၁။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်သောအမှုကို အဘယ်ကြောင့်ပြုသနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အစအဦး၌ ဘုရားသခင်သည် အနားယူလျက် ရှိခဲ့သည်။ ထိုအချိန်က ကမ္ဘာမြေကြီးပေါ်တွင် လူသားများ သို့မဟုတ် အခြားမည်သည့်အရာမျှ မရှိခဲ့သကဲ့သို့၊ ဘုရားသခင်သည် မည်သည့်အလုပ်ကိုမျှ မလုပ်ရသေးဘဲ ရှိခဲ့သည်။ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲခြင်း အမှုကို လူသားမျိုးနွယ် တည်ရှိသည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် လူသား ဖောက်ပြန်ပျက်စီး ပြီးနောက်တွင်သာ စတင်ခဲ့သည်။ ထိုအချိန်မှစ၍ သူသည် အနားမယူတော့ဘဲ ယင်းအစား လူသားများအကြားတွင် သူကိုယ်တိုင် စတင် အလုပ်များခဲ့သည်။ ဘုရားသခင်သည် သူ၏ ငြိမ်သက်ခြင်းချမ်းသာကို ဆုံးရှုံခဲ့သည်မှာ လူသား၏ ဖောက်ပြန်ပျက်စီးမှုကြောင့် ဖြစ်ပြီး၊ ကောင်းကင်တမန်မင်း၏ ပုန်ကန်မှုကြောင့်လည်း ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် စာတန်ကို နှိမ်နင်းပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို မကယ်တင်ပါက၊ သူသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ မည်သည့်အခါမျှ တစ်ဖန် ဝင်ရောက်နိုင်မည် မဟုတ်ပေ။ လူသားသည် ငြိမ်သက်ခြင်းချမ်းသာ ကင်းမဲ့သကဲ့သို့ ဘုရားသခင်သည်လည်း ကင်းမဲ့ပြီး၊ သူ နောက်တစ်ကြိမ် အနားယူသည့်အခါတွင် လူသားသည်လည်း အနားယူလိမ့်မည်ဖြစ်သည်။ ငြိမ်သက်ခြင်းချမ်းသာထဲတွင် အသက်ရှင်ခြင်းဆိုသည်မှာ စစ်ပွဲ မရှိ၊ ညစ်ညမ်းမှု မရှိသကဲ့သို့၊ မဆုတ်မနစ်သော မဖြောင့်မတ်မှုတို့ မရှိသည့် အသက်တာတစ်ခုကို ဆိုလိုပေသည်။ ယင်းမှာ စာတန်၏ နှောင့်ယှက်ခြင်းများ (ဤနေရာတွင် “စာတန်” ဆိုသည်မှာ ရန်လိုသော အင်အားစုများကို ရည်ညွှန်းသည်)၊ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း ကင်းမဲ့သကဲ့သို့ ဘုရားသခင်ကို ဆန့်ကျင်ရာတွင် ရှိသည့် အင်အားစု တစ်ခုတစ်လေ၏ ကျူးကျော်ခြင်း ခံရလေ့မရှိသည့် အသက်တာ တစ်ခု ဖြစ်သည်ဟု ဆိုရပေမည်။ ယင်းမှာ အရာအားလုံးက မိမိ၏အမျိုးအစားနောက် လိုက်ကြပြီး ဖန်ဆင်းခြင်း၏ သခင်ကို ကိုးကွယ်နိုင်ကြကာ၊ ကောင်းကင်နှင့် မြေကြီး လုံးဝ ငြိမ်သက်အေးချမ်းလျက် ရှိသည့် အသက်တာ တစ်ခု ဖြစ်သည်- ဤသည်မှာ “လူသားများ၏ အေးအေးလူလူ ရှိသော အသက်တာ” ဟူသည့် စကားများဖြင့် ဆိုလိုသည့်အရာ ဖြစ်သည်။ ဘုရားသခင် အနားယူသည့်အခါတွင်၊ မဖြောင့်မတ်မှုသည် ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက် တည်ရှိလိမ့်မည် မဟုတ်တော့ဘဲ၊ ရန်သူအင်အားစုတို့၏ နောက်ထပ် ကျူးကျော်မှု တစ်ခုတစ်လေမျှလည်း ရှိတော့မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်သည် နယ်ပယ်သစ်ထဲသို့ ဝင်ရောက်ကြလိမ့်မည်- စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်း ခံထားရသော လူသားမျိုးနွယ် ဖြစ်ကြတော့မည် မဟုတ်ဘဲ၊ ယင်းထက် စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်း ခံရပြီးနောက် ကယ်တင်ခံရပြီးဖြစ်သော လူသားမျိုးနွယ် ဖြစ်ကြလိမ့်မည်။ လူသားမျိုးနွယ်၏ အနားယူသောနေ့ရက်သည် ဘုရားသခင်၏ အနားယူသောနေ့ရက်လည်း ဖြစ်လိမ့်မည်။ ဘုရားသခင်သည် နဂိုမူလက အနားမယူနိုင်ခဲ့သောကြောင့် မဟုတ်ဘဲ၊ လူသား၏ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်နိုင်စွမ်း မရှိခြင်းကြောင့်၊ ဘုရားသခင်သည် သူ၏ ငြိမ်သက်ခြင်း ချမ်းသာကို ဆုံးရှုံးခဲ့ရပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

ဤအရာများသည် အမှန်တရားများ ဖြစ်သည်- ကမ္ဘာမြေကြီး မတည်ရှိမီတွင်၊ ကောင်းကင်တမန်မင်းသည် ကောင်းကင်ဘုံ၏ ကောင်းကင်တမန်များထဲမှ အကြီးမြတ်ဆုံး ဖြစ်ခဲ့သည်။ ၎င်းသည် ကောင်းကင်ဘုံရှိ ကောင်းကင်တမန် အားလုံးအပေါ် တရားစီရင်ပိုင်ခွင့် ရှိခဲ့သည်။ ဤအရာသည် ၎င်းကို ဘုရားသခင် ပေးခဲ့ပြီးဖြစ်သည့် ဩဇာအာဏာ ဖြစ်သည်။ ဘုရားသခင်မှလွဲ၍၊ ၎င်းသည် ကောင်းကင်ဘုံ၏ ကောင်းကင်တမန်များထဲမှ အကြီးမြတ်ဆုံး ဖြစ်သည်။ နောက်ပိုင်းတွင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ ပြီးသည့်နောက်၊ ကောင်းကင်တမန်မင်းသည် ကမ္ဘာပေါ်၌ ဘုရားသခင်ကို ဆန့်ကျင်လျက် သာ၍ပင် ကြီးမားသော သစ္စာဖောက်မှုကို ပြုခဲ့သည်။ ၎င်းသည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲလိုပြီး ဘုရားသခင်၏ ဩဇာအာဏာထက် သာလွန်လိုခဲ့သောကြောင့်၊ ၎င်းက ဘရားသခင်ကို သစ္စာဖောက်ခဲ့သည်ဟု ငါ ပြောခြင်း ဖြစ်သည်။ ဧဝကို အပြစ်သို့ သွေးဆောင်ခဲ့သည်မှာ ကောင်းကင်တမန်မင်း ဖြစ်ပြီး၊ ၎င်းသည် ၎င်း၏နိုင်ငံကို ကမ္ဘာမြေပေါ် တည်ထောင်လိုပြီး လူသားများအား ဘုရားသခင်ကို ကျောခိုင်းကာ၊ ယင်းအစား ကောင်းကင်တမန်မင်းကို နာခံစေလိုသောကြောင့် ၎င်းက ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ များစွာသော အရာတို့က သူ့ကို နာခံနိုင်သည်ကို ကောင်းကင်တမန်မင်းက တွေ့မြင်ခဲ့သည်- ကမ္ဘာမြေပေါ်ရှိ လူတို့က နာခံနိုင်သကဲ့သို့၊ ကောင်းကင်တမန်များက နာခံနိုင်ပေသည်။ ငှက်များနှင့် သားရဲများ၊ သစ်ပင်များ၊ တောအုပ်များ၊ တောင်များ၊ မြစ်များနှင့် ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းသည်- အာဒံနှင့် ဧဝတို့ဖြစ်သည့်- လူသား၏ စောင့်ရှောက်မှု အောက်တွင် ရှိသော်လည်း၊ အာဒံနှင့်ဧဝတို့က ကောင်းကင်တမန်မင်းကို နာခံခဲ့ကြသည်။ ထို့ကြောင့် ကောင်းကင်တမန်မင်းသည် ဘုရားသခင်၏ ဩဇာအာဏာကို သာလွန်ရန်နှင့် ဘုရားသခင်ကို သစ္စာဖောက်ရန် ဆန္ဒရှိခဲ့သည်။ ထို့နောက်တွင်၊ ၎င်းသည် ဘုရားသခင်ကို ပုန်ကန်ရာတွင် နောက်ပိုင်း၌ ဝိညာဉ်ဆိုး အမျိုးမျိုး ဖြစ်လာခဲ့ကြသည့် ကောင်းကင်တမန် အများအပြားကို ဦးဆောင်ခဲ့သည်။ ဤနေ့ထိ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကောင်းကင်တမန်မင်း၏ ဖောက်ပြန်ပျက်စီးမှုကြောင့် ဖြစ်သည် မဟုတ်လော။ ကောင်းကင် တမန်မင်းသည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီး လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခဲ့သောကြောင့်၊ လူသားများသည် ယနေ့ ၎င်းတို့ ဖြစ်သည့်အကျင့်စရိုက်အတိုင်းသာ ဖြစ်ကြပေသည်။...ကမ္ဘာမြေပေါ်ရှိ လူသားမျိုးနွယ်နှင့် အရာရာတိုင်းသည် ယခု စာတန်၏ အုပ်စိုးမှုအောက်တွင် ရှိပြီး၊ ဆိုးယုတ်သူ၏ အုပ်စိုးမှုအောက်တွင် တည်နေသည်။ လူများသည် သူ့ကို သိရှိနိုင်ကြဖို့အလို့ငှာနှင့် ထိုသို့ဖြင့် စာတန်ကို အနိုင်ယူပြီး သူ၏ ရန်သူများကို လုံးလုံးလျားလျား နှိမ်နင်းဖို့အလို့ငှာ၊ ဘုရားသခင်သည် အရာခပ်သိမ်းထံ သူ၏ ဆောင်ရွက်ချက်များကို ထုတ်ဖော်ပြချင်လေသည်။ ဤအမှု၏ အလုံးစုံကို သူ၏ ဆောင်ရွက်ချက်များကို ထုတ်ဖော်ပြခြင်း မှတစ်ဆင့် ပြီးမြောက်လေသည်။ သူ၏ဖန်ဆင်းခြင်းအားလုံးသည် စာတန်၏ အုပ်စိုးမှုအောက်တွင် ရှိသည်၊ ထို့ကြောင့် ဘုရားသခင်သည် သူ၏ အနန္တတန်ခိုးကို ၎င်းတို့ထံ ထုတ်ဖော်ပြရန် ဆန္ဒရှိပြီး ထိုသို့ဖြင့် စာတန်ကို အနိုင်ယူရန် ဆန္ဒရှိလေသည်။ စာတန်မရှိခဲ့လျှင် သူ၏ ပြုမူဆောင်ရွက်မှုများကို ဖွင့်ပြဖို့လိုမည် မဟုတ်ပေ။ စာတန်၏ နှောင့်ယှက်မှု မရှိခဲ့ပါက၊ သူသည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး ဧဒင်ဥယျာဉ်ထဲတွင် အသက်ရှင်ဖို့ ၎င်းတို့ကို ပို့ဆောင်ပြီး ဖြစ်ပေမည်။ စာတန်က သစ္စာဖောက်ခြင်း မတိုင်မီ၊ ဘုရားသခင်သည် သူ၏ လုပ်ဆောင်ချက်များကို ကောင်းကင်တမန်များထံ သို့မဟုတ် ကောင်းကင်တမန်မင်းထံ အဘယ်ကြောင့် ထုတ်ဖော် မပြခဲ့ပါသနည်း။ အစအဦး၌ ကောင်းကင်တမန်များအားလုံးနှင့် ကောင်းကင်တမန်မင်းသည် ဘုရားသခင်ကို သိခဲ့ပြီးဖြစ်ကာ သူ့ကို ကျိုးနွံနာခံခဲ့ပြီး ဖြစ်ပါက၊ ဘုရားသခင်သည် ဤအဓိပ္ပာယ်မဲ့သည့် အမှုနှင့်ဆိုင်သည့် လုပ်ရပ်များကို ဆောင်ရွက်ပြီး ဖြစ်မည် မဟုတ်ပေ။ စာတန်နှင့် မကောင်းဆိုးဝါးများ၏ တည်ရှိခြင်းကြောင့်၊ လူသားများသည်လည်း ဘုရားသခင်ကို ခုခံကြပြီးဖြစ်ကာ ပုန်ကန်လိုသည့် စိတ်သဘောထားများဖြင့် ပြည့်နိုင်သမျှ ပြည့်ကြလေသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ လုပ်ရပ်များကို ထုတ်ဖော်ပြရန် ဆန္ဒရှိလေသည်။ သူသည် စာတန်နှင့် စစ်ပွဲဆင်နွှဲလိုသောကြောင့်၊ စာတန်ကို အနိုင်ယူဖို့ သူသည် သူ၏ ကိုယ်ပိုင် ဩဇာအာဏာနှင့် သူ၏ လုပ်ရပ်များအားလုံးကို အသုံးပြုရပေမည်။ ဤနည်းဖြင့် လူသားများအလယ် သူဆောင်ရွက်သည့် ကယ်တင်ခြင်း အမှုသည် လူသားများကို သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးအား တွေ့မြင်ခွင့်ပေးလိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်

လူသားမျိုးနွယ်တစ်ရပ်လုံးအထက်က ကောင်းကင်သည် ရှင်းလင်းပြတ်သားမှု အသွင် စိုးစဉ်းမျှမရှိဘဲ၊ နောက်ကျိကာ မှောင်မည်းပြီး၊ လူ့လောကထဲ အသက်ရှင်သောသူတစ်ဦးသည် မိမိမျက်နှာရှေ့ ဆန့်တန်းထားသော မိမိ၏လက်ကိုပင် မမြင်နိုင်ရန် သို့မဟုတ် သူ၏ ခေါင်းကို မော့သည့်အခါ နေကို မမြင်နိုင်ဖို့အလို့ငှာ၊ လူ့လောကသည် ပိန်းပိတ်အောင် မည်းမှောင်သည့် အမှောင်ထုထဲသို့ ထိုးဆင်းလေသည်။ ဗွက်ထူကာ ချိုင့်များထူပြောသည့် သူ၏ခြေအောက်က လမ်းသည် အကွေ့အကောက်ဖြင့် လှည့်ပတ်ကွေ့ကောက် သွားလေသည်။ မြေတစ်ပြင်လုံး အလောင်းကောင်များ ပြန့်ကျဲနေသည်။ မှောင်မည်းနေသော ထောင့်နေရာများသည် လူသေအလောင်းများဖြင့် ပြည့်နေပြီး၊ အေးစက်ပြီး မှောင်ရိပ်ကျနေသည့် ထောင့်နေရာများတွင် မကောင်းဆိုးဝါးတစ်သိုက် နေထိုင်ကြပြီး ဖြစ်သည်။ လူသားကမ္ဘာ၏ နေရာအနှံ့တွင် မကောင်းဆိုးဝါးများသည် အုံလိုက်ကျင်းလိုက် သွားလာနေကြသည်။ အညစ်အကြေးဖြင့် ဖုံးလွှမ်းလျက် သားရဲမျိုးစုံ၏ သားသမီးများသည် ပြင်းထန်သော အနီးကပ် တိုက်ပွဲ၌ ပိတ်မိနေကြသည်၊ ထိုတိုက်ပွဲ၏အသံသည် စိတ်နှလုံးကို တုန်လှုပ်ခြောက်ခြားသွားစေ၏။ ထိုသို့သော အချိန်ကာလများတွင်၊ ထိုသို့သောလောကတစ်ခု၊ ထိုသို့သော “လောက ပရဒိသုဘုံ” တစ်ခုတွင်၊ ဘဝ၏ ကြီးစွာသော ဝမ်းမြောက်ခြင်းကို အဘယ်မှာ သွားရှာရမည်နည်း။ မိမိဘဝ၏ ခရီးပန်းတိုင်ကို ရှာတွေ့ရန် အဘယ်သို့ သွားနိုင်မည်နည်း။ စာတန်၏ ခြေအောက်၌ အချိန်ကြာမြင့်စွာက နင်းခြေခြင်းခံခဲ့ရသော လူသားမျိုးနွယ်သည် အစကတည်းက စာတန်၏ သဏ္ဌာန်ကို ဆောင်ထားသော သရုပ်ဆောင် ဖြစ်သည်- ထို့ထက်ပို၍ လူသားမျိုးနွယ်သည် စာတန်၏ ပြယုဂ်ဖြစ်ပြီး၊ စာတန်ကို သိသာထင်ရှားစွာ သက်သေခံသည့် သက်သေအထောက်အထားအဖြစ် အစေခံပေသည်။ ထိုသို့သော လူသားမျိုးနွယ်၊ ထိုသို့သော အကျင့်ပျက် လူဖျင်းတစ်သိုက်၊ ဤဖောက်ပြန်ပျက်စီးသည့် လူမိသားစု၏ ထိုသို့သော သားသမီးများသည် ဘုရားသခင်အဖို့ အဘယ်သို့ သက်သေခံနိုင်မည်နည်း။ ငါ၏ဘုန်းအသရေသည် အဘယ်ကလာသနည်း။ ငါ၏သက်သေကို မည်သည့်နေရာမှ စ၍ပြောဆိုနိုင်မည်နည်း။ အကြောင်းမှာ လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေလျက် ငါ့ကိုဆန့်ကျင်သည့် ရန်သူသည် လူသားမျိုးနွယ်ကို- ကာလကြာမြင့်စွာက ငါဖန်ဆင်းခဲ့ပြီး ငါ၏ဘုန်းအသရေနှင့် ငါ၏အသက်ရှင်နေထိုင်ခြင်းတို့နှင့် ပြည့်နေခဲ့သည့် လူသားမျိုးနွယ်ကို- ယူဆောင်သွားနှင့်ပြီးဖြစ်ကာ ညစ်ပေစေပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းသည် ငါ၏ဘုန်းအသရေကို လုယူသွားပြီးဖြစ်ကာ ၎င်းက လူသားကို ပြည့်ဝစေပြီးဖြစ်သည့်အရာ အားလုံးမှာ စာတန်၏ အကျည်းတန်မှုဖြင့် အလွန်အကျွံ ဖွဲ့နှောင်ထားသည့် အဆိပ်နှင့် ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီးမှ အရည်တို့ ဖြစ်သည်။ အစအဦး၌၊ ငါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့၏။ ဆိုလိုသည်မှာ လူသားမျိုးနွယ်၏ ဘိုးဘေးဖြစ်သော အာဒံကို ငါဖန်ဆင်းခဲ့သည်။ သူသည် အားမာန်ဖြင့် ပြည့်လျှမ်းသည့်၊ အသက်ပါမှုတို့ဖြင့် ပြည့်လျှမ်းသည့် သဏ္ဌာန်နှင့် ပုံရိပ်ကို အပ်နှင်းခံခဲ့ရပြီး၊ ထို့အပြင် ငါ၏ဘုန်းအသရေက အတူပါရှိခဲ့သည်။ ယင်းမှာ လူသားကို ငါဖန်ဆင်းခဲ့သည့် မွန်မြတ်သောနေ့ရက် ဖြစ်ခဲ့သည်။ ထို့နောက်တွင်၊ အာဒံ၏ ခန္ဓာကိုယ်မှ ဧဝကို ဖြစ်စေခဲ့ပြီး၊ သူမသည်လည်း လူသား၏ ဘိုးဘေးဖြစ်ခဲ့ကာ၊ ထို့ကြောင့် ငါ ဖန်ဆင်းခဲ့သော လူတို့သည် ငါ၏အသက်ဇီဝနှင့် ငါ၏ဘုန်းအသရေတို့ဖြင့် ပြည့်လျှမ်းခဲ့သည်။ အာဒံသည် မူလအားဖြင့် ငါ့လက်မှ ဖြစ်ပွားစေခဲ့သူ ဖြစ်ပြီး ငါ့ပုံသဏ္ဌာန်၏ ကိုယ်စားပြုခြင်း ဖြစ်သည်။ ထို့ကြောင့် “အာဒံ” ၏ မူရင်းအဓိပ္ပာယ်သည် သဏ္ဌာန်နှင့် ပုံရိပ်တို့ရှိလျက်၊ စိတ်ဝိညာဉ်နှင့် ဇီဝအသက်တို့ ရှိလျက်၊ ငါ၏အလွန်အရေးပါသော အားအင်၊ ငါ၏ ဘုန်းအသရေဖြင့် ပြည့်ဝခဲ့သည့် ငါဖန်ဆင်းသော သတ္တဝါတစ်ဦး ဖြစ်ခဲ့သည်။ အာဒံသည် ဝိညာဉ်ရှိသည့်၊ ငါ့ကို ကိုယ်စားပြုနိုင်စွမ်း ရှိသူ၊ ငါ့ပုံသဏ္ဌာန်ကို ဆောင်နိုင်စွမ်းရှိကာ ငါ၏ဇီဝအသက်ကို လက်ခံရရှိနိုင်စွမ်းရှိသည့် တစ်ဦးတည်းသော ဖန်ဆင်းခံသတ္တဝါ ဖြစ်သည်။ အစအဦး၌ ဧဝသည် ငါ စီမံခဲ့သည့် ဇီဝအသက် နှင်းအပ်ခံရသော ဖန်ဆင်းခြင်းဖြင့် ဒုတိယမြောက် လူသားဖြစ်ပြီး ထို့ကြောင့် “ဧဝ”၏ မူလအဓိပ္ပာယ်မှာ ငါ၏ အသက်ပါမှုဖြင့် ပြည့်သည့်အပြင် ငါ၏ဘုန်းအသရေ နှင်းအပ်ခံရလျက်၊ ငါ၏ ဘုန်းအသရေကို ဆက်လက်ဖြစ်စေမည့် ဖန်ဆင်းခံသတ္တဝါတစ်ဦးဟု ဆိုလိုသည်။ ဧဝသည် အာဒံထံမှ ဖြစ်လာခဲ့သည်၊ ထို့ကြောင့် သူသည် ငါ၏ သဏ္ဌာန်ဖြင့် ဖန်ဆင်းခံရသည့် ဒုတိယမြောက်လူသား ဖြစ်သည့်အတွက်၊ သူသည်လည်း ငါ၏ပုံသဏ္ဌာန်ကို ဆောင်ခဲ့ပေသည်။ “ဧဝ”၏ မူလအဓိပ္ပာယ်မှာ ဝိညာဉ်၊ အသွေးအသားနှင့် အရိုးရှိသည့် သက်ရှိလူသား ဖြစ်သည်၊ လူသားမျိုးနွယ်အလယ် ငါ၏ဒုတိယမြောက် သက်သေအပြင် ငါ၏ဒုတိယမြောက် ပုံသဏ္ဌာန် ဖြစ်သည်။ ၎င်းတို့သည် လူသားမျိုးနွယ်၏ ဘိုးဘေးများ၊ လူသား၏ စစ်မှန်ပြီး အဖိုးတန်သော ရတနာဖြစ်ပြီး၊ အစပထမကတည်းက ဝိညာဉ် အပ်နှင်းခံခဲ့ရသည့် သက်ရှိသတ္တဝါများ ဖြစ်သည်။ သို့သော်လည်း၊ ဆိုးယုတ်သူသည် လူ့လောကကို ပကတိ အမှောင်ထဲသို့ ကျဆင်းသွားစေလျက်၊ လူသားမျိုးနွယ် ဘိုးဘေးများ၏ သားသမီးများကို နင်းခြေကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး၊ သားသမီးများက ငါ၏တည်ရှိခြင်းကို မယုံကြတော့စေရန်အလို့ငှာ ထိုသို့ပြုခဲ့သည်။ ထို့ထက်ပို၍ပင် စက်ဆုပ်ဖွယ်ကောင်းသည်မှာ ဆိုးယုတ်သူသည် လူများကို ဖောက်ပြန်ပျက်စီးစေပြီး ၎င်းတို့အနှံ့ နင်းခြေသည်နှင့်အမျှ၊ ၎င်းသည် လူတို့အပေါ် ငါအပ်နှင်းထားခဲ့သော ငါ့ဘုန်းအရေ၊ ငါ့သက်သေနှင့် အသက်ပါမှု၊ ၎င်းတို့အထဲသို့ ငါမှုတ်သွင်းခဲ့သော ထွက်သက်ဝင်သက်နှင့် အသက်၊ လူ့လောကထဲရှိ ငါ၏ ဘုန်းအသရေအားလုံးနှင့် လူသားမျိုးနွယ်အပေါ် ငါအသုံးပြုခဲ့သော နှလုံးသွေးအားလုံးကို ရက်ရက်စက်စက် မရမကဆွဲလု ယူနေပေသည်။ လူသားမျိုးနွယ်သည် အလင်းထဲ၌ မရှိကြတော့ပေ၊ လူတို့သည် ၎င်းတို့အပေါ် ငါ အပ်နှင်းခဲ့သော အရာအားလုံးကို ဆုံးရှုံးကြပြီးဖြစ်သကဲ့သို့၊ ငါ ပေးခဲ့သော ဘုန်းအသရေကို စွန့်ပစ်ကြပြီး ဖြစ်သည်။ ငါသည် ဖန်ဆင်းခံ သတ္တဝါအားလုံး၏ သခင်ဖြစ်သည်ကို ၎င်းတို့ အဘယ်သို့ အသိအမှတ် ပြုနိုင်မည်နည်း။ ၎င်းတို့သည် ကောင်းကင်ဘုံက ငါ၏ တည်ရှိခြင်းကို အဘယ်သို့ ဆက်လက်ယုံကြည်နိုင်ကြမည်နည်း။ ကမ္ဘာမြေပေါ်က ငါ၏ ဘုန်းအသရေ သရုပ်သကန်များကို ၎င်းတို့ မည်သို့ ရှာဖွေတွေ့ရှိနိုင်မည်နည်း။ ဤမြေးယောက်ျားများနှင့် မြေးမိန်းကလေးများသည်‌ ၎င်းတို့၏ ဘိုးဘေးဘီဘင်များက ရိုသေလေးမြတ်ခဲ့သော ဘုရားသခင်ကို မိမိတို့ကို ဖန်ဆင်းခဲ့သော သခင်အဖြစ် မည်သို့ မှတ်ယူနိုင်ကြမည်နည်း။ ဤသနားစဖွယ် မြေးယောက်ျားများနှင့် မြေးမိန်းကလေးများသည် အာဒံနှင့် ဧဝအပေါ် ငါအပ်နှင်းခဲ့သော ဘုန်းအသရေ၊ ပုံသဏ္ဌာန်နှင့် သက်သေတို့အပြင်၊ လူသားမျိုးနွယ်အပေါ် ငါ အပ်နှင်းခဲ့ပြီး ၎င်းတို့ တည်ရှိဖို့ မှီခိုခဲ့ကြသည့် အသက်ကို ဆိုးယုတ်သူထံ ရက်ရောစွာ “ပေးအပ်ကြပြီးဖြစ်သည်”၊‌ ပြီးလျှင် ၎င်းတို့သည် ဆိုးယုတ်သူ တည်ရှိခြင်းကို အလွန်အမင်း သတိမပြုမိသကဲ့သို့၊ ငါ၏ဘုန်းအသရေအားလုံးကို ၎င်းထံ ပေးကြလေသည်။ ဤသည်မှာ “လူဖျင်းလူသွမ်း” ဟူသော ဂုဏ်ပုဒ်၏ တကယ့် အရင်းအမြစ် ဖြစ်သည်မဟုတ်လော။ ထိုသို့သော လူသားမျိုးနွယ်၊ ထိုသို့သော ဆိုးယုတ်သည့် မကောင်းဆိုးဝါးများ၊ ထိုသို့သော လမ်းလျှောက်နေသည့် အလောင်းကောင်များ၊ ထိုသို့သော စာတန်၏ သဏ္ဌာန်များနှင့် ထိုသို့သော ငါ၏ရန်သူများသည် ငါ၏ဘုန်းအသရေကို မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း။ ငါ၏ဘုန်းအသရေကို ငါပြန်သိမ်းမည်၊ လူသားများအလယ် တည်ရှိသည့် ငါ၏ သက်သေနှင့်၊ တစ်ချိန်က ငါနှင့်သက်ဆိုင်ခဲ့ပြီး လူသားမျိုးနွယ်ကို အချိန်ကြာမြင့်စွာက ငါပေးခဲ့သော အရာအားလုံးကို ငါပြန်သိမ်းမည်- ငါသည် လူသားမျိုးနွယ်ကို လုံးဝ သိမ်းပိုက်မည်။ သို့သော် ငါဖန်ဆင်းခဲ့သော လူသားများသည် ငါ၏ပုံသဏ္ဌာန်နှင့် ငါ၏ ဘုန်းအသရေကို သယ်ဆောင်သည့် သန့်ရှင်းသော လူများ ဖြစ်ခဲ့သည်ကို သင်သိသင့်သည်။ ၎င်းတို့သည် စာတန်နှင့် မသက်ဆိုင်ခဲ့ကြသကဲ့သို့၊ ၎င်း၏ နင်းခြေခြင်းလည်း မခံခဲ့ကြရဘဲ၊ စာတန်၏ အဆိပ်နှင့်ဆိုင်သည့် အရိပ်လက္ခဏာ စိုးစဉ်းမျှ မပါသည့် ငါ၏သရုပ်သကန် သက်သက် ဖြစ်ခဲ့သည်။ ထို့ကြောင့် ငါ၏လက်ဖြင့် ဖန်ဆင်းခဲ့သော၊ ငါ ချစ်မြတ်နိုးပြီး အခြားအရာနှင့် မသက်ဆိုင်သည့် သန့်ရှင်းသူများကိုသာ ငါအလိုရှိသည်ကို လူသားမျိုးနွယ်အား ငါသိစေ၏။ ထို့အပြင်၊ ၎င်းတို့၌ ငါသည် ပျော်ရွှင်ဝမ်းမြောက်မည် ဖြစ်ပြီး၊ ၎င်းတို့ကို ငါ၏ဘုန်းအသရေအဖြစ် မှတ်ယူမည်။ သို့သော်၊ ငါအလိုရှိသော အရာသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည့်၊ ယနေ့တွင် စာတန်နှင့် သက်ဆိုင်ပြီး ငါ၏မူလဖန်ဆင်းခြင်း မဟုတ်တော့သည့် လူသားမျိုးနွယ် မဟုတ်ပေ။ ငါသည် လူ့လောက၌ တည်ရှိနေသော ငါ၏ဘုန်းအသရေကို ပြန်သိမ်းရန် ရည်ရွယ်သောကြောင့်၊ စာတန်ကို အနိုင်ယူရာတွင် ငါ၏ ဘုန်းအသရေနှင့်ဆိုင်သော သက်သေအဖြစ် လူသားမျိုးနွယ်ထဲမှ ရှင်ကျန်သူများကို ငါ လုံးဝ သိမ်းပိုက်မည်။ ငါသည် ငါ၏သက်သေကိုသာ ငါကိုယ်တိုင်၏ ပုံဆောင်မှုအဖြစ်၊ ငါ၏ပျော်ရွှင်မှု ရည်မှန်းချက်အဖြစ် ငါ သဘောထားမည်။ ဤသည်မှာ ငါ၏အလို ဖြစ်သတည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်မှန်သောလူတစ်ယောက် ဖြစ်ခြင်းဆိုသည်မှာ

အရှေ့သို့- မေးခွန်း ၈- နောက်ဆုံးသော ကာလတွင် ဘုရားသခင် မိမိကိုယ်ကိုယ် လူ့ဇာတိခံယူခြင်းက စာတန်အုပ်စိုးသည့် ခေတ်ဟောင်းကို အဆုံးသတ်ရင်း၊ နိုင်ငံတော်ခေတ်ကို စတင်ပြီးဖြစ်သည်ဟု သင် သက်သေခံသည်။ ကျွန်ုပ်တို့ မေးလိုသည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်က မရေရာသည့် ဘုရားသခင်၌ လူသားမျိုးနွယ်၏ ယုံကြည်ခြင်း ခေတ်နှင့် စာတန်အုပ်စိုးသည့် အမှောင်ခေတ်ကို အဘယ်သို့ အဆုံးသတ်ခဲ့ပါသနည်း။ ကျေးဇူးပြုပြီး အသေးစိတ် မိတ်သဟာယပြုဝေမျှပေးပါ။

နောက်တစ်ခုသို့- ၂။ ဘုရားသခင်၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့် အမှုတော် အဆင့်သုံးဆင့်၏ ရည်ရွယ်ချက်ကို နားလည်လော့

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။