၇၆။ ကိုယ့်တာဝန် ဆုံးရှုံးသွားပြီးနောက် ဆင်ခြင်သုံးသပ်ခြင်းများ

တိန့်ရှောင်၊ တရုတ်ပြည်

၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ အသင်းတော်မှာ ဗီဒီယိုအလုပ်ကို ကျွန်မ တာဝန်ယူခဲ့တယ်။ နှစ်လကြာတော့ အလုပ်ပမာဏများတာကြောင့် ကျွန်မနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ အသင်းတော်ခေါင်းဆောင်တွေက ညီအစ်မ ဝမ်ယန်ကို စီစဉ်ပေးခဲ့တယ်။ အရင်ကတည်းက တစ်ယောက်နဲ့တစ်ယောက် သိနေကြတော့ အဲဒီအချိန်က ကျွန်မ အရမ်းဝမ်းသာခဲ့တယ်။ သူက ဗီဒီယိုလုပ်လာတာ တစ်နှစ်ကျော်ပြီဖြစ်ပြီး သူ့ရဲ့ ကျွမ်းကျင်မှုတွေကလည်း တော်တော်လေး ကောင်းတယ်။ ကျွန်မတို့နှစ်ယောက် အတူတူ အလုပ်လုပ်ရင် ဒီအလုပ်ကို ပိုကောင်းအောင် လုပ်နိုင်မယ်လို့ ကျွန်မ တွေးခဲ့တယ်။ နောက်ပိုင်းမှာ စည်းမျဉ်းတွေနဲ့အညီ ဗီဒီယိုတွေကို ဘယ်လိုစစ်ဆေးရမယ်ဆိုတာ သူ့ကို စိတ်ရှည်ရှည်နဲ့ ကျွန်မ သင်ပေးခဲ့တယ်။ တဖြည်းဖြည်းနဲ့ သူက စည်းမျဉ်းတချို့ကို သဘောပေါက်လာတယ်။

တစ်ခါက ကျွန်မ ရက်ပိုင်းလောက် အပြင်သွားလိုက်ရတယ်။ ကျွန်မပြန်လာတော့ ဝမ်ယန်က ဗီဒီယိုသုံးလေးပုဒ်မှာ ဘာပြဿနာမှ မရှိတာကို အတည်ပြုပြီးတဲ့နောက် သူကိုယ်တိုင် စစ်ဆေးပြီး တိုက်ရိုက် တင်ခဲ့တယ်ဆိုတာနဲ့၊ ခေါင်းဆောင်တွေ ပေးတဲ့ တာဝန်တချို့ကိုလည်း သူ ကိုင်တွယ်ခဲ့တယ်လို့ ပြောတယ်။ ဒါကိုကြားတော့ ကျွန်မ နည်းနည်း မရွှင်မပျဖြစ်သွားပြီး တွေးမိတယ်၊ “အရင်ကဆို ပြဿနာတွေကို ခေါင်းဆောင်တွေက ငါနဲ့ အမြဲဆွေးနွေးပြီး ဖြေရှင်းကြတာ။ ငါ အပြင်သွားတာ သုံးလေးရက်လေးပဲ ရှိသေးတယ်၊ ဒီတာဝန်တွေအကုန်လုံး နင့်ကို ပေးနေကြပြီပဲ” လို့ပေါ့။ ခေါင်းဆောင်တွေက ကိုယ့်ကို တန်ဖိုးမထားဘူးလို့ ခံစားရပြီး တော်တော်လေး စိတ်ညစ်သွားတယ်၊ ဒါကြောင့် သူ့ကို အင်တင်တင်နဲ့ပဲ ကျွန်မ ပြန်ဖြေလိုက်တယ်။ ကိစ္စတော်တော်များများကို ဖြေရှင်းဖို့ ညီအစ်ကိုမောင်နှမတွေက ဝမ်ယန်ဆီ သွားကြတာကိုမြင်တော့ ကျွန်မ ရုတ်တရက် လျစ်လျူရှုခံလိုက်ရသလို ခံစားလိုက်ရတယ်။ သူက မေးခွန်းတွေကို တက်တက်ကြွကြွနဲ့ လက်မလည်အောင် ဖြေပေးနေတာကို မြင်တော့ ကျွန်မ ပိုပြီးတော့တောင် ရတက်မအေးဖြစ်သွားတယ်၊ တွေးမိတာပေါ့၊ “ငါ့အလုပ်ဖြစ်ရမယ့်ဟာတွေ အကုန်လုံး အခု ဘယ်လိုလုပ် နင့်အလုပ်တွေ ဖြစ်သွားရတာလဲ။ ငါက နင့်ထက် ဒီတာဝန်ကို ထမ်းဆောင်လာတာ ပိုကြာတယ်၊ ငါက နင့်ရဲ့ ကြီးကြပ်ရေးမှူး ဖြစ်ခဲ့တာ။ အတွေ့အကြုံပိုင်း၊ ပြဿနာတွေ ဖြေရှင်းဖို့ သမ္မာတရား မိတ်သဟာယပြုပေးတဲ့ပိုင်းနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေမှာ ငါက နင့်ထက် မညံ့ပါဘူး” ပေါ့။ ဘေးဖယ်ထားခံရတာကို မလိုလားတဲ့အတွက် သူတို့ရဲ့ အလုပ်တိုးတက်မှုအခြေအနေကို နားလည်အောင် ညီအစ်ကိုမောင်နှမတွေကို ကျွန်မက ကိုယ်တိုင် အရင်ဆက်သွယ်ခဲ့တယ်၊ ကျွန်မ ပြန်ရောက်ပြီဖြစ်လို့ အရင်လိုပဲ ကိစ္စတွေကို ကျွန်မနဲ့ ဆွေးနွေးလို့ရကြောင်း သူတို့ကို ပြောပြခဲ့တယ်။ ကိုယ့်နေရာကို မြဲအောင်လုပ်ဖို့အတွက် ဝမ်ယန်ကို အလုပ်ထဲမှာ သိပ်မပါဝင်စေချင်ခဲ့ဘူး၊ ဒါကြောင့် တချို့ကိစ္စတွေကို ကျွန်မ တစ်ယောက်တည်း လုပ်လိုက်တယ်၊ အရင်ကလို သူနဲ့ မတိုင်ပင်တော့ဘဲ၊ ပြီးမှပဲ သူ့ကို အသိပေးလိုက်တော့တယ်။ အလုပ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တချို့ကို သူက ကျွန်မကို မေးတဲ့အခါ သုံးလေးခါလောက်တော့ ကျွန်မ အရမ်းအလုပ်ရှုပ်နေတယ်လို့ပြောပြီး သူ့ကို ခါထုတ်လိုက်တယ်။ သူ တစ်ခုခု ပြောချင်နေတာ ရှင်းရှင်းလင်းလင်း မြင်ရတော့ ကျွန်မ နည်းနည်း အပြစ်ရှိသလို ခံစားရပြီး ငါများ လွန်သွားပြီလားလို့ တွေးမိတယ်။ အလုပ်မှာ အတူတူ ပူးပေါင်းဆောင်ရွက်ကြတဲ့အတွက် ကိစ္စတွေကို တစ်ယောက်နဲ့တစ်ယောက် လေ့လာပြီး ဆွေးနွေးဖို့ လိုအပ်ပေမဲ့၊ သူ့ကို အလုပ်မှာ ပါဝင်ခွင့်ပေးပြီး အလုပ်ကို ကျွမ်းကျင်သွားအောင် လုပ်ခွင့်ပေးလိုက်ရင် သူကပဲ အားကိုးရတဲ့သူ ဖြစ်သွားမှာမို့ ကျွန်မအတွက် နာမည်ရဖို့ အခွင့်အရေး မရှိတော့ဘူးလို့ တွေးမိတယ်။ ဒါကြောင့် နောက်ဆုံးမှာတော့ သူ့ကို အလုပ်မှာ ပါဝင်ခွင့် မပေးခဲ့ဘူး။ တစ်နေ့တော့ ဓမ္မတေးဗီဒီယိုတစ်ခုကို ပြဿနာတွေရှိမရှိ စစ်ဆေးဖို့ ခေါင်းဆောင်တွေက ကျွန်မတို့ဆီ ပို့ပေးတယ်။ အဲဒါကို ကြည့်ပြီးနောက်မှာ ကျွန်မ ဘာပြဿနာမှ မတွေ့ခဲ့ပေမဲ့ အံ့ဩစရာကောင်းတာက ဝမ်ယန်က အသေးစိတ် ပြင်ဆင်စရာ အများကြီးကို အကြံပြုခဲ့ပြီး ခေါင်းဆောင်တွေကလည်း သူ့အမြင်တွေကို သဘောတူခဲ့ကြတယ်။ အဲဒီမှာ ကျွန်မ အရမ်းစိတ်ညစ်သွားတယ်၊ ပြီးတော့ ကျွန်မ တွေးမိတယ်၊ “ခေါင်းဆောင်တွေက အရင်တုန်းက ငါ့ကို အထင်ကြီးခဲ့ကြတာ၊ အခုကျတော့ နင်က နာမည်ရနေပြီ။ ငါက နင့်ထက် ဒီတာဝန်ကို ထမ်းဆောင်လာတာ ပိုကြာတယ်၊ ငါက နင့်အလုပ်ကို ကြီးကြပ်ခဲ့တာ၊ အခု ငါက နင့်လောက်မတော်သလို ဖြစ်နေတော့ တခြားသူတွေက ငါ့ကို ဘယ်လိုထင်ကြမလဲ။” အဲဒီနောက်ပိုင်း ဗီဒီယိုတွေ စစ်ဆေးတဲ့အခါ သူနဲ့ မဆွေးနွေးချင်တော့ဘဲ ကိုယ့်ဘာသာကိုယ်ပဲ စဉ်းစားပြီး အကဲဖြတ်လိုက်တော့တယ်။ နောက်ပိုင်းမှာတော့ ခေါင်းဆောင်တွေက ကျွန်မ အကြံပြုထားတဲ့ ပြင်ဆင်ချက်တွေက သင့်တော်တယ်လို့ ပြောတယ်။ ခေါင်းဆောင်တွေရဲ့ အသိအမှတ်ပြုမှုကြောင့် ကျွန်မ အရမ်းဝမ်းသာသွားတယ်။ ခေါင်းဆောင်တွေက ဝမ်ယန်ရဲ့ လမ်းလွဲမှုတွေနဲ့ ပြဿနာတွေကို ထောက်ပြတာကို မြင်တော့ ကျွန်မ တိတ်တိတ်လေး ကျေနပ်သွားပြီး “ဘာပဲဖြစ်ဖြစ် ငါက နင့်ထက် ဒီတာဝန်ကို ထမ်းဆောင်လာတာ ပိုကြာတော့ ငါက ပိုသိတာပေါ့” လို့ တွေးမိတယ်။

အချိန်နည်းနည်းကြာတော့ အားလုံး လေ့လာပြီး လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ ဖလှယ်ဖို့ အဖွဲ့လိုက် အစည်းအဝေးပွဲတစ်ခု လုပ်ပေးဖို့ ခေါင်းဆောင်တွေက ကျွန်မတို့ကို ခိုင်းတယ်။ ဝမ်ယန်ရဲ့ ကျွမ်းကျင်မှုတွေက ကျွန်မထက် ပိုကောင်းတော့ အစည်းအဝေးကို သူကပဲ ကမကထလုပ်ခဲ့တယ်။ သူက နည်းနည်း စိတ်လှုပ်ရှားနေပေမဲ့ ပုံမှန်အတိုင်းပဲ လုပ်ဆောင်ခဲ့ပြီး ညီအစ်ကိုမောင်နှမတွေကလည်း ဆွေးနွေးတာတွေ၊ ဖလှယ်တာတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတယ်။ ကျွန်မက မနာလိုဖြစ်ပြီး မတည်မငြိမ် ပြန်ဖြစ်လာတယ်၊ “နင်က နာမည်ဝင်ယူတာပဲ” လို့ တွေးမိတာပေါ့။ အစည်းအဝေးလုပ်နေတုန်းမှာ ဝမ်ယန်က ကျွန်မ ထပ်ဖြည့်ပြောစရာ ရှိမရှိ ရံဖန်ရံခါ မေးတယ်။ ကျွန်မ တွေးမိတယ်၊ “အခု အားလုံးက နင့်ကိုပဲ သဘောကျနေကြတာဆိုတော့ နင့်ဘာသာနင်ပဲ ဒါကို အစအဆုံး ဦးဆောင်လိုက်တော့။ ငါက နင့်ရဲ့ နောက်လိုက် မလုပ်ချင်ဘူး” လို့ပေါ့။ ဒါနဲ့ ကျွန်မ သူ့ကို မသိချင်ယောင် ဆောင်နေလိုက်တယ်။ ကျွန်မ စကားမပြောတာကို မြင်တော့ အစည်းအဝေးကို ဦးဆောင်လုပ်နေရင်းနဲ့ သူက ကျွန်မရဲ့ ခံစားချက်တွေကိုပါ ထည့်တွက်နေရရှာတယ်။ စုဝေးပွဲ ပြီးဆုံးသွားတဲ့နောက်မှာတော့ သူ့ဆီကနေ အကူအညီတောင်းတဲ့ ညီအစ်ကိုမောင်နှမတွေ ပိုပိုများလာပြီး ကျွန်မရဲ့ မနာလိုမှုနဲ့ မကျေနပ်မှုတွေက ပိုပြင်းထန်လာခဲ့တယ်။ “နင်သာ ဒီမှာမရှိရင် အားလုံးက သူတို့ပြဿနာတွေနဲ့ ငါ့ဆီကို လာကြမှာပဲ” လို့ ကျွန်မ တွေးမိတယ်။ “အခုကျတော့ နင်က အသာစီးရနေပြီပေါ့လေ” လို့ပေါ့။ ကျွန်မ အရမ်း စိတ်မကောင်းဖြစ်သွားတယ်။ ဝမ်ယန်က ကျွန်မတွေးနေတာကို ရိပ်မိပုံရပြီး သူတို့လေ့လာတာမှာ ကျွန်မ ပါဝင်ချင်လားလို့ သတိထားပြီး မေးတယ်။ သူဖိတ်ခေါ်လိုက်တော့ ကျွန်မက ပိုလို့တောင် ပါဝင်ဖို့မလိုလားတော့ဘဲ တွေးမိတယ်၊ “ငါက သူ့ရဲ့ နောက်လိုက် ဖြစ်သွားသလိုပဲ။ တကယ် သိက္ခာကျစရာပဲ” လို့ပေါ့။ ဒါကြောင့် အလုပ်အရမ်းရှုပ်တယ်လို့ အကြောင်းပြပြီး ကျွန်မ ငြင်းလိုက်တယ်။ အဲဒီနောက်မှာ အလုပ်ရှုပ်နေပေမဲ့ ကျွန်မ ရင်မှာ မအေးချမ်းခဲ့ဘူး။ ဝမ်ယန်က နာမည်ရဖို့ အခွင့်အရေးတွေ ပိုပိုရလာတယ်။ လေ့လာမှုကနေရတဲ့ အကျိုးကျေးဇူးတွေကို သူ အားရပါးရ ပြောနေတာကို မြင်တော့ သူ ကြွားနေတယ်လို့ ကျွန်မ ထင်တယ်၊ အပျက်သဘောဆောင်တဲ့ ခံစားချက်တွေနဲ့ မွန်းကြပ်လာပြီး တကယ်ကို စိတ်ဆင်းရဲခဲ့တယ်။ ဆုတောင်းပြီး ရှာဖွေဖို့ ဘုရားသခင်ရှေ့မှောက်ကို ကျွန်မ လာခဲ့တယ်။ အဲဒီနောက်မှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေ့ခဲ့ရတယ်၊ “လူအချို့သည် အခြားသူများက မိမိတို့ထက် ပို၍ သာလွန်သည်ကိုဖြစ်စေ၊ မိမိတို့ထက် ပို၍ မြင့်မားသည်ကိုဖြစ်စေ၊ မိမိတို့က လျစ်လျူရှုခြင်း ခံရစဉ် အခြားသူများက အသိအမှတ်ပြုခြင်း ခံရမည်ကိုဖြစ်စေ အစဉ် စိုးရွံ့ကြသဖြင့် ၎င်းတို့သည် အခြားလူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်ကြလေသည်။ ဤသည်မှာ ပင်ကိုစွမ်းရည်ရှိသူများအား မနာလိုဖြစ်ခြင်း မဟုတ်လော။ ယင်းမှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားဖြစ်၏။ အခြားသူများအတွက် မတွေးဘဲ၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထည့်မတွက်ဘဲ ကိုယ်ကျိုးအတွက်ကိုသာ စဉ်းစားသည့်သူများ၊ မိမိ၏ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကိုသာ ဖြည့်ဆည်းသည့်သူများတွင် ဆိုးသော စိတ်သဘောထားတစ်ခု ရှိပြီး သူတို့ကို ဘုရားသခင် မနှစ်သက်ပါ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်)ဂုဏ်သတင်း၊ အဆင့်အတန်း သို့မဟုတ် ထင်ပေါ်ကျော်ကြားမည့် အခွင့်အရေးတို့နှင့် သက်ဆိုင်သည့် မည်သည့်အရာမဆို ကြုံလာသောအခါ ဥပမာအားဖြင့် ဘုရားအိမ်တော်က ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို ပျိုးထောင်ရန် စီစဉ်နေသည်ဟု သင်ကြားရသောအခါ သင်တို့တစ်ဦးချင်းစီတိုင်းသည် လိုအင်ဆန္ဒဖြင့် မရိုးမရွဖြစ်လာကြပြီး မိမိတို့ကိုယ်ကို နာမည်ရအောင်လုပ်ရန်နှင့် လူပုံအလယ်တွင် ပေါ်လွင်ရန် လိုလားကြသည်။ သင်တို့အားလုံးသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်လိုကြသည်။ သင်သည် ဤအပြုအမူကို ပြုလုပ်ရန် ရှက်ရွံ့သော်လည်း ထိုသို့မလုပ်ဘဲ နေရန်လည်း မကျေနပ်နိုင်ပေ။ ရွေးချယ်ခံရပြီး လူပုံအလယ်တွင် ထင်ပေါ်သောသူများကို သင်မြင်ရသည့်အခါတိုင်း သင်သည် မနာလိုခြင်း၊ အမုန်းတရားတို့ကို ခံစားရပြီး ညည်းညူပြောဆိုကာ ယင်းမှာ တရားမမျှတဟု ထင်သည်၊ ‘အဘယ်ကြောင့် ငါ မထင်ပေါ်နိုင်ရသနည်း။ အဘယ်ကြောင့် အခြားသူများက အစဉ်သဖြင့် ထင်ပေါ်ရသနည်း။ အဘယ်ကြောင့် ငါ့အလှည့် မည်သည့်အခါမျှ မရောက်ရသနည်း’ ဟူ၍ ဖြစ်သည်။ သင်၏စိတ်နှလုံးထဲတွင် နာကြည်းမှုကို ခံစားရပြီး သင်က ယင်းကို ချုပ်တည်းရန် ကြိုးစားသော်လည်း မချုပ်တည်းနိုင်ပေ။ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး သင်၏အခြေအနေသည် ခဏတာ တိုးတက်ကောင်းမွန်လာနိုင်သော်လည်း ဤသို့သောအခြေအနေမျိုးကို သင် ထပ်မံကြုံတွေ့ရသောအခါ သင်သည် ယင်းကို ကျော်လွှားနိုင်ခြင်းမရှိသေးပေ။ ဤသည်မှာ ဝိညာဉ်ရင့်ကျက်မှု သေးငယ်ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ သင်သည် ထိုသို့သော အခြေအနေများတွင် ပိတ်မိနေသောအခါ သင်သည် စာတန်၏ ကျော့ကွင်းထဲသို့ ကျရောက်ပြီးဖြစ်သည် မဟုတ်လော။ ဤသည်မှာ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် သဘာဝက လူတို့ကို ချည်နှောင်ပုံ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားသခင် ဖော်ထုတ်ထားတာက ကျွန်မရဲ့ အခြေအနေ အတိအကျပါပဲ။ ဝမ်ယန်အပေါ် မနာလိုဖြစ်တဲ့ အခြေအနေထဲမှာ ပိတ်မိနေပြီး ရုန်းမထွက်နိုင်ခဲ့ဘူး။ အစတုန်းကတော့ သူနဲ့ ပုံမှန် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အလုပ်ကိစ္စတွေအတွက် ခေါင်းဆောင်တွေနဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မဆီ လာကြလို့ပဲလေ။ ကိစ္စအကြီးအသေး အားလုံးကို စီစဉ်ကိုင်တွယ်ရတဲ့ တာဝန်ရှိသူ ဖြစ်ခဲ့သလို အဖွဲ့ထဲ အဓိကနေရာမှာ ရှိခဲ့တာကိုး။ ဒါပေမဲ့ ဝမ်ယန်က တဖြည်းဖြည်း နာမည်ထွက်လာပြီး ခေါင်းဆောင်တွေရဲ့ အသိအမှတ်ပြုခံရတာ၊ ပြီးတော့ အားလုံးက သူတို့ပြဿနာတွေနဲ့ သူ့ဆီ သွားကြတာကို မြင်ရတဲ့အခါ ကျွန်မရဲ့ အဆင့်အတန်း ခြိမ်းခြောက်ခံရတယ်လို့ ခံစားရပြီး ကျွန်မထက် သာခွင့်ပေးဖို့ မလိုလားခဲ့ဘူး။ ကိုယ့်နေရာကို ခိုင်မာအောင်လို့ သူ့ကို ဖယ်ထုတ်ဖို့ စလုပ်ခဲ့ပြီး အလုပ်တွေ ပိုမလုပ်နိုင်အောင် ကျွန်မ တားဆီးခဲ့တယ်။ သူ့အကြံပြုချက်တွေကို ခေါင်းဆောင်တွေက လက်ခံတာကို မြင်တော့ ကျွန်မ စိတ်မချမ်းမသာဖြစ်သွားတယ်။ ဒါကြောင့် နောက်ပိုင်း ဗီဒီယိုတွေ စစ်ဆေးတဲ့အခါ သူနဲ့ ဆွေးနွေးဖလှယ်တာကို ရှောင်ရှားခဲ့တယ်။ အဲဒီအစား သူလောင်းရိပ်မိသွားအောင် ပိုကောင်းတဲ့ ပြင်ဆင်ချက်တွေ ပေးဖို့မျှော်လင့်ပြီး တိတ်တိတ်လေး ကြိုးစားလုပ်ခဲ့တယ်။ ဗီဒီယိုစစ်ဆေးရာမှာ သူ့ရဲ့ လမ်းလွဲမှုတွေနဲ့ ပြဿနာတွေကို ခေါင်းဆောင်တွေက ထောက်ပြတဲ့အခါ၊ ဒါတွေကို အကျဉ်းချုပ်ပြီး ဆွေးနွေးဖို့ သူနဲ့ ပူးပေါင်းဆောင်ရွက်မယ့်အစား ကျွန်မ တိတ်တိတ်လေး ကျေနပ်နေခဲ့တယ်။ ကျွန်မ နာမည်ထွက်နိုင်အောင် သူ့အကြံပြုချက်တွေကို ခေါင်းဆောင်တွေ လက်မခံပါစေနဲ့လို့ အရမ်းကို မျှော်လင့်နေခဲ့တာပေါ့။ လေ့လာဖလှယ်တဲ့ အစည်းအဝေးပွဲကို ဝမ်ယန်က ဦးဆောင်ကြီးမှူးပြီး အစည်းအဝေးပွဲမှာ သူ နာမည်ရနေတာကို မြင်ရတဲ့အခါ ကျွန်မ မနာလိုဖြစ်ပြီး သူ့ကို အထင်သေးခဲ့တယ်။ သူ့အတွက် ခက်ခဲအောင် သူနဲ့ အလုပ်လုပ်တာကို တမင်တကာ ရှောင်ရှားခဲ့တယ်။ ဒီလိုနဲ့ သူက ကျွန်မကြောင့် ဘောင်ခတ်ခံရသလို ခံစားသွားခဲ့ရတယ်။ နောက်ပိုင်းမှာ သူက အမြဲ နာမည်ရလာပြီး ကျွန်မရဲ့နာမည် မှေးမှိန်လာတာကို မြင်တော့ သူ့အပေါ် ကျွန်မရဲ့ မနှစ်မြို့မှုက ပိုအားကြီးလာပြီး မနာလိုမှုနဲ့ မကျေနပ်မှုတွေကြားမှာပဲ ကျွန်မ အသက်ရှင်နေခဲ့တယ်။ ဗီဒီယိုတွေ ပြန်စစ်ရတဲ့ အလုပ်ပမာဏက များပြားပြီး ဘုရားသခင်အတွက် သက်သေခံဖို့ ဗီဒီယိုတွေ ပိုထုတ်ဖို့ ဗီဒီယိုအလုပ်ကို ပူးတွဲတာဝန်ယူဖို့အတွက် ဝမ်ယန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ခေါင်းဆောင်တွေက စီစဉ်ပေးခဲ့တာပါ။ ဒါပေမဲ့ ကိုယ့်အဆင့်အတန်းကို ကာကွယ်ဖို့အတွက် အသင်းတော်ရဲ့ အလုပ်ကိုရော သူ့ခံစားချက်တွေကိုပါ ကျွန်မ လျစ်လျူရှုခဲ့တယ်။ ကျွန်မရဲ့ လုပ်ရပ်အားလုံးက သူ့ကို ဖယ်ထုတ်ပြီး ဘောင်ခတ်နေတာဖြစ်ပြီး မသိစိတ်ကနေ ဗီဒီယိုအလုပ်ကို ကျွန်မ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေခဲ့တာပဲ။ ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်တယ်၊ စက်ဆုပ်စရာကောင်းတယ်၊ ပြီးတော့ လူ့သဘာဝ လုံးဝ မရှိခဲ့ဘူး။ ဒါတွေအားလုံးကို သဘောပေါက်ပြီးတဲ့နောက် ကိုယ့်တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်ဖို့ ဝမ်ယန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုလားကြောင်း ပြောရင်း ဘုရားသခင်ဆီမှာ နောင်တရပြီး ကျွန်မ ဆုတောင်းခဲ့တယ်။

အချိန်နည်းနည်းကြာတော့ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေမှာ သူ သိသိသာသာ တိုးတက်လာတာကို မြင်ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လို့မရဘဲ သူ့နဲ့ ထပ်ပြီး ပြိုင်ဆိုင်နေမိပြန်တယ်။ ဒါပေမဲ့ ကျွန်မ ပိုပြိုင်ဆိုင်လေလေ ကျွန်မရဲ့ စိတ်နှလုံးက ပိုမှောင်မိုက်လာလေလေပဲ။ ဗီဒီယိုတွေ စစ်ဆေးတဲ့အခါ သူက စည်းမျဉ်းဆိုင်ရာ ပြဿနာတွေကို ထောက်ပြခဲ့ပေမဲ့ ကျွန်မကတော့ စည်းမျဉ်းတွေနဲ့ မသက်ဆိုင်တဲ့ အသေးအဖွဲ ပြဿနာတွေကိုပဲ ထောက်ပြခဲ့တယ်။ ကျွန်မ အရမ်း ရှက်သွားပြီး သူ့အပေါ် ပိုလို့တောင် မနာလိုမှုနဲ့ မကျေနပ်မှုတွေ ဖြစ်လာခဲ့တယ်။ တစ်ခါက သူက ဗီဒီယိုပြင်ဆင်ဖို့ အကြံပြုချက်တချို့ကို ကျွန်မနဲ့ ဆွေးနွေးတယ်။ တကယ်တော့ သူ့အကြံပြုချက်တွေက ကျိုးကြောင်းဆီလျော်ပေမဲ့ အဲဒါတွေကို လက်ခံလိုက်ရင် ကျွန်မက သူ့လောက် မတော်သလို ဖြစ်သွားမယ်လို့ ခံစားရတယ်။ ဒါကြောင့် စည်းမျဉ်းတွေကို မစဉ်းစားဘဲ သူ့အကြံပြုချက်တွေကို ကျွန်မ ဆက်တိုက် ငြင်းပယ်ခဲ့တယ်။ နောက်ဆုံးမှာတော့ ကျွန်မက ဘောင်ခတ်ထားတယ်လို့ ခံစားရလို့ သူ့အမြင်တွေကို သူ ဆက်မပြောရဲတော့ဘဲ ကျွန်မရဲ့ အကြံဉာဏ်တွေအတိုင်း သူ ပြင်ဆင်မှုတွေ လုပ်ခဲ့ရတယ်။ ရလဒ်အနေနဲ့ ပြင်ဆင်ထားတဲ့ ဗီဒီယိုက မူလဗီဒီယိုထက် ပိုဆိုးနေတာကို ခေါင်းဆောင်တွေက တွေ့သွားတယ်။ ဗီဒီယိုကို ဘာလို့ ဒီလိုဖြစ်သွားအောင် ပြင်ဆင်ခဲ့တာလဲလို့ သူတို့က ကျွန်မတို့ကို မေးတယ်။ အဲဒါက ကျွန်မရဲ့ မာနထောင်လွှားမှုနဲ့ အကြံပြုချက်တွေကို လက်မခံချင်တာကြောင့် ဒီလိုဖြစ်သွားတာပါလို့ ကျွန်မက ပေါ့ပေါ့တန်တန်ပဲ ဝန်ခံလိုက်တယ်။ အချိန်တွေကြာလာတော့ ဝမ်ယန်က ဗီဒီယိုတွေ စစ်ဆေးရာမှာ စည်းမျဉ်းတွေကို အသုံးချတာ ပိုပိုပြီး ကျွမ်းကျင်လာပေမဲ့ ကျွန်မကတော့ ဗီဒီယိုတစ်ခုကို သုံးလေးခါ ကြည့်ပြီးတာတောင် ပြဿနာတွေကို မရှာတွေ့နိုင်ခဲ့ဘူး။ စိတ်ထဲမှာ အရမ်းကို မှောင်မိုက်ပြီး စိတ်ဓာတ်ကျသွားတယ်။ ဒါပေမဲ့ ကျွန်မကို ပိုပြီး အံ့ဩသွားစေတာက အချိန်နည်းနည်းကြာတော့ ကျွန်မ ရုတ်တရက် နေမကောင်းဖြစ်သွားပြီး ကိုယ့်တာဝန်ကို မထမ်းဆောင်နိုင်တော့တာပါပဲ။ ဒါနဲ့ ကျွန်မ အိမ်ပြန်ပြီး ဆေးကုဖို့ ခေါင်းဆောင်တွေက စီစဉ်ပေးခဲ့တယ်။ ကျွန်မ ထွက်သွားရတဲ့နေ့မှာ၊ ကွန်ပျူတာရှေ့မှာ အလုပ်ရှုပ်နေတဲ့ ဝမ်ယန်ကို လှည့်ကြည့်ရင်း စိတ်မပါလက်မပါနဲ့ အဖွဲ့ထဲကနေ ထွက်ခဲ့ရတယ်။ အမြီးကုပ်ပြီး ထွက်ပြေးရတဲ့ ခွေးတစ်ကောင်လို ခံစားခဲ့ရတာပေါ့။ စိတ်ထဲ မကောင်းတဲ့ အတွေးတွေတောင် ဝင်မိသေးတယ်၊ “နင် ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး အထင်မကြီးနဲ့ဦး။ တစ်နေ့ကျရင် ငါ့လို အခြေအနေမျိုး နင် ကြုံရမှာပဲ” ဆိုပြီးတော့ပေါ့။

အိမ်ပြန်ရောက်တော့ ကျွန်မ တစ်ယောက်တည်းဖြစ်ပြီး စိတ်နှလုံးထဲမှာ ဟာတာတာနဲ့ ဦးတည်ချက်မဲ့နေသလို ခံစားရတယ်။ ညီအစ်ကိုမောင်နှမတွေ အားလုံးက ကိုယ့်တာဝန်တွေကို ကြိုးစားထမ်းဆောင်နေကြချိန်မှာ ကိုယ်ကတော့ ဘာတာဝန်မှ မထမ်းဆောင်နိုင်တာကို ကျွန်မ တွေးမိတယ်။ ဒီလို ကျွန်မတို့ကြားက ကွာခြားမှုကို ကြည့်ပြီး ကျွန်မ တကယ်ကို စိတ်ညစ်ခဲ့ရတယ်။ ဒီလောက် အရေးကြီးတဲ့ တာဝန်တစ်ခု ဆုံးရှုံးသွားရတဲ့အတွက် ကျွန်မ တကယ်ကို နောင်တရပြီး နာကျင်ခဲ့ရတယ်၊ ဒါကြောင့် ဘုရားသခင်ဆီကို မရေမတွက်နိုင်အောင် ဆုတောင်းပြီး ငိုကြွေးဟစ်အော်ခဲ့တယ်။ နောက်ပိုင်းမှာ ဒီလို နေမကောင်းဖြစ်တာဟာ တိုက်ဆိုင်မှုမဟုတ်ဘူးဆိုတာ ကျွန်မ သဘောပေါက်လာပြီး၊ ဒါက ဘုရားသခင်က ကျွန်မကို ရိုက်နှက်ဆုံးမပြီး ဆုံးမပဲ့ပြင်တာပဲဆိုတာ ရှင်းလင်းသွားတယ်။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်၊ “လူသား၌ ဘုရားသခင် လုပ်ဆောင်သည့် အမှုအားလုံးသည် ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် အရေးပါမှုတို့ရှိသည်။ ဘုရားသခင်သည် အဓိပ္ပာယ်မရှိသောအမှုကို မလုပ်ဆောင်သကဲ့သို့၊ လူသားအဖို့ အကျိုးမရှိသည့် အမှုကိုလည်း မလုပ်ဆောင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်း၊ ဘုရားသခင်လုပ်တဲ့ အရာတိုင်းက အဓိပ္ပာယ်ရှိတယ်၊ အခု ကျွန်မ ရင်ဆိုင်နေရတဲ့ အခြေအနေကလည်း ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက် ပါဝင်တယ်ဆိုတာကို ကျွန်မ တွေးမိတယ်။ ကိုယ့်ပြဿနာတွေကို နားလည်ဖို့ သမ္မာတရားကို ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်သင့်တယ်လို့ ခံစားမိတယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်၊ “သင်တို့၏ လိုက်စားခြင်းတွင် ကိုယ်ရေးကိုယ်တာဖြစ်သည့် များပြားလွန်းသော အယူအဆများ၊ မျှော်လင့်ချက်များနှင့် ရှေ့ရေးများ ရှိကြသည်။ ရာထူးအဆင့်အတန်းအပေါ် သင်တို့၏ လိုအင်ဆန္ဒနှင့် သင်တို့၏ လွန်ကဲသော အလိုဆန္ဒများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ထိုအမှုကို ယခု ဤနည်းအတိုင်း ဆောင်ရွက်ခြင်း ဖြစ်၏။ ဤမျှော်လင့်ချက်များ၊ အဆင့်အတန်းအတွက် ဤလိုအင်ဆန္ဒနှင့် ဤအယူအဆများအားလုံးသည် စာတန်ဆန်သော စိတ်သဘောထားများ၏ ပြယုဂ်များဖြစ်သည်။...ဤနည်းလမ်းဖြင့် သင်ရှာဖွေလေလေ ရိတ်သိမ်းမှု နည်းလေလေ ဖြစ်လိမ့်မည်။ အဆင့်အတန်းအတွက် လူတစ်ဦး၏ အလိုဆန္ဒ ကြီးမားလေလေ၊ ၎င်းတို့အား ပို၍ပြင်းထန်စွာ ပြုပြင်ရန် လိုလေလေ ဖြစ်ပြီး ၎င်းတို့သည် ကြီးမားသော စစ်ဆေးခြင်းကို ကြုံရလေလေဖြစ်သည်။ ထိုသို့သော လူတို့သည် အသုံးမကျသောသူများ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဤအရာများကို လုံးလုံးလျားလျား လက်လွှတ်ရန်အလို့ငှာ ၎င်းတို့အား လုံလောက်စွာ ပြုပြင်ပြီး တရားစီရင်ရမည် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဤနည်းဖြင့် အဆုံးတိုင်အောင် လိုက်စားပါက၊ မည်သည့် အရာကိုမျှ ရိတ်သိမ်းရမည် မဟုတ်ပေ။ အသက်ကို မလိုက်စားသောသူများသည် ပြောင်းလဲခြင်း မခံရနိုင်သကဲ့သို့၊ သမ္မာတရားကို ဆာငတ်ခြင်းမရှိသော သူများသည် သမ္မာတရားကို မရနိုင်ကြပေ။ သင်သည် ကိုယ်တိုင်ကိုယ်ကျ ပြောင်းလဲခြင်းနှင့် ဝင်ရောက်ခြင်းကို လိုက်စားခြင်းအား အာရုံမစိုက်ဘဲ၊ ယင်းအစား လွန်ကဲသော တပ်မက်မှုများနှင့် ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းမေတ္တာကို ကန့်သတ်ပြီး သူ့ထံ တိုးဝင်ချဉ်းကပ်ခြင်းကို တားဆီးသော အရာများအပေါ် သင် အမြဲတစေ အာရုံစိုက်၏။ ထိုအရာများသည် သင့်အား ပြောင်းလဲစေနိုင်သလော။ ၎င်းတို့သည် သင့်အား နိုင်ငံတော်ထဲသို့ ခေါ်ဆောင်လာနိုင်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း)လူ၏ ဖောက်ပြန်ပျက်စီးသော သဘာဝက ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို နှစ်သက်ကာ လိုက်စားကြ၏၊ မတူကွဲပြားသော လူတို့ လိုက်စားပြီး ဖော်ပြသည့် နည်းလမ်းများသာ ကွဲပြားပေသည်။...သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းများအပေါ် အမြဲ အာရုံစိုက်ပါက၊ ဤအရာများကို အလွန်အမင်း တန်ဖိုးထားပါက၊ သင်၏ စိတ်နှလုံးကို ယင်းတို့က နေရာယူပါက၊ ပြီးလျှင် ယင်းတို့ကို စွန့်ရန် သင် မည်သည့်အခါမျှ မလိုလားပါက သင်သည် ထိုအရာများ၏ ထိန်းချုပ်ခြင်းနှင့် ချည်နှောင်ခြင်း ခံရလိမ့်မည်။ သင်သည် ယင်းတို့၏ ကျေးကျွန် ဖြစ်လာလိမ့်မည်ဖြစ်ပြီး အဆုံးတွင် ယင်းတို့က သင့်ကို လုံးလုံးလျားလျား ဖျက်ဆီးလိမ့်မည်။ သင်သည် ဤအရာများကို စွန့်လွှတ်ရန်နှင့် လက်လွှတ်ရန် သင်ယူရမည်၊ အခြားသူများကို ထောက်ခံရန်နှင့် ကောင်းမွန်သော အခွင့်အရေးများရှိသည့်အခါ အခြားသူများကို ထင်ပေါ်ကျော်ကြားခွင့်ပြုရန် သင်ယူရမည်။ သင်သည် ထင်ပေါ်ကျော်ကြားရန်နှင့် ထွန်းလင်းတောက်ပရန် အခွင့်အရေးများကို ကြုံတွေ့သည့်အခါတိုင်း ယှဉ်ပြိုင်ခြင်း သို့မဟုတ် ပြိုင်ဆိုင်ခြင်း မပြုရပေ။ သင်သည် သင်၏ကိုယ်ပိုင်အကျိုးစီးပွားများကို စွန့်လွှတ်နိုင်ရမည်ဖြစ်သော်လည်း သင်၏တာဝန်ထမ်းဆောင်မှုကိုမူ မထိခိုက်စေရ။ မထင်မရှား အလုပ်လုပ်သော၊ မိမိကိုယ်ကို မကြွားဝါသော၊ မိမိ၏တာဝန်ကိုလည်း သစ္စာစောင့်သိစွာ ထမ်းဆောင်သောသူတစ်ဦး ဖြစ်ပါစေ။ သင်သည် သင်၏မာနနှင့် အဆင့်အတန်းကို စွန့်လွှတ်လေလေ၊ သင်၏အကျိုးစီးပွားများကို ပို၍ စွန့်လွှတ်လေလေ၊ သင်သည် ပို၍ ငြိမ်းချမ်းမှုကို ခံစားရလေလေ ဖြစ်မည်၊ သင်၏စိတ်နှလုံးထဲတွင် အလင်း ပို၍ရှိလာမည်ဖြစ်ပြီး သင်၏အခြေအနေသည် ပို၍ ကောင်းမွန်လာလိမ့်မည်။ သင်သည် ပို၍ ယှဉ်ပြိုင်ပြီး ပြိုင်ဆိုင်လေလေ၊ သင်၏အခြေအနေသည် ပို၍ မှောင်မိုက်လာလေလေ ဖြစ်မည်။ သင်သည် ငါ့ကိုမယုံကြည်ပါက စမ်းကြည့်လိုက်။ သင်သည် ဤသို့သော ဖောက်ပြန်ပျက်စီးသည့် အခြေအနေကို ပြုပြင်ပြောင်းလဲလိုပါက၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း၏ ထိန်းချုပ်မှုကို မခံလိုပါက သင်သည် သမ္မာတရားကို ရှာဖွေရမည်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း၏ အနှစ်သာရကို ထိုးထွင်းသိမြင်ရမည်၊ ထို့နောက် ယင်းတို့ကို လက်လွှတ်ပြီး စွန့်လွှတ်ရမည်။ သို့မဟုတ်ပါက သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို ပို၍ ယှဉ်ပြိုင်လေလေ၊ သင်၏စိတ်နှလုံးသည် ပို၍ မှောင်မိုက်လာလိမ့်မည်။ သင်သည် ၎င်းတို့ကို ပို၍ ယှဉ်ပြိုင်လေလေ၊ သင်၏ မနာလိုခြင်းနှင့် အခြားသူများအပေါ် သင်၏ အမုန်းတရားတို့သည် ပို၍ ကြီးမားလာလေလေ ဖြစ်မည်။ သင်သည် ယင်းတို့အတွက် ပို၍ပင် လုယူလိုစိတ်ရှိလာမည်ဖြစ်ပြီး ယင်းတို့ကို မရရှိသောအခါ သင် ခံစားရမည့် အမုန်းသည် ပို၍ ကြီးမားလာလိမ့်မည်။ သင် ခံစားရသည့် အမုန်းက ပိုကြီးမားလေလေ၊ သင်၏အတွင်းစိတ်သည် ပို၍ မှောင်မိုက်လာလေလေ ဖြစ်မည်၊ သင်၏ တာဝန်ထမ်းဆောင်မှုသည် ပို၍ ဆိုးရွားလာလေလေ ဖြစ်မည်၊ သင်၏ တာဝန်ထမ်းဆောင်မှု ပိုဆိုးရွားလေလေ၊ ဘုရားအိမ်တော်၏ အသုံးတော်ခံရဖို့ ပိုနည်းလေလေ ဖြစ်မည်။ ဤသည်မှာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေသော ဆိုးကျိုးသံသရာတစ်ခု ဖြစ်သည်။ သင်သည် သင်၏တာဝန်ကို မည်သည့်အခါမျှ ကောင်းမွန်စွာ မထမ်းဆောင်ပါက သင်သည် တဖြည်းဖြည်း ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုကနေတစ်ဆင့်၊ စာတန်က ကျွန်မတို့ကို ဖောက်ပြန်ပျက်စီးအောင်လုပ်ပြီးတဲ့နောက်မှာ ကျွန်မတို့အားလုံးက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ချစ်ကြတယ်ဆိုတာ ကျွန်မ မြင်ခဲ့ရတယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ပိုလိုက်စားလေလေ၊ အဲဒီအရာတွေရဲ့ ဘောင်ခတ်တာ၊ ထိန်းချုပ်တာကို ပိုခံရလေလေပဲ၊ ရုန်းထွက်လို့မရဘူး။ အဆုံးမှာတော့ မကောင်းမှုတွေ အများကြီး ကျူးလွန်မိလို့ ဘုရားသခင်ရဲ့ ပစ်ပစ်ခါခါငြင်းပယ်တာနဲ့ ဖယ်ရှားရှင်းလင်းတာကိုပဲ ခံရမှာပါ။ ဝမ်ယန်နဲ့ တွဲလုပ်ခဲ့တဲ့အချိန်တွေကို ဆင်ခြင်သုံးသပ်ကြည့်တော့၊ ကျွန်မရဲ့ အဆင့်အတန်း ခြိမ်းခြောက်ခံရတဲ့အခါ ကျွန်မ မနာလိုဖြစ်သွားပြီး သူ့ကို ဖယ်ထုတ်ခဲ့တယ်။ လက်ခံလိုစိတ်မရှိလေလေ ပိုပြိုင်ဆိုင်မိလေလေပဲ၊ ပိုပြိုင်ဆိုင်လေလေ ကျွန်မရဲ့ စိတ်နှလုံးက ပိုမှောင်မိုက်ပြီး ပိုနာကျင်လာလေလေပဲ၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ ရှေ့ဆက်ရမယ့် လမ်းကြောင်းလည်း မရှိတော့ဘူး။ အခုတော့ ကျွန်မ နေမကောင်းဖြစ်ပြီး အိမ်ပြန်အပို့ခံလိုက်ရတယ်၊ တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးလည်း မရှိတော့ဘူး။ ဒါဟာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းမက်တဲ့ ကျွန်မရဲ့ လိုအင်ဆန္ဒအတွက် ဘုရားသခင်က ကျွန်မကို ပြုပြင်ပေးနေတာပါ။ ဘာလို့များ ဒီအခြေအနေထိ ရောက်လာရတာလဲဆိုတာ ကျွန်မ မဆင်ခြင်မသုံးသပ်ဘဲ မနေနိုင်အောင် ဖြစ်လာတယ်။ ဘုရားနှုတ်ကပတ်တော်တွေက ဖော်ထုတ်ထားတယ်၊ “ဤမျှော်လင့်ချက်များ၊ အဆင့်အတန်းအတွက် ဤလိုအင်ဆန္ဒနှင့် ဤအယူအဆများအားလုံးသည် စာတန်ဆန်သော စိတ်သဘောထားများ၏ ပြယုဂ်များဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) စာတန်က လူတွေဆီ သွတ်သွင်းပေးထားတဲ့ အဆိပ်တွေကို “ကောင်းကင်နှင့်မြေကြီး တစ်လျှောက်လုံးတွင် ငါသည်သာ ငါ၏အရှင်သခင်ဖြစ်၏”၊ “တခြားသူတွေထက် သာအောင်နေ”၊ နဲ့ “ထင်ရှားကျော်ကြားမှုရရှိခြင်း” စတဲ့ အဆိပ်တွေကို ဘဝမှာ ကျွန်မ လိုက်စားတဲ့ ပန်းတိုင်တွေအဖြစ် ယူမှတ်ခဲ့တယ်။ လူတွေကြားမှာ ထင်ရှားတဲ့နေရာတစ်ခုကို အမြဲရယူချင်ခဲ့တယ်၊ ဒါမှသာ ကိုယ့်ရဲ့ တည်ရှိမှုကို ခံစားရပြီး ဘဝက တန်ဖိုးရှိ၊ အဓိပ္ပာယ်ရှိမယ်လို့ ယုံကြည်ခဲ့တယ်။ ကြီးကြပ်ရေးမှူး ဖြစ်လာပြီးနောက်မှာ၊ ကိုယ်က အသင်းတော်မှာ ရှားပါးတဲ့ ပင်ကိုစွမ်းရည်ရှိသူတစ်ယောက်ပဲလို့ ကျွန်မ ခံစားခဲ့ရတယ်။ ခေါင်းဆောင်တွေနဲ့ ညီအစ်ကိုမောင်နှမတွေက အလုပ်ကိစ္စတွေ ဆွေးနွေးဖို့ ကျွန်မဆီ လာကြတယ်၊ ညီအစ်ကိုမောင်နှမတွေ လုပ်ထားတဲ့ ဗီဒီယိုတွေကို ပြန်ကြည့်ပြီး စစ်ဆေးပေးရတာကလည်း ကျွန်မပဲလေ။ ကျွန်မရဲ့ ဘဝင်မြင့်မှုက အကြီးအကျယ် ပြည့်ဝသွားခဲ့တယ်။ ဝမ်ယန်နဲ့ တွဲလုပ်ပြီးနောက်မှာ၊ သူ တဖြည်းဖြည်း နာမည်ထွက်လာတော့ ကျွန်မ မနာလိုဖြစ်ပြီး ဒါကို လက်မခံနိုင်ဖြစ်လာတယ်။ ကိုယ့်အဆင့်အတန်းကို ကာကွယ်ဖို့ သူ့ကို ဖယ်ကြဉ်တယ်၊ လျစ်လျူရှုတယ်၊ ဖယ်ထုတ်ခဲ့တယ်။ ဒါပေမဲ့ ပိုပြိုင်ဆိုင်လေလေ၊ ကျွန်မရဲ့ ဝိညာဉ်က ပိုမှောင်မိုက်လာလေလေပဲ။ သူ့တာဝန်မှာ ပိုပြီး ထိရောက်မှု ရှိလာတာကို မြင်တော့ ကျွန်မ လက်ခံဖို့ ပိုခက်ခဲလာပြီး ပိုပိုပြီး ခါးသီးလာတယ်။ အဆုံးမှာတော့ ကိုယ့်ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ ကိုယ့်တာဝန်ပေါ်မှာတောင် ဒေါသတွေ ပုံချခဲ့တယ်။ သူ့အကြံပြုချက်တွေက သင့်တော်သည်ဖြစ်စေ မသင့်တော်သည်ဖြစ်စေ ကျွန်မက ဆက်တိုက် ငြင်းပယ်ခဲ့လို့၊ ဗီဒီယိုတွေကို ပြန်လုပ်ရပြီး အလုပ်နှောင့်နှေးသွားခဲ့တယ်။ ဝမ်ယန်နဲ့ ကျွန်မ တွဲလုပ်တုန်းက သူက လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေမှာ ပိုတော်ပြီး ကျွန်မက စည်းမျဉ်းတွေကို ပိုနားလည်တဲ့အတွက်၊ ကျွန်မတို့ ပူးပေါင်းဆောင်ရွက်တာက တစ်ယောက်ရဲ့ အားသာချက်ကို တစ်ယောက်က ယူပြီး၊ တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က ဖြည့်ဆည်းပေးလို့ရတဲ့အတွက် ကျွန်မတို့ တာဝန်တွေရဲ့ ရလဒ်တွေက ပိုကောင်းလာနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ စိတ်ထဲမှာ ဂုဏ်သတင်းအတွက် ပြိုင်ဆိုင်ဖို့ပဲ စွဲလန်းနေခဲ့တယ်။ အဖွဲ့ထဲမှာ ကျွန်မရဲ့ အဓိကနေရာကို ထိန်းသိမ်းဖို့ သူ့ကို ဖိနှိပ်ပြီး ဖယ်ထုတ်ခဲ့တယ်၊ ဗီဒီယိုအလုပ်ကို အဖျက်အမှောင့်လုပ်၊ နှောင့်ယှက်ပြီး သူ့ကို ဘောင်ခတ်ထားခဲ့တယ်။ ဒီလို စာတန်ဆန်တဲ့ အဆိပ်တွေနဲ့ အသက်ရှင်နေထိုင်ရင်း ကျွန်မမှာ အသိစိတ် ဒါမှမဟုတ် ဆင်ခြင်တုံတရား လုံးဝ မရှိခဲ့ဘူး၊ စိတ်နှလုံးထဲမှာ မနာလိုမှုတွေ၊ မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြည့်နေပြီး ကိုယ့်တာဝန်မှာ ကောင်းတာ ဘာမှမလုပ်ခဲ့ဘူး။ အလုပ်ကို နှောင့်နှေးစေရုံသာမက ကိုယ့်အတွက် အမည်းစက်တွေနဲ့ ပြစ်မှားခြင်းတွေကိုပါ ချန်ထားခဲ့တယ်။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်၊ ကိုယ့်လုပ်ရပ်တွေကို ကိုယ်တိုင် စက်ဆုပ်ရွံရှာမိတယ်။ ဒါနဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအတိုင်း ဆက်မရှင်သန်ချင်တော့ဘဲ ဘုရားသခင်ဆီမှာ နောင်တရပြီး ဆုတောင်းခဲ့တယ်။

မနက်ခင်း ဝတ်ပြုချိန်တစ်ခုမှာ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်၊ အဲဒီနှုတ်ကပတ်တော်တွေက ကိုယ့်ကိုယ်ကိုယ် နားလည်မှုတချို့ ရရှိဖို့ ကူညီပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အန္တိခရစ်များသည် မည်သည့်နေရာတွင် ၎င်းတို့ ရှိသည်ဖြစ်စေ အမြင့်ဆုံးသော နေရာကို မလွဲမသွေ ယူလိုခြင်းမျိုး မဟုတ်ပေ။ နေရာတစ်ခုကို ၎င်းတို့ သွားသည့်အခါတိုင်းတွင် ၎င်းတို့ကို ပြုမူဆောင်ရွက်ရန် တွန်းအားပေးနေသော စိတ်သဘောထားတစ်ခုနှင့် စိတ်နေစိတ်ထားတစ်ခု ရှိကြသည်။ ဤစိတ်နေစိတ်ထားက အဘယ်နည်း။ ယင်းက ‘ငါ ပြိုင်ရမည်။ ပြိုင်ရမည်။ ပြိုင်ရမည်’ ဟူ၍ဖြစ်သည်။ အဘယ်ကြောင့် ‘ပြိုင်ရမည်’ သုံးခု ဖြစ်သနည်း။ အဘယ်ကြောင့် ‘ပြိုင်ရမည်’ တစ်ခုတည်း မဖြစ်သနည်း။ (ယှဉ်ပြိုင်ခြင်းက သူတို့၏ ဘဝဖြစ်လာပေပြီ။ သူတို့ ရှင်သန်သည့်အရာ ဖြစ်သည်။) ဤသည်မှာ ၎င်းတို့၏ စိတ်သဘောထား ဖြစ်သည်။ ၎င်းတို့သည် လွန်ကဲစွာ မာနထောင်လွှားပြီး ထိန်းရန်ခက်သော စိတ်သဘောထားတစ်ခုဖြင့် မွေးလာခဲ့ကြသည်။ ဆိုလိုသည်မှာ မိမိတို့ကိုယ်ကို ပြိုင်ဖက်ကင်းအဖြစ် မြင်ခြင်းနှင့် ငါဟူသော အတ္တဆန်ခြင်း အလွန်အမင်း ရှိခြင်းဖြစ်သည်။ ၎င်းတို့၏ ဤအလွန့်အလွန် မာနထောင်လွှားသော စိတ်သဘောထားကို မည်သူကမျှ မကန့်သတ်နိုင်ပေ။ ၎င်းတို့ကိုယ်တိုင်လည်း မထိန်းချုပ်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့၏ ဘဝသည် တိုက်ခိုက်ခြင်း၊ ယှဉ်ပြိုင်ခြင်းအကြောင်းသာ ဖြစ်သည်။ မည်သည့်အရာကို တိုက်ခိုက်၊ ယှဉ်ပြိုင်ကြသနည်း။ သဘောသဘာဝအားဖြင့် ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် ကိုယ့်အကျိုးစီးပွားတို့အတွက် ယှဉ်ပြိုင်ကြသည်။ မည်သည့်နည်းလမ်းများကို ၎င်းတို့ အသုံးပြုရမည်ဖြစ်စေ၊ လူတိုင်းက ၎င်းတို့ကို နာခံသရွေ့၊ ၎င်းတို့ကိုယ်တိုင်အတွက် အကျိုးအမြတ်နှင့် အဆင့်အတန်းကို ရရှိသရွေ့ ၎င်းတို့၏ ပန်းတိုင်ကို ရရှိပြီးဖြစ်သည်။ ယှဉ်ပြိုင်ရန် ၎င်းတို့၏ စိတ်ဆန္ဒသည် ယာယီ ဖျော်ဖြေမှုတစ်ခုမဟုတ်ပေ။ ယင်းသည် ဆိုးယုတ်သော သဘာဝမှလာသည့် စိတ်သဘောထားမျိုးဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံနှင့် တိုက်ခိုက်သော၊ ကမ္ဘာမြေကြီးနှင့် တိုက်ခိုက်သော၊ လူတို့နှင့် တိုက်ခိုက်သော အဆင်းနီသော နဂါးကြီး၏ စိတ်သဘောထားကဲ့သို့ ဖြစ်သည်။ ယခုတွင် အန္တိခရစ်များက အသင်းတော်၌ အခြားလူများနှင့် တိုက်ခိုက်၊ ယှဉ်ပြိုင်သောအခါ မည်သည့်အရာကို ၎င်းတို့ အလိုရှိသနည်း။ ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြသည်မှာ သံသယရှိစရာမလိုပေ။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃))မိမိတို့တာဝန်ကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းထက် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့နောက်ကိုသာ လိုက်သော မည်သူမဆိုသည် မီးနှင့် ဆော့ကစားနေခြင်းဖြစ်ပြီး ၎င်းတို့၏ အသက်ကို ဆော့ကစားနေခြင်း ဖြစ်သည်။ မီးနှင့် ၎င်းတို့၏အသက်နှင့် ဆော့ကစားသူတို့သည် အချိန်မရွေး မိမိတို့ကိုယ်ကို ပျက်စီးခြင်းသို့ ရောက်စေနိုင်သည်။ ယနေ့တွင် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်အဖြစ် သင်သည် ဘုရားသခင်ကို အစေခံနေခြင်းဖြစ်ပြီး ယင်းမှာ သာမန်ကိစ္စမဟုတ်ပေ။ သင်တို့သည် မည်သည့်လူပုဂ္ဂိုလ်အတွက်မျှ အမှုကိစ္စများကို လုပ်ဆောင်နေခြင်းမဟုတ်၊ လစာရရန်နှင့် ဝမ်းစာအတွက် အလုပ်လုပ်နေခြင်းလည်း သာ၍ပင် မဟုတ်ပေ။ ထိုအစား သင်သည် အသင်းတော်တွင် သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်။ အထူးသဖြင့် ဤတာဝန်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်မှလာခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ ယင်းကို ထမ်းဆောင်ခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့သည် မိမိတို့၏ တာဝန်အတွက် ဘုရားသခင်ထံ၌ တာဝန်ခံရမည်ဟူ၍ ဖြစ်၏။ သင်သည် ယင်းကို ကောင်းမွန်စွာ ထမ်းဆောင်သည်ဖြစ်စေ၊ မထမ်းဆောင်သည်ဖြစ်စေ နောက်ဆုံး၌ ဘုရားသခင်ထံ စာရင်းရှင်းရမည်ဖြစ်ပြီး အဆုံးသတ်တစ်ခု ရှိရမည်ဖြစ်သည်။ အကြောင်းမှာ သင်လက်ခံခဲ့သည့်အရာသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်၊ မြင့်မြတ်သော တာဝန်တစ်ခုဖြစ်သောကြောင့်ဖြစ်ပြီး ဤတာဝန်သည် မည်မျှအရေးကြီးပါစေ၊ အသေးအဖွဲဖြစ်ပါစေ လေးနက်သည့် အရာတစ်ခု ဖြစ်သည်။ မည်မျှ လေးနက်သနည်း။ သေးငယ်သောအတိုင်းအတာတွင် ယင်းသည် ဤဘဝသက်တမ်းတွင် သမ္မာတရားအား သင်ရနိုင်ခြင်း ရှိမရှိပါဝင်ပြီး ဘုရားသခင်က သင့်အား ရှုမြင်သည့်ပုံစံ ပါဝင်သည်။ ပို၍ ကြီးမားသောအတိုင်းအတာတွင် ယင်းသည် သင်၏ ရှေ့ရေး၊ ကံကြမ္မာ၊ သင်၏ အဆုံးသတ်အပေါ် တိုက်ရိုက် ဆက်နွှယ်နေသည်။ သင်သည် မကောင်းမှုကျူးလွန်ပြီး ဘုရားသခင်ကို ဆန့်ကျင်လျှင် ရှုတ်ချခံရပြီး အပြစ်ဒဏ်ပေးခံရမည်။ သင်၏တာဝန်ကို ထမ်းဆောင်သောအခါ သင်လုပ်ဆောင်သမျှတိုင်းကို ဘုရားသခင်က မှတ်သားထားသည်။ ထိုအရာကို အမှတ်ပေးပြီး အကဲဖြတ်ပုံအတွက် ဘုရားသခင်တွင် သူ၏ ကိုယ်ပိုင်စည်းမျဉ်းများ၊ စံနှုန်းများရှိသည်။ ဘုရားသခင်သည် သင်၏ တာဝန်ထမ်းဆောင်မှု အလုံးစုံအပေါ် အခြေခံ၍ သင်၏ အဆုံးသတ်ကို ဆုံးဖြတ်တော်မူ၏။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁)) အန္တိခရစ်တွေရဲ့ “ပြိုင်ဆိုင်” လိုတဲ့ သဘာဝကို ဘုရားနှုတ်ကပတ်တော်တွေက အသေးစိတ် ဖော်ထုတ်ထားပြီး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် အန္တိခရစ်တွေ ပြိုင်ဆိုင်ခြင်းရဲ့ သဘာဝနဲ့ အကျိုးဆက်တွေကို ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုပေးထားတယ်။ ကျွန်မဟာ ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ ပြည့်သွားပြီး ဝမ်ယန်နဲ့ အလုပ်တွဲလုပ်ခဲ့ရတဲ့ နေ့ရက်တွေကို မတွေးဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရတယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ကျွန်မရဲ့ တာဝန်တွေနဲ့ ဝတ္တရားတွေကို လျစ်လျူရှုခဲ့တယ်၊ အသင်းတော်ရဲ့ အလုပ်ကို ဘာမှ ဂရုမစိုက်ဘဲ ဝမ်ယန်နဲ့ အမြဲတမ်း ပြိုင်ဆိုင်နေခဲ့တယ်။ အဆုံးမှာတော့ ကျွန်မ နေမကောင်းဖြစ်လာပြီး တာဝန်တွေကို မထမ်းဆောင်နိုင်တော့ဘူး။ ဘုရားသခင်က ကျွန်မကို မြှင့်တင်ပေးခဲ့ပြီး ဗီဒီယိုအလုပ်ကို တာဝန်ယူဖို့ အခွင့်အရေးပေးခဲ့ပေမဲ့ ကျွန်မက အဲဒါကို လုံးဝ တန်ဖိုးမထားခဲ့ဘူး။ တစ်ကိုယ်ကောင်းဆန်တဲ့ လိုအင်ဆန္ဒတွေကြောင့် အလုပ်နှောင့်နှေးမယ်မှန်း သိသိရက်နဲ့တောင် ပြိုင်ဆိုင်နေခဲ့သေးတယ်။ ကျွန်မက အန္တိခရစ်တစ်ဦးရဲ့ လမ်းကြောင်းကို လျှောက်လှမ်းနေခဲ့တယ်၊ ဗီဒီယိုအလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့တယ်၊ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့တယ်။ ကျွန်မ ထွက်သွားရပြီး ဝမ်ယန်ကတော့ သူ့တာဝန်ကို ဆက်ထမ်းဆောင်နေသေးတာကို မြင်ရတော့၊ အမြီးကုပ်ပြီး ထွက်ပြေးရတဲ့ ခွေးတစ်ကောင်လို ခံစားနေရချိန်မှာ ကျွန်မ တော်တော်လေး စိတ်ပျက်အားငယ်သွားတယ်၊ ပြီးတော့ သူ့တာဝန်ပါ ဆုံးရှုံးသွားပါစေဆိုတဲ့ မကောင်းတဲ့ အတွေးတွေတောင် ဝင်မိသေးတယ်။ ကျွန်မက ဂုဏ်သတင်းနောက်ကိုပဲ လိုက်နေတဲ့အတွက် အသိစိတ်နဲ့ ဆင်ခြင်တုံတရားတွေ ပျောက်ဆုံးပြီး မာနထောင်လွှားပြီး မလိုမုန်းထားတဲ့ သူတစ်ယောက် ဖြစ်လာခဲ့မှန်း ကျွန်မ မြင်ခဲ့ရတယ်။ တကယ်လို့ ကျွန်မသာ နောင်တမရခဲ့ရင် ဘုရားသခင်ကို ယုံကြည်ခြင်းက အဆုံးသတ်သွားတော့မှာပါ။ ဒါတွေအားလုံးကို သဘောပေါက်ပြီးတဲ့နောက်မှာ ကျွန်မက ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ ကိုယ်တော့်ရှေ့မှောက်မှာ နောင်တရဖို့ သမီး လိုလားပါတယ်၊ နောင်မှာ ဒီလိုမျိုး ထပ်မလုပ်တော့ပါဘူး” လို့ပေါ့။ တစ်ချိန်တည်းမှာပဲ ဘုရားသခင်က မကောင်းမှုတွေ ကျူးလွန်တဲ့ လမ်းကြောင်းပေါ် ကျွန်မ ဆက်ပြီး မလျှောက်လှမ်းမိအောင်၊ ဗီဒီယိုအလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်တဲ့ ပိုကြီးမားတဲ့ မကောင်းမှုတွေ မကျူးလွန်မိအောင် ဘုရားသခင်က ဒီရောဂါကို အသုံးပြုပြီး တားဆီးခဲ့တာဖြစ်ကြောင်း သဘောပေါက်လာတယ်။ ဒါဟာ ဘုရားသခင်ရဲ့ မေတ္တာနဲ့ ကာကွယ်စောင့်ရှောက်မှုဖြစ်တာကြောင့် စိတ်နှလုံးထဲကနေ ဘုရားသခင်ကို ကျေးဇူးတင်ခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေက ပြောထားတာကို ကျွန်မ ဖတ်လိုက်ရတယ်၊ “ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်းအား သင် အမှန်တကယ် ပြနိုင်စွမ်းရှိပါက အခြားလူတို့ကို မျှမျှတတ သင်ဆက်ဆံနိုင်လိမ့်မည်။ သင်သည် လူကောင်းတစ်ယောက်ကို အကြံပြုထောက်ခံပေးပြီး လေ့ကျင့်စေကာ တာဝန်တစ်ခုကို ထမ်းဆောင်စေ၍ ဤနည်းအားဖြင့် ဘုရားအိမ်တော်တွင် ပင်ကိုစွမ်းရည်ရှိသူတစ်ယောက်ကို ဖြည့်သွင်းပါက သင်၏အလုပ်ကို ပို၍ မလွယ်ကူစေသလော။ သို့ဆိုလျှင် သင်သည် သင်၏တာဝန်၌ သစ္စာစောင့်သိသည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင် ရှေ့မှောက်၌ ကောင်းမှုတစ်ခုဖြစ်သည်။ ယင်းသည် ခေါင်းဆောင်များအဖြစ် အစေခံသည့်သူများ အနည်းဆုံးအနေဖြင့် ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရား ဖြစ်ပေသည်။...သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ဂုဏ်သိက္ခာ၊ ဂုဏ်သတင်း၊ အဆင့်အတန်းတို့အတွက် ဆင်ခြင်စဉ်းစားခြင်း မပြုနှင့်၊ ထို့ပြင် ကိုယ့်ကိုယ်ကျိုးစီးပွားအတွက် ဆင်ခြင်စဉ်းစားခြင်း မပြုနှင့်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ရှေ့တန်းတင်၍ ဆင်ခြင်စဉ်းစားရမည်ဖြစ်ပြီး ယင်းကို သင်၏ ဦးစားပေးအဖြစ် ထားရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် အလေးထားသင့်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာစောင့်သိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းရှိမရှိ၊ အစွမ်းကုန် လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အလုပ်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် စဉ်းစားခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ရှေ့တန်းတင်၍ ချင့်ချိန်စဉ်းစားရမည်။ ဤအရာများကို သင် စဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး နားလည်အောင် ကြံဆလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်)မိမိတို့၏ အားသာချက်များ၊ ဆုကျေးဇူးများ၊ သို့မဟုတ် အထူးပါရမီများက မည်သို့ဖြစ်စေ မည်သူကမျှ အလုပ်အားလုံးကို မိမိတို့ဘာသာ တာဝန်မယူနိုင်ပေ။ အသင်းတော်အလုပ်ကို ကောင်းစွာလုပ်ဖို့ဆိုလျှင် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရန် သင်ယူရမည်။ ထိုအတွက်ကြောင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် မိမိတာဝန်ထမ်းဆောင်ခြင်း၏ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတစ်ခုဖြစ်သည်။ သင်သည် သင်၏ စိတ်နှလုံး၊ အားအင်ရှိသမျှကို၊ သင်၏ သစ္စာစောင့်သိမှုရှိသမျှကို အသုံးချပြီး သင်လုပ်နိုင်သည့်အရာရာတိုင်းအား ပေးဆပ်လျှင် သင်သည် သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်နေခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို တကယ် အလေးထားပြီး ကိုယ့်တာဝန်တွေအတွက် ဝန်တာထားစိတ်ရှိသူတွေက ပင်ကိုစွမ်းရည်ရှိသူတွေကို ပျိုးထောင်ပေးဖို့ သူတို့ရဲ့ ကိုယ်ပိုင်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ဘေးဖယ်ထားနိုင်တယ်ဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ ဒါဟာ ဘုရားသခင် အမှတ်ရတဲ့အရာပါ။ တကယ်တော့ လူတစ်ယောက်က ဘယ်လောက်ပဲ စွမ်းရည်ရှိရှိ၊ ဘယ်လောက်ပဲ တတ်ကျွမ်းပြီး အတွေ့အကြုံရှိရှိ အလုပ်အားလုံးကို တစ်ယောက်တည်း ထမ်းရွက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တကယ်လို့ ပင်ကိုစွမ်းရည်ရှိသူတွေကို ပျိုးထောင်ပေးနိုင်ပြီး ညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့ လုပ်ဆောင်ရမယ့်အပိုင်းတွေကို ဖြည့်ဆည်းဖို့ အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင် အသင်းတော်ရဲ့ အလုပ်အတွက် အများကြီး ပိုပြီး အကျိုးရှိမှာ မဟုတ်ဘူးလား။ ကျွန်မ အမြင်ကျဉ်းခဲ့လွန်းမှန်း မြင်လိုက်ရတယ်။ နောက်ပိုင်းမှာ ဝမ်ယန်နဲ့ တွဲမလုပ်တော့ပေမဲ့ ဘယ်သူနဲ့ပဲ အလုပ်လုပ်ရပါစေ၊ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ဖို့နဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို အလေးထားတဲ့သူတစ်ယောက် ဖြစ်လာဖို့ ကျွန်မ လိုလားခဲ့တယ်။

အဲဒီနောက် ကျွန်မ အသင်းတော်ခေါင်းဆောင်အနေနဲ့ ရွေးချယ်ခံရပြီး ညီအစ်မ ချန်ဖုန်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တာဝန်ပေးခံရတယ်။ အဲဒီသတင်းကို ကြားတော့ ကျွန်မ တွေးမိတယ်၊ “ချန်ဖုန်းက အရင်တုန်းက ဗီဒီယိုလုပ်တဲ့ တာဝန်ကို ထမ်းဆောင်ခဲ့တာ မဟုတ်ဘူးလား။ ငါက သူ့ရဲ့ ကြီးကြပ်ရေးမှူး ဖြစ်ခဲ့တာ။ အခု သူက အသင်းတော်ခေါင်းဆောင် ဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး” ပေါ့။ သူနဲ့ အချိန်တစ်ခုကြာ အလုပ်လုပ်ပြီးတဲ့နောက် သူက မြန်မြန်ဆန်ဆန် တိုးတက်လာပြီး နေရာတော်တော်များများမှာ ထူးချွန်လာတာကို ကျွန်မ သတိပြုမိတယ်။ မကြာခင် သူက ကျွန်မကို ကျော်တက်သွားပြီး ညီအစ်ကိုမောင်နှမတွေက ကျွန်မထက် သူ့ကို ပိုပြီး အလေးထားလာမှာကို ကျွန်မ စိုးရိမ်ခဲ့တယ်။ ဒါကြောင့် အဖွဲ့တိုင်းရဲ့ စုဝေးပွဲတွေကို သူ တက်ရောက်ရအောင် စီစဉ်ပေးဖို့ ကျွန်မ အင်တင်တင် ဖြစ်နေခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့ အခြေအနေက မှားယွင်းနေတယ်ဆိုတာ သဘောပေါက်လိုက်တယ်။ ဒါနဲ့ ကျွန်မရဲ့ ကိုယ်ပိုင်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို စွန့်လွှတ်ပြီး၊ သူနဲ့ သဟဇာတဖြစ်အောင် ပူးပေါင်းဆောင်ရွက်ဖို့ သင်ယူချင်ကြောင်း၊ ပြီးတော့ အသင်းတော်ရဲ့ အလုပ်ကို ကောင်းကောင်းလုပ်ဖို့အတွက် တစ်စိတ်တစ်ဝမ်းတည်း အတူတူ အလုပ်လုပ်ဖို့ လိုလားတဲ့အကြောင်း ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ အဲဒီနောက်မှာ ချန်ဖုန်းနဲ့ ကျွန်မက အဖွဲ့တိုင်းကို အတူတူ သွားခဲ့ကြပြီး စုဝေးပွဲတွေ ကြီးမှူးကျင်းပရာမှာ အတူတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းရဲ့ ဘောင်ခတ်တာကို မခံရတော့တဲ့အခါ စိတ်နှလုံးထဲမှာ ငြိမ်သက်အေးချမ်းမှုကို ခံစားရတယ်။

နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မဆီမှာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တစ်ခုဖြစ်တဲ့ ရာထူးဝါစဉ် အနုအရင့်ဆိုတဲ့ အယူအဆရှိနေတာကို တွေ့ရှိခဲ့တယ်။ ကျွန်မက အရင်က ကြီးကြပ်ရေးမှူး ဖြစ်ခဲ့ပြီး ညီအစ်ကိုမောင်နှမတချို့ရဲ့ အလုပ်ကို တာဝန်ယူခဲ့ဖူးတဲ့အတွက် သူတို့ထက် ပိုသာသင့်တယ်၊ မညံ့သင့်ဘူးလို့ တွေးခဲ့တာကိုး။ ဘုရားနှုတ်ကပတ်တော်တွေက ပြောထားတာကို ကျွန်မ ဖတ်လိုက်ရတယ်၊ “ဤသည်မှာ အသင်းတော်တွင် သင်၌ရှိရမည့် သွင်ပြင်အခြေအနေမျိုး ဖြစ်သည်။ လူတိုင်းက သမ္မာတရားကို အာရုံစိုက်ပြီး ယင်းကို ကြိုးပမ်းရရှိဖို့ အားထုတ်ကြသည်။ လူများသည် မည်မျှ ကြီးသည် ငယ်သည်က အရေးမကြီးပေ၊ သို့မဟုတ် ၎င်းတို့သည် ဝါရင့်ယုံကြည်သူများ ဟုတ်မဟုတ်ကလည်း အရေးမကြီးသကဲ့သို့ ၎င်းတို့၌ မြင့်မားသော အစွမ်းအစရှိခြင်း၊ သို့မဟုတ် ညံ့ဖျင်းသော အစွမ်းအစရှိခြင်းကလည်း အရေးမကြီးပေ။ ဤအရာများသည် အရေးမကြီးပေ။ သမ္မာတရားရှေ့တွင် လူတိုင်းက တန်းတူဖြစ်သည်။ သင်ကြည့်ရမည့်အရာများမှာ မည်သူက မှန်ကန်စွာ၊ သမ္မာတရားနှင့် ကိုက်ညီစွာ စကားပြောကြောင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မည်သူက စဉ်းစားကြောင်း၊ ဘုရားအိမ်တော်၏အလုပ်၌ မည်သူက အကြီးမားဆုံးသော ဝန်ကို ထမ်းကြောင်း၊ မည်သူက သမ္မာတရားကို ပို၍ရှင်းလင်းစွာ နားလည်ကြောင်း၊ မည်သူက တရားမျှတစိတ်ကို မျှဝေကြောင်းနှင့် မည်သူက အဖိုးအခပေးဆပ်ဖို့ လိုလားကြောင်းတို့ဖြစ်သည်။ ထိုသို့သောလူများသည် ၎င်းတို့၏ ညီအစ်ကို မောင်နှမများ၏ ထောက်ပံ့ခြင်းခံရသင့်ပြီး ဩဘာပေးခြင်း ခံရသင့်သည်။ သမ္မာတရား လိုက်စားခြင်းမှ လာသည့် ဤတည်ကြည်သောစိတ်သွင်ပြင်အခြေအနေသည် အသင်းတော်၌ လွှမ်းမိုးရမည်။ ဤနည်းဖြင့် သင်၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိလိမ့်မည် ဖြစ်ပြီး ဘုရားသခင်က ကောင်းကြီးမင်္ဂလာများနှင့် လမ်းညွှန်ချက်တို့ကို ပေးအပ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှဖြင့် မိမိ၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်သည့်သူသာလျှင် ဘုရားသခင်ကို ချစ်သည့်သူဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ဘုရားသခင်ရဲ့ အမြင်မှာ လူတိုင်းဟာ တန်းတူပဲဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ လူတစ်ယောက်က တာဝန်တွေကို ဘယ်လောက်ကြာကြာ ထမ်းဆောင်ခဲ့ပါစေ ဒါမှမဟုတ် ဘာတာဝန်တွေပဲ ထမ်းဆောင်နေပါစေ၊ သူတို့က အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပြီး သူတို့ မိတ်သဟာယပြုတဲ့အရာက သမ္မာတရား စည်းမျဉ်းတွေနဲ့ ကိုက်ညီနေသရွေ့ ကျွန်မတို့အနေနဲ့ လက်ခံပြီး ရိုကျိုးသင့်တယ်၊ ပြီးတော့ ထောက်ပံ့မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပေးသင့်ပါတယ်။ ကျွန်မက အရင်က ကြီးကြပ်ရေးမှူး ဖြစ်ခဲ့ပေမဲ့ ဒါက အရာရာကို နားလည်ပြီး အကုန်သိတယ်လို့ မဆိုလိုပါဘူး။ ချန်ဖုန်းက ကျွန်မထက် ပိုင်းခြားသိမြင်မှု ပိုကောင်းပြီး ကျွန်မတာဝန်မှာရှိတဲ့ လမ်းလွဲမှုတွေနဲ့ ပြဿနာတွေကို ထောက်ပြနိုင်ခဲ့တယ်။ သူ့ရဲ့ လမ်းပြမှုနဲ့ ဖြည့်ဆည်းပေးမှုတွေကြောင့် အလုပ်ကို ပိုပြီး ပြည့်ပြည့်စုံစုံ ပြီးမြောက်နိုင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် လုံးဝ နားမလည်ခဲ့ဘူးဆိုတာကို ကျွန်မ မြင်လိုက်ရတယ်၊ ကြီးကြပ်ရေးမှူး ဖြစ်ခဲ့ဖူးတာလေးကြောင့် ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ပိုသာတယ်လို့ တွေးခဲ့တာ။ ကျွန်မက တကယ့်ကို မာနထောင်လွှားပြီး ဆင်ခြင်တုံတရားမဲ့ခဲ့တာပဲ။ လူတိုင်းမှာ မတူညီတဲ့ အားသာချက်တွေနဲ့ ကောင်းကွက်တွေ ရှိတယ်ဆိုတာ အခု ကျွန်မ နားလည်ပါပြီ၊ တစ်ယောက်ရဲ့ အားသာချက်ကို တစ်ယောက်က ယူပြီး၊ တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က ဖြည့်ဆည်းပေးလို့ရအောင် ကိုယ့်တာဝန်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဘုရားသခင်က စီစဉ်ပေးတာပါ၊ ဒါမှ ကျွန်မတို့ တာဝန်တွေရဲ့ ထိရောက်မှုက ဆက်တိုက် တိုးတက်လာနိုင်မှာပါ။ ဘုရားသခင် ကျေးဇူးတော်ပါပဲ။

အရှေ့သို့- ၇၅။ ကျွန်မရဲ့ ခရီးပန်းတိုင်က ဘောင်ခတ်တာကို ကျွန်မ မခံရတော့ပါ

နောက်တစ်ခုသို့- ၇၇။ “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုသည့် အမြင်သည် မှန်ကန်သလား

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၆။ ကျွန်မ စိတ်နှလုံးတံခါးကိုဖွင့်ခြင်းနှင့်၊ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း

ရောင်ရွမ်၊ အမေရိက၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မတို့ တစ်မိသားစုလုံးက အမေရိကနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ကျွန်မ အဖိုးမျိုးဆက်...

၁၁။ YouTube မှ အသိပေးချက်များက ကျွန်မကို သခင်နှင့် ပြန်လည်ဆုံစည်းစေခဲ့သည်

လီလန်၊ တောင်ကိုးရီးယားနိုင်ငံဘဝတွင်၊ တစ်ခါတစ်ရံ အခွင့်အရေးပေါ်ပေါက်လာခြင်းများသည် ကြိုတင်မခန့်မှန်းနိုင်သော အကျိုးဆက်များ ရှိနိုင်သည်။...

၄၀။ အိမ်ကို ပြန်လာခြင်း

မုယီ၊ တောင်ကိုရီးယားနိုင်ငံ“ဘုရား၏ပြည့်လျှံသောအချစ်ကို လူအား အခမဲ့ပေးအပ် ကိုယ်တော့်မေတ္တာတော်ဖြင့် ရစ်ပတ် လူသည် အပြစ်နဲ့ လုံးဝကင်းစင်...

၂၅။ စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို သဘောပေါက်ပြီးနောက်၊ ကျိုးကြောင်းမမြင်ဘဲ ကျွန်မ သတိထားခြင်း မပြုတော့ပါ။

ရှန်းဝမ်၊ မလေးရှား ငယ်သည့် အရွယ်ကတည်းက သခင့်ကို ယုံကြည်ရာတွင် ကျွန်မ၏ အမေ(သင်းထောက်တစ်ဦးနှင့် ဥပုသ်စာဖြေ ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့သူ)...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။