အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့

က။ နောက်ဆုံးသော ကာလ၏ လူ့ဇာတိခံ ဘုရားသခင်က လူသားအဖြစ် ပေါ်ထွန်းခြင်းနှင့် အမှုပြုခြင်း

1ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူပြီး အမှုတော်လုပ်ဆောင်ရန် လူသားအဖြစ်ပေါ်ထွန်းမည်ဟု သခင်ယေရှု ကိုယ်တော်တိုင်က ပရောဖက်ပြုခဲ့သည်။
2လူ့ဇာတိခံယူခြင်းဆိုသည်မှာ အဘယ်နည်း။ လူ့ဇာတိခံယူခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။
3လူ့ဇာတိခံဘုရားသခင်၏ အမှုတော်နှင့် ဝိညာဉ်တော်၏ အမှုတော်ကြားတွင် မည်သည့်ကွဲပြားမှုများရှိသနည်း။
4ဘုရားသခင်သည် နောက်ဆုံးသောကာလ သူ၏တရားစီရင်ခြင်း အမှုတော်ကိုလုပ်ဆောင်ရန် အဘယ်ကြောင့် လူသားကိုအသုံးမပြုသနည်း၊ ကိုယ်တော်သည် အဘယ်ကြောင့် လူ့ဇာတိခံယူပြီး ကိုယ်တော်တိုင် လုပ်ဆောင်ရပါသနည်း။
5ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တယ်ခြင်းကို ပို၍လိုအပ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။
6ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှစ်ရပ်သည် လူ့ဇာတိခံခြင်း၏ အရေးပါမှုကို စုံလင်စေသည်ဟု အဘယ်ကြောင့်ဆိုသနည်း။
7ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို မည်သို့နားလည်ရမည်နည်း။
8တရားစီရင်ခြင်းအမှုကိုလုပ်ဆောင်ရန် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် မရေရာသည့် ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏ ယုံကြည်ခြင်းနှင့် စာတန်၏အုပ်စိုးမှုအောက် မှောင်မိုက်သည့် ခေတ်ကို မည်သို့ အဆုံးသတ်သနည်း။

နောက်ဆက်တွဲ တရားဒေသနာနှင့် မိတ်သဟာယမှ ကောက်နုတ်ချက်များ

1မေးခွန်း ၁- နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ ဘုရားသခင်သည် လူသားအဖြစ် လူ့ဇာတိဖြစ်လာပြီဟု သင်တို့ သက်သေခံကြသည်၊ သို့သော် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲအများစုက သခင်ယေရှုသည် မိုးတိမ်များဖြှင့် ပြန်ကြွလာလိမ့်မည်ဟု ခံယူထားကြသည်။ ၎င်းတို့က ဤအရာကို “ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။” (ဗျာဒိတ် ၁:၇) ဟူသည့် သမ္မာကျမ်းချက်များပေါ် အဓိက အခြေပြုထားသည်။ ထို့အပြင်၊ ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက မိုးတိမ်များဖြင့် ကြွမလာသည့် မည်သည့် သခင်ယေရှုမဆို အယောင်ဆောင်ဖြစ်ပြီး ငြင်းပယ်ရမည်ဟုလည်း ကျွန်ုပ်တို့ကို သွန်သင်သည်။ ထို့ကြောင့်၊ ဤအမြင်က သမ္မာကျမ်းစာနှင့် ကိုက်သည် မကိုက်သည်ကို ကျွန်ုပ်တို့ မသေချာကြပါ၊ ဤသို့သော သိနားလည်မှုမျိုးသည် မှန်ပါသလား၊ မမှန်ပါသလား။
2မေးခွန်း ၂- သခင်ယေရှုက လူ့ဇာတိခံ ဘုရားသခင်ဖြစ်ခဲ့သည်ကို သခင့်ကို ယုံကြည်သူတို့က သိကြသော်လည်း၊ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သော သမ္မာတရားကို နားလည်သောလူများမှာ အလွန်နည်းပါးသည်။ သခင်ပြန်ကြွလာသည့် အချိန်တွင်၊ သခင်ယေရှု ပေါ်ထွန်းခဲ့သကဲ့သို့ လူသား ဖြစ်လာပြီး အမှုပြုရင်း သူ ပေါ်ထွန်းလျှင်၊ သခင်ယေရှုကို လူတို့ သတိပြုမိရန်နှင့် သူ၏ ပြန်ကြွလာခြင်းကို ကြိုဆိုရန် လုံး၀ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် လူ့ဇာတိခံယူခြင်းဆိုသည်မှာ အမှန်တကယ် မည်သည့်အရာနည်း။ လူ့ဇာတိခံယူခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။
3မေးခွန်း ၃- ဘုရားသခင်သည် တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ လူသားဖြစ်လာရင်း နောက်ဆုံးသော ကာလတွင် အဘယ်ကြောင့် လူ့ဇာတိခံပြီး ဖြစ်ပါသနည်း။ သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သည့် သခင်ယေရှု၏ ဝိညာဉ်ခန္ဓာနှင့် လူ့ဇာတိခံ လူသားတို့ကြား တကယ့်ခြားနားချက်မှာ အဘယ်နည်း။ ဤသည်မှာ ကျွန်ုပ်တို့ နားမလည်သော ကိစ္စရပ်တစ်ခုဖြစ်သည်- ကျေဇူးပြုပြီး ဤအရာနှင့်ပတ်သက်၍ မိတ်သဟာယပြု ဝေမျှပေးပါ။
4မေးခွန်း ၄- ဘုရားသခင်သည် ပညတ်တော်ခေတ် အမှုတော်ကို လုပ်ဆောင်ရန် မောရှေကို အသုံးပြုခဲ့၏၊ သို့ဆိုလျှင် နောက်ဆုံးသော ကာလတွင် သူ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ ဘုရားသခင်သည် အဘယ်ကြောင့် လူတို့ကို အသုံးမပြုပါသနည်း။ ယင်းကို သူကိုယ်တိုင်လုပ်ဆောင်ဖို့ လူ့ဇာတိဖြစ်လာဖို့ရန် အမှန်တကယ်လိုအပ်ပါသလား။ လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသော လူတို့ကြား ပဓာနကျသော ကွာခြားချက်မှာ အဘယ်နည်း။
5မေးခွန်း ၅- ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်အားဖြင့် ကယ်တင်ခံရမည်ဟု အဘယ်ကြောင့် ပြောထားပါသနည်း။ ဤသည်မှာ လူအများစု နားမလည်သည့် အရာတစ်ခု ဖြစ်သည်- ကျေးဇူးပြုပြီး ဤအရာနှင့်ပတ်သက်၍ မိတ်သဟာယပြု ဝေမျှပေးပါ။
6မေးခွန်း ၆- ကျေးဇူးတော်ခေတ်တွင်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို အပြစ်မှ ရွေးနုတ်လျက် ၎င်းတို့အတွက် အပြစ်ဖြေရာယဇ်အဖြစ် အစေခံဖို့ လူ့ဇာတိဖြစ်လာခဲ့သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် လူသားကို လုံးလုံးလျားလျား သန့်စင်ပြီး ကယ်တင်ဖို့အလို့ငှာ သမ္မာတရားကို ဖော်ပြရန်နှင့် သူ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ရန် တစ်ဖန် လူ့ဇာတိဖြစ်လာပြီဖြစ်သည်။ သို့ဆိုလျှင် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုအား လုပ်ဆောင်ဖို့ ဘုရားသခင်သည် အဘယ်ကြောင့် နှစ်ကြိမ် လူ့ဇာတိခံဖို့ လိုအပ်ပါသနည်း။ ထို့အပြင် ဘုရားသခင် နှစ်ကြိမ် လူ့ဇာတိခံယူခြင်း၏ စစ်မှန်သည့် အဓိပ္ပါယ်မှာ အဘယ်နည်း။
7မေးခွန်း ၈- နောက်ဆုံးသော ကာလတွင် ဘုရားသခင် မိမိကိုယ်ကိုယ် လူ့ဇာတိခံယူခြင်းက စာတန်အုပ်စိုးသည့် ခေတ်ဟောင်းကို အဆုံးသတ်ရင်း၊ နိုင်ငံတော်ခေတ်ကို စတင်ပြီးဖြစ်သည်ဟု သင် သက်သေခံသည်။ ကျွန်ုပ်တို့ မေးလိုသည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်က မရေရာသည့် ဘုရားသခင်၌ လူသားမျိုးနွယ်၏ ယုံကြည်ခြင်း ခေတ်နှင့် စာတန်အုပ်စိုးသည့် အမှောင်ခေတ်ကို အဘယ်သို့ အဆုံးသတ်ခဲ့ပါသနည်း။ ကျေးဇူးပြုပြီး အသေးစိတ် မိတ်သဟာယပြုဝေမျှပေးပါ။

ခ။ လူသားမျိုးနွယ်အား ကယ်တင်ရန်အတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဥ်—လုပ်ဆောင်မှု၏ အဆင့်သုံးဆင့်

1ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်သောအမှုကို အဘယ်ကြောင့်ပြုသနည်း။
2ဘုရားသခင်၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့် အမှုတော် အဆင့်သုံးဆင့်၏ ရည်ရွယ်ချက်ကို နားလည်လော့
3ပညတ်တော်ခေတ်ရှိ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်
4ကျေးဇူးတော်ခေတ်ရှိ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်
5နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်းမှာ လူသားမျိုးနွယ်ကို ကယ်တင်ရန်အတွက် သူ၏ အရေးပါပြီး တိကျပြတ်သားသောအမှုဖြစ်သည်
6ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်မှ တစ်ခုချင်းစီအကြား ဆက်နွှယ်မှု။
7ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်သည် လူတို့ ကယ်တင်ခြင်းခံရရန်နှင့် စုံလင်စေခြင်းခံရရန်အတွက် မည်ကဲ့သို့ တဖြည်းဖြည်း နက်နဲလာသနည်း။
8ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်သာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအတွက် သူ၏ ပြီးပြည့်စုံသော အမှုတော်ဖြစ်သည်ကို သိရပါမည်။