၉၁၃ ဘုရားသခင်၏အခွင့်အာဏာနှင့်တန်ခိုးတော်ကို မည်သူမျှ နားမလည်နိုင်

၁ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိန့်မြွက်သည်နှင့် တစ်ပြိုင်နက်၊ ဘုရားသခင်၏ သြဇာအာဏာသည် ဤအမှုကို ကွပ်ကဲအုပ်ချုပ်ပြီး ဘုရားသခင်၏ နှုတ်မှ ကတိပေးခဲ့သည့် အချက်သည် တဖြည်းဖြည်း လက်တွေ့အရှိတရား စတင် ဖြစ်လာသည်။ အကျိုးဆက်အနေဖြင့်၊ နွေဦးရောက်လာချိန်တွင် မြက်ပင်များ စိမ်းလန်းလာသကဲ့သို့၊ ပန်းများ ဖူးပွင့်လာသကဲ့သို့၊ သစ်ပင်မှ အဖူးလေးများ ထွက်လာသကဲ့သို့၊ ငှက်များ သီချင်းစတင် သီကျူးသကဲ့သို့၊ ငန်းများ ပြန်လာပြီး ကွင်းပြင်များက လူများနှင့် ဖွေးဖွေးလှုပ်သကဲ့သို့ များစွာတူညီသည့် ပြောင်းလဲမှုများသည် အရာအားလုံးအလယ် စတင်ဖြစ်ပေါ်လာသည်။...နွေဦး ရောက်ရှိခြင်းနှင့်အတူ အရာအားလုံးသည် နုပျိုသစ်လွင်လာပြီး၊ ဤသည်မှာ ဖန်ဆင်းရှင်၏ ထူးခြားဆန်းကြယ်သည့် လုပ်ဆောင်ချက် ဖြစ်သည်။

၂ ဘုရားသခင်က သူ၏ကတိများကို ပြီးမြောက်သည့်အခါတွင်၊ ကောင်းကင်နှင့် ကမ္ဘာမြေကြီးပေါ်ရှိ အရာအားလုံးသည် ဘုရားသခင်၏ အတွေးများနှင့်အညီ အသစ်ပြုပြင်ပြီး ပြောင်းလဲကြသည်- မည်သည့်အရာမျှ မကင်းလွတ်ပေ။ ဘုရားသခင်၏နှုတ်မှ ကတိပေးပြီးသော အမှု သို့မဟုတ် ကတိတစ်ခု မိန့်မြွက်လိုက်သည့်အခါတွင်၊ အရာအားလုံးက ယင်း၏ ပြီးပြည့်စုံခြင်းအတွက် အသုံးတော်ခံကြပြီး၊ ယင်း၏ ပြီးပြည့်စုံခြင်းအတွက် ခိုင်းစေခြင်းခံကြရသည်။ ဖန်ဆင်းခံ အားလုံးသည် ၎င်းတို့၏ သက်ဆိုင်ရာ အခန်းကဏ္ဍကို ဆောင်ရွက်ရင်းနှင့် ၎င်းတို့၏ သက်ဆိုင်ရာ လုပ်ငန်းတာဝန်ကို အစေခံရင်း၊ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် စီစဉ်ညွှန်ကြားကာ စီမံခံရသည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ သြဇာအာဏာ ထင်ရှားပြသခြင်းဖြစ်သည်။

၃ ဘုရားသခင်၏သြဇာအာဏာနှင့်ဆိုင်သည့် ပြသမှုတစ်ခုစီသည် အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ထံ ထုတ်ဖော်ပြသထားသည့် သူ၏နှုတ်မှ နှုတ်ကပတ်တော်များ၏ စုံလင်သော သရုပ်ပြခြင်းဖြစ်သည်၊ ထို့အပြင် သူ၏သြဇာအာဏာဖြင့် ပြီးမြောက်သည့် အရာတိုင်းသည် နှိုင်းယှဉ်၍မရအောင် အလွန်လှပသိမ်မွေ့ပြီး လုံးဝ အပြစ်အနာအဆာ ကင်းသည်။ သူ၏အတွေးများ၊ သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ သြဇာအာဏာများနှင့် သူပြီးမြောက်ခဲ့သည့် အမှုအားလုံးသည် မယှဉ်သာအောင် လှပသည့် ပန်းချီကားတစ်ချပ်ဖြစ်ပြီး၊ ဖန်ဆင်းခံများအတွက်၊ လူသားမျိုးနွယ်၏ ဘာသာစကားသည် ယင်း၏ အရေးပါမှုနှင့် တန်ဖိုးကို ရှင်းလင်းစွာပြောဆိုနိုင်စွမ်း မရှိပေ။

၄ အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသည့် သြဇာအာဏာနှင့် ဘုရားသခင်၏ တန်ခိုးသည် ဘုရားသခင်သည် နေရာတိုင်းနှင့် အချိန်တိုင်းတွင် ဘုရားသခင် ပါရှိသည်ကို အရာအားလုံးထံ ပြသလေသည်။ သင်သည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးတို့၏ နေရာအနှံ့ရှိခြင်းကို မျက်မြင်ကြုံတွေ့ပြီးသည့်အခါတွင်၊ ဘုရားသခင်သည် နေရာတိုင်းနှင့် အချိန်တိုင်းတွင်ရှိသည်ကို သင်တွေ့မြင်လိမ့်မည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးသည် အချိန်၊ မြေမျက်နှာသွင်ပြင်၊ နေရာ သို့မဟုတ် မည်သည့်လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာအားဖြင့်မျှ ကန့်သတ်ခြင်းမခံရပေ။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ကျယ်ပြန့်မှုသည် လူ၏ စိတ်ကူးစိတ်သန်းကို ကျော်လွန်သည်။ ယင်းသည် လူသားအဖို့ နားမလည်နိုင်ဖွယ်၊ မစဉ်းစားတတ်အောင်ဖြစ်ပြီး၊ လူသားက မည်သည့်အခါမျှ လုံးဝ သိရှိလိမ့်မည် မဟုတ်ပေ။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၁၂ ဘုရားသခင်၏အခွင့်အာဏာကို မည်သူမှ အစားမထိုးနိုင်

နောက်တစ်ခုသို့- ၉၁၄ အရာခပ်သိမ်းသည် ဖန်ဆင်းရှင်ရဲ့ အာဏာ ထင်ရှားဖော်ပြမှု

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၇၆ လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့

၁ လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့အလွှာမျိုးစုံရှိ လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်းဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို...

၈၅၃ အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု

၁ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာဘုရားသခင်ရဲ့အနှစ်သာရနှင့် ပင်ကိုစိတ်အလုံးစုံကိုအမှုတော်ဆောင်ရွက်ချိန်တိုင်း...

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။