်မှုတို့ကို ပိုမိုပြင်းထန်စေခဲ့ပြီး ဘုရားအိမ်တော်က ၎င်းတို့ကို သန့်စင်ဖယ်ရှားသည့် အရှိန်ကိုလည်း မြန်ဆန်စေခဲ့ကာ နောက်ဆုံးတွင် ၎င်းတို့ နေမည် သို့မဟုတ် ထွက်ခွာမည်ကို လျင်မြန်စွာ ဆုံးဖြတ်စေပြီး ၎င်းတို့၏ အဆုံးသတ်များနှင့် ကံကြမ္မာများကို ဆုံးဖြတ်ပေးခဲ့သည်။ ၎င်းတို့၏ အဆုံးသတ်များနှင့် ကံကြမ္မာများကို ၎င်းတို့ကိုယ်တိုင် ရှာယူခဲ့ခြင်းဖြစ်သည်၊ မည်သူတစ်ဦးတစ်ယောက်၏ လှုံ့ဆော်မှု သို့မဟုတ် သွေးထိုးမှုကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်၊ သို့မဟုတ် တစ်စုံတစ်ဦးက ဤလူများကို အတင်းအကျပ်ပြုလုပ်ခြင်း သို့မဟုတ် သွေးဆောင်ဖြားယောင်းခြင်းကြောင့်လည်း မဟုတ်၊ ပတ်ဝန်းကျင်အခြေအနေများကြောင့် ဖြစ်ပေါ်လာခြင်းလည်း သေချာပေါက် မဟုတ်ပေ၊ ၎င်းတို့၏ အဆုံးသတ်များနှင့် ကံကြမ္မာများသည် မိမိတို့ကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်၊ ၎င်းတို့၏ ကိုယ်ပိုင်ရွေးချယ်မှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ၎င်းတို့၏ သဘာဝ အနှစ်သာရနှင့် ၎င်းတို့ လျှောက်လှမ်းခဲ့သော လမ်းကြောင်းများက ဆုံးဖြတ်ပေးခဲ့ခြင်း ဖြစ်သည်။ ဤလူများ၏ အဆုံးသတ်များနှင့် ကံကြမ္မာများကို သတ်မှတ်ပြီးဖြစ်သည်၊ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသောသူများ၏ စာရင်းမှ ရှင်းလင်းပစ်ခြင်းခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အလုပ်လုပ်ပေးသူများပင် မဟုတ်ကြတော့ပေ။ ၎င်းတို့ မည်သို့သော ကံကြမ္မာမျိုး ရှိလိမ့်မည်ကို သင် ကောင်းစွာ စိတ်ကူးကြည့်နိုင်သည်၊ ဤနေရာတွင် ဖော်ပြရန်ပင် မထိုက်တန်ပေ၊ အကြောင်းမှာ ၎င်းတို့သည် မထိုက်တန်သောကြောင့် ဖြစ်သည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။