၄။ “သခင် ပြန်ကြွလာသောအခါ လူတို့သည် မိုးတိမ်ထဲသို့ တိုက်ရိုက်ချီဆောင်ခံရပြီး ကောင်းကင်တွင် သခင်နှင့် တွေ့ဆုံရမည်” ဟူသည့် ဘာသာရေးလောက၏ အယူအဆ

သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၂-၃) ဟူသည့် သခင်ယေရှု၏ ဤစကားများနှင့် “ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်၊” (သက်သာလောနိတ် ဩဝါဒစာ ပဋ္ဌမစောင် ၄:၁၇) ဟူသည့် သမ္မာကျမ်းစာထဲမှ ပေါလု၏ ဤစကားများကို အခြေပြု၍ ဘာသာရေးလောကက သခင်ပြန်ကြွလာသောအခါ ၎င်းတို့သည် မိုးတိမ်များထဲသို့ တိုက်ရိုက်ချီဆောင်ခြင်းခံရပြီး ကောင်းကင်ပေါ်တွင် သခင်နှင့် တွေ့ဆုံရမည်ဟု ယုံကြည်ကြသည်။

ကျမ်းစာထဲမှ ဘုရားနှုတ်ကပတ်တော်များ

“လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။” (ရှင်မဿဲခရစ်ဝင် ၂၄:၂၇)

“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၂၄:၄၄)

“ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည်ကား ကြားပါစေ။” (ဗျာဒိတ်ကျမ်း ၂:၇)

“သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။” (ရှင်မဿဲခရစ်ဝင် ၂၅:၆)

“ကြည့်ရှုလော့။ ငါသည် တံခါးတွင်ရပ်ပြီး ခေါက်သည်။ တစ်စုံတစ်ဦးက ငါ၏အသံကို ကြားပြီး တံခါးကို ဖွင့်လျှင် ငါသည် သူ့ဆီသို့ ဝင်လာပြီး သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀)

“ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။ နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။” (ရှင်မဿဲခရစ်ဝင် ၆:၉-၁၀)

“ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူမည်။” (ဗျာဒိတ်ကျမ်း ၂၁:၃)

“လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်။” (ဗျာဒိတ်ကျမ်း ၁၁:၁၅)

“ထိုသို့ ငါနှင့်စကားပြော၍ အသံမြည်သော သူကို မြင်ခြင်းငှာ ငါသည် လှည့်ကြည့်လျှင်၊ ရွှေမီးခွက်ခုနစ်လုံးကိုလည်းကောင်း၊ ထိုမီးခွက်ခုနစ်လုံး အလယ်၌ လူသားတော်နှင့်တူသော သူတစ်ဦးကိုလည်းကောင်း မြင်၏။ ထိုသူသည် ခြေသို့တိုင်အောင် ဝတ်ခြုံလျက် ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ခေါင်းတော်နှင့် ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့လည်းကောင်း၊ မိုဃ်းပွင့်ကဲ့သို့ လည်းကောင်း ဖြူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ ခြေတော်သည်လည်း မီး၌ ချွတ်ပြီးသော ကြေးဝါစစ်နှင့် တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ဖြစ်၏။ လက်ျာလက်တော်သည်လည်း ကြယ်ခုနစ်လုံးကိုကိုင်၏။ ခံတွင်းတော်ထဲကလည်း ထက်သော သန်လျက်ထွက်၏။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သော နေကဲ့သို့ဖြစ်၏။” (ဗျာဒိတ်ကျမ်း ၁:၁၂-၁၆)

“ငါသည် သင်တို့ကို ပြောစရာများစွာရှိသေးသည်။ သို့သော် ယင်းတို့ကို သင်တို့ယခု မခံယူနိုင်ပေ။ သို့ရာတွင် သမ္မာတရားဖြင့် ပြည့်စုံသော ဝိညာဉ်တော် ကြွလာသောအခါ သူသည် သင်တို့အား သမ္မာတရားအားလုံးဆီသို့ လမ်းပြပေးလိမ့်မည်။ အကြောင်းမှာ သူသည် သူ၏အကြောင်း ပြောဆိုမည်မဟုတ်ဘဲ သူကြားမည့်အရာမှန်သမျှသည် သူပြောမည့်အရာဖြစ်သည်။ ပြီးလျှင် သူသည် နောင်လာမည့်အရာများကို သင်တို့အား ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)

“ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူ ရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

ယေရှုသည် လူ့လောကထဲသို့ ကြွလာခဲ့သောအချိန်တွင်၊ သူသည် ကျေးဇူးတော်ခေတ်ကို ဖွင့်လှစ်ပေးခဲ့ပြီး ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့သည်။ နောက်ဆုံးသော ကာလအတွင်းတွင်၊ ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီး၊ ကျေးဇူးတော်ခေတ်ကို သူ အဆုံးသတ်ကာ နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်ခဲ့သည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို လက်ခံနိုင်သောသူ အားလုံးသည် နိုင်ငံတော်ခေတ်ထဲသို့ ဦးဆောင်ခြင်းခံရမည် ဖြစ်သည့်အပြင်၊ ဘုရားသခင်၏ လမ်းပြမှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံလာနိုင်လိမ့်မည်။ ယေရှုသည် လူသားအလယ်သို့ ရောက်လာပြီး အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်သောအလုပ်ကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ်အဖြစ် အသုံးခံခဲ့၏။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ စာတန်ဆန်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီးနောက် ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ခဲ့သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား

နောက်ဆုံးသောကာလအတွင်းတွင် ယေရှု ဆင်းသက် လာမည်ကိုသာ သင်သိသည်၊ သို့သော် သူ မည်သို့ အတိအကျ ဆင်းသက်လာမည်နည်း။ ရွေးနုတ်ခြင်း ခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်အောင်ပြုခြင်း မခံရသေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေဖြင့် သင်သည် ဘုရားရည်ရွယ်ချက်များနှင့် အညီဖြစ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သား မဟုတ်တော့သည်မှာ မှန်သော်လည်း ဤအရာက သင်သည် အပြစ်ဖြစ်စေ၊ မသန့်ရှင်းခြင်းဖြစ်စေ မရှိကြောင်း သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက မည်ကဲ့သို့ သန့်ရှင်းနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်ညံ့ခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရပြီးဖြစ်ရုံသာ ရှိသေးသော်လည်း မပြောင်းလဲသေးပေ။ သင့်အနေဖြင့် ဘုရားရည်ရွယ်ချက်များနှင့်အညီ ဖြစ်ရန်မှာ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တော်တိုင် လုပ်ဆောင်ရပေမည်။ သို့မဟုတ်ပါက သင်သည် ရွေးနုတ်ခြင်းသာ ခံရပြီးဖြစ်သဖြင့် သန့်ရှင်းစင်ကြယ်စေသည်ကို ခံရခြင်း ဖြစ်လာနိုင်မည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့်အတွက် သင်သည် ဘုရားသခင်နှင့်အတူ ကောင်းမြတ်သော ကောင်းချီးများကို ပျော်မွေ့ခံစားရန် အရည်အချင်းပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက် အမွေဆက်ခံနိုင်စွမ်း မရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍

နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့ကျိုးနွံနာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထားပေသည်။ အထူးသဖြင့် ဘုရားသခင်ကို လူသားက မည်သို့ ငြင်းပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကို ဆန့်ကျင်သည့်ရန်သူအင်အားတစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်ပြီး ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းအမှု က ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏သဘောသဘာဝအမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။...

တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင် ဆောင်ရွက် ရမည်မှာ ဟုတ်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်ပေ။ တရားစီရင်ခြင်းသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ဖို့ သမ္မာတရားကို အသုံးပြုခြင်း ဖြစ်သည့်အတွက်၊ လူသားအလယ် ဤအမှုကို ဆောင်ရွက်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းဦးမည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ နောက်ဆုံးသောကာလ ခရစ်တော်သည် ကမ္ဘာလောကအနှံ့ရှိ လူတို့ကို သွန်သင်ရန် သမ္မာတရားကို အသုံးပြုမည်ဖြစ်ပြီး၊ သမ္မာတရားအားလုံးကို သူတို့အား သိစေမည်။ ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

နောက်ဆုံးသောကာလအတွင်းတွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် အဓိကအားဖြင့် နှုတ်ကပတ်တော်များ ပြောဆိုဖို့ ကမ္ဘာမြေသို့ ကြွလာပြီဖြစ်သည်။ ယေရှု ကြွလာခဲ့ချိန်တွင်၊ သူသည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဟောပြောခဲ့ပြီး၊ ကားစင်တင်ခံရခြင်းနှင့်ဆိုင်သည့် ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်ခဲ့သည်။ သူသည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး အိုဟောင်းသော အရာအားလုံးကို ဖျက်သိမ်းခဲ့သည်။ ယေရှု၏ ကြွရောက်ခြင်းသည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်ကို ဖွင့်လှစ်ခဲ့သည်။ နောက်ဆုံးသောကာလ၏ လူ့ဇာတိခံ ဘုရားသခင်၏ ရောက်ရှိခြင်းသည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်စေပြီး ဖြစ်သည်။ သူသည် အဓိကအားဖြင့် သူ၏ နှုတ်ကပတ်တော်များကို ပြောဆိုရန်၊ လူကို စုံလင်အောင်ပြုရန်နှင့် လူကို အလင်းပေးပြီး ဉာဏ်အလင်းဖွင့်ပြရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုရန်၊ ဤသို့ဖြင့် လူ၏ စိတ်နှလုံး၌ရှိသော မရေရာသော ဘုရား၏နေရာကို ဖယ်ရှားရန် ကြွလာခြင်း ဖြစ်သည်။ ယေရှုကြွလာခဲ့သောအခါ သူသည် ဤအမှုတော်အဆင့်ကို မဆောင်ရွက်ခဲ့ပေ။ သူကြွလာခဲ့သောအခါတွင် အံ့ဖွယ်အမှုများစွာကို လုပ်ဆောင်ခဲ့သည်။ မကျန်းမာသောသူများကို အနာရောဂါငြိမ်းစေခဲ့ပြီး၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့ကာ၊ ကားစင်တင်ခံရခြင်း နှင့်ဆိုင်သည့် ရွေးနုတ်ခြင်း အမှုကို လုပ်ဆောင်ခဲ့သည်။ အကျိုးဆက်အနေဖြင့်၊ လူတို့၏ အယူအဆများတွင် ဤသည်မှာ ဘုရားသခင် ဖြစ်သင့်သည့်ပုံဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ အကြောင်းမှာ ယေရှု ကြွလာခဲ့ချိန်တွင်၊ သူသည် လူသား၏နှလုံးသားထဲမှ မရေရာသော ဘုရားသခင်၏ ပုံရိပ်အား ဖယ်ရှားခြင်းအမှုကို မလုပ်ဆောင်ခဲ့ပေ။ သူကြွလာခဲ့ချိန်တွင် သူသည် ကားစင်တင်ခံခဲ့ရသည်၊ မကျန်းမာသောသူများကို အနာငြိမ်းစေခဲ့ပြီး၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့ကာ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိ တရားတော်ကို ဟောကြားခဲ့သည်။ တစ်ဖက်တွင် နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် လူသား၏ စိတ်နှလုံးထဲတွင် မရေရာသော ဘုရားသခင်၏ ပုံရိပ်မရှိတော့ရန်အလို့ငှာ၊ လူသား၏ အယူအဆများထဲက မရေရာသည့် ဘုရားသခင်က ထိန်းသိမ်းထားသည့် နေရာကို ဖယ်ရှားလေသည်။ သူ၏ လက်တွေ့ကျသော နှုတ်ကပတ်တော်များနှင့် အမှု၊ နယ်မြေအနှံ့ သူ၏သွားလာလှုပ်ရှားမှုနှင့် လူသားအလယ် သူလုပ်ဆောင်ခဲ့သည့် အထူးလက်တွေ့ကျပြီး ပုံမှန်ဖြစ်သော အမှုမှတစ်ဆင့်၊ လူသားကို ဘုရားသခင်၏ လက်တွေ့ကျခြင်းအား သူသိစေပြီး လူသား၏နှလုံးသားထဲက မရေရာသည့် ဘုရားသခင်၏ နေရာကို ဖယ်ရှားလေသည်။ အခြားတစ်ဖက်တွင်၊ ဘုရားသခင်သည် လူသားကို စုံလင်စေရန်နှင့် အရာခပ်သိမ်းကို ပြီးမြောက်စေရန် သူ၏ လူ့ဇာတိက ပြောဆိုသော နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤသည်မှာ နောက်ဆုံးသောကာလအတွင်း ဘုရားသခင်က ပြီးမြောက်စေမည့် အမှုဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း

နောက်ဆုံးသောကာလ အတောအတွင်းတွင်၊ ဘုရားသခင်သည် လူ့ဇာတိခံယူချိန်တွင်၊ အရာအားလုံးကို ပြီးမြောက်စေဖို့နှင့် အရာအားလုံးကို ထုတ်ဖော်ဖို့ အဓိကအားဖြင့် နှုတ်ကပတ်တော်ကို အသုံးပြုလေသည်။ သူ၏ဖြစ်ခြင်းကို သူ၏ နှုတ်ကပတ်တော်များထဲ၌သာ သင်မြင်နိုင်သည်။ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်ကို သူ၏နှုတ်ကပတ်တော်များထဲ၌သာ သင် မြင်နိုင်သည်။ လူ့ဇာတိခံ ဘုရားသခင် ကမ္ဘာမြေသို့ကြွချိန်တွင်၊ နှုတ်ကပတ်တော်များကို ပြောဆိုခြင်းမှလွဲ၍ အခြားမည်သည့်အမှုကိုမျှ သူမလုပ်ဆောင်ပေ။ ထို့ကြောင့် အချက်အလက်များကို မလိုအပ်ပေ။ နှုတ်ကပတ်တော်များက လုံလောက်ပေ၏။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် သူသည် အဓိကအားဖြင့် ဤအမှုကို လုပ်ဆောင်ဖို့၊ သူ၏ နှုတ်ကပတ်တော်များထဲ၌ သူ၏ ကြီးမားသော တန်ခိုးနှင့် သာလွန်မှုကို လူသားအား ရှုမြင်ခွင့်ပေးဖို့၊ သူ၏ နှိမ့်ချမှုနှင့် ပုန်းကွယ်မှုတို့ကို သူ၏နှုတ်ကပတ်တော်များထဲ၌ လူသားအား မြင်ခွင့်ပေးဖို့နှင့် သူ၏အလုံးစုံကို သူ၏နှုတ်ကပတ်တော်များထဲ၌ လူသားအား သိခွင့်ပေးဖို့ ကြွလာပြီး ဖြစ်သောကြောင့် ဖြစ်သည်။ သူ၏အရာအားလုံးနှင့် သူ၏ဖြစ်ခြင်း အားလုံးသည် သူ၏နှုတ်ကပတ်တော်များထဲတွင်ရှိ၏။ သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့သြဖွယ် ဖြစ်ခြင်းသည်လည်း သူ၏နှုတ်ကပတ်တော်များထဲတွင် ရှိသည်။ ဤအရာတွင် ဘုရားသခင်က သူ၏နှုတ်ကပတ်တော်များကို ပြောဆိုသည့် နည်းစနစ် များစွာကို သင့်အား မြင်စေခြင်း ဖြစ်ပေသည်။ ဘုရားသခင်သည် အချိန်ကြာမြင့်စွာ အမှုပြုခဲ့သည်။ ယင်းတို့မှာ အဓိကအားဖြင့် လူသားကို ပံ့ပိုးပေးခြင်း၊ ဖော်ထုတ်ခြင်း၊ သို့မဟုတ် ပြုပြင်ခြင်းတို့ဖြစ်၏။ ဘုရားသခင်သည် လူတစ်ဦးကို ပေါ့ပေါ့တန်တန် မကျိန်ဆဲသကဲ့သို့၊ သူကျိန်ဆဲသည့်အခါတွင်ပင် ၎င်းတို့ကို သူ ကျိန်ဆဲသည်မှာ နှုတ်ကပတ်တော်မှတစ်ဆင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် လူ့ဇာတိခံယူသည့် ဤခေတ်၌၊ ဘုရားသခင်က မကျန်းမာသူများကို ကျန်းမာစေပြီး နတ်ဆိုးများကို တစ်ဖန် နှင်ထုတ်ခြင်းကို မြင်ရဖို့ မကြိုးစားကြနှင့်၊ ပြီးလျှင် နိမိတ်လက္ခဏာများကို စဉ်ဆက်မပြတ် ရှာဖွေခြင်းအား ရပ်တန့်လော့။ အဓိပ္ပာယ်မရှိပေ။ ထိုနိမိတ်လက္ခဏာများသည် လူသားကို မစုံလင်စေနိုင်ပေ။ ရှင်းရှင်းပြောရလျှင် လူ့ဇာတိဖြင့် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင်စင်စစ်သည် မဆောင်ရွက်ပေ။ သူသည် စကားသာ ပြောဆိုလေသည်။ ဤသည်မှာ သမ္မာတရားဖြစ်သည်။ သူသည် သင့်ကို စုံလင်စေရန် နှုတ်ကပတ်တော်များကို အသုံးပြုပြီး၊ သင့်ကို ကျွေးမွေးရန်နှင့် ရေလောင်းပေးရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သူသည် အမှုပြုရန်လည်း နှုတ်ကပတ်တော်များကို အသုံးပြုပြီး၊ သူ၏ လက်တွေ့ကျခြင်းကို သင့်အား သိစေဖို့ အချက်အလက်များအစား နှုတ်ကပတ်တော်များကို သူအသုံးပြုလေသည်။ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် ဤပုံစံကို သင် သိမြင်နိုင်စွမ်းရှိပါက၊ အပျက်သဘောဆောင်ဖို့ ခက်ခဲပေသည်။ အပျက်သဘောဆောင်သည့် အရာများအပေါ်၌ အာရုံစိုက်မည့်အစား အပြုသဘောဆောင်သော အရာများအပေါ်၌သာ သင်တို့ အာရုံစိုက်သင့်သည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံသည်ဖြစ်စေ၊ မပြည့်စုံသည်ဖြစ်စေ၊ သို့မဟုတ် အချက်အလက်များ ပေါ်ထွန်းသည်ဖြစ်စေ၊ မပေါ်ထွန်းသည်ဖြစ်စေ၊ ဘုရားသခင်သည် လူသားကို သူ၏ နှုတ်ကပတ်တော်များမှ အသက်ကို ရရှိစေပြီး၊ ဤသည်မှာ နိမိတ်လက္ခဏာအားလုံး၌ အကြီးမြတ်ဆုံးဖြစ်ကာ၊ ထို့ထက်ပင်သာ၍ ယင်းသည် ငြင်း၍မရနိုင်သော အချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို သိဖို့ အကောင်းဆုံးသော သက်သေအထောက်အထားဖြစ်ပြီး နိမိတ်လက္ခဏာများ ထက်ပင် သာ၍ကြီးမြတ်သော နိမိတ်လက္ခဏာတစ်ခု ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသာလျှင် လူသားကို စုံလင်စေနိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်

အမှန်တွင် ဘုရားသခင်သည် လူတို့ကို စုံလင်စေကာ ရယူသောအခါတွင်၊ ၎င်းတို့ကို လက်တွေ့ကျသော ဘုရားသခင်၏ လုပ်ဆောင်ချက်များအား သိစေလေသည်။ သူသည် လူ့ဇာတိခံယူခြင်း၏ တကယ့် အရေးပါမှုကို လူတို့အား ပြသဖို့၊ လူသားရှေ့မှောက်တွင် ဘုရားသခင်၏ ဝိညာဉ်တော် အမှန်တကယ် ပေါ်ထွန်းပြီးဖြစ်သည်ကို ၎င်းတို့အား ပြသဖို့ရန်၊ လက်တွေ့ကျသော ဘုရားသခင်၏ အမှုကို အသုံးပြုနေပေသည်။ လူတို့သည် ဘုရားသခင်၏ ရယူခြင်းခံရကာ စုံလင်စေခြင်းခံရသည့်အခါ၊ လက်တွေ့ကျသော ဘုရားသခင်၏ ဖော်ပြချက်များက ၎င်းတို့ကို သိမ်းပိုက်ပြီးဖြစ်သည်။ လက်တွေ့ကျသော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့ကို ပြောင်းလဲပြီးဖြစ်ကာ၊ ၎င်းတို့ကို သူ၏ ဖြစ်ခြင်းဖြင့် ပြည့်စေရင်း၊ (ယင်းမှာ သူ၏ လူ့သဘာဝ၌ ဖြစ်ခြင်းဖြစ်စေ၊ ဘုရားသဘာဝ၌ဖြစ်ခြင်းဖြစ်စေ)၊ သူ၏ နှုတ်ကပတ်တော်များ၏ အနှစ်သာရဖြင့် ၎င်းတို့ကို ပြည့်စေရင်း၊ ပြီးလျှင် လူတို့အား သူ၏ နှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင်စေရင်း၊ သူ၏ ကိုယ်ပိုင်အသက်ကို ၎င်းတို့ထဲသို့ အမှုပြုလေသည်။ လူတို့ကို ဘုရားသခင် ရယူသည့်အခါ၊ အဓိကအားဖြင့် ၎င်းတို့ လိုအပ်သည့်အရာကို ရရှိစေရင်းနှင့် လူသားအလယ် ဘုရားသခင် ကြွလာပြီးဖြစ်သည်ကို ၎င်းတို့အား ပြသရင်း၊ လူတို့၏ ချို့တဲ့မှုများကို ပြုပြင်ရန်နှင့် ၎င်းတို့၏ ပုန်ကန်တတ်သော စိတ်သဘောထားကို တရားစီရင်ကာ ဖော်ထုတ်ရန် နည်းလမ်းတစ်ခုအနေဖြင့်၊ လက်တွေ့ကျသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များကို သူအသုံးပြုလေသည်။ အရေးအကြီးဆုံးမှာ လက်တွေ့ကျသော ဘုရားသခင် လုပ်ဆောင်သည့် အမှုသည် လူအယောက်တိုင်းကို ညစ်ညူးသော နယ်မြေမှ ခေါ်ဆောင်သွားရင်းနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပပျောက်စေရင်း၊ ၎င်းတို့ကို စာတန်၏ စွမ်းအားမှ ကယ်တင်ခြင်းနှင့် သက်ဆိုင်ပေသည်။ လက်တွေ့ကျသော ဘုရားသခင်၏ ရယူခံရခြင်းနှင့်ဆိုင်သည့် အနက်နဲဆုံးသော အရေးပါမှုမှာ စံနမူနာနှင့် စံပြတစ်ခု အဖြစ် လက်တွေ့ကျသော ဘုရားသခင်နှင့်အတူ ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်နိုင်ခြင်း၊ သွေဖည်မှု သို့မဟုတ် ခွဲသွေခြင်း စိုးစဉ်းမျှမရှိဘဲ လက်တွေ့ကျသော ဘုရားသခင်၏ နှုတ်ကပတ်တော်များ နှင့် သတ်မှတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ခြင်း၊ သူပြောသည့် မည်သည့်အရာမဆိုနှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သူတောင်းဆိုသည့် မည်သည့်အရာကိုမဆို စွမ်းဆောင်ရရှိနိုင်ခြင်း ဖြစ်သည်။ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရပြီးဖြစ်လိမ့်မည်။ ဘုရားသခင်၏ ရယူခြင်းကို သင်ခံရသောအခါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်ပိုင်ဆိုင်သည်သာ မဟုတ်။ အဓိကအားဖြင့် လက်တွေ့ကျသော ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် အသက်ရှင်နေထိုင်နိုင်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိခြင်းမျှဖြင့် သင်သည် အသက်ရှိပြီဟု မဆိုလိုပေ။ အဓိကကျသောအချက်မှာ ဘုရားသခင်၏ ရယူခြင်းကို သင် ခံရနိုင်ခြင်း ရှိ မရှိဆိုသည်နှင့် ဆက်နွှယ်သည့်၊ သင်နှင့်သက်ဆိုင်သည့် လက်တွေ့ကျသော ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင် ပြုမူနိုင်ခြင်းရှိ၊ မရှိ ဆိုသည့်အရာ ဖြစ်သည်။ ဤသည်တို့မှာ လူ့ဇာတိ၌ လက်တွေ့ကျသော ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အကြီးမြတ်ဆုံးသော အဓိပ္ပာယ် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် စစ်မှန်စွာနှင့် အမှန်တကယ် လူ့ဇာတိ၌ ပေါ်ထွန်းခြင်းနှင့် အထင်းသားဖြစ်ပြီး အသက်ပါခြင်း၊ လူတို့က မြင်တွေ့နိုင်ခြင်း၊ ဝိညာဉ်တော်၏ အလုပ်ကို လူ့ဇာတိ၌ အမှန်တကယ် လုပ်ဆောင်ခြင်းနှင့် လူများအတွက် လူ့ဇာတိ၌ စံနမူနာအဖြစ် ပြုမူခြင်းအားဖြင့် လူတစ်စုကို ဘုရားသခင် ရယူသည်ဟု ပြော၍ ရသည်။ လူ့ဇာတိ၌ ဘုရားသခင် ရောက်ရှိခြင်းသည် အဓိကအားဖြင့် ဘုရားသခင်၏ လက်တွေ့ကျသော လုပ်ဆောင်မှုများကို လူသားတို့အား တွေ့မြင်နိုင်စေရန်၊ ပုံပန်းသဏ္ဌာန်မဲ့သည့် ဝိညာဉ်တော် ဇာတိပကတိအားဖြင့် ရုပ်အကောင်အထည် ထင်ရှားစေရန်၊ သူ့ကို လူတို့အား မြင်တွေ့ခွင့်နှင့် ထိတွေ့ခွင့် ပေးရန် ရည်ရွယ်ပေသည်။ ဤနည်းဖြင့်၊ သူ၏ စုံလင်စေခြင်းခံရသူများသည် သူ့ကို အသက်ရှင်နေထိုင်ကြလိမ့်မည်၊ သူ၏ ရယူခြင်း ခံရလိမ့်မည် ဖြစ်ပြီး၊ သူ၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်လိမ့်မည်ဖြစ်၏။ အကယ်၍ ဘုရားသခင်သည် ကောင်းကင်ဘုံတွင်သာ စကားပြောပြီး၊ မြေကြီးပေါ်သို့ အမှန်တကယ် ကြွလာခြင်း မရှိခဲ့ပါက၊ လူတို့သည် ဘုရားသခင်ကို သိနိုင်စွမ်း ရှိကြဦးမည် မဟုတ်ပေ။ ၎င်းတို့သည် အနှစ်မဲ့သော သီအိုရီကို အသုံးပြုလျက် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ဟောပြောရုံ ဟောပြောနိုင်ကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့အရှိတရားအဖြစ် ရှိကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် အဓိကအားဖြင့် သူရယူမည့် သူများအတွက် နမူနာနှင့် စံပြအဖြစ် ပြုမူဆောင်ရွက်ရန် မြေကြီးပေါ်သို့ ကြွလာပြီ ဖြစ်သည်။ ထိုသို့ဖြင့်သာ၊ လူတို့သည် ဘုရားသခင်ကို အမှန်တကယ် သိရှိနိုင်သည်၊ ဘုရားသခင်ကို တို့ထိနိုင်ပြီး၊ သူ့ကို မြင်နိုင်ကာ၊ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်၏ ရယူခြင်း အမှန်တကယ် ခံရနိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့ကျသော ဘုရားသခင်သည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်

“ဆောင်ယူခံရခြင်း” ဆိုသည်မှာ လူတို့ စိတ်ကူးမည်ကဲ့သို့ နိမ့်သော နေရာ တစ်ခုမှ မြင့်သော နေရာ တစ်ခုသို့ ဆောင်ယူခံရခြင်းကို မဆိုလိုပေ။ ယင်းမှာ ကြီးမားသော နားလည်မှုလွဲခြင်း တစ်ခု ဖြစ်သည်။ “ဆောင်ယူခံရခြင်း” ဆိုသည်မှာ ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်းနှင့်၊ ထို့နောက် ရွေးကောက်ခြင်းကို ရည်ညွှန်းပေသည်။ ယင်းသည် ငါ ကြိုတင်ခွဲခန့်မှတ်သားပြီး ရွေးကောက်ထားသော သူအားလုံးကို ရည်ညွှန်းသည်။ ဆောင်ယူခံရသူ အားလုံးမှာ သားဦးများ သို့မဟုတ် သားများ၏ အရိုက်အရာကို ရရှိပြီးသည့် လူများ သို့မဟုတ် ဘုရားသခင်၏ လူမျိုးများ ဖြစ်သည့် လူများ ဖြစ်သည်။ ဤသည်မှာ လူတို့၏ အယူအဆများနှင့် သဟဇာတ မဖြစ်ဆုံးသောအရာ ဖြစ်သည်။ အနာဂတ်တွင် ငါ၏ အိမ်၌ ဝေစုတစ်ခု ရှိကြမည့် သူများသည် ငါ၏ရှေ့တွင် ဆောင်ယူခြင်းကို ခံရပြီးဖြစ်သော သူအားလုံး ဖြစ်ကြသည်။ ဤသည်မှာ လုံးဝ မှန်ကန်သည်၊ မည်သည့်အခါမျှ မပြောင်းလဲသကဲ့သို့ ငြင်းပယ်၍မရနိုင်ပေ။ ယင်းသည် စာတန်အား တန်ပြန်တိုက်ခိုက်ခြင်း တစ်ခု ဖြစ်သည်။ ငါ ကြိုတင်ခွဲခန့်မှတ်သားထားသောသူ မည်သူမဆိုသည် ငါ၏ ရှေ့တွင် ဆောင်ယူခြင်း ခံရကြမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀၄)

ဘုရားသခင်၏ ပေါ်ထွန်းခြင်းဟူသည်မှာ ဘုရားသခင်က သူ၏အလုပ်ကို ကိုယ်တိုင်ကိုယ်ကျလုပ်ရန်အတွက် လောကသို့ ဆိုက်ရောက်လာခြင်းကို ရည်ညွှန်းသည်။ ခေတ်တစ်ခေတ်ကို အစပြုသည့်အမှုနှင့် ခေတ်တစ်ခေတ်ကို အဆုံးသတ်သည့်အမှုတို့ကို လုပ်ဆောင်ရန် သူ၏ကိုယ်ပိုင်လက္ခဏာနှင့် စိတ်သဘောထား၊ ထို့ပြင် သူ့နည်းသူ့ဟန်နှင့် လူသားများအလယ်သို့ သူဆင်းကြွလာသည်။ ဤပေါ်ထွန်းခြင်းမျိုးသည် အခမ်းအနားအသွင် တစ်ခု မဟုတ်ပါ။ ယင်းမှာ သင်္ကေတတစ်ခုလည်းမဟုတ်၊ ပုံဆောင်မှု တစ်ခု၊ အံ့သြဖွယ်တစ်ခု၊ သို့မဟုတ် ခမ်းနားသည့် မြင်ကွင်းတစ်ခုလည်း မဟုတ်ပေ။ ထို့အပြင် ဘာသာရေးဖြစ်စဉ်မျိုး သာ၍ပင် မဟုတ်ပေ။ ၎င်းသည် စစ်မှန်သည့် အချက်အလက် တစ်ခုဖြစ်ပြီး ကိုင်တွယ်တို့ထိနိုင်သော၊ မည်သူမဆို မြင်နိုင်သောအရာ ဖြစ်သည်။ ဤပေါ်ထွန်းခြင်းမျိုးသည် ဟန်ဆောင် လုပ်ပြခြင်းအလို့ငှာ မဟုတ်ပေ၊ သို့မဟုတ် မည်သည့်ရေတိုတာဝန်ုအလို့ငှာ မဟုတ်ပေ၊ စင်စစ်အားဖြင့် သူ၏စီမံခန့်ခွဲမှုအစီအစဉ်ရှိ အလုပ်အဆင့် တစ်ဆင့်အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် အမြဲအဓိပ္ပာယ်ရှိသည့်အပြင် သူ၏စီမံခန့်ခွဲမှု အစီအစဉ်နှင့်လည်း ဆက်စပ်မှုအချို့ အမြဲရှိသည်။ ဤနေရာ၌ပြောသည့် ပေါ်ထွန်းခြင်း ဆိုသည်မှာ လူသားကို ဘုရားသခင် လမ်းပြ၊ ဦးဆောင်ပြီး ဉာဏ်အလင်းပေးသည့် “ပေါ်ထွန်းခြင်း” နှင့် လုံးဝမတူပါ။ ဘုရားသခင်သည် မိမိကိုယ်မိမိ ထုတ်ဖော်ပြသည့် အကြိမ်တိုင်း၌ ကြီးမြတ်သော သူ့အလုပ်၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင် လေ့ရှိသည်။ ထိုအလုပ်သည် အခြားမည်သည့်ခေတ်၏ အလုပ်နှင့်မဆို ကွဲပြားခြားနားသည်။ လူသားအနေဖြင့် မစဉ်းစားတတ်သည့်အလုပ်၊ မည်သည့်အခါကမျှ မကြုံတွေ့ဖူးသော အလုပ်ဖြစ်သည်။ ၎င်းသည် ခေတ်ဟောင်းကို အဆုံးသတ်ပြီး ခေတ်သစ်တစ်ခေတ်ကို အစပြုသော အလုပ်ဖြစ်သည်၊ လူတို့ကို ကယ်တင်ခြင်းအတွက် အသစ်သော အလုပ်ပုံစံတစ်ခု၊ သာ၍ကောင်းသော အလုပ်ပုံစံတစ်ခု ဖြစ်သည်။ ထို့အပြင် လူသားများကို အသစ်သောခေတ်ထဲသို့ ပို့ဆောင်ပေးသည့် အလုပ်လည်း ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းမှာ ထိုသဘောကိုဆောင်သည်။

...ငါတို့သည် ဘုရားသခင်၏ ခြေလှမ်းများကို ရှာဖွေနေကြသည့်အတွက်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့် နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများ ရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသော နေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။ ဘုရားသခင်၏ ခြေလှမ်းများကို ရှာသောအခါ၌ “ဘုရားသခင်သည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။” ဟူသည့် နှုတ်ကပတ်တော်များကို သင်တို့ လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားကို ရရှိသောအခါ၌ ပင်လျှင်၊ ဘုရားသခင်၏ ခြေလှမ်းများကို သူတို့ရှာတွေ့ပြီဟု မယုံကြည်ကြသည့်အပြင်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သာ၍ပင် အသိအမှတ် မပြုကြပေ။ အလွန်ပင် စိုးရိမ်ဖွယ်ကောင်းလှသော အမှားပေတကား။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် လူတို့၏ အယူအဆများနှင့် ကိုက်ညီနိုင်ခြင်း မရှိပေ။ လူက တောင်းဆိုသည့် ပုံစံဖြင့် ဘုရားသခင် ပို၍ပင် မပေါ်ထွန်းနိုင်ချေ။ ဘုရားသခင်သည် မိမိ၏အလုပ်ကို လုပ်သောအခါ၌၊ မိမိကိုယ်ပိုင် ရွေးချယ်ချက်များနှင့် မိမိကိုယ်ပိုင်အစီအစဉ်များကို ချမှတ်သည်။ ထို့အပြင် သူ၌ မိမိကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် မိမိကိုယ်ပိုင် နည်းစနစ်များ ရှိသည်။ မည်သည့်အလုပ်ကို သူလုပ်သည်ဖြစ်စေ၊ လူနှင့်တိုင်ပင်ဖို့ သို့မဟုတ် လူ့ထံမှ အကြံဉာဏ်တောင်းဖို့ မလိုအပ်ပေ၊ အယောက်စီတိုင်းကို သူ၏အလုပ်အကြောင်း အသိပေးဖို့လည်း သာ၍ပင် မလိုအပ်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်သည့်အပြင် လူတိုင်းက ယင်းကို သိသင့်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်တွေ့လိုလျှင်၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လိုလျှင်၊ ရှေးဦးစွာ သင်၏ ကိုယ်ပိုင် အယူအဆများကို ထားခဲ့ရမည်ဖြစ်သည်။ ဘုရားသခင်ကို သင်၏ ကိုယ်ပိုင် အကန့်အသတ်များထဲတွင် ထားပြီး သင်၏ကိုယ်ပိုင် အယူအဆများအတွင်း သူ့ကို ကန့်သတ် ထားရန်တို့ကို မဆိုထားနှင့်၊ ဘုရားသခင်ကို ဟိုအရာလုပ်၊ သည်အရာလုပ်ဟုပင် မတောင်းဆိုရပေ။ ထိုအစား ဘုရားသခင်၏ ခြေလှမ်းများကို သင်တို့ မည်သို့ရှာဖွေရမည်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မည်သို့ လက်ခံရမည်၊ ပြီးလျှင် ဘုရားသခင်၏ အသစ်သော အလုပ်ကို မည်သို့ နာခံရမည်တို့ကို သင့်ကိုယ်သင် တောင်းဆိုသင့်သည်၊ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ လူသည် သမ္မာတရား မဟုတ်သည့်အပြင် သမ္မာတရားကိုလည်း မပိုင်ဆိုင်သောကြောင့် သူ့အနေဖြင့် ရှာဖွေကာ လက်ခံပြီး ကျိုးနွံနာခံသင့်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏

အကယ်၍ လူများသည် ကျေးဇူးတော်ခေတ်တွင် ဆက်လက် သောင်တင်နေပါက၊ ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားကို သိရန် မဆိုထားနှင့်၊ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဘယ်သောအခါမျှ ဖယ်ရှားလိမ့်မည် မဟုတ်ပေ။ အကယ်၍ လူများသည် ကျေးဇူးတော်အလျှံပယ်ကြား အမြဲ အသက်ရှင်သော်လည်း၊ ဘုရားသခင်ကို သိရန် သို့မဟုတ် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ၎င်းတို့ကို အခွင့်ပေးသည့် အသက်လမ်းခရီး မရှိကြပါက၊ ၎င်းတို့သည် ကိုယ်တော်၌ ၎င်းတို့၏ ယုံကြည်မှုတွင် သူ့ကို မည်သည့်အခါတွင်မျှ အမှန်တကယ် ရရှိလိမ့်မည်မဟုတ်ပေ။ ဤယုံကြည်မှုမျိုးသည် ဧကန်အမှန် သနားစဖွယ် ဖြစ်သည်။ ဤစာအုပ်ကို သင်ဖတ်ပြီးသည့်အခါ၊ နိုင်ငံတော်ခေတ်ထဲက လူ့ဇာတိခံ ဘုရားသခင်၏ အမှု အဆင့်တိုင်းကို သင် တွေ့ကြုံပြီးချိန်တွင်၊ နှစ်ပေါင်းများစွာ သင်၌ ရှိခဲ့သည့် စိတ်ဆန္ဒများသည် နောက်ဆုံးတွင် တကယ်ဖြစ်ပေါ်လာပြီ ဖြစ်သည်ကို သင်ခံစားရပေမည်။ ယခုမှသာ ဘုရားသခင်ကို မျက်နှာချင်းဆိုင် သင် အမှန်တကယ် မြင်တွေ့ရပြီ၊ ယခုမှသာ သူ၏ မျက်နှာကို ကြည့်ရပြီ၊ သူ၏ ကိုယ်တိုင်ကိုယ်ကျ မိန့်မြွက်ချက်များကို ကြားရပြီ၊ သူ၏ အမှု၏ ဉာဏ်ပညာကို နားလည်သဘောပေါက်ပြီး သူသည် မည်မျှ လက်တွေ့ကျပြီး အနန္တတန်ခိုးရှင် ဖြစ်သည်ကို အမှန်တကယ် သိရပြီဟု သင်ခံစားရလိမ့်မည်။ ယခင်ခေတ်က လူများ မမြင်ခဲ့ဖူးသကဲ့သို့ မပိုင်ဆိုင်ခဲ့ဖူးသည့် အရာများစွာကို သင် ရရှိပြီးဖြစ်သည်ဟု သင်ခံစားသိလိမ့်မည်။ ဤအချိန်တွင်၊ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာဖြစ်သည်ဆိုသည်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီဖို့ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိလိမ့်မည်။ ဟုတ်ပေ၏၊ သင်သည် အတိတ်၏ အမြင်များကို တွယ်ဖက်ပြီး ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း အချက်ကို ပယ်ချပါက၊ သို့မဟုတ် ငြင်းပယ်ပါက၊ သင်သည် မည်သည့်အရာမျှ မရရှိဘဲ လက်ချည်းသက်သက် ဖြစ်နေလိမ့်မည်ဖြစ်ပြီး၊ နောက်ဆုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအပြစ်ရှိသည်ဟု ကြေညာခံရလိမ့်မည်။ သမ္မာတရားကို ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်၏ အမှုကို ကျိုးနွံနာခံနိုင်သော သူတို့သည် ဒုတိယအကြိမ် လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမတော်အောက်တွင် အကျုံးဝင်လိမ့်မည်။ ၎င်းတို့သည် သာ၍ များပြီး သာ၍ မြင့်မားသည့် သမ္မာတရားများအပြင် စစ်မှန်သော အသက်ကို ရရှိရင်း၊ ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ လမ်းပြမှုကို လက်ခံနိုင်လိမ့်မည်။ ၎င်းတို့သည် အတိတ်က လူတို့ လုံးဝ မမြင်ဖူးကြသည့် ရူပါရုံကိုလည်း ရှုမြင်ကြရလိမ့်မည်။ “ထိုသို့ ငါနှင့်စကားပြော၍ အသံမြည်သော သူကို မြင်ခြင်းငှာ ငါသည် လှည့်ကြည့်လျှင်၊ ရွှေမီးခွက်ခုနစ်လုံးကိုလည်းကောင်း၊ ထိုမီးခွက်ခုနစ်လုံး အလယ်၌ လူသားတော်နှင့်တူသော သူတစ်ဦးကိုလည်းကောင်း မြင်၏။ ထိုသူသည် ခြေသို့တိုင်အောင် ဝတ်ခြုံလျက် ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ခေါင်းတော်နှင့် ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့လည်းကောင်း၊ မိုဃ်းပွင့်ကဲ့သို့ လည်းကောင်း ဖြူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ ခြေတော်သည်လည်း မီး၌ ချွတ်ပြီးသော ကြေးဝါစစ်နှင့် တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ဖြစ်၏။ လက်ျာလက်တော်သည်လည်း ကြယ်ခုနစ်လုံးကိုကိုင်၏။ ခံတွင်းတော်ထဲကလည်း ထက်သော သန်လျက်ထွက်၏။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သော နေကဲ့သို့ဖြစ်၏။” (ဗျာဒိတ်ကျမ်း ၁:၁၂-၁၆) ဤရူပါရုံသည် ဘုရားသခင်၏ စိတ်သဘောထား တစ်ရပ်လုံး၏ ဖော်ပြချက်ဖြစ်ပြီး သူ၏စိတ်သဘောထား တစ်ရပ်လုံး ဖော်ပြခြင်းသည် သူ၏ လက်ရှိအချိန် လူ့ဇာတိခံယူခြင်းထဲက ဘုရားသခင်၏ အမှု၏ ဖော်ပြချက်လည်း ဖြစ်သည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း တစ်ပုံတစ်ပင်ထဲတွင် လူသားသည် ယောဟန်တွေ့မြင်ခဲ့သော လူသားမျက်နှာ၏ တိကျသော သရုပ်ဖော်ချက်တစ်ခုဖြစ်သည့် လူသား၏ စစ်မှန်သော မျက်နှာကို သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံသူအားလုံးအား မြင်ခွင့်ပေးရင်း၊ မိန့်မြွက်ချက်များအားဖြင့် သူ၏ ပင်ကိုစိတ်သဘောထားကို ဖော်ပြလေသည်။ (ဟုတ်ပေ၏၊ ဤအရာ အားလုံးသည် နိုင်ငံတော်ခေတ်တွင် ဘုရားသခင်၏အမှုကို လက်မခံသော သူများအဖို့ မြင်၍ရနိုင်လိမ့်မည် မဟုတ်ပေ။) ဘုရားသခင်၏ မျက်နှာအစစ်ကို လူတို့၏ ဘာသာစကားကို သုံးလျက် အပြည့်အဝ ရှင်းရှင်းလင်းလင်းပြောဆို၍ မရနိုင်ပေ၊ ထို့ကြောင့် ဘုရားသခင်သည် မိမိ၏ မျက်နှာအစစ်ကို လူတို့ထံ ပြသရန် သူ၏ ပင်ကိုစိတ်သဘောထားကို ဖော်ပြသည့် နည်းလမ်းအား အသုံးပြုလေသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် ကြီးမြတ်လွန်းပြီး လူဘာသာစကားကို အသုံးပြုလျက် အပြည့်အဝ ရှင်းလင်းပြောဆို၍ မရနိုင်သည့်အတွက်၊ လူ၏ ပင်ကိုစိတ်သဘောထားကို နားလည်ပြီးသော သူအားလုံးသည် လူသား၏ စစ်မှန်သော မျက်နှာကို မြင်တွေ့ပြီးဖြစ်သည်ဟု ဆိုရပေမည်။ လူသည် နိုင်ငံတော်ခေတ်တွင် ဘုရားသခင်၏ အမှု၏ အဆင့်အသီးသီးကို တွေ့ကြုံပြီးသည်နှင့် တစ်ပြိုင်နက်၊ မီးခွက်များအလယ် လူသားဟု ပြောသည့်အချိန် ယောဟန်၏ စကားများ၏ စစ်မှန်သော အဓိပ္ပာယ်ကို သိပေလိမ့်မည်။ “ခေါင်းတော်နှင့် ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့၎င်း၊ မိုဃ်းပွင့်ကဲ့သို့၎င်းဖြူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ ခြေတော်သည်လည်း မီး၌ ချွတ်ပြီးသော ကြေးဝါစစ်နှင့် တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ဖြစ်၏။ လက်ျာလက်တော် သည်လည်း ကြယ်ခုနစ်လုံးကိုကိုင်၏။ ခံတွင်းတော်ထဲကလည်း ထက်သော သန်လျက်ထွက်၏။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သော နေကဲ့သို့ဖြစ်၏။” ထိုအချိန်တွင်၊ များစွာပြောဆိုပြီးဖြစ်သော ဤသာမန်လူ့ဇာတိသည် သိသိသာသာ ဒုတိယ လူ့ဇာတိခံ ဘုရားသခင် ဖြစ်သည်ကို သံသယကင်းစွာ သင်သိလိမ့်မည်။ ထို့ပြင်၊ သင်မည်မျှ ကောင်းချီးခံစားရသည်ကို အမှန်တကယ် သင်ခံစားရလိမ့်မည်ဖြစ်ပြီး မိမိကိုယ်ကို ကံအကောင်းဆုံး ဖြစ်သည်ဟု ခံစားရလိမ့်မည်။ ဤကောင်းချီးမင်္ဂလာကို လက်ခံရန် သင် လိုလားလျက် မရှိသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား

ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့ပြီး ကမ္ဘာမြေကြီးပေါ်တွင် ထားရှိခဲ့ကာ ထိုအချိန်ကတည်းက ၎င်းတို့ကို ဦးဆောင်ပြီးဖြစ်သည်။ ထို့နောက် သူသည် ၎င်းတို့ကို ကယ်တင်ခဲ့ပြီး လူသားမျိုးနွယ်အတွက် အပြစ်ဖြေရာယဇ် အဖြစ် အစေခံခဲ့သည်။ အဆုံးတွင် သူသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ရဦးမည်၊ လူသားများကို လုံးဝ ကယ်တင်ရဦးမည် ဖြစ်ပြီး၊ ၎င်းတို့ကို ၎င်းတို့၏ မူလ ပုံသဏ္ဌာန်သို့ ပြန်ဖြစ်စေရဦးမည် ဖြစ်သည်။ ဤသည်မှာ အစအဦးကတည်းက သူလုပ်ဆောင်နေပြီဖြစ်သည့် အမှုဖြစ်သည့် လူသားမျိုးနွယ်ကို ၎င်း၏မူရင်း ပုံသဏ္ဌာန်နှင့် ရုပ်ဆင်းသဏ္ဌာန်သို့ ပြန်ဖြစ်စေခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူ၏နိုင်ငံတော်ကို တည်ထောင်လိမ့်မည် ဖြစ်ပြီး လူသားများ၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်နှင့် ဖန်ဆင်းခံများအားလုံး အလယ်တွင် သူ၏ ဩဇာအာဏာကို နဂိုအတိုင်း ပြန်ဖြစ်စေမည် ဖြစ်သည်။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးနောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးအပြင်၊ ဖန်ဆင်းခံများ ရှိသင့်သည့် လုပ်ငန်းဆောင်တာကိုလည်း ဆုံးရှုံးခဲ့ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်ကို ပုန်ကန်သော ရန်သူတစ်ဦး ဖြစ်လာခဲ့သည်။ လူသားမျိုးနွယ်သည် စာတန်၏ အာဏာအောက်တွင် အသက်ရှင်ခဲ့ပြီး စာတန်၏ ကြိုးကိုင်ညွှန်ကြားခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ဖန်ဆင်းခံများ ကြားတွင် အလုပ်လုပ်ရန် နည်းလမ်း မရှိခဲ့သကဲ့သို့၊ ၎င်းတို့၏ ကြောက်ရွံ့ခြင်းကို သာ၍ပင် မရရှိနိုင် ဖြစ်လာခဲ့သည်။ လူသားများသည် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခံခဲ့ရပြီး ဘုရားသခင်ကို ကိုးကွယ်သင့်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျောခိုင်းခဲ့ကြကာ ယင်းအစား စာတန်ကို ကိုးကွယ်ခဲ့ကြသည်။ စာတန်သည် ၎င်းတို့ စိတ်နှလုံးများထဲတွင် အကိုးကွယ်ခံ ဖြစ်လာခဲ့သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးများတွင် သူ၏ရပ်တည်မှုကို ဆုံးရှုံးခဲ့ရ၏၊ ယင်းမှာ သူသည် လူသားမျိုးနွယ်အား ဖန်ဆင်းခြင်း နောက်ကွယ်က အဓိပ္ပာယ်ကို ဆုံးရှုံးခဲ့သည်ဟု ဆိုရပေမည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို သူဖန်ဆင်းခြင်း နောက်ကွယ်က အဓိပ္ပာယ်ကို ပြန်လည်ရယူရန်၊ သူသည် ၎င်းတို့၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်း ပြန်ဖြစ်စေရမည်ဖြစ်ပြီး လူသားမျိုးနွယ်ကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ဖယ်ရှားပစ်ရမည် ဖြစ်သည်။ စာတန်ထံမှ လူသားများကို ပြန်လည်ရယူရန်၊ သူသည် ၎င်းတို့ကို အပြစ်မှ ကယ်တင်ရမည်။ ဤနည်းလမ်းဖြင့်သာ ဘုရားသခင်သည် ၎င်းတို့၏ မူလရုပ်ဆင်းသဏ္ဌာန်နှင့် လုပ်ငန်းဆောင်တာကို တဖြည်းဖြည်း နဂိုအတိုင်း ပြန်ဖြစ်စေနိုင်ပြီး၊ နောက်ဆုံးတွင် သူ၏နိုင်ငံတော်ကို နဂိုအတိုင်း ပြန်ဖြစ်စေနိုင်ပေသည်။ လူသားတို့အား ဘုရားသခင်ကို သာ၍ကောင်းမွန်စွာ ကိုးကွယ်စေရန်နှင့် ကမ္ဘာမြေပေါ်၌ သာ၍ ကောင်းစွာအသက်ရှင်စေရန် ဤပုန်ကန်သောသားတို့ကို အပြည့်အဝဖျက်ဆီးခြင်းကိုလည်း အဆုံး၌ ဆောင်ရွက်လိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့သောကြောင့်၊ သူသည် ၎င်းတို့ကို သူ့အား ကိုးကွယ်စေမည် ဖြစ်သည်။ သူသည် လူသားမျိုးနွယ်၏ မူလ လုပ်ငန်းဆောင်တာကို နဂိုအတိုင်းပြန်ဖြစ်စေလိုသောကြောင့်၊ ယင်းကို လုံးဝ နဂိုအတိုင်းပြန်ဖြစ်စေမည် ဖြစ်ပြီး မည်သည့် မစင်ကြယ်မှုမျှ ရှိစေမည် မဟုတ်ပေ။ သူ၏ ဩဇာအာဏာကို နဂိုအတိုင်းပြန်ဖြစ်စေခြင်း ဆိုသည်မှာ လူသားများအား သူ့ကို ကိုးကွယ်စေကာ ကျိုးနွံနာခံစေခြင်း ဖြစ်သည်။ ယင်းမှာ ဘုရားသခင်သည် လူသားများကို သူ့ကြောင့် အသက်ရှင်စေလိမ့်မည် ဖြစ်ပြီး သူ၏ဩဇာအာဏာ၏ အကျိုးဆက်အနေဖြင့် သူ၏ရန်သူများကို ပျက်စီးစေလိမ့်မည်ဟု ဆိုလိုသည်။ ယင်းမှာ ဘုရားသခင်သည် မည်သူထံကမျှ ခုခံမှုမရှိစေဘဲ သူနှင့် ပတ်သက်သည့် အရာရာတိုင်းကို လူသားများအလယ်တွင် ဖြစ်ပေါ်စေမြဲ ဖြစ်ပေါ်စေလိမ့်မည်ဟု ဆိုလိုသည်။ သူတည်ထောင်လိုသော နိုင်ငံတော်သည် သူ၏ကိုယ်ပိုင် နိုင်ငံတော် ဖြစ်သည်။ သူအလိုရှိသော လူသားမျိုးနွယ်သည် သူ့ကို ကိုးကွယ်သူ၊ သူ့ကို လုံးဝ ကျိုးနွံနာခံသူနှင့် သူ၏ဘုန်းအသရေကို ပိုင်ဆိုင်သူ ဖြစ်သည်။ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို မကယ်တင်ပါက၊ လူသားမျိုးနွယ်ကို သူဖန်ဆင်းခြင်း နောက်ကွယ်က အဓိပ္ပာယ်သည် ပျောက်ဆုံးလိမ့်မည် ဖြစ်သည်။ သူသည် လူသားများအလယ်တွင် နောက်ထပ် ဩဇာအာဏာ ရှိတော့မည် မဟုတ်သကဲ့သို့၊ သူ၏ နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် တည်ရှိနိုင်တော့မည် မဟုတ်ပေ။ သူ့ကို ပုန်ကန်သော ရန်သူများကို ဘုရားသခင် မဖျက်ဆီးပါက၊ သူသည် မိမိ၏စုံလင်သော ဘုန်းအသရေကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ကမ္ဘာမြေကြီးပေါ်တွင် သူ၏နိုင်ငံတော်ကိုလည်း တည်ထောင်နိုင်လိမ့်မည် မဟုတ်ပေ။ ဤသည်တို့မှာ သူ၏အမှု စုံလင်ခြင်းနှင့် လူသားမျိုးနွယ် အလယ်ရှိ သူ့ကို ပုန်ကန်သော သူများကို လုံးဝဖျက်ဆီးရန်နှင့် စုံလင်စေခြင်း ခံရပြီးသူများကို ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ကြဉ်းဖို့ ဖြစ်သည်။ သူ၏ ကြီးမားသည့် အောင်မြင်ခြင်း အမှတ်လက္ခဏာများ ဖြစ်လိမ့်မည်။ လူသားများကို ၎င်းတို့၏ မူလ ပုံသဏ္ဌာန်အတိုင်း ပြန်ဖြစ်စေပြီးသည့်အချိန်နှင့်၊ ၎င်းတို့သည် ၎င်းတို့၏ သက်ဆိုင်ရာ တာဝန်များကို ဖြည့်ဆည်းနိုင်ချိန်၊ ၎င်းတို့၏ ကိုယ်ပိုင် မှန်ကန်သော နေရာများကို ထိန်းသိမ်းပြီး ဘုရားသခင်၏ အစီအစဉ်များ အားလုံးကို ကျိုးနွံနာခံသည့်အချိန်တွင်၊ ဘုရားသခင်သည် သူ့ကို ကိုးကွယ်သည့် ကမ္ဘာမြေကြီးပေါ်ရှိ လူတစ်စုကို ရရှိပြီးဖြစ်လိမ့်မည် ဖြစ်ကာ ကမ္ဘာမြေကြီးပေါ်ရှိ သူ့ကို ကိုးကွယ်သော နိုင်ငံတော်တစ်ခုကိုလည်း တည်ထောင်ပြီးဖြစ်လိမ့်မည်။ သူသည် ကမ္ဘာမြေကြီးပေါ်တွင် ထာဝရ အောင်မြင်ခြင်းကို ရရှိလိမ့်မည် ဖြစ်ပြီး၊ သူ့ကိုဆန့်ကျင်သူ အားလုံးသည် ထာဝရကာလပတ်လုံး ပျက်စီးကြလိမ့်မည်။ ဤအရာသည် လူသားမျိုးနွယ်အား ဖန်ဆင်းရာတွင် သူ၏ မူလရည်ရွယ်ချက်ကို နဂိုအတိုင်းပြန်ဖြစ်စေလိမ့်မည် ဖြစ်သည်။ ယင်းသည် အရာခပ်သိမ်းအား ဖန်ဆင်းရာတွင် သူ၏ ရည်ရွယ်ချက်ကို နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည် ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် အရာခပ်သိမ်းအလယ်နှင့် သူ၏ ရန်သူများအလယ်တွင် သူ၏ဩဇာအာဏာကိုလည်း နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်။ ဤသည်တို့မှာ သူ၏ လုံးဝဥဿုံ အောင်မြင်ခြင်း သင်္ကေတများဖြစ်လိမ့်မည်။ ထိုအချိန်မှစ၍ လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်လိမ့်မည် ဖြစ်ပြီး၊ လမ်းကြောင်းမှန်ပေါ်တွင် ရှိသည့် အသက်တာတစ်ခု စတင်လိမ့်မည်။ ဘုရားသခင်သည်လည်း ထာဝရ ငြိမ်သက်ခြင်းချမ်းသာထဲသို့ လူသားမျိုးနွယ်နှင့်အတူ ဝင်ရောက်လိမ့်မည် ဖြစ်ပြီး၊ သူကိုယ်တိုင်နှင့် လူသားများ အတူတကွမျှဝေသည့် ထာဝရအသက်တစ်ခုကို စတင်လိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ ညစ်ညမ်းမှုနှင့် ပုန်ကန်ခြင်းတို့သည် ပျောက်ကွယ်ပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ ငိုကြွေးမြည်တမ်းခြင်း အားလုံးသည် ကွယ်ပျောက်ပြီးဖြစ်လိမ့်မည်၊ ပြီးလျှင် ဤကမ္ဘာလောကထဲက ဘုရားသခင်ကို ဆန့်ကျင်သည့် အရာရာတိုင်းသည် တည်ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်နှင့် ကယ်တင်ခြင်းသို့ သူ ဆောင်ကြဉ်းပြီးဖြစ်သည့် လူများသာ ကျန်ရှိလိမ့်မည်။ သူ၏ ဖန်ဆင်းခြင်းသာ ကျန်ရှိလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

ဆက်စပ်မှုရှိသော ဇာတ်ကားကောက်နုတ်ချက်များ

ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်ဘုံတွင်ရှိသလား၊ သို့မဟုတ် ကမ္ဘာပေါ်တွင် ရှိသလား

ကျွနိုပ်တို့အတွက် သခင် ပြင်ဆင်ထားသော နေရာသည် အဘယ်တွင်နည်

ဆက်စပ်မှုရှိသော တရားဒေသနာများ

ချီဆောင်ခံရခြင်းဆိုသည်မှာ အမှန်တကယ်တွင် မည်သည့်အရာဖြစ်သနည်း

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

ပလ္လင်တော်ရှေ့သို့ ကျွန်ုပ်တို့ချီပင့် ခံရ

လူသားအပေါ် ဘုရား ပေးတဲ့ အကြီးမားဆုံး ကောင်းချီး

ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ

အနန္တတန်ခိုးရှင်ဘုရားကို ကျေးဇူးတင်ချီးမွမ်းပါတယ်

အရှေ့သို့- ၃။ “သခင်ပြန်ကြွလာသောအခါ သူသည် လူတို့၏ ပုံစံကို ရုတ်ခြည်းပြောင်းလဲပြီး ၎င်းတို့အား သန့်ရှင်းစေလိမ့်မည်” ဟူသည့် ဘာသာရေးလောက၏ အယူအဆ

နောက်တစ်ခုသို့- ၅။ “အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က ယုံကြည်သော ဘုရားသည် သာမန်လူသားတစ်ဦးဖြစ်သည်” ဟူသည့် ဘာသာရေးလောက၏ အယူအဆ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။