
ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်မျာ
အတွဲ ၆နောက်ဆုံးသောကာလ၏ ခရစ်တော်ဖြစ်သော အနန္တတန်ခိုးရှင်ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြသည်။ ဘုရားအိမ်တော်မှစသည့် တရားစီရင်ခြင်းအမှုကို ဆောင်ရွက်သည်။ လူတို့အနေဖြင့် သန့်စင်ခြင်းခံရပြီး ကယ်တင်ခြင်းခံရရန် လိုအပ်သော သမ္မာတရားအားလုံးကို ပံ့ပိုးပေးသည်။ ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် ဘုရားသခင်၏ အသံကို ကြားပြီးဖြစ်သည်။ ဘုရားသခင်၏ ပလ္လင်တော်ရှေ့သို့ ခေါ်ဆောင်ခံရပြီးဖြစ်သည်။ သိုးသငယ်၏ စားပွဲကို တက်ရောက်ပြီးဖြစ်ကာ နိုင်ငံတော်ခေတ်တွင် ဘုရားသခင်၏ လူတို့အဖြစ် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်၍ အသက်ကို အစပြုသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်၏ ရေလောင်းခြင်း၊ ထိန်းကျောင်းခြင်း၊ ထုတ်ဖော်ခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံရရှိပြီးဖြစ်သည်။ ဘုရားအမှုတော်အပေါ် နားလည်မှုအသစ်ကို ရရှိပြီးဖြစ်သည်။ ၎င်းတို့အနေဖြင့် စာတန်၏ ဖျက်ဆီးခြင်းကို ခံရခြင်းနှင့်ပတ်သက်သည့် စစ်မှန်သောအချက်ကို မြင်တွေ့ပြီး ဖြစ်သည်။ စစ်မှန်သော နောင်တကို တွေ့ကြုံပြီးဖြစ်၏။ ပြီးလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် စိတ်သဘောထားပြောင်းလဲမှုအား ကြုံရခြင်းကို အာရုံစိုက်ရန် အစပြုကာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံခြင်းမှတစ်ဆင့် ဖောက်ပြန်ပျက်စီးခြင်းအား သန့်စင်ခြင်းနှင့်ပတ်သက်သည့် သက်သေခံချက်အမျိုးမျိုးကို ထွက်ပေါ်စေသည်။ နောက်ဆုံးသောကာလရှိ အနန္တတန်ခိုးရှင်ဘုရားသခင်၏ တရားစီရင်ခြင်းအမှုသည် မိမိတို့၏ တစ်ကိုယ်ရေအတွေ့အကြုံများမှတစ်ဆင့် နောက်ဆုံးသောကာလရှိ ပလ္လင်ဖြူကြီး၏ တရားစီရင်ခြင်းက စတင်ပြီးဖြစ်သည်ကို သက်သေခံသော အောင်မြင်သူတစ်စုကို စုံလင်စေပြီး ဖြစ်သည်။
အတွေ့အကြုံဆိုင်ရာ သက်သေခံချက်မျာ
1နှင်ထုတ်ခြင်းခံရပြီးနောက် ဆင်ခြင်သုံးသပ်ခြင်း
2ကျောင်းဆရာမတစ်ဦး၏ ရွေးချယ်မှု
3“အခြားလူများကို အစဉ်သတိထားသင့်သည်” ဟု ဆိုခြင်းသည် မှန်ကန်ပါသလား
4သုံးပါးတစ်ဆူ ပဟေဋိကို ဖော်ထုတ်ခြင်း
5ကျွန်မရဲ့ ညံ့ဖျင်းတဲ့အစွမ်းအစကို နောက်ထပ်စောဒက မတက်တော့ပါ
6ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားခြင်းနှင့်အတူ မည်သည့်အရာ လာသနည်း
7ဘုရားသခင်ကို ယုံကြည်မှုသည် ငြိမ်သက်ခြင်းနှင့် ကောင်းချီးမင်္ဂလာများအတွက်သာ ဖြစ်သလော