အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၉)
၂။ အန္တိခရစ်တို့၏ အကျိုးစီးပွားများ
ဃ။ ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာ
၄။ အန္တိခရစ်များက “အစေခံသူ” ဟူသည့် အမည်နာမကို မည်သို့မှတ်ယူပုံ
ယနေ့တွင် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များထဲမှ အချက်ကိုးနှင့်ပတ်သက်၍ ငါတို့ ဆက်လက် မိတ်သဟာယပြုမည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည်ဟူ၍ ဖြစ်သည်။ ဤအချက်နှင့်အတူ မိတ်သဟာယအတွက် ငါတို့၏ အဓိကအကြောင်းအရာမှာ အန္တိခရစ်များ၏ အကျိုးစီးပွားများအပေါ် စိစစ်မှုတစ်ခုဖြစ်ပြီး ယနေ့တွင် အန္တိခရစ်များ၏ အကျိုးစီးပွားများထဲမှ စတုတ္ထအချက်အတွင်းရှိ စတုတ္ထမြောက် အကြောင်းအရာခွဲဖြစ်သော “အစေခံသူ”ဟူသည့် အမည်နာမကို ၎င်းတို့ သဘောထားပုံအား ငါတို့ မိတ်သဟာယပြုမည်ဖြစ်ပြီး အန္တိခရစ်များက ဤအမည်နာမအား မည်သို့ သဘောထားကြသည်ကို ငါတို့ စိစစ်မည် ဖြစ်သည်။ ယခုချိန်ထိတိုင် ဘုရားသခင်နောက် လိုက်ပြီးဖြစ်သည့်သူများသည် “အစေခံသူ”ဟူသည့် စကားနှင့် ရင်းနှီးအကျွမ်းဝင်ကြပြီး ၎င်းတို့ထဲမှ အများစုက ၎င်းတို့ စိတ်နှလုံးများတွင် ဤအမည်နာမကို အခြေခံအားဖြင့် လက်ခံကြပြီးဖြစ်သည်။ ၎င်းတို့၏ စိတ်ခံစားချက်အရဖြစ်သော အထုံအရ ဤအမည်နာမတွင် မည်သည့် အတိုက်အခံမျှ မရှိပေ။ သို့သော် လူတစ်ဦးသည် အစေခံသူတစ်ဦးဖြစ်သည်ဟု အတိအကျပြောဆိုခြင်းနှင့် ပတ်သက်လာသည့်အခါ ထိုလူက မတရားဆက်ဆံခံရသည်ဟု ခံစားရလျက် ဤသို့ အမှန်တကယ် အခေါ်မခံချင်သကဲ့သို့ အမှန်တကယ် အစေခံသူတစ်ဦးမဖြစ်ချင်ဘဲ တွန့်ဆုတ်မှုနှင့် မလိုလားမှုကို အဓိက ဖော်ပြလေသည်။ လူတို့၏ ထုတ်ဖော်ပြသမှုများမှ အကဲဖြတ်သော် ၎င်းတို့၏ စိတ်ခံစားချက်အရဖြစ်သော အထုံများအရ “အစေခံသူ” ဟူသည်မှာ မကောင်းသည့် အမည်နာမတစ်ခု မဟုတ်ကြောင်းကို ၎င်းတို့ သဘောတူကြသော်လည်း အရှိအတိုင်းဖြစ်သော ရှုထောင့်အမြင်တစ်ခုမှ ကြည့်သော် လူတို့သည် ခွဲခြားဆက်ဆံခြင်း၊ ရန်လိုခြင်းနှင့် မလိုလားမှုနှင့်ပင် သက်ဆိုင်သော အရိပ်လက္ခဏာအချို့ဖြင့် “အစေခံသူ”ဟူသည့် အမည်နာမကို သဘောထားကြဆဲ ဖြစ်သည်။ ၎င်းတို့သည် ထိုအမည်နာမအပေါ် ဤခံယူချက်များ ရှိကြသည်။ “အစေခံသူ”ဟူသည့် အမည်နာမကို လူတို့က မည်သည့်အရာ တွေးထင်ကြသည်ဖြစ်စေ၊ ၎င်းတို့က ထိုအရာကို ရိုးသားစစ်မှန်စွာ လက်ခံနိုင်ပြီး အစေခံသူတစ်ဦး ဖြစ်နိုင်သည်ဖြစ်စေ၊ မဖြစ်နိုင်သည်ဖြစ်စေ၊ ဤအမည်နာမနှင့်ပတ်သက်၍ ၎င်းတို့ တွေးထင်သည့်အရာက လူ၏ မသန့်စင်မှုများစွာနှင့် အလိုဆန္ဒများစွာ ပါရှိသည်ဖြစ်စေ၊ မပါရှိသည်ဖြစ်စေ သင်တို့အားလုံးအနေဖြင့် “အစေခံသူ”ဟူသည့် အမည်နာမနှင့်ပတ်သက်၍ သင်တို့စိတ်နှလုံးများတွင် မှန်ကန်တိကျသော သိနားလည်မှုနှင့် အတွေးအမြင်တစ်ခု ရှိလာနိုင်ကြဖို့အလို့ငှာ ယနေ့တွင် အစေခံသူတစ်ဦးက မည်သည့်အရာ အတိအကျဖြစ်သည်၊ ဘုရားသခင်၏ အမြင်တွင် “အစေခံသူ”ဟူသည့် အမည်နာမကို မည်သို့ အတိအကျ အဓိပ္ပာယ်ဖွင့်ဆိုထားပြီး အမျိုးအစားသတ်မှတ်ထားသည်၊ ဘုရားသခင် ပြောဆိုသည့် ဤအစေခံသူများ၏ အနှစ်သာရက မည်သည့်အနှစ်သာရ ဖြစ်သည်ဆိုသည်နှင့် “အစေခံသူ”ဟူသည့် စကားကို ဘုရားသခင်က မည်သို့ သဘောထားပြီး ယင်းက ထိုအမည်နာမအား လူတို့ သဘောထားပုံနှင့် မည်သို့ ကွာခြားသည်ဟူသည်တို့ကို ငါတို့ ပထမဆုံး မိတ်သဟာယပြုမည် ဖြစ်သည်။
(က) “အစေခံသူ” ဟူသော အမည်နာမ၏ အနက်အဓိပ္ပာယ်နှင့် ဇာစ်မြစ်
“အစေခံသူ”ဟူသည့် စကားလုံးသည် တစ်စုံတစ်ရာအတွက် အလုပ်လုပ်ပြီး အားထုတ်မှုပြုသော လူတစ်ဦးဟု တိုက်ရိုက် ဆိုလိုသည်။ ဤအမည်နာမကို ရာထူးအရ ငါတို့ အကဲဖြတ်လျှင် ထိုအရာက ယာယီအချိန်ကာလတစ်ခုအတွက် အသုံးပြုခြင်းခံရသည့် တစ်စုံတစ်ဦးကို ရည်ညွှန်းသည်။ ဆိုလိုသည်မှာ တစ်စုံတစ်ဦးသည် အစေခံသူတစ်ဦးအဖြစ် သဘောထားခြင်းခံရပြီး အလုပ်တစ်ခုကို စလုပ်လျှင် သို့မဟုတ် လုပ်ငန်းတစ်ခုတွင် အလုပ်ဝင်ရလျှင် ဤသည်မှာ ၎င်းတို့ တာဝန်ယူလုပ်ကိုင်သည့် ရေရှည်လုပ်ငန်း အသက်မွေးဝမ်းကျောင်း သို့မဟုတ် အလုပ်အကိုင် မဟုတ်ဘဲ ထို့ထက် ယာယီသာ ဖြစ်သည်။ ၎င်းတို့သည် ဤလုပ်ငန်း သို့မဟုတ် အလုပ်အကိုင်တွင် အားထုတ်မှုအချို့ ပြုပြီး ခဏတာမျှ အစေခံရန် ယာယီစေခိုင်းခံရခြင်းဖြစ်သည်။ ၎င်းတို့တွင် အလားအလာများမရှိ၊ အနာဂတ်မရှိသကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ အကျိုးအမြတ်များ မရရှိကြပေ။ မည်သည့်တာဝန်ကိုမျှ ၎င်းတို့ တာဝန်ယူဆောင်ရွက်ရန် မလိုပေ။ ၎င်းတို့၏ အလုပ်အတွက် ၎င်းတို့ လစာပေးခံရခြင်းမျှသာ ဖြစ်သည်။ ၎င်းတို့ကို တာဝန်ပေးထားသည့် အလုပ် ပြီးစီးသည့်အခါ ၎င်းတို့ကို မလိုအပ်တော့သကဲ့သို့ ၎င်းတို့က မိမိတို့၏ လစာကိုသာ ယူပြီး သွားလိုက်ကြသည်။ တိုတိုပြောရလျှင် ထိုအရာသည် ယာယီဖြစ်ပြီး လိုအပ်သည့်အခါတွင် ၎င်းတို့ အလုပ်လုပ်ခိုင်းခံရခြင်း ဖြစ်သည်။ ဤသည်မှာ အစေခံသူတစ်ဦးနှင့် ပတ်သက်သည့် တိုက်ရိုက် သိနားလည်မှု ဖြစ်သည်။ လူသားမျိုးနွယ်၏ စိတ်ကူးများအတိုင်း “အစေခံသူ”ဟူသည့် စကားလုံးကို ငါတို့ အနက်ပြန်လျှင် အစေခံသူများကို “စာချုပ်ဖြင့်ငှားရမ်းသောလုပ်သား” နှင့် “ယာယီလုပ်သား” များ၊ အလုပ်တစ်ခု သို့မဟုတ် လုပ်ငန်းတစ်ခုအတွက် ယာယီ အလုပ်လုပ်သည့်လူများ သို့မဟုတ် အားထုတ်မှုပြုသည့် လူများအဖြစ် ရည်ညွှန်းထားသည်။ ၎င်းတို့၏ တစ်ခုတည်းသော ဆက်စပ်မှုသည် အလုပ်တစ်ခုအတွက် ၎င်းတို့ကို လိုအပ်သော အချိန်ကာလအတွက် ဖြစ်ပြီး ထိုအချိန်ကာလ ကုန်ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ၎င်းတို့တွင် မည်သည့်တန်ဖိုးမျှ မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို မလိုအပ်တော့သကဲ့သို့ ၎င်းတို့တွင် နောက်ထပ် အသုံးဝင်မှုတန်ဖိုး မရှိတော့သောကြောင့်ဖြစ်သည်။ ၎င်းတို့၏ တန်ဖိုးက ထိုအချိန်အတောအတွင်းတွင် ကုန်ဆုံးသွားပြီဖြစ်သည်။ ဤသည်မှာ “အစေခံသူ”ဟူသည့် စကားလုံးနှင့်စပ်လျဉ်း၍ လူတို့ နားလည်ကာ မြင်နိုင်သည့် တိုက်ရိုက်အဓိပ္ပာယ်ဖြစ်သည်။ လူသား ဘာသာစကားက ဖော်ပြနိုင်သည့် အဓိပ္ပာယ်၊ ဆိုလိုသည်မှာ ဘုရားသခင် ပြောဆိုထားသည့်အတိုင်း လူသားများ နားလည်သဘောပေါက်နိုင်သည့် “အစေခံသူ”ဟူသည့် အမည်နာမ၏ အဓိပ္ပာယ်အတွင်းတွင် သမ္မာတရားနှင့် ကိုက်ညီသည့် အဓိပ္ပာယ်အဆင့်တစ်ခု ရှိသလော။ ပုံမှန် လူ့သဘာဝ၊ ဆင်ခြင်တုံတရားတို့နှင့် ကိုက်ညီသည့် အဓိပ္ပာယ်အဆင့်တစ်ခု ရှိသလော။ စစ်မှန်သော ဖန်ဆင်းခံများအဖြစ် လူတို့ နားလည်သင့်သည့် အဓိပ္ပာယ်အဆင့်တစ်ခု ရှိသလော။ ဘုရားသခင်က ဤအမည်နာမအား သဘောထားပုံနှင့်စပ်လျဉ်းသည့် အဓိပ္ပာယ်အဆင့်တစ်ခု ရှိသလော။ (မရှိပါ။) မရှိသည်ကို သင်တို့ မည်သို့ သိကြသနည်း။ သင်တို့ အခက်တွေ့ကြသည်၊ ထိုအရာကို မရှင်းပြနိုင်ကြပေ။ သင်တို့ထဲတွင် တက္ကသိုလ်ကျောင်းသားများ၊ ဘွဲ့ရကျောင်းသားများ၊ ပါရဂူဘွဲ့ရ ကျောင်းသားများနှင့် ပါမောက္ခများ ရှိကြသည့်တိုင် သင်တို့ထဲမှ မည်သူကမျှ ဤအရာကို ရှင်းလင်းစွာ မရှင်းပြနိုင်ပေ၊ မှန်သလော။ (မှန်ပါသည်။) ဤသည်မှာ အသိပညာနှင့် သမ္မာတရားကြား ခြားနားချက် ဖြစ်သည်။ သင်သည် ပညာတတ် ဖြစ်ကောင်းဖြစ်နိုင်သည်၊ “အစေခံမှု” နှင့် “ပြုသူ”ဟူသည့် ဝေါဟာရတစ်ခုချင်းကို သင် သိကောင်းသိနိုင်သကဲ့သို့ ဤဝေါဟာရများက စကားလုံးတစ်လုံး ဖွဲ့ရန်၊ လူတစ်မျိုးနှင့် လူတစ်စုကို ဖော်ပြဖို့အတွက် ပေါင်းစပ်လိုက်သည့်အခါ ဤလူများ၏ အနှစ်သာရ၊ ၎င်းတို့၏ သရုပ်သကန်များနှင့် လူသားမျိုးနွယ်အားလုံးကြား ၎င်းတို့၏ အဆင့်အတန်းကို သင် နားလည်နိုင်သည်။ သို့သော် ဤစကားလုံးကို သမ္မာတရား၏ ရှုထောင့်အမြင်နှင့် ဖန်ဆင်းခံတစ်ဦး၏ ရှုထောင့်အမြင်မှ သင် နားမလည်နိုင်သည့်အခါတွင် သင်၏ သိနားလည်မှုသည် မည်သည့်နေရာမှ အတိအကျ လာသနည်း။ သင် နားလည်လာသည့် ဤစကားလုံး၏ အနှစ်သာရသည် မည်သည့်အရာ အတိအကျဖြစ်သနည်း။ ထိုအရာသည် ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်မှလည်းကောင်း၊ ဤလူ့အဖွဲ့အစည်းမှလည်းကောင်း၊ လူသားမျိုးနွယ်၏ အသိပညာမှလည်းကောင်းလာသည့် “အစေခံသူ”ဟူသော စကားလုံးနှင့်ဆိုင်သည့် သိနားလည်မှုတစ်ခု ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူသားမျိုးနွယ်၏ အသိပညာသည် သမ္မာတရားနှင့် သဟဇာတဖြစ်သလော သို့မဟုတ် သမ္မာတရားနှင့် ဆန့်ကျင်လိုသလော။ (သမ္မာတရားနှင့် ဆန့်ကျင်လိုပါသည်။) သို့ဆိုလျှင် သင်သည် ဤစကားလုံးနှင့်ဆိုင်သည့် ဤသိနားလည်မှုနှင့် သဘောပေါက်ခြင်းတို့ ရှိသည့်အခါ သင်သည် ဘုရးသခင်ကို ဆန့်ကျင်ရာတွင် ရပ်တည်နေသလော သို့မဟုတ် ဘုရားသခင်နှင့် သဟဇာတဖြစ်သည့်ဘက်တွင် ရပ်တည်နေသလော။ သိသာထင်ရှားစွာပင် သင်သည် ဤစကားလုံးကို သင်၏ အသိပညာဖြင့်၊ သင်၏ ဦးနှောက်ဖြင့် သိနားလည်ပြီး သဘောပေါက်နားလည်သည့်အခါ ဘုရားသခင်ကို ဆန့်ကျင်ရာတွင် အလိုအလျောက်၊ အမှုမဲ့အမှတ်မဲ့ ရပ်တည်နေပေသည်။ သင်သည် ဤစကားလုံးကို နားလည်ရန် သင်၏ အသိပညာကို အသုံးပြုသည့်အခါ သင် နားလည်ပြီးဖြစ်သည့် အရာများက သင့်ကို “အစေခံသူ”ဟူသည့် စကားလုံးအပေါ် အတိုက်အခံဖြစ်ခြင်း၊ ရွံရှာခြင်း၊ စက်ဆုပ်ခြင်းနှင့် မုန်းတီးမှုပင် မလွဲမသွေ ဖြစ်စေသည်။ ဤနေရာတွင် ကျိုးနွံနာခံမှု တစ်ခုတလေရှိသလော။ စစ်မှန်သည့် လက်ခံမှု တစ်ခုတလေ ရှိသလော။ (မရှိပါ။) လူအချို့က “ကောင်းသည့် စကားများကို ကျွန်ုပ် လက်ခံသော်လည်း ဤမကောင်းသည့် စကားလုံးကို အဘယ်ကြောင့် လက်ခံသင့်သနည်း။ ထိုအရာအပေါ် မည်သည့် အတိုက်အခံမျှ ကျွန်ုပ် မခံစားရခြင်းက လုံလောက်ပေသည်။ ဥပမာအနေဖြင့် ‘သရဖူတစ်ခု ရရှိခြင်း’၊ ‘ဆုလာဘ်များ ရရှိခြင်း’၊ ‘ကောင်းချီးခံစားရခြင်း’၊ ‘နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်း’၊ ‘ကောင်းကင်ဘုံသို့ တက်ရခြင်း’၊ ‘ငရဲသို့ မသွားခြင်း’၊ ‘အပြစ်ဒဏ်ပေးမခံရခြင်း’ နှင့် ‘သားဦးတစ်ဦးဖြစ်ခြင်း’ဟူသကဲ့သို့သော အပြုသဘောဆောင်သည့် ဝေါဟာရများကို ကျွန်ုပ် လက်ခံသည်။ ဤသည်မှာ သဘာဝကျပေသည်။ လူ၏ သာမန် တုံ့ပြန်ချက်ဖြစ်ပြီး ဤသည်တို့မှာ လူတို့ လိုက်စားသင့်သည့် အရာများ ဖြစ်သည်။ ‘ဆိုးယုတ်သော လူများ’၊ ‘အန္တိခရစ်များ’၊ ‘အပြစ်ဒဏ်ပေးခံရခြင်း’ နှင့် ‘ငရဲသို့သွားရခြင်း’ဟူသကဲ့သို့သော အပျက်သဘောဆောင်သည့် ဝေါဟာရများအတွက်မူ ထိုဝေါဟာရများကို လက်ခံခြင်းအား မည်သူမျှ မနှစ်သက်ပါ။ “အစေခံသူ”ဟူသည့် ဝေါဟာရသည် ကြားနေဖြစ်သော်လည်း ကျွန်ုပ်၏ သိနားလည်မှုအရ ထိုအရာကို ကျွန်ုပ် လက်မခံနိုင်သကဲ့သို့ ထိုအရာကို အထင်အမြင်မသေးခြင်းက ကျွန်ုပ်အတွက် တော်သင့်လောက်ပေသည်။ အကယ်၍ ကျွန်ုပ်သည် ထိုအရာကို လိုလားစွာ လက်ခံပြီး ကျိုးနွံနာခံကာ ဘုရားသခင်ထံမှ ခံယူမည်ဆိုလျှင်၊ ယင်းမှာ တကယ့်ကို မဖြစ်နိုင်ပါ”ဟု ပြောကြသည်။ ဤသည်မှာ လူတို့ တွေးထင်သည့် ပုံစံမဟုတ်လော။ (ဟုတ်ပါသည်။) ဤတွေးခေါ်ပုံတွေးခေါ်နည်းသည် မှန်ကန်သလော၊ သို့မဟုတ် မှားယွင်းသလော။ (မှားယွင်းပါသည်။) ထိုအရာ မှားယွင်းသည်ဟု သင် မည်သည့်အချိန်တွင် သိရှိလာခဲ့သနည်း။ ယခုလေးတင်ဖြစ်သည်၊ မှန်သလော။ ယင်းမှာ ပြဿနာတစ်ခု ဖြစ်သည်။ ဤအရာ မှားယွင်းသည်ကို သင် ယခုလေးတင် သိရှိလာခဲ့ခြင်း ဖြစ်သည်။ ဤအရာကို သဘောမပေါက်မီတွင် သင်သည် အပြင်ပန်းတွင် “အစေခံသူ”ဟူသည့် အမည်နာမကို လက်ခံရရှိပြီးဖြစ်သည့်ပုံပေါ်ပြီး ထိုအရာကို သင်က ခံစားချက်အရ လက်ခံနှင့်ခဲ့ပြီးဖြစ်ကာ ဤလက်ခံမှုသည် မှန်ကန်သလော သို့မဟုတ် မှားယွင်းသလော။ (မှားယွင်းပါသည်။) သိသာရှင်းလင်းစွာပင် ထိုအရာသည် မမှန်ကန်သကဲ့သို့ ထိုအရာကို သင် အပြည့်အဝ လက်ခံဖို့ လိုလားခြင်းလည်း မရှိပေ။ ဤနေရာတွင် မုသား၊ ဟန်ဆောင်မှုနှင့် စိတ်မပါခြင်းတို့ရှိပြီး သင့်ထံတွင် အခြားရွေးချယ်စရာမရှိဟူသည့် ခံစားချက်တစ်ခုလည်း ရှိခဲ့သည်။
ငါတို့ ယခုတင် မိတ်သဟာယပြုခဲ့သည့်အရာသည် “အစေခံသူ”ဟူသည့် အမည်နာမနှင့် စပ်လျဉ်း၍ လူတို့၏ စစ်မှန်သော တုံ့ပြန်ချက်များနှင့် သရုပ်သကန်များဖြစ်ပြီး ယင်းတို့က ဤအမည်နာမအပေါ် လူတို့၏ သဘောထားမှာ စိတ်မပါသည့် သဘောထားတစ်ခု၊ ခွဲခြားဆက်ဆံကာ ရွံရှာသည့် သဘောထားတစ်ခုဖြစ်ပြီး ၎င်းတို့၏ စိတ်နှလုံးအတွင်းမှ အတိုက်အခံလုပ်သည့် သဘောထားတစ်ခုဖြစ်သည်ကို အပြည့်အဝ ထုတ်ဖော်လျက် ဤအမည်နာမအပေါ် လူတို့၏ အယူအဆများ၊ အမြင်များနှင့် သဘောပေါက်နားလည်မှုတို့ကို အပြည့်အဝ ထင်ရှားစေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် အစေခံသူများဖြစ်ခြင်းကို အထင်အမြင်သေးကြသောကြောင့်၊ “အစေခံသူ”ဟူသည့် အမည်နာမကို အထင်သေးကြသောကြောင့်၊ အစေခံသူများဖြစ်ဖို့ လိုလားခြင်းမရှိသကဲ့သို့ အစေခံသူများဖြစ်ခြင်းကို မုန်းကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ ဤအမည်နာမအပေါ် လူတို့၏သိနားလည်မှုနှင့် သဘောထားဖြစ်သည်။ ယခုတွင် ဘုရားသခင်က အစေခံသူများအား မြင်ပုံ၊ “အစေခံသူ”ဟူသည့် စကားလုံး ဖြစ်လာပုံ၊ ဤအမည်နာမ၏ အနှစ်သာရက ဘုရားအမြင်တွင် မည်သည့်အရာဖြစ်ပြီး ၎င်း၏ ဇာစ်မြစ်က မည်သည့်အရာ ဖြစ်သည်ဟူသည်တို့ကို အတိအကျ ကြည့်ကြစို့။ လူသားမျိုးနွယ်၏ အသုံးအနှုန်းကို အသုံးပြုရလျှင် “အစေခံသူ”၏ တိုက်ရိုက် အဓိပ္ပာယ်မှာ ယာယီအလုပ်သမားတစ်ဦး၊ လုပ်ငန်းတစ်ခု သို့မဟုတ် အလုပ်တစ်ခုတွင် ယာယီ ဝန်ဆောင်မှုပေးသူတစ်ဦးနှင့် ယာယီအကြောင်းရင်းတစ်ခုအရ လိုအပ်သောသူတစ်ဦးဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်တွင်၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားအိမ်တော်တွင် အစေခံသူများဟု ခေါ်သည့် ဤလူစုသည် မရှိမဖြစ်ဖြစ်သည်။ ဤလူများက ဘုရားအိမ်တော်သို့၊ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် နေရာသို့ လာသည့်အခါ ဘုရားသခင်၏ အမှုတော် သို့မဟုတ် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ကို မဆိုထားနှင့်၊ ဘုရားသခင်အကြောင်း သို့မဟုတ် ဘုရားသခင်၌ ယုံကြည်ခြင်းအကြောင်းကို ဘာမျှ မသိကြပေ။ ၎င်းတို့က မည်သည့်အရာကိုမျှ နားမလည်ကြပေ။ ၎င်းတို့က အပြင်လူများ၊ ဘာသာတရားမရှိသောသူများသာ ဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင် ဘာသာတရားမရှိသူများဖြစ်သည့် လူများက ဘုရားအိမ်တော်သို့ လာကြသည့်အခါ သူ့အတွက် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နိုင်သနည်း။ မည်သည့်အရာကိုမျှ ၎င်းတို့ မလုပ်ဆောင်နိုင်ဟု ပြော၍ရကောင်းရနိုင်သည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပြည့်ကာ ဘုရားသခင်ကို လုံးဝ မသိကြသောကြောင့်၊ ပြီးလျှင် လူတို့၏ သဘာဝအနှစ်သာရကြောင့် ၎င်းတို့ လုပ်ဆောင်နိုင်သမျှမှာ ဘုရားသခင်က ၎င်းတို့အား လုပ်ဆောင်ရန် ညွှန်ကြားသမျှကို လုပ်ဆောင်ခြင်းသာ ဖြစ်လေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို မည်သည့်အဆင့်သို့ ရောက်သည်ဖြစ်စေ လိုက်လျှောက်ကြသည်။ ဘုရားနှုတ်ကပတ်တော်များအပေါ် ၎င်းတို့ သဘောပေါက်နားလည်နိုင်သမျှအထိသာ ၎င်းတို့၏ အသိပညာက ကျယ်ပြန့်သည်။ ၎င်းတို့က သူ၏ နှုတ်ကပတ်တော်များကိုသာ သိပြီး ထိုနှုတ်ကပတ်တော်များနှင့်ဆိုင်သည့် သိနားလည်မှု လုံးဝ မရှိကြပေ။ ဤလူများသည် ၎င်းတို့အား ဘုရားသခင်က လုပ်ဆောင်ရန် တောင်းဆိုသည့် အလုပ်တိုင်းကို မထုံတက်သေးဖြင့် ပူးပေါင်းပါဝင်ကြသည်။ ၎င်းတို့သည် လုံးဝ မထုံတက်သေးဖြစ်ပြီး မတက်ကြွကြပေ။ ဤတွင် “မလှုပ်မယှက်ဖြစ်သော”ဟူသည်မှာ ဘုရားသခင်က မည်သည့်အရာ လုပ်ဆောင်မည်ကို ၎င်းတို့ မသိကြ၊ ဘုရားသခင်က ၎င်းတို့အား လုပ်ဆောင်ရန် စေခိုင်းသည့်အရာကို ၎င်းတို့ မသိကြ၊ ၎င်းတို့အား ဘုရားသခင် စေခိုင်းသည့် အလုပ်၏ အရေးပါမှု သို့မဟုတ် တန်ဖိုးကို ၎င်းတို့ မသိကြသကဲ့သို့ ၎င်းတို့ လိုက်လျှောက်နေသင့်သည့် လမ်းကြောင်းကို ၎င်းတို့ မသိကြဟု ဆိုလိုသည်။ ဘုရားအိမ်တော်သို့ လာသည့်အခါ ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့အား မောင်းသည့်ပုံစံဖြင့်သာ လည်ပတ်လျက်ရှိသည့် စက်ယန္တရားများကဲ့သို့ ဖြစ်သည်။ ၎င်းတို့ထံမှ မည်သည့်အရာကို ဘုရားသခင် လိုအပ်သနည်း။ သင်တို့ သိကြသလော။ (လူတို့သည် ဘုရားသခင် တရားစီရင်ဖို့အတွက် သမ္မာတရားကို ဖော်ပြခြင်းခံရသည့်သူများ ဖြစ်သည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ အပြုခံများဖြစ်သည်။) ဤသည်မှာ ကဏ္ဍတစ်ခု ဖြစ်သည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ အပြုခံများဖြစ်၏။ အခြားမည်သည့်အရာ ရှိသေးသနည်း။ လူတို့၏ ဆုကျေးဇူးများမှာရော အဘယ်သို့နည်း။ (ဟုတ်ပါသည်။) ပုံမှန်လူ့သဘာဝနှင့်ဆိုင်သည့် စဉ်းစားတွေးခေါ်ခြင်းကော အဘယ်သို့နည်း။ (ဟုတ်ပါသည်။) သင်သည် ပုံမှန်လူ့ဘာဝနှင့်ဆိုင်သည့် စဉ်းစားတွေးခေါ်ခြင်းရှိလျှင်သာ ဘုရားက သင့်ကို အသုံးပြုသည်။ သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိလျှင် အစေခံသူတစ်ဦး ဖြစ်ဖို့ပင် အရည်အချင်း မပြည့်မီပေ။ အခြားမည်သည့်အရာ ရှိသနည်း။ (လူတို့၏ ကျွမ်းကျင်မှုများနှင့် အထူးပါရမီများဖြစ်သည်။) ဤအရာများသည် ဆုကျေးဇူးများတွင် ပါဝင်ပြီး ယင်း၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ လူတို့ပိုင်ဆိုင်သည့် အမျိုးမျိုးသော ကျွမ်းကျင်မှုများ ဖြစ်သည်။ အခြား မည်သည့်အရာရှိသနည်း။ (ဘုရားသခင်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်ချက် ဖြစ်သည်။) ဤသည်မှာလည်း ယင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် နာခံကာ ကျိုးနွံနာခံရန် ပြင်းပြသောဆန္ဒဖြစ်ပြီး ထိုအရာကို အပြုသဘောဆောင်သည့်အရာများအား ချစ်ရန်နှင့် အလင်းကို ချစ်ရန် လူတို့၏ လိုအင်ဆန္ဒအဖြစ်လည်း ပြော၍ရနိုင်သည်မှာ အမှန်ဖြစ်၏။ နာခံကာ ကျိုးနွံနာခံဖို့ ပြင်းပြသော ဆန္ဒမှာ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်ချက်ဖြစ်သော်လည်း ဤအရာကို ပြောဆိုဖို့ အသင့်တော်ဆုံးသော နည်းလမ်းမှာ အဘယ်နည်း။ (နာခံကာ ကျိုးနွံနာခံဖို့ ပြင်းပြသောဆန္ဒ ဖြစ်သည်။) မှန်ပေ၏၊ “ပြင်းပြသောဆန္ဒ”ဟူသည့် စကားလုံးမှာ ယှဉ်ကြည့်လျှင် ပိုမိုယေဘုယျဆန်ပြီး သာ၍ ကျယ်ပြန့်သော အပိုင်းအခြား ပါဝင်သည်။ ငါတို့အနေဖြင့် “စိတ်ပိုင်းဖြတ်ချက်”ဟူသည့် စကားလုံးကို အသုံးပြုလျှင် နယ်ပယ်မှာ အတော်အတန် ပိုမိုကျဉ်းမြောင်းသည်။ ထို့အပြင် “ပြင်းပြသောဆန္ဒ”သည် ယှဉ်ကြည့်လျှင် “စိတ်ပိုင်းဖြတ်ချက်”ထက် အတိုင်းအတာအားဖြင့် ပိုမိုပေါ့ပါးသည်။ ယင်းမှာ သင့်တွင် ပြင်းပြသော ဆန္ဒတစ်ခုရှိပြီးနောက် အမျိုးမျိုးသော စိတ်ပိုင်းဖြတ်ချက်များကို သင် တဖြည်းဖြည်း ဖြစ်စေသည်ဟု ဆိုလိုပေသည်။ စိတ်ပိုင်းဖြတ်ချက်များက ပိုမိုတိကျသည်၊ ပြင်းပြသော ဆန္ဒများမှာမူ အတော်အတန် ပိုမို ယေဘုယျဆန်သည်။ ဖန်ဆင်းရှင်နှင့်ပတ်သက်သရွေ့ ဤသည်တို့မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထံမှ ဘုရားသခင် လိုအပ်သည့်အရာအချို့ ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု၊ ဘုရားသခင်၏ အနှစ်သာရ၊ ဘုရားသခင်၏ မိန့်မြွက်ချက်များ၊ ဘုရားသခင်၏ စိတ်သဘောထားတို့နှင့်ပတ်သက်၍ တစ်ခုမျှ လုံးဝကို မသိရှိသည့် အပြင်လူတစ်ဦးက ဘုရားအိမ်တော်သို့ လာသည့်အခါ ၎င်းသည် စက်ယန္တရားတစ်ခုကဲ့သို့ဖြစ်ပြီး ဘုရားသခင်အတွက်လည်းကောင်း၊ ဘုရားသခင်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ရာတွင်လည်းကောင်း ၎င်းတို့ လုပ်ဆောင်နိုင်သည့်အရာသည် ဘုရားသခင် တောင်းဆိုသည့် စံနှုန်းဖြစ်သည့် သမ္မာတရားနှင့် အခြေခံအားဖြင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ ဘုရားသခင် အသုံးပြုနိုင်သည့် ထိုသို့သော လူတို့နှင့် သက်ဆိုင်သည့် အရာများသည် ငါတို့ ယခုတင် ဖော်ပြခဲ့သည့်အရာများ ဖြစ်သည်။ ပထမအချက်မှာ ဤလူများသည် ဘုရားနှုတ်ကပတ်တော်များကို အပ်နှင်းခံရသူများ ဖြစ်လာနိုင်ကြခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ ဤလူများ ပိုင်ဆိုင်သည့် ဆုကျေးဇူးများ ဖြစ်သည်။ တတိယမှာ ဤလူများက ပုံမှန်လူ့သဘာဝနှင့်ဆိုင်သည့် တွေးခေါ်မှု ပိုင်ဆိုင်ကြခြင်း ဖြစ်သည်။ စတုတ္ထမှာ ဤလူများပိုင်ဆိုင်သည့် အမျိုးမျိုးသော ကျွမ်းကျင်မှုများ ဖြစ်သည်။ ပဉ္စမနှင့် အရေးအကြီးဆုံးသောအရာတစ်ခုမှာ ဤလူများတွင် ဘုရားနှုတ်ကပတ်တော်များကို နာခံကာ ကျိုးနွံနာခံဖို့ ပြင်းပြသောဆန္ဒ ရှိကြခြင်း ဖြစ်သည်။ ဤအရာများအားလုံး အလွန် အရေးကြီးပေသည်။ တစ်စုံတစ်ဦးက ဤအရာများအားလုံးကို ပိုင်ဆိုင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် အစေခံမှုတွင်လည်းကောင်း၊ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက်လည်းကောင်း စတင် အလုပ်လုပ်ပြီး မှန်ကန်သည့် လမ်းကြောင်းပေါ် တရားဝင်အစပြုကြလေသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ဘုရားအိမ်တော်တွင် အစေခံသူတစ်ဦး တရားဝင် ဖြစ်လာကြခြင်း ဖြစ်သည်။
လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သကဲ့သို့ ဘုရားသခင်ကို စိုးစဉ်းမျှ မကြောက်ရွံ့သည့်အခါ ၎င်းတို့ တစ်ဦးစီအတွက် အစေခံသူ၏ အခန်းကဏ္ဍထက် အခြားအခန်းကဏ္ဍမရှိနိုင်ပေ။ ဆိုလိုသည်မှာ သင်သည် ဖြစ်လိုသည်ဖြစ်စေ၊ မဖြစ်လိုသည်ဖြစ်စေ အစေခံသူတစ်ဦးဖြစ်သည်။ ဤအမည်နာမကို သင် ရှောင်လွဲ၍မရနိုင်ပေ။ လူအချို့က “ကျွန်ုပ်၏ ဘဝတစ်လျှောက်လုံး ဘုရားကို ကျွန်ုပ် ယုံကြည်ပြီးဖြစ်သည်။ ယေရှုကို ကျွန်ုပ် စတင်ယုံကြည်ကတည်းက ယနေ့ထိတိုင် ဆယ်စုနှစ်တစ်ခု ဖြစ်လေပြီ။ ကျွန်ုပ်သည် အမှန်တကယ် အစေခံသူတစ်ဦးသာ ဖြစ်သလော”ဟု ပြောကြသည်။ ဤမေးခွန်းအပေါ် သင်တို့ အဘယ်အရာ တွေးထင်ကြသနည်း။ ဤအရာနှင့်ပတ်သက်၍ မည်သူကို ၎င်းတို့ မေးမြန်းနေခြင်း ဖြစ်သနည်း။ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကို မေးမြန်းပြီး ပြန်သုံးသပ်ဆင်ခြင်သင့်သည်။ “ယခုတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ငါ နားလည်သလော။ ယခု ငါ၏ တာဝန်ကို ငါ ထမ်းဆောင်သည့်အခါ ငါသည် အားထုတ်ရုံမျှ အားထုတ်နေခြင်း ဖြစ်သလော သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သလော။ သမ္မာတရားကို လိုက်စားကာ သိနားလည်ခြင်း လမ်းကြောင်းကို ငါ လိုက်လျှောက်နေသလော။ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ငါ ဝင်ရောက်ပြီးပြီလော။ ငါ့တွင် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံး ရှိသလော။ ငါသည် ဘုရားသခင်ကို ကျိုးနွံနာခံသည့် တစ်စုံတစ်ဦးဖြစ်သလော”ဟူ၍။ ဤအရာများကို ထည့်တွက်လျက် ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကို ပြန်သုံးသပ်ဆင်ခြင်ရမည်။ ၎င်းတို့အနေဖြင့် ဤစံသတ်မှတ်ချက်များကို ပြည့်မီပြီးဖြစ်လျှင်၊ ဘုရားသခင်၏ စမ်းသပ်မှုများကို ကြုံရချိန်တွင် ၎င်းတို့ ခိုင်မာစွာ ရပ်တည်နိုင်လျှင်၊ ဘုရားသခင်ကို ၎င်းတို့ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်လျှင် ၎င်းတို့အနေဖြင့် အစေခံသူတစ်ဦး မဟုတ်တော့သည်မှာ အမှန်ဖြစ်၏။ ဤစံသတ်မှတ်ချက်များထဲမှ တစ်ခုကိုမျှပင် ၎င်းတို့ မပြည့်မီသေးလျှင် အစေခံသူတစ်ဦးအဖြစ် မုချ ရှိနေကြဆဲဖြစ်ပြီး ဤသည်မှာ ရှောင်လွှဲ၍မရသကဲ့သို့ မလွဲမသွေ ဖြစ်သောအရာတစ်ခု ဖြစ်သည်။ လူအချို့က “ဘုရားသခင်ကို ကျွန်ုပ် အနှစ် ၃၀ ကျော် ယုံကြည်ပြီးဖြစ်သည်။ ယင်းတွင် ယေရှုကို ယုံကြည်ရင်း ကျွန်ုပ် ကုန်ဆုံးခဲ့သည့် နှစ်ကာလများပင် မပါဝင်ပါ။ ဘုရားသခင်က လူ့ဇာတိခံ၊ ပေါ်ထွန်း၊ အမှုပြုပြီး သူ၏ မိန့်မြွက်ချက်များကို စတင်ပြောဆိုသည့် ဤအချိန်ကာလကတည်းက ကျွန်ုပ်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦး ဖြစ်လေပြီ။ ကျွန်ုပ်သည် ဘုရားသခင်၏ အမှုတော်ကို ပထမဆုံး ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားရသည့် သူများထဲတွင် ပါဝင်ပြီး သူ၏ နှုတ်မှ ပြောဆိုထားသည့် နှုတ်ကပတ်တော်များကို ကြားရသည့် ပထမဆုံးသောသူများထဲတွင် ပါဝင်ခဲ့သည်။ ထိုအချိန်ကတည်းက နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီးဖြစ်ကာ ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်ကာ နောက်သို့ လိုက်နေဆဲဖြစ်သည်။ ကျွန်ုပ်သည် အကြိမ်ရေအချို့ ဖမ်းဆီးခံရပြီး နှိပ်စက်ညှဉ်းပန်းခံခဲ့ရကာ အလွန်များသော အန္တရာယ်များကို ကြုံရပြီးဖြစ်သည့်အပြင် ဘုရားသခင်က ကျွန်ုပ်ကို အမြဲ ကွယ်ကာ လမ်းပြပြီးဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်ကို လုံးဝ မစွန့်ပစ်ခဲ့ပါ။ ယခုတွင် ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် ထမ်းဆောင်နေဆဲဖြစ်သည်။ ကျွန်ုပ၏ အခြေအနေများက ပိုကောင်းမွန်သည်ထက် ကောင်းမွန်နေသည်။ ကျွန်ုပ်၏ ယုံကြည်ခြင်းက အစဉ်သဖြင့် တိုးပွားနေပြီး ဘုရားသခင်နှင့်ပတ်သက်၍ ကျွန်ုပ် သံသယ လုံးဝ မရှိပါ။ ကျွန်ုပ်သည် အမှန်တကယ် အစေခံသူတစ်ဦး ဖြစ်နေဆဲဖြစ်သလော”ဟု ပြောကြသည်။ သင်သည် မည်သူ့ကို မေးမြန်းနေခြင်း ဖြစ်သနည်း။ သင်သည် လူမှား မေးနေမိခြင်း ဖြစ်သည် မဟုတ်လော။ ဤမေးခွန်းကို သင် မမေးသင့်ပေ။ သင့်အနေဖြင့် နှစ်ပေါင်းများစွာကြာ ယုံကြည်ပြီးဖြစ်သဖြင့် သင်က အစခံသူတစ်ဦး ဟုတ်မဟုတ် ဟူသည်ကို မသိသလော။ ဤအရာကို သင် မသိလျှင် သမ္မာတရား လက်တွေ့ကျမှုကို သင် ပိုင်ဆိုင်ခြင်း ရှိမရှိ၊ ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံး သင် ပိုင်ဆိုင်ခြင်း ရှိမရှိဆိုသည်နှင့် သင့်အနေဖြင့် မကောင်းမှုကို ရှောင်ကြဉ်သည့် နည်းလမ်းတစ်ခုဖြင့် သင် ပြုမူခြင်း ရှိမရှိဟူသည်တို့ကို သင့်ကိုယ်သင် အဘယ်ကြောင့် မမေးသနည်း။ ဘုရားသခင်သည် ဤနှစ်ကာလများစွာကြာ အမှုပြုပြီးဖြစ်သည်၊ ဤနှုတ်ကပတ်တော်များစွာ ပြောဆိုပြီးဖြစ်ကာ သင်သည် မည်မျှ နားလည်ကာ ဝင်ရောက်ပြီး ဖြစ်သနည်း။ မည်မျှ သင် ရရှိပြီးဖြစ်သနည်း။ ပြုပြင်ခံရသည့် ဖြစ်ရပ်မည်မျှကိုလည်းကောင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုများ မည်မျှကိုလည်းကောင်း သင် လက်ခံပြီးဖြစ်သနည်း။ ဤအရာကို သင် လက်ခံခဲ့ချိန်တွင် သင်၏ သက်သေခံချက်၌ သင် ခိုင်မာစွာ ရပ်တည်ခဲ့သလော။ ဘုရားသခင်အတွက် သင် သက်သေခံနိုင်သလော။ ယောဘ ကြုံခဲ့ရသည့် စမ်းသပ်မှုများကဲ့သို့သော စမ်းသပ်မှုများကို သင် ကြုံရသည့်အခါ ဘုရားသခင်ကို သင် ငြင်းပယ်နိုင်စွမ်းရှိသလော။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် အတိအကျ မည်မျှ ကြီးမားသနည်း။ သင်၏ ယုံကြည်ခြင်းသည် ယုံကြည်လက်ခံမှု တစ်ခုခုမျှသာ ဖြစ်သလော သို့မဟုတ် စစ်မှန်သော ယုံကြည်ခြင်း ဖြစ်သလော။ ဤမေးခွန်းများကို သင့်ကိုယ်သင် မေးလော့။ ဤမေးခွန်းများအတွက် အဖြေများကို သင် မသိလျှင်၊ သင်သည် နားဝေတိမ်တောင် ဖြစ်သောလူတစ်ဦးဖြစ်ပြီး သင်သည် အများလုပ်သည့်အတိုင်း လိုက်လုပ်နေခြင်းသာဖြစ်သည်ဟု ငါ ပြောနိုင်သည်။ သင့်အနေဖြင့် အစေခံသူတစ်ဦးဟုပင် အခေါ်မခံရထိုက်ပေ။ “အစေခံသူ”ဟူသည့် အမည်နာမအပေါ် ဤသဘောထားမျိုး ထားရှိပြီး မိမိ၏ စိတ်နှလုံးတွင် ရှုပ်ထွေးနေသည်ချည်းသာ ဖြစ်နေသေးသော တစ်စုံတစ်ဦးသည် အလွန် သနားဖွယ်ဖြစ်သည်။ ၎င်းတို့ မည်သည့်အရာဖြစ်သည်ကိုပင် ၎င်းတို့ မသိကြပေ။ ဘုရားသခင်မှာမူ လူအားလုံးအပေါ် သူ၏ ဆက်ဆံမှုတွင် လုံးဝ ပြတ်သားကာ ရှင်းလင်းနေပေသည်။
“အစေခံသူ”ဟူသည့် စကားလုံးနှင့် စပ်လျဉ်း၍ ဘုရားသခင်၏ မူလ အဓိပ္ပာယ်က မည်သည့်အရာဖြစ်သည်ဟူသည့်အပေါ် ငါတို့ ယခုတင် မိတ်သဟာယပြုခဲ့ကြသည်။ လူတို့သည် ဘုရားအိမ်တော်ထဲသို့ ဝင်ရောက်ကြသည့်အခါ အစတွင် သမ္မာတရားကို ၎င်းတို့ နားမလည်ကြသကဲ့သို့ ပူးပေါင်းဆောင်ရွက်ရန် အမျိုးမျိုးသော ပြင်းပြသည့် ဆန္ဒများ သို့မဟုတ် စိတ်ပိုင်းဖြတ်ချက်တစ်ခုခုသာ ပိုင်ဆိုင်ကြချိန်တွင် ထိုကာလအတောအတွင်း ၎င်းတို့ ဆောင်ရွက်သည့် အခန်းကဏ္ဍမှာ အစေခံသူနှင့်ဆိုင်သည့် အခန်းကဏ္ဍသာ ဖြစ်နိုင်သည်။ “အစေခံသူ”ဟူသည့် စကားလုံးသည် ထိုမျှ နားကြား၍မကောင်းလှပေ။ ထိုစကားလုံးကို အခြားနည်းဖြင့် ပြောရလျှင် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သော အစေခံမှုတွင် အစေခံကာ အလုပ်လုပ်ရန်ဟု ဆိုလိုပေသည်။ အားထုတ်မှုပြုရန် ဆိုလိုပေသည်။ ဤလူများသည် မည်သည့် သမ္မာတရားကိုမျှ နားမလည်ကြသကဲ့သို့ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်း နားမလည်ကြပေ။ ပြီးလျှင် လူသားမျိုးနွယ်ကို ကယ်တင်ကာ စီမံခန့်ခွဲရန်ဖြစ်သော ဘုရားသခင် ပါဝင်ဆောင်ရွက်သည့် တိကျသော အမှုတော်တွင်ဖြစ်စေ၊ သမ္မာတရားနှင့်ဆက်စပ်သည့် အမျိုးမျိုးသော အလုပ်များတွင်ဖြစ်စေ မည်သည့် အားထုတ်မှုမျှ မပံ့ပိုးပေးနိုင် သို့မဟုတ် မည်သည့်နည်းနှင့်မျှ ပူးပေါင်းဆောင်ရွက်နိုင်ကြခြင်း မရှိကြချေ။ ၎င်းတို့တွင် အချို့သော ကျွမ်းကျင်မှုများနှင့် ဆုကျေးဇူးများသာရှိပြီး အထွေထွေ အရေးကိစ္စများနှင့်ဆိုင်သည့် အလုပ်တစ်ခုခုအတွက် အားထုတ်မှုအချို့သာ ပြုနိုင်ကာ အနည်းငယ်သော အရာများကို ပြောဆိုနိုင်ပြီး အဓိကမဟုတ်သော အစေခံမှု အလုပ်တစ်ခုခုကို လုပ်နိုင်ကြသည်။ ဤသည်မှာ မိမိတို့တာဝန်ကို ထမ်းဆောင်သည့် လူတို့ လုပ်ဆောင်ထားသည့် အလုပ်၏ အနှစ်သာရဖြစ်လျှင်၊ ၎င်းတို့က အစေခံမှု အခန်းကဏ္ဍတစ်ခုကိုသာ ဆောင်ရွက်နေလျှင် “အစေခံသူ”ဟူသည့် အမည်နာမကို ပယ်ရှားဖို့ ၎င်းတို့အတွက် ခက်ခဲပေသည်။ အဘယ်ကြောင့် ထိုအမည်နာမကို ပယ်ရှားဖို့ ခက်ခဲသနည်း။ ဤသည်မှာ ဤအမည်နာမအပေါ် ဘုရားသခင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပတ်သက်မှုတစ်ခုတလေ ရှိသလော။ လုံးဝ ရှိပေသည်။ လူတို့အတွက် အားထုတ်မှုအနည်းငယ်ပြုကာ မိမိတို့၏ သဘာဝ အစွမ်းအစများ၊ ၎င်းတို့၏ ဆုကျေးဇူးများနှင့် ဉာဏ်များအတိုင်း အမှုအရာများကို လုပ်ဆောင်ဖို့ အလွန် လွယ်ကူသော်လည်း သမ္မာတရားဖြင့် အသက်ရှင်ဖို့၊ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ဖို့နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ပြုမူဆောင်ရွက်ဖို့ကိုမူ အလွန်အားသွန်ခွန်စိုက် လုပ်ရပေသည်။ ထိုအရာက အချိန်၊ ဘုရားသခင်၏ လမ်းပြမှု၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် ဘုရားသခင်၏ ဆုံးမပဲ့ပြင်မှုတို့ လိုအပ်ပြီး ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ သာ၍ပင် လိုအပ်ပေသည်။ ထို့ကြောင့် ဤရည်မှန်းချက်များကို စွမ်းဆောင်ရရှိဖို့ လူတို့က အလုပ်လုပ်နေစဉ်တွင် လူတို့ အလွန်ဆုံး လုပ်ဆောင်နိုင်ပြီး ထောက်ပံ့ပေးနိုင်သည်မှာ ယခုတင် ဖော်ပြထားသည့်အရာများ ဖြစ်သည်။ ယင်းတို့မှာ ဘုရားနှုတ်ကပတ်တော်ကို လက်ခံရရှိသူများ ဖြစ်ခြင်း၊ အချို့သော ဆုကျေးဇူးများ ပိုင်ဆိုင်ခြင်းနှင့် ဘုရားအိမ်တော်၌ အသုံးဝင်မှုတစ်ခုခုရှိခြင်း၊ ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှု ပိုင်ဆိုင်ခြင်းနှင့် ၎င်းတို့အား လုပ်ဆောင်ရန် ညွှန်ကြားထားသည့် မည်သည့်အလုပ်ကိုမဆို သဘောပေါက်နားလည်ကာ ဆောင်ရွက်နိုင်ခြင်း၊ အချို့သော ကျွမ်းကျင်မှုများ ပိုင်ဆိုင်ခြင်းနှင့် ဘုရားအိမ်တော်တွင်ရှိသည့် အလုပ်တစ်ခုခုတွင် ၎င်းတို့၏ အထူး ပါရမီများကို အသုံးပြုနိုင်ခြင်းနှင့် အရေးအကြီးဆုံးမှာ နာခံကာ ကျိုးနွံနာခံဖို့ ပြင်းပြသော ဆန္ဒရှိခြင်းတို့ ဖြစ်သည်။ ဘုရားအိမ်တော်၌ အစေခံမှုပေးနေချိန်တွင်၊ ဘုရားသခင်၏ အမှုတော်အတွက် အားထုတ်မှုပြုနေချိန်တွင် နာခံကာ ကျိုးနွံနာခံဖို့ ပြင်းပြသည့်ဆန္ဒ တစ်ဆိတ်စာမျှဖြင့်ပင် သင်သည် အပျက်သဘောဆောင်လာမည် မဟုတ်သကဲ့သို့ ခိုကပ်မည် မဟုတ်ပေ။ ထိုအစား မိမိကိုယ်ကို ချုပ်တည်းခြင်းအား သင် ကျင့်သုံးရန် တတ်နိုင်သမျှ သင် လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး သာ၍များသည့် ကောင်းမွန်သော အရာများကို လုပ်ဆောင်နေစဉ်တွင် မကောင်းသည့်အရာများကို သာ၍ လျော့နည်းစွာ လုပ်ဆောင်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ လူအများစု ရှိကြသည့် အခြေအနေနှင့် အနေအထား ဖြစ်သည် မဟုတ်လော။ သင်တို့အားလုံးထဲတွင် ဤအနေအထားနှင့် အတိုင်းအတာကို စွန့်ခွာနှင့်ပြီးဖြစ်သည့် အလွန်နည်းပါးသော လူနည်းစုရှိသည်မှာ အမှန်ဖြစ်၏။ ပြီးလျှင် ဤအလွန်နည်းပါးသော လူနည်းစုက မည်သည့်အရာကို ပိုင်ဆိုင်လာကြလေပြီနည်း။ ၎င်းတို့သည် သမ္မာတရားကို နားလည်လာကြပြီးဖြစ်သည်၊ သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်လာကြပြီး ဖြစ်သည်။ ၎င်းတို့က ပြဿနာများကို ကြုံရသည့်အခါ ၎င်းတို့ ဆုတောင်းကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေနိုင်ကြပြီး သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်နိုင်ကြသည်။ နာခံကာ ကျိုးနွံခံဖို့ဖြစ်သော ၎င်းတို့၏ ပြင်းပြသည့်ဆန္ဒမှာ စိတ်ပိုင်းဖြတ်ချက်အဆင့်တွင် ရပ်တန့်ရုံမျှ ရပ်တန့်မသွားဘဲ ထို့ထက် ပြဿနာများကို ရင်ဆိုင်ရသည့်အခါ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ တက်ကြွစွာ လက်တွေ့လုပ်ဆောင်နိုင်ကြသည်၊ ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း ပြုမူဆောင်ရွက်နိုင်ကြပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခု ရှိနိုင်ကြသည်။ ၎င်းတို့သည် ထောက်ထားစာနာမှုမရှိစွာ စကားပြောခြင်း သို့မဟုတ် ပြုမူဆောင်ရွက်ခြင်း မရှိကြဘဲ ထိုအစား သတိထားကာ ဂရုစိုက်တတ်ကြသည်။ အထူးသဖြင့် ၎င်းတို့၏ ပြုပြင်ခံရခြင်းက ၎င်းတို့၏ ကိုယ်ပိုင် စိတ်ကူးများနှင့် ဆန့်ကျင်ကွဲလွဲသည့်အခါ ဘုရားသခင်ကို ၎င်းတို့ မဝေဖန်ကြ၊ သူနှင့် အကျိုးသင့်အကြောင်းသင့်ပြောဆိုခြင်း မရှိကြသကဲ့သို့ ၎င်းတို့ စိတ်နှလုံးများတွင် အတိုက်အခံဖြစ်ခြင်းကို မခံစားရကြပေ။ ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရတို့ကို အမှန်တကယ် ၎င်းတို့ လှိုက်လှိုက်လှဲလှဲ လက်ခံကြသည်။ ဤလူများနှင့် အစေခံသူများကြားတွင် ခြားနားချက်တစ်ခုတလေ ရှိသလော။ ထိုခြားနားချက်များမှာ အဘယ်နည်း။ ပထမဆုံး ခြားနားချက်မှာ ၎င်းတို့က သမ္မာတရားကို နားလည်ကြခြင်းဖြစ်ပြီး ဒုတိယမှာ သမ္မာတရားအချို့ကို လက်တွေ့လုပ်ဆောင်နိုင်ကြခြင်း ဖြစ်သည်။ တတိယအနေဖြင့် ၎င်းတို့တွင် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာတစ်ခုခု ရှိကြပြီး စတုတ္ထအနေဖြင့် ၎င်းတို့၏ နာခံမှုနှင့် ကျိုးနွံနာခံမှုတို့သည် ပြင်းပြသော ဆန္ဒများသက်သက် မဟုတ်တော့ဘဲ စိတ်ခံစားချက်အရဖြစ်သော သဘောထားတစ်ခုအဖြစ်သို့ ပြောင်းလဲပြီးဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ် ကျိုးနွံနာခံတတ်လာပြီး ဖြစ်သည်။ ပဉ္စမအနေဖြင့် ဤအချက်များထဲမှ အရေးအကြီးဆုံးနှင့် တန်ဖိုးအရှိဆုံးသောအရာမှာ ၎င်းတို့ထဲတွင် ထွက်ပေါ်ပြီးဖြစ်သည့် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးတစ်ခု ဖြစ်သည်။ ဤအရာများကို ပိုင်ဆိုင်သည့်သူများသည် “အစေခံသူများ”နှင့်ဆိုင်သည့် အမည်နာမကို ပယ်ရှားနှင့်ပြီးဖြစ်သည်ဟု ဆိုနိုင်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဝင်ရောက်မှုနှင့် ဆိုင်သည့် ၎င်းတို့၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာများအပြင် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သိမြင်မှု အဆင့်တို့မှ အကဲဖြတ်သည့်အခါ ထိုအရာသည် ၎င်းတို့က ဘုရားအိမ်တော်၌ အတတ်ပညာဆိုင်ရာ အလုပ်တစ်ခုတည်းကို လုပ်ဆောင်ခြင်းလောက် မရိုးရှင်တော့သကဲ့သို့ ၎င်းတို့အနေဖြင့် အလုပ်အနည်းအကျဉ်းကို လုပ်ဖို့ ယာယီ ဆင့်ခေါ်ခြင်းခံခဲ့ရသည့် ယာယီ အလုပ်သမားများ မဟုတ်ကြသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ ဤလူများသည် ယာယီ ဆုလာဘ်များအတွက် ဤနေရာတွင် ရှိနေကြခြင်း မဟုတ်ပေ။ ၎င်းတို့အနေဖြင့် ယာယီ အသုံးပြုဖို့အတွက် စည်းရုံးခံရခြင်း မဟုတ်သကဲ့သို့ ဤရေရှည်အလုပ်ကို ၎င်းတို့ တာဝန်ယူလုပ်နိုင်ခြင်း ရှိမရှိဟူသည်ကို မြင်ရဖို့ ၎င်းတို့ အသုံးပြုခံရသည့် အချိန်ကာလအတောအတွင်း လေ့လာစောင့်ကြည့်ခံရခြင်းလည်း မဟုတ်ပေ။ ထို့ထက် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး မိမိတို့တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်ကြသည်။ ထို့ကြောင့် ဤလူများသည် “အစေခံသူ”နှင့်ဆိုင်သည့် အမည်နာမ၊ ဂုဏ်ထူးကို ပယ်ရှားပြီးဖြစ်သည်။ ထိုသို့သော လူများကို သင်တို့ မြင်ပြီးပြီလော။ အသင်းတော်တွင် ထိုသို့သောလူများ ရှိကြ၏။ ဤလူများက မည်သူများဖြစ်ပြီး ၎င်းတို့ မည်မျှရှိသည်ကို သင်တို့ သိရှိလိုကြသော်လည်း ယခုတွင် ထိုအရာကို ငါ မပြောနိုင်။ သမ္မာတရားကို သင်တို့ နားလည်လာသည့်အခါ ၎င်းတို့ကို သင်တို့ ပိုင်းခြားသိမြင်နိုင်ကြလိမ့်မည်။ သင်တို့ သိရှိသင့်သည့်အရာမှာ သင်တို့ မည်သည့် အခြေအနေမျိုးများတွင်ရှိသည်၊ သင်တို့ရှေ့တွင်ရှိသည့် သင်တို့ လိုက်လျှောက်နေသော လမ်းကြောင်းက မည်သည့် လမ်းကြောင်းဖြစ်ပြီး မည်သည့်လမ်းကြောင်းကို သင်တို့ လိုက်လျှောက်နေသင့်သည်ဟူသည်တို့ ဖြစ်သည်။ ဤအရာများသည် သင်တို့ သိသင့်သည့်အရာများ ဖြစ်သည်။
ယခုတွင် “အစေခံသူ” ဟူသည့် အမည်နာမမှာ ဘုရားသခင်က လူတို့အပေါ် ပေးအပ်ထားခြင်း ဖြစ်သလော။ ဘုရားသခင်သည် လူတို့ကို သေးသိမ်စေရန်၊ လူတို့ကို အတန်းအစားခွဲကာ အဆင့်သတ်မှတ်ရန် ဤအမည်နာမကို အသုံးပြုခြင်းဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဘုရားသခင်က ဤအမည်နာမကို မည်သို့ သတ်မှတ်လေပြီနည်း။ လူတို့ကို ဘုရားသခင်က အမည်နာမတစ်ခု ပေးခြင်းသည် သူက ၎င်းတို့အား အမည်သညာတစ်ခုကို ကြုံရာပေးနေခြင်း မဟုတ်သကဲ့သို့ သူသည် ထိုအရာကို အပြင်ပန်း သွင်ပြင်အပေါ် အခြေခံ၍ သတ်မှတ်ခြင်းလည်း မဟုတ်ပေ။ ဤအမည်နာမသည် အမည်နာမတစ်ခုသာ မဟုတ်ပေ။ လူတစ်ဦး၏ အမည်သည် စစ်မှန်သည့် အဓိပ္ပာယ် မပါရှိသည့် သတ်မှတ်ချက်တစ်ခု၊ အမည်နာမတစ်ခုသာ ဖြစ်သည်။ ဥပမာအနေဖြင့် တရုတ်လူမျိုး မိဘအချို့က ၎င်းတို့ သမီးအနေဖြင့် ဉာဏ်ကောင်းပြီး လှပမည်ဟု မျှော်လင့်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့သမီး၏အမည်တွင် “လှပသော” ဟူသည့် စာလုံးကို အသုံးပြုကြသော်လည်း ယင်းမှာ မျှော်လင့်ချက်တစ်ခုသာ ဖြစ်ပြီး သူမ၏ အနှစ်သာရနှင့် ဘာမျှပတ်သက်မှု မရှိပေ။ သူမသည် အမှန်တကယ် ထုံထိုင်းပြီး ကြီးပြင်းလာရာတွင် ဆွဲဆောင်မှု မရှိကောင်းမရှိနိုင်ပေ။ သို့ဆိုလျှင် သူမကို “လှပသောသူ”ဟု ခေါ်ရာတွင် အဘယ်အဓိပ္ပာယ်ရှိသနည်း။ “နဂါး” သို့မဟုတ် “ကျား”တစ်ကောင် ကဲ့သို့ ဖြစ်လာရန် ရည်ရွယ်သည့် စာလုံးများကို အသုံးပြု၍ “ချင်းလုံး” သို့မဟုတ် “ချင်းဟူ”ဟု မှည့်ခေါ်ထားသည့် ယောက်ျားလေးအချို့လည်း ရှိသည်။ ထိုသို့သော အမည်များ ခေါ်ဆိုခံရခြင်းအားဖြင့် ၎င်းတို့သည် အမှန်တကယ်ပင် ရှိန်လောက်သောသူများ ဖြစ်ကြသလော။ ၎င်းတို့သည် သူရဲဘောကြောင်သူများ သို့မဟုတ် အသုံးမကျသူများ ဖြစ်ကောင်း ဖြစ်နိုင်သည်။ ဤသည်တို့မှာ မိဘများက မိမိတို့ သားသမီးများအတွက် ရှိကြသည့် မျှော်လင့်ချက်များဖြစ်သည်။ ၎င်းတို့သည် မိမိတို့သားသမီးများကို ဤကဲ့သို့သော အမည်များပေးကြပြီး ဤအမည်များက ထိုသားသမီးများ၏ အနှစ်သာရနှင့် မည်သည့်ဆက်စပ်မှုမျှ မရှိပေ။ ထို့ကြောင့် လူတို့၏ နာမည်များနှင့် အမည်နာမများသည် လူတို့၏ စိတ်ကူးများနှင့် ကောင်းမွန်သော အလိုဆန္ဒများကို သယ်ဆောင်သော်လည်း အမည်နာမများနှင့် သတ်မှတ်ချက်များသာဖြစ်ပြီး ၎င်းတို့၏ အနှစ်သာရအပေါ် အခြေခံ၍ ပေးထားခြင်း မဟုတ်ပေ။ သို့သော် ဘုရားသခင် သတ်မှတ်သည့် အမည်နာမနှင့် နာမည်များမှာ လူတို့၏ အပြင်ပန်း သွင်ပြင်ကို အခြေခံ၍ ပေးထားခြင်း လုံးဝ မဟုတ်သကဲ့သို့ ဘုရားသခင်၏ ကိုယ်ပိုင် အလိုဆန္ဒများအပေါ် အခြေခံထားခြင်းလည်း မဟုတ်သည်မှာ အမှန်ဖြစ်၏။ ဘုရားသခင်သည် လူတို့အား အစေခံသူများဖြစ်ဖို့ အလိုရှိသလော။ (အလိုမရှိပါ။) ဘုရားသခင်က “ငါသည် လူတိုင်းအား အစေခံသူများဖြစ်လာဖို့ အလိုရှိပြီး မည်သူ့ကိုမျှ ကယ်တင်ခံရဖို့ အလိုမရှိပါ”ဟု ပြောသည်ကို ဘုရားနှုတ်ကပတ်တော်များတွင် သင်တို့ ဖတ်ဖူးကြသလော။ (မဖတ်ဖူးပါ။) သို့ဆိုလျှင် ဘုရားသခင် အလိုရှိသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ လူတို့သည် ယခင်က “ဘုရားသခင်သည် လူအယောက်တိုင်းကို ကယ်တင်ခံရစေလိုပြီး မည်သူ့ကိုမျှ ထာဝရပြစ်ဒဏ်ကို မခံစားစေလိုပေ”ဟု ပြောကြပြီးဖြစ်သည်။ ဤသည်မှာ အလိုဆန္ဒ တစ်ခုဖြစ်သည်။ သို့သော် “အစေခံသူ”နှင့်ဆိုင်သည့် အမည်နာမသည် ကြုံရာကျပန်း ဖြစ်လာခဲ့ခြင်းမဟုတ်။ ထိုအရာသည် ဘုရားသခင်က “သစ်ပင်” နှင့် “မြက်” အမည်များကို သတ်မှတ်ခြင်းကဲ့သို့သာပင် ဖြစ်သည်။ သစ်ပင်များသည် ကြီးမားပြီး မြင့်မားသော အရာများဖြစ်ကာ တစ်စုံတစ်ယောက်က သစ်ပင်တစ်ပင်ကို စကားထဲထည့်ပြောသည့်အခါ သစ်ပင်သည် ကြီးမားပြီး မြင့်မားသည်ကို လူတိုင်း သိကြသကဲ့သို့ တစ်စုံတစ်ယောက် မြက်ပင်ကို စကားထဲထည့်ပြောသည့်အခါ မြက်ပင်က သေးငယ်ပြီး နိမ့်သည်ကို လူတိုင်းသိကြသည်၊ မှန်သလော။ (မှန်ပါသည်။) သို့ဆိုလျှင် “အစေခံသူ”ဟူသည် အမည်နာမကကော အဘယ်သို့နည်း။ ဤအမည်နာမသည် လူ၏ အနှစ်သာရနှင့် သရုပ်သကန်များနှင့်အညီလည်းကောင်း၊ ဘုရားအမှုတော်၏ အဆင့်နှင့်အညီလည်းကောင်း ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ အမှုတော်နှင့်အညီ သမ္မာတရားကို တဖြည်းဖြည်း နားလည်လာနိုင်ကြလျှင်၊ သမ္မာတရား လက်တွေ့ကျမှုထဲ ဝင်ရောက်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ကို စွမ်းဆောင်ရရှိနိုင်လျှင် ဤအချိန်၌ ဤအမည်နာမ ပြောင်းလဲသွားပေသည်။ ထို့ကြောင့် သင်သည် အစေခံသူများထဲမှ တစ်ဦးဖြစ်လျှင်ပင် ထိုအရာက ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို သင် ထမ်းဆောင်ခြင်းနှင့် သမ္မာတရားကို လိုက်စားကာ လက်တွေ့လုပ်ဆောင်ခြင်းတို့အား ထိခိုက်ခြင်းမရှိသကဲ့သို့ ဘုရားသခင်ကို သင်၏ ကျိုးနွံနာခံမှုနှင့် ကြောက်ရွံ့ခြင်းတို့အား သာ၍ပင် ထိခိုက်ခြင်း မရှိပေ။
“အစေခံသူ”နှင့်ဆိုင်သည့် အမည်နာမကို မည်သည့်အခါမျှ ပယ်ရှားနိုင်မည် မဟုတ်သည့် လူတစ်ဦးတလေ ရှိသလော။ (ရှိပါသည်။) မည်သည့်လူစားမျိုး ဖြစ်သနည်း။ သမ္မာတရားကို မလိုက်စားသည့် လူစားမျိုး၊ သမ္မာတရားကို ချစ်ရန်မဆိုထားနှင့် နားလည်ကောင်း နားလည်နိုင်သော်လည်း လက်တွေ့မလုပ်ဆောင်သည့် လူစားမျိုးဖြစ်ပြီး ၎င်းတို့ စိတ်နှလုံးတွင် မကြာခဏဆိုသလို သမ္မာတရားကို ပစ်ပစ်ခါခါပင် ငြင်းကာ အလွန်အမင်း မနှစ်မြို့ကြပေ။ သမ္မာတရားကို ၎င်းတို့ အလွန်အမင်း မနှစ်မြို့လျှင် အဘယ်ကြောင့် ဘုရားအိမ်တော်၌ ရှိနေကြသနည်း။ ၎င်းတို့သည် အကျိုးအမြတ်အချို့ကို ရရှိလိုသော ဆန္ဒအတွေးဖြင့် ဘုရားအိမ်တော်တွင် အနည်းငယ်အားထုတ်ကာ အပြုအမူကောင်းအချို့ကို ပြသကြလေသည်။ ၎င်းတို့သည် အပြန်အလှန်အနေဖြင့် မိမိတို့ ရရှိလိုသည့် မည်သည့် အကျိုးကျေးဇူးမဆိုအတွက် ၎င်းတို့ ပေးသည့်အဖိုးအခ၊ မိမိတို့ကိုယ်ကို ပေးအပ်ခြင်းနှင့် အသုံးခံခြင်းအပြင် မိမိတို့၏ ပျိုရွယ်ချိန်အချို့ကို ကုန်လွန်စေခြင်း၊ မိမိတို့၏ အချိန်အချို့ ကုန်ဆုံးခြင်းတို့ကို အသုံးပြုကြသည်။ ဤလူများ လိုက်လျှောက်သည့် လမ်းကြောင်းကြောင့် အဆုံးတွင် ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ မဝင်ရောက်နိုင်ကြ၊ ဘုရားသခင်အတွက် ကြောက်ရွံ့ခြင်းကို စွမ်းဆောင်ရရှိနိုင်ရန် မဆိုထားနှင့်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား စွမ်းဆောင်ရရှိနိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် အစေခံသူများအဖြစ် အစဉ်ထာဝရ သတ်မှတ်ခြင်းခံရလိမ့်မည် ဖြစ်သည်။ ဘုရားအိမ်တော်ရှိ ဤလူစားမျိုးထဲတွင် တကယ့် အဆုံးထိတိုင် အစေခံမှု ပေးနိုင်သူအချို့နှင့် မပေးနိုင်သူအချို့ရှိပြီး တကယ့်အဆုံးထိတိုင် အစေခံမှု ပေးနိုင်သူများနှင့် မပေးနိုင်သူများကြားတွင် လူ့သဘာဝအနေဖြင့် အနည်းငယ် ကွဲပြားမှုတစ်ခု ရှိပေသည်။ သမ္မာတရားကို မလိုက်စားသော်လည်း တကယ့်အဆုံးထိတိုင် အစေခံမှုပေးနိုင်သူများ ဆိုလိုသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သည့် အမှုတော် ဆက်ဖြစ်နေစဉ်တွင် ဘုရားသခင်၏ အမှုတော်အတွက် ဘုရားအိမ်တော်၌ အားထုတ်မှုတစ်ခုခု ရည်စူးဆက်ကပ်နိုင်သည့် လူတို့တွင် အတော် ကောင်းမွန်ပြီး အကျိုးပြုသော လူ့သဘာဝတစ်ခု ရှိကြသည်။ ၎င်းတို့သည် မကောင်းမှုကို မလုပ်ဆောင်ကြ၊ ၎င်းတို့ အစေခံမှု ပေးနေစဉ်တွင် အဖျက်အမှောင့်လုပ်ခြင်းများကို မဖြစ်စေကြသကဲ့သို့ အသင်းတော်မှ ဖယ်ထုတ်ပစ်ခြင်း မခံရကြပေ။ ထိုသို့သော လူတို့သည် တကယ့် အဆုံးထိတိုင် အစေခံမှု ပေးနိုင်ကြပြီး ဤသည်တို့မှာ အမြဲ အစေခံသူများဖြစ်မည့်သူများ ဖြစ်သည်။ အခြားသူများမှာမူ ၎င်းတို့၏ လူ့သဘာဝက အလွန်ဆိုးသောကြောင့်၊ ၎င်းတို့က နိမ့်ကျသည့် စရိုက်လက္ခဏာနှင့် တည်ကြည်မှု ရှိကြသောကြောင့် အစေခံမှု ပေးနေစဉ် ဘုရားအိမ်တော်၌ အမျိုးမျိုးသော အလုပ်ကို မကြာခဏ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ကြသကဲ့သို့ ဘုရားအိမ်တော်၏ အလုပ်များစွာကို ဆုံးရှုံးမှု ဖြစ်စေကြလေသည်။ ၎င်းတို့အနေဖြင့် အကြိမ်ကြိမ် ပြုပြင်ခံရသည့်အခါတွင်ဖြစ်စေ၊ သီးခြားခွဲထားခြင်း ခံရသည့်အခါတွင်ဖြစ်စေ နောင်တရရန် မသိကြသကဲ့သို့ ၎င်းတို့၏ မကောင်းသည့် နည်းလမ်းဟောင်းများဆီသို့သာ ပြန်ရောက်သွားကြသည်။ ၎င်းတို့သည် မည်သည့် သမ္မာတရားကိုမျှ လုံးဝ နားမလည်ကြ၊ သမ္မာတရားကို လက်မခံကြဘဲ ထိုအစား လက်လွတ်စပယ် ပြုမူသဖြင့် ထိုသို့သော လူများသည် ဖယ်ရှားရှင်းလင်းခြင်းခံရကြသည်။ အဘယ်ကြောင့် ၎င်းတို့ ဖယ်ရှားရှင်းလင်းခြင်း ခံရကြသနည်း။ ဤကဲ့သို့သော လူများသည် အစေခံမှုကိုပင် မပေးနိုင်ကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၌ အားထုတ်မှု တစ်ခုခုပြုနေချိန် ကောင်းစွာ အလုပ်မလုပ်နိုင်ကြသကဲ့သို့ အားထုတ်မှုပြုနေကြသော်လည်း မကောင်းမှုကိုလည်း ၎င်းတို့ လုပ်ဆောင်ကြပြီး ဘုရားအိမ်တော်နှင့် ညီအစ်ကို မောင်နှမများအား အဖိုးအခပေးစေကြသည်။ ထိုသို့သော လူများကို အသုံးပြုခြင်းသည် ဆုံးရှုံးမှုနှင့် မတန်ပေ။ ၎င်းတို့ကို ပြန်သုံးသပ်ဆင်ခြင်ဖို့ အခွင့်အရေးများ အကြိမ်ကြိမ် ပေးထားသော်လည်း အဆုံးတွင် ၎င်းတို့၏ သဘာဝ မပြောင်းမလဲရှိနေပြီး မည်သူပြောသည့်အရာကိုမျှ တစ်ခုမျှ နားမထောင်ကြပေ။ ထိုသို့သောလူများသည် ဘုရားအိမ်တော်၌ အစေခံမှုပေးရန်ပင် မထိုက်တန်သကဲ့သို့ ထိုအရာကို မတတ်စွမ်းနိုင်ကြပေ။ ထို့ကြောင့် ၎င်းတို့သည် ဖယ်ရှားခြင်းကို ခံကြရခြင်းဖြစ်သည်။
ယခုတွင် “အစေခံသူ”နှင့်ဆိုင်သည့် ဤအမည်နာမကို သင်တို့ ယေဘုယျအားဖြင့် နားလည်ကြသလော။ “အစေခံသူ”ဟူသည်မှာ လူသားမျိုးနွယ်ကို ဘုရားသခင် ပေးသည့် ခွဲခြားဆက်ဆံသော အမည်နာမတစ်ခု ဖြစ်သလော။ ဘုရားသခင်သည် လူတို့ကို သေးသိမ်စေရန် ဤအမည်နာမကို တမင်တကာ အသုံးပြုနေသလော။ လူတို့ကို ထုတ်ဖော်ကာ စစ်ကြောရန် ဘုရားသခင်က ဤအမည်နာမကို အသုံးပြုနေသလော။ လူသားများက မည်သည့်အရာ အတိအကျ ဖြစ်သည်ကို လူတို့အား သိရှိစေရန် ဘုရားသခင်က ဤအမည်နာမကို အသုံးပြုနေခြင်း ဖြစ်သလော။ ဤအရာများကို ဘုရားသခင် ရည်ရွယ်သလော။ အမှန်တွင် ဘုရားသခင်သည် ဤအရာများထဲမှ တစ်ခုကိုမျှ မရည်ရွယ်ပေ။ ဘုရားသခင်သည် လူတို့ကို ထုတ်ဖော်ပြရန်၊ သို့မဟုတ် လူတို့ကို သေးသိမ်စေကာ လှောင်ပြောင်ရန် မရည်ရွယ်သကဲ့သို့ လူတို့ကို စစ်ကြောဖို့အတွက် “အစေခံသူ”နှင့်ဆိုင်သည့် ဤအမည်နာမကို အသုံးပြုရန်လည်း သူ မရည်ရွယ်ပေ။ “အစေခံသူ”အမည်နာမအတွက် ဘုရားသခင်တွင် ရှိထားသည့် တစ်ခုတည်းသော ဆိုလိုရင်းအဓိပ္ပာယ်မှာ သူသည် လူတို့၏ ထမ်းဆောင်မှုနှင့် အနှစ်သာရနှင့်အညီ၊ ဘုရားသခင်၏ အမှုတော်အတွင်း၌ လူတို့ ဆောင်ရွက်သည့် အခန်းကဏ္ဍအပြင် ပူးပေါင်းဆောင်ရွက်ခြင်းအတွက် လူတို့လုပ်ဆောင်နိုင်သည့်အရာနှင့် ၎င်းတို့၏ တတ်စွမ်းမှုတို့နှင့်အညီ ဤအမည်နာမကို သူ သတ်မှတ်ကာ ဖွဲ့စည်းခြင်း ဖြစ်သည်။ ဤအဓိပ္ပာယ်မှကြည့်လျှင် ဘုရားအိမ်တော်ရှိ လူတိုင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် အစေခံမှုပြုနေကြပြီး တစ်ချိန်မဟုတ်တစ်ချိန်က ဤအစေခံသူ အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ဖူးကြသည်ကို ငါတို့ မြင်နိုင်သည်။ ဤသို့ ငါတို့ ပြော၍ရသလော။ (ရပါသည်။) ငါတို့ အမှန်တကယ် ပြောနိုင်ပြီး ယခုတွင် ဤအရာကို သင်တို့အားလုံး နားလည်နိုင်ပေသည်။ ဘုရားသခင်သည် လူတို့ကို သေးသိမ်စေရန်ဖြစ်စေ၊ ၎င်းတို့အား သာ၍ ကောင်းစွာပြုမူစေပြီး နာခံတတ်စေရန်ဖြစ်စေ၊ ၎င်းတို့၏ ပင်ကိုလက္ခဏာနှင့် နေရာတို့က မည်သည့်အရာများ ဖြစ်သည်ကို ၎င်းတို့အား သိခွင့်ပေးရန်ဖြစ်စေ မဆိုထားနှင့်၊ ၎င်းတို့အား စိတ်ဓာတ်ကျစေရန် သို့မဟုတ် လူတို့၏ ယုံကြည်ခြင်းကို စစ်ကြောရန်အတွက် ဤအမည်နာမကို အသုံးမပြုချင်သကဲ့သို့ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ဖို့ လူတို့၏ လုပ်ဆောင်ပိုင်ခွင့်အား ဖယ်ရှားရန် “အစေခံသူ”နှင့်ဆိုင်သည့် ဤအမည်နာမကို ဘုရားသခင်က သာ၍ပင် အသုံးမပြုချင်ပေ။ ဤအမည်နာမကို ဘုရားသခင်နောက် လူတို့ လိုက်နေစဉ် လူတို့ ထုတ်ဖော်ပြသည့် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့် လူတို့၏ စစ်မှန်သော အခြေအနေများနှင့်အညီ လုံးဝ ဆုံးဖြတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ဤအမည်နာမသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတော် အဆုံးသတ်လာသည်နှင့် တစ်ပြိုင်နက် လူတို့၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်း၊ ရာထူးနှင့် ခရီးပန်းတိုင်တို့ မည်သည့်အရာ ဖြစ်လိမ့်မည်ဟူသည်နှင့် လုံးဝ ပတ်သက်ခြင်း မရှိပေ။ ဤအမည်နာမသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် စီမံခန့်ခွဲမှု အမှုတော်တို့၏ လိုအပ်ချက်များမှ လုံးဝ ဖြစ်လာခြင်းဖြစ်ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အမှုတော်တွင်ရှိသည့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ စစ်မှန်သော အခြေအနေတစ်ခု ဖြစ်သည်။ အစေခံသူများအဖြစ် ဘုရားအိမ်တော်အတွက် အစေခံမှုများပေးနေပြီး စက်ယန္တရားများကဲ့သို့ အသုံးပြုခြင်းခံရသည့် လူတို့အတွက်မူ ဘုရားသခင်နောက်သို့ လိုက်သည့် ၎င်းတို့၏ ခရီးစဉ်တွင် ဤအခြေအနေက တကယ့်အဆုံးထိတိုင် ရှိမြဲရှိနေခြင်း ရှိမရှိ၊ သို့မဟုတ် သာ၍ ကောင်းဖို့အတွက် ပြောင်းလဲနိုင်ခြင်း ရှိမရှိဟူသည်မှာ ၎င်းတို့၏ လိုက်စားမှုအပေါ် မူတည်ပေသည်။ တစ်စုံတစ်ဦးက သမ္မာတရားကို လိုက်စားနိုင်ပြီး စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ ကြောက်ရွံ့ခြင်းတို့ကို စွမ်းဆောင်ရရှိနိုင်လျှင် “အစေခံသူ”အမည်နာမကို ၎င်းတို့ လုံးလုံးလျားလျား ဖယ်ရှားကြလိမ့်မည် ဖြစ်သည်။ ပြီးလျှင် “အစေခံသူ”အမည်နာမကို ဖယ်ရှားပြီးသည်နှင့်တစ်ပြိုင်နက် လူတို့သည် မည်သည့်အရာများ ဖြစ်လာကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ စစ်မှန်သည့် နောက်လိုက်များ၊ ဘုရားသခင်၏ လူများနှင့် နိုင်ငံတော်သားများဖြစ်လာကြသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ နိုင်ငံတော်သားများ ဖြစ်လာကြခြင်း ဖြစ်သည်။ သင့်အနေဖြင့် ဘုရားသခင်နောက်သို့ လိုက်နေသော်လည်း အားထုတ်မှုပြုခြင်း၊ ဆင်းရဲဒုက္ခခံစားခြင်းနှင့် အဖိုးအခပေးခြင်းတို့အတွက်သာ သင် တင်းတိမ်ရောင့်ရဲနေပြီး သမ္မာတရားကို မလိုက်စားလျှင် သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိလျှင်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက လုံးဝ မပြောင်းလဲလျှင်၊ သင်သည် အမှုအရာများကို ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့်အညီ လုံးဝ လုပ်ဆောင်ခြင်း မရှိသကဲ့သို့ နောက်ဆုံးတွင် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့အား စွမ်းဆောင်ရရှိနိုင်ခြင်း မရှိလျှင် ဤ “အစေခံသူ”အမည်နာမ၊ ဤ “သရဖူ”သည် သင့်အတွက် ကြီးလွန်းမည်မဟုတ်၊ သို့မဟုတ် သေးလွန်းမည် မဟုတ်ဘဲ သင်၏ ခေါင်းနှင့် အံဝင်ခွင်ကျ ဖြစ်လိမ့်မည်ဖြစ်ကာ ထိုအရာကို သင် တစ်ကြိမ်တစ်ခါမျှ ဖယ်ရှားနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုတော် အဆုံးသတ်လာသည့်အချိန်တွင် သင်သည် ဤအခြေအနေတွင် ရှိနေဆဲဖြစ်ပြီး သင်၏ စိတ်သဘောထားများ မပြောင်းလဲသေးလျှင်၊ “ဘုရားသခင်၏ နိုင်ငံတော်သားများ”ဟူသည့် အမည်နာမသည် သင်နှင့် မည်သည့် ဆက်စပ်မှုမျှ ရှိလိမ့်မည် မဟုတ်သကဲ့သို့ သင်သည် အစဉ်ထာဝရ အစေခံသူတစ်ဦး ဖြစ်လိမ့်မည်။ ဤစကားများကို သင် မည်သို့ နားလည်နိုင်သနည်း။ ဘုရားသခင်၏ အမှုတော် အဆုံးသတ်သည့် အခိုက်အတန့်တွင် ဆိုလိုသည်မှာ ဘုရားသခင် ကယ်တင်လိုသည့် လူများအားလုံး ကယ်တင်ခံရသည့်အချိန်၊ ဘုရားသခင် လုပ်ဆောင်လိုသည့် အမှုတော်က ယင်း၏ အကျိုးတရားကို စွမ်းဆောင်ရရှိပြီး ယင်း၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိပြီးသည့်အချိန်တွင် ဘုရားသခင်သည် စကားပြောတော့မည် မဟုတ်၊ လူတို့ကို လမ်းပြတော့မည် မဟုတ်၊ သူသည် လူကို ကယ်တင်ရန် မည်သည့် အလုပ်ကိုမျှ လုပ်ဆောင်လိမ့်မည် မဟုတ်တော့သကဲ့သို့ လူတို့ လိုက်လျှောက်သည့် ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းကြောင်းက လိုက်ပြီး အဆုံးသတ်မည့်အတိုင်း သူ၏ အမှုတော်သည် ထိုနေရာတွင်ပင် အဆုံးသတ်လိမ့်မည်ဖြစ်သည်ကို သင်တို့နားလည်သင့်သည်။ သမ္မာကျမ်းစာ၌ ဤကျမ်းချက်ရှိ၏။ “မတရားသောသူကသည် မတရားသဖြင့် ပြုစေဦး။ ညစ်ညူးသော သူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။” (ဗျာဒိတ်ကျမ်း ၂၂:၁၁) ဤအရာက မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်က သူ၏ အမှုတော် ပြီးဆုံးပြီဟု ဆိုလိုက်သည့်တဒင်္ဂတွင် ဤအရာက ဘုရားသခင်သည် လူကို ကယ်တင်ခြင်း၊ လူကို ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းတို့နှင့်ဆိုင်သည့် သူ၏ အမှုတော်ကို ဆောင်ရွက်တော့မည် မဟုတ်၊ လူကို ဘုရားသခင်က ဉာဏ်အလင်းပေးတော့မည်မဟုတ်၊ သို့မဟုတ် လမ်းပြတော့မည် မဟုတ်သကဲ့သို့ သူက လူကို တိုက်တွန်းရင်း သို့မဟုတ် ပြုပြင်ရင်း စိတ်ရှည်စွာနှင့် အလေးအနက် စကားပြောတော့မည် မဟုတ်သည်ကို ညွှန်ပြပေသည်။ ဘုရားသခင်က ဤအမှုတော်ကို ဆောင်ရွက်တော့မည် မဟုတ်ပေ။ ဤအရာက မည်သည့်အရာကို ဆိုလိုသနည်း။ ထိုအချိန်တွင် အရာခပ်သိမ်း၏ အဆုံးသတ်များ ထုတ်ဖော်ခြင်းခံရလိမ့်မည်၊ ထိုအခါ လူတို့၏ အဆုံးသတ်များ သတ်မှတ်ခြင်းခံရလိမ့်မည်ဖြစ်ပြီး ထိုအရာကို မည်သူကမျှ ပြောင်းလဲနိုင်လိမ့်မည် မဟုတ်သကဲ့သို့ လူတို့အတွက် ကယ်တင်ခံရဖို့ နောက်ထပ် အခွင့်အရေးများ ရှိတော့မည် မဟုတ်သည်ကို ဆိုလိုပေသည်။ ဤသည်မှာ ဆိုလိုသည့်အရာ ဖြစ်သည်။
ဘုရားသခင်၏ အမှုတော်အဆုံးသတ်တွင် တစ်စုံတစ်ဦးက “အစေခံသူ”အမည်နာမကို ဖယ်ရှားသည့်အခါ၊ ဤဂုဏ်ထူး၊ ဤအခြေအနေကို ၎င်းတို့ ဖယ်ရှားသည့်အခါ ထိုအရာက ဤလူသည် ဘုရားသခင်၏ အမြင်တွင် အပြင်လူ သို့မဟုတ် ဘာသာတရားမရှိသူတစ်ဦး မဟုတ်တော့ဘဲ ထို့ထက် ဘုရားအိမ်တော်နှင့်လည်းကောင်း၊ ဘုရားသခင်၏ နိုင်ငံတော်နှင့်လည်းကောင်း သက်ဆိုင်သည့် လူတစ်ဦးဖြစ်သည်ကို ညွှန်ပြသည်။ ပြီးလျှင် “ဘုရားအိမ်တော်နှင့်လည်းကောင်း၊ ဘုရားသခင်၏ နိုင်ငံတော်နှင့်လည်းကောင်း သက်ဆိုင်သည့် လူတစ်ဦး”ဟူသည့် ဤအမည်နာမသည် အဘယ်သို့ ဖြစ်လာလေပြီနည်း။ ဤအမည်နာမကို လူတို့က မည်သို့ ရရှိကြသနည်း။ သမ္မာတရားကို လိုက်စားခြင်းနှင့် သမ္မာတရားကို သိနားလည်ခြင်းတို့မှတစ်ဆင့်၊ ဆင်းရဲဒုက္ခခံစားခြင်း၊ အဖိုးအခပေးခြင်းနှင့် ထိုသို့ဖြင့် သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းတို့မှတစ်ဆင့်၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု အဆင့်တစ်ခုခုကို ရယူခြင်းအားဖြင့်၊ ဘုရားသခင်ကို ကျိုးနွံနာခံကာ ကြောက်ရွံ့နိုင်ခြင်းတို့အားဖြင့် သင်သည် ဘုရားအိမ်တော်နှင့်ဆိုင်သည့် လူတစ်ဦး ဖြစ်လာပေသည်။ ယောဘနှင့် ပေတရုကဲ့သို့ သင်သည် စာတန်၏ ထိခိုက်နစ်နာစေခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းတို့ကို ခံရရန် မလိုတော့ပေ။ သင်သည် ဘုရားသခင်၏ နိုင်ငံတော်နှင့် ဘုရားအိမ်တော်တွင် လွတ်လပ်စွာ အသက်ရှင်နိုင်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် ရုန်းကန်နေရန် မလိုအပ်တော့သကဲ့သို့ ဘုရားသခင်၏ အမြင်တွင် သင်သည် စစ်မှန်သည့် ဖန်ဆင်းခံတစ်ဦး၊ စစ်မှန်သည့် လူသားတစ်ဦး ဖြစ်သည်။ ယင်းမှာ ဝမ်းမြောက်စွာ အောင်ပွဲခံရမည့်အရာတစ်ခု ဖြစ်သည် မဟုတ်လော။ ထိုအရာသည် မည်သည့်အရာကို ဆိုလိုသနည်း။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည့် လူတစ်ဦး၏ ဆင်းရဲဒုက္ခခံစားခြင်းနှင့် အခက်အခဲဒုက္ခရှိသည့် ဘဝသည် လုံးဝ အဆုံးသတ်လာပြီးဖြစ်ကာ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းတို့နှင့်ဆိုင်သည့် ဘဝတစ်ခုကို ၎င်းတို့ စတင်အသက်ရှင်သည်ဟု ဆိုလိုပေသည်။ ၎င်းတို့သည် ဖန်ဆင်းရှင်၏ မျက်နှာတော်အလင်းတွင် အသက်ရှင်နိုင်ကြသည်၊ ဘုရားသခင်နှင့်အတူ အသက်ရှင်နိုင်ကြပြီး ဤသည်မှာ ဝမ်းမြောက်စွာ အောင်ပွဲခံသင့်သည့်အရာတစ်ခု ဖြစ်သည်။ သို့သော် အဆုံးတွင် “အစေခံသူ”နှင့်ဆိုင်သည့် အမည်နာမကို ဖယ်ရှားရန် မစီမံနိုင်သေးသည့် အခြားလူစားမျိုးများအတွက်မူ ဘုရားသခင်၏ အမှုတော် အဆုံးသတ်ချိန်၌ ဤအမည်နာမ၊ ဤ “သရဖူ”ကို ၎င်းတို့၏ ခေါင်းများမှ မဖယ်ရှားရသေးလျှင်၊ ထိုအရာသည် ၎င်းတို့အတွက် မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့အနေဖြင့် အပြင်လူများ ဖြစ်နေဆဲဖြစ်ကြောင်းနှင့် ဘုရားသခင်၏ အမြင်တွင် ၎င်းတို့က ဘာသာတရားမရှိသူများ ဖြစ်နေဆဲဖြစ်ကြောင်းကို ဆိုလိုသည်။ ဤအတွက် အကြောင်းရင်းမှာ ၎င်းတို့က သမ္မာတရားကို လက်မခံကြခြင်း သို့မဟုတ် သမ္မာတရားကို လုံးဝ လက်တွေ့မလုပ်ဆောင်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို မရရှိကြသေးပေ။ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်း မရှိကြသကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိကြပေ။ ဤလူများသည် ဘုရားအိမ်တော်မှ ဖယ်ရှားရှင်းလင်းခံရသင့်ပြီး ၎င်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်တွင် နေရာမရှိကြပေ။ ဘုရားသခင်၏ နိုင်ငံတော်တွင် ၎င်းတို့အတွက် နေရာမရှိလျှင် ၎င်းတို့ မည်သည့်နေရာတွင် ရှိသနည်း။ ၎င်းတို့က ဘုရားသခင်၏ နိုင်ငံတော်ပြင်ပတွင် ရှိကြပြီး ဘုရားသခင်၏ လူမျိုးများနှင့် ခွဲထားခြင်းခံရသည့် အုပ်စုတစ်စုဖြစ်သည်။ ထိုသို့သော လူများသည် “အစေခံသူများ”ဟု ခေါ်ခြင်းခံရဆဲဖြစ်ပြီး ဤအရာက ၎င်းတို့အနေဖြင့် ဘုရားအိမ်တော်နှင့်ဆိုင်သည့် လူများ ဖြစ်မလာကြသေးကြောင်း၊ ၎င်းတို့သည် ဘုရားသခင်၏ နောက်လိုက်များ လုံးဝ ဖြစ်ကြလိမ့်မည် မဟုတ်ကြောင်း၊ ဘုရားသခင်က ၎င်းတို့ကို အသိအမှတ်မပြုသကဲ့သို့ ဘုရားသခင်ထံမှ ကောင်းချီးများကို သို့မဟုတ် ကျေးဇူးတော်ကို ၎င်းတို့ လုံးဝ ရရှိကြလိမ့်မည် မဟုတ်ကြောင်း ညွှန်ပြပေသည်။ ထိုအရာက ၎င်းတို့အနေဖြင့် ဘုရားသခင်နှင့်အတူ သူ၏ နိုင်ငံတော်တွင် ကောင်းမွန်သော ကောင်းချီးမင်္ဂလာများကို မွေ့လျော်ခံစားခွင့် မရှိကြောင်း သို့မဟုတ် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ရရှိရန် အခွင့်အရေး မရှိကြောင်းကို ညွှန်ပြသည်လည်း ပြောစရာမလိုပေ။ ဤအခွင့်အရေး မရှိတော့ပြီ။ ထို့ကြောင့် ၎င်းတို့နှင့်ပတ်သက်သရွေ့ ဤအခိုက်အတန့်သည် ဝမ်းမြောက်စွာ အောင်ပွဲခံရသည့် အရာတစ်ခု ဖြစ်သလော သို့မဟုတ် ဝမ်းနည်းဖွယ်ဖြစ်သော အဖြစ်အပျက်တစ်ခုလော။ ဤသည်မှာ ဝမ်းနည်းဖွယ်ဖြစ်သော အဖြစ်အပျက်တစ်ခု ဖြစ်သည်။ ဘုရားအိမ်တော်ပြင်ပနှင့် ဘုရားသခင်၏ နိုင်ငံတော်ပြင်ပတွင် “အစေခံသူ”နှင့်ဆိုင်သည့် ဤအမည်နာမကို သယ်ဆောင်ခြင်းအတွက် ၎င်းတို့၏ ဆုလာဘ်က မည်သည့်အရာ ဖြစ်လိမ့်မည်ဟူသည်အတွက်မူ ယင်းမှာ နောက်ပိုင်းကိစ္စဖြစ်သည်။ မည်သို့ဆိုစေ အစေခံသူများကို ပေးသည့် ဆုလာဘ်နှင့် ဘုရားသခင်၏ နိုင်ငံတော်သားများကို ပေးသည့် ဆုလာဘ်တို့ကြား ခြားနားချက်က အလွန်ကြီးမား၏။ ရာထူး၊ ဆုလာဘ်နှင့် အခြား ထိုသို့သော သွင်ပြင်လက္ခဏာများတွင် ခြားနားမှုများ ရှိသည်။ ဘုရားသခင်က လူတို့ကို ကယ်တင်ရန် သူ၏ အမှုတော်ကို ဆောင်ရွက်နေခဲ့စဉ်တွင် ဤကဲ့သို့သော လူတို့က သမ္မာတရားကို မရရှိသေးသကဲ့သို့ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို မရရှိနိုင်ကြသေးသည်မှာ သနားဖွယ်ဖြစ်သည် မဟုတ်လော။ အလွန် သနားဖွယ်ဖြစ်၏။ ဤသည်တို့မှာ “အစေခံသူ”အမည်နာမနှင့် စပ်လျဉ်းသည့် စကားအချို့ ဖြစ်သည်။
“အစေခံသူများကို ဖော်ပြသည့်အခါ ကျွန်ုပ် အတိုက်အခံဖြစ်ခြင်း ခံစားရသည်။ ကျွန်ုပ်သည် အစေခံသူတစ်ဦး မဖြစ်ချင်သကဲ့သို့ အစေခံသူတစ်ဦး ဝမ်းမသာပါ။ ကျွန်ုပ်သည် ဘုရားသခင်၏ လူများထဲမှတစ်ဦးဖြစ်လျှင် ၎င်းတို့ထဲမှ အရေးမပါဆုံးသောသူ ဖြစ်လျှင်ပင် ကျွန်ုပ် လက်ခံနိုင်ပြီး အစေခံသူတစ်ဦး မဟုတ်သရွေ့ အဆင်ပြေသည်။ ဤဘဝတွင် ကျွန်ုပ်သည် အခြားသော လိုက်စားမှု မရှိသကဲ့သို့ အခြားသော စံမထားရှိပါ။ ‘အစေခံသူ’အမည်နာမကို ဖယ်ရှားဖို့အတွက်သာ ကျွန်ုပ် မျှော်လင့်စောင့်စားသည်။ ကျွန်ုပ် များစွာ တောင်းဆိုနေခြင်း မဟုတ်ပါ”ဟု ပြောသည့်လူအချို့ရှိသည်။ ဤကဲ့သို့သော လူများအပေါ် သင် မည်သို့ တွေးထင်သနည်း။ ဤသည်မှာ သမ္မာတရားကို လိုက်စားမှုတွင်ရှိသည့် လူတစ်ဦး၏ သဘောထား ဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ မည်သည့် သဘောထား ဖြစ်သနည်း။ အပျက်သဘောဆောင်သည့် သဘောထားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) “အစေခံသူ”နှင့်ဆိုင်သည့် အမည်နာမနှင့် ပတ်သက်လာသည့်အခါ သင့်ဘဝတွင် သင် ဖြစ်စေသည့် တိုးတက်မှုအဆင့်အပေါ် အခြေခံ၍ ဤအမည်နာမကို ပေးထားခြင်း ဖြစ်ပြီး သင် အလိုရှိသည့်အရာဖြင့် ဆုံးဖြတ်၍မရနိုင်သောကြောင့် ထိုအမည်နာမကို သင် ပယ်ရှားရန် ကြိုးစားဖို့ မလိုအပ်ပေ။ ထိုအရာသည် သင် အလိုရှိသည့်အရာအပေါ် မူတည်ခြင်းမရှိဘဲ ထို့ထက် သင် လိုက်လျှောက်သည့် လမ်းကြောင်းနှင့် သင်၏ စိတ်သဘောထားများ ပြောင်းလဲပြီးခြင်း ရှိမရှိဟူသည်တို့အပေါ် မူတည်သည်။ သင်၏ ရည်မှန်းချက်ပန်းတိုင်မှာ “အစေခံသူ”နှင့်ဆိုင်သည့် ဤအမည်နာမကို ဖယ်ရှားနိုင်ခြင်းအား လိုက်စားဖို့အတွက်သာ ဖြစ်လျှင် အမှန်တရားကို သင့်အား ငါပြောမည်။ သင် အသက်ရှင်သရွေ့ ထိုအမည်နာမကို သင် တစ်ကြိမ်တစ်ခါမျှ ဖယ်ရှားနိုင်မည် မဟုတ်ပေ။ သင်သည် သမ္မာတရား လိုက်စားခြင်းကို အာရုံစိုက်ပြီး စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို ရရှိနိုင်လျှင်၊ ဤအမည်နာမသည် တဖြည်းဖြည်း ပြောင်းလဲသွားလိမ့်မည်။ ထိုအရာကို ဤအချက်နှစ်ချက်မှ ကြည့်သည့်အခါ “အစေခံသူ”အမည်နာမကို ဘုရားသခင်က လူတို့အပေါ် သတ်မှတ်ခြင်း ဖြစ်သလော။ လုံးဝ မဟုတ်ပေ။ ထိုအရာသည် လူတို့အပေါ် ဘုရားသခင် သတ်မှတ်သည့် အမည်နာမတစ်ခု မဟုတ်သကဲ့သို့ သတ်မှတ်ချက်တစ်ခုလည်း မဟုတ်ပေ။ ထိုအရာက လူတို့က ၎င်းတို့၏ ဘဝများတွင် ဖြစ်စေသည့် တိုးတက်မှုအဆင့်အပေါ် အခြေခံ၍ ပေးထားသည့် အမည်နာမတစ်ခု ဖြစ်သည်။ သင်၏ အစေခံသူတစ်ဦး ဖြစ်ခြင်းသည် ဘဝတွင် သင် ဖြစ်စေသည့် တိုးတက်မှု မည်မျှအားဖြင့်လည်းကောင်း၊ သင်၏ စိတ်သဘောထား မည်မျှ ပြောင်းလဲခြင်းအားဖြင့်လည်းကောင်း လျော့နည်းသွားသည်။ သင့်အနေဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့အား စွမ်းဆောင်ရရှိနိုင်သည့်တစ်နေ့တွင် အစေခံသူတစ်ဦး ဖြစ်ဖို့ လိုလားနေလျှင်ပင် သင်သည် အစေခံသူတစ်ဦး မဟုတ်တော့သကဲ့သို့ သင်၏ လိုက်စားမှု၊ သမ္မာတရားအပေါ် သင်၏ သဘောထားနှင့် သင် လိုက်လျှောက်သည့် လမ်းကြောင်းတို့က ဤအရာကို ဆုံးဖြတ်ပေသည်။ “ဤ ‘အစေခံသူ’အမည်နာမကို ကျွန်ုပ် ပယ်ရှားချင်ပြီး အစေခံသူတစ်ဦး မဖြစ်ချင်ပါ။ သို့သော် သမ္မာတရားကို ကျွန်ုပ် နားမလည်သကဲ့သို့ သမ္မာတရားကို လိုက်စားဖို့ လိုလားနေခြင်း မရှိပါ။ ထို့ကြောင့် မည်သည့်အရာကို ကျွန်ုပ် လုပ်ဆောင်နိုင်သနည်း”ဟု ပြောသည့်သူများလည်း ရှိသည်။ ဖြေရှင်းချက်တစ်ခု ရှိသလော။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ် အခြေခံ၍ လူမျိုးစုံ၏ အဆုံးသတ်များကို ဆုံးဖြတ်သည်။ အပေးအယူလုပ်ဖို့အတွက် အခွင့်အရေးမရှိပေ။ သင်သည် သမ္မာတရားကို ချစ်ပြီး သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ် တက်ရောက်နိုင်လျှင် ဤသည်မှာ ဝမ်းမြောက်ရမည့်အရာတစ်ခု ဖြစ်သည်။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းအား မလိုက်လျှောက်ဖို့ ဆုံးဖြတ်လျှင် ဤသည်မှာ ဝမ်းနည်းစရာ အကြောင်းတရား ဖြစ်သည်။ ဤသည်တို့မှာ လမ်းကြောင်းနှစ်ခုသာ ဖြစ်သည်။ ရွေးချယ်ရန် အလယ်အလတ်လမ်းကြောင်း မရှိပေ။ ဘုရားသခင် မိန့်မြွက်သည့် စကားများက မည်သည့်အခါတွင်မျှ ဆိတ်သုဉ်းသွားလိမ့်မည် မဟုတ်။ အရာခပ်သိမ်း ဆိတ်သုဉ်းသွားလိမ့်မည် ဖြစ်သော်လည်း ဘုရားသခင်၏ မိန့်မြွက်ချက်တစ်ခုမျှ မဆိတ်သုဉ်းသွားနိုင်ပေ။ ဘုရားနှုတ်ကပတ်တော်များသည် အရာခပ်သိမ်းအပေါ် အကဲဖြတ်ချက်ပေးခြင်းနှင့် သတ်မှတ်ခြင်းတို့အတွက် စံသတ်မှတ်ချက်များ ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ပြီး မည်သည့်အခါတွင်မျှ ဆိတ်သုဉ်းမသွားနိုင်ပေ။ ဤကမ္ဘာလောက၊ လူသားမျိုးနွယ်နှင့် အရာခပ်သိမ်း ပြောင်းလဲကာ ဆိတ်သုဉ်သွားသည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ခွန်းမျှ ဆိတ်သုဉ်းသွားလိမ့်မည် မဟုတ်ဘဲ ထိုအစား သူ၏ နှုတ်ကပတ်တော်များအားလုံး ပြီးပြည့်စုံလိမ့်မည်။ လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းတို့၏ အဆုံးသတ်များကို ဘုရားနှုတ်ကပတ်တော်များကြောင့် ဆုံးဖြတ်ထားကာ ထုတ်ဖော်ပြထားသည်။ ဤအရာကို မည်သူမျှ မပြောင်းလဲနိုင်သကဲ့သို့ ဤကိစ္စရပ်နှင့်ပတ်သက်၍ မည်သည့် ဆွေးနွေးချက်မျှ မရှိနိုင်ပေ။ ထို့ကြောင့် လူတို့၏ အဆုံးသတ်များအပေါ် ဘုရားသခင်က အချုပ်အခြာအာဏာ စွဲကိုင်ခြင်း၊ ဆုံးဖြတ်ခြင်းတို့နှင့် ပတ်သက်လာသည့်အခါ လူတို့သည် ဖြစ်ချင်သောအတွေးကို အရသာတွေ့နေလျှင်၊ ပကတိ လူနုံလူအများဖြစ်ကြသည်။ ဘုရားသခင်က လူတို့ကို ဒုတိယလမ်းကြောင်းတစ်ခု မပေးထားသဖြင့် ဤကိစ္စရပ်တွင် ၎င်းတို့အတွက် ရွေးချယ်ဖို့ ဒုတိယလမ်းကြောင်းမရှိပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်ပြီး လူတို့က ကြားဝင်နှောင့်ယှက်လိုလျှင်ပင် ဤကိစ္စရပ်တွင် ကြားဝင်နှောင့်ယှက်၍ မရနိုင်ပေ။ ပြင်ပ ဘာသာတရားမရှိသူများ၏ လောကတွင် ကိစ္စရပ်များကို ကိုင်တွယ်ဖို့အတွက် ငွေအချို့ကို သင် သုံးနိုင်ပြီး သင်၏ အဆက်အသွယ်များကို အသုံးပြုနိုင်သည်ဟု သင် ထင်သော်လည်း ယင်းမှာ ဘုရားသခင်နှင့်ပတ်သက်၍ အလုပ်မဖြစ်ပေ။ ဘုရားသခင်နှင့် ပတ်သက်လျှင် သင်အောင်မြင်မည်မဟုတ်သည်ကို သတိရလော့။
(ခ) “အစေခံသူ”ဟူသော အမည်နာမကို အန္တိခရစ်တို့ သဘောထားသည့် ပုံစံများ
ယနေ့မိတ်သဟာယအတွက် အကြောင်းအရာမှာ “အစေခံသူ”ဟူသည့် အမည်နာမအပေါ် အန္တိခရစ်များ၏ သဘောထားကို စိစစ်ခြင်း ဖြစ်သည်။ ယခုတွင် ငါတို့သည် “အစေခံသူ”ဟူသည့် အမည်နာမနှင့်ဆိုင်သော အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် မိတ်သဟာယပြုခြင်းကို ပြီးစီးပြီးဖြစ်သဖြင့် လူအများစုသည် ဤအမည်နာမအပေါ် အပြုသဘောဆောင်သည့် သိနားလည်မှုတစ်ခု ရှိကြသည် မဟုတ်လော။ သင်သည် ဤအမည်နာမအပေါ် အတိုက်အခံ ဖြစ်ခြင်း သို့မဟုတ် မလိုလားမှုကို ခံစားရဆဲဖြစ်သလော။ (မခံစားရပါ။) သို့ဆိုလျှင် “အစေခံသူ”ဟူသည့် အမည်နာမကို အန္တိခရစ်များ သဘောထားပုံနှင့် ထိုအမည်နာမအပေါ် ၎င်းတို့ မည်သည့် သဘောထား ရှိကြသည်ဟူသည်တို့ကို ငါတို့ ယခုကြည့်ကြစို့။ အန္တိခရစ်များ တန်ဖိုးအထားဆုံးသောအရာများမှာ မြင့်မားသော ရာထူး၊ မြင့်မားသော ဂုဏ်သိက္ခာနှင့် အကြွင်းမဲ့ တန်ခိုးအာဏာတို့ ဖြစ်သည်။ အချို့သော အလွန် သာမန်ဖြစ်သည့်၊ အခြေခံအကျဆုံးသော အဆင့်နှင့် သာ၍ နိမ့်ကျသော အဆင့်ရှိသည့် အမည်နာမများအပြင် လူတို့က အတော်အတန် အရှက်ရစရာအဖြစ် မြင်သည့် အခြားသော အမည်နာများနှင့် ပတ်သက်လာသည့်အခါ အန္တိခရစ်များက ၎င်းတို့၏ စိတ်နှလုံးများတွင် ပြင်းထန်သည့် အတိုက်အခံဖြစ်ခြင်းနှင့် ခွဲခြားဆက်ခံခြင်းတို့ကို ခံစားရပြီး အထူးသဖြင့် “အစေခံသူ”ဟူသည့် အမည်နာမအတွက် ဤအရာကို ခံစားရကြသည်။ အစေခံသူများအဖြစ် သိရှိရသည့် ဤလူစုအပေါ် ဘုရားသခင်က မည်သို့ သည်းခံပြီး စိတ်ရှည်သည်ဖြစ်စေ၊ “အစေခံသူ”ဟူသည့် အမည်နာမအပေါ် ဘုရားသခင်၏ ရှင်းပြချက်နှင့် အနက်ပြန်မှုတို့က မည်သည့်အရာဖြစ်စေ အန္တိခရစ်များသည် ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်ထဲတွင် ဤအမည်နာမအပေါ် အထင်သေးနေကြဆဲ ဖြစ်သည်။ ဤအမည်နာမက အလွန် နိမ့်ကျပြီး ၎င်းတို့ကိုယ်တိုင် အစေခံသူများ ဖြစ်ခဲ့မည်ဆိုလျှင် မိမိတို့၏ မျက်နှာများကို ပြဖို့ အလွန်အရှက်ရကြမည်ဖြစ်သည်ဟု ၎င်းတို့က စဉ်းစားကြသည်။ ဤအမည်နာမ အပေးခံရသည့် တဒင်္ဂတွင် ၎င်းတို့၏ တည်ကြည်မှု၊ မာနနှင့် ဂုဏ်သတင်းတို့ စိန်ခေါ်ခြင်းခံရပြီး သေးသိမ်စေခြင်းခံရသည်၊ ၎င်းတို့၏ တန်ဖိုးက ထိုးကျသွားပြီး ဘဝအတွက် မည်သည့် အဓိပ္ပာယ်မျှ မရှိတော့ဟု ၎င်းတို့ တွေးထင်ကြသည်။ ထို့ကြောင့် အန္တိခရစ်များသည် မည်သို့ဖြစ်စေ ဤ“အစေခံသူ”အမည်နာမကို လက်ခံကြလိမ့်မည် မဟုတ်ပေ။ သင်သည် ၎င်းတို့အား ဘုရားအိမ်တော်သို့ သွားကာ ဘုရားသခင်၏ အမှုတော်အတွက် အစေခံမှုပေးရန် စေခိုင်းလျှင် ၎င်းတို့က “ဤ ‘အစေခံသူ’ အမည်နာမသည် အလွန် အရှက်ရစေပြီး အစေခံသူတစ်ဦးဖြစ်ဖို့ မည်သည့်နည်းဖြင့်မျှ ကျွန်ုပ် လိုလားခြင်း မရှိပါ။ အစေခံသူတစ်ဦးဖြစ်ရန် ကျွန်ုပ်ကို စေခိုင်းခြင်းအားဖြင့် သင်သည် ကျွန်ုပ်ကို စော်ကားနေခြင်း ဖြစ်သည်။ သင် ကျွန်ုပ်ကို စော်ကားနိုင်ဖို့အလို့ငှာ ဘုရားကို ကျွန်ုပ် ယုံကြည်လာခဲ့ခြင်း မဟုတ်ပါ။ ကောင်းချီးများ ရရှိဖို့ ကျွန်ုပ် လာခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် အဘယ်အရာအတွက် ကျွန်ုပ်က ကျွန်ုပ်၏ မိသားစုကို စွန့်လေပြီနည်း၊ ကျွန်ုပ်၏ အလုပ်ကို ထားရစ်ခဲ့ကာ ကျွန်ုပ်၏ လောကီ အလားအလာများကို စွန့်လေပြီနည်း။ ကျွန်ုပ်သည် အစေခံသူတစ်ဦးဖြစ်ဖို့ လာခဲ့ခြင်း မဟုတ်ပါ။ သင့်အတွက် အလုပ်လုပ်ရန်နှင့် သင့်ကို အစေခံရန်အတွက် ကျွန်ုပ် လာခဲ့ခြင်း မဟုတ်ပါ။ ကျွန်ုပ်ကို အစေခံသူတစ်ဦးဖြစ်ဖို့ သင် ပြောလျှင် ကျွန်ုပ် လုံးဝ မယုံကြည်ဘဲသာ နေလိုက်ချင်သည်”ဟု ပြောကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ သဘောထား ဖြစ်သည် မဟုတ်လော။ “ဘုရားအိမ်တော်၌ အစေခံသူတစ်ဦးဖြစ်ရန် ကျွန်ုပ်ကို သင် ပြောလျှင် ဘုရားကို ကျွန်ုပ် ယုံကြည်ရခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ထိုအရာသည် မည်သည့် အဓိပ္ပာယ် ရှိသေးသနည်း”ဟု ပြောသည့် အန္တိခရစ်များပင် ရှိသည်။ ထို့ကြောင့် ၎င်းတို့က ဘုရားအိမ်တော်၌ အလုပ်တစ်ခုကို တာဝန်ယူဆောင်ရွက်ပြီး တာဝန်ပေးစေခိုင်းချက်တစ်ခု သို့မဟုတ် လုပ်ငန်းဆောင်တာတစ်ခုကို လက်ခံသည့်အခါ အောက်ပါအရာများကို ပထမဆုံး သဘောပေါက်ချင်ကြလေသည်။ “ဤအလုပ်ကို ငါ တာဝန်ယူပြီးနောက်တွင် ငါသည် အသင်းတော် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်လိမ့်မည်လော သို့မဟုတ် အခြားသူတို့အတွက် အစေခံကာ အလုပ်လုပ်ပေးနေသည့် နောက်လိုက်ပါမွှားတစ်ဦးသာ ဖြစ်လိမ့်မည်လော”ဟူ၍ ဖြစ်သည်။ ဤအရာကို သဘောမပေါက်မီတွင် လောလောဆယ်၌ ၎င်းတို့ အလုပ်လုပ်ရသည်။ ဤကာလအတောအတွင်းတွင် လူတို့၏ စကားများနှင့် အမူအရာများကို ၎င်းတို့ လေ့လာစောင့်ကြည့်ကြသည်၊ စူးစူးစိုက်စိုက် သေချာကြည့်ကာ နားစွင့်ထားကြပြီး အရင်းအမြစ် အမျိုးမျိုးထံမှ သတင်းအချက်အလက်များကို မေးမြန်းကြလေသည်။ ၎င်းတို့အနေဖြင့် ဤနေရာတွင် ယာယီ အစေခံမှု ပေးနေခြင်း ဟုတ်မဟုတ်၊ ဤအလုပ်ကို ၎င်းတို့ ရေရှည် လုပ်ဆောင်နိုင်ခြင်း ရှိမရှိ၊ ၎င်းတို့က ပျိုးထောင်၍ရသည့် တစ်စုံတစ်ဦး ဟုတ်မဟုတ်၊ သို့မဟုတ် နေရာလွတ်တစ်ခုကို ဖြည့်ဖို့ရန် ယာယီ အသုံးပြုခြင်းသာခံရသည့် တစ်စုံတစ်ဦး ဟုတ်မဟုတ်ဟူသည်တို့ကို ၎င်းတို့က သိချင်ကြသည်။ ၎င်းတို့အနေဖြင့် နေရာလွတ်တစ်ခု ဖြည့်ဖို့ရန် အသုံးပြုခံရခြင်းသာဖြစ်ပြီး အခြားသူတို့၏ အကျိုးအတွက်လည်းကောင်း၊ အခြားသူတို့၏ ရာထူးနှင့် တန်ခိုးအာဏာတို့အတွက်လည်းကောင်း အစေခံဖို့ စေခိုင်းခြင်းခံရလျှင် ထိုအရာကို လုံးဝ လုပ်ဆောင်ကြလိမ့်မည် မဟုတ်ပေ။ ဘုရားအိမ်တော်က တာဝန်တစ်ခု လုပ်ဆောင်ရန် ၎င်းတို့ကို လိုအပ်ခြင်းရှိမရှိ သို့မဟုတ် ၎င်းတို့ လုပ်ဆောင်သည့် တာဝန်သည် ဘုရားအိမ်တော်၏ အလုပ်အတွက် မည်မျှအရေးကြီးသည်ဟူသည်တို့ကို ၎င်းတို့ ဂရုမစိုက်ကြပေ။ ဤအရာများနှင့်ပတ်သက်၍ ၎င်းတို့ ဂရုမစိုက်ကြပေ။ ၎င်းတို့အနေဖြင့် ဤနေရာတွင် အခြေအနေကို ကြီးကြပ်ပြီး ဆုံးဖြတ်ချက်များ ချမှတ်ဖို့ တန်ခိုးအာဏာမရှိဘဲ အစေခံမှု ပေးနေခြင်းဖြစ်သည်ဟု သဘောပေါက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ လုပ်ရပ်များတွင် ဝတ်ကျေတမ်းကျေ ဖြစ်လာသည်။ ၎င်းတို့၏ တာဝန်ကို ကျောခိုင်းထားကြသည်၊ မဆင်မခြင် ပြုမူကြသည်၊ ဩဇာအာဏာဖြင့်လည်း အုပ်ချုပ်စီမံတတ်လာပြီး မိမိတို့တာဝန်များကို မသိကျိုးကျွန်ပင်ပြုနိုင်ကာ အချိန်မရွေး စွန့်ခွာနိုင်ပေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်နှင့် မိမိတို့ကိုယ်ပိုင်တာဝန်တို့ကို ကလေးသူငယ်များ၏ ကစားပွဲများဖြစ်သည့်အလား သဘောထားကြသည်။ ၎င်းတို့တွင် ဤကဲ့သို့ပြောသည့် ဘဝဆောင်ပုဒ်တစ်ခု ရှိကြသည်။ “အခြားသူများက ထင်ပေါ်မှုကို ရယူနေကြစဉ်တွင် ကျွန်ုပ်သည် နောက်ကွယ်တွင် အားသွန်ခွန်စိုက် အလုပ်လုပ်နေမည် မဟုတ်ပါ”ဟူ၍ ဖြစ်၏။ ၎င်းတို့က “ငါသည် ခေါင်းဆောင်ဖြစ်ဖို့ မွေးဖွားခဲ့ခြင်းဖြစ်သည်။ ငါသည် အခြေအနေကို ကြီးကြပ်ကာ ဆုံးဖြတ်ချက်များကို ချမှတ်ဖို့ တန်ခိုးအာဏာဖြင့် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ထိုအရာနှစ်ခုကို ငါ ဆုံးရှုံးရမည်ဆိုလျှင် အသက်ရှင်ခြင်း၏ အဓိပ္ပာယ်သည် အဘယ်အရာ ဖြစ်တော့မည်နည်း။ ဘုရားကို ယုံကြည်ခြင်း၌ အဘယ်အဓိပ္ပာယ်ရှိတော့မည်နည်း။ ဘုရားကို အဘယ်ကြောင့် ငါ ယုံကြည်နေသနည်း။ အဓိကကျသော ကောင်းချီးများကို ရရှိရန်အလို့ငှာ အရေးမပါသော အကျိုးကျေးဇူးများကို ငါ စွန့်ခဲ့သည် မဟုတ်လော။ ဤလိုအင်ဆန္ဒ မပြည့်နိုင်လျှင် လောကီ ရေပန်းစားမှုများနောက်သို့သာ ငါ မဆိုင်းမတွ လိုက်မည်ဖြစ်ပြီး ငရဲသို့သွားလိုက်မည်”ဟု တွေးကြသည်။ အန္တိခရစ်များ၏ နီတိမှာ အဘယ်နည်း။ “ထိပ်ဆုံးရောက်ဖို့ ၎င်းတို့သွားသည့်လမ်းတွင် ကျွန်ုပ်အား အမြတ်ထုတ်သည်ကို မည်သူ့ကိုမျှ ခွင့်ပြုမည် မဟုတ်ပါ။ ကျွန်ုပ်သည် အခြားသူများကို အသုံးချသည့်သူဖြစ်သည်။ လူတို့သည် မိမိတို့၏ ပံ့ပိုးမှုများပေါ် အခြေခံ၍ ဆုချီးမြှင့်ခြင်းခံရလျှင်၊ စာရင်း၏ ထိပ်ဆုံး၌ ကျွန်ုပ် ရှိသင့်သည်။ ထိုအခါမှသာ ထကြွလှုပ်ရှားတက်ကြွစွာ ကျွန်ုပ် အလုပ်လုပ်မည်ဖြစ်ပြီး အစွမ်းကုန်ပေးဆပ်မည်ဖြစ်သည်၊ သို့မဟုတ်လျှင် ကျွန်ုပ်ကို ထိုအရာ လုပ်ခိုင်းဖို့ သင် မေ့ထား၍ရနိုင်သည်။ သင်သည် ကျွန်ုပ်ကို အားစိုက်ထုတ်ခိုင်းလျှင်၊ သင့်ကို အကြံဉာဏ်ပေးဖို့ စေခိုင်းလျှင်၊ စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်စွမ်းရှိသမျှဖြင့် ကျွန်ုပ်ကို အလုပ်လုပ်ရန် စေခိုင်းသော်လည်း နောက်ဆုံးတွင် လူတို့အတွက် မိမိတို့၏ ပံ့ပိုးမှုများအပေါ် အခြေခံ၍ ဆုချီးမြှင့်ခံရမည့် အချိန်ရောက်လာသည့်အခါတွင် ကျွန်ုပ် မည်သည့်အရာကိုမျှ မရရှိပါက သင်တို့အတွက် အလုပ်လုပ်ဖို့၊ သင်တို့အတွက် မိမိကိုယ်ကို အသုံးခံကာ အစေခံဖို့ ကျွန်ုပ်ကို စေခိုင်းခြင်းနှင့်ပတ်သက်ပြီး သင် မေ့ထား၍ရသည်”ဟူ၍ ဖြစ်၏။ ဤသည်တို့မှာ အန္တိခရစ်များ၏ စိတ်သဘောထားများနှင့်သက်ဆိုင်သည့် စစ်မှန်သော ထုတ်ဖော်ပြချက်များနှင့် သရုပ်သကန်များ ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် “အစေခံသူ”အမည်နာမကို ပယ်ရှားရန် တမင်သက်သက် မကြိုးစားကြသော်လည်း ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရအရ၊ ထိုအရာကို ၎င်းတို့ စဉ်ဆက်မပြတ် ပယ်ရှားနေကြပြီး ဤအမည်နာမကို ဖယ်ရှားဖို့ အားထုတ်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းနေကြသည်၊ ကြိုးစားနေကြပြီး ရုန်းကန်နေကြပေသည်။ အန္တိခရစ်တစ်ဦးက အလုပ်တစ်ခုခုကို တာဝန်ယူဆောင်ရွက်သည့်အခါ ၎င်းတို့တွင် ထင်ပေါ်ပြီး အများအာရုံစိုက်ခံရဖို့ အခွင့်အရေးတစ်ခုရှိလျှင် သို့မဟုတ် ၎င်းတို့တွင် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိပြီး ၎င်းတို့က ဆုံးဖြတ်ချက်များ ချမှတ်လျှင်၊ ခေါင်းဆောင်တစ်ဦး ဖြစ်လာလျှင်၊ ရာထူး၊ ဩဇာလွှမ်းမိုးမှုနှင့် ဂုဏ်သိက္ခာတို့ ရှိပြီး ၎င်းတို့အောက်တွင် လူအချို့ရှိလျှင်၊ ၎င်းတို့ အလွန်သဘောကျနှစ်သက်ကြသည်။ တစ်နေ့တွင် တစ်စုံတစ်ဦးက ၎င်းတို့နှင့် ပတ်သက်သည့် ပြဿနာတစ်ခုကို ဖော်ထုတ်ပြီး “စည်းမျဉ်းများအတိုင်း သင် ကိုင်တွယ်ရမည့်အစား သင် ဆန္ဒရှိသည့် မည်သည့်ပုံစံဖြင့်မဆို ကိုင်တွယ်သည့် အရာများစွာရှိသည်။ ဤသည်မှာ အစေခံမှုသက်သက် ပေးနေသည့် တစ်စုံတစ်ဦး၏ အပြုအမူဖြစ်သည်။ သင်၏ တာဝန်ကို သင် ထမ်းဆောင်နေခြင်း မရှိပါ”ဟုဆိုလျက် ပြုပြင်လျှင် အန္တိခရစ်က ထိုအရာကို လက်ခံနိုင်သလော။ (လက်မခံနိုင်ပါ။) ပထမဆုံးအနေဖြင့် ၎င်းတို့၏ အပြစ်ကင်းမှုကို ၎င်းတို့ ဖွင့်ဟပြောဆိုလိမ့်မည်၊ ထိုအရာကို ဆင်ခြေပေးလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ကိစ္စကို အသနားခံလိမ့်မည်ဖြစ်ကာ ဒုတိယအနေဖြင့် “အစေခံမှု ပေးခြင်း”ဟူသည့် စကားများအပေါ် အလွန်အမင်း မနှစ်မြို့ခြင်းနှင့် အတိုက်အခံဖြစ်ခြင်းတို့ကို ၎င်းတို့ ချက်ချင်း ခံစားမိလိမ့်မည်ဖြစ်သည့်အပြင် ယင်းတို့ကို လုံးဝ လက်ခံကြမည် မဟုတ်ပေ။ ၎င်းတို့က “ထိုသို့သော မြင့်မားသည့် အဖိုးအခတစ်ခုကို ကျွန်ုပ် ပေးပြီးဖြစ်ကာ ဆင်းရဲဒုက္ခများစွာ ခံစားရပြီးဖြစ်သည်။ ကျွန်ုပ်သည် အလုပ်ကို စောစော အစပြုပြီး ညဉ့်နက်မှ အလုပ်ပြီးသည်။ ပြီးလျှင် ကျွန်ုပ် အိပ်ရေးပျက်ပြီး ထမင်းစားဖို့ မေ့သည့်တိုင် သင်က ကျွန်ုပ်သည် အစေခံမှုပေးနေသည်ဟု ပြောနေသေးသည်လော။ ဤကဲ့သို့ အစေခံမှု ပေးသောလူများ အမှန်တကယ် ရှိသလော။ ကျွန်ုပ်သည် ထိုသို့သော မြင့်မားသည့် အဖိုးအခတစ်ခု ပေးပြီးဖြစ်ကာ ထိုအတွက် ငါ ရရှိခဲ့သည့်အရာအားလုံးမှာ ‘အစေခံသူ’နှင့်ဆိုင်သည့် ဤအမည်နာမ၊ ဤသတ်မှတ်ချက်ဖြစ်သည်။ သို့ဆိုလျှင် ငါ့အတွက် မျှော်လင့်စောင့်စားဖို့ မည်သည့်အရာ ရှိသနည်း။ ဘုရားကို ယုံကြည်ခြင်းတွင် မည်သည့် အဓိပ္ပာယ်ရှိသနည်း။ မည်သည့် အရင်းခံအကြောင်း ရှိသနည်း။ ဤဘုရားမျိုးကို မယုံကြည်ခြင်းက ပိုကောင်းသည်”ဟု ပြောကြလိမ့်မည်။ ၎င်းတို့၏ စိတ်ထက်သန်မှုကို ၎င်းတို့ ဆုံးရှုံးသွားကြသည်။ ပြုပြင်ခံရပြီးနောက်တွင် အန္တိခရစ်များက ထိုအရာကို လက်မခံရုံမက အတိုက်အခံဖြစ်ခြင်းလည်း ခံစားရပြီး အလွန်အမင်း မနှစ်မမြို့ ဖြစ်လာကာ အထင်လွဲခြင်းကိုပင် သာ၍ ဖြစ်ပေါ်ကြလေသည်။ ထို့နောက်တွင် ၎င်းတို့ အလုပ်လုပ်ပြီး မိမိတို့တာဝန်ကို ထမ်းဆောင်ကြသည့်အခါ ၎င်းတို့၏ သဘောထားက ပြောင်းလဲသွားပြီး ၎င်းတို့က “ငါ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ယခုတွင် ငါသည် အစေခံသူတစ်ဦးဖြစ်သည်။ ထို့ကြောင့် ဤအလုပ်ကို ငါ လုပ်သည့်အခါ ချုပ်တည်းထားခြင်း၊ မိမိကိုယ်တိုင် အရံအစီအစဉ်တစ်ခု ချန်ထားခြင်းနှင့် အစွမ်းကုန် မလုပ်ဆောင်ခြင်းက ပိုကောင်းမည်။ ဘုရားက ဖြောင့်မတ်သည်ဟု လူတိုင်းပြောသည်။ သို့ဆိုလျှင် ငါသည် ထိုအရာကို အဘယ်သို့ဖြစ်ပြီး မမြင်နိုင်ရသနည်း။ ဘုရားက အဘယ်သို့ ဖြောင့်မတ်သနည်း။ မည်သည့်အရာကို ငါ လုပ်ဆောင်သည်ဖြစ်စေ ငါသည် အစေခံသူတစ်ဦးဖြစ်သည့်အတွက် ယခုချိန်မှစ၍ ဘုရားကို ငါ ယုံကြည်သည့်ပုံစံကို ငါ ပြောင်းလဲမည်။ အစေခံမှုကိုသာ ငါ ပေးမည်ဖြစ်ပြီး မည်သူ့ကို မည်သူက ကြောက်ရွံ့သည်ကို ငါတို့ မြင်ရလိမ့်မည်။ ငါ လုပ်ဆောင်သည့် မည်သည့်အရာအတွက်မျှ ငါသည် ချီးမွမ်းခံရခြင်း သို့မဟုတ် အသိအမှတ်ပြုခံရခြင်း ရှိမည်မဟုတ်သည့်အတွက် ရှိပါစေတော့။ ငါ၏ အသက်ရှင်ခြင်းပုံစံနှင့် အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းတို့အား ငါ ပြောင်းလဲမည်။ သင် ငါ့ကို စေခိုင်းသည့် မည်သည့်အရာကိုမဆို ငါ လုပ်ဆောင်မည် ဖြစ်ပြီး ငါတွင် စိတ်ကူးတစ်ခုတလေ ရှိလျှင် ထုတ်ပြောမည်မဟုတ်ပါ။ ပြောချင်သူ မည်သူမဆို ပြောနိုင်သည်။ တစ်စုံတစ်ဦးက ငါ့ကို ပြုပြင်လျှင်၊ အပေါ်ယံတွင် သူတို့ကို ငါ သဘောတူပုံပေါ်မည်ဖြစ်ပြီး တစ်ဦးတလေက မိမိ၏ အလုပ်တွင် အမှားတစ်ခုပြုမိလျှင် ထိုအမှားကို ငါ သတိပြုမိလျှင်ပင် မည်သည့်အရာကိုမျှ ပြောမည်မဟုတ်ပါ။ စည်းမျဉ်းများကို သိနားလည်ခြင်းမရှိဘဲ တစ်စုံတစ်ဦးက ပြုမူဆောင်ရွက်လျှင် ထိုစည်းမျဉ်းများကို ငါ နားလည်လျှင်ပင် ၎င်းတို့ကို ပြောပြမည် မဟုတ်ပါ။ ၎င်းတို့ လူနုံလူအများကဲ့သို့ ပြုမူသည်ကို ငါ စောင့်ကြည့်ရုံ စောင့်ကြည့်မည်၊ ကျွန်ုပ်ကဲ့သို့ သူတို့လည်း ပြုပြင်ခြင်းခံရဖို့အလို့ငှာ သူတို့ကို အမှားများပြုလုပ်ခွင့်ပေးမည်ဖြစ်ပြီး အစေခံသူတစ်ဦးအဖြစ် အမျိုးအစားသတ်မှတ်ခံရခြင်းက မည်ကဲ့သို့ခံစားရသည်ဟူသည့် အတွေ့အကြုံအား ၎င်းတို့ ကိုင်တွယ်နိုင်ခြင်း ရှိမရှိဟူသည်ကို ကြည့်မည်။ သင်သည် ငါ့ကို အခက်ကြုံစေခဲ့သည့်အတွက် သင့်အတွက် အမှုအရာများကို ငါ အခက်ကြုံစေမည်ဖြစ်ပြီး သင့်ကိုလည်း အေးအေးဆေးဆေး နေခွင့်ပေးမည် မဟုတ်ပါ”ဟု စဉ်းစားကြသည်။ ပြုပြင်ခံရခြင်းနှင့် ဆုံးမပဲ့ပြင်ခံရခြင်းမျှက ၎င်းတို့အား ထိုသို့သော ပြင်းထန်သည့် စိတ်ခံစားမှုများနှင့် အတိုက်အခံဖြစ်သည့် ခံစားချက်မျာကို ခံစားစေသည်။ ဤသည်မှာ သမ္မာတရားကို လက်ခံသည့် သဘောထားတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) အစေခံမှု ပေးခြင်းနှင့်ပတ်သက်၍ အဘယ်အရာ မှားယွင်းသနည်း။ ဘုရားသခင်အတွက် အစေခံမှုပေးခြင်းက ဆိုးသလော။ ဘုရားသခင်အတွက် အစေခံမှုပေးခြင်းက သင်၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေသလော။ သူ့အတွက် သင်၏ အစေခံမှုပေးခြင်းနှင့် ဘုရားသခင် ထိုက်တန်သည် မဟုတ်လော။ သို့ဆိုလျှင် သင့်အတွက် ဘုရားသခင်အား မည်သည့်အရာကို လုပ်ဆောင်စေခြင်းနှင့် သင် ထိုက်တန်သနည်း။ သင်သည် အဘယ်ကြောင့် ဤစကားများအပေါ် အလွန် ဆတ်ဆတ်ထိမခံဖြစ်ပြီး အတိုက်အခံဖြစ်နေရသနည်း။ ဖန်ဆင်းရှင်သည် လူသားများကြား အသက်ရှင်ကာ ဖောက်ပြန်ပျက်စီးသည့် လူသားတိုင်းကို၊ သူ့ကို ဆန့်ကျင်ကာ ငြင်းပယ်သည့် လူသားများကို အစေခံသည့် လူတစ်ဦးဖြစ်လာရန် မိမိကိုယ်ကို နှိမ့်ချခဲ့သည်။ သို့ဆိုလျှင် လူတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် အစေခံမှု အနည်းငယ်ကို အဘယ်ကြောင့် မပေးနိုင်ကြသနည်း။ ဤအရာကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ မည်သည့်အရာ မှားယွင်းသနည်း။ ထိုအရာနှင့်ပတ်သက်၍ မကောင်းသတင်း ကျော်စောသည့်အရာ တစ်စုံတစ်ခု ရှိသလော။ ထိုအရာနှင့်ပတ်သက်၍ ပြောမထွက်နိုင်သောအရာ တစ်စုံတစ်ခု ရှိသလော။ ဘုရားသခင်၏ နှိမ့်ချခြင်း၊ ကွယ်ဝှက်ခြင်းတို့နှင့် ယှဉ်ကြည့်သည့်အခါ၊ လူသားများသည် အစဉ်ထာဝရ စက်ဆုပ်ဖွယ်ဖြစ်ပြီး အကျည်းတန်ကြလိမ့်မည်ဖြစ်သည်။ ထိုသို့ ဖြစ်သည် မဟုတ်လော။
ယခုတွင် သမ္မာတရားကို လိုက်စားသည့် ဖောက်ပြန်ပျက်စီးသော လူများသည် “အစေခံသူ”အမည်နာမကို ကြားသည့်အခါ တဒင်္ဂမျှတာ စိတ်မကောင်းဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဤအရာသည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသို့ ရောက်ရှိရန် သမ္မာတရား လိုက်စားဖို့ ၎င်းတို့ကို လှုံ့ဆော်ပေးနိုင်သည့် တွန်းအားပေးသော အကြောင်းရင်းတစ်ခု ဖြစ်လာနိုင်ပေသည်။ ၎င်းတို့သည် ဘုရားသခင်က လူတို့ကို ပေးသည့် ဤအမည်နာမကို အလွန် ဆတ်ဆတ်ထိမခံ မဖြစ်ကြပေ။ သို့သော် ဤသည်မှာ အန္တိခရစ်များနှင့်ပတ်သက်၍မူ မမှန်ပေ။ ၎င်းတို့သည် လူတို့ကို ဘုရားသခင်ပေးသည့် အမည်နာများနှင့်ပတ်သက်၍ အမြဲ အလွန် အပြစ်မရှိအပြစ်ရှာကြပြီး ယင်းတို့ကို နှလုံးသွင်းကြလေသည်။ ဘုရားသခင်ပြောသည့် စကားရပ်တစ်ခုက ၎င်းတို့၏ အကျိုးစီးပွားများအပေါ် ထိပါးကာ ၎င်းတို့ကို ထိခိုက်စေဖို့က များစွာမလိုအပ်ပေ။ ပြီးလျှင် ဘုရားသခင် ပြောသည့် တစ်စုံတစ်ရာက ကောင်းချီးများ ရရှိဖို့ဖြစ်သော ၎င်းတို့၏ ရည်ရွယ်ချက်နှင့် လိုအင်ဆန္ဒတို့ကို ဆန့်ကျင်သည့်အခါ ထိုအရာက ၎င်းတို့၏ မိမိကိုယ်ကို တန်ဖိုးထားမှုအား ထိခိုက်လေသည်။ ၎င်းတို့၏ မိမိကိုယ်ကို တန်ဖိုးထားခြင်းနှင့် ဂုဏ်သိက္ခာတို့ ထိခိုက်သည့် တဒင်္ဂတွင် ၎င်းတို့က ဘုရားသခင်ကို ဝေဖန်၊ ငြင်းပယ်ပြီး သစ္စာဖောက်ကြလေသည်။ ဘုရားသခင်ကို ၎င်းတို့ စွန့်ခွာချင်ကြသည်၊ မိမိတို့၏ တာဝန်ကို ဆက်လက်ထမ်းဆောင်ရန် မလိုမလားဖြစ်သည့် တစ်ချိန်တည်းတွင်ပင် ဘုရားသခင်ကို မဖြောင့်မတ်ခြင်းအတွက်လည်းကောင်း၊ လူတို့နှင့်ပတ်သက်၍ စာနာမှုမရှိခြင်းအတွက်လည်းကောင်း ကျိန်ဆဲကြလေသည်။ လူအချို့က ဘုရားသခင်ကို နှစ်သက်သဘောကျစေဖို့ အလွန် ခက်ခဲကြောင်းနှင့် ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမျှ မမှန်ကန်ကြောင်းပင် ပြောဆိုကြသည်။ ဤစကားများ၊ ခံစားချက်များနှင့် စိတ်သဘောထားများသည် အန္တိခရစ်များထံမှ လာသည်ချည်းသာ ဖြစ်သည်။ ဘုရားသခင်ကို ကျိုးနွံနာခံသည့် သဘောထားတစ်ခု လုံးဝ မရှိခြင်းအပြင် ၎င်းတို့က ဘုရားသခင် ပြောဆိုသည့် အမျိုးမျိုးသော အရာများနှင့် ပတ်သက်လာသည့်အခါလည်း ချစ်တီးခေါင်းသန်းရှာ လုပ်ကြပြီး ဘုရားသခင်၏ အမျိုးမျိုးသော တောင်းဆိုချက်များအပေါ် အလေးမထားကြသကဲ့သို့ စိတ်မဝင်မစားဖြစ်ကြသည်။ ၎င်းတို့သည် ဤ “အစေခံသူ” အမည်နာမကို စဉ်ဆက်မပြတ် အတိုက်အခံဖြစ်ကြပြီး ဘုရားသခင်၏ ရည်ရွယ်ချက်ကို သိနားလည်ဖို့ ရည်ရွယ်ချက်တစ်ခုတလေ ရှိရန် မဆိုထားနှင့်၊ ထိုအမည်နာမကို လက်ခံဖို့ သို့မဟုတ် ကျိုးနွံနာခံဖို့ မည်သည့်ရည်ရွယ်ချက်မျှ မရှိကြပေ။ ၎င်းတို့ လုပ်ဆောင်သမျှမှာ ဤသတ်မှတ်ချက်နှင့် ပင်ကိုလက္ခဏာ၊ ဤအဆင့်အတန်းနှင့် “အစေခံသူ”နှင့်ဆိုင်သည့် ရာထူးတို့ကို ဖယ်ရှားဖို့ တစ်စိုက်မတ်မတ် ကြိုးစားခြင်းဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်ကို အထမြောက်အောင် ဆောင်ရွက်ရန်အလို့ငှာ ဘုရားသခင်နှင့် မည်သို့ ပူးပေါင်းဆောင်ရွက်ရမည် သို့မဟုတ် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို မည်သို့ စွမ်းဆောင်ရရှိရမည်၊ သမ္မာတရား လက်တွေ့ကျမှုထဲသို့ မည်သို့ ဝင်ရောက်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံရမည်ဟူသည်တို့ကို အနည်းငယ်မျှ ၎င်းတို့ မရှာဖွေကြပေ။ ဤအပြုသဘောဆောင်သည့် အရာများကို ၎င်းတို့ လုံးဝ မလိုက်စားကြသကဲ့သို့ အစေခံသူများအဖြစ် ၎င်းတို့ ဖော်ထုတ်ခံရသည့်အခါတွင်ပင် ၎င်းတို့ ခံစားရသည့် မခံမရပ်နိုင်ဖြစ်ခြင်းနှင့် တဇောက်ကန်းဖြစ်ခြင်းတို့ တစ်ပြိုင်နက်တည်း ပွင့်ထွက်လာလေသည်။ ဤအရာသည် မည်မျှ ပြင်းထန်နိုင်သနည်း။ အချို့သော အန္တိခရစ်များသည် “ဘုရားသခင်က မဖြောင့်မတ်ပါ။ မဖြောင့်မတ်မည့်အတူတူ ဤဘုရားမျိုးကို ကျွန်ုပ်လည်း ကိုးကွယ်မည် မဟုတ်ပါ”ဟု ဆိုလျက် ဘုရားသခင်ကို အများပြည်သူ နေရာများတွင် တိတ်တဆိတ် ကျိန်ဆဲနေစဉ် မမြင်ကွယ်ရာတွင် သူ့ကို ကျယ်လောင်စွာ ကျိန်ဆဲကြလေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း စိန်ခေါ်ကာ ဆန့်ကျင်ကြသည်။ ဤ “အစေခံသူ”ဟူသည့် စကားလုံးသက်သက်က ဘုရားသခင်ကို ဆန့်ကျင်ပြီး သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် အန္တိခရစ်များ၏ အနှစ်သာရကို ထုတ်ဖော်လေသည်။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘောသဘာဝများက “အစေခံသူ”ဟူသည့် စကားလုံးရှေ့တွင် လုံးလုံးလျားလျား ဖော်ထုတ်ခြင်းခံရကာ လုံးဝ ဖွင့်ချခြင်းခံရလေသည်။ အတိအကျအားဖြင့် မည်သည့်အရာက ဖွင့်ချခြင်းခံရသနည်း။ ထိုအရာမှာ ၎င်းတို့က ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် သို့မဟုတ် သမ္မာတရားကို လက်ခံရန် ဘုရားသခင်ကို မယုံကြည်ကြခြင်း မဟုတ်သကဲ့သို့ ဘုရားသခင်က သမ္မာတရားဖြစ်သောကြောင့် သို့မဟုတ် ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိသောကြောင့် ဘုရားသခင်ကို ၎င်းတို့ မယုံကြည်ကြခြင်းလည်း မဟုတ်ပေ။ ထို့ထက် ၎င်းတို့သည် ဘုရားသခင်ထံမှ တစ်စုံတစ်ရာကို လိုချင်ကြသောကြောင့် သူ့ကို ယုံကြည်ကြပေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများအတွက် ဘုရားအိမ်တော်သို့ မိမိတို့ဘာသာ လိုလိုလားလား လာကြသည်။ မိမိတို့ကိုယ်ပိုင် နည်းလမ်း၊ အားထုတ်မှုများ၊ အလုပ်ကြိုးစားမှုနှင့် ရုန်းကန်မှုများမှတစ်ဆင့် လူအုပ်မှ ထင်ပေါ်ဖို့ရန်နှင့် ကောင်းချီးများ ရရှိဖို့ အချည်းနှီး ကြိုးပမ်းကြသည် သို့မဟုတ် ပိုကောင်းသည်မှာ ၎င်းတို့၏ နောင်ဘဝတွင် သာ၍ ကြီးမားသော ဆုလာဘ်တစ်ခုကိုပင် ရကောင်းရရှိနိုင်ဖို့အတွက် အချည်းနှီး ကြိုးပမ်းကြလေသည်။ ထို့ကြောင့် ၎င်းတို့၏ အမြင်တွင် “အစေခံသူ”ဟူသည့် စကားလုံးသည် အရှက်ရစေသော တစ်စုံတစ်ခု ဖြစ်ပြီး နိမ့်ကျသော ဝေါဟာရ၊ ၎င်းတို့ လုံးဝ လက်မခံနိုင်သည့် တစ်စုံတစ်ရာ အစဉ်ထာဝရ ဖြစ်ပေသည်။ အချို့သော ညီအစ်ကို မောင်နှမများက “ဘုရားသခင်အတွက် အစေခံမှု ပေးခြင်းသည် ငါတို့၏ ကောင်းချီးမင်္ဂလာဖြစ်သည်။ ထိုအရာသည် ကောင်းမြတ်သည့်အရာတစ်ခု၊ ဂုဏ်ယူဖွယ်ကောင်းသည့် အရာတစ်ခုဖြစ်သည်”ဟု တွေးကြသည်။ သို့သော် အန္တိခရစ်များက ဤအချက်ကို လုံးဝ လက်မခံကြသကဲ့သို့ “ဘုရားအတွက် အစေခံမှုပေးခြင်းသည် ကျွန်ုပ်တို့၏ ကောင်းချီးမင်္ဂလာလော။ ယင်းမှာ ပြောရမည့် မည်သည့်အရာမျိုး ဖြစ်သနည်း။ အဓိပ္ပာယ်မဲ့သည့် စကားများပါတကား။ ယင်းကို လုပ်ဆောင်ရာတွင် ကောင်းချီးမင်္ဂလာမှာ အဘယ်မှာရှိသနည်း။ ပျော်ရွှင်မှုမှာ အဘယ်မှာနည်း။ ဘုရားအတွက် အစေခံမှု ပေးခြင်းအားဖြင့် မည်သည့်အရာကို ရရှိနိုင်သနည်း။ အစေခံမှုပေးခြင်းမှ ငွေ၊ ရွှေ သို့မဟုတ် ရတနာကို သင် ရရှိနိုင်သလော။ သို့မဟုတ် အိမ်တစ်အိမ်နှင့် ကားတစ်စီး သင် ရနိုင်သလော။ အစေခံမှု ပေးသူတိုင်း ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်ဖြစ်သည်။ လူကောင်းများဖြစ်သည့် အစေခံသူတစ်ဦးတလေ ရှိသလော။ အစေခံမှုပေးသည့် မည်သူကမျှ မည်သည့်အရာကိုမျှ လုံးဝ ရရှိလိမ့်မည် မဟုတ်ပါ”ဟု ပြောကြလေသည်။ ဘုရားသခင်အတွက် “အစေခံမှုပေးခြင်းသည် လူသားမျိုးနွယ်အပေါ် ကောင်းချီးမင်္ဂလာတစ်ပါး ဖြစ်သည်”ဟူသည့် ညီအစ်ကို မောင်နှမများ မိတ်သဟာယပြုခဲ့သော အချက်ကို ၎င်းတို့ လက်မခံကြသကဲ့သို့ ထိုအရာအပေါ် အတိုက်အခံဖြစ်ကာ စက်ဆုပ်မှု ခံစားကြလေသည်။ အခြားအရာတစ်ခုတလေကို ၎င်းတို့ နားထောင်ရန် လိုလားကြမည် ဖြစ်သည်။
အန္တိခရစ်များသည် လောကတွင် မည်သည့်အရာရှိမဆိုအတွက် သို့မဟုတ် ရာထူးနှင့် သိက္ခာရှိသည့် မည်သူ့မဆိုအတွက် မိမိတို့ကိုယ်ကို အသုံးခံနိုင်ကြသည်၊ အစေခံပြီး အဖျော်ယမကာများကို လောင်းငှဲ့ပေးနိုင်ကြကာ ဤလူများအတွက် အစေခံမှု ပေးခြင်းကိုပင် လက်ခံကြလိမ့်မည်ဖြစ်ပြီး ထိုအရာကို ဝမ်းသာအားရ လုပ်ဆောင်ပေးကြလိမ့်မည်။ ဘုရားသခင်အတွက် အစေခံမှု ပေးဖို့ ၎င်းတို့ လာကြသည့်အခါတွင်သာ ၎င်းတို့သည် မလိုမလားဖြစ်ပြီး အင်တင်တင် ဖြစ်လာကြသည်၊ မကျေမနပ်ပြောခြင်းများ၊ အတိုက်အခံဖြစ်ခြင်း၊ ခံစားချက်များဖြင့် ပြည့်လာကြလေသည်။ ဤလူများသည် မည်သည့် သတ္တဝါမျိုး ဖြစ်ကြသနည်း။ ဤသည်တို့မှာ ဘုရားသခင်၏ နောက်လိုက်တစ်ဦး ရှိသင့်သော သရုပ်သကန်များ ဖြစ်သလော။ ဤသည်တို့မှာ သိသာထင်ရှားစွာပင် အန္တိခရစ်များ၏ အနှစ်သာရနှင့်ဆိုင်သည့် သရုပ်သကန်များဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် မြို့တော်ဝန်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး သို့မဟုတ် ဂုဏ်သရေရှိသော မည်သည့်နိုင်ငံရေးသမားကိုမဆို အစေခံဖို့ လောကထဲသို့ ဝင်ရောက်ရမည်ဆိုလျှင် ၎င်းတို့က ဤအရာသည် မိမိတို့၏ ဘိုးဘေးများကို ဂုဏ်အသရေ ဆောင်ကြဉ်းပေးပြီး မိမိတို့ မိသားစုကို ဂုဏ်ယူစေသည့် အရာတစ်ခုဖြစ်သည်ဟု တွေးထင်ကြလေသည်။ ၎င်းတို့ အလွန့်အလွန် ပျော်ရွှင်ကြမည်၊ အရူးအမူး ဝမ်းသာကြမည်ဖြစ်သည်။ ၎င်းတို့၏ အလုပ်က မည်သည့်အရာဖြစ်သည်ကို တစ်ဦးတလေက မေးလျှင် “ကျွန်ုပ်သည် မြို့တော်ဝန်ကို အစေခံသည်။ မြို့တော်ဝန်၏ ရင်းနှီးသော အခြွေအရံ၊ သူ၏ ကိုယ်ရံတော်ဖြစ်သည်”ဟု ပြောကြပေမည်။ သို့မဟုတ် ၎င်းတို့က “သမ္မတ၏ နေ့စဉ်လိုအပ်ချက်များကို ကျွန်ုပ် တာဝန်ယူရသည်”ဟု ပြောကြပေမည်။ ဤအရာကို ၎င်းတို့က အလွန်ဂုဏ်ယူစွာ ပြောဆိုကြပေမည်။ ဤသည်မှာ အဆင့်မြင့် အလုပ်တစ်ခု ဖြစ်သည်ဟူ၍လည်းကောင်း၊ ၎င်းတို့၏ မိသားစုတစ်စုလုံးက ထိုအလုပ်နှင့်ဆိုင်သည့် ဂုဏ်အသရေကို မျှဝေခံစားကြမည်ဟူ၍လည်းကောင်း တွေးထင်ကြလေသည်။ ၎င်းတို့သည် ညဘက်တွင် အိပ်မက်မက်ပြီး ပျော်ရွှင်စွာနှင့် နိုးထလာကြမည်ဖြစ်ကာ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ၎င်းတို့လုပ်ဆောင်ခဲ့သည့်အရာကို ကွယ်ဝှက်ထားကြမည် မဟုတ်။ ယင်းမှာ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် မိမိတို့၏ အလုပ်ကို ရှက်ဖွယ်သောအရာအဖြစ် မြင်ကြမည် မဟုတ်ပေ။ ထိုအလုပ်က ဂုဏ်ယူဖွယ်ဖြစ်သည်၊ ၎င်းတို့ကို အခြားသူများထက် သာလွန်စေသည့် အလုပ်တစ်ခု၊ ၎င်းတို့ကို ဂုဏ်ရောင်ဂုဏ်ဝါ တောက်ပစေသည့် အလုပ်တစ်ခုဖြစ်သည်ဟု ၎င်းတို့က ခံစားကြသည်။ သို့သော် ဤသို့သော တစ်စုံတစ်ဦးက ဘုရားသခင်ကို ယုံကြည်လာပြီးနောက်တွင် သူ့အတွက် အစေခံမှုပေးရန် စေခိုင်းခြင်းခံရလျှင် ထိုအရာကို လုပ်ဆောင်ဖို့ မလိုမလား ဖြစ်နေတတ်သည်။ ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့သည် အတိုက်အခံဖြစ်ခြင်းကို ခံစားရပြီး ညည်းပင်ညည်းညူကြကာ ဘုရားသခင်ကို ကျိန်ဆဲကြသည့်အပြင် ဘုရားသခင်ကို သစ္စာဖောက်နိုင်ကာ ငြင်းလည်းငြင်းပယ်နိုင်ကြလေသည်။ ဤအရာနှစ်ခုကို နှိုင်းယှဉ်ကြည့်သည့်အခါ အန္တိခရစ်များက အန္တိခရစ်များဖြစ်ကြောင်း၊ ၎င်းတို့က စာတန်၏ ဂိုဏ်းနှင့် သက်ဆိုင်ကြောင်းကို ငါတို့ မြင်နိုင်သည်။ ၎င်းတို့က စာတန်ကို မည်သို့ ပြုစုသည်ဖြစ်စေ၊ ပြီးလျှင် ထိုအလုပ်က မည်မျှ ညစ်ပတ်သည်ဖြစ်စေ၊ ပင်ပန်းနွမ်းနယ်စရာဖြစ်သည်ဖြစ်စေ သို့မဟုတ် အရှက်ရစရာဖြစ်သည်ဖြစ်စေ၊ ၎င်းတို့က ထိုအလုပ်ကို ဂုဏ်တစ်ခုအဖြစ် ယူဆကြသည်။ သို့သော် ဘုရားသခင်အတွက် သူ၏ အိမ်တော်တွင် အမှုအရာများကို လုပ်ဆောင်နေချိန်တွင် ၎င်းတို့ လုပ်ဆောင်သည့် အရာများက မည်မျှ အဓိပ္ပာယ်ရှိသည်ဖြစ်စေ၊ တန်ဖိုးရှိသည်ဖြစ်စေ၊ မြင့်မြတ်သည်ဖြစ်စေ သို့မဟုတ် ထိုအရာများကို လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့ မည်မျှ ချီးမြှောက်ခံရသည်ဖြစ်စေ၊ ဤအရာများကို စကားထဲထည့်မပြောထိုက်သည့် အရာအဖြစ် အမြဲ ယူဆကြသည်။ ထိုအရာက မည်သည့် ကြီးမားသည့် ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်သည်ဖြစ်စေ၊ ဘုရားသခင်နှင့် ဘုရားသခင်၏ အမှုတော်အတွက် အစေခံမှုပေးခြင်းက မည်မျှ ဂုဏ်ယူဖွယ်ဖြစ်သည်ဖြစ်စေ၊ ပြီးလျှင် ထိုအရာက လူသားမျိုးနွယ်အတွက် အဘယ်တန်ဖိုးရှိသည့် အခွင့်အရေးတစ်ခု ဖြစ်သည်ဖြစ်စေ၊ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့ ဝမ်းကိုမသာနိုင်ကြပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အကြောင်းရင်းတစ်ခုသာ ရှိ၏။ အန္တိခရစ်များသည် စာတန်၏ဂိုဏ်းနှင့် သက်ဆိုင်ကြသည်။ ၎င်းတို့သည် စာတန်ဆန်ကြပြီး ဘုရားသခင်ကို ပင်ကိုအားဖြင့် ဆန့်ကျင်လိုကြသည့် အသက်ရှင်နေသော စာတန်များ ဖြစ်သည်။ ဘုရားသခင်ကို အစေခံကာ ဘုရားသခင်အတွက် အစေခံမှုပေးရန် စေခိုင်းခြင်းခံရလျှင် ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့ ဝမ်းကိုမသာနိုင်ကြပေ။ ဘုရားအိမ်တော်က လူတို့နှင့်အတူ သမ္မာတရားကို မည်မျှမိတ်သဟာယပြုသည်ဖြစ်စေ၊ “အစေခံသူ” အမည်နာမနှင့်စပ်လျဉ်း၍ ဘုရားသခင်၏ ရည်ရွယ်ချက်ကို လူတို့အား နားလည်စေရန် မည်သို့ ကြိုးစားသည်ဖြစ်စေ၊ အန္တိခရစ်များက ဖန်ဆင်းရှင်အတွက် ဖန်ဆင်းခံက အစေခံမှုပေးခြင်းသည် ဂုဏ်ယူဖွယ် ဖြစ်သည့်၊ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိသည့် အရာတစ်ခုဖြစ်ကြောင်း အမှန်တရား သို့မဟုတ် သမ္မာတရားကို လက်ခံရန် မဆိုထားနှင့်၊ ထိုအရာကို ဘုရားသခင်ထံမှ လက်မခံနိုင်ကြ သို့မဟုတ် ထိုအရာနှင့် ဆက်စပ်သည့် မည်သည့် သမ္မာတရားကိုမျှ လက်မခံနိုင်ကြပေ။ ဤသည်မှာ “အစေခံသူ” အမည်နာမအပေါ် အန္တိခရစ်များ ထားရှိသည့် သဘောထားဖြစ်သည်။ ဤအမည်နာမနှင့် ရင်ဆိုင်ရပြီး လူတို့က ဘုရားသခင်အတွက် အစေခံမှုပေးခြင်းနှင့်ဆိုင်သည့် အမှန်တရားနှင့် ရင်ဆိုင်ရသည့်အခါ အန္တိခရစ်များ လုပ်ဆောင်ဖူးသမျှမှာ အမှန်တရားကို လက်ခံခြင်း၊ ဘုရားသခင်ထံမှ ဤ“အစေခံသူ” အမည်နာမကို ခံယူခြင်းနှင့် ထို့နောက်တွင် သမ္မာတရားကို လိုက်စားခြင်း၊ ဘုရားနှုတ်ကပတ်တော်များကို နားထောင်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံကာ ကြောက်ရွံ့ခြင်းအစား ဤအမည်နာမကို ဖယ်ရှားပြီး ဤအမှန်တရားကို ရှောင်လွှဲဖို့ ကြိုးပမ်းခြင်း ဖြစ်သည်။ “အစေခံသူ”အမည်နာမအပေါ် အန္တိခရစ်များ ပြသသည့် သရုပ်သကန်များမှ အကဲဖြတ်သည့်အခါ အန္တိခရစ်များသည် စာတန်နှင့် တစ်မျိုးတစ်စားတည်း ဖြစ်သည်၊ ၎င်းတို့သည် စာတန်၏ ရန်လိုသော အင်အားစုများနှင့် သက်ဆိုင်ကြပြီး ဘုရားသခင်၊ သမ္မာတရားနှင့် အပြုသဘောဆောင်သည့် အရာများအားလုံးကို ဆန့်ကျင်လိုကြသည်ဟု ဆိုရပေမည်။
“အစေခံသူ”အမည်နာမအပေါ် အန္တိခရစ်များ ထားရှိသည့် သဘောထားသည် လက်မခံခြင်း၊ အတိုက်အခံလုပ်ခြင်း၊ စက်ဆုပ်ခြင်းနှင့် အလွန်မုန်းတီးခြင်းတို့နှင့်ဆိုင်သည့် သဘောထားတစ်ခု ဖြစ်သည်။ ဤအမည်နာမက မည်သူ့ထံမှ လာသည်ဖြစ်စေ၊ အစေခံသူတစ်ဦး ဖြစ်ခြင်းက အောက်တန်းကျကြောင်း၊ မည်သူ့အတွက် ၎င်းတို့ အစေခံမှုပေးနေသည်ဖြစ်စေ ထိုအမည်နာမက အမြဲ အောက်တန်းကျကြောင်းကို ယုံကြည်လျက် ထိုအမည်နာမအပေါ် ၎င်းတို့သည် စဉ်ဆက်မပြတ် အတိုက်အခံဖြစ်ခြင်းကို ခံစားကြပြီး လက်မခံကြပေ။ “အစေခံသူ”သည် လူ၏ အနှစ်သာရအပေါ် အခြေခံ၍ ဘုရားသခင်က လူကို ပေးသည့် သတ်မှတ်ချက်တစ်ခု မဟုတ်ဘဲ ထို့ထက် လူ၏ ပင်ကိုလက္ခဏာနှင့် တန်ဖိုးတို့အပေါ် စိန်ခေါ်မှုနှင့် အထင်အမြင်သေးသည့် ပြင်ပန်းအသွင်သဏ္ဌာန်တစ်ခု ဖြစ်သည်ဟု ၎င်းတို့က ထင်မြင်ယူဆကြသည်။ ဤသည်မှာ “အစေခံသူ”အမည်နာမနှင့်ပတ်သက်၍ အန္တိခရစ်များတွင်ရှိသည့် အဓိကအမြင် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များအပေါ် အန္တိခရစ်များ၏ သဘောထားမှကြည့်လျှင် ၎င်းတို့က ဘုရားနှုတ်ကပတ်တော်များကို စံသတ်မှတ်ချက်များအဖြစ် သို့မဟုတ် သမ္မာတရားအဖြစ် သဘောထားကြရမည့်အစား ၎င်းတို့အနေဖြင့် စေ့စေ့ကြည့်ရှုစစ်ဆေးကာ စိစစ်ရမည့် အရာများအဖြစ် သဘောထားကြသည်ကို ငါတို့ မြင်နိုင်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် သမ္မာတရားကို သဘောပေါက်နားလည်ခြင်း သို့မဟုတ် ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်သည်ဟူသည်ကို လက်ခံခြင်းနှင့်ဆိုင်သည့် အကြောင်းပြချက်အရ ဘုရားနှုတ်ကပတ်တော်များကို လက်ခံရမည့်အစား စေ့စေ့ကြည့်ရှုစစ်ဆေးခြင်း၊ အတိုက်အခံဖြစ်မှုကို ခံစားခြင်းနှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်ခြင်းတို့နှင့်ဆိုင်သည့် အကြောင်းပြချက်အရ ဘုရားနှုတ်ကပတ်တော်များကို ချည်းကပ်ကြလေသည်။ ၎င်းတို့အတွက်မှာမူ ဘုရားသခင်ပြောသည့် စကားလုံးတိုင်းနှင့် သူ မိန့်မြွက်သည့် ဆိုရိုးတိုင်းသည် စေ့စေ့ကြည့်ရှုစစ်ဆေးရမည့် အရာတစ်ခုဖြစ်ပြီး “အစေခံသူ” အမည်နာမမှာ ခြွင်းချက်မဟုတ်ပေ။ ၎င်းတို့သည် “အစေခံသူ”ဟူသည့် စကားလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် တွေးဆခြင်းတွင် အားထုတ်ကြပြီး ဘုရားနှုတ်ကပတ်တော်များ၌ ဘုရားသခင်သည် အစေခံသူများကို ကောင်းမြတ်သည့်သူအဖြစ် သဘောမထားဘဲ ထို့ထက် အောက်တန်းကျသောသူ၊ နိမ့်ကျသောသူ၊ တန်ဖိုးမဲ့သောသူ အဖြစ်လည်းကောင်း၊ ဘုရားသခင် မချစ်သည့် လူများအဖြစ်လည်းကောင်း၊ ဘုရားသခင် အလွန်မုန်းတီးစက်ဆုပ်သည့် လူများအဖြစ်လည်းကောင်း သဘောထားသည်ဟု ၎င်းတို့ မြင်ကြသည်။ ဤသည်မှာ “အစေခံသူ” အမည်နာမအပေါ် ဘုရားသခင်၏ သဘောထားဖြစ်သော်လည်း ထိုအတွက် ဆက်စပ်အကြောင်းအရာတစ်ခုရှိပြီး ဘုရားသခင်က ထိုသို့သော သဘောထားတစ်ခုရှိရခြင်းအတွက် အကြောင်းရင်းတစ်ခု ရှိပေသည်။ ထိုအရာသည် လူ၏ အနှစ်သာရအပေါ် အခြေခံပေသည်။ ၎င်းတို့ မမြင်သေးသည့် နောက်ထပ် အမှန်တရားတစ်ခုလည်း ရှိ၏။ ဘုရားသခင်က ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို မည်မျှ အလွန်စက်ဆုပ်ကာ မုန်းတီးသည်ဖြစ်စေ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအပေါ် လုံးဝ လက်မလျှော့ခဲ့သကဲ့သို့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်သော သူ၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သည့် အလုပ်ကို မရပ်တန့်ခဲ့ပေ။ အန္တိခရစ်များက ဤအမှန်တရားကို မယုံကြည်ကြသကဲ့သို့ အသိအမှတ်မပြု သို့မဟုတ် မမြင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်က လူမျိုးမျိုးတို့၏ အဆုံးသတ်များနှင့်ပတ်သက်၍လည်းကောင်း၊ အထူးသဖြင့် “အစေခံသူ”အမည်နာမနှင့် စပ်လျဉ်း၍လည်းကောင်း ပြောရန်ရှိသည့်အရာ အပေါ်ကိုသာ အစွဲကြီးနေကြသည်။ ၎င်းတို့တွင် အလွန့်အလွန် ဆတ်ဆတ်ထိမခံသော သဘောထားတစ်ခု ရှိကြလေသည်။ ၎င်းတို့သည် “အစေခံသူ”အမည်နာမကို ဆင်မြန်းလျက် ဘုရားသခင်အတွက် အစေခံမှုပေးရန် မဆိုထားနှင့်၊ အစေခံသူများ မဖြစ်ချင်ကြသကဲ့သို့ အစေခံသူများအဖြစ် ဘုရားသခင်၏ သတ်မှတ်ခြင်းကို မခံလိုကြပေ။ ထို့ကြောင့် အန္တိခရစ်များက ဘုရားအိမ်တော်သို့ ရောက်လာကြသည့်အခါ ၎င်းတို့ကိုယ်တိုင်က အစေခံသူများ ဟုတ်မဟုတ်ဟူသည်ကို မေးမြန်းရင်း မတူကွဲပြားသော အသိုင်းအဝိုင်းများစွာတွင်လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များနှင့် ၎င်းတို့နှင့်ပတ်သက်၍ လူတို့ ပြောသည့်အရာတို့မှလည်းကောင်း စုံစမ်းမှုများ ပြုလုပ်ကြသည်။ ၎င်းတို့က ရိုးသားသည့် စကားများကို ကြားချင်ကြပြီး ထိုကိစ္စ၏ အမှန်တရားကို သိချင်ကြသည်။ ၎င်းတို့သည် အစေခံသူများ ဟုတ်သလော၊ သို့မဟုတ် မဟုတ်သလော။ ဟုတ်လျှင် ၎င်းတို့ ချက်ချင်းပင် နှောင့်နှေးခြင်းမရှိဘဲ ထွက်သွားကြသည်။ ဘုရားသခင်အတွက်ဖြစ်စေ၊ ဘုရားအိမ်တော်အတွက်ဖြစ်စေ ၎င်းတို့ အစေခံမှု မပေးကြပေ။ ၎င်းတို့တွင် “အစေခံသူ”အမည်နာမအပေါ် ထိုသို့သော ပြင်းထန်သည့် တုံ့ပြန်ချက်တစ်ခု ရှိကြပြီး အန္တိခရစ်များနှင့်ပတ်သက်သရွေ့ ပင်ကိုလက္ခဏာ၊ ရာထူး၊ အလားအလာများ၊ ကံကြမ္မာနှင့် ခရီးပန်းတိုင်တို့သည် အမြဲတစေ လိုက်စားရမည့်အရာများဖြစ်ပြီး လုံးဝ မစွန့်ပစ်ရသည့် အကျိုးစီးပွားများဖြစ်သည်မှာ သိသာထင်ရှားလာလေသည်။ အန္တိခရစ်များအတွက်မှာမူ အစေခံသူများသည် ဘုရားသခင် သတ်မှတ်ထားသည့်အတိုင်း လူသားမျိုးနွယ်ထဲ၌ အနိမ့်ဆုံး အဆင့်တွင်ရှိသည်။ သင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ ဤအမှန်တရားနှင့် ဤအမည်နာမကို လူမည်မျှက လက်ခံသည်ဖြစ်စေ အန္တိခရစ်များက ထိုအရာကို လုံးဝ လက်ခံကြလိမ့်မည် မဟုတ်။ အလုပ်ကို လုပ်ဆောင်နေချိန်တွင် အခြားသူတို့က ၎င်းတို့အတွက် အစေခံမှုပေးရန်၊ ၎င်းတို့ စကားကို နားထောင်ရန်၊ ၎င်းတို့ကို နာခံကာ ၎င်းတို့ကို ဗဟိုပြုရန်သာ တောင်းဆိုကြပြီး မိမိတို့ကိုယ်တိုင် အခြားသူတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် သို့မဟုတ် အမှုအရာများကို ဆွေးနွေးရန် သို့မဟုတ် အခြားသူတို့၏ အယူအဆများကို မေးမြန်းရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို တိုင်ပင်ရန် သို့မဟုတ် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရန် လုံးဝ သတ်မှတ်ခြင်းမရှိကြပေ။ ၎င်းတို့က “ငါသည် အမှုအရာများကို လုပ်ဆောင်ချိန်တွင် အခြားသူတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ပြီး အမှုအရာများကို ဆွေးနွေးကာ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရမည်ဆိုလျှင် မိမိကိုယ်ကို ဂုဏ်ငယ်စေမည်ဖြစ်ပြီး ငါ၏ လုပ်ပိုင်ခွင့် ဆုံးရှုံးခြင်း ဖြစ်မည်ဖြစ်ကာ ယင်းသည် အစေခံမှု ပေးခြင်း ဖြစ်မည် မဟုတ်လော။ အခြားသူတို့က ထင်ပေါ်အောင် လုပ်နေကြစဉ်တွင် ငါသည် နောက်ကွယ်၌ အလုပ်ကို အားသွန်ခွန်စိုက် လုပ်နေခြင်းဖြစ်မည် မဟုတ်လော။ ငါသည် အခြားသူများကို ပြုစုကာ အစေခံနေခြင်း ဖြစ်မည် မဟုတ်လော”ဟု တွေးကြလေသည်။ ဤသည်မှာ ၎င်းတို့ လုံးဝ မလုပ်ဆောင်ချင်သည့် အရာတစ်ခု ဖြစ်သည်။ ၎င်တို့သည် အခြားသူတို့အား ၎င်းတို့ကို ဂရုစိုက်ရန်၊ ၎င်းတို့ကို အရှုံးပေးအပ်နှံရန်၊ ၎င်းတို့ကို နားထောင်ရန်၊ ၎င်းတို့ကို အသိအမှတ်ပြုရန်၊ ၎င်းတို့ကို အလွန်ချီးမွမ်းရန်၊ အရာခပ်သိမ်း၌ ၎င်းတို့ကို အကောင်းမြင်ခံရအောင် လုပ်ပေးရန်၊ ၎င်းတို့ကို နေရာပေးရန်၊ ၎င်းတို့ကို အစေခံရန်နှင့် ၎င်းတို့အတွက် အလုပ်လုပ်ပေးရန်သာ တောင်းဆိုကြပြီး ၎င်းတို့ လုပ်ဆောင်ပြီးသည့်အရာနှင့်အညီ သင့်တင့်လျောက်ပတ်သော ဆုလာဘ်များနှင့် သင့်တော်သော သရဖူတစ်ခုကို ပေးရန်ပင် ဘုရားသခင်ကို တောင်းဆိုကြသည်။ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်က မည်မျှ ကြီးမားသည့် အဖိုးအခတစ်ခု ပေးပြီးဖြစ်သည်ဆိုသည်နှင့် သူ မည်မျှ ဆင်းရဲဒုက္ခခံစားပြီးဖြစ်သည်၊ သူ့ကိုယ်သူ မည်မျှ နှိမ့်ချပြီးဖြစ်သည်ဆိုသည်နှင့် လူသားမျိုးနွယ်အတွက် သူ မည်မျှ ထောက်ပံ့ပြီးဖြစ်သည်ဆိုသည်တို့ကို တစ်ဦးတလေက ဖော်ပြသည့်အခါတွင်ပင် အန္တိခရစ်များက ဤစကားများကို ကြားပြီး ဤအမှန်တရားများကို မြင်သည့်အခါ ၎င်းတို့သည် စိတ်ဝင်စားခြင်း မရှိကြဘဲ ယင်းတို့ကို တန်ဖိုးထားရကောင်းမှန်း မသိကြပေ။ ထိုသို့သော အရာများကို အန္တိခရစ်များက မည်သို့ အနက်ပြန်ကြသနည်း။ ၎င်းတို့က “ဘုရားသခင်သည် လူအတွက် အရာရာကို လုပ်ဆောင်ပေးရမည်ဖြစ်ပြီး လူအပေါ် အကောင်းဆုံးကို ပေးသနားရမည်၊ လူအပေါ် ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်ကို ပေးသနားရမည်ဖြစ်ပြီး ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ပေးသနားရမည်ဖြစ်သည်။ ဤအရာအားလုံးကို လူအပေါ် သူ ရည်စူးပေးအပ်ရမည်။ ထိုအရာသည် သူ၏ ဝတ္တရားဖြစ်သည်။ ပြီးလျှင် လူတို့က ဘုရားအတွက် အမှုအရာများကို စွန့်လွှတ်သည့်အခါ၊ မိမိတို့ကိုယ်ကို အသုံးခံပြီး အဖိုးအခပေးသည့်အခါ၊ ဘုရားအတွက် အရာရာကို ၎င်းတို့ ပူဇော်ပေးအပ်သည့်အခါ သူတို့သည် ဘုရားထံမှ ဆုလာဘ်များကို ရရှိသင့်ပြီး သာ၍ပင် ကောင်းမွန်သည့် တစ်စုံတစ်ရာကို ရရှိသင့်သည်။ ယင်းသည် မျှတသည့် အပေးအယူတစ်ခု မဟုတ်လော။ ညီမျှသည့် အလဲအလှယ်တစ်ခု မဟုတ်လော။ ဤအရာနှင့်ပတ်သက်၍ အဘယ် ပြောစရာရှိသနည်း။ ဘုရားတွင် မည်သည့်ကောင်းကျိုး ရှိသနည်း။ ဘုရား၏ ကောင်းကျိုး တစ်ခုတလေကို ကျွန်ုပ် အဘယ်ကြောင့် မမြင်ရသေးသနည်း။ ဘုရားက လူအပေါ် အမှုအရာများကို ပေးသနားသည်။ ထို့ကြောင့် လူသည် ထိုအရာများကို ရရှိထိုက်သည်မှာ တရားနည်းလမ်းကျသည် မဟုတ်လော။ လူတို့က အဖိုးအခတစ်ခု ပေးနေကြပြီးဖြစ်သည်”ဟု ပြောကြသည်။ လူအတွက် ဘုရားသခင် လုပ်ဆောင်သည့် ဤအရာများအားလုံးက လူအတွက် အကြီးမားဆုံးသော ကျေးဇူးတော်ဖြစ်သည်ကို ၎င်းတို့ မယုံကြည်ကြပေ။ ၎င်းတို့သည် ကျေးဇူးတင်ရှိခြင်း မရှိကြသကဲ့သို့ ဘုရားကို ပြန်ဆပ်ဖို့ မတွေးကြပေ။ ထိုအစား ၎င်းတို့ ပေးသည့် အဖိုးအခကို လူသားမျိုးနွယ်အား ဘုရားသခင် ကတိပြုပြီးသည့် လှပသော ခရီးပန်းတိုင်အတွက် အလဲအလှယ်လုပ်ချင်ကြသည်။ ပြီးလျှင် ကောင်းချီးများကို လိုချင်ကာ ဤရည်ရွယ်ချက်အားလုံး ထားရှိခြင်းက ၎င်းတို့အတွက် လျော်ကန်သောကြောင့် မည်သို့ကြည့်သည်ဖြစ်စေ၊ ဘုရားသခင်သည် လူတို့အား မိမိ၏ အစေခံသူများ မဖြစ်စေသင့်ဟု ၎င်းတို့က အလိုအလျောက် ယုံကြည်ကြလေသည်။ လူတို့တွင် ဂုဏ်သိက္ခာနှင့် တည်ကြည်မှုရှိပြီး ထိုသို့သော ကြီးမားသည့် ချစ်ခြင်းမေတ္တာရှိပြီး ပေးကမ်းစွန့်ကြဲနိုင်သူများ၊ မိမိတို့ကိုယ်ကို အသုံးခံနိုင်ပြီး အမှုအရာများကို စွန့်လွှတ်နိုင်သည့်လူများကို ဘုရားသခင်အတွက် အစေခံမှု ပေးခိုင်းလျှင် ၎င်းတို့သည် အပြင်းအထန် အရှက်ခွဲခံရခြင်းဖြစ်ပြီး အလွန် မမျှတစွာ ဆက်ဆံခံရခြင်းဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ အန္တိခရစ်များအတွက်မှာမူ ဘုရားသခင် လုပ်ဆောင်သည့် ဤအရာများအားလုံးသည် စကားထဲထည့်မပြောထိုက်ပေ။ ထို့ထက် မိမိတို့ဘာသာ လုပ်ဆောင်သည့် အရာများသည် အတော်ပင် သေးငယ်သည့် တစ်စုံတစ်ရာဖြစ်လျှင်ပင် ယင်းတို့ကို အလွန်အမင်း ချဲ့ကားပြောဆိုကြကာ ဤအရာများကို ၎င်းတို့ ကောင်းချီးများ ရရှိဖို့အတွက် အရင်းအနှီးအဖြစ် သဘောထားကြလေသည်။
လူအချို့သည် အသင်းတော်တွင် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေချိန်၌ မည်သည့်အရာကိုမျှ လုံးဝ ကောင်းစွာ မလုပ်ဆောင်ကြပေ။ ညီအစ်ကို မောင်နှမများက ၎င်းတို့ လုပ်ဆောင်သည့် အရာများ၊ ၎င်းတို့ ထောက်ပံ့ဖြည့်ဆည်းပေးသည့် ကျွမ်းကျင်မှုများနှင့် ပါရမီများ သို့မဟုတ် ၎င်းတို့ ပေးသည့် စိတ်ကူးများနှင့် အကြံပြုချက်များကို လက်မခံလျှင် ၎င်းတို့ ဆက်လက် အလုပ်လုပ်ရန် ငြင်းကြလိမ့်မည်ဖြစ်ပြီး အလုပ်ကို ရပ်တန့်ကာ ထွက်သွားချင်ကြလိမ့်မည်။ ဘုရားသခင်ကို စွန့်ပစ်ချင်ကြလိမ့်မည် ဖြစ်သည်။ တစ်စုံတစ်ဦးနှင့် ပူးပေါင်းဆောင်ရွက်ဖို့ ၎င်းတို့ကို သင် စေခိုင်းလျှင် လုပ်ဆောင်ကြမည် မဟုတ်သကဲ့သို့ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် တတ်နိုင်သမျှ လုပ်ဆောင်ရန် ၎င်းတို့ကို သင် စေခိုင်းလျှင် ယင်းကိုလည်း လုပ်ဆောင်ကြမည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၌ မိမိတို့၏ ကိုယ်ပိုင် တာဝန်များကို ထမ်းဆောင်ရမည့်အစား နေရာတကာတွင် မဆင်မခြင်ဖြင့် အမိန့်များကိုသာ ပေးကြသည်၊ အခြားသူများအား ၎င်းတို့စကားကို နားထောင်စေပြီး ၎င်းတို့အား ဂရုစိုက်စေကြသည်။ ၎င်းတို့၏ အစေခံသူများ ဖြစ်လာစေကာ ၎င်းတို့ကို အစေခံခိုင်းကြလေသည်။ ဤအထူးခံစားခွင့်မျိုးကို ၎င်းတို့ မရရှိလျှင် သို့မဟုတ် ဤအထူးခံစားခွင့်မျိုး၊ အခြားသူတို့အား ၎င်းတို့ကို အလုပ်အကျွေး ပြုခိုင်းသည့်၊ ၎င်းတို့အတွက် အလုပ်လုပ်ခိုင်းပြီး ၎င်းတို့၏ အမိန့်များကို နာခံခိုင်းသည့် ဤအထူးခံစားခွင့်မျိုးကို မရရှိလျှင် ၎င်းတို့က ရပ်တန့်ပြီး ထွက်သွားလိုက်ချင်ကြသည်။ ဘုရားသခင်က ဖြောင့်မတ်ခြင်းမရှိဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးက ဘုရားသခင်အပေါ် စောဒကတက်ခြင်းများနှင့်လည်းကောင်း၊ ဒေါသနှင့်လည်းကောင်း ပြည့်နေပြီး ညီအစ်ကို မောင်နှမများအပေါ် အမုန်းတရား ဖြစ်ပေါ်ကြကာ မည်သူကမျှ ၎င်းတို့ကို ကူညီ၍မရနိုင်ပေ။ ၎င်းတို့သည် မည်သူနှင့်မျှ သဟဇာတကျကျ အလုပ်မလုပ်နိုင်သကဲ့သို့ တန်းတူအဆင့်အတန်းဖြင့် မည်သူနှင့်မျှ မပေါင်းသင်းနိုင်ကြပေ။ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံခြင်းအတွက် ၎င်းတို့၏ စည်းမျဉ်းများမှာ အခြားသူတို့က ၎င်းတို့အတွက် အရာရာ လုပ်ဆောင်ပေးပြီး ၎င်းတို့ ပြောဆိုသည့် အမိန့်တိုင်းနှင့် ဆောင်ပုဒ်တိုင်းအား နာခံကြသည်ကို စောင့်စားလျက် စကားပြောကာ ပြုမူဆောင်ရွက်နေချိန်တွင် အခြားသူတို့ထက် သာလွန်သူမှာ ၎င်းတို့သာ ဖြစ်၍ရသည်ဟူ၍ ဖြစ်သည်။ မည်သူမျှ ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ဖို့ မထိုက်တန်သကဲ့သို့ တန်းတူအဆင့်အတန်းဖြင့် ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံရန် မည်သူမျှ အရည်အချင်းမပြည့်မီပေ။ တစ်စုံတစ်ဦးက ၎င်းတို့ကို အပေါင်းအသင်းတစ်ဦးကဲသို့ သို့မဟုတ် သာမန် ညီအစ်ကို မောင်နှမတစ်ဦးကဲ့သို့ ဆက်ဆံပြီး ၎င်းတို့ကို စကားပြောလျှင်၊ ၎င်းတို့နှင့် အလုပ်ကိစ္စဆွေးနွေးပြီး ၎င်းတို့က တန်းတူရည်တူ ဖြစ်သည့်အလား ၎င်းတို့နှင့်အတူ သိနားလည်မှုကို မိတ်သဟာယပြုလျှင် ဤအရာကို ၎င်းတို့က မိမိတို့၏ တည်ကြည်မှုအတွက် ဆိုးရွားသည့် စော်ကားမှုတစ်ခုနှင့် ကြီးမားသော စိန်ခေါ်မှုတစ်ခုအဖြစ် သဘောထားကြလေသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ထိုသို့သော လူများအပေါ် မုန်းတီးကာ ရန်လိုမှုခံစားကြပြီး ၎င်းတို့ကို တန်းတူရည်တူတစ်ဦးအဖြစ် ဆက်ဆံသည့်သူ သို့မဟုတ် ၎င်းတို့ကို အလေးအနက် သဘောမထားသည့်သူ မည်သူကိုမဆို လက်တုံ့ပြန်ဖို့ အခွင့်အရေးများကို ရှာဖွေကြလေသည်။ ဤသည်မှာ အန္တိခရစ်များ လုပ်ဆောင်သည့်အရာ မဟုတ်လော။ ဤသည်မှာ အခြားလူတို့နှင့် ပေါင်းသင်းဆက်ဆံခြင်းနှင့် ပတ်သက်လာသည့်အခါ အန္တိခရစ်များ ထုတ်ဖော်ပြသည့် ရာထူးဂုဏ်သိမ် အဆင့်အဆင့်နှင့်ပတ်သက်သော ရှုထောင့်အမြင် ဖြစ်သည်။ ဤသည်မှာ “အစေခံသူ”ဟူသည့် အမည်နာမအပေါ် အန္တိခရစ်များ ထားရှိသည့် စစ်မှန်သော ခံယူချက်၊ သဘောထားတို့နှင့် ဆက်စပ်သည်မှာ ပြောစရာမလိုပေ။ ၎င်းတို့သည် လူသားမျိုးနွယ်ကို ဘုရားသခင် ပေးသည့် အမည်နာမတစ်ခုကိုပင် လက်မခံနိုင်ကြပေ။ သို့ဆိုလျှင် ၎င်းတို့သည် အခြားသူတို့၏ ပြစ်တင်ရှုတ်ချခြင်း၊ ဖော်ထုတ်ခြင်းနှင့် ဆန်းစစ်အကဲဖြတ်ခြင်းတို့ကို လက်ခံနိုင်ကြသလော။ ဤအရာများကို ၎င်းတို့ သာ၍ပင် လက်မခံနိုင်ကြပေ။ တစ်နည်းအားဖြင့် ၎င်းတို့သည် “အစေခံသူ” အမည်နာမနှင့် အနှစ်သာရတို့အပေါ် ရန်လိုမှုနှင့် အတိုက်အခံဖြစ်ခြင်းတို့ကို ခံစားရသော်လည်း နောက်တစ်နည်းအားဖြင့် ၎င်းတို့အတွက် အစေခံမှုပေးရန်၊ ၎င်းတို့ကို အစေခံရန်၊ ၎င်းတို့ကို ပြုစုရန်နှင့် နာခံရန်အတွက် ပိုများသည့် လူတို့ကို မမောနိုင်မပန်းနိုင် ဆွဲဆောင်ပြီး ပူးပေါင်းလုပ်ဆောင်ခိုင်းကြသည်။ ဤသည်မှာ စက်ဆုပ်ဖွယ်ဖြစ်သည် မဟုတ်လော။ ထိုသို့သော လူတို့၏ အနှစ်သာရသည် ကောက်ကျစ်ဆိုးယုတ်ပြီး ယင်းမှာ လုံးဝ မှန်ကန်ပေသည်။ ၎င်းတို့သည် အခြားသူတို့ကို ထိန်းချုပ်ဖို့ ဆန္ဒရှိကြသည်။ ၎င်းတို့ကိုယ်တိုင်က သိသာထင်ရှားစွာပင် အသုံးမကျသကဲ့သို့ မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်တွင် အမှိုက်သာဖြစ်သည်။ ပုံမှန် လူ့သဘာဝ မရှိကြသကဲ့သို့ ပုံမှန်ဆင်ခြင်တုံတရား တစ်ခုတလေ ရှိရန်မဆိုထားနှင့် အခြားသူတို့နှင့် ပုံမှန်အတိုင်း ပေါင်းသင်းဆက်ဆံနိုင်ခြင်း မရှိကြချေ။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ နားမလည်ကြ။ သမ္မာတရားနှင့်ပတ်သက်၍ အသိဉာဏ်ပွင့်လင်းစေခြင်း မခံရကြပေ။ ၎င်းတို့တွင် အတတ်ပညာဆိုင်ရာ အသိပညာ အနည်းငယ်သာရှိပြီး အနည်းငယ်သော ကျွမ်းကျင်မှုများကို သဘောပေါက်ကြကာ မည်သည့်တာဝန်ကိုမျှ ကောင်းစွာ မထမ်းဆောင်နိုင်ကြပေ။ သို့တိုင် ၎င်းတို့သည် ကောင်းစွာမပြုမူကြသေးဘဲ အာဏာစွဲကိုင်လိုကြသည်။ ပြီးလျှင် အာဏာစွဲကိုင်၍ မရနိုင်သည့်အခါ “ယခင်က ထိုအရာများကို လုပ်ဆောင်ခဲ့ချိန်တွင် အစေခံမှုကို ငါ ပေးနေခဲ့ခြင်းဖြစ်ရမည်။ အစေခံမှုကို ပေးရန် ငါ လိုလားနေခြင်းမရှိပါ။ ငါ့အနေဖြင့် များစွာ အားမထုတ်မီတွင်ဖြစ်စေ၊ များစွာ မဆုံးရှုံးမီတွင်ဖြစ်စေ ယခု ကတိုက်ကရိုက် ထွက်သွားခြင်းက ပိုကောင်းမည်”ဟု စဉ်းစားရင်း ၎င်းတို့ ပြီးဆုံးသွားပြီဟု ခံစားရသည်။ ဤသည်မှာ ၎င်းတို့တွင်ရှိသည့် စိတ်ကူးဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော စိတ်ပိုင်းဖြတ်ချက်တစ်ခု အမြဲချမှတ်ကြပြီး ထိုသို့သော ဆုံးဖြတ်ချက်တစ်ခုကို ချလာကြသည်။ ၎င်းတို့သည် အချိန်မရွေး ယုံကြည်ခြင်းကို ရပ်တန့်ပြီး ထွက်ခွာသွားနိုင်သည်။ မိမိ၏တာဝန်ကို အချိန်မရွေး ရပ်တန့်ကာ ချက်ချင်းထွက်ခွာသွားနိုင်၍ စာတန်၏ ပွေ့ဖက်မှုဆီသို့ ပြန်သွားကာ မကောင်းမှုပြုရာတွင် ၎င်း၏ လက်တွဲဖော် ဖြစ်သွားနိုင်သည်။ ထိုသို့သောလူများ ရှိသလော။ (ရှိပါသည်။) အတတ်ပညာဆိုင်ရာ အလုပ်၏ သွင်ပြင်လက္ခဏာတစ်ခုခုနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့အနေဖြင့် အနည်းငယ် နားလည်ကောင်းနားလည်နိုင်သော်လည်း ထိုအတတ်ပညာဆိုင်ရာ အလုပ်၏ သွင်ပြင်လက္ခဏာအတွက် ၎င်းတို့ သဘောပေါက်ရမည့် သမ္မာတရား စည်းမျဉ်းများအရ ၎င်းတို့ လုံးဝ မသိနားမလည်ဖြစ်ကြပေသည်။ အသိပညာ သို့မဟုတ် ဆုကျေးဇူးများနှင့်ဆိုင်သည့် သွင်ပြင်လက္ခဏာတစ်ခုနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့အနေဖြင့် ဤအရာများထဲမှ အချို့ကို ပိုင်ဆိုင်ကောင်းပိုင်ဆိုင်နိုင်သော်လည်း သမ္မာတရား စည်းမျဉ်းများနှင့် ပတ်သက်သရွေ့ ၎င်းတို့အနေဖြင့် မိမိတို့တာဝန်ကို ထမ်းဆောင်ဖို့ နားလည်ရမည်ဖြစ်သည်။ ၎င်းတို့သည် တစ်ဖန် လုံးလုံး မသိနားမလည်ဖြစ်ကြပြီး ၎င်းတို့၏ သဘောပေါက်နားလည်မှုက လွဲချော်သွားလေသည်။ ၎င်းတို့သည် အခြားသူများနှင့် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိကြသကဲ့သို့ အတူတကွ မိတ်သဟာယပြုနေကြချိန်တွင် အခြားသူများနှင့် စိတ်တူသဘောတူ မရှိကြချေ။ ထိုသို့သောလူများသည် မည်သည့်အရာအတွက် သင့်တော်သနည်း။ ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ အမှန်တကယ်ရှိလျှင် အခြားလူတို့ကို မှန်ကန်စွာ ဆက်ဆံနိုင်ကြလိမ့်မည်ဖြစ်ပြီး လူတို့က မှန်ကန်ကာ သမ္မာတရားနှင့် ကိုက်ညီသည့်အရာများကို ပြောသည့်အခါ ၎င်းတို့က လက်ခံနိုင်ကြလိမ့်မည်၊ လိုလိုလားလား ကျိုးနွံနာခံကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ဇာတိပကတိကို ပုန်ကန်နိုင်ကြလိမ့်မည်။ ၎င်းတို့အနေဖြင့် လူအုပ်ထဲတွင် အစဉ်သဖြင့် ထင်ပေါ်ရန်၊ အခြားသူများကို ဦးဆောင်လမ်းပြရန်နှင့် အခြားသူများကို ထိန်းချုပ်ရန် အစဉ်သဖြင့် ဆန္ဒမရှိသင့်ပေ။ ထိုအစား အခြားသူများထက် ထူးချွန်ရန် မိမိတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့ကို လက်လွှတ်သင့်ပြီး အစေခံမှုပေးခြင်း ပါဝင်လျှင်ပင် လူတို့ထဲမှ အရေးမပါဆုံးသောသူဖြစ်ရန် လိုလားနေသင့်ပေသည်။ ၎င်းတို့ တတ်နိုင်သည့် မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်သင့်သည်။ ၎င်းတို့ကိုယ်တိုင်က သာမန်လူများ ဖြစ်သည်။ ထို့ကြောင့် သာမန်လူတို့၏ နေရာသို့ ပြန်သွားသင့်ကြသည်၊ မိမိတို့ တာဝန်များကို အကောင်းဆုံး ထမ်းဆောင်သင့်ပြီး လက်တွေ့ကျသော လူများဖြစ်သင့်ကြပေသည်။ ဤကဲ့သို့သော လူများသည် အဆုံးတွင် ခိုင်မာစွာ ရပ်တည်နိုင်ကြလိမ့်မည်။ ၎င်းတို့အနေဖြင့် ဤလမ်းကြောင်းကို ရွေးချယ်ရမည့်အစား မိမိတို့ကိုယ်ကို ကြီးမြတ်ကာ မြင့်မြတ်သည်ဟု တွေးထင်ကြသည်။ မည်သူကမျှ ၎င်းတို့ကို မထိပါးနိုင်လျှင် သို့မဟုတ် ၎င်းတို့ကို မလွှမ်းမိုးနိုင်လျှင်လည်းကောင်း၊ ၎င်းတို့အနေဖြင့် ဒေသတွင်း ဗိုလ်ကျသူ၊ အာဏာရှင်တစ်ဦး ဖြစ်လိုပြီး အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်လိုကြလျှင်လည်းကောင်း ဆိုးယုတ်သောလူများဖြစ်ဖို့ ကံဇာတာပါကြပေသည်။ ၎င်းတို့သည် အရေးမပါဆုံးသော လူဖြစ်ရန်ဖြစ်စေ၊ လုံးဝ လူမသိသူမသိဖြစ်ရန်ဖြစ်စေ၊ ထင်ရှားကျော်ကြားမှုမှ အလှမ်းဝေးရန်ဖြစ်စေ၊ အစွမ်းကုန် ပေးဆပ်ရန်ဖြစ်စေ လိုလားခြင်းမရှိလျှင် မုချ အန္တိခရစ်များဖြစ်ပြီး ကယ်တင်၍ မရနိုင်ပေ။ ဤသည်မှာ ၎င်းတို့အတွက် အန္တရာယ်များပေသည်။ ဤကဲ့သို့သော လူတစ်ဦးသည် မိမိတို့ကိုယ်ကို ပြန်သုံးသပ်နိုင်လျှင်၊ မိမိကိုယ်ကို သိသည့်အသိရှိလျှင်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံနိုင်လျှင်၊ ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော နေရာကို ယူနိုင်လျှင်၊ သာမန်လူတစ်ဦးဖြစ်ကာ မည်သည့်ဟန်ဆောင်မှုများ မပြုနိုင်တော့လျှင် ကယ်တင်ခြင်းရရှိဖို့ အခွင့်အရေးတစ်ခု ရှိပေသည်။ သင်သည် အမြဲ ဗိုလ်ကျချင်ပြီး ယုတ္တိမရှိဖြစ်ချင်ကာ သင့်ကိုယ်သင် ဩဇာကြီးသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပြသချင်လျှင် ယင်းမှာ အချည်းနှီးဖြစ်၏။ ဘုရားအိမ်တော်သည် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့နှင့် ပြည့်ပြီး သင့်အနေဖြင့် မည်မျှ ရှိန်လောက်သည်ဖြစ်စေ၊ ကြမ်းကြုတ်သည်ဖြစ်စေ၊ ဆိုးယုတ်သည်ဖြစ်စေ အသုံးမဝင်ပေ။ ဘုရားအိမ်တော်သည် ယှဉ်ပြိုင်တိုက်ခိုက်ရေး ပြိုင်ကွင်းတစ်ခု မဟုတ်။ ထို့ကြောင့် သင် ယှဉ်ပြိုင်တိုက်ခိုက်လိုလျှင် လောက၏ ပြိုင်ကွင်းတွင် သွားယှဉ်ပြိုင်တိုက်ခိုက်လော့။ ဘုရားအိမ်တော်တွင်ရှိသည့် မည်သူကမျှ သင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်လိုခြင်း မရှိပေ။ ထိုအရာကို မည်သူကမျှ စိတ်မဝင်စားကြ သို့မဟုတ် ထိုအတွက် အချိန်မပေးနိုင်ကြပေ။ ဘုရားအိမ်တော်သည် သမ္မာတရားကို တရားဟောသည့် နေရာတစ်ခုဖြစ်သည်၊ လူတို့အား သမ္မာတရားကို နားလည်ကာ ထိုသမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ကူညီပေးသည့်နေရာ ဖြစ်သည်။ သမ္မာတရားကို သင် လက်တွေ့မလုပ်ဆောင်နိုင်လျှင် ဤသည်မှာ ကိုင်တွယ်ရန် ခက်ခဲပြီး သင့်အနေဖြင့် ဤနေရာနှင့် မသက်ဆိုင်ကြောင်းကိုသာ ပြပေသည်။ သင်သည် အမြဲ ယှဉ်ပြိုင်တိုက်ခိုက်လိုလျှင် အမြဲ ကြမ်းကြုတ်ရက်စက်လိုလျှင်၊ အမြဲ ရက်စက်လိုကာ အမြဲ ခြယ်လှယ်လွန်းပြီး ယုတ္တိမရှိဖြစ်လိုလျှင် အသင်းတော်သည် သင့်အတွက် မှန်ကန်သည့် နေရာမဟုတ်ပေ။ ဘုရားအိမ်တော်ရှိ လူအများစုက သမ္မာတရားကို ချစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်နောက်သို့ လိုက်လိုပြီး အသက်ကို ရရှိလိုကြသကဲ့သို့ မကောင်းကြံစည်ခြင်းတွင် ပါဝင်ပတ်သက်ခြင်းနှင့် နတ်ဆိုးများကို တိုက်ခိုက်ခြင်းတို့ကို မွေ့လျော်ခြင်း မရှိကြပေ။ အန္တိခရစ်များသည်သာ အာဏာနှင့် အကျိုးအမြတ်အတွက် နေရာတကာ တိုက်ခိုက်ခြင်းနှင့် ယှဉ်ပြိုင်ခြင်းတို့ကို မွေ့လျော်ကြပြီး ဤအကြောင်းကြောင့် အန္တိခရစ်များသည် ဘုရားအိမ်တော်တွင် ခိုင်မာစွာ မရပ်တည်နိုင်ကြခြင်း ဖြစ်၏။
ပင်ကိုလက္ခဏာ၊ ရာထူးနှင့် အဆင့်အတန်းကဲ့သို့သော အရာများအတွက် အလွန့်အလွန် စိတ်ထိခိုက်လွယ်သော လူစားမျိုးနှင့် အထူးသဖြင့် “အစေခံသူ”အမည်နာမအပေါ် အလွန်ကြီးမားသော အတိုက်အခံဖြစ်ခြင်းနှင့် ရွံရှာမှုခံစားရသကဲ့သို့ ထိုအရာကို လုံးဝ လက်မခံနိုင်သည့် လူစားမျိုးတစ်မျိုး ရှိ၏။ ထိုသို့သော လူများသည် အန္တိခရစ်များ ဖြစ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားကြသကဲ့သို့ ထိုသမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသည်သာမက “အစေခံသူ”အဖြစ် ရည်ညွှန်းခံရခြင်းကိုလည်း အလွန်အမင်း မနှစ်မြို့ကြပေ။ “အစေခံသူ” အမည်နာမကို အလွန်အမင်း မနှစ်မြို့ကြသူတို့သည် အမှန်တကယ် သမ္မာတရားကို လိုက်စားသင့်သည်။ ၎င်းတို့အနေဖြင့် သမ္မာတရားကို လိုက်စားနိုင်စွမ်း ရှိကြမည်ဆိုလျှင် “အစေခံသူ”အမည်နာမကို ၎င်းတို့ ဖယ်ရှားပြီးဖြစ်မည် မဟုတ်လော။ သို့သော် ဤသည်မှာ ပြဿနာ အတိအကျ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို အလွန့်အလွန် မနှစ်မြို့ကြသောကြောင့် ထိုသမ္မာတရားကို လိုက်စားခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို လုံးဝ လျှောက်ကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သည့် အမှုတော်တွင်၊ ၎င်းတို့သည် အစေခံသူ၏ အခန်းကဏ္ဍကို အစဉ်ထာဝရ ဆောင်ရွက်ကြလိမ့်မည် ဖြစ်သည်။ အန္တိခရစ်များအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်တွင် အစေခံသူများအဖြစ် ပြုမူဆောင်ရွက်နိုင်ခြင်းသည် ကောင်းချီးမင်္ဂလာတစ်ပါး ဖြစ်နေဆဲ ဖြစ်သည်မှာ ပြောစရာမလိုပေ။ ထိုအရာသည် ၎င်းတို့အတွက် ဖန်ဆင်းရှင်၏ လုပ်ဆောင်ချက်များကို မြင်ရန်၊ ဖန်ဆင်းရှင်က သမ္မာတရားကို ဖော်ပြပြီး လူသားမျိုးနွယ်နှင့်အတူ သူ၏ အတွင်းကျကျ အတွေးများ မျှဝေသည်ကို ကြားရန်နှင့် ဖန်ဆင်းရှင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးရှိသော လုပ်ဆောင်ချက်များကို အသိအမှတ်ပြုရန် အခွင့်အရေးတစ်ခု ဖြစ်သည်။ ၎င်းတို့အတွက်မှာမူ ဖန်ဆင်းရှင်အတွက် အစေခံသူများဖြစ်ရန်မှာ မကောင်းသည့်အရာတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ သဘောပေါက်နားလည်နိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဘုရားသခင်၏ အမှုတော်က နောက်ပိုင်းတွင် အဆုံးသတ်သွားလျှင်ပင် ဘုရားသခင်၏ အစေခံသူများဖြစ်ခြင်းနှင့် ဘုရားအိမ်တော်တွင် အစေခံမှုကို ပေးခြင်းသည် ဤအန္တိခရစ်များနှင့် စာတန်၏ အဖော်များက အမြဲ အမှတ်ရမည့်အရာတစ်ခု ဖြစ်သင့်ပေသည်။ ဘုရားသခင်အပေါ် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ရန်လုပ်ခြင်း ဖြစ်စဉ်တစ်ခုလုံးတစ်လျှောက်တွင် အန္တိခရစ်များသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် အမှုမဲ့အမှတ်မဲ့ အစေခံမှုပေးကြပြီး ဤသည်မှာ အန္တိခရစ်တစ်ဦးစီ၏ တည်ရှိခြင်းတွင်ရှိသည့် အနည်းငယ်မျှသော တန်ဖိုးဖြစ်သည်။ ဤသည်မှာ အမှန်တရားဖြစ်၏။ အန္တိခရစ်များသည် ဘုရားသခင် ရွေးချယ်ထားသော လူတို့အား အန္တိခရစ်များကို အပျက်သဘောဆောင်သည့် ဘက်ခြမ်းမှနေ၍ ပိုင်းခြားသိမြင်ကာ သတိပြုမိခွင့်ပေးခြင်းအားဖြင့် မိမိတို့၏ ပံ့ပိုးမှုကို ပြုလုပ်ကြသည်။ ဤအချက်ကို အသိအမှတ်ပြုရန် ၎င်းတို့ လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ၊ ပြီးလျှင် အစေခံသူများဖြစ်ဖို့ ၎င်းတို့ လိုလားသည်ဖြစ်စေ၊ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ပျော်ရွှင်သည်ဖြစ်စေ၊ မည်သို့ဆိုစေ အစေခံသူများအဖြစ် ဘုရားသခင်၏ အမှုတော်အတွက် အစေခံမှုပေးခြင်းနှင့် ဤအခန်းကဏ္ဍကို တာဝန်ယူခြင်းတို့သည် လုပ်သင့်လုပ်ထိုက်သောအရာများဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က ၎င်းတို့ကို ချီးမြှောက်ခြင်း ဖြစ်သည်။ လူအချို့က “ဘုရားသခင်သည် အန္တိခရစ်များကိုလည်း ချီးမြှောက်သလော”ဟု ပြောကြသည်။ ယင်းနှင့်ပတ်သက်၍ မည်သည့်အရာ မှားနေသနည်း။ ၎င်းတို့သည် ဖန်ဆင်းခံများဖြစ်ကြသည်။ ဘုရားသခင်က ၎င်းတို့ကို ချီးမြှောက်၍မရနိုင်သလော။ ငါ ပြောသည့်အရာက မှန်ကန်ပေသည်။ ယခုတွင် အန္တိခရစ်များက ဤစကားများကို ကြားသည့်အခါ မည်သို့ ခံစားကြသနည်း။ ၎င်းတို့အနေဖြင့် အပြစ်များကို ရှာရန် မကြိုးစားသင့်သကဲ့သို့ ကိုယ်စိတ်ချမ်းသာမှု တစ်ခုခုကို မရရှိသင့်ကြပေ။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သည့် ကြီးမားသော ကိစ္စရပ်အတွက် အားထုတ်မှု အတိုင်းအတာတစ်ခုကို ပံ့ပိုးကြပြီးဖြစ်သည်။ ဤအရာကို ၎င်းတို့က လိုလိုလားလား လုပ်ဆောင်ခဲ့ကြသည်ဖြစ်စေ၊ တက်ကြွစွာ လုပ်ဆောင်ခဲ့ကြသည်ဖြစ်စေ၊ မထုံတက်သေးဖြင့် လုပ်ဆောင်ခဲ့ကြသည်ဖြစ်စေ၊ မည်သို့ဆိုစေ ဤသည်မှာ ဘုရားသခင်က ၎င်းတို့ကို ချီးမြှောက်နေခြင်းဖြစ်ပြီး ဤအရာကို ၎င်းတို့က ဝမ်းမြောက်စွာ လက်ခံသင့်ကာ အတိုက်အခံ မလုပ်သင့်ပေ။ အန္တိခရစ်များက မိမိတို့၏ ဘိုးဘေးများကို ပုန်ကန်နိုင်ကြလျှင်၊ စာတန်ကို ပုန်ကန်နိုင်ကြပြီး သမ္မာတရားကို လိုက်စားကာ ဖန်ဆင်းရှင်ကို ကျိုးနွံနာခံမှုအား လိုက်စားနိုင်ကြလျှင် ငါ့ကို ပြောလော့၊ ဘုရားသခင် ဝမ်းသာလိမ့်မည်လော။ (ဝမ်းသာပါလိမ့်မည်။) ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသော လူတို့အတွက် ဂုဏ်တစ်ခုလည်းဖြစ်ပြီး ၎င်းတို့လည်း ဝမ်းသာသင့်ကြပေသည်။ ဤသည်မှာ ကောင်းမွန်သောအရာတစ်ခု ဖြစ်သည်။ ဤအချက်က ယုတ္တိတန်သည်ဖြစ်စေ၊ ယုတ္တိမတန်သည်ဖြစ်စေ၊ မည်သို့ဆိုစေ အန္တိခရစ်များက လမ်းကြောင်းပြောင်းပြီး နောင်တလမ်းကြောင်းကို လျှောက်နိုင်ကြလျှင် ယင်းက ကောင်းမွန်သောအရာတစ်ခုဖြစ်သည်မှာ အမှန်ဖြစ်သည်။ သို့ဆိုလျှင် ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသော လူတို့အတွက် ဂုဏ်တစ်ခုဖြစ်သည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ အန္တိခရစ်တစ်ဦးက အစေခံမှုကို လိုလိုလားလား ပေးခဲ့လျှင် ဘုရားအိမ်တော်၌ ကပ်ဆိုးတစ်ခု လျော့သွားမည် မဟုတ်လော။ သင်တို့ကြားတွင် နတ်ဆိုးတစ်ကောင် လျော့သွားခဲ့လျှင် အဖျက်အမှောင့်လုပ်သူနှင့် ပြဿနာဖန်တီးလေ့ရှိသူတစ်ဦး လျော့သွားခဲ့လျှင် သင်တို့၏ နေ့ရက်ကာလများက များစွာ ပိုမိုငြိမ်သက်အေးချမ်းမည် မဟုတ်လော။ ထိုအရာကို ဤရှုထောင့်အမြင်မှ ကြည့်သည့်အခါ အန္တိခရစ်များသည် အစေခံမှုကို ပေးဖို့ အမှန်တကယ် လိုလားနေကြမည်ဆိုလျှင် ဤသည်မှာလည်း အောင်ပွဲခံထိုက်သည့် ကောင်းမွန်သောအရာတစ်ခု ဖြစ်ပေမည်။ သင်တို့သည် ၎င်းတို့ကို တိုက်တွန်းခွန်အားပေးကာ ကူညီရမည်ဖြစ်ပြီး လုံးဝ ဖြုတ်ချရမည်မဟုတ်ပေ။ သင်တို့တွင် ကောင်းမွန်သည့် ရည်ရွယ်ချက်ရှိပြီး ၎င်းတို့ကို နေခွင့်ပေးသော်လည်း ၎င်းတို့၏ အစေခံမှုပေးခြင်းက ကောင်းကျိုးထက် ဆိုးကျိုးကို ပို၍ဖြစ်စေပြီး ကပ်ဘေးသို့ ဆိုက်ရောက်စေလျှင် ၎င်းတို့ကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်သင့်ပေသည်။ ဤသည်မှာ အမှုအရာများကို လုပ်ဆောင်ဖို့ ကောင်းမွန်သည့် နည်းလမ်းတစ်ခု ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)
ဖော်ပြထိုက်သည့် နောက်ထပ်လူတစ်မျိုး ရှိ၏။ မိမိတို့တာဝန်ကို ထမ်းဆောင်သည့် လမ်းကြောင်းတွင် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်သည့် လူအချို့ ရှိကာ တစ်ခါတစ်ရံ ၎င်းတို့သည်လည်း နာခံကာ ကျိုးနွံနာခံနိုင်ကြသည် သို့မဟုတ် ကိစ္စရပ်များကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်နိုင်ကြလေသည်။ ၎င်းတို့၏ ခံစားချက်အရဖြစ်သော လိုအင်ဆန္ဒသည် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းအား လျှောက်ရန်ဖြစ်သည်။ ၎င်းတို့သည် အထက် သို့မဟုတ် အသင်းတော်က စီစဉ်ပေးသည့် မည်သည့်အရာကိုမဆို အမြဲ ကျိုးနွံနာခံနိုင်ကြပြီး လုပ်ငန်းဆောင်တာများကို အချိန်မီ အမြဲ ပြီးစီးနိုင်ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၌ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များ မဖြစ်စေကြသကဲ့သို့ ၎င်းတို့ လုပ်ဆောင်သည့် အလုပ်နှင့် ၎င်းတို့ တာဝန်ယူဆောင်ရွက်သည့် တာဝန်တို့သည် ညီအစ်ကို မောင်နှမများအတွက် များစွာသော အကျိုးကျေးဇူးများနှင့် အကျိုးအမြတ်များကို ဆောင်ကြဉ်းပေးသည်။ အပြင်ပန်းမှကြည့်လျှင် ၎င်းတို့သည် မည်သည့် မကောင်းမှုမျှ မလုပ်ဆောင်ကြသေးသော်လည်း၊ ၎င်းတို့က မနှောင့်ယှက် သို့မဟုတ် အဖျက်အမှောင့်မလုပ်ကြသကဲ့သို့ ဆိုးယုတ်သည့်လူများ ဖြစ်ပုံမရကြသော်လည်း သာမန်လူများ မလုပ်နိုင်သကဲ့သို့ မလုပ်သည့်အရာတစ်ခုကို ၎င်းတို့ လုပ်ဆောင်ကြပြီး ယင်းမှာ ၎င်းတို့အနေဖြင့် မိမိတို့၏ ဩဇာလွှမ်းမိုးမှုကို ပျိုးထောင်ခြင်းနှင့် မိမိတို့ကိုယ်ပိုင် သီးခြားနယ်မြေကို ထူထောင်ခြင်းအား မွေ့လျော်ကြခြင်း ဖြစ်သည်။ ၎င်းတို့အနေဖြင့် လုပ်ငန်းဆောင်တာတစ်ခုခု တာဝန်ပေးခံရသည့်အခါ ထိုအလုပ်အတွက် တာဝန်ရှိသည့်လူ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ ကိုယ်ပိုင် သီးခြားနယ်မြေကို စတင်ထူထောင်နိုင်ကြပြီး ၎င်းတို့၏ ဩဇာလွှမ်းမိုးမှု နယ်ပယ်အတွင်းတွင် ၎င်းတို့၏ တန်ခိုးအာဏာနှင့် အဆက်အသွယ်များကို မရည်ရွယ်ဘဲ စတင်ပျိုးထောင်နိုင်ကြလေသည်။ ဤနယ်ပယ်အတွင်းတွင် လူတိုင်းသည် ၎င်းတို့၏ အပြည့်အဝ လုံးလုံးလျားလျား စည်းရုံးသိမ်းသွင်းခြင်းကို ခံကြရပြီး ၎င်းတို့ လုပ်ဆောင်သည့်အရာတိုင်း၊ ပြောသည့်အရာတိုင်းနှင့် ပေးသည့် အဖိုးအခတို့ကို လူတို့က ချီးမွမ်းကာ အလွန် လေးစားကြလေသည်။ ၎င်းတို့သည် မိမိတို့၏ စီမံခန့်ခွဲမှု နယ်ပယ်ကို ဘုရားသခင်၏ မိသားစုအတွင်းရှိ မိမိတို့ကိုယ်ပိုင် မိသားစုလေးအဖြစ် သဘောထားကြသည်။ အပြင်ပန်းမှကြည့်လျှင် ၎င်းတို့အနေဖြင့် အဖိုးအခပေးနိုင်သည်၊ ဆင်းရဲဒုက္ခခံနိုင်ပြီး တာဝန်ယူနိုင်သည်ဟု ထင်ရသည်၊ ပြဿနာမရှိဟု ထင်ရလေသည်။ သို့သော် အရေးကြီးသည့် အခိုက်အတန့်များတွင် ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်နိုင်စွမ်းရှိကြလေသည်။ မိမိတို့ကိုယ်ပိုင် ဂုဏ်သိက္ခာနှင့် မိမိတို့ ထိပ်ဆုံးနေရာကို စောင့်ရှောက်ကာကွယ်ဖို့အလို့ငှာလည်းကောင်း၊ အသင်းတော်တွင် မိမိတို့၏ အကြွင်းမဲ့ ရာထူး၊ သိက္ခာနှင့် တန်ခိုးအာဏာကို စောင်ရှောက်ကာကွယ်ဖို့အလို့ငှာလည်းကောင်း ၎င်းတို့က မည်သူ့ကိုမျှ စိတ်အနှောင့်အယှက်ပေးခြင်း သို့မဟုတ် ဒုက္ခပေးခြင်း မရှိကြပေ။ တစ်စုံတစ်ဦးက ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်နစ်နာစေလျှင်ပင် သို့မဟုတ် သစ္စာဖောက်လျှင်ပင်၊ ပြီးလျှင် တစ်စုံတစ်ဦးက ဘုရားအိမ်တော်၏ အလုပ်ကို အဖျက်အမှောင့် လုပ်လျှင်ပင် သို့မဟုတ် ဖျက်ဆီးလျှင်ပင် ထိုကိစ္စရပ်ကို ၎င်းတို့ မစစ်ဆေးကြ။ အလေးဂရုပြုခြင်း မရှိကြသကဲ့သို့ ထိုအရာကို သည်းခံနိုင်ကြလေသည်။ ထိုလူက ၎င်းတို့၏ ရာထူးကို မခြိမ်းခြောက်သည့်အပြင် ၎င်းတို့၏ ဩဇာလွှမ်းမိုးမှု နယ်ပယ်အတွင်း၌ ၎င်းတို့ကို အစေခံမှုတွင် အလုပ်လုပ်နေသေးသရွေ့ ယင်းမှာ အဆင်ပြေသည်။ ဤသည်မှာ ၎င်းတို့၏ အမြင့်ဆုံး စံသတ်မှတ်ချက် ဖြစ်သည်။ ထိုလူက မည်သည့် အဖျက်အမှောင့်များကို ဖြစ်စေသည်ဖြစ်စေ ထိုအရာကို ၎င်းတို့က မမြင်ကြ၊ အာရုံမစိုက်ကြသကဲ့သို့ ထိုလူကို ကိုင်တွယ်ရန် မဆိုထားနှင့်၊ ပြုပြင်ခြင်း သို့မဟုတ် အပြစ်ဖော်ဆုံးမခြင်းပင် မရှိကြချေ။ ထိုသို့သောလူများသည် အန္တရာယ်များသော လူစုဖြစ်သည်။ သာမန်လူအတွက် ၎င်းတို့သည် ပိုင်းခြားသိမြင်ရန် ခက်ခဲပြီး ၎င်းတို့၌ ရာထူးမရှိချိန်တွင် ၎င်းတို့နှင့်ပတ်သက်၍ အမှားတစ်ခုကိုမျှ သင် သတိပြုကောင်း သတိပြုမိမည် မဟုတ်ပေ။ သို့သော် ၎င်းတို့တွင် ရာထူးရှိသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ သဘာဝ အနှစ်သာရက လုံးဝ ပေါ်လွင်သွားသည်။ ပြီးလျှင် မည်သည့်အရာသည် အတိအကျ ပေါ်လွင်သွားသနည်း။ ၎င်းတို့ ပေးသည့် အဖိုးအခနှင့် ၎င်းတို့ လုပ်ဆောင်သည့်အရာတိုင်းအတွက် ရည်ရွယ်ချက်တစ်ခုရှိခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စောင့်ရှောက်ကာကွယ်ခြင်းအတွက် ဤအရာများကို မလုပ်ဆောင်ကြ၊ ၎င်းတို့က မိမိတို့၏တာဝန်ကို အမှန်တကယ် ထမ်းဆောင်နေကြခြင်း မဟုတ်သကဲ့သို့ ဤအရာများအားလုံးကို ဘုရားသခင် မြင်ဖို့အတွက် လုပ်ဆောင်နေခြင်းမဟုတ်ဘဲ ထို့ထက် လူတို့မြင်ဖို့အတွက် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် အခြားသူတို့၏ အကြည့်၊ မျက်လုံးများနှင့် အာရုံစိုက်ခြင်းတို့ကို ဆွဲဆောင်လိုကြပြီး ဤအရာထက်ပို၍ လူတို့က ၎င်းတို့ကို ကြည်ညို၊ လေးစားကာ ချီးမွမ်းကြရန်အလို့ငှာ လူတို့၏ စိတ်နှလုံးကို အထင်အမြင်မှားစေလိုကြလေသည်။ ထို့ကြောင့် ဘုရားသခင်က ၎င်းတို့အား မည်သို့ မြင်သည်ကိုဖြစ်စေ၊ မည်သို့ဆက်ဆံသည်ကိုဖြစ်စေ ၎င်းတို့ ဂရုမစိုက်ကြပေ။ ဘုရားသခင်က ၎င်းတို့အနေဖြင့် အစေခံမှုပေးဖို့သာ ရှိနေခြင်းဖြစ်သည်ဟု ဆိုလျှင် ၎င်းတို့ စိတ်မဝင်မစကြ။ ၎င်းတို့၏ ခြေထောက်များရှေ့တွင် လူတို့က ဒူးထောက်နိုင်ကာ ၎င်းတို့ကို ဦးညွှတ်နိုင်သရွေ့ အဆင်ပြေသည်။ ဤလူများသည် အန္တရာယ်များသော လူစုဖြစ်ပြီး ဘုရားသခင်၏ စိတ်တော်နှင့်လည်းကောင်း၊ ဘုရားအိမ်တော်နှင့်လည်းကောင်း တညီတညွတ်တည်းဖြစ်ခြင်း မရှိကြသည့်အပြင် ၎င်းတို့၏ စိတ်နှလုံးမှာ သမ္မာတရားကို စစ်မှန်စွာ လိုက်စားသည့် ဘုရားသခင် ရွေးချယ်ထားသောလူတို့၏ စိတ်နှလုံးနှင့်လည်း တညီတညွတ်တည်း မရှိပေ။ ၎င်းတို့သည် မိမိတို့အတွက် ဩဇာလွှမ်းမိုးမှုကိုလည်း ပျိုးထောင်နေကြပြီး စာတန်အတွက်လည်း ဩဇာလွှမ်းမိုးမှုကို ပျိုးထောင်နေကြသည်။ ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များမှ အကဲဖြတ်သည့်အခါ ၎င်းတို့ လုပ်ဆောင်သည့် တာဝန်နှင့် ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် မိမိတို့ကိုယ်ကို ကြွားဖို့နှင့် အခြားသူများကို ၎င်းတို့ တတ်နိုင်သလောက် ကပ်ဖားရပ်ဖားလုပ်ရန်အတွက် နည်းလမ်းတစ်ခုသာ ဖြစ်ပေသည်။
အန္တိခရစ်များသည် ဘုရားအိမ်တော်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သည့် အမှုတော်တွင် အစေခံမှုတစ်ခုခုကို ပေးနိုင်ကြပြီး အဆင့်တစ်ခုတွင် ၎င်းတို့သည် ကောင်းမွန်သည့် အစေခံသူများပင် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ၎င်းတို့ လျှောက်သည့် လမ်းကြောင်းကြောင့်လည်းကောင်း၊ ၎င်းတို့ ရွေးချယ်သည့် ရည်မှန်းချက်များနှင့် ဦးတည်ချက်အပြင် ရာထူးနှင့် တန်ခိုးအာဏာအတွက် ၎င်းတို့၏ လိုအင်ဆန္ဒနှင့် ၎င်းတို့စိတ်ထဲတွင်ရှိသည့် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် တမ်းတမှုတို့ကြောင့်လည်းကောင်း ၎င်းတို့သည် “အစေခံသူ” အမည်နာမကို လုံးဝ မပယ်ရှားနိုင်ကြပေ။ သမ္မာတရားကို ၎င်းတို့ နားမလည်နိုင်ကြ၊ သမ္မာတရား လက်တွေ့ကျမှုက မည်သည့်အရာဖြစ်သည်ကို သဘောပေါက်နားလည်နိုင်ခြင်း မရှိနိုင်ကြ သို့မဟုတ် ယင်းထဲသို့ မဝင်ရောက်နိုင်ကြပေ။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိ၊ စစ်မှန်သည့် ကျိုးနွံနာခံမှုကို မရရှိနိုင်ကြသကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအား မရရှိနိုင်ကြချေ။ ထိုသို့သော လူများသည် အန္တရာယ်များသည့် လူစုဖြစ်သည်။ ၎င်းတို့၏ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များမှာ နက်နဲကြသည်၊ လူတို့နှင့် ဆက်ဆံရာတွင် ၎င်းတို့၏နည်းလမ်းများမှာ အလွန်ပါးနပ်လေသည်။ ၎င်းတို့ စကားပြောပုံနှင့် အခြားသူတို့ကို စကားပြောနေချိန် ၎င်းတို့၏ စကားအသုံးအနှုန်းကို အထူးအာရုံစိုက်ကြပြီး လူတို့နှင့် ပေါင်းသင်းဆက်ဆံနေချိန် ၎င်းတို့ အသုံးပြုသည့် နည်းလမ်းများကိုလည်း သေချာအာရုံစိုက်ကြသည်။ ၎င်းတို့သည် အပေါ်ယံအားဖြင့် လှည့်ဖြားပြီး ဆိုးယုတ်သည်ဟု မထင်ကောင်း မထင်ရနိုင်သော်လည်း ၎င်းတို့၏ စိတ်နှလုံးက သမ္မာတရားနှင့်ပတ်သက်၍ ကောက်ကျစ်ဆိုးယုတ်သည့် စိတ်ကူးများ၊ အတွေးများ၊ အမြင်များနှင့် အယူအဆများနှင့် အထင်လွဲမှုများအပြင် ဘုရားသခင်ကို နားလည်ရန် ပျက်ကွက်ခြင်းတို့ဖြင့် ပြည့်နေသည်။ ဤလူများနှင့်ပတ်သက်၍ မည်သည့်အရာက ဆိုးယုတ်သည်ကို လူတို့က မမြင်နိုင်သော်လည်း သို့မဟုတ် ၎င်းတို့က ဆိုးယုတ်သည့်လူများ ဖြစ်သည်ကို မမြင်နိုင်သော်လည်း ၎င်းတို့၏ အနှစ်သာရက အလွန်ကောက်ကျစ်ဆိုးယုတ်သောကြောင့်ဖြစ်စေ၊ ၎င်းတို့က မိမိတို့၏တာဝန်ကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ တစ်ကြိမ်တစ်ခါမျှ မထမ်းဆောင်နိုင်သောကြောင့်ဖြစ်စေ၊ သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းအား မလျှောက်နိုင်ကြသကဲ့သို့ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံခြင်းသို့ မရောက်နိုင်ကြသောကြောင့်ဖြစ်စေ အဆုံးတွင် ၎င်းတို့သည် “အစေခံသူ”အမည်နာမကို အစဉ်ထာဝရ မပယ်ရှားနိုင်ကြပေ။ ဤလူများသည် သိသာသည့် အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများထက် သာ၍ပင် ကျိတ်၍မကောင်းကြံကြပြီး အခြားသူတို့ကို သာ၍ပင် အထင်အမြင်လွဲမှားစေနိုင်စွမ်း ရှိကြသည်။ အပြင်ပန်းမှကြည့်လျှင် ၎င်းတို့သည် “အစေခံသူများ” အမည်နာမအပေါ် အတိုက်အခံဖြစ်ခြင်း တစ်ခုတလေ ခံစားရန် မဆိုထားနှင့်၊ မည်သည့် အယူအဆမျှ မရှိသကဲ့သို့ ထိုအမည်နာအပေါ် မည်သည့် သဘောထားမျှ မထားရှိသည့်ပုံပေါ်သည်။ သို့သော် အမှန်တရားမှာ ၎င်းတို့၏ အနှစ်သာရအားဖြင့် အကဲဖြတ်သော် ၎င်းတို့သည် ဘုရားသခင်အတွက် အစေခံမှု ပေးလျှင်ပင် ၎င်းတို့သည် ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များ ထားရှိကြဆဲဖြစ်သည်။ ၎င်းတို့သည် အစေခံမှုကို အကြွင်းမဲ့ ပေးကြခြင်း မရှိသကဲ့သို့ သမ္မာတရားကို ရရှိရန် ထိုသို့ မလုပ်ဆောင်ကြပေ။ ဤလူများသည် စိတ်ထဲတွင် ကောက်ကျစ်ဆိုးယုတ်ပြီး လည်ကြသောကြောင့် အခြားသူများ၏ ပိုင်းခြားသိမြင်ခံရဖို့ မလွယ်ကူပေ။ အရေးပါသည့် ကိစ္စရပ်များနှင့် အရေးပါသည့် အချိန်များတွင်သာ ၎င်းတို့၏ သဘာဝ အနှစ်သာရ၊ အတွေးများ၊ အမြင်များနှင့် ၎င်းတို့ လျှောက်သည့် လမ်းကြောင်းတို့ ထုတ်ဖော်ခြင်းခံရလေသည်။ ဤသို့ ဆက်ဖြစ်သဖြင့် ဤလူများက ဤလိုက်စားခြင်းလမ်းကြောင်းကို ရွေးချယ်ကာ ထိုသို့သော လမ်းကြောင်းကို လျှောက်ဖို့ ဆုံးဖြတ်လျှင် ထိုသို့သော လူတို့က ကယ်တင်ခြင်း ရရှိနိုင်လိမ့်မည်မဟုတ်ဟု စိတ်ကူး၍ရနိုင်ပေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်က မိမိတို့အပေါ် ထားရှိသည့် ယုံကြည်မှုနှင့် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သော အခွင့်အရေးကို မိမိတို့ကိုယ်ပိုင် အကျိုးအမြတ်များအတွက် ကျိတ်ကြံစည်ဖို့၊ လူတို့ကို ထိန်းချုပ်ကာ ညှဉ်းဆဲဖို့နှင့် မိမိတို့ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းဖို့အတွက် အသုံးပြုကြလေသည်။ အဆုံးတွင် ၎င်းတို့သည် သမ္မာတရားကို ရရှိရမည့်အစား မကောင်းမှုမျိုးစုံကို လုပ်ဆောင်ခြင်းကြောင့် ထုတ်ဖော်ခြင်းခံရကြလေသည်။ ၎င်းတို့ ထုတ်ဖော်ခံရသည့်အခါ ဤလူများက သမ္မာတရား မလိုက်စားကြောင်းနှင့် သမ္မာတရားကို လိုက်စားခြင်း၊ ကယ်တင်ခြင်း ရရှိခြင်းတို့အတွက် ဘုရားသခင်ကို မယုံကြည်ကြကြောင်းမှာ သိသာထင်ရှားလာပေသည်။ ဘုရားနှုတ်ကပတ်တော်များနှင့် လူမျိုးစုံကို သူ၏ ဖော်ထုတ်ခြင်းတို့အား နားထောင်ပြီးနောက်တွင် ဤလူများသည် မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့အတွက် လောကနှင့်ဆက်ဆံသည့် စည်းမျဉ်းများ၊ နည်းလမ်းများနှင့် နည်းစနစ်များကို တစ်စိုက်မတ်မတ် အသုံးပြုလျှင် နောက်ဆုံး အဆုံးသတ်တစ်ခုတည်းသာ ရှိနိုင်သည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတော်တွင် အစေခံသူ၏ အခန်းကဏ္ဍကို တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး နောက်ဆုံးတွင် ထုတ်ဖော်ခြင်းခံရကာ ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်သည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်၏။ သင်တို့ကိုယ်တိုင် ယခင်က ထိုသို့သော လူတို့နှင့်ပတ်သက်၍ တွေ့ကြုံဖူးကြသလော။ ၎င်းတို့ ထုတ်ဖော်ခြင်းခံရပြီး နှင်ထုတ်ခြင်းခံရသည့်အခါ အချို့သော အန္တိခရစ်များသည် စစ်တပ်မရှိသည့် အုပ်ချုပ်သူအရာရှိများ ဖြစ်လာကြသည်။ ၎င်းတို့ ပြုပြီးသည့် မကောင်းမှုက အလွန်များပြီး အလွန်ကြီးမားကာ ညီအစ်ကို မောင်နှမများက ၎င်းတိုကို ရွံရှာပြီး စွန့်ပစ်ကြသည်။ ၎င်းတို့ ထုတ်ဖော်ခြင်းခံရသည့်အခါတွင်လည်းကောင်း၊ အသင်းတော်၏ ရှုတ်ချခြင်းနှင့် ငြင်းပယ်ခြင်းတို့ကို ခံရသည့်အခါတွင်လည်းကောင်း ၎င်းတို့ဘက်က ပြောပေးသည့်၊ ၎င်းတို့အတွက် တိုက်ခိုက်ပေးပြီး ဘုရားသခင်အပေါ် ကန့်ကွက်ပြောဆိုပေးသည့် များစွာသော ကြံရာပါများနှင့် ကူညီသူများရှိသည့် နောက်ထပ်လူတစ်မျိုးလည်း ရှိပေသည်။ ဤလူစားမျိုးများသည် အခြားသောလူများကို သာ၍ပင် အထင်အမြင်မှားစေနိုင်စွမ်း ရှိကြသည် မဟုတ်လော။ ထိုသို့သော လူများသည် သာ၍ပင် အန္တရာယ်များပေသည်။ အန္တိခရစ်များက “အစေခံသူ”အမည်နာမကို မည်သို့ သဘောထားပြီး မည်သည့် ဖုံးကွယ်ထားသည့် အလေ့အကျင့်များ၊ စိတ်ကူးများနှင့် သရုပ်သကန်များအား ၎င်းတို့ ်ပြသသည်ဆိုသည်တို့နှင့် ပတ်သက်၍ လောလောဆယ် ငါတို့၏ မိတ်သဟာယကို ဤနေရာတွင်သာ ငါတို့ အဆုံးသတ်မည်ဖြစ်သည်။
(ဂ) အန္တိခရစ်တို့က အစေခံသူဖြစ်ရန် မလိုလားခြင်း၏ အကြောင်းအရင်း
အန္တိခရစ်များသည် အစေခံသူများ မဖြစ်လိုကြသကဲ့သို့ အစေခံသူများဖြစ်ဖို့ မလိုမလားဖြစ်နေကြသည်။ အစေခံသူများ ဖြစ်ခြင်းအားဖြင့် ၎င်းတို့သည် ကြီးမားသော စော်ကားမှုနှင့် ခွဲခြားဆက်ဆံမှုတို့ကို ခံစားရလိမ့်မည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာ အတိအကျ ဖြစ်လိုကြသနည်း။ ဘုရားသခင်ကို ၎င်းတို့ စတင်ယုံကြည်ပြီး ဘုရားအိမ်တော်သို့ လာကြချိန်တွင် ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ လူများ၊ ဘုရားသခင်၏ နောက်လိုက်များထဲမှ တစ်ဦး ဖြစ်ရန် လိုလားနေကြသလော။ စုံလင်အောင်ပြုခြင်း ခံရသည့်လူတစ်ဦး ဖြစ်ရန် လိုလားနေကြသလော။ ၎င်းတို့သည် ပေတရုနှင့် ယောဘကဲ့သို့ ဖြစ်ချင်ပြီး ထိုအရာကို ကောင်းမြတ်သည်ဟု ခေါ်ဆိုကြသလော။ (မခေါ်ဆိုကြပါ။) ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းတွင် ၎င်းတို့က ဘုရားသခင်၏ ရွေးချယ်ထားသောလူများထဲမှတစ်ဦး ဖြစ်ချင်ကြကြောင်း၊ ယင်းမှာ ၎င်းတို့အတွက် လုံလောက်ကြောင်း တစ်ဦးတလေက ပြောဆိုကြသလော။ တစ်ဦးတလေသည် ဘုရားသခင်၏ လက်ထဲမှ အရုပ်တစ်ရုပ်ဖြစ်ရန် လိုလားနေသလော။ မလိုလားပေ၊ လူတို့သည် ဤအရာဖြစ်ဖို့ အထူးသဖြင့် မလိုလားကြပေ။ တစ်ဦးတလေက ဘုရားအိမ်တော်သို့ လာကြသည့်အခါ ၎င်းတို့သည် အကျိုးကျေးဇူးများ၊ ကောင်းချီးများ၊ ဆုလာဘ်များနှင့် သရဖူတစ်ခု ရရှိရန် နည်းလမ်းများ လာရှာကြခြင်းဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းတို့ကို ၎င်းတို့ ခံယူစဉ်တွင်ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်း၌ ထိုသို့သော ရည်ရွယ်ချက်များ ထားရှိခြင်းအားဖြင့် ၎င်းတို့အနေဖြင့် သမ္မာတရားကို နားလည်နိုင်ကြမည်မဟုတ်သကဲ့သို့ နောက်ဆုံးတွင် ကယ်တင်ခြင်း ရရှိလိမ့်မည်မဟုတ်သည်ကို ၎င်းတို့ သိရှိလာကြလေသည်။ ထို့ကြောင့် လူများစွာတို့သည် ကောင်းချီးများအတွက် ၎င်းတို့၏ လိုအင်ဆန္ဒကိုလည်းကောင်း၊ သရဖူတစ်ခုနှင့် ဆုလာဘ်များအတွက် ၎င်းတို့၏ လိုအင်ဆန္ဒကိုလည်းကောင်း ဦးစွာ လက်လွှတ်ရန်၊ ဤအကျိုးကျေးဇူးများအားလုံးကို လက်လွှတ်ပြီး ဘုရားသခင် ပြောနေသည့်အရာ၊ လူအပေါ် သူ တောင်းဆိုသည့်အရာနှင့် လူကို သူ ပြောရန်ရှိသည့်အရာတို့ကို ဦးစွာ နားထောင်ဖို့ ထိုအချိန်တွင် ဆုံးဖြတ်ကြလေသည်။ ဘုရားနှုတ်ကပတ်တော်များကို နားထောင်သည့် လူများစွာတို့သည် “ဘုရားသခင်က ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်သည်၊ ကျွန်ုပ်တို့၏ အကျည်းတန်သော စရိုက်မှန်များကို ဖော်ထုတ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ပြီး သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် ကျွန်ုပ်တို့၏ အနှစ်သာရကို သူ ဖော်ထုတ်သည်။ ဤသည်တို့မှာ အမှန်တရားချည်းသာ ဖြစ်သည်။ ကျွန်ုပ်အတွက် ကံကောင်းသည်မှာ ကျွန်ုပ်သည် ကောင်းမွန်သည့် အခွင့်အလမ်း၊ ကျေးဇူးတော်နှင့် ကောင်းချီးများကို ဘုရားသခင်ထံမှ အလောတကြီး လက်ဖြန့်မတောင်းခဲ့မိပါ။ ကံကောင်းထောက်မစွာဖြင့် ဤအရာများကို ပထမဆုံး ကျွန်ုပ် လက်လွှတ်ခဲ့သည်။ ဤအရာများကို ကျွန်ုပ် လက်မလွှတ်ခဲ့လျှင် ကျွန်ုပ်သည် မိမိကိုယ်ကို အရူးလုပ်မိမည် မဟုတ်လော။ ဘုရားသခင် ပြောဆိုသည့် အရာရာတိုင်းက လူ၏ သဘာဝနှင့် အနှစ်သာရကို ဖော်ထုတ်သည်။ ထို့ကြောင့် ထိုအရာများကို ကျွန်ုပ် မည်သို့ ဖယ်ရှားနိုင်မည်နည်း။ လူတို့အနေဖြင့် ပထမဆုံး မိမိတို့တာဝန်ကို လက်ခံပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွင်းရှိ အလုပ်နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရမည်ဟု ဘုရားသခင်က ပြောလေပြီ။ ဤဖြစ်စဉ်အတောအတွင်းတွင် လူတို့သည် သမ္မာတရားကို နားလည်ခြင်းနှင့် လက်ခံခြင်း လမ်းကြောင်းပေါ် တက်ရောက်နိုင်လျှင် ကယ်တင်ခြင်း ရရှိမည့် မျှော်လင့်ချက် ရှိလိမ့်မည်ဖြစ်ပြီး အနာဂတ်တွင် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါသည်”ဟုဆိုလျက် မိမိတို့ စိတ်နှလုံးတွင် တိတ်တခိုး ဝမ်းမြောက်မှုကို ခံစားကြသည်။ ဤအချိန်တွင် လူများစွာတို့သည် ထိုအရာများအကြောင်း မစဉ်းစားကြတော့ပေ။ ၎င်းတို့၏ နှစ်သက်ဖွယ်သော အလိုဆန္ဒများ၊ အနာဂတ်အတွက် ၎င်းတို့၏ တောင့်တမှုနှင့် မျှော်လင့်ချက်များသည် အလွန် လက်တွေ့ကျခြင်း ရှိသည်ဟု မထင်ရတော့ပေ။ ဤအခိုက်အတန့်တွင် ထိုလိုအင်ဆန္ဒများနှင့် စိတ်ကူးယဉ်မှုများထက် ၎င်းတို့၏တာဝန်များကို မည်သို့ကောင်းစွာ ထမ်းဆောင်ရမည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့ ဖြည့်ဆည်းရမည်ဆိုသည်နှင့် သမ္မာတရားအား မည်သို့ နားလည်ကာ ခိုင်မာစွာ ရပ်တည်ရမည်ဆိုသည်တို့မှာ ပိုမိုလက်တွေ့ကျ၊ အရေးကြီးပြီး အရေးပါလှသည်ဟု ၎င်းတို့ ခံစားကြလေသည်။ ထို့ကြောင့် ဤအရေးပါလှသည့် အဆင့်တွင် လူအများစုသည် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရန်၊ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရန်၊ သမ္မာတရားကို ရရှိရန်၊ မိမိတို့၏ အချိန်နှင့် ငယ်ရွယ်မှုတို့ကို ရည်စူးဆက်ကပ်ရန်နှင့် မိမိတို့၏ မိသားစု၊ မိမိတို့၏ အလုပ်နှင့် မိမိတို့၏ လောကီ အလားအလားများကို ဘုရားသခင်အတွက်လည်းကောင်း၊ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုအတွက်လည်းကောင်း စွန့်လွှတ်ရန် ဆုံးဖြတ်ကြပြီး လူအချို့က ဤအရာအတွက် ၎င်းတို့၏ အိမ်ထောင်ကိုပင် စွန့်ခွာကြသည်။ လူတို့တွင်ရှိသည့် ဤသရုပ်သကန်မျိုး၊ အပြုအမူမျိုးနှင့် လုပ်ရပ်မျိုးတို့သည် အပြုသဘောဆောင်သည့် အရာများနှင့် ဘုရားသခင် ပြောဆိုသည့် တောင်းဆိုချက်များအားလုံးအပေါ် နာခံကာ ကျိုးနွံနာခံသော သဘောထားတစ်မျိုး သေချာပေါက် ဖြစ်ပြီး ဤသဘောထားသည် လူတို့အနေဖြင့် သမ္မာတရားကို နားလည်နိုင်ရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရန်၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ရန်နှင့် နောက်ဆုံးတွင် ကယ်တင်ခြင်းရရှိနိုင်ရန်အလို့ငှာ ပိုင်ဆိုင်ရမည့် မရှိမဖြစ်သော လိုအပ်ချက်တစ်ခု အတိအကျပင် ဖြစ်လေသည်။ ဤသည်တို့မှာ ပုံမှန်လူတိုင်းက မိမိတို့၏တာဝန်ကို ထမ်းဆောင်ရန် ဘုရားအိမ်တော်သို့ မလာမီတွင် ရှိကြသည့် အမျိုးမျိုးသော သရုပ်သကန်များနှင့် အတွေးများဖြစ်သည်။ ဤလူများက ဘုရားသခင်ကို ပထမဆုံး စတင်ယုံကြည်ချိန်မှသည် ယခုချိန်ထိတိုင် ၎င်းတို့၏ အတွေးများနှင့် အမြင်များသည် အမြဲ ပြောင်းလဲမှုများကို ကြုံရကာ သမ္မာတရားနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားသည်လည်း အမြဲ ပြောင်းလဲခြင်းကို ကြုံနေရလေသည်။ လူ၏ ဤယခင် လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်တို့က အမြဲ ပျက်စီးခြင်းကို ကြုံနေရသည့် တစ်ချိန်တည်းတွင် ၎င်းတို့သည် ဤအရာများကို တဖြည်းဖြည်းနှင့် တက်ကြွစွာ လက်လွှတ်ပြီး စွန့်လွှတ်နေကြလေသည်။ ဤသည်မှာ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ကာ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ လူတို့၏ အလိုဆန္ဒကြောင့် နောက်ဆုံးတွင် ဖြစ်ပေါ်သည့် ကောင်းမွန်သော အကျိုးတရားဖြစ်သည်။ ထိုအရာသည် အပြုသဘောဆောင်ပြီး ကောင်းမွန်သော သရုပ်သကန်တစ်ခုဖြစ်ပြီး ကောင်းမွန်သည့် ရလဒ်တစ်ခု ဖြစ်သည်။ လူတို့သည် အမြဲတိုးတက်မှု ပြုလုပ်နေသော်လည်း သမ္မာတရားကို စစ်မှန်စွာ လိုက်စားသည့်သူများသည် ကောင်းချီးများရရှိဖို့ မိမိတို့၏ လိုအင်ဆန္ဒနှင့် ရည်ရွယ်ချက်တို့ကို လက်လွှတ်လုနီးပါး ဖြစ်ကြသောကြောင့် လူအများစုသည် အခြေခံအားဖြင့် ယခင်က လူကို ဘုရားသခင် ထားရှိခဲ့သည့် အမျိုးမျိုးသော ကတိတော်များကို အလွန် သတိပြုမိခြင်း သို့မဟုတ် စိတ်ဝင်စားခြင်း မရှိကြချေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ပုံမှန်လူတစ်ဦး၏ ဆင်ခြင်တုံတရားအတိုင်း အကဲဖြတ်သည့်အခါတွင် တစ်စုံတစ်ဦးသည် မိမိ၏ တာဝန်ကို စံနှုန်းမီ မထမ်းဆောင်နိုင်ဘဲ သမ္မာတရားကို နားလည်ရန် ပျက်ကွက်လျှင် ဘုရားသခင် ကတိပြုထားသည့် ကောင်းချီးများအားလုံးကို ရရှိဖို့ ၎င်း၏ အခွင့်အရေးအား လွဲချော်လိမ့်မည်ဖြစ်ပြီး ထိုကောင်းချီးများနှင့် မည်သည့် ပတ်သက်မှုမျှ ရှိလိမ့်မည် မဟုတ်ပေ။ ဤအရိုးရှင်းဆုံးသော ဆင်ခြင်တွေးခေါ်မှုစနစ်ကို လူတိုင်း နားလည်သင့်သည်။ ယခုတွင် ထိုသို့သော အချက်တစ်ချက်ကို နားလည်နှင့်ပြီးဖြစ်ကာ ဤအချက်ကို အသိအမှတ်လည်းပြုပြီး လက်ခံသည့် လူများစွာရှိသည်မှာ အမှန်ဖြစ်၏။ ထိုအရာကို လက်မခံသည်မှာ အန္တိခရစ်များသာ ရှိသည်။ ၎င်းတို့က အဘယ်ကြောင့် လက်မခံကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က အန္တိခရစ်များ ဖြစ်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့က ဤအချက်ကို လက်မခံကြသောကြောင့် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ချင်ကြသနည်း။ ဘုရားအိမ်တော်သို့ ၎င်းတို့ လာကြသည့်အခါ ဘုရားနှုတ်ကပတ်တော်များကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးကြပြီး ထိုနှုတ်ကပတ်တော်များတွင် “ဘုရားသခင်၏ ဇာတိအဖြစ်တော်”၊ “သားဦးများ”၊ “ဘုရားသခင်၏ သားများ”၊ “ဘုရားသခင်၏ လူများ” နှင့် “အစေခံသူများ”ကဲ့သို့သော အမည်နာမများနှင့် အဆင့်အတန်းများကို ရှာတွေ့ကာ ၎င်းတို့၏ မျက်လုံးများ ဝင်းလက်သွားကြသည်။ ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များ အလျင်အမြန် ပြည့်သွားပြီး ၎င်းတို့က “ဘုရား၏ သားများထဲမှ တစ်ဦးဖြစ်ခြင်းက သာမန်ဖြစ်လွန်းသည်။ လူအများစုက ဘုရား၏ သားများဖြစ်ကြသည်။ ဘုရား၏ လူများထဲမှတစ်ဦး ဖြစ်ခြင်းသည် အရပ်သူအရပ်သားတစ်ဦး၊ လူစုလူဝေးများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ခြင်း၊ တန်ခိုးအာဏာ သို့မဟုတ် ဩဇာလွှမ်းမိုးမှုမရှိသည့် ပုံမှန်လူတစ်ဦး ဖြစ်ခြင်းသဘောဖြစ်သည်။ ပြီးလျှင် ငါ့ကို အစေခံသူတစ်ဦး ဖြစ်စေဖို့အကြောင်းကို စဉ်းပင်မစဉ်းစားလေနှင့်။ ငါ အသက်ရှင်သရွေ့ အစေခံသူတစ်ဦး ဖြစ်ခြင်းနှင့် ငါ ဘာမျှပတ်သက်စရာ ရှိလိမ့်မည်မဟုတ်ပါ။ ထိုအရာသည် ငါနှင့် လုံးဝ ဆက်စပ်မှုမရှိပါ”ဟု တွေးကြသည်။ ထို့ကြောင့် ၎င်းတို့သည် “ဘုရားသခင်၏ ဇာတိအဖြစ်တော်”နှင့် “သားဦးများ”ဟူသည့် အမည်နာမနှစ်ခုကို ၎င်းတို့ စူးစိုက်စွာကြည့်ကြသည်။ ၎င်းတို့၏ အယူအဆများတွင် “ဘုရားသခင်၏ ဇာတိအဖြစ်တော်”သည် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်း၊ “သားဦးများ”မှာ ဘုရားသခင်၏ သားဦးများဖြစ်ကြောင်းနှင့် ဤနှစ်ခုက တန်ခိုးအာဏာနှင့် ဩဇာလွှမ်းမိုးမှုကို ဆောင်ကြဉ်းပေးပြီး လူသားမျိုးနွယ်ကြားတွင် ရှင်ဘုရင်များအဖြစ် စိုးစံနိုင်ကြောင်း၊ လူတို့ကို ထိန်းချုပ်နိုင်ကြောင်း၊ ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို ထိန်းချုပ်နိုင်ကြောင်း၊ အကြွင်းမဲ့ တန်ခိုးအာဏာ ပိုင်ဆိုင်ကာ ဆုံးဖြတ်ချက်ချဖို့ တန်ခိုးအာဏာ၊ ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ တန်ခိုးအာဏာနှင့် လူတို့ကို စီစဉ်ညွှန်ကြားကာ လူတို့ အသက်ရှင်ခြင်းဖြစ်စေ၊ သေခြင်းဖြစ်စေ ဆုံးဖြတ်ဖို့ တန်ခိုးအာဏာ ရှိနိုင်ကြောင်း ၎င်းတို့ ယုံကြည်ကြသည်။ ဤတန်ခိုးအာဏာများက အလွန်ကြီးမားမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ထိုအကြောင်းကြောင့် ၎င်းတို့ကို အစေခံသူများဖြစ်ခိုင်းဖို့မှာ မဖြစ်နိုင်ရခြင်း ဖြစ်ပေသည်။ ၎င်းတို့ကိုယ်တိုင်အတွက် ၎င်းတို့ ရွေးချယ်ခွင့်ရလျှင် ၎င်းတို့က သားဦးများ သို့မဟုတ် ဘုရားသခင်၏ ဇာတိအဖြစ်တော် ဖြစ်ဖို့ ရွေးချယ်ကြမည်ဖြစ်သည်။ သို့မဟုတ်လျှင် ၎င်းတို့က ဘုရားသခင်ကို ယုံကြည်ခြင်းအား ရပ်တန့်ကြမည်ဖြစ်၏။ မိမိတို့၏တာဝန်ကို ၎င်းတို့ ထမ်းဆောင်နေချိန် သို့မဟုတ် ဘုရားအိမ်တော်၌ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် ပြုမူဆောင်ရွက်နေချိန် ဤရည်မှန်းချက်နှစ်ခုကို လိုက်စားရာတွင် ၎င်းတို့သည် ပြုမူဆောင်ရွက်ကြသည်၊ အဖိုးအခပေးကြသည်၊ ဆင်းရဲဒုက္ခခံစားပြီး အလုပ်များနေကြလေသည်။ ဤအချိန်ကာလ အတောအတွင်းတွင် ၎င်းတို့ အလုပ်များနေစဉ် မည်မျှထိ ၎င်းတို့ လုပ်ဆောင်ပြီးဖြစ်သည်၊ ဧဝံဂေလိ ဖြန့်ဝေနေချိန် လူမည်မျှကို ၎င်းတို့ ရရှိပြီးဖြစ်သည်၊ လူမည်မျှက ၎င်းတို့ကို ကြည်ညိုပြီး လေးစားကြသည်၊ အသင်းတော်ကို ၎င်းတို့ ဦးဆောင်ချိန်တွင် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနေသည့် ညီအစ်ကို မောင်နှမများက အခြားသူများထံ သွားခြင်းရှိမရှိ သို့မဟုတ် ၎င်းတို့ထံ လာကြခြင်း ရှိမရှိဟူသည်တို့နှင့် အခြားသူတို့၏ အတွေးများနှင့် အမြင်များကို ၎င်းတို့ ထိန်းချုပ်ကာ စိုးမိုးခြယ်လှယ်နိုင်ခြင်း ရှိမရှိဟူသည်တို့ကို အဆက်မပြတ် တွက်ချက်ကြလေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်တွင် ရှင်ဘုရင်များအဖြစ် အုပ်စိုးရန်ဖြစ်သည့် မိမိတို့အလိုရှိသောအရာကို ရရှိဖို့ ရည်မှန်းလျက် ဤအရာများကို အဆက်မပြတ် တွက်ချက်ကြသည်၊ ချိန်ဆပြီး စောင့်ကြည့်လေ့လာကြလေသည်။ ဘုရားအိမ်တော်ကို လာရောက်ကာ သမ္မာတရားအချို့ကို နားလည်ပြီးနောက် လူအများစုသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ကြသော်လည်း အန္တိခရစ်များက မထမ်းဆောင်နိုင်ကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မြင့်မြတ်သောမျိုးရိုးမှ ဆင်းသက်သည်ဟူ၍လည်းကောင်း၊ မြင့်မြတ်ပြီး ထူးခြားသော အုပ်စုနှင့်သက်ဆိုင်သည်ဟူ၍လည်းကောင်း၊ ဘုရားအိမ်တော်၌ ကြီးမြတ်သူအဖြစ် ခေါ်တွင်ခြင်း ခံကိုခံရမည်ဟူ၍လည်းကောင်း ယုံကြည်ကြ၏။ သို့မဟုတ်လျှင် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြမည် မဟုတ်ပေ။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်ကြရမည်ဆိုလျှင် ဘုရားအိမ်တော်၌ ကြီးမြတ်သူအဖြစ် ဂုဏ်ပြုခံရမှဖြစ်မည်ဖြစ်ပြီး အောင်မြင်သူဖြစ်ရမည် ဖြစ်သည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် ဘုရားသခင်၏ မှတ်တမ်းစာအုပ်တွင် မည်မျနာမည်ကောင်း ရသည်ကိုလည်းကောင်း၊ ဘုရားသခင်နှင့်အတူ ရှင်ဘုရင်များအဖြစ် အုပ်စိုးရန် လုံလောက်စွာ အရည်အချင်းပြည့်မီခြင်း ရှိမရှိကိုလည်းကောင်း တွက်ချက်ကာ အဖြေရှာကြလေသည်။ ထို့ကြောင့် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရန် ဘုရားအိမ်တော်သို့ အန္တိခရစ်အချို့ လာခြင်းအတွက် အရင်းအမြစ်၊ စမှတ်နှင့် စိတ်ဓာတ်လှုံ့ဆော်မှုမှာ ရှင်ဘုရင်များအဖြစ် အုပ်စိုးဖို့ သူ၏ အိမ်တော်သို့ လာရန် ဖြစ်သည်။ ၎င်းတို့အနေဖြင့် သာမန်နှင့် အရေးမပါဆုံးသော နောက်လိုက်များအဖြစ်သာ မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့ ဧကန်မချ လိုလားခြင်းမရှိကြသကဲ့သို့ ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့ ကွယ်ပျောက်သွားသည့် တဒင်္ဂတွင် ၎င်းတို့သည် ရုတ်တရက် ရန်လိုကာ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ဖို့ ငြင်းကြလေသည်။
ယခုတွင် ဘုရားအိမ်တော်၌ အရာရာကို ဆိုးရွားစွာ လုပ်ဆောင်ရင်းနှင့် ၎င်းတို့တာဝန်ကို ထမ်းဆောင်သည့် နေရာတိုင်းတွင် ဖယ်ရှားရှင်းလင်းခံရလျက် မိမိတို့၏တာဝန်ကို နှစ်အချို့ကြာ ထမ်းဆောင်နေပြီးဖြစ်သည့် လူအချို့ရှိသည်။ ၎င်းတို့သည် ဆိုးရွားသည့် လူ့သဘာဝနှင့် နိမ့်ကျသည့် တည်ကြည်မှု ရှိကြသောကြောင့် သမ္မာတရားကို မလိုက်စားကြသကဲ့သို့ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် ရက်စက်ပြီး ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ရှိကြသောကြောင့် နောက်ဆုံးတွင် ညီအစ်ကို မောင်နှမများ၏ ငြင်းပယ်ခြင်းကို ခံရကြလေသည်။ ကောင်းချီးမင်္ဂလာများအတွက် ၎င်းတို့၏ လိုအင်ဆန္ဒက ပျက်သုဉ်းသွားတော့မည်ကိုလည်းကောင်း၊ ဘုရားအိမ်တော်၌ ရှင်ဘုရင်များအဖြစ် အုပ်စိုးခြင်းနှင့် ထင်ပေါ်ခြင်းတို့ဖြစ်သည့် ၎င်းတို့၏ အိမ်မက်က အကောင်အထည် ပေါ်နိုင်ခြင်း မရှိတော့သည်ကိုလည်းကောင်း ၎င်းတို့ မြင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ ကိုယ်ပိုင်ဘဝတွင် မည်သို့ အသက်ရှင်ကြသနည်း။ ၎င်းတို့က ဘုရားနှုတ်ကပတ်တော်များကို မဖတ်ကြ၊ ဓမ္မတေးသီချင်းများကို နားမထောင်ကြ၊ စုဝေးပွဲများကို မတက်ကြ၊ တာဝန်တစ်ခု ထမ်းဆောင်ရန် စေခိုင်းခြင်းခံရသည့်အခါ ဘုရားအိမ်တော်ကို လျစ်လျူရှုကြပြီး စုဝေးပွဲများ တက်ရောက်ရန် အချိန်ကျသည့်အခါ ညီအစ်ကို မောင်နှမများက ၎င်းတို့ကို မေတ္တာရပ်ခံရန်၊ ဖိတ်ကြားကာ အသိပေးရန်ပင် လိုအပ်လေသည်။ ၎င်းတို့ထဲမှ အချို့သည် အင်တင်တင်ဖြင့် စုဝေးပွဲများကို တက်မြဲတက်နေကြသော်လည်း စုဝေးပွဲများအတောအတွင်းတွင် ၎င်းတို့က စကားတစ်ခွန်းမျှ မပြောကြ၊ မိတ်သဟာယမပြုကြသကဲ့သို့ အခြားသူများ ပြောသည့်အရာတိုင်းကို ၎င်းတို့က ရွံရှာကြပြီး မကြားချင်ကြပေ။ ညီအစ်ကို မောင်နှမများက ဆုတောင်းကြသည့်အခါ ၎င်းတို့က မိမိတို့နားများကိုပါ ပိတ်ထားကြသော်လည်း မည်သည့်အရာကိုမျှ မပြောဆိုကြပေ။ ဘုရားသခင်ထံ ပြောစရာ မည်သည့်အရာမျှ မရှိကြချေ။ ပြီးလျှင် တရားဒေသနာများကို နားထောင်နေချိန် သို့မဟုတ် ညီအစ်ကို မောင်နှမများက သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုနေချိန် အချို့သော အခြားလူတို့သည် စုဝေးပွဲများအတောအတွင်းတွင် မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ အချို့က အိပ်မောကျသွားကြသည်၊ အချို့က မိမိတို့ ဖုန်းများကို ကြည့်ကာ သတင်းများကို ဖတ်ကြသည်။ အချို့က အခြားသူများနှင့် စကားစမြည်ပြောကြပြီး အချို့က အွန်လိုင်းဂိမ်းများ ကစားကြသည်။ ဘုရားသခင်ကို ယုံကြည်သည့်အခါ ဘုရားအိမ်တော်၌ ၎င်းတို့အနေဖြင့် လူကြိုက်များနိုင်ခြင်းမရှိလျှင်၊ အခြားသူတို့နှင့် သင့်မြတ်နိုင်ခြင်း မရှိလျှင်၊ မိမိတို့ကို အား အားပေးဝန်းရံသူများ မရှိသည့်အပြင် အရေးကြီးသော တာဝန်များ တာဝန်အပေးခံရနိုင်ခြင်း မရှိလျှင် အနာဂတ်၌ ဘုရားသခင်နှင့်အတူ ရှင်ဘုရင်များအဖြစ် အုပ်စိုးနိုင်မည် မဟုတ်သောကြောင့် ဘုရားသခင်သည် ၎င်းတို့အတွက် မတည်ရှိဟု စဉ်းစားကြလေသည်။ ၎င်းတို့အတွက် ဘုရားသခင် တည်ရှိခြင်း ရှိမရှိဟူသည်မှာ ၎င်းတို့ ကောင်းချီးများ ရရှိနိုင်ခြင်း ရှိမရှိဟူသည်နှင့် ဆက်စပ်နေပေသည်။ ဤသည်မှာ အန္တိခရစ်များ ပြုမူသည့်ပုံစံဖြစ်သည် မဟုတ်လော။ ဘုရားက ၎င်းတို့ကို ကောင်းချီးများ ရရှိခွင့်မပေးနိုင်လျှင် သူသည် ဘုရားမဟုတ်သကဲ့သို့ သူသည် သမ္မာတရား မရှိဟူ၍လည်းကောင်း၊ မိမိတို့ကို အသင်းတော်တွင် လက်လွတ်စပယ် ပြုမူခွင့်ပေးသည့်၊ အာဏာကိုင်စွဲခွင့်ပေးပြီး အနာဂတ်တွင် ရှင်ဘုရင်များအဖြစ် အုပ်စိုးခွင့်ပေးသည့် ဘုရားသည်သာ ဘုရားဖြစ်သည်ဟူ၍လည်းကောင်း ၎င်းတို့က ယုံကြည်ကြလေသည်။ ဤသည်မှာ စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်ဖြစ်သည်။ ထိုအရာသည် အမှန်နှင့် အမှားကို ရောထွေးခြင်းဖြစ်ပြီး အမှန်တရားများကို လွဲချော်စေခြင်း ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူများဖြစ်သဖြင့် ဘုရားသခင်၏ ခြေရာများကို ၎င်းတို့ မလိုက်လျှောက်နိုင်သကဲ့သို့ မိမိတို့တာဝန်များကို ထမ်းဆောင်ရန် မလိုလားကြသည့် အကြောင်းရင်းမှာ ၎င်းတို့က သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသောကြောင့်၊ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့က စာတန်၏ အတွေးအခေါ်များ၊ အသိပညာ၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ရာထူးတို့ကိုသာ ကြည်ညိုကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်က သမ္မာတရားဖြစ်သည်ကို ၎င်းတို့က ငြင်းကြသည်၊ ဘုရားသခင်၏ အမှုတော်ကို အာရုံမစိုက်ကြပေ။ ထို့ကြောင့် စုဝေးပွဲများတွင် ၎င်းတို့သည် မိမိတို့၏ ဖုန်းများကို ကြည့်ကြခြင်းဖြစ်သည်။ ဂိမ်းများကစားကြခြင်းဖြစ်သည်။ အဆာပြေစားစရာများ စားကာ သာမန်ကာလျှံကာ စကားစမြည် ပြောဆိုကြခြင်းဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်ချင်သည့် မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်ကြပြီး မိမိတို့ကိုယ်ကို သဘောကျနေကြဆဲဖြစ်သည်။ ကောင်းချီးခံစားရမည့် ၎င်းတို့၏ မျှော်လင့်ချက်များ တစ်စစီပြိုကွဲသွားသည့် တဒင်္ဂတွင် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် မည်သည့်အဓိပ္ပာယ်ကိုမျှ ၎င်းတို့ ရှာမတွေ့ကြတော့သကဲ့သို့ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် မည်သည့်အဓိပ္ပာယ်ကိုမျှ ၎င်းတို့ ရှာမတွေ့ကြသည့်အခါ ညီအစ်ကို မောင်နှမများ အတူတကွ စုဝေးသည့် နေရာဖြစ်သော အသင်းတော်ကို ကစားကွင်းကဲ့သို့ ၎င်းတို့ သဘောထားကြသည်။ အတူတကွ စုဝေးသည့်အချိန်ကို နားနေချိန်ကဲ့သို့ သဘောထားကြပြီး စုဝေးခြင်းနှင့် တရားဒေသနာများကို နားထောင်ခြင်းတို့ကို ကိုယ်ရောစိတ်ပါ ပင်ပန်းရသော၊ ပျင်းစရာကောင်းပြီး ခြောက်ကပ်ကပ်ဖြစ်သောအရာအဖြစ် တွေးထင်ကြလေသည်။ ညီအစ်ကို မောင်နှမများ နားထောင်သည့် တရားဒေသနာများနှင့် သမ္မာတရားကို မည်သည့်အရာအဖြစ် ၎င်းတို့ သဘောထားကြသနည်း။ ယင်းတို့ကို ဆောင်ပုဒ်များ၊ အခြေအမြစ် မရှိသော အဓိပ္ပာယ်မဲ့အရာအဖြစ် သဘောထားကြပြီး ညီအစ်ကို မောင်နှမများနှင့် အတူစုဝေးကုန်ဆုံးသည့် အချိန်ကို အချိန်ဖြုန်းတီးခြင်းအဖြစ် သဘောထားကြလေသည်။ ဤလူများသည် ထုတ်ဖော်ခြင်း မခံရကြလေပြီလော။ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်ခြင်းတွင် မိမိတို့၏ ရည်မှန်းချက်များ၊ မိမိတို့၏ လိုအင်ဆန္ဒများနှင့် မိမိတို့၏ အတွေးမှားများကို ယူဆောင်လာကြပြီး ဤသည်မှာ ၎င်းတို့အနေဖြင့် အဆုံးထိတိုင် လမ်းကြောင်းကို လိုက်လျှောက်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်ကြောင်းနှင့် ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်တို့အတွက် အစေခံမှု ပေးရန်ပင် ၎င်းတို့ ထိုက်တန်ခြင်း မရှိကြကြောင်းကို ဆုံးဖြတ်သည့် လက္ခဏာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် တရားဒေသနာများကို နားထောင်သူများနှင့် သမ္မာတရားကို လိုက်စားသည့် ညီအစ်ကို မောင်နှမများအား အထင်သေးမှုဖြင့် ကြည့်ကြပြီး ထို့ထက်ပို၍ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ တည်ရှိခြင်းနှင့် ဘုရားသခင်၏ စီမံခွန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သည့် အမှုတော်၏ ဖြစ်ရပ်မှန် တည်ရှိခြင်းကို ငြင်းပယ်ကြလေသည်။
သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် ထိုလူများဖြစ်သည့် အန္တိခရစ်များသည် ဘုရားသခင်ကို ယုံကြည်ခြင်းက ၎င်းတို့အတွက် မည်သည့်အကျိုးကျေးဇူးမျှ ဆောင်ကြဉ်းပေးမည် မဟုတ်သည်ကို တွေးမိလာသည့်အခါ ၎င်းတို့၏ ဘီလူးသရဲစီးသော မျက်နှာထားက ပေါ်လွင်လာသည်။ အချို့သော အမျိုးသမီး အန္တိခရစ်များသည် သရဲတစ္ဆေများနှင့် တူသည်အထိတိုင် အိမ်တွင် မိတ်ကပ်များလိမ်းကြသည်။ ခေတ်ဆန်သည့် သို့မဟုတ် ဆန့်ကျင်ဘက်လိင်အတွက် ဆွဲဆောင်မှု ရှိသည့် မည်သည့်အရာကိုမဆို ဝတ်ဆင်ကြပြီး အချို့က မာကျောင်းကစားခြင်း၊ လောင်းကစားခြင်း၊ ဆေးလိပ်သောက်ခြင်းများကိုပင် ခိုးကြောင်ခိုးဝှက် လုပ်ကြသည်။ ဤလူများသည် အလွန်ဆိုးဝါးပြီး စက်ဆုပ်ဖွယ်ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်သို့ ဟန်ဆောင်မှုဖြင့်လာကြပြီး အဆုံးတွင် မည်သည့်အရာ ဖြစ်ပျက်သနည်း။ ထိုအရာကို ၎င်းတို့ ထိန်းသိမ်းနိုင်ခြင်း မရှိသည် မဟုတ်လော။ သမ္မာတရားကသာ လူတို့ကို ထုတ်ဖော်နိုင်ပြီး တစ်စုံတစ်ဦးက သမ္မာတရားကို မချစ်လျှင်၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထားရှိလျှင် ၎င်းသည် သမ္မာတရားကို ရန်လိုဖို့အတွက် ကံဇာတာပါပြီး တောင့်မခံနိုင်ကြပေ။ အသင်းတော်သည် ထိုသို့သောလူများကို ဖယ်ရှားရှင်းလင်းရန် လိုအပ်သေးသလော။ ဘုရားသခင်က ၎င်းတို့ကို ပြစ်တင်ရှုတ်ချရန် လိုအပ်သေးသလော။ ဘုရားသခင်က ထိုသို့သော လူတစ်ဦးကို ငြင်းပယ်ရန် လိုအပ်သေးသလော။ မလိုအပ်ပေ၊ ဘုရားသခင်က ၎င်းတို့ကို မည်သို့မျှ အာရုံမစိုက်ပေ။ ဘုရားသခင်အတွက်၊ ဤလူများသည် ပိုးကောင်များသာဖြစ်သည်၊ အစေခံသူများဖြစ်ဖို့ပင် မထိုက်တန်ကြ။ ၎င်းတို့သည် ထိုအတွက် စံကိုမမီကြပေ။ ၎င်းတို့သည် စုဝေးပွဲများ၊ အသင်းတော်အသက်တာနှင့် မိမိတို့တာဝန်အပေါ် ထိုသို့သော အထင်သေးသည့် သဘောထားတစ်ခု ရှိကြသည့်အခါ ဤအရာက မည်သည့်အရာကို သက်သေပြသနည်း။ ဘုရားသခင်က ၎င်းတို့ကို စောင့်ရှောက်ခြင်း သို့မဟုတ် ကွယ်ကာခြင်း မရှိသကဲ့သို့ ၎င်းတို့ကို ဦးဆောင်ခြင်းလည်း မရှိပေ။ သူသည် ၎င်းတို့ကို အသိဉာဏ်ပွင့်လင်းစေခြင်း၊ လမ်းပြခြင်း သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းအလုပ် တစ်ခုတလေကိုမျှ မဆောင်ရွက်ပေ။ ထိုသို့ဖြင့် ၎င်းတို့သည် အင်မတန် မလိုလားအပ်သကဲ့သို့ အကျည်းတန်သည့် ဘဝများကို အသက်ရှင်ကြလေသည်။ သို့သော် ၎င်းတို့ကိုယ်တိုင်က “ဘုရားကို ငါ မယုံကြည်ပါ။ ငါ လွတ်လပ်သည်။ ဘုရားကို ယုံကြည်သည့် အသင်လူတို့၊ ငါ့အနေဖြင့် မည်သည့်အရာကိုမျှ ခံစားရန် မလိုအပ်သော်လည်း သင်တို့သည် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးဖို့လိုအပ်သည်၊ သင်တို့၏ မိသားစုများနှင့် အသက်မွေးအလုပ်များကို စွန့်လွှတ်ဖို့ လိုအပ်သည်။ ငါသည် အိမ်၌နေရသော အားလပ်ချိန်ကို ခံစားနိုင်သည်၊ ဇာတိပကတိ၏ ပျော်ရွှင်မှုများကို အကြိုက်တွေ့နိုင်ပြီး ဘဝ၏ ဝမ်းမြောက်ပျော်ရွှင်ခြင်းများကို မွေ့လျော်နိုင်သည်"ဟု တွေးကြလေသည်။ ၎င်းတို့အနေဖြင့် ပျော်ရွှင်ခြင်းနှင့် လွတ်လပ်ခြင်းကို ရရှိပြီးဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဘုရားသခင်က ၎င်းတို့ကို အလေးဂရုပြုမှု တစ်ခုတလေရှိသလော။ (မရှိပါ။) အဘယ်ကြောင့် မရှိသနည်း။ ဘုရားသခင်အတွက်မှာမူ ဤလူများသည် ပိုးကောင်းများ ဖြစ်သည်၊ လူသားများမဟုတ်သကဲ့သို့ သူ၏ အာရုံစိုက်ခြင်းနှင့် မထိုက်တန်ကြပေ။ ဘုရားသခင်က ၎င်းတို့ကို အလေးဂရုပြုခြင်း မရှိလျှင် သူသည် ၎င်းတို့ကို ကယ်တင်လိမ့်ဦးမည်လော။ ဘုရားသခင်က ၎င်းတို့ကို ကယ်တင်မည် မဟုတ်သည့်အတွက် ၎င်းတို့ လုပ်ဆောင်သည့်အရာသည် ဘုရားသခင်နှင့် ပတ်သက်မှု တစ်စုံတစ်ရာ ရှိသလော။ ထိုအရာသည် ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေး အမိန့်များနှင့် ဆက်စပ်မှု တစ်ခုတလေ ရှိသလော။ မရှိပေ။ ထို့ကြောင့် ၎င်းတို့သည် အပြင်ပန်းတွင် အလွန် သက်သောင့်သက်သာရှိစွာ၊ လွတ်လပ်စွာနှင့် လျော့ရဲရဲ အသက်ရှင်ပုံရသည်၊ နေ့တိုင်း အတော်လေး ပျော်ရွှင်ပုံရကြသည်။ ယင်းမှာ ကောင်းမွန်သည့်အရာတစ်ခုဖြစ်သည်ဟု သင် ထင်သလော။ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာနှင့် လိုက်လျှောက်သည့် လမ်းကြောင်းတို့ကို တစ်ချက်ကြည့်ပြီး ၎င်းတို့ ဆုံးခန်းတိုင်ပြီဖြစ်ကြောင်း၊ ဘုရားသခင်က ၎င်းတို့ကို အလိုမရှိတော့ကြောင်း သင် သိပေသည်။ ဤပိုးကောင်များသည် အမှန်တကယ်ပင် နံဟောင်သည့် အုပ်စုတစ်စု ဖြစ်သည်။ ဘုရားသခင်က ထိုသို့သောလူများကို မည်သို့မျှ အလေးဂရုပြုခြင်း မရှိပေ။
ပတ်ဝန်းကျင်နှင့် အခြေအနေများက မည်သို့ပင်ဖြစ်စေ နောင်ဘဝတွင် ရှင်ဘုရင်အများအဖြစ် စိုးစံရန်နှင့် ဘုရားသခင်နှင့် တန်းတူ အဆင့်အတန်းရှိဖို့အတွက် ၎င်းတို့ တတ်နိုင်သမျှ ကြိုးပမ်းကြသည့်သူများသည် အန္တိခရစ်များထဲတွင် ပြုပြင်၍ မရနိုင်လောက်အောင် ခေါင်းမာသော လူစုဖြစ်သည်။ ထိုသို့သော လူများသည် ပေါလုကဲ့သို့ပင် ဖြစ်ကြ၏။ ၎င်းတို့သည် ဝန်တာထမ်းရွက်ကြသည်၊ ဘုရားသခင်နှင့်ပတ်သက်၍ သံသယများ ထားရှိကြသည်၊ ဘုရားသခင်ကို ၎င်းတို့ အတိုက်အခံလုပ်ကာ ခြိမ်းခြောက်ကြပြီး ၎င်းတို့ အလုပ်လုပ်ချိန်တွင်၊ မိမိတို့ကိုယ်ကို အသုံးခံကြချိန်၊ ဆင်းရဲဒုက္ခများကို ခါးစည်းခံကြပြီး အဖိုးအခပေးကြချိန်တွင် အလွန်ပင် စိတ်မပါဖြစ်နေကြသည်။ ၎င်းတို့သည် ဤအရာများကို သရဖူတစ်ခုအတွက် အလဲအလှယ်အနေဖြင့်သာလည်းကောင်း၊ နောင်ဘဝတွင် ရှင်ဘုရင်များအဖြစ် စိုးစံနိုင်ခြင်းအတွက် အလဲအလှယ်အနေဖြင့်သာလည်းကောင်း လုပ်ဆောင်ကြသည်။ ဤဖြစ်စဉ်တစ်ခုလုံးက အန္တိခရစ်များအား အလွန် သနားစဖွယ် ဖြစ်သည်ဟု ထင်ရစေသည် မဟုတ်လော။ အမှန်တွင် ၎င်းတို့သည် သနားဖွယ်မဖြစ်ကြပေ။ ၎င်းတို့က သနားဖွယ်မဖြစ်ရုံမျှမက အမှန်တွင် အတော်လေး ရယ်ဖွယ်လည်းကောင်းပေသည်။ ဘုရားသခင်က များစွာ ပြောဆိုပြီးနောက်တွင် ၎င်းတို့က သမ္မာတရားကို နားမလည်ကြသေးလျှင် ထားသာထားလိုက်လေလော့။ ထိုသို့သော လွယ်ကူရှင်းလင်းသည့် အသုံးအနှုန်းကိုပင် ၎င်းတို့က အဘယ်သို့ဖြစ်ပြီး နားမလည်နိုင်ကြသနည်း။ ထိုသို့သော ရိုးရှင်းသည့် သက်ဝင်ယုံကြည်မှုများကို ၎င်းတို့သည် အဘယ်သို့ဖြစ်ပြီး နားမလည်နိုင်ရသနည်း။ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်လျှင် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို ရရှိနိုင်မည် မဟုတ်၊ သို့မဟုတ် ကယ်တင်ခြင်းကို ရရှိနိုင်မည် မဟုတ်ပေ။ ပြီးလျှင် ဘုရားသခင်က သင့်ကို ကတိတစ်ခု ပြုခဲ့လျှင်ပင် ထိုကတိကို သင် ရယူနိုင်မည် မဟုတ်။ လူကို ဘုရားသခင် ပေးသည့် မည်သည့်ကတိမဆို အခြေအနေပေါ်မူတည်သည်။ သူသည် လူတို့အား အကြောင်းပြချက် သို့မဟုတ် သတ်မှတ်ချက်များမရှိဘဲ ကတိများကို မပေးပေ။ ဘုရားသခင်သည် လူ့အပေါ် သူ၏ သတ်မှတ်ချက်များရှိပြီး ဤသတ်မှတ်ချက်များသည် မည်သည့်အချိန်ကာလတွင်မျှ လုံးဝ မပြောင်းလဲပေ။ ဘုရားသခင်သည် သမ္မာတရားကို ချိုးဖောက်လိမ့်မည် မဟုတ်သကဲ့သို့ သူ၏ ရည်ရွယ်ချက်များကိုလည်း ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ဤအချက်ကို သင် နားလည်ခဲ့လျှင် သင်၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို သင် ခေါင်းမာစွာ ဖက်တွယ်ဦးမည်လော။ မိုက်မဲသူများနှင့် ဆင်ခြင်တုံတရားမရှိသော လူတို့သာ ဤအရာများကို ခေါင်းမာစွာ ဖက်တွယ်ကြမည်ဖြစ်သည်။ ပုံမှန်ဆင်ခြင်တုံတရားနှင့် ပုံမှန်လူ့သဘာဝရှိသည့်သူများသည် ဤအရာများကို လက်လွှတ်သင့်ပြီး ၎င်းတို့ လိုက်စားသင့်သည့်၊ ရရှိသင့်ပြီး ဝင်ရောက်သင့်သည့် အရာကို လိုက်စားသင့်သည်။ ၎င်းတို့သည် ပထမဆုံးအနေဖြင့် ဘုရားသခင်၏ ်တောင်းဆိုချက်များကို ပြည့်မီသင့်ကြပေသည်။ ဒုတိယအနေဖြင့် ပုံမှန်ဆင်ခြင်တုံတရား ရှိသည့်လူများသည် မည်သည့်အရာကိုလည်း နားလည်သင့်သနည်း။ ဘုရားသခင်နှင့်အတူ ထာဝရကာလ တစ်လျှောက်လုံး ရှင်ဘုရင်များအဖြစ် ငါတို့ စိုးစံရလိမ့်မည်ဟုပြောသည့် ပရောဖက်ပြုချက်များက ကျမ်းစာတွင်ရှိပြီး ဘုရားသခင်၏ လက်ရှိအမှုတော်တွင် သူသည် လူတို့အတွက် အမျိုးမျိုးသော အဆင့်များနှင့် အမည်နာမများကို အတန်းအစားသတ်မှတ်လျက် ဘုရားသခင်၏ ဇာတိအဖြစ်တော်၊ သားဦးများ၊ ဘုရားသခင်၏ သားများ၊ ဘုရားသခင်၏ လူများ စသည်တို့ကိုလည်း ဖော်ပြသည်။ ဘုရားသခင်က လူအား ဤအရာများကို ကတိပြုထားပြီး ဖြစ်သည့်အတွက် လူတို့က ယင်းတို့ကို အဘယ်ကြောင့် မလိုက်စားနိုင်ကြသနည်း။ ထို့ကြောင့်၊ မှန်ကန်သည့် သဘောပေါက်နားလည်ခြင်းနှင့် မှန်ကန်သည့် လုပ်နည်းကိုင်နည်းတို့က မည်သည့်အရာ ဖြစ်သင့်သနည်း။ တစ်စုံတစ်ဦးက ရှင်ဘုရင်တစ်ဦးအဖြစ် စိုးစံခြင်းနှင့် ဘုရားသခင် ပေးခဲ့သည့် ကတိတော်များကို လိုက်စားရမည့် ရည်မှန်းချက်များအဖြစ် သဘောထားလျှင် ဤသည်မှာ မှန်ကန်သည့် လမ်းကြောင်းဖြစ်သလော။ သေချာပေါက် မဟုတ်ပေ။ ဤသည်မှာ အပြုသဘောမဆောင်ပေ။ လူသား အလိုဆန္ဒနှင့် အလွန် ရောနှောနေပြီး ဤလမ်းကြောင်းသည် သမ္မာတရားနှင့် ကွဲလွဲပေသည်။ လူအချို့က “သင်သည် ဤကတိကို ပေးပြီးဖြစ်သဖြင့် သင်သည် အဘယ်ကြောင့် ကျွန်ုပ်တို့အား ရရှိခွင့်ကို မပေးဘဲ နေမည်နည်း။ သင်သည် ဤအရာအားလုံးကို ပြောပြီးဖြစ်ကာ လူသားမျိုးနွယ်အားလုံးထံ လူသိရှင်ကြား ဖော်ပြပြီးဖြစ်သဖြင့် ဤအရာကို ငါတို့ အဘယ်ကြောင့် လိုက်စားခွင့်မပေးဘဲ နေမည်နည်း”ဟု ပြောကြသည်။ ဤသည်မှာ သမ္မာတရားနှင့် ဆက်စပ်ပေသည်။ မည်သူကမျှ ဤလုပ်ပိုင်ခွင့်ကို တကယ့် အစမှသည် ယခုထိတိုင် တစ်ကြိမ်တစ်ခါမျှ နားမလည်ကြလေပြီ။ ဤအရာသည် သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာနှင့် ဆက်စပ်သနည်း။ ထိုအရာကို ဤသို့ သင် ကြည့်ရှုရမည်။ ဘုရားသခင်က လူကို ကတိတစ်ခုပေးပြီးဖြစ်ကာ လူသည် ရှင်ဘုရင်များအဖြစ် စိုးစံခြင်းနှင့်ဆိုင်သည့် စိတ်ကူးအပြင် “ဘုရားသခင်၏ ဇာတိအဖြစ်တော်”၊ “သားဦးများ”၊ “ဘုရားသခင်၏ သားများ” စသည့် အမျိုးမျိုးသော အမည်နာများကို ဘုရားသခင်ထံမှ သိလာခဲ့သည်။ သို့သော် ဤသည်တို့မှာ အမည်နာမများသာ ဖြစ်သည်။ မည်သည့် အမည်နာမက မည်သည့်လူတို့နှင့် သက်ဆိုင်သည်ဟူသည်မှာမူ လူတစ်ဦးချင်းစီ၏ လိုက်စားမှုနှင့် ဆောင်ရွက်ချက်တို့အပေါ် မူတည်ပေသည်။ ဖန်ဆင်းရှင်က သင့်ကို မည်သည့် အမည်နာမ ပေးသည်ဖြစ်စေ ယင်းမှာ သင်၏ ပကတိအခြေအနေ ဖြစ်သည်။ သူသည် သင့်ကို အမည်နာမတစ်ခုမပေးလျှင် သင်သည် ဘာမျှမဟုတ်။ ထိုအရာသည် ဘုရားသခင်ထံမှ ကတိတစ်ခုမျှသာဖြစ်သည်၊ လူတို့ ခံစားပိုင်ခွင့်ရှိသည့်အရာတစ်ခု သို့မဟုတ် ထိုက်တန်သည့်အရာတစ်ခု မဟုတ်ပေ။ ဤကတိသည် လူတို့ လိုအင်ဆန္ဒရှိသည့် ရည်မှန်းချက်တစ်ခု ဖြစ်သည်မှာ အမှန်ဖြစ်သော်လည်း ဤရည်မှန်းချက်သည် လူသားများ လျှောက်လှမ်းသင့်သည့် လမ်းကြောင်း မဟုတ်သကဲ့သို့ လူတို့ လျှောက်လှမ်းသည့် လမ်းကြောင်းနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ ဤကိစ္စရပ်အပေါ် မည်သူသည် ဆုံးဖြတ်ချက်များ ချပိုင်ခွင့်ရှိသနည်း။ (ဘုရားသခင်ဖြစ်သည်။) မှန်ပေ၏၊ ဤအရာကို လူတို့ နားလည်ရမည်။ သူသည် သင့်ကို တစ်စုံတစ်ရာပေးနေသည်ဟု ဘုရားသခင်က ပြောလျှင် သင့်တွင် တစ်စုံတစ်ရာရှိသည်။ ထိုအရာကို သင့်ထံမှ သူ နုတ်ယူနေသည်ဟု သူ ပြောလျှင် သင့်တွင် ဘာမျှမရှိ၊ သင်သည် ဘာမျှမဟုတ်ပေ။ သင်က “ ဘုရားသခင်က ကျွန်ုပ်ကို မပေးလျှင်ပင် ဤအရာကို ကျွန်ုပ် လိုက်စားမည်ဖြစ်ပြီး ဘုရားသခင်က ကျွန်ုပ်ကို ပေးလျှင်၊ ထိုအရာကို လုပ်ရိုးလုပ်စဉ်တစ်ခုအဖြစ် ကျွန်ုပ် ခံယူမည်ဖြစ်သည်”ဟု ပြောလျှင် ဤသည်မှာ မှားပေသည်။ အဘယ်ကြောင့်မှားသနည်း။ ထိုအရာက အဓိကကျသော ရှောင်ရန်အမှုကို ချိုးဖောက်ပေသည်။ ဘုရားသခင်က အစဉ်အမြဲ ဘုရားသခင် ဖြစ်လိမ့်မည်ဖြစ်ပြီး လူက အစဉ်အမြဲ လူဖြစ်လိမ့်မည်ဟူသည့် အချက်ကို သင် အသိအမှတ်မပြုပေ။ ဤသည်မှာ မှားရသည့် အကြောင်းရင်း ဖြစ်သည်။ လူအချို့က “ကျမ်းစာတွင် ပရောဖက်ပြုထားသည်။ နေရာများစွာတွင် ကျမ်းစာက ကျွန်ုပ်တို့အနေဖြင့် ထာဝရကာလ တစ်လျှောက်လုံး ဘုရားသခင်နှင့်အတူ ရှင်ဘုရင်များအဖြစ် စိုးစံရလိမ့်မည်ဟု ပြောသည်။ ဘုရားသခင်က ဤအရာကို အဘယ်ကြောင့် ပြောနိုင်ပြီး ကျွန်ုပ်တို့က အဘယ်ကြောင့် မလိုက်စားနိုင်ကြသနည်း”ဟု ပြောကြသည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရားဖြစ်သလော။ လူတို့အတွက် ရှင်ဘုရင်များအဖြစ် စိုးစံရမည့် ဘုရားသခင်၏ ကတိတော်ကို ကောင်းမွန်သည့်အရာတစ်ခုအဖြစ် သင် မြင်ပြီး ထိုအရာကို လိုက်စားသော်လည်း ဘုရားသခင်က အစေခံသူများအကြောင်းကိုလည်း ပြောဆိုထားပြီးဖြစ်သည်။ ဘုရားသခင်အတွက် အစေခံမှုကို ကောင်းစွာ ပေးခြင်းအား သင် လိုက်စားသလော။ အရည်အချင်းပြည့်မီသည့် အစေခံသူတစ်ဦးဖြစ်ခြင်းကို သင် လိုက်စားသလော။ ဘုရားသခင်ကလည်း လူတို့အား မိမိတို့တာဝန်ကို ထမ်းဆောင်ဖို့ တောင်းဆိုသည်။ သင်သည် သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ သင့်ကိုယ်သင် တောင်းဆိုသလော။ ဘုရားသခင်က လူတို့အား ဖန်ဆင်းခံများအဖြစ် ပြုမူဆောင်ရွက်ရန်လည်း တောင်းဆိုပြီး မည်သည့်အရာကို သင် လုပ်ဆောင်သနည်း။ အရည်အချင်းပြည့်မီသည့် ဖန်ဆင်းခံတစ်ဦး ဖြစ်ခြင်းအား သင်၏ ရည်မှန်းချက်အဖြစ် သင် သဘောထားပြီး သွားလိုက်စားသလော။ လူတို့က ရှင်ဘုရင်များအဖြစ် စိုးစံလိမ့်မည်ဟူ၍ ဘုရားသခင် ပြောဆိုခြင်းသည် လူကို သူ ပေးခဲ့သည့် ကတိတော်တစ်ခုဖြစ်ပြီး ဤကတိတော်အတွက် အကြောင်းပြချက်နှင့် ဆက်စပ်အခြေအနေတစ်ခု ရှိပေသည်။ သင်သည် ကောင်းမွန်သည့် ဖန်ဆင်းခံတစ်ဦး ဖြစ်ရမည်၊ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်၊ အစေခံသူ၏ အခန်းကဏ္ဍကို သင် ဖယ်ရှားရမည်၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းနှင့် ဖန်ဆင်းရှင်ကို ကြောက်ရွံ့ခြင်းတို့အား သင် စွမ်းဆောင်ရရှိရမည် ဟူ၍ဖြစ်သည်။ ဤအရာအားလုံးကို သင် စွမ်းဆောင်ရရှိသည့်အခါ သင်သည် ဘုရားသခင်နှင့်အတူ ရှင်ဘုရင်များအဖြစ် အစဉ်ထာဝရ စိုးစံနိုင်လိမ့်မည်ဟု ဘုရားသခင်က ပြောဆိုပြီးဖြစ်သည်။ ဤသည်မှာ ဤစကားများကို ပြောဆိုထားသည့် ဆက်စပ်အခြေအနေဖြစ်သည်။ လူတို့သည် ဆင်ခြင်တုံတရား ကင်းမဲ့ကြ၏။ ဤအရာကို ၎င်းတို့ ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့က “ငါတို့အနေဖြင့် ဘုရားသခင်နှင့်အတူ ရှင်ဘုရင်များအဖြစ် စိုးစံနိုင်ခြင်းက အလွန်ကောင်းပေသည်။ ဤအရာသည် မည်သည့်အချိန်တွင် ဖြစ်ပျက်လိမ့်မည်နည်း။ ငါတို့သည် ဘုရားများအဖြစ် မည်သို့စိုးစံလိမ့်မည်နည်း။ ငါတို့သည် ဘုရားသခင်နှင့်အတူ မည်သို့ တန်းတူအဆင့်အတန်းတွင် ရှိလိမ့်မည်နည်း။ ငါတို့က မည်သူတို့၏ ရှင်ဘုရင်များဖြစ်လိမ့်မည်နည်း။ မည်သူတို့အပေါ် ငါတို့ စိုးစံကြလိမ့်မည်နည်း။ ငါတို့သည် မည်ကဲ့သို့ စိုးစံကြလိမ့်မည်နည်း။ ငါတို့သည် မည်သို့ ရှင်ဘုရင်များဖြစ်ကြလိမ့်မည်နည်း”ဟု တွေးကြသည်။ လူတို့သည် ဆင်ခြင်တုံတရား ကင်းမဲ့နေကြသည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်က လူကို ပြုသည့် ကတိတော်တစ်ခု၊ ဤအံ့ဖွယ်သောအရာ ရှိသည်ဟူသည်ကို လူတို့အား သိခွင့်ပေးလျက် လူတို့ကြားရန်အတွက် ပြောထားသည့် တစ်စုံတစ်ရာဖြစ်သော်လည်း သင့်ကိုသင် အကဲဖြတ်သင့်ပေသည်။ သင် အဘယ်သူနည်း။ ဘုရားသခင်တွင် ဤစိတ်ကူးရှိပြီး လူကို သူနှင့်အတူ ဤသို့အသက်ရှင်ခွင့်ပေးရန် လိုလားနေသော်လည်း သင်သည် ထိုအရာကို ရရှိဖို့ အရည်အချင်းပြည့်မီသလော။ သင်သည် ဘုရားသခင်ကို “ဤကတိတော်ကို ကျွန်ုပ်တို့ မရရှိမီတွင် ကျွန်ုပ်တို့အပေါ် မည်သည့် တောင်းဆိုချက်များ ကိုယ်တော့်တွင် ရှိသနည်း။ ကျွန်ုပ်တို့ကို ကိုယ်တော် လုပ်ဆောင်စေလိုသည့်အရာတစ်ခုတလေ ရှိသလော။ ဤကတိတော်ကို မရရှိနိုင်မီတွင် ပထမဆုံး မည်သည့်အရာကို ကျွန်ုပ်တို့ စွမ်းဆောင်ရရှိရမည်နည်း”ဟု အဘယ်ကြောင့် မမေးသနည်း။ သင်သည် ဤအရာများကို မမေး၊ ထိုအရာကို တောင်းဆိုရုံသာ တောင်းဆိုသည်။ ဤသည်မှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းဖြစ်သည် မဟုတ်လော။ လူသည် ဤဆင်ခြင်တုံတရားမျိုး ကင်းမဲ့၏။ လူတို့က အကျိုးရှိသည့် တစ်စုံတစ်ရာကို မြင်သည့်အခါ မိမိတို့လက်များကို ကမ်းကာ ထိုအရာကို ဖမ်းဆုပ်ကြသည်။ လူတို့သည် ဓားပြများကဲ့သို့ ဖြစ်ကြသည်။ ၎င်းတို့ အလိုရှိသည့်အရာကို သင် မပေးလျှင် စိတ်ဆိုးကြသည်၊ ရန်လိုလာကြပြီး စတင်ဆဲဆို အော်ဟစ်ကြလေသည်။ ဤသည်မှာ လူတို့၏ ပကတိအခြေအနေ မဟုတ်လော။ ဤသည်မှာ လူသားမျိုးနွယ်၏ နိမ့်ကျမှု ဖြစ်သည်။
လူက ဆင်ခြင်တုံတရားမဲ့ရသည့် အကြောင်းရင်းတစ်ခုမှာ သမ္မာတရားကို လူတို့ နားမလည်ကြသေးသောကြောင့် ဖြစ်သည်။ ထိုအရာသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဘာမျှပတ်သက်ခြင်း မရှိပေ။ သို့သော် ၎င်းတို့ အလိုရှိသည့်အရာကို ၎င်းတို့အား မပေးသည့်အခါ စိတ်ဆိုးကြသည်၊ ဆဲဆိုအော်ဟစ်ကြကာ မုန်းတီးကြပြီး လက်တုံ့ပြန်ကြလေသည်။ ဤသည်မှာ အဘယ်အရာ ဖြစ်သနည်း။ ဤသည်မှာ စာတန်၏ ဘီလူးသရဲစီးသော မျက်နှာထား ပေါ်ထွက်ခြင်းဖြစ်သည်။ ၎င်းတို့၏ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို ဘုရားသခင် ပြုခဲ့သည့် ကတိတော်အတွက်မူ၊ ဘုရားသခင်ရှေ့တွင် လူတစ်ဦးစီတိုင်းက ထင်ရှားစေသည့် အရာသည် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်း မရှိပေ။ လူတို့သည် မိမိတို့ကိုယ်ပိုင် အတိုင်းအတာကို မသိဘဲ လိုချင်လျက် ချက်ချင်း တောင်းဆိုရင်း မိမိတို့လက်များကို ချက်ချင်း ကမ်းကြပြီး ၎င်းတို့ တောင်းဆိုသည့်အရာကို ၎င်းတို့ မရရှိနိုင်လျှင် ထိုအတွက် အလဲအလှယ်လုပ်ဖို့ ၎င်းတို့ အသုံးပြုနိုင်သည့်အရာကို တွေးဆကြလေသည်။ ၎င်းတို့က မိမိတို့၏ မိသားစုများနှင့် အသက်မွေးအလုပ်များကို စွန့်ကြသည်၊ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးကြသည်၊ အလုပ်များပြီး မိမိတို့ကိုယ်ကို အသုံးခံကြသည်၊ ဧဝံဂေလိကို ဖြန့်ပြီး ပိုများသောလူတို့ကို ရရှိကြသည်။ အလုပ် ပိုလုပ်ကြပြီး ၎င်းတို့ အလိုရှိသည့်အရာအတွက် အလဲအလှယ်လုပ်ဖို့ ဤအရာများကို ၎င်းတို့ အသုံးပြုကြလေသည်။ ၎င်းတို့ အလိုရှိသည့်အရာတွက် ဤအရာများကို အလဲအလှယ်မလုပ်နိုင်ကြလျှင် ၎င်းတို့ ဒေါသထွက်ကြသည်၊ မိမိတို့၏ စိတ်နှလုံးတွင် အမုန်းတရားများ ပြည့်ကြပြီး ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သက်သည့် မည်သည့်အရာကိုမဆို ၎င်းတို့ တိုး၍ အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်ကြလေသည်။ ဤအရာများကို ၎င်းတို့ အလိုရှိသည့်အရာအတွက် အလဲအလှယ်လုပ်နိုင်သည်ဟု ၎င်းတို့ ခံစားရလျှင် ဘုရားသခင်၏ အမှုတော် မကြာမီ အဆုံးသတ်ဖို့၊ ဘုရားသခင်က စာတန်ကို အလျင်အမြန် ဖျက်ဆီးဖို့အတွက်၊ လူသားမျိုးနွယ်ကို အလျင်အမြန် အဆုံးသတ်ဖို့၊ ကပ်ဘေးများကို အလျင်အမြန် ကျရောက်စေဖို့ နေ့တိုင်း ၎င်းတို့ တောင့်တကြပြီး သို့မဟုတ်လျှင် ၎င်းတို့ တောင့်ခံနိုင်ခြင်းမရှိဟု ခံစားမိကြသည်။ သမ္မာတရား၏ မျက်မှောက်တွင် လူတစ်ဦးစီတိုင်းသည် မည်သည့်အရာကို ထုတ်ဖော်သနည်း။ ၎င်းတို့သည် သမ္မာတရားအား အလွန်အမင်း မနှစ်မြို့ခြင်းနှင့် ရက်စက်ခြင်းတို့ကဲ့သို့သော စိတ်သဘောထားများကို ထုတ်ဖော်ကြသည်။ ထိုအရာကို ယခု ကြည့်သည့်အခါ လူတို့၏ မာနထောင်လွှားခြင်း၊ လှည့်ဖြားခြင်းနှင့် ရံဖန်ရံခါဖြစ်သော စိတ်နှလုံးမာကျောခြင်းတို့သည် မပြင်းထန်သော အရာဖြစ် ယူဆ၍ရနိုင်ပြီး လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အားလုံးထဲတွင် သိပ်မပြင်းထန်ပေ။ လူသားမျိုးနွယ်တွင် သာ၍ ရှိသည့်၊ သာ၍ ပြင်းထန်ပြီး သာ၍ နက်ရှိုင်းသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ ကောက်ကျစ်ဆိုးယုတ်ခြင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၊ ရက်စက်ခြင်းတို့နှင့်ဆိုင်သော စိတ်သဘောထားများ ဖြစ်သည်။ ဤသည်တို့မှာ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲတွင် သေစေသော လက္ခဏာများ ဖြစ်သည်။ အန္တိခရစ်များနှင့် ပတ်သက်လာသည့်အခါ၊ ဤစိတ်သဘောထားများသည် သာ၍ပင် ပြင်းထန်ပြီး ၎င်းတို့က ထိုအရာများကို ထုတ်ဖော်သည့်အခါ အလေးအနက် သဘောမထားကြ၊ ယင်းတို့ကို မဆန်းစစ်ကြ၊ ၎င်းတို့တွင် ပြဿနာတစ်ခုတလေမျှ ရှိသည်ဟု ခံစားရရန် မဆိုထားနှင့်၊ ဘုရားသခင်ကို မည်သည့် အကြွေးတင်ရှိသည့်စိတ်ကိုမျှ မခံစားကြရပေ။ ၎င်းတို့က သမ္မာတရားကို လက်မခံကြ၊ မိမိတို့ကိုယ်ကို မသိရှိကြသကဲ့သို့ ၎င်းတို့အနေဖြင့် နောင်တရရန်ဟူသည်မှာ သာ၍ပင် မဖြစ်နိုင်ပေ။ ထို့ကြောင့် အခြေအနေများ၊ ပတ်ဝန်းကျင် သို့မဟုတ် ဆက်စပ်အကြောင်းအရာက မည်သို့ ဖြစ်စေ ရှင်ဘုရင်များအဖြစ် စိုးစံခြင်းဖြစ်သည့် ဘုရားသခင် မိန့်မြွက်ခဲ့သော အမြင့်ဆုံးနှင့် အကောင်းဆုံး ကတိတော်ကို လိုက်စားရမည့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်အဖြစ် ၎င်းတို့ သဘောထားကြလေသည်။ သင်သည် သမ္မာတရားနှင့်ပတ်သက်၍ ၎င်းတို့နှင့် မည်သို့ မိတ်သဟာယ ပြုသည်ဖြစ်စေ ဤလိုက်စားမှုကို ၎င်းတို့ လက်လွှတ်ကြမည့်အစား ၎င်းတို့၏ လမ်းကြောင်းကို မရမက လိုက်လျှောက်ကြမည်ဖြစ်ပြီး ဤအရာက ၎င်းတို့ကို ကယ်တင်၍မရနိုင်အောင် ဖြစ်စေသည်။ ဤလူတို့က အလွန် ထိတ်လန့်ဖွယ်ကောင်းပေသည်။ ဤလူများ ထုတ်ဖော်ပြသည့်အရာမှ ကြည့်သည့်အခါ စာတန်၏ စိတ်သဘောထားနှင့် သဘောသဘာဝ အစစ်အမှန်တို့က မည်သည့်အရာ အတိအကျ ဖြစ်သည်ကို သင် မြင်နိုင်သည်။ အလွန်များသော သမ္မာတရားကို မိတ်သဟာယပြုပြီးဖြစ်ကာ ဆင်ခြင်တုံတရားရှိသူ၊ သမ္မာတရားကို လက်ခံနိုင်သူနှင့် နာခံကာ ကျိုးနွံနာခံရန် ပြင်းပြသောဆန္ဒရှိသူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်က မည်သည့်အရာ အတိအကျဖြစ်သည်ကို အမှန်တကယ် နားလည်ကြလေသည်။ ၎င်းတို့သည် ရာထူး၊ အလားအလာများနှင့် ကံကြမ္မာတို့ကို ခေါင်းမာစွာ မလိုက်စားကြတော့ဘဲ ဤဘုရားနှုတ်ကပတ်တော်များ၏ ဖော်ထုတ်မှုအောက်တွင် နောင်တရရန် လိုလားလျက် ကောင်းချီးများအတွက်ဖြစ်သော မိမိတို့၏ လိုအင်ဆန္ဒကို လက်လွှတ်ရန်၊ သမ္မာတရားကို လိုက်စားရန်၊ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေရန်နှင့် ကယ်တင်ခြင်းရရှိဖို့ ကြိုးပမ်းရန် လိုလားနေကြပေသည်။ လူအများစု၏ အတွင်းပိုင်း လိုအင်ဆန္ဒများကို ယခု ကြည့်သည့်အခါ ၎င်းတို့ လိုက်စားသည့် ရည်မှန်းချက်များသည် အခြေခံကျသော ပြောင်းလဲမှုတစ်ခုကို ကြုံရပြီးဖြစ်သည်။ ၎င်းတို့သည် ပြည့်မီသော မိမိတို့၏တာဝန် ထမ်းဆောင်မှုကို စွမ်းဆောင်ရရှိရန် လိုလားနေကြသည်။ စစ်မှန်သည့် ဖန်ဆင်းခံတစ်ဦးဖြစ်ရန် လိုလားနေကြပြီး ကယ်တင်ခြင်း ရရှိရန် လိုလားနေကြသည်။ ၎င်းတို့သည် ကောင်းချီးများ ရရှိဖို့ မိမိတို့တာဝန်ကို မထမ်းဆောင်ကြသကဲ့သို့ ကောင်းချီးများ ရရှိခြင်းအတွက် ဘုရားအိမ်တော်တွင် နားဝေတိမ်တောင်ဖြစ်မနေကြပေ။ ရှင်ဘုရင်များအဖြစ် စိုးစံရန် အမြဲအလိုရှိသည့် အန္တိခရစ်များအပြင်၊ လူအများစုသည် သမ္မာတရားကို လိုက်စားရန် လိုလားနေကြသည်။ အန္တိခရစ်များသည်သာ အလားအလာများ၊ ကောင်းချီးများနှင့် ရှင်ဘုရင်များအဖြစ် စိုးစံခြင်းတို့ကို လိုက်စားခြင်းအား ရည်မှန်းချက်များ အဖြစ်လည်းကောင်း၊ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းတွင် နောက်ဆုံး၌ ရရှိမည့် အကျိုးတရားအဖြစ်လည်းကောင်း သဘောထားကြလေသည်။ သင် မည်သည့်အရာကို ပြောသည်ဖြစ်စေ ၎င်းတို့က ဤအရာများကို လက်လွှတ်ကြမည်မဟုတ် သို့မဟုတ် လမ်းကြောင်းကို ပြောင်းကြမည် မဟုတ်ပေ။ ၎င်းတို့သည် ဒုက္ခအကြီးအကျယ် ရောက်ကြသည် မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို ၎င်းတို့ လုံးဝ ကောင်းစွာ သိရှိကြသည်။ ထိုအရာကို လက်မခံကြခြင်းသာဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို ပြောင်းလဲစေနိုင်သည့်အရာ တစ်ခုမျှ မရှိပေ။ ၎င်းတို့အနေဖြင့် ဖယ်ရှားရှင်းလင်းခြင်းသာ ခံရနိုင်ပြီး အပြစ်ဒဏ်ပေးခြင်းသာ ခံရနိုင်သည်။ ဤသည်မှာ ဘုရားသခင်ကို အန္တိခရစ်များ၏ ယုံကြည်မှုနှင့်ဆိုင်သော နောက်ဆုံး ရလဒ်ဖြစ်သည်။
ယခုတွင် ရှင်ဘုရင်များအဖြစ် စိုးစံဖို့ လူတို့ ကြိုးစားခြင်းနှင့်ဆိုင်သည့် ဤကိစ္စရပ်အပေါ် ငါ ရှင်းလင်းစွာ မိတ်သဟာယပြုပြီလော။ သင်တို့သည် အသစ်သော သဘောပေါက်နားလည်မှုတစ်ခု ရှိလာကြပြီလော။ ရှင်ဘုရင်တစ်ပါးအဖြစ် စိုးစံခြင်းကို လိုက်စားသည့် ဤလမ်းကြောင်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) သို့ဆိုလျှင် လူတို့သည် ဤကိစ္စရပ်ကို မည်သို့ ချဉ်းကပ်သင့်သနည်း။ ဤကိစ္စရပ်တွင် လူ၏ အနှစ်သာရကို သိရှိရန်အလို့ငှာ မည်သည့် သမ္မာတရားကို နားလည်သင့်သနည်း။ လူ၏ အနှစ်သာရနှင့် အပြုအမူတို့က မည်သည့်အရာ အမှန်တကယ် ဖြစ်ကြသည်ကို အကဲဖြတ်ရန်မှာ ဘုရားသခင်အပေါ်တွင် မူတည်လေသည်။ ဤအရာအားလုံးအပေါ် သူ၏ အကဲဖြတ်ချက်ကို ဘုရားသခင်က မည်သည့်အရာအပေါ် အခြေပြုသနည်း။ သမ္မာတရားအပေါ် သူ အခြေပြုပေသည်။ ထို့ကြောင့် လူတစ်ယောက်၏ အဆုံးသတ်၊ သို့မဟုတ် ခရီးပန်းတိုင်သည် ၎င်းတို့ကိုယ်တိုင်၏ စိတ်ဆန္ဒအရ အဆုံးအဖြတ်ပေးခြင်း မဟုတ်သကဲ့သို့ ၎င်းတို့၏ ကိုယ်ပိုင်လိုအင်ဆန္ဒ သို့မဟုတ် စိတ်ကူးများအရလည်း မဟုတ်ပေ။ ဖန်ဆင်းရှင် ဘုရားသခင်က အဆုံးအဖြတ်ပေးပေသည်။ ထိုသို့သော အမှုကိစ္စမျိုးတွင် လူတို့သည် မည်သို့ ပူးပေါင်းဆောင်ရွက်သင့်သနည်း။ လူတို့တွင် ၎င်းတို့ရွေးချယ်နိုင်သည့် လမ်းကြောင်းတစ်ခုသာရှိသည်။ သမ္မာတရားကို ၎င်းတို့ရှာဖွေမှသာလျှင်၊ သမ္မာတရားကို နားလည်မှသာလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံပြီး ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို ရရှိကာ ကယ်တင်ခြင်းကို ရယူမှသာလျှင် အဆုံးတွင် ကောင်းမွန်သော အဆုံးသတ်နှင့် ကောင်းမွန်သော ကံကြမ္မာကို ရရှိလိမ့်မည်။ ဆန့်ကျင်ဘက်ကို ပြုလုပ်လျှင် လူတို့၏ ရှေ့ရေးအလားအလာနှင့် ကံကြမ္မာကို စိတ်ကူးကြည့်ရန် မခက်ခဲပေ။ ထို့ကြောင့် ဤကိစ္စတွင် ဘုရားသခင်က လူအား ကတိ ပေးထားသည့်အရာအပေါ်ကိုလည်းကောင်း၊ လူသားမျိုးနွယ်၏ အဆုံးသတ်နှင့်ပတ်သက်၍ ဘုရားသခင်က မည်သည့်အရာ ပြောသည်ကိုလည်းကောင်း၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်က မည်သည့်အရာကို ပြင်ဆင်ထားသည် ဆိုသည်တို့အပေါ်ကိုလည်းကောင်း အာရုံမစိုက်နှင့်။ ဤအရာတို့သည် သင်နှင့် လုံးဝမသက်ဆိုင်ပေ။ ဤအရာတို့သည် ဘုရားသခင်၏ ကိစ္စဖြစ်သည်။ ဤအရာတို့ကို သင်က ဆွဲယူခြင်း၊ တောင်းခံခြင်း၊ သို့မဟုတ် အလဲအလှယ်ပြုခြင်းတို့ ပြုလုပ်၍ မရပေ။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်၏စိတ်နှလုံး၊ အစွမ်းရှိသမျှဖြင့် သင်လုပ်ဆောင်ရမည့်အရာကို လုပ်ဆောင်လျက် သင်၏တာဝန်ကို ထမ်းဆောင်သင့်သည်။ ကျန်သည့်အရာများဖြစ်သော ရှေ့ရေးနှင့် ကံကြမ္မာ၊ လူသားမျိုးနွယ်၏ အနာဂတ်ပန်းတိုင်တို့နှင့်သက်ဆိုင်သည့် အရာတို့သည် သင်ဆုံးဖြတ်နိုင်သည့်အရာများ မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏လက်ထဲတွင်ရှိသည်။ ဤအရာအားလုံးသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်သို့ ကျရောက်လေသည်၊ ယင်းတို့ကို သူက စီစဉ်ထားပြီး မည်သည့်ဖန်ဆင်းခံနှင့်မျှ မည်သို့မျှ မပတ်သက်ချေ။ လူအချို့က၊ “ငါတို့နှင့်မသက်ဆိုင်လျှင် အဘယ်ကြောင့် ဤအရာကို ငါတို့အား ပြောသနည်း”ဟု ဆိုကြသည်။ သင်တို့နှင့် လုံးဝ မသက်ဆိုင်သော်လည်း ဘုရားသခင်နှင့်သက်ဆိုင်သည်။ ဘုရားသခင်သာ ဤအရာတို့ကို သိသည်။ ဘုရားသခင်သာ ဤအရာတို့ကို ပြောဆိုနိုင်ပြီး ဘုရားသခင်သည်သာ လူသားမျိုးနွယ်အပေါ် ဤအရာတို့ကို ကတိပြုပိုင်ခွင့်ရှိသည်။ ဘုရားသခင်သည် ဤအရာတို့ကို သိရှိလျှင် ဤအရာတို့ကို ဘုရားသခင်က မပြောဆိုသင့်သလော။ မည်သည့်အရာ ဖြစ်သည်ကို သင်မသိသည့်အချိန်တွင် သင်၏ရှေ့ရေးနှင့် ကံကြမ္မာနောက် လိုက်နေဆဲဖြစ်ခြင်းသည် အမှားတစ်ခုဖြစ်သည်။ ဘုရားသခင်သည် ဤအရာနောက်သို့လိုက်ရန် သင့်အား မတောင်းဆိုခဲ့ပေ။ သူသည် သင့်အား သိခွင့်ပေးရုံမျှသာဖြစ်သည်။ ဤသည်မှာ ယင်းကို သင့်လိုက်စားမှု၏ ပန်းတိုင် ဖြစ်အောင်လုပ်ရန် ဘုရားသခင်က သင့်ကို ပြောနေခြင်းဖြစ်သည်ဟု သင် တလွဲယုံကြည်လျှင် သင်သည် ဆင်ခြင်တုံတရား လုံးလုံး မရှိသကဲ့သို့ သာမန်လူ့သဘာဝစိတ်ကို မပိုင်ဆိုင်ပေ။ ဘုရားသခင်ကတိပြုသည့် အရာအားလုံးကို သတိပြုမိရန် လုံလောက်ပေသည်။ သင်သည် အချက်တစ်ခုကို သိမှတ်ရမည်။ မည်သည့်ကတိမျိုးဖြစ်စေ၊ ကောင်းသည့်အရာ၊ သို့မဟုတ် သာမန်အရာဖြစ်စေ၊ လူများနှစ်သက်သည့်အရာတစ်ခုဖြစ်သည်ဖြစ်စေ၊ ၎င်းတို့ သိပ်စိတ်မဝင်စားသည့်အရာတစ်ခု ဖြစ်သည်ဖြစ်စေ ယင်းတို့အားလုံးသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၊ စီစဉ်မှုများနှင့် စိတ်ပိုင်းဖြတ်ခြင်းတို့အောက်တွင် ရှိလေသည်။ ဖန်ဆင်းရှင် ညွှန်ပြသည့် မှန်ကန်သည့် ဦးတည်ချက်၊ လမ်းကြောင်းတို့နှင့်အညီ လိုက်စားခြင်းကို လိုက်လျှေက်ခြင်းနှင့် ဆောင်ရွက်ခြင်းသည်သာလျှင် ဖန်ဆင်းခံတစ်ဦး၏ တာဝန်နှင့် ဝတ္တရားဖြစ်လေသည်။အဆုံး၌ သင်ရရှိသည့်အရာ၊ သင်လက်ခံရရှိမည်ဟု ဘုရားသခင်ကတိပြုသည့် ဝေစုအတွက်မူ၊ အားလုံးက သင်၏အားထုတ်လိုက်စားမှု၊ သင် လျှောက်လှမ်းသည့် လမ်းကြောင်း၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာတို့အပေါ်တွင် အခြေခံသည်။ သင့်အဖို ဤစကားများသည် ယခု ရှင်းလင်းပြီလော။ (ရှင်းလင်းပါပြီ။) ပြီးလျှင် ဤစကားများသည် သင်၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် သင့်ကို ကူညီလိမ့်မည်လော သို့မဟုတ် သမ္မာတရားကို လိုက်စားရာတွင် ဘဝ၌ မှန်ကန်သော လမ်းကြောင်းကို လျှောက်ဖို့ သင့်အား ကူညီလိမ့်မည်လော။ (ယင်းတို့သည် သမ္မာတရား လိုက်စားကာ ဘဝတွင် မှန်သော လမ်းကြောင်းကို လိုက်လျှောက်ဖို့ ကျွန်ုပ်တို့ကို ကူညီပါလိမ့်မည်။) ပုံမှန် လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့ကို ပိုင်ဆိုင်သူများ၊ အပြုသဘောဆောင်သည့် အရာများနှင့် သမ္မာတရားကို ချစ်သောသူများအတွက် ၎င်းတို့သည် ဤစကားများကို ကြားသည့်အခါ စိတ်မပျက်ရုံမျှမက သမ္မာတရားကို လိုက်စားကာ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် မိမိတို့၏ ယုံကြည်ခြင်းတွင်လည်း တည်ကြည်ခိုင်မာနိုင်ကြလေသည်။ သို့သော် ပုံမှန် ဆင်ခြင်တုံတရားမရှိသည့်သူများ၊ ကောင်းချီးမင်္ဂလာများ၊ ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများနှင့် ၎င်းတို့၏ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများကို ဖြည့်ဆည်းခြင်းတို့အား ခေါင်းမာစွာ လိုက်စားကြသည့် မူမမှန်သော ထိုလူများသည် ဤစကားများကို ကြားသည့်အခါ စိတ်ထက်သန်မှု ပျောက်ဆုံးကောင်းပျောက်ဆုံးနိုင်ပြီး ဘုရားသခင်ကို ယုံကြည်ရာတွင် စိတ်ဝင်စားမှု ပျောက်ဆုံးကောင်း ပျောက်ဆုံးနိုင်သည်။ ဤစကားများကို ကြားသည့်အခါ မည်သို့ ယုံကြည်ရမည်ကို မသိကြသည့် လူအချို့လည်းရှိသည်မှာ အမှန်ဖြစ်၏။ သမ္မာတရားကို နားလည်ရန်မှာ လူတို့အတွက် အလွန် အရေးကြီးသည် မဟုတ်လော။ သမ္မာတရားသည် လူတို့အား မှန်ကန်သည့် လမ်းကြောင်း လိုက်လျှောက်ကာ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ သာ၍ ကောင်းစွာ ဦးဆောင်လမ်းပြနိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သမ္မာတရားကသာ လူတို့အား ကယ်တင်ခြင်းကို ရရှိနိုင်စေသည်။ သမ္မာတရားကို သင် နားမလည်လျှင် ကယ်တင်ခြင်းလမ်းပေါ်တွင် သင်သည် မကြာခဏ လမ်းလွဲသွားလိမ့်မည်၊ အမှားများ ပြုမိလိမ့်မည်ဖြစ်ပြီး ဆုံးရှုံးမှုများကို ခံစားရလိမ့်မည်ဖြစ်သည်။ ပြီးလျှင် သင်၏ ယုံကြည်ခြင်း၌ လမ်းဆုံးကို သင် ရောက်သည့်အခါ သမ္မာတရား လက်တွေ့ကျမှုကို မည်သို့မျှ သင် ပိုင်ဆိုင်လိမ့်မည် မဟုတ်သကဲ့သို့ အစေခံသူတစ်ဦး လုံးလုံးလျားလျား ဖြစ်လာလိမ့်မည်။ ဘုရားသခင်ကို သင် ယုံကြည်သည့် နှစ်ပေါင်းများစွာ တစ်လျှောက်လုံးတွင် သင်သည် အစေခံသူတစ်ဦး၏ အခန်းကဏ္ဍကို ဆောင်ရွက်ပြီး နောက်ဆုံး၌ အရည်အချင်းပြည့်မီသည့် ဖန်ဆင်းခံတစ်ဦး ဖြစ်မလာနိုင်လျှင် ယင်းမှာ အဖြစ်ဆိုးတစ်ခု ဖြစ်ပေသည်။
၂၀၂၀ ခုနှစ်၊ မေလ ၉ ရက်