ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ

ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ

နောက်ဆုံးသောကာလခရစ်တော်တည်းဟူသော အနန္တတန်ခိုးရှင်ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်နိုင်သည့် သမ္မာတရားအားလုံးကို ဖော်ပြခဲ့ပြီး ဖြစ်သည်။ ကယ်တင်ခြင်းအား လူတို့ ရယူခြင်းနှင့်ပတ်သက်လျှင် ဤသမ္မာတရားများသည် အရေးပါသည်။ သို့ရာတွင် ဘုရားသခင်သည် နှုတ်ကပတ်တော်များကို အလွန်များပြားလွန်းစွာ ပြောဆိုခဲ့သည်ဟု လူများစွာက ခံစားရသည်။ ၎င်းတို့သည် နှုတ်ကပတ်တော်များအား မည်သည့်နေရာ၌ စ၍ ဖတ်ရမည်ကိုဖြစ်စေ၊ မည်သည့်သမ္မာတရားက ဝင်ရောက်ရန် အလွန်အရေးကြီးသည်ကိုဖြစ်စေ မသိကြပေ။ ဘုရားသခင်ရွေးချယ်ထားသောသူများအနေဖြင့် အခြေခံအုတ်မြစ်များကို ဖြစ်နိုင်သမျှ အမြန်ဆုံးချနိုင်ရန်၊ ဘုရားသခင်အား ယုံကြည်မှုနှင့် ကယ်တင်ခြင်းအတွက် မှန်ကန်သောလမ်းကြောင်းပေါ်သို့ ဝင်ရောက်နိုင်ရန် ထောက်ကူပေးရန်အလို့ငှာ အသင်းတော်အသက်တာတွင် အသုံးပြုရန်အတွက်လည်းကောင်း၊ ဘုရားသခင် ရွေးချယ်ထားသောလူများအနေဖြင့် ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းအတွက်လည်းကောင်း ဘုရားအိမ်တော်က ဤစာအုပ်ကို ပြုစုခဲ့သည်။ ဤစာအုပ်ကို အဓိကအပိုင်း ငါးပိုင်းအဖြစ် ခွဲခြားထားသည်။ ပထမအပိုင်းသည် ရူပါရုံများနှင့် ပတ်သက်သည့် သမ္မာတရားများ ဖြစ်သည်။ ယင်းအတွင်းတွင် အချက် ၁၀ ချက်ပါဝင်ပြီး လူ့ဇာတိခံယူခြင်း၏ နက်နဲမှု၊ ဘုရားအမှုတော်၏ အဆင့်သုံးဆင့်၏ အတွင်းကျသော အကြောင်းအရာ၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှု၏ နက်နဲမှု စသည်တို့ ပါဝင်သည်။ ဒုတိယအပိုင်းသည် ဘာသာရေးအယူအဆအမျိုးမျိုးကို ဖြေရှင်းခြင်းနှင့် သက်ဆိုင်သည့် သမ္မာတရားများအကြောင်း ဖြစ်သည်။ ပြီးလျှင် ထိုအထဲတွင် အချက် ၂၂ ချက် ပါဝင်သည်။ တတိယအပိုင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအမျိုးမျိုးအား ဖြေရှင်းခြင်းနှင့် သက်ဆိုင်သည့် သမ္မာတရားများအကြောင်း ဖြစ်သည်။ ထိုအထဲတွင် အချက် ၃၂ ချက် ပါရှိသည်။ စတုတ္ထအပိုင်းသည် မယုံကြည်သူများ၊ ဆိုးယုတ်သူများ၊ အယောင်ဆောင်ခေါင်းဆောင်များ၊ အန္တိခရစ်များအား ပိုင်းခြားသိမြင်ခြင်းနှင့် သက်ဆိုင်သည့် သမ္မာတရားများအကြောင်း ဖြစ်သည်။ ထိုအထဲတွင် အချက် ၁၂ ချက် ပါရှိသည်။ ပဉ္စမအပိုင်းသည် ကယ်တင်ခြင်းအား လိုက်စားခြင်းနှင့် စုံလင်အောင် ပြုခြင်းခံရခြင်းတို့နှင့် သက်ဆိုင်သည့် သမ္မာတရားများအကြောင်း ဖြစ်သည်။ ထိုအထဲတွင် အချက် ၄၆ ချက် ပါရှိသည်။ ဤအပိုင်းငါးပိုင်း အကျုံးဝင်သော သမ္မာတရားများသည် ဘုရားသခင်ကို ယုံကြည်သူများ နားလည်ရမည့် အခြေခံသမ္မာတရားများ ဖြစ်သည်ဟု ဆိုနိုင်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများက ဤသမ္မာတရားများကို ကြိမ်ဖန်များစွာ စားသောက်လျှင်၊ မိတ်သဟာယဖွဲ့လျှင်၊ ချင့်ချိန်တွေးတောလျှင် ၎င်းတို့သည် တဖြည်းဖြည်းချင်းဖြင့် သမ္မာတရားကို နားလည်လာနိုင်မည်။ စစ်မှန်မှုသို့ ဝင်ရောက်နိုင်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရယူနိုင်မည်။ ထို့နောက်တွင် ၎င်းတို့သည် ဤအရာကို အခြေခံပြီး ဘုရားသခင် တောင်းဆိုခဲ့သော သမ္မာတရားအားလုံးကို ဝင်ရောက်ရန် ကြိုးစားအားထုတ်လျှင် ၎င်းတို့သည် သမ္မာတရားနှင့် ထာဝရအသက်ကို ရနိုင်လိမ့်မည်။

ဧဝံဂေလိတရားတော် စာအုပ်များ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။