
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ အတွဲ (၄)
အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်းအန္တိခရစ်တို့ကို ဖော်ထုတ်ခြင်းသည် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏တွင် စတုတ္ထမြောက်အတွဲဖြစ်သည်။ ဤစာအုပ်သည် အသင်းတော်များထဲတွင် နောက်ဆုံးသောကာလ ခရစ်တော်တည်းဟူသော အနန္တတန်ခိုးရှင်ဘုရားသခင် ဟောပြောသည့် ဒေသနာများ၊ မိတ်သဟာယများနှင့်ပတ်သက်သော အထူးအတွဲများ ဖြစ်သည်။ ဘုရားသခင်သည် အန္တိခရစ်တို့၏ စိတ်သဘောထားများနှင့်ဆိုင်သော သရုပ်သကန်တိုင်းကို နှံ့နှံ့စပ်စပ်ဖော်ထုတ်ကာ ယင်းတို့ကို လူတို့အတွက် အပြည့်အဝ ရှင်းလင်းစေပြီး အန္တိခရစ်တို့၏ သဘာဝအနှစ်သာရကို ပိုင်းခြားသိမြင်ရာတွင် သိသာထင်ရှားစွာ ထောက်ကူပေးလေသည်။ အန္တိခရစ်တို့၏ စိတ်သဘောထားများသည် စာတန်ဆန်သော စိတ်သဘောထားများဖြစ်ကာ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ စိတ်သဘောထားနှင့် တူညီ၏။ လူတစ်ဦးသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရရန် သန့်စင်ခြင်းမခံရနိုင်မီ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို လက်ခံရမည်။ အန္တိခရစ်ကို ဖော်ထုတ်သည့် ဤသမ္မာတရားများသည် သတိပေးခြင်း၊ နှိုးဆော်ခြင်း၊ ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းတို့အဖြစ် အသုံးဝင်ကာ ယင်းတို့သည် သမ္မာတရားကို နားလည်ခြင်း၊ မိမိကိုယ်ကို သိမြင်ခြင်းနှင့် သန့်စင်ခြင်းကို ရရှိခြင်းတို့အတွက် အလွန်အမင်း အကျိုးပြုသည်။ အန္တိခရစ်တို့ကို ပိုင်းခြားသိမြင်ခြင်းအားဖြင့်သာ လူတစ်ဦးသည် အခြားသူများ၏ အထင်အမြင်မှားစေခြင်းကို ရှောင်ကြဉ်နိုင်ကာ အခြားလူများကို ပုဂ္ဂိုလ်ရေး ကိုးကွယ်ခြင်းနှင့် လိုက်လျှောက်ခြင်းတို့အား ရပ်တန့်နိုင်ပြီး ထိုအစား ဘုရားသခင်နောက် လိုက်လျှောက်ခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ကိုးကွယ်ခြင်း ရလဒ်ကို စွမ်းဆောင်ရရှိနိုင်သည်။
နောက်ဆုံးသောကာလခရစ်တော်၏ မိန့်မြွက်ချက်များ