ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၇) အခန်း ငါး

ည။ ယိမ်းယိုင်ခြင်း

ဒသမမြောက် သရုပ်သကန်မှာ “ယိမ်းယိုင်ခြင်း” ဖြစ်သည်။ ယိမ်းယိုင်တတ်သောလူများက မည်သည့် တိကျသော သရုပ်သကန်များကို ပြသကြသနည်း။ ပထမဦးစွာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ ဤလူများ၌ရှိသော အကြီးမားဆုံးသော သံသယများမှာ “ဘုရားက အမှန်တကယ် တည်ရှိသလော။ ဝိညာဉ်ရေးရာနယ်ပယ် ရှိသလော။ ငရဲ ရှိသလော။ ဘုရားပြောသော ဤနှုတ်ကပတ်တော်များသည် သမ္မာတရား ဟုတ်ပါသလော။ ဤပုဂ္ဂိုလ်သည် လူ့ဇာတိခံ ဘုရားဖြစ်သည်ဟု လူတို့က ပြောကြသော်လည်း သူ့ကို လူ့ဇာတိခံ ဘုရားကဲ့သို့ ထင်ရစေသည့် သွင်ပြင်တစ်ခုကိုမျှ ကျွန်ုပ် မမြင်ဖူးပါ။ သို့ဆိုလျှင် ဘုရား၏ ဝိညာဉ်တော်သည် အတိအကျ မည်သည့်နေရာတွင် ရှိသနည်း။ ဘုရားသည် အမှန်တကယ် တည်ရှိသလော၊ မရှိသလော” ဟူ၍ ဖြစ်ကြသည်။ ၎င်းတို့သည် ဤမေးခွန်းများကို မည်သည့်အခါမျှ ရှင်းလင်းစွာ အဖြေမရှာနိုင်ကြပေ။ ဘုရားသခင်ကို ယုံကြည်သောလူများစွာ ရှိသည်ကို ၎င်းတို့ မြင်တွေ့ကြပြီး “ဘုရားသခင် တည်ရှိရမည်။ သူသည် တည်ရှိကောင်း တည်ရှိလိမ့်မည်။ သူ တည်ရှိပါစေဟု ကျွန်ုပ် မျှော်လင့်သည်။ မည်သို့ပင်ဖြစ်စေ ဘုရားကို ယုံကြည်ခြင်းသည် ကျွန်ုပ်ကို မည်သည့်ဆုံးရှုံးမှုမျှ မဖြစ်စေခဲ့ပါ၊ မည်သူကမျှ ကျွန်ုပ်ကို မတရားမဆက်ဆံခဲ့ပါ။ တာဝန်ထမ်းဆောင်ခြင်းသည် ကောင်းချီးမင်္ဂလာများနှင့် ကောင်းသော ပန်းတိုင်တစ်ခုကို ဆောင်ကြဉ်းပေးနိုင်ပြီး အနာဂတ်တွင် ကျွန်ုပ် မသေဆုံးရအောင် ပြုလုပ်လိမ့်မည်ဟု ကျွန်ုပ် ကြားဖူးသည်။ သို့ဖြစ်၍ ကျွန်ုပ် လိုက်ယုံကြည်လိုက်မည်ဟု ထင်ပါသည်” ဟု တွေးထင်ကြသည်။ အချိန်ကာလတစ်ခုကြာ ယုံကြည်ပြီးနောက် အချို့လူများ စမ်းသပ်မှုများနှင့် ဒုက္ခဆင်းရဲများကို ကြုံတွေ့ရသည်ကို ၎င်းတို့ မြင်တွေ့ကြပြီး ဤသို့ စတင်တွေးတောကြသည်၊ “ဘုရားကို ယုံကြည်ခြင်းသည် ကောင်းချီးမင်္ဂလာများ ဆောင်ကြဉ်းပေးရန် ဖြစ်သည် မဟုတ်လော။ အချို့လူများ ဆိုးရွားစွာ နာမကျန်းဖြစ်ပြီး သေဆုံးခဲ့ကြသည်၊ အချို့မှာ အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရပြီး သေဆုံးခဲ့ကြကာ အခြားသူများမှာမူ တာဝန်ထမ်းဆောင်နေစဉ် နာမကျန်းဖြစ်ခဲ့ကြသည် သို့မဟုတ် ၎င်းတို့၏ မိသားစုများအပေါ် ဘေးအန္တရာယ်များ ကျရောက်ခဲ့ကြသည်။ ဘုရားသခင်သည် ၎င်းတို့ကို အဘယ်ကြောင့် မကာကွယ်ခဲ့သနည်း။ သို့ဆိုလျှင် ဘုရားသည် အမှန်တကယ် တည်ရှိသလော၊ မရှိသလော။ သူသာ တည်ရှိပါက ဤအရာများ မဖြစ်သင့်ခဲ့ပါ” ဟူ၍ ဖြစ်သည်။ အချို့သော စေတနာကောင်းရှိသူများက ၎င်းတို့အား သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့လျက် “ဘုရားသခင်သည် အရာခပ်သိမ်းကို အချုပ်အခြာအာဏာ ကိုင်စွဲတော်မူပြီး လူတို့၏ ကံကြမ္မာများသည် ဘုရားသခင်၏ လက်တော်အားဖြင့် စီစဉ်ညွှန်ကြားခြင်းခံရသည်။ လူတို့သည် ဤကိစ္စရပ်များကို ဘုရားသခင်ထံမှ ခံယူသင့်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းထံ မိမိတို့ကိုယ်ကို အပ်နှံသင့်သည်။ ဘုရားသခင် ပြုလေသမျှသည် ကောင်းမြတ်သည်” ဟု ပြောဆိုကြသည်။ ထိုအခါ ဤယိမ်းယိုင်တတ်သော ပုဂ္ဂိုလ်များက “ကျွန်ုပ်ကတော့ ယင်းနှင့်ပတ်သက်၍ မည်သည့်အရာ ကောင်းသည်ကို မမြင်ပါ။ ဘေးအန္တရာယ်များ ခံစားရခြင်းသည် ကောင်းပါသလော။ ဆိုးရွားစွာ နာမကျန်းဖြစ်ခြင်း သို့မဟုတ် ကု၍မရသော ရောဂါတစ်ခု ရရှိခြင်းသည် ကောင်းပါသလော။ သေဆုံးခြင်းသည် သာ၍ပင် ဆိုးသေးသည်။ ဘုရားသည် တည်ရှိသလော၊ မရှိသလော။ ကျွန်ုပ် မသိပါ” ဟု ဆိုကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အစဉ်သဖြင့် သံသယများဖြင့် ပြည့်နေသည်။ လူများစွာ တာဝန်ထမ်းဆောင်နေကြသည်ကိုလည်းကောင်း၊ ဘုရားအိမ်တော်၏အလုပ်သည် ပို၍ပို၍ ကျယ်ပြန့်လာသည်ကိုလည်းကောင်း၊ အသင်းတော်သည် တစ်နေ့တခြား သာ၍စည်ပင်လာသည်ကိုလည်းကောင်း ၎င်းတို့ မြင်တွေ့သည့်အခါ ဘုရားသခင် တည်ရှိရမည်ဟု ၎င်းတို့ ခံစားကြရသည်။ အထူးသဖြင့် ဘုရားသခင် ပြသခဲ့သော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ညီအစ်ကိုမောင်နှမများက သက်သေခံကြသည်ကိုလည်းကောင်း၊ ဘုရားသခင်ထံမှ ၎င်းတို့ ရရှိခဲ့သော ကျေးဇူးတော်ကို သက်သေခံကြသည်ကိုလည်းကောင်း ကြားရသည့်အခါ ဤယိမ်းယိုင်တတ်သော ပုဂ္ဂိုလ်များက “ဘုရားသည် အမှန်ပင် တည်ရှိသည်။ လူတို့သည် ဘုရား၏ ဝိညာဉ်တော်ကို မမြင်နိုင်သော်လည်း လူ့ဇာတိခံ ဘုရား ပြောဆိုခဲ့သော နှုတ်ကပတ်တော်များကို လူတို့ ကြားခဲ့ရပြီးဖြစ်သည်၊ ပြီးလျှင် လူများစွာတို့ ဘုရားနှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့ခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းတို့ကိုလည်း ကျွန်ုပ် ကြားခဲ့ရပြီးဖြစ်သည်။ သို့ဖြစ်၍ ဘုရားသည် အမှန်ပင် တည်ရှိရမည်” ဟု သာ၍ပင် ပြင်းပြင်းထန်ထန် ခံစားကြရသည်။ အသင်းတော်သည် ကြီးပွားတိုးတက်နေသည့်အခါ၊ အသင်းတော်အတွက် အရာရာတိုင်း အဆင်ပြေချောမွေ့နေသည့်အခါ၊ အသင်းတော်သည် ဖွံ့ဖြိုးတိုးတက်နေသည့်အခါနှင့် အသင်းတော်၏အလုပ်သည် ပို၍ပို၍ ကျယ်ပြန့်လာသည့်အခါ၊ အထူးသဖြင့် ညီအစ်ကိုမောင်နှမများသည် အချို့သော ထူးခြားသည့် အခြေအနေများနှင့် ထူးခြားသည့် ကိစ္စရပ်များကို တွေ့ကြုံခံစားရပြီး ဤအရာများမှတစ်ဆင့် ဘုရားသခင်၏ စောင့်ရှောက်ခြင်း၊ အချုပ်အခြာအာဏာနှင့် ဦးဆောင်ခြင်းတို့ကို မြင်တွေ့ရသည့်အခါတွင် ၎င်းတို့သည် ဘုရားသခင် တည်ရှိကြောင်းနှင့် ဘုရားသခင်သည် အမှန်တကယ် ကောင်းမြတ်ကြောင်းကို ခံစားကြရသည်။ သို့သော်လည်း အချိန်ကာလတစ်ခု ကြာပြီးနောက်တွင် ၎င်းတို့သည် စိတ်ပျက်စရာများနှင့် ကြမ်းတမ်းသော အခြေအနေများကို တွေ့ကြုံရနိုင်သည်၊ အချို့မှာ ကျရှုံးမှုများနှင့် အဆင်မပြေမှုများကို တွေ့ကြုံရနိုင်သည် သို့မဟုတ် ဘုရားအိမ်တော်သည် လူတစ်စိတ်တစ်ပိုင်းကို ဖယ်ရှားရှင်းလင်းကောင်း ရှင်းလင်းနိုင်သည်။ ဤအရာများ၊ အထူးသဖြင့် နောက်ဆုံးအရာသည် ၎င်းတို့၏ အယူအဆများကို အလွန်အမင်း ဆန့်ကျင်ပြီး ၎င်းတို့ မျှော်လင့်မထားသည့်အရာများ ဖြစ်နေသည်။ ၎င်းတို့က “ဘုရားသာ တည်ရှိပါက ဤအရာများ မည်သို့ ဖြစ်ပွားနိုင်မည်နည်း။ ၎င်းတို့ မဖြစ်သင့်ပါ။ ဤအရာများသည် ဘာသာတရား မရှိသူများကြားတွင် ဖြစ်ပွားရန်မှာ ပုံမှန်ဖြစ်သော်လည်း ဘုရားအိမ်တော်၌လည်း မည်သို့ ဖြစ်ပွားနိုင်မည်နည်း။ ဘုရားသာ တည်ရှိပါက သူသည် အနန္တတန်ခိုးရှင်ဖြစ်ပြီး ဩဇာအာဏာနှင့် တန်ခိုးရှိသောကြောင့် ဤကိစ္စရပ်များကို ဖြေရှင်းသင့်ပြီး ဤအရာများ ဖြစ်ပွားခြင်းမှ တားဆီးသင့်သည်။ ဘုရားသည် အမှန်တကယ် တည်ရှိသလော၊ မရှိသလော။ လူတို့သည် ဘုရား၏ ဝိညာဉ်တော်ကို မမြင်နိုင်ကြပေ။ လူ့ဇာတိခံ ဘုရား ပြောဆိုခဲ့သော နှုတ်ကပတ်တော်များနှင့်ပတ်သက်၍မူ လူအားလုံးက ယင်းတို့သည် သမ္မာတရား၊ လမ်းခရီးဖြစ်ပြီး လူတို့၏ အသက်ဖြစ်နိုင်သည်ဟု ဆိုကြသည်။ သို့သော် ကျွန်ုပ်သည် အဘယ်ကြောင့် ယင်းတို့ကို သမ္မာတရားအဖြစ် မခံစားရသနည်း။ ကျွန်ုပ်သည် တရားဒေသနာများကို အချိန်ကြာမြင့်စွာ နားထောင်ခဲ့ပြီးဖြစ်သော်လည်း ကျွန်ုပ်၏ အသက်သည် လုံးဝ မပြောင်းလဲသေးပါ။ ကျွန်ုပ်သည် များစွာ ဆင်းရဲဒုက္ခခံခဲ့ပြီးပြီ၊ ကျွန်ုပ် မည်သည့်အရာ ရရှိခဲ့ပြီနည်း” ဟု ခံစားကြရသည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် သံသယများ စတင်ဝင်ရောက်လာပြီး ၎င်းတို့၏ တာဝန်ထမ်းဆောင်လိုစိတ်သည် လျော့နည်းလာကာ အေးစက်သွားသည်။ ထို့နောက် ၎င်းတို့သည် ကောင်းမွန်သောဘဝတစ်ခုကို နေထိုင်ရန် အလုပ်လုပ်ပြီး ငွေရှာဖို့အတွက် ဘုရားအိမ်တော်မှ ထွက်ခွာသွားဖို့ စဉ်းစားကြသည်၊ ဤမတည်ငြိမ်သော အတွေးအခေါ်များ ပေါ်ပေါက်လာတော့သည်။ ၎င်းတို့က မိမိတို့ဘာသာ ဤသို့ တွေးထင်ကြသည်၊ “ကျွန်ုပ် ယုံကြည်သော ဘုရားသည် စစ်မှန်သော ဘုရား မဟုတ်ပါက ဘုရားကို ယုံကြည်ရင်း ဤနှစ်များတစ်လျှောက် အလုပ်မလုပ်ဘဲ သို့မဟုတ် ငွေမရှာဘဲ နေခဲ့ခြင်းသည် အလွန်ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့လိမ့်မည်။ မဟုတ်သေးပါ၊ ဤသို့ တွေးခြင်းသည် မှားသည်။ ကျွန်ုပ် ကောင်းမွန်စွာ ဆက်လက်ယုံကြည်ရန် လိုအပ်သေးသည်။ ဘုရားနှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုခြင်းသည် လူတစ်ဦးကို သမ္မာတရား နားလည်စေနိုင်ပြီး ပြဿနာအားလုံးကို ဖြေရှင်းနိုင်ကာ အားနည်းတော့မည်မဟုတ်ဟု လူတို့ ပြောကြသည်ကို ကျွန်ုပ် ကြားဖူးသည်။ သို့သော် ကျွန်ုပ်သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့ပြီးဖြစ်သော်လည်း သမ္မာတရားကို နားမလည်သေးပါ။ ကျွန်ုပ် အဘယ်ကြောင့် အပျက်သဘောဆောင်နေရသေးသနည်း။ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရန် ခွန်အားမရှိဟု အဘယ်ကြောင့် အမြဲ ခံစားနေရသနည်း။ ဘုရားသည် ကျွန်ုပ်၌ အလုပ်လုပ်တော်မမူပါ။ ကျွန်ုပ်၌ အခက်အခဲများစွာ ရှိသော်လည်း ဘုရားသည် ကျွန်ုပ်အတွက် ထွက်ပေါက်တစ်ခုကို ဖွင့်ပေးတော်မမူခဲ့ပါ။ သို့ဆိုလျှင် ဘုရားသည် အမှန်တကယ် တည်ရှိသလော၊ မရှိသလော။ ဤသည်သာ စစ်မှန်သော လမ်းခရီးဖြစ်ပါက ဘုရားသည် တာဝန်ထမ်းဆောင်သောလူများကို ငြိမ်သက်ခြင်း၊ ချောမွေ့ခြင်းနှင့် ပုံမှန်ဖြစ်ခြင်းတို့ဖြင့် ကောင်းချီးပေးသင့်သည်။ သို့ဆိုလျှင် ဧဝံဂေလိတရားကို ဟောပြောခြင်းနှင့် တာဝန်ထမ်းဆောင်ခြင်းတို့၌ ဤမျှ ကြီးမားသော အခက်အခဲများ အဘယ်ကြောင့် ရှိနေရသေးသနည်း။ ဘာသာရေးလောကသည် နောက်ကျကျန်ရစ်ခဲ့ပြီးဖြစ်ကြောင်းနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် နိုင်ငံတော်ခေတ်ထဲသို့ ဝင်ရောက်ခြင်းဖြစ်ကြောင်း ကျွန်ုပ် သိသော်လည်း သန့်ရှင်းသောဝိညာဉ်တော် မည်သို့အလုပ်လုပ်သည်ကို ကျွန်ုပ် အဘယ်ကြောင့် မမြင်တွေ့ရသေးသနည်း” ဟူ၍ ဖြစ်သည်။ ဤသူတို့သည် မည်သို့သော လူစားမျိုးများနည်း။ ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသောလူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကြသော်လည်း သမ္မာတရားကို နားမလည်ကြပေ။ သမ္မာတရားကို မည်မျှပင် မိတ်သဟာယဖွဲ့စေကာမူ ၎င်းတို့သည် ယင်း၏အဓိပ္ပာယ်ကို နားလည်သဘောပေါက်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် အမှုအရာများကို ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ အစဉ်ရှုမြင်ကြပြီး ဘုရားသခင်နှင့်ပတ်သက်၍ သံသယများဖြင့် အစဉ်ပြည့်နှက်နေကြသည်။ ထိုသို့သောလူတစ်ဦးသည် သမ္မာတရားကို မည်သို့ နားလည်နိုင်မည်နည်း။ အချို့လူများသည် ဧဝံဂေလိတရားကို ဟောပြောခြင်းသည် အတော်ပင် ခက်ခဲကြောင်း မြင်တွေ့ကြရာ ၎င်းတို့က “ဤသည်သာ စစ်မှန်သော လမ်းခရီးဖြစ်ပါက သန့်ရှင်းသောဝိညာဉ်တော်သည် ကြီးမားစွာ အလုပ်လုပ်နေလိမ့်မည်။ ညီအစ်ကိုမောင်နှမများ ဧဝံဂေလိတရားဟောရန် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ချောမွေ့ပြီး အဟန့်အတား ကင်းမဲ့နေလိမ့်မည်။ ထိုထက်သာ၍ပင် အစိုးရအရာရှိများသည်လည်း ယုံကြည်လာကြပြီး အရာရာတိုင်းကို လမ်းဖွင့်ပေးကြလိမ့်မည်။ ဤသည်မှာ စစ်မှန်သော ဘုရား၏ လုပ်ဆောင်မှု အမှန်တကယ် ဖြစ်ပေလိမ့်မည်။ သို့သော် ယခု အချက်အလက်များကို ကြည့်လျှင် ယင်းမှာ လုံးဝ မမှန်ကန်ပေ။ ကမ္ဘာတစ်ဝှမ်းရှိ အမျိုးမျိုးသော နိုင်ငံများမှ သမ္မတများနှင့် အရာရှိများသည် ဘုရားကို မယုံကြည်ရုံသာမက ဘုရားကို ယုံကြည်ခြင်းကိုလည်း မထောက်ခံကြပေ။ အချို့နိုင်ငံများတွင် အစိုးရများကပင် ယုံကြည်သူများကို ညှဉ်းပန်းနှိပ်စက်ပြီး လူများကို ဘုရားကို ယုံကြည်ခြင်းမှ ဟန့်တားကြသည်။ သို့ဆိုလျှင် ကျွန်ုပ်တို့ ယုံကြည်သော ဘုရားသည် အမှန်တကယ် စစ်မှန်သော ဘုရား ဟုတ်ပါသလော။ ကျွန်ုပ် မသိပါ၊ ပြောရန် ခက်ခဲသည်” ဟု တွေးထင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ကြီးမားသော မေးခွန်းသင်္ကေတကြီးတစ်ခု အစဉ်ရှိနေသည်။ သတင်းတစ်မျိုးမျိုးကို ကြားရသည့်အခါတိုင်း ၎င်းတို့အတွက်မူ အကျိုးသက်ရောက်မှုမှာ သိပ်မကြီးမားလျှင်ပင် လျစ်လျူရှုထား၍မရနိုင်သော “ငလျင်” တစ်ခုကဲ့သို့ ခံစားရပြီး ၎င်းတို့ကို ယိမ်းယိုင်စေသည်။ အချို့လူများက “၎င်းတို့သည် အစဉ်သဖြင့် ယိမ်းယိုင်နေခြင်းမှာ ဘုရားသခင်ကို အချိန်တိုအတွင်းသာ ယုံကြည်ခဲ့သောကြောင့် ဖြစ်သလော” ဟု ပြောဆိုကြသည်။ ယင်းမှာ မမှန်ကန်ပေ၊ အချို့လူများသည် သုံးနှစ်၊ ငါးနှစ် သို့မဟုတ် ဆယ်နှစ်ကျော်ပင် ယုံကြည်ခဲ့ပြီးဖြစ်သည်။ ယင်းကို အချိန်တိုဟု သတ်မှတ်သလော။ တစ်စုံတစ်ဦးသည် ကျေးဇူးတော်ခေတ်၏ အမှုတော်အတွင်း သုံးနှစ် သို့မဟုတ် ငါးနှစ်ကြာ ယုံကြည်ခဲ့ပါက ယင်းကို အချိန်ကြာသည်ဟု သတ်မှတ်မည်မဟုတ်ပေ၊ အကြောင်းမှာ ၎င်းတို့သည် နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် နှုတ်ကပတ်တော်များကို မကြားခဲ့ရသောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် သမ္မာကျမ်းစာမှလည်းကောင်း၊ လူတို့၏ တရားဒေသနာများမှလည်းကောင်း သမ္မာကျမ်းဆိုင်ရာ အသိပညာနှင့် ဝိညာဉ်ရေးရာ သီအိုရီအနည်းငယ်ကိုသာ နားလည်ခဲ့ကြသည်။ ယင်းမှာ ရရှိခဲ့သည့်အရာက အလွန်ပင် နည်းလွန်းသည်။ တစ်စုံတစ်ဦးသည် ဤလက်ရှိအဆင့်၏ အမှုတော်ကို လက်ခံသည့်အခါတွင်မူ ကွဲပြားသည်၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်နောက်သို့ သုံးနှစ်ကြာ လိုက်သရွေ့ ၎င်းတို့ တွေ့ကြုံခံစားရသည့်အရာ၊ နားလည်သဘောပေါက်သည့်အရာနှင့် ရရှိသည့်အရာသည် ကျေးဇူးတော်ခေတ်၌ သခင့်ကို အနှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်၊ သို့မဟုတ် တစ်သက်တာလုံး ယုံကြည်ခြင်းမှ တစ်စုံတစ်ဦး ရရှိနိုင်ခဲ့သည့်အရာကို ကျော်လွန်ပေသည်။ သို့သော် ယိမ်းယိုင်တတ်သော ဤလူများသည် သုံးနှစ်၊ ငါးနှစ် သို့မဟုတ် ဆယ်နှစ်ကျော်ပင် ယုံကြည်ပြီးသည့်နောက်၌ပင် ဤအမှုတော်အဆင့်သည် ဘုရားသခင် လုပ်ဆောင်ခြင်း ဟုတ်မဟုတ်ကို မဆုံးဖြတ်နိုင်ကြသေးဘဲ ဘုရားသခင်၏ တည်ရှိမှုနှင့်ပတ်သက်၍ပင် သံသယများ ရှိနေကြသည်။ ထိုသို့သောလူများသည် အလွန် ဒုက္ခပေးတတ်သည်ဟု သင် ဆိုမည်လော။ ၎င်းတို့တွင် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ရှိသလော။ (မရှိပါ။) ၎င်းတို့တွင် ပုံမှန်လူ့သဘာဝအတိုင်း တွေးခေါ်နိုင်စွမ်း ရှိသလော။ (မရှိပါ။) ၎င်းတို့သည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိကြပေ။ အသင်းတော်၌ မည်သို့သော အခြေအနေပင် ပေါ်ပေါက်စေကာမူ ယင်းသည် ၎င်းတို့ကို အစဉ် ယိမ်းယိုင်စေနိုင်သည်၊ ၎င်းတို့၏ စိတ်နှလုံးထဲရှိ မေးခွန်းသင်္ကေတသည် ၎င်းတို့အတွက် “ငလျင်” များကို အစဉ်မပြတ် ဖြစ်ပေါ်စေသည်။ အန္တိခရစ်များက အသင်းတော်၌ အနှောင့်အယှက်များ ဖြစ်ပေါ်စေပြီး အချို့လူများ အထင်အမြင်မှားစေခြင်း ခံရပါက သို့မဟုတ် ၎င်းတို့ ကိုးကွယ်သော တစ်စုံတစ်ဦးက ဥပမာ ပူဇော်သက္ကာများကို ခိုးယူခြင်း သို့မဟုတ် ကာမဂုဏ်၌ လွန်ကျူးသော အပြုအမူများတွင် ပါဝင်ခြင်းတို့ကဲ့သို့ ၎င်းတို့ မမျှော်လင့်ထားသည့်အရာတစ်ခုကို လုပ်ဆောင်ပါက၊ ပြီးလျှင် ရှင်းလင်းပစ်ခြင်းခံရပါက ယင်းသည် ၎င်းတို့၏ စိတ်နှလုံးများကို ယိမ်းယိုင်စေပြီး ၎င်းတို့သည် ဘုရားသခင်ကို စတင် သံသယဝင်ကြသည်၊ “ဤသည်မှာ ဘုရား၏ အမှုတော်၏ ရေစီးကြောင်း မဟုတ်လော။ သို့ဆိုလျှင် အသင်းတော်၌ ထိုသို့သော ဥပဒေမဲ့သည့်အရာများ မည်သို့ ဖြစ်ပွားနိုင်မည်နည်း။ ဘုရားသခင်သည် အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများ ပေါ်ပေါက်လာခြင်းကို မည်သို့ ခွင့်ပြုနိုင်မည်နည်း။ ဤသည်မှာ အမှန်တကယ် စစ်မှန်သော လမ်းခရီး ဟုတ်ပါသလော” ဟူ၍ ဖြစ်သည်။ အသင်းတော်၌ ဖြစ်ပွားသည့် ၎င်းတို့၏ အယူအဆများကို ဆန့်ကျင်သော အရာရာတိုင်းသည် ၎င်းတို့ကို သံသယများ ဖြစ်ပေါ်စေပြီး ဤသည်မှာ စစ်မှန်သော လမ်းခရီး ဟုတ်မဟုတ်၊ ဤသည်မှာ ဘုရားသခင်၏ အမှုတော် ဟုတ်မဟုတ်နှင့် ဘုရားသခင် အမှန်တကယ် တည်ရှိခြင်း ဟုတ်မဟုတ်ကို စတင် မေးခွန်းထုတ်စေသည်။ ၎င်းတို့သည် ကိစ္စရပ်ကို မှန်ကန်စွာ ရှုမြင်ရန် သမ္မာတရားကို လုံးဝ မရှာဖွေကြပေ။ ဤအချက်တစ်ခုတည်းကပင် အစမှအဆုံး ၎င်းတို့သည် ဤအမှုတော်အဆင့်ကို ဘုရားသခင် လုပ်ဆောင်သည်ဟု အခြေခံအားဖြင့် မည်သည့်အခါမျှ မယုံကြည်ခဲ့ကြောင်း သက်သေပြရန် လုံလောက်ပေသည်။ အစမှအဆုံး ၎င်းတို့သည် သမ္မာတရားဟူသည် အဘယ်အရာ ဖြစ်သည်ကိုဖြစ်စေ၊ ဘုရားသခင်သည် သမ္မာတရားကို အဘယ်ကြောင့် ဖော်ပြသည်ကိုဖြစ်စေ မည်သည့်အခါမျှ မသိခဲ့ကြပေ။ ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့ပြီး အမှုများစွာကို လုပ်ဆောင်ခဲ့သည်၊ ဤအရာအားလုံးသည် ဘုရားသခင်၏ လုပ်ဆောင်မှု ဖြစ်သည်။ လူများစွာတို့သည် ယင်းကို သက်သေခံပြီး အတည်ပြုခဲ့ကြပြီးဖြစ်သော်လည်း ၎င်းတို့သည် ကိစ္စရပ်များကို ဤအရာများကို အခြေခံ၍ ရှုမြင်ရန် ငြင်းပယ်ကြသည်။ ၎င်းတို့သည် အကဲဖြတ်ချက်များပြုရန် လူ့ရှုထောင့်အမြင်များနှင့် လူ့အတွေးအခေါ်များကို အစဉ်အသုံးပြုကြသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်အမင်း ယုံကြည်ကြသည်။ အသင်းတော်၏အလုပ် သို့မဟုတ် အသင်းတော်အသက်တာ၌ အားနည်းချက်များ သို့မဟုတ် လမ်းလွဲမှုအချို့ ရှိသည့်အခါ သို့မဟုတ် အသင်းတော်သည် အစိုးရ၏ နှိပ်ကွပ်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ခံရသည့်အခါ ၎င်းတို့သည် တစ်ဖန် မေးခွန်းထုတ်ကြပြန်သည်၊ “ဤသည်မှာ အမှန်တကယ် စစ်မှန်သော လမ်းခရီး ဟုတ်ပါသလော” ဟူ၍ ဖြစ်သည်။ အသင်းတော်၌ အန္တိခရစ်များနှင့် အယောင်ဆောင်ခေါင်းဆောင်များ ပေါ်ပေါက်လာသည့်အခါ ၎င်းတို့သည် မေးခွန်းထုတ်ကြပြန်သည်။ ၎င်းတို့က “ဘာသာရေးအသင်းတော်များရှိ ထိုသင်းအုပ်များနှင့် အကြီးအကဲများကို ကြည့်လော့၊ ၎င်းတို့သည် သခင့်ကို အမှန်တကယ် ချစ်ကြပြီး ၎င်းတို့၏ အသင်းတော်များတွင် မည်သည့် အန္တိခရစ်ဖြစ်ရပ်မျှ မရှိပေ။ ယင်းသည်သာ စစ်မှန်သော လမ်းခရီးဖြစ်သည်။ သင်တို့၌ ဤနေရာတွင် ရှိသောအရာသည် စစ်မှန်သော လမ်းခရီးဖြစ်ပါက ဤအရာများ အဘယ်ကြောင့် ဖြစ်ပျက်နေရသေးသနည်း” ဟု ဆိုကြသည်။ ဤသည်မှာ ၎င်းတို့ နှိုင်းယှဉ်ပုံ ဖြစ်သည်။ အခြားသော မိုက်မဲသည့်လူအချို့သည် မည်သို့ နှိုင်းယှဉ်ကြသနည်း။ ၎င်းတို့က “ကိုယ်ပိုင်မူ သုံးရပ်သုံး အသင်းတော်ရှိ ဘုရားကို ယုံကြည်သော ထိုလူများကို ကြည့်လော့၊ ၎င်းတို့တွင် နိုင်ငံတော်၏ အတည်ပြုချက် ရှိသည်၊ နိုင်ငံတော်သည် ၎င်းတို့ကို လက်မှတ်များပင် ထုတ်ပေးပြီး ဘုရားကျောင်းများ ဆောက်လုပ်ရန် မြေနေရာများပင် ချပေးသည်။ ယင်းမှာ အားလုံး တရားဝင်ဖြစ်ပြီး ဥပဒေနှင့်ညီသည်။ သင်တို့တွင် လူအများသိသော ဘုရားကျောင်း ရှိသလော။ သင်တို့၏ အသင်းတော်များသည် မှတ်ပုံတင်ထားသလော။ နိုင်ငံတော်သည် ကိုယ်ပိုင်မူ သုံးရပ်သုံး အသင်းတော်များသို့ သင်းအုပ်များကိုပင် ခန့်အပ်ပေးပြီး ထိုသင်းအုပ်များတွင် လိုင်စင်များ ရှိကြသည်။ သင်တို့၏ ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် လိုင်စင်များ ရှိသလော။ နိုင်ငံတော်သည် သင်တို့ကို ဘုရားကို ယုံကြည်ခွင့်မပြု၊ သင်တို့ကို ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်သည်။ သင်တို့တွင် စုဝေးပွဲများအတွက် ပုံသေနေရာပင် မရှိ၊ သင်တို့သည် အစဉ်သဖြင့် တိတ်တဆိတ် စုဝေးကြသည်။ ဤသည်မှာ အမှန်တကယ် စစ်မှန်သော လမ်းခရီး ဟုတ်ပါသလော။ ဤသည်သာ စစ်မှန်သော လမ်းခရီးဖြစ်ပါက သင်တို့သည် အဘယ်ကြောင့် ဤမျှ တိတ်ဆိတ်သောပုံစံဖြင့် အစဉ်စုဝေးပြီး တာဝန်ထမ်းဆောင်ကြရသနည်း” ဟု ဆိုကြသည်။ ၎င်းတို့သည် ဤကိစ္စကိုပင် မရိပ်စားမိနိုင်ကြပေ။ မည်သည့်အခြေအနေမဆိုသည် ၎င်းတို့ကို ယိမ်းယိုင်စေနိုင်ပြီး ဘုရားသခင်နှင့်ပတ်သက်၍ သံသယများ ဖြစ်ပေါ်စေနိုင်သည်။ ငါ့ကို ပြောလော့၊ ဤသို့သောလူတစ်ဦးသည် ခိုင်မာစွာ ရပ်တည်နိုင်မည်လော။ (မရပ်တည်နိုင်ပါ။) ၎င်းတို့သည် အပြင်ပန်းအားဖြင့် အသင်းတော်မှ ထွက်ခွာသွားခြင်း မရှိသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် အန္တရာယ်၏ အစွန်း၌ ရှိနေကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင် ဖော်ပြသော သမ္မာတရားများနှင့်ပတ်သက်၍ မည်သည့်အခါမျှ မသေချာနိုင်ကြဘဲ အစဉ်သဖြင့် ယုံတစ်ဝက်မယုံတစ်ဝက်ဖြင့် သံသယတစ်ဝက်ဖြင့် ဖြစ်နေကြသည်၊ ဤအချက်က ၎င်းတို့ကို စစ်မှန်သော ယုံကြည်ခြင်း ရှိရန် မဖြစ်နိုင်စေပေ။ ဘုရားသခင် အမှုပြုခဲ့သည့် ဤနှစ်များတစ်လျှောက် ဖြစ်ပွားခဲ့သော ညှဉ်းပန်းနှိပ်စက်ခြင်းများ၊ နှိပ်ကွပ်ခြင်းများနှင့် ဖမ်းဆီးခြင်းများအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်၌ ရှိခဲ့ပြီး အားလုံးသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် စီစဉ်မှုများအောက်တွင် ကျရောက်ကြောင်းကို ၎င်းတို့ မမြင်နိုင်ကြပေ။ ထို့ကြောင့် ၎င်းတို့တွင် အယူအဆများ ရှိကြပြီး ဘုရားသခင်သည် အရာခပ်သိမ်းကို အချုပ်အခြာအာဏာ ကိုင်စွဲထားနိုင်ခြင်း ရှိမရှိကို မေးခွန်းထုတ်နိုင်ကြသည်။ ဘုရားအိမ်တော်၏ အမှုအားလုံးကို လူသားများက လုပ်ဆောင်သည်ဟု ၎င်းတို့သည် အစဉ်ယုံကြည်ကြပြီး ဘုရားသခင်၏ လုပ်ဆောင်ချက်များ၏ လက္ခဏာစိုးစဉ်းမျှကိုပင် မမြင်နိုင်ကြပေ။ ၎င်းတို့သည် မယုံကြည်သူတစ်ဦး မဟုတ်လော။ ထိုသို့သောလူတစ်ဦးသည် ခြောက်လ သို့မဟုတ် တစ်နှစ်တာမျှသာ အသစ်ယုံကြည်သေးပြီး အမျိုးမျိုးသော သမ္မာတရားများကို ရှင်းလင်းစွာ မသိနားမလည်သေးပါက ၎င်းတို့၏ အယူအဆများကို ဆန့်ကျင်သော အရာများကို မြင်တွေ့သည့်အခါ သံသယများရှိပြီး ယိမ်းယိုင်ခြင်းသည် နားလည်နိုင်ဖွယ်ရှိသည်။ သို့သော် အချို့လူများသည် ဘုရားသခင်ကို နှစ်အတန်ကြာ ယုံကြည်ခဲ့ပြီးဖြစ်သည်၊ တရားဒေသနာများစွာကို နားထောင်ခဲ့ပြီးဖြစ်သည်၊ အခက်အခဲများ ကြုံတွေ့သည့်အခါ သမ္မာတရားကို ၎င်းတို့အား မိတ်သဟာယဖွဲ့ပေးခဲ့ပြီးဖြစ်သည်။ ထိုအချိန်က ၎င်းတို့သည် အယူဝါဒပိုင်းဆိုင်ရာအရ ကြားရသည့်အရာကို နားလည်ခဲ့ကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် ကိစ္စရပ်များနှင့် တစ်ဖန် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ဘုရားသခင်နှင့် ဘုရားသခင်၏ အမှုတော်ကို မေးခွန်းထုတ်နေဆဲ ဖြစ်သည်။ ဤအချက်က ထိုသို့သောလူများသည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိကြောင်း၊ ပုံမှန် လူ့သဘာဝ၏ တွေးခေါ်ပုံ ကင်းမဲ့ကြောင်းနှင့် လူဖြစ်ခြင်း၏ စံနှုန်းကို မမီကြောင်း ပြသနေသည်။

ယိမ်းယိုင်တတ်သောလူများကို မည်သို့ ကိုင်တွယ်သင့်သနည်း။ လူ့သဘာဝအရဆိုလျှင် ဤလူများသည် ဆိုးယုတ်သောလူများအဖြစ် မသတ်မှတ်နိုင်သော်လည်း ၎င်းတို့သည် အမှန်ပင် ဒုက္ခပေးတတ်သော လူစားမျိုးဖြစ်သည်၊ အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ပြီး ပုံမှန် လူ့သဘာဝ၏ တွေးခေါ်ပုံမျိုး မရှိသောကြောင့် ဖြစ်သည်။ အရေးအကြီးဆုံးမှာ ဘုရားသခင် ဖော်ပြခဲ့သော သမ္မာတရားများစွာကို ၎င်းတို့ အတည်ပင်မပြုနိုင်သကဲ့သို့ ဤနှုတ်ကပတ်တော်များသည် သမ္မာတရား ဟုတ်မဟုတ်ကိုဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်၏ ဖော်ပြချက်နှင့် ဘုရားသခင်၏ အမှုတော် ဟုတ်မဟုတ်ကိုဖြစ်စေ ၎င်းတို့ မသိကြပေ။ ၎င်းတို့၏ သဘောပေါက်နားလည်နိုင်စွမ်းကို အကဲဖြတ်သော် ၎င်းတို့သည် မည်သို့သော လူစားမျိုးများနည်း။ ၎င်းတို့သည် မယုံကြည်သူများဖြစ်သည်ဟု ဆိုလျှင် မှန်ကန်ပြီး ၎င်းတို့သည် နားဝေတိမ်တောင် ဖြစ်သည့်လူများဖြစ်သည်ဟု ဆိုလျှင်လည်း မှန်ကန်သည်။ ဤသို့သော လူစားမျိုးသည် မည်သည့် သိသာထင်ရှားသော မကောင်းမှုကိုမျှ မကျူးလွန်ခဲ့သော်လည်း၊ ဆိုးယုတ်သောလူများအဖြစ် အရည်အချင်းမမီသော်လည်း ၎င်းတို့သည် ဤအတိုင်းအတာအထိ နားဝေတိမ်တောင်ဖြစ်ပြီး အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းများစွာကို ပြုလုပ်နိုင်သောကြောင့် ၎င်းတို့သည် အသုံးမကျသူများ မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဘုရားသခင်ကို အချိန်မည်မျှကြာအောင် ယုံကြည်ခဲ့သည်ဖြစ်စေ၊ တရားဒေသနာ မည်မျှ နားထောင်ခဲ့သည်ဖြစ်စေ သမ္မာတရားကို မည်သည့်အခါမျှ နားလည်နိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှု သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာကိုပင် အတည်မပြုနိုင်ကြပေ။ ဤသည်မှာ မည်သို့သော အစွမ်းအစမျိုးနည်း။ ဤလူများတွင် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း လုံးဝမရှိပေ။ ၎င်းတို့သည် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိသည့်လူများ ဖြစ်ကြသည်၊ သို့မဟုတ် ၎င်းတို့တွင် အစွမ်းအစ လုံးဝမရှိဟု သင် ဆိုနိုင်သည်၊ ၎င်းတို့သည် ဦးနှောက်မဲ့သော အသုံးမကျသူများ ဖြစ်ကြသည်။ ငါ့ကို ပြောလော့၊ အသုံးမကျသူများသည် မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သနည်း။ (မည်သည့်တာဝန်ကိုမျှ မထမ်းဆောင်နိုင်ပါ။) ၎င်းတို့သည် မည်သည့်တာဝန်ကိုမျှ မထမ်းဆောင်နိုင်ဘဲ အစဉ်သဖြင့် သံသယဖြစ်ပြီး ယိမ်းယိုင်နေကြသည်။ သို့ဆိုလျှင် ဤကဲ့သို့သောလူများကို မည်သို့ ဆက်ဆံပြီး ကိုင်တွယ်သင့်သနည်း။ ထိုသို့သောလူများကို ကိုင်တွယ်ရန် အသင့်တော်ဆုံးနည်းလမ်းမှာ ၎င်းတို့ကို မည်သည့်တာဝန်မျှ မထမ်းဆောင်စေခြင်း ဖြစ်သည်။ ၎င်းတို့က တာဝန်ထမ်းဆောင်ရန် တောင်းဆိုလျှင်ပင် ခွင့်မပြုသင့်ပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဤကဲ့သို့သောလူများသည် တာဝန်ကို စတင်ထမ်းဆောင်သည်နှင့်တစ်ပြိုင်နက် အထူးသဖြင့် ၎င်းတို့သည် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်ပြီး အဖိုးအခအချို့ကို ပေးဆပ်ခဲ့သည့်အခါ မကြာမီတွင်ဖြစ်စေ၊ နောင်တွင်ဖြစ်စေ ဘုရားအိမ်တော်နှင့် စာရင်းရှင်းလိုကြမည်ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဖမ်းဆီးခြင်းခံရပါက သို့မဟုတ် သဘာဝဘေးအန္တရာယ်များ သို့မဟုတ် လူကြောင့်ဖြစ်သော ဘေးဒုက္ခများကို ရင်ဆိုင်ရပါက ၎င်းတို့သည် ဘုရားသခင်အတွက် အသုံးခံခဲ့ရသည်ကို နောင်တရကြလိမ့်မည်၊ ၎င်းတို့သည် ခါးသီးစွာ ညည်းညူကြမည်ဖြစ်ပြီး ဤသို့သော မှတ်ချက်များကို နေရာအနှံ့ ဖြန့်ကြလိမ့်မည်၊ “ကျွန်ုပ်သည် အသင်းတော်၏ အလုပ်အတွက်လည်းကောင်း၊ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရန်အတွက်လည်းကောင်း များစွာ ဆင်းရဲဒုက္ခခံခဲ့ရသည်။ အစားအသောက်များစွာ လျှော့စားခဲ့ရသည်၊ အိပ်ချိန်များစွာ လျှော့ခဲ့ရသည်၊ ငွေကြေးလည်း အနည်းငယ်သာ ရှာနိုင်ခဲ့သည်။ ကျွန်ုပ်သည် တာဝန်သာ မထမ်းဆောင်ခဲ့လျှင် ကိုယ်ရှာထားသည့် ငွေများကို ဘဏ်ထဲတွင် ထည့်ထားနိုင်ခဲ့မည် ဖြစ်သည်၊ အတိုးပင် ရဦးမည်။ ကျွန်ုပ်သည် များစွာ စွန့်စားခဲ့ရသည်။ စွန့်စားမှုတစ်နာရီတိုင်းသည် တန်ဖိုးမည်မျှရှိသနည်း။ လုပ်အားခမှာ အဘယ်မျှနည်း” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်နှင့် ငွေရေးကြေးရေး စာရင်းရှင်းရန် ကြိုးစားကြမည်ဖြစ်ပြီး ဘုရားအိမ်တော်က ၎င်းတို့ကို လျော်ကြေးမပေးပါက ဘုရားအိမ်တော်ကို တိုင်ကြားမည်ဟုပင် ခြိမ်းခြောက်ကြလိမ့်မည်။ ဤကဲ့သို့သောလူများကို တာဝန်ထမ်းဆောင်စေခြင်းသည် အဆုံးမရှိသော ဒုက္ခကို ဆောင်ကြဉ်းပေးမည် မဟုတ်လော။ ထိုသို့သော လူယုတ်မာများနှင့် ဆက်ဆံခြင်းသည် ဖြေရှင်းရန်မဖြစ်နိုင်သော ရှုပ်ထွေးမှုတစ်ခုဆီသို့ ဦးတည်သွားလိမ့်မည်။ ၎င်းတို့သည် အသင်းတော်အတွက် အမှုအရာ မည်မျှကိုင်တွယ်သည်ဖြစ်စေ စာရင်းတစ်ခုချင်းစီကို ရှင်းလင်းစွာ မှတ်တမ်းတင်လျက် ၎င်းတို့၏ စိတ်နှလုံးထဲတွင် စာရင်းငယ်တစ်ခုကို မှတ်ထားကြသည်။ ၎င်းတို့သည် အသင်းတော်အတွက် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ မည်သည့်အခါမျှ လိုလိုလားလား လုပ်ဆောင်ခြင်းမရှိပေ။ ၎င်းတို့သည် စိတ်မပါသောကြောင့် စာရင်းရှင်းလိုကြသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ တည်ရှိမှုကို အသိအမှတ်မပြုခြင်းကြောင့် သို့မဟုတ် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်း သို့မဟုတ် ဘုရားသခင်၏ အမှုတော်သည် လူကို ကယ်တင်နိုင်ကြောင်းကို ၎င်းတို့က အသိအမှတ်မပြုကြပေ။ သို့ဆိုလျှင် ၎င်းတို့၏ စိတ်ထဲတွင် စိတ်ကူးယဉ်ထားသော ဘုရားဟုခေါ်သည့်အရာအတွက် အဖိုးအခအနည်းငယ် ပေးဆပ်ခဲ့ရခြင်း၊ အနည်းငယ် ဆင်းရဲဒုက္ခခံခဲ့ရခြင်း၊ တာဝန်အချို့ ထမ်းဆောင်ခဲ့ရခြင်းနှင့် လူ့စွမ်းအားနှင့် ရုပ်ဝတ္ထုဆိုင်ရာ အရင်းအမြစ်အချို့ကို အသုံးခံခဲ့ရခြင်းတို့အတွက် စိတ်ကျေနပ်မှုရရှိစေရန် မည်သို့သော ဆုလာဘ်မျိုး လိုအပ်မည်နည်း။ ၎င်းတို့သည် အပြန်အလှန်အားဖြင့် မည်သည့်အရာမျှ မရရှိခဲ့ပါက စိတ်ကျေနပ်မှု ရရှိကြမည်လော။ တစ်နေ့တွင် ၎င်းတို့သည် သမ္မာတရားကို မလိုက်စားသည့်အတွက် ဖယ်ရှားရှင်းလင်းခြင်းခံရကြောင်း သိရှိလာပါက အကျိုးဆက်များမှာ အဘယ်အရာ ဖြစ်မည်နည်း။ ၎င်းတို့သည် ဘုရားအိမ်တော်က ၎င်းတို့ကို လှည့်စားခဲ့သည်ဟုလည်းကောင်း၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့ကို လှည့်စားခဲ့သည်ဟုလည်းကောင်း၊ ၎င်းတို့သည် အမှောင်ထဲတွင် ထားရှိခံခဲ့ရပြီး လိမ်လည်မှုတစ်ခု၏ သားကောင်ဖြစ်ခဲ့ရသည်ဟုလည်းကောင်း တွေးထင်ကြလိမ့်မည်။ ထို့နောက် ၎င်းတို့သည် ဘုရားအိမ်တော်နှင့် ရန်ဖြစ်ရန် အကြောင်းရှာကြမည်ဖြစ်ပြီး လျော်ကြေးငွေ တောင်းဆိုကာ အမှုအရာများကို အဆုံးမရှိ ရှည်ကြာအောင်လုပ်လိမ့်မည်။ ဘုရားအိမ်တော်သည် ထိုသို့သောလူတစ်ဦးနှင့် ရှုပ်ထွေးပွေလီစွာ ပတ်သက်လိုမည်ဟု သင် ထင်ပါသလော။ ဘုရားအိမ်တော်သည် ထိုသို့သော မိုက်မဲသည့်အရာကို လုံးဝ လုပ်ဆောင်မည်မဟုတ်ချေ။ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ဖန်ဆင်းခံများ၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ကြသည်၊ ယင်းမှာ လုံးဝ ၎င်းတို့၏ ကိုယ်ပိုင်ရွေးချယ်မှု၊ ၎င်းတို့ လိုလိုလားလား လုပ်ဆောင်လိုသည့်အရာ ဖြစ်သည်။ ဘုရားအိမ်တော်သည် မည်သူ့ကိုမျှ အတင်းအကျပ်ပြုခြင်း သို့မဟုတ် ဖိအားပေးခြင်းကို မည်သည့်အခါမျှ မပြုပေ။ သို့သော် မယုံကြည်သူများ တာဝန်ကို စတင်ထမ်းဆောင်သည်နှင့်တစ်ပြိုင်နက် အနှေးနှင့်အမြန်ဆိုသလို ပြဿနာတက်မည်မှာ ဧကန်မုချဖြစ်သည်။ ၎င်းတို့ စိတ်မကြည်မလင်ဖြစ်သည့်အခါတွင် ၎င်းတို့သည် အခြားသူများအား ဤသို့ပြောဆိုလျက် မြည်တွန်တောက်တီးပြီး ညည်းညူရန် သေချာပေသည်၊ “သင်တို့အားလုံးသည် အလွန်ကောင်းမွန်စွာ ပြောဆိုပြီး ကျွန်ုပ်ကို လှည့်စားခဲ့သည်၊ ဘုရားကို ယုံကြည်ခြင်းသည် ကျွန်ုပ်ကို သမ္မာတရားနှင့် ထာဝရအသက်ကို ရရှိစေမည်ဟု ဆိုခဲ့သည်။ သို့သော် အသင်းတော်၌ လူများကို အထင်အမြင်မှားစေသော အန္တိခရစ်များ၊ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော ဆိုးယုတ်သောလူများ ရှိလိမ့်မည်ဟု သို့မဟုတ် အသင်းတော်သည် လူများကို ရှင်းလင်းပစ်မည် သို့မဟုတ် နှင်ထုတ်မည်ဟု သင်တို့ထဲမှ တစ်ဦးတစ်ယောက်မျှ မပြောခဲ့ပေ။ ဤအရာတစ်ခုခုသည် အသင်းတော်၌ ဖြစ်ပွားလိမ့်မည်ဟု သင်တို့သည် ကျွန်ုပ်ကို မည်သည့်အခါမျှ မပြောခဲ့ပါ” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် သင့်ကိုပင် ပြန်လှည့်ပြီး ဤသို့ဆိုကာ စွပ်စွဲနိုင်သည်၊ “သင်သည် ဤအရာများကို ကျွန်ုပ်အား ရှင်းလင်းစွာ မည်သည့်အခါမျှ မရှင်းပြခဲ့ပါ။ ကျွန်ုပ်သည် ဘုရားကို ယုံကြည်ခြင်းနှင့် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်းတို့၌ သင်တို့ကို လိုက်နာခဲ့ခြင်းသာ ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ယခု ကျွန်ုပ်တွင် လောကီ၌ အလားအလာများ မရှိတော့ပါ၊ သင်တို့သည် ကျွန်ုပ်ကို ငွေအမြောက်အမြား ရှာဖွေခြင်းမှ တားဆီးခဲ့သည်။ သင်တို့သည် ကျွန်ုပ်၏ ဆုံးရှုံးမှုများအတွက် ကျွန်ုပ်ကို လျော်ကြေးပေးရမည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့ သင်နှင့် စာရင်းရှင်းသည့်အခါ သင်သည် ယင်းကို စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်ဟု မမြင်သလော။ သင်သည် ၎င်းတို့နှင့် ရှုပ်ထွေးပွေလီစွာ ပတ်သက်လိုမည်လော။ (မပတ်သက်လိုပါ။) ဤကဲ့သို့သောလူများကို မည်သူက အမှုအရာများကို ရှင်းလင်းအောင် ပြုလုပ်ပေးနိုင်မည်နည်း။ ၎င်းတို့သည် သမ္မာတရားကို လက်မခံကြ၊ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မမြင်နိုင်ကြ၊ ၎င်းတို့သည် ၎င်းတို့၏ အတွေ့အကြုံများမှတစ်ဆင့် ဘုရားသခင်၏ တည်ရှိမှုကို မခံစားနိုင်ကြပေ။ ငါ့ကို ပြောလော့၊ မည်သူက ဤအချက်ကို ၎င်းတို့၏ စိတ်ထဲသို့ အတင်းထိုးထည့်နိုင်မည်နည်း။ မည်သူမျှ မလုပ်နိုင်ပေ။ ၎င်းတို့တွင် သမ္မာတရားကို လက်ခံနိုင်သည့် စွမ်းရည် မရှိပေ၊ သို့ဖြစ်၍ ၎င်းတို့ကို သမ္မာတရားကို လိုက်စားရန် တောင်းဆိုခြင်းသည် ၎င်းတို့အတွက် အမှုအရာများကို အလွန်ခက်ခဲစေလိမ့်မည်၊ ယင်းသည် ၎င်းတို့ကို ခက်ခဲသော အခြေအနေတစ်ခု၌ ထားရှိခြင်း ဖြစ်လိမ့်မည်၊ ထိုသို့ပြုလုပ်ခြင်းသည် လုံးဝ လက်တွေ့မကျပေ။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြသည်။ ၎င်းတို့သည် တာဝန်အနည်းငယ် ထမ်းဆောင်သရွေ့ ဆုလာဘ်တစ်ခုကို တောင်းဆိုကြသည်။ ၎င်းတို့ အလိုရှိသည့်အရာကို မရရှိပါက ၎င်းတို့သည် ဤသို့ဆိုကာ ကြမ်းတမ်းစွာ ပြစ်တင်ပြောဆိုကြသည်၊ “ကျွန်ုပ်သည် လှည့်စားခြင်းနှင့် လိမ်လည်ခြင်းကို ခံခဲ့ရသည်။ သင်တို့အားလုံးသည် လိမ်လည်သူများ ဖြစ်ကြသည်” ဟူ၍ ဖြစ်သည်။ ငါ့ကို ပြောလော့၊ သင်တို့သည် ထိုသို့ ဆဲဆိုခြင်းကို ခံလိုမည်လော။ (မခံလိုပါ။) မည်သူက ၎င်းတို့ကို လှည့်စားခဲ့သနည်း။ ၎င်းတို့ကိုယ်တိုင်က ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ရှိကြပြီး ကောင်းချီးမင်္ဂလာများ ရရှိလိုခြင်းကြောင့် မဟုတ်လော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ခဲ့ကြသည် မဟုတ်လော။ ၎င်းတို့သည် ယခု ကောင်းချီးမင်္ဂလာများ မရရှိခဲ့ကြပေ၊ သို့သော် ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားသောကြောင့် မဟုတ်လော။ ယင်းမှာ ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာ မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်ကိုပင် မယုံကြည်ကြဘဲ ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများကို ရရှိလိုနေကြသေးသည်၊ ကောင်းချီးမင်္ဂလာများ ရရှိရန်မှာ မည်သို့များ ဤမျှ လွယ်ကူနိုင်မည်နည်း။ ဤကိစ္စရပ်များသည် ၎င်းတို့ တာဝန်မထမ်းဆောင်မီ အချိန်ကြာမြင့်စွာကပင် ၎င်းတို့အား ရှင်းလင်းစွာ ရှင်းပြခဲ့ပြီးဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့သော် သင်သည် ၎င်းတို့အား ကျိုးကြောင်းပြပြောဆိုနိုင်သလော။ မပြောဆိုနိုင်ပေ။ သင်က ၎င်းတို့ကို လှည့်စားခဲ့သည်ဟုသာ ၎င်းတို့ ပြောဆိုကြလိမ့်မည်။ ငါ့ကို ပြောလော့၊ ဘုရားအိမ်တော်၌ ညီအစ်ကိုမောင်နှမများသည် ဘုရားသခင်ကို အချိန်မည်မျှကြာအောင် ယုံကြည်ခဲ့သည်ဖြစ်စေ ၎င်းတို့အထဲတွင် မည်သူသည် လိုလိုလားလား တာဝန်မထမ်းဆောင်ဘဲ နေသနည်း။ ကလေးများသည် ဘုရားသခင်ကို မယုံကြည်ဘဲ ၎င်းတို့၏ မိဘများ သို့မဟုတ် ဆွေမျိုးများက ယုံကြည်ရန်နှင့် တာဝန်ထမ်းဆောင်ရန် အတင်းဆွဲခေါ်ခြင်းခံရသည့် ရှားပါးသော ဖြစ်ရပ်များ ရှိသော်လည်း ဤသည်တို့မှာ အလွန်ပင် နည်းပါးနေသေးသည်။ သင်၏ မိဘများက သင့်ကို အတင်းဆွဲခေါ်လျှင်ပင် ယင်းမှာ သင်၏ ကောင်းကျိုးအတွက်သာ ဖြစ်သည်၊ သင် ယင်းကို နားလည်သင့်သည်။ သို့သော် ယင်းမှာ သင့်ကို ဆွဲခေါ်နေသော သင်၏ မိသားစု ဖြစ်သည်၊ ဘုရားအိမ်တော်၏ ညီအစ်ကိုမောင်နှမများသည် သင့်ကို မဆွဲခေါ်ကြချေ၊ သို့မဟုတ် သင့်ကို အတင်းအကျပ်မပြုကြချေ။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တာဝန်ထမ်းဆောင်ခြင်းတို့သည် လုံးဝ စိတ်လိုကိုယ်လျောက် ဖြစ်သည်။ ယခုအချိန်တွင် ထွက်ခွာလိုသော မည်သူမဆို ထွက်ခွာနိုင်သည်၊ ဘုရားအိမ်တော်၏ တံခါးများသည် အစဉ်သဖြင့် ဖွင့်ထားသည်။ သို့သော်လည်း သင် ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ပြန်လာရန်မှာ ထိုမျှ လွယ်ကူတော့မည်မဟုတ်ပေ။ ဘုရားအိမ်တော်၌ အချိန်ပြည့် တာဝန်ထမ်းဆောင်သောသူများသည် ဂရုတစိုက် ရွေးချယ်ခံရသည်၊ မည်သူ့ကိုမဆို လက်ခံခြင်းမဟုတ်ပေ။ သတ်မှတ်ထားသော စံနှုန်းများနှင့် စည်းမျဉ်းများ ရှိပြီး အရည်အချင်းများနှင့် ကိုက်ညီသောသူများသာ အချိန်ပြည့်တာဝန်ထမ်းဆောင်သော အသင်းတော်၌ နေထိုင်နိုင်သည်။ ယိမ်းယိုင်တတ်သောလူများက “သင်တို့သည် ဤမျှ အရေးကြီးသော ကိစ္စရပ်တစ်ခုကို ကျွန်ုပ်အား ရှင်းလင်းစွာ မရှင်းပြခဲ့ပါ။ ထိုအချိန်က ကျွန်ုပ်သည် စိတ်ရှုပ်ထွေးနေသောကြောင့်သာ တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်” ဟု တွေးထင်ကြသည်။ မည်သည့်အရာကို ရှင်းလင်းစွာ မရှင်းပြခဲ့သနည်း။ ညီအစ်ကိုမောင်နှမများသည် တာဝန်ထမ်းဆောင်နေစဉ် နေ့စဉ် သမ္မာတရားကို အတူတကွ မိတ်သဟာယဖွဲ့ကြသည်၊ ဤလူများ နားမလည်ခဲ့ပါက ယင်းမှာ ၎င်းတို့သည် နားဝေတိမ်တောင်ဖြစ်ပြီး မျက်စိကန်းသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ထိုအတွက် အခြားမည်သူ့ကိုမျှ အပြစ်တင်၍မရပေ။ သို့သော် ၎င်းတို့သည် ဤအကြောင်းနှင့်ပတ်သက်၍ သင်နှင့် ကျိုးကြောင်းဆင်ခြင်မည်မဟုတ်ပေ၊ ၎င်းတို့သည် ကြီးမားသော ဆုံးရှုံးမှုတစ်ခုကို ခံစားခဲ့ရသည်ဟုသာ ခံစားကြရပြီး ဘုရားအိမ်တော်နှင့် စာရင်းရှင်းကာ အငြင်းအခုံပြုလိုကြသည်။ ထိုသို့သောလူများသည် ဆင်ခြင်တုံတရားမဲ့ကာ အလွန်ပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည် မဟုတ်လော။ သို့ဖြစ်၍ သင်တို့သည် ထိုသို့သောလူများ၏ စရိုက်မှန်ကို သိရှိပြီး ၎င်းတို့သည် နားဝေတိမ်တောင်ဖြစ်ကြောင်း၊ လုံးဝ အသုံးမကျကြောင်း၊ မည်သည့်တာဝန်မျှ မထမ်းဆောင်နိုင်ကြောင်းနှင့် ကောင်းချီးမင်္ဂလာများ ရရှိရန် အစဉ်အာရုံစိုက်နေကြောင်း၊ ၎င်းတို့၏ စိတ်နှလုံးများသည် ကောင်းချီးမင်္ဂလာများ ရရှိခြင်းဆိုင်ရာ အတွေးအခေါ်များဖြင့် လွှမ်းမိုးခံထားရကြောင်း၊ ၎င်းတို့ သိသမျှမှာ တာဝန်ထမ်းဆောင်ခြင်းသည် ကောင်းချီးမင်္ဂလာများ၊ ကယ်တင်ခြင်း၊ နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းနှင့် မသေနိုင်ခြင်းတို့ကို ဆောင်ကြဉ်းပေးနိုင်သည်ဟူ၍သာ ဖြစ်ကြောင်း၊ ၎င်းတို့သည် သမ္မာတရားဟူသည် အဘယ်အရာဖြစ်သည်ကို မသိ၊ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိ သို့မဟုတ် ဘုရားသခင်ကို မည်သို့ ကျိုးနွံနာခံရမည်ကို မသိဟူ၍ အခြားမည်သည့်အရာကိုမျှ နားမလည်ဘဲ ဤစကားစုအနည်းငယ်ကိုသာ သိကြောင်းတို့ကို ရှင်းလင်းစွာ မြင်တွေ့သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် တာဝန်ထမ်းဆောင်လိုလျှင်ပင် သို့မဟုတ် တာဝန်ထမ်းဆောင်ရန် တောင်းဆိုလျှင်ပင် ၎င်းတို့ကို တာဝန်ထမ်းဆောင်ရန် စီစဉ်ပေးနိုင်မည်လော။ (မပေးနိုင်ပါ။)

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။