ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၇) အခန်း ခြောက်

ယိမ်းယိုင်တတ်သောသူများသည် အမှန်တကယ်တွင် ဘေးမသီရန်မခ ရှိနေသည့်အခါ၌ပင် သံသယများ ထားရှိကြပြီး အစဉ် စောင့်ကြည့်လေ့လာနေကြသည်။ ၎င်းတို့သည် ညှဉ်းပန်းနှိပ်စက်မှုနှင့် ဖမ်းဆီးမှုများကို ကြုံတွေ့သည်နှင့်တစ်ပြိုင်နက် ယိမ်းယိုင်လာကြသည်။ ဤသည်က ဘုရားသခင်ကို ၎င်းတို့၏ ပုံမှန်ယုံကြည်ခြင်း၌ စစ်မှန်သော ယုံကြည်ခြင်း မပိုင်ဆိုင်ကြောင်း ပြသသည်။ အခြေအနေများ ပေါ်ပေါက်လာသည့်အခါ ၎င်းတို့သည် ထုတ်ဖော်ခြင်းခံရသည်။ ဤသည်က ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်၍ မည်သည့်အခါမျှ သေချာခြင်းမရှိခဲ့ဘဲ အစဉ် မေးခွန်းထုတ်ကာ စောင့်ကြည့်လေ့လာနေခဲ့ကြကြောင်း ပြသသည်။ ၎င်းတို့သည် အသင်းတော်မှ အဘယ်ကြောင့် မထွက်ခွာခဲ့ကြသနည်း။ ၎င်းတို့က “ကျွန်ုပ်သည် ဘုရားကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး ဒုက္ခများစွာကို ခံစားခဲ့ရသည်။ အကျိုးကျေးဇူး တစ်စုံတစ်ရာ မရရှိဘဲ ယခု ထွက်ခွာသွားပါက ဆုံးရှုံးမှုတစ်ခု ဖြစ်မည် မဟုတ်လော။ ထိုဒုက္ခအားလုံးသည် အချည်းနှီး ဖြစ်သွားမည် မဟုတ်လော” ဟု တွေးထင်ကြသည်။ ဤသည်မှာ ၎င်းတို့ တွေးထင်သည့်အရာ ဖြစ်သည်။ ၎င်းတို့သည် သေချာသည်၊ ၎င်းတို့တွင် ယုံကြည်ခြင်းရှိသည်၊ ၎င်းတို့သည် သမ္မာတရားကို နားလည်သည်ဟု သင် ထင်ကောင်းထင်နိုင်သော်လည်း အမှန်တကယ်တွင်မူ ထိုသို့မဟုတ်ပေ။ ၎င်းတို့သည် သံသယဝင်နေဆဲ၊ စောင့်ကြည့်လေ့လာနေဆဲ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားအိမ်တော်၏ အလုပ်သည် အမှန်တကယ် ကြီးပွားတိုးတက်ခြင်း ရှိမရှိ၊ အလုပ်တစ်ခုချင်းစီသည် အသီးအပွင့်များ သီးပွင့်ခြင်း ရှိမရှိနှင့် လောကအပေါ် ကြီးမားသော သက်ရောက်မှု ရှိခဲ့ခြင်း ရှိမရှိတို့ကိုသာ မြင်လိုကြသည်။ ၎င်းတို့ အထူးသဖြင့် သိလိုသည့်အရာများမှာ အောက်ပါအတိုင်း ဖြစ်သည်။ နိုင်ငံအသီးသီးရှိ အသင်းတော်များ၏ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် မည်သို့ အခြေအနေရှိနေသနည်း။ ယင်းတွင် အတိုင်းအတာ ကြီးမားမှုနှင့် သြဇာလွှမ်းမိုးမှု ရှိသလော။ ဤရေစီးကြောင်းကို အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုခြင်း ရှိသလော။ ထင်ရှားကျော်ကြားသောသူများ သို့မဟုတ် သြဇာရှိသော ပုဂ္ဂိုလ်များက ဤအမှုအဆင့်ကို လက်ခံခဲ့ပြီးပြီလော။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် ကုလသမဂ္ဂ၏ အသိအမှတ်ပြုခြင်း သို့မဟုတ် အတည်ပြုခြင်းကို ရရှိခဲ့ပြီးပြီလော။ ယင်းတွင် နိုင်ငံအသီးသီးရှိ အစိုးရများ၏ ထောက်ခံမှု ရှိသလော။ နိုင်ငံအသီးသီးရှိ ညီအစ်ကိုမောင်နှမများ၏ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားချက်များ အတည်ပြုခြင်း ခံခဲ့ရပြီးပြီလော။ ဤသည်တို့မှာ ထိုသို့သောလူများ အစဉ် စိုးရိမ်ပူပန်ကြသည့် အမှုအရာအမျိုးအစားများ ဖြစ်ကြပြီး ဤသည်မှာ ၎င်းတို့၏ ယိမ်းယိုင်ခြင်း၏ ရှင်းလင်းသော သရုပ်သကန်တစ်ရပ် ဖြစ်သည်။ ဘုရားအိမ်တော်သည် အင်အားကောင်းလာပြီး ဧဝံဂေလိအလုပ်ကို ဖြန့်ဝေပြီဖြစ်သည်ကို ၎င်းတို့ မြင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားအိမ်တော်မှ မထွက်ခွာခဲ့သည့်အတွက် ကံကောင်းသည်ဟု ခံစားကြရပြီး ဘုရားသခင်ကို သံသယမဝင်ကြတော့ပေ။ သို့သော် ဘုရားအိမ်တော်၏ အလုပ်သည် နှောင့်ယှက်ခြင်း၊ တားဆီးခြင်း သို့မဟုတ် ဖျက်ဆီးခြင်း ခံနေရသည်ကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမများ၏ တာဝန်ထမ်းဆောင်ခြင်းသည်လည်း ထိခိုက်ခြင်းခံနေရသည်ကိုလည်းကောင်း၊ အသင်းတော်သည် လောက၏ ဖယ်ကြဉ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံနေရသည်ကိုလည်းကောင်း ၎င်းတို့ မြင်သည်နှင့်တစ်ပြိုင်နက် ဘုရားအိမ်တော်မှ ထွက်ခွာရန် စတင်စဉ်းစားကြတော့သည်။ ၎င်းတို့က အစဉ် မေးခွန်းထုတ်နေကြသည်မှာ “ဘုရားသည် ဤအရာအားလုံးအပေါ် အမှန်တကယ် အချုပ်အခြာအာဏာ ပိုင်စိုးပါ၏လော။ ကျွန်ုပ်သည် ဘုရား၏ အနန္တတန်ခိုးကို အဘယ်ကြောင့် မမြင်နိုင်ရသနည်း။ ဘုရား၏ နှုတ်ကပတ်တော်များသည် အမှန်တကယ် သမ္မာတရား ဟုတ်ပါ၏လော။ ယင်းတို့သည် လူတို့ကို အမှန်တကယ် သန့်စင်စေပြီး ကယ်တင်နိုင်ပါ၏လော” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်ခြင်း မရှိသောကြောင့် ဤကိစ္စရပ်များကို မည်သည့်အခါမျှ ထွင်းဖောက်၍ မမြင်နိုင်ဘဲ ဆက်လက်၍ မေးခွန်းထုတ်နေကြသည်။ ၎င်းတို့သည် တရားဒေသနာ မည်မျှပင် ကြားရပါစေ ဤအရာ တစ်ခုတလေနှင့်ပတ်သက်၍ ကောက်ချက်ချနိုင်ခြင်း မရှိပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် အလွန်ဝေးကွာသောနေရာမှ အရာများကို ကြားနိုင်သည့် နားများနှင့် မိုင်တစ်ထောင်အဝေးကို မြင်နိုင်သည့် မျက်စိများကို ရရှိလိုကြပြီး အဝေးတစ်နေရာတွင် ဖြစ်ပျက်နေသည့်အရာကို သိနိုင်ကာ သတင်းရရှိနိုင်ရန် မျှော်လင့်လျက် အစဉ် လိုက်လံမေးမြန်းနေကြသည်။ ထို့နောက် ၎င်းတို့သည် နေသင့်သည် သို့မဟုတ် ထွက်ခွာသင့်သည်ကို စောစီးစွာ ဆုံးဖြတ်နိုင်မည် ဖြစ်သည်။ ထိုသို့သောလူများသည် မိုက်မဲကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူစားမျိုးသည် ပင်ပန်းကြီးစွာ အသက်ရှင်နေကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့တွင် ပုံမှန်လူ့သဘာဝအတိုင်း တွေးခေါ်နိုင်စွမ်း မရှိသကဲ့သို့ သမ္မာတရားကိုလည်း နားမလည်ကြပေ။ အမှုအရာများ ဖြစ်ပျက်လေလေ ၎င်းတို့သည် ပို၍ စိတ်ရှုပ်ထွေးကာ ဘာလုပ်ရမှန်းမသိ ဖြစ်လာလေလေ ဖြစ်သည်။ ၎င်းတို့သည် ဤကိစ္စရပ်များကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သို့မဟုတ် မည်သို့ သတ်မှတ်ရမည်ကို မသိကြပေ၊ ပြီးလျှင် ဤကိစ္စရပ်များတွင် အမှားနှင့်အမှန်ကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကိုဖြစ်စေ၊ ယင်းတို့ထံမှ သင်ခန်းစာများကို မည်သို့ ရယူရမည်ကိုဖြစ်စေ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကို ရှာဖွေတွေ့ရှိရန်ကို ၎င်းတို့ သေချာပေါက် မသိကြပေ။ ၎င်းတို့သည် ဤအရာများကို မည်သို့ လုပ်ဆောင်ရမည်ကို မသိကြပေ။ သို့ဆိုလျှင် ၎င်းတို့ မည်သို့ လုပ်ဆောင်ကြသနည်း။ ဥပမာအားဖြင့် အသင်းတော်၌ အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများ ပေါ်ပေါက်လာပြီး လူတို့ကို အထင်အမြင်မှားစေသည့်အခါ ၎င်းတို့သည် “မည်သူက မှန်ပြီး မည်သူက မှားသနည်း။ ဤလမ်းခရီးသည် အမှန်တကယ် စစ်မှန်ပါ၏လော။ အဆုံးတိုင်အောင် ဆက်လက်ယုံကြည်ပါက ကျွန်ုပ် ကောင်းချီးခံစားရမည်လော။ ကျွန်ုပ်သည် ယခုနှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီးပြီ၊ ဤဆင်းရဲဒုက္ခသည် တန်ပါ၏လော။ ကျွန်ုပ်၏ တာဝန်ကို ဆက်လက်ထမ်းဆောင်သင့်ပါ၏လော” ဟု စတင်၍ တွေးတောကြတော့သည်။ ၎င်းတို့သည် အရာခပ်သိမ်းကို မိမိတို့၏ ကိုယ်ကျိုးစီးပွား ရှုထောင့်မှ သုံးသပ်ကြပြီး မိမိတို့ရှေ့မှောက်ရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ တစ်ခုတလေကိုမျှ နားမလည်နိုင်ဘဲ အလွန်ပင် မကျွမ်းမကျင်ဖြစ်နေပုံ ပေါက်နေသည်။ ၎င်းတို့တွင် မှန်ကန်သော အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များ ကင်းမဲ့နေပြီး အမှုအရာများ မည်သို့ဖြစ်လာမည်ကို ကြည့်ရှုလျက် ဘေးမှနေ၍ စောင့်ကြည့်လေ့လာသူများအဖြစ် ရပ်တည်လိုကြသည်။ ၎င်းတို့ကို ကြည့်လျှင် ၎င်းတို့အား သနားစရာကောင်းသကဲ့သို့ ရယ်စရာလည်းကောင်းသည်ဟု ခံစားရသည်။ မည်သည့်အရာမျှ မဖြစ်ပျက်သည့်အခါ ၎င်းတို့သည် အတော်အတန် ပုံမှန်အတိုင်း ပြုမူကြသော်လည်း ကြီးမားသော အမှုတစ်ခု ဖြစ်ပျက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဤကိစ္စကို မည်သည့်ရပ်တည်ချက်မှ ကြည့်ရှုသင့်သည်ကို မသိတော့ဘဲ ၎င်းတို့ ပြောဆိုသည့်အရာများသည် ဘာသာတရား မရှိသူများ၏ အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များကို ထင်ဟပ်စေသည်။ အရာအားလုံး ပြီးဆုံးသွားပြီးနောက်တွင် ၎င်းတို့ ယင်းမှ မည်သည့်အရာ ရရှိခဲ့သည်ကို မမြင်နိုင်ပေ။ ထိုသို့သောလူများသည် အလွန် မိုက်မဲကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ မိုက်မဲသောလူများ ပြုမူပုံ အတိအကျပင် ဖြစ်သည်။ သို့ဆိုလျှင် ဤလူစားမျိုးကို ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းများမှာ အဘယ်နည်း။ ၎င်းတို့၏ သရုပ်သကန်များကို အခြေခံကြည့်လျှင် ၎င်းတို့ကို အလွန်ပင် သစ္စာမဲ့ပြီး ကောက်ကျစ်ဆိုးယုတ်သော လူများအဖြစ် မှတ်ယူ၍မရနိုင်ပေ။ သို့သော် ၎င်းတို့တွင် အသက်တမျှ အရေးကြီးသော အားနည်းချက်တစ်ခု ရှိသည်၊ ယင်းမှာ ဤလူများသည် အတွေးအခေါ်လည်းမရှိ၊ စိတ်ဝိညာဉ်လည်းမရှိဘဲ မည်သည့်အရာကိုမျှ ထွင်းဖောက်၍ မမြင်နိုင်ခြင်း ဖြစ်သည်။ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်သည့် မည်သည့်အရာမဆိုသည် ၎င်းတို့အား မည်သူ့ကို ယုံကြည်ရမည်၊ မည်သူ့ကို အားကိုးရမည်၊ သို့မဟုတ် ပြဿနာကို မည်သို့ ရှုမြင်ရမည်၊ သို့မဟုတ် ယင်းကို ဖြေရှင်းရန် မည်သည့်နေရာမှ စတင်ရမည်ကို မသိဘဲ အဘယ်သို့ပြုရမည်မသိ ဖြစ်စေသည်၊ ၎င်းတို့သည် ထိတ်လန့်တုန်လှုပ်နေသည့် အခြေအနေ၌သာ ရှိနေကြသည်။ ၎င်းတို့ ထိတ်လန့်တုန်လှုပ်ပြီးနောက်တွင် သံသယများ ဖြစ်ပေါ်လာနိုင်သည် သို့မဟုတ် ယာယီအားဖြင့် ငြိမ်သက်သွားနိုင်သော်လည်း ၎င်းတို့၏ အကျင့်ပါနေသော ယိမ်းယိုင်ခြင်းသည် မပြောင်းလဲဘဲ ရှိနေသည်။ ၎င်းတို့၏ သရုပ်သကန်များအရ ၎င်းတို့ကို ဆိုးယုတ်သောလူများအဖြစ် အမျိုးအစားခွဲခြား၍ မရနိုင်သောကြောင့် ၎င်းတို့သည် လက်ရှိတွင် တာဝန်အနည်းငယ်ကို ထမ်းဆောင်နိုင်ပြီး လိုလိုလားလား အလုပ်လုပ်ပေးပါက ၎င်းတို့ကို မိမိတို့၏ တာဝန်ကို ဆက်လက်ထမ်းဆောင်ခွင့် ပြုနိုင်ပေသည်။ သို့သော် ဤသည်မှာ ၎င်းတို့၏ တာဝန်သည် အနည်းဆုံး ရလဒ်အချို့ ထွက်ပေါ်စေသည်ဟူသော အခြေခံအချက်အရ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝလက်မခံဘဲ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ပြီး အစဉ်သဖြင့် ဝတ်ကျေတမ်းကျေ ဖြစ်နေပါက ၎င်းတို့ကို အိမ်ပြန်လွှတ်သင့်သည်။ သို့သော် ၎င်းတို့သည် မိမိတို့၏ အမှားများကို ပြင်ဆင်လိုစိတ်ရှိပါက ဘုရားအိမ်တော်၌ ဆက်နေပြီး မိမိတို့၏ တာဝန်ကို ဆက်လက်ထမ်းဆောင်ခွင့် ပြုသင့်သည်။ ၎င်းတို့ကို မိမိတို့နှင့် သင့်တော်သည့် မည်သည့်တာဝန်ကိုမဆို ခန့်အပ်သင့်သည်။ ၎င်းတို့သည် မည်သည့်တာဝန်ကိုမျှ မထမ်းဆောင်နိုင်ဘဲ အသုံးမကျသူများသာ ဖြစ်ပါက ၎င်းတို့ကို ၎င်းတို့နှင့် သင့်တော်သည့် တစ်နေရာရာသို့ ပို့သင့်သည်။ ဤအခြေအနေတွင်မူ ၎င်းတို့သည် အလုပ်လုပ်ပေးရန် အသင့်ရှိခြင်းနှင့် လိုလားခြင်းအပေါ်တွင်မူတည်၍ မရနိုင်တော့ပေ။ ဤသို့ ကိုင်တွယ်သည့်နည်းလမ်းသည် ရိုးရှင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။)

ယိမ်းယိုင်တတ်သောသူများကို ပိုင်းခြားသိမြင်နိုင်ကြသလော။ သင်တို့၏ ပတ်ဝန်းကျင်တွင် ထိုသို့သောလူများ ရှိကြသလော။ အချို့လူများသည် ယခင်က အသင်းတော်မှ ဖယ်ရှားခြင်း ခံခဲ့ရသည်။ ၎င်းတို့ထဲမှ တစ်ဦးက ဤသို့ဆိုသည်ဟု ဆိုပါစို့။ “ကျွန်ုပ် ပိုကောင်းအောင် ပြောင်းလဲခဲ့ပြီးပါပြီ။ ကျွန်ုပ် မယိမ်းယိုင်တော့ပါ။ ဘုရားအိမ်တော်သည် ပြည်ပ၌ အမှုတော်ကို စတင်လုပ်ဆောင်ခါစတွင် အခြေအနေများသည် အမှန်တကယ် ခက်ခဲခဲ့သောကြောင့် မှန်သော လမ်းခရီးနှင့်ပတ်သက်လာလျှင် ကျွန်ုပ်သည် အစဉ် ယိမ်းယိုင်ခဲ့ပါသည်။ ထိုအချိန်က အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများအတွက် ဧဝံဂေလိတရားဟောရန် အလွန်ခက်ခဲခဲ့ပြီး ပြည်ပတွင် မှန်သော လမ်းခရီးကို လက်ခံသူ အနည်းငယ်သာ ရှိခဲ့သည်။ ထို့အပြင် ဧဝံဂေလိအလုပ် ဖြန့်ဝေခြင်းအတွက် မည်သည့်အလားအလာမျှ ရှိပုံမရခဲ့ပါ။ ထို့ကြောင့် ထိုစဉ်က ဘုရား၏ အမှုတော်နှင့်ပတ်သက်၍ ကျွန်ုပ်သည် အစဉ် သံသယရှိခဲ့ပါသည်။ ယခု ဘုရားအိမ်တော်၏ ဧဝံဂေလိအလုပ်သည် ပျံ့နှံ့နေသည်ကိုလည်းကောင်း၊ အမျိုးမျိုးသော အလုပ်များသည် တိုးတက်ကောင်းမွန်လာပြီး ရလဒ်များ ထွက်ပေါ်နေသည်ကိုလည်းကောင်း၊ နိုင်ငံအသီးသီးရှိ အသင်းတော်များသည် တိုး၍ ကြီးပွားစည်ပင်လာသည်ကိုလည်းကောင်း ကျွန်ုပ် မြင်တွေ့ရသည့်အခါ ကျွန်ုပ်တွင် သံသယများ မရှိတော့သကဲ့သို့ မယိမ်းယိုင်တော့ပါ။ ကျေးဇူးပြု၍ ကျွန်ုပ်ကို တာဝန်ထမ်းဆောင်ခွင့်ပေးပါ။ ကျွန်ုပ်ကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းခံရသူများ၏ စာရင်းထဲတွင် မထည့်ပါနှင့်” ဟူ၍ ဖြစ်သည်။ ထိုသို့သောလူကို အခွင့်အရေးပေးလျှင် သင့်တော်မည်လော။ (မသင့်တော်ပါ။) အဘယ်ကြောင့် မသင့်တော်သနည်း။ (၎င်းတို့၏ စကားများသည် မမှန်ကန်ပါ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်သည် ပျံ့နှံ့မည့် လမ်းကြောင်းပေါ်တွင် ရှိနေသည်ကိုလည်းကောင်း၊ အင်အားကောင်းလာသည်ကိုလည်းကောင်း မြင်သောကြောင့်သာ အသင်းတော်နှင့် ပြန်လည်ပူးပေါင်းလိုခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့၏ အယူအဆများနှင့် ဆန့်ကျင်သည့် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်း ၎င်းတို့သည် တစ်ဖန် ယိမ်းယိုင်ကြဦးမည် ဖြစ်သည်။) သင်သည် ဤကိစ္စကို ထွင်းဖောက်၍ မြင်ပြီလော။ (မြင်ပါပြီ။) အချို့လူများသည် မွေးရာပါ ယိမ်းယိုင်တတ်သူများ ဖြစ်ကြသည်။ ယနေ့ လေတစ်မျိုးတိုက်လျှင် ၎င်းတို့သည် ထိုဘက်သို့လိုက်ပြီး နက်ဖြန် အခြားတစ်မျိုးတိုက်လျှင် ထိုဘက်သို့လိုက်သည်၊ လေမတိုက်သည့်အခါ၌ပင် ၎င်းတို့သည် မိမိတို့ဘာသာ ယိမ်းယိုင်နေကြဆဲ ဖြစ်သည်။ ထိုသို့သောလူများသည် ပုံမှန်လူသားတစ်ဦးတွင် ရှိသင့်သော တွေးခေါ်နိုင်စွမ်းကို မပိုင်ဆိုင်ကြသောကြောင့် လူဖြစ်ခြင်း၏ စံနှုန်းနှင့် မကိုက်ညီကြပေ။ ဤသည်မှာ မှန်ကန်သလော။ (မှန်ကန်ပါသည်။) တစ်စုံတစ်ဦးသည် ပုံမှန်လူသားတစ်ဦး၏ တွေးခေါ်နိုင်စွမ်းရှိပြီး လူသားများတွင် ရှိသင့်သော သဘောပေါက်နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ပါက ၎င်းတို့သည် ဘုရားသခင်က သမ္မာတရားများစွာကို ဖော်ပြခဲ့သည်ကို မြင်တွေ့ရမည်ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်၏ အမှုတော်ဖြစ်ကြောင်း အတည်ပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် ဘုရားသခင်ကို ယုံကြည်သူ များစွာရှိသည်၊ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို နေ့စဉ် မြင်တွေ့ကြရသည့်အပြင် ဘုရားသခင်၏ အံ့ဖွယ်သော လုပ်ဆောင်ချက်များကိုလည်း မြင်တွေ့ကြရသည်၊ ၎င်းတို့၏ ယုံကြည်ခြင်းသည် ပို၍ ခိုင်မာလာပြီး ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ခွန်အား ပို၍ တိုးပွားလာသည်။ ဤအရာများသည် လူ၏အလုပ်ဖြင့် စွမ်းဆောင်ရရှိနိုင်သည့်အရာများလော။ လူသားတစ်ဦး၏ တွေးခေါ်နိုင်စွမ်းကို မပိုင်ဆိုင်သောသူတို့ကို သင်သည် ဤကိစ္စရပ်များကို မည်မျှပင် ရှင်းလင်းစွာ ရှင်းပြပါစေ ၎င်းတို့က ဤသည်မှာ ဘုရားသခင်၏ အမှုတော်ဖြစ်ကြောင်း အတည်မပြုနိုင်ကြပေ။ ၎င်းတို့တွင် ထိုသို့သော ဆုံးဖြတ်ချက်ချနိုင်စွမ်း ကင်းမဲ့နေသည်။ ယခု ဘုရားသခင် လုပ်ဆောင်နေသည့် အမှုသည် မည်မျှပင် ကြီးမားပါစေ၊ ကိုယ်တော် မည်မျှပင် စကားပြောဆိုပါစေ၊ လူမည်မျှပင် ကိုယ်တော်နောက်သို့ လိုက်ပါစေ၊ လူမည်မျှပင် ဤသည်မှာ ဘုရားသခင်၏ အမှုတော်ဖြစ်ကြောင်း သေချာပါစေ၊ သို့မဟုတ် လူမည်မျှပင် လူသားမျိုးနွယ်၏ ကံကြမ္မာသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအောက်တွင် ကျရောက်ကြောင်းနှင့် ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ကြောင်း သေချာပါစေ ဤအရာ တစ်ခုမျှ ၎င်းတို့အတွက် အရေးမကြီးပေ။ သို့ဆိုလျှင် ၎င်းတို့အတွက် အရေးအကြီးဆုံးမှာ အဘယ်နည်း။ ၎င်းတို့သည် ကောင်းကင်ဘုံမှ ဘုရားသခင် ၎င်းတို့ထံ ပေါ်ထွန်းသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရန် လိုအပ်ပြီး ဘုရားသခင် ကိုယ်တော်တိုင် နှုတ်တော်ကို ဖွင့်၍ စကားပြောဆိုသည်ကိုလည်းကောင်း၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ကိုယ်တော်တိုင် ဖန်ဆင်းသည်ကိုလည်းကောင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ကိုယ်တော်တိုင် ပြုလုပ်သည်ကိုလည်းကောင်း မြင်တွေ့ရန် လိုအပ်သည့်အပြင် ကိုယ်တော်သည် စကားပြောဆိုသည့်အခါ ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် မိုးခြိမ်းသံကဲ့သို့ ဖြစ်ရမည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြမည် ဖြစ်သည်။ ၎င်းတို့သည် သောမနှင့် တူလှသည်။ သခင်ယေရှု မြေကြီးပေါ်တွင် ရှိစဉ်ကာလအတွင်း နှုတ်ကပတ်တော်များ ပြောဆိုခြင်း၊ သမ္မာတရားကို ဖော်ပြခြင်း၊ သို့မဟုတ် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြုလုပ်ခြင်းတို့ မည်မျှပင် ရှိခဲ့ပါစေ၊ ထိုအရာ တစ်ခုမျှ သောမအတွက် အရေးမကြီးခဲ့ပေ။ အရေးကြီးသည်မှာ သခင်ယေရှုသည် သေဆုံးပြီးနောက် ရှင်ပြန်ထမြောက်ခြင်းသည် အမှန်ဟုတ်မဟုတ်ဟူသည့်အချက် ဖြစ်သည်။ သူသည် ဤအရာကို မည်သို့ အတည်ပြုခဲ့သနည်း။ သူသည် သခင်ယေရှုထံ ဤသို့ တောင်းဆိုခဲ့သည်။ “ကိုယ်တော်၏ လက်များကို ဆန့်ထုတ်၍ ကိုယ်တော်၏ သံမှိုရာများကို ကျွန်ုပ်အား ကြည့်ခွင့်ပေးပါ။ ကိုယ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်သော သခင်ယေရှု အမှန်ဖြစ်ပါက ကိုယ်တော်၏ လက်များပေါ်တွင် သံမှိုရာများ ရှိလိမ့်မည်၊ ထိုအခါ ကျွန်ုပ်သည် ကိုယ်တော်အား သခင်ယေရှုအဖြစ် အသိအမှတ်ပြုပါမည်။ ကိုယ်တော်၏ လက်များထဲမှ သံမှိုရာများကို ကျွန်ုပ် စမ်း၍မရပါက ကျွန်ုပ်သည် ကိုယ်တော်အား သခင်ယေရှုအဖြစ် အသိအမှတ်ပြုမည်မဟုတ်သကဲ့သို့ ကိုယ်တော်အား ဘုရားအဖြစ်လည်း အသိအမှတ်ပြုမည် မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ သူသည် ကျပ်မပြည့်သူတစ်ဦး ဖြစ်ခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဲ့သို့သောလူများသည် မိမိတို့၏ မျက်စိဖြင့် မြင်နိုင်သည့် အဖြစ်မှန်များနှင့် မိမိတို့၏ စိတ်ကူးများ၊ ကျိုးကြောင်းဆင်ခြင်မှုများကိုသာ ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားရလျှင်ပင်၊ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားရလျှင်ပင်၊ ဘုရားသခင်၏ အမှုတော်၏ ပေါ်ပေါက်လာခြင်း၊ ကြီးထွားလာခြင်းနှင့် ကြီးပွားစည်ပင်လာခြင်းတို့ကို မြင်တွေ့ရလျှင်ပင် ဤသည်မှာ ဘုရားသခင်၏ အမှုတော်ဖြစ်ကြောင်းကိုမူ မယုံကြည်ကြသေးပေ။ ၎င်းတို့သည် ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးကို မမြင်နိုင်ကြ၊ ဘုရားသခင်၏ သြဇာအာဏာကို မမြင်နိုင်ကြ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တန်ခိုးကိုဖြစ်စေ၊ လူတို့၌ စွမ်းဆောင်ရရှိနိုင်သည့် ရလဒ်များကိုဖြစ်စေ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် ဤအရာများ တစ်ခုတလေကိုမျှ မမြင်နိုင်ကြ၊ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် အရာတစ်ခုတည်းကိုသာ မျှော်လင့်ကြသည်။ “သင်သည် ဖန်ဆင်းရှင်ဖြစ်ကြောင်း ကြေညာလျက် ကောင်းကင်ဘုံမှ မိုးခြိမ်းသံကဲ့သို့သော အသံဖြင့် စကားပြောဆိုရမည်။ သင်သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကိုလည်း ပြုလုပ်ရန် လိုအပ်ပြီး သင်၏ ကြီးမြတ်သော တန်ခိုးကို ပြသရန် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ကိုယ်တိုင် ဖန်ဆင်းရမည်။ ထိုအခါမှ ကျွန်ုပ်သည် သင့်အား ဘုရားဖြစ်သည်ဟု ယုံကြည်မည်၊ ကျွန်ုပ်သည် သင့်အား ဘုရားအဖြစ် အသိအမှတ်ပြုမည်” ဟူ၍ ဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော အသိအမှတ်ပြုခြင်းကို တန်ဖိုးထားပါသလော။ ကိုယ်တော်သည် ထိုသို့သော ယုံကြည်လက်ခံခြင်းကို တန်ဖိုးထားပါသလော။ (မထားပါ။) ဘုရားသခင်သည် ဘုရားဖြစ်ရန် သင်၏ အသိအမှတ်ပြုခြင်းကို လိုအပ်သလော။ ကိုယ်တော်သည် သင်၏ အတည်ပြုချက်ကို လိုအပ်သလော။ ဘုရားသခင်သည် သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီးပြီ၊ လူများစွာတို့သည် ဘုရားသခင်၏ အမှုတော်ကို လက်ခံခဲ့ပြီးပြီ၊ ပြီးလျှင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များစွာ ရှိနေသည်၊ ယခင်မျိုးဆက် တစ်ခုတလေ၏ သက်သေခံချက်များထက် သာလွန်သော သက်သေခံချက်များ ဖြစ်သည်၊ သို့တိုင် သင်သည် ဤသည်မှာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဟုတ်မဟုတ်ကို အတည်မပြုနိုင်သေးပေ။ သင်သည် ဘုရားသခင် ပြီးမြောက်အောင်မြင်ခဲ့ပြီးဖြစ်သော အဖြစ်မှန်များကိုလည်းကောင်း၊ ဘုရားသခင်၏ ကတိတော်များ ပြည့်စုံခြင်းကိုလည်းကောင်း မယုံကြည် သို့မဟုတ် အသိအမှတ်မပြုပေ။ သို့ဆိုလျှင် သင်သည် မည်သို့သောအရာမျိုး ဖြစ်သနည်း။ သင်သည် လူပင် မဟုတ်၊ သင်သည် ကျပ်မပြည့်သောသူတစ်ဦး ဖြစ်သည်။ သို့ဖြစ်လျက်နှင့်ပင် သင်သည် ဘုရားသခင်ထံမှ ကောင်းချီးများကို လက်ခံရရှိလိုသေးသည်။ လုံးဝမဖြစ်နိုင်ပါ။ ကောင်းချီးရဖို့ အိပ်မက်သာ မက်နေခြင်းဖြစ်သည်။ သင်သည် ဘုရားအိမ်တော်၏ ကံဆိုးမိုးမှောင်ကျမှုကို အစဉ်သဖြင့် ရယ်မောလိုလျက် အချိန်တိုင်း ဘုရားသခင်ကို သံသယဝင်ပြီး ငြင်းပယ်သည်။ သင်သည် ဘုရားသခင်၏ တည်ရှိမှုကို မည်သည့်အခါမျှ အသိအမှတ်မပြုခဲ့ သို့မဟုတ် မယုံကြည်ခဲ့သကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်ကိုလည်း မည်သည့်အခါမျှ အသိအမှတ်မပြုခဲ့၊ မယုံကြည်ခဲ့ သို့မဟုတ် မလက်ခံခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်၏ ကတိတော်များသည် သင်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိဘဲ သင်သည် မည်သည့်အရာကိုမျှ ရရှိမည်မဟုတ်ပေ။ အချို့လူများက “သို့သော် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေဆဲ ဖြစ်သည်။ ၎င်းတို့သည် မည်သို့လျှင် မည်သည့်အရာမျှ မရရှိနိုင်မည်နည်း” ဟု ဆိုကြသည်။ သို့ဆိုလျှင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်သည်၊ ၎င်းတို့သည် မည်သူ့အတွက် ထမ်းဆောင်နေကြသည်၊ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ မည်သည့်စည်းမျဉ်းများကို လိုက်နာကြသည်တို့ကို ငါတို့ ရှင်းလင်းစွာ သိရှိရမည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံပါက သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်လျှင်ပင် သင်သည် အလုပ်လုပ်ပေးနေခြင်းသာ ဖြစ်သည်၊ ယင်းမှာ စစ်မှန်သော ကျိုးနွံနာခံခြင်း မဟုတ်ပေ။ ဘုရားသခင်သည် သင်လုပ်ဆောင်သည့်အရာကို သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအဖြစ် အသိအမှတ်မပြုပေ။ ဘုရားသခင်၏ အမြင်တွင် သင်သည် ဝိညာဉ်မရှိသော လူသေတစ်ဦးမျှသာ ဖြစ်သည်။ လူသေတစ်ဦးက ကောင်းချီးများကို မျှော်လင့်နေသေးသည်၊ ဤသည်မှာ စိတ်ကူးယဉ် အိပ်မက်မက်နေခြင်းသာ ဖြစ်သည် မဟုတ်လော။ သင်သည် တာဝန်အနည်းငယ်ကိုပင် ထမ်းဆောင်နိုင်ခြင်းမှာ ကောင်းချီးများ ရရှိရန် သင်၏ ရည်ရွယ်ချက်ဖြင့် တွန်းအားပေးခံရသောကြောင့် ဖြစ်သည်။ ပြီးလျှင် သင်သည် အစဉ် သံသယဝင်လျက် စိတ်ထဲတွင် အမြဲ ဘုရားသခင်ကို ဝေဖန်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ ငြင်းပယ်ခြင်း ပြုလုပ်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်ကိုလည်း ဝေဖန်ကာ ငြင်းပယ်သည်။ ဤသည်က သင့်ကို ဘုရားသခင်၏ ရန်သူတစ်ဦး ဖြစ်စေသည်။ ဘုရားသခင်၏ ရန်သူဖြစ်သော လူတစ်ဦးသည် ဖန်ဆင်းခံတစ်ဦးအဖြစ် စံနှုန်းပြည့်မီနိုင်မည်လော။ (မမီနိုင်ပါ။) သင်သည် အချိန်တိုင်း ဘုရားသခင်၏ ရန်သူအဖြစ် မိမိကိုယ်ကို ရပ်တည်စေသည်၊ အရိပ်ထဲမှနေ၍ ကိုယ်တော်နှင့် ကိုယ်တော်၏ အမှုတော်ကို တိတ်တဆိတ် စောင့်ကြည့်သည်၊ သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို တိတ်တဆိတ် ဆန့်ကျင်ကန့်ကွက်သည်၊ ကိုယ်တော်အား ဝေဖန်ပြီး ပြစ်တင်ရှုတ်ချသည်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များနှင့် ကိုယ်တော်၏ အမှုတော်တို့ကို ဝေဖန်ပြီး ပြစ်တင်ရှုတ်ချသည်။ ဤသည်မှာ ဘုရားသခင်၏ ရန်သူဖြစ်ခြင်း မဟုတ်လျှင် အဘယ်အရာ ဖြစ်မည်နည်း။ ဤသည်မှာ ဘုရားသခင်၏ ရန်သူအဖြစ် ပေါ်တင် ဖြစ်နေခြင်း ဖြစ်သည်။ ပြီးလျှင် သင်သည် ဘာသာတရားမရှိသူများ၏ လောကအတွင်း၌ ဘုရားသခင်၏ ရန်သူဖြစ်နေခြင်း မဟုတ်ဘဲ ဘုရားအိမ်တော်အတွင်း၌ ထိုသို့ ပြုလုပ်နေခြင်း ဖြစ်သည်။ ဤသည်မှာ သာ၍ပင် ခွင့်မလွှတ်နိုင်စရာ ဖြစ်သည်။

ဤယိမ်းယိုင်တတ်သောသူများသည် ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရကိုဖြစ်စေ၊ ၎င်းတို့၏ သရုပ်သကန်များကိုဖြစ်စေ ကြည့်လျှင် သမ္မာတရားကို လက်မခံကြသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်ကိုလည်း လက်မခံကြပေ။ ၎င်းတို့သည် မိမိတို့ ကောင်းချီးများ လက်ခံရရှိနိုင်ခြင်း ရှိမရှိကိုသာ ဂရုစိုက်ကြသည်။ ၎င်းတို့သည် ဘုရားသခင် သို့မဟုတ် ကိုယ်တော်၏ အမှုတော်နှင့်ပတ်သက်၍ မည်သည့်အခါမျှ သေချာခြင်းမရှိဘဲ အစဉ်သဖြင့် နောက်ကွယ်မှ စောင့်ကြည့်လျက် အဆက်မပြတ် ယိမ်းယိုင်ကာ သံသယဝင်နေကြသည်။ ၎င်းတို့သည် စောင့်ကြည့်နေရင်း ဘုရားသခင်နောက်သို့ လိုက်ကြသည်၊ လမ်းလျှောက်လိုက် ရပ်လိုက်၊ ရပ်လိုက် လမ်းလျှောက်လိုက် ဖြစ်နေကြသည်။ ဤလူများသည် အတော်ပင် ဒုက္ခပေးတတ်၏။ အထူးသဖြင့် ယခုအခါ အသင်းတော်သည် လူတို့ကို မကြာခဏ ဖယ်ရှားနေသဖြင့် ၎င်းတို့သည် အစဉ် ရင်တထိတ်ထိတ်နှင့် ရှိနေကြပြီး “ငါသည် အစဉ်သဖြင့် ယိမ်းယိုင်နေသည်။ တစ်နေ့နေ့တွင် တစ်စုံတစ်ယောက်က သတိပြုမိသွားပြီး ငါသည် အသင်းတော်မှနေ၍ ရှင်းလင်းပစ်ခြင်း ခံရနိုင်သည်။ ငါ၏ စိတ်ထဲမှ ဘုရားနှင့်ပတ်သက်သော သံသယများကို ပေါက်ကြား၍မဖြစ်။ ဤအကြောင်းကို မည်သူ့ကိုမျှ ပြော၍မဖြစ်” ဟု တွေးထင်နေကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် နောက်ကွယ်မှ တိတ်တဆိတ် စောင့်ကြည့်ကြသည်၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို ယုံကြည်ဖို့ မဆိုထားနှင့် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်သောကြောင့် ဘုရားသခင်၏ ထုတ်ဖော်ခြင်းကိုလည်း မကြောက်ရွံ့ကြပေ။ ညီအစ်ကိုမောင်နှမများက ဘုရားသခင်သည် ၎င်းတို့ကို မည်သို့ လမ်းပြခဲ့သည်ဟုလည်းကောင်း၊ ကိုယ်တော်သည် ၎င်းတို့ကို မည်သို့ ဆုံးမပဲ့ပြင်ခဲ့သည်ဟုလည်းကောင်း၊ ကိုယ်တော်သည် လူတို့ကို မည်သို့ထုတ်ဖော်ခဲ့သည်ဟုလည်းကောင်း၊ ကိုယ်တော်သည် လူတို့ကို မည်သို့ ကယ်တင်ခဲ့သည်ဟုလည်းကောင်း၊ ဘုရားသခင်သည် ၎င်းတို့အပေါ် ကျေးဇူးတော်နှင့် ကောင်းချီးများကို မည်သို့ ပေးသနားခဲ့သည်ဟုလည်းကောင်း၊ ဘုရားသခင်နောက်သို့ လိုက်သည့် ဖြစ်စဉ်တွင် ၎င်းတို့သည် ကိုယ်တော်၏ အမှုတော်ကို မည်သို့ တွေ့ကြုံခံစားခဲ့ရသည်ဟုလည်းကောင်း၊ ၎င်းတို့ မည်သို့ ခံစားခဲ့ရသည်၊ မြင်တွေ့ခဲ့ရသည် သို့မဟုတ် သိနားလည်ခဲ့သည်ဟုလည်းကောင်း စသည်တို့ကို မိတ်သဟာယဖွဲ့ကြသည်ကို ဤလူများက မကြာခဏ ကြားရလေ့ရှိသည်။ ညီအစ်ကိုမောင်နှမများက ဤအတွေ့အကြုံဆိုင်ရာ နားလည်မှုများအကြောင်း မိတ်သဟာယဖွဲ့သည်ကို ကြားရသည့်အခါ ၎င်းတို့သည် မိမိတို့ဘာသာ ဤသို့ တွေးထင်ကြသည်။ “သင်တို့ ပြောနေသည့် အတွေ့အကြုံများသည် သင်တို့၏ စိတ်ကူးများသာ ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူ့ခံစားချက်များသာ ဖြစ်သည် မဟုတ်လော။ ငါသည် အဘယ်ကြောင့်များ ဤအရာများကို မခံစားရသနည်း။ အထူးသဖြင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများကို ရေးသည့်သူများအား ငါ မသိ၊ ပြီးလျှင် သူတို့သည် ဤအတွေ့အကြုံမှတစ်ဆင့် ဤအရာများကို မည်သို့ စွမ်းဆောင်ရရှိခဲ့သည်ကိုလည်း ငါ မမြင်ဖူးပါ။ သူတို့တွင် သမ္မာတရား လက်တွေ့ကျမှု အမှန်တကယ် ပိုင်ဆိုင်ခြင်း ရှိမရှိဆိုသည်မှာ မသေချာသေးဘူး” ဟူ၍ ဖြစ်သည်။ အချို့သော ကျပ်မပြည့်သူများသည် ဘုရားသခင် ရွေးချယ်ထားသောလူများ ရေးသားသည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများတွင် မည်သည့် သမ္မာတရား လက်တွေ့ကျမှုများ ပါဝင်သည်ကို မမြင်နိုင်ဘဲ ဘုရားအိမ်တော်၏ အလုပ်ကို စောင့်ကြည့်ကာ မေးခွန်းထုတ်နေဆဲဖြစ်ပြီး မိမိတို့၏ ယိမ်းယိုင်ခြင်းနှင့် ယုံကြည်ခြင်းကင်းမဲ့မှုအတွက် ဆင်ခြေများနှင့် အခြေခံအကြောင်းရင်းများကို ရှာဖွေရန် ကြိုးစားကြသည်။ ၎င်းတို့သည် မိမိတို့ ယိမ်းယိုင်နေသောကြောင့် အခြားသူများလည်း ယိမ်းယိုင်နေရမည်ဟု တွေးထင်ကြသည်။ တစ်စုံတစ်ဦးသည် မည်သည့်အခါမျှ မယိမ်းယိုင်ဘဲ၊ သံသယများမရှိဘဲ ၎င်းတို့၏ သမ္မာတရားနှင့်ပတ်သက်သည့် ပုံမှန်မိတ်သဟာယဖွဲ့ခြင်းသည် အစဉ် အတော်အတန် လက်တွေ့ကျပြီး မည်သည့်ပြဿနာများကိုပင် ကြုံတွေ့ရပါစေ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ပါက ဤလူမိုက်များသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် မတင်မကျဖြစ်ခြင်းနှင့် မသက်မသာဖြစ်ခြင်းတို့ကို ခံစားကြရသည်။ ၎င်းတို့ မသက်မသာ ခံစားရသည့်အခါ မည်သို့ သက်သာရာရအောင် ရှာဖွေကြသနည်း။ ၎င်းတို့သည် မိမိတို့နှင့် တူသောသူတစ်ဦးကို ရှာဖွေကြပြီး စိတ်တူသဘောတူဖြစ်သူကို ရှာဖွေရန် ကြိုးစားကြသည်။ တစ်စုံတစ်ဦးသည် အပျက်သဘောဆောင်ပြီး အားနည်းနေသည်ကို မြင်သည့်အခါ ၎င်းတို့သည် အခြေအနေကို စမ်းစစ်ရန် မိမိတို့၏ အတွေးအခေါ်များကို အရိပ်အမြွက်ပြလျက် ဤသို့ဆိုကြသည်။ “ကျွန်ုပ်သည်လည်း တစ်ခါတစ်ရံ အပျက်သဘောဆောင်သည်ဟု ခံစားရသည်။ အပျက်သဘောဆောင်နေသည့်အခါတွင် ထိုသို့မဖြစ်သင့်ကြောင်းကို ကျွန်ုပ်သိသည်။ သို့သော်လည်း တစ်ခါတစ်ရံတွင် ဘုရား အမှန်တကယ် ရှိမရှိကို သံသယဝင်မိသည်” ဟူ၍ ဖြစ်သည်။ တစ်ဖက်လူက ၎င်းတို့ကို ပြန်မပြောဘဲ ထိုသူသည် အပျက်သဘောဆောင်ပြီး အားနည်းနေရုံသာဖြစ်ကာ ဘုရားသခင်နှင့်ပတ်သက်၍ သံသယမရှိသည်ကို ၎င်းတို့ မြင်ပါက ၎င်းတို့သည် ထိုသူကို စမ်းသပ်ရန် စိတ်ရင်းမမှန်သော အခြားစကားတစ်ခုကို ပြောဆိုကြလိမ့်မည်။ “ငါသည် အဘယ်သို့များ ဖြစ်သည်ဟု သင်ထင်သနည်း။ ငါက ဘုရားကို ကောင်းကောင်းမွန်မွန် ယုံကြည်ပါလျက် အဘယ်ကြောင့်များ သူ့အပေါ်မှာ အစဉ်အမြဲ သံသယများ ရှိနေရသနည်း။ ယင်းမှာ ပုန်ကန်ခြင်း မဟုတ်လော။ ဤသို့မဖြစ်သင့်ပါ” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဤစကားကို တစ်ဖက်လူအား ဖားရန်နှင့် စမ်းသပ်ရန်အတွက်သာ လုံးလုံး ပြောဆိုခြင်း ဖြစ်သည်။ ၎င်းတို့သည် အခြားလူများကလည်း မိမိတို့ကဲ့သို့ပင် ဘုရားသခင်ကို မေးခွန်းထုတ်သည်ကို အလွန်အမင်း မျှော်လင့်ကြသည်၊ ထိုသို့ဖြစ်လျှင် ၎င်းတို့ကို ပျော်ရွှင်စေမည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အစဉ် သံသယဝင်ပြီး ကိုယ်တော်နှင့်ပတ်သက်၍ အစဉ် အယူအဆများရှိသော အခြားတစ်စုံတစ်ဦးကို ရှာဖွေတွေ့ရှိပါက စိတ်တူသဘောတူဖြစ်သူကို ရှာတွေ့သည့်အတွက် ကံကောင်းသည်ဟု ခံစားကြရသည်။ ထိုနှစ်ဦးသည် တူညီသော ညစ်ညမ်းသည့် စိတ်သဘောထားကို မျှဝေလျက် မကြာခဏ အချင်းချင်း ရင်ဖွင့်ကြသည်။ ၎င်းတို့ စကားပြောလေလေ ဘုရားသခင်နှင့် ပို၍ ကင်းကွာလေလေ ဖြစ်သည်။ ၎င်းတို့ စကားပြောလေလေ မိမိတို့၏ တာဝန်ကို ထမ်းဆောင်လိုစိတ် နည်းပါးလေလေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုလိုစိတ် နည်းပါးလေလေ ဖြစ်ပြီး အသင်းတော်အသက်တာတွင် ပါဝင်ခြင်းကိုပင် ရပ်တန့်လိုကြသည်။ တဖြည်းဖြည်းနှင့် ထိုနှစ်ဦးသည် ခွဲခွာ၍မရသော အဖော်များကဲ့သို့ တစ်ဦးနှင့်တစ်ဦး ပူးကပ်ပေါင်းသင်းကာ အတူတကွ ထွက်ခွာလျက် လောကတွင် အလုပ်သွားလုပ်ရန် ထွက်သွားကြတော့သည်။ ၎င်းတို့ ထွက်ခွာသွားသည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်တစ်အုပ်ကိုမျှပင် ယူမသွားကြပေ။ တစ်စုံတစ်ဦးက ၎င်းတို့ကို “သင် ဘုရားသခင်ကို မယုံကြည်တော့ဘူးလား” ဟု မေးသည့်အခါ ၎င်းတို့က “မဟုတ်ဘူး၊ ကျွန်ုပ် ယုံကြည်ပါသည်” ဟု ပြန်ဖြေသည်။ ၎င်းတို့သည် ခေါင်းမာစွာ ငြင်းဆန်နေဆဲ ဖြစ်သည်။ အခြားသူက “သို့ဆိုလျှင် သင်သည် အဘယ့်ကြောင့်များ ဘုရားနှုတ်ကပတ်တော် စာအုပ် တစ်အုပ်မျှ မယူသွားသနည်း” ဟု မေးသည့်အခါ ၎င်းတို့က “ယင်းတို့မှာ အလွန်လေးလံလှသည်၊ ပြီးလျှင် ကျွန်ုပ်တွင် ထားစရာနေရာလည်း မရှိပါ” ဟု ပြန်ဖြေသည်။ ၎င်းတို့ ပြောသမျှသည် တစ်ဖက်လူကို ဟန်ဆောင်ဖုံးဖိ ပြောဆိုခြင်းသာ ဖြစ်သည်။ အမှန်တကယ်တွင်မူ ၎င်းတို့သည် လောကသို့ ပြန်လည်ဝင်ရောက်ရန်၊ အလုပ်တစ်ခုရှာရန်နှင့် မိမိတို့၏ ဘဝကို ရှင်သန်နေထိုင်ရန် အသင့်ပြင်နေခြင်းသာ ဖြစ်သည်။ သင်တို့ကို ငါ အမှန်တရားကို ပြောပြမည်။ ဤလူစားမျိုးသည် မယုံကြည်သူများ ဖြစ်ကြပြီး ဤသည်မှာ ၎င်းတို့၏ နောက်ဆုံးအဆုံးသတ် ဖြစ်လိမ့်မည်၊ ဤသည်မှာ ၎င်းတို့ အမှန်တကယ် ဖြစ်သည့်အရာ ဖြစ်သည်။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကြာရှည်ခံမည်မဟုတ်ပေ။ ၎င်းတို့ ကြိုက်နှစ်သက်သောသူတစ်ဦး၊ ၎င်းတို့၏ အတွင်းအကျဆုံး ရင်တွင်းစကားများကို မျှဝေနိုင်သောသူတစ်ဦးကို တွေ့သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် “နောက်ဆုံးတော့ ငါ့ကို ကျောထောက်နောက်ခံပေးမည့်သူ၊ အားကိုးရမည့်သူတစ်ယောက်ကို ငါတွေ့ပြီ။ သွားကြစို့။ ဘုရားကို ယုံကြည်ရသည်မှာ အလွန်ပင် ပျင်းဖွယ်ကောင်းလှသည်။ မည်သို့ပင်ဖြစ်စေ ဤလောက၌ ဘုရားဟူသည်မှာ မရှိပါ။ မတည်ရှိသည့်အရာတစ်ခုကို အစစ်အမှန်အဖြစ် သဘောထားရသည်မှာ အင်မတန် မခံရပ်နိုင်စရာ ဖြစ်၏။ ဤနှစ်များသည် အလွန်ပင် ခက်ခဲလှပါတကား” ဟု တွေးထင်ကြသည်။ ၎င်းတို့သည် မိမိတို့ဘာသာ ထွက်ခွာသွားပြီး ယုံကြည်ခြင်းကို ရပ်တန့်လိုက်ကြသည့်အပြင် ညီအစ်ကိုမောင်နှမများကို ၎င်းတို့အား မရှာဖွေရန်ပင် ပြောဆိုလျက် “ကျွန်ုပ်တို့ အလုပ်သွားလုပ်ပြီ။ ကျွန်ုပ်တို့ကို နောက်ထပ် ဖုန်းမဆက်ပါနှင့်တော့၊ ဆက်ပါက ရဲတိုင်လိုက်မည်” ဟု ဆိုကြသည်။ ဤလူမိုက်နှစ်ဦး၊ တုံးအသော မြည်းတစ်စုံသည် ထိုအတိုင်းပင် ထွက်ခွာသွားကြသည်။ ကောင်းပေသည်ဟု ငါဆိုသည်။ ဘုရားအိမ်တော်အား ၎င်းတို့ကို ရှင်းလင်းပစ်ရသည့် ဒုက္ခမှ သက်သာစေသည်။ ငါ့ကို ပြောလော့၊ ဤလူစားမျိုးကို ထောက်ပံ့ကူညီရန် သမ္မာတရားကို မိတ်သဟာယဖွဲ့ဖို့ လိုအပ်ပါသေးသလော။ ၎င်းတို့ကို ကျိုးကြောင်းပြပြောဆိုပြီး ဖျောင်းဖျရန် ကြိုးစားရန် လိုအပ်ပါသေးသလော။ (မလိုအပ်ပါ။) သင်တို့သည် ၎င်းတို့ကို ဖျောင်းဖျရန် ကြိုးစားပါက အလွန်ပင် မိုက်မဲရာကျပေမည်။ ဤလူစားမျိုးသည် ၎င်းတို့၏ ရိုးတွင်းခြင်ဆီထိတိုင် မယုံကြည်သူများ ဖြစ်ကြသည်၊ ၎င်းတို့သည် သက်ရှိလူသေကောင်များနှင့် ဦးနှောက်မဲ့သော လူအသုံးမကျသူများ ဖြစ်ကြသည်။ သင်သည် ၎င်းတို့ကို ဖျောင်းဖျရန် ကြိုးစားပါက သင်သည်လည်း မိုက်မဲရာကျသည်။ သင်သည် ဤလူစားမျိုးကို အမြန်ပင် နှုတ်ဆက်ထွက်ခွာခိုင်းသင့်သည်၊ ပြီးလျှင် နောက်ပိုင်းတွင် ၎င်းတို့ကို ရှာဖွေရန် မလိုအပ်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို နောက်ထပ် မယုံကြည်တော့ကြောင်းနှင့် ၎င်းတို့ကို နောက်တစ်ကြိမ် ဖုန်းခေါ်ပါက ရဲတိုင်မည်ဖြစ်ကြောင်း မိမိတို့ဘာသာ ရှင်းလင်းစွာ ပြောဆိုခဲ့ပြီးဖြစ်သည်။ သင်သည် ၎င်းတို့ကို ဆက်သွယ်ရန် ကြိုးစားနေဆဲဖြစ်ပါက သင်သည် ကိုယ့်ဒုက္ခကိုယ် ရှာနေခြင်း မဟုတ်လော။ ၎င်းတို့သည် ရဲကို တကယ်ခေါ်ပြီး သင့်အား နှောင့်ယှက်သည်ဟု စွပ်စွဲပါက ထိုသတင်း ပျံ့နှံ့သွားလျှင် ကောင်းသော ဂုဏ်သတင်းကို ဖြစ်စေမည်လော။ (မဖြစ်စေပါ။) သင်သည် ထိုသို့သော မိုက်မဲသည့်အရာကို လုံးဝ မလုပ်ဆောင်ရပေ။ ၎င်းတို့ကို ကိုယ့်တာဝန်ကိုယ်ယူပြီး တိတ်တဆိတ် ထွက်ခွာသွားခွင့်ပြုလော့၊ ဤသည်မှာ ပို၍ကောင်းသော လုပ်နည်းကိုင်နည်း ဖြစ်သည်။ လူတစ်ဦးချင်းစီသည် ကိုယ့်လမ်းကြောင်းကိုယ် လျှောက်ကြသည်၊ လူတစ်ဦးချင်းစီ၏ လမ်းကြောင်းသည် ၎င်းတို့ မည်သူဖြစ်သည်ဆိုသည့်အပေါ်တွင် အဆုံးအဖြတ်ပေးသည်။ ၎င်းတို့သည် ကောင်းချီးမခံစားရပေ၊ ၎င်းတို့၏ အသက်တာများသည် ပုပ်သိုး၍ တန်ဖိုးမရှိသော အသက်တာများသာ ဖြစ်သည်။ ထိုသို့သော ကြီးမြတ်သည့် ကောင်းချီးသည် ၎င်းတို့၏ အမွေဆက်ခံနိုင်စွမ်း သို့မဟုတ် ခံစားနိုင်စွမ်းထက် ကျော်လွန်သည်၊ ၎င်းတို့သည် ယင်းကို လက်ခံရရှိရန် ကံကြမ္မာ တကယ်ကို မပါပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုကို လက်ခံရန်နှင့် သမ္မာတရားကို အသက်အဖြစ် လက်ခံရန်မှာ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်အားလုံးတွင် အကြီးမြတ်ဆုံးသော ကောင်းချီး ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သူ မည်သူမဆိုသည် ကောင်းချီးခံစားရသူဖြစ်ပြီး သမ္မာတရားကို လက်မခံနိုင်သူ မည်သူမဆိုသည် ဤကောင်းချီးကို တကယ်ကို မရရှိပေ။ တစ်နေ့တွင် သမ္မာတရားကို လက်ခံခဲ့သူများသည် ကြီးမားသော ကပ်ဘေးများမှတစ်ဆင့် အသက်ရှင်ကျန်ရစ်ပြီး ကြီးမြတ်စွာ ကောင်းချီးခံစားကြရမည်ဖြစ်ပြီး သမ္မာတရားကို လက်မခံခဲ့သူများသည် ကပ်ဘေးများတွင် ပျက်စီးပြီး ဘေးဒုက္ခကို ခံစားကြရမည်ဖြစ်ရာ ထိုအချိန်ကျမှ နောင်တရလျှင် နောက်ကျသွားပေလိမ့်မည်။ သင်သည် ယခု ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်ကြောင်းနှင့် ဘုရားသခင်၏ အမှုတော်သည် ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်ကြောင်း အသိအမှတ်ပြုလျှင်ပင် သင်သည် သမ္မာတရားကို မလိုက်စားပါက၊ သမ္မာတရားကို လက်မခံပါက၊ သမ္မာတရားထဲသို့ မဝင်ရောက်ပါက သင်သည် ထိုသို့သော ကောင်းချီးကို ရရှိဦးမည် မဟုတ်ပေ။ ဤကောင်းချီးကို ဤမျှ လွယ်ကူစွာ ရရှိနိုင်သည်ဟု သင်ထင်သလော။ ဤသည်မှာ ကမ္ဘာဦးမှစ၍ မည်သည့်အခါမျှ မတည်ရှိခဲ့ဖူးပြီး နောက်တစ်ဖန် မည်သည့်အခါမျှ တည်ရှိတော့မည်မဟုတ်သော ကောင်းချီး ဖြစ်သည်၊ သင်သည် ဤကောင်းချီးကို ဤမျှ လွယ်ကူစွာ ရရှိခွင့် မည်သို့ ရနိုင်မည်နည်း။ ဘုရားသခင်သည် လူသားမျိုးနွယ်အား ထိုသို့သော ကောင်းချီးကို ကတိပေးခဲ့ပြီးဖြစ်သော်လည်း ယင်းမှာ သာမန်လူများ ရရှိနိုင်သည့်အရာ မဟုတ်ပေ။ ဤကောင်းချီးသည် ဘုရားသခင် ရွေးချယ်ထားသောသူများအတွက် ဖြစ်ပြီး အချို့သော တုံးအသော မြည်း၊ သက်ရှိလူသေကောင်၊ လူယုတ်မာ သို့မဟုတ် လူလိမ်လူကောက်တို့ ရွေးချယ်ခံရရန်မှာ မဖြစ်နိုင်ပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် အမှုအဆင့်သုံးဆင့်ကို လုပ်ဆောင်ပြီး အဆုံးတွင် ကိုယ်တော်သည် အောင်နိုင်သူများအုပ်စုတစ်စုကို ပြုလုပ်ကာ ဤလူတို့ကို အရာခပ်သိမ်း၏ သခင်များ ဖြစ်လာစေပြီး လူသားမျိုးနွယ်သစ်တစ်ရပ် ဖြစ်လာစေမည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် ကြီးမြတ်လှသော ကောင်းချီးပါတကား။ နောက်ဆုံးသောကာလ၌ ဤတရားစီရင်ခြင်းအမှုတော်အဆင့်သည် နှစ်ပေါင်းမည်မျှ ကြာမြင့်ခဲ့ပြီနည်း။ (အနှစ်သုံးဆယ်ကျော်ပါပြီ။) ဤအနှစ်သုံးဆယ်ကျော်ကို ကြည့်ရုံမျှဖြင့် ဘုရားသခင်သည် အဖိုးအခ မည်မျှ ပေးဆပ်ခဲ့ပြီး အလုပ် မည်မျှ လုပ်ဆောင်ခဲ့သည်ကို မြင်နိုင်သည်၊ သို့ဖြစ်၍ ဘုရားသခင်သည် နောက်ဆုံးတွင် ရရှိမည့် လူသားမျိုးနွယ်သည် မည်မျှ မယုံနိုင်လောက်အောင် တန်ဖိုးရှိပြီး မည်မျှ မယုံနိုင်လောက်အောင် မြင့်မြတ်မည်ဖြစ်ကြောင်းနှင့် လူသားမျိုးနွယ်သည် အဖိုးတန်ပြီး ဘုရားသခင်၏ အမြင်တွင် အလွန်ပင် အရေးကြီးကြောင်း သိသာထင်ရှားပေသည်။ သို့ဆိုလျှင် သင်တို့သည် ကံကောင်းလိုက်လေခြင်း၊ ဤသည်မှာ သင်တို့အတွက် အလွန်ကြီးမြတ်သော ကောင်းချီးပါတကား။ ထို့ကြောင့် ဤအချိန်တွင် ယိမ်းယိုင်နေဆဲဖြစ်သော အချို့လူများအတွက်မူ ၎င်းတို့သည် အမှန်တကယ် ကောင်းချီးမခံစားရပေ။ ၎င်းတို့သည် မယိမ်းယိုင်ဘဲ လိုက်လျှောက်ရန် အပြည့်အဝ သန္နိဋ္ဌာန်ချထားလျှင်ပင် ၎င်းတို့သည် သမ္မာတရားကို မလိုက်စားပါက ဤကောင်းချီးကို ရရှိဦးမည် မဟုတ်ပေ။ သို့ဖြစ်၍ အဆုံးတွင် ဤကောင်းချီးကို ရရှိသောသူများသည် သာမန်လူများ မဟုတ်ကြပေ၊ ၎င်းတို့သည် ဘုရားသခင်က တင်းကျပ်စွာနှင့် အကြိမ်ကြိမ် စိစစ်ပြီး ဂရုတစိုက် ရွေးချယ်ထားသောသူများ ဖြစ်ကြသည်၊ ၎င်းတို့သည် နောက်ဆုံးတွင် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်သောသူများ ဖြစ်ကြသည်။

ယိမ်းယိုင်တတ်သောသူများ၏ အဓိကသရုပ်သကန်များသည် ဤပြဿနာများပင် ဖြစ်သည်။ ၎င်းတို့၏ နောက်ဆုံးအဆုံးသတ်သည် မည်သို့ပင်ဖြစ်စေကာမူ အသင်းတော်အတွင်း၌ ထိုသို့သောလူများကို ဖော်ထုတ်သိရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ဖြေရှင်းသင့်သည်။ ၎င်းတို့ကို ညီအစ်ကိုမောင်နှမများအဖြစ် မဆက်ဆံသင့်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် အပြုသဘောဆောင်သော ခံစားချက်များရှိပါက သို့မဟုတ် အနည်းငယ် အားထုတ်နိုင်ပြီး လိုလိုလားလား အလုပ်လုပ်ပေးနိုင်ပါက အလွန်ဆုံးတွင် ၎င်းတို့သည် အသင်းတော်မိတ်ဆွေတစ်ဦးသာဖြစ်ပြီး ညီအစ်ကို သို့မဟုတ် မောင်နှမအဖြစ် သတ်မှတ်၍မရနိုင်ပေ။ သို့ဖြစ်၍ ၎င်းတို့သည် “ကျိုးနွံနာခံခြင်း” သို့မဟုတ် “စိတ်ရင်းမှန်” ကဲ့သို့သော နာမည်သစ်တစ်ခုကို ခံယူလျှင်ပင် ၎င်းတို့ကို ညီအစ်ကို သို့မဟုတ် မောင်နှမဟု မခေါ်သင့်ပေ၊ ၎င်းတို့ကို ၎င်းတို့၏ နာမည်သစ်ဖြင့် ခေါ်ခြင်းသည် လုံလောက်ပြီဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ထိုသို့သောလူများသည် ညီအစ်ကိုမောင်နှမများဖြစ်ရန် အရည်အချင်းမမီသောကြောင့် ဖြစ်သည်။ ယခု နားလည်ပြီလော။ (နားလည်ပါပြီ။) သို့ဆိုလျှင် ယခု ဤလူစားမျိုးကို ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းများ ရှိနေပြီ မဟုတ်လော။ (ရှိပါပြီ။) ယနေ့အတွက် မိတ်သဟာယသည် ဤမျှသာ ဖြစ်သည်။ နှုတ်ဆက်လိုက်ပါသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။