အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၁၀)
၂။ အန္တိခရစ်တို့၏ အကျိုးစီးပွားများ
ဃ။ ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာ
ငါတို့၏ ပြီးခဲ့သည့် စုဝေးပွဲတွင် မည်သည့် အကြောင်းအရာကို ငါတို့ မိတ်သဟာယပြုခဲ့သနည်း။ (“အစေခံသူ”ဟူသော အမည်နာမကို အန္တိခရစ်တို့ သဘောထားသည့် ပုံစံများနှင့်ပတ်သက်၍ ဘုရားသခင် မိတ်သဟာယပြုခဲ့သည်။ ပထမဆုံးအနေဖြင့် “အစေခံသူ”ဟူသော အမည်နာမကို ဘုရားသခင် အဓိပ္ပာယ်ဖွင့်ဆိုပုံကို ဘုရားသခင် မိတ်သဟာယပြုခဲ့သည်။ အစေခံသူတစ်ဦး၏ အခြေအနေကို နောက်ချန်ထားသူတစ်ဦးနှင့် အစေခံသူတစ်ဦးဖြစ်နေဆဲဖြစ်သည့် သူတစ်ဦးတို့ကြား ခြားနားချက်နှင့်ပတ်သက်၍လည်း ဘုရားသခင် မိတ်သဟာယပြုခဲ့ပြီး နောက်ဆုံးအနေဖြင့် “အစေခံသူ” အမည်နာမနှင့်စပ်လျဉ်း၍ အန္တိခရစ်များ၏ ရှုထောင့်အမြင်များနှင့် လိုက်စားမှုများကို ဘုရားသခင် စိစစ်ခဲ့ပါသည်။) သို့ဆိုလျှင် အန္တိခရစ်များသည် “အစေခံသူ”အမည်နာမအပေါ် မည်သည့် ရှုထောင့်အမြင်နှင့် သဘောထားတို့ ရှိကြသနည်း။ ၎င်းတို့ မည်သည့်အရာကို ပြောဆိုပြီး လုပ်ဆောင်ကြသနည်း။ (“အစေခံသူ”အမည်နာမအပေါ် အန္တိခရစ်များ၏ သဘောထားမှာ လက်မခံခြင်းနှင့် ရွံရှာစက်ဆုပ်မှု သဘောထားတစ်ခုဖြစ်သည်။ မည်သူ့ထံမှလာသည်ဖြစ်စေ ထိုအမည်နာမကို ၎င်းတို့ လက်မခံကြသကဲ့သို့ အစေခံသူဖြစ်ခြင်းသည် အဆင့်အတန်း နိမ့်ကျစေသည်ဟု ယုံကြည်ကြသည်။ အစေခံသူများကို ဘုရားသခင်က လူသားမျိုးနွယ်၏ အနှစ်သာရအပေါ် အခြေခံ၍ သတ်မှတ်ထားခြင်း မဟုတ်ဘဲ ထို့ထက် ဘုရားသခင်က လူသား ပင်ကိုလက္ခဏာနှင့် တန်ဖိုးတို့ကို စိန်ခေါ်ခြင်းနှင့် အထင်အမြင်သေးခြင်းဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။) (အန္တိခရစ်များသည် “အခြားသူတို့က အများအာရုံစိုက်ခံနေရစဉ်တွင် ကျွန်ုပ်သည် နောက်ကွယ်၌ အားသွန်ခွန်စိုက် အလုပ်လုပ်မည် မဟုတ်ပါ”ဟူသည့် ဤလူသိများသော စကားရပ်ကို ပြောဆိုကြသည်။ အန္တိခရစ်များသည် အခြားသူတို့အား မိမိတို့ကို အစေခံမှု ပေးစေခြင်းသာ အလိုရှိကြပြီး ဘုရားသခင်ကို အစေခံမှုပေးခြင်းသည် ရှက်ဖွယ်ကောင်းသော လုပ်ဆောင်မှုတစ်ခု ဖြစ်သည်ဟု တွေးထင်ကြသည်။ ထို့ကြောင့် ၎င်းတို့ကိုယ်တိုင်က အစေခံသူများဖြစ်သည်ကို သဘောပေါက်သည့်အခါ ၎င်းတို့သည် ဘုရားအိမ်တော်၌ အစေခံမှု ဆက်လက် ပေးရမည့်အစား လွတ်မြောက်ရမည့် လမ်းတစ်ခု စရှာကြကာ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များပင် ဖြစ်စေပြီး ဖျက်ဆီးတတ်သောအရာများကို လုပ်ဆောင်ကြသည်။) “အစေခံသူ”အမည်နာမအပေါ် အန္တိခရစ်များ၏ သဘောထားဖြင့် အကဲဖြတ်သော် ၎င်းတို့၏ အနှစ်သာရက မည်သည့်အရာဖြစ်သည်ဟု ငါတို့ မြင်သနည်း။ (၎င်းတို့၏ အနှစ်သာရသည် ဘုရားသခင်အပါ် ရန်လိုပြီး သမ္မာတရားကို မုန်းသည့် အနှစ်သာရတစ်ခုဖြစ်သည်။) ပြီးလျှင် ၎င်းတို့၏ အနှစ်သာရသည် ဘုရားသခင်နှင့် သမ္မာတရားအပေါ် ရန်လိုသည့်အနှစ်သာရတစ်ခု ဖြစ်သည့်အခါ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ (ကောက်ကျစ်ဆိုးယုတ်ပြီး ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။) မှန်ပေ၏၊ ကောက်ကျစ်ဆိုးယုတ်ပြီး ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် အန္တိခရစ်များ၏ ပထမဆုံး အရင်းခံအကြောင်းနှင့် ကြံရွယ်ချက်မှာ အဘယ်နည်း။ မည်သည့်အရာကို ၎င်းတို့ ရရှိချင်ကြသနည်း။ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများမှာ အဘယ်နည်း။ ၎င်းတို့သည် အစေခံသူများဖြစ်ရန် လာကြသလော။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှတစ်ဆင့် လူကောင်းတစ်ဦးဖြစ်ခြင်းနှင့် မှန်ကန်သော လမ်းကြောင်းကို လိုက်လျှောက်ခြင်း သဘောထားအပေါ် အခြေခံ၍ လာကြသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အတွက် လာကြသနည်း။ တိကျမှန်ကန်စွာပြောရလျှင် ကောင်းချီးမင်္ဂလာများအတွက် ၎င်းတို့ လာကြခြင်းဖြစ်သည်။ ပြီးလျှင် တိတိကျကျဆိုရလျှင် ရှင်ဘုရင်များအဖြစ် စိုးစံရန်၊ ဘုရားသခင်နှင့်အတူ ရှင်ဘုရင်များအဖြစ် စိုးစံရန် ၎င်းတို့ လိုက်စားကြပြီး အဆင့်မြင့်ကာ ကြီးမြတ်သောအရာများကို ရှာဖွေကြသည်။ ထို့ကြောင့် လူတို့သည် အစေခံသူများဖြစ်သည်ဟု ဘုရားသခင် ပြောသည့်အခါ ဤသည်မှာ ကောင်းချီးများ ရှာဖွေကာ ရှင်ဘုရင်များအဖြစ် စိုးစံရန်ဖြစ်သော အန္တိခရစ်များ၏ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် လုံးဝ ကွဲလွဲကာ ဆန့်ကျင်နေပေသည်။ ထိုအရာသည် ၎င်းတို့၏ မျှော်လင့်ချက်များကို ကျောလွန်ပြီး ဘုရားသခင်က လူတို့အား ဤအမည်နာမပေးမည်ဟု ၎င်းတို့ လုံးဝ မတွေးမိကြပေ။ အန္တိခရစ်များက ဤအချက်ကို လက်မခံနိုင်ကြပေ။ ပြီးလျှင် ဤအချက်ကို ၎င်းတို့ လက်မခံနိုင်သည့်အခါ မည်သည့်အရာများကို ၎င်းတို့ လုပ်ဆောင်နိုင်စွမ်း ရှိကြသနည်း။ ဤအချက်ကို လက်ခံကာ မိမိတို့ကိုယ်ကို ပြောင်းလဲရန် ၎င်းတို့ ကြိုးစားကြသလော။ ၎င်းတို့သည် ဤအချက်ကို လက်ခံရန် မကြိုးစားကြသကဲ့သို့ မိမိတို့၏ ရည်မှန်းချက်များနှင့် စိတ်သဘောထားများကိုလည်း ပြောင်းလဲရန် မကြိုးစားကြပေ။ ထို့ကြောင့် ၎င်းတို့က အစေခံသူများဖြစ်သည်ဟု အပြောခံရပြီး ကောင်းချီးများရရှိဖို့ဖြစ်သည့် ၎င်းတို့၏ ကြံရွယ်ချက်နှင့် လိုအင်ဆန္ဒတို့ ဖယ်ရှားခံလိုက်ရလျှင် ၎င်းတို့သည် အသင်းတော်ထဲတွင် ခိုင်မာစွာ မရပ်တည်နိုင်ကြတော့ပေ။ သမ္မာတရားကို ၎င်းတို့ သဘောပေါက်ပြီး ထိုသို့သော သရုပ်သကန်များရှိသည့် မိမိတို့ကဲ့သို့သော လူများသည် အစေခံသူများဖြစ်ကြောင်း သိရှိသည့် အခိုက်အတန့်တွင် ၎င်းတို့သည် မျှော်လင့်ချက်အားလုံးကို စွန့်ကာ မိမိတို့၏ စရိုက်အမှန်များကို ထုတ်ဖော်ပြကြလေသည်။ အစေခံသူများအဖြစ် ၎င်းတို့၏ အခြေအနေကို ပြောင်းလဲရန် ၎င်းတို့ မကြိုးစားသကဲ့သို့ “အစေခံသူများ” ဟူသည့် အမည်နာမအပေါ် ၎င်းတို့၏ မှားယွင်းသော သဘောထားနှင့် ရှုထောင့်အမြင်တို့ကို ပြောင်းလဲရန်နှင့် သမ္မာတရား လိုက်စားသည့် လမ်းကြောင်းကို လိုက်လျှောက်ရန်လည်း မကြိုးစားကြပေ။ ထို့ကြောင့် ဘုရားသခင်က မည်သည့် အစီအစဉ်များကို ပြုလုပ်သည်ဖြစ်စေ ထိုသို့သောလူများသည် ယင်းတို့ကို ကျိုးနွံနာခံခြင်း သို့မဟုတ် လက်ခံခြင်း ရှိမည်မဟုတ်သကဲ့သို့ သမ္မာတရားကို ရှာဖွေကြမည် မဟုတ်ပေ။ ထိုအစား ဤနာမည်ကို မိမိတို့ကိုယ်တိုင် ဖယ်ရှားဖို့ လူ့နည်းလမ်းကို ဦးနှောက်ခြောက်ခံ ကြိုးစားစဉ်းစားကြကာ ဤပင်ကိုလက္ခဏာကို ဖယ်ရှားဖို့ တတ်နိုင်သမျှ လုပ်ဆောင်ကြလေသည်။ အန္တိခရစ်များ ပြသသည့် ဤသရုပ်သကန်ဖြင့် အကဲဖြတ်သော် အန္တိခရစ်များသည် သမ္မာတရားကို ၎င်းတို့၏ ရိုးတွင်းခြင်ဆီထဲမှနေ၍ အလွန်အမင်း မနှစ်မြို့ကြခြင်းဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မချစ်၊ သမ္မာတရားကို လက်မခံကြသကဲ့သို့ သမ္မာတရားနှင့်ပတ်သက်၍ မိမိတို့ကိုယ်တိုင် စိတ်ကူးများနှင့် အယူအဆများ ရှိကြသော်လည်း ပုံမှန်နည်းလမ်းဖြင့် မဟုတ်ပေ။ ထို့ထက် အပြုသဘောဆောင်သည့် အရာများနှင့် သမ္မာတရားအပေါ် ၎င်းတို့၏ စိတ်နှလုံအတွင်းထဲမှ အကြီးအကျယ်ကို အလွန်အမင်း မနှစ်မြို့ခြင်း၊ မုန်းတီးခြင်းနှင့် ရန်လိုခြင်းတို့ကိုပင် ခံစားကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ အနှစ်သာရ ဖြစ်သည်။
ယခုတင် သင်တို့၏ အဖြေများမှနေ၍ မိတ်သဟာယတစ်ခုစီ၏ အကြောင်းအရာကို သင်တို့ အကျဉ်းမချုပ်ရသေးသည့်အပြင် ထို့နောက်တွင် ဆုတောင်းရင်းဖတ်ရှုခြင်း သို့မဟုတ် ပြန်ပြောင်းတွေးဆခြင်း မပြုခဲ့သည်ကို ငါ မြင်သည်။ ပြီးခဲ့သည့်အခေါက်တွင် ငါတို့သည် အဓိက သွင်ပြင်လက္ခဏာသုံးခုအပေါ် မိတ်သဟာယပြုခဲ့ကြသည်။ ပထမဆုံးမှာ အစေခံသူများက မည်သည့်အရာဖြစ်သည်ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း ဖြစ်သည်။ ဒုတိယမှာ “အစေခံသူ”ဟူသော အမည်နာမကို အန္တိခရစ်တို့ သဘောထားသည့် ပုံစံများ သို့မဟုတ် တိတိကျကျဆိုရလျှင် ၎င်းတို့ အစေခံသူများ မဖြစ်လိုကြခြင်း၏ သရုပ်သကန်များနှင့် အပြုအမူများက အတိအကျ မည်သည့်အရာများဖြစ်ပြီး ယင်း၏ နောက်ကွယ်ရှိ အကြောင်းရင်းများက အတိအကျ မည်သည့်အရာများ ဖြစ်သည်ဟူသည်တို့ ဖြစ်သည်။ ပြီးလျှင် တတိယမှာ အန္တိခရစ်များသည် အစေခံသူများ မဖြစ်ချင်ကြသည့်အတွက် ၎င်းတို့၏ ရည်ရွယ်ချက်များက မည်သည့်အရာများဖြစ်သည်၊ ဆိုလိုသည်မှာ ၎င်းတို့က မည်သည့်အရာကို လုပ်ဆောင်လိုသည်၊ ၎င်းတို့၏ ရည်မှန်းချက်များက မည်သည့်အရာများ ဖြစ်သည်ဟူသည်နှင့် ဘုရားသခင်ကို ယုံကြည်ရာတွင် ၎င်းတို့၏ ရည်မှန်းချက်က မည်သည့်အရာ ဖြစ်သည်ဟူသည်တို့ ဖြစ်သည်။ အခြေခံအားဖြင့် ဤသွင်ပြင်လက္ခဏာသုံးခုမှနေ၍ “‘အစေခံသူ’ဟူသော အမည်နာမကို အန္တိခရစ်တို့ သဘောထားသည့် ပုံစံများ” ကဏ္ဍခွဲနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုခဲ့ကြပြီး ဤသွင်ပြင်လက္ခဏာသုံးခုမှတစ်ဆင့် “အစေခံသူ”ဟူသည့် အမည်နာမကို ၎င်းတို့ ချဉ်းကပ်ရာတွင် အန္တိခရစ်များ အသုံးပြုသည့် အမျိုးမျိုးသော လက်တွေ့လုပ်ဆောင်မှုများနှင့် အပြုအမူများအပြင် ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးများနှင့် ရှုထောင့်အမြင်တို့ကို ငါတို့ စိစစ်ခဲ့ကြသည်။ သင်တို့သည် ထိုအရာကို ကြားပြီးနောက်တွင် မိတ်သဟာယတစ်ခုစီ၏ အကြောင်းအရာကို သင်တို့ ချင့်ချိန်စဉ်းစားခြင်း မရှိကြပေ။ သင်တို့က ဤအရာများကို ရေတိုအနေဖြင့်သာ သတိရကြသော်လည်း အချိန်ကြာလာလျှင် ဤအရာကို သင်တို့ သတိပင်မရနိုင်ကြပေ။ သင်သည် သမ္မာတရားကို နားလည်ကာ ရရှိလိုလျှင် သင်၏ စိတ်နှလုံး၌ အားထုတ်မှုပြုရမည်ဖြစ်ပြီး မကြာခဏ ဆုတောင်းရင်းဖတ်ရှုကာ ချင့်ချိန်စဉ်းစားရမည်။ သင်၏ စိတ်နှလုံးတွင် ဤကိစ္စရပ်များရှိရမည်။ မရှိလျှင် သင်သည် ဤကိစ္စရပ်များကို နှလုံးမသွင်းသကဲ့သို့ မည်သည့်အားထုတ်မှုမျှ မပြုသည့်အပြင် သင်၏ စိတ်နှလုံး၌ ဤကိစ္စရပ်များအကြောင်းကို မစဉ်းစားလျှင် မည်သည့်အရာကိုမျှ သင် ရရှိမည် မဟုတ်။ လူအချို့က “အန္တိခရစ်များနှင့် သက်ဆိုင်သည့် ကိစ္စရပ်သည် ကျွန်ုပ်နှင့် အလွန် အလှမ်းဝေးသည်။ ကျွန်ုပ်က အန္တိခရစ်တစ်ဦးဖြစ်ဖို့ စီစဉ်နေခြင်း မဟုတ်သကဲ့သို့ ကျွန်ုပ်သည် သူတို့ကဲ့သို့ ဆိုးသောလူတစ်ဦး မဟုတ်ပါ။ ကျွန်ုပ်သည် အရေးမပါဆုံးသောလူအဖြစ် လိုလိုလားလား ခံယူလိုက်မည်သာဖြစ်ပြီး ယင်းမှာ ကျွန်ုပ်အတွက် ကိစ္စမရှိပါ။ ကျွန်ုပ်ကို စေခိုင်းသည့် မည်သည့်အရာကိုမဆို ကျွန်ုပ် လုပ်မည်ဖြစ်ပြီး အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို ကျွန်ုပ် လိုက်လျှောက်မည် မဟုတ်ပါ။ ထို့အပြင် ကျွန်ုပ်တွင် အန္တိခရစ်၏ စိတ်သဘောထား အနည်းငယ်ရှိလျှင်ပင် အချိန်ကြာသည်နှင့်အမျှ ထိုအရာကို ကျွန်ုပ် တဖြည်းဖြည်း ကျွန်ုပ် ပြောင်းလဲမည်ဖြစ်ပြီး ယင်းမှာ သာမန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်ကာ ထိုမျှ မဆိုးရွားပါ။ ဤအရာကို နားထောင်ခြင်းက အဓိပ္ပာယ်မရှိပါ”ဟု ပြောကြသည်။ ဤရှုထောင့်အမြင် မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ တစ်စုံတစ်ဦးသည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိလိုလျှင် အရေးအကြီးဆုံးမှာ အခြေအနေမျိုးစုံတွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ မည်သည့် အခြေအနေများ၊ အတွေးများနှင့် ရှုထောင့်အမြင်များ ထွက်ပေါ်နိုင်သည်ကို ၎င်းတို့ သဘောပေါက်နားလည်ရမည်ဖြစ်သည်။ ဤအရာများကို သဘောပေါက်နားလည်ခြင်းအားဖြင့်သာ ၎င်းတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက မည်သည့်အရာများ ဖြစ်သည်၊ မည်သည့်နယ်ပယ်များတွင် ဘုရားသခင်ကို ၎င်းတို့ အတိုက်အခံလုပ်ပြီး သမ္မာတရားကို ဆန့်ကျင်သည်ဆိုသည်နှင့် ၎င်းတို့စိတ်ထဲတွင် သမ္မာတရားနှင့် ကွဲလွဲသည့် မည်သည့် အရာများ ရှိကြသည်ဟူသည်တို့ကို ၎င်းတို့ သိရှိနိုင်ကြပေသည်။ ဤအရာများကို ၎င်တို့ သိရှိကြသည်နှင့်တစ်ပြိုင်နက် ဤပြဿနာများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ ဖြေရှင်းနိုင်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းကို ရရှိနိုင်ကြပေသည်။ အမျိုးမျိုးသော အခြေအနေများတွင် ထုတ်ဖော်ပြခံရသည့် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ သို့မဟုတ် ထွက်ပေါ်နိုင်သည့် အမျိုးမျိုးသော အခြေအနေများကို သင် သဘောပေါက်နားလည်ခြင်း မရှိသကဲ့သို့ ဤအရာများက သမ္မာတရားကို ဆန့်ကျင်သည့် နည်းလမ်းများ သို့မဟုတ် ပြဿနာများ ထွက်ပေါ်သည့် နည်းလမ်းများကို သဘောပေါက်နားလည်ခြင်း မရှိလျှင် ဤပြဿနာများကို သင် မည်သို့ ဖြေရှင်းမည်နည်း။ ဤပြဿနာများကို သင် ဖြေရှင်းချင်လျှင် ၎င်းတို့၏ ရင်းမြစ်က မည်သည့်နေရာတွင် တည်ရှိသည်၊ ၎င်းတို့၏ အခြေအနေများက မည်သည့်အရာများဖြစ်သည်၊ တိကျသည့် ပြဿနာများက မည်သည့်နေရာတွင် ထွက်ပေါ်သည်ဟူသည်တို့ကို သင် ဦးစွာ သဘောပေါက်နားလည်ရမည်ဖြစ်ပြီး ထို့နောက်တွင် သင် မည်သို့ဝင်ရောက်ရမည်ဟူသည်ကို ဖြေရှင်းခြင်းအား အစပြုရမည်ဖြစ်သည်။ ဤနည်းဖြင့် ထွက်ပေါ်သည့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အမျိုးမျိုးသော အခြေအနေများကို တစ်ခုပြီးတစ်ခု ဖြေရှင်း၍ရနိုင်ပေသည်။ သင့်အနေဖြင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းအပေါ် သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းခြင်းနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို ရရှိခြင်းတို့အပေါ် သင်တို့ သိပ်မရှင်းသေးသည့်ပုံရသည်။ သင်တို့သည် မှန်ကန်သည့် လမ်းကြောင်းပေါ်တွင် မရှိသေးပေ။
၅။ အန္တိခရစ်များက အသင်းတော်ထဲရှိ မိမိတို့၏ရာထူးဂုဏ်ဒြပ်ကို မည်သို့ချဉ်းကပ်ပုံ
ယနေ့တွင် အန္တိခရစ်များ၏ အကျိုးစီးပွားများဖြစ်သည့် အန္တိခရစ်များက အသင်းတော်ထဲရှိ မိမိတို့၏ရာထူးဂုဏ်ဒြပ်ကို မည်သို့ချဉ်းကပ်ပုံနှင့် ဆက်စပ်သည့် နောက်ဆုံး အကြောင်းအရာအပေါ် ငါတို့ မိတ်သဟာယပြုကြမည်ဖြစ်သည်။ အသင်းတော်ထဲရှိ ၎င်းတို့၏ အဆင့်အတန်းနှင့် ပတ်သက်လာသည့်အခါ အန္တိခရစ်များက မည်သည့် သရုပ်သကန်များ ပြသသည်၊ ၎င်းတို့ မည်သည့်အရာများ လုပ်ဆောင်ကြသည်ဆိုသည်နှင့် ထိုအရာများကို လုပ်ဆောင်ချိန်တွင် ၎င်းတို့၏ ရှုထောင့်အမြင်များနှင့် စိတ်သဘောထားများက မည်သည့်အရာများ ဖြစ်သည်ဟူသည်တို့ကို သွင်ပြင်လက္ခဏာသုံးခုအဖြစ် ငါတို့ ခွဲခြားမည်ဖြစ်ပြီး တစ်ခုပြီးတစ်ခု စိစစ်မည်ဖြစ်သည်။ ပထမဆုံး သွင်ပြင်လက္ခဏာမှာ “ဟန်ဆောင်မှုဖြင့်”ဖြစ်သည်၊ ဒုတိယမှာ “အယောင်ဆောင်၍ လိမ်လည်ခြင်းဖြင့်”ဖြစ်ပြီး တတိယမှာ “လူအားလုံးထက် သာလွန်အောင် ပြုလုပ်ခြင်းဖြင့်” ဖြစ်သည်။ ဤသွင်ပြင်လက္ခဏာသုံးခုထဲမှ တစ်ခုစီကို စကားလုံးအနည်းငယ်ဖြင့် ရေးသားထားပြီး အကျဉ်းချုံးထားသည်ဟု ယူဆ၍ရနိုင်သော်လည်း တစ်ခုစီတွင် ပါဝင်သည့် အန္တိခရစ်များ၏ အမျိုးမျိုးသော လုပ်ရပ်များ၊ သရုပ်သကန်များနှင့် ဆိုရိုးများအပြင် ၎င်းတို့၏ သဘောထားများနှင့် စိတ်သဘောထားများ ရှိလေသည်။ ယနေ့၏ အကြောင်းအရာနှင့်ပတ်သက်၍ မိတ်သဟာယပြုရန် ဤသွင်ပြင်လက္ခဏာသုံးခုကို ငါ အဘယ်ကြောင့် သတ်မှတ်သည်ဟူသည်နှင့်ပတ်သက်ပြီး ယခု တစ်ချက်စဉ်းစားလော့။ သင်တို့ ဖတ်ရှုပြီးနောက်တွင် သင်တို့၏ စိတ်ထဲ၌ အန္တိခရစ်များက အသင်းတော်ထဲရှိ မိမိတို့၏ရာထူးဂုဏ်ဒြပ်ကို မည်သို့ချဉ်းကပ်ပုံနှင့်ဆိုင်သည့် ဤအကြောင်းအရာကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သနည်း။ သင်တို့တွင် မည်သည့် စိတ်ကူးများ ရှိကြသနည်း။ လူအများစုက ၎င်းတို့၏ စိတ်ထဲတွင် တွေးသည့်အရာမှာ အန္တိခရစ်များ၏ နိုင်လိုမင်းထက်ပြုမှု၊ အဆင့်အတန်းကို အသုံးပြု၍ အခြားသူများအပေါ် အပေါ်စီးမှ ပြုမူပြောဆိုခြင်း၊ လူတို့ကို ၎င်းတို့ စည်းရုံးသိမ်းသွင်းခြင်းနှင့် အသင်းတော်တွင် တန်ခိုးအာဏာကို ၎င်းတို့အရယူခြင်း မုချ ဖြစ်ပေသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အရာရှိများ အမြဲတစေ ဖြစ်ချင်ကြသည်၊ မိမိတို့၏ အဆင့်အတန်းကို အသုံးပြု၍ အခြားသူများအပေါ် အပေါ်စီးမှ ပြုမူပြောဆိုချင်ကြသည်၊ အာဏာကို စွဲကိုင်ချင်ကြပြီး လူတို့ကို ထိန်းချုပ်ချင်ကြလေသည်။ အခြေခံအားဖြင့် ဤသည်တို့မှာ လူတို့ တွေးကြသည့်အရာများ ဖြစ်သည်။ ဤသည်တို့မှာ အသင်းတော်တွင် အန္တိခရစ်များက မကြာခဏ ပြသကြသည့် အတော်အတန် သိသာထင်ရှားသော သွင်ပြင်လက္ခဏာများ ဖြစ်သည်။ ထို့ကြောင့် ဤအရာများအပြင် လူတို့ မမြင်နိုင်သည့် အခြားမည်သည့်သရုပ်သကန်များ ရှိသနည်း။ အန္တိခရစ်များသည် အသင်းတော်တွင် ခိုင်မာသည့် ခြေကုပ်တစ်ခုရရှိဖို့၊ အဆင့်အတန်းနှင့် မြင့်မားသော ဂုဏ်ဒြပ်ရရှိဖို့နှင့် အာဏာကို ရယူကာ ပိုများသည့် လူတို့ကို ထိန်းချုပ်ရန်ပင် အခြားမည်သည့်အရာများကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့တွင် မည်သည့် သရုပ်သကန်များ ရှိကြသနည်း။ ဤအရာများသည် အန္တိခရစ်များ အသုံးပြုသည့် ပိုမို အထင်အမြင်မှားစေသည့်၊ ယုတ်မာပြီး ခိုးကြောင်ခိုးဝှက်ဖြစ်သော နည်းလမ်းများနှင့် နည်းစနစ်များဖြစ်ပြီး ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများရှိ လူမသိသော အတွေးများ၊ ကွယ်ဝှက်ထားသည့် ကြံရွယ်ချက်များနှင့် ရည်မှန်းချက်များလည်း ဖြစ်နိုင်ကြပေသည်၊ ဟုတ်သလော။ ထို့ကြောင့် ယင်းတို့ကို တစ်ခုချင်း မိတ်သဟာယပြုကြစို့။
(က) ဟန်ဆောင်မှုဖြင့်
ပထမဆုံး သွင်ပြင်လက္ခဏာမှာ “ဟန်ဆောင်မှုဖြင့်” ဖြစ်သည်။ “ဟန်ဆောင်မှုဖြင့်”ဟူသည့် စကားလုံး၏ တိုက်ရိုက် အဓိပ္ပာယ်မှာ နားလည်ရန် လွယ်ကူပြီး ချီးကျူးထိုက်သောအရာ မဟုတ်သည်မှာ သိသာထင်ရှားသည်။ လူတစ်ဦးသည် ဟန်ဆောင်ရာတွင် တော်သည်၊ ၎င်းလုပ်ဆောင်သမျှက ဟန်ဆောင်မှုတစ်ခုဖြစ်သည်၊ ၎င်းလုပ်ဆောင်သမျှမှာ အခြားသူတို့အတွက် နားလည်ရခက်ပြီး ၎င်းက အခြားသူတို့နှင့် အပေါ်ယံအဆင့်တစ်ခုဖြင့်သာ ပြုမူ၊ ပြောဆိုသည်ဟု ပြောသည့်အခါတွင် ထိုသို့သောပုံစံတစ်ခုဖြင့် ဆောင်ရွက်ကာ ပြုမူသည့် လူတစ်ဦးသည် မုချပင် အလွန် လှည့်ဖြားတတ်သော လူတစ်ဦး ဖြစ်သည်။ ၎င်းတို့သည် ရိုးသားသော လူတစ်ဦး မဟုတ်သကဲ့သို့ ရိုးရှင်းသည့်၊ မာယာကင်းသည့် လူတစ်ဦး မဟုတ်ဘဲ ထို့ထက် စိတ်ဓာတ်ရေးရာတိုက်ခိုက်မှုတွင် အလွန်တော်ကြသည်၊ ၎င်းတို့အနေဖြင့် အလွန် ပါးနပ်ပြီး အခြားသူတို့ကို လှည့်ဖြားရာတွင် အလွန်တော်ကြပေသည်။ ဤသည်မှာ “ဟန်ဆောင်မှု”ဟူသည့် စကားလုံးနှင့်ဆိုင်သည့် အခြေခံအကျဆုံးသော သိနားလည်မှုဖြစ်သည်။ သို့ဆိုလျှင် အန္တိခရစ်များ၏ အပြုအမူ၊ လုပ်ရပ်များနှင့် ဤအပြုအမူမျိုးကြားရှိ ဆက်နွှယ်မှုမှာ အဘယ်နည်း။ ၎င်းတို့တွင် ဟန်ဆောင်မှု အနှစ်သာရတစ်ခုရှိသည်ဟုပြသည့် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ကြသနည်း။ ဟန်ဆောင်မှုကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ ၎င်းတို့၏ ကြံရွယ်ချက်က အတိအကျ မည်သည့်အရာဖြစ်သနည်း။ ၎င်းတို့သည် ဟန်ဆောင်မှုကို အဘယ်ကြောင့် လုပ်ဆောင်ကြသနည်း။ ဤအရာများသည် ယနေ့ ငါတို့ မိတ်သဟာယပြုသည့် အကြောင်းအရာနှင့် နီးကပ်စွာ ဆက်စပ်နေပေသည်။
အန္တိခရစ်များသည် အခြားသူများနောက်တွင် နောက်ကျ မကျန်ရစ်လိုသည့် လူများဖြစ်သည်။ ၎င်းတို့သည် အခြားသူတို့အပေါ် မှီခိုအားထားရန် လိုလားခြင်းမရှိ၊ အခြားသူတို့၏ အမိန့်များ၊ ညွှန်ကြားချက်များနှင့် ကွပ်ကဲမှုများကို လက်ခံရန် လိုလားခြင်းမရှိကြသကဲ့သို့ သာမန်လူဖြစ်ပြီး အခြားသူတို့၏ အထင်သေးခြင်းခံရရန် လိုလားခြင်း မရှိကြချေ။ ထို့ထက် ၎င်းတို့သည် ဂုဏ်ဒြပ်ရှိချင်သည့်လူများ၊ အခြားသူတို့အား ၎င်းတို့အပေါ် အထင်ကြီးလေးစားစေချင်ပြီး အခြားသူတို့အား ၎င်းတို့ကို အလွန်တန်ဖိုးထားစေလိုသည့် လူများဖြစ်သည်။ ထို့အပြင် အသင်းတော်တွင်လည်းကောင်း၊ လူတို့ကြားတွင်လည်းကောင်း ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် အမှုအရာများကို လုပ်ဆောင်ပေးဖို့ အခြားသူတို့ကို အမိန့်ပေးကာ ညွှန်ကြားသည့်လူများ သာ၍ပင် ဖြစ်လိုကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် ဂုဏ်ဒြပ်၊ ဩဇာလွှမ်းမိုးမှုနှင့် ၎င်းတို့ စွဲကိုင်သည့် တန်ခိုးအာဏာတို့ဖြင့် ၎င်းတို့၏ အလိုဆန္ဒများကို အကောင်အထည်ဖော်ချင်ကြပြီး အမှုအရာများကို လုပ်ဆောင်ရန် မည်သူမဆို အမိန့်ပေးကာ ညွှန်ကြား၍ရသည့် သာမန်လူများ မဖြစ်ချင်ကြပေ။ ဤသည်တို့မှာ အခြားလူတို့ကြားတွင် အန္တိခရစ်များရှိကြသည့် လိုက်စားမှုများနှင့် လိုအင်ဆန္ဒများ ဖြစ်သည်။ အန္တိခရစ်များသည် အခြားလူတို့ကြားတွင် မိမိတို့၏ အဆင့်အတန်းနှင့် ပတ်သက်လာသည့်အခါ အတော်ပင် ဆတ်ဆတ်ထိမခံဖြစ်ကြသည်။ အဖွဲ့တစ်ခုတွင် ရှိသည့်အခါ ၎င်းတို့၏ အသက်အရွယ်နှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရေးကြီးမှု တစ်ခုတလေရှိသည်ဟု ၎င်းတို့ မယုံကြည်ကြပေ။ အရေးကြီးမည်ဟု ၎င်းတို့ ယုံကြည်သည့်အရာမှာ အများစုက ၎င်းတို့ကို မည်သို့ မြင်သည်၊ အများစုက ၎င်းတို့ကို အချိန်ပေးပြီး မိမိတို့၏ စကားနှင့် လုပ်ရပ်များတွင် နေရာပေးခြင်း ရှိမရှိ၊ အများစု၏ စိတ်နှလုံးများတွင် ၎င်းတို့၏ အဆင့်အတန်းနှင့် ရာထူးတို့က မြင့်မားခြင်းရှိမရှိ သာမန်ဖြစ်ခြင်း ရှိမရှိ၊ အများစုက ၎င်းတို့ကို အထင်ကြီးခြင်းရှိ ရှိမရှိ၊ သာမန်အဖြစ် မြင်ခြင်း ရှိမရှိ၊ ဘာမျှ မထူးခြားသောသူအဖြစ် မြင်ခြင်း ရှိမရှိ စသည်တို့ ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းနှင့်ဆိုင်သည့် အထောက်အထားများကို အများစုက မည်သည့်အရာကဲ့သို့ ယူဆကြသည်၊ လူတို့ကြားတွင် ၎င်းတို့၏ စကားများက မည်မျှ အရေးပါသည်၊ ဆိုလိုသည်မှာ ၎င်းတို့က တစ်စုံတစ်ရာကို ပြောဆိုပြီးနောက် လူမည်မျှက ၎င်းတို့ကို အသိအမှတ်ပြုသည်၊ လူမည်မျှက ၎င်းတို့ကို ချီးမွမ်းသည်၊ ၎င်းတို့ကို သဘောတူထောက်ခံသည်၊ အာရုံစူးစိုက်စွာ နားထောင်ပြီး နှလုံးသွင်းသည်ဟူသည်တို့ဖြစ်သည်။ ထို့အပြင် လူအများစုက ၎င်းတို့ကို ကြီးမားသော ယုံကြည်ခြင်းရှိသူအဖြစ် မြင်သည်ဖြစ်စေ၊ သေးငယ်သော ယုံကြည်ခြင်းရှိသူအဖြစ် မြင်သည်ဖြစ်စေ၊ ဆင်းရဲဒုက္ခကို ခါးစည်းခံမည့် ၎င်းတို့ စိတ်ပိုင်းဖြတ်ချက်က မည်သည့်အရာကဲ့သို့ဖြစ်သည်၊ ၎င်းတို့ မည်မျှ စွန့်လွှတ်ပြီး အသုံးခံကြသည်၊ ဘုရားအိမ်တော်အတွက် ၎င်းတို့၏ ပံ့ပိုးမှုများက မည်သည့်အရာကဲ့သို့ဖြစ်သည်၊ ဘုရားအိမ်တော်တွင် ၎င်းတို့ စွဲကိုင်သည့် ရာထူးက မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ အတိတ်ကာလတွင် မည်သည့်အရာကို ၎င်းတို့ ဆင်းရဲဒုက္ခခံစားပြီး ဖြစ်သည်ဆိုသည်နှင့် အရေးကြီးသည့် မည်သည့်အရာများကို ၎င်းတို့ လုပ်ဆောင်ပြီးဖြစ်သည်ဟူသည့် ဤအရာတို့မှာ ၎င်းတို့ အပူပန်ဆုံးသောအရာများ ဖြစ်သည်။ အန္တိခရစ်များသည် အသင်းတော်တွင် မည်သူက ဆုကျေးဇူးအရှိဆုံးဖြစ်သည်၊ အသင်းတော်တွင် မည်သူက ရှင်းလင်းစွာ အပြောဆိုနိုင်ဆုံးဖြစ်ပြီး စကားပြောအကောင်းဆုံးဖြစ်သည်၊ မည်သူက အတတ်ပညာ ကျွမ်းကျင်မှုများတွင် တော်ပြီး နည်းပညာတွင် အကျွမ်းကျင်ဆုံး ဖြစ်သည်ဟူသည်တို့ကို မကြာခဏ နှိုင်းယှဉ်လျက် မိမိတို့၏ စိတ်နှလုံးတွင် အဆင့်အတန်းနှင့် ဝါစဉ်တို့ကို မကြာခဏ သတ်မှတ်ကြသည်။ ဤအရာများကို ၎င်းတို့ နှိုင်းယှဉ်နေစဉ်တွင် အမျိုးမျိုးသော အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများကို လေ့လာရန် စဉ်ဆက်မပြတ် အားထုတ်နေကြသည်၊ ယင်းတိုကို ကျွမ်းကျင်ရန်နှင့် ပိုင်နိုင်မှုရှိရန် စဉ်ဆက်မပြတ် ကြိုးပမ်းနေကြသည်။ အန္တိခရစ်များသည် မိမိတို့ကိုယ်ကို ကြွားဝါပြီး အခြားသူတို့အား မိမိတို့အပေါ် အထင်ကြီးစေသည့် နည်းလမ်းတစ်ခုဖြင့် တရားဒေသနာ ဟောကြားခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များကို မည်သို့ ရှင်းပြရမည်ဟူသည်တို့ကို အားထုတ်ခြင်းအား အဓိက အာရုံစိုက်ကြသည်။ ဤသို့အားထုတ်မှုပြုနေစဉ်တွင် သမ္မာတရားအား မည်သို့ နားလည်ရမည် သို့မဟုတ် သမ္မာတရား လက်တွေ့ကျမှုထဲသို့ မည်သို့ ဝင်ရောက်ရမည်ဟူသည်ကို ၎င်းတို့ မရှာဖွေကြဘဲ ထို့ထက် ပိုများသည့် လူတို့ကပင်လျှင် ၎င်းတို့က အမှန်တကယ်ပင် ထူးခြားကြောင်း၊ သာမန်လူများမျှသာ မဟုတ်ကြောင်း၊ ၎င်းတို့ တတ်စွမ်းနိုင်ကြောင်းနှင့် သာမန်လူများထက် ပိုအဆင့်မြင့်ကြောင်း သိလာကြရန်အလို့ငှာ ဤစကားများအား မည်သို့သတိရရမည်၊ ပိုများသည့် လူတို့ထံပင် မိမိတို့၏ အားသာချက်များအား မည်သို့ကြွားနိုင်မည်ဟူသည်တို့ကို တွေးဆနေကြသည်။ ဤစိတ်ကူး၊ ကြံရွယ်ချက်များနှင့် အမြင်အမျိုးအစားများကို ထားရှိရင်း အန္တိခရစ်များသည် မတူကွဲပြားသော အမှုအရာမျိုးစုံကို လုပ်ဆောင်လျက် လူတို့ကြားတွင် အသက်ရှင်နေကြသည်။ ၎င်းတို့တွင် ဤအမြင်များ ရှိကြသောကြောင့်၊ ဤလိုက်စားမှုများနှင့် ရည်မှန်းချက်များ ရှိကြသောကြောင့် ၎င်းတို့သည် အပြုအမူကောင်းများ၊ မှန်ကန်သည့် ဆိုရိုးများနှင့် ကောင်းမွန်သည့် လုပ်ရပ် အကြီး၊ အသေးမျိုးစုံကို ဖန်တီးဖြစ်ပေါ်စေကြသည်။ ဤအပြုအမူများနှင့် လုပ်ရပ်များက ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြသူများ၊ အခြေခံအားဖြင့် သမ္မာတရားကို မလိုက်စားကြသူများနှင့် ကောင်းမွန်သည့် အပြုအမူ ရှိခြင်းကိုသာ အာရုံစိုက်ကြသူများအား အန္တိခရစ်များကို အားကျ၊ လေးစားစေကာ ၎င်းတို့ကို အတုပင်ခိုးစေပြီး ၎င်းတို့နောက်ပင် လိုက်စေသည်။ ဤသို့ဖြင့် အန္တိခရစ်များ၏ ရည်မှန်းချက် ပြည့်စုံသွားသည်။ အန္တိခရစ်များက ထိုသို့သော ကြံရွယ်ချက်များနှင့် ရည်မှန်းချက်များ ထားရှိသည့်အခါ ၎င်းတို့ မည်သို့ ပြုမူကြသနည်း။ ဤသည်မှာ ငါတို့ ယနေ့ မိတ်သဟာယပြုမည့်အရာ ဖြစ်သည်။ ထိုအရာသည် ဆက်လက်မိတ်သဟာယ ပြုထိုက်သည့် အကြောင်းအရာတစ်ခုဖြစ်ပြီး သင်တို့ တစ်ဦးစီအနေဖြင့် အာရုံစိုက်ကာ သိရှိထိုက်သည့် အကြောင်းအရာတစ်ခု သာ၍ပင် ဖြစ်ပေသည်။
အန္တိခရစ်များသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြချေ။ သမ္မာတရားကို လုံးဝ လက်မခံကြပေ။ ဤသည်မှာ အချက်တစ်ခုကို ထင်ရှားစွာ ညွှန်ပြသည်။ အန္တိခရစ်တို့သည် သမ္မာတရားစည်းမျဉ်းများအတိုင်း မည်သည့်အခါမျှ ပြုမူလုပ်ဆောင်ခြင်း မရှိချေ။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ပေ။ ယင်းက အန္တိခရစ်တစ်ဦး၏ အသိသာဆုံးသော သရုပ်သကန်ဖြစ်သည်။ ဂုဏ်သတင်းနှင့် အဆင့်အတန်းအပြင် ကောင်းချီးခံစားရခြင်းနှင့် ဆုလာဘ်ရခြင်းတို့မှလွဲ၍ ၎င်းတို့လိုက်စားသည့် နောက်အရာတစ်ခုမှာ ဇာတိပကတိ၏ စည်းစိမ်များနှင့် ဂုဏ်အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ပျော်မွေ့ခံစားခြင်း ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ပင်ကိုအားဖြင့် အနှောင့်အယှက်၊ အဖျက်အဆီးများကို ဖြစ်စေသည်။ ၎င်းတို့ လိုက်စားသည့်အရာ၊ ၎င်းတို့၏အပြုအမူနှင့် သရုပ်သကန်များသည် ဘုရားသခင် ချစ်သောအရာများ မဟုတ်သည်ကို ဤအချက်အလက်များက ပြလေသည်။ ပြီးလျှင် ဤအရာများသည် သမ္မာတရားကို လိုက်စားသော လူများ၏ လုပ်ရပ်များနှင့် အပြုအမူများ သေချာပေါက် မဟုတ်ချေ။ ဥပမာအနေဖြင့် ပေါလုကဲ့သို့ အန္တိခရစ်အချို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါတွင် ဆင်းရဲဒုက္ခခံဖို့ စိတ်ပိုင်းဖြတ်ချက်ရှိသည်။ ၎င်းတို့၏အလုပ်ကို လုပ်သည့်အခါ ၎င်းတို့သည် တစ်ညလုံး မအိပ်ဘဲနေနိုင်သလို အစားအစာမစားဘဲ နေနိုင်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထိုး၍နှိပ်စက်နိုင်သည်။ မည်သည့်နာမကျန်းဖြစ်ခြင်းနှင့် မသက်မသာ ဖြစ်ခြင်းတို့ကိုမဆို အောင်မြင်ကျော်လွှားနိုင်သည်။ ပြီးလျှင် ဤအရာများအားလုံးကို လုပ်ဆောင်ခြင်း၌ ၎င်းတို့၏ ပန်းတိုင်မှာ အဘယ်နည်း။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် ပတ်သက်လာလျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘေးသို့ဖယ်နိုင်စွမ်း ရှိကြောင်း၊ မိမိတို့ကိုယ်ကို ဖယ်ကြဉ်နိုင်စွမ်းရှိကြောင်း၊ ၎င်းတို့အတွက်မှာမူ တာဝန်သာ ရှိကြောင်း လူတိုင်းကို ပြဖို့ဖြစ်သည်။ ဤအရာအားလုံးကို ၎င်းတို့က အခြားလူများ ရှေ့တွင် ပြကြသည်။ လူများအနီးအနားတွင် ရှိသည့်အခါ ၎င်းတို့သည် နားသင့်သည့်အချိန်တွင် မနားဘဲ ၎င်းတို့၏ အလုပ်အချိန်ကို တမင်သက်သက်ပင် တိုးချဲ့လျက် စောစောထကာ နောက်ကျမှ အိပ်ရာဝင်လျက် ယင်းကို အပြည့်အဝ ပြသကြသည်။ သို့သော် အန္တိခရစ်တို့ ဤကဲ့သို့ နံနက်မှ ညအထိ အလုပ်ကို ပင်ပင်ပန်းပန်းလုပ်သည့်အခါတွင် အလုပ်၏ ထိရောက်မှုနှင့် ၎င်းတို့၏တာဝန် ထိရောက်မှုတို့က မည်သည့်အခြေအနေရှိသနည်း။ ဤအရာများသည် ၎င်းတို့ ထည့်တွက်စဉ်းစားသည့်အရာများထဲ၌ မပါပေ။ ၎င်းတို့သည် ဤအရာအားလုံးကို အခြားသူများရှေ့တွင် လုပ်ဆောင်ရန်သာ ကြိုးစားကြသည်။ ဤနည်းအားဖြင့် အခြားသူများက သူတို့ ဒုက္ခခံသည်ကို တွေ့မြင်နိုင်ပြီး ကိုယ့်အတွက်ကို တစ်စက်မျှ မစဉ်းစားဘဲ ဘုရားသခင်အတွက် ၎င်းတို့ မည်သို့အသုံးခံသည်ကို တွေ့မြင်နိုင်သည်။ ၎င်းတို့ ထမ်းဆောင်သည့် တာဝန်နှင့် ၎င်းတို့ လုပ်ဆောင်သည့် အလုပ်တို့သည် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ခြင်း ရှိမရှိအတွက်ကိုမူ ၎င်းတို့ လုံးဝ မစဉ်းစားကြချေ။ ၎င်းတို့၏ အပြင်ပန်း အပြုအမူကောင်းကို လူတိုင်း တွေ့မြင်ပြီးခြင်း ရှိမရှိ၊ လူတိုင်းက ယင်းကို သတိပြုမိခြင်း ရှိမရှိ၊ ၎င်းတို့သည် လူတိုင်းအပေါ် ထင်မြင်ချက်ဖြစ်စေခြင်း ရှိမရှိနှင့် ဤထင်မြင်ချက်သည် ထိုလူတို့ထဲတွင် လေးစားအားကျခြင်းနှင့် ထောက်ခံခြင်းတို့ကို ဖြစ်ပေါ်စေမည် ဟုတ်မဟုတ်၊ ၎င်းတို့၏ နောက်ကွယ်တွင် ဤလူများက “သူတို့သည် ဆင်းရဲဒုက္ခကို အမှန်တကယ် ကြံ့ကြံ့ခံနိုင်ကြသည်၊ သူတို့၏ သည်းခံသည့်စိတ်ဓာတ်နှင့် ထူးခြားသော ဇွဲလုံ့လတို့က ကျွန်ုပ်တို့ထဲမှ မည်သူ့ထက်မဆို သာလွန်သည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားသည့်သူတစ်ဦးဖြစ်သည်။ ကြီးသောဝန်ကို ဒုက္ခခံနိုင်ပြီး သည်းခံနိုင်သည့်သူဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၏ ဒေါက်တိုင်ဖြစ်သည်”ဟု ပြောလျက် အားပေးပံ့ပိုးမည် ဟုတ်မဟုတ်ကိုသာ ၎င်းတို့ စဉ်းစားကြသည်။ ဤအရာကို ကြားသည့်အခါ အန္တိခရစ်တို့သည် စိတ်ကျေနပ်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့က “ထိုကဲ့သို့ ဟန်ဆောင်သည်မှာ ကျွန်ုပ် အလွန် ပါးနပ်ပေသည်။ ဤအရာကို လုပ်သည်မှာ ကျွန်ုပ် အလွန်တော်ပေသည်။ လူတိုင်းက အပြင်ပန်းကိုသာ ကြည့်မည်ကို ကျွန်ုပ်သိသည်။ ပြီးလျှင် ၎င်းတို့သည် ဤအပြုအမူကောင်းတို့ကို နှစ်သက်ကြသည်။ ဤကဲ့သို့ ကျွန်ုပ် ပြုမူလျှင် လူများ၏ ထောက်ခံချက်ကို ရမည်၊ ကျွန်ုပ်ကို ၎င်းတို့ အားပေးပံ့ပိုးကြလိမ့်မည်၊ ၎င်းတို့၏ စိတ်နှလုံးနက်ရှိုင်းရာ၌ ကျွန်ုပ်ကို အားကျကြလိမ့်မည်။ ကျွန်ုပ်ကို မြင်သည့်အမြင်သည် လုံးလုံးပြောင်းလဲသွားလိမ့်မည်။ ပြီးလျှင် ကျွန်ုပ်ကို မည်သူကမျှ နောက်တစ်ကြိမ် လုံးဝ အထင်သေးမည် မဟုတ်ပေ။ ကျွန်ုပ်သည် လက်တွေ့အလုပ်ကို မလုပ်နေကြောင်း အထက်မှ သိရှိသွားသည့် နေ့ရက်အချိန် ရောက်လာပြီး ကျွန်ုပ်ကို ထုတ်ပယ်သည့်အခါ ကျွန်ုပ်အတွက် ခုခံကာကွယ်ပေးသည့် လူ၊ ကျွန်ုပ်အတွက် ငိုကြွေးသည့်လူနှင့် ကျွန်ုပ်ကို နေဖို့ တိုက်တွန်းသည့်သူ၊ ပြီးလျှင် ကျွန်ုပ်၏ကိုယ်စား ပြောပေးသူများစွာ မလွဲဧကန်ရှိလိမ့်မည်” ဟု တွေးကြသည်။ ၎င်းတို့သည် မိမိတို့၏ အတုအယောင် အပြုအမူကို တိတ်တဆိတ် ကြည်နူးနေကြပြီး ဤကြည်နူးခြင်းက အန္တိခရစ်တစ်ဦး၏ သဘာဝအနှစ်သာရကိုလည်း ထုတ်ဖော်မပြသလော။ ပြီးလျှင် ဤသည်မှာ အဘယ်အနှစ်သာရဖြစ်သနည်း။ (ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။) မှန်ပေသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း၏ အနှစ်သာရဖြစ်ပေသည်။ ဤကောက်ကျစ်ဆိုးယုတ်ခြင်း အနှစ်သာရ၏ စိုးမိုးခြင်းခံရလျက် အန္တိခရစ်များသည် မိမိဘာသာ အားရကျေနပ်မှုနှင့် မိမိကိုယ်ကို လေးစားခြင်း အခြေအနေတစ်ခု ပေါက်ဖွားကာ ယင်းက ၎င်းတို့အား မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အပေါ် တိတ်တဆိတ် ကန့်ကွက်စေပြီး ဆန့်ကျင်စေသည်။ အပေါ်ယံတွင် ၎င်းတို့သည် ကြီးမားသည့် အဖိုးအခကို ပေးကာ ၎င်းတို့၏ ဇာတိပကတိက ဆင်းရဲဒုက္ခများစွာ ခါးစီးခံရပုံ ပေါ်သော်လည်း ဘုရားသခင်၏ ဝန်ထုပ်ကို ၎င်းတို့ အမှန်တကယ် အလေးထားကြသလော။ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို စစ်မှန်စွာ အသုံးခံကြသလော။ မိမိတို့၏တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်နိုင်ကြသလော။ ၎င်းတို့ မထမ်းဆောင်နိုင်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့က “ငါသည် သမ္မာတရားမရှိဟု သင် မပြောခဲ့သလော။ ငါ့ထံတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်ဟု သင် မပြောခဲ့သလော။ ငါသည် မာနထောင်လွှားပြီး စိတ်ကြီးဝင်ကြောင်းနှင့် ငါ့ကိုယ်ပိုင် နိုင်ငံကို ထူထောင်ဖို့ ငါ ကြိုးစားသည်ဟု သင် မပြောခဲ့သလော။ ငါ့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြောင်း၊ သမ္မာတရားကို ငါ နားမလည်ကြောင်း၊ ထို့ကြောင့် ငါသည် အစေခံသူတစ်ဦးဖြစ်ကြောင်း သင် မပြောခဲ့သလော။ ငါ အဘယ်သို့ အစေခံမှုပေးသည်ဆိုသည်နှင့် ဤကဲ့သို့ အစေခံမှု ငါပေးပြီး ဤကဲ့သို့ ပြုမူဆောင်ရွက်သည့်အခါ ညီအစ်ကို မောင်နှမများက ငါ့အပေါ် မည်သို့ ထင်မြင်ကြသည်ဟူသည်တို့ကို သင့်အား ငါ ပြမည်။ ဤကဲ့သို့ ပြုမူဆောင်ရွက်ခြင်းအားဖြင့် ပို၍ပင်များသော လူတို့၏ လေးစားမှုကို ငါ ရရှိနိုင်ခြင်း ရှိမရှိဟူသည်ကို သင့်အား ငါ ပြမည်။ ပြီးလျှင် တစ်နေ့ ငါ့ကို သင် အဝေးသို့ ပို့ချင်ပြီး ပြစ်တင်ရှုတ်ချချင်သည့်အခါ ယင်းကို သင် မည်သို့ အတိအကျ စီမံမည်ကို ငါ ကြည့်မည်”ဟု တွေးလျက် ဘုရားသခင်နှင့် တိတ်တဆိတ် ယှဉ်ပြိုင်ကြလေသည်။ အန္တိခရစ်များသည် မိမိတို့ စိတ်နှလုံးများတွင် ဘုရားသခင်နှင့် ဤသို့ ယှဉ်ပြိုင်ကြပြီး သမ္မာတရားလိုက်စားခြင်းအား ဤကောင်းမွန်သော အပြုအမူများဖြင့် အစားထိုးရန် ကြိုးစားကြလေသည်။ ထိုသို့လုပ်ဆောင်ရာတွင် လူတို့အနေဖြင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို ရရှိရန်အလို့ငှာ လူတို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်စေဖို့ ဘုရားသခင် အမှုပြုခြင်းနှင့် ဦးဆောင်ခြင်းတို့၏ လက်တွေ့ကျသော အကျိုးတရားကို အချည်းနှီးဖြစ်အောင် ကြိုးစားကြလေသည်။ အနှစ်သာရအားဖြင့် ၎င်းတို့သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် လူကို ဘုရားသခင်၏ ကယ်တင်ခြင်း အမှုတော်အား အချည်းနှီးဖြစ်စေကာ ရှုတ်ချရန်အတွက် ဤမှန်ကန်ကြောင်းရှင်းချက်ထုတ်ခြင်းကို အသုံးပြုကြပြီး ဘုရားသခင်အနေဖြင့် လူတို့ကို တရားစီရင်ခြင်းသည် မှားယွင်းပြီး အကျိုးမရှိဟု ယုံကြည်ကြသည်။ အန္တိခရစ်များတွင်ရှိသည့် ဤစိတ်ကူးများနှင့် ရှုထောင့်အမြင်များသည် ကောက်ကျစ်ဆိုးယုတ်သည်၊ ယုတ်မာသည်၊ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ပေသည်။ ၎င်းတို့ကို ဘုရားသခင်က အတိအလင်း ပြစ်တင်ရှုတ်ချခြင်း မရှိသေးသည့်အခါတွင် ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်နှင့် စတင် ယှဉ်ပြိုင်ကြလေသည်။ ဘုရားသခင်က ၎င်းတို့ကို မဖော်ထုတ်သကဲ့သို့ ၎င်းတို့၏ အပြုအမူကို မရှုတ်ချသေးသည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငြင်းပယ်ရန်နှင့် သမ္မာတရားကို လိုက်စားခြင်းကသာ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်ဖို့အတွက်ကို ဖြစ်စေနိုင်သည်ဟူသည့် အချက်ကို ငြင်းပယ်ရန်အတွက် အခြားလူတို့ကို အထင်အမြင်မှားစေကာ လူတို့ကို စည်းရုံးသိမ်းသွင်းရန်အလို့ငှာ ဟန်ဆောင်မှုကို စတင် အသုံးပြုကြလေသည်။ ဤသည်မှာ ၎င်းတို့ မှန်ကန်ကြောင်းရှင်းချက်ထုတ်ခြင်း၏ အနှစ်သာရ ဖြစ်သည် မဟုတ်လော။ အန္တိခရစ်များသည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ရှိကြသည် မဟုတ်လော။ ၎င်းတို့၏ ဆင်းရဲဒုက္ခနောက်ကွယ်တွင် ၎င်းတို့သည် ထိုသို့သော ရည်မှန်းချက်များနှင့် မသန့်စင်မှုများ ထားရှိကာ ထိုအကြောင်းကြောင့် ဘုရားသခင်က ထိုသို့သော လူများနှင့် ထိုသို့သော စိတ်သဘောထားကို စက်ဆုပ်ခြင်း ဖြစ်သည်။ သို့သော် အန္တိခရစ်များသည် ဤအချက်ကို မည်သည့်အခါတွင်မျှ မမြင် သို့မဟုတ် မသိမှတ်ကြချေ။ ဘုရားသခင်သည် လူ၏ အတွင်းကျကျစိတ်နှလုံးကို စောင့်ကြည့်လေ့လာကာ လူကမူ လူ၏ အပြင်ပန်း အသွင်အပြင်ကိုသာ မြင်သည်။ အန္တိခရစ်တို့နှင့်ပတ်သက်၍ စဉ်းစားဉာဏ် အမဲ့ဆုံးသောအရာမှာ ၎င်းတို့က ဤအချက်ကို မသိမှတ်သကဲ့သို့ မမြင်နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ဒုက္ခခံစားပြီး အခက်အခဲကို ခါးစီးခံနိုင်ကြောင်း၊ သာမန်လူများ ကြံ့ကြံ့မခံနိုင်သည့် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်ကြောင်း၊ သာမန်လူများ မလုပ်နိုင်သည့် အလုပ်ကို လုပ်နိုင်ကြောင်း အခြားသူများက တွေးထင်ရန်အလို့ငှာ ၎င်းတို့တွင် ခံနိုင်ရည်ရှိကြောင်း၊ ၎င်းတို့၏ ကိုယ်ကိုထိုး၍နှိပ်စက်နိုင်ကြောင်းနှင့် မိမိတို့ကိုယ်ပိုင် ဇာတိပကတိ အကျိုးစီးပွားများ သို့မဟုတ် ပျော်ရွှင်မှုတို့ကို ထည့်သွင်းစဉ်းစားခြင်း မရှိကြောင်း အခြားသူများ တွေးထင်ရန်အလို့ငှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြရုပ်တင်ကာ စွဲမက်ဖွယ်ဖြစ်စေရန် ကောင်းသော အပြုအမူကို အသုံးပြုဖို့ တတ်နိုင်သမျှ လုပ်ဆောင်ကြလေသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် တမင်သက်သက် မိမိတို့၏ အဝတ်အစားများကိုပင် အနည်းငယ် ညစ်ပတ်သည်ထိတိုင် ဝတ်ဆင်ကာ မလျှော်ဘဲနေကြသည်။ နံလာသည့်အခါတွင်ပင် မလျှော်ကြချေ။ အခြားသူများက ၎င်းတို့အား ကိုးကွယ်စေသည့် မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်ကြသည်။ အခြားသူများရှေ့တွင် ၎င်းတို့ ရှိလေ၊ ၎င်းတို့အား သာမန်လူများနှင့် မတူကြောင်း၊ ဘုရားသခင်အတွက် ၎င်းတို့၏ မိမိတို့ကိုယ်ကို အသုံးခံရလိုသော ၎င်းတို့၏ လိုအင်ဆန္ဒသည် သာမန်လူများထက် ကြီးမားကြောင်း၊ ဆင်းရဲဒုက္ခခံရန် ၎င်းတို့၏ စိတ်ပိုင်းဖြတ်ချက်သည် သာမန်လူများထက် ပိုကြီးမားကြောင်းနှင့် ဆင်းရဲဒုက္ခကို သည်းညည်းခံခြင်းအတွက် ၎င်းတို့၏ ခံနိုင်ရည်သည် သာမန်လူများထက် ကြီးမားကြောင်းတို့ကို အခြားသူများ မြင်ရန်အလို့ငှာ မိမိတို့ကိုယ်ကို ပြသရန် တတ်နိုင်သမျှ ၎င်းတို့ လုပ်ဆောင်လေ ဖြစ်သည်။ အန္တိခရစ်များသည် ဤအခြေအနေမျိုးများတွင် ထိုသို့သော အပြုအမူများ ပေါက်ဖွားကာ ဤအပြုအမူများနောက်ကွယ်တွင် ရှိသည်မှာ လူတို့က ၎င်းတို့ကို ကိုးကွယ်ကာ အထင်ကြီးစေဖို့အတွက် ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်တွင်ရှိသည့် အန္တိခရစ်များ၏ လိုအင်ဆန္ဒ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် မိမိတို့ ရည်မှန်းချက်ပန်းတိုင်ကို ရရှိကြသည့်အခါ၊ လူတို့၏ ချီးမွမ်းမှုများကို ၎င်းတို့ ကြားသည့်အခါနှင့် လူတို့က ၎င်းတို့ကို အားကျကာ လေးစားပြီး သဘောကျသည့် အကြည့်များဖြင့် ကြည့်ကြသည်ကို ၎င်းတို့ မြင်သည့်အခါ ယင်းမှာ ၎င်းတို့ စိတ်နှလုံးများတွင် ဝမ်းသာပြီး ကျေနပ်ကြသည့် အချိန်ဖြစ်သည်။
ဆင်းရဲဒုက္ခကို သည်းညည်းခံခြင်းနှင့် အဖိုးအခ ပေးခြင်းတို့နှင့်ဆိုင်သော အန္တိခရစ်များ၏ အပေါ်ယံ အပြုအမူကောင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို စစ်မှန်စွာ အလေးထားခြင်း၊ သစ္စာစောင့်သိခြင်းနှင့် ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ မိမိကိုယ်ကို အသုံးခံခြင်းတို့ကြား ခြားနားချက်မှာ အဘယ်နည်း။ (ကြံရွယ်ချက်က ခြားနားသည်။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို စစ်မှန်စွာ အသုံးခံသူတို့သည် စည်းမျဉ်းများ ရှာဖွေခြင်း၊ အလုပ် ရလဒ်များနှင့် အလုပ်ကျွမ်းကျင်မှုတို့အပေါ် အာရုံစိုက်ကြလိမ့်မည်။ အန္တိခရစ်တို့သည် အပေါ်ယံတွင် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံပုံပေါ်ကြသော်လည်း၊ ထိုအရာသည် အခြားသူတို့အား ၎င်းတို့အပေါ် အထင်ကြီးလေးစားစေရန်သာ ဖြစ်သည်။ အလုပ် ကျွမ်းကျင်မှု သို့မဟုတ် အလုပ်ရလဒ်များကို ၎င်းတို့ လုံးဝ မစဉ်းစားကြပါ။) မှန်ပေ၏၊ ၎င်းတို့ စကားနှင့် လုပ်ရပ်များ၏ ကြံရွယ်ချက်၊ စေ့ဆော်မှုနှင့် ရင်းမြစ်တို့တွင် ခြားနားချက်တစ်ခု ရှိသည်။ ထိုအရာက လုံးဝ ကွဲပြားခြားနားသည်။၎င်းတို့ကဲ့သို့ပင် ဆင်းရဲဒုက္ခကို ခါးစည်းခံပြီး သမ္မာတရားကို လိုက်စားသောသူများသည် ဤဆင်းရဲဒုက္ခတစ်လျှောက်တွင် စည်းမျဉ်းများကို ရှာဖွေကြသည်။ စည်းမျဉ်းများကို ရှာဖွေခြင်းက အနည်းဆုံးအနေဖြင့် ၎င်းတို့တွင် ကျိုးနွံနာခံခြင်း စိတ်နေစိတ်ထားတစ်ခုရှိသည်ကို ပြသည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် အမှုအရာများကို လုပ်ဆောင်ရန် မကြိုးစားကြ သို့မဟုတ် မိမိတို့ကိုယ်တိုင်အတွက် အမှုအရာများကို လုပ်ဆောင်ရန် မကြိုးစားကြပေ။ ၎င်းတို့၏ လုပ်ရပ်များတွင် ကျိုးနွံနာခံမှုနှင့် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးရှိကြပြီး ၎င်းတို့အနေဖြင့် မိမိတို့ တာဝန်ကို လုပ်ဆောင်နေခြင်းဖြစ်ပြီး လူ၏အရေးကိစ္စတွင် ပါဝင်ပတ်သက်နေခြင်း မဟုတ်ကြောင်းကို အလွန်ရှင်းလင်းစွာ သိရှိကြသည်။ ထိုနည်းတူ အန္တိခရစ်များသည် ဆင်းရဲဒုက္ခကို ခါးစည်းခံပုံပေါ်ကြသော်လည်း ၎င်းတို့သည် လူတို့မြင်ရန်အတွက် ထိုအရာကို ဟန်ဆောင်လုပ်ပြရုံလုပ်ပြကြပြီး ပြစားကြသည်။ သမ္မာတရား စည်းမျဉ်းများကို မရှာဖွေကြ၊ ၎င်းတို့၏ လုပ်ရပ်များတွင် ကျိုးနွံနာခံမှု သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိ၊ ၎င်းတို့၏ စိတ်နှလုံးများက ဘုရားသခင် ရှေ့မှောက်တွင် အသက်မရှင်သကဲ့သို့ ထိုသို့သော အပြုအမူနှင့် သရုပ်သကန်များကို လူတို့အား စည်းရုံးသိမ်းသွင်းပြီး လူတို့၏ မျက်နှာသာပေးခြင်းကို ဝယ်ယူရန်အတွက် အသုံးပြုဖို့ ၎င်းတို့ ကြိုးစားကြလေသည်။ ဤတွင် ခြားနားချက်တစ်ခု ရှိသည် မဟုတ်လော။ အန္တိခရစ်များ၏ အပြုအမူနှင့်ဆိုင်သော အနှစ်သာရအားဖြင့် အကဲဖြတ်သည့်အခါ ဤဆင်းရဲဒုက္ခ ခါးစည်းခံခြင်းက ဟန်ဆောင်မှုတစ်ခု ဖြစ်သည်ဟု ငါတို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဤသည်မှာ ဆင်းရဲဒုက္ခကို ခါးစည်းခံခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ အပြုအမူနှင့် သရုပ်သကန်မှာ ၎င်းတို့က ဟန်ဆောင်လုပ်ပြခြင်းနှင့် လူတို့မြင်ဖို့ ပြစားခြင်းတစ်ခုသာ ဖြစ်သည်ကို သက်သေပြရန် လုံလောက်ပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ပြုမူဆောင်ရွက်ခြင်းမရှိကြပေ။ ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ နောက်ထပ် သွင်ပြင်လက္ခဏာမှာ ဟန်ဆောင်မှုနှင့် လှည့်ဖြားခြင်းတို့တွင် အန္တိခရစ်များထက် မည်သူမျှ သာ၍ ကျွမ်းကျင်ခြင်း မရှိကြပေ။ ထို့ကြောင့် ၎င်းတို့သည် အလွန် မီးစဉ်ကြည့်ကတတ်ပြီး လူတို့အား မိမိတို့ကို ကိုးကွယ်အောင်လုပ်ခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန်အလို့ငှာ လူတို့ကို အထင်အမြင်မှားစေပြီး လှည့်ဖြားဖို့အတွက် လည်သော နည်းလမ်းအချို့ကို မကြာခဏ အသုံးပြုတတ်ကြသည်။ ဤသည်မှာ ၎င်းတို့ အကျွမ်းဆုံးသောအရာ ဖြစ်သည်၊ ယင်းက ၎င်းတို့တွင် အရိုးစွဲနေသည်၊ ဤဉာဏ်များပြီး ပြောင်းလဲတတ်သော အနှစ်သာရကို ပင်ကိုအားဖြင့် ၎င်းတို့ ပိုင်ဆိုင်ထားကြသည်။ ဥပမာအနေဖြင့် မိမိ၏ စကားများနှင့် အပြုအမူက အလွန် ကြင်နာပြီး နှိမ့်ချသည်ဟု ထင်ရသော အန္တိခရစ်အချို့၊ အခြားသူတို့၏ အားနည်းချက်များကို လုံးဝ မဖော်ထုတ်သည့်၊ လိုက်လျောတတ်သည့်၊ အခြားသူတို့ကို ဝေဖန်ရန် သို့မဟုတ် ရှုတ်ချရန် မြန်ဆန်ခြင်းမရှိသည့်၊ လူတို့က အပျက်သဘောဆောင်ကာ အားနည်းသည့်အခါ ချက်ချင်း ကူညီမှု ကမ်းလှမ်းသည့် အန္တိခရစ်အချို့ရှိလေသည်။ ၎င်းတို့သည် စိတ်ထားနွေးထွေးပြီး ကြင်နာတတ်သော၊ လူကောင်းတစ်ဦး၏ အသွင် ရှိကြသည်။ လူတို့ အခက်အခဲရောက်သည့်အခါ တစ်ခါတစ်ရံ စကားများဖြင့် ၎င်းတို့ ကူညီကြပြီး တစ်ခါတစ်ရံ လုပ်ရပ်အနည်းငယ်ဖြင့် ကူညီကြသည်။ ထိုသူတို့ကို ကူညီဖို့အတွက် ငွေအချို့ သို့မဟုတ် ပစ္စည်းအချို့ကို လှူဒါန်းကြသည့် အချိန်များပင် ရှိသည်။ အပြင်ပန်းအားဖြင့် ၎င်းတို့၏ လုပ်ရပ်များက ကောင်းမွန်သည့် ပုံပေါ်သည်။ လူအများစု၏ စိတ်များတွင် ဤသည်မှာ ၎င်းတို့ တွေ့ဆုံပြီး ပေါင်းသင်းဆက်ဆံချင်သည့် လူစားမျိုး ဖြစ်သည်။ ထိုသို့သောလူများသည် ၎င်းတို့ကို ခြိမ်းခြောက်ကာ နှောင့်ယှက်ကြလိမ့်မည် မဟုတ်သကဲ့သို့ ထိုသူတို့ထံမှ အကူအညီများစွာ ရရှိနိုင်သည်။ ဥပမာအနေဖြင့် ရုပ်ဝတ္ထုဆိုင်ရာ အကူအညီဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ အကူအညီဖြစ်စေ ပိုမိုမြင့်မားသော ဝိညာဉ်ရေးရာ သဘောတရားများ စသည့် အကူအညီပင်ဖြစ်သည်။ အပြင်ပန်းအားဖြင့် ထိုသို့သောလူများသည် မကောင်းသည့်အရာဘာမျှ မလုပ်ဆောင်ကြ။ ၎င်းတို့သည် အသင်းတော်တွင် နှောင့်ယှက်ခြင်း သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်း မရှိကြသကဲ့သို့ ၎င်းတို့ ရောက်နေသည့် မည်သည့်အဖွဲ့ကိုမဆို သဟဇာတဖြစ်အောင် လုပ်ပေးသည်ဟု ထင်ရသည်။ ၎င်းတို့၏ လည်ပတ်မှုနှင့် ပြေလည်အောင် ဆောင်ရွက်ပေးခြင်းအောက်တွင် လူတိုင်းက ပျော်ရွှင်သည့်ပုံပေါ်သည်၊ လူတို့ အဆင်ပြေပြီး မည်သည့် ခိုက်ရန်ဖြစ်ခြင်း သို့မဟုတ် စကားများခြင်းမျှ မရှိကြပေ။ ၎င်းတို့ ထိုနေရာတွင် ရှိကြသည့်အခါ လူတိုင်းက ၎င်းတို့ အချင်းချင်း မည်မျှကောင်းစွာ သင့်မြတ်ကြသည်၊ ၎င်းတို့ မည်မျှ ရင်းနှီးကြသည်ကို ခံစားမိကြသည်။ ၎င်းတို့ မရှိတော့သည့်အခါ လူအချို့သည် အချင်းချင်း စတင်၍ အတင်းအဖျင်းပြောကြသည်၊ အချင်းချင်း ကြဉ်ကြသည်၊ မနာလိုဖြစ်ပြီး ကိစ္စများကို ငြင်းခုံကြလေသည်။ အန္တိခရစ်များက ၎င်းတို့ကြားတွင် ရှိပြီး သင့်မြတ်အေးချမ်းဖို့ စေခိုင်းသည့်အခါတွင်သာ လူတိုင်းက ငြင်းခုံခြင်းကို ရပ်လိုက်ကြသည်။ ဤအန္တိခရစ်များသည် မိမိတို့အလုပ်တွင် အလွန် တတ်စွမ်းနိုင်သည်ဟု ထင်ရသော်လည်း ၎င်းတို့ မည်သည့်အရာအား အမှန်တကယ် ကျိတ်ကြံစည်နေသည်ကို ပြသသည့် အရာတစ်ခုရှိ၏။ ၎င်းတို့ သွန်သင်ပြီး ဦးဆောင်သည့် လူတိုင်းသည် စကားလုံးများနှင့် အယူဝါဒများကို ပြောနိုင်ကြသည်၊ မည်သို့ အထက်စီးမှနေပြီး အခြားသူတို့အား ဩဝါဒခြွေရမည်ကို ၎င်းတို့ အားလုံး သိကြသည်၊ လူတို့အား မည်သို့ မြှောက်ပင့်ပြီး ကပ်ဖားရမည်ကို သိကြသည်၊ မည်သို့ လှည့်ကွက်သုံးပြီး လှည့်ဖြားတတ်ရမည်ကို သိကြသည်၊ မည်သို့လူတို့အား မည်သည့်အရာ ပြောရမည်ကို ၎င်းတို့ သိကြသည်၊ ၎င်းတို့သည် လူ့အကြိုက်လိုက်သူများ ဖြစ်လာကြပြီး အပြင်ပန်းတွင် လုံးဝ စိတ်အေးချမ်းသည်ဟု ထင်ရသည်။ အန္တိခရစ်များက အသင်းတော်ကို မည်သို့အရာ ဖြစ်စေကြပြီနည်း။ ဘာသာရေး အဖွဲ့အစည်းတစ်ခု ဖြစ်စေကြပြီဖြစ်သည်။ ရလဒ်မှာ အဘယ်နည်း။ လူတို့သည် မိမိတို့၏ စာတန်ဆန်သော အတွေးအခေါ်ဖြင့် အသက်ရှင်ပြီး သမ္မာတရားကို လိုက်စားရန် မလိုလားကြသကဲ့သို့ အသက်ဝင်ရောက်မှုမရှိကြဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် လုံးဝ ဆုံးရှုံးကြပြီး ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များက ညီအစ်ကို မောင်နှမများအပေါ် အန္တိခရစ်များက ထိခိုက်နစ်နာမှု ဖြစ်စေကြပြီး ၎င်းတို့ကို ဆုံးရှုံးစေကြပုံ ဖြစ်သည်။ သို့တိုင် ၎င်းတို့က ကြီးမားသည့် ပံ့ပိုးမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း၊ ညီအစ်ကို မောင်နှမများအတွက် ကြီးမားသည့် အမှုအရာများ လုပ်ဆောင်ပြီးဖြစ်ကြောင်းနှင့် ညီအစ်ကို မောင်နှမများထံ ကြီးမားသည့် ကောင်းချီးမင်္ဂလားများ ဆောင်ကြဉ်းပြီးဖြစ်ကြောင်း တွေးထင်ကြဆဲဖြစ်သည်။ ၎င်းတို့သည် ညီအစ်ကို မောင်နှမများအား နှိမ့်ချကာ စိတ်ရှည်ရန်၊ ညီအစ်ကို မောင်နှမတစ်ဦးတွင် ပြဿနာတစ်ခု ရှိသည်ကို မြင်သည့်အခါ သည်းခံပြီး ထောက်ထားညှာတာရန်၊ အခြားသူတို့ကို စကားဖြင့် မရိုင်းပျရန် သို့မဟုတ် မနာကျင်စေရန် မကြာခဏ သွန်သင်ကြပြီး ထိုင်သည့်အခါ သို့မဟုတ် ထသည့်အခါ မည်သည့် ကိုယ်နေဟန်ထားယူရမည်ကိုဖြစ်စေ၊ မည်သည့် အဝတ်အစားများ ဝတ်ဆင်ရမည်ကိုဖြစ်စေ ညွှန်ကြားကြသည်။ ညီအစ်ကို မောင်နှမများကို ၎င်းတို့ မကြာခဏ သွန်သင်သည့်အရာမှာ သမ္မာတရားကို မည်သို့ နားလည်ရမည် သို့မဟုတ် သမ္မာတရား လက်တွေ့ကျမှုထဲသို့ မည်သို့ ဝင်ရောက်ရမည်ကို မဟုတ်ဘဲ စည်းမျဉ်းစည်းကမ်းများအား မည်သို့ ပုံသေစောင့်ထိန်းပြီး ကောင်းမွန်စွာ ပြုမူရမည်ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ အသင်အပြအောက်တွင် လူတို့၏ ဆက်ဆံမှုများက ဘုရားနှုတ်ကပတ်တော်များပေါ်၊ သမ္မာတရား စည်းမျဉ်းများအပေါ် အခြေခံခြင်းမရှိဘဲ လူ့အကြိုက်လိုက်သူတစ်ဦး ဖြစ်ခြင်းနှင့်ဆိုင်သည့် လူလူချင်း ဆက်ဆံမှုဆိုင်ရာ အတွေးအခေါ်များအပေါ် အခြေခံလေသည်။ အပြင်ပန်းတွင် မည်သူမျှ အချင်းချင်း ထိခိုက်နာကျင်စေခြင်း မရှိ၊ မည်သူကမျှ အခြားသူ၏ ကျရှုံးမှုများကို ထောက်ပြခြင်း မရှိကြသော်လည်း မည်သူကမျှ ၎င်းတို့ အမှန်တကယ် စဉ်းစားနေသည့်အရာကို မည်သူ့ကိုမျှ မပြောကြသကဲ့သို့ ၎င်းတို့ ဖွင့်ဟခြင်း မရှိကြသည့်အပြင် မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်း၊ ပုန်ကန်ခြင်း၊ အားနည်းချက်များနှင့် ပြစ်မှားမှုများကို ၎င်းတို့ မိတ်သဟာယမပြုကြပေ။ ထိုအစား အပေါ်ယံအဆင့်တစ်ခုဖြင့် မည်သူက ဆင်းရဲဒုက္ခခံကာ အဖိုးအခပေးပြီးဖြစ်သည်၊ မည်သူက မိမိ၏ တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိပြီးဖြစ်သည်၊ မည်သူသည် ညီအစ်ကို မောင်နှမများအတွက် အကျိုးပြုပြီးဖြစ်သည်၊ မည်သူက ဘုရားအိမ်တော်တွင် အတော်များသော ပံ့ပိုးမှုများ ပြုလုပ်ပြီးဖြစ်သည်၊ ဧဝံဂေလိ ဖြန့်ဝေခြင်းကြောင့် မည်သူက ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ချမှတ်ခံရပြီးဖြစ်သည်ဟူသည်တို့နှင့်ပတ်သက်၍ တတွတ်တွတ် ပြောကြလေသည်။ ယင်းမှာ ၎င်းတို့ ပြောဆိုဆွေးနွေးသမျှ ဖြစ်သည်။ အန္တိခရစ်များသည် မိမိတို့ကိုယ်ကို ပြယုဂ်တင်ကာ ဟန်ဆောင်ရန်အတွက် အပြင်ပန်းအားဖြင့် နှိမ့်ချခြင်း၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်းနှင့် အကူအညီပေးခြင်းတည်းဟူသော အပြုအမူကောင်းကိုသာ အသုံးပြုရုံမျှ မဟုတ်ပေ။ အခြားသူတို့အား ဤကောင်းမွန်သည့် အပြုအမူ ကူးစက်စေရန် ပုဂ္ဂိုလ်ရေး ပုံသက်သေ ချမှတ်ဖို့နှင့် ထိုအရာကို အတုယူရန် ၎င်းတို့အား တိုက်တွန်းခွန်အားပေးဖို့လည်း ကြိုးစားကြလေသည်။ ၎င်းတို့၏ ကောင်းမွန်သည့် အပြုအမူနောက်ကွယ်ရှိ ရည်မှန်းချက်မှာ မိမိတို့ကိုယ်ကို လူတို့၏ အာရုံစိုက်သော အဓိကအချက် ဖြစ်စေဖို့၊ လူတို့အား ၎င်းတို့အပေါ် အထင်ကြီးစေဖို့ထက် ဘာမျှ မပိုပေ။ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က မိမိတို့ကိုယ်ကို သိသောအသိအကြောင်း ပြောဆိုပြီး မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စိစစ်သည့်အခါ ၎င်းတို့ နှုတ်ဆိတ်မြဲနှုတ်ဆိတ်နေကြပြီး ၎င်းတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို စိစစ်ရန် ကြိုးပမ်းမှု လုံးဝ မပြုလုပ်ကြပေ။ ညီအစ်ကို မောင်နှမများက အချင်းချင်း၏ ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ပြချက်များကို ဖော်ထုတ်ပြီး ပြုပြင်ကြသည့်အခါ အားလုံးအပေါ် အန္တိခရစ်များက နှိမ့်ချခြင်း၊ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ကို လက်တွေ့လုပ်ဆောင်သည့် တစ်ဦးတည်းသောသူများ ဖြစ်သည်။ ၎င်းတို့သည် မည်သူမဆို ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးခြင်းကို မဖော်ထုတ်ကြသကဲ့သို့ ညီအစ်ကို မောင်နှမများအား သူတို့၏ အပြုအမူကောင်းအတွက်လည်းကောင်း၊ ပြောင်းလဲခြင်းအတွက်လည်းကောင်း ချီးကျူးပင်ချီးကျူးကာ ချီးမွမ်းကြသည်။ ၎င်းတို့သည် ချစ်ခင်တတ်သော၊ ထောက်ထားသော၊ သည်းခံပြီး နှစ်သိမ့်သော လုပ်ရပ်တစ်ခုကို ဟန်လုပ်လျက် လူ့အကြိုက်လိုက်သူ အခန်းကဏ္ဍကို ဆောင်ရွက်ကြသည်။ ဤသည်တို့မှာ အန္တိခရစ်များက ဟန်ဆောင်ခြင်း၊ လူတို့ကို လှည့်ဖြားခြင်းနှင့် အထင်အမြင်မှားစေခြင်းတို့တွင် အလွန့်အလွန် ကျွမ်းကျင်ခြင်း၏ သရုပ်သကန်များဖြစ်သည်။
ပုံပန်းသဏ္ဌာန်အားလုံးတွင် အန္တိခရစ်၏ စကားတို့သည် အထူးသဖြင့် ကြင်နာသည့်၊ ယဉ်ကျေးမှုရှိသည့်၊ ဂုဏ်ရှိသည့်ပုံပေါ်သည်။ မည်သူက စည်းမျဉ်းများကို ချိုးဖောက်သည်ဖြစ်စေ၊ အသင်းတော်အလုပ်ကို အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေသည်ဖြစ်စေ အန္တိခရစ်တို့သည် ဤလူများကို ဖော်ထုတ်ခြင်း သို့မဟုတ် ဝေဖန်သုံးသပ်ခြင်း မရှိပေ။ ၎င်းတို့က ကိစ္စအားလုံးတွင် သဘောထားကြီးသည်ဟု လူတို့အား ထင်မြင်စေလျက် မျက်ကွယ်ပြုကြသည်။ လူတို့က မည်သည့် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြသည်ဖြစ်စေ၊ ပြီးလျှင် ထိုသူတို့က မည်သည့် ဒုစရိုက်အမှုအား ပြုသည်ဖြစ်စေ အန္တိခရစ်တို့သည် နားလည်မှုရှိပြီး သည်းခံကြသည်။ ၎င်းတို့သည် ပို၍စိတ်မဆိုးပေ၊ သို့မဟုတ် ဒေါသအမျက်မထွက်ပေ။ ၎င်းတို့ အမှားတစ်စုံတစ်ခု လုပ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထိခိုက်သည့်အခါ စိတ်တိုကြလိမ့်မည်မဟုတ်သကဲ့သို့ လူတို့ကို အပြစ်တင်ကြလိမ့်မည် မဟုတ်ပေ။ မည်သူက မကောင်းမှု ကျူးလွန်ပြီး အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ပါစေ၊ ဤအရာသည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့်အလား ၎င်းတို့က အလေးမထားပေ၊ ပြီးလျှင် ယင်းကြောင့် လူများကို ၎င်းတို့ မည်သည့်အခါမျှ စိတ်ဆိုးအောင် လုပ်မည် မဟုတ်ပေ။ အန္တိခရစ်တို့သည် မည်သည့်အရာကို စိတ်အဝင်စားဆုံး ဖြစ်သနည်း။ လူများစွာက ၎င်းတို့ကို အထင်ကြီးလေးစားသည်ကိုလည်းကောင်း၊ ၎င်းတို့ ဆင်းရဲဒုက္ခ ခံသည့်အခါတွင် လူမည်မျှ မြင်တွေ့ပြီး ယင်းအတွက် ၎င်းတို့ကို ချီးမွမ်းသည်ကိုလည်းကောင်း ၎င်းတို့ စိတ်ဝင်စားကြသည်။ ဆင်းရဲဒုက္ခခံခြင်းသည် မည်သည့်အခါမျှ အချည်းနှီးမဟုတ်ဟု အန္တိခရစ်တို့က ယုံကြည်ကြသည်။ မည်သည့် ဆင်းရဲဒုက္ခကို ၎င်းတို့ခံရပါစေ၊ မည်သည့်အဖိုးအခကို ၎င်းတို့ ပေးရပါစေ၊ ၎င်းတို့ မည်သည့်ကောင်းမှုကို လုပ်ပါစေ၊ အခြားသူများအပေါ် ၎င်းတို့ မည်မျှ ဂရုစိုက်ပြီး၊ အလေးထားကာ၊ ချစ်ခင်ပါစေ ဤအရာအားလုံးကို အခြားသူများရှေ့တွင် လုပ်ဆောင်ရမည်ဖြစ်ပြီး ဤသို့ဖြင့် ပို၍များသော လူများက ယင်းကို တွေ့မြင်နိုင်မည် ဖြစ်သည်။ ပြီးလျှင် ထိုသို့ လုပ်ဆောင်ခြင်း၌ ၎င်းတို့၏ ရည်မှန်းချက်က အဘယ်နည်း။ လူများ၏ အကူအညီကို ဝယ်ယူရန်၊ ပို၍များသော လူများက ၎င်းတို့၏ လုပ်ရပ်များအား၊ ၎င်းတို့၏ ကျင့်ကြံပြုမူမှုနှင့် ၎င်းတို့၏စိတ်နှလုံးထဲမှ ၎င်းတို့၏ အကျင့်စရိုက်တို့အား အသိအမှတ်ပြုလာအောင် လုပ်ရန်၊ ၎င်းတို့ကို ထောက်ခံအားပေးရန်တို့ ဖြစ်သည်။ ပို၍များသော လူများက အကူအညီတောင်းရန် ၎င်းတို့ထံသို့ လာစေဖို့အလို့ငှာ မိမိတို့၏ အပြင်ပန်း အပြုအမူမှတစ်ဆင့် မိမိတို့ကိုယ်ကို “လူကောင်း တစ်ယောက်” အနေဖြင့် ပုံရိပ်တစ်ခု တည်ထောင်ဖို့ ကြိုးစားသည့် အန္တိခရစ်များလည်း ရှိသည်။ သာဓကအနေဖြင့် တစ်စုံတစ်ဦးသည် အားနည်းလာပြီး လူအများစုက ချစ်ခြင်းမေတ္တာမရှိကြောင်း၊ ၎င်းတို့သည် အလွန် တစ်ကိုယ်ကောင်းဆန်ကြောင်းနှင့် အခြားသူများကို မကူညီချင်ကြသကဲ့သို့ ကြင်နာတတ်ခြင်း မရှိကြောင်း ယုံကြည်ပြီးနောက် အမှန်တွင် အန္တိခရစ်တစ်ဦး ဖြစ်သည့် ထို “လူကောင်း”ကို သတိရကြလေသည်။ သို့မဟုတ် တစ်စုံတစ်ဦးက မိမိ၏ အလုပ်တွင် အခက်အခဲတစ်ခု ကြုံရပြီး ထိုအခက်အခဲအား မည်သို့ဖြေရှင်းရမည်ကို မသိပေ။ ကူညီနိုင်မည့် တစ်ယောက်မျှ ၎င်းတို့ မစဉ်းစားမိနိုင်သကဲ့သို့ ၎င်းတို့ စဉ်းစားမိသည့် ပထမဆုံးသောလူမှာ အမှန်တကယ်တွင် အန္တိခရစ်တစ်ဦးဖြစ်သည့် ဤ “လူကောင်း”ဖြစ်သည်။ တစ်စုံတစ်ဦးသည် မိမိ၏ တာဝန်ကို မထမ်းဆောင်ချင်တော့ပေ၊ သူသည် လောကီကို လိုက်စားချင်သည်၊ တန်ခိုးအာဏာနှင့် ကြွယ်ဝမှုများကို လိုက်စားပြီး မိမိကိုယ်ပိုင်ဘဝကို အသက်ရှင်ချင်သည်။ ပြီးလျှင် သူသည် အလွန် အပျက်သဘောဆောင်လာပြီး အားနည်းသော်လည်း ဘုရားသခင်ထံ ဆုတောင်းခြင်းမရှိ သို့မဟုတ် မည်သူနှင့်မျှ မိတ်သဟာယပြုခြင်း မရှိသည့်အပြင် ဤအခြေအနေတွင် ၎င်းတို့က အမှန်တကယ်၌ အန္တိခရစ်တစ်ဦးဖြစ်သည့် ထို “လူကောင်း”ကို သတိရကြလေသည်။ ကိစ္စများက ဤသို့ဆက်ဖြစ်သည်နှင့်အမျှ ဤလူများသည် ပြဿနာများကို ကြုံရသည့်အခါ ဘုရားသခင်ထံ ဆုမတောင်းကြတော့ပေ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို မဖတ်ကြတော့ပေ၊ ထိုအစား ၎င်းတို့ကို ကူညီဖို့ အမှန်တွင် အန္တိခရစ်တစ်ဦးဖြစ်သည့် ဤ “လူကောင်း”အပေါ် မှီခိုချင်ကြလေသည်။ ၎င်းတို့သည် ဤလူ့အကြိုက်လိုက်သူများအား မိမိတို့၏ အခက်အခဲများကို ဖြေရှင်းခိုင်းလျက် ဤလူ့အကြိုက်လိုက်သူများကိုသာ ၎င်းတို့၏ စိတ်နှလုံးများကို ဖွင့်ဟကာ မိမိတို့ စိတ်နှလုံးများတွင်ရှိသည့်အရာကို ပြောဆိုကြသည်။ ၎င်းတို့က ဤအန္တိခရစ်ကို အသိအမှတ်ပြုကာ သူ့နောက်လိုက်ကြလေသည်။ ထိုသို့ဖြင့် အန္တိခရစ်၏ ရည်မှန်းချက်သည် ဖြစ်မြောက်အောင်မြင်သည် မဟုတ်လော။ အန္တိခရစ်သည် မိမိ၏ ရည်မှန်းချက် ဖြစ်မြောက်အောင်မြင်သည့်အခါ အသင်းတော်တွင်ရှိသည့် ၎င်း၏ အဆင့်အတန်းသည် သာမန်လူတို့၏ အဆင့်အတန်းထက် သာ၍မြင့်မားလာသည် မဟုတ်လော။ ၎င်းတို့ နံပါတ်တစ် ဖြစ်နိုင်ပြီး အသင်းတော်တွင် အရေးကြီးသောလူ ဖြစ်လာနိုင်သည့်အခါ ၎င်းတို့ အမှန်တကယ် စိတ်ကျေနပ်ကြသလော။ မကျေနပ်ကြပေ။ မည်သည့် ရည်မှန်းချက်ကို ၎င်းတို့ ဖြစ်မြောက်အောင်မြင်ချင်ကြသနည်း။ ၎င်းတို့သည် ပိုများသည့် လူတို့ကို မိမိတို့အား အသိအမှတ် ပြုစေချင်ကြသည်၊ ၎င်းတို့ကို ကြည်ညိုလေးစားစေချင်ကြပြီး ကိုးကွယ်စေချင်ကြသည်၊ လူတို့၏ စိတ်နှလုံးများတွင် နေရာတစ်ခုကို စွဲကိုင်ချင်ကြပြီး အထူးသဖြင့် ဘုရားသခင်ကို လူတို့၏ ယုံကြည်ခြင်းတွင် အခက်အခဲများကို ကြုံရပြီး အကူအညီ တောင်းရမည့် နေရာမရှိသည့်အခါ ထိုသူတို့အား ၎င်းတို့ကို အထင်ကြီးစေချင်ကြကာ ၎င်းတို့အပေါ် မှီခိုစေချင်ကြပြီး ၎င်းတို့နောက် လိုက်စေချင်ကြလေသည်။ ဤသည်မှာ အန္တိခရစ်က နံပါတ်တစ်ဖြစ်ချင်ပြီး အသင်းတော်တွင် အရေးပါသောလူ ဖြစ်လိုခြင်းထက် များစွာ သာ၍ ဆိုးရွားပေသည်။ ထိုအရာနှင့်ပတ်သက်၍ မည်သည့်အရာ အလွန်ဆိုးရွားသနည်း။ (၎င်းတို့သည် လူတို့၏ စိတ်နှလုံးများတွင် နေရာတစ်ခု စွဲကိုင်ရန် ဘုရားသခင်နှင့် ဖက်ပြိုင်ကြသည်။ ဘုရားသခင်ကို ၎င်းတို့က တိုက်ရိုက် အစားထိုးချင်ကြသည်။) (ထိုသို့သော လူများသည် ပိုင်းခြားသိမြင်ဖို့ ခက်ခဲပါသည်။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန် အပေါ်ယံ အပြုအမူကောင်းကို အသုံးပြုကြသည်။ ယင်းက အခြားသူတို့အား မိမိတို့တွင် ပြဿနာများရှိသည့်အခါ ဘုရားနှုတ်ကပတ်တော်များတွင် ရှိသည့် သမ္မာတရားကို မရှာစေတော့ဘဲ သို့မဟုတ် သမ္မာတရားအပေါ် မိတ်သဟာယမပြုစေတော့ဘဲ ထိုအစား ဤလူများအား ဘုရားသခင်နှင့် ပိုပိုပြီး ဝေးကွာသည်ထက် ဝေးကွာသွားကြသည့် အကျိုးဆက်ဖြစ်ပေါ်စေလျက် ဤအန္တိခရစ်များအပေါ် မှီခိုအားထားစေပြီး ကြည်ညိုလေးစားစေကြသည်၊ ထိုလူတို့အား အန္တိခရစ်များက ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းစေကြပြီး ၎င်းတို့၏ စကားများကို သမ္မာတရားအဖြစ် သဘောထားစေကြသည်။ ဤသည်မှာ သာ၍ မသိမသာဒုက္ခပေးပြီး မလိုမုန်းထားသော နည်းလမ်းတစ်ခု ဖြစ်သည်။) မှန်ပေ၏၊ အန္တိခရစ်များက လူတို့၏ စိတ်နှလုံးများတွင် နေရာတစ်ခု စွဲကိုင်ထားကာ အမြစ်တွယ်ထားပြီးဖြစ်သည့်အပြင် ဘုရားသခင်၏ နေရာကို ယူလိုကြသည်ဟူသည့် အရေးကြီးသောအချက်ကို သင်တို့အားလုံး နားလည်ကြပြီးဖြစ်ကာ ထုတ်ဖော်ပြောကြပြီးဖြစ်သည်။ တစ်စုံတစ်ဦးက “ဘုရားသခင်ကို ကျွန်ုပ် သွားရှာလျှင် သူ့ကို မတွေ့နိုင်ပါ။ သူ့ကို ကျွန်ုပ် မမြင်နိုင်ပါ။ ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် ရှာလျှင် စာအုပ်က အလွန်ထူသည်၊ စကားလုံးများက အလွန်များပြီး အဖြေများကို ရှာတွေ့ဖို့ခက်သည်။ သို့သော် ဤလူထံ ကျွန်ုပ် သွားလျှင် အဖြေများကို ချက်ချင်း ရသည်။ အဆင်ပြေသည့်အပြင် အကျိုးလည်းရှိသည်”ဟု ဆိုသည်။ သင် မြင်သလော၊ ၎င်းတို့၏ လုပ်ရပ်များက လူတို့အား မိမိတို့၏ စိတ်နှလုံးများတွင် ၎င်းတို့ကို ကိုးကွယ်စေနှင့်ကြပြီးဖြစ်သည်သာမက ၎င်းတို့အတွက် နေရာတစ်ခုလည်း ချန်ထားစေသည်။ ၎င်းတို့က ဘုရားသခင်၏ နေရာကို ယူချင်ကြသည်။ ဤသည်မှာ ဤအမှုအရာများကို လုပ်ဆောင်ရာတွင် အန္တိခရစ်များ၏ ရည်မှန်းချက် ဖြစ်သည်။ ဤအရာများကို လုပ်ဆောင်ခြင်းအားဖြင့် အန္တိခရစ်သည် ကနဦး အောင်မြင်မှုကို စွမ်းဆောင်ရရှိနှင့်ပြီးဖြစ်သည်မှာ သိသာပေသည်။ ဤပိုင်းခြားသိမြင်နိုင်စွမ်းမရှိသည့် လူတို့၏ စိတ်နှလုံးများတွင် ဤအန္တိခရစ်အတွက် နေရာတစ်ခု ရှိနှင့်ပြီးဖြစ်ကာ အချို့သော လူများက ၎င်းတို့ကို ကိုးကွယ်ပြီး ကြည်ညိုနှင့်ကြပြီးဖြစ်လေသည်။ ဤသည်မှာ အန္တိခရစ်က ဖြစ်မြောက်အောင်မြင်လိုသည့် ရည်မှန်းချက် ဖြစ်သည်။ တစ်စုံတစ်ဦးတွင် ပြဿနာတစ်ခုရှိပြီး အန္တိခရစ်ကို ရှာမည့်အစား ဘုရားသခင်ထံ ဆုတောင်းလျှင် ၎င်းတို့က သဘောမကျကြဘဲ “သင်တို့သည် အဘယ်ကြောင့် ဘုရားထံ အမြဲ သွားကြသနည်း။ ဘုရားကို အဘယ်ကြောင့် အမြဲ သတိရကြသနည်း။ အဘယ်ကြောင့် ငါ့ကို မမြင်ကြသနည်း၊ ငါ့ကို သတိမရကြသနည်း။ ငါသည် အလွန် နှိမ့်ချပြီး စိတ်ရှည်သည်၊ အမှုအရာများကို စွန့်လွှတ်ပြီး မိမိကိုယ်ကို အလွန် အသုံးခံနိုင်ကာ မရှိဆင်းရဲသားများကို ပေးကမ်းစွန့်ကြဲသည်။ ထို့ကြောင့် သင်သည် ငါ့ထံ အဘယ်ကြောင့် မလာသနည်း။ ငါသည် သင့်ကို အလွန် ကူညီသည်။ သင့်တွင် အဘယ်ကြောင့် အသိစိတ်တစ်ခုတလေမျှ မရှိသနည်း”ဟု စဉ်းစားလေသည်။ ၎င်းတို့သည် စိတ်မချမ်းမသာဖြစ်ပြီး ဝမ်းနည်းကြကာ ဒေါသထွက်ကြလေသည်။ ထိုလူနှင့် ဘုရားသခင်ကို ဒေါသထွက်ကြသည်။ ၎င်းတို့၏ အဆုံးစွန်သော ရည်မှန်းချက် ဖြစ်မြောက်အောင်မြင်ရန်အလို့ငှာ ဆက်လက် ဟန်ဆောင်ကြသည်၊ မရှိဆင်းရဲသားများကို ဆက်လက် ပေးကမ်းကြပြီး စိတ်ရှည်မြဲ စိတ်ရှည်ကာ သည်းခံမြဲ သည်းခံကြသည်။ ၎င်းတို့သည် နှိမ့်ချကြသည့်ပုံပေါ်ကြသည်၊ ၎င်းတို့က သဒ္ဓါတရားထက်သန်စွာ စကားပြောကြသည်၊ အခြားသူများကို လုံးဝ ထိခိုက်နာကျင်စေခြင်း မရှိကြသကဲ့သို့ လူတို့က မိမိတို့ကိုယ်ကို သိရှိရန် ကြိုးစားကြသည့်အခါ နှစ်သိမ့်မှုကို မကြာခဏ ပေးကြလေသည်။ တစ်စုံတစ်ဦးက “ကျွန်ုပ် ပုန်ကန်ပါသည်။ ကျွန်ုပ်သည် နတ်ဆိုးနှင့် စာတန်ဖြစ်သည်”ဟု ပြောသည်။ ၎င်းတို့က “သင်သည် နတ်ဆိုး သို့မဟုတ် စာတန် မဟုတ်ပါ။ ဤသည်မှာ သေးငယ်သည့် ပြဿနာတစ်ခုသာ ဖြစ်သည်။ သင့်ကိုယ်သင် အလွန် မနှိမ့်ချလိုက်နှင့်၊ ပြီးလျှင် သင့်ကိုယ်သင် အထင်မသေးနှင့်။ ဘုရားသခင်က ကျွန်ုပ်တို့ကို ပြုစုပျိုးထောင်ပြီး ဖြစ်သည်။ ကျွန်ုပ်တို့သည် သာမန်လူများ မဟုတ်သကဲ့သို့ သင့်ကိုယ်သင် မသေးသိမ်စေရပေ။ သင်သည် ကျွန်ုပ်ထက် များစွာ ပိုကောင်းသည်။ ကျွန်ုပ်သည် သင့်ထက် ပိုမို ဖောက်ပြန်ပျက်စီးသည်။ သင်သည် နတ်ဆိုးတစ်ကောင်ဖြစ်လျှင် ကျွန်ုပ်သည် ကောက်ကျစ်ဆိုးယုတ်သည့် နတ်ဆိုးတစ်ကောင် ဖြစ်သည်။ သင်သည် ကောက်ကျစ်ဆိုးယုတ်သည့် နတ်ဆိုးတစ်ေကောင်ဖြစ်လျှင် ကျွန်ုပ်သည် ငရဲသို့ ဆင်းသွားရမည်ဖြစ်ပြီး ထာဝရပြစ်ဒဏ်ကို ခံစားရမည်ဖြစ်သည်”ဟု ပြန်ပြောကြသည်။ ဤသည်မှာ လူတို့ကို ၎င်းတို့ ကူညီကြပုံ ဖြစ်သည်။ တစ်စုံတစ်ဦးက ဘုရားအိမ်တော်၏ အကျိုးစီးပွားများ သို့မဟုတ် အသင်းတော်၏ အလုပ်ကို ဆုံးရှုံးမှုတစ်ခု ဖြစ်စေခြင်းအား ဝန်ခံလျှင် အန္တိခရစ်များက ၎င်းတို့ကို “သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ် အသင်းတော်၏ အလုပ်အား ဆုံးရှုံးမှုတစ်ခုဖြစ်စေခြင်းနှင့် အနည်းငယ် လမ်းလွဲခြင်းက အရေးကြီးသည့် ကိစ္စ မဟုတ်ပါ။ ကျွန်ုပ်သည် ယခင်က သင့်ထက် များစွာ ပိုမိုကြီးမားသည့် ဆုံးရှုံးမှုများကို ဖြစ်စေပြီးဖြစ်ကာ များစွာ ပိုမို မရိုးဖြောင့်သည့်လမ်းကြောင်းများကို ကျွန်ုပ် သွားပြီးဖြစ်သည်။ အနာဂတ်တွင် အမှုအရာများအား သင်၏ လုပ်ဆောင်ပုံကိုသာ ပြောင်းလဲလော့၊ ထိုအရာသည် ပြဿနာတစ်ခု မဟုတ်ပါ။ ထိုအရာကို သင်၏ စိတ်နှလုံးက မခံနိုင်ကြောင်း ခံစားရလျှင် ကျွန်ုပ်၌ ငွေအချို့ရှိပြီး သင့်အတွက် ထိုဆုံးရှုံးမှုများကို ထေမိအောင် ပြုလုပ်ပေးမည်။ ထို့ကြောင့် ဝမ်းမနည်းပါနှင့်။ အနာဂတ်တွင် သင်၌ ပြဿနာတစ်ခုတလေ ရှိလျှင် ကျွန်ုပ်ထံသို့သာ လာလော့၊ ပြီးလျှင် သင့်ကို ကူညီဖို့ ကျွန်ုပ် တတ်နိုင်သမျှ လုပ်ဆောင်မည်ဖြစ်ပြီး ကျွန်ုပ်လုပ်နိုင်သည့်အရာ မည်သည့်အရာကိုမဆို ချက်ချင်း လုပ်ပေးမည်”ဟု ပြောကြလေသည်။ ၎င်းတို့တွင် “ကိုယ်ရေးကိုယ်တာ သစ္စာစောင့်သိမှု”နှင့်ဆိုင်သည့် ဤအသိစိတ် ရှိကြသော်လည်း အမှန်တကယ် အဘယ်အရာအတွက် ဤအရာကို ၎င်းတို့ လုပ်ဆောင်နေကြသနည်း။ ၎င်းတို့က သင့်ကို အမှန်တကယ် ကူညီနေကြသလော။ ၎င်းတို့က သင့်ကို ဒုက္ခပေးနေကြခြင်း ဖြစ်သည်၊ သင့်ကို မြောင်းတစ်ခုထဲသို့ ဦးတည်ခေါ်ဆောင်နေကြခြင်း ဖြစ်သည်။ သင်သည် စာတန်၏ စုံစမ်းသွေးဆောင်မှုထဲသို့ ကျဆင်းပြီးဖြစ်သည်။ ၎င်းတို့သည် သင့်အတွက် ကျင်းတစ်ခုကို တူးပြီး သင်က တည့်တည့် ခုန်ဆင်းနေသည်။ သင်သည် ထောင်ချောက်ထဲကျရောက်ပြီး ထိုနေရာတွင် အဆင်ပြေသည်ဟု တွေးနေဆဲဖြစ်ကာ သိပင်မသိလိုက်ဘဲ ဤအန္တိခရစ်၏ ဖျက်ဆီးခြင်းခံရသည်။ ဆင်ခြင်ဉာဏ် မဲ့လိုက်လေခြင်းပါတကား။ ဤသည်မှာ အန္တိခရစ်များက လူတို့ကို ဆက်ဆံပုံ၊ အထင်အမြင်မှားစေပြီး ဒုက္ခပေးပုံ ဖြစ်သည်။ အန္တိခရစ်က “ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သင် အနည်းငယ်မျှသာ စဉ်းစားပေးပြီး အနာဂတ်တွင် အနည်းငယ် ဂရုစိုက်ပေးလျှင် အဆင်ပြေသည်။ ဤကိစ္စကို ပြင်၍ရသည်၊ မည်သူကမျှ ရည်ရွယ်ချက်ရှိရှိဖြင့် ထိုအရာကို လုပ်မည် မဟုတ်ပါ။ ကျွန်ုပ်တို့ထဲမှ မည်သူသည် စုံလင်သောလူတစ်ဦး ဖြစ်နိုင်သနည်း။ ကျွန်ုပ်တို့ထဲမှ မည်သူမျှ မစုံလင်ပါ။ ကျွန်ုပ်တို့အားလုံး ဖောက်ပြန်ပျက်စီးကြသည်။ ကျွန်ုပ်သည် သင့်ထက် များစွာ သာ၍ ဆိုးရွားခဲ့ဖူးသည်။ အနာဂတ်တွင် အချင်းချင်း တိုက်တွန်းခွန်အားပေးကြစို့။ ထို့အပြင် ဘုရားအိမ်တော်က ဆုံးရှုံးမှုအချို့ ခံစားရလျှင်ပင် ဘုရားက ထိုအရာများကို အောက်မေ့မည် မဟုတ်ပါ။ ဘုရားသည် လူသားအပေါ် အလွန် ခွင့်လွှတ်တတ်ပြီး သည်းခံတတ်သည်။ ကျွန်ုပ်တို့က အချင်းချင်းအပေါ် သည်းခံခြင်းပြနိုင်လျှင် ဘုရားက သာ၍ပင် သည်းခံနိုင်စွမ်းရှိရမည် မဟုတ်လော။ ကျွန်ုပ်တို့၏ ပြစ်မှားမှုများကို အောက်မေ့မည် မဟုတ်ဟု ဘုရားက ပြောလျှင် ကျွန်ုပ်တို့၌ ပြစ်မှားမှုတစ်ခုမျှ မရှိတော့”ဟု ပြောလေသည်။ လူတစ်ဦးက မည်မျှကြီးမားသည့် အမှားတစ်ခုကို လုပ်ဆောင်ကောင်း လုပ်ဆောင်မိနိုင်သည်ဖြစ်စေ အန္တိခရစ်က ၎င်းတို့၏ နှလုံးသား မည်မျှကြီးမားသည်၊ ၎င်းတို့ မည်မျှ စေတနာရှိသည်၊ ကြီးမြတ်ပြီး သည်းခံတတ်သည်ဟူသည်တို့ကို ပြလျက် ထိုအမှားအား ရယ်စရာတစ်ခုဖြင့် ဖော့ပြောလိုက်ပြီး မသိကျိုးကျွန်ပြုလိုက်ကြလေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဤအရာက လူတို့အား ဘုရားသခင်သည် သူ၏ မိန့်မြွတ်ချက်များတွင် လူတို့ကို အမြဲ ဖော်ထုတ်နေသည်၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ပတ်သက်၍ အမြဲ ရေးကြီးခွင့်ကျယ်လုပ်နေပြီး လူတို့ကို အမြဲ အပြစ်မရှိ အပြစ်ရှာနေသည်ဟု လွဲမှားစွာ ယုံကြည်စေသည်။ လူတစ်ဦးက ပြစ်မှားမိလျှင် သို့မဟုတ် ပုန်ကန်မိလျှင် ဘုရားက ထိုသူကို တရားစီရင်ပြီး ပြစ်တင်ဆုံးမကာ သူသည် လူတို့ကို ညှတာထောက်ထားခြင်း မရှိသည့်အလား ထင်ရသည်။ သို့သော် အန္တိခရစ်သည် အခြေအနေအားလုံးတွင် လူတို့ကို သည်းခံကာ ခွင့်လွှတ်ပေးနိုင်သည်။ ၎င်းတို့သည် အလွန် ကြီးမြတ်ပြီး လေးစားခြင်းခံရကြသည်။ ဤသည်မှာ ပကတိအခြေအနေ မဟုတ်သလော။ “ဘာသာတရားမရှိသူများ၌ ‘ဥစ္စာပစ္စည်းများစွာ ရှိသည့် အိမ်ထောင်စုကြီးတစ်ခုတွင် အနည်းငယ် ဖြုန်းတီးမှုက ဘာမျှမဟုတ်ပါ’ဟူသည့် ဤဆိုရိုးစကား ရှိသည်။ ဘုရားအိမ်တော်က အလွန်ကြီးမားပြီး ဘုရားက အလျှံပယ် ကောင်းချီးများ ပေးသည်။ အနည်းငယ် ဖြုန်းတီးမိခြင်းက အရေးကြီးကိစ္စ မဟုတ်ပါ။ ဘုရားသည် ကျွန်ုပ်တို့အပေါ် အလွန်များစွာ ပေးသနားသည်။ ကျွန်ုပ်တို့သည် များစွား ဖြုန်းတီးမိပြီး ဖြစ်သည် မဟုတ်လော။ ဘုရားက ကျွန်ုပ်တို့အပေါ် မည်သည့်အရာကို လုပ်ဆောင်လေပြီနည်း။ ဘုရားက ထိုအရာအားလုံးကို သည်းခံပြီးဖြစ်သည် မဟုတ်လော။ လူသည် အားနည်းပြီး ဖောက်ပြန်ပျက်စီးက ဘုရားက ဤအရာကို အချိန်ကြာမြင့်စွာက မြင်ခဲ့သည်။ ထို့ကြောင့် ထိုအရာကို သူ မြင်ပြီးဖြစ်လျှင် အဘယ်ကြောင့် ငါတို့ကို အပြစ်ဒဏ်မပေးသနည်း။ ဤအရာက ဘုရားသည် စိတ်ရှည်ပြီး သနားကရုဏာနှင့်ပြည့်စုံသည်ကို သက်သေပြသည်”ဟု ပြောသည့် အန္တိခရစ်အချို့လည်း ရှိကြလေသည်။ ဤသို့ ပြောခြင်းသည် မည်သည့်အရာမျိုး ဖြစ်သနည်း။ ၎င်းတို့သည် လူတို့ကို အထင်အမြင်လွဲစေကာ စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျဆင်းစေဖို့၊ ထိုသူတို့၏ ရူပါရုံကို အဖျက်အမှောင့်လုပ်ကာ ထိုသူတို့ကို ဆုံးဖြတ်ချက်လွဲမှားစေဖို့နှင့် ဘုရားသခင်ကို အထင်အမြင်လွဲမှားစေဖို့အတွက်၊ ထိုသူတို့အနေဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံလိုသည့် လိုအင်ဆန္ဒ သို့မဟုတ် ဆန္ဒတစ်စက်မျှပင် မရှိကြဖို့ရန်အလို့ငှာ မှန်ကန်ပြီး လူတို့၏ အယူအဆများနှင့် ကိုက်ညီပုံရသည့် စကားလုံးများကို အသုံးပြုကြလေသည်။ အန္တိခရစ်များ၏ သွေးထိုးခြင်း၊ အထင်အမြင်မှားစေခြင်းနှင့် တလွဲလမ်းညွှန်ခံရခြင်းတို့ဖြင့် လူတို့သည် မိမိတို့တွင်ရှိသည့် အနည်းငယ်သော အသိစိတ်ကို ဆုံးရှုံးကြပြီး အားလုံးက အန္တိခရစ်များကို စတင်လိုက်နာကာ ကျိုးနွံနာခံကြလေသည်။
အန္တိခရစ်များသည် အခြားလူများ အနီးဝန်းကျင်တွင် ရှိသည့်အခါ ဟန်ဆောင်ရာ၌ အထူးသဖြင့် ကျွမ်းကျင်ကြသည်။ ဖာရိရှဲများကဲ့သို့ပင် ၎င်းတို့သည် အပြင်ပန်းအားဖြင့် လူတို့အပေါ် အလွန် သည်းခံပြီး စိတ်ရှည်၊ နှိမ့်ချကာ စိတ်ထားကောင်းသည့် ပုံပေါ်ကြသည်။ ၎င်းတို့သည် လူတိုင်းကို အလွန် သက်ညှာပြီး သည်းခံသည်ဟု ထင်ရသည်။ ပြဿနာများကို ကိုင်တွယ်သည့်အခါ ၎င်းတို့၏ အဆင့်အတန်းမှနေ၍ လူတို့အပေါ် မည်မျှ အလွန့်အလွန် သည်းခံသည်ကို အမြဲ ပြကြပြီး သွင်ပြင်လက္ခဏာတိုင်းတွင် ၎င်းတို့က အခြားသူတို့ကို ချစ်တီးခေါင်းသန်းရှာမလုပ်ဘဲ ၎င်းတို့ မည်မျှကြီးမြတ်ကာ ကြင်နာတတ်သည်ကို လူတို့အား ပြသလျက် စိတ်ထားမြင့်မြတ်ပြီး သဘောထားကြီးသည့်ပုံပေါ်ကြသည်။ လက်တွေ့တွင် အန္တိခရစ်များသည် ဤအနှစ်သာရများကို အမှန်တကယ် ပိုင်ဆိုင်ကြသလော။ ၎င်းတို့သည် အခြားသူတို့၏ ကောင်းကျိုးအတွက် ပြုမူဆောင်ရွက်ကြသည်၊ လူတို့ကို သည်းခံကြပြီး အခြေအနေအားလုံးတွင် လူတို့ကို ကူညီနိုင်ကြသော်လည်း ဤအရာများကို လုပ်ဆောင်ခြင်းအတွက် ၎င်းတို့၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့အနေဖြင့် လူတို့ကို စည်းရုံးသိမ်းသွင်းကာ လူတို့၏ ထောက်ခံမှုကို ဝယ်ယူရန် မကြိုးစားလျှင် ဤအရာများကို လုပ်ဆောင်နေကြဦးမည်လော။ ဤသည်မှာ နောက်ကွယ်တွင် အန္တိခရစ်များ၏ ပကတိအခြေအနေ ဖြစ်သလော။ ၎င်းတို့သည် အခြားလူတို့အနီးဝန်းကျင်တွင် ရှိသည့်အခါ ဖြစ်ပုံရသည့်အတိုင်း အမှန်တကယ် ဖြစ်ကြသလော။ အခြားလူတို့အပေါ် နှိမ့်ချ၊ စိတ်ရှည်ပြီး သည်းခံကာ အခြားသူတို့ကို ချစ်ခြင်းမေတ္တာဖြင့် ကူညီကြသလော။ ထိုသို့သော အနှစ်သာရနှင့် ထိုသို့သော စိတ်သဘောထားတစ်ခုကို ၎င်းတို့ ပိုင်ဆိုင်ကြသလော။ ဤသည်မှာ ၎င်းတို့၏ စရိုက်လက္ခဏာ ဖြစ်သည့်အရာလော။ လုံးဝ မဟုတ်ပေ။ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် ဟန်ဆောင်မှုဖြစ်ပြီး သာ၍ပင်များသော လူတို့က မိမိတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့အပေါ် အကောင်းမြင်လာကြစေရန်အတွက်လည်းကောင်း၊ လူတို့အနေဖြင့် မိမိတို့တွင် ပြဿနာရှိသည့်အခါ ၎င်းတို့ကို ပထမဆုံး သတိရပြီး ၎င်းတို့၏ အကူအညီကို ရှာကြရန်အလို့ငှာ လူတို့ကို အထင်အမြင်မှားစေပြီး လူတို့၏ ထောက်ခံမှုကို ဝယ်ယူရန်အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤရည်မှန်းချက် ဖြစ်မြောက်အောင်မြင်ရန်အလို့ငှာ အန္တိခရစ်များသည် အခြားသူတို့အနီးဝန်းကျင်တွင် ကြွားဝါရန်၊ မှန်ကန်သည့်အရာများကို ပြောဆို၊ လုပ်ဆောင်ရန် တမင် ကြံစည်ကြလေသည်။ ၎င်းတို့ စကားမပြောမီတွင် ၎င်းတို့စိတ်များထဲ၌ မိမိတို့၏ စကားများကို အကြိမ်မည်မျှ စစ်ထုတ်ကာ ပြုပြင်လိမ့်မည်ဟူသည်ကို မည်သူသိမည်နည်း။ ၎င်းတို့သည် မိမိတို့၏ ထားသိုပုံ၊ အသုံးအနှုန်းများ၊ အသံအနိမ့်အမြင့်၊ အသံတို့အပြင် လူတို့ကို ၎င်းတို့ပေးသည့် အသွင်အပြင်နှင့် ၎င်းတို့ စကားပြောသည့် လေသံတို့ကိုပင်လျှင် တွေးဆရင်း တမင် လျှို့ဝှက်ကြံစည်ကာ ဦးနှောက်ခြောက်ခံ စဉ်းစားကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့က မည်သူ့ကို စကားပြောနေသည်၊ ထိုလူက အသက်ကြီးသလော၊ အသက်ငယ်သလော၊ ထိုလူ၏ အဆင့်အတန်းက ၎င်းတို့ကိုယ်ပိုင် အဆင့်အတန်းထက် မြင့်သလော၊ နိမ့်သလော၊ ထိုလူက ၎င်းတို့ကို လေးစားအထင်ကြီးခြင်း ရှိမရှိ၊ ထိုလူက ၎င်းတို့ကို တိတ်တခိုး မကျေမချမ်းဖြစ်ခြင်း ရှိမရှိ၊ ထိုလူ၏ ပင်ကိုစရိုက်က ၎င်းတို့ကိုယ်ပိုင် ပင်ကိုစရိုက်နှင့် သဟဇာတဖြစ်မဖြစ်၊ ထိုလူက မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဆိုသည်နှင့် အသင်းတော်တွင်လည်းကောင်း၊ ညီအစ်ကို မောင်နှမများ၏ စိတ်နှလုံးများတွင်လည်းကောင်း ထိုသူ၏ ရာထူးက မည်သည့်ပုံစံရှိသည် ဟူသည်တို့ကို ၎င်းတို့က တွေးဆကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို သေချာစွာ လေ့လာကာ အာရုံစူးစိုက်စွာဖြင့် တွေးဆကြလိမ့်မည်ဖြစ်ပြီး ယင်းတို့ကို တွေးဆပြီးသည်နှင့် တစ်ပြိုင်နက် လူမျိုးစုံကို ချဉ်းကပ်ရမည့် နည်းလမ်းများ အကြံရလာကြလေသည်။ မတူညီကွဲပြားသော လူအမျိုးအစားများကို အန္တိခရစ်များက မည်သည့်နည်းလမ်းများဖြင့် ဆက်ဆံသည်ဖြစ်စေ ၎င်းတို့၏ ရည်မှန်းချက်မှာ လူတို့အား ၎င်းတို့ကို အထင်ကြီးလေးစားစေဖို့၊ လူတို့အား ၎င်းတို့ကို တန်းတူအဖြစ် မမြင်စေတော့ဘဲ ထို့ထက် ၎င်းတို့ကို ကြည်ညိုစေဖို့၊ ၎င်းတို့ စကားပြောသည့်အခါ ပို၍ပင်များသည့် လူတို့အား ၎င်းတို့ကို လေးစားကာ ကြည်ညိုစေဖို့၊ အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်အခါ ၎င်းတို့ကို ထောက်ခံချက်ပေးစေပြီး ၎င်းတို့နောက်လိုက်စေဖို့၊ ပြီးလျှင် အမှားတစ်ခုကို ၎င်းတို့ ပြုလုပ်မိသည့်အခါ ၎င်းတို့ကို လွတ်ငြိမ်းခွင့်ပေးပြီး ကာကွယ်ပေးစေဖို့နှင့် ၎င်းတို့ဘက်တွင် ပို၍ပင်များသည့် လူတို့ကို တိုက်ခိုက်စေကာ ၎င်းတို့ ထုတ်ဖော်ပြခံရပြီး ငြင်းပယ်ခံရသည့်အခါ ၎င်းတို့ကိုယ်စား ခါးသီးစွာ စောဒကတက်စေဖို့နှင့် ဘုရားသခင်ကို ငြင်းခုံကာ ဆန့်ကျင်ရန် ရပ်တည်စေဖို့ရန် ဖြစ်သည်။ ၎င်းတို့အနေဖြင့် အာဏာမရှိတော့သည့်အခါ ကူညီမည့်လူ၊ အားပေးမှုပြပြီး ၎င်းတို့အတွက် ရပ်တည်ပေးမည့်လူ များပြားစွာ ရှိအောင် လုပ်ဆောင်နိုင်စွမ်း ရှိလေသည်။ ယင်းက အန္တိခရစ်များအနေဖြင့် အသင်းတော်တွင် တမင်သက်သက် လျှို့ဝှက်ကြံစည်၍ ပျိုးထောင်ထားသည့် အဆင့်အတန်းနှင့် အာဏာတို့သည် လူတို့၏ စိတ်နှလုံးများတွင် နက်ရှိုင်းစွာ အမြစ်တွယ်သွားပြီးဖြစ်ကြောင်းနှင့် ၎င်းတို့၏ “ဒုက္ခခံ၍ အားထုတ်မှု”သည် အချည်းနှီး မဖြစ်ကြောင်းတို့ကို ပြသပေသည်။
အန္တိခရစ်တို့သည် လူတို့ကြားတွင်ရှိသည့် မိမိတို့၏ အဆင့်အတန်း၊ ဂုဏ်သိက္ခာ၊ ဂုဏ်သတင်းနှင့် ဩဇာအာဏာတို့ကို စီမံကာ ကိုင်တွယ်ရန် အစွမ်းကုန် ကြိုးပမ်းကြသည်။ ၎င်းတို့သည် အချောင်ခိုခြင်း၊ စိတ်ပျော့ညံ့ခြင်း ရှိကြလိမ့်မည် မဟုတ်သကဲ့သို့ ပို၍ပင် အမှုမဲ့အမှတ်မဲ့ ဖြစ်ကြလိမ့်မည် မဟုတ်ပေ။ လူတိုင်း၏ မျက်လုံးများတွင်ရှိသည့် ဖော်ပြချက်၊ ထိုသူတို့၏ ပင်ကိုစရိုက်များ၊ ထိုသူတို့၏ နေ့စဉ် လုပ်ရိုးလုပ်စဉ်များ၊ ထိုသူတို့၏ လိုက်စားမှုများ၊ အပြုသဘောနှင့် အပျက်သဘောဆောင်သည့်အရာများအပေါ် ထိုသူတို့၏ သဘောထားများကို ၎င်းတို့ စောင့်ကြည့်လေ့လာကြပြီး အခြားလူတိုင်း၏ ယုံကြည်ခြင်း၊ ဘုရားသခင်ကို ယုံကြည်မှုတွင် ရှိသည့် သစ္စာစောင့်သိမှုအပြင် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံခြင်းနှင့် မိမိတို့၏တာဝန်များကို ထမ်းဆောင်ခြင်း စသည်တို့အပေါ် ထိုသူတို့၏ သဘောထားများကို ၎င်းတို့ စောင့်ကြည့်လေ့လာကြလေသည်။ ၎င်းတို့သည် ဤအရာများအပေါ် အလွန်အားထုတ်ကြသည်။ ထို့ကြောင့် ၎င်းတို့တွင်ရှိသည့် ဤသဘောထားအရ ၎င်းတို့သည် သမ္မာတရားကို လိုက်စားပြီး ၎င်းတို့အား ပိုင်းခြားသိမြင်နိုင်သောသူတို့ကို ရှောင်ရှားပြီး သတိထားကြကာ ထိုသို့သော လူများအနီးတွင်ရှိသည့်အခါ သတိရှိစွာ စကားပြောပြီး ပြုမူဆောင်ရွက်ကြလေသည်။ အတော်အတန် အားနည်းသော ပင်ကိုစရိုက်များရှိသည့် လူများ၊ မကြာခဏ အပျက်သဘောဆောင်ပြီး သမ္မာတရားကို နားမလည်သည့်လူများနှင့် စဉ်းစားဉာဏ်မရှိသကဲ့သို့ သမ္မာတရားအပေါ် သဘောပေါက်နားလည်မှု အားနည်းသည့် အချို့သောလူတို့ အနီးတွင်ရှိသည့်အခါ မိမိတို့ကိုယ်ကို ပြသဖို့ တတ်နိုင်သမျှ မကြာခဏ လုပ်ဆောင်ကြသည်။ ဆက်ကပ်ပြကွက်တစ်ခုကဲ့သို့ သရုပ်ဆောင်မှုတစ်ခုကို စဉ်ဆက်မပြတ် တင်ဆက်ကာ သရုပ်ဆောင်မှုကို တင်ဆက်ဖို့ အခွင့်အရေးတိုင်းကို မရမကရယူနေကြလေသည်။ ဥပမာအနေဖြင့် စုဝေးပွဲများတွင် ရှိသည့်အခါ လူအများစုက ၎င်းတို့ကို အသိအမှတ်ပြုကြသည်၊ လူနည်းစုက ၎င်းတို့ကို စက်ဆုပ်ရွံရှာစိတ် ဖြစ်ကြပြီး ပို၍ပင်များသော လူတို့သည် ၎င်းတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိကြပေ။ ထို့ကြောင့် ၎င်းတို့သည် စတင်သရုပ်ဆောင်ကြပြီး မိတ်သဟာယပြုဖို့ အခွင့်အရေးများကို ရှာကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အတွေ့အကြုံများ၊ ၎င်းတို့၏ အတိတ်မှ “ဂုဏ်ကျက်သရေရှိသော သမိုင်းကြောင်း”၊ ဘုရားအိမ်တော်၌ ၎င်းတို့ စွမ်းဆောင်ရရှိပြီးဖြစ်သည့် ကောင်းကျိုးများနှင့် အထက်က ၎င်းတို့ကို အသိအမှတ်ပြုကာ ကိုယ်တိုင်ကိုယ်ကျ ပြုပြင်ပုံတို့ကိုပင် မိတ်သဟာယပြုကြသည်။ ဤကဲ့သို့သော အခွင့်အရေးတစ်ခုကိုပင် ၎င်းတို့က လက်လွတ်မခံနိုင်ကြပေ။ ၎င်းတို့ မည်သူနှင့်ရှိသည်ဖြစ်စေ၊ မည်သည့်အချိန်အခါတွင် ရှိသည်ဖြစ်စေ အန္တိခရစ်များက တစ်ခုတည်းသော အမှုအရာကိုသာ လုပ်ဆောင်ကြသည်။ ၎င်းတို့ သရုပ်ဆောင်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ဟိတ်ဟန်ဖြင့် ပြောဆိုပြုမူတတ်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ အနှစ်သာရဖြစ်၏။ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြ၊ ကောက်ကျစ်ဆိုးယုတ်ပြီး အရှက်မဲ့ကြသည်။ ၎င်းတို့၏ သရုပ်ဆောင်မှုများတွင် ၎င်းတို့သည် မည်မျှအထိ လုပ်ဆောင်ကြသနည်း။ အချို့ကို သင်တို့ဘာသာ မျက်မြင်ကြုံတွေ့ပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။ ၎င်းတို့ထဲမှ အချို့သည် သရုပ်ဆောင်နေကြခြင်း၊ ကြွားဝါနေခြင်း၊ လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းကာ အခြားသူတို့အား မိမိတို့အပေါ် အထင်ကြီးစေရန် အခွင့်အရေး အမိအရ အသုံးချခြင်းတို့ကို ရှင်းလင်းစွာ မြင်ရနိုင်သည်။ အချို့သော လူတို့က ၎င်းတို့ကို အထင်သေးကြသည်၊ အချို့က လျစ်လျူရှုကြပြီး လှောင်ပင်လှောင်ပြောင်ကြသော်လည်း ၎င်းတို့က ဂရုမစိုက်ကြပေ။ မည်သည့်အရာကို ၎င်းတို့ ဂရုစိုက်ကြသနည်း။ ၎င်းတို့ ဂရုစိုက်သည့်အရာမှာ လူတို့က အလွန်အမင်းအထင်ကြီးသွားစေမည့် ၎င်းတို့၏ သရုပ်ဆောင်မှု၊ အမှုအရာများအား ၎င်းတို့ ပြောဝံ့ကြပုံ၊ ၎င်းတို့တွင် ရဲရင့်ခြင်း၊ ခေါင်းဆောင်မှုဟန်၊ ခေါင်းဆောင်မှုပါရမီ၊ လူတိုင်းရှေ့တွင် ပရိသတ်ကို ရင်ဆိုင်ရာ၌ လန့်ဖျပ်ခြင်းမဖြစ်သည့် သတ္တိနှင့် ထို့ထက်ပို၍ပင် အရာရာကို ကြောက်စိတ်ဝင်ခြင်းမရှိဘဲ ကိုင်တွယ်နိုင်စွမ်းရှိခြင်းတို့ကို လူတို့အား မြင်တွေ့အောင် လုပ်ခြင်းတို့ ဖြစ်သည်။ ၎င်းတို့အနေဖြင့် လူတို့အား ဤအရာများကို နားလည်စေကာ မြင်စေပြီးသည့်အခါ စိတ်ကျေနပ်ကြပြီး ထို့ကြောင့် ထိုသို့လုပ်ဆောင်ဖို့ အခွင့်အရေးရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ တတ်နိုင်သမျှ သရုပ်ဆောင်ကြခြင်း ဖြစ်ပြီး ၎င်းတို့သည် အထိန်းအကွပ်မရှိဘဲ၊ သိက္ခာစောင့်စည်းမှု တစ်ခုမျှမရှိဘဲ၊ မည်သည့် အရှက်မျှမရှိဘဲ သရုပ်ဆောင်ကြလေသည်။ ဤသည်မှာ အန္တိခရစ်တို့ လုပ်ဆောင်သည့်အရာ ဖြစ်သည်။ ငါသည် စုဝေးပွဲများတွင် အဓိကအကြောင်းအရာကို အမြဲ မိတ်သဟာယပြုပါက ငါ စကားပြောသည်ကို နားထောင်နေစဉ် အချို့က ငိုက်မျဉ်းကြသည်။ သို့မဟုတ်လျှင် အဓိကအကြောင်းအရာကို ငါ မိတ်သဟာယ ပြုနေချိန်တွင် လူတို့၏ စိတ်များသည် အခြားသောအရာများကို စဉ်းစားနေဆဲဖြစ်ပြီး ငါ ပြောနေသည့်အရာကို အာရုံစိုက်ရန် ၎င်းတို့အတွက် မလွယ်ကူပေ။ ဤကဲ့သို့သော အခြေအနေများတွင် ငါသည် အနည်းငယ် စကားစမြည်ပြောသည်၊ ပုံပြင်တစ်ပုဒ်ကို ပြောပြသည် သို့မဟုတ် ရယ်စရာတစ်ခု ပြောပြသည်။ ဤအရာများနှင့် ပုံပြင်များသည် ပုံမှန်အားဖြင့် လူတို့က မိမိတို့ အသက်တာများတွင် ထုတ်ဖော်ပြသည့် အချို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၊ အခြေအနေများနှင့် ပတ်သက်ပေသည်။ လူတို့အနေဖြင့် အနည်းငယ် ပိုမို နားလည်နိုင်ရန်အလို့ငှာ ၎င်းတို့ကို အနည်းငယ် နိုးထစေဖို့အတွက် ပုံပြင်များကို ငါ အသုံးပြုခြင်း ဖြစ်သည် သို့မဟုတ် ဟာသတစ်ခုကို ပြောပြရခြင်းဖြစ်သည်။ အန္တိခရစ်များက ဤအရာကို မြင်သည့်အခါ “သင်သည် စုဝေးပွဲများ၌ သင်၏ တရားဒေသနာများတွင် ရယ်စရာများ ထည့်ပြောသည်။ ငါသည်လည်း ပြောနိုင်သည်။ ငါသည်လည်း သင့်လောက် တော်ပါသည်။ ငါသည် ညံ့ဖျင်းသည့် ဟာသလေးတစ်ခုကိုသာ တစ်ချက်မျှ ပြောပြီး လူတိုင်းကို ဝါးခနဲ ရယ်အောင်လုပ်မည်ဖြစ်ကာ လူတိုင်း ထိုဟာသကို နှစ်သက်ကြမည် ဖြစ်သည်။ ယင်းမှာ ကောင်းလိုက်လေခြင်းပါတကား။ ငါသည် ပုံပြင်တစ်ပုဒ်ကို သာမန်ကာလျှံကာသာ ပြောလိုက်မည်ဖြစ်ပြီး ထို့နောက်တွင် မည်သူကမျှ စုဝေးပွဲများကို တက်ချင်တော့မည် မဟုတ်ပါ။ ငါ၏ ပုံပြင်များကိုသာ သူတို့ နားထောင်ချင်ကြမည်ဖြစ်သည်”ဟု တွေးကြလေသည်။ ၎င်းတို့သည် ဤအရာနှင့်ပတ်သက်၍ ငါ့ကို ယှဉ်ပြိုင်ကြသည်။ ဤအရာနှင့်ပတ်သက်၍ ငါ့ကို ၎င်းတို့ ယှဉ်ပြိုင်ရာတွင် အဓိပ္ပာယ်တစ်ခုတလေ ရှိသလော။ ပုံပြင်များကို ငါ အဘယ်ကြောင့် ပြောသနည်း။ ငါ အဘယ်ကြောင့် စကားစမြည်ပြောခြင်းကို လုပ်ဆောင်သနည်း။ လူတို့သည် ငါ၏ စကားစမြည်ပြောဆိုခြင်းနှင့် ပုံပြင်များမှ အချို့သော အရာများကို နားလည်နိုင်ပြီး ဤအရာက ၎င်းတို့အား သမ္မာတရားကို သက်သောင့်သက်သာရှိသော နည်းလမ်းတစ်ခုဖြင့် နားလည်ရန် ကူညီပေးသည်။ ဤသည်မှာ ငါ၏ ရည်မှန်းချက်ဖြစ်၏။ သို့ရာတွင် အန္တိခရစ်များသည် ဤအရာကို အမိအရ အသုံးချပြီး “စုဝေးပွဲများတွင် အလွန် အရေးပါပြီး အရေးကြီးသည့် ထိုအချိန်အတောအတွင်း၌ သင်သည် စကားစမြည် ပြောဆိုခြင်းကို လုပ်ဆောင်သည်၊ ထို့ကြောင့် ကျွန်ုပ်လည်း လုပ်ဆောင်မည်”ဟု ဆိုလျက် ထိုအရာကို အခွင့်အရေးယူဖို့ ကြိုးစားကြလေသည်။ စကားစမြည် ပြောဆိုခြင်းသည် အမြဲ တူညီသလော။ ဤအမှိုက်သရိုက်များ ဖြစ်သည့် အန္တိခရစ်များသည် သမ္မာတရားကိုပင် နားမလည်ကြ။ ထို့ကြောင့် ၎င်းတို့၏ စကားစမြည်ပြောဆိုခြင်းမှ မည်သည့်အရာ ဖြစ်လာနိုင်သနည်း။ ၎င်းတို့၏ ပုံပြင်များ သို့မဟုတ် ဟာသများမှ မည်သည့်အရာ ဖြစ်လာနိုင်သနည်း။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့် ဤသားရဲတိရစ္ဆာန်များသည် သမ္မာတရားကို မိတ်သဟာယပြုခြင်း၊ ပုံပြင်များ ပြောပြခြင်းတို့နှင့်ဆိုင်သည့် လေးနက်သော ကိစ္စများကို အလွန်ပင် အပေါ်ယံဆန်စွာနှင့် သာမန်ကာလျှံကာ သဘောထားကြသည်။ ဤအရာကို မည်သည့် လူစားမျိုးတို့က လုပ်ဆောင်ကြသနည်း။ အန္တိခရစ်များ၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့် လူများနှင့် သမ္မာတရားကို မလိုက်စားသည့် လူတို့က ဤကဲ့သို့သော အရာများ လုပ်ဆောင်ရခြင်းကို နှစ်သက်ကြပေသည်။
ညီအစ်ကို မောင်နှမများ၏ မျက်လုံးများ၊ လူအများစု၏ မျက်လုံးများသည် အန္တိခရစ်များ ဆောင်ရွက်သည့် ဟန်ဆောင်သော လုပ်ရပ်များတွင် မည်သည့် အပြစ်အနာအဆာကိုမျှ လေ့လာဆန်းစစ်ပြီး ဖော်ထုတ်နိုင်ခြင်း မရှိလုနီးပါးပင် ဖြစ်လေသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် အန္တိခရစ်များက မိမိတို့၏ အပြစ်အနာအဆာများကို ဖုံးဖိကာ ဖုံးကွယ်ထားပြီး သင့်ကို မြင်ခွင့်ပေးမည်မဟုတ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ကောက်ကျစ်ဆိုးယုတ်သည့် ဘက်ခြမ်း၊ မိမိတို့၏ ကိုယ်ကျင့်တရားပျက်သော ဘက်ခြမ်းနှင့် မကောင်းသည့် ဘက်ခြမ်းကို မမြင်ကွယ်ရာတွင် ထိန်းသိမ်းထားကြသည်။ “မမြင်ကွယ်ရာ”ဟူသည်မှာ မည်သည့်နေရာ ဖြစ်သနည်း။ သင် မမြင်နိုင်သည့်နေရာများ၊ ဆိုလိုသည်မှာ ၎င်းတို့၏ အိမ်၊ လူမှုအဖွဲ့အစည်း၊ ၎င်းတို့၏ အလုပ်၊ ၎င်းတို့၏ ဆွေမျိုးများနှင့် မိတ်ဆွေများရှေ့တွင် ဖြစ်သည်။ ဤသည်တို့မှာ သင် မမြင်နိုင်သည့် သို့မဟုတ် ထိတွေ့ဆက်ဆံခြင်းမရှိသည့် နယ်ပယ်များဖြစ်သည်။ သင် မြင်နိုင်ပြီး ထိတွေ့နိုင်သည့် ၎င်းတို့၏ စကားများနှင့် အပြုအမူတို့သည် ဟန်ဆောင်မှုဖြစ်သည့် ၎င်းတို့၏ ဘက်ခြမ်း၊ ပြုပြင်ဖန်တီးမှုကြုံရသည့် ၎င်းတို့၏ ဘက်ခြမ်း လုံးလုံး ဖြစ်ပေသည်။ သင် မမြင်နိုင်သည့် ၎င်းတို့၏ ဘက်ခြမ်းမှာ ၎င်းတို့၏ စစ်မှန်သော အနှစ်သာရ၊ ၎င်းတို့၏ စစ်မှန်သော သဘောသဘာဝ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့၏ စစ်မှန်သော သဘောသဘာဝဟူသည်မှာ အဘယ်နည်း။ ၎င်းတို့၏ ဘာသာတရားမရှိသော မိသားစု အနီးဝန်းကျင်တွင် ရှိသည့်အခါ ၎င်းတို့သည် မကောင်းသည့် စကားမျိုးစုံဖြစ်သည့် စောဒကတက်ခြင်းများ၊ မကျေမချမ်းဖြစ်သော စကားများနှင့် အခြားသူတို့အပေါ် ရန်လိုသော စကားများ၊ ညီအစ်ကို မောင်နှမများကို ဝေဖန်ကာ ရှုတ်ချသည့် စကားများ၊ ဘုရားအိမ်တော်က မဖြောင့်မတ်ခြင်းအကြောင်း စောဒကတက်သည့် စကားများကို ပြောဆိုကြသည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ မချန်ထားဘဲ အနည်းငယ်မျှပင် ချုပ်တည်းခြင်းမရှိဘဲ ဤအရာများအားလုံးကို ပြောဆိုကြသည်။ ၎င်းတို့၏ ဆွေမျိုးများနှင့် မိတ်ဆွေများ အနီးဝန်းကျင်တွင်ရှိသည့်အခါ ၎င်းတို့သည် လောကီအကြောင်းကို ဆွေးနွေးကြပြီး အခြားမိသားစုများ အကြောင်းကို အတင်းပြောကြသည်။ ဘာသာတရားမရှိသူများ၏ လောကီဆန်သော လှုပ်ရှားမှုများအားလုံးတွင် ပါဝင်ကြပြီး မင်္ဂလာဆောင်များနှင့် အသုဘအခမ်းအနားများတွင်ပင် တက်ကြွစွာ ပါဝင်ကြသည်။ ၎င်းတို့သည် ဘာသာတရားမရှိသူများနှင့်အတူ အတင်းပြောကြသည်၊ အခြားသူတို့ကို ဝေဖန်ကာ ကျိန်ဆဲကြသည်၊ လူတို့အကြောင်း ကောလာဟလများကို ဖြန့်ပြီး ၎င်းတို့နောက်ကွယ်တွင် အသရေဖျက်ကြသည်။ ဤအရာများအားလုံးကို ၎င်းတို့ ပြောဆိုကြလေသည်။ ဘာသာတရား မရှိသူများထဲတွင် ရှိသည့်အခါ အခြားလူတို့နှင့် ဆက်ဆံနေစဉ်တွင် ၎င်းတို့သည် လူတို့ကို ကလိမ်ကျကြသည်၊ အုပ်စုများဖွဲ့ကြသည်၊ လူတို့ကို တိုက်ခိုက်ကြပြီး လုပ်ငန်းခွင်တွင် လူတို့ကို အမှုဆင်နိုင်ကြသည်၊ အခြားသူတို့နှင့်ပတ်သက်၍ မဟုတ်တမ်းတရားများ ပြောပြီး ပိုမိုမြင့်မားသည့် ရာထူးတစ်ခုရရှိဖို့ အခြားသူတို့ကို ချနင်းကြလေသည်။ ဤအရာများအားလုံးကိုလည်း ၎င်းတို့ လုပ်ဆောင်နိုင်ကြသည်။ ၎င်းတို့၏ မိသားစုများ သို့မဟုတ် ဘာသာတရားမရှိသူများနှင့်အတူရှိသည့်အခါ ၎င်းတို့သည် သည်းခံခြင်း၊ စိတ်ရှည်ခြင်း သို့မဟုတ် နှိမ့်ချခြင်း ရှိရမည့်အစား မိမိတို့၏ စစ်မှန်သည့် စရိုက်များကို လုံးဝ ထုတ်ဖော်ပြကြသည်။ ဘုရားအိမ်တော်တွင်မူ ၎င်းတို့သည် သိုးရေခြုံထားသည့် ဝံပုလွေများဖြစ်ပြီး ဘာသာတရားမရှိသူများ၊ ဘုရားသခင်ကို မယုံကြည်သည့်လူများ ကြားတွင်ရှိသည့်အခါ ၎င်းတို့၏ ဝံပုလွေမျက်နှာကို အားလုံးမြင်ဖို့အတွက် ထုတ်ဖော်ပြကြလေသည်။ ၎င်းတို့သည် ၎င်းတို့၏ အကျိုးအမြတ်များ၊ စကားတစ်ခွန်းအတွက်၊ ဆိုရိုးစကားတစ်ခုအတွက် ဘာသာတရားမရှိသူများအပေါ် တိုက်ခိုက်ကြပြီး ၎င်းတို့၏ မျက်နှာများနီရဲသွားသည်အထိတိုင် အသေးငယ်ဆုံးသော အကျိုးစီးပွားအတွက် ဘာသာတရားမရှိသူများနှင့် မပြီးနိုင်မဆုံးနိုင်အောင် ငြင်းခုံကြလိမ့်မည်။ ၎င်းတို့အနေဖြင့် ဘုရားအိမ်တော်တွင် မည်သည့် အကျိုးအမြတ်မျှ မရရှိလျှင် သို့မဟုတ် ပြုပြင်ခြင်းခံရလျှင် ၎င်းတို့ အိမ်သို့သွားပြီး ရုတ်ရုတ်သဲသဲ ဖြစ်စေကြသည်၊ ပြဿနာ ဖန်တီးကြပြီး ၎င်းတို့အပေါ် ၎င်းတို့၏ မိသားစုအား ကြောက်ရွံ့စေသည့် နည်းလမ်းတစ်ခုဖြင့် ပြုမူကြလေသည်။ ဘာသာတရားမရှိသူများကြားတွင် ၎င်းတို့တွင် ခရစ်ယာန် လူမှုရေးကျင့်ဝတ် မရှိသကဲ့သို့ ခရစ်ယာန်များ ပြုသင့်သကဲ့သို့ သက်သေခံခြင်း မရှိကြချေ။ ၎င်းတို့သည် လူသားပင်မဟုတ်၊ ဝံပုလွေစစ်စစ် ဖြစ်ကြသည်။ ဘုရားအိမ်တော်တွင်လည်းကောင်း၊ ညီအစ်ကို မောင်နှမများရှေ့တွင်လည်းကောင်း၊ ၎င်းတို့သည် ကတိများပြုကြသည်၊ ကျမ်းသစ္စာများ ကျိန်ဆိုကြသည်၊ မိမိတို့၏ စိတ်ပိုင်းဖြတ်ချက်များကို ဖော်ပြကြပြီး ၎င်းတို့အနေဖြင့် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် လိုလားပုံပေါက်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်းရှိသည်ဟု ထင်ရလေသည်။ သို့သော် ဘာသာတရားမရှိသူများကြားသို့ ၎င်းတို့ လာကြသည့်အခါ ၎င်းတို့၏ လိုက်စားမှုများနှင့် ယုံကြည်မှုများက ဘာသာတရားမရှိသူများ၏ ယုံကြည်မှုများနှင့် အတူတူပင် ဖြစ်သည်။ အချို့သည် ဘာသာတရားမရှိသူများ လုပ်ဆောင်သကဲ့သို့ပင် ထင်ရှားကျော်ကြားသူများ နောက်သို့ပင် လိုက်ကြပြီး ထင်ရှားကျော်ကြားသူများ နေ့တိုင်းဝတ်သည့်အရာ၊ ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖော်ခြင်း၊ ဆံပင်ကို ဖိုသီဖတ်သီ ဖြစ်စေခြင်းနှင့် မိတ်ကပ် ထူထူလိမ်းခြင်းတို့ကို အတုခိုးကြလေသည်။ ၎င်းတို့သည် လူနှင့်လည်းမတူ၊ သရဲတစ္ဆေနှင့်လည်း မတူကြပေ။ ၎င်းတို့သည် ဘဝက ရသအလွန်ပြည့်ဝသည်ဟု ခံစားရင်း နေ့တိုင်း ခေတ်ဆန်သော အဝတ်အစားများဝတ်ကာ ခေတ်ကို အမီလိုက်ကြပြီး ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးတွင် ဘာသာတရားမရှိသူများ အသက်ရှင်ကြသည့်ပုံစံအပေါ် စက်ဆုပ်သည့်ခံစားချက် လုံးဝ မရှိကြပေ။ အန္တိခရစ်များသည် အမှုအရာများစွာကို လုပ်ဆောင်ကြပြီး အသင်းတော်တွင် မိမိတို့ကိုယ်တိုင်အတွက် နေရာတစ်ခု သေချာစေရန်နှင့် လူတို့၏ စိတ်နှလုံးများတွင် ဂုဏ်သိက္ခာနှင့် အဆင့်အတန်း ရှိရန်အတွက် အစွမ်းကုန် အားထုတ်ကြသည်။ ဤအားထုတ်မှုကို ၎င်းတို့၏ ရည်မှန်းချက်များ ဖြစ်မြောက်အောင်မြင်ရန်နှင့် အခြားသူတို့အား ၎င်းတို့ကို အထင်ကြီးကာ ကိုးကွယ်စေရန်အတွက် လုံးဝ ပြုလုပ်ခြင်း ဖြစ်သည်။ ဤအပြုအမူများ၊ လုပ်နည်းကိုင်နည်းများနှင့် အပြင်ပန်း ထုတ်ဖော်ပြချက်များက မမြင်ကွယ်ရာတွင် ၎င်းတို့ အသက်ရှင်ပုံနှင့် သိသာထင်ရှားသော နှိုင်းယှဉ်ချက်တစ်ခု ဖြစ်စေပြီး လူတို့နောက်ကွယ်ရှိ ၎င်းတို့၏ လုပ်ရပ်များနှင့် အပြုမူတို့သည် ခရစ်ယာန်များ လုပ်ဆောင်သင့်သည့်အရာများ လုံးဝ မဟုတ်ပေ။ ထိုသို့သော သိသာထင်ရှားသည့် နှိုင်းယှဉ်ချက်တစ်ခုဖြင့် ၎င်းတို့ လုပ်ဆောင်သမျှတိုင်းနှင့် ညီအစ်ကို မောင်နှမများ အနီးဝန်းကျင်တွင် ထုတ်ဖော်ပြသမျှတိုင်းက ဟန်ဆောင်မှုချည်းသာဖြစ်ကြောင်း၊ ထိုအရာသည် စစ်မှန်ခြင်းမရှိသကဲ့သို့ သဘာဝကျသည့် ထုတ်ဖော်ပြချက်တစ်ခု မဟုတ်ကြောင်း ငါတို့ ဆုံးဖြတ်နိုင်သည်။ အန္တိခရစ်များသည် မိမိတို့၏ ရည်မှန်းချက်များကို ဖြစ်မြောက်အောင်မြင်ရန်အတွက်သာ ဟန်ဆောင်မှုကို လုပ်ဆောင်ကြသည်။ သို့မဟုတ်လျှင် ၎င်းတို့သည် ဤအရာများကို လုပ်ဆောင်ရန် လုံးဝ လိုက်လျောပေးကြမည် မဟုတ်ပေ။ ၎င်းတို့ လုပ်ဆောင်သည့်အရာနှင့် မမြင်ကွယ်ရာတွင် ၎င်းတို့၏ စိတ်သဘောထားများ၏ ထုတ်ဖော်ပြချက်များအပြင် ၎င်းတို့၏ ကိုယ်ပိုင်လိုက်စားမှုများအားဖြင့် အကဲဖြတ်သည့်အခါ ၎င်းတို့သည် ဆင်းရဲဒုက္ခကို ခါးစည်းခံခြင်းနှင့် အဖိုးအခပေးခြင်း သို့မဟုတ် ခရစ်ယာန်လမ်းကြောင်း လိုက်လျှောက်ခြင်းတို့ကို နှစ်သက်ရန် မဆိုထားနှင့်၊ သမ္မာတရားကို မချစ်ကြ၊ အပြုသဘောဆောင်သည့် အရာများကို မချစ်ကြ၊ ယဉ်ကျေးဖွယ်ရာအပြုအမူနှင့် တည်ကြည်ခြင်းတို့ကို မခုံမင်ကြပေ။ ထို့ကြောင့် ၎င်းတို့ ပြသသည့် ဤအပြုအမူကောင်းများသည် ၎င်းတို့၏ စိတ်နှလုံးများမှ ပေါက်ဖွားခြင်းမဟုတ်၊ ဆန္ဒအလျောက်မဟုတ်၊ စစ်မှန်ခြင်း မရှိဘဲ ထို့ထက် ၎င်းတို့၏ ကိုယ်ပိုင် အလိုဆန္ဒကို ဆန့်ကျင်လေသည်။ အခြားသူတို့ မြင်ရန် လုပ်ဆောင်ထားခြင်းဖြစ်ပြီး မျက်နှာသာရရှိရန်နှင့် လူတို့၏ စိတ်နှလုံးများကို လွှမ်းမိုးရန် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ လူအချို့က “လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်းမှ မည်သည့် အကျိုးကျေးဇူးကို ၎င်းတို့ ခံစားကြသနည်း”ဟု ပြောကြသည်။ ဤသည်မှာ အန္တိခရစ်များက သာမန်လူများနှင့် ကွဲပြားသွားသည့်နေရာ ဖြစ်သည်။ ဤအကျိုးကျေးဇူးက ၎င်းတို့အတွက် အင်မတန် အရေးကြီးပေသည်။ သို့ဆိုလျှင် ဤအကျိုးကျေးဇူးသည် မည်သည့်အရာ ဖြစ်သနည်း။ လူတို့ကြားတွင် ၎င်းတို့ ရပ်သည့်အခါ ၎င်းတို့ကို မသိသည့်သူ မရှိ၊ ၎င်းတို့ကို အားပေးထောက်ခံခြင်း မရှိသူ မရှိ၊ ၎င်းတို့ကို မချီးမွမ်းသူ မရှိ၊ ၎င်းတို့ကို မကိုးကွယ်သူ မရှိခြင်းတို့ ဖြစ်သည်။ လူတို့သည် ၎င်းတို့တွင် ပြဿနာတစ်ခုရှိသည့်အခါ ဘုရားသခင်ကို ရှာဖွေကာ ဆုတောင်းမည့်အစား အန္တိခရစ်ကို ရှာကြသည်။ ပြီးလျှင် လူတိုင်းက အန္တိခရစ်ကို ကိုးကွယ်ပြီး ဝန်းရံသည့်အခါတွင် ထိုအန္တိခရစ်က မည်သို့ ခံစားရသနည်း။ ၎င်းတို့သည် ဘုရားနှင့်တူသောသူတစ်ဦး သို့မဟုတ် သာမန်ထက်ထူးခြားသောလူတစ်ဦးဖြစ်သည်ဟု ခံစားကြပြီး တိမ်များပေါ်တွင် လွင့်မျောနေသည့်အလား ခံစားကြသည်၊ အရူးအမူးဝမ်းသာကြလေသည်။ ယင်းမှာ သာမန်လူတစ်ဦး အသက်ရှင်နေထိုင်ပုံနှင့် ကွာခြားပေသည်။ ၎င်းတို့အနေဖြင့် လူတို့ကြားတွင် ရှိသောအခါ လူတိုင်းက ၎င်းတို့အပေါ် တစ်ပုံတစ်ပင် ချီးမွမ်းပြီး လေးစားကြကာ လအနီးတွင် စုပြုံဝန်းရံနေသည့် ကြယ်များကဲ့သို့ ၎င်းတို့ကို ချီးမွမ်းထောမနာပြုကြသည်။ ဤသည်မှာ ကောင်းလိုက်သည့် ခံစားချက်တစ်ခုပါတကား၊ ပြီးလျှင် ၎င်းတို့၏ စိတ်နှလုံးတွင် သာယာကြည်နူးခြင်း၊ နှစ်သိမ့်ခြင်းနှင့် ပျော်ရွှင်ခြင်း မည်မျှရှိလိုက်သနည်း။ ဤသည်မှာ အန္တိခရစ်များ အလိုရှိသည့်အရာ အတိအကျဖြစ်ပေသည်။ သို့သော် လူ့အဖွဲ့တစ်ခုတွင် မည်သူကမျှ အန္တိခရစ်ကို တစ်စက်မျှ အာရုံမစိုက်လျှင်၊ အလွန်နည်းပါးသော လူတို့က ၎င်းတို့၏ နာမည်ကိုသိလျှင်၊ ၎င်းတို့၏ အားသာချက်ကို မည်သူမျှမသိလျှင် လူအများစု၏ စိတ်များတွင် ၎င်းတို့ကို သာမန်လူတစ်ဦး၊ ထူးခြားသည့် မည်သည့်စရိုက်လက္ခဏာမျှ မရှိသောသူတစ်ဦး၊ မည်သည့်အားသာချက်မျှ မရှိ၊ ၎င်းတို့နှင့်ပတ်သက်၍ သာမန်ထက်ထူးခြားသောအရာတစ်ခုမျှ မရှိ၊ အခြားလူတို့က အထင်ကြီးရမည့်၊ သို့မဟုတ် လေးစားရိုသေရမည့်အရာတစ်ခုမျှ သို့မဟုတ် တစ်ဦးတလေအတွက် လေးစားစွာ ပြောရမည့်အရာတစ်ခုမျှ မရှိသည့် လူတစ်ဦးအဖြစ် သဘောထားခြင်း ခံရလျှင်၊ ဤအရာက အန္တိခရစ်ကို ကသိကအောက်ဖြစ်စေပြီး ၎င်းတို့၏ စိတ်နှလုံးတွင် စိတ်မကောင်းဖြစ်ကြလေသည်။ ၎င်းတို့သည် နတ်ဘုရားကဲ့သို့ မခံစားရ သို့မဟုတ် တိမ်များပေါ် လွင့်မျောနေသကဲ့သို့ မခံစားရပေ။ ၎င်းတို့အတွက် ဤကဲ့သို့ အသက်ရှင်ခြင်းသည် အလွန်ငြီးငွေ့ဖွယ် ဖြစ်သည်၊ အလွန် ကသိကအောက်ဖြစ်စရာ ဖြစ်သည်၊ အလွန် မွန်းကျပ်စရာဖြစ်သည်၊ အလွန် ဆန္ဒမပြည့်ဝစရာဖြစ်ပြီး မတန်ပေ။ ၎င်းတို့အနေဖြင့် မိမိတို့၏ ဘဝတစ်လျှောက်လုံးတွင် တာဝန်တစ်ခုခုကို ထမ်းဆောင်ကာ အရည်အချင်းပြည့်မီသည့် ဖန်ဆင်းခံတစ်ဦး ဖြစ်လာလျက် သာမန်လူတစ်ဦးသာ ဖြစ်ရမည်ဆိုလျှင် ထိုသို့သောဘဝတစ်ခုတွင် ပျော်ရွှင်မှု ရှိသနည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အဘယ်သို့ဖြစ်ပြီး ပျော်ရွှင်မှု အလွန်နည်းပါးနိုင်ရသနည်းဟု စဉ်းစားကြသည်။ ၎င်းတို့အတွက် ဤသည်မှာ အလွန်နိမ့်ကျသည့် စံနှုန်းတစ်ခုဖြစ်ပြီး မြှင့်တင်ရန် လိုအပ်ပေသည်။ သို့သော် ထိုအရာကို မည်သို့ မြှင့်တင်ရမည်နည်း။ လူတို့အနေဖြင့် ၎င်းတို့ကို အထင်ကြီးကာ အလွန်လေးစားကြည်ညိုကြရန်အလို့ငှာနှင့် ထည်ဝါမှုမရှိသည့် ဘဝတစ်ခုကို ၎င်းတို့ အသက်ရှင်နိုင်ကြရန်အလို့ငှာ ၎င်းတို့၏ ထင်ပေါ်ကျော်ကြားမှုကို ၎င်းတို့ တိုးပွားစေရမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ ဆုတောင်းကြသည့်အခါ ကိုယ့်အိမ်တွင်ကိုယ် ဆုတောင်းရမည့်အစား ဘုရားကျောင်းသို့ သွားဆုတောင်းကြသည်၊ ညီအစ်ကို မောင်နှမများနှင့်အတူ စုဝေးချိန်တွင် ဆုတောင်းကြသည်၊ ကျယ်လောင်စွာ ဆုတောင်းကြသည်၊ သဒ္ဒါနည်းကျ၊ ယုတ္တိရှိရှိ၊ အစီအစဉ်တကျရှိသော နည်းလမ်းတစ်ခုဖြင့် ဆုတောင်းကြပြီး လေးလေးနက်နက် ဆုတောင်းကြသည်။ ထိုသို့ဖြင့် ရှိသည့်လူတိုင်းက ကြားနိုင်ကြသည်၊ ရှိသည့်လူတိုင်းက ၎င်းတို့၏ စကားပြောကောင်းခြင်းနှင့် ရှင်းလင်းသည့် တွေးခေါ်မှုကို ကြားနိုင်ကြပြီး ၎င်းတို့တွင် ကိုယ့်လိုက်စားမှုနှင့်ကိုယ် ရှိသည်ကို သိနိုင်ကြလေသည်။ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုသည့်အခါတွင်လည်း အိမ်တွင် တစ်ဦးတည်း မဖတ်ကြပေ။ ပထမဆုံးအနေဖြင့် ၎င်းတို့က အိမ်တွင် ပြင်ဆင်ကြပြီးနောက် ၎င်းတို့ ဖတ်ရှုသည့် ဘုရားနှုတ်ကပတ်တော်များအားလုံးက အရေးကြီးကြောင်း၊ အလွန်အရေးပါသည်ချည်းသာဖြစ်ကြောင်းကို အခြားလူတို့ မြင်ရန်အလို့ငှာ အခြားသူတို့ ကြားဖို့အတွက် ဖတ်ရှုကြလေသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ကြသည်ဖြစ်စေ၊ မမြင်ကွယ်ရာတွင် ၎င်းတို့၏ ကြိုတင်ပြင်ဆင်မှုကို အမြဲ လုပ်ဆောင်ကြပြီး ၎င်းတို့ ပြင်ဆင်ထားသည့်အခါတွင်သာ အခြားသူတို့က ၎င်းတို့ကို လေးစားဖွယ် ဖြစ်သည်ဟု တွေးထင်ပြီး အသိအမှတ်ပြုကြသည့်အခါတွင်သာ အခြားသူတို့ရှေ့သို့ ၎င်းတို့ လာကြလေသည်။ အခြားသူများရှေ့တွင် ယူမလာမီ အိမ်တွင် မှန်ရှေ့၌ ကြိုတင်လေ့ကျင့်ကာ ပြင်ဆင်ကြသည့်သူအချို့ပင် ရှိသည်။ ထိုအရာကို အခြားလူတို့ရှေ့ ၎င်းတို့ ယူလာကြသည့်အခါတွင် မူလအခြေအနေတွင် အများစု မရှိတော့ဘဲ အကြိမ်များစွာ ဖန်တီးပြုပြင်ခြင်းကို ကြုံရနှင့်ပြီးဖြစ်သည်။ အန္တိခရစ်များ၏ အတွေးအခေါ်များ၊ အမြင်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ဉာဏ်များသော အကြံများနှင့် လက်သီးပုန်းထိုးသော နည်းလမ်းများဖြင့် ပြုပြင်ဖန်တီးခံရနှင့်ပြီး ဖြစ်သည်။ အသင်းတော်နှင့် လူတို့ကြားတွင် အဆင့်အတန်းနှင့် ထင်ပေါ်ကျော်ကြားမှုတို့ ရှိခြင်းတည်းဟူသော ၎င်းတို့၏ ရည်မှန်းချက်ကို ဖြစ်မြောက်အောင်မြင်ရန်အလို့ငှာ၊ အန္တိခရစ်များသည် ဤအရာများကို လုပ်ဆောင်ရန် မည်သည့်အဖိုးအခမဆို ပေးဆပ်ရာတွင် နောက်တွန့်ကြလိမ့်မည် မဟုတ်။ ထို့ကြောင့် ဤအရာအားလုံးကို အဘယ်အရာဟု ခေါ်ဆိုသနည်း။ ယင်းတို့သည် စစ်မှန်သည့် ထုတ်ဖော်ပြချက်များ ဖြစ်သလော။ ယင်းတို့သည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို လိုက်စားသည့် တစ်စုံတစ်ဦးက လုပ်ဆောင်သင့်သော လက်တွေ့လုပ်ဆောင်မှုများ ဖြစ်သလော။ (မဟုတ်ပါ။) ယင်းတို့အားလုံးသည် ဟန်ဆောင်မှုမှ ပေါက်ဖွားလာခြင်း ဖြစ်သည်။ အန္တိခရစ်များသည် တစ်ဦးတစ်ယောက်ကို အလွန် စက်ဆုပ်စေသော ဟန်ဆောင်မှုများစွာကို လုပ်ဆောင်တတ်ကြလေသည်။
လူအချို့သည် ပထမဆုံးအနေဖြင့် အကြမ်း မပြင်ဆင်ရသေးလျှင် စုဝေးပွဲများ၌ မိတ်သဟာယပြုပေးကြမည် မဟုတ်ပေ။ ၎င်းတို့သည် မမြင်ကွယ်ရာတွင် အကြမ်းတစ်ခုကို ပထမဆုံး ပြင်ဆင်ရမည်၊ ထိုအရာကို အကြိမ်များစွာ ပြုပြင်ရမည်၊ ဖန်တီးပြင်ဆင်ရမည်၊ ပြုပြင်မွမ်းမံရမည်ဖြစ်ပြီး အဆင်သင့်ဖြစ်သည့်အခါတွင်သာ ညီအစ်ကို မောင်နှမများရှေ့တွင် မိတ်သဟာယပြုကြလိမ့်မည် ဖြစ်သည်။ တစ်စုံတစ်ဦးက ၎င်းတို့ထံ “ကျွန်ုပ်တို့အားလုံးသည် ဤနေရာတွင် ညီအစ်ကို မောင်နှမများချည်းသာ ဖြစ်သည်။ စုဝေးပွဲများတွင် ရိုးသားစွာနှင့် မှန်ကန်စွာသာ စကားပြောပါလော့။ စိတ်ထဲတွင် ပေါ်လာသည့် မည်သည့်အရာမဆိုကိုသာ ပြောလော့။ ယင်းမှာ အကောင်းဆုံးနည်းလမ်း ဖြစ်သည်”ဟု ပြောသည်။ ၎င်းတို့က “ကျွန်ုပ် မပြောနိုင်ပါ။ ကျွန်ုပ် ထိုသို့ပြောလျှင် ညီအစ်ကို မောင်နှမများက ကျွန်ုပ်ကို အထင်သေးကြလိမ့်မည်”ဟု ပြန်ပြောကြသည်။ သင်မြင်သလော၊ ၎င်းတိုသည် မရည်ရွယ်ဘဲ မှန်ကန်သည့် တစ်စုံတစ်ရာကို ပြောမိကြသည်။ ကဏ္ဍတိုင်းတွင် ၎င်းတို့သည် မိမိတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်စောင့်ရှောက်ဖို့အတွက် အမှုအရာများကို လုပ်ဆောင်ကြသည်။ ထူးချွန်သည့် ပါရမီများရှိသည့် လူအချို့၊ ပါမောက္ခများ၊ တက္ကသိုလ်ကျောင်းသားများ၊ ပါရဂူဘွဲ့နှင့်ဆိုင်သော ကျောင်းသားများ သို့မဟုတ် လူ့အဖွဲ့အစည်းတွင်ရှိသည့် သိပ္ပံဆိုင်ရာ သုတေသနပြုသူများတို့သည် မိမိတို့ကိုယ်ကို သက်သေပြကာ မိမိတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ကာကွယ်စောင့်ရှောက်ဖို့ရန်အလို့ငှာ လူတို့နှင့်ဆက်ဆံဖို့အတွက် အချို့သော ဟန်ဆောင်သည့် အပြုအမူများနှင့် ပြုပြင်ဖန်တီးထားသည့် အပြုအမူများကို အသုံးပြုကြလေသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် လူတို့နှင့် ဆက်ဆံဖို့ မျက်နှဖုံး တပ်ကြပြီး ၎င်းတို့ အမှန်တကယ် မည်သည့်အရာနောက်လိုက်နေကြသည်၊ ၎င်းတို့တွင် အားနည်းချက် တစ်ခုတလေ ရှိမရှိ၊ မမြင်ကွယ်ရာတွင် ၎င်းတို့ မည်သည့်အရာကို တိတ်တဆိတ်လုပ်ဆောင်နေကြသည် ဟူသည်တို့ကို လူတို့ လုံးဝ မသိရှိကြပေ။ ပြီးလျှင် ၎င်းတို့၏ သီးသန့်ဘဝနှင့်လည်းကောင်း၊ ၎င်းတို့ ပြုမူကျင့်ကြံပုံနှင့်လည်းကောင်း ပတ်သက်လာသည့်အခါ သံသယ အရိပ်အယောင်တစ်ခု အမြဲရှိသည်၊ မေးခွန်းတစ်ခု အမြဲရှိလေသည်။ ဤလူများသည် ထိုသို့သော နက်နဲသည့် ဟန်ဆောင်မှုကို လုပ်ဆောင်ကြသည် မဟုတ်လော။ သို့ဆိုလျှင် သင်တို့သည် ဤလူများကို မည်သို့ ချဉ်းကပ်သင့်သနည်း။ ၎င်းတို့သည် သင်တို့နှင့်ပတ်သက်၍ ဟန်ဆောင်ထားသောကြောင့် သင်တို့က ၎င်းတို့နှင့်ပတ်သက်၍ ဟန်ဆောင်သည်မှာ ဖြစ်သင့်သလော။ ဥပမာအနေဖြင့် ၎င်းတို့သည် သင်တို့နှင့် ဆုံသည့်အခါတွင် ယဉ်ကျေးသော အာလာပသလ္လာပစကားများကိုသာ ပြောဆိုကြသည်။ ထို့ကြောင့် သင်တို့သည်လည်း ၎င်းတို့နှင့်ပတ်သက်၍ စဉ်ဆက်မပြတ်သာ ယဉ်ကျေးပေးနေကြသည်။ ဤသည်မှာ လက်ခံနိုင်ဖွယ်ဖြစ်သလော။ (မဖြစ်ပါ။) သို့ဆိုလျှင် ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံရန် သင့်တင့်လျောက်ပတ်သော နည်းလမ်းမှာ အဘယ်နည်း။ (၎င်းတို့က ဤသရုပ်သကန်များ ပြသနေသည်ကို တစ်ဦးတစ်ယောက်က သိရှိသွားသည့်အခါ ၎င်းတို့ကို ပထမဆုံး ဖော်ထုတ်သင့်သည်၊ ဤစိတ်သဘောထားမျိုး၏ သဘာဝ အနှစ်သာရက မည်သည့်အရာ ဖြစ်သည်ဟူသည်ကိုလည်းကောင်း၊ ထိုအရာကို မည်သည့် ကြံရွယ်ချက်က စိုးမိုးထားသည်ဟူသည်ကိုလည်းကောင်း ၎င်းတို့နှင့်အတူ မိတ်သဟာယပြုသင့်ပေသည်။ ထိုသူပြောသည့်အရာကို ၎င်းတို့ လက်မခံလျှင် ထိုသူသည် ၎င်းတို့နှင့် ထပ်မံ၍ မိတ်သဟာယမပြုသင့်ပေ။) သင်သည် ၎င်းတို့ကို ဖော်ထုတ်ရမည်ဖြစ်ပြီး သင် ပြောသည့်အရာကို ၎င်းတို့က လက်မခံလျှင် ၎င်းတို့ကို ရှောင်ရှားလော့။ ၎င်းတို့၏ အထင်အမြင်မှားစေခြင်းခံရပြီး ၎င်းတို့ကို ကိုးကွယ်နိုင်သေးသည့်သူ သင်တို့ထဲတွင် တစ်ဦးတလေ ရှိသလော။ ယခု သင်တို့တွင်ရှိသည့် ဝိညာဉ်ရင့်ကျက်မှုဖြင့် သင်တို့သည် အခြေခံအားဖြင့် ဤသိသာထင်ရှားသော ဖာရိရှဲများကို အနည်းငယ် ထွင်းဖောက်သိမြင်နိုင်သော်လည်း ပိုမိုတတ်စွမ်းနိုင်သည့် တစ်စုံတစ်ဦး၊ ဟန်ဆောင်မှုလုပ်ဆောင်နိုင်သည့် တစ်စုံတစ်ဦး၊ မိမိတို့ကိုယ်ကို အလွန်ဖုံးဖိထားသည့် တစ်စုံတစ်ဦးကို သင် ကြုံရလျှင် ၎င်းတို့ကို သင်တို့ ရိပ်စားမိနိုင်လိမ့်မည်လော။ ၎င်းတို့အနေဖြင့် မှန်ကန်သည့်အရာများကိုသာ အမြဲ ပြောဆို၊ လုပ်ဆောင်လျှင်၊ ၎င်းတို့တွင် အပြစ်အနာအဆာများမရှိသကဲ့သို့ မည်သည့် အမှားမျှ လုံးဝ မပြုလုပ်သည့်ပုံပေါ်လျှင်၊ သင်သည် တစ်ခါတစ်ရံ အချို့သော ကိစ္စရပ်များဖြင့် အပျက်သဘောဆောင်ပြီး အားနည်းလာသော်လည်း ၎င်းတို့က လုံးဝ ထိုသို့မဖြစ်လျှင်၊ ထိုသို့ ၎င်းတို့ဖြစ်လျှင် ၎င်းတို့ဘာသာ ဖြေရှင်းနိုင်ပြီး ထိုအရာမှ အလျင်အမြန် လွတ်မြောက်နိုင်သော်လည်း သင်က မလွတ်မြောက်နိုင်လျှင် သင်သည် ထိုသို့သော လူများကို ကြုံရသည့်အခါ ၎င်းတို့ကို အသိအမှတ်ပြုပြီး ကိုးကွယ်မိလိမ့်မည်ဖြစ်သည့်အပြင် ၎င်းတို့ထံမှ သင်ယူကာ ၎င်းတို့နောက်လိုက်လိမ့်မည် ဖြစ်သည်။ သင်သည် ထိုသို့သော လူများကို ပိုင်းခြားသိမြင်နိုင်ခြင်းမရှိလျှင် ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကို သင် ခံရလိမ့်မည်၊ မခံရလိမ့်မည်မှာ ပြောရခက်ပေသည်။
ဟန်ဆောင်မှုနှင့်ဆိုင်သည့် ဤအကြောင်းအရာနှင့်ပတ်သက်၍ သွင်ပြင်လက္ခဏာမည်မျှကို ငါတို့ မိတ်သဟာယပြုပြီးပြီနည်း။ သွင်ပြင်လက္ခဏာတစ်ခုမှာ ၎င်းတို့သည် ဆင်းရဲဒုက္ခကို သည်းခံခြင်းအား ဟန်ဆောင်မှုအဖြစ် အသုံးပြုခြင်း ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့သည် ဆင်းရဲဒုက္ခကို အမှန်တကယ် သည်းခံလိုခြင်း မရှိကြသကဲ့သို့ ထိုအရာအပေါ် အလွန် အတိုက်အခံဖြစ်ကြသော်လည်း မိမိတို့၏ ရည်မှန်းချက်များကို ဖြစ်မြောက်အောင်မြင်ရန်အလို့ငှာ အလွန်အင်တင်တင်ဖြင့် ဆင်းရဲဒုက္ခကို သည်းခံကြသည်၊ အမှုအရာများကို စွန့်လွှတ်ကြပြီး အဖိုးအခပေးကြသည်။ ၎င်းတို့ ဆင်းရဲဒုက္ခခံစားပြီးနောက်တွင် ထိုအရာကို ကြိတ်မှိတ်လက်ခံခြင်း မရှိကြသေးသကဲ့သို့ လူများစွာက သတိမပြုမိသောကြောင့် ဤဆင်းရဲဒုက္ခက မတန်ဟု ခံစားကြသည်။ ထို့ကြောင့် ၎င်းတို့သည် ထိုအကြောင်းကို မသိသည့် လူများစွာအား ပြောပြလျက် နေရာတကာ သွားကြော်ငြာကြသည်။ အဆုံးတွင် လူအချို့က ဖြစ်ခဲ့သည့်အရာကို သိရှိလာကြပြီး ၎င်းတို့အပေါ် လေးနက်သည့် ထင်မြင်ချက်တစ်ခု ရှိကြသည်၊ ၎င်းတို့ကို အထင်ကြီးကာ ကိုးကွယ်ကြပြီး ထိုသို့ဖြင့် ၎င်းတို့သည် မိမိတို့၏ ရည်မှန်းချက်များကို ဖြစ်မြောက်အောင်မြင်ကြလေသည်။ လူတို့အနေဖြင့် ၎င်းတို့ကို လူကောင်းဖြစ်သည်ဟု ယုံကြည်ကာ ၎င်းတို့နှင့် ရင်းနှီးကျွမ်းဝင်စေဖို့အလို့ငှာ ဤပုံရိပ်မျိုး၊ ပင်ကိုလက္ခဏာမျိုးနှင့် ပင်ကိုစရိုက်မျိုးကို အသုံးပြုရင်း လူတို့နှင့် ပေါင်းသင်းဆက်ဆံလိုလျက် မိမိတို့ကိုယ်ကို လူကောင်းများအဖြစ်၊ ကောင်းမွန်စွာပြုမူကာ တာဝန်သိသောသူများအဖြစ် ကြော်ငြာကြသည့်သူအချို့လည်း ရှိလေသည်။ ၎င်းတို့သည် သာ၍ပင် များသောလူတို့ထံမှ လေးစားမှုကို ရရှိရန်အလို့ငှာ၊ လူတို့က ၎င်းတို့ကို အထင်ကြီးပြီး ၎င်းတို့က မိမိတို့၏ ထင်ရှားကျော်ကြားမှုကို တိုးပွားအောင်လုပ်နိုင်ဖို့အလို့ငှာ ဤကဲ့သို့ လူကောင်းတစ်ဦးဖြစ်ခြင်းကို မိမိတို့၏ ရည်မှန်းချက်အဖြစ် သဘောထားကြလေသည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အန္တိခရစ်များ အသုံးပြုသည့် အချို့သော လုပ်နည်းကိုင်နည်းများကို အသုံးပြုလျက် ၎င်းတို့၏ ဟန်ဆောင်ထားသော အပြုအမူ နောက်ကွယ်ရှိ ကွယ်ဝှက်ထားသော ရည်မှန်းချက်များနှင့် ၎င်းတို့ ဟန်ဆောင်မှု၏ အနှစ်သာရ၊ ၎င်းတို့အနေဖြင့် ဟန်ဆောင်မှုကို လုပ်ဆောင်နေသည်ဟု သက်သေပြသည့် မည်သည့်အရာများကို ၎င်းတို့ လုပ်ဆောင်၊ ပြောဆိုပြီး မည်သည့်သရုပ်သကန်များကို ၎င်းတို့ ပြသနေသည်ဟူသည်တို့ကို ယခုတင် ငါတို့ ဖော်ထုတ်ကာ စိစစ်ပြီးဖြစ်သည်။ ဤသွင်ပြင်လက္ခဏာနှင့်ပတ်သက်သည့် မိတ်သဟာယကို ဤနေရာတွင် ငါတို့ အဆုံးသတ်မည်။
(ခ) အယောင်ဆောင်၍ လိမ်လည်ခြင်းဖြင့်
ယခုတွင် ဒုတိယသွင်ပြင်လက္ခဏာနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုကြမည်။ အန္တိခရစ်များသည် အဆင့်အတန်း ရရှိဖို့ သူတော်ကောင်းယောင်ဆောင်ခြင်းကို မကြာခဏ အသုံးပြုကြသည်။ ၎င်းတို့သည် လူတို့ကြားလိုပြီး လူတို့၏ အယူအဆများနှင့် ကိုက်ညီသည့် အချို့သော အရာများကို ပြောဆိုကြပြီး လူတို့အား ၎င်းတို့ကို အသိအမှတ်ပြုစေကာ လေးစားစေပြီး ထိုသို့ဖြင့် ၎င်းတို့၏ ထင်ပေါ်ကျော်ကြားမှုကို တိုးပွားစေသည့် အချို့သောအရာများကို အပေါ်ယံလုပ်ဆောင်ကြသည်။ ဤသည်မှာ အန္တိခရစ်များက လူတို့ကို အထင်အမြင်မှားစေသည့် နောက်ထပ်နည်းလမ်း ဖြစ်သည်။ အယောင်ဆောင်၍ လိမ်လည်ခြင်းနှင့် ဟန်ဆောင်မှုတို့ကြားတွင် ခြားနားချက်တစ်ခု ရှိသလော။ အပြင်ပန်း အပြုအမူအရ ဟန်ဆောင်မှုနှင့် အယောင်ဆောင်၍ လိမ်လည်ခြင်းတို့သည် ပုံမှန်အားဖြင့် အခြေအနေတစ်ခု ဖြစ်သည်။ ယင်းတို့သည် အပြန်အလှန် ဆက်နွှယ်သည်။ ယင်းတို့သည် လူတို့အတွက် ပိုမိုရှင်းလင်းသည်ဟု ထင်ရစေဖို့အလို့ငှာလည်းကောင်း၊ လူတို့က ပိုမိုရှင်းလင်းစွာ သိရှိနိုင်ရန်အလို့ငှာလည်းကောင်း ယင်းတို့ကို ငါတို့ သီးခြားစွာ မိတ်သဟာယပြုကြမည်။ “အယောင်ဆောင်၍ လိမ်လည်ခြင်း” ၏ အဓိက အဓိပ္ပာယ်မှာ ဟန်ဆောင်မှု မဟုတ်ဘဲ ထို့ထက် တူအောင်တုပခြင်း ဖြစ်သည်။ အန္တိခရစ်များသည် အဘယ်ကြောင့် အယောင်ဆောင်ခြင်းကို လုပ်ဆောင်ကြသနည်း။ ပင်ကိုအားဖြင့် ၎င်းတို့တွင် ရည်မှန်းချက်အချို့ ရှိကြပေသည်။ အန္တိခရစ်များသည် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာရရှိရန်အလို့ငှာ အယောင်ဆောင်၍ လိမ်လည်ခြင်းကို လုပ်ဆောင်ကြသည်။ မဟုတ်လျှင် အယောင်ဆောင်၍ လိမ်လည်ခြင်းကို လုံးဝ လုပ်ဆောင်ကြမည် မဟုတ်ပေ။ ထိုသို့သော မိုက်မဲသည့် အရာတစ်ခုကို လုံးဝ လုပ်ဆောင်ကြမည် မဟုတ်။ ဤအရာကို ပိုင်းခြားသိမြင်သော မျက်လုံးများဖြင့် ရှင်းလင်းစွာ မြင်နိုင်သည်။ လူတို့သည် အယောင်ဆောင်၍ လိမ်လည်ခြင်းကို မကြာခဏ လုပ်ဆောင်လျှင် အခြားသူတို့၏ စက်ဆုပ်မှု၊ အလွန်မုန်းတီးခြင်းနှင့် ရင့်ရင့်သီးသီး ဝေဖန်ရှုတ်ချခြင်းတို့ကို အလိုအလျောက် ခံကြရလိမ့်မည်။ သို့ဆိုလျှင် အန္တိခရစ်များသည် ၎င်းတို့ လုပ်ဆောင်သည့်အတိုင်း အဘယ်ကြောင့် လုပ်ဆောင်နေကြသေးသနည်း။ ဤသည်မှာ ၎င်းတို့၏ သဘာဝသာ ဖြစ်သည်။ ဂုဏ်သတင်းနှင့် အဆင့်အတန်းရရှိဖို့ မည်သည့်အရာကို လုပ်ဆောင်ရန် လိုအပ်ပါစေ ၎င်းတို့ အရေးမစိုက်ကြ၊ ၎င်းတို့တွင် ရှက်စိတ်ကင်းမဲ့နှင့်ကြပြီး ဖြစ်သည်။ လူတို့ စိတ်များတွင် အဆင့်အတန်းကို ရရှိဖို့၊ အန္တိခရစ်များ လုပ်ဆောင်သည့် ပထမဆုံးသောအရာမှာ လူတို့အား ၎င်းတို့ကို ယုံကြည်ကိုးစားစေခြင်း၊ ကြည်ညိုစေခြင်း၊ ကိုးကွယ်စေခြင်း ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့သည် ဤရည်မှန်းချက်ကို မည်သို့ စွမ်းဆောင်ရရှိသနည်း။ လူတို့၏ အယူအဆများနှင့် ကိုက်သည့် ကောင်းမွန်သော အပြုအမူနှင့် သရုပ်သကန်အချို့ကို အတုယူဟန်ဆောင်ခြင်းအပြင် ၎င်းတို့သည် လူတို့ကို မိမိတို့အပေါ် အထင်ကြီးကာ ကြည်ညိုစေရန်အလို့ငှာ ကြီးမြတ်ပြီး ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ၏ ပုံစံအတိုင်း လိုက်ပြုမူလုပ်ဆောင်ကာ ထိုသူတို့၏ စကားပြောဟန်ကိုပါ အတုခိုးကြလေသည်။ ဤနည်းဖြင့် ၎င်းတို့သည် အသင်းတော်ရှိ လူအချို့၏ သတိမမူမိဘဲ ကိုးကွယ်ခြင်း၊ မြှောက်ပင့်ခြင်းနှင့် ထောက်ခံခြင်းကို စတင်ခံကြရသည်။ ၎င်းတို့သည် အန္တိခရစ်များကို အချို့သော ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များ သို့မဟုတ် ကျော်ကြားသော လူများကဲ့သို့ ကြည်ညိုမိကြသည်။ ယင်းမှာ အသင်းတော်ထဲတွင်လည်းကောင်း၊ လူတစ်စုတို့၏ နှလုံးသားများတွင်လည်းကောင်း၊ အန္တိခရစ်များသည် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များအဖြစ် ရိုသေလေးစားခြင်းခံရကာ ကြည်ညိုခြင်း ခံရကြလေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူအများစုသည် ပိုင်းခြားသိမြင်မှု လုံးဝ မရှိကြသကဲ့သို့ ၎င်းတို့၏ စိတ်နှလုံးများက နှစ်သက်ကာ လေးစားအားကျသည့် မည်သူကိုမဆို ၎င်းတို့ ကိုးကွယ်ကာ ကြည်ညိုကြသောကြောင့် ဖြစ်သည်။ အသင်းတော်တွင် အန္တိခရစ်တို့သည် မည်သည့်လူစားမျိုးကို အဓိက တူအောင်တုကြသနည်း။ လူအများစုက ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များကို ကိုးကွယ်ကြသောကြောင့် ၎င်းတို့သည် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များကို တူအောင်တုကြလေသည်။ ယုဒဘာသာတွင် ဖာရိရှဲများသည် လူတို့၏ ကိုးကွယ်ခြင်းခံရသည့် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များဖြစ်သည်။ လူတို့သည် ထိုသူတို့ကို ၎င်းတို့၏ အသိပညာ၊ အတုအယောင် ဘာသာတရားကိုင်းရှိုင်းမှုနှင့် အပြုအမူကောင်းတို့အတွက် ကိုးကွယ်ခဲ့ကြသည်။ ထို့ကြောင့် ယုဒဘာသာတွင် ဖာရိရှဲများသည် အလွန် ရေပန်းစားခဲ့ကြသည်၊ အလွန် လေးစားခြင်းခံခဲ့ရကြသည်။ ယနေ့တွင် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များကိုလည်း ကိုးကွယ်ရန် နှစ်သက်ကြသူအချို့ ရှိသည်။ ဦးစွာပထမ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ကြပြီးဖြစ်သည့်သူများ၊ ဝိညာဉ်ရေးရာ အတွေ့အကြုံများနှင့် သက်သေခံချက်များဟုခေါ်သည့် အရာတစ်ခုခု ရှိကြသည့်သူများ၊ ဘုရားသခင်၏ ကျေးဇူးတော်များနှင့် ကောင်းချီးများ ရရှိကြပြီးဖြစ်သူများ၊ ကြီးမားသည့် ရူပါရုံများကို ရှုမြင်ကြပြီးသူများ၊ သာမန်ထက်ထူးခြားသော အတွေ့အကြုံအချို့ ရှိသည့်သူများကို ၎င်းတို့က ကိုးကွယ်ကြသည်။ ထို့အပြင် လူတို့အနီးဝန်းကျင်တွင်ရှိသည့်အခါ အခြားသူတို့တွင် ကိုးကွယ်မှုနှင့် လေးစားအားကျမှုကိုဖြစ်အောင် စေ့ဆော်လျက် လေလုံးထွားပြီး အဆွယ်ကောင်းသောသူများလည်း ရှိသည်။ ၎င်းတို့ ပြုမူဆောင်ရွက်သည့် နည်းစနစ်များ၊ နည်းလမ်းများနှင့် စည်းမျဉ်းများက အသင်းတော် စည်းမျဉ်းများနှင့် ကိုက်ညီသည့်၊ ၎င်းတို့၏ အပြင်ပန်း အပြုအမူက ဘာသာတရားကိုင်းရှိုင်းပုံရသည့် အခြားသူများ ရှိကြသည်။ ဘုရားသခင်ကို ကြီးမားသည့် ယုံကြည်ခြင်း ရှိပုံရသည့် အခြားသူများ ရှိနေသေးသည်။ ဤလူများအားလုံးကို ဝိညာဉ်ရေးရာ ပြည့်ဝသည့် လူများဟူသော အမည်နာမကို ပေးထားသည်။ သို့ဆိုလျှင် အန္တိခရစ်များသည် ဝိညာဉ်ရေးရာပြည့်ဝသည့် လူများကို မည်သို့ တူတောင်တုကြသနည်း။ အတော့်ကို ရိုးရှင်းစွာပင် ၎င်းတို့ လုပ်ဆောင်သည့်အရာမှာ လူတို့အား ၎င်းတို့ကို ဝိညာဉ်ရေးရာ ပြည့်ဝသည့်လူတစ်ဦးအဖြစ် ရှုမြင်စေရန်အလို့ငှာ ဝိညာဉ်ရေးရာ ပြည့်ဝသည့်လူများ ပြောဆိုသည့်အရာများကို ပြောဆိုပြီး ဝိညာဉ်ရေးရာ ပြည့်ဝသည့်လူများ လုပ်ဆောင်သည့်အရာများကို လုပ်ဆောင်ခြင်းဖြစ်သည်။ သို့သော် ၎င်းတို့သည် ဤအရာများကို စစ်မှန်ရိုးသားသည့် ခံစားချက်ဖြင့် ပြောဆိုကာ လုပ်ဆောင်ကြသလော။ မဟုတ်ပေ။ ဤသည်မှာ တုပလုပ်ဆောင်ခြင်း၊ စည်းမျဉ်းစည်းကမ်းတစ်ခုကို ပုံသေစောင့်ထိန်းခြင်း ဖြစ်သည်။ ယင်းတို့သည် အခြားသူတို့ မြင်အောင် လုပ်ဆောင်ခြင်းသာ ဖြစ်သည်။ ဥပမာအနေဖြင့် ၎င်းတို့ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ၎င်းတို့က ချက်ချင်း ဆုတောင်းကြသည်။ သို့သော် ၎င်းတို့သည် အမှန်တကယ် ရှာဖွေခြင်း သို့မဟုတ် အမှန်တကယ် ဆုတောင်းနေခြင်းမဟုတ်၊ ၎င်းတို့က ဘုရားသခင်ကို အလွန်တရာ ချစ်ကြပြီး ဘုရားသခင်အပေါ် အင်မတန် ကြီးမားသည့် ကြောက်ရွံ့ခြင်းရှိသည်ဟု လူတို့ ပြောကြရန်အလို့ငှာ ဟန်ဆောင်လုပ်ပြနေကြခြင်း၊ ဟန်ပြလုပ်နေကြခြင်းသာ ဖြစ်သည်။ ထို့အပြင် နာမကျန်းမှုက ၎င်းတို့အပေါ် ကျရောက်ပြီး ကုသမှု လိုအပ်သည့်အခါ သွားရောက်ကုသခြင်းမရှိ သို့မဟုတ် သောက်သင့်သည့်ဆေးကို မသောက်ကြပေ။ လူတို့က “သင် ဆေးမသောက်လျှင် သင်၏ ရောဂါ ပိုဆိုးသွားနိုင်သည်။ ဆေးသောက်ရမည့် အချိန်ရှိပြီး ဆုတောင်းရမည့်အချိန် ရှိသည်။ သင်၏ ယုံကြည်ခြင်းနောက်ကိုသာ လိုက်ရန်လိုပြီး သင်၏ တာဝန်ကို စွန့်ပစ်ရန် မလိုအပ်ပါ”ဟု ပြောကြသည်။ ၎င်းတို့က “အဆင်ပြေပါသည်၊ ဘုရားက ကျွန်ုပ်နှင့်အတူ ရှိသည်။ ကျွန်ုပ် မကြောက်ပါ”ဟု ပြန်ပြောကြသည်။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် အေးဆေးတည်ငြိမ်ဟန်ဆောင်ကြသည်၊ ကြောက်ရွံ့ခြင်းမရှိသကဲ့သို့ ယုံကြည်မှုအပြည့်ရှိသည့်ဟန်ဆောင်ကြသော်လည်း စိတ်ထဲတွင်မူ အလွန်ထိတ်လန့်တုန်လှုပ်နေပြီး အနည်းငယ် နာခြင်းအောင့်ခြင်း တစ်ခုတလေ ခံစားရသည်နှင့်တစ်ပြိုင်နက် ဆရာဝန်ဆီ တိတ်တဆိတ် ပြေးသွားတတ်ကြလေသည်။ ၎င်းတို့ ဆရာဝန်ဆီ သွားခဲ့ပြီး ဆေးသောက်ခဲ့သည်ကို တစ်စုံတစ်ဦးက သိလျှင် ထိုအရာကို ဖုံးဖိဖို့ အကြောင်းပြချက်များ သို့မဟုတ် ဆင်ခြေများ ရှာရန် ကြိုးစားကြလေသည်။ ၎င်းတို့က “နာမကျန်းဖြစ်ခြင်းသည် ဘုရားသခင်ထံမှ စမ်းသပ်မှုတစ်ခု ဖြစ်သည်။ သင်သည် နာမကျန်းဖြစ်ခြင်းဖြင့် အသက်ရှင်သည့်အခါ သင် နာမကျန်းဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်သည့်အခါ သင့်တွင် နာမကျန်းဖြစ်ခြင်း မရှိပေ။ နာမကျန်းဖြစ်ခြင်းဖြင့် ကျွန်ုပ်တို့ အသက်မရှင်ရ၊ ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်လျှင် ရောဂါပျောက်သွားလိမ့်မည်”ဟုလည်း မကြာခဏ ပြောဆိုကြလေသည်။ ပေါ်ပေါ်ထင်ထင်ပင် ဤသည်မှာ လူတို့ကို ၎င်းတို့ မကြာခဏ သွန်သင်သည့်အရာဖြစ်သည်၊ လူတို့ကို ကူညီရန် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့က အသုံးပြုကြသည်။ သို့သော် တိတ်တဆိတ်အနေဖြင့် လူသားနည်းလမ်းများကို အသုံးပြုလျက် မိမိတို့၏ နာမကျန်းဖြစ်ခြင်းကို ဖြေရှင်းကြလေသည်။ အခြားလူတို့ရှေ့တွင် ဘုရားသခင်အပေါ် မှီခိုသည်ဟူ၍လည်းကောင်း၊ အရာရာက ဘုရားလက်တော်ထဲတွင် ရှိသည်ဟူ၍လည်းကောင်း ၎င်းတို့က ပြောကြသည်။ နာမကျန်းဖြစ်ခြင်း သို့မဟုတ် သေခြင်းကို ၎င်းတို့ ကြောက်ရွံ့ခြင်းမရှိဟု ပြောကြသည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့သည် မည်သူမဆိုထက် ပိုမို ကြောက်ရွံ့ကြသည်၊ နာမကျန်းဖြစ်ပြီး ဆေးရုံတက်ရမည်ကို ကြောက်ကြပြီး သေခြင်းကို သာ၍ပင် ကြောက်လန့်ကြလေသည်။ ၎င်းတို့တွင် စစ်မှန်သည့် ယုံကြည်ခြင်း လုံးဝ မရှိပေ။ အခြားလူတို့ရှေ့တွင် ၎င်းတို့က ဆုတောင်းကာ “ဘုရား၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျွန်ုပ် ဝမ်းမြောက်စွာ ကျိုးနွံနာခံပါသည်။ အရာရာသည် ဘုရားထံမှ လာပြီး လူတို့က မညည်းတွားသင့်ပါ”ဟု ပြောကြသည်။ ထိုစဉ်အတောအတွင်းတွင် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ၎င်းတို့က “ငါ၏ တာဝန်ကို ငါ သစ္စာစောင့်သိစွာ ထမ်းဆောင်ပြီးဖြစ်သည်။ အဘယ်သို့ဖြစ်ပြီး ဤအနာရောဂါက ငါ့အပေါ် ကျရောက်နိုင်ရသနည်း။ အခြားမည်သူကမျှ ထိုရောဂါကို မရကြသည်မှာ အဘယ်သို့ ဖြစ်သနည်း။ ဘုရားက ငါ့ကို ထုတ်ဖော်ပြဖို့၊ ငါ့တာဝန်ကို မထမ်းဆောင်အောင် တားဆီးဖို့ ဤအရာကို အသုံးပြုနေသလော။ ဘုရားက ငါ့ကို အလွန်မုန်းတီးသလော။ သူ ငါ့ကို အလွန်မုန်းတီးလျှင် ငါသည် အစေခံသူတစ်ဦး ဖြစ်သည်လော။ ဘုရားက ငါ့ကို အစေခံမှုပေးခြင်းအတွက် အသုံးပြုနေခြင်းလော။ အနာဂတ်တွင် ရလဒ်တစ်ခု ငါ ရှိလိမ့်မည်လော”ဟု တွေးနေကြလေသည်။ ၎င်းတို့သည် ကျယ်ကျယ် မညည်းညူဝံ့ကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်နှင့်ပတ်သက်၍ သံသယများ ဖြစ်ပေါ်နေပြီဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းက သေချာပေါက် မှန်ကန်ခြင်း ရှိချင်မှရှိမည်ဟု ၎င်းတို့က မိမိတို့ဘာသာ တွေးမိကြသည်။ သို့သော် အပြင်ပန်းအနေဖြင့် မည်သည့်အရာမျှ မမှားယွင်းသည့်အလား ဟန်ဆောင်ကြသည်၊ ဖျားနာသည့်အခါတွင်ပင် ယင်းက ၎င်းတို့ကို မတားဆီးနိုင်ဟူ၍လည်းကောင်း၊ မိမိတို့၏တာဝန်ကို ဆက်လက် ထမ်းဆောင်နိုင်သည်ဟူ၍လည်းကောင်း၊ ကျိုးနွံနာခံကာ သစ္စာစောင့်သိနိုင်သည်ဟူ၍လည်းကောင်း၊ ဘုရားသခင်အတွက် အသုံးခံနိုင်ဆဲဖြစ်သည်ဟူ၍လည်းကောင်း ထင်မြင်စေကြသည်။ ဤသည်မှာ ဟန်ဆောင်ခြင်းနှင့် အယောင်ဆောင်၍ လိမ်လည်ခြင်းကို လုပ်ဆောင်ကြခြင်း ဖြစ်သည် မဟုတ်လော။ ၎င်းတို့၏ ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့သည် အတုအယောင်ဖြစ်သည်။ ၎င်းတို့၏ သစ္စာစောင့်သိမှုသည် အတုအယောင်ဖြစ်သည်။ ဤတွင် စစ်မှန်သည့် မှီခိုအားထားမှုနှင့် အရှုံးပေးအပ်နှံမှုတို့ရှိဖို့ မဆိုထားနှင့်၊ စစ်မှန်သည့် ကျိုးနွံနာခံခြင်းမရှိ၊ စစ်မှန်သည့် ယုံကြည်ခြင်းမရှိပေ။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေခြင်းမရှိ၊ မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဆန်းစစ်ခြင်းမရှိသကဲ့သို့ မိမိတို့ကိုယ်ပိုင် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေခြင်း မရှိကြချေ။ မိမိတို့ စိတ်နှလုံးများတွင် ၎င်းတို့ စဉ်းစားသမျှမှာ ၎င်းတို့၏ သွေးသား အကျိုးစီးပွားများ၊ ရလဒ်နှင့် ခရီးပန်းတိုင်တို့ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူမှုများ၊ အထင်လွဲမှုများနှင့် သံသယများဖြင့် ပြည့်နေသည်။ သို့တိုင် အပြင်ပန်းတွင် ၎င်းတို့သည် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်တစ်ဦးဦး၏ အသွင်သဏ္ဌာန်ပေးကြပြီး ၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ “ဘုရား၏ စေတနာရှိသည်။ ကျွန်ုပ် ညည်းညူရမည်မဟုတ်ပါ”ဟု ပြောကြသည်။ ၎င်းတို့၏ နှုတ်များက ညည်းညူခြင်းမရှိသော်လည်း ၎င်းတို့၏ စိတ်နှလုံးများက ချာချာလည်နေသည်။ ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ ညည်းညူချက်များ၊ အထင်လွဲမှုများနှင့် သံသယများသည် ၎င်းတို့ စိတ်နှလုံးများတွင် အပြင်းအထန်လှုပ်ရှားနေသည်။ ကြည့်ရသည်မှာ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုပြီး မိမိတို့တာဝန်ကို လုပ်ဆောင်ရာတွင် နှောင့်နှေးခြင်းမရှိကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့၏ တာဝန်ကို ၎င်းတို့က စွန့်လွှတ်နှင့်ပြီး ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင်၍ လိမ်လည်ခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည် မဟုတ်လော။ ဤသည်မှာ အယောင်ဆောင်၍ လိမ်လည်ခြင်း ဖြစ်သည်။
အန္တိခရစ်များသည် မည်သည့်အခြေအနေတွင်ဖြစ်စေ အယောင်ဆောင်၍ လိမ်လည်ခြင်းကို အမြဲ လုပ်ဆောင်ကြလိမ့်မည်။ ၎င်းတို့သည် မည်သည့်အချိန်အခါဖြစ်သည်ကို အလေးဂရုမပြုကြချေ။ သာဓကအနေဖြင့် စုဝေးပွဲများကို တက်ရောက်သည့်အခါ အချို့သော ညီအစ်ကို မောင်နှမများက အပြန်အလှန် နှုတ်ဆက်ကြသည်။ အန္တိခရစ်များက ဤအရာကို မည်သို့ကိုင်တွယ်ကြသနည်း။ ၎င်းတို့က “စကားစမြည်ပြောဆိုခြင်းကို ရပ်လိုက်ပါ၊ ကျွန်ုပ်တို့ စုဝေးပွဲတွင် ရောက်နေကြခြင်းဖြစ်သည်။ ဤကိစ္စမျိုးများကို စကားစမြည် ပြောဆိုရအောင် မည်သည့်နေရာတွင် သင်တို့ ရှိနေသည်ဟု ထင်သနည်း။ သင်တို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးမရှိပါ။ အလေးအနက်ထားကြလော့”ဟု ပြောကြသည်။ လူအချို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်ချိန်တွင် အားလပ်ချိန်ယူကြပြီး အန္တိခရစ်များက ဤအရာကို မြင်သည့်အခါ “ဝတ်ကျေတမ်းကျေ လုပ်ပြန်သည်ပေါ့၊ ဟေ။ သို့ဆိုလျှင် ဘုရားနှုတ်ကပတ်တော်များကို သင် ချက်ချင်းဖတ်ပြီး သူ့ရှေ့သို့ လာဆုတောင်းသင့်သည်”ဟု ပြောကြသည်။ ညီအစ်ကို မောင်နှမများက အချင်းချင်းထံမှ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ယူဖို့ အမြင်များကို ဖလှယ်ကြသည့်အခါ ၎င်းတို့က “သင်တို့သည် ဘုရားနှုတ်ကပတ်တော်များအကြောင်း မိတ်သဟာယပြုကာ အရင်ဆုံး ဆုတောင်းသင့်ပြီး ထို့နောက် နောက်ပိုင်းတွင်မှ အမြင်များနှင့် စိတ်ကူးများကို ဖလှယ်သင့်သည်”ဟု ပြောကြလိမ့်မည်။ စုဝေးပွဲတစ်ခု မစတင်မီ တစ်စုံတစ်ဦးက ဆုမတောင်းရသေးလျှင် အန္တိခရစ်က ထိုသူကို အပြစ်ဖော်ဆုံးမလိမ့်မည်၊ လူတစ်မျိုးမျိုးအဖြစ် သတ်မှတ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြောစရာ ရှိကြလိမ့်မည်။ ကဏ္ဍတိုင်းတွင် ၎င်းတို့က ဝိညာဉ်ရေးရာ အလွန်ပြည့်ဝကြောင်း၊ အလွန် စိတ်ထက်သန်ကြောင်း၊ သမ္မာတရားအပေါ် အလွန်တာဝန်သိတတ်ပြီး ထိုသမ္မာတရားကို လိုက်စားရန် ကြိုးစားကြကြောင်း၊ ၎င်းတို့၏ တာဝန်နှင့်ပတ်သက်၍ အလွန်တာဝန်ယူတတ်ကြောင်း၊ နေ့တိုင်း ဘုရားနှုတ်ကပတ်တော်များကို ပုံမှန် ဖတ်ရှုနိုင်ကြောင်း၊ ၎င်းတို့တွင် ပုံမှန် ဝိညာဉ်ရေးရာ အသက်တာရှိကြောင်း၊ စုဝေးပွဲများကို ၎င်းတို့ ပုံမှန်တက်ကြကြောင်း၊ စုဝေးပွဲများကို တက်ကြသည့်အခါ ၎င်းတို့ ဆုတောင်းကြကြောင်း၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ညွှန်ကြားထားသည့်နည်းလမ်းဖြင့် မိတ်သဟာယပြုကြောင်းနှင့် စကားစမြည်ပြောဆိုရာတွင် မည်သည့်အခါတွင်မျှ ပါဝင်ခြင်း မရှိကြောင်း သို့မဟုတ် အိမ်အရေးကိစ္စများကို ပြောဆိုဆွေးနွေးခြင်း မရှိကြကြောင်းတို့ကို အခြားသူတို့အား မြင်အောင်လုပ်ကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့အား “သင်၏ ဆံပင် ရှည်နေပြီဖြစ်သည်။ သင် သွားညှပ်သင့်သည်။ ယခုတွင် ရာသီဥတုပူနေပြီဖြစ်သည်။ ထို့ကြောင့် သင်၏ ဆံပင်ကိုညှပ်လျှင် သင် ပိုအေးသွားလိမ့်မည်”ဟု ပြောလျှင် ၎င်းတို့က “ကျွန်ုပ်၏ ဆံပင် အနည်းငယ်ရှည်ခြင်းက အရေးမကြီးပါ။ အလုပ်က အရေးကြီးသည်။ ကျွန်ုပ်၏ဆံပင်ကို နောက်ထပ်နှစ်ရက် အရှည်ထားမည်ဆိုလျှင် အပူဒဏ်က ကျွန်ုပ်ကို မည်သည့် ပြဿနာမျှ ဖြစ်စေမည်မဟုတ်ပါ”ဟု ပြန်ပြောကြသည်။ တစ်စုံတစ်ဦးက “သင်၏ အဝတ်အစားများက ဟောင်းနွမ်းစုတ်ပြတ်နေသည်။ ဆက်ဝတ်နေလျှင် လူတို့က သင့်ကို လှောင်ရယ်ကြလိမ့်မည်”ဟု ပြောသည်။ အန္တိခရစ်က “ကိစ္စမရှိပါ။ ဘုရားကို ယုံကြည်သော ကျွန်ုပ်တို့ ယုံကြည်သူများသည် လှောင်ရယ်ခံရခြင်းအကြောင်းကို စိုးရိမ်ကြသလော။ ကျွန်ုပ်တို့အားလုံး လွန်စွာ ဆင်းရဲဒုက္ခ ခံရပြီးဖြစ်ကာ အဆင်းနီသော နဂါးကြီး၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို တစ်ချိန်လုံး ခါးစည်းခံရပြီးဖြစ်သည်။ လောကီလူတို့၏ ငြင်းပယ်ခြင်း ခံရသည့် လမ်းကြောင်းကို ကျွန်ုပ်တို့ လျှောက်လှမ်းပြီးဖြစ်သည်။ ထို့ကြောင့် လူတို့က ကျွန်ုပ်၏ ဟောင်းနွမ်းစုတ်ပြတ်သော အဝတ်အစားများအတွက် ကျွန်ုပ်ကို လှောင်ရယ်လျှင်ကော အဘယ်သို့နည်း။ ဘုရားက ကျွန်ုပ်ကို လက်ခံသရွေ့ ယင်းသည်သာ အရေးကြီးပါသည်”ဟု ပြောကြသည်။ ဤသည်မှာ ပြောကောင်းသည့်စကား ဖြစ်သလော။ (၎င်းတို့သည် ဝိညာဉ်ရေးရာ ပြည့်ဝသယောင် ဟန်ဆောင်နေကြုခြင်းဖြစ်သည်။) ငါက မေးခွန်းများမေးကာ တရားဒေသနာတစ်ခုပြီးသည့်နောက် လူတိုင်းအား ထိုမေးခွန်းများနှင့်ပတ်သက်၍ မိတ်သဟာယ ပြုခိုင်းသော်လည်း လူတို့က မိတ်သဟာယတွင် ထိုမေးခွန်းများအား အဖြေမပေးနိုင်သည်ကို လူအချို့က မြင်ကြသည်။ ထို့ကြောင့် ဤသို့ အကျဉ်းချုပ် ပြောဆိုကြသည်။ “ဤနေရာတွင် သိနားလည်မှုအသစ် တစ်ခုခုကို ကျွန်ုပ် ရှာတွေ့ပြီဖြစ်သည်။ ဘုရားက မည်သည့်အရာကိုမျှ အလကား မစားပါ၊ သို့သော် ကျွန်ုပ်တို့က ဂေါ်ဖီထုပ်ကိုပင် အလကား စားကြသည်”ဟူ၍ ဖြစ်သည်။ ဤသို့ပြောသည်ကို ယခင်က သင် ကြားဖူးပြီလော။ (မကြားရသေးပါ။) ဘုရားသခင်က မည်သည့်အရာကိုမျှ အလကားမစား၊ ဆိုလိုသည်မှာ ဘုရားက လူတို့ကို တရားဒေသနာများ ဟောသောကြောင့် သူသည် သူ၏ အစားအစာကို ထိုက်ထိုက်တန်တန် ရရှိခြင်းဖြစ်သည်ဟူ၍ ၎င်းတို့က ပြောကြသည်။ ငါတို့က မည်သည့်အရာကိုမျှ မိတ်သဟာယ မပြုနိုင်သောကြောင့် ဂေါ်ဖီထုပ်ကိုပင် အလကားစားကြသည်ဟု ပြောခြင်းဖြစ်သည်။ လူအချို့သည် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိဘဲ ဤအရာကို သမ္မာတရားအဖြစ် သဘောထားကာ နေရာတကာ သွားပြောကြသည်။ ၎င်းတို့သည် မိမိကိုယ်ကို သိသည့် သိမြင်မှုကို မိတ်သဟာယပြုခြင်း၊ ဘုရားကို ကျိုးနွံနာခံကာ ချစ်ဖို့ လိုက်စားခြင်းနှင့် လူတို့ မကြာခဏ ဆွေးနွေးကြသည့် အခြားထိုသို့သော ကြားရလေ့ရှိသည့် အကြောင်းအရာများကို ဝိညာဉ်ရေးရာပြည့်ဝသောအရာ၊ အဆင့်မြင့်သောအရာ သို့မဟုတ် အသစ်သော သိမြင်နားလည်မှုအဖြစ် ယူဆ၍ရနိုင်သည်ဟု ၎င်းတို့ မယုံကြည်ကြပေ။ ၎င်းတို့အတွက် ထိုလူပြောပြီးသည့်အရာသည်သာ အသစ်သော သိမြင်နားလည်မှုဖြစ်ပြီး အဆင့်မြင့်လေသည်။ ထိုလူပြောခဲ့သည့်အရာသည် မှန်ကန်ပုံရသော်လည်း သေချာ စဉ်းစားကြည့်သည့်အခါ စက်ဆုပ်စရာကောင်းပြီး ပြောဆိုရန် အဓိပ္ပာယ်မရှိသောအရာတစ်ခု ဖြစ်သည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့်သူများဖြစ်သော်လည်း ဝိညာဉ်ရေးရာ ပြည့်ဝသယောင်၊ သမ္မာတရားနှင့်ဆိုင်သည့် အသိပညာရှိသယောင် ဟန်ဆောင်ပြီး သမ္မာတရားကို နားလည်သယောင် ဟန်ဆောင်လိုဆဲဖြစ်သည့်သူများက တီထွင်ဖန်တီးထားသည့် အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် လေလုံးထွားပြီး အနှစ်မဲ့သည့် စကားလုံးများနှင့် အယူဝါဒများကို ပြောရန် သင်ယူရာတွင် အထူးလေ့လာလိုက်စားကြပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းကို အရေးမထားကြပေ။ ထို့ကြောင့် ၎င်းတို့သည် ဝိညာဉ်ရေးရာ အယူဝါဒကို ပြောဆိုဖို့ သင်ယူရာတွင် အထူးလေ့လာလိုက်စားကြပြီး ၎င်းတို့တွင် သမ္မာတရား လက်တွေ့ကျမှု ရှိမရှိဟူသည်ကို မြင်ရန် မိမိတို့ကိုယ်ကို မည်သည့်အခါတွင်မျှ စိစစ်ခြင်း မရှိကြချေ။ ဤလူများသည် သူတော်ကောင်းယောင်ဆောင်သောသူများ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် ဤကဲ့သို့သော လူများကို အားလုံးထဲတွင် အရွံမုန်းဆုံး ဖြစ်သည်။
ဤဝိညာဉ်ရေးရာ ပြည့်ဝသည့်လူများဟုခေါ်သည့်သူများ အတူတကွစုမိကြသည့်အခါ ၎င်းတို့က ကြီးကြီးကျယ်ကျယ် အကြောင်းအရာကို လေရှည်ကြသည်၊ နက်နဲသောအရာများကို ဆွေးနွေးကြသည်၊ မိမိကိုယ်ကို သိရှိခြင်းနှင့် ဘုရားသခင်ကို သိရှိခြင်းအကြောင်း ပြောဆိုကြသည်။ ၎င်းတို့ ပြောဆိုသည့် အရာများသည် အလွန် အဆင့်မြင့်ပြီး လောကီဆန်သည့် အပြောအဆို လုံးဝ ဖြစ်ပုံမရပေ။ ၎င်းတို့သည် တဖြည်းဖြည်းချင်း ပြောနေသည့်အကြောင်းအရာနှင့် လမ်းကြောင်းလွဲသွားပြီး လုံးဝ မဆီလျော်သည့်အကြောင်းအရာများကို ပြောဆိုနေလျက် ပြောပြီးရင်း ပြောနေမိကြသည်။ “လုံးဝ မဆီလျော်သည့် အကြောင်းအရာများကို ပြောဆိုခြင်း”သည် မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့သည် လုံးလုံး အဓိပ္ပာယ်မဲ့သည့်အရာကို စတင်ပြောဆိုသည်ထိ ပြောပြီးရင်း ပြောနေမိခြင်းဖြစ်သည်။ မည်သူက ဘုရားနှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုသည်ဟူသည်နှင့် ဘုရားနှုတ်ကပတ်တော် အခန်းကြီးတစ်ခု၏ မည်မျှကို ၎င်းတို့ သတိရကာ ဟောပြောနိုင်သည်၊ မည်သူက အခြားသူများထက် သာ၍ အဆင့်မြင့်ပြီး သာ၍ နက်နဲသော နည်းလမ်းဖြင့် တရားဟောနိုင်သည်ဆိုသည်နှင့် မည်သူက အခြားသူများထက် သိမြင်နားလည်မှုဖြစ်စေသည့် နည်းလမ်းတစ်ခုဖြင့် ဟောပြောနိုင်သည်ဟူသည်တို့ကို ကြည့်ရန် အချင်းချင်း ယှဉ်ပြိုင်ကြလေသည်။ ၎င်းတို့သည် ဤအရာများနှင့်ပတ်သက်၍ ယှဉ်ပြိုင်ကြပြီး ဤအရာကို “ဝိညာဉ်ရေးရာပြည့်ဝခြင်းကို ယှဉ်ပြိုင်ခြင်း”ဟု ခေါ်သည်။ တစ်ခါတစ်ရံ လူတို့သည် အတူတကွ စကားစမြည် ပြောဆိုနေကြသည်၊ လတ်တလောတွင် ၎င်းတို့ မည်သည့်အခြေအနေ ရှိကြသည် သို့မဟုတ် အပြင်ပန်း ကိစ္စရပ်အချို့အကြောင်းကို ဆွေးနွေးပြောဆိုနေကြသည်။ ထို့နောက် “ဝိညာဉ်ရေးရာ ပြည့်ဝသည့်လူ”တစ်ဦး ရောက်လာပြီး ဤအရာများအကြောင်းကို လူတိုင်း စကားစမြည်ပြောဆိုနေကြသည်ကို ကြားသည့်အခါ ၎င်းတို့၏ ဘုရားနှုတ်ကပတ်တော် စာအုပ်ကို ယူပြီး ထောင့်တစ်နေရာကို သွားရှာဖတ်ရှုကြလေသည်။ ထိုသို့သော လူတစ်ဦးသည် ပေါင်းသင်းဆက်ဆံမှုမရှိသကဲ့သို့ ထူးဆန်းသည့်ပုံပေါ်သည် မဟုတ်လော။ အဓိကအကြောင်းအရာနှင့် ပတ်သက်၍ လူအချို့နှင့် ငါ မိတ်သဟာယပြုသည့်အခါ အလယ်တွင် ခဏအနားယူမည်ဖြစ်ပြီး အပြင်ပန်း ကိစ္စရပ်များအကြောင်းကို စကားစမြည်ပြောကြမည် ဖြစ်သည်။ ယင်းမှာ ပုံမှန်ဖြစ်သည် မဟုတ်လော။ ဤစကားစမြည်ပြောဆိုချိန်အတွင်းတွင် လူအချို့က အသံမထွက်ကြပေ။ ဤသို့အသံမထွက်သည်မှာ “သင်က သမ္မာတရားအကြောင်း မိတ်သဟာယပြုသည့်အခါ ကျွန်ုပ် နားထောင်မည်ဖြစ်သော်လည်း သင် စတင် စကားစမြည်ပြောဆိုလျှင် ကျွန်ုပ် နားထောင်တော့မည် မဟုတ်ပါ။ အချိန်ကြာမြင့်စွာ သင် ဆက်လက်၍ စကားစမြည်ပြောဆိုလျှင် ကျွန်ုပ် ထွက်သွားမည်ဖြစ်သည်” ဟု ဆိုလိုလေသည်။ မည်သည့်နေရာသို့ ၎င်းတို့ သွားကြသနည်း။ ၎င်းတို့သည် ဆုတောင်းရန် နေရာတစ်ခုခုကို သွားရှာကြပြီး “အို ဘုရား၊ ကျွန်ုပ်၏ စိတ်နှလုံးကို ပြန်ယူပါ။ ကိုယ်တော်၏ ရှေ့တွင် ကျွန်ုပ် ငြိမ်သက်စွာနေပါရစေ။ ဘာသာတရားမရှိသူများ၏ ကိစ္စရပ်များဖြင့် ကျွန်ုပ် ဆွဲဆောင်ခြင်းခံရပြီး အလုပ်မရှုပ်မပါရစေနှင့်၊ ပြီးလျှင် လောကီ ရေပန်းစားမှုများ၏ လွှမ်းမိုးခြင်းကို ကျွန်ုပ် မခံရပါစေနှင့်”ဟု ယုံကြည်စိတ်ချစွာ ပြောဆိုကြသည်။ ယင်းမှာ အလွန် ဝိညာဉ်ရေးရာ ပြည့်ဝသလော။ ပြည့်ဝသည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ အိမ်ကိစ္စရပ်များနှင့် လတ်တလောတွင် သင်၏ အခြေအနေ မည်သို့ဖြစ်ခဲ့သည်ဟူသည်တို့အကြောင်းကို ၎င်းတို့ စကားစမြည် ပြောဆိုသည့်အခါ ဤသည်မှာ သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုခြင်း မဟုတ်၊ ဘုရားနှုတ်ကပတ်တော်ကို လုံးဝ ထည့်သွင်းပြောဆိုခြင်းမရှိဟု ၎င်းတို့ တွေးထင်ကြသည်။ ထို့ကြောင့် ၎င်းတို့ ထွက်သွားပြီး ဘုရားသခင်ရှေ့သို့ သွား ဆုတောင်းကြလေသည်။ ယင်းမှာ အနည်းငယ် ထူးဆန်းသည် မဟုတ်လော။ ဤသည်မှာ ဝိညာဉ်ရေးရာ ပြည့်ဝရန် ကြိုးစားသူတို့၏ အယောင်ဆောင်၍ လိမ်လည်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အယောင်ဆောင်၍ လိမ်လည်ရာတွင် အလွန်တော်ကြသည်။ အယောင်ဆောင်၍ လိမ်လည်ခြင်းကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ ၎င်းတို့က ဝိညာဉ်ရေးရာ ပြည့်ဝကြောင်း၊ ၎င်းတို့၏ လိုက်စားမှုတွင် ၎င်းတို့ စိတ်အားထက်သန်ကြောင်း၊ ဘုရားသခင်ရှေ့မှောက်တွင် ၎င်းတို့ အမြဲ အသက်ရှင်ကြကြောင်း၊ ၎င်းတို့၏ စကားများတွင် သိမြင်နားလည်မှုရှိကြောင်း၊ ၎င်းတို့က သမ္မာတရားကို လိုက်စားကြောင်း၊ အပြင်လောကီဆန်သော လောက သို့မဟုတ် မိသားစု ချစ်ခင်တွယ်တာမှုများ၏ ဘောင်ခတ်ခြင်းကို ၎င်းတို့ မခံကြရကြောင်း၊ ၎င်းတို့တွင် ထိုသို့သော ဇာတိပကတိဆိုင်ရာ လိုအပ်ချက်များ မရှိကြောင်း၊ ၎င်းတို့က ပုံမှန်လူများနှင့် ကွဲပြားကြောင်း၊ ၎င်းတို့သည် လောကီဆန်သော လောကနှင့် ထိုသို့သော အောက်တန်းကျသည့် အကျိုးစီးပွားများကို ဖယ်ရှားနှင့်ပြီးဖြစ်ကြောင်းတို့ကို အခြားသူတို့အား မြင်စေရန်ဖြစ်သည်။ လူအချို့က ဘာသာတရားမရှိသူများထံ စကားအနည်းငယ် ပြောဆိုသည့်အခါ ၎င်းတို့က “ယင်းမှာ မမှန်ပါ။ ဤဘာသာတရားမရှိသူများက ဆိုးပါသည်။ သူတို့ကို သင် စကားပြောပြီး သူတို့၏ အရေးကိစ္စများတွင် သင် ရောနှောမိသည်နှင့်တစ်ပြိုင်နက် သင်သည် စိတ်ထဲတွင် စိတ်အနှောင့်အယှက်ဖြစ်ပြီး ဝန်ချကာ ဆုတောင်းရန် ဘုရားရှေ့မှောက်သို့ အမြန်သွားရမည်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို သင် အမြန် ဖတ်ရှုရမည်၊ သူ၏ နှုတ်ကပတ်တော်များအား သင့်ကို နေရာယူစေရမည်ဖြစ်ပြီး သင့်ကို ပြည့်စေခွင့်ပေးရမည်ဖြစ်သည်”ဟု ပြောကြသည်။ ထို့ကြောင့် ဘုရားသခင်ကို မယုံကြည်သည့် ဘာသာတရားမရှိသောသူများကို ၎င်းတို့ မြင်သည့်အခါ ရှောင်ရှားကြပြီး စကားမပြောကြပေ။ ပုံမှန်ဆက်ဆံမှုတွင်ပင် ၎င်းတို့ ပါဝင်ပတ်သက်ကြမည်မဟုတ်သကဲ့သို့ ၎င်းတို့ကို ထူးဆန်းသည်ဟု လူတို့က တွေးထင်ကြသည်။ ဤသို့ပြုမူဆောင်ရွက်ခြင်းအတွက် ၎င်းတို့၏ အခြေခံအကြောင်းရင်းမှာ “ဘာသာတရားမရှိသူများသည် နတ်ဆိုးများချည်းသာဖြစ်ပြီး သူတို့ကို ကျွန်ုပ်တို့ စကားမပြောရ။ ဘုရားက နတ်ဆိုးများကို ရွံမုန်းသည်။ ထို့ကြောင့် နတ်ဆိုးများနှင့် ကျွန်ုပ် ပေါင်းဖော်ပြီး သူတို့နှင့် ရင်းနှီးလျှင် ဘုရားက ထိုအရာကိုလည်း ရွံမုန်းမည်ဖြစ်သည်။ ဘုရား ရွံမုန်းသောအရာကို ကျွန်ုပ်တို့ ရွံမုန်းသင့်ပြီး ဘုရား ငြင်းပယ်သောအရာကို ကျွန်ုပ်တို့ ငြင်းပယ်သင့်သည်” ဟူ၍ဖြစ်သည်။ ညီအစ်ကို မောင်နှမတစ်ဦးက ဘာသာတရားမရှိသည့် မိသားစုဝင်တစ်ဦး သို့မဟုတ် မိတ်ဆွေတစ်ဦးနှင့် စကားပြောနေသည်ကိုဖြစ်စေ၊ ရင်းရင်းနှီးနှီး ပြောဆိုနေသည်ကိုဖြစ်စေ၊ အိမ်ကိစ္စများအကြောင်း ပြောဆိုနေသည်ကိုဖြစ်စေ ၎င်းတို့ မြင်လျှင် “သူသည် ဘုရားကို နှစ်များစွာကြာ ယုံကြည်ခဲ့ကြသည့် အတွေ့အကြုံရှိသော ယုံကြည်သူတစ်ဦး ဖြစ်သည်။ ဘာသာတရားမရှိသူများကို ရှောင်ရှားရန် ကြိုးစားရမည့်အစား ထိုသူတို့နှင့် အလွန်ရင်းနှီးကြသည်။ ဤသည်မှာ ဘုရားကို သူတို့ သစ္စာဖောက်ခြင်းဖြစ်သည်၊ ပြီးလျှင် သူသည် ပြဿနာတစ်ခုနှင့် ကြုံတွေ့သည့်အခါ မုချ ယုဒတစ်ဦး ဖြစ်လာကြလိမ့်မည်”ဟု တွေးလျက် ၎င်းတို့နှင့်ပတ်သက်၍ ဝေဖန်မှုပြုကြလေသည်။ ၎င်းတို့သည် ထိုသို့သော လူများအပေါ် နာမည်တစ်ခု သမုတ်လိုက်ကြသည်။ လူအချို့တွင် သူတို့ကိုယ်တိုင်က ဘုရားသခင်ကို မယုံကြည်သည့်တိုင် ဘုရားသခင်ကို ယုံကြည်သည့် မိမိတို့ ကလေးအား ကန့်ကွက်ခြင်းလည်း မရှိသည့် မိဘများရှိကြသည်။ ၎င်းတို့သည် မိမိတို့မိဘများအား သာကြောင်းမာကြောင်းမေးရန် မကြာခဏ ဖုန်းခေါ်ကြသည် သို့မဟုတ် မိဘများ နာမကျန်းဖြစ်သည့်အခါ စောင့်ရှောက်ပေးရန် အိမ်ပြန်ကြသည်။ ဤသည်မှာ လုံးဝ ပုံမှန်ဖြစ်ပြီး ဘုရားသခင်က ရှုတ်ချခြင်း မရှိပေ။ ပြီးလျှင် ဤဝိညာဉ်ရေးရာ ပြည့်ဝသောလူများ၊ ဤအန္တိခရစ်များက မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ဤသည်မှာ အမှုအရာများကို ၎င်းတို့ ရှုမြင်ပုံဖြစ်သလော။ ၎င်းတို့သည် “သင်က အများအားဖြင့် စကားပြောအလွန်ကောင်းပြီး အခြားသူတို့အား ၎င်းတို့၏ ချစ်ခင်တွယ်တာမှုများကို လက်လွှတ်စေကာ ယင်းတို့၏ ဘောင်ခတ်ခြင်းမရအောင် ပြုစေသည်။ သို့သော် သင်၏ ချစ်ခင်မှုများက သာ၍ပင် အားကောင်းသည်ကို ကျွန်ုပ် မြင်သည်။ သင်၏ မိဘများက ဘုရားကို မယုံကြည်ကြသောကြောင့် သူတို့ကို သင် ငြင်းပယ်ရမည်”ဟု ပြောလျက် ထိုအရာအပေါ် ရေးကြီးခွင့်ကျယ်လုပ်ကြလေသည်။ တစ်ဖက်လူက “ကျွန်ုပ်၏ မိဘများက ဘုရားသခင်ကို မယုံကြည်သော်လည်း ကျွန်ုပ်ကို တားလည်းမတားဆီးပါ။ သူတို့က ကျွန်ုပ်အပေါ် အလွန် အားပေးထောက်ခံသည်”ဟု ပြန်ပြောသည်။ အန္တိခရစ်က “သူတို့က သင့်ကို အားပေးထောက်ခံလျှင်ပင် ထိုအရာသည် လက်ခံနိုင်ဖွယ်မရှိသကဲ့သို့ သူတို့သည် နတ်ဆိုးများ ဖြစ်နေဆဲဖြစ်သည်။ သူတို့အတွက် သင်သည် အဘယ်သို့ဖြစ်ပြီး ချက်ပြုတ်ပေးနိုင်သေးသနည်း”ဟု ပြန်ပြောလေသည်။ တစ်ဖက်လူက “ဤသည်မှာ သာမန် လူသား ချစ်ခင်တွယ်တာမှုဖြစ်သည် မဟုတ်လော။ မိမိ၏ မိဘများအတွက် အစားအစာအနည်းငယ် ချက်ပြုတ်ပေးခြင်းနှင့် သူတို့အတွက် သားသမီးမေတ္တာပြခြင်းသည် ပုံမှန်ဖြစ်သည် မဟုတ်လော။ ဘုရားက ထိုအရာကို မရှုတ်ချပါ၊ ထို့ကြောင့် သင်သည် ယင်းကို အဘယ်ကြောင့်များ ရှုတ်ချနေရသနည်း”ဟု ပြောသည်။ အန္တိခရစ်က “ဘုရားက ထိုသို့သော သေးငယ်သည့် ကိစ္စရပ်ဖြင့် ဒုက္ခခံမည် မဟုတ်ပါ။ ဘုရားက ထိုအရာနှင့်ပတ်သက်၍ ဒုက္ခခံမည်မဟုတ်သည်နှင့်အမျှ ကျွန်ုပ်တို့က ရပ်တည်ချက်တစ်ခုယူပြီး ကျွန်ုပ်တို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်သင့်သည်။ သင်သည် ဤနှစ်များတစ်လျှောက်လုံး ဘုရားကို ယုံကြည်ပြီးဖြစ်သည့်တိုင် သင့်တွင် ပိုင်းခြားသိမြင်မှု သို့မဟုတ် ဝိညာဉ်ရင့်ကျက်မှု မရှိသည့်အပြင် နတ်ဆိုးများကို အလွန်ကောင်းစွာ ဆက်ဆံနိုင်သည်။ သင်၏ ချစ်ခင်တွယ်တာမှုက အလွန်အားကောင်းနေသည်”ဟု ပြန်ပြောလေသည်။ ဤအရာကိုပင် ၎င်းတို့က ရှုတ်ချကြသည်။ မိမိတို့တွင် ဝိညာဉ်ရင့်ကျက်မှုရှိကြောင်း၊ မိမိတို့၏ လိုက်စားမှုတွင် မိမိတို့ စိတ်ထက်သန်ကြောင်း၊ မိမိတို့တွင် ယုံကြည်ခြင်းရှိကြောင်း ပြသရန် လူတို့က မည်သည့်အရာကို လုပ်ဆောင်ပါစေ ၎င်းတို့က ထိုသူတို့အပေါ် ရှုတ်ချကြပြီး အမည်တပ်ကြသော်လည်း အဆုံးတွင် ၎င်းတို့ကိုယ်တိုင်၏ မိသားစုဝင်တစ်ဦး သေဆုံးသည့်အခါ၎င်းတို့သည် နေ့ရက်များစွာကြာ ငိုကြွေးကြသည်မှာ အိပ်ရာမှ မထွတ်နိုင်သည့်အပြင် မိမိတို့၏ ယုံကြည်ခြင်းကို စွန့်ပစ်ချင်သည်အထိပင် ဖြစ်လေသည်။ တစ်စုံတစ်ဦးက ၎င်းတို့အား “သင်သည် ဝိညာဉ်ရေးရာ ပြည့်ဝသည့်လူတစ်ဦး ဖြစ်သည် မဟုတ်လော”ဟု ပြောသည်။ ၎င်းတို့က “ဝိညာဉ်ရေးရာ ပြည့်ဝသည့်လူတို့သည်လည်း အားမနည်းနိုင်သလော။ ကျွန်ုပ်သည် အနည်းငယ် အားနည်း၍မရနိုင်သလော”ဟု ပြန်ပြောကြလေသည်။ ဤသည်မှာ တစ်ပတ်ရိုက်ခြင်း ဖြစ်သည် မဟုတ်လော။ အတုအယောင် ဝိညာဉ်ရေးရာ ပြည့်ဝသည့်လူများသည် ဟန်ဆောင်မှုကို လုပ်ဆောင်နိုင်စွမ်း ရှိကြပြီး ဤအရာကို အယောင်ဆောင်၍ လိမ်လည်ခြင်းဟု ခေါ်သည်။ ၎င်းတို့သည် လူတို့က မသင့်တော်သည့်အရာ သို့မဟုတ် စံမဟုတ်သည့်အရာအဖြစ် တွေးထင်ကောင်း တွေးထင်နိုင်သည့် မည်သည့်နည်းလမ်းနှင့်မျှ ပြုမူခြင်းမရှိဘဲ ၎င်းတို့တွင် အားနည်းမှုမရှိသည့်ဟန်ဆောင်ကြသည်၊ ကျိုးနွံနာခံတတ်သည့် ဟန်ဆောင်ကြသည်၊ ဘုရားသခင်ကို ယုံကြည်ခြင်းရှိပြီး ဘုရားသခင်ကို သစ္စာစောင့်သိသည့်၊ မိမိတို့၏ ကျမ်းသစ္စာများအား စောင့်ထိန်းနိုင်သည့်၊ ဆင်းရဲဒုက္ခကို သည်းညည်းခံနိုင်ပြီး မိမိတို့ကိုယ်ကို အသုံးခံနိုင်သည့် ဟန်ဆောင်ကြလေသည်။ ၎င်းတို့၏ အပြင်ပန်း အပြုအမူဖြင့် အကဲဖြတ်သည့်အခါ လူတို့က ၎င်းတို့ကို အသိအမှတ်ပြုကြပြီး မည်သည့်အပြစ်ကိုမျှ မဖော်ထုတ်နိုင်ကြပေ။ ၎င်းတို့သည် အခြေခံအားဖြင့် ခရစ်ယာန် လူ့ကျင့်ဝတ်ဖြင့် ကိုက်ညီပုံပေါ်ကြပြီး အပျက်သဘောဆောင်လာသည့်ပုံ သို့မဟုတ် အားနည်းလာသည့်ပုံပင် မပေါ်ကြပေ။ တစ်စုံတစ်ဦးက အားနည်းပြီး အပျက်သဘောဆောင်သည်ကို ၎င်းတို့ မြင်သည့်အခါ “သင်သည် ထိုသို့သော အရေးမပါသည့် ကိစ္စရပ်တစ်ခုနှင့်ပတ်သက်၍ အားနည်းလာသည်၊ ယင်းသည် ဘုရားကို အလွန်နာကျင်စေသည် မဟုတ်လော။ ယခုက မည်သည့်အချိန်ကာလဖြစ်သည်ကို သင် သိမှသိလေသလော။ ဘုရားက အလွန်များသည့် နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ထံ မိန့်မြွက်ပြီးဖြစ်သောကြောင့် သင်သည် အဘယ်သို့ဖြစ်ပြီး အားနည်းလာနိုင်ဆဲ ဖြစ်ရသနည်း။ ဘုရား၏ စိတ်နှလုံးကို သင် အဘယ်သို့ဖြစ်ပြီး နားလည်မှု အလွန်နည်းနိုင်ရသနည်း။ မည်သည့် ပြဿနာကို သင် ကြုံရသည်ဖြစ်စေ သင်သည် ဘုရားရှေ့သို့ အမြဲ သွားဆုတောင်းရမည်၊ ဘုရားကို ချစ်ဖို့ သင်ယူကာ သူ့ကို သစ္စာစောင့်သိရမည်ဖြစ်ပြီး ကျိုးနွံနာခံရမည်ဖြစ်ကာ အားနည်းလာခြင်း မရှိရပေ။ သင်၏ ဇာတိပကတိကို သင် အမြဲ ထောက်ထားလျှင် သင်သည် ဘုရားကို ပုန်ကန်ခြင်းဖြစ်သည် မဟုတ်လော”ဟု ပြောလျက် ထိုသူတို့ကို မကြာခဏဆိုသလို ပြင်းထန်စွာ ပြစ်တင်မောင်းမဲလေသည်။ ဤနေရာတွင် ၎င်းတို့ ပြောဆိုသည့် အရာတစ်ခုတလေနှင့်ပတ်သက်၍ ပြဿနာတစ်ခုတလေ ရှိသည့်ပုံမပေါ်သော်လည်း ထိုအရာက အနှစ်မဲ့သည်ချည်းသာဖြစ်ပြီး လူတို့၏ ပြဿနာများကို မဖြေရှင်းနိုင်ပေ။ ၎င်းတို့က “ယခုတွင် မည်သည့် အချိန်ကာလ ဖြစ်သည်ကို သင် သိမှသိလေသလော”ဟု ပြောသည်။ ယင်းသည် လူတို့ အားနည်းရခြင်းနှင့် ပတ်သက်မှုတစ်ခုတလေ ရှိသလော။ ပုန်ကန်ခြင်းနှင့် ပတ်သက်မှုတစ်ခုတလေ ရှိသလော။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြပြီး မိမိတို့ ဇာတိပကတိအတွင်းတွင် အသက်ရှင်ကြကာ လူတို့သည် အမြဲ အားနည်းလာနိုင်ကာ ပုန်ကန်နိုင်ကြပေသည်။
အန္တိခရစ်များသည် ဝိညာဉ်ရေးရာ ပြည့်ဝသည့်လူတို့၏ အခန်းကဏ္ဍ၊ ညီအစ်ကို မောင်နှမများထဲမှ အတော်ဆုံး၏ အခန်းကဏ္ဍနှင့် သမ္မာတရားကို သိနားလည်ပြီး အားနည်းကာ မရင့်ကျက်သောသူတို့ကို ကူညီနိုင်သည့်လူတို့၏ အခန်းကဏ္ဍကို ဆောင်ရွက်ချင်ကြလေသည်။ ဤအခန်းကဏ္ဍကို ဆောင်ရွက်ရာတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ပထမဆုံးအနေဖြင့် ၎င်းတို့က ဇာတိပကတိနှင့် လောကီကမ္ဘာကို ကျော်လွန်နှင့်ပြီးဖြစ်ကြောင်း၊ ပုံမှန်လူ့သဘာဝ၏ အားနည်းမှုနှင့် ဇာတိပကတိဆိုင်ရာ လိုအပ်ချက်များကို ၎င်းတို့ ဖယ်ရှားပြီးဖြစ်ကြောင်း ယုံကြည်ကြသည်။ ၎င်းတို့သည် အရေးကြီးသည့် အလုပ်တာဝန်များကို တာဝန်ယူနိုင်သည့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားနိုင်ပြီး မိမိ၏ စိတ်နှလုံးများက ဘုရားနှုတ်ကပတ်တော်များနှင့်ပြည့်သည့် ဘုရားအိမ်တော်တွင် ရှိသောသူများဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဘုရားသခင်၏ တောင်းဆိုချက်များကို ပြည့်မီနှင့်ပြီးဖြစ်ခြင်းနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေနှင့်ပြီးဖြစ်ခြင်းအတွက်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားနိုင်ခြင်းနှင့် ဘုရားသခင် ကတိပြုပြီးသည့် နှစ်သက်ဖွယ်သော ခရီးပန်းတိုင်ကို ရရှိနိုင်ခြင်းတို့အတွက် ၎င်းတို့က မိမိတို့ကိုယ်ကို ချီးမွမ်းကြသည်။ ထို့ကြောင့် ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီဟု ဘဝင်ခိုက်နေကြပြီး ကျန်သည့်သူများထက် သာလွန်သည်ဟု မကြာခဏ ခံစားကြလေသည်။ ၎င်းတို့က အခြားသူများကို ဩဝါဒခြွေဖို့နှင့် အခြားသူတို့ကို ရှုတ်ချကာ ဝေဖန်သုံးသပ်ဖို့အတွက် မိမိတို့ စိတ်များတွင် မှတ်မိကာ နားလည်နိုင်သည့် စကားလုံးများကို အသုံးပြုကြသည်။ ၎င်းတို့အနေဖြင့် အသင်းတော်တွင် မိမိတို့၏ အဆင့်အတန်းကို ကာကွယ်စောင့်ရှောက်နိုင်ရန်အလို့ငှာ အခြားလူများအား စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်းစေကာ ၎င်းတို့ကို နာခံစေလျက် အခြားသူတို့ကို ဘောင်ခတ်ကာ ညွှန်ကြားရန်အတွက် မိမိတို့၏ အယူအဆများတွင် စိတ်ကူးမိသည့် အချို့သော လုပ်နည်းကိုင်နည်းများနှင့် ဆိုရိုးများကိုလည်း မကြာခဏ အသုံးပြုကြလေသည်။ ၎င်းတို့အနေဖြင့် ဝိညာဉ်ရေးရာ အယူဝါဒတစ်စုံကို ဟောပြောနိုင်သရွေ့၊ ရေပန်းစားသော ဆောင်ပုဒ်များကို ဟစ်ကြွေးနိုင်သရွေ့၊ လမ်းခရီးကို ဦးဆောင်နိုင်သရွေ့ ရှေ့ထွက်လာပြီး အလုပ်ကို တာဝန်ယူကာ အသင်းတော်၏ ပုံမှန် အစီအစဉ်ကို ထိန်းသိမ်းဖို့ လိုလားနေသရွေ့ ဝိညာဉ်ရေးရာ ပြည့်ဝသည့်လူများဖြစ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ အဆင့်အတန်းက တည်ငြိမ်လိမ့်မည်ဟု ယုံကြည်ကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် ဝိညာဉ်ရေးရာ ပြည့်ဝသည့်လူများအဖြစ် ဟန်ဆောင်ကာ ထိုသို့ဖြစ်ခြင်းအတွက် မိမိတို့ကိုယ်ကို ချီးမွမ်းကြစဉ် တစ်ချိန်တည်းတွင် အရာခပ်သိမ်းကို တတ်စွမ်းနိုင်သူ၊ အပြည့်အဝ တတ်စွမ်းနိုင်ပြီး စုံလင်သော လူများအဖြစ် ဟန်ဆောင်ကြလေသည်။ သာဓကအနေဖြင့် ၎င်းတို့ စာရိုက်နိုင်သလောဟု ၎င်းတို့ကို သင် မေးလျှင် ၎င်းတို့က “စာရိုက်ခြင်းသည် ကျွန်ုပ်အတွက် မခက်ပါ”ဟု ပြောကြသည်။ သင်က ၎င်းတို့ကို “စက်ပစ္စည်းများကို သင် ပြင်နိုင်သလော”ဟု မေးသည်။ ၎င်းတို့က “စက်ပစ္စည်းများအားလုံး၏ နိယာမများက အတူတူပင်ဖြစ်သည်။ ကျွန်ုပ် ပြင်နိုင်သည်”ဟု ပြောကြသည်။ သင်က “ထွန်စက်များကို သင် ပြင်နိုင်သလော”ဟု မေးသည်။ ၎င်းတို့က “ထိုအကြမ်းထည်ဖြစ်သော စက်များကို ပြင်ခြင်းက စက်ပစ္စည်းများကို ပြင်တတ်ခြင်းအဖြစ် ယူဆ၍ရသလော” ဟု ပြောလေသည်။ သင်က ၎င်းတို့ကို “သင် ချက်ပြုတ်တတ်သလော”ဟု မေးသည်။ ၎င်းတို့က “ကျွန်ုပ်က အစားအစာကို စားသောကြောင့် ချက်ပြုတ်တတ်သည်မှာ ပြောစရာမလိုပါ”ဟု ပြောကြသည်။ သင်က “သင်သည် လေယာဉ်မောင်းတတ်သလော”ဟု မေးသည်။ ၎င်းတို့က “ကျွန်ုပ် မသင်ယူဖူးသော်လည်း သင်ယူလျှင် လုပ်နိုင်မည်ဖြစ်သည်။ ကျွန်ုပ်သည် လေယာဉ်မှူးဖြစ်နိုင်မည်ဖြစ်သည်၊ ပြဿနာမရှိပါ”ဟု ပြောကြသည်။ မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်နိုင်သည်၊ အရာရာတွင် တော်ကြသည်ဟု ၎င်းတို့က တွေးထင်ကြသည်။ တစ်စုံတစ်ဦး၏ ကွန်ပျူတာ ပျက်သွားပြီး ၎င်းတို့ကို ပြင်ခိုင်းသည်။ ထိုအရာကို အလွယ်တကူ ပြင်နိုင်သည်ဟု ၎င်းတို့က ပြောသော်လည်း အမှန်တွင် ၎င်းတို့က ဘာမျှမသိသကဲ့သို့ မည်သို့ ပြင်ရမည်ကို မသိပေ။ အဆုံးတွင် ထိုအရာကို အကြိမ်ကြိမ် ပြင်ရန် ကြိုးစားပြီးနောက် ကွန်ပျူတာတွင်ရှိသည့် သတင်းအချက်အလက်အားလုံးကို ပယ်ဖျက်မိသွားကြလေသည်။ ကွန်ပျူတာပိုင်သည့်လူက ၎င်းတို့ကို “သင် ပြင်တတ်သလော၊ မပြင်တတ်သလော”ဟု မေးသည်။ ၎င်းတို့က “ကျွန်ုပ်သည် ယခင်က ကွန်ပျူတာများကို ပြင်ခဲ့သော်လည်း ယခုတွင် အကြောင်းအမျိုးမျိုးကြောင်း ပြင်နည်းကို ကျွန်ုပ် မေးသွားလေပြီ။ အခြားတစ်စုံတစ်ဦးကို သင် ပြင်ခိုင်းခြင်းက အကောင်းဆုံး ဖြစ်မည်”ဟု ပြန်ပြောကြသည်။ ၎င်းတို့သည် ဟန်ဆောင်မှုတွင် အလွန်တော်ကြသည်၊ မှန်သလော။ ဤကဲ့သို့သော လူများသည် ကောင်းကင်တမန်မင်း၏ စိတ်သဘောထား ရှိကြသည်။ ၎င်းတို့က “မည်သို့ လုပ်ဆောင်ရမည်ကို မသိပါ” သို့မဟုတ် “ကျွန်ုပ် မလုပ်တတ်ပါ” သို့မဟုတ် “ထိုအရာကို လုပ်ဆောင်ရာတွင် ကျွန်ုပ် မတော်ပါ” သို့မဟုတ် “ယင်းကို ယခင်က ကျွန်ုပ် မမြင်ဖူးပါ” သို့မဟုတ် “ကျွန်ုပ် မသိပါ”ဟူ၍ လုံးဝ မပြောနိုင်ကြပေ။ ထိုသို့သောအရာများကို ၎င်းတို့ လုံးဝ မပြောနိုင်ကြပေ။ ကိစ္စရပ်က မည်သည့်အရာဖြစ်သည်ဖြစ်စေ၊ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့ကို သင် မေးမြန်းလျှင် ထိုအရာအား မည်သို့လုပ်ဆောင်ရမည်ကို ၎င်းတို့ မသိသကဲ့သို့ ယခင်က မမြင်ဖူးလျှင်ပင် အရာရာတွင် ၎င်းတို့ တော်ကြကြောင်း၊ အရာရာအား မည်သို့ လုပ်ဆောင်ရမည်ကို သိကြကြောင်း၊ အရာရာကို လုပ်ဆောင်နိုင်ပြီး အရာရာကို လုပ်ဆောင်၍ရကြောင်း သင်က တလွဲ ယုံကြည်မိစေဖို့အလို့ငှာ အကြောင်းပြချက်များနှင့် ဆင်ခြေများကို ၎င်းတို့ အကြံထုတ်ကြဆဲဖြစ်သည်။ ၎င်းတို့သည် မည်သည့် လူစားမျိုး ဖြစ်ချင်ကြသနည်း။ (မဟာလူသား၊ အပြည့်အဝ တတ်စွမ်းနိုင်သည့်လူများ ဖြစ်သည်။) ၎င်းတို့သည် အပြည့်အဝ တတ်စွမ်းနိုင်သည့်လူများ ဖြစ်ချင်ကြသည်၊ အလင်း၏ ကောင်းကင်တမန်များအဖြစ် ဟန်ဆောင်ချင်ကြသည်။ ၎င်းတို့သည် ဤအရာမျိုး ဖြစ်ကြသည် မဟုတ်လော။ အန္တိခရစ်များက အရာရာတွင် ၎င်းတို့ တော်သည်ဟု အမြဲ ဟန်ဆောင်ချင်ကြသောကြောင့်၊ အခြားသူတို့နှင့်အတူတကွ အလုပ်လုပ်ရန်၊ အမြင်များကို ဖလှယ်ရန်၊ ပြဿနာများအပေါ် အခြားသူတို့နှင့် ဆွေးနွေး၊ မိတ်သဟာယပြုပြီး ပြောဆိုဆက်သွယ်ရန် သင် စေခိုင်းသည့်အခါ ၎င်းတို့က မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့က “ကျွန်ုပ်နှင့်အတူ အလုပ်လုပ်ဖို့ မည်သူကိုမျှ ကျွန်ုပ် မလိုပါ။ ကျွန်ုပ် အကူတစ်ဦး မလိုအပ်ပါ။ မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် မည်သူမဆို၏ အကူအညီကိုမျှ ကျွန်ုပ် မလိုအပ်ပါ။ ကျွန်ုပ်ဘာသာ ကျွန်ုပ် လုပ်နိုင်သည်၊ အရာရာအား မည်သို့ လုပ်ဆောင်ရမည်ကို ကျွန်ုပ် သိသည်။ ကျွန်ုပ် အပြည့်အဝ တတ်စွမ်းနိုင်ပြီး ကျွန်ုပ် မလုပ်နိုင်သည့်အရာ ဘာမျှမရှိ၊ ကျွန်ုပ် မစွမ်းဆောင် မရရှိနိုင်သည့်အရာ ဘာမျှ မရှိသကဲ့သို့ ကျွန်ုပ် အပြီးမသတ်နိုင်သည့်အရာ ဘာမျှမရှိပါ။ ကျွန်ုပ်အဘယ်သူဖြစ်သည်ဟု မေးသလော။ မည်သည့်အရာကိုမဆို မည်သို့ လုပ်ဆောင်ရမည်ကို သင်တို့ မသိကြသကဲ့သို့ တစ်စုံတစ်ရာအား လုပ်ဆောင်ရမည့်ပုံကို သင်တို့ သိလျှင်ပင် သင်တို့သည် ထိုအရာတွင် ကျွမ်းကျင်ခြင်း မရှိကြပါ။ အမှုအရာတစ်ခုကို လုပ်ဆောင်ဖို့သာ ကျွန်ုပ် သင်ယူလေ့လာပြီးဖြစ်သော်လည်း အရာရာအား လုပ်ဆောင်ရမည့်ပုံကို ကျွန်ုပ် သိသည်။ အမှုအရာတစ်ခုတွင် ကျွန်ုပ် ကျွမ်းကျင်လျှင် အရာအားလုံးတွင် ကျွန်ုပ် ကျွမ်းကျင်သည်။ ဆောင်းပါးများ မည်သို့ ရေးသားရမည်ကို ကျွန်ုပ်သိပြီး နိုင်ငံခြား ဘာသာစကားများကို ကျွန်ုပ် ပြောဆိုနိုင်သည်။ ယခု မည်သည့် နိုင်ငံခြားဘာသာစကားကိုမဆို ကျွန်ုပ် မပြောဆိုနိုင်သော်လည်း ကျွန်ုပ် လေ့လာခဲ့လျှင် နိုင်ငံခြား ဘာသာစကား ငါးခုကို သင်ယူဖို့ ကျွန်ုပ်အတွက် ပြဿနာရှိမည် မဟုတ်ပါ”ဟု ပြောကြလေသည်။ ၎င်းတို့အနေဖြင့် ရုပ်ရှင်ဇာတ်ကားများတွင် သရုပ်ဆောင်နိုင်သလော၊ သီချင်းဆိုပြီး ကနိုင်သလောဟု တစ်စုံတစ်ဦးက ၎င်းတို့ကို မေးပြီး ၎င်းတို့က ထိုအရာအားလုံးကို လုပ်ဆောင်နိုင်သည်ဟု ပြောကြသည်။ ၎င်းတို့သည် ကြွားဝါရာတွင် အလွန်တော်ကြသည်၊ မှန်သလော။ မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်နိုင်ပြီး အရာရာတိုင်းအား မည်သို့ လုပ်ဆောင်ရမည်ကို သိသယောင် ၎င်းတို့ ဟန်ဆောင်ကြသည်။ ၎င်းတို့တွင် ကောင်းကင်တမန်မင်း၏ သဘာဝ အမှန်တကယ် ရှိကြပါပေတကား။ ဘုရားသခင်ကို ယုံကြည်ခဲ့ကြသည့် နှစ်ကာလများအတွင်း ၎င်းတို့ အားနည်းလာခြင်း ရှိဖူးသလောဟု တစ်စုံတစ်ဦးက ၎င်းတို့ကို မေးမြန်းပြီး ၎င်းတို့က “အားနည်းလာဖို့အကြောင်း အဘယ်အရာရှိသနည်း။ ဘုရားနှုတ်ကပတ်တော်များကို အလွန်ရှင်းလင်းစွာ ပြောဆိုထားသည်။ ကျွန်ုပ်တို့ အားနည်းမလာရပေ။ ကျွန်ုပ်တို့ အားနည်းလာကြလျှင် ဘုရားကို ကျွန်ုပ်တို့ စိတ်ပျက်စေကြခြင်းဖြစ်သည်။ ဘုရား၏ မေတ္တာကို ပြန်ဆပ်ဖို့ ကျွန်ုပ်တို့ ၁၂၀ ရာခိုင်နှုန်း အားထုတ်သင့်ကြသည်”ဟု ပြန်ပြောကြသည်။ အခြားလူတစ်ဦးက “လွန်ခဲ့သည့် နှစ်ကာလများတစ်လျှောက်လုံး ထွက်ခွာသွားပြီးနောက် အိမ်ကို သင် လွမ်းဆွတ်သတိရဖူးသလော။ အိမ်ကို လွမ်းဆွတ်သည့်အခါ သင် ငိုသလော”ဟု မေးသည်။ ၎င်းတို့က “ငိုရမည့်အကြောင်း အဘယ်အရာရှိသနည်း။ ဘုရားက ကျွန်ုပ်၏ စိတ်နှလုံးတွင် ရှိသည်။ ဘုရားကို ကျွန်ုပ် စဉ်းစားသည့်အခါ အိမ်ကို မလွမ်းတော့ပါ။ ကျွန်ုပ်၏ ဘာသာတရားမရှိသည့် မိသားစုဝင်များအားလုံးက နတ်ဆိုးများနှင့် စာတန်များဖြစ်သည်။ သူတို့ ကျိန်ခြင်းခံရဖို့အတွက် ကျွန်ုပ် ဆုတောင်းသည်”ဟု ပြန်ပြောကြသည်။ အခြားလူတစ်ဦးက ၎င်းတို့ကို “သင်ယုံကြည်သည့်နှစ်ကာလများတွင် သင် လမ်းလွဲဖူးသလော”ဟု မေးသည်။ ၎င်းတို့က “ဘုရားနှုတ်ကပတ်တော်ကို အလွန်ရှင်းလင်းစွာ ပြောဆိုထားသည်။ အဘယ်သို့ဖြစ်ပြီး လမ်းလွဲနိုင်မည်နည်း။ လမ်းလွဲသောသူများသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့် အဓိပ္ပာယ်မဲ့သောလူများဖြစ်သည်။ ကျွန်ုပ်ကဲ့သို့သော အစွမ်းအစရှိသည့် လူတစ်ဦးသည် လမ်းလွဲနိုင်သလော။ မှားယွင်းသည့် လမ်းကြောင်းကို ကျွန်ုပ် လျှောက်နိုင်သလော။ မဖြစ်နိုင်ပါ”ဟု ပြန်ပြောကြသည်။ ၎င်းတို့အနေဖြင့် အရာရာတွင် တော်ကြောင်း၊ အခြားလူအားလုံးထက် တော်ကြကြောင်း ၎င်းတို့က ယုံကြည်ကြသည်။ အပျက်သဘောဆောင်ပြီး အားနည်းလာသည့် လူတို့အပေါ် ၎င်းတို့ အဘယ်အရာ တွေးထင်ကြသနည်း။ ၎င်းတို့က “အပျက်သဘောဆောင်ပြီး အားနည်းလာသည့်လူများသည် ဖြစ်ဖြစ်မြောက်မြောက် လုပ်ဆောင်စရာ ဘာမျှမရှိခြင်းသာ ဖြစ်သည်”ဟု ပြောကြသည်။ ဤသို့ အမှန်တကယ် ဖြစ်သလော။ အချို့သော အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းတို့သည် ပုံမှန်ဖြစ်ပြီး အချို့သော အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းတို့နောက်ကွယ်တွင်မူ အကြောင်းရင်းတစ်ခု ရှိပေသည်။ ထို့ကြောင့် ဤလူများကို “ဖြစ်ဖြစ်မြောက်မြောက် လုပ်ဆောင်စရာ ဘာမျှမရှိ”ဟု ပြောခြင်းဖြင့် ဤပြဿနာကို အဘယ်သို့ဖြစ်ပြီး ၎င်းတို့ ဖော်ပြနိုင်ရသနည်း။ အန္တိခရစ်များသည် ဤနည်းဖြင့် ဝိညာဉ်ရေးရာပြည့်ဝသယောင် ဟန်ဆောင်ကြသည်၊ ၎င်းတို့သည် မည်သည့်အရာကိုမဆို လုပ်နိုင်သယောင် ဟန်ဆောင်ကြသည်၊ ၎င်းတို့တွင် ချို့ယွင်းချက် သို့မဟုတ် အားနည်းချက် မရှိသယောင် ဟန်ဆောင်ကြပြီး ၎င်းတို့အနေဖြင့် ပုန်ကန်ခြင်းမရှိသကဲ့သို့ မည်သည့် ပြစ်မှားခြင်းများကိုမျှ လုံးဝ မကျူးလွန်ဖူးသယောင် သာ၍ပင် ဟန်ဆောင်ကြလေသည်။
အခြေအနေမှာ မည်သို့ဖြစ်ပါစေ ၎င်းတို့ မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ အန္တိခရစ်တစ်ဦးသည် ၎င်းအနေဖြင့် အားမနည်းကြောင်း၊ ၎င်းသည် အစဉ် စိတ်ဓာတ်ကြံ့ခိုင်ကာ ယုံကြည်စိတ်ချမှု အပြည့်ရှိ၍ မည်သည့်အခါမျှ အပျက်သဘောမဆောင်ကြောင်း အသွင်အပြင်ကို ကြိုးစားပြီး ပြလိမ့်မည်။ ဤသို့ဖြင့် ၎င်းတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကိုဖြစ်စေ၊ ဘုရားအပေါ် စစ်မှန်သော သဘောထားကိုဖြစ်စေ လူတို့က မည်သည့်အခါမျှ မမြင်စေရန် ဖြစ်၏။ အမှန်တကယ်တွင် ၎င်းတို့၏စိတ်နှလုံး နက်ရှိုင်းရာတွင် ၎င်းတို့ မလုပ်နိုင်သည့်အရာ လုံးဝ မရှိဟု ၎င်းတို့ အမှန်တကယ် ယုံကြည်သလော။ ၎င်းတို့၌ အားနည်းခြင်း မရှိကြောင်း၊ အပျက်သဘောဆောင်ခြင်း မရှိကြောင်း၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်း မရှိကြောင်း ၎င်းတို့ အမှန်တကယ် ယုံကြည်ကြသလော။ လုံးဝ မယုံကြည်ပေ။ ၎င်းတို့သည် ဟန်ဆောင်ရာ၌ တော်သည်၊ အမှုကိစ္စများကို ကွယ်ဝှက်ထားရာ၌ ကျွမ်းကျင်ကြသည်။ ၎င်းတို့၏ ကြံ့ခိုင်ပြီး အလွန်ကောင်းမွန်သည့်ဘက်ကို လူများအား ပြလိုကြသည်။ ၎င်းတို့၏အားနည်းပြီး စစ်မှန်သည့် ဘက်ကို ထိုသူတို့အား မမြင်စေလိုကြပေ။ ၎င်းတို့၏ရည်ရွယ်ချက်က သိသာထင်ရှားပေသည်။ ယင်းမှာ ၎င်းတို့၏ ဝင့်ဝါမှုနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့၊ လူများ၏စိတ်နှလုံးထဲ၌ ၎င်းတို့ရထားသည့် နေရာကို ကာကွယ်ဖို့သက်သက်ပင် ဖြစ်သည်။ အခြားသူများအရှေ့တွင် ၎င်းတို့၏ကိုယ်ပိုင် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်တို့ကို ဖွင့်ဟလျှင်၊ ၎င်းတို့၏ ပုန်ကန်လိုစိတ်ရှိပြီး ဖောက်ပြန်ပျက်စီးသောဘက်ကို ထုတ်ဖော်ပြလျှင် ဤသည်မှာ ၎င်းတို့၏ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့အဖို့ ကြီးလေးသော ထိခိုက်မှု ဖြစ်လိမ့်မည် ဖြစ်ပြီး ကောင်းကျိုးထက် ဆိုးကျိုးက ပိုဖြစ်စေသည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အားနည်းသည့်အချိန်၊ ပုန်ကန်သည့်အချိန်နှင့် အပျက်သဘောဆောင်သည့်အချိန်များ ရှိခြင်းကို ဝန်ခံဖို့ထက် သေသာသေလိုက်ချင်ကြသည်။ ပြီးလျှင် လူတိုင်းက ၎င်းတို့၏ အားနည်းပြီး ပုန်ကန်လိုသည့်ဘက်ကို တွေ့သည့်နေ့ရက်ကို ရောက်လာလျှင် ၎င်းတို့က ဖောက်ပြန်ပျက်စီးပြီး လုံးဝ မပြောင်းလဲသည်ကို သူတို့ တွေ့မြင်သည့်အခါ ၎င်းတို့က ဆက်လက် ဟန်ဆောင်ရမည် ဖြစ်သည်။ ၎င်းတို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိခြင်း၊ သာမန်လူတစ်ဦးဖြစ်ခြင်း၊ အရေးမပါသောသူတစ်ဦး ဖြစ်ခြင်းကို ဝန်ခံလျှင် လူများ၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏နေရာကို ဆုံးရှုံးကာ လူတိုင်း၏ ကိုးကွယ်မှုနှင့် မြတ်နိုးမှုတို့ကို ဆုံးရှုံးပြီး သို့ဖြစ်၍ လုံးလုံး ရှုံးနိမ့်ရလိမ့်မည်ဟု ထင်မြင်ကြသည်။ ထို့ကြောင့် မည်သည့်အရာပင် ဖြစ်ပါစေ လူများကို ၎င်းတို့ ဖွင့်ပြောမည် မဟုတ်ဘဲ မည်သည့်အရာဖြစ်ပါစေ ၎င်းတို့၏အာဏာနှင့် ဂုဏ်အဆင့်အတန်းတို့ကို အခြားမည်သူတစ်ဦးကိုမျှ ပေးမည် မဟုတ်ပေ။ ထိုအစား ၎င်းတို့က ယှဉ်ပြိုင်ဖို့ အစွမ်းကုန်ကြိုးစားကာ မည်သည့်အခါမျှ လက်လျှော့မည် မဟုတ်ပေ။ ပြဿနာတစ်ခုကို ၎င်းတို့ ကြုံရသည့်အခါတိုင်းတွင် အာရုံစိုက်ခံရဖို့ အလျင်ဦးအောင် လုပ်ဆောင်ပြီး မိမိတို့ကိုယ်ကို ပြသကာ ကိုယ့်ဂုဏ်ကိုယ်ဖော်တတ်ကြလေသည်။ ပြဿနာတစ်ခု ဖြစ်ပွားပြီး အကျိုးဆက်များ ဖြစ်ပေါ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အပြေးအလွှားသွားကာ ပုန်းကွယ်ကြသည် သို့မဟုတ် အခြားသူတစ်ယောက်ကို တာဝန်ယူခိုင်းဖို့ ကြိုးစားကြလေသည်။ ၎င်းတို့ နားလည်သည့် ပြဿနာတစ်ခုကို ကြုံရလျှင် ၎င်းတို့ တတ်နိုင်သည့်အရာကို ချက်ချင်း ကြွားဝါကာ ၎င်းတို့တွင် ဆုကျေးဇူးများနှင့် အထူးကျွမ်းကျင်မှုများရှိသည်ကို လူတို့ မြင်နိုင်ရန်အလို့ငှာနှင့် ၎င်းတို့ကို အထင်ကြီးပြီး ကိုးကွယ်နိုင်ကြစေရန်အလို့ငှာ အခြားသူတို့အား ၎င်းတို့ကို သိစေဖို့အတွက် အခွင့်အရေးကို ဖမ်းဆုပ်ကြလေသည်။ ကြီးမားသော အရာတစ်ခုခုဖြစ်ပေါ်ကာ ဤဖြစ်ရပ်နှင့်ပတ်သက်ပြီး ၎င်းတို့၏ နားလည်မှုကို တစ်ယောက်ယောက်က မေးလျှင် ၎င်းတို့သည် ၎င်းတို့အမြင်ကို ဖွင့်ပြရန် တွန့်ဆုတ်ကြသည်။ ထိုအစား အခြားလူများကို အရင်ပြောစေသည်။ ၎င်းတို့ တွန့်ဆုတ်သည်မှာ အကြောင်းပြချက်များရှိသည်။ ၎င်းတို့က အမြင်မရှိခြင်းမဟုတ်ဘဲ ၎င်းတို့အမြင်က မှားနေပြီး သူများကြားအောင်ပြောလျှင် အခြားလူများက ပြန်လည်ချေပမည်ဖြစ်ပြီး ၎င်းတို့ကို အရှက်ရစေမည်ကို ၎င်းတို့ စိုးရွံ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် မပြောခြင်းဖြစ်သည်၊ သို့မဟုတ်လျှင် ၎င်းတို့တွင် အမြင်မရှိဘဲ အကြောင်းအရာကို ရှင်းရှင်းလင်းလင်းမသိနိုင်၊ ၎င်းတို့အမှားကို လူတို့က လှောင်ရယ်ကြမည်ကို ကြောက်သောကြောင့် ထင်ရာမြင်ရာ မပြောရဲပေ၊ ထို့ကြောင့် တိတ်တဆိတ်နေခြင်းက ၎င်းတို့၏ တစ်ခုတည်းသော ရွေးချယ်မှုဖြစ်သည်။ အချုပ်အားဖြင့် ၎င်းတို့သည် ၎င်းတို့၏ အရှိအတိုင်းကို ဖွင့်ပြမိမည်ကိုကြောက်သောကြောင့် ၎င်းတို့သည် ချွတ်ခြုံကျပြီး သနားစရာဖြစ်သည်ကို လူတို့မြင်သွားကာ ဤသို့ဖြင့် ၎င်းတို့အပေါ် အခြားလူတို့၏အမြင်ကို သက်ရောက်မည် စိုးသောကြောင့် ၎င်းတို့အမြင်ကို ဖော်ပြရန် မဆိုင်းမတွ ထုတ်မပြောခြင်းဖြစ်သည်။ ထို့ကြောင့် အခြားလူတိုင်းက ၎င်းတို့၏ အမြင်များ၊ အတွေးများ၊ အသိပညာများကို မိတ်သဟာယဖွဲ့ပြီးနောက်တွင် ၎င်းတို့သည် အဆင့်မြင့်သော၊ ယုတ္တိတန်သော အဆိုများကို ဖမ်းဆုပ်ပြီး ၎င်းတို့၏ ကိုယ်ပိုင် အမြင်များနှင့် နားလည်မှုတို့အဖြစ် ထုတ်ပြသည်။ ထိုအရာများကို ၎င်းတို့က အနှစ်ချုပ်ပြီး လူတိုင်းကို မိတ်သဟာယဖွဲ့ပေးသည်။ ဤနည်းအားဖြင့် အခြားလူတို့၏ စိတ်နှလုံးထဲတွင် မြင့်မားသော အဆင့်အတန်းကိုရရှိသည်။ အန္တိခရစ်တို့သည် အလွန်အမင်း ပါးနပ်ကြသည်။ ရှုထောင့်အမြင်တစ်ခုကို ဖော်ပြဖို့ အချိန်ရောက်လာသည့်အခါ ၎င်းတို့သည် ၎င်းတို့၏ စစ်မှန်သော အခြေအနေအကြောင်းကို မည်သည့်အခါတွင်မျှ မဖွင့်ဟကြသကဲ့သို့ မပြကြချေ၊ သို့မဟုတ် မည်သည့်အရာကို ၎င်းတို့ အမှန်တကယ် တွေးထင်သည်၊ ၎င်းတို့၏ အရည်အချင်းက မည်သည့်ပုံစံရှိသည်၊ ၎င်းတို့၏ လူ့သဘာဝက မည်သည့်ပုံစံရှိသည်၊ ၎င်းတို့၏ နားလည်နိုင်စွမ်းများက မည်သည့်ပုံစံရှိပြီး ၎င်းတို့သည် သမ္မာတရားနှင့်သက်ဆိုင်သည့် စစ်မှန်သောအသိပညာ ရှိမရှိဆိုသည်တို့ကို လူတို့အား မည်သည့်အခါတွင်မျှ သိခွင့်မပေးကြချေ။ ထို့ကြောင့် ဝိညာဉ်ရေးရာ ပြည့်ဝပြီး စုံလင်သောသူဖြစ်သကဲ့သို့ ကြွာရင်းနှင့် ဟန်ဆောင်လျက်ရှိသည့် တစ်ချိန်တည်းတွင်၊ ၎င်းတို့သည် ၎င်းတို့၏ စစ်မှန်သော မျက်နှာနှင့် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုတို့ကို ဖုံးကွယ်ထားဖို့ အစွမ်းကုန် လုပ်ဆောင်ကြလေသည်။ ၎င်းတို့သည် ညီအစ်ကို မောင်နှမများအား ၎င်းတို့၏ အားနည်းချက်များကို မည်သည့်အခါတွင်မျှ မထုတ်ဖော်ပြသကဲ့သို့ ၎င်းတို့ ကိုယ်တိုင်၏ ချို့တဲ့ခြင်းများနှင့် အားနည်းချက်များကို သိမြင်ရန် မည်သည့်အခါမျှ မကြိုးစားကြချေ။ ထိုအစား ၎င်းတို့သည် ယင်းတို့ကို ဖုံးကွယ်ထားဖို့ အစွမ်းကုန် လုပ်ဆောင်ကြလေသည်။ လူတို့က “သင်သည် ဘုရားသခင်ကို နှစ်ပေါင်းအလွန်များလှစွာကြာ ယုံကြည်ပြီးလေပြီ၊ ဘုရားသခင်နှင့်ပတ်သက်၍ သံသယများ တစ်ခုတစ်လေ သင်၌ ရှိဖူးပါသလော”ဟု ၎င်းတို့ကို မေးကြသည်။ ၎င်းတို့က “မရှိဖူးပါ” ဟု ပြန်ဖြေကြသည်။ ၎င်းတို့သည် “ဘုရားသခင်အတွက် သုံးစွဲမှုတိုင်းကို စွန့်လွှတ်ရခြင်းကို နောင်တရဖူးသလား” ဟု အမေးခံရသည်။ ၎င်းတို့က “မရဖူးပါ” ဟု ဖြေသည်။ “နေမကောင်းဖြစ်သောအခါ သင် စိတ်ညစ်ပါသလား၊ ပြီးလျှင် အိမ်ကိုလွမ်းပါသလား” ၎င်းတို့က “လုံးဝ မလွမ်းပါ” ဟု ဖြေသည်။ ထို့ကြောင့် အန္တိခရစ်များသည် မိမိတို့ကိုယ်ကို စွဲမြဲစွာ အားကိုးထိုက်သော၊ စိတ်ခိုင်မာသောသူအဖြစ်၊ စွန့်လွှတ်ပြီး ဒုက္ခခံနိုင်သူ၊ အပြစ်အနာအဆာကင်းပြီး အမှားများ၊ ပြဿနာများမရှိသူအဖြစ် ဖော်ပြကြသည်။ လူတစ်ယောက်က ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် အားနည်းချက်များကို ထောက်ပြလျှင်၊ ၎င်းတို့ကို တန်းတူ ဆက်ဆံလျှင်၊ သာမန်ညီအစ်ကိုမောင်နှမအဖြစ် ဆက်ဆံလျှင်၊ ပွင့်ပွင့်လင်းလင်းပြောပြီး ၎င်းတို့နှင့် မိတ်သဟာယဖွဲ့လျှင် ၎င်းတို့က ဤအရာကို မည်သို့ သဘောထားသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သက်သေထူပြီး မှန်ကန်ကြောင်းပြဖို့၊ ၎င်းတို့က မှန်ကန်သည်ဟု သက်သေပြရန်၊ နောက်ဆုံးတွင် ၎င်းတို့တွင် ပြဿနာမရှိ၊ ၎င်းတို့သည် ပြည့်စုံသော၊ ဝိညာဉ်ရေးရာ ပြည့်ဝသောသူဖြစ်သည်ဟု လူတို့အားမြင်စေရန် အစွမ်းကုန် လုပ်ဆောင်ကြသည်။ ဤအရာအားလုံးမှာ အယောင်ဆောင်၍ လိမ်လည်ခြင်းမဟုတ်လော။ မိမိတို့ကိုယ်ကို အပြစ်အနာအဆာ ကင်းပြီး သန့်ရှင်းသည်ဟု ထင်သူအားလုံးသည် အယောင်ဆောင်၍ လိမ်လည်သူများဖြစ်ကြသည်။ ၎င်းတို့အားလုံးက အယောင်ဆောင်များဖြစ်သည်ဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ ငါ့ကို ပြောလော့။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တွင် အပြစ်အနာအဆာကင်းသောသူ တစ်စုံတစ်ယောက်ရှိသလော။ အမှန်တကယ် သန့်ရှင်းသောသူ တစ်စုံတစ်ယောက်ရှိသလော။ (မရှိပါ။) လုံးဝ မရှိပေ။ လူသားသည် စာတန်ကြောင့် အလွန်ဖောက်ပြန်ပျက်စီးပြီး၊ သမ္မာတရားကို ပင်ကိုအားဖြင့် မပိုင်သောအခါ အပြစ်အနာအဆာကင်းမဲ့ခြင်းကို မည်သို့ ရရှိနိုင်မည်နည်း။ ဘုရားသခင်သာလျှင် သန့်ရှင်းသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးသည် ညစ်ညမ်းသည်။ လူတစ်ယောက်သည် အပြစ်အနာအဆာ ကင်းမဲ့သည်ဟု ပြောဆိုလျက် သန့်ရှင်းသူတစ်ဦးအဖြစ် အယောင်ဆောင်ခဲ့လျှင် ထိုသူသည် မည်သည့်အရာဖြစ်မည်နည်း။ နတ်ဆိုးတစ်ကောင်၊ စာတန်တစ်ကောင်နှင့် ကောင်းကင်တမန်မင်းတစ်ပါး ဖြစ်လိမ့်မည်။ ထိုသူသည် အန္တိခရစ်စစ်စစ် ဖြစ်လိမ့်မည်။ အန္တိခရစ်ကသာ အပြစ်အနာအဆာ ကင်းပြီး သန့်ရှင်းသည်ဟု ပြောဆိုလိမ့်မည်။ အန္တိခရစ်များသည် မိမိတို့ကိုယ်ကို သိကြသလော။ (မသိကြပါ။) ၎င်းတို့သည် မိမိတို့ကိုယ်ကို မသိကြသည့်အတွက် ၎င်းတို့၏ မိမိတို့ကိုယ်ကို သိမြင်မှုအကြောင်းကို မိတ်သဟာယ ပြုကြလိမ့်မည်လော။ (ပြုကြလိမ့်မည် မဟုတ်ပါ။) မိမိတို့ကိုယ်ကို သိမြင်မှုအကြောင်း မိတ်သဟာယပြုသည့် အန္တိခရစ်များ ရှိကြသလော။ (ရှိပါသည်။) မည်သည့်လူစားမျိုးများက ဤအရာကို လုပ်ဆောင်ကြသနည်း။ (သူတော်ကောင်းယောင်ဆောင်သူများ ဖြစ်သည်။) မှန်ပေ၏။ ဤလူများသည် မိမိတို့ကိုယ်ကို သိရှိသယောင် ဟန်ဆောင်ကြပြီး တစ်ဆိတ်ကို တစ်အိတ်လုပ်ကာ မိမိတို့ကိုယ်ကို နက်နဲသော သိမြင်မှု ရှိသယောင် ဟန်ဆောင်ရင်း မိမိတို့ကိုယ်ကို အချို့သော ကြီးကြီးမားမား အမည်နာမများကို ပေးကြသည်၊ မိမိတို့ကိုယ်ကို နက်နဲသော သိမြင်မှုရှိသယောင် ဟန်ဆောင်လျက် ၎င်းတို့သည် မိမိတို့သည် စာတန်များနှင့် မကောင်းဆိုးဝါးများ ဖြစ်ကြောင်း ပြောဆိုကြသည်။ ၎င်းတို့သည် အတုအယောင် ဝိညာဉ်ရေးရာပြည့်ဝသော လူများဖြစ်သည် မဟုတ်လော။ သူတော်ကောင်းယောင်ဆောင်သူများ ဖြစ်သည် မဟုတ်လော။ ၎င်းတို့၏ မိမိကိုယ်ကို သိမြင်မှုအကြောင်း မိတ်သဟာယပြုကြသည့်အခါ ၎င်းတို့သည် အမှန်တကယ် မိမိတို့ကိုယ်ကို သိရှိကြသလော။ (မသိရှိကြပါ။) သို့ဆိုလျှင် ၎င်းတို့၏ မိမိကိုယ်ကို သိမြင်မှုနှင့် ပတ်သက်၍ မည်သည့်အရာကို ၎င်းတို့ ပြောဆိုကြသနည်း။ (အန္တိခရစ်များက ၎င်းတို့၏ မိမိကိုယ်ကို သိမြင်မှုအကြောင်း ပြောဆိုသည့်အခါ ၎င်းတို့၏ တကယ့် အခြေအနေအကြောင်းကို မပြောကြပေ။ လုံးဝ လက်တွေ့မကျသည့် အနှစ်မဲ့သော စကားလုံးများနှင့် အယူဝါဒစကားများကိုသာ ပြောဆိုကြလေသည်။ ယင်းတို့သည် အလွန် နက်နဲသည့် သိမြင်မှုဖြစ်သည်ဟု ထင်ရသော်လည်း နောင်တရသည့် လက္ခဏာမရှိပေ။) ဤသည်မှာ စစ်မှန်သော မိမိကိုယ်ကိုနှင့်ဆိုင်သည့် သိမြင်မှုဖြစ်သလော။ စစ်မှန်သည့် နောင်တမရှိသောကြောင့် မိမိတို့ကိုယ်ကို မုန်းတီးသည့် အကျိုးတရားကို ၎င်းတို့ စွမ်းဆောင်ရရှိကြပြီလော။ နောင်တနှင့် မိမိတို့ကိုယ်ကို မုန်းတီးမှု မရှိသည့်အခါ ၎င်းတို့သည် အမှန်တကယ် မိမိတို့ကိုယ်ကို မသိရှိကြပေ။ အန္တိခရစ်များ ပြောဆိုသည့် မိမိကိုယ်ကို သိမြင်မှုသည် ၎င်းတို့နှင့်ပတ်သက်၍ လူတိုင်း သိရှိသည့်အရာများ၊ လူတိုင်း မြင်သည့် အရာများသာ ပါဝင်သည်။ လူတို့က ၎င်းတို့ကို သာ၍ပင် အထင်ကြီးကြဖို့အလို့ငှာ ၎င်းတို့အနေဖြင့် မည်သည့်အရာကိုမျှ အမှားမလုပ်ခဲ့လင့်ကစား ၎င်းတို့၏ မိမိကိုယ်ကို သိမြင်မှုအကြောင်း ပြောဆိုနိုင်ကြဆဲဖြစ်သည်ဟု လူတိုင်းအား ခံစားစေရန်အတွက် တစ်ပတ်ရိုက်ခြင်းနှင့် မိမိကိုယ်ကို မှန်ကြောင်းရှင်းချက်ထုတ်ခြင်းတို့ကိုလည်း မှီခိုအားထားကြလေသည်။ ၎င်းတို့အနေဖြင့် မည်သည့်အရာကိုမျှ အမှားမလုပ်ခဲ့သည့်တိုင် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ကာ မိမိတို့ကိုယ်ကို သိရှိရန် ကြိုးစားနေကြသေးသည်ကို မြင်သည့်အခါ လူတို့ စဉ်းစားသည့်အရာမှာ “သူသည် တစ်စုံတစ်ရာကို အမှန်တကယ် အမှားလုပ်မိလျှင် မိမိကိုယ်ကို သာ၍ပင် သိမြင်ဖို့ အလားအလာရှိသည်။ သူသည် ဘုရားတရား ကိုင်းရှိုင်းလှပါတကား”ဟူ၍ ဖြစ်သည်။ ဤအရာကို အန္တိခရစ်များ လုပ်ဆောင်ခြင်း၏ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့က လူတို့ကို အထင်အမြင်မှားစေပေသည်။ အခြားလူတို့က ဤအရာမှ သင်ခန်းစာယူနိုင်ရန်အလို့ငှာ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အမှန်တကယ် စိစစ်ခြင်းမရှိ သို့မဟုတ် သိနားလည်ခြင်း မရှိကြပေ။ ထိုအစား အခြားသူတို့အား မိမိတို့အပေါ် အထင်သာ၍ကြီးစေရန်အတွက် မိမိတို့၏ ကိုယ့်ကိုယ်ကိုယ် သိမြင်မှုအကြောင်း မိတ်သဟာယပြုခြင်းကို အသုံးပြုကြလေသည်။ ဤလုပ်ရပ်၏ သဘာဝမှာ အဘယ်နည်း။ (လူတို့ကို အထင်အမြင်မှားစေရန် မိမိကိုယ်ကို သက်သေခံခြင်း ဖြစ်သည်။) မှန်ပေ၏။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေကြခြင်း ဖြစ်သည်။ ဤအရာကို အဘယ်သို့ဖြစ်ပြီး မိမိကိုယ်ကို သိရှိခြင်းအဖြစ် မှတ်ယူ၍ရသနည်း။ ဤသည်မှာ လှည့်ဖြားမှုမှလွဲ၍ အခြားမရှိပေ။ ၎င်းတို့သည် လူတို့အား မိမိတို့အပေါ် အထင်ကြီးစေပြီး ကိုးကွယ်စေရန်အလို့ငှာ လူတို့ကို အထင်အမြင်မှားစေရန်၊ ၎င်းတို့က ဝိညာဉ်ရေးရာ ပြည့်ဝသည့်လူများဖြစ်ကြောင်းနှင့် မိမိတို့ကိုယ်ကို သိရှိကြောင်း လူတို့အား တွေးထင်စေရန်အတွက် ၎င်းတို့၏ မိမိကိုယ်ကို သိမြင်မှုအကြောင်းကို ပြောဆိုခြင်းအား အသုံးပြုနေကြပေသည်။ ဤသည်မှာ စက်ဆုပ်စရာကောင်းပြီး ယုတ်ညံ့သော အလေ့အထတစ်ခု ဖြစ်ကာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်မှုဖြစ်သည်။
အသင်းတော်တွင် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေသည့် နည်းပညာအရ ကျွမ်းကျင်မှုလိုအပ်သော အလုပ်များကို သိသိသာသာ တာဝန်ယူနိုင်စွမ်းမရှိသည့်တိုင် အသင်းအဖွဲ့တွင် မရမက ဆက်နေကြသည့်သူအချို့ ရှိသည်။ ၎င်းတို့အနေဖြင့် ယခင်က ဆီလျော်သည့် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုကို သင်ယူပြီးဖြစ်သည်၊ ဤအထူးပြုဘာသာရပ်ကို နားလည်သည်၊ လုပ်ငန်းအထာသိသည်ဟု ၎င်းတို့က ယုံကြည်ကြသောကြောင့် ဤလုပ်ကို မရမက ဆက်လက်တာဝန်ယူကြလေသည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြသည့်အပြင် သမ္မာတရားကို ၎င်းတို့ နားမလည်ခြင်းကို အကြောင်းပြု၍ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရန်မဆိုထားနှင့်၊ ထိုသမ္မာတရားကို ၎င်းတို့ နားလည်ကာ သိရှိကြောင်း မရမကပြောဆိုလျက် အခြားသူတို့နှင့် မိတ်သဟာယဖွဲ့ခြင်း သို့မဟုတ် အလုပ်လုပ်ခြင်း မရှိကြချေ။ ထို့ကြောင့် တစ်ဖက်တွင် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုကို သိရှိခြင်း၊ လုပ်ငန်းအထာကို သိခြင်းတို့နှင့် အခြားတစ်ဖက်တွင် သမ္မာတရား စည်းမျဉ်းများကို သိနားလည်ခြင်းတို့ကြား ခြားနားချက်တစ်ခု ရှိသလော။ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုကို သိရှိခြင်းနှင့် လုပ်ငန်းအထာသိခြင်းတို့အားဖြင့် ယင်းမှာ သမ္မာတရား စည်းမျဉ်းများကို သိနားလည်သည်ဟု ဆိုလိုသလော။ (မဆိုလိုပါ။) ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့် ဤလူများက အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုကို သိရှိခြင်းသည် သမ္မာတရား စည်းမျဉ်းများကို သိနားလည်ခြင်း ဖြစ်သည်ဟု ယုံကြည်ကြသောကြောင့် မည်သူ့ကိုမျှ နားထောင်ခြင်း မရှိသည့်အပြင် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့်အညီ အလုပ်ကို လုပ်ဆောင်စရာမလိုဘဲ အလုပ်ကို ရဲရဲတင်းတင်းဖြင့် စိတ်တိုင်းကျ စတင်လုပ်ဆောင်နိုင်ကြလေသည်။ ဤသည်မှာ ၎င်းတို့၏ အရေးကိစ္စဖြစ်ပြီး ထိုအရာနှင့်ပတ်သက်၍ အခြားမည်သူကမျှ ကြားဝင်စွက်ဖက်၍မရ သို့မဟုတ် ၎င်းတို့ကို မေးမြန်း၍မရ၊ အလုပ်ဟူသည်မှာ ၎င်းတို့ လုပ်ဆောင်သည့်အတိုင်းသာ ဖြစ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သည့်အရာကို စံနှုန်းအဖြစ် မှတ်ယူရသည်ဟူ၍ ယုံကြည်ကြလေသည်။ ဤသည်မှာ အန္တိခရစ်များ ပြုမူပုံဖြစ်သည် မဟုတ်လော။ ဤသည်မှာ ဆိုးရွားသည့် ပြဿနာတစ်ခု မဟုတ်လော။ အကြင်သူသည် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုကိုသာ သိရှိပြီး သမ္မာတရားကို နားမလည်လျှင် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းမှ မည်သည့် အကျိုးဆက်များ ဖြစ်လာလိမ့်မည်နည်း။ (၎င်းတို့သည် အသင်းတော်အလုပ်ကို အဖျက်အမှောင့်များ ဖြစ်စေကြလိမ့်မည်။) အဖျက်အမှောင့်သာလော။ ၎င်းတို့သည် မာနထောင်လွှားကာ စိတ်ကြီးဝင်လာကြမည် မဟုတ်လော။ ဘုရားသခင်ကို အရှက်ရစေသည့် အရာများကို ၎င်းတို့ လုပ်ဆောင်ကြမည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းမှတစ်ဆင့် သင် စွမ်းဆောင်ရရှိမည့် အကျိုးတရားမှာ ဘုရားသခင်ကို သက်သေခံခြင်း ဖြစ်သည်။ သင်သည် အလုပ်တစ်ခုကို လုပ်ဆောင်ခြင်း သက်သက် မဟုတ်ဘဲ ထို့ထက် သင်သည် ်မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်းမှတစ်ဆင့် ဘုရားသခင်ကို သက်သေခံခြင်း အကျိုးတရားအား စွမ်းဆောင်ရရှိသည်။ ထို့ကြောင့် ဤအတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုသည် သင်ထမ်းဆောင်နေသည့် တာဝန်ကို အစေခံမှုတွင်သာ ရှိပေသည်။ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုသည် သမ္မာတရားကို ကိုယ်စားပြုခြင်း မဟုတ်သကဲ့သို့ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတွင် ကျွမ်းကျင်ခြင်းသည် သမ္မာတရားကို သင်နားလည်သည် သို့မဟုတ် သင်သည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ အလုပ်ကို လုပ်ဆောင်နိုင်သည်ဟု မဆိုလိုပေ။ လူအချို့က “ဘုရားအိမ်တော်သို့ ကျွန်ုပ် လာခဲ့သည်၊ ဤအတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုကို ကျွန်ုပ် သိသည်၊ လုပ်ငန်းအထာကို သိသည်။ ထို့ကြောင့် ဘုရားအိမ်တော်က အရေးကြီးသည့် အလုပ်တာဝန်များကို ကျွန်ုပ်အား ပေးသင့်ပြီး ကျွန်ုပ်ကို အထင်ကြီးသင့်သည်။ ဘုရားအိမ်တော်က ကျွန်ုပ်ကို အရှက်မခွဲသင့် သို့မဟုတ် ကျွန်ုပ်၏ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှု နယ်ပယ်အတွင်းတွင် ကျရောက်သည့် မည်သည့်အရာတွင်မဆို ကိုယ်နှင့်မဆိုင်ဘဲ ဝင်မစွက်သင့်ပေ။ ကျွန်ုပ်သည် အခြားသူတို့ကို သွန်သင်ပေးနေသူတစ်ဦး ဖြစ်သင့်သည်။ ဘုရားအိမ်တော်က ကျွန်ုပ်နှင့်အတူ အလုပ်လုပ်ဖို့ လုပ်ငန်းအထာမသိသူများကို မစီစဉ်သင့်ပါ။ ဤလူများက ကျွန်ုပ်နှင့်အတူ အလုပ်လုပ်ဖို့ မထိုက်တန်ပါ”ဟု ဆိုလျက် ဤအရာအပေါ် ကန့်ကွက်ကြသည်။ ဤသည်မှာ မှန်ကန်သည့် တွေးပုံတွေးနည်း ဖြစ်သလော။ (မဟုတ်ပါ။) အခြားသူတို့က ၎င်းတို့နှင့်အတူ အလုပ်လုပ်ရန် မထိုက်တန်ဟူသည်မှာ အန္တိခရစ်များ တွေးသည့်ပုံစံ မဟုတ်လော။ သင်နှင့်အတူ အလုပ်လုပ်ဖို့ ထိုက်တန်သည့်သူ ဘုရားအိမ်တော်တွင် မည်သူမျှမရှိလျှင် သင်သည် ဤတာဝန်ကို ထမ်းဆောင်ရန် ထိုက်တန်သလော။ သင့်ကိုယ်သင် အဘယ်သူဟူ၍များ သင် ထင်လေသနည်း။ သင်သည် စုံလင်အောင်ပြုခြင်း ခံရပြီးပြီလော။ သင်သည် ဤတာဝန်ကို ထမ်းဆောင်ရန် မထိုက်တန်ပေ။ ဘုရားသခင်က သင့်ကို ချီးမြှောက်သောကြောင့်သာ သင်သည် ဤတာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အရေးရှိခြင်း ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့်ဆိုင်သည့် စည်းမျဉ်းများကို သင် နားလည်သင့်သည်။ ယခုတွင် သင်သည် အလုပ်အကိုင်တစ်ခုကို လုပ်ဆောင်ခြင်း မဟုတ်ဘဲ ဘုရားသခင်ကို သက်သေခံနေခြင်း ဖြစ်သည်။ သင် သိရှိသည့် ထိုအတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှု အနည်းငယ်သည် အစေခံမှုပေးရန် အသုံးပြုခြင်းမျှသာ ဖြစ်ပြီး ဤတာဝန်နှင့်ဆိုင်သည့် အစေခံမှုတွင် အသုံးပြုခြင်း ဖြစ်သည်။ ထို့ကြောင့် သင် ထမ်းဆောင်သည့် တာဝန်သည် နည်းပညာအရ ကျွမ်းကျင်မှု မည်မျှလိုအပ်သည်ဖြစ်စေ၊ ဘုရားသခင်ကို သက်သေခံခြင်းနှင့်ဆိုင်သည့် အကျိုးတရားကို သင် စွမ်းဆောင်ရရှိနိုင်ရန်အလို့ငှာ ထိုတာဝန်၏ ကဏ္ဍတိုင်းတွင်ရှိသည့် သမ္မာတရား စည်းမျဉ်းများအပေါ် သင် အမြဲ အာရုံစိုက်ရမည်။ သင်သည် ဤအကျိုးတရားကို စွမ်းဆောင်ရရှိနိုင်ခြင်းမရှိသည့်အပြင် သင် ထမ်းဆောင်သည့် တာဝန်က ဘုရားသခင်အပေါ် အရှက်ရစေလျှင် သင်၏ နည်းပညာ စွမ်းရည်များသည် မည်သည့် အသုံးဝင်မှု ရှိလိမ့်မည်နည်း။ ထိုအရာများတွင် တန်ဖိုးတစ်ခုတလေ ရှိလိမ့်မည်လော။ ရှိမည်မဟုတ်။ ထို့ကြောင့် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုနှင့် နည်းပညာ စွမ်းရည်အနည်းငယ်ကို သမ္မာတရားအဖြစ် သဘောမထားနှင့်။ ယင်းတို့သည် သမ္မာတရား မဟုတ်သကဲ့သို့ မြတ်နိုးတန်ဖိုးထားထိုက်ခြင်း မရှိ။ ဘုရားအိမ်တော်က သင့်ကို အသုံးမပြုလျှင်၊ ဘုရားသခင်က သင့်ကို မချီးမြှောက်လျှင် သင်၏ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှု အနည်းငယ်နှင့် နည်းပညာ စွမ်းရည်အနည်းငယ်သည် ဖြစ်ဖြစ်မြောက်မြောက် ရှိမည် မဟုတ်။ သမ္မာတရားနှင့် နှိုင်းယှဉ်ကြည့်သည့်အခါ ထိုအရာများသည် တစ်ပြားမျှမတန်ပေ။
အန္တိခရစ်များ၏ အယောင်ဆောင်၍ လိမ်လည်ခြင်းသည် လူတို့၏ စိတ်နှလုံး၌ နေရာတစ်ခု ရှိရန်အတွက် ၎င်းတို့ အသုံးပြုသည့် နည်းလမ်းတစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေပြီး တလွဲလမ်းညွှန်ရန်အတွက် အယောင်ဆောင်၍ လိမ်လည်ခြင်း နည်းလမ်းကို အသုံးပြုကြသည်။ အယောင်ဆောင်၍ လိမ်လည်ခြင်းကို ဤလူများက လုပ်ဆောင်ခြင်းသည် ၎င်းတို့က အခြေခံအားဖြင့် သမ္မာတရားကို လက်ခံခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်း မရှိကြောင်းကို ပြသရုံသာမက၊ ဤလူများအတွက် အသုံးပြု၍ရနိုင်သည့် သာ၍ပင် လက်တွေ့ကျသော အဓိပ္ပာယ်ကောက်ယူချက်တစ်ခု ရှိသည်။ ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိပေ။ “၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိ”ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ထိုအရာက ၎င်းတို့သည် ဘုရားနှုတ်ကပတ်တောများ သို့မဟုတ် သမ္မာတရားကို နားလည်ကြခြင်းမရှိဟု ဆိုလိုသည်။ သမ္မာတရားကို ၎င်းတို့ နားမလည်ကြသောကြောင့် မည်သည့်လူစားမျိုးအား ဘုရားသခင် ချစ်သည်ကို ၎င်းတို့ မသိကြပေ။ ထို့ကြောင့် ၎င်းတို့သည် ဤဝိညာဉ်ရေးရာ ပြည့်ဝသည့် လူမျိုးကို စိတ်ကူးပြီး အယောင်ဆောင်၍ လှည့်ဖြားခြင်းနှင့် ဟန်ဆောင်မှုကို လုပ်ဆောင်ကြသည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်နှင့် အခြားသူတို့အား ၎င်းတို့ကို နှစ်သက်စေနိုင်သည်ဟု ယုံကြည်လျက်၊ ဤလူစားမျိုးကဲ့သို့ ၎င်းတို့ ပြုမူကြလေသည်။ စင်စစ်အားဖြင့် ဤကဲ့သို့သော လူများသည် ဘုရားသခင် မုန်းတီးကာ ပြစ်တင်ရှုတ်ချသည့်သူများ အတိအကျဖြစ်သည်နှင့်အမျှ ဆန့်ကျင်ဘက် ဖြစ်လေသည်။ ထို့ကြောင့် ဤကဲ့သို့သော လူတစ်ဦး မဖြစ်နှင့်။ ဤကဲ့သို့သော တစ်စုံတစ်ဦး သင်လည်း ဖြစ်လိုလျှင် ဤနည်းဖြင့် အယောင်ဆောင်၍ လိမ်လည်ခြင်းနှင့် ဟန်ဆောင်မှုကို သင် မကြာခဏ လုပ်ဆောင်ပြီး လူတို့ကို ဤနည်းဖြင့် အထင်အမြင်မှားစေလျှင် သင်သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လိုက်လျှောက်နေခြင်း ဖြစ်သည်။ သင့်အနေဖြင့် “ကျွန်ုပ်တွင် အားနည်းချက်ရှိသည်၊ ကျွန်ုပ်တွင် အပျက်သဘောဆောင်ခြင်း ရှိသည်၊ ကျွန်ုပ်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်။ ကျွန်ုပ်သည် သာမန်လူတစ်ဦး ဖြစ်သည်၊ ကျွန်ုပ် ဘာမျှ ထူးခြားခြင်းမရှိပါ။ ကျွန်ုပ် နားမလည်သည့်အရာများစွာရှိပြီး မည်သို့ လုပ်ဆောင်ရမည်ကို ကျွန်ုပ် မသိပါ။ ကျွန်ုပ်သည် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျဆင်းရန်အလို့ငှာ မကြာခဏ အားနည်းပြီး စာတန်၏ အထင်အမြင်မှားစေခြင်းခံရသည်။ နည်းပညာကျွမ်းကျင်မှုများကို သင်ယူခြင်းအရ အလွန်ဆုံးအနေဖြင့် တစ်ခု သို့မဟုတ် နှစ်ခုကို ကျွန်ုပ် ကျွမ်းကျင်ပိုင်နိုင်ပြီး ယင်းတို့ကို ယေဘုယျအားဖြင့် မည်သို့ လုပ်ဆောင်ရမည်ကို သိသည်။ ဤအတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုအနည်းငယ်အား မည်သို့ လုပ်ဆောင်ရမည်ကို ကျွန်ုပ် သိပြီး ဤအထူးကျွမ်းကျင်မှု အနည်းငယ် ရှိသည်။ ကျွန်ုပ်သည် သာမန်လူတစ်ဦးဖြစ်သည်။ ကျွန်ုပ်တွင် မြင့်မားသည့် အစွမ်းအစမရှိသကဲ့သို့ ကျွန်ုပ်၏ သိမြင်မှုသည် ဤသို့သာဖြစ်သည်။ သမ္မာတရားနှင့်ပတ်သက်လျှင် ဘုရားသခင်က မိတ်သဟာယတွင် ပေးသလောက်သာ ကျွန်ုပ် နားလည်သည်။ ဘုရားသခင် အသေအချာ ဖော်ထုတ်ပြခြင်း သို့မဟုတ် ရှင်းပြခြင်းမရှိသည့် မည်သည့်အရာကိုမျှ ကျွန်ုပ် နားမလည်သကဲ့သို့ ကျွန်ုပ်၏ အစွမ်းအစက ဤသို့သာ ဖြစ်သည်။ ညီအစ်ကို မောင်နှမများက ကျွန်ုပ်ကို အသင်းတော် ခေါင်းဆောင် သို့မဟုတ် အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ ရွေးချယ်ကြပြီး ဤသည်မှာ ဘုရားသခင်က ကျွန်ုပ်ကို ချီးမြှောက်နေခြင်းဖြစ၍ ကျွန်ုပ်က အခြားသူတို့ထက် ပိုတော်နေသောကြောင့် မဟုတ်ပါ။ ကျွန်ုပ် ကြွားဝါးစရာ ဘာမျှ မရှိပါ”ဟု ပြောရန် သင်ယူရမည်။ ထိုသို့သော အရာတစ်ခုကို သင်တို့ ပြောနိုင်သလော။ ထိုသို့သော အရာတစ်ခုကို သင်တို့ ပြောဖူးသလော။ သင်၏ စိတ်နှလုံးတွင် ဤသို့ စဉ်းစားသလော။ သင်သည် ကြီးမြတ်သည်၊ အံ့ဖွယ်ဖြစ်သည်၊ ကျန်သည့်သူများထက် သာသည်၊ ရှားပါးသော သူတစ်ဦးဖြစ်သည်၊ သင်သည် သင်ရောက်ရှိသည့် မည်သည့်အဖွဲ့တွင်မဆို ထူးခြားသည်၊ သင်သည် ပထမတန်းစားဖြစ်သည်၊ လူတစ်စုတွင် သင်သည် တစ်လ သို့မဟုတ် နှစ်လ အချိန်ကုန်ဆုံးလျှင် သင်၏ အထူးကျွမ်းကျင်မှုများ၊ ပါရမီများ၊ အစွမ်းအစနှင့် သိမြင်မှုတို့ကို အားလုံးက မျက်မြင်ကြုံတွေ့နိုင်ပြီး သာမန်လူတို့ထက် ပိုကောင်းသည်ကို မြင်နိုင်သည်ဟု သင်၏ စိတ်နှလုံးတွင် အမြဲ ခံစားလျှင်၊ သင်သည် သင်၏ စိတ်နှလုံးတွင် ဤသို့ အမြဲ တိုင်းတာပြီး သင့်ကိုယ်သင် ထားရှိလျှင် သင်သည် အလွန်အန္တရာယ်များပြီး ဒုက္ခပြဿနာများစွာ ရှိပေသည်။
လူသားမျိုးနွယ်တစ်ရပ်လုံးတွင် စုံလင်သည့် လူတစ်ဦးတလေ သို့မဟုတ် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည့်လူ တစ်ဦးတလေ ရှိရန်မဆိုထားနှင့်၊ သမ္မာတရားကို စစ်မှန်စွာ နားလည်နိုင်သည့်သူ အလွန်နည်းပါသည်။ လူတိုင်းက သာမန်ဖြစ်သည်။ လူအချို့က မိမိတို့သည် သာမန်မဟုတ်ဟု တွေးထင်ကြသည်။ သို့ဆိုလျှင် ဤစိတ်ကူးသည် အဘယ်သို့ ဖြစ်လာသနည်း။ ၎င်းတို့ တော်သည့်အရာ တစ်စုံတစ်ခု ၎င်းတို့တွင် ရှိခြင်းအားဖြင့် ဖြစ်လာပေသည်။ အချို့သည် သီချင်းဆိုရာတွင် တော်သည်၊ အချို့မှာ သရုပ်ဆောင်ရာတွင် တော်သည်၊ အချို့က နည်းပညာ ကျွမ်းကျင်မှုများတွင် တော်သည်၊ အချို့က ကာယအလုပ်လုပ်ရာတွင် တော်သည်၊ အချို့က လူမှုဆက်ဆံရေးတွင် တော်ကြသည်၊ အချို့မှာ နိုင်ငံရေးတွင် တော်ကြသည်၊ အချို့မှာ စီးပွားရေးလုပ်ငန်းတွင် တော်ကြသည်၊ စသည်ဖြင့် ဖြစ်၏။ ဤအရာများထဲမှ မည်သည့်အရာမျှသည် သမ္မာတရားနှင့် ပတ်သက်ခြင်းမရှိသည့်တိုင် ယင်းတို့က သင့်ကို မှားယွင်းသော အယူအဆတစ်ခဖြစ်စေပြီး သင်သည် ကျန်သည့်သူများအားလုံးထက် သာလွန်သည်ဟု သင့်ကို တလွဲ တွေးထင်စေသည်။ ဤအရာများက သင့်အား ကျန်သည့်သူများထက် သာလွန်သည်ဟု တလွဲတွေးထင်စေခြင်းသည် အဘယ်ကြောင့် မှားယွင်းသနည်း။ သင် တော်သည့် ဤအရာများနှင့် “ကျန်သည့်သူများအားလုံးထက် သာလွန်ခြင်း”ဟုခေါ်သည့် ဤအရာသည် သင့်အနေဖြင့် သမ္မာတရားကို နားလည်နိုင်သည်၊ သမ္မာတရားကို သိနားလည်ခြင်းအရ သာမန်လူတို့ကို ကျော်လွန်နိုင်သည် သို့မဟုတ် သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စုံလင်အောင်ပြုခံရခြင်းတို့အား လိုက်စားခြင်းနှင့်ပတ်သက်လျှင် ကောင်းသော အခြေအနေများ ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ ယင်းတို့က ဤအရာများကို မဆိုလိုပေ။ သင်တို့အနေဖြင့် ဤကိစ္စရပ်ကို ရှင်းလင်းစွာ သတိပြုရမည်။ ဘုရားသခင်က သူ၏ နှုတ်ကပတ်တော်များကို စတင်မိန့်မြွက်ပြီး သူ၏ အမှုတော်ကို ဆောင်ရွက်သည့်အချိန်မှသည် ယခုချိန်ထိတိုင် သူသည် မရေမတွက်နိုင်သည့် နှုတ်ကပတ်တော်များကို ပြောဆိုပြီးဖြစ်ကာ မရေမတွက်နိုင်သည့် အမှုများကို လုပ်ဆောင်ပြီးဖြစ်သည့်အပြင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးထဲမှ လူတစ်ဦးကမျှပင်လျှင် ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ကြောင်းနှင့် သူ ပြောဆိုသည့် စကားများက သမ္မာတရားဖြစ်ကြောင်းကို သူ၏ မိန့်မြွက်ချက်များတွင် မမြင်သေးပေ။ လူတစ်ဦးကပင်လျှင် ဘုရားနှုတ်ကပတ်တော်များ၌ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို မြင်နိုင်ပြီးနောက် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို ထသက်သေခံနိုင်သလော။ တစ်ဦးတစ်လေမျှ မရှိပေ။ ဤအချက်က လူသားမျိုးနွယ်တစ်ရပ်လုံး၏ အစွမ်းအစ၊ စိတ်များနှင့် သိမြင်မှုတို့နှင့်ပတ်သက်လျှင် လူသားအားလုံးက စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပိုင်ဆိုင်သည်ဟူသည့်အချက်ကို မဆိုထားနှင့်၊ ၎င်းတို့သည် သမ္မာတရားကို သဘောပေါက်နားလည်ခြင်းအတွက် လိုအပ်သော အခြေအနေများ မပိုင်ဆိုင်ကြောင်းကို သက်သေပြသည်။ လူအချို့က “သမ္မာတရားကို သဘောပေါက်နားလည်ခြင်းအတွက် လိုအပ်သည့် အခြေအနေကို ကျွန်ုပ်တို့ မပိုင်ဆိုင်လျှင် ယခုတွင် သမ္မာတရားအနည်းငယ်ကို အဘယ်သို့ဖြစ်ပြီး ကျွန်ုပ်တို့ နားလည်ကြသနည်း”ဟု ဆိုကြသည်။ ထိုအကြောင်းကို ငါ အလွန်များစွာ ပြောဆိုပြီးဖြစ်သောကြောင့် ဖြစ်သည် မဟုတ်လော။ ငါသည် နောက်ထပ် စကားမပြောချင်အောင်ပင် အလွန်များစွာ ပြောဆိုပြီးဖြစ်ကာ စကားပြောခြင်းကို ငြီးငွေ့နေပြီဖြစ်သည်။ ငါသည် စကားပြောပြီး သင်တို့နှင့်အတူ မိတ်သဟာယ ပြုသည့်အကြိမ်တိုင်းတွင် အမှုအရာများကို အသေးစိတ် စဉ်ဆက်မပြတ် ရှင်းပြရင်း အကြောင်းအရာများကို အဓိကအကြောင်းအရာများ၊ အလယ်အလတ် အကြောင်းအရာများနှင့် အကြောင်းအရာခွဲများအဖြစ်သို့ ခွဲခြားရပြီး သင်တို့က နားမလည်ကြသေးပေ။ ထို့ကြောင့် သင်တို့၏ အစွမ်းအစသည် မည်သည့်အရာကဲ့သို့ ဖြစ်ရမည်နည်း။ အချို့သည် အလွန့်အလွန် မာနထောင်လွှားနေကြပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူကြဆဲဖြစ်သော်လည်း၊ သင်သည် မာနထောင်လွှားစရာ ဘာအကြောင်းရှိသနည်း။ သင်တို့ အများစုနှင့်ပတ်သက်၍ ချီးမွမ်းဖွယ်ရာတစ်ခုမျှ မရှိသည်ကို ငါ မြင်သည်။ နည်းပညာအလုပ်များကို နှစ်ပေါင်းများစွာကြာ ဆောင်ရွက်ပြီးနောက်တွင် သင်တို့ထဲမှ မည်မျှသည် သမ္မာတရား စည်းမျဉ်းများကို အမှန်တကယ် နားလည်သနည်း၊ သမ္မာတရား စည်းမျဉ်းများကို လိုက်လျှောက်နိုင်ပြီး သမ္မာတရား စည်းမျဉ်းများနှင့်အညီ သင်တို့၏ အလုပ်များကို ဆောင်ရွက်နိုင်သနည်း။ သင်တို့သည် အလုပ်က မည်သည့်အရာဖြစ်စေ မည်သည့်အလုပ်ကိုမျှ ကောင်းစွာ မလုပ်ဆောင်ကြသကဲ့သို့ အထက်က သင့်ကို အမှုအရာများအား လုပ်ဆောင်ရမည့်ပုံကို ကိုယ်တိုင်ကိုယ်ကျ အမြဲ ညွှန်ကြားရသည်။ မဟုတ်လျှင် မည်သည့်အရာမျှ မှန်မှန်ကန်ကန် ဖြစ်သွားခြင်း မရှိသကဲ့သို့ အထက်က နောက်ဆက်တွဲလုပ်ပေးခြင်းနှင့် မည်သို့ လုပ်ဆောင်ရမည်ကို သင့်အား ညွှန်ကြားခြင်းမရှိဘဲ အလုပ်တစ်ခုတလေ ဆက်လုပ်ဖြစ်လျှင် ပြဿနာဖြစ်ပေါ်သည်။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများသည် ကြွားဝါရမည့်အရာ တစ်ခုတလေ ရှိသလော။ မရှိပေ၊ သို့တိုင် ၎င်းတို့သည် ကဏ္ဍတိုင်းတွင် ပြီးပြည့်စုံသည့်၊ ဝိညာဉ်ရေးရာ ပြည့်ဝသည့်၊ အလွန်တော်ပြီး အထွတ်အထိပ်ဖြစ်သည့် လူများဖြစ်သယောင် ဟန်ဆောင်နေကြသည်။ ၎င်းတို့သည် အရှက်မဲ့ကြသည် မဟုတ်လော။ သင်တို့သည် အမှန်တကယ်ပင် ဒုက္ခပေးတတ်ကြပေသည်တကား။ မည်သည့် အကြောင်းအရာကို ငါ မိတ်သဟာယပြုသည်ဖြစ်စေ၊ ငါသည် အသေးစိတ် လုပ်ဆောင်ရသည်၊ ပို၍ အသေးစိတ်ဖြစ်လေ ကောင်းလေဖြစ်သည်။ အမှုအရာများကို အနည်းငယ် ပိုမို ရိုးရှင်းစွာ ရှင်းပြခြင်းမျှဖြင့် အဆင်ပြေမည်မဟုတ်။ ဤသည်မှာ လူတို့၏ အစွမ်းအစနှင့် အနည်းငယ်သော သိမြင်မှု ဖြစ်သည့်ပုံစံတည်း။ ၎င်းတို့သည် အလွန်အမင်း သနားဖွယ်ဖြစ်သည့်တိုင် ၎င်းတို့ အလွန်တော်သည်ဟု ယုံကြည်နေကြဆဲဖြစ်သည်။ ဤသွင်ပြင်လက္ခဏာနှင့်ပတ်သက်၍ ငါ၏ မိတ်သဟာယကို ဤနေရာတွင် ငါ အဆုံးသတ်မည်။
(ဂ) လူအားလုံးထက် သာလွန်အောင်ပြုလုပ်ခြင်းဖြင့်
ယခုတွင် အားလုံးထက် သာလွန်အောင်ပြုလုပ်ခြင်းဖြင့်ဟူသည့် တတိယ သွင်ပြင်လက္ခဏာနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုကြမည်။ အန္တိခရစ်များက မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် အားလုံးထက် သာလွန်ချင်ကြသည်။ ဤသည်မှာ ၎င်းတို့ သဘာဝ၏ အသိသာအထင်ရှားဆုံးသော သရုပ်သကန်ဖြစ်သည်။ လူတစ်ဦးဦးက အားလုံးထက် သာလွန်ချင်သည့်အခါ ဤပြဿနာသည် အလွန်ဆိုးရွားသော ပြဿနာတစ်ခုဖြစ်ပြီး ထိုသို့သော လူများသည် စစ်မှန်သော အန္တိခရစ်များချည်းသာ ဖြစ်သည်။ “လူအားလုံးထက် သာလွန်အောင် ပြုလုပ်ခြင်း”ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အန္တိခရစ်များသည် ကောင်းကင်တမန်မင်းဖြစ်သည့် စာတန်၏ အနှစ်သာရကို ပိုင်ဆိုင်ကြသည်။ ၎င်းတို့သည် ပင်ကိုအားဖြင့် ပုံမှန် သို့မဟုတ် သာမန်လူများ ဖြစ်ရန် လိုလားခြင်း မရှိကြပေ။ ၎င်းတို့ကို သာမန်လူများဖြစ်စေလျှင်၊ သာမန်ဘဝတစ်ခုကို အသက်ရှင်စေလျှင်၊ ထိုသို့လုပ်ဆောင်ဖို့ လိုလားနေကြလိမ့်မည်မဟုတ်သကဲ့သို့ ဤအရာနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်ကြလိမ့်မည်ဖြစ်ပြီး စဉ်ဆက်မပြတ် ရုန်းကန်ကြလိမ့်မည်။ ၎င်းတို့သည် အဘယ်ကြောင့် စဉ်ဆက်မပြတ် ရုန်းကန်ကြလိမ့်မည်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဆူဆူညံညံဖြစ်စေချင်ကြပြီး မိုးနှင့်မြေကြားတွင် ၎င်းတို့ကဲ့သို့ ထိပ်တန်းလူသားတစ်ဦးရှိသည်ကို အခြားလူတို့ သိရှိရန်အလို့ငှာ အခြားသူတို့ မြင်ဖို့အတွက် ပါးနပ်သော လှည့်ကွက်များကို ဖြစ်ဖြစ်မြောက်မြောက် လုပ်ဆောင်ချင်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဘာသာတရားမရှိသူများ ပြောသကဲ့သို့ မိမိ၏ ကန်နှင့် မဆံ့သည့် ငါးတစ်ကောင်ဖြစ်သည်ကို အခြားသူတို့ သိရှိရန်အလို့ငှာ အောင်မြင်အောင်လုပ်ချင်ကြသည်။ မိမိတို့ ကန်များအတွက် ကြီးလွန်းသည့် ဤငါးများသည် မည်သည့်အရာမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် ဝိညာဉ်ဆိုးများ၊ ညစ်ညူးသည့် မကောင်းဆိုးဝါးများ၊ ကောင်းကင်တမန်မင်းများ၊ စာတန်များနှင့် နတ်ဆိုးများ ဖြစ်ကြသည်။ အန္တိခရစ်များသည် သာမန်လူတစ်ဦး၏ ဘဝကို အသက်ရှင်ရင်း ဘဝတွင် ၎င်းတို့၏ ကုသိုလ်ကံဖြင့် ကျေနပ်ရောင့်ရဲလျက် မိမိတို့၏ နေ့ရက်များကို ကျော်ဖြတ်ဖို့ ပင်ကိုအားဖြင့် ဆန္ဒမရှိကြပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်တာဝန်ကို တိတ်ဆိတ်စွာ စောင့်ထိန်းခြင်း မရှိ သို့မဟုတ် လိမ္မာသည့် သာမန်လူများကဲ့သို့ မပြုမူကြပေ။ ထိုသို့ဖြစ်ခြင်းဖြင့် ၎င်းတို့ ကျေနပ်ရောင့်ရဲခြင်း မရှိကြ။ ထို့ကြောင့် အပေါ်ယံတွင် ၎င်းတို့ မည်သို့ ပြုမူကြသည်ဖြစ်စေ၊ ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် ၎င်းတို့သည် မိမိတို့၏ ဘဝ ကုသိုလ်ကံနှင့်ပတ်သက်၍ အမြဲ ဝမ်းနည်းနေကြပြီး အချို့သော အရာများကို လုပ်ဆောင်ကြလိမ့်မည်။ မည်သည့်အရာများဖြစ်သနည်း။ ပုံမှန်လူများ လုံးဝ စိတ်မကူးမိနိုင်မည့် အချို့သောအရာများကို ၎င်းတို့ လုပ်ဆောင်ကြလိမ့်မည်။ ၎င်းတို့သည် အာရုံစိုက်ခြင်းခံလိုကြပြီး ဆင်းရဲဒုက္ခတစ်ခုခုကို ခါးစည်းခံကာ အဖိုးအခ အနည်းငယ်ပေးဖို့ တွန့်ဆုတ်ကြမည် မဟုတ်ပေ။ “အရာရှိသစ်များက အထင်ကြီးအောင်လုပ်ဖို့ စိတ်ထက်သန်ကြသည်”ဟူသည့် ဆိုရိုးစကားတစ်ခု ရှိသည်။ အန္တိခရစ်တစ်ဦးသည် ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့အနေဖြင့် သာမန်မဟုတ်သည်ကို သက်သေပြဖို့အတွက် အံ့ဖွယ်ရာအချို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး “မိမိတို့၏ အသက်မွေးအလုပ်တွင် အောင်မြင်မှု”အချို့ ဖန်တီးရမည်ဟု ခံစားကြသည်။ ဤနေရာတွင် အဆိုးရွားဆုံးသော ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့သည် အသင်းတော်တွင် အမှုအရာများကို လုပ်ဆောင်နေကြသော်လည်း၊ မိမိတို့တာဝန်ကို ဟန်ဆောင်လုပ်ဆောင်ခြင်းအား ခံယူကျင့်သုံးကြသော်လည်း မိမိတို့တာဝန်အား မည်သို့ လုပ်ဆောင်ရမည် သို့မဟုတ် အသင်းတော်အလုပ်ကို မည်သို့ ကောင်းမွန်စွာ လုပ်ဆောင်ရမည်ဟူသည်နှင့်ပတ်သက်၍ ဘုရားသခင်နှင့်အတူ လုံးဝ ရှာဖွေခြင်းမရှိသကဲ့သို့ ဘုရားအိမ်တော်၏ စည်းမျဉ်းများက မည်သည့်အရာများဖြစ်သည်၊ သမ္မာတရား စည်းမျဉ်းများက မည်သည့်အရာများဖြစ်သည် သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်နှင့် ညီအစ်ကို မောင်နှမများကို အကျိုးပြုသည့်၊ ဘုရားသခင်ကို အရှက်မရစေသည့်၊ ဘုရားသခင်ကို သက်သေခံသည့်၊ အသင်းတော်အလုပ်ကို ချောမွေ့စွာ တိုးတက်စေနိုင်ပြီး မိမိတို့၏ အလုပ်တွင် သတိမမူမိသော အမှားများ ဖြစ်ပေါ်သည်ကို သေချာစေသည့် နည်းလမ်းဖြင့် မည်သို့ ပြုမူဆောင်ရွက်ရမည်ကို သေချာအောင် လေ့လာစိစစ်ဖို့ စိတ်ထက်သန်စွာ ကြိုးစားကြခြင်း မရှိပေ။ ၎င်းတို့သည် ဤအရာများအကြောင်းကို လုံးဝ မေးမြန်းခြင်းမရှိကြသကဲ့သို့ ဤအရာများအကြောင်းကို လုံးဝ စုံစမ်းမေးမြန်းခြင်း မရှိကြပေ။ ၎င်းတို့စိတ်နှလုံးတွင် ဤအရာများမရှိ၊ ၎င်းတို့၏ စိတ်နှလုံးက ဤအရာများနှင့် ပြည့်နေခြင်း မရှိပေ။ သို့ဆိုလျှင် မည်သည့်အရာအကြောင်းကို ၎င်းတို့ စုံစမ်းမေးမြန်းကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးက မည်သည့်အရာနှင့် ပြည့်နေသနည်း။ ၎င်းတို့အနေဖြင့် အသင်းတော်၏ မဏ္ဍိုင်ဖြစ်ကြောင်းနှင့် အသင်းတော်က ၎င်းတို့မရှိဘဲ ရပ်တည်နိုင်မည် မဟုတ်ကြောင်း၊ ၎င်းတို့နှင့်သာ အသင်းတော်၏ အလုပ်ရှိသမျှက ချောမွေ့စွာ တိုးတက်နိုင်ခြင်းဖြစ်ကြောင်းတို့ကို အခြားလူများ မြင်နိုင်ရန်အလို့ငှာ မိမိတို့၏ ပါရမီများအား မည်သို့ကြွားနိုင်မည်၊ ၎င်းတို့သည် အခြားလူများနှင့် မတူကြောင်းကို မည်သို့ ပြနိုင်မည်၊ အသင်းတော်၌ ၎င်းတို့၏ ခေါင်းဆောင်မှုပုံစံကို မည်သို့ကြွားလုံးထုတ်မည် ဟူသည့် အတွေးများဖြင့် ပြည့်နေပေသည်။ အန္တိခရစ်များ၏ သရုပ်သကန်များ၊ ၎င်းတို့ လုပ်ရပ်များ၏ လှုံ့ဆော်မှုများနှင့် မူလတွန်းအားများကို အကဲဖြတ်သည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သည့်နေရာတွင် ထားရှိကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အားလုံးထက် သာလွန်သည့်နေရာတွင် ထားရှိကြပေသည်။ ဤသည်မှာ မည်သို့ ပေါ်လွင်ထင်ရှားသနည်း။ (သူတို့သည် လူတိုင်းအပေါ် အာခံတတ်ပြီး အမြဲ အဆုံးအဖြတ်ပေးချင်ကြပြီး အခြားလူတို့အား ၎င်းတို့ ပြောသည့်အရာကို လုပ်စေလိုကြသည်။) လူတိုင်းအပေါ် ၎င်းတို့၏ အာခံမှုနှင့်ပတ်သက်၍ ပြဿနာတစ်ခုရှိသည်။ ဤအရာအတွင်းတွင် ကွယ်ဝှက်ထားသည့် အဓိပ္ပာယ်တစ်ခု ရှိသည်။ ဆိုလိုသည်မှာ အသင်းတော်အလုပ်ကို ၎င်းတို့ လုပ်ဆောင်ချိန်တွင် မိမိတို့တာဝန်ကို ထမ်းဆောင်နေခြင်းမရှိကြသကဲ့သို့ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်း အလေးထားခြင်း မရှိကြပေ။ ထို့ကြောင့် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေရန်၊ အသင်းတော်၏ စည်းမျဉ်းများက မည်သည့်အရာများဖြစ်သည် သို့မဟုတ် ဘုရားအိမ်တော်က တောင်းဆိုသည့် စည်းမျဉ်းများမှာ မည်သည့်အရာများ ဖြစ်သည်ဟူသည်တို့ကို သိအောင်လုပ်ဖို့ ဒုက္ခခံရန် လိုအပ်မှုတစ်ခုတလေ ရှိသည်ဟု ၎င်းတို့ မခံစားရပေ။ ငါပြောသည့် မည်သည့်အရာကိုမျှ ၎င်းတို့ အာရုံပင်မစိုက်ကြပေ။ မည်သည့်စည်းမျဉ်းများကို ၎င်းတို့ လိုက်နာစောင့်ထိန်းကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အရေးကိစ္စကို ဆောင်ရွက်ရန်အလို့ငှာ အသင်းတော်ကို အစေခံခြင်းနှင့် ညီအစ်ကို မောင်နှမများကို အစေခံခြင်းကဲ့သို့သော စည်းမျဉ်းများနှင့် အရင်းခံအကြောင်းများကို လိုက်နာစောင့်ထိန်းကြသည်။ အသင်းတော်တွင်လည်းကောင်း၊ ညီအစ်ကို မောင်နှမများကြားတွင်လည်းကောင်း ၎င်းတို့အနေဖြင့် ခြေကုပ်တစ်ခု ရနိုင်ပြီး ကြီးကြပ်ဖို့အတွက် ဩဇာနှင့် အာဏာရှိလာကြသရွေ့ လုံလောက်ပြီး မိမိတို့တာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့၏“ရလဒ်”ဟု ခေါ်သည့်အရာကို စွမ်းဆောင်ရရှိပြီး ဖြစ်လိမ့်မည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ထိုအရာသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းရန် သို့မဟုတ် ဘုရားသခင်၏ ဝန်ထုပ်ကို ထောက်ထားရန် မဟုတ်ဘဲ ထို့ထက် အသင်းတော်နှင့် ညီအစ်ကို မောင်နှမများကို အစေခံရန်ဖြစ်ပြီး ဤအရာကို လုပ်ဆောင်နေစဉ်တွင် ဤအရာများအားလုံးကို ထိန်းချုပ်ရန် ဖြစ်သည်။ ဤအရာများအားလုံးကို ၎င်းတို့ ထိန်းချုပ်လိုကြသည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်နေချိန်တွင် ပထမဆုံးအနေဖြင့် မိမိတို့ကိုယ်တိုင်အတွက် ခြေကုပ်တစ်ခုရရှိဖို့၊ ကျော်ကြားမှုတစ်ခုခု ရရှိဖို့၊ ၎င်းတို့၏ ဂုဏ်သတင်းကြီးထွားဖို့ လာကြသည်။ ကြီးကြပ်ကာ ဆုံးဖြတ်ချက်များချမှတ်ဖို့အတွက် တန်ခိုးအာဏာ ရှိလာကြပြီးနောက် ၎င်းတို့သည် ဘုရားသခင်ကို ပြယုဂ်တစ်ခုမျှ ဖြစ်စေနိုင်ပြီး ဘုရားသခင်၏ နေရာကို ယူနိုင်ကြလေသည်။ ၎င်းတို့၏ ဩဇာလွမ်းမိုးမှု နယ်ပယ်အတွင်းတွင် လူ့ဇာတိခံဘုရားသခင်ကို ပြယုဂ်တစ်ခု၊ ရုပ်သေးရုပ်တစ်ခုမျှ ဖြစ်စေကြပြီး ဤသည်မှာ “အားလုံးထက် သာလွန်အောင်ပြုလုပ်ခြင်း”ဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ လုပ်ဆောင်သည့်အရာ ဖြစ်သည် မဟုတ်လော။ ဤသည်မှာ အန္တိခရစ်များ ပြုမူသည့်ပုံစံ ဖြစ်သည်။ အန္တိခရစ်များသည် လူတို့၏ မျက်နှာသာကို ရရှိကာ ပိုများသည့်လူတို့၏ သတိပြုမိခြင်းခံရဖို့အလို့ငှာ မိမိတို့၏ ဆုကျေးဇူးများနှင့် ပါရမီများကို အပြည့်အဝ ပြသဖို့နှင့် ၎င်းတို့၏ တစ်မူထူးခြားသော အတွေးများနှင့် လုပ်ဆောင်ချက်များကို ပြသဖို့ မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်း အခွင့်အရေးအား အသုံးပြုကြလေသည်။ ထို့နောက် ၎င်းတို့သည် ကြီးကြပ်ဖို့၊ ဆုံးဖြတ်ချက်များ ချမှတ်ဖို့နှင့် အသင်းတော်တွင် အမှုအရာများကို ထိန်းချုပ်ဖို့ အာဏာရယူကြပြီး ဤအရာက များစွာသောလူတို့အား ၎င်းတို့ကို ဩဇာခံစေကာ ၎င်းတို့ကို ကျိုးနွံနာခံစေပြီး ဘုရားသခင်က အပြင်လူဖြစ်လာသည်။ ဤသည်မှာ ၎င်းတို့က ဘုရားသခင်ကို ပြယုဂ်တစ်ခုမျှ ဖြစ်စေခြင်းဖြစ်သည် မဟုတ်လော။ ဤသည်မှာ အန္တိခရစ်များက ၎င်းတို့၏ လုပ်ရပ်များဖြင့် ဖြစ်မြောက်အောင်မြင်လိုသည့် ရည်မှန်းချက်ဖြစ်ပြီး ဤသည်မှာ အန္တိခရစ်များ စိုးစံသည့် မည်သည့်နေရာတွင်မဆို အဆုံးတွင် ဖြစ်ပျက်သည့်အရာ ဖြစ်သည်။
အသင်းတော်တွင် အာဏာရှိသည့် အန္တိခရစ်တစ်ဦး ရှိလျှင် ညီအစ်ကို မောင်နှမများသည် မည်သည့်အခြေအနေတွင် ရှိကြလိမ့်မည်နည်း။ ၎င်းတို့သည် အန္တိခရစ်များ ပြောသည့်အရာကိုသာ လုပ်ဆောင်ကြလိမ့်မည်၊ ၎င်းတို့ လုပ်ဆောင်သည့်အရာတိုင်းတွင် စည်းမျဉ်းစည်းကမ်းများကိုသာ ပုံသေစောင့်ထိန်းကြလိမ့်မည်။ သမ္မာတရားကို နားလည်ကြမည် မဟုတ်သကဲ့သို့ သမ္မာတရားကို ရှာဖွေကြမည် မဟုတ်ပေ။ ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခခံသည်ဖြစ်စေ၊ မည်မျှ ကြီးမားသည့် အဖိုးအခပေးသည်ဖြစ်စေ အသက်ဝင်ရောက်မှုတွင် မည်သည့်တိုးတက်မှုမျှ ဖြစ်စေကြလိမ့်မည် မဟုတ်။ ထိုသို့သော အသင်းတော်သို့ ငါသွားသည့်အခါ ငါပင်လျှင် ငြင်းပယ်ခံရလိမ့်မည်။ ထိုသူတို့ထဲတွင် ဤအန္တိခရစ်သည် နာမည်ခံ ခေါင်းဆောင်တစ်ဦးဖြစ်သော်လည်း အမှန်တွင် အန္တိခရစ်သည် ၎င်းတို့၏ ဆရာသခင်နှင့် ၎င်းတို့၏ ဘုရားဖြစ်လာပြီဖြစ်သည်။ အန္တိခရစ်တစ်ဦး ထိန်းချုပ်ထားသည့် မည်သည့်အသင်းတော်တွင်မဆို သမ္မာတရားနှင့် ဘုရားသခင်သည် ပြယုဂ်များမျှသာ ဖြစ်သွားသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦးက အားလုံးထက် သာလွန်အောင် ပြုလုပ်သည့်အချိန်တွင် ဆိုလိုသည့်အရာ ဖြစ်သည်။ ဤသည်မှာ ဆိုးရွားသည် မဟုတ်လော။ အသင်းတော်တွင်ရှိသည့် လူတို့သည် အန္တိခရစ်တစ်ဦး၏ ထိန်းချုပ်ခြင်းခံရပြီး အပြင်လူများက အလုပ်လုပ်ရန် ထိုအသင်းတော်သို့ သွားသည့်အခါ ဤလူများသည် စကားပြောကာ ပြုမူဆောင်ရွက်သည့် အခါတိုင်းတွင် မိမိတို့ ဆရာသခင်ထံမှ ၎င်းတို့၏ အရိပ်နိမိတ် ယူကြရမည် မဟုတ်လော။ ၎င်းတို့သည် တစ်စုတစ်စည်းတည်းဖြစ်သော အမိန့်တစ်ခုအောက်တွင် ရှိကြသည်၊ ၎င်းတို့သည် ပြိုင်တူ ပြုမူဆောင်ရွက်ကြပြီး မည်သူမျှ ခွင့်ပြုချက်မရဘဲ စကားမပြောဝံ့ကြ။ ၎င်းတို့၏ ဆရာသခင်က တစ်ချက်ကြည့်လိုက်ပြီးနောက် ၎င်းတို့က ထိုအကြည့်တစ်ချက်ဖြင့် မည်သည့်အရာဆိုလိုသည်ကို သိရှိကာ ထို့နောက်တွင် ထိုအတိုင်းလျော်ညီစွာ ပြုမူဆောင်ရွက်ကြလေသည်။ ငါသည် ၎င်းတို့ကို တစ်စုံတစ်ရာ စေခိုင်းလျှင် ၎င်းတို့၏ အချင်းချင်းပြောဆိုလေ့ရှိသော စကားအသုံးအနှုန်းများဖြင့် တစ်ယောက်နှင့်တစ်ယောက် ပြောဆိုကြလေသည်။ ဤသည်မှာ ၎င်းတို့ ပြောဆိုနေသည့်အရာကို ငါ့အား မသိစေလိုကြသည့် သဘောဖြစ်သည်၊ ၎င်းတို့က ငါ့ကို ရှောင်ရှားချင်ကြပြီး ငါ့ကို အပြင်လူတစ်ဦးအဖြစ် စဉ်းစားကြသည်။ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်သည် မဟုတ်လော။ ငါ့ကို ၎င်းတို့ ရှောင်ရှားလိုခြင်း၏ သဘာဝမှာ အဘယ်နည်း။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားနှင့် အနှစ်သာရ ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်နှင့် လူတို့ကို ထိန်းချုပ်လိုကြသည်။ အန္တိခရစ်များက မည်သည့်အရာကို လုပ်ဆောင်ကြသည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အလေးထားရန် မဆိုထားနှင့်၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ အမှုအရာများကို လုံးဝ လုပ်ဆောင်ကြလိမ့်မည် မဟုတ်။ ၎င်းတို့သည် ၎င်းတို့ကိုယ်ပိုင် နိုင်ငံများကို ထူထောင်ရန်နှင့် မိမိတို့ကိုယ်ပိုင် အရေးကိစ္စကို ပါဝင်ဆောင်ရွက်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။ ဤသည်မှာ အဘယ်သို့ဖြစ်ပြီး ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့က ၎င်းတို့၏ တာဝန်ကို ဟန်ဆောင်ထမ်းဆောင်ခြင်းအောက်တွင် မိမိတို့ကိုယ်ပိုင် နိုင်ငံများကို ထူထောင်နေကြခြင်း ဖြစ်သည်။ အန္တိခရစ်များတွင် ဤသဘာဝမျိုးရှိသည့်အတွက် အဆင့်အတန်းကို ၎င်းတို့ ချစ်ပြီး ထိုအဆင့်အတန်းကို ပုဂ္ဂလဓိဋ္ဌာန်ကျကျ လိုချင်သည်ဟု မပြောကြလျှင်ပင် တစ်စုံတစ်ရာကို ၎င်းတို့ လုပ်ဆောင်ပြီး မိမိတို့လက်ကို ဆန့်တန်းသည့်ခဏတွင် အန္တိခရစ်များ၏ လမ်းကြောင်းကို အပြေးသွားကြသည်။ ၎င်းတို့၏ မကောင်းဆိုးဝါးဆန်သော သဘာဝသည် ပေါ်လွင်သွားပြီး ၎င်းတို့ကိုယ်ပိုင် နိုင်ငံများကို ထူထောင်ရန် ကြိုးစားကြလေသည်။ မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်သည်နှင့် ၎င်းတို့၏ ကိုယ်ပိုင် အရေးကိစ္စများကို ဆောင်ရွက်ရန် ကြိုးစားကြသည်။ မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်သည်နှင့် မိမိတို့ကိုယ်ပိုင် နည်းလမ်းများနှင့် နည်းစနစ်များအတိုင်း ဆက်လုပ်ရန် ကြိုးစားကြလေသည်။ အထက်က တစ်စုံတစ်ရာကို စီစဉ်ပြီး ထိုအရာက ၎င်းတို့ထံရောက်သည့်အခါ အန္တိခရစ်များက ထိုအရာကို အကောင်အထည်ဖော်ရမည့်အစား ထိုအရာကို လေ့လာကြသည်၊ ထိုအရာကို အေးအေးဆေးဆေး စဉ်းစားပြီး မိတ်သဟာယပြုကြသည်။ ထိုအရာနှင့်ပတ်သက်၍ မိတ်သဟာယပြုရာတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ထိုအရာကို ခံယူကြခြင်း ရှိမရှိကိုလည်းကောင်း၊ ထိုအရာက အလုပ်ဖြစ်နိုင်ခြင်း ရှိမရှိကိုလည်းကောင်း ကြည့်ရန် လူတိုင်းအား ထိုအရာကို ဆွေးနွေးခိုင်းဖို့ ဖြစ်သည်။ ထိုအရာကို အကောင်အထည်ဖော်ရန် မဟုတ်ပေ။ ဘုရားသခင် ပြောဆိုကာ လုပ်ဆောင်သည့်အရာတိုင်းသည် သမ္မာတရား ဖြစ်သော်လည်း ထိုအရာက အန္တိခရစ်တစ်ဦးထံ ရောက်သည့်အခါတွင် ပြောင်းလဲသွားသည်။ ထိုအရာသည် ၎င်းတို့အတွက် လေ့လာရမည့် တစ်စုံတစ်ရာအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းတို့က ထိုအရာကို လေ့လာသည်၊ စိစစ်ပြီး ဆွေးနွေးကြကာ အဆုံးတွင် ၎င်းတို့သည် လူသားအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ဘုရားသခင်၏ အစီအစဉ်များကို လူတိုင်းအား ငြင်းဆိုစေကြလေသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့က “သင်သည် သမ္မာတရား မဟုတ်ပါ။ သာမန်လူတစ်ဦးသာ ဖြစ်သည်။ သင် ပြောသည့်အရာသည် မည်သည့်အရာမျှ အရေးမပါပါ။ ငါ၏ စီရင်ပိုင်ခွင့်တွင် သင်သည် အဆုံးအဖြတ်ပေးခွင့်ရလိုလျှင် သင် မေ့လိုက်၍ရသည်။ ယခု ဤနေရာတွင် ငါသည် ကြီးကြပ်သူဖြစ်သောကြောင့် ငါ ပြောသည့်အရာကို လူတိုင်း လုပ်ရမည်။ ငါသည် ထိန်းချုပ်ဖို့နှင့် ဆုံးဖြတ်ချက်များချဖို့အတွက် အကြွင်းမဲ့ အာဏာရှိပြီး သင်သည် ဤနေရာတွင် ပြယုဂ်တစ်ခုမျှသာဖြစ်နိုင်သည်။ ငါ၏ အလုပ်နှင့် ဩဇာလွှမ်းမိုးမှု နယ်ပယ်အတွင်းတွင် ငါသည် အရာရာတိုင်းအပေါ် ဆုံးဖြတ်ပိုင်ခွင့် ရှိရမည်။ သင်သည် သမ္မာတရားကို နားလည်ပြီး သင် ပြောသည့်အရာတိုင်းက သမ္မာတရားဖြစ်လျှင်ပင် ယင်းသည် ငါ့အပေါ် အလုပ်ဖြစ်မည် မဟုတ်ပါ”ဟု တွေးကြလေသည်။ ဤသည်မှာ အန္တိခရစ်နှင့် နတ်ဆိုးတစ်ဦးဖြစ်သည်၊ မှန်သလော။ ထို့ကြောင့် ၎င်းတို့သည် အန္တိခရစ်တစ်ဦး၏ နယ်မြေသို့ ရောက်သည့်အခါ အသင်းတော်၏ အလုပ် အစီအစဉ်များ၊ အထက်၏ တောင်းဆိုချက်များနှင့် သမ္မာတရား စည်းမျဉ်းများသည် လုံးဝ အကောင်အထည်ဖော်ခံရခြင်း မရှိပေ။ အကောင်အထည် ဖော်ခြင်းမခံရသည့် ဤအရာများနှင့်ပတ်သက်၍ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ အသင်းတော်တစ်ပါးက ယင်းတို့ကို အကောင်အထည်မဖော်သည့်အခါ ဤသည်မှာ ထိုအသင်းတော်တွင်ရှိသည့် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းနေသည့်သဘောဖြစ်ပြီး ဤခလုတ်တံသင်းများနှင့် အတားအဆီးများကို ကိုင်တွယ်သင့်သည်။ သင့်ကို ဘုရားအိမ်တော်က လုပ်ဆောင်နိုင်သည့်အရာ ဘာမျှမရှိဟု သင် ထင်သလော။ ဘုရားအိမ်တော်က သင့်ကို အသုံးပြုနိုင်လျှင် သင့်ကို ကိုင်လည်း ကိုင်တွယ်နိုင်ပေသည်။ ဤသည်မှာ ကမ္ဘာလောကဖြစ်သည်ဟု သင် ထင်သလော။ သင့်ထံတွင် ဩဇာလွှမ်းမိုးမှုရှိလျှင်၊ အာဏာရှင်တစ်ဦးကဲ့သို့ ပြုမူပြီး သင်သည် အတော်ပင် ကြမ်းကြုတ်လျှင်၊ အာဏာရှင်ဆန်ပြီး အတော်အတန် ရက်စက်လျှင် သင့်ကို မည်သူကမျှ လုပ်ဆောင်နိုင်သည့်အရာ ဘာမျှမရှိဟု သင် ထင်သလော။ သို့ဆိုလျှင် သင် မှားပေသည်။ ဤသည်မှာ ဘုရားအိမ်တော်ဖြစ်သည်။ ဘုရားအိမ်တော်ကို သမ္မာတရားက အုပ်စိုးပြီး ထိုသမ္မာတရားက လူတိုင်းကို မူအရဖြစ်သည့် နည်းလမ်းတစ်ခုဖြင့် ဆက်ဆံသည်။ ဘုရားအိမ်တော်က သင့်ကို အသုံးပြုကောင်း အသုံးပြုနိုင်ပြီး ဘုရားအိမ်တော်က သင့်ကို အသုံးမပြုဘဲနေကောင်းနေနိုင်ကာ သင့်ကို ဖယ်ရှားရှင်းလင်းနိုင်သည်။ သင် အသုံးပြုခံရခြင်း ရှိမရှိဟူသည်ကို ဘုရားသခင်ထံမှ နှုတ်ကပတ်တော်တစ်ခွန်းဖြင့် ဆုံးဖြတ်ပေသည်။ သင်သည် ဤနေရာတွင် အကျိုးသင့်အကြောင်းသင့် မဟုတ်သော ပုံစံတစ်ခုဖြင့် အဖျက်အမှောင့်များဖြစ်စေကာ အမှုအရာများကို နှောင့်ယှက်လျှင် သင်သည် နောက်ဆုံး၌ ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။ သင်သည် အစေခံမှုပေးဖို့ အားထုတ်မှုများပြုလျှင်၊ သင်သည် ဤနေရာတွင်နေပြီး သင်၏ နေရာကို သိကာ ကောင်းမွန်စွာ ပြုမူလျှင် ဘုရားအိမ်တော်က အစေခံမှုပေးရန် သင့်ကို ဆက်ခေါ်ထားလိမ့်မည်ဖြစ်ပြီး သင်၏ အစေခံမှုပေးခြင်းက မည်သို့ဖြစ်လာသည်ကို ကြည့်လိမ့်မည်။
အန္တိခရစ်များက မိမိတို့ကိုယ်ပိုင် နိုင်ငံများ ထူထောင်ခြင်း၏ အနှစ်သာရမှာ အားလုံးထက် သာလွန်အောင်ပြုလုပ်ခြင်း၊ ဘုရားသခင်ကို အလေးမထားခြင်း၊ သမ္မာတရားကို အလေးမထားခြင်းနှင့် အသင်းတော် စည်းမျဉ်းများကို အလေးမထားခြင်းတို့နှင့်ဆိုင်သည့် အနှစ်သာရ ဖြစ်သည်။ ၎င်းတို့သည် “အသင်းတော်”ဟူသည် အမည်ကိုသာ အစေခံကြသည်၊ “ဘုရားအိမ်တော်”ဟူသည့် အမည်နာမကိုသာ အစေခံကြသည်။ “ညီအစ်ကို မောင်နှမများ”ဟု ခေါ်သည့် လူစုကိုသာ အစေခံကြပြီး ဘုရားသခင်နောက်လိုက်ရန် သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံရန် မဆိုထားနှင့်၊ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုံးဝ ထမ်းဆောင်ခြင်း မရှိကြပေ။ ဤသည်မှာ ၎င်းတို့က မိမိတို့ကိုယ်ပိုင် နိုင်ငံများကို ထူထောင်ခြင်း ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ အနှစ်သာရဖြစ်ပြီး ဤသည်မှာ အားလုံးထက် သာလွန်အောင်ပြုခြင်းနှင့်ဆိုင်သည့် အနှစ်သာရဖြစ်သည်။ ယခုတွင် ဤအနှစ်သာရသည် ရှုတ်ချခြင်းခံရသလော သို့မဟုတ် အသိအမှတ်ပြုခြင်းခံရသလော။ (ရှုတ်ချခြင်းခံရသည်။) ရှုတ်ချခြင်းခံရသည့်အတွက် ဤလူများသည် သင်တို့ထဲတွင် ငြင်းပယ်ခြင်းခံရသင့်ပေသည်။ အချို့သော နားဝေတိမ်တောင်ဖြစ်သော၊ မသိနားမလည်ဘဲ ကြောင်းကျိုးမမြင်သောသူများသည် ထိုသို့သော လူများကို မြင်သည့်အခါတွင် ၎င်းတို့ကို ချီးမွမ်း၊ လေးစားကာ ကိုးကွယ်ကြသည်။ ပြီးလျှင် ၎င်းတို့ကို ဦးညွှတ်ပင် ဦးညွှတ်ချင်ကြလေသည်။ ထိုသူများသည် အလွန်မိုက်မဲလှပါတကား။ အန္တိခရစ်များသည် သင့်ကို မည်သည့်နေရာသို့ ဦးဆောင်နိုင်သနည်း။ ၎င်းတို့က သင့်ကို ဦးဆောင်သည့်အခါ အဆင်းနီသော နဂါးကြီးက သင့်ကို ဦးဆောင်နေသကဲ့သို့ဖြစ်ပြီး သင့်ကို မြောင်းထဲသို့ သို့မဟုတ် အနက်ဆုံးသော တွင်းထဲသို့ မရောက်စေမချင်း ၎င်းတို့က ရပ်တန့်မည် မဟုတ်ပေ။ ၎င်းတို့က သင့်ကို လုံးဝ ပျက်စီးစေပြီးသည်နှင့်တစ်ပြိုင်နက် သင့်ကို မောင်းထုတ်ကြလိမ့်မည်။ သင်သည် မည်သည့်အရာမျှ ရရှိမည်မဟုတ်သကဲ့သို့ ဘုရားသခင်ကို အချည်းနှီး ယုံကြည်မိပြီး ဖြစ်လိမ့်မည်။ သင်တို့သည် ကြောင်းကျိုးမမြင်ဖြစ်ကာ ဤလူများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ နာခံလျှင်၊ ကျိုးနွံနာခံပြီး ဤလူများနောက်လိုက်လျှင် သင်တို့သည် အလွန်အမင်း မသိနားမလည်သကဲ့သို့ သေထိုက်ပေသည်။ ထို့ကြောင့် သင်သည် ထိုသို့သော လူတစ်ဦးကို ကြုံရလျှင် မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ သင်သည် အသင်းတော်၌ ဟန်ဆောင်မှုနှင့် အယောင်ဆောင်၍ လိမ်လည်ခြင်းကို လုပ်ဆောင်သည့် တစ်စုံတစ်ဦး၊ မည်သည့်အရာကိုမဆို လုပ်ဆောင်သည့်အခါ အားလုံးထက် သာလွန်အောင် ပြုလုပ်သည့် တစ်စုံတစ်ဦး၊ သမ္မာတရားကို အထင်သေးသည့်၊ ဘုရားသခင်ကို အထင်သေးပြီး အသင်းတော် စည်းမျဉ်းများကို အထင်သေးသည့် တစ်စုံတစ်ဦးကို ကြုံရသည့်အခါ လူတိုင်းသည် ၎င်းတို့ကို ပြုပြင်ကာ ငြင်းပယ်ရန် ရပ်တည်ချက်တစ်ခု ယူသင့်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်တွင် လိမ္မာသည့်ပုံစံဖြင့် အလုပ်လုပ်ပေးနိုင်လျှင် ၎င်းတို့ကို ဆက်လက်အလုပ်လုပ်စေလော့။ ၎င်းတို့ မလိမ္မာဘဲ အမှုအရာများကို လွန်လွန်ကဲကဲ အမြဲ ဟန့်တားပိတ်ဆို့နေလျှင် သင်သည် ဘုရားအိမ်တော်၏ စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်များကို အကောင်အထည်ဖော်ပြီး ၎င်းတို့ကို ဖယ်ရှားသင့်ပေသည်။
၂၀၂၀ ခုနှစ်၊ မေလ ၂၃ ရက်