၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

ဖန်းဖန်း၊ တရုတ်ပြည်

ကျွန်မမိသားစုထဲမှ ကျွန်မတို့အားလုံးက သခင်ယေရှုကို ယုံကြည် ကြပြီး၊ ကျွန်မတို့အသင်းတော်တွင် ကျွန်မက သာမာန် အသင်းသား တစ်ယောက်သာ ဖြစ်စဉ်၊ ကျွန်မ အဖေက အသင်းတော်၏ လုပ်ဖော် ကိုင်ဖက်များထဲမှ တစ်ယောက် ဖြစ်သည်။ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ တွင် ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ပြီး၊ နောက်များမကြာမီတွင် ကျွန်မ ညီမ အငယ်ဆုံးကို နိုင်ငံတော် ဧဝံဂေလိကို ဟောကြားခဲ့သည်။ နဂိုမူလက မိမိကိုယ်ကို ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် သမ္မာတရား တစ်ချို့ဖြင့် တန်ဆာဆင်ပြီးနောက် ကျွန်မ အဖြေကို ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို သက်သေခံဖို့ စီစဉ်ထားခဲ့သည်။ သို့သော်လည်း ကျွန်မ အံ့သြရသည်မှာ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံသည်ဟု ကျွန်မ အဖေကြားသည့်အချိန်တွင် သူက ကျွန်မ၏ ယုံကြည်မှုကို နှောင့်ယှက်ပြီး ဖျက်ဆီးဖို့ ကြိုးစားလျက်၊ သူ ဗျာများလာခဲ့သည်။

တစ်ညနေတွင် ကျွန်မ အဖေက ကျွန်မအိမ်သို့ မခံမရပ်နိုင် ဖြစ်ခြင်းနှင့် ရောက်လာကာ၊ ကျွန်မကို “သမီးက အဖေ့အကြံဉာဏ်၊ အဖေတို့ အသင်းတော်ခေါင်းဆောင်ရဲ့ အကြံဉာဏ်တို့ကို လျစ်လျူရှုပြီး၊ အရှေ့အရပ်က လျှပ်ပြက်ခြင်းကို စယုံကြည်လိမ့်မယ်လို့ အဖေ ဘယ်တုန်းကမှ မယုံခဲ့ဘူး။ သမီး အမြန်လုပ်ပြီး၊ ခေါင်းဆောင်ရဲ့ အိမ်ကိုသွား၊ ပြီးတော့ သမီးအပြစ်တွေကို ခွင့်လွှတ်ဖို့ သခင့်ကို တောင်းလျှောက်စမ်း။” ဟု ဒေါသတကြီးပြောခဲ့သည်။ ကျွန်မက “အဖေရယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အများကြီး သမီးဖတ်ဖူးပြီးတော့၊ အဲဒီနှုတ်ကပတ်တော်တွေဟာ ဘုရားသခင်ရဲ့ အသံတော် ဖြစ်တယ်ဆိုတာ သမီးတကယ် ယုံကြည်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်ပြီးတော့၊ သမီးရဲ့ ယုံကြည်မှုကို သမီးသေချာပါတယ်။ ကျေးဇူးတော်ခေတ်က ကုန်သွားပြီးနှင့်ပြီ၊ ပြီးတော့ အခု သမီးတို့က နိုင်ငံတော်ခေတ်ကို ရောက်နေပြီ။ ဘုရားသခင်က အမှုတော်အသစ်ကို ဆောင်ရွက်ဖို့နဲ့၊ သိုးသငယ်ရဲ့ မင်္ဂလာဆောင် စားတော်ပွဲကြီးကို သမီးတို့ကို ခေါ်သွားဖို့ ဘုရားသခင် ကြွလာပြီ။ သမ္မာကျမ်းစာမှာ ‘သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။(ဗျာဒိတ်ကျမ်း ၁၄:၄) လို့ပြောထားတယ် မဟုတ်လား။ သမီးက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ပြီး၊ သိုးသငယ်ရဲ့ ခြေလှမ်းတွေနောက်ကို လိုက်နေတယ်...” ဟု ပြန်ဖြေလေသည်။ သို့သော် ကျွန်မ မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ ကျွန်မ အဖေက ၎င်းကို တစ်ခုတစ်လေမျှ ကြားဖို့ စိတ်မဝင်စားဘဲ၊ ကျွန်မတို့ အသင်းတော်ခေါင်းဆောင်ကို တွေ့ဖို့ ကျွန်မကို ခေါ်သွားရန် မပြတ် တိုက်တွန်းခဲ့သည်။ ကျွန်မ ခင်ပွန်းကလည်း သူနှင့်ပေါင်းပြီး ကျွန်မကို ဖိအားပေးခဲ့သည်။ ကျွန်မအဖေ၏ မျက်နှာပေါ်မှ အကြည့်က သူက ကျွန်မကို ကျွန်မ အသင်းတော်အဟောင်းသို့ ပြန်ခေါ်ဖို့သာ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားသည်ကို ပြောခဲ့သည်။ စိတ်ခံစားချက်များ အလွန်မြင့်မား နေပြီး၊ သူတို့က ကျွန်မကို မယုံနိုင်လောက်သော ဖိအားအောက်တွင် ထားရှိပြီး၊ ကျွန်မက မကြောက်ဘဲ မနေနိုင်တော့ပါ။ ထို့ကြောင့် ဘုရားသခင်ထံ တိတ်ဆိတ်သော ဆုတောင်းချက်တစ်ခုဆိုပြီး၊ ကွယ်ကာမှုနှင့် လမ်းပြမှုတို့အတွက် သူ့ကို တောင်းလျှောက်ခဲ့သည်။ ထိုအတိုင်းပင် ကျွန်မကို နောက်ထပ် မည်သည့်စကားမျှ မပြောခိုင်းဘဲ၊ ကျွန်မအဖေက ကျွန်မ ခင်ပွန်းကို ကျွန်မတို့ အသင်းတော်ဟောင်း၏ တွေ့ဆုံရာနေရာသို့ ကျွန်မတို့အား မောင်းပို့ခိုင်းသည်။ အခန်းထဲသို့ ကျွန်မ ဝင်ရောက်သည့်အချိန်တွင်၊ ထိုနေရာတွင် သူမ၏ ယောက္ခမ ခေါ်လာခဲ့သည့် ကျွန်မ ညီမအငယ်ဆုံး အပါအဝင် လူအယောက် ၆၀ သို့မဟုတ် ၇၀ စောင့်နေသည်ကို တွေ့လိုက်သည်။ ဤအစည်းအဝေး သည် ကြိုတင်စီစဉ်ထားခြင်းဖြစ်ပြီး၊ သူတို့က ကျွန်မတို့နှစ်ယောက်ကို ဝိုင်းတိုက်ခိုက်မည်ကို ကျွန်မ နားလည်သဘောပေါက် ခဲ့သည်။ အခန်းထဲမှ လူတိုင်းက ကျွန်မ ညီမနှင့် ကျွန်မတို့ကို ထူးထူးခြားခြား ကြည့်နေပြီး၊ တစ်ချို့က ကျွန်မတို့ကို လက်ညှိုးထိုးနေကြကာ၊ အချင်းချင်း တီးတိုးပြောနေကြသည်။ ကျွန်မတို့ စီနီယာခေါင်းဆောင်က ကျွန်မတို့ထံ ပြေးလာပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းမှ ရပ်ဖို့ စတင်တိုက်တွန်းခဲ့သည်။ ထို့နောက် သူက မည်သည့်အထိန်းအကွပ် တစ်ခုမျှ မရှိဘဲ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို စတင်ကာ ပြစ်တင်ရှုတ်ချပြီး၊ ပြစ်မှားစော်ကားခဲ့သည်။ သူက ကျွန်မကို “အရှေ့အရပ်က လျှပ်ပြက်ခြင်းကို ပူးပေါင်းတဲ့လူတွေဟာ ဘယ်တော့မှ မထွက်ခွာနိုင်ဘဲ၊ သူတို့ရုန်းထွက်လွတ်မြောက်ခဲ့ရင်၊ သူတို့ရဲ့ နှာခေါင်းတွေဖြတ်တာ၊ ပြီးတော့ သူတို့မျက်လုံးတွေကို ဖောက်ထုတ်တာ တို့ကို ခံရတယ်…” တို့ကဲ့သို့သော မုသားများစွာကိုပင် ပြောခဲ့သည်။ ဤမုသားများကို ပြောခြင်းနှင့်၊ ဝတ်ပြုလူစုကို လှုံ့ဆော်ခြင်းတို့အားဖြင့် ခေါင်းဆောင်က ကျွန်မ ဖခင်နှင့် ကျွန်မ ညီမလေး၏ ယောက္ခမတို့ကို ပို၍ပင် ဒေါသထွက်ကာ၊ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်၊ ပြီးလျှင် သူတို့က ကျွန်မတို့ကို မျက်လုံးများမှိတ်စေပြီး၊ ကျွန်မတို့အတွက် ခေါင်းဆောင် ကို ဆုတောင်းချက်တစ်ခု ဆိုခိုင်းခဲ့သည်။ သူတို့လုပ်သည့်အရာအားဖြင့် ကျွန်မ ရွံရှာပြီး၊ ကျွန်မတို့အတွက် ခေါင်းဆောင်က ဆုတောင်းနေသည့် အချိန်တွင် ကျွန်မတို့ မည်သည့်အရာကိုမျှ မပြောသော်လည်း၊ ခေါင်းဆောင်ပြောသည့် မုသားများသည် ကျွန်မအပေါ် နက်ရှိုင်းသည့် ခံစားချက်တစ်ခု ကျန်ရစ်ခဲ့စေနှင့်ပြီးဖြစ်သည်။ 

အိမ်အပြန်တွင် ကျွန်မနားထဲတွင် အူထူပြီး၊ ကျွန်မ၏ ငြိမ်သက်သောစိတ်ကို နှောင့်ယှက်နေသည့် ထိုဆိုးရွားသည့် မုသားများ ကို ကျွန်မ ကြားနေရဆဲဖြစ်သည်။ ကျွန်မက ဘုရားနှုတ်ကပတ်တော် များကိုပင် အာရုံမစိုက်နိုင်ခဲ့ပါ။ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ အစ်မကျန်းနှင့် အဆက်သွယ်ရှိခဲ့သည်မှာ မည်မျှအချိန် ကြာခဲ့ပြီဖြစ်ကြောင်းနှင့် သူမ၏ စကားနှင့် အပြုအမူတို့တွင် သူမက အမြဲတမ်း မည်သို့ သင့်တင့်လျောက်ပတ်ပြီး၊ တော်ဖြောင့်ကြောင်းတို့ကို ကျွန်မ စဉ်းစားမိခဲ့သည်။ အစ်မကျန်း ကျွန်မတို့နှင့် မိတ်သဟာယပြုပုံ တွင် ချစ်ခြင်းမေတ္တာများစွာကိုလည်း ပြသခဲ့ပြီး၊ အသင်းတော် ခေါင်းဆောင်က ပြောပြသွားသည့်အရာကဲ့သို့ တစ်ခုမျှ မဟုတ်ပါ။ သို့သော် အရေးအကြီးဆုံးမှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ခြင်းနှင့်၊ သြဇာအာဏာနှင့် တန်ခိုးတို့ ပြည့်ဝနေခြင်း တို့ဖြစ်လေသည်။ မည်သည့်လူတစ်ယောက်မျှ ထိုသို့သော နှုတ်ကပတ်တော်များကို ဖော်ပြနိုင်ခြင်းမရှိဘဲ၊ ကျွန်မက ထိုနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ မိန့်မြွက်ချက်များ ဖြစ်ရမည်ဟု တွေးမိသည်။ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဝန်းရံနေသည့် ကြောက်မက်ဖွယ် ကောလာဟလများ အဘယ့်အကြောင်း များစွာ ရှိနေရသနည်း၊ တစ်ညလုံး ကျွန်မ အိပ်ရာထဲတွင် လူးလှိမ့်ကာ၊ ကျွန်မ အတွေးများက အပြုသဘော ဆောင်ခြင်းမှ အပျက်သဘောဆောင်ခြင်းသို့လည်းကောင်း၊ ပြီးနောက် အပျက်သဘောဆောင်ခြင်းမှ အပြုသဘောဆောင်ခြင်းသို့ တစ်ဖန်ပြန် ၍လည်းကောင်း အဖန်တလဲလဲ ပြောင်းလဲနေသည်နှင့်အညီ၊ ကျွန်မ အိပ်လို့မရခဲ့ပါ။ နောက်တစ်နေ့တွင် ကျွန်မ အိပ်ငိုက်လာပြီး၊ နုံးချည့် နေခဲ့သည်- ဖော်ပြဖို့ ခက်ခဲသည့် ပုံစံတစ်ခုဖြင့် သောကရောက်ခဲ့သည်- ပြီးလျှင် ကျွန်မ မည်သည့်အရာကိုမျှ လုပ်ချင်စိတ် မရှိပါ။ ကျွန်မ ညီမအငယ်ဆုံး ရောက်လာပြီး၊ မကြာမီတွင် သူမက ခေါင်းဆောင်နှင့် သူမယောက္ခမတို့ ဝိုင်းတိုက်ခိုက်ခံရသည်ကို ရင်ဆိုင်နိုင်စွမ်း မရှိသည်မှာ ရှင်းလင်းလာခဲ့သည်။ သူမက အနန္တတန်ခိုးရှင် ဘုရားသခင် ကို နောက်ထပ် မယုံကြည်ရဲတော့ဘဲ၊ ယခုအခါ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ၏ ယုံကြည်မှုကိုပါ စွန့်လွှတ်ဖို့ ကျွန်မကို တိုက်တွန်းနေခဲ့သည်။ ကျွန်မက “ညီမလေး၊ နင်စိတ်ပူတယ်ဆိုတာက ငါသိတယ်၊ ပြီးတော့ ငါလည်း နင့်လိုပဲ အရမ်းစိတ်ရှုပ်ပြီး၊ စိတ်ညစ် နေတယ်။ ဒါပေမဲ့ ဒီပြဿနာကို ငါအများကြီး စဉ်းစားချင့်ချိန်ခဲ့ပြီးပြီ၊ ပြီးတော့ လမ်းပြမှုအတွက် သခင့်ကိုလည်း ဆုတောင်းခဲ့ပြီးပြီ၊ ဒါ့ကြောင့် ခေါင်းဆောင်နဲ့ တခြားလူတွေ ဘာပဲပြောပြော၊ အစ်မတို့ သေချာနိုင်တဲ့ အရာတစ်ခုရှိတယ်၊ ပြီးတော့ အဲဒါဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက လူသားတစ်ယောက်က လုံးဝ မပြောနိုင်ခဲ့ဘူး ဆိုတာပဲ။ ဒီနှုတ်ကပတ်တော်တွေဟာ ဘုရားသခင်ရဲ့ အသံတော်ဖြစ်တာကို ငါသေချာတယ်။ ငါ သိုးသငယ် ဖွင့်သည့် စာစောင် ကို အကြိမ်ပေါင်းများစွာ ဖတ်ပြီး၊ ဒီစာအုပ်မှာ ဘုရားသခင်ရဲ့ နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ရဲ့ နက်နဲမှုတွေကို ဖွင့်ဟထားတယ်။ အဲဒီစာအုပ်ကို ဖတ်တာက ဘုရားသခင်ရဲ့ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုတော်ရဲ့ အဆင့်သုံးဆင့် ရှိတယ် ဆိုတာရယ်၊ ပြီးတော့ နောက်ဆုံးသောကာလရဲ့ နှုတ်ကပတ်တော် တွေနဲ့ တရားစီရင်ခြင်းအမှုတော်က လူကို အပြီးအပြတ် ကယ်တင်မဲ့ အမှုတော် ဖြစ်တယ်ဆိုတာရယ်ကို ငါ့ကို သင်ကြားပေးခဲ့တယ်။ ငါတို့တွေ ကောင်းကင်နိုင်ငံတော်ကို ချီမခံရဖို့ တရားစီရင်ခြင်း အမှုတော်သာလျှင် ငါတို့ အပြစ်ရှိတဲ့ သဘာဝရဲ့ ချုပ်နှောင်မှုတွေကို အမှန်တကယ် အောင်အောင်မြင်မြင် ကိုင်တွယ် ဖြေရှင်းဖို့ ငါတို့ကို ထောက်ကူနိုင်တယ်။ အဲဒီစာအုပ်ရဲ့ ပါဝင်တဲ့အကြောင်းအရာက သမ္မာကျမ်းစာထဲက သခင့်ပရောဖက်ပြုခြင်းနဲ့ လုံးဝ ကိုက်ညီပြီး၊ သမ္မာကျမ်းစာထဲမှာ ရှာမတွေ့တဲ့ သမ္မာတရားတွေ အဲဒီစာအုပ်ထဲမှာ ပါရှိတယ်။ ဘုရားသခင်သာလျှင် ဒီသမ္မာတရားတွေနဲ့ နက်နဲမှုတွေကို သိနိုင်တယ်။ ဒါ့ကြောင့် အဲဒါက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ ဘုရားသခင်ရဲ့ အသံဖြစ်တယ်ဆိုတာရယ်၊ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်က ငါတို့ အကြာကြီး တောင့်တခဲ့ရတဲ့ ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်တယ်ဆိုတာရယ်ကို ငါသိပ်ကို သေချာရတဲ့ အကြောင်းအရင်းဖြစ်တယ်။ ညီမလေး ငါတို့ ယုံကြည်မှုက မမှားဘူး။ နင်ဘာပဲလုပ်လုပ်၊ မှန်ကန်တဲ့ လမ်းခရီးကို အရမ်းအလွယ်တကူ မစွန့်လွှတ်ပါနဲ့။” ဟု သူမကို စိုးရိမ်ကြောင့်ကြစွာ ပြောခဲ့သည်။ ကျွန်မ ညီမအငယ်ဆုံးထွက်သွားပြီးနောက်၊ ကျွန်မ အလွန်ဝမ်းနည်းပြီး၊ “အနန္တတန်ခိုးရှင် ဘုရားသခင်က သိသိသာသာ ကြီးကို ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်။ အဲဒါဟာ အရမ်းမှန်ပြီး၊ သင့်တော်တယ်။ ဒါ့ကြောင့် အသင်းတော်ခေါင်းဆောင်နဲ့ ငါတို့မိသားစု က ငါတို့ကို သူ့ကို ဘာဖြစ်လို့ပေးမယုံကြည်ကြတာလဲ။” ဟု တွေးခဲ့သည်။ ဤအရာကို ကျွန်မ တွေးနေစဉ်တွင်ပင်၊ ကျွန်မခင်ပွန်း၏ လက်ကိုင်ဖုန်းမြည်လာခဲ့သည်။ ၎င်းမှာ ကျွန်မ အဖေဖြစ်ပြီး၊ သူက ကျွန်မကို သူ့အိမ်သို့ ချက်ချင်းသွားစေလိုသည်။ ကျွန်မ အဖေ ကျွန်မကို ထပ်နှောင့်ယှက်ဦးမည်ကို ကျွန်မ သံသယမရှိဘဲ သိသောကြောင့်၊ ကျွန်မ မသွားလိုကြောင်း ပြောခဲ့သော်လည်း၊ ကျွန်မ ခင်ပွန်းက ကျွန်မကို ဆွဲကိုင်ပြီး၊ ကားဆီသို့ ကျွန်မကို တရွတ်တိုက် ဆွဲခေါ်သွား သည်။ ကျွန်မ အဖေ၏ အိမ်သို့ ရောက်သည့်အချိန်တွင်၊ ကျွန်မ ညီမအငယ်ဆုံးနှင့် သူမ၏ ယောက္ခမ တို့လည်း ထိုနေရာတွင် ရောက်နှင့်ပြီးဖြစ်သည်ကို ကျွန်မ တွေ့ရသည်။ ကျွန်မကို မြင်ရာတွင်၊ ကျွန်မ အဖေ၏ မျက်နှာက တင်းမာသွားပြီး၊ သူက “မနေ့ညက အသင်းတော်ခေါင်းဆောင်က သခင်ယေရှုရှေ့မှာ နင့်အပြစ်တွေနဲ့ ပတ်သက်ပြီး အပြစ်အမှားပြေရာပြေကြောင်းအတွက် ဆုတောင်းပေး ခဲ့တယ်။ ဒါပေမဲ့ နင်တို့နှစ်ယောက်လုံးက နင်တို့အပြစ်တွေကို အခုထိ ဝန်မခံသေးသလို၊ နောင်တလည်း မရဘူး။ နင်တို့ သခင့်ရှေ့မှောက်မှာ လုံးလုံးနောင်တရခြင်းနဲ့ ပတ်သက်တဲ့ ဆုတောင်းချက်တစ်ခု ဆိုနိုင်ဖို့နဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို နင်တို့ ထပ်ပြီး မယုံကြည်ဖို့ ဒီနေ့ နင်တို့နှစ်ယောက်လုံးကို ငါဒီကို ခေါ်ရတယ်။” ဟု ပြောခဲ့သည်။ ဤအရာများအားလုံးကို ကြားရာတွင်၊ ကျွန်မ လုံးဝ စိတ်ကုန်သွား မိသည်။ ကျွန်မက “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံခြင်းအားဖြင့်၊ ငါဟာ သိုးသငယ်ရဲ့ ခြေလှမ်းတွေနောက်ကိုလိုက်ပြီး၊ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုနေ တာဖြစ်တယ်။ အဲဒီမှာ အပြစ်က ဘယ်မှာလဲ။ ငါကတော့ အလိမ်အညာ တွေနဲ့ ပေါက်ကရတွေကို သိသိကြီးနဲ့ ပြောမှာမဟုတ်ဘူး။” ဟု မိမိဘာသာ တွေးမိလေသည်။ ကျွန်မက နောင်တရခြင်း ဆုတောင်းချက်တစ်ခုကို ဆိုမည်မဟုတ်သည်ကို မြင်သည့်အတွက်၊ ကျွန်မ မိဘများနှင့် ကျွန်မညီမလေး၏ ယောက္ခမတို့က ကျွန်မကို စတင်ကာ ဝိုင်းတိုက်ခိုက် ကြသည်။ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ကို စတင် အသရေဖျက်ပြီး၊ ပြစ်မှားစော်ကားကြကာ၊ ကျွန်မ ဝန်ခံပြီး နောင်တရဖို့ အတင်းအကျပ်စေခိုင်းဖို့ရာ ထိုဆိုးရွားသည့် အလိမ်အညာများကို ထပ်ခါပြောနေကြသည်။ ထိုအလိမ်အညာများအားလုံး ကျွန်မ ခေါင်းထဲတွင် ပျံ့လွင့်နေပြီး၊ ကျွန်မမိသားစု၏ အဆက်မပြတ် ဝိုင်းတိုက်ခိုက်ခြင်းတို့က ကျွန်မကို အသက်ကောင်းကောင်း မရှုနိုင်ဖြစ်စေသည်၊ ပြီးလျှင် ကျွန်မ စတင်မူးဝေလာပြီး၊ အားနည်းလာခဲ့သည်။ ကျွန်မက မိမိဘာသာ “သူတို့က နေ့တိုင်း ငါ့အပေါ် ဒီဖိအားဆက်ပေးနေရင်၊ ညီအစ်ကို မောင်နှမတွေနဲ့ ဆက်သွယ်နိုင်မှာ မဟုတ်သလို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုလည်း ကောင်းကောင်းမွန်မွန် ဖတ်နိုင်မှာ မဟုတ်ဘူး။ ငါက ဘုရားသခင်ကို ယုံကြည်မှုရဲ့ ဒီလမ်းကြောင်းမှာ လျှောက်နိုင်မယ် မထင်ဘူး…” ဟု တွေးမိသည်။ ထိုအခိုက်အတန့်တွင် ကျွန်မမိဘများနှင့် ယောက္ခမတို့က ကျွန်မကို ချုပ်ကိုင်ပြီး၊ ကျွန်မ ညီမလေးနှင့် ကျွန်မတို့ကို အတင်းမျက်စိမှိတ်ခိုင်းကာ ဝန်ချ တောင်းပန်ခိုင်းသည်။ သူတို့ မည်မျှ ကြမ်းကြမ်းတမ်းတမ်း ပြုမူနေ သည်ကို မြင်ရခြင်းက ကျွန်မကို အလွန်အမင်း စိတ်ညစ်စေသည်၊ ပြီးလျှင် ကျွန်မ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်လာခြင်းကို ကျွန်မ မရပ်နိုင်ပါ။ ကျွန်မ ငိုနေရင်း၊ သခင့်ကို ကျွန်မ ဆုတောင်း ခဲ့သည်။ “အိုသခင်ယေရှု၊ ကိုယ်တော်ဟာ အနန္တတန်ခိုးရှင် ဘုရားသခင် အဖြစ် ပြန်ကြွလာခဲ့ပြီဆိုတာကို ကျွန်မသိပါတယ်၊ ဒါပေမဲ့ အခု ကိုယ်တော့်ကို ယုံကြည်ဖို့ ကျွန်မမှာ သတ္တိမရှိပါဘူး။ ကျွန်မကို ခွင့်လွှတ်ဖို့နဲ့ ကျွန်မ အပြစ်တွေကို လွတ်ငြိမ်းပေးဖို့ ကိုယ်တော့်ကို အသနားခံပါတယ်။” ကျွန်မ၏ ဤဆုတောင်းချက် ဤအချိန်သို့ ရောက်ရာတွင် ကျွန်မ အလွန် ရှိုက်ငိုနေသည်မှာ ကျွန်မ ဆက်ဆု မတောင်းနိုင်ခဲ့ပါ၊ ထို့ကြောင့် ကျွန်မ ဆုတောင်းချက် ပြီးဆုံးသွားသည်။ ထို့နောက် ကျွန်မ ရုတ်တရက် စိတ်အင်အားယုတ်လျော့လာခဲ့ပြီး၊ ကျွန်မ၏ သတ္တိများအားလုံး ပျောက်ဆုံးသွားကာ၊ ဘုရားသခင်၏ မျက်မှောက်တော်ကို ကျွန်မ လုံးဝ မခံစားနိုင်ခဲ့ပါ။ ကျွန်မ အလွန် ဘဝင်မကျဖြစ်ပြီး၊ ကျွန်မ ညီမအငယ်ဆုံးအား “အဲဒီ နောင်တရခြင်း ဆုတောင်းချက်မတိုင်ခင်မှာ ငါ့မှာ ခွန်အားတစ်ချို့ရှိသေးတယ်လို့ ခံစားရပေမဲ့၊ အဲဒီဆုတောင်းချက် ဆိုပြီးနောက်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော်က ငါ့ကိုစွန့်ခွာသွားသလိုပဲ ငါလုံးလုံး ဆုတ်ယုတ်သွား တယ်လို့ ခံစားခဲ့ရတယ်။ တကယ်တော့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းက သခင့်နောက်ကိုလိုက်တာပဲ၊ ပြီးတော့ အဲဒီ နောင်တရခြင်း ဆုတောင်းကို ဆိုလိုက်ခြင်းအားဖြင့် ငါတို့ သခင့်ကို သစ္စာဖောက်မိပြီ။” ဟု ပြောလိုက်သည်။

ကျွန်မစိတ်နှလုံးထဲမှ ပဋိပက္ခက အိမ်ပြန်ရောက်ပြီးနောက်တွင် ဆက်ရှိနေခဲ့သည်။ ကျွန်မ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို ဖတ်ခဲ့ပြီး၊ ထိုနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ မိန့်မြွက်ချက်များ ဖြစ်သည်ကို ကျွန်မ သတိပြုမိ ခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်ပြီး၊ သူ့ကို လက်မခံခြင်းက ဘုရားသခင်ကို သစ္စာဖောက်ခြင်း ဖြစ်မည်၊ ယင်းက ကျွန်မကို ကယ်တင်ခြင်း မရရှိနိုင်စေဖို့ ဦးတည်ခေါ်ဆောင်သွားရုံမျှမက၊ ဘုရားသခင်၏ စီရင်ခြင်းကိုလည်း ခံရစေလိမ့်မည်။ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းအား မလျှော့တမ်းပြောနေပါက၊ အသင်းတော်ခေါင်းဆောင်နှင့် ကျွန်မအဖေတို့က ကျွန်မကို သေချာပေါက် ဆက်လက် နှောင့်ယှက်နေမည်ဖြစ်ပြီး၊ ငြိမ်သက်ခြင်း နေ့ရက်တစ်ရက်ကို နောက်ထပ် တစ်ခါမျှ ကျွန်မ သိရတော့မည် မဟုတ်ပါ။ ကျွန်မ၏ ယုံကြည်မှုကို ထိန်းသိမ်းဖို့ ကျွန်မမှာ သတ္တိမရှိသကဲ့သို့ အမှန်တကယ် ခံစားရသည်။ ကျွန်မ၏ စိတ်က ခလောက်ဆန်ရှုပ်ထွေးနေသည်၊ ကျွန်မ အချိန်တိုင်း အခက်အခဲများ ရင်ဆိုင်နေရပြီး၊ မည်သည့်အရာကို လုပ်ရမည်ကိုလည်း လုံးဝ မသိခဲ့ပါ။ ကျွန်မ အကြောင်းအရာများစွာကို တစ်ချိန်တည်း တပြိုင်နက်တည်း တွေးတောနေပြီး၊ ကျွန်မမှာ စိတ်ပင်ပန်းလွန်ဝေဒနာ ခံစားရခါနီးပြီဟု ခံစားရသည်။ ကျွန်မက ဘုရားသခင်၏နှုတ်ကပတ်တော်များ စာအုပ်ကို သူမအား ပြန်ပေးရန် နှင့် ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် ဤနာကျင် လှသောအသက်တာမှ မိမိကိုယ်ကိုယ် ဖယ်ရှားနိုင်ရန်၊ အစ်မကျန်းကို လာစေချင်ခဲ့သည်။

ရက်အနည်းငယ် ကြာပြီးနောက် အစ်မကျန်းက ကျွန်မကို အားပေးရန် စတိုးဆိုင်သို့ လာရောက်ခဲ့သည်။ ကျွန်မခင်ပွန်းက သူမကို တွေ့ပြီး၊ ကျွန်မ အဖေကို ပြောလိုက်မည်ကို စိုးရိမ်ရင်း၊ ကျွန်မက အလွန်အမင်း ကြောက်လန့်နေခဲ့သည်။ ထို့ကြောင့် အသက်မရှုနိုင်စွာ၊ လွန်ခဲ့သည့်ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို သူမ ကို ပြောပြလိုက်သည်။ ထို့နောက် ရောင်းကုန်ပစ္စည်းဗူး တစ်ချို့ အောက်တွင် ဝှက်ထားသည့် ဘုရားနှုတ်ကပတ်တော်များ စာအုပ်ကို ကမန်းကတန်းထုတ်လိုက်ပြီး၊ သူမကို ပေးလိုက်သည်။ ကျွန်မက “အစ်မရေ၊ ကျွန်မမိဘတွေနဲ့ ယောက်ျားတို့က ကျွန်မကို နှောင့်ယှက်နေ ကြတယ်၊ ပြီးတော့ ကျွန်မ အသင်းတော်ဟောင်းက ခေါင်းဆောင်နဲ့ ညီအစ်ကိုမောင်နှမတွေကလည်း ကျွန်မကို အရမ်း ဟန့်တားလိုက်တာ ဆိုတာ၊ ကျွန်မမှာ စိုးရိမ်ကြောင့်ကြမှုနဲ့ လုံးလုံး စိတ်ပျက်နေတယ်။ ကျွန်မ နောက်ထပ် သည်းမခံနိုင်တော့ဘူး၊ ဒါ့ကြောင့်ကျေးဇူးပြုပြီး ဒီစာအုပ်ကို အစ်မနဲ့အတူ ယူသွားပါ။” ဟု သူမကို ပြောခဲ့သည်။ အစ်မကျန်းက ကျွန်မကို ကြည့်လိုက်ပြီး၊ ကြီးစွာသော ရိုးသားမှုဖြင့် “ညီမ၊ အစ်မတို့က ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော် အသစ်ကို လက်ခံခဲ့ကြတယ်၊ ဒါ့ကြောင့် ဘာသာရေးခေါင်းဆောင်တွေနဲ့ မိသားစုတို့ဆီက ဒီနှောင့်ယှက်ခြင်းနဲ့ ဖိအားတို့က တကယ်တော့ ဝိညာဉ်ရေးရာ နယ်ပယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတစ်ခုပဲ။ သခင်ယေရှု က ‘မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်ဟုမထင်ကြနှင့်။ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်မဟုတ်။ ဓါးကို စေလွှတ်အံ့သောငှါ ငါလာသတည်း။(ရှင်မဿဲခရစ်ဝင် ၁၀:၃၄)ကိုယ့်အိမ်သူအိမ်သားတို့သည်လည်း ကိုယ့်ရန်သူ ဖြစ်ကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၁၀:၃၆) လို့ပြော ခဲ့တယ်။ ကယ်တင်ခြင်းအမှုတော်ကို ဆောင်ရွက်ဖို့ ဘုရားသခင်က ကမ္ဘာမြေပေါ်ကို ကြွလာတာဟာ ဝိညာဉ်ရေးရာ နယ်ပယ်မှာ တိုက်ပွဲတစ်ခုကို မလွဲဧကန် အကျိုးဆက်ဖြစ်ပေါ်စေလိမ့်မယ်။ အဲဒါဟာ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်တဲ့ လူတွေ နဲ့ သမ္မာတရားကို ချစ်တဲ့လူတွေဟာ ဘုရားသခင်ရဲ့ မိန့်မြွက်ချက်တွေကို သူတို့ကြားတဲ့အချိန်မှာ ဘုရားသခင်နောက်ကို လိုက်မှာမို့လို့ ဖြစ်တယ်။ ဒါက သမ္မာတရားကို စက်ဆုပ်တဲ့၊ သမ္မာတရား ကို မုန်းတီးတဲ့၊ ဘုရားသခင်ကို အာခံတဲ့ သူတွေအားလုံးရဲ့ ရန်လိုမှုကို မလွဲဧကန် လှုံ့ဆော်ပေးလိမ့်မယ်။ အကျိုးဆက်အနေနဲ့ နှစ်ဖက်လုံးက- ဘုရားသခင်နဲ့ သက်ဆိုင်တဲ့ အပြုသဘောဆောင်တဲ့ဖက် နဲ့ စာတန်နဲ့ သက်ဆိုင်တဲ့ အပျက်သဘောဆောင်တဲ့ဖက်- ထုတ်ဖော်ခံရပြီး၊ တစ်ခု ချင်းစီက သူတို့အမျိုးအစားအတိုင်း ခွဲထုတ်ခံရမယ်။ ဒါဟာ ဘုရားသခင် ရဲ့ အနန္တတန်ခိုးနဲ့ အမြော်အမြင် ဖြစ်တယ်။ သခင်ယေရှုက သူ့အမှုတော်ကို စဆောင်ရွက်ခဲ့တဲ့ ဟိုအချိန်တုန်းက၊ သခင်ယေရှုရဲ့ မိန့်မြွက်ချက်တွေကို ကြားပြီး၊ သူ့ကြီးမားတဲ့ တန်ခိုးကို မျက်မြင်တွေ့ ရတဲ့ သာမာန် ဂျူးလူမျိုးတွေက သခင်ယေရှုက ဟောကိန်းထုတ် ထားတဲ့ မေရှိယဖြစ်တယ်ဆိုတာကို ယုံကြည်လာတာကြောင့်၊ သူ့နောက်လိုက်ကြတယ်။ ဒါပေမဲ့ သာမာန်လူတွေက သူတို့ကို စွန့်ပစ်ပြီး၊ သခင်ယေရှုနောက်ကို လိုက်ကြတာကို မြင်တဲ့ ဂျူးလူမျိုး ယဇ်ပုရောဟိတ်မင်းကြီးတွေ၊ ကျမ်းပြုဆရာတွေ နဲ့ ဖာရိရှဲတွေ အားလုံးက သာမာန်လူတွေကို လှည့်စားဖို့ ကောလာဟလတွေ အများကြီး စတင် လုပ်ဇတ်ခင်းပြီး၊ ဖြန့်ချီခဲ့ကြတယ်။ သခင်ယေရှုက မကောင်းဆိုးဝါးတွေကို မောင်းထုတ်ဖို့ နတ်ဆိုးမင်း ဗေလဇေဗုကို မှီခိုတယ်၊ ပြီးတော့ ကိုယ်တော်ဟာ အစားကြူးသူဖြစ်ပြီး၊ ဝိုင်သောက်ရ တာ ကြိုက်တယ်လို့ သူတို့က ပြောကြတယ်။ ပြီးတော့ သခင်ယေရှု ရှင်ပြန်ထမြောက်တော့၊ သခင်ယေရှုရဲ့အလောင်းတော်ဟာ သူ့ တပည့်တော်တွေ အခိုးခံရတာဖြစ်တယ် ဆိုတဲ့ ကောလာဟလတွေကို ဖန်တီးပြီး ဖြန့်ဝေဖို့ သူတို့က ရောမစစ်သားတွေကို ငွေဒင်္ဂါးတွေနဲ့ လာဘ်ထိုးခဲ့ကြတယ်။ ဒါတွေက သခင်ယေရှုရဲ့ ကယ်တင်ခြင်းကို လူတွေလက်ခံတာကို သူတို့ တားဆီးဖို့ကြိုးစားတဲ့ နည်းလမ်းတစ်ချို့ ဖြစ်တယ်။ ပြီးတော့ အဆုံးသတ်မှာ သူတို့ဘာသာရေးခေါင်းဆောင်တွေ ပြောတာကို ယုံကြည်ပြီး၊ သခင်ယေရှုနောက်ကို မလိုက်ရဲကြတဲ့ ဂျူးလူမျိုးတွေအားလုံးကို ဘာတွေဖြစ်လဲ။ သူတို့က သခင့် ကယ်တင်ခြင်းကို ဆုံးရှုံးကြရုံတင်မကဘူး၊ သူတို့ဟာ ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးခြင်းနဲ့ ကျိန်ဆဲခြင်းတို့ကိုလည်း ခံကြရတယ်။ အစ္စရေးဟာ လက်အောက်ခံအဖြစ် သွတ်သွင်းခံရတာ နှစ်ပေါင်း ၂၀၀၀ နီးပါးရှိခဲ့ပြီး၊ ဂျူးလူမျိုးတွေက ကမ္ဘာအနှံ့ ပြည်နှင်ဒဏ်ခံရတယ်၊ အဲဒီနေရာတွေမှာလဲ သူတို့တော်တော်များများဟာ ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခံကြရတယ်။ ဒါဟာ သူတို့ သခင့်ကို ကားတိုင်တင်ပြီး၊ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပြင်းပြင်းထန်ထန် စော်ကားမိတာ ကြောင့် ဖြစ်တဲ့ ဆိုးရွားတဲ့ အကျိုးဆက်ဖြစ်တယ်။ ဒီနေ့ ဘုရားသခင်က သူ့အမှုတော်ကို ဆောင်ရွက်ဖို့ နောက်တစ်ကြိမ် လူ့ဇာတိခံပြီး၊ သမိုင်းကြောင်းက အခုတစ်ကျော့ပြန်လည်နေပြီ။ ဒီနေ့ ဘာသာရေး ခေါင်းဆောင်တွေက အရင်က ဖာရိရှဲဟောင်းတွေလိုပဲ။ ဘုရားသခင်က သူ့အမှုတော်ကို ဆောင်ရွက်ဖို့ ကြွလာတာ၊ သမ္မာတရားဖော်ပြတာ နဲ့ လူတွေကို ကယ်တင်တာတို့ရဲ့ စစ်မှန်မှုကို သူတို့ ရှင်းရှင်းလင်းလင်း မြင်တယ်၊ ဒါပေမဲ့ သူတို့မှာ သမ္မာတရားကို ချစ်ခြင်း မရှိတာကြောင့် သူတို့က ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ငြင်းပယ်ပြီး၊ ပြစ်တင်ရှုတ်ချကြတယ်။ သူတို့ရာထူးတွေကို ကာကွယ် ပြီး၊ သူတို့အသက်မွေးမှုတွေကို ထိန်းသိမ်းဖို့ သူတို့က ဘုရားသခင်ကို အာခံပြီး ပြစ်တင်ရှုတ်ချဖို့ ကောလာဟလတွေကို လုပ်ဇတ်ခင်း ကြတယ်၊ ပြီးတော့ အဲဒီ လူတွေကို လှည့်စားဖို့နဲ့ ထိန်းချုပ်ဖို့ ကောလာဟလတွေကို အသုံးပြုကြတယ်။ သူတို့က မှန်ကန်တဲ့ လမ်းခရီးကို လက်ခံခဲ့ကြတဲ့ ယုံကြည်သူတွေအပေါ်ကို ဖိအားပေးဖို့ ဘုမသိဘမသိလူတစ်ချို့ကိုတောင် အသုံးပြုပြီးနှိုးဆော်ပေးတယ်၊ ပြီးတော့ သူတို့က လူတွေ အနန္တတန်ခိုးရှင် ဘုရားသခင်ဆီ လှည့်သွား တာကို နှောင့်ယှက်ပြီး၊ ဟန့်တားဖို့ အရးအမူးကြိုးစားကြတယ်၊ ဒီနည်းနဲ့ သူတို့က လူတွေရဲ့ နောက်ဆုံးကယ်တင်ခြင်း အခွင့်အရေးကို ပျက်စီးစေခဲ့တယ်။ ညီမရေ၊ အစ်မတို့က ဒါဟာ ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခုဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရမှာ ဖြစ်ပြီးတော့ စာတန်ရဲ့ စဉ်းလဲတဲ့ အကြံအစဉ်တွေကို ရိပ်စားမိနိုင် ရမယ်။” ဟု ပြောခဲ့သည်။ အစ်မကျန်း၏ မိတ်သဟာယကို နားထောင် ပြီးနောက်၊ အရာအားလုံးက ရုတ်တရက် ရှင်းလင်းလာခဲ့သည်။ ရှေးခေတ်အချိန်မှစပြီး၊ စစ်မှန်သည့် လမ်းခရီးသည် အမြဲတမ်း နှိပ်ကွပ်ခံရကာ၊ ကျွန်မ အဆက်မပြတ်ဖြစ်ပွားနေသည့် ဝိညာဉ်ရေးရာ တိုက်ပွဲတွင် အမှန်တကယ် ရောက်ရှိနေသည်။ ကျွန်မ အသင်းတော် ဟောင်းမှ ခေါင်းဆောင်များက ကောလာဟလများကို ဖန်တီးပြီး ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ပြစ်တင်ရှုတ်ချ နေကြသည်၊ ပြီးလျှင် သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းမှ ကျွန်မကို တားဆီးဖို့ အဖန်တလဲလဲ နှိပ်ကွပ်ခြင်းနှင့် နှောင့်ယှက်နေကြခြင်း အားလုံးတို့မှာ သူတို့က သမ္မာတရားကို မုန်းတီးပြီး၊ ဘုရားသခင်၏ ရန်သူများ ဖြစ်သောကြောင့် ပင်တည်း။ ထိုအစ်မ၏ မိတ်သဟာယက ထိုအရာများ ကျွန်မကို ဖြစ်ပျက်နေရ သည့် အကြောင်းအရင်းကို နားလည်ဖို့ ကူညီပေးခဲ့သော်လည်း၊ ကျွန်မက အလွန်အားနည်းနေပြီး၊ ဘုရားနှုတ်ကပတ်တော် စာအုပ်ကို သိမ်းထားဖို့ ကြောက်နေသည်။ ကျွန်မ သိမ်းထားပါက၊ ကျွန်မ အဖေနှင့် တခြားလူများက ကျွန်မ အိမ်သို့လာပြီး၊ မကျေနပ်၍ ဆူပူဆန္ဒပြ ကြမည်ဖြစ်ပြီး၊ မိသားစုထဲတွင် ပြဿနာရှာမည်ကို ကျွန်မ သိသော ကြောင့်၊ ကျွန်မက ထိုစာအုပ်ကို သိမ်းထားဖို့ ဝန်လေးနေခဲ့သည်။ ကျွန်မက ဝေခွဲရခက်နေသည်ကို တွေ့သောကြောင့် အစ်မကျန်းက ကျွန်မကို ဖုန်းနံပါတ်ပေးပြီး “ညီမရေ၊ ဒီလိုလုပ်ပါလား- ဘုရား နှုတ်ကပတ်တော်စာအုပ်ကို အစ်မနဲ့အတူ အိမ်ကို ယူသွားမယ်၊ ညီမအတွက် လုံလုံခြုံခြုံ သိမ်းထားပေးမယ်။ ညီမလေး ဖတ်ချင်တဲ့ အချိန်တိုင်း၊ အစ်မကိုသာ ခေါ်လိုက်၊ အစ်မ ချက်ချင်း ယူလာခဲ့မယ်။” ဟု ပြောခဲ့သည်။ ကျွန်မက သဘောတူပြီး၊ အစ်မကျန်းကို တံခါးနားလိုက်ပို့ ခဲ့သည်။ ထိုအခိုက်အတန့်တွင်ပင်၊ ကျွန်မ ခင်ပွန်းက ပြေးလာပြီး၊ အစ်မကျန်းကို လက်ညှိုးထိုးကာ “အဲဒီစာအုပ်ကို ယူပြီး၊ အခုချက်ချင်း ထွက်သွားစမ်းပါ။ ပြီးတော့ နောက်ထပ် ပြန်မလာနဲ့၊ မဟုတ်ရင်တော့ နင့်ကို ငါ့အကြောင်းသိအောင် ပြရတာပေါ့။” ဟု အော်ဟစ်လေသည်။ အစ်မကျန်းက အဝေးသို့ လျှောက်ထွက် သွားသည်ကို ကျွန်မကြည့်ရင်း၊ ကျွန်မ အလွန်စိတ်ညစ်ပြီး၊ စိတ်သောကရောက်လိုက်သည့်ပုံစံမှာ ဖော်ပြရန်ပင် အလွန်ခက်ခဲလှ ပါသည်။ 

ပထမတွင် ဘုရားနှုတ်ကပတ်တော်များ စာအုပ်ကို အစ်မကျန်းကို ပြန်ပေးခြင်းက ကျွန်မအဖေက ကျွန်မကို နှောင့်ယှက်ခြင်းမှ ရပ်တန့်ပြီး၊ ကျွန်မ တစ်ချိန်က ရှိခဲ့သည့် ငြိမ်သက်အေးချမ်းသော အသက်တာ ပြန်စမည်ဟု ဆိုလိုသည်ဟု တွေးခဲ့မိသည်။ အမှန်မှာမူ အမှုအရာများက ဆန့်ကျင်ဖက်သာ ဖြစ်လေသည်။ ကျွန်မ၏ စိတ်နှလုံးထဲတွင် ငြိမ်သက်မှုကို မခံစားရရုံမျှမက၊ နားလည်ရခက်သော အနှစ်သာရမဲ့ခြင်းကို ကျွန်မ အမှန်တကယ် ခံစားခဲ့ရသည်။ ကျွန်မပြုလုပ်ခဲ့သည့် မည်သည့်အရာတွင်မဆို ကျွန်မက အသက်မပါဘဲ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ဘုရား နှုတ်ကပတ်တော်များ၏ ဓမ္မသီချင်းများက ကျွန်မခေါင်းထဲသို့ နေ့နေ့ညည မပြတ် ရောက်ရှိလာကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သခင်ယေရှုပြန်ကြွလာခြင်း ဖြစ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များက သမ္မာတရားများ ဖြစ်သည်ကို ကျွန်မ သိသည်။ သို့သော် အသင်းတော်ခေါင်းဆောင်က ကျွန်မကို ပြောသည့် အရာများနှင့် ကျွန်မအဖေနှင့် အခြားသူများက ကျွန်မကို နှောင့်ယှက်ပြီး၊ တိုက်ခိုက်သည့် မြင်ကွင်းများကလည်း ကျွန်မ စိတ်ထဲတွင် လျှပ်တပြက် မပြတ်ပေါ်ပေါက်နေသည်။ ကျွန်မ ဆိုးရွားစွာ ဒုက္ခခံနေပြီး၊ ကျွန်မ မတက်နိုင်သည့် ချောက်နက်တစ်ခု ထဲသို့ ကျရောက်သွားသည့် အလား ခံစားခဲ့ရသည်။ ကျွန်မ ကောင်းစွာ မစားနိုင်သလို၊ မအိပ်နိုင်ခဲ့ပါ၊ ပြီးလျှင် ကျွန်မ အလွန်စိတ်ဖိစီးသည်မှာ ကျွန်မ ခေါင်းပေါက်ကွဲထွက်တော့မည့်အလားဖြစ်သည်။ ဤနာကျင်မှု အားလုံး အလယ်တွင် ကျွန်မ ဒူးထောက်ပြီး၊ ဘုရားသခင်ကို အသနားခံခဲ့သည်။ “အိုဘုရားသခင်၊ ကောင်းကင်နဲ့ မြေကြီးနဲ့ သက်ရှိအရာအားလုံးကို ဖန်ဆင်းခဲ့တဲ့ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားသခင်။ ကျွန်မ အရမ်းနာကျင်နေပြီး၊ အခု အရမ်းကို လမ်းပျောက်နေပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာ တဲ့ သခင်ယေရှုဖြစ်တာကို ကျွန်မ သိပေမဲ့လည်း၊ ကျွန်မ ဝိညာဉ် အသက်တာက အရမ်းနုနယ်လွန်းပြီး၊ ကျွန်မ အဖေက ကျွန်မအပေါ် ပုံချတဲ့ နှောင့်ယှက်မှုနဲ့ တိုက်ခိုက်မှုတွေအကြောင်း ကျွန်မတွေး လိုက်တိုင်း၊ ကိုယ်တော့်နောက်ကို လိုက်ဖို့ ကျွန်မ အရမ်းကြောက် ပါတယ်။ အိုဘုရားသခင်၊ ကျွန်မက လမ်းဆုံလမ်းခွမှာ ပိတ်မိနေပြီး၊ ဆုံးဖြတ်ချက်တစ်ခုကို မချနိုင်ပါဘူး။ ဘာလုပ်ရမှန်းလဲမသိတာကြောင့်၊ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြပြီး၊ ဦးဆောင်တော်မူပါ။” ဆုတောင်းခြင်းအတွင်းတွင်၊ သတိမထားမိဘဲ၊ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ရုတ်တရက် စတင်တွေးတောခဲ့သည်။ “သင်သည် ဤအရာ ထိုအရာတို့ကို ကြောက်ရွံ့ခြင်း မရှိအပ်။ မည်မျှများပြားသော အခက်အခဲများနှင့် အန္တရာယ်များ သင်ရင်ဆိုင်ရစေကာမူ၊ ငါ၏ အလိုကို မပိတ်ဆီးဘဲ ဆောင်ရွက်နိုင်ဖို့အလို့ငှာ၊ သင်သည် မည်သည့် အဟန့်အတားမျှဖြင့် ပိတ်ဆို့ခံရခြင်းမရှိဘဲ ငါ၏ရှေ့၌ မြဲမြံလျက် နေနိုင်စွမ်းရှိသည်။...ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏မစခြင်းဖြင့်၊ အဘယ်သူသည် ဤလမ်းကို တစ်ကြိမ်တစ်ခါမျှ ပိတ်ဆို့နိုင်မည်နည်း။ ဤအရာကို သတိရလော့။ မမေ့လျော့နှင့်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) ဘုရား နှုတ်ကပတ်တော်များက ကျွန်မကို ခွန်းအားများဟုန်းခနဲတက်လာ စေသည်မှာ ကျွန်မ၏ ကြောက်လန့်သော စိတ်နှလုံးကို အားကောင်း စေဖို့ လုံလောက်ခဲ့သည်။ “ဟုတ်တယ်။” ဟု ကျွန်မ တွေးမိသည်။ “ဘုရားသခင်က ငါ့ရဲ့ အထောက်အပံ့ အဖြစ်ရှိတာကြောင့်၊ ငါက ဘာကို ကြောက်စရာရှိဦးမှာလဲ။ ဒါဟာ စစ်မှန်တဲ့ လမ်းခရီးဖြစ်တယ်ဆိုတာ ငါစိတ်ပိုင်းဖြတ်ပြီး ဖြစ်တဲ့အတွက်၊ ဘယ်လူ၊ အဖြစ်အပျက်၊ ဒါမှဟုတ် အမှုအရာရဲ့ ကန့်သတ်တာကိုမှ ငါမခံသင့်ဘူး။ ငါက အမှောင်ရဲ့ အင်အားစုတွေကို ထိုးဖောက်ထွက်ရမှာဖြစ်ပြီး၊ ဘုရားသခင်နောက်ကို မဆုတ်မနစ်တဲ့ သန္နိဌာန်တစ်ခုနဲ့ လိုက်ရမယ်။ ဘုရားသခင်ကို ယုံကြည်သူတစ်ယောက် အနေနဲ့၊ စာတန်ရဲ့ ရန်လိုတဲ့ အင်အားစုတွေနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ ငါ့ယုံကြည်မှုကိုတောင် ဝန်ခံနိုင်စွမ်းမရှိရင်၊ ငါက ဘာယုံကြည်သူမျိုးလဲ။ ငါက စာတန်ကို သက်သက် အရှုံးပေးနေပြီး၊ ဘုရားသခင်ကို သစ္စာဖောက်နေတာ မဟုတ်ဘူးလား။” ထို့နောက် သူမ၏ မိတ်သဟာယပြုခြင်းအတွင်းတွင် ကျွန်မမိသားစုနှင့် အသင်းတော် ခေါင်းဆောင်တို့ထံမှ နှောင့်ယှက်မှုများအားလုံးသည် ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခု၏ တစ်စိတ်တစ်ဒေသချည်းသာ ဖြစ်ကြောင်းနှင့် ကျွန်မက သူတို့နှင့် ရပ်တည်ဖို့ ရွေးချယ်ပါက၊ စာတန်၏ စဉ်းလဲသည့် ထောင်ချောက်ထဲသို့ အတိအကျ လဲကျနေခြင်းသာ ဖြစ်ကြောင်းတို့ကို အစ်မကျန်း မည်သို့ ပြောခဲ့ သည်ကို ကျွန်မ အမှတ်ရမိသည်။ ၎င်းက ကျွန်မသည် ကယ်တင်ခံ ရခြင်းနှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းတို့၏ အခွင့်အလမ်း တစ်စုံတစ်ရာကို လုံးလုံးဆုံးရှုံးရသည်ဟု ဆိုလိုခြင်း ဖြစ်ပေမည်။ ထို့နောက် အစ်မကျန်းက ဘုရားနှုတ်ကပတ်တော်များ စာအုပ်ကို ပြန်ယူသွားကတည်းက ကျွန်မကြုံတွေ့ရသည့် ဝိညာဉ်ရေးရာ ဆင်းရဲဒုက္ခအကြောင်း တွေးမိသည်။ ကျွန်မက မိမိအသက်တာတွင် ဘုရားသခင် မရှိ၍ မဖြစ်နိုင်ကြောင်း နှင့် ဘုရားသခင်ကို စွန့်ခွာခြင်းသည် ကျွန်မ မိသားစုနှင့် ကျွန်မ ယခင်အသင်းတော်တို့၏ စွန့်ခွာခံရခြင်းထက် ပို၍ပင် နာကျင်ကြောင်းတို့ကိုခံစားခဲ့ရသည်။ ထို့ကြောင့် ကျွန်မ ဖုန်းကောက်ကိုင်လိုက်ကာ၊ အစ်မကျန်းကို ခေါ်လိုက်သည်၊ ပြီးလျှင် ဘုရားနှုတ်ကပတ်တော် စာအုပ်ကို ကျွန်မ ပြန်ယူနိုင်ဖို့ သူမကို တွေ့ဖို့ နေရာတစ်ခု စီစဉ်ခဲ့သည်။

ထို့နောက်တွင် ကျွန်မ ခင်ပွန်း အိမ်မှာ မရှိသည့်အချိန်တိုင်း၊ ကျွန်မ အခွင့်ကောင်းယူပြီး ဘုရားနှုတ်ကပတ်တော်များကို အငမ်းမရ ဖတ်ရှုကာ၊ ဓမ္မသီချင်းများ သီဆိုခဲ့သည်။ နှုတ်ကပတ်တော်များကို ကျွန်မပို၍ဖတ်ရှုလေ၊ ထိုနှုတ်ကပတ်တော်များကို ကျွန်မ ပိုပျော်မွေ့ လေ ဖြစ်ပြီး၊ ဓမ္မသီချင်းများကို ပို၍ သီဆိုလေ၊ ကျွန်မ ပို၍ စိတ်ပြေလက်ပျောက်ဖြစ်ကာ စိတ်အေးလက်အေးဖြစ်ခဲ့သည်။ ကျွန်မ၏ နဂိုမူလ ယုံကြည်မှုကို ပြန်လည်ရရှိပြီး၊ ကျွန်မ၏ နာကျင်မှုများနှင့် ပြဿနာများအားလုံးက နံနက်ခင်းမြူကဲ့သို့ ပျောက်ကွယ်သွားသည်။ ဘုရားနှုတ်ကပတ်တော်များသည် ကျွန်မ အသက်တာကို အားဖြည့် ပေးပြီး၊ တစ်စုံတစ်ခုမျှ မရှိဘဲ၊ ဘုရားသခင်သာရှိပါက မည်သည့် အရာမဆို လုပ်ဆောင်နိုင်သည်ဟု ကျွန်မ ရင်းရင်းနှီးနှီး ခံစားခဲ့ရသည်။ နောက်သုံးလအကြာတွင်၊ အစ်မကျန်းက ဝတ်ပြုအစည်းအဝေးများ တက်ရောက်ဖို့ ကျွန်မကို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သို့ ခေါ်သွားခဲ့သည်။

မမျှော်လင့်ဘဲ၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရှိ ဝတ်ပြုအစည်းအဝေးများကို ကျွန်မ တက်ရောက်ခြင်းအကြောင်း ကျွန်မ ခင်ပွန်း သိရှိသွားပြီး၊ ကျွန်မ အဖေကို ပြောလိုက်သည်။ တစ်ညနေတွင် ခြံဝင်းအတွင်း ကြီးမားသော ရုတ်ရုတ်သဲသဲဖြစ်ခြင်း တစ်ခုကို ရုတ်တရက်ကြားလိုက်ချိန်တွင် ကျွန်မက အပေါ်ထပ်တွင် ရှိနေခဲ့သည်။ ကျွန်မက လိုက်ကာများဖွင့်ပြီး၊ ကျွန်မအဖေနှင့် သူ့အသင်းတော် လုပ်ဖော်ကိုင်ဖက်များထဲမှ လေးငါးယောက်တို့က ပြဿနာရှာရန် အဆင်သင့်ဖြစ်နေသည့် အသွင်ပေါက်လျက် ပြေးလာ သည်ကို မြင်သည့်အချိန်တွင် ချွေးစေးများထွက်လာ လေသည်။ ကျွန်မ စတင်ရင်ခုန်လာပြီး၊ အမြန်ဒူးထောက်လိုက်ကာ၊ ဘုရားသခင်ကို အော်ခေါ်လိုက်သည်။ “အို အနန္တတန်ခိုးရှင်ဘုရားသခင်၊ ကျွန်မအဖေက ကျွန်မကို ထပ်နှောင့်ယှက်ဖို့ ဒီအသင်းတော်က လူတွေကို ခေါ်လာ ပါတယ်၊ ပြီးတော့ ကျွန်မ တကယ့်ကို ကြောက်နေပါတယ်။ အိုဘုရား သခင်၊ ကျွန်မ ဝိညာဉ်အသက်တာက အရမ်းနုနယ်တာကို ကိုယ်တော် သိပါတယ်၊ ဒါ့ကြောင့် ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်မှုနဲ့ သတ္တိတို့ ပေးတော်မူပါ…” ဤဘုရား နှုတ်ကပတ်တော်များ ကျွန်မဆီသို့ ရုတ်တရက် ရောက်လာခဲ့သည်။ “သင်၏အတွင်း၌ ငါ၏သတ္တိကို သင် ပိုင်ဆိုင်ရမည် ဖြစ်ပြီး၊ မယုံကြည်သော ဆွေမျိုးများနှင့် ရင်ဆိုင် လာရသည့်အခါတွင် သင်သည် ကိုယ်ကျင့်တရားများ ရှိရမည်။ သို့သော် ငါ့အတွက် သင်သည် မည်သည့် အမှောင်အင်အားစုကိုမျှလည်း အလျှော့မပေးရ။ စုံလင်သော လမ်းကို လျှောက်လှမ်းရန် ငါ၏ဉာဏ်ပညာကို အမှီပြုလော့။ စာတန်၏ မည်သည့် လျှို့ဝှက်ကြံစည်ခြင်းကိုမျှ ထိန်းချုပ်ခွင့် မပေးနှင့်။ ငါ၏ရှေ့မှောက်သို့ သင်၏စိတ်နှလုံးထားရှိရာတွင် သင်၏ရှိသမျှလုံ့လစိုက်လော့၊ ပြီးလျှင် ငါသည် သင့်ကို နှစ်သိမ့်ကာ သင့်ထံ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း ယူဆောင်လာပေးမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်မကို ယုံကြည်မှုနှင့်ခွန်အားတို့ ပေးခဲ့သည်၊ ပြီးလျှင် ကျွန်မ နောက်ထပ် ကြောက်လန့်ပြီး၊ စိုးရိမ်သည်ဟု မခံစားရတော့ပါ။ ကျွန်မက တွေးမိသည်။ “သူတို့ ငါ့ကို ဘယ်လောက်ပဲ နှောင့်ယှက်ပါစေ၊ ငါက စာတန့် ထောင်ချောက်ထဲကို ထပ်ကျမှာ မဟုတ်တော့သလို၊ သူတို့လှည့်စားတာလဲ ခံတော့မှာ မဟုတ်ဘူး။ ကျွန်မက ဘုရားသခင်ရဲ့ ဖန်ဆင်းခံရတယ်။ ဘုရားသခင်ကို ယုံကြည်တာနဲ့ ဘုရားသခင် နောက်ကို လိုက်တာက ကောင်းကင်နဲ့ မြေကြီးနှစ်ခုလုံးမှာ မပြောင်းလဲ နိုင်တဲ့ ဥပဒေသတွေ ဖြစ်ပြီး၊ ဘယ်သူကမှ ဝင်နှောင့်ယှက်ခွင့်မရှိဘူး၊ ငါ့နဲ့ အရင်းနှီးဆုံးလူတွေတောင် ဝင်နှောင့်ယှက်ခွင့်မရှိဘူး။” ထို့ကြောင့် ကျွန်မက အောက်ထပ်သို့ ဆင်းသွားနိုင်ပြီး၊ ကျွန်မ အဖေနှင့် သူ့ လုပ်ဖော်ကိုင်ဖက်များကို တည်ငြိမ်သောဟန်ပန်ဖြင့် ကြိုဆို နှုတ်ဆက် နိုင်ခဲ့သည်။ သူတို့ထဲမှ အမျိုးသမီး လုပ်ဖော်ကိုင်ဖက် တစ်ယောက်က “ဖန်းဖန်း၊ နင်က အရမ်းထက်မြက်တဲ့သူတစ်ယောက်ပါ၊ ဒါ့ကြောင့် အစ်မတို့ ဘယ်လိုခံစားရလဲဆိုတာ နင်ဘယ်လိုဖြစ်ပြီး နားမလည်နိုင် ရတာလဲ။ ငါတို့အားလုံးမှာ နင့်ရဲ့အကောင်းဆုံး အကျိုးစီးပွားအတွက်ပဲ စိတ်ထဲမှာ ရှိကြတယ်။ သိပ် ခေါင်းမမာပါနဲ့ကွယ်။ သခင့်ရှေ့ကို လာပြီးတော့၊ ဝန်ချတောင်းပန်လိုက်၊ ဟုတ်ပြီလား။” ဟု ပြောရင်း၊ သူမ၏ မျက်နှာပေါ်တွင် “ကြင်နာသော စိုးရိမ်ကြောင့်ကြမှု” အကြည့် တစ်ခု ရှိလေသည်။ ကျွန်မက “အစ်မ၊ အစ်မတို့တစ်ယောက်မှ အရှေ့အရပ်ကလျှပ်ပြက်ခြင်းရဲ့ ဒေသနာတွေကို နားမထောင်ဖူးဘူး၊ အစ်မတို့တစ်ယောက်မှ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို မဖတ်ဖူးဘူး။ အစ်မတို့အားလုံး အဲဒါကို ကောင်းကောင်းမွန်မွန် စုံစမ်းစစ်ဆေးဖို့ နဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကြောင်းကျိုးမမြင်တော့ဘဲ ပြစ်တင်ရှုတ်ချပြီး အာခံတာ မလုပ်ဖို့ တိုက်တွန်းပါတယ်။ အစ်မတို့က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရုံပဲ၊ အဲဒီနောက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှု ဟုတ်မဟုတ်ကို အစ်မတို့ သိလိမ့်မယ်။” ဟု တည်ငြိမ်စွာ ပြန်ဖြေခဲ့သည်။ သူမက “ပါဝင်တဲ့ အကြောင်းအရာတွေက လူတွေကို စိတ်ဝင်စားစေဖို့ တကယ့်ကို တန်ခိုးအရမ်းရှိတာကြောင့် အစ်မတို့က အဲဒီစာအုပ်ကို မဖတ်ရဲဘူး။ အဲဒီထဲမှာ နစ်မြုပ်သွားဖို့ အရမ်းလွယ်ကူတယ်။” ဟု ပြန်ပြော လေသည်။ ကျွန်မက “အဲဒါဟာ ဘာဖြစ်လို့လဲဆိုတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ဖော်ပြချက်တွေဟာ သမ္မာတရားချည်း သက်သက် ဖြစ်ပြီးတော့၊ သူ့နှုတ်ကပတ်တော်တွေက လူတွေကို ထိန်းချုပ်ဖို့ တန်ခိုးပါရှိတဲ့ ဘုရားသခင်အသံတော် ဖြစ်တာကြောင့် အတိအကျ ပဲလေ။ လူတွေက ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုတဲ့အချိန်မှာ ဆွဲဆောင်ခံရတဲ့ အကြောင်းအရင်က အဲဒီလူတွေဟာ နှုတ်ကပတ်တော် တွေကို ဖတ်ရှုခြင်းကနေ သမ္မာတရားတွေကို နားလည်နိုင်ပြီး၊ အသက်တာ အထောက်အပံ့ ရရှိနိုင်လို့ပေါ့။ ဘယ်သူက အသက်စမ်း ရေတွင်းရဲ့ အသက်ရှင်နေတဲ့ အသက်ရေကို ရှာတွေ့ပြီးတော့ ဘယ်သူက ထားခဲ့မှာလဲ။” ဟု ပြောလိုက်သည်။ သူတို့က ထိုစကားကို မည်သည့်အရာမျှ ပြန်မပြောခဲ့ဘဲ၊ အနန္တတန်ခိုးရှင် ဘုရားသခင် ကို ပြစ်မှားစော်ကားသည့် အရာများစွာကိုသာ ပြောခဲ့ပြီး၊ ကျွန်မ နောင်တမရပါက၊ ငရဲတွင် စီရင်ခံရမည်ဟု ပြောလျက် ကျွန်မကို ခြောက်လှန့်ဖို့ ကြိုးစားကြသည်။ စိတ်ပိုင်းဖြတ်ထားသည့် လေသံဖြင့်၊ ကျွန်မက “အစ်မတို့က ‘အရှေ့အရပ်က လျှပ်ပြက်ခြင်းကို ပူးပေါင်းတဲ့ လူတွေဟာ ဘယ်တော့မှ မထွက်ခွာနိုင်ဘဲ၊ သူတို့ရုန်းထွက် လွတ်မြောက်ခဲ့ရင်၊ သူတို့ရဲ့ နှာခေါင်းတွေဖြတ်တာ၊ ပြီးတော့ သူတို့မျက်လုံးတွေကို ဖောက်ထုတ်တာ တို့ကို ခံရတယ်။’ လို့ပြောရင်း အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အသရေဖျက်ကြတယ်။ အဲဒီအခိုင်အမာပြောဆိုချက်အတွက် စစ်မှန်တဲ့ သက်သေ အထောက် အထား တစ်စက်မှ မရှိဘူး။ အဲဒါအားလုံးက ကောလာဟလတွေနဲ့ မလိုမုန်းထား အသေရေဖျက်မှုပဲ။ သူတို့နှာခေါင်းတွေဖြတ်ခံရတဲ့သူ ဒါမှမဟုတ် သူတို့ မျက်လုံးတွေ ဖောက်ထုတ်ခံရတဲ့ သူတစ်ယောက် အစ်မတို့ ကျွန်မကို ရှာပေးစမ်းပါ။ အစ်မတို့ အဖြစ်မှန် သက်သေ အထောက်အထား မပြနိုင်ရင်၊ အစ်မတို့က လူတွေကို လှည့်စားဖို့ သက်သက် ကြိုးပမ်းနေတဲ့ လူလိမ်တစ်သုတ်ပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ဧဝံဂေလိက တရုတ်ပြည် တစ်ခုလုံး နေရာအနှံ့အပြားမှာ ပျံ့နှံ့ပြီးနေပြီ၊ ပြီးတော့ လူတိုင်းက အခု အဲဒီအကြောင်းကို ကြားဖူးပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှာ အခု အနည်းဆုံး ခရစ်ယာန် သန်းအနည်းငယ် ရှိတယ်။ မှန်တာပေါ့၊ ဧဝံဂေလိကို ဟောကြားတဲ့အချိန်မှာ သမ္မာတရားကို မုန်းတီးပြီး၊ သမ္မာတရားကို လက်မခံတဲ့ လူတစ်ချို့ အမြဲတမ်း ရှိပါတယ်။ ဒါပေမဲ့ နှာခေါင်း အဖြတ်ခံရတဲ့လူတွေ ဒါမှမဟုတ် မျက်လုံး ဖောက်ထုတ်ခံရတဲ့လူ တစ်ယောက်တစ်လေကို အစ်မတို့မြင်ဖူးလား။ တစ်ယောက်လောက် ရှိရင်တောင်၊ သတင်းဌာနက အဲဒါကို ချက်ချင်း သတင်းလွှင့်မှာပေါ့၊ ပြီးတော့ အဲဒါဟာ တစ်နိုင်လုံးဆိုင်ရာ အုတ်အော်သောင်းနင်းတစ်ခု ဖြစ်လာခဲ့လိမ့်မယ်။ ကျွန်မ ညီမနဲ့ ကျွန်မတို့က ကျွန်မတို့ ယုံကြည်မှုကို မစွန့်လွှတ်မချင်း အစ်မတို့ရဲ့ တမင်သက်သက် နှောင့်ယှက်တာကို ခံနေကြရတယ်။ ဒါပေမဲ့ ကျွန်မတို့က အဆင်ပြေတဲ့ပုံပေါက်ပါတယ်၊ ဟုတ်တယ်မဟုတ်လား။ အစ်မတို့က လူတွေကို လှည့်စားဖို့ အလိမ်အညာတွေ ပြောနေကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်မက ဘုရားသခင်ရဲ့ ခြေလှမ်းတွေနောက်ကို လိုက်ပြီး၊ စစ်မှန်တဲ့ လမ်းခရီးကို ရွေးချယ်နေတယ်။ ကျွန်မ ဘာတစ်ခုမှ အမှားမလုပ်ဘူး၊ ဒါ့ကြောင့် ကျွန်မမှာ နောင်တရစရာလည်း မရှိဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မရဲ့ ယုံကြည်မှုက ဘယ်တော့မှ ယိမ်းယိုင်မှာ မဟုတ်တာကြောင့် အစ်မတို့ မယုံချင်ဘူးဆိုရင်လည်း ရပါတယ်၊ ဒါပေမဲ့ အနည်းဆုံးအဆင့် ယုံကြည်ခြင်းကနေ ကျွန်မကို တားဆီးဖို့ မကြိုးစားပါနဲ့။ ကျွန်မရဲ့ အဆုံးသတ်ဖြစ်မဲ့အရာအတွက် တော့ ဘယ်လူသားတစ်ယောက်ကမှ ပြောခွင့်မရှိဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ လူအယောက်စီတိုင်းရဲ့ ကံကြမ္မာက ဘုရားသခင်ရဲ့ လက်ထဲမှာရှိလို့ပဲ။ ဘုရားအမှုတော်ကို အမီလိုက်ပြီး၊ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခြင်းတို့နဲ့သာ လူတွေက ကောင်းမွန်တဲ့ နောက်ဆုံးခရီးပန်းတိုင်တစ်ခု ရလိမ့်မယ်။ ဒါ့ကြောင့် ကျွန်မကို ထပ်ပြီး လာမနှောင့်ယှက်ကြပါနဲ့။” ဟု ပြောလိုက်သည်။ ကျွန်မပါးစပ်မှ ထိုစကားများထွက်လာပြီး မကြာမီမှာပင်၊ ကျွန်မ အဖေက ရုတ်ချည်း အမြန် ထလိုက်ပြီး၊ စိတ်ဆိုးမာန်ဆိုး လေသံ တစ်ခုဖြင့် ဤခြိမ်းခြောက်မှုကို ထုတ်ပြောခဲ့သည်။ “နင် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆက်ယုံကြည်နေရင်တော့၊ နင်ဟာ ငါ့သမီးမဟုတ်ဘူး။”

ကျွန်မတို့ ပေါင်းသင်းဆက်ဆံရေးကို အဆုံးသတ်ဖို့ ကျွန်မ အဖေ၏ ခြိမ်းခြောက်မှုကို ကြားရာတွင် ကျွန်မ အတော်အတန် စိတ်ညစ်ခဲ့ပြီး၊ “အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားတွေ က အသင်းတော်တွေကို ဝိညာဉ်တော် ပြောတဲ့ အရာတွေ အမှန် တကယ်ကို ဖြစ်တယ်။ ဒါ့ကြောင့် အဖေက အဲဒါတေွကို ဘာဖြစ်လို့ နားမထောင်ဘဲ၊ အဲဒီအစား အသင်းတော် ခေါင်းဆောင်တွေ ဖြန့်ဝေတဲ့ ကောလာဟလတွေနဲ့ အလိမ်အညာတွေကို နားထောင်ရတာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ကျွန်မကို မုန်းတီးတာကို အဖေကပါ သူတို့လို ဖြစ်ရတဲ့အပြင်၊ ကျွန်မတို့ ပေါင်းသင်းဆက်ဆံရေးကိုတောင် အဆုံးသတ်ဖို့ ဘယ်လိုလုပ်ပြီး ဆန္ဒရှိ တာလဲ။” ဟု တွေးမိပါသည်။ ထိုအကြောင်းကို ကျွန်မ ပိုတွေးလေ၊ ပို၍ ဝမ်းနည်းလေဖြစ်သော်လည်း၊ ဘုရား နှုတ်ကပတ်တော်များ၏ ကျမ်းပိုဒ် တစ်ခုကို ကျွန်မ ရုတ်တရက်တွေးမိသည်။ “ဘုရားသခင်သည် ဤကမ္ဘာကြီးကို ဖန်ဆင်းခဲ့ပြီး၊ အသက်ကို သူအပ်နှင်းပေးခဲ့သည့် သက်ရှိသတ္တဝါဖြစ်သော လူသားကို ထိုအထဲသို့ ခေါ်ဆောင်ခဲ့သည်။ ထို့နောက် လူသားသည် မိဘဆွေမျိုးများရှိလာပြီး တစ်ဦးတည်း မဟုတ်တော့ပေ။ လူသားသည် ဤရုပ်ဝတ္ထုကမ္ဘာကြီးကို စတင်တွေ့မြင်သည့်အချိန်မှစကာ သူသည် ဘုရားသခင်၏ စီမံမှု အတွင်းတွင်သာ တည်နေရန် စီရင်ခြင်းခံခဲ့ရသည်။ ဘုရားသခင်ထံမှ ဇီဝအသက်သည် သက်ရှိတစ်ဦးချင်းစီတိုင်းကို အရွယ်ရောက်သူအဖြစ် ကြီးထွားလာရန် တောက်လျှောက်ပံ့ပိုးပေးသည်။ ဤဖြစ်စဉ်အတွင်းတွင် လူသားသည် ဘုရားသခင်၏ စောင့်ရှောက်မှုအောက်၌ ကြီးထွားနေသည်ဟု မည်သူမျှ မခံစားရကြပေ၊ ယင်းအစား လူသားသည် သူ့မိဘ၏ ချစ်ခင်ကြင်နာသည့် စောင့်ရှောက်မှုအောက်တွင် ကြီးထွားလာပြီး၊ သူ၏ကြီးထွားမှုကို သူ့အသက်၏ပင်ကိုအသိစိတ်က လမ်းပြပေးသည်ဟု ၎င်းတို့ယုံကြည်ကြသည်။ အကြောင်းရင်းမှာ လူသားသည် သူ့အား အသက်ကို အပ်နှင်းပေးခဲ့သောသူကို မသိသောကြောင့်၊ သို့မဟုတ် ထိုအသက်သည် မည်သည့်အရပ်မှ လာသည်ကို မသိသောကြောင့် ဖြစ်သည်၊ အသက်၏ပင်ကိုအသိစိတ်က အံ့ဖွယ်တို့အား မည်ကဲ့သို့ ဖန်တီးပေးသည်ကို သာ၍ပင် မသိကြသောကြောင့်လည်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) ကျွန်မ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ကျွန်မ မိဘာများထံမှ လာသော်လည်း၊ ကျွန်မ အသက်၏ အရင်းအမြစ်မှာ ဘုရားသခင် ဖြစ်သည်ကို ဘုရားနှုတ်ကပတ်တော်များက ကျွန်မကို နားလည်စေခဲ့သည်။ “ဘုရားသခင်ရဲ့ အသက်ဆုကျေးဇူး မရှိဘဲ” ကျွန်မက “ငါ့ခန္ဓာကိုယ်ဟာ ပုပ်သိုးနေတဲ့ အသားတစ်တုံးသာ ဖြစ်မှာပဲ၊ ပြီးတော့ ဒီနေ့ ငါအသက်ရှင်ရတဲ့ အကြောင်းအရင်းက ဘုရားရဲ့ စောင့်ရှောက်မှုနဲ့ ကွယ်ကာမှုကြောင့်သက်သက် ဖြစ်တယ်၊ မဟုတ်ရင် တော့ ငါက စာတန်ရဲ့ ဝါးမြိုခံရတာ ကြာခဲ့လောက်ပြီ။ ဘုရားက ငါ့အသက်ရဲ့ အရင်းအမြစ်ဖြစ်တယ်၊ ငါ့မိဘတွေ မဟုတ်ဘူး၊ ပြီးတော့ ငါဟာ ဘာ ပေါင်းသင်းဆက်ဆံရေးမဆို ချိုးဖျက်နိုင်တယ်၊ ဘုရားသခင် နဲ့ ပေါင်းသင်းဆက်ဆံရေးက လွဲလို့ပေါ့။ ကျွန်မမိဘများသည် သခင့်ပြန်ကြွလာခြင်းကို ရှာဖွေဖို့ သို့မဟုတ် စုံစမ်းစစ်ဆေးဖို့ကို စိတ်မဝင်စားရုံမျှမက၊ ဘုရားအမှုတော်ကို အသရေဖျက်တာ၊ ပြစ်မှားစော်ကားတာနဲ့ ငါ့ကို ဘုရားကို အတင်းသစ္စာဖောက်ခိုင်းဖို့ ကြိုးစားတာတွေမှာလည်း အသင်းတော်ခေါင်းဆောင်တွေရဲ့ နောက်မှာ ရာနှုန်းပြည့် ရှိနေကြတယ်။ သူတို့ရဲ့ အနှစ်သာရက ဘုရားသခင်ကို အာခံအာခံပြီး၊ ဘုရားသခင်ကို ရန်လိုကြတယ်ဆိုတာကို ဒါက သက်သေပြပေမဲ့၊ ငါက သူတို့အားဖြင့် အစွန်းအထင်းဖြစ်လာတာ မခံနိုင်သလို၊ ဘုရားသခင်ကို အာမခံနိုင်ဘူး။ ငါက ဘုရားသခင်ဖက်က ရပ်တည်မှာဖြစ်ပြီး၊ ငါ့မိဘတွေ ငါ့ကို စွန့်လွှတ်ခဲ့ရင်တောင်၊ ငါက ဘုရားသခင်နောက်ကို တကယ့်အဆုံးအထိ လိုက်ဦးမှာပဲ၊ ပြီးတော့ ငါ ဘုရားသခင်အတွက် ခိုင်ခိုင်မာမာ ရပ်တည်ပြီး၊ သက်သေခံမယ်။” ဟု တွေးမိသည်။ ထို့ကြောင့် ကျွန်မက “အဖေ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနဲ့ ပတ်သက်ရင် ကျွန်မက ဘုရားသခင်ကို နာခံတယ်၊ လူတွေကို မနာခံဘူး၊ ပြီးတော့ ကျွန်မက စိတ်ခံစားချက်တွေ အားဖြင့်လည်း ယိမ်းယိုင်မှာ မဟုတ်ဘူး။ အဖြေပြောတဲ့ဟာက သမ္မာတရားနဲ့ ဘုရားအလိုတော်တို့နဲ့ ကိုက်ညီတယ်ဆိုရင်၊ ကျွန်မ အဖေ့စကားကို နားထောင်မှာပဲ။ ဒါပေမဲ့ ဘုရားသခင်ကို သစ္စာဖောက်ဖို့ ကျွန်မကို အဖေပြောလာရင်၊ ကျွန်မ အဖေပြောတဲ့အတိုင်း ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။” ဟု ကျွန်မ အဖေကို ပြောခဲ့သည်။ သူတို့က ကျွန်မ၏ စိတ်နေသဘောထား မည်မျှ အလျှော့မပေးသည်ကို မြင်သည့်အချိန်တွင်၊ သူ့ခေါင်းများကို ခါပြီး၊ မတ်တပ်ရပ်ကာ၊ စိတ်ဓာတ်ကျသည့်ပုံဖြင့် ထွက်ခွာသွားကြသည်။ ထိုအခိုက်အတန့်တွင်၊ ကျွန်မက အောင်မြင်မှုတစ်ခုကို အနိုင်ရသည်ဟု ခံစားရပြီး၊ ဘုရားသခင်ကို ကျွန်မ စိတ်နှလုံးထဲတွင် ချီးမွမ်းပြီး ကျေးဇူးမတင်ဘဲ မနေနိုင်ပါ။ “အို အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်ဟာအရမ်းကို အနန္တတန်ခိုးနဲ့ပြည့်စုံတော်မူပါတယ်။ ကျွန်မကို ယုံကြည်မှုနဲ့ ခွန်အားတို့ပေးတာ၊ စာတန်ကို ဒီနှံ့နှံ့စပ်စပ်နဲ့ အရှက်ခွဲတဲ့ အနိုင်ယူခြင်း ကို ဆောင်ကြဉ်းပေးတာ ကိုယ်တော့် နှုတ်ကပတ်တော်တွေ ဖြစ်ပါတယ်။”

ဘာသာရေးအသိုင်းအဝိုင်းမှ လူများက ကျွန်မကို ထပ်မနှောင့်ယှက်ကြတော့သော်လည်း၊ အသင်းတော်ခေါင်းဆောင်က ကျွန်မကိုနှောင့်ယှက်ဖို့ ကျွန်မ မိဘာများကို ဆက် လှုံ့ဆော်နေဆဲ ဖြစ်သည်။ ရက်အနည်းငယ်ကြာတိုင်း သူတို့က ကျွန်မစိတ်ကို ပြောင်းဖို့ ကျွန်မကို တိုက်တွန်းရန် အိမ်သို့ လာကြသည်၊ ပြီးလျှင် ဝန်ချ တောင်းပန်ဖို့ ခေါင်းဆောင်အိမ်သို့သွားရန် သူတို့ ကျွန်မကို အမြဲတမ်း မရမကပြောကြသည်။ တစ်နေ့တွင် ကျွန်မ မိဘများက ရောက်လာပြီး၊ ကျွန်မအဖေက ကျွန်မကို လှည့်စားဖို့ သမ္မာကျမ်းစာထဲမှ ထင်ရာမြင်ရာ ကျမ်းပိုဒ်များကို အသုံးပြုဖို ကြိုးစားနေစဉ် ကျွန်မ အမေက တစ်ဖက်မှာရပ်ပြီး၊ ကျွန်မကို ဝန်ချတောင်းပန်ဖို့ ခေါင်းဆောင်၏ အိမ်သို့သွားရန် မျက်ရည်စမ်းစမ်းဖြင့် အသနားခံခဲ့သည်။ ကျွန်မ အမေ အလွန်စိတ်ညစ်နေသည်ကို မြင်ရသည်မှာ ကျွန်မကို အမှန်တကယ် ဝမ်းနည်းစေခဲ့သည်။ သူမက သူမ၏ အမေကို အသက်သုံးနှစ် အရွယ်တွင် မည်သို့ဆုံးရှုံးရပြီးနောက်၊ သူမ မိထွေး၏ နှိပ်စက်မှုကို ခံရသည်ကို ကျွန်မ တွေးမိသည်။ သူမ ဘဝတွင် များစွာ ဒုက္ခခံခဲ့ရပြီး၊ နှစ်များစွာ အခြေအနေ ယခု ကောင်းမွန်လာသည်၊ ပြီးလျှင် ကျွန်မက သားသမီးတို့၏ဝတ္တရား အလွန်ကျေပွန်သည့် သမီးမဟုတ်ခဲ့ဘဲ၊ အထူးသဖြင့် ယခု ကျွန်မက သူမကို အတိုင်းအတာတစ်ခုအထိ စိတ်ပူစေလေသည်။ ထို့နောက် ကျွန်မ အဖေ၏ အိုစာသည့်မျက်နှာနှင့် ဆံပင်အဖြူများကို ကြည့်ပြီး၊ ၎င်းကက ကျွန်မကို ပို၍ပင် ဝမ်းနည်း စေပြီး၊ ကျွန်မ မကြာမီ မျက်ရည်ကျလာခဲ့သည်။ ကျွန်မက စတင် အားနည်းလာသည့်အခိုက်တွင် ဘုရားနှုတ်ကပတ်တော်များ၏ ကျမ်းပိုဒ်တစ်ခုကို ကျွန်မတွေးမိသည်။ “လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အဆင့်တိုင်း၏ နောက်ကွယ်မှာ ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) အပေါ်ယံတွင် ကျွန်မ မိဘများက ကျွန်မကို နှောင့်ယှက်နေသည့် ပုံစံရှိသော်လည်း၊ ဝိညာဉ်ရေးရာ နယ်ပယ်တွင် ၎င်းမှာ စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်ကို ဘုရား နှုတ်ကပတ်တော်များက ကျွန်မကို နားလည်သဘောပေါက် စေခဲ့သည်။ ယောဘက ဘုရားသခင်၏ စမ်းသပ်မှုများကို ကြုံတွေ့နေသည့် အချိန်တွင် စာတန်၏ အစေခံများထဲမှ တစ်ယောက်အဖြစ် ပါဝင်ခဲ့သည့် သူ၏ ဇနီးက သူ့ကို “သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ် ၍ သေလော့ဟုဆို၏။” (ယောဘဝတ္ထု ၂:၉) ပြောခဲ့သည့် အချိန်ကကဲ့သို့ပင် ဖြစ်ပါသည်။ သို့သော်လည်း ယောဘက သူ့ဇနီးကို ပညာမဲ့ပြီး ခေါင်းမာသည့် မိန်းမဟု ခေါ်လျက်၊ ဘုရားသခင်ကို ကြောက်ပြီး၊ မကောင်းမှုကို ရှောင်ကြဉ်သည်။ သူ့စကားများဖြင့် သူအပြစ်မကျူးလွန်ခဲ့ပါ။ သူက စာတန်၏ အရှေ့တွင် ဘုရားသခင်အတွက် သက်သေရပ်တည်ခဲ့ပြီး၊ ယေဟောဝါ ဘုရားသခင် ၏ မျက်လုံးများထဲတွင် သူက စုံလင်သည့် လူတစ်ယောက် ဖြစ်သည်။ ယခုအခါတွင် ကျွန်မက ခေါင်းဆောင်များက ပြောနေသည့် ဗြောင်ကျကျ အလိမ်အညာများအားလုံးကို ယုံကြည်ခဲ့သည့် ကျွန်မ မိဘများ၏ နှောင့်ယှက်ခံရပြီး၊ ဤသည်မှာ စာတန်၏ စုံစမ်း နှောင့်ယှက်ခြင်းများထဲမှ တစ်ခုလည်းဖြစ်ပါသည်။ ကျွန်မက ကျွန်မမိဘများနှင့် ပတ်သက်ပြီး အလွန် ဂရုစိုက်သည်ကို စာတန်က သိပြီး၊ ကျွန်မကို ထိခိုက်နစ်နာစေရန် အခွင့်အရေးကို အခွင့်ကောင်းယူ နေခြင်းဖြစ်သည်။ ကျွန်မက ဘုရားသခင်ကို ငြင်းပယ်စေရန် နှင့် သစ္စာဖောက်စေရန် ကျွန်မ မိဘာများအတွက် ကျွန်မ၏ စာနာမှုကို အသုံးပြုဖို့ စာတန်က အချည်းနှီး မျှော်လင့်နေသည်၊ ၎င်းက စာတန်သည် မည်မျှ အန္တရာယ်ပြုမည့်လက္ခဏာရှိပြီး၊ ကောက်ကျစ် သည်ကို ပြနေသည်။ သို့သော်လည်း ကျွန်မက စာတန်အား ၎င်း၏ အကြံအစည်များ ဖြစ်ထွန်းစေခြင်း၏ စိတ်ကျေနပ်မှုကို ပေးမည် မဟုတ်ပါ။ ကျွန်မ ဘုရားသခင်ကို စိတ်မပျက်စေဘဲ၊ ဝမ်းမနည်းစေပါ၊ ထို့ကြောင့် ဘုရားသခင်ဖက်တွင် ရပ်ဖို့ ကျွန်မ စိတ်ပိုင်းဖြတ် လိုက်သည်။ ထို့နောက်တွင် ကျွန်မ မိဘများ မည်သည့်အရာကို ပြောပါစေ၊ သူတို့ကျွန်မကို မည်မျှတိုက်တွန်းပါစေ၊ ကျွန်မ စိတ်နှလုံးက တစ်စက်မျှ မယိမ်းယိုင်ခဲ့ပါ။ ကျွန်မ လုံးလုံး မတုန်လှုပ်သည်ကို မြင်လျက်၊ ကျွန်မ မိဘများက အလွန် စိတ်ပျက်အားလျော့သည့် ပုံပေါက်လျက် ထွက်ခွာသွားကြသည်။

နောက်ပိုင်း ရက်တစ်ရက်တွင် အသင်းတော်ခေါင်းဆောင်က ကျွန်မ အဖေကို သူတို့အသင်းတော်၏ အသင်းသားများ အားလုံးရှေ့ တွင် မတ်တပ်ရပ်စေပြီး၊ ကျွန်မသည် အသင်းတော်မှ နှင်ထုတ်ခံရပြီး ဖြစ်ကြောင်း ကြေညာခဲ့သည်။ ခေါင်းဆောင်က ကျွန်မမိဘများ ကိုလည်း ကျွန်မနှင့် ဝေးဝေးနေစေခဲ့သည်။ အသင်းတော်ခေါင်းဆောင် နှင့် ကျွန်မမိဘများထံမှ နှောင့်ယှက်မှုများ၏ အကျိုးဆက်တစ်ခု အနေဖြင့်၊ ကျွန်မ ခင်ပွန်းက ကျွန်မကို အရူးအမူး စတင်နှိပ်ကွပ်လေ တော့သည်။ အသင်းတော်အတွက် ကျွန်မတာဝန်များကို ထမ်းဆောင် ရာမှ အိမ်ပြန်ရောက်တိုင်း၊ သူက ကျွန်မကို ရိုက်နှက်သည်ဖြစ်စေ၊ ဆဲရေးခြင်းများ အော်ဟစ်သည်ဖြစ်စေ ပြုခဲ့ပြီး၊ တစ်ခါတစ်ရံ ကျွန်မတို့ နေအိမ် ပြင်ပတွင်ပင် ကျွန်မကို သော့ခတ်ထားခဲ့သည်။ သူက ကျွန်မ၏ လျှပ်စစ်အားသုံး မော်တော်ဆိုင်ကယ်လေး သို့မဟုတ် ကျွန်မစက်ဘီးကို ဖျက်ဆီးပစ်ပြီး၊ တစ်ကြိမ်တွင် ကျွန်မကို ရဲစခန်းသို့ပင် ခေါ်သွားခဲ့သည်။ ရုပ်ပိုင်းဆိုင်ရာ ခြေကုန်လက်ပန်းကျပြီး၊ လုံးလုံး မျက်တွင်း ဟောက်ပက်ဖြစ်သည်အထိ သူ၏ ညှဉ်းဆဲမှုကို ကျွန်မ ခံခဲ့ရသည်၊ ပြီးလျှင် ကျေးရွာထဲမှ ကျွန်မ အိမ်နီးချင်းများက ကျွန်မကို စတင် လှောင်ပြောင်ပြီး အသရေဖျက်ကြသည်။ ဤအခြေအနေဖြင့် ရင်ဆိုင် ကာ၊ ကျွန်မ ဝိညာဉ်က အားနည်းပြီး၊ ဘုရားသခင်ကို ယုံကြည်ခြင်း သည် အလွန်ခက်ခဲသည်ဟု ကျွန်မ စတင်ခံစားခဲ့ရသည်။ မည်သို့ ရှေ့ဆက်ရမည်ကို ကျွန်မ မသိသောကြောင့်၊ မကြာခဏ ဘုရားသခင်၏ ရှေ့တော်မှောက်တွင် ဒူးထောက်ကာ၊ ကျွန်မကို ယုံကြည်မှုနှင့် ခွန်အားတို့ပေးဖို့ ဘုရားသခင်ကို အနူးအညွတ်တောင်းပန်လျက်၊ ဆုတောင်းပြီး၊ ငိုကြွေးခဲ့သည်။ ထို့နောက် အခါသမယတစ်ခုတွင် ကျွန်မက ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့သည်။ “‘အောင်မြင်သောသူများ’ အဖြစ် ဘုရားသခင် ရည်ညွှန်းသောသူများမှာ စာတန်၏ လွှမ်းမိုးမှုအောက်နှင့် စာတန်၏ ဝိုင်းထားခြင်းခံရချိန်၊ ဆိုလိုသည်မှာ အမှောင်အင်အားများ အလယ်တွင် မိမိတို့ကိုယ်ကိုယ် တွေ့ရချိန်တွင် သက်သေရပ်တည်နိုင်ကြဆဲ ဖြစ်ပြီး ဘုရားသခင်၌ မိမိတို့၏ယုံကြည်စိတ်ချမှုနှင့် ကိုးကွယ် ဆက်ကပ်မှုတို့ကို ထိန်းသိမ်းနိုင်ကြဆဲ ဖြစ်သောသူများ ဖြစ်သည်။ သင်သည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ ရှေ့မှောက်တွင် ဖြူစင်သော စိတ်နှလုံးကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပြီး ဘုရားသခင်အတွက် သင်၏ ရိုးသားစစ်မှန်သော ချစ်ခြင်းမေတ္တာကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပါက၊ သင်သည် ဘုရားသခင်၏ ရှေ့တွင် သက်သေရပ်တည်နေခြင်း ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က ‘အောင်မြင်သောသူ’ တစ်ဦး ဖြစ်ခြင်းအဖြစ် ရည်ညွှန်းသော အရာဖြစ်သည်။ သင့်ကို ဘုရားသခင် ကောင်းချီးပေးသည့်အချိန်တွင် သင်၏ လိုက်စားရှာဖွေမှုသည် ထူးကဲသာလွန်သော်လည်း၊ သင်သည် သူ၏ ကောင်းချီးမင်္ဂလာများမရှိဘဲ နောက်ဆုတ်လိုက်ပါက၊ ဤသည်မှာ သန့်ရှင်းစင်ကြယ်မှုဖြစ်သလော။ ဤလမ်း မှန်ကန်သည်ဟု သင်သေချာသည့်အတွက်၊ အဆုံးထိတိုင် သင် လိုက်လျှောက်ရမည်။ ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို သင် ထိန်းသိမ်းရမည်။ သင့်ကို စုံလင်စေဖို့ ဘုရားသခင် ကိုယ်တော်တိုင် ကမ္ဘာမြေပေါ်သို့ ကြွလာပြီးဖြစ်သည်ကို သင် မြင်ရပြီးဖြစ်သည့်အတွက်၊ သင်၏ စိတ်နှလုံးကို သူ့အား လုံးလုံးလျားလျား ပေးအပ်သင့်ပေသည်။ သူမည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ တကယ့်အဆုံးတွင် သင့်အတွက် မလိုလားအပ်သော ရလဒ်ကို သူဆုံးဖြတ်ပေးလျှင်ပင်၊ သင်သည် သူ့နောက်လိုက်နိုင်ဆဲဖြစ်ပါက၊ ဤသည်မှာ ဘုရားသခင်ရှေ့တွင် သင်၏ သန့်ရှင်းစင်ကြယ်မှုကို ထိန်းသိမ်းခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်) နောက်ဆုံးသောကာလ အတွင်း ဘုရားသခင်သည် လူတစ်အုပ်ကို အောင်မြင်သောသူများ ပြုလုပ်မည် ဖြစ်သည်ကို ဘုရားနှုတ်ကပတ်တော်များမှ ကျွန်မ နားလည်ခဲ့သည်။ လူများကို စုံစမ်းနှောင့်ယှက်ဖို့ ဘုရားသခင်က စာတန်ကို ခွင့်ပြုသည်၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ဖိနှိပ်ခြင်းဖြစ်စေ၊ ဘာသာရေးအသိုင်းအဝိုင်းမှ နှောင့်ယှက်ခြင်းဖြစ်စေ၊ ဆွေမျိုးများဖြင့် စွန့်ပစ်မှုဖြစ်စေ၊ သို့မဟုတ် သာမာန်လူထုမှ လက်ခံရရှိသည့် စော်ကားမှုများဖြစ်စေ၊ ကျွန်မတို့ ယုံကြည်သူများက ဤစမ်းသပ်မှုများကို လက်တွေ့ကျကျ ကြုံတွေ့ရမည်၊ အကြောင်းမှာ ဘုရားသခင်ကို မည်သည့်အခြေအနေတွင် မဆို နာခံနိုင်သော၊ သစ္စာရှိ သော၊ သက်သေခံသော ထိုယုံကြည်သူများသာလျှင် ဘုရားသခင်၏ ပြုလုပ်ခြင်းခံရသည့် အောင်မြင်သူများ ဖြစ်လာမည် ဖြစ်သောကြောင့် ပင်တည်း။ ဘုရားသခင်က ကျွန်မကို စုံလင်စေဖို့၊ သူ့ကို တကယ့် ယုံကြည်မှုရှိမရှိကြည့်ဖို့၊ ကျွန်မက ဘုရားသခင်ကို တကယ် ယုံကြည်သော သူတစ်ယောက်၊ တကယ်နာခံသူတစ်ယောက်၊ ပြီးလျှင် တကယ် သစ္စာရှိသူတစ်ယောက် ဟုတ်မဟုတ်ကို ကြည့်ဖို့ ဘုရားသခင် က ဤခက်ခဲသော အခြေအနေများကို စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ပြီးနောက်၊ ကျွန်မ ဘုရားသခင်၏ ရှေ့တော်မှောက်သို့ သွားရောက်ကာ၊ ဤသန္နိဌာန်ကို ကျိန်ဆိုခဲ့သည်။ မည်သည့် အခက်အခဲမဆို သို့မဟုတ် ဖိနှိပ်မှုမဆို ကျွန်မ ရင်ဆိုင်ရပါစေ၊ ဘုရားသခင်နောက်ကို သန္နိဌာန်ဖြင့် အမြဲတမ်း နောက်လိုက်မည်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ဘုရားသခင်၏ သတ္တဝါများထဲမှ တစ်ယောက် အနေဖြင့် ကျွန်မ၏ တာဝန်ကို အမြဲတမ်း ထမ်းဆောင်မည်၊ ပြီးလျှင် စာတန်၏ ရှေ့တွင် ဘုရားသခင်အတွက် အောင်မြင်သော သက်သေခံမည်။ ထို့နောက်တွင် ကျွန်မ ခင်ပွန်းက ကျွန်မကို အရူးအမူး ဒုက္ခပေးပြီး နှောင့်ယှက် သော်လည်း၊ ဘုရားသခင်ကို ကျွန်မ မကြာခဏ ဆုတောင်းပြီး၊ အားကိုးကာ၊ နေ့စဉ် ဘုရားနှုတ်ကပတ်တော်များဖြင့် မိမိကိုယ်ကို တန်ဆာဆင်ခဲ့သည်၊ ပြီးလျှင် ကျွန်မ၏ စိတ်နှလုံးထဲတွင် မည်သည့် ဆင်းရဲဒုက္ခကိုမျှ နောက်ထပ် မခံစားရတော့ပါ။ ဘုရားသခင်ကလည်း ကျွန်မအတွက် ထွက်ပေါက် ဖွင့်ပေးခဲ့သည်။ ကျွန်မခင်ပွန်းသည် ကျွန်မကို အလွန် သွေးရူးသွေးတန်း ညှဉ်းပန်းနှိပ်စက်ခြင်းအတွက် အကြိမ်အခါများစွာ ဘုရားသခင်၏ ပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ရသည်၊ ထို့နောက်တွင် သူက ကျွန်မကို မရိုက်ရဲတော့သလို၊ ကျွန်မ၏ စက်ဘီးကိုလည်း ထပ်မကလိရဲတော့ပါ။ ဤအတွေ့အကြုံများမှ တစ်ဆင့် ဘုရားသခင်၏ အနန္တတန်ခိုး၊ အချုပ်အခြာအာဏာ နှင့် သူ့၏ အံ့သြဖွယ် လုပ်ဆောင်ချက်များကို ကျွန်မ မြင်ခဲ့ရသည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးတို့ကို ကျော်လွန်နိုင်သည့် အမှောင် အင်အားစုတစ်ခုမျှ မရှိသည်ကို ကျွန်မ မြင်ခဲ့ရပြီး၊ ကျွန်မတို့က ဘုရားသခင်ကို ရိုးသားစွာ မှီခိုပြီး၊ ဘုရားနှုတ်ကပတ်တော်များကို မှီခိုခြင်းအားဖြင့် လာသည့် အရာအားလုံးကို ရင်ဆိုင်ပါက၊ ဘုရားသခင် သည် ကျွန်မတို့အတွက် ရှေ့ဆက်ဖို့ လမ်းတစ်ခုကို ဖွင့်ပေးပြီး၊ စာတန်၏ အမှောင်စွမ်းအားကို အောင်မြင်ကျော်လွှားဖို့ ကျွန်မတို့ကို ဦးဆောင်မည်ကို ကျွန်မ ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရသည်။ ဤညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခများအားလုံးတို့ကို တွေ့ကြုံ ခံစားပြီးနောက်၊ ကျွန်မ ခန္ဓာကိုယ်ကို အနည်းငယ် ဒုက္ခခံရသော်လည်း၊ ကျွန်မ များစွာ ရရှိသည်ဟု ခံစားရဆဲဖြစ်သည်။ ဘုရားသခင်ကို ကျွန်မ ယုံကြည်မှုသည် ခွန်အားတိုးသက်တိုးလာပြီး၊ ဤအရာများ အားလုံးသည် ကျွန်မအပေါ် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာပင် ဖြစ်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။

တစ်နှစ်ကြာပြီးနောက်၊ ကျွန်မညီမ၏ အလုပ်နေရာသို့ အစ်မကျန်း နှင့်အတူသွားပြီး၊ သူမအား ဘုရားသခင်၏ နောက်ဆုံးသောကာလမှ အမှုတော်အကြောင်း ထပ်သက်သေခံခဲ့သည်။ ကျွန်မ ညီမလေးက လက်ခံပြီး၊ သူမက ဘုရားနှုတ်ကပတ်တော်များ စာအုပ်ကို ယူသည်ကို ကျွန်မ တွေ့သည့်အချိန်တွင် လူတစ်ယောက်သည် ဘုရားသခင် အားဖြင့် ကယ်တင်ခံရဖို့ မည်မျှ ခက်ခဲလှသည်ကို နက်နဲသော အသိအမှတ်ပြုခြင်းတစ်ခု ရရှိလာခဲ့သည်။ လူသားကို ကယ်တင်ရန် ဘုရား၏ လိုအင်ဆန္ဒသည် အလွန်စစ်မှန်လေသည်။ ကျွန်မမျက်နှာမှ ကျေးဇူးတင်ရှိသော မျက်ရည်များ စီးကျလာသည်ကို ကျွန်မ မရပ်နိုင်ဘဲ၊ ကျွန်မ၏ စိတ်နှလုံးက ဘုရားသခင်အတွက် ကျေးဇူးတော် နှင့် ချီးမွမ်းခြင်းတို့ဖြင့် တဟုန်ထိုးမြင့်တက်နေသည်။ ၂၀၀၆ ခုနှစ်တွင် ကျွန်မနှင့် ကျွန်မ ညီမအငယ်ဆုံးတို့က ကျွန်မတို့၏ အခြားညီမကို နိုင်ငံတော်ဧဝံဂေလိ ဟောကြားဖို့ ပူးပေါင်းခဲ့သည်၊ ထို့နောက်တွင် ကျွန်မတို့က အနန္တတန်ခိုးရှင် ဘုရားသခင် ရှေ့တော်မှောက်သို့ ကျွန်မတို့၏ တခြားဆွေမျိုးတစ်ချို့ကိုပါ ဆောင်ကြဉ်းနိုင်ခဲ့သည်။ ဤအရာက ဘာသာရေးခေါင်းဆောင်များသည် မုသားများကို လုပ်ဇတ်ခင်းဖို့၊ စစ်မှန်သော ယုံကြည်ူများကို နှောင့်ယှက်ပြီး ဒုက္ခပေးဖို့ မည်မျှ ဗျာများနေပါစေ၊ ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော် ဧဝံဂေလိက ပျံ့နှံ့မှာဖြစ်ပြီး၊ ၎င်းကို မည်သူမျှ ရပ်တန့်နိုင်မည် မဟုတ်ပါ။ ဘုရားသိုးများက သူ့အသံတော်ကို ဧကန်မုချ ကြားမှာ ဖြစ်ပြီး၊ သူ့ပလ္လင်တော်ရှေ့မှောက်သို့ ပြန်ကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောသည်မှာ- “နိုင်ငံတော်သည် လူသားမျိုးနွယ် အလယ်တွင် တိုးချဲ့လျက်ရှိသည်၊ ယင်းသည် လူသားမျိုးနွယ်၏ အလယ်တွင် ဖွဲ့စည်းလျက် ရှိပြီး၊ လူသားမျိုးနွယ်၏ အလယ်တွင် မားမားမတ်မတ်ရပ်လျက် ရှိသည်။ ငါ၏ နိုင်ငံတော်ကို ဖျက်ဆီးနိုင်သည့် အင်အားစု မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၉))

အရှေ့သို့- ၃၁။ ဆူးချုံရိုင်းအလယ်တွင် ပေါက်ခဲ့သည့် မြက်ပင်လေးတစ်ခု

နောက်တစ်ခုသို့- ၃၃။ အခွင့်သာခြင်းနှင့် ကံအကြောင်းမလှခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

၂၆။ ကျွန်မ စိတ်နှလုံးတံခါးကိုဖွင့်ခြင်းနှင့်၊ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း

ရောင်ရွမ်၊ အမေရိက၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မတို့ တစ်မိသားစုလုံးက အမေရိကနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ကျွန်မ အဖိုးမျိုးဆက်...

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။