မေးခွန်း ၈- နောက်ဆုံးသော ကာလတွင် ဘုရားသခင် မိမိကိုယ်ကိုယ် လူ့ဇာတိခံယူခြင်းက စာတန်အုပ်စိုးသည့် ခေတ်ဟောင်းကို အဆုံးသတ်ရင်း၊ နိုင်ငံတော်ခေတ်ကို စတင်ပြီးဖြစ်သည်ဟု သင် သက်သေခံသည်။ ကျွန်ုပ်တို့ မေးလိုသည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်က မရေရာသည့် ဘုရားသခင်၌ လူသားမျိုးနွယ်၏ ယုံကြည်ခြင်း ခေတ်နှင့် စာတန်အုပ်စိုးသည့် အမှောင်ခေတ်ကို အဘယ်သို့ အဆုံးသတ်ခဲ့ပါသနည်း။ ကျေးဇူးပြုပြီး အသေးစိတ် မိတ်သဟာယပြုဝေမျှပေးပါ။
အဖြေ-
နောက်ဆုံးသောကာလ၌ အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်တွင်၊ လူသားမျိုးနွယ်ကို သန့်စင်ခြင်း၊ ကယ်တင်ခြင်းနှင့်ဆိုင်သည့် သမ္မာတရားအားလုံးကို ကိုယ်တော် ဖော်ပြပြီးဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၊ သူ၏ အလိုတော်၊ လူသားမျိုးနွယ်၏ နောက်ဆုံး ခရီးပန်းတိုင်အတွက် သူ၏ အစီအစဉ်များ၊ စသည်တို့၏ နက်နဲမှုအားလုံးကိုလည်း လူသားမျိုးနွယ်ထံ ဖွင့်ပြပြီးဖြစ်သည်။ ဤအရာက လူသားမျိုးနွယ်ကို ဘုရားသခင်နှင့် ၎င်းတို့ မျက်နှာချင်းဆိုင်ရသကဲ့သို့ ဖြစ်ခွင့်ပေးရင်း၊ ဘုရားသခင်နှင့် လူကြားက ကွာဟမှုကို လုံးဝ နိဂုံးချုပ်လိုက်လေသည်။ ထိုသို့သော အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်သည် မရေရာသော ဘုရားတစ်ပါးကို လူတို့ ယုံကြည်ခြင်း ခေတ်အား အမှန်တကယ် အဆုံးသတ်ပြီး၊ လူသားမျိုးနွယ်အပေါ် စာတန်၏ အုပ်စိုးမှုနှင့် ဖောက်ပြန်ပျက်စီးစေခြင်း၏ အမှောင်နှင့် ဆိုးယုတ်မှု ခေတ်ကိုလည်း အဆုံးသတ်ပြီဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်သည် အမှန်တကယ် ခေတ်တစ်ခေတ်ကို အဆုံးသတ်ခြင်းနှင့် ခေတ်သစ်တစ်ခုကို အစပြုခြင်း ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များမှ စာပိုဒ်အနည်းငယ်ကို ဖတ်ရှုကြပါစို့။
“ငါသည် ကိုယ်တိုင်ကိုယ်ကျ လူသားအကြား၌ လာ၍ ငါ၏နှုတ်ကပတ်တော်များကို ပြောဆိုသည့်အခါ၊ လူသားသည် ၎င်းတို့၏ အတွေးများထဲ၌ ‘ငါ’ ယူထားသည့်နေရာကို ဖယ်ရှားလျက်၊ ထိုအစား ၎င်းတို့၏ အသိဉာဏ်ထဲတွင် လက်တွေ့ကျသော ဘုရားသခင်အတွက် နေရာဖန်တီးကာ ငါ့အကြောင်း အနည်းငယ်သော အသိပညာ ရှိကြသည်မှာ ယနေ့မှသာဖြစ်သည်။ လူသားတွင် အယူအဆများရှိကာ သိလိုစိတ်နှင့် ပြည့်နှက်နေ၏။ ဘုရားသခင်ကို မမြင်တွေ့လိုသူ မည်သူရှိမည်နည်း။ ဘုရားသခင်နှင့် ကြုံတွေ့ရန် ဆန္ဒမရှိသူ မည်သူရှိမည်နည်း။ သို့တိုင် လူသား၏ စိတ်နှလုံးထဲတွင် သေချာသောနေရာ ယူထားသည့် တစ်ခုတည်းသော အရာမှာ မရေမရာနှင့် စိတ်ကူးသက်သက်ဟု လူသားကခံစားရသည့် ဘုရားပင်ဖြစ်၏။ သူတို့အား ငါရိုးရှင်းစွာမပြောလျှင် မည်သူက ဤသည်ကို သဘောပေါက်မည်နည်း။ ငါအမှန်ပင် တည်ရှိကြောင်းကို သေချာမှုနှင့် သံသယအရိပ်အမြွက်ပင် မရှိဘဲ၊ မည်သူက အမှန်တကယ် ယုံကြည်မည်နည်း။ လူသား၏ စိတ်နှလုံးထဲက ‘ငါ’ နှင့် လက်တွေ့အရှိတရားထဲက ‘ငါ’ တို့အကြားတွင် အလွန်အမင်းကွာခြားမှုရှိပြီး ၎င်းတို့နှစ်ခုအကြား၌ နှိုင်းယှဉ်ချက်များကို မည်သူကမျှ ဖော်ပြနိုင်စွမ်း မရှိပေ။ ငါသည် လူ့ဇာတိမခံယူခဲ့ပါက လူသားသည် ငါ့ကို မည်သည့်အခါမျှ သိမည်မဟုတ်ဘဲ၊ ငါ့အား သူသိလာခဲ့သော်မှ၊ ထိုကဲ့သို့သော အသိသည် အယူအဆတစ်ခုမျှသာ ဖြစ်နေဦးမည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၁))
“လူသားသည် စာတန်၏ သွေးဆောင်ခြင်းနှင့် ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသောကြောင့်၊ သူသည် အယူအဆများနှင့် စဉ်းစားဉာဏ်တို့၏ လွှမ်းမိုးခြင်း ခံရသောကြောင့်၊ ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကိုယ်တိုင် သိမ်းပိုက်ရန်၊ လူသား၏ အယူအဆများ အားလုံးကို ဖော်ထုတ်ရန်နှင့် လူသား၏ စဉ်းစားဉာဏ်ကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်ရန်အလို့ငှာ လူ့ဇာတိခံယူခဲ့ပြီးဖြစ်၏။ ရလဒ်အနေဖြင့် လူသားသည် ငါ၏ရှေ့မှောက်တွင် ဝင့်ကြွားထုတ်ပြခြင်း မပြုတော့ဘဲ၊ သူ၏ကိုယ်ပိုင်အယူအဆများကို အသုံးပြု၍ ငါ့အား အစေခံခြင်းလည်း မပြုတော့ပေ၊ ထို့ကြောင့် လူသား၏ အယူအဆများထဲက ‘ငါ’ ကို လုံးဝ ပပျောက်စေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၁))
“နိုင်ငံတော်ကို တည်ဆောက်ခြင်းတွင်၊ ငါသည် ငါ၏ဘုရားသဘာဝမှတစ်တင့် တိုက်ရိုက်ဆောင်ရွက်ပြီး၊ ငါ၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် ၎င်းတို့၏ အသိပညာ အခြေခံအုတ်မြစ်ပေါ်တွင် ငါ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို လူအားလုံးအား သိခွင့်ပေးပြီး၊ နောက်ဆုံးတွင် လူ့ဇာတိခံ ခန္ဓာအဖြစ် ငါနှင့်သက်ဆိုင်သည့် အသိပညာကို ၎င်းတို့အား ရရှိခွင့် ပေးလေသည်။ ဤအကြောင်းကြောင့် လူသားမျိုးနွယ် တစ်ရပ်လုံး၏ မရေရာသော ဘုရားသခင်ကို လိုက်စားရှာဖွေခြင်းအား အဆုံးသတ်ကာ၊ ထိုသို့ဖြင့် ၎င်းတို့၏ စိတ်နှလုံးများတွင် ကောင်းကင်ဘုံရှိ ဘုရားသခင်အတွက် နေရာတစ်ခု ထိန်းသိမ်းထားခြင်းကို ၎င်းတို့ ရပ်တန့်လေသည်။ ဆိုလိုသည်မှာ လူ့ဇာတိခံ ခန္ဓာဖြစ်နေစဉ် ငါ၏လုပ်ဆောင်ချက်များကို လူသားမျိုးနွယ်အား ငါသိခွင့်ပေးကာ၊ ထိုသို့ဖြင့် ကမ္ဘာမြေပေါ်၌ ငါ၏အချိန်ကာလကို အဆုံးသတ်မည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၈))
“ဇာတိခန္ဓာဖြင့် နေထိုင်သူအားလုံးအတွက် ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် လိုက်စားရမည့် ပန်းတိုင်များ လိုအပ်ကာ၊ ဘုရားသခင်ကို သိခြင်းသည် ဘုရားသခင်၏ လက်တွေ့ကျသော လုပ်ဆောင်ချက်များနှင့် စစ်မှန်သော မျက်နှာကို မျက်မြင်တွေ့ခြင်း လိုအပ်ပေသည်။ နှစ်ခုလုံးကို ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာအားဖြင့်သာ စွမ်းဆောင်ရရှိနိုင်ပြီး၊ နှစ်ခုလုံးကို ပုံမှန်ဖြစ်ကာ လက်ဆုပ်လက်ကိုင်ပြနိုင်သော လူ့ဇာတိဖြင့်သာ ဖြစ်မြောက်စေနိုင်သည်။ ဤသည်မှာ လူ့ဇာတိခံယူခြင်း လိုအပ်ရသည့် အကြောင်းရင်း ဖြစ်ပြီး၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် တစ်ရပ်လုံးက ယင်းကို လိုအပ်ရသည့် အကြောင်းရင်း ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို သိရှိရန်လိုအပ်သည့်အတွက်၊ မရေရာသကဲ့သို့ သဘာဝလွန်ဖြစ်သော ဘုရားများ၏ ပုံရိပ်များကို ၎င်းတို့၏နှလုံးသားများမှ ပပျောက်စေရမည် ဖြစ်ပြီး၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားပစ်ရန် လိုအပ်သည့်အတွက်၊ ၎င်းတို့သည် ပထမဦးစွာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိကြရမည် ဖြစ်သည်။ အကယ်၍ လူသည် လူတို့၏နှလုံးသားများထဲမှ မရေရာသော ဘုရားများ၏ပုံရိပ်များကို ပပျောက်စေသည့် အလုပ်ကိုသာ လုပ်ဆောင်ပါက၊ သူသည် ရည်ရွယ်ထားသော အကျိုးသက်ရောက်မှုကို ရရှိမည် မဟုတ်ပေ။ လူတို့၏နှလုံးသားများထဲရှိ မရေရာသော ဘုရားများ၏ပုံရိပ်များကို စကားလုံးများတစ်ခုတည်းဖြင့်သာ ဖော်ထုတ်၍ မရနိုင်၊ ဖယ်ရှား၍ မရနိုင်ပေ သို့မဟုတ် လုံးဝ ပပျောက်သွားစေ၍ မရနိုင်ပေ။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ လူတို့ထံမှ နက်ရှိုင်းစွာ အမြစ်စွဲနေသော ဤအရာများကို ပပျောက်စေရန်မှာ နောက်ဆုံးတွင် ဖြစ်နိုင်ဦးမည် မဟုတ်ပေ။ ဤမရေမရာဖြစ်ပြီး သဘာဝလွန် အမှုအရာများကို လက်တွေ့ကျသော ဘုရားသခင်နှင့် ဘုရားသခင်၏ ပုံသဏ္ဌာန်အစစ်တို့ဖြင့် အစားထိုးခြင်းနှင့် လူတို့အား ယင်းတို့ကို တဖြည်းဖြည်း သိစေခြင်းအားဖြင့်သာ သတ်မှတ်ထားသော အကျိုးသက်ရောက်မှုကို ရရှိနိုင်ပေသည်။ လူသည် အတိတ်အချိန် ကာလများက ၎င်းရှာဖွေခဲ့သော ဘုရားသခင်သည် ရေရာမှု မရှိသကဲ့သို့ သဘာဝလွန် ဖြစ်သည်ကို သတိပြုမိလေသည်။ ဤအကျိုးတရားကို စွမ်းဆောင်ရရှိနိုင်သည်မှာ လူတစ်ဦးဦး၏ သွန်သင်မှုများဖြစ်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်၏ တိုက်ရိုက် ဦးဆောင်မှုပင် မဟုတ်ဘဲ၊ လူ့ဇာတိခံ ဘုရားသခင် ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏ သာမန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့သည် လူသား၏စိတ်ကူးထဲက မရေရာသကဲ့သို့ သဘာဝလွန်သော ဘုရားနှင့် ပကတိဆန့်ကျင်ဘက် ဖြစ်နေသောကြောင့်၊ လူ့ဇာတိခံ ဘုရားသခင်က သူ၏အမှုကို တရားဝင် လုပ်ဆောင်သောအခါ လူသား၏ အယူအဆများသည် ဖွင့်ချခံရလေသည်။ လူသား၏ မူလအယူအဆများကို လူ့ဇာတိခံ ဘုရားသခင်နှင့် ဆန့်ကျင်ကွဲလွဲသည့်အခါတွင်သာ ထုတ်ဖော်ပြနိုင်သည်။ လူ့ဇာတိခံ ဘုရားသခင်နှင့် နှိုင်းယှဉ်ခြင်းမရှိဘဲ၊ လူသား၏ အယူအဆများကို ထုတ်ဖော်ပြ၍ မရနိုင်ပေ။ တစ်နည်းအားဖြင့်၊ အဖြည့်ခံအဖြစ် လက်တွေ့ကျခြင်း မရှိဘဲ၊ မရေရာသော အရာများကို ထုတ်ဖော်ပြ၍ မရနိုင်ပေ။ မည်သူမျှ ဤအမှုကို လုပ်ဆောင်ရန် စကားလုံးများ သုံးနိုင်စွမ်း မရှိပေသကဲ့သို့၊ စကားလုံးများကို အသုံးပြုလျက် မည်သူမျှ ဤအမှုကို ရှင်းရှင်းလင်းလင်း ပြောနိုင်စွမ်း မရှိပေ။ ဘုရားသခင်ကိုယ်တိုင် သူ၏ကိုယ်ပိုင် အမှုကို လုပ်ဆောင်နိုင်ပြီး သူ၏ကိုယ်စား အခြားမည်သူမျှ ဤအမှုကို မလုပ်ဆောင်နိုင်ပေ။ လူသား၏ ဘာသာစကားသည် မည်မျှပင် ကြွယ်ဝနေစေကာမူ၊ လူသားသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းနှင့် သာမန်ဖြစ်ခြင်းတို့ကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်စွမ်း မရှိပေ။ ဘုရားသခင်သည် လူသားအလယ်တွင် ကိုယ်တိုင်ကိုယ်ကျ အမှုပြုကာ သူ၏ပုံသဏ္ဌာန်နှင့် သူ၏ဖြစ်ခြင်းတို့ကို လုံးဝ ထုတ်ပြသမှသာလျှင်၊ လူသားသည် ဘုရားသခင်ကို ပို၍လက်တွေ့ကျကျသိကာ ပို၍ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ဤရလဒ်ကို ဇာတိခန္ဓာရှိသည့် မည်သည့်လူကမျှ စွမ်းဆောင်မရရှိနိုင်ပေ။ ဟုတ်ပေ၏၊ ဘုရားသခင်၏ ဝိညာဉ်တော်သည်လည်း ဤရလဒ်ကို စွမ်းဆောင်နိုင်စွမ်း မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)
“လူအားလုံးသည် ငါ၏မိန့်မြွက်ချက်များကို လက်ခံပြီးနောက် ငါနှင့်သက်ဆိုင်သော သာ၍ ကြီးမြတ်သည့် အသိပညာကို ရှိကြသောအချိန်သည် ငါ၏လူတို့က ငါ့ကို ထုတ်ဖော်အသက်ရှင်သောအချိန်ဖြစ်၏၊ ယင်းသည် လူ့ဇာတိ၌ ငါ၏အမှု ပြီးစီးသောအချိန်ဖြစ်ပြီး၊ ငါ၏ ဘုရားသဘောသဘာဝသည် လူ့ဇာတိ၌ လုံးဝ အသက်ရှင်နေထိုင်သောအချိန် ဖြစ်သည်။ ဤအခိုက်အတန့်တွင်၊ လူအားလုံးသည် လူ့ဇာတိထဲရှိ ငါ့ကို သိရှိကြလိမ့်မည်ဖြစ်ပြီး၊ လူ့ဇာတိ၌ ဘုရားသခင်ပေါ်ထွန်းသည်ဟု အမှန်တကယ် ပြောနိုင်ကြမည်ဖြစ်ကာ၊ ဤသည်မှာ အကျိုးအမြတ် ဖြစ်ပေလိမ့်မည်။...နောက်ဆုံးတွင် ဘုရားသခင်၏ လူတို့သည် အတင်းအကျပ် မလုပ်ရဘဲ၊ စစ်မှန်ပြီး ၎င်းတို့၏ စိတ်နှလုံးများမှလာသော ချီးမွမ်းမှုကို ဘုရားသခင်အား ပေးနိုင်ကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ ဗဟိုချက်နေရာ၌ ရှိသော အရာဖြစ်သည်။ ဆိုလိုသည်မှာ ယင်းသည် မရေရာသောဘုရားကို ၎င်းတို့ ငြင်းပယ်ပြီး၊ ယနေ့နှင့်သက်ဆိုင်သကဲ့သို့ ယမန်နေ့နှင့်သက်ဆိုင်သူလည်း ဖြစ်ပြီး၊ ထို့ထက်ပို၍ မနက်ဖြန်နှင့် ဆိုင်သောသူ၊ ကမ္ဘာအဆက်ဆက် အမှန်တကယ် စင်စစ် တည်ရှိသော ဘုရားသခင်ကို သိကြစေဘို့အလို့ငှာ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သည့် အရေးပါမှုကို လူအားလုံးအား သိခွင့်ပေးခြင်း လူ့ဇာတိ၌ ဘုရားသခင်၏ လုပ်ဆောင်ချက်များဟု ဆိုရမည်ဖြစ်သည့် ဘုရားသခင် လူ့ဇာတိခံယူသည်ကို ၎င်းတို့အား လက်တွေ့ကျကျ သိရှိခွင့် ပေးခြင်းတည်းဟူသော ဤအနှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ် ပုံပေါ်လာခြင်း ဖြစ်ပေသည်။ ထို့နောက်တွင်မှ ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဘုရားသခင် ဝင်ရောက်ပေလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၃))
ဘုရားသခင် လူ့ဇာတိမခံမမီတွင် ယင်းမှာ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်က ဖြစ်သည်— လူသားမျိုးနွယ်အားလုံးသည် (ဣသရေလလူမျိုးများမှလွဲ၍) ဘုရားသခင်၏ တည်ရှိခြင်းနှင့် အရာခပ်သိမ်းတို့ကို သူ ဖန်ဆင်းကာ အုပ်စိုးသည် ဆိုသည်နှင့် စပ်လျဉ်း၍ လုံးဝ အမှောင်ထဲတွင် ရှိခဲ့ကြသည်။ လူသားများကို သဘာဝက ဖန်ဆင်းခဲ့သည်ဟု ယုံကြည်သော လူများစွာ ရှိခဲ့ကြသည်။ လူအများစုက ဝိညာဉ်ဆိုးများနှင့် ရုပ်တုဆင်းတု အမျိုးမျိုးတို့ကို ကိုးကွယ်ခဲ့သည်၊ အမွှေးနံ့သာကို သူတို့ မီးရှို့ပူဇော်ကာ ရှိခိုးဦးချခဲ့ကြပြီး၊ မှားယွင်းသော ဘုရားများကို ဂုဏ်ပြုသည့် ဗိမာန်များ နေရာတကာတွင် ရှိခဲ့လေသည်။ လူသားမျိုးနွယ်အားလုံးက စာတန်ကို ဝတ်ပြုကိုးကွယ်ပြီး အစေခံခဲ့ကြသည်အထိ၊ လူတို့က ဝိညာဉ်ဆိုးမျိုးစုံနှင့် စာတန်ကို စစ်မှန်သော ဘုရားအဖြစ် မှတ်ယူခဲ့ကြသည်။ လူသားမျိုးနွယ်သည် စာတန်၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရှိခဲ့ပြီး ၎င်း၏ အုပ်စိုးမှုအောက်တွင် လုံးလုံးလျားလျား အသက်ရှင်ခဲ့ကြသည်။ အမှောင်နှင့် အပြစ်တရားထဲ သူတို့ ကျဆင်းခဲ့ကြသည်။ ဤသည်မှာ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြသည့် အချက်ဖြစ်သည်။ ဘုရားသခင်က ဣသရေလနိုင်ငံ၌ သူ၏ ပညတ်တော်ခေတ် အမှုတော်ကို အပြီးသတ်ခဲ့ပြီးနောက်တွင်၊ ဣသရေလူတို့သည် စစ်မှန်သော ဘုရားသခင်ကို စတင် ကိုးကွယ်ပြီး အစေခံခဲ့ကြသည်။ သို့သော် ဘုရားသခင်သည် လူသားများမှတဆင့်သာ အမှုပြုခဲ့ပြီး၊ အမှုတော်ကို လုပ်ဆောင်ဖို့ လူ့ဇာတိမခံခဲ့ပါ။ ထို့ကြောင့်၊ ပညတ်တော်ခေတ်တွင် ဘုရားသခင်၏ အမှုတော် ရလဒ်များကို ဣသရေလလူတို့ အလယ်တွင်သာ ရရှိခဲ့သော်လည်း၊ တစ်ပါးအမျိုးသား လောကတစ်ခုလုံးက စာတန်ကို ကိုးကွယ်ကာ အစေခံနေကြဆဲဖြစ်ပြီး အမှောင်နှင့် အပြစ်တရားထဲတွင် ဆက်လက်အသက်ရှင်နေခဲ့ကြသည်— သူတို့သည် မိမိတို့ကိုယ်ကိုယ် မကယ်ထုတ်နိုင်ခဲ့ကြချေ။ လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်း အမှုတော်အား လုပ်ဆောင်ရန် ပထမဆုံးကြိမ် သခင်ယေရှုအဖြစ် လောကထဲသို့ ဘုရားသခင် လူ့ဇာတိခံခဲ့သည်မှာ ဤနောက်ခံ အခြေအနေအောက်တွင် ဖြစ်သည်။ နောင်တလမ်းကို သူ ဟောပြောခဲ့သည်၊ “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။” (ရှင်မဿဲခရစ်ဝင် ၄:၁၇) လူသားမျိုးနွယ်က ကယ်တင်ရှင်၏ ပေါ်ထွန်းခြင်းကို မြင်တွေ့နိုင်စေဖို့အလို့ငှာ သမ္မာတရားအချို့ကို သူ ဖော်ပြခဲ့ပြီး၊ ထို့နောက်တွင်မှ လူသားမျိုးနွယ်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို ဖန်ဆင်းခဲ့သူမှာ ဘုရားသခင် ဖြစ်ပြီး သူသည် ၎င်းတို့၏ အုပ်စိုးရှင် ဖြစ်သည်ဟု စတင်အသိအမှတ်ပြုလာခဲ့ကြသည်။ ထို့နောက်တွင်မှ လူများစွာက ဘုရားသခင်ကို စတင်ယုံကြည်ကာ ကိုးကွယ်ခဲ့ကြသည်၊ သို့သော် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကြားတွင် ဘုရားသခင်ကို ငြင်းပယ်သူ၊ ဝိညာဉ်ဆိုးများကို ယုံကြည်ပြီး စာတန်နောက်လိုက်သူ လူများစွာ ရှိနေကြဆဲဖြစ်သည်။ စာတန်သည် လူသားမျိုးနွယ်ကို ဆက်လက် လှည့်ဖြားကာ ဖောက်ပြန်ပျက်စီးစေဆဲဖြစ်သည်။ ထို့အပြင်၊ ဘာသာရေးသမား အများစုက ဘုရားသခင်ကို ယုံကြည်သော်လည်း၊ သူ့ကို အမှန်တကယ် မသိကျွမ်းကြသလို၊ သူတို့သည် ဘုရားသခင်ကို စစ်မှန်သော နာခံခြင်းနှင့် ကိုးကွယ်ခြင်းမှ အလွန်ဝေးကွာနေကြပေသည်။ သို့သော်၊ သခင်ယေရှု၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့က ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မြင်ရသကဲ့သို့ပင် ကယ်တင်ရှင်၏ ပေါ်ထွန်းခြင်းကို ပထမဆုံးအကြိမ် လူတို့ကို မြင်တွေ့ခွင့်ပေးခဲ့သည်။ ဤသည်မှာ မည်သူမျှ ငြင်း၍မရသည့် အမှန်တရားတစ်ခု ဖြစ်သည်။ နောက်ဆုံးသော ကာလတွင်၊ ဘုရားသခင်သည် တစ်ဖန် လူ့ဇာတိခံခဲ့ပြီး— သူသည် အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်— နောက်ဆုံးသော ကာလ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ခဲ့ပြီး၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် နောက်ဆုံးတွင် ဘုရားသခင်သည် သူနှင့်အတူ စိတ်နှလုံး တစ်လုံးတစ်ဝတည်းဖြစ်သည့် လူအုပ်စုတစ်စုကို လူသားမျိုးနွယ်ကြားမှ ရယူခဲ့သည်။ ဤလူအုပ်စုသည် သူတို့ ကြုံရပြီးသည့် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့ကြောင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့်ဆိုင်သည့် စစ်မှန်သော သိနားလည်မှုတစ်ခုကို ရရှိကြပြီးဖြစ်ကာ၊ ဘုရားသခင်ကို လုံးဝ နာခံပြီး သူ့အားဖြင့် ရယူခံရပြီးသည့် လူများဖြစ်လာရင်း၊ ကိုယ်တော့်အတွက် ကြောက်ရွံ့ခြင်း စိတ်နှလုံးတစ်ခု ဖြစ်ပေါ်လာကြပြီးဖြစ်သည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကြား ဘုရားသခင် ရယူခဲ့သည့် ပထမဆုံးသော လူအုပ်စုဖြစ်ပြီး၊ ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်အားဖြင့် ပြုလုပ်ခံရသည့် ပထမဆုံးသော အောင်မြင်သော သူများဖြစ်ကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဖော်ပြချက်ဖြစ်သည့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ သည် ကမ္ဘာလောကအနှံ့အပြား ပျံ့နှံ့ကာ ဖြန့်ဖြူးပြီးသည်နှင့်အမျှ၊ လူသားမျိုးနွယ်သည် စတင် နိုးထကြပြီးဖြစ်ကာ၊ သူတို့သည်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်ဝင်စားမှု ဖြစ်ပေါ်ကြပြီးဖြစ်သည်။ မှန်သော လမ်းခရီးကို စုံစမ်းစစ်ဆေးပြီး သမ္မာတရားကို ရှာဖွေနေကြသော လူများစွာရှိပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးသည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့တွင် ရှိဖို့ရန် တဖြည်းဖြည်း တရားဝင် ပြန်လာကြရန် စတင်ရုံမျှ စတင်နေကြပြီဖြစ်သည်။ ဤသည်တို့မှာ ဘုရားသခင် လူ့ဇာတိခံဖြစ်လာခြင်းနှင့် လူသားမျိုးနွယ်ကြား နှုတ်ကပတ်တော်များကို မိန့်မြွက်ခြင်းတို့အားဖြင့် ရရှိသည့် ရလဒ်အားလုံးဖြစ်လေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အရာခပ်သိမ်းကို ဖြစ်ပျက်စေလိမ့်မည်၊ ယင်းမှာ သူ ဤသို့ ပြောဆိုရသည့် အကြောင်းရင်းဖြစ်သည်။ “ငါ၏နှုတ်ကပတ်တော်များ ပြီးပြည့်စုံလာသည်နှင့်အမျှ၊ နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် တဖြည်းဖြည်း ပုံဖော်လာသကဲ့သို့၊ လူသည် ပုံမှန်အခြေအနေသို့ တဖြည်းဖြည်း ပြန်ရောက်သွားသည်၊ ထို့ကြောင့် ငါ၏စိတ်နှလုံးထဲက နိုင်ငံတော်ကို ကမ္ဘာမြေပေါ်တွင် တည်လေသည်။ နိုင်ငံတော်ထဲတွင် ဘုရားသခင်၏ လူများအားလုံးသည် ပုံမှန်လူ၏ အသက်တာကို ပြန်လည်ရရှိကြသည်။ အလွန်အေးသော ဆောင်းရာသီသည် ကုန်ဆုံးသွားပြီး နွေဦးရာသီက တစ်နှစ်ပတ်လုံး ကြာသည့် နွေဦးမြို့တော်များနှင့်ဆိုင်သော လောကတစ်ခုဖြင့် အစားထိုးလိုက်သည်။ လူတို့သည် လူ့လောက၏ စိတ်ပျက်ဖွယ်ကောင်းခြင်း၏ ထိခိုက်ခြင်းမခံရတော့ဘဲ လူ့လောက၏ အေးသော အအေးဓာတ်ကို ကြံ့ကြံ့မခံရတော့ပေ။ လူတို့သည် တစ်ဦးနှင့်တစ်ဦး မတိုက်ခိုက်ကြပေ၊ နိုင်ငံများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်မတိုက်ကြ၊ အစုလိုက်အပြုံလိုက်လူသတ်ခြင်းနှင့် အစုလိုက်အပြုံလိုက် လူသတ်ခြင်းမှ သွေးချောင်းစီးခြင်းလည်း မရှိတော့ပေ။ မြေတစ်ပြင်လုံးသည် ဝမ်းမြောက်ခြင်းနှင့်ပြည့်နေပြီး နေရာတိုင်းတွင် လူများအကြား၌ နွေးထွေးမှုများနှင့် ပြည့်လျှံနေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၀))
“ငါသည် ငါ၏တန်ခိုးအာဏာကို တရားဝင် ရယူပြီး နိုင်ငံတော်တွင် ရှင်ဘုရင်အဖြစ် အုပ်စိုးသည့်အခါ၊ ငါ၏ လူအပေါင်းတို့သည် အချိန်ကြာလာသည်နှင့်အမျှ၊ ငါ့အားဖြင့် စုံလင်စေခြင်း ခံရကြလိမ့်မည်။ လောက၏ တိုင်းနိုင်ငံအားလုံး နှောင့်ယှက်ခံရသည့်အချိန်၊ ယင်းသည် ငါ၏နိုင်ငံတော်ကို တည်ထောင်ပြီး ပုံသွင်းသည့်အချိန် အတိအကျဖြစ်သည့်အပြင်၊ ငါသည် အသွင်ပြောင်းလဲကာ စကြဝဠာတစ်ခွင်လုံးကို လှည့်ကာ မျက်နှာမူသည့်အချိန်လည်း ဖြစ်သည်။ ထိုအချိန်တွင် လူအားလုံးသည် ငါ၏ဘုန်းကြီးသော မျက်နှာကိုမြင်ကြလိမ့်မည် ဖြစ်ပြီး၊ ငါ၏စစ်မှန်သော မျက်နှာကို မျက်မြင်တွေ့ကြလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၄))
“အဆုံးတွင် ဘုရားသခင်သည် လူတို့ကို သူသည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာနှင့်ပြည့်သော ဘုရားသခင်သာ မဟုတ်သည်ကိုလည်းကောင်း၊ ဉာဏ်ပညာနှင့် အံ့သြဖွယ်ရာများပြည့်သော ဘုရားသခင်သာမဟုတ်သည်ကိုလည်းကောင်း၊ သန့်ရှင်းသော ဘုရားသခင်သာ မဟုတ်သည်သာမက လူသားကို တရားစီရင်သော ဘုရားသခင်လည်းဖြစ်ကြောင်းကိုလည်းကောင်း ပြသရန်အတွက် စကြဝဠာတစ်ခုလုံးရှိ လူသားတို့အထဲတွင် ရှိနေသည့် မစင်ကြယ်သည့်အရာများနှင့် မဖြောင့်မတ်သည့်အရာအားလုံးတို့ကို မီးရှို့ဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်။ လူသားမျိုးနွယ်အကြားတွင်ရှိသည့် ဆိုးယုတ်သည့် သူများအတွက် သူသည် မီးရှို့ဖျက်ဆီးခြင်း၊ တရားစီရင်ခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းပင်ဖြစ်ပြီး စုံလင်စေခြင်း ခံရမည့်သူများအတွက်မူ သူသည် ဆင်းရဲဒုက္ခ၊ စစ်ဆေးခြင်းနှင့် စမ်းသပ်ခြင်းတို့ ဖြစ်သည်သာမက နှစ်သိမ့်ခြင်း၊ အစာအာဟာရ၊ နှုတ်ကပတ်တော်အားဖြင့် ထောက်ပံ့ခြင်းနှင့် ပြုပြင်ခြင်းလည်းဖြစ်ပေသည်။ ထို့ပြင် ဖယ်ရှားရှင်းလင်းခြင်းခံရသောသူများအတွက် သူသည် အပြစ်ဒဏ်ပေးခြင်းနှင့် ဒဏ်ခတ်ခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်)
“နိုင်ငံတစ်နိုင်ငံချင်းစီနှင့် ငါ ရွေးချယ်ထားသော လူတစ်ဦးချင်းစီသည် ငါ၏ ပလ္လင်တော်ရှေ့မှောက်သို့ ပြန်လာသောအခါတွင် လူ့လောကထံ ကောင်းကင်ဘုံ၏ ရက်ရောမှုအားလုံးကို ယင်းနှင့်အတူ ပေးအပ်မည်ဖြစ်သည်၊ ဤသို့ဖြင့် ထိုလောကသည် ငါ့ကြောင့် အတုမရှိသော ရက်ရောမှုဖြင့် ပြည့်လျှံမည်။ ကမ္ဘာလောကဟောင်း တည်ရှိစဉ်တွင် နိုင်ငံတစ်နိုင်ငံချင်းစီအပေါ် ငါ၏အမျက်ဒေါသကို လွှတ်ထုတ်ကာ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စကြဝဠာတစ်ခုလုံးထံ လူသိရှင်ကြား ထုတ်ပြန်ကြေညာမည်ဖြစ်သည့်အပြင် ယင်းတို့ကို ဖောက်ဖျက်သည့်သူ မည်သူမဆိုသည် ပြစ်တင်ဆုံးမခြင်းခံရလိမ့်မည်။
“စကြဝဠာတစ်ခုလုံးကို ငါစကားပြောသည့်အခါတွင် လူအားလုံးသည် ငါ၏ အသံတော်ကို ကြားကြသည်၊ ဆိုလိုသည်မှာ လူအားလုံးသည် စကြဝဠာတစ်ခုလုံးတွင် ငါဆောင်ရွက်ပြီးဖြစ်သည့် လုပ်ဆောင်ချက်များအားလုံးကို မြင်ကြလေသည်။ ငါ၏ ရည်ရွယ်ချက်များကို ဆန့်ကျင်သည့်သူများ၊ တစ်နည်းအားဖြင့် ဆိုသော် ငါ့အား လူ၏ လုပ်ဆောင်ချက်များဖြင့် ဆန့်ကျင်သောသူများသည် ငါ၏ ပြစ်တင်ဆုံးမခြင်းအလယ်တွင် ပြိုလဲလိမ့်မည်။ ကောင်းကင်ဘုံတွင် မြောက်မြားလှစွာသော ကြယ်များကို ငါ အသစ်လဲမည်။ ငါ့ကြောင့် နေနှင့် လတို့သည် အသစ်လဲခြင်း ခံရလိမ့်မည်၊ ကောင်းကင်သည် ယခင်ကဲ့သို့ ဖြစ်တော့မည် မဟုတ်။ ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းသည် အသစ်လဲခြင်း ခံရလိမ့်မည်။ ဤအရာအားလုံးသည် ငါ၏နှုတ်ကပတ်တော်များကြောင့် ဖြစ်မြောက်လိမ့်မည်။ စကြဝဠာအတွင်းရှိ နိုင်ငံအားလုံးသည် အသစ်တစ်ဖန် ပိုင်းခြားကန့်သတ်ခြင်းခံရမည် ဖြစ်ပြီး ငါ့နိုင်ငံတော်၏ အစားထိုးခြင်းကို ခံရလိမ့်မည်၊ ဤသို့ဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံများသည် ထာဝရ ကွယ်ပျောက်သွားမည်ဖြစ်ပြီး ငါ့ကို ကိုးကွယ်သည့် နိုင်ငံတော်တစ်ခုတည်းသာ ရှိလိမ့်မည်။ ကမ္ဘာ၏ နိုင်ငံများအားလုံးသည် ဖျက်ဆီးခြင်း ခံရမည်ဖြစ်ကာ တည်ရှိတော့မည်မဟုတ်ပေ။ စကြဝဠာအတွင်းရှိ လူသားများတွင် နတ်ဆိုးများနှင့်ဆိုင်သောသူ အားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ စာတန်ကို ကိုးကွယ်သောသူ အားလုံးတို့သည် ငါ၏လောင်မြိုက်သောမီးအလယ်တွင် ပြိုလဲကြလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် ရေစီးကြောင်း အတွင်း၌ရှိသော သူများမှလွဲ၍ ကျန်သောသူ အားလုံးတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်း ခံရလိမ့်မည်။ လူတစ်ဦးချင်းစီကို ငါပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးအသိုင်းအဝိုင်း၌ ရှိသော သူတို့သည် အမျိုးမျိုးသော အတိုင်းအတာအထိ ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည် ဖြစ်ပြီး ငါ၏ လုပ်ဆောင်ဆောင်ချက်များအားဖြင့် သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ‘သန့်ရှင်းသောသူ ဖြူသောမိုးတိမ်ကိုစီးလျက်ရှိခြင်း’ သည် ရောက်ရှိလာပြီးဖြစ်ကြောင်းကို မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူအားလုံးသည် မိမိတို့၏ အမျိုးအစားအလိုက် မျိုးတူစုထားခြင်းခံရမည် ဖြစ်ပြီး သူတို့၏ လုပ်ဆောင်ချက်များအလိုက် ပြစ်တင်ဆုံးမခြင်းအမျိုးမျိုးကို ခံကြရမည်။ ငါ့ကို အတိုက်အခံလုပ်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်ရှိ ၎င်းတို့၏အပြုအမူများတွင် ငါနှင့်ဆက်နွှယ်မှု မရှိသည့်သူများကမူ၊ ၎င်းတို့ ပြုမူခဲ့ပြီးဖြစ်သည့်ပုံကြောင့် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက် ရှိနေကြလိမ့်မည်။ ငါသည် တိုင်းနိုင်ငံအသင်္ချေနှင့် လူအသင်္ချေတို့ထံသို့ ငါ ပေါ်ထွန်းမည် ဖြစ်ပြီး ကမ္ဘာပေါ်တွင် ငါ၏ကြီးမြတ်သောအမှုတော် ပြည့်စုံသွားခြင်းကို ကြွေးကြော်လျက် လူတို့အားလုံး ဤအရာကို သူတို့ကိုယ်တိုင်၏မျက်စိများနှင့် မြင်နိုင်ကြဖို့ ခွင့်ပြုရန်အလို့ငှာ ငါကိုယ်တော်တိုင်၏ အသံတော်ကို ဖော်ပြမည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆))
ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့သည် မရေရာသော ဘုရားတစ်ပါးကို လူသားမျိုးနွယ်၏ ယုံကြည်ခြင်းခေတ်အပြင်၊ လူသားမျိုးနွယ်အပေါ် စာတန်၏ အုပ်စိုးခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းနှင့်ဆိုင်သော အမှောင်နှင့် ဆိုးယုတ်မှု ခေတ်တို့ အမှန်ပင် ပါဝင်ခဲ့သည်ကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်ုပ်တို့အားလုံး မြင်နိုင်ပေသည်။ ယင်းက ဘုရားသခင်၏ ကိုယ်တိုင် ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားနှုတ်ကပတ်တော်၏ အုပ်စိုးမှု ခေတ်ကို ဖွင့်လှစ်ပြီးဖြစ်သည်။ ဘာသာရေး လောကသည်လည်း အဘယ်ကြောင့် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်အားဖြင့် ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရကာ သူ၏ ရှုတ်ချခြင်းကိုပင် ခံခဲ့ရပါသနည်း။ ယင်းမှာ ဘာသာရေး လောကအတွင်းရှိ လူအများစုတို့က မိမိတို့ အယူအဆများနှင့်ဆိုင်သည့် ဘုရား၊ မရေရာသော ဘုရားတစ်ပါးကို ယုံကြည်ကြဆဲဖြစ်သော်လည်း၊ သူတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်၏ စစ်မှန်သော ပုံရိပ်နှင့် သူ၏ မှန်ကန်သော စိတ်သဘောထားတို့က မတည်ရှိကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ သူတို့သည် လူ့ဇာတိခံသော ဘုရားသခင်ကို ဆန့်ကျင်ကာ ရှုတ်ချနိုင်ကြပြီး၊ သူ့ကို ကားတိုင်တွင် တစ်ဖန် သံမှိုရိုက်နှက်နိုင်ကြလေသည်၊ ယင်းမှာ ဘုရားသခင်က၊ “ဘုရားသခင်ကို ကားစင်တင်ကြသော သူတို့၌ အမင်္ဂလာ ရှိစေသတည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆိုးယုတ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်) ဟု ပြောရင်း သူတို့ကို ကျိန်ဆဲခဲ့သည့် အကြောင်းရင်းဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့သည် လူ့ဇာတိ၌ ပေါ်ထွန်းသော နှုတ်ကပတ်တော်နှင့်ဆိုင်သည့် အမှန်တရားကို ပြီးမြောက်စေပြီဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားကို လူသားမျိုးနွယ်အားလုံးအား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့မြင်ကာ ကြားနာဖို့နှင့် ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အတွင်းတွင် အသက်ရှင်ဖို့ အခွင့်ပေးရင်း၊ လူသားမျိုးနွယ် အားလုံးထံ ပွင့်ပွင့်လင်းလင်း ပြသထားပြီဖြစ်သည်။ လူသားမျိုးနွယ်ကြားတွင်၊ တစ်စုံတစ်ဦးက ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ သူတို့ ဘုရားသခင်နှင့် သက်ဆိုင်သည်ဖြစ်စေ၊ စာတန်နှင့် သက်ဆိုင်သည်ဖြစ်စေ လူအားလုံးသည် ဘုရားနှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်းမှတဆင့် သူတို့ အမျိုးအစားအလိုက် ခွဲခြားခံရကြလေသည်။ ဘုရားသခင်နှင့် သက်ဆိုင်သော သူအားလုံးသည် သူ၏ နှုတ်ကပတ်တော်များအားဖြင့် စတင်နိုးထကြပြီးဖြစ်ကာ၊ သူ့နှုတ်ကပတ်တော်များ၏ အဟာရမှ သူ့ကို တဖြည်းဖြည်း နားလည်ကြသည်၊ သူနှင့် မျက်နှာချင်းဆိုင်လာကြသည်။ အရာရာကို သူအုပ်စိုးပြီး လူတို့၏ ကံကြမ္မာများကို သူ အုပ်စိုးသည်ကို မြင်လေသည်။ လူတို့၏ ပုန်ကန်ပြစ်မှားမှုများကို သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကိုလည်း သူတို့အားလုံး မြင်ကြပြီးဖြစ်သည်။ လူအားလုံးသည် ဘုရားသခင်ထံ ပြန်လာကြလိမ့်မည်ဖြစ်ပြီး ကိုယ်တော်၏ နှုတ်ကပတ်တော်များက အရာခပ်သိမ်းကို ပြီးမြောက်လိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ လူတို့သည် ဘုရားသခင်ထံ ပြန်လာကြမ်လိမ့်မည်ဖြစ်ပြီး စာတန်၏ လူတို့သည် စာတန်ထံ ပြန်လာကြလိမ့်မည်။ ထို့နောက် မကြာမီတွင်၊ ဘုရားသခင်သည် ကောင်းသောသူတို့ကို ဆုချီးမြှင့်ကာ ဆိုးသောသူတို့ကို အပြစ်ပေးလိမ့်မည်ဖြစ်ပြီး စာတန်နှင့်ဆိုင်သော သူအားလုံးကို တိုက်ဖျက်ဖို့ ကပ်ဘေးကို သူ အသုံးပြုလိမ့်မည်။ ဆိုးယုတ်မှု၏ အင်အားစုအားလုံးသည် ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းအားဖြင့် မလွဲမသွေ မှောက်လှန်ခံရလိမ့်မည်ဖြစ်ပြီး သူ၏ အမှုတော်ကို နာခံနိုင်ပြီး သူ့ဆီသို့ အမှန်တကယ် ပြန်လှည့်လာနိုင်သူအားလုံးကို သူ၏ နိုင်ငံတော်ထဲသို့ ဘုရားသခင် ခေါ်ဆောင်လိမ့်မည်။ ဤသည်မှာ မကြာမီ ဘုရားသခင် အပြီးသတ်မည့် အရာနှင့်ဆိုင်သော အမှန်တရားတစ်ခု ဖြစ်သည်။ နိုင်ငံတော်ခေတ်သည် လူသားမျိုးနွယ်ထံ ဘုရားသခင်၏ စိတ်သဘောထား ပွင့်ပွင့်လင်းလင်း ဖွင့်ပြသည့် ခေတ်ဖြစ်ပြီး၊ လူသားမျိုးနွယ်က ဘုရားသခင်ကို စတင် သိကျွမ်းခြင်း ခေတ်လည်း ဖြစ်သည်။ ထို့အပြင်၊ နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်များကို ဘုရားသခင် မိန့်မြွက်ခြင်းနှင့် လူတို့ထံ ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းခြင်း ခေတ်ဖြစ်သည်။ ကမ္ဘာမြေပေါ် ဘုရားသခင်၏ အလိုတော် အထမြောက်ခြင်းအား မည်သည့် အင်အားစုကမျှ ဟန့်တားနိုင်စွမ်း မရှိပေ။ ခရစ်တော်၏ နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်တွင် ပေါ်ထွန်းနှင့်ပြီးဖြစ်ကာ၊ ဗျာဒိတ်ကျမ်းမှ ပရောဖက်ပြုချက်က လုံးဝ ပြည့်စုံပြီးဖြစ်သည်- “ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေး မရှိရ။ စိတ်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ် ဘူးသောအရာတို့သည် ရွေ့သွားကြပြီ။” (ဗျာဒိတ်ကျမ်း ၂၁:၃-၄) အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နိုင်ငံတော်ထဲတွင်၊ ဘုရားသခင်နှင့်အတူ ဘုရားသခင်၏လူတို့ အသက်ရှင်ကြသော အသက်တာသည် အတိုင်းထက်အလွန် ပျော်ရွှင်ဖွယ်ဖြစ်သည်။ ရေထုသည် လူတို့၏ မင်္ဂလာရှိသော အသက်တာများ၌ ဝမ်းမြောက်ခြင်းဖြင့် ကခုန်ကြသည်၊ တောင်များသည် ငါ၏ အလျှံပယ်ရှိခြင်းကို လူတို့နှင့်အတူ မွေ့လျော်ကြ၏။ လူအားလုံးသည် ငါ၏ နိုင်ငံတော်ထဲတွင် ကြိုးပမ်းနေကြသည်၊ ကြိုးစားလုပ်ဆောင်နေကြသည်၊ ၎င်းတို့၏ သစ္စာစောင့်သိခြင်းကို ပြသနေကြသည်။ နိုင်ငံတော်ထဲတွင်၊ ပုန်ကန်ခြင်း မရှိတော့ပေ၊ ခုခံခြင်း မရှိတော့ပေ။ ကောင်းကင်နှင့် မြေကြီးတို့သည် အချင်းချင်း မှီခိုကြသည်၊ လူသားနှင့် ငါသည် ဘဝ၏ ချိုမြိန်သော ကြီးစွာဝမ်းမြောက်ခြင်းများ တစ်လျှောက်၊ တစ်ဦးကိုတစ်ဦး အားထားလျက် နက်ရှိုင်းသော ခံစားချက်ဖြင့် ချဉ်းကပ်ကြ၏။...” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ လူမျိုးအပေါင်းတို့၊ ဝမ်းမြောက်ကြလော့။) နိုင်ငံတော်ထဲတွင်၊ ဘုရားသခင်သည် သူ၏ လူတို့ထံ မိမိကိုယ်ကိုယ် ပြသလိမ့်မည်ဖြစ်ပြီး လူသားမျိုးနွယ်ထဲမှ အသက်ရှင်ကျန်ရစ်သူတို့ကို ကမ္ဘာမြေပေါ် ၎င်းတို့၏ အသက်တာများတွင် သူ လမ်းပြလိမ့်မည်။ ကိုယ်တော်သည် သူတို့နှင့် အတူယှဉ်တွဲ အသက်ရှင်လိမ့်မည်၊ သူတို့နှင့်အတူ နေထိုင်ကာ၊ သူတို့နှင့်အတူ ဝမ်းမြောက်လိမ့်မည်။ ဘုရားသခင်နှင့်အတူ ရှိခြင်း၏ ပျော်ရွှင်ပြီး လှပသော အသက်တာကိုလည်း လူတို့ နှစ်သက်ခံစားကြလိမ့်မည်။ ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင်က နောက်ဆုံးသောကာလတွင် စွမ်းဆောင်ရရှိမည့် အရာဖြစ်ပြီး၊ လူကို ဘုရားသခင် ပေးသည့် အကြီးမားဆုံးသော ကတိတော်နှင့် ကောင်းချီးမင်္ဂလာဖြစ်သည်။
ရုပ်ရှင်ဇာတ်ညွှန်း မေးခွန်းများအတွက် အဖြေများ မှ