အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို မျက်နှာပြောင်တိုက်၍ မထီမဲ့မြင်ပြုပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၁)

ယနေ့ ငါတို့၏ စုဝေးပွဲကို မစတင်မီ စကားဝိုင်းတစ်ခုကို ငါတို့ နားထောင်ကြမည်။ လူနှစ်ဦးက အာလာပသလ္လာပပြောနေကြသည်။ ပထမတစ်ဦးက “ကျွန်ုပ်သာ ပြုပြင်ခြင်းခံရလျှင် ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်လိုကြမည် မဟုတ်တော့ပါ” ဟု ဆိုသည်။ ဒုတိယတစ်ယောက်က “၎င်းတို့က မိမိတို့၏ တာဝန်ကို လုပ်ဆောင်လိုခြင်း မရှိမည်လော။ ဘာအရေးကြီးသနည်း။ ကျွန်ုပ်သာ လူစားထိုးခြင်း ခံရလျှင် ညီအစ်ကိုမောင်နှမများသည် အပျက်သဘောဆောင်ပြီး အားနည်းကြမည်ဖြစ်သည်” ဟု ပြောလေသည်။ ပထမတစ်ဦးက သူအကျောခံလိုက်ရသဖြင့် “ကျွန်ုပ်သာ ယုံကြည်ခြင်း ရပ်လိုက်လျှင် ကျွန်ုပ်ရှိသည့်နေရာမှ ညီအစ်ကိုမောင်နှမများအားလုံးက ကျွန်ုပ်၏ နောက်လိုက်ကြမည်ဖြစ်သည်” ဟုပြောသည်။ ဤအရာကို ကြားသည့်အခါ ဒုတိယတစ်ဦးက “သို့ဆိုလျှင် သင်သည် ကျွန်ုပ်ထက် အစွမ်းအစ ပို၍ အားကောင်းသည်။ သို့သော်ငြားလည်း ကျွန်ုပ် ရှင်းလင်းပစ်ခြင်း ခံရလျှင် ကျွန်ုပ်တို့၏ အသင်းတော်မှ လူများစွာတို့သည် ယုံကြည်ခြင်းကို ရပ်ကြမည် ဖြစ်သည်။ ယင်းကို သင်မည်သို့ထင်သနည်း။ ကျွန်ုပ်သည် သင့်ထက် အစွမ်းအစ ပို၍ အားကောင်းသည် မဟုတ်လော” ဟု ပြောလေသည်။ ဤစကားဝိုင်းတွင် ၎င်းတို့ ပြောနေသည့်အရာကို သင်နားလည်သလော။ ၎င်းတို့ နှစ်ဦးသည် မည်သည့်အရာနှင့်ပတ်သက်၍ ယှဉ်ပြိုင်နေကြသနည်း။ (၎င်းတို့သည် လူများကို မည်သူက ပို၍ သိမ်းသွင်းစည်းရုံးနိုင်ကြောင်းနှင့် ပတ်သက်၍လည်းကောင်း၊ အမှီအခိုကင်းသော နယ်မြေကို မည်သူကပို၍ တည်ထောင်နိုင်စွမ်း ရှိသည်ကိုလည်းကောင်း ယှဉ်ပြိုင်နေကြခြင်း ဖြစ်ပါသည်။ ၎င်းတို့နှစ်ဦးထဲမှ မည်သူသည် တစ်ဖက်လူထက် အနည်းငယ် ပို၍ ဉာဏ်များသည်ကို ကြည့်နေကြခြင်း ဖြစ်ပါသည်။) မည်သူက ပို၍ ဉာဏ်များသည်၊ မည်သူက ပို၍ တတ်နိုင်စွမ်းသည်၊ မည်သူက ပို၍ကြီးမားသော စွမ်းရည်ရှိသည်၊ ၎င်းတို့ထဲမှ မည်သူက ပို၍များသော လူများကို သိမ်းသွင်းစည်းရုံးပြီးဖြစ်သည်တို့နှင့်ပတ်သက်၍ ၎င်းတို့ ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။ ၎င်းတို့ထဲမှ မည်သူ့တွင် သမ္မာတရား စစ်မှန်မှု ပို၍ရှိကြောင်း ယှဉ်ပြိုင်နေကြခြင်း ဖြစ်သလော။ ၎င်းတို့ထဲမှ မည်သူ့တွင် လူ့သဘာဝ ပိုရှိကြောင်း ယှဉ်ပြိုင်နေကြခြင်း ဖြစ်သလော။ ၎င်းတို့ထဲမှ မည်သူသည် သမ္မာတရားကို ပိုနားလည်ကြောင်း ယှဉ်ပြိုင်နေကြခြင်းပင် ဖြစ်သလော။ (မဟုတ်ပါ။ ၎င်းတို့အစားထိုးခံရလျှင်ဖြစ်စေ၊ ၎င်းတို့ ရှင်းလင်းပစ်ခြင်းခံရလျှင်ဖြစ်စေ မည်သူ့ထံတွင် ၎င်းတို့အတွက် အပူတပြင်း ခုခံကာကွယ်ပေးသည့်လူများ ပိုများမည်ကို ၎င်းတို့ ယှဉ်ပြိုင်နေခြင်းဖြစ်ပါသည်။) ၎င်းတို့ ယှဉ်ပြိုင်နေကြသည်မှာ မည်သည့်စွမ်းရည်မျိုးဖြစ်သနည်း။ လူများကို ထိန်းချုပ်ရန်၊ အမိဖမ်းရန်၊ အထင်အမြင်မှားစေရန် မည်သူက ပို၍ တတ်နိုင်စွမ်းရှိသည်ကို ၎င်းတို့ ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။ ခန့်မှန်းကြည့်လော့။ ဤနှစ်ဦးသည် မည်သည့်လူစားမျိုးများ ဖြစ်ကြသနည်း။ (၎င်းတို့ နှစ်ဦးလုံးသည် အန္တိခရစ်များ ဖြစ်ကြပါသည်။) ၎င်းတို့သည် အဘယ်အရာများနည်း။ ၎င်းတို့ နှစ်ဦးလုံးသည် ဆိုးယုတ်သော လူနှစ်ဦးဖြစ်သည်၊ နိုင်လိုမင်းထက် ပြုမူသူနှစ်ဦး ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဆိုးယုတ်သော လူနှစ်ဦးဖြစ်သည်မှာ ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ၎င်းတို့ထဲမှ မည်သူက မကောင်းမှုကို ပြုရန် ပို၍ကြီးမားသော လုပ်နိုင်စွမ်း ရှိသည်ကိုလည်းကောင်း၊ မည်သူက လူများကို ပို၍ အထင်အမြင်မှားစေနိုင်ပြီး ထိန်းချုပ်နိုင်သည်ကိုလည်းကောင်း၊ မည်သူက လူများကို ပို၍ သိမ်းသွင်းစည်းရုံးနိုင်သည်ကိုလည်းကောင်း၊ ဘုရားသခင် ရွေးချယ်ထားသော လူများကို ဘုရားသခင်ထံမှ မည်သူက ပို၍ ပြိုင်လုနိုင်သည်ကိုလည်းကောင်း ၎င်းတို့အရှက်မရှိ ယှဉ်ပြိုင်နေကြသည်။ ၎င်းတို့ထဲမှ မည်သူက လူများကို ပို၍ထိန်းချုပ်နိုင်သည်ဖြစ်စေ ယင်းမှာ ပိုကြီးမားသော လုပ်နိုင်စွမ်း ရှိသည့်သူဖြစ်သည်။ ယင်းမှာ ၎င်းတို့ ယှဉ်ပြိုင်နေကြသည့်အရာ ဖြစ်သည်။ ငါ့ကို ပြောလော့၊ ထိုသို့သော ယှဉ်ပြိုင်မှုများ လုပ်ကြသည့် အန္တိခရစ်များ ရှိသလော။ (ရှိပါသည်။) ၎င်းတို့သည် ထိုယှဉ်ပြိုင်မှုများကို လူသိရှင်ကြား လုပ်ကြသလော၊ သို့မဟုတ် အချင်းချင်း တိတ်တဆိတ် ယှဉ်ပြိုင်ကြခြင်း ဖြစ်သလော။ (တိတ်တဆိတ် ဖြစ်ပါသည်။) သို့ဆိုလျှင် ဤဇာတ်ကြောင်းထဲမှ ၎င်းတို့နှစ်ဦးကြားရှိ စကားဝိုင်း၏ အကြောင်းအရာသည် တည်ရှိသလော။ ယင်းမှာ စစ်မှန်သလော။ (တည်ရှိပါသည်၊ စစ်လည်းစစ်မှန်ပါသည်။) ၎င်းတို့သည် အချင်းချင်း တိတ်တဆိတ် ယှဉ်ပြိုင်သည်ကို ထောက်လျှင် ဤအရာများကို ဗြောင်ကျကျ ပြောကြမည်လော။ အန္တိခရစ်တို့ အားလုံးနီးပါးသည် စဉ်းလဲပြီး ကောက်ကျစ်ဆိုးယုတ်သည်။ ၎င်းတို့နှင့်ပတ်သက်၍ လူများတွင် ပြောကွက်ရစရာ မဖြစ်စေဖို့အလို့ငှာ ၎င်းတို့သည် လူအများရှေ့တွင်ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ယင်းကို ပြောမည် မဟုတ်ချေ။ သို့ရာတွင် ဤသည်မှာ ၎င်းတို့ တိတ်တဆိတ် တွေးတောသည့် ပုံစံဖြစ်ပြီး အမှန်ပင် ယင်းမှာ ၎င်းတို့ လုပ်ဆောင်သည့်အရာ ဖြစ်သည်။ ၎င်းတို့က အမှုအရာများကို ဖုံးဖိရန်၊ အမှုအရာများကို ဖုံးကွယ်ရန်၊ မိမိတို့ကိုယ်ကို ရုပ်ဖျက်ရန် မည်မျှကြိုးစားကြသည်ဖြစ်စေ ၎င်းတို့၏ အန္တိခရစ် သဘာဝနှင့် မလိုမုန်းထားသော သဘာဝတို့ကို ဖုံးဖိ၍မရနိုင်‌ပေ။ ယင်းတို့အားလုံးသည် ဧကန်မုချ ထုတ်ဖော်ခြင်းခံရမည် ဖြစ်သည်။ ၎င်းတို့သည် တစ်ခုမျှ ထုတ်ပြောခြင်း မရှိကောင်းမရှိဘဲ အခြားသူများ ကြားနိုင်မည့် သိသာထင်ရှားသည့်အရာ တစ်ခုမျှ မရှိသော်လည်း ကွယ်ဝှက်ထားခြင်း သို့မဟုတ် မပြတ်သားခြင်း စိုးစဉ်းမျှ မရှိဘဲ၊ ဖုံးကွယ်ခြင်း သို့မဟုတ် လျှို့ဝှက်ခြင်း မရှိဘဲ ပြုမူဆောင်ရွက်ကြ၏။ ၎င်းတို့သည် လိုက်လျောမှု တစ်ခုတလေ ပြုဖို့ မဆိုထားနှင့်၊ လူတို့၏ နောက်ကွယ်တွင် တိတ်တဆိတ် ပြုမူဆောင်ရွက်ခြင်းလည်း မရှိပေ။ လူများကို အမိဖမ်းရန်၊ အထင်အမြင်မှားစေရန်၊ ထိန်းချုပ်ရန်၊ အမှီအခိုကင်းသော နယ်မြေတစ်ခုကို တည်ထောင်ရန် ၎င်းတို့၏ အပြုအမူများနှင့် လုပ်ရပ်များတွင် မပြတ်သားခြင်း သို့မဟုတ် ဖြစ်ကတတ်ဆန်းနိုင်ခြင်း တစ်ခုတလေမျှ မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို ဗြောင်ကျကျ ဆန့်ကျင်ပြီး လူများကို ဗြောင်ကျကျ အမိဖမ်းကာ အထင်အမြင်မှားစေသည်။ ၎င်းတို့ ပြုပြင်ခြင်းခံရလျှင် များစွာသော ညီအစ်ကိုမောင်နှမများက ၎င်းတို့အတွက် ခုခံကာကွယ်ပေးမည်ဖြစ်ကြောင်း၊ ထိုသူတို့က ဘုရားသခင်နှင့် သူ၏အိမ်တော်ကို ဆန့်ကျင်မည် ဖြစ်ကြောင်း၊ ထိုသူတို့က အပျက်သဘောဆောင်ကာ ခိုကပ်လာမည့်အပြင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်မည် မဟုတ်ကြောင်း ၎င်းတို့ မျှော်လင့်ချက် ထားရှိကြသည်။ ယင်းက ၎င်းတို့ကို ပျော်ရွှင်ဝမ်းမြောက်စေပြီး ၎င်းတို့၏ ဆန္ဒကို ဖြည့်ဆည်းပေးမည် ဖြစ်သည်။ ၎င်းတို့ အစားထိုးခြင်းခံရလျှင် လူများစွာတို့ အပျက်သဘောဆောင်လာရန်၊ ၎င်းတို့ဘက်မှ ရပ်တည်ပေးရန်နှင့် ၎င်းတို့ကို ခုခံကာကွယ်ပေးရန်၊ နောက်ကွယ်တွင် ၎င်းတို့၏ ကိုယ်စား ရှင်းလင်းချက်များနှင့် အကြောင်းပြချက်များ ပေးရန် ၎င်းတို့က အသည်းအသန် လိုချင်နေကြသည်။ လူများက ၎င်းတို့၏ အရည်အသွေးကောင်းများကို ရေတွက်ပြောပြရန်၊ ၎င်းတို့၏ မှန်ကန်ခြင်းကို ကာကွယ်ပေးရန် ၎င်းတို့ အသည်းအသန် လိုချင်သည်။ လူများက ဘုရားအိမ်တော်၏ အစီအစဉ်များကို ဝေဖန်ပြီး ပြစ်တင်ရှုတ်ချရန်သာမက ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ငြင်းပယ်လျက်၊ ဘုရားသခင် ပြောသမျှနှင့် လုပ်ဆောင်သမျှသည် သမ္မာတရား ဖြစ်သည်ကိုလည်းကောင်း၊ ယင်းတို့အားလုံးသည် အပြုသဘောဆောင်သောအရာများ ဖြစ်သည်ကိုလည်းကောင်း ငြင်းပယ်လျက် စိတ်ထဲတွင် ဘုရားသခင်ကို တိတ်တဆိတ် ဆန့်ကျင်ရန်ကိုပင် ၎င်းတို့ အသည်းအသန် လိုချင်နေကြသည်။ ပြီးလျှင် ၎င်းတို့ ယုံကြည်ခြင်းကို ရပ်လိုက်လျှင် လူတိုင်းကိုလည်း ၎င်းတို့နောက် လိုက်ပြီး မယုံကြည်တော့ရန်၊ ၎င်းတို့နှင့်အတူ ထွက်ခွာရန်၊ ၎င်းတို့၏ နောက်လိုက်များ ဖြစ်လာရန် ၎င်းတို့ အသည်းအသန် လိုချင်ကြသည်။ ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်းကို လူတိုင်းငြင်းပယ်ရန်၊ ၎င်းတို့တွင် သမ္မာတရားရှိကြောင်း၊ ၎င်းတို့လုပ်သမျှ မှန်ကန်ကြောင်း၊ ၎င်းတို့သည် လူများကို ပြောင်းလဲနိုင်ပြီး ကယ်တင်နိုင်ကြောင်းကို လူတိုင်းယုံကြည်ရန် ၎င်းတို့ အသည်းအသန် လိုချင်နေကြသည်။ ၎င်းတို့သည် မကောင်းမှုပြုသည့်အတွက် အသင်းတော်၏ ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းကို ခံရလျှင် လူများစွာတို့က ဘုရားသခင်၏ တည်ရှိမှုကို ငြင်းပယ်ပြီး မယုံကြည်သည့်လူများ ဖြစ်လာမည့်နေရာဖြစ်သော လောကီသို့ ပြန်သွားရန် ၎င်းတို့ အသည်းအသန် လိုချင်ကြသည်။ ယင်းက ၎င်းတို့ကို ပျော်ရွှင်ဝမ်းမြောက်စေမည် ဖြစ်သည်။ ယင်းက ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဟန်ချက်ညီခြင်းကို ပြန်လည်ရရှိစေမည် ဖြစ်ပြီး ၎င်းတို့အတွက် လွတ်ငြိမ်းစေခြင်း ဖြစ်ပေမည်။ စာတန်ဆန်သော စိတ်သဘောထား၏ ဤထုတ်ဖော်ခြင်းများ၊ ဤအပြုအမူများ၊ ဤအနှစ်သာရများအပြင် ရှုပ်ထွေးပွေလီသော၊ အသေးစိတ်ကျသော ဤစိတ်ကူးများနှင့် အတွေးအခေါ်များပင်လျှင် မည်သူ့ကို ကိုယ်စားပြုသနည်း။ ဤလူများသည် စစ်မှန်သော ညီအစ်ကိုမောင်နှမများ ဖြစ်ကြသလော။ ၎င်းတို့သည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း ရှိသလော။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသလော။ ၎င်းတို့၌ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း စိုးစဉ်းမျှပင် ရှိသလော။ (မရှိပါ။) ဤအရာမှကြည့်လျှင် အန္တိခရစ်တို့သည် အနှစ်သာရအားဖြင့် ဘုရားသခင်ကို ရန်လိုပြီး ဘုရားသခင်၏ ရန်သူများဖြစ်ကြသည်ကို မြင်နိုင်သည်။ ဤစကားသည် မှန်ကန်တိကျသလော။ ယင်းမှာ သမ္မာတရားဖြစ်သလော။ (ယင်းမှာ မှန်ကန်တိကျပြီး သမ္မာတရားဖြစ်ပါသည်။) ယင်းမှာ ရာနှုန်းပြည့် ပကတိအခြေအနေဖြစ်၏။ ထိုစကားသည် အမှန်တရား၊ ထာဝရမပြောင်းလဲသော အမှန်တရား ဖြစ်သောကြောင့် လုံးလုံးအပြည့်အဝပင် သမ္မာတရားဖြစ်သည်။ ယင်းမှာ အန္တိခရစ်တို့ တွေးခေါ်ပုံဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သည့်အရာဖြစ်သည်။ ၎င်းတို့၏ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များအားလုံးသည် ၎င်းတို့၏ တစ်ကိုယ်ရေ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ၏ စိုးမိုးခြင်း ခံရပြီး အန္တိခရစ်တို့ သဘာဝ၏ စိုးမိုးခြင်းနှင့် လှုံ့ဆော်ခြင်းတို့ကို ခံရသည်။ သို့ဆိုလျှင် အန္တိခရစ်များကဲ့သို့ လူများသည် ကယ်တင်ခြင်း ခံရနိုင်သလော။ (မခံရနိုင်ပါ။) ၎င်းတို့သည် ဘုရားသခင်ကို အချိန်တိုင်း ရန်လိုသည်။ သမ္မာတရားကို အချိန်တိုင်း ရန်လိုသည်။ ၎င်းတို့ လုပ်ဆောင်သည့်အရာသည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ၎င်းတို့အမြင်တွင် ၎င်းတို့၏ အကျိုးစီးပွားများကို ထိခိုက်သည့် မည်သူကိုမဆို၊ ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကိုလည်းကောင်း၊ ကောင်းချီးခံစားရဖို့ ၎င်းတို့၏ မျှော်လင့်ချက်ကိုလည်းကောင်း ပိတ်ပင်လျက် ၎င်းတို့၏ ဂုဏ်သတင်းကို ထိခိုက်နစ်နာစေသည့် မည်သူကိုမဆို ၎င်းတို့သည် ထကြွကာ အတိုက်အခံလုပ်မည်ဖြစ်ပြီး ထိုသူတို့၏ ရန်သူလုပ်မည်ဖြစ်သည်။ ယင်းမှာ အန္တိခရစ်တို့၏ သဘာဝဖြစ်၏။ ဤအကြောင်းကြောင့် အန္တိခရစ်များဖြစ်သည့် ထိုသို့သော လူများက မည်သည့်မှားယွင်းပြီး ဆိုးယုတ်သော အရာများကို လုပ်ဆောင်ထားသည်ဖြစ်စေ၊ စည်းမျဉ်းများနှင့်လည်းကောင်း၊ ဘုရားအိမ်တော်၏ အလုပ် အစီအစဉ်များနှင့်လည်းကောင်း ဆန့်ကျင်သည့် မည်သည့်အရာများကို ၎င်းတို့ လုပ်ဆောင်ထားသည်ဖြစ်စေ အခြားသူများက ၎င်းတို့အား ပြုပြင်ခြင်း သို့မဟုတ် ဖော်ထုတ်ပြီး ကိုင်တွယ်ခြင်းကို ၎င်းတို့ခွင့်ပြုမည် မဟုတ်ပေ။ ဤအရာများ ၎င်းတို့အပေါ် ကျရောက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ယင်းတို့ကို ကျိုးနွံနာခံရန်နှင့် လက်ခံရန် ပျက်ကွက်မည်သာ မဟုတ်ပေ၊ သို့မဟုတ် ၎င်းတို့ လုပ်ဆောင်ထားသည့်အရာသည် ဒုစရိုက်အမှုတစ်ခု ဖြစ်ကြောင်းကို အသိအမှတ်ပြုရန် ပျက်ကွက်မည်သာ မဟုတ်ပေ။ ထိုမျှသာမဟုတ်။ ၎င်းတို့သည် ပြန်လည်တိုက်ခိုက်မည်ဖြစ်ပြီး လိုအပ်သည့်မည်သည့် နည်းလမ်းများဖြင့်မဆို ၎င်းတို့၏ နာမည်ကောင်းများကို ပြန်လည်ရရှိရန် ကြိုးစားကြမည်။ ၎င်းတို့တွင် ရှိသမျှ မည်သည့်နည်းလမ်းဖြင့်မဆို ၎င်းတို့၏ အပြစ်များ၊ ၎င်းတို့၏ အမှားများကို အခြားလူတစ်ဦး၏ ခေါင်းပေါ်သို့ ပုံချရန် ကြိုးစားမည်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်က တာဝန်တစ်ခုကိုမျှ ယူမည်မဟုတ်ချေ။ ထိုအရာအပြင် ၎င်းတို့၏ အကြီးမားဆုံးသောဆန္ဒမှာ လူများသည် ၎င်းတို့၏ ဒုစရိုက်အမှုများအတွက် ဆင်ခြေများပေးအောင်၊ ၎င်းတို့အတွက် ကျိုးကြောင်းပြ ငြင်းခုံပေးအောင် လှည့်စားခံရပြီး အထင်အမြင်မှားစေခြင်း ခံရကောင်း ခံရနိုင်ရန်၊ ပို၍များသော လူများက ၎င်းတို့၏ ကိုယ်စား ၎င်းတို့ဘက်မှ ရပ်တည်ကာ ပြောဆိုပေးကောင်း ပေးနိုင်ရန် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ အမြင်လိုဆုံးသော အရာဖြစ်၏။

ငါတို့၏ ဇာတ်ကြောင်းကို ဤနေရာတွင် အဆုံးသတ်မည်။ သင်တို့ မှန်းဆခဲ့သည်မှာ မှန်၏။ ထိုနှစ်ဦးသည် အမှန်ပင် အန္တိခရစ်များ ဖြစ်ကြလေသည်။ အန္တိခရစ်များသာလျှင် ထိုသို့သော စကားဝိုင်းမျိုးကို ပြောဆိုနိုင်ကာ ထိုသို့သောအရာများကို ထုတ်ပြောနိုင်ပြီး ထိုသို့သောအရာများကို ဆန္ဒရှိနိုင်လေသည်။ ပုံမှန်ဖြစ်သော ဖောက်ပြန်ပျက်စီးသည့် လူများသည် ထိုသို့သော စိတ်ကူးများ အနည်းငယ် ရံဖန်ရံခါ ရှိနိုင်သော်လည်း တစ်စုံတစ်ခုက အမှန်တကယ်ပင် ၎င်းတို့အပေါ် ဖြစ်ပျက်လာသည့်အခါတွင် ၎င်းတို့သည် ရှာဖွေပြီး ဆုတောင်းရန် ဘုရားသခင်၏ ရှေ့မှောက်သို့ လာလိမ့်မည် ဖြစ်သည်။ နည်းနည်းချင်းဖြင့် ၎င်းတို့ ကျိုးနွံနာခံလာကြလိမ့်မည်။ စစ်မှန်သော ယုံကြည်သူများအားလုံး၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောသူများ အားလုံးတို့သည် ပြုပြင်ခြင်းကိုဖြစ်စေ၊ အစားထိုးခြင်းကိုဖြစ်စေ ခံရသည့်အခါတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး တစ်စုံတစ်ရာ ရှိလိမ့်မည်ဖြစ်၏။ ကျိုးနွံနာခံသော သဘောထား၊ ကျိုးနွံနာခံရန် လိုလားစိတ် တစ်စုံတစ်ရာ ရှိလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ရန်လိုလျက် သူ၏ ဆန့်ကျင်ဘက်တွင် ရပ်တည်ဖို့ ဆန္ဒမရှိပေ။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသည့် သာမန်လူတစ်ဦး ပြုမူသင့်သည့်ပုံစံ ဖြစ်သည်။ သို့ရာတွင် အန္တိခရစ်တစ်ဦးသည် ဤအရာတစ်ခုမျှ မပိုင်ဆိုင်ချေ။ တရားဒေသနာမည်မျှကို ၎င်းတို့ ကြားရပါစေ ၎င်းတို့၏ လိုအင်ဆန္ဒများကို ၎င်းတို့ လက်လွှတ်မည် မဟုတ်သကဲ့သို့ လူများကို ထိန်းချုပ်ခြင်း၊ လူများကို သိမ်းသွင်းစည်းရုံးခြင်း၊ လူများကို အထင်အမြင်မှားစေခြင်းတို့ဖြစ်သည့် ၎င်းတို့၏ ထိုသို့သော ရည်မှန်းချက်များကို ၎င်းတို့ လက်လွှတ်မည် မဟုတ်ပေ။ ထို့အပြင် ထိုအရာများသည် လုံးဝ လျော့ပါးသွားမည် မဟုတ်။ အချိန်ကုန်လွန်ပြီး အခြေအနေများ ပြောင်းလဲလာသည်နှင့်အမျှ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများသည် ယခင်ထက် သာ၍ပင် ဆိုးရွားလာလိမ့်မည်ဖြစ်ကာ ယခင်ထက် သာ၍ တိုးပွားလာလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ သဘာဝအနှစ်သာရနှင့် သာမန် ဖောက်ပြန်ပျက်စီးသော လူများ၏ သဘာဝအနှစ်သာရတို့ကြား အခြေခံကျသော ကွာခြားချက်ဖြစ်၏။

ယခုအခါတွင် ငါတို့သည် အန္တိခရစ်တို့၌ရှိသော အမျိုးမျိုးသော သရုပ်သကန်များ၏ အချက်ကိုးနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယကို အဆုံးသတ်ပြီးပြီဖြစ်သည်။ ဤတစ်ကြိမ်တွင် ငါတို့သည် အချက်တစ်ဆယ်နှင့်ပတ်သက်၍ မိတ်သဟာယပြုကြမည်။ ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို မျက်နှာပြောင်တိုက်၍ မထီမဲ့မြင်ပြုပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည်။ သမ္မာတရားကို စက်ဆုပ်ရွံရှာခြင်း၊ အခြေခံသဘောတရားများကို မျက်နှာပြောင်တိုက်၍ မထီမဲ့မြင်ပြုခြင်း၊ ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုခြင်းဟူသည့် ဤအရာများထဲမှ တစ်ခုတလေသည် ယင်းဘာသာပင် အတော်အတန် ပြင်းထန်ဆိုးရွားမည်ဖြစ်ပြီး တစ်ခုမျှသည် သာမန်ဖြစ်သော၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထုတ်ဖော်ခြင်းတစ်ခု မဟုတ်ချေ။ ၎င်းတို့ လွှမ်းခြုံသည့် အန္တိခရစ်တို့၏ အနှစ်သာရသည် ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းတို့ ပါဝင်ကြောင်းကို ယင်းတို့ထဲမှ မည်သည့်အရာတွင်မဆို တွေ့မြင်နိုင်သည်။ ဤသည်တို့မှာ အသိသာဆုံးနှင့် အပြင်းထန်ဆုံး အရိပ်လက္ခဏာနှစ်ခု ဖြစ်သည်။ ဤအခြေအနေတွင် အန္တိခရစ်တို့၏ အနှစ်သာရကို သရုပ်ဖော်ပြရန် မာနထောင်လွှားခြင်း၊ စိတ်နှလုံးခိုင်မာခြင်း၊ လှည့်စားခြင်းတို့ကို အသုံးပြု၍ ရနိုင်သလော။ (မရနိုင်ပါ။) ထိုသရုပ်ဖော်ချက်တို့ဖြင့်ဆိုလျှင် အန္တိခရစ်တစ်ဦး၏ အနှစ်သာရနှင့်ဆိုင်သော ဤအင်္ဂါရပ်များ၏ အခရာကို သဘောပေါက်ဖို့မှာ အတော်အတန် ခက်ခဲမည် ဖြစ်သည်။ အန္တိခရစ်တို့၏ အနှစ်သာရကို အတိုဆုံးနှင့် အရှင်းဆုံးဖော်ပြရန် ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းဟူသည့် ထိုစိတ်သဘောထားနှစ်ခုကိုသာ အသုံးပြု၍ရနိုင်လေသည်။

ဤအရာများကို ငါတို့ တစ်ခုချင်း ဆွေးနွေးကြမည်။ ၎င်းတို့က သမ္မာတရားကို စက်ဆုပ်ရွံရှာသည်။ “စက်ဆုပ်ရွံရှာသည်” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (တစ်စုံတစ်ခုကို အထင်သေးခြင်း ဖြစ်ပါသည်။) (တစ်စုံတစ်ခုကို သေးသိမ်စေခြင်း၊ မထီမဲ့မြင်ပြုခြင်း၊ သေးနုပ်သယောင်ဖြစ်စေခြင်းတို့ ဖြစ်ပါသည်။) (တစ်စုံတစ်ခုကို အထင်အမြင်သေးနေဖို့ရန်ပင် မတန်ဟု တွေးခြင်းဖြစ်ပါသည်။) သင်တို့ အသုံးပြုနေသည့် စကားအားလုံးသည် အခြေခံအားဖြင့် တစ်ပုံစံတည်းသောအရာကိုသာ ဆိုလို၏။ တစ်စုံတစ်ရာကို “စက်ဆုပ်ရွံရှာသည်” ဟူသည်မှာ ယင်းကို အလေးမထားခြင်း၊ အထင်သေးခြင်း၊ သေးနုပ်သယောင်ဖြစ်စေခြင်း၊ သေးသိမ်စေခြင်း၊ မထီမဲ့မြင်ပြုခြင်းတို့ကို ဆိုလိုသည်။ အကြမ်းဖျင်းအားဖြင့် ဆိုရလျှင် ယင်းမှာ လူတစ်ဦး၏ စိတ်နှလုံး နက်ရှိုင်းသောနေရာမှ တစ်စုံတစ်ခုကို အတိုက်အခံလုပ်ခြင်း၊ ပစ်ပစ်ခါခါငြင်းခြင်း၊ လွန်စွာ မနှစ်မြို့ခြင်းတို့ ဖြစ်သည့်အပြင် ရန်လိုသော ဝေဖန်ခြင်းနှင့် အသရေဖျက်ခြင်းတို့နှင့်အတူ ထိုအရာကို လက်မခံခြင်းနှင့် ရှုတ်ချခြင်းပင် ဖြစ်လေသည်။ ဤသည်မှာ သင်တို့ပြောသည့်အရာ၏ အတိုင်းအတာနှင့်ယှဉ်လျှင် မည်သို့ရှိသနည်း။ (ယင်းမှာ ပို၍ အသေးစိတ်ကျပြီး တိတိကျကျဖြစ်ပါသည်။) ယင်းမှာ သင်တို့ပြောခဲ့သည့် အရာထက် ပို၍ တိတိကျကျဖြစ်ပြီး လက်တွေ့ကျ၏။ သင်တို့ပေးသည့် အနက်အဓိပ္ပာယ်များထဲမှ အများစုသည် “စက်ဆုပ်ရွံရှာသည်” ၏ အနက်တူများ ဖြစ်ကြသည်။ ငါပြောသွားသည့်အရာသည် “စက်ဆုပ်ရွံရှာခြင်း” ၏ လုပ်ရပ်၊ အပြုအမူတို့နှင့်သက်ဆိုင်သော အနှစ်သာရအပေါ် ထပ်၍ မွမ်းမံထားခြင်း ဖြစ်သည်။ ယင်းမှာ သမ္မာတရားကို စက်ဆုပ်ရွံရှာခြင်း၏ အပြုအမူနှင့် အနှစ်သာရတို့အတွက် ခိုင်လုံပြီး အသေးစိတ်ကျသော သရုပ်ဖော်ချက် ဖြစ်လေသည်။ ယင်းမှာ လူတစ်ဦးသည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည့်အခါ ၎င်းတို့ လုပ်ဆောင်သည့်အရာတွင်လည်းကောင်း၊ ၎င်းတို့၏ နေ့စဉ်ဘဝများတွင် သမ္မာတရားကို ၎င်းတို့ သဘောထားပုံတွင်လည်းကောင်း၊ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများ ပါဝင်ပတ်သက်သည့် ကိစ္စရပ်များအပေါ် စိတ်နှလုံးထဲတွင် ၎င်းတို့ ခံယူသည့် သဘောထားတွင်လည်းကောင်း သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားမှာ လက်မခံခြင်း၊ အတိုက်အခံ လုပ်ခြင်း၊ အလွန်အမင်း မနှစ်မြို့ခြင်းအပြင် ဝေဖန်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ အမနာပပြောခြင်းတို့ပင် ဖြစ်ကြောင်း လူများက မြင်နိုင်သည်ကို ဆိုလိုသည်။ ဤအရာများအားလုံးသည် “သမ္မာတရားကို စက်ဆုပ်ရွံရှာခြင်း” ပေါ်လွင်ထင်ရှားပြီး ထုတ်ဖော်ခံရသော တိကျသည့် နည်းလမ်းများ ဖြစ်လေသည်။ အလွန်တိကျလှသည်မှာ သမ္မာတရားအပေါ် ထိုသို့သောလူတစ်ဦး၏ သဘောထားများနှင့် ချဉ်းကပ်ပုံများ၏ သွင်ပြင်လက္ခဏာတစ်ခုချင်းစီ ပါဝင်လေသည်။ ၎င်းသည် သမ္မာတရားကိုလည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များကိုလည်းကောင်း၊ အပြုသဘောဆောင်သော အရာများကိုလည်းကောင်း ပစ်ပစ်ခါခါငြင်းသည်။ ၎င်းတို့သည် ယင်းတို့ကို မိမိတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာမှ အတိုက်အခံလုပ်ပြီး လက်မခံကြပေ။ တစ်စုံတစ်ခုသည် ဘုရားနှုတ်ကပတ်တော်များ ဖြစ်ကြောင်း၊ သမ္မာတရား ဖြစ်ကြောင်း သင်က ၎င်းတို့ကို ပြောသည့်အခါတွင် ၎င်းတို့၏ သဘောထားမှာ မည်သည့်အရာ ဖြစ်မည်နည်း။ “ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရားဟူသည်တို့ကို မည်သူအရေးစိုက်သနည်း။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကို အရာရာတိုင်းတွင် သင်အသုံးပြုသည်။ လူများဖြစ်သည့် ကျွန်ုပ်တို့ အသက်ရှင်သန်သည့် ဘဝတွင် ဘုရားနှုတ်ကပတ်တော်များအပြင် အခြားသော အရာများ မရှိလေသလော။ ကျွန်ုပ်တို့သည် စာအုပ်များစွာ ဖတ်ရှုကြပြီးဖြစ်သည်၊ ပညာများစွာ ဆည်းပူးရရှိပြီး ဖြစ်သည်။ ယင်တို့အားလုံးမှာ အလဟဿဖြစ်သလော။ လူများတွင် ဦးနှောက်နှင့် စိတ်တို့ ရှိကြသည်။ ၎င်းတို့တွင် ပြဿနာများနှင့်ပတ်သက်၍ အမှီအခိုကင်းကင်းဖြင့် တွေးတောနိုင်စွမ်း ရှိကြသည်။ အရာအားလုံးကို ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့အပေါ် အခြေခံခြင်းသည် အနည်းငယ် တစ်ယူသန်ဖြစ်လွန်းသည် မဟုတ်လော” ဟူ၍ ဖြစ်သည်။ ၎င်းတို့အပေါ် တစ်စုံတစ်ရာ ဖြစ်ပျက်လာချိန်၌ ၎င်းတို့အနေဖြင့် ဘုရားသခင်ထံ ဆုတောင်းပြီး သူ့ကို ရှာဖွေရန်၊ သူ၏နှုတ်ကပတ်တော်များကို ဖတ်ရန် လိုအပ်ကြောင်း သင်က ၎င်းတို့ကို ပြောသည့်အခါတွင် ၎င်းတို့၏ သဘောထားသည် မည်သည့်အရာ ဖြစ်မည်နည်း။ “ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပါဟု ဆိုသလော။ ကျွန်ုပ်တို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတွင် ယင်းမှာ ကျွန်ုပ်တို့၏ တစ်ကိုယ်ရေ ပြဿနာဖြစ်၏။ လူ၏ ပြဿနာများသည် ဘုရားနှင့် အဘယ်သက်ဆိုင်မှု ရှိသနည်း။ ယင်းတို့သည် သမ္မာတရားနှင့် မည်သို့ပတ်သက်သနည်း။ ဘုရားနှုတ်ကပတ်တော်များတွင် အရာအားလုံး ပါရှိသည်ဟုလည်းကောင်း၊ ယင်းတို့သည် စွယ်စုံကျမ်းတစ်ခု ဖြစ်သည်ဟုလည်းကောင်း သင်အမှန်တကယ် တွေးထင်သလော။ ဘုရားနှုတ်ကပတ်တော်များသည် အရာအားလုံးကို မလွဲမသွေ ဖော်ပြထားခြင်းမျိုးမဟုတ်။ လူများ၏ ပြဿနာများသည် လူများကိုင်တွယ်ရန်အတွက် ဖြစ်ပြီး သတ်သတ်မှတ်မှတ်ဖြစ်သော ပြဿနာများသည် သတ်သတ်မှတ်မှတ်ဖြစ်သော ဖြေရှင်းချက်များ လိုအပ်သည်။ သင်သည် တစ်စုံတစ်ခုကို မကိုင်တွယ်နိုင်လျှင် ယင်းနှင့်ပတ်သက်၍ အင်တာနက်ပေါ်တွင် ရှာဖွေလော့၊ သို့မဟုတ် ကျွမ်းကျင်သူတစ်ဦးနှင့် တိုင်ပင်လော့။ ကျွန်ုပ်တို့၏ ဤအသင်းတော်၌ ကောလိပ်ပါမောက္ခများပင် ရှိပြီး ညီအစ်ကိုမောင်နှမ အများအပြားသည် ကောလိပ်ကျောင်းသားများ ဖြစ်ကြသည်။ ကျွန်ုပ်တို့အားလုံး အတူတကွပေါင်းလိုက်ပါက သမ္မာတရားနှင့် တန်းတူ မဖြစ်နိုင်သလော” ဟူ၍ ဖြစ်သည်။ ဘုရားသခင်ကို ရှာဖွေခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်းတို့အကြောင်း သင်ထုတ်ပြောသည်နှင့်တစ်ပြိုင်နက်၊ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ဖတ်ရမည်ဖြစ်ကြောင်း သင်ပြောသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ခေါင်းထဲတွင် သင့်ကို အထင်သေးစိတ် ဖြစ်လာသည်။ ၎င်းတို့သည် ထိုသို့ လက်တွေ့လုပ်ဆောင်ရန် မလိုလားကြပေ။ ယင်းမှာ အလွန် သိက္ခာကျခြင်းနှင့် အရှက်ရခြင်းဖြစ်သည်ဟု ၎င်းတို့က မြင်ကြသည်။ ပြီးလျှင် ယင်းက ၎င်းတို့ကို အရည်အချင်း မပြည့်မီပုံပေါက်စေမည်ဟု ၎င်းတို့ထင်လေသည်။ ယင်းမှာ တစ်စုံတစ်ခုကို စက်ဆုပ်ရွံရှာခြင်း၏ အဖြစ်အနေပုံစံပင် မဟုတ်လော။ ဤသည်မှာ သမ္မာတရားကို စက်ဆုပ်ရွံရှာခြင်းနှင့်ပတ်သက်သည့် အမှန်တကယ်ဖြစ်သော သရုပ်သကန်တစ်ခု၊ အမှန်တကယ်ဖြစ်သော အပြုအမူတစ်ခုဖြစ်၏။ ဤကဲ့သို့လူများသည် လူနည်းစု မဟုတ်ချေ။ ၎င်းတို့သည် တရားဒေသနာများကို မကြာခဏ နားထောင်ကောင်း နားထောင်နိုင်ပြီး ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့၏ လက်ထဲတွင် အတွဲလိုက် ကိုင်ထားကောင်း ကိုင်ထားနိုင်သည့်အပြင် ဘုရားအိမ်တော်၌ တာဝန်များကို ထမ်းဆောင်ကောင်း ထမ်းဆောင်နိုင်သော်လည်း ၎င်းတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်လာချိန်၌ သမ္မာတရားကို ရှာဖွေရန်နှင့် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုရန် စေခိုင်းခြင်းခံရသည့်အခါတွင်မူ ယင်းကို ၎င်းတို့က ရယ်ဖွယ်ဖြစ်သည်ဟု မြင်ကာ ယင်းအပေါ် အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်ကြသည်။ ၎င်းတို့သည် လက်မခံနိုင်ကြချေ။ ၎င်းတို့သည် ယင်းကို ပစ်ပစ်ခါခါပင် ငြင်းကြလေသည်။ ထိုအကြောင်းကြောင့် တစ်စုံတစ်ခု ၎င်းတို့အပေါ် ဖြစ်ပျက်သည့်အခါတွင် “သတ်သတ်မှတ်မှတ်ဖြစ်သော ကိစ္စရပ်များသည် သတ်သတ်မှတ်မှတ်ဖြစ်သော ဖြေရှင်းချက်များ လိုအပ်ပြီး လူများ၏ ပြဿနာများသည် လူများဖြေရှင်းရန်အတွက် ဖြစ်သည်။ ဘုရားကို ရှာဖွေရန် မလိုအပ်။ ဘုရားသည် အရာရာကို တာဝန်ယူဖြေရှင်းရန် မလိုအပ်။ ထို့အပြင် ဘုရား တာဝန်ယူမဖြေရှင်းနိုင်သည့် အရာတချို့ ရှိသည်။ ယင်းတို့မှာ ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များဖြစ်ကာ ဘုရားနှင့်မည်သို့မျှ မသက်ဆိုင်သကဲ့သို့ သမ္မာတရားနှင့်လည်း မည်သို့မျှ သက်ဆိုင်ခြင်းမရှိ။ ဘုရားသည် ကျွန်ုပ်တို့၏ တစ်ကိုယ်ရေ လွတ်လပ်ခွင့်ကို ဝင်ရောက်မစွက်ဖက်သင့်သကဲ့သို့ ကျွန်ုပ်တို့၏ တစ်ကိုယ်ရေ ကိစ္စရပ်များကိုလည်း ဝင်ရောက်မစွက်ဖက်သင့်ပါ။ ကျွန်ုပ်တို့တွင် ရွေးချယ်မှုများ ပြုလုပ်ပိုင်ခွင့် ရှိကြသည်။ ပြီးလျှင် ကျွန်ုပ်တို့ မည်သို့နေထိုင်မည်၊ မည်သို့ပြုမူကျင့်ကြံမည်၊ မည်သို့စကား ပြောဆိုမည်တို့ကို ရွေးချယ်ပိုင်ခွင့်ရှိသည်။ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များသည် အကြီးမားဆုံး လိုအပ်လာချိန်များ၊ ခဲယဉ်းကျပ်တည်းသော အချိန်များ၊ အကြီးမားဆုံး မရှိမဖြစ် လိုအပ်လာချိန်များ၊ လူတစ်ဦးတွင် ၎င်းအနေဖြင့် မဖြေရှင်းနိုင်သော၊ ဖြေရှင်းရန် အားကိုးအားထားရာမရှိသော အရာတစ်ခု ဖြစ်ပေါ်သည့် အချိန်များဟူသည့် ထိုအချိန်များသည် စိတ်သက်သာရာရဖို့အတွက်၊ ၎င်းအား ဝိညာဉ်ရေးရာ နှစ်သိမ့်မှု အနည်းငယ်ပေးဖို့အတွက် ဘုရားနှုတ်ကပတ်တော်များကို ထုတ်ပြီး အနည်းငယ် ဖတ်ရှုရမည့်အချိန် ဖြစ်သည်။ ယင်းမှာ လုံလောက်သည်ထက် ပိုသည်” ဟု အခိုင်အမာဆိုလျက် ယင်းကို ဖြေရှင်းရန် ၎င်းတို့က လူသားနည်းစနစ်များကို အသုံးပြုကြသည်။ အန္တိခရစ်များဖြစ်သည့် ထိုသို့သော လူများ၏ သမ္မာတရားအပေါ် ထားသည့် သဘောထားသည် သမ္မာတရားက လူ၏ အသက်ဖြစ်နိုင်ကြောင်းကိုဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များက လူတို့၏ လက်တွေ့ဘဝများတွင် ၎င်းတို့အပေါ် ဖြစ်ပျက်သည့်အရာအားလုံးနှင့် ဆက်စပ်နေကြောင်းကိုဖြစ်စေ အသိအမှတ်မပြုသည့် သဘောထားဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ပြီးလျှင် ဘုရားသခင်သည် လူသား၏ အရာအားလုံးကို သူ၏လက်ထဲတွင် ဆုပ်ကိုင်ထားသည်ဟူသည့်အချက်ကို သာ၍ပင် မယုံကြည်ကြပေ။

အန္တိခရစ်တို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်။ ဤသည်မှာ အကြောင်းအရာများစွာကို ခြုံငုံထားသည်။ အန္တိခရစ်တို့က သမ္မာတရားကို စက်ဆုပ်ရွံရှာသည်ဟု ဆိုရာတွင် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်း၏ အတိုင်းအတာမှာ အဘယ်နည်း။ ယင်းကို ငါတို့ အချက်သုံးချက် ခွဲလိုက်ပြီး စိတ်ဖြာလေ့လာဆွေးနွေးမည်။ သင်တို့အတွက် ထိုနည်းလမ်းသည် သာ၍ ရှင်းလင်းပေမည်။ ပထမဦးစွာ ၎င်းတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို စက်ဆုပ်ရွံရှာသည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရသည် သမ္မာတရားကို မညွှန်ပြလေသလော။ (ညွှန်ပြပါသည်။) ဆက်လက်၍ ၎င်းတို့သည် ဘုရားသခင် လူ့ဇာတိခံယူသည့် ဇာတိပကတိကို စက်ဆုပ်ရွံရှာသည်။ ဘုရားသခင် လူ့ဇာတိခံယူသည့် ဇာတိပကတိနှင့် သူလုပ်ဆောင်သည့် အမှုသည် သမ္မာတရား မဟုတ်သလော။ (ဟုတ်ပါသည်။) ကျန်ရှိသည့်အရာမှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာသည်ဟူ၍ ဖြစ်သည်။ ပထမဆုံးသော အချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို စက်ဆုပ်ရွံရှာသည်။ ဒုတိယအချက်ကိုမူ ၎င်းတို့သည် ခရစ်တော်ကို စက်ဆုပ်ရွံရှာသည်ဟု ပြောခြင်းအားဖြင့် အတိုချုံးနိုင်သည်။ ပြီးလျှင် တတိယအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာသည်။ ဤအချက်တစ်ခုချင်းစီကို သီးခြားစီ ငါတို့ ဆက်လက်၍ စိတ်ဖြာလေ့လာဆွေးနွေးမည်။

၁။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို စက်ဆုပ်ရွံရှာခြင်း

ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့အပေါ် အန္တိခရစ်တို့ထားရှိသည့် သဘောထားမျိုးနှင့်ပတ်သက်၍ ငါတို့ ဦးစွာ မိတ်သဟာယပြုကြမည်။ ယင်းက ဤအပိုင်း၌ ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာကြောင်း သရုပ်ဖော်ပြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် သူ၏ အနှစ်သာရတို့အပေါ် အန္တိခရစ်တစ်ဦး၏ သဘောထားမှာ အဘယ်နည်း။ ထိုအရာများနှင့်ပတ်သက်၍ ၎င်းတို့ မည်သည့်အရာကို တွေးထင်သနည်း။ ယင်းတို့ကို ၎င်းတို့ မည်သို့ သတ်မှတ်သနည်း။ ယင်းတို့ကို ၎င်းတို့ မည်သို့ သဘောထားသနည်း။ ဘုရားသခင်၏ အနှစ်သာရတွင် မည်သည့်အရာ ပါဝင်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏ အနန္တတန်ခိုး၊ သူ၏ သန့်ရှင်းခြင်း၊ သူ၏ အတုမရှိခြင်းတို့ ဖြစ်၏။ သူ၏ ပင်ကိုလက္ခဏာသည် ဖန်ဆင်းရှင်ဖြစ်သည်၊ သူသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် အချုပ်အခြာကိုင်စွဲသည် ဟူသည့်အချက်အတွက်မူ အန္တိခရစ်တို့သည် ထိုသို့ဖြစ်သည်ကို အသိအမှတ်ပြုသလော။ (မပြုပါ။) ၎င်းတို့၏ အသိအမှတ်မပြုခြင်းသည် အတိအကျအားဖြင့် မည်သို့ ပေါ်လွင်ထင်ရှားသနည်း။ (အန္တိခရစ်တို့သည် နေ့စဉ်နေ့တိုင်း ဘုရားသခင်ထံမှလာသည့် ၎င်းတို့အပေါ် ကျရောက်သော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများကို လက်ခံကြမည် မဟုတ်ပါ။ ထိုအစား ထိုပြဿနာများကို အလွန်အကျွံ ဆန်းစစ်လိုက်မည်သာ ဖြစ်ကာ လူ၏ အယူအဆများ၊ စိတ်ကူးများဖြင့် ကိုင်တွယ်မည်ဖြစ်ပါသည်။) ယင်းတို့ကို လူသား၏ အယူအဆများနှင့် စိတ်ကူးများဖြင့် ကိုင်တွယ်မည်ဖြစ်သည်။ သင်ပြောသွားသည့်အရာ၏ ပထမတစ်ဝက်မှာ မှန်ကန်သည်။ အန္တိခရစ်တစ်ဦးအပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတွင် ၎င်းသည် ပြဿနာကို အလွန်အကျွံဆန်းစစ်ခြင်းသာ ပြုမည်ဖြစ်သည်။ ၎င်းသည် အမှုအရာများကို လူသား၏ အယူအဆများနှင့် စိတ်ကူးများဖြင့်သာ ကိုင်တွယ်လိမ့်မည်ဟု သင်ပြောသွားသည့်နေရာ ဖြစ်သည့် ဒုတိယတစ်ဝက်မှာမူ ယင်းတို့မှာ သာမန် ဖောက်ပြန်ပျက်စီးသော လူများ လုပ်ဆောင်သည့် အပြုအမူများဖြစ်၏။ ငါတို့ ဤနေရာတွင် မိတ်သဟာယပြုပြီး ဖော်ထုတ်နေသည့်အရာမှာ အန္တိခရစ်တို့သည် သမ္မာတရားကိုလည်းကောင်း၊ လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် ဘုရားသခင် အချုပ်အခြာအာဏာကိုင်စွဲသည့် အချက်ကိုလည်းကောင်း စက်ဆုပ်ရွံရှာခြင်းအကြောင်း ဖြစ်သည်။ ယင်းအတွက် သက်သေအထောက်အထားကို ရှာတွေ့ရန်ဆိုလျှင် သင်သည် အန္တိခရစ်တို့၏ ဆီလျော်သော နည်းစနစ်များနှင့် အပြုအမူများကို တွေ့အောင်ရှာဖွေဖို့ လိုအပ်လေသည်။ လက်တွေ့အရှိတရားတွင် အန္တိခရစ်တို့သည် “လူကို ဘုရားက ဖန်ဆင်းထားပြီး လူ၏ ကံကြမ္မာသည် ဘုရား၏ လက်ထဲတွင် ရှိသောကြောင့် လူတို့သည် ဘုရား၏ အုပ်စိုးမှုကို ကျိုးနွံနာခံသင့်သည်” ဟူ၍ ၎င်းတို့၏ စကားများဖြင့် အမှန်တကယ် အသိအမှတ်ပြုသော်လည်း ၎င်းတို့အပေါ် အမှုအရာများ ဖြစ်ပျက်သည့်အခါတွင် ယင်းမှာ ၎င်းတို့ လက်ခံသည့်ပုံစံ ဖြစ်သလော။ ၎င်းတို့ပြောဆိုသည့် ထိုစကားများသည် အတော်အတန် ကောင်းမွန်ပြီး မှန်ကန်သော်လည်း ၎င်းတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါတွင် ယင်းမှာ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့်ပုံစံ မဟုတ်ချေ။ ၎င်းတို့ပြောသည့် စကားများသည် ပေါ်ပင်ရေပန်းစားသော စကားများဖြစ်ပြီး စစ်မှန်သော သိမြင်မှု မဟုတ်ကြောင်း ထုတ်ဖော်သည်မှာ ၎င်းတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတွင် အမှုအရာများအပေါ် ၎င်းတို့၏ ချဉ်းကပ်နည်းနှင့် ၎င်းတို့၏ သဘောထားတို့ ဖြစ်လေသည်။ ၎င်းတို့အပေါ် အမှုအရာများ ဖြစ်ပျက်သည့်အခါ ၎င်းတို့တွင် ရှိသည့် မည်သည့်အမြင်ရှုထောင့် အမျိုးအစားများ၊ မည်သည့်အတွေးအခေါ်များ၊ စကားများ၊ သဘောထားများသည် ၎င်းတို့၌ အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိကြောင်း သက်သေပြသနည်း။ အန္တိခရစ်တစ်ဦးအပေါ် တစ်စုံတစ်ခု ကျရောက်သည့်အခါတွင် ၎င်း၏ ပထမဆုံး တုံ့ပြန်မှုအနေဖြင့် ဤအဖြစ်မှန်ကို ၎င်းက လက်ခံနိုင်သလော။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်ဝပ်စွာ နေပြီး ကျိုးနွံနာခံရန်နှင့် ဘုရားသခင် ချမှတ်ထားပေးသော ပတ်ဝန်းကျင်ကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ၎င်းတို့အတွက် အကျိုးပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ လက်ခံရန်ဟူသည်မှာ ၎င်းတို့တွင်ရှိသော သဘောထားမျိုး ဖြစ်သလော။ ၎င်းတို့တွင် ထိုသို့သော သဘောထားမရှိသည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတွင် ၎င်းတို့ ပထမဆုံး စဉ်းစားဆင်ခြင်သည့်အရာမှာ ယင်းက ၎င်းတို့၏ အကျိုးစီးပွားများနှင့် ရာထူးအပေါ် မည်သို့အကျိုးသက်ရောက်မှုရှိသည်ကို ဖြစ်သည်။ ထို့နောက်တွင် ယင်းမှ ရုန်းထွက်လွတ်မြောက်ရန်၊ ထွက်ပေါက်ကို ရှာရန်၊ ယင်းကို ရှောင်ကြဉ်ရန် နည်းလမ်းများကို အကြံအစည်ထုတ်လေသည်။ ထိုကိစ္စအတွက် တာဝန်ယူလိုစိတ် မရှိသဖြင့် ၎င်းတို့သည် အကြောင်းပြချက်နှင့် ဆင်ခြေများကို သွယ်ဝိုက်၍ ရှာလေတော့သည်။ ၎င်းတို့သည် ယင်းကို ဖြေရှင်းရန် လူ၏ နည်းစနစ်များကို အသုံးပြုပြီး ထိုပြဿနာကို ဆန်းစစ်ရန်နှင့် ကိုင်တွယ်ရန် ၎င်းတို့၏ ဦးနှောက်ကို အသုံးပြုကြသည်။ ဤလူက မှားယွင်းကြောင်း၊ ထိုလူက ခိုင်းသည့်အတိုင်း မလုပ်ဆောင်ကြောင်း စောဒကတက်လျက်၊ ၎င်းတို့ အစကတည်းက ပေါ့ဆခဲ့ပြီး ဂရုမစိုက်ခဲ့သည်ကိုလည်းကောင်း၊ ကနဦးကတည်းက အမှုအရာများ ဖြစ်ပျက်ခဲ့သည့် ပုံစံကိုလည်းကောင်း နောင်တရလျက် ၎င်းတို့သည် တာဝန်ကို အခြားသူများအပေါ်ပင် တွန်းထိုးပေး၏။ ၎င်းတို့သည် မိမိတို့ထံ ဖြစ်ပျက်လာသည့် အခြေအနေများအပေါ်တွင်၊ ဘုရားသခင် စီစဉ်ညွှန်ကြားသည့် အခြေအနေများအပေါ်တွင် အတိုက်အခံလုပ်ခြင်း၊ ရှောင်ရှားခြင်း၊ ငြင်းပယ်ခြင်း၊ လက်မခံခြင်း သဘောထားရှိသည်မှာ သိသာထင်ရှားသည်။ ထိုအခြေအနေများအတွက် ၎င်းတို့၏ ပထမဆုံးတုံ့ပြန်မှုမှာ ထိုအခြေအနေများ ရောက်ရှိလာခြင်းကို တွန်းလှန်တိုက်ခိုက်ရန် ဖြစ်သည်။ ၎င်းတို့၏ ဒုတိယတုံ့ပြန်ချက်မှာ ယင်းတို့ကို လျော့ပါးပြေပျောက်စေရန် လူ့နည်းစနစ်များကို သုံးခြင်း၊ လူ၏ နည်းလမ်းများဖြင့် ကြံ့ကြံ့ခံခြင်း၊ အဖြစ်မှန်ကို ဖုံးဖိရန် လူ၏ နည်းလမ်းများကိုပင် အသုံးပြုခြင်းအပြင် အသင်းတော်၏ အလုပ်အပေါ်တွင်လည်းကောင်း၊ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုအပေါ်တွင်လည်းကောင်း ၎င်းတို့ဖြစ်စေခဲ့သည့် ဆုံးရှုံးမှုများကို ဖုံးဖိခြင်းတို့ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ဒုစရိုက်အမှုများကို ဖုံးဖိပြီး ကွယ်ဝှက်ရန် လူ၏ နည်းလမ်းများကို အသုံးပြုခြင်းအပေါ်တွင် စိတ်အင်အားများအားလုံး ထည့်ထားသည်။ ၎င်းတို့ လုပ်ဆောင်ထားသည့် မကောင်းသောအရာများ၏ သဘာဝကိုဖြစ်စေ၊ မည်သည့်သမ္မာတရားစည်းမျဉ်းများကို ၎င်းတို့ ချိုးဖောက်ခဲ့သည်ကိုဖြစ်စေ ၎င်းတို့ အသိအမှတ်မပြုဘဲ ၎င်းတို့အနီးအနားရှိသူများကိုပင် လမ်းညွှန်လေသည်။ “ဤကိစ္စများကို မပေါက်ကြားစေနှင့်။ ကျွန်ုပ်တို့ တစ်ယောက်မျှ တစ်ခုကိုမျှ မပြောကြစို့နှင့်။ အခြားမည်သူမျှ သိ၍မဖြစ်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဤအခြေအနေများကို ကျိုးနွံနာခံခြင်း မရှိဘဲ လက်ခံရန် ငြင်းပယ်သည်သာမက ၎င်းတို့၏ အထက်ခေါင်းဆောင်များဖြစ်စေ၊ ဘုရားသခင်ဖြစ်စေ မသိရှိစေရန်အလို့ငှာ လှည့်စားပြီး ထိမ်ချန်ထားလျက်၊ အဖြစ်မှန်၏ တကယ့်အခြေအနေကို ဖုံးဖိရန် ကြိုးစားလျက် ထိုအရာကို လျှော့ပေါ့ပြောရန်၊ သေးနုပ်သယောင်ဖြစ်စေရန် မျှော်လင့်လျက် ၎င်းတို့က တန်ပြန်တိုက်ခိုက်ခြင်းလည်း ပြုမည်ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့သည် ၎င်းတို့အပေါ် ကျရောက်သည့် အမှုအရာများကို ကိုင်တွယ်သည့်ပုံစံ ဖြစ်သည်။ အမှုအရာများကို ၎င်းတို့ ကိုင်တွယ်သည့်နည်းလမ်းသည် ၎င်းတို့ ဟစ်ကြွေးသည့် ပေါ်ပင်ရေပန်းစားသော စကားများနှင့် ကိုက်ညီသလော။ ၎င်းတို့ ဟစ်ကြွေးသည့် ပေါ်ပင်ရေပန်းစားသော စကားများနှင့် အမှုအရာများ ၎င်းတို့အပေါ် ဖြစ်ပျက်သည့်အခါ ၎င်းတို့၏ သဘောထားတို့အကြားတွင် မည်သည့်အရာက ၎င်းတို့၏ သဘာဝအနှစ်သာရကို ထုတ်ဖော်ခြင်း ဖြစ်သနည်း။ (အမှုအရာများ ၎င်းတို့အပေါ် ဖြစ်ပျက်သည့်အခါ ၎င်းတို့၏ သဘောထားဖြစ်ပါသည်။) သို့ဆိုလျှင် မည်သည့်သဘောထား အတိအကျ ဖြစ်သနည်း။ ၎င်းတို့တွင် ကျိုးနွံနာခံသော သဘောထား ရှိသလော။ ၎င်းတို့အပေါ် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းကို နှိမ့်ချစွာ လက်ခံမည့် ထိုသို့သော သဘောထားတစ်ခု ၎င်းတို့တွင် ရှိသလော။ ၎င်းတို့တွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံရန် လိုလားစိတ်တစ်ခု ရှိသလော။ ၎င်းတို့၏ သဘောထားနှင့် ရိုးသားစစ်မှန်သော အပြုအမူများက ၎င်းတို့တွင် မည်သည့်အရာ ဖြစ်ပျက်ပါစေ ဘုရားသခင်သည် လူနှင့်သက်ဆိုင်သည့် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သည့်သူဖြစ်ကြောင်း စစ်မှန်သော ယုံကြည်လက်ခံခြင်းနှင့် သက်ဆိုင်သလော။ (မသက်ဆိုင်ပါ။) တစ်စက်မျှ မသက်ဆိုင်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ယင်းမှာ အတော်အတန် သိသာထင်ရှား၏။ ၎င်းတို့သည် အမှုအရာများကို ငြင်းပယ်ရန်၊ အမှုအရာများကို ဖုံးဖိရန်၊ လှည့်စားရန် ရည်ရွယ်သည်။ ၎င်းတို့သည် အဆုံးတိုင် ဆန့်ကျင်ရန်၊ ဘုရားသခင်ကို ပြုမူလုပ်ဆောင်ခွင့်ဖြစ်စေ၊ အချုပ်အခြာအာဏာပိုင်စိုးခွင့်ဖြစ်စေ မပေးရန် ရည်ရွယ်သည်။ ၎င်းတို့သည် အရာအားလုံးကို မှန်အောင် လုပ်ဆောင်ရန် လုပ်နိုင်စွမ်းနှင့် အစွမ်းရှိသည်ဟု တွေးထင်ကြသည်။ ၎င်းတို့၏ ပိုင်နက်တွင် မည်သူကမျှ ၎င်းတို့၏ အလုပ်ကို ဝင်ရောက်စွက်ဖက်ခွင့် သို့မဟုတ် စီမံခွင့် မရှိချေ။ ၎င်းတို့က အကြီးမြတ်ဆုံးဖြစ်ရမည် ဟူလေ၏။ သို့ဆိုလျှင် ၎င်းတို့ ယုံကြည်သည့် ဘုရားသည် ထိုအခိုက်အတန့်တွင် တည်ရှိသေးသလော။ မရှိတော့ပေ။ ယခုအချိန်တွင် သူသည် အနှစ်သာရမဲ့သော အခွံတစ်ခုသာ ဖြစ်တော့သည်။ သို့ဆိုလျှင် ထိုအခိုက်အတန့်တွင် ၎င်းတို့၏ ယုံကြည်ခြင်းသည် အဘယ်နည်း။ ယင်းမှာ မရေရာသကဲ့သို့ ပေါ့တန်ပြီး လှည့်စားမှု ပါရှိသည်။ ၎င်းတို့တွင် ရိုးသားစစ်မှန်သော ယုံကြည်ခြင်း မရှိပေ။

အန္တိခရစ်တစ်ဦးထံ၌ မည်သည့်အရာမျှ မဖြစ်သည့်အခါတွင် ၎င်းသည် တရားဒေသနာများကို နားထောင်ယောင်၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုယောင်၊ ဓမ္မသီချင်းများကို သင်ယူလေ့လာယောင် ဟန်ဆောင်လိမ့်မည်။ ၎င်းတို့က “ကျွန်ုပ်တို့က ဘုရားကို ယုံကြည်သောကြောင့် သူ၏ အချုပ်အခြာအာဏာကို ယုံကြည်ရမည်ဖြစ်ပြီး သူ၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံရမည် ဖြစ်သည်။ အရာခပ်သိမ်းသည် ဘုရား၏ လက်ထဲတွင် ရှိပြီး သူလုပ်ဆောင်သမျှသည် ကောင်းမြတ်သည်” ဟု မကြာခဏ ပြောလျက် အသင်းတော်အသက်တာတွင် ပါဝင်ပြီး အသင်းတော်၏ အလုပ်စီမံကိန်းများအားလုံးတွင် တက်တက်ကြွကြွ ပါဝင်လိမ့်မည်။ ထို့အပြင် ၎င်းတို့သည် အခြားသူများကို “လူများသည် မိမိတို့၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် မလျှော့တမ်း ပြုမူဆောင်ရွက်ခြင်း မပြုသင့်။ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတွင် အရာအားလုံးသည် ဘုရား၏ လက်ထဲတွင် ရှိသောကြောင့် ၎င်းတို့သည် ဘုရားကို ဆုတောင်းသင့်သည်” ဟု မကြာခဏ လမ်းညွှန်လိမ့်မည်။ ၎င်းတို့သည် ဤပေါ်ပင်ရေပန်းစားသော စကားများကို အတော်အတန် ဟိတ်ကြီးဟန်ကြီးနှင့် ဟစ်ကြွေးကြကာ ၎င်းတို့၏ သဘောထားက အတော်အတန် စိတ်ပိုင်းဖြတ်ထားပြီး အကြွင်းမဲ့ဖြစ်ပုံရသော်လည်း ၎င်းတို့အပေါ် တစ်စုံတစ်ခု ကျရောက်သည့်အခါတွင် အဖြစ်မှန်၏ လက်တွေ့အရှိတရား ဖြစ်သည့် ၎င်းတို့ ရိုးသားစစ်မှန်စွာ ထုတ်ဖော်သည့်အရာက ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှု အစစ်အမှန်နှင့် ၎င်းတို့၏ အနှစ်သာရ အစစ်အမှန်ကို လုံးလုံးလျားလျားနှင့် အပြည့်အဝ ဖော်ပြသဖြင့် ၎င်းတို့သည် မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်ရလေသည်။ ယင်းက ဖန်ဆင်းရှင်၏ ပင်ကိုလက္ခဏာ၊ အနှစ်သာရတို့နှင့် သက်ဆိုင်သော အမှန်တရားကိုဖြစ်စေ၊ သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ပိုင်သသည်ဟူသော အမှန်တရားကိုဖြစ်စေ လက်မခံကြောင်း ဖော်ထုတ်သည်။ ၎င်းတို့သည် ဤအမှန်တရားများကို အသိအမှတ်ပြုရန် မဆိုထားနှင့်၊ လက်ခံရန်ပင် မလိုလားကြချေ။ သာ၍ ကြောက်မက်ဖွယ် ကောင်းသေးသည်မှာ ၎င်းတို့သည် ထိုအရာများကို အသိအမှတ်ပြုရန်ဖြစ်စေ၊ လက်ခံရန်ဖြစ်စေ ပျက်ကွက်သည်သာမက အဆုံးထိတိုင် ခေါင်းမာစွာဖြင့် ဆက်လက်၍ အတိုက်အခံပြုခြင်းပင် ဖြစ်သည်။ ၎င်းတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတွင် ၎င်းတို့က အကြောင်းတစ်ခုမဟုတ်၊ အခြားအကြောင်းတစ်ခုကြောင့်ဖြစ်စေ စိတ်ထိခိုက်ကြ၏။ ဘုရားသခင်၏ လိုအင်ဆန္ဒများနှင့် သူ၏ ရည်ရွယ်ချက်များကို ရှာဖွေရန် ကောင်းစွာ ပြုမူပြီး ကျိုးနွံနာခံသည့် နည်းလမ်းဖြင့် ဘုရားသခင်၏ ‌ရှေ့မှောက်သို့ ၎င်းတို့ မလာကြပေ။ ဘုရားသခင်၏ ရှေ့မှောက်သို့ ၎င်းတို့ ကျိုးနွံနာခံစွာ မလာကြသကဲ့သို့ သူ၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်းနှင့် သူ၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အချုပ်အခြာအာဏာတို့ကို လက်ခံခြင်းတို့လည်း မရှိကြပေ။ ပြီးလျှင် သူ၏ ဆုံးမပဲ့ပြင်ခြင်းကို ၎င်းတို့ ကျိုးနွံနာခံစွာ လက်ခံခြင်း မရှိပေ။ ထိုအစား ၎င်းတို့သည် လူသားတို့၏ နည်းနိဿယများနှင့် အကြံအစည်များဖြင့်၊ လူ၏ နည်းလမ်းများဖြင့် ထိုကိစ္စကို လျော့ပါးပြေပျောက်စေရန်၊ ထိုကိစ္စကို ချေဖျက်ရန်၊ အခြားသူများနှင့် ဘုရားသခင်အပေါ် လှည့်စားရန် ဆန္ဒရှိကြသည်။ ထိုကိစ္စရပ်ကို လျော့ပါးပြေပျောက်စေရန် လုပ်ဆောင်ခြင်းအားဖြင့် ပြီးပြီးပျောက်ပျောက် ဖြစ်အောင် ထိရောက်စွာ လုပ်လိုက်ပြီးဖြစ်လိမ့်မည် ဖြစ်ကြောင်း၊ ယင်းကို လျော့ပါးပြေပျောက်စေရန် လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့၏ အမှားများနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ဖုံးဖိလိုက်ပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ယင်းတို့အကြောင်းကို မည်သူမျှ သိမည်မဟုတ်ကြောင်း၊ သို့မဟုတ် အန္တိခရစ်နှင့်ပတ်သက်သော အလွဲအချော်တစ်ခုတလေကို သတိပြုနိုင်မည် မဟုတ်ကြောင်း၊ သို့မဟုတ် ထိုကိစ္စကို နောက်ထပ် ဆက်လက်စုံစမ်းစစ်ဆေးခြင်း ပြုနိုင်မည် မဟုတ်ကြောင်း ၎င်းတို့က ယုံကြည်သည်။ ၎င်းတို့သည် ကြီးမားသောအရာ တစ်စုံတစ်ခုကို ဖြစ်မြောက်အောင် လုပ်လိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် ၎င်းတို့ နေသားကျသွားလိမ့်မည်။ အန္တိခရစ်တစ်ဦးအပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတွင် ၎င်း၏ စကားများနှင့် အပြုအမူများ၊ ၎င်း၏ လုပ်ဆောင်ချက်များနှင့် လုပ်ရပ်များအပြင် ၎င်းအပြုအမူနှင့် စွမ်းဆောင်မှုတို့၏ အနှစ်သာရတို့ကို အကဲဖြတ်ကြည့်လျှင် ၎င်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ခေါင်းမာစွာ အတိုက်အခံလုပ်လေသည်။ ၎င်းတို့သည် ယင်းကို အဆုံးထိတိုင် မလျှော့တမ်း တွန်းလှန်တိုက်ခိုက်လိမ့်မည်။ ၎င်းတို့ မည်သည့်အမှားကို လုပ်ဆောင်ထားသည်ဖြစ်စေ ၎င်းတို့ကို ထုတ်ဖော်ရန်နှင့် ဖော်ထုတ်ရန် ဘုရားသခင်ကို ခွင့်ပြုဖို့မဆိုထားနှင့်၊ ၎င်းတို့ကို ပြုပြင်ရန် သို့မဟုတ် ၎င်းတို့ကို ဆုံးမပဲ့ပြင်သည့် ပတ်ဝန်းကျင်များကို ချမှတ်ရန် ဘုရားသခင်ကို ခွင့်ပြုမည် မဟုတ်ပေ။ ၎င်းတို့ ဖော်ထုတ်ခြင်းခံရသည်နှင့်၊ ဖုံးကွယ်ထားသော အမှန်တရားများ ပေါ်လာသည်နှင့် ချောက်ချားသွားကာ ပို၍ ပျာယာခတ်သွားပြီး စိတ်တိုလေသည်။ ဘုရားသခင်က ၎င်းတို့ကို ကာကွယ်ရန် ပျက်ကွက်သည်ဟုလည်းကောင်း၊ ၎င်းတို့ကို ကောင်းချီးမပေးခဲ့ဟုလည်းကောင်း၊ သူသည် တရားမမျှတဟုလည်းကောင်း၊ ၎င်းတို့နှင့် အခြားသူတစ်ယောက်အပေါ် တစ်ခုတည်းသောအရာများ ဖြစ်ပျက်သည့်အခါတွင် ဘုရားသခင်က အခြားသူကို ထုတ်ဖော်မည် မဟုတ်ဘဲ ၎င်းတို့ကိုသာ ထုတ်ဖော်မည်ဖြစ်သည်မှာ အခြားမည်သည့်အကြောင်းကြောင့် ဖြစ်ရမည်နည်းဟုလည်းကောင်း၊ တစ်ခုတည်းသောအရာများ ဖြစ်ပျက်သည့်အခါတွင် ဘုရားသခင်သည် အခြားသူကို ဆုံးမပဲ့ပြင်မည် မဟုတ်ဘဲ ၎င်းတို့ကိုသာ ဆုံးမပဲ့ပြင်မည်မှာ အခြားမည်သည့်အကြောင်းကြောင့် ဖြစ်ရမည်နည်းဟုလည်းကောင်း ပြောလျက် တန်ပြန်၍ပင် တိုက်ခိုက်ကာ စွပ်စွဲချက်များကို အလျင်ဦးအောင် မာန်ပါပါပြောဆိုကြလေသည်။ ၎င်းတို့က “ဘုရားသည် မဖြောင့်မတ်သည်ကို မြင်ရသဖြင့် ကျွန်ုပ်သည် လူသားနည်းစနစ်များဖြင့်၊ ကျွန်ုပ်၏ ကိုယ်ပိုင် နည်းစနစ်များဖြင့် မိမိကိုယ်ကို ကာကွယ်ဖို့ လိုအပ်သည်” ဟူ၍ပင် ပြောလိမ့်မည်။ ၎င်းတို့ အမှားတစ်စုံတစ်ရာ ပြုလုပ်ထားသည့်အခါတွင် ဘုရားသည် ၎င်းတို့ကို ဆုံးမပဲ့ပြင်ပြီး ဖော်ထုတ်၍ မရဘဲ အချိန်တိုင်းတွင် ၎င်းတို့ကို ဆက်လုပ်ဆောင်ခွင့်ပေးလျက်၊ လွယ်ကူ‌သော ထွက်ပေါက်ပေးလျက်၊ ၎င်းတို့၏ မှားယွင်းသော လုပ်ဆောင်မှုတိုင်းကို လိုက်လျောလျက် ၎င်းတို့အတွက် ဖုံးဖိပေးရမည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ယင်းမှာ ဘုရားပြုမည့်အရာဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဘုရားသခင်က ၎င်းတို့ကို ထုတ်ဖော်လျှင်၊ ၎င်းတို့အပေါ် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတွင် ၎င်းတို့ကို အထူးမျက်နှာသာ ပေးခြင်းဖြင့် မဆက်ဆံလျှင်၊ အထူးရူပါရုံကိုဖြစ်စေ၊ ဦးဆောင်မှုကိုဖြစ်စေ မပေးလျှင် ထိုသို့သော ဘုရားသခင်တစ်ပါးသည် ချစ်ခင်နှစ်လိုဖွယ် မကောင်းဟုလည်းကောင်း၊ ၎င်းတို့၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲရန် မသင့်တော်ဟုလည်းကောင်း ၎င်းတို့ ခံစားကြရသည်။ သို့ဖြစ်၍ ၎င်းတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတွင် ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံလိုခြင်း မရှိဘဲ သူ့ထံမှ လာသည့်အရာအားလုံးကို ဖန်ဆင်းခံတစ်ဦးအနေဖြင့် လက်ခံလိုခြင်းလည်း မရှိချေ။ ထိုအစား ၎င်းတို့က ဘုရားသခင်ကို ၎င်တို့အတွက် အစေခံစေလိုသည်။ အရာအားလုံးတွင် ၎င်းတို့အား ထောက်ကူပေးစေလိုသည်။ ပြီးလျှင် ၎င်းတို့ ကျူးလွန်သည့် မည်သည့်ပြစ်မှားခြင်းများအတွက်ကိုမဆို၊ ၎င်းတို့ ထုတ်ဖော်သည့် မည်သည့်ဖောက်ပြန်ပျက်စီးခြင်း သို့မဟုတ် ပုန်ကန်ခြင်း သို့မဟုတ် အတိုက်အခံလုပ်ခြင်းအတွက်ကိုမဆို ၎င်းတို့အား ပြစ်တင်မောင်းမဲခြင်း မပြုရန်၊ သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်း မပြုရန် ၎င်းတို့က အလိုရှိကြသည်။ အန္တိခရစ်တစ်ဦးသည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း မရှိကြောင်းကို ၎င်း၏ အပြုအမူတိုင်းနှင့် သရုပ်သကန်တိုင်းတွင် တွေ့မြင်နိုင်သည်။ ၎င်းတို့၏ စစ်မှန်သော ယုံကြည်ခြင်းဟု ခေါ်သောအရာသည် အကျိုးအမြတ်များကို သဲ့ယူပြီး အကျိုးကျေးဇူးများ ရရှိရန် ကြိုးစားအားထုတ်မှုတစ်ခုသာ ဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံခြင်း မရှိသော်လည်း ၎င်းတို့အတွက် အရာအားလုံးကို လုပ်ဆောင်ပေးရန်နှင့် ၎င်းတို့အတွက် အထူးအခွင့်အရေးများပေးရန် ဘုရားသခင်ကို အမြတ်ထုတ်ဖို့ ဆန္ဒရှိလျက် သူ့ကို စီစဉ်ညွှန်ကြားမည်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကိုဖြစ်စေ၊ သူ၏ ကယ်တင်ခြင်းကိုဖြစ်စေ ဖောက်ပြန်ပျက်စီးသော ဖန်ဆင်းခံတစ်ဦးအနေဖြင့် လက်ခံခြင်း မရှိကြပေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် သူ့အပေါ် သာမန်ထက် လွန်ကဲသော မျက်နှာသာပေးခြင်းကို ကမ်းလှမ်းနေခြင်းဖြစ်ကြောင်း၊ ဘုရားသခင်သည် ယင်းကို အမှတ်ရပြီး ၎င်းတို့ကို ကာကွယ်သင့်ကြောင်း၊ ၎င်းတို့အား အကြွင်းမဲ့ ကောင်းချီးပေးသင့်ကြောင်း၊ ပြီးလျှင် ၎င်းတို့က မည်သည့်မကောင်းသည့်အရာကို လုပ်ဆောင်ထားသည်ဖြစ်စေ ၎င်းတို့အား အထူး လွတ်ငြိမ်းချမ်းသာခွင့်ကို ပေးလျက် ၎င်းတို့ကို ခွင့်လွှတ်သင့်ကြောင်း ၎င်းတို့က ခံစားရသည်။ အန္တိခရစ်များဖြစ်ကြသည့် ထိုသို့သော လူစားမျိုးများသည် အမှန်တကယ် ဆိုးယုတ်၏။ ၎င်းတို့တွင် အရှက်တရား လုံးဝ မရှိချေ။ ၎င်းတို့သည် မည်သို့သော အရာဖြစ်သည်ကိုဖြစ်စေ၊ ၎င်းတို့ မည်သူဖြစ်သည်ကိုဖြစ်စေ ၎င်းတို့ သိပင် မသိကြသောကြောင့် ၎င်းတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါတွင် ၎င်းတို့သည် ရှက်ကြောက်စိတ်မဲ့စွာဖြင့် ကျိုးကြောင်းပြချက်များနှင့် ဆင်ခြေများကို ပေးကြပြီး ၎င်းတို့မှန်ကန်ကြောင်း ထုချေကာ နားပူနားဆာလုပ်သည့်အပြင် သူတစ်ပါးကို ခေါင်းပုံချကာ အမှန်တရားများကို ဖုံးကွယ်သည်။ ၎င်းတို့ ထုတ်ဖော်ခြင်းခံရပြီး ၎င်းတို့ကို လူများက ရိပ်စားမိကာ ၎င်းတို့တွင် အဆင့်အတန်း သို့မဟုတ် ဂုဏ်မရှိတော့မည်ကို ကြောက်ရွံ့သည့်အတွက် ၎င်းတို့သည် ဘုရားသခင်ကို အဆုံးထိတိုင် ဆန့်ကျင်သည်။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းသည် ၎င်းတို့၏ ပါးစပ်ထဲတွင် ရပ်တန့်သွားသည်။ လက်ခံခြင်းတစ်ခုတလေ ရှိဖို့ မဆိုထားနှင့်၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ အသုံးခံခြင်း မရှိသကဲ့သို့ ရိုးသားစစ်မှန်စွာ ကျိုးနွံနာခံခြင်းလည်း မရှိချေ။ ထို့ကြောင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်သက်ဆိုင်သော အမှန်တရားနှင့် စပ်လျဉ်း၍ အန္တိခရစ်တစ်ဦးသည် ယင်းကို ၎င်း၏ စိတ်နှလုံး နက်ရှိုင်းရာမှ ဆန့်ကျင်သည်ကိုလည်းကောင်း၊ ဘုရားသခင်က ၎င်း၏ ကံကြမ္မာကို အချုပ်အခြာအာဏာ ကိုင်စွဲပြီး ၎င်း၏ အရာအားလုံးကို စီစဉ်ညွှန်ကြားသည်ကို ခွင့်ပြုရန် မလိုလားသည်ကိုလည်းကောင်း ၎င်း၏ အနှစ်သာရတွင် တွေ့မြင်နိုင်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အချုပ်အခြာအာဏာ ပိုင်စိုးခွင့်မပြုလိုပေ။ ၎င်းတို့က မည်သူ့ကို အချုပ်အခြာအာဏာ ပိုင်စိုးစေလိုသနည်း။ ၎င်းတို့ကိုယ်တိုင် အဆုံးသတ် ဆုံးဖြတ်ခွင့် ရှိလိုသည်။ ယင်းက စာတန်ကို အမှုအရာများအား ကြိုးကိုင်ညွှန်ကြား ခွင့်ပြုကြောင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် စာတန်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ၎င်းတို့၏ အသက် ဖြစ်ခွင့်ပေးကြောင်း၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရင်အဖြစ် အုပ်စိုးခွင့်ပေးကြောင်းကို အကြွင်းမဲ့ ဆိုလိုလေသည်။ ယင်းမှာ ဖြစ်သည့်ပုံစံဖြစ်၏။ ဘုရားသခင်၏ အနှစ်သာရနှင့်ပတ်သက်၍မူ အန္တိခရစ်တစ်ဦးသည် ယင်းကို မည်သို့ သဘောထားသနည်း။ အန္တိခရစ်တစ်ဦးသည် ဘုရားသခင်၏ အနှစ်သာရတွင် ပါဝင်သော လက္ခဏာများနှင့်ပတ်သက်၍ သံသယများ ထားရှိကြသည်။ ၎င်းတို့က မယုံကြည်ပေ။ ၎င်းတို့က သံသယရှိသည်။ ၎င်းတို့သည် ထိုလက္ခဏာများအားလုံးနှင့်ပတ်သက်၍ ပြစ်တင်ရှုတ်ချခြင်းနှင့်အတူ အယူအဆများပင် ရှိလေသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ထိုလက္ခဏာများကို ဆန်းစစ်ရန်နှင့် အနက်အဓိပ္ပာယ်ကောက်ရန် မိမိတို့၏ စိတ်ကူးများအပြင် အသိပညာနှင့် ဦးနှောက်တို့ကိုပင် အသုံးပြုကြသည်။ အချို့‌သော မိုက်မဲသည့်လူများက ၎င်းတို့၏ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်များသည် အတော်အတန် ကောင်းသည်၊ ဝိညာဉ်ရေးရာဆန်သည်၊ သဘာဝကျပြီး လက်တွေ့ကျသည်ဟုပင် ယုံကြည်ကြသည်။ ယင်းမှာ သာ၍ပင် ရွံရှာဖွယ်ကောင်းသေးသည်။

က။ ဘုရားသခင်၏ ဖြောင့်မတ်မှုကို စက်ဆုပ်ရွံရှာခြင်း

အန္တိခရစ်ကဲ့သို့သော ဤလူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် စိတ်သဘောထားကို အယူအဆများ၊ သံသယများ၊ အတိုက်အခံများဖြင့် အစဉ် ဆက်ဆံကြသည်။ ၎င်းတို့က “ဘုရားသခင်က ဖြောင့်မတ်သည်ဆိုသည်မှာ သဘောတရားတစ်ခုသာဖြစ်သည်။ ဤလောကတွင် ဖြောင့်မတ်ခြင်းဆိုသည့် အရာတစ်ခု အမှန်တကယ် ရှိသလော။ ငါ့ဘဝ၏ နှစ်များအားလုံးတွင် ဤသည်ကို တစ်ကြိမ်မျှ မတွေ့ဖူး၊ မမြင်ဖူးပါ။ လောကကြီးက အလွန်မှောင်မိုက်ပြီး ဆိုးယုတ်သည်။ မကောင်းသည့်လူများ၊ နတ်ဆိုးများက အတော်အတန် အဆင်ပြေနေကြသည်။ အားရကျေနပ်ပြီး အသက်ရှင်နေကြသည်။ သူတို့နှင့် ထိုက်တန်သည့်အရာကို ရသွားသည်ကို မမြင်ဖူးပါ။ ဤအရာနှင့်ပတ်သက်၍ ဘုရား၏ ဖြောင့်မတ်ခြင်းက မည်သည့်နေရာတွင် ရှိသည်ကို ငါမမြင်နိုင်ပါ။ ဘုရား၏ဖြောင့်မတ်ခြင်းက အမှန်တကယ် ရှိမှရှိပါ၏လောဟု ငါတွေးမိသည်။ မည်သူက မြင်ဖူးသနည်း။ မည်သူကမျှ မမြင်ဖူးပါ။ မည်သူကမျှ ဤအရာကို သက်သေမပြနိုင်ပါ” ဟူ၍ စဉ်းစားကြသည်။ ဤသည်မှာ ၎င်းတို့ဘာသာ စဉ်းစားသောအရာဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်က ဖြောင့်မတ်သည်ဆိုသည့် ယုံကြည်မှု၏ အခြေခံအုတ်မြစ်ပေါ်ရှိ ဘုရားသခင်၏ အမှုတော်အားလုံး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုအားလုံးတို့ကို လက်မခံကြဘဲ အစဉ်သဖြင့် သံသယရှိပြီး ဝေဖန်အပြစ်တင်နေကြသည်။ အစဉ်သဖြင့် အယူအဆများနှင့် ပြည့်ကြပြီး ထိုအယူအဆများကို ဖြေရှင်းရန် သမ္မာတရားကို လုံးဝ မရှာဖွေကြပေ။ ဤသည်မှာ အစဉ်သဖြင့် အန္တိခရစ်များက ဘုရားသခင်ကို ယုံကြည်သည့်ပုံစံဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်မှုရှိသလော။ မရှိပေ။ အန္တိခရစ်များသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ပတ်သက်လျှင် သံသယ သဘောထားတစ်ခုကို အစဉ်သဖြင့် ထိန်းသိမ်းထားသည်။ ၎င်းတို့တွင် ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ သန့်ရှင်းခြင်း၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့နှင့်ပတ်သက်၍ ၎င်းတို့၏ သံသယများရှိသည်မှာ အမှန်ပင်ဖြစ်၏။ ၎င်းတို့သည် ထိုအရာများကို မယုံကြည်ကြဘဲ မျက်လုံးက မြင်နိုင်သည့်အရာကိုသာ ယုံကြည်ကြသည်။ တစ်စုံတစ်ခုကို ၎င်းတို့၏ မျက်လုံးဖြင့် တပ်အပ်မမြင်ရလျှင် ၎င်းတို့သည် မည်သည့်အခါမျှ ယုံကြည်ကြမည် မဟုတ်။ ၎င်းတို့သည် သခင်ယေရှုကို အစဉ်သဖြင့် သံသယရှိသည့်၊ သခင်ယေရှုသည် သေခြင်းတရားမှ ရှင်ပြန်ထမြောက်သည်ကို မယုံကြည်သည့်၊ ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးကို မယုံကြည်သည့် သောမကဲ့သို့ဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသော၊ သို့မဟုတ် သမ္မာတရား မလိုက်စားသော အန္တိခရစ်များဖြစ်သည့် ထိုသို့သော အလေဏတောများသည် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို ယုံကြည်နိုင်သလော။ သူ၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို ၎င်းတို့ ယုံကြည်နိုင်သလော။ ဤအရာများတစ်ခုကိုမျှ ၎င်းတို့ မယုံကြည်ကြပေ။ စိတ်နှလုံးတွင် ၎င်းတို့၏ သံသယများ အစဉ်သဖြင့် ထားရှိကြသည်။ အန္တိခရစ်တို့၏ အနှစ်သာရကို အကဲဖြတ်ရလျှင် ၎င်းတို့သည် မျက်လုံးမှ မြင်နိုင်သည့်အရာကိုသာ ယုံကြည်ကြသဖြင့် ရုပ်ဝါဒီများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အနန္တတန်ခိုးကို မမြင်နိုင်ကြဘဲ သူ၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း၊ ယင်းတို့သည် ဖြစ်ပျက်အောင် သူလုပ်ဆောင်နှင့်ပြီးသားဖြစ်သော အမှန်တရားများဖြစ်ကြောင်း ၎င်းတို့ မယုံကြည်ကြချေ။ ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြသကဲ့သို့ စစ်မှန်သော ယုံကြည်ခြင်းလည်း မရှိသဖြင့် ဘုရားသခင်၏ လုပ်ရပ်များကို မြင်ဖို့ မဖြစ်နိုင်ပေ။ အမှန်တရားမှာ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့တွင် ကွယ်ဝှက်ထားသော ကြံရွယ်ချက်တစ်ခု ရှိခြင်းဖြစ်သည်။ ၎င်းတို့သည် လက်လွတ်စပယ် ပြဿနာရှာသူများ၊ စာတန်၏ အစေခံများ ဖြစ်ကြသည်။ သမ္မာတရားကို လက်မခံသော၊ သို့မဟုတ် ဘုရားသခင်၏ တည်ရှိခြင်းကို မယုံကြည်သော၊ အမှုအရာများအားလုံးကို လူသား၏ မျက်လုံးများဖြင့် ကြည့်သော လူတစ်ဦးသည် သမ္မာတရား တည်ရှိခြင်းကို ရှာဖွေတွေ့ရှိနိုင်သလော။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်သက်ဆိုင်သော အမှန်တရားကို ရှာဖွေတွေ့ရှိနိုင်သလော။ သေချာပေါက် မတွေ့ရှိနိုင်ပေ။ ၎င်းတို့သည် အမှုအရာများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသော အကြည့်၊ သံသယထားသော အကြည့်၊ မယုံကြည်သော သဘောထားတို့ဖြင့် ကြည့်ရှုပြီး ဘုရားသခင် လုပ်ဆောင်သမျှ အရာအားလုံးကို ခုပင်ခုခံသောကြောင့် အန္တိခရစ်တို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် ပတ်သက်၍ ယုံကြည်ခြင်း မရှိကြချေ။ ၎င်းတို့၏ သံသယများ ထားရှိကြပြီး လက်မခံကြပေ။ အန္တိခရစ်တို့၏ မည်သည့်အပြုအမူများက သမ္မာတရားကို ၎င်းတို့လက်မခံကြောင်း၊ သို့မဟုတ် ဘုရားသခင်၏ အနှစ်သာရကို အသိအမှတ်မပြုကြောင်း အခြားသူများကို ပြသနည်း။ တိတိကျကျဖြစ်သော အပြုအမူများစွာ ရှိလေသည်။ ဥပမာအားဖြင့် အသင်းတော်၏ အလုပ်တွင် ပြဿနာတစ်ခု ဖြစ်ပေါ်သောအခါ ယင်းအတွက် အပြစ်တင်မှု မည်သို့ပြင်းထန်ပါစေ၊ အကျိုးဆက်များက မည်သို့ဖြစ်စေ အန္တိခရစ်၏ ပထမဆုံး တုံ့ပြန်မှုမှာ မိမိကိုယ်ကို ကင်းရှင်းစေပြီး အပြစ်တင်မှုကို အခြားတစ်နေရာရာသို့ လွှဲပြောင်းပေးဖို့ဖြစ်သည်။ တာဝန်မခံရစေရန်အလို့ငှာ ၎င်းတို့သည် အမှုကိစ္စ၏ အမှန်တရားကို ဖုံးကွယ်ရန် မှန်ကန်သော၊ ကြားကောင်းသောအရာ အနည်းငယ်ကို ပြောပြီး၊ အပေါ်ယံ ဇာချဲ့လုပ်ဆောင်ကြလျက် ၎င်းတို့အပေါ် အမြင်ကို လွှဲပြောင်းရန်အတွက်ပင် ပြုလုပ်မည်ဖြစ်သည်။ သာမန်အချိန်များတွင် လူတို့က ယင်းကို မမြင်နိုင်သော်လည်း တစ်စုံတစ်ခုက အန္တိခရစ်အပေါ်သို့ ကျရောက်သောအခါ သူ၏ အကျည်းတန်မှုက ဖော်ထုတ်ခြင်းခံရသည်။ ဖြူငယ်တစ်ကောင်ကဲ့သို့ပင် သူ၏ ဆူးချွန်များအားလုံးကို ထောင်မတ်လျက် မည်သည့်တာဝန်ကိုမျှ မယူလိုဘဲ မိမိကိုယ်ကို အစွမ်းကုန်ကာကွယ်ကြသည်။ ဤသည်မှာ မည်သို့သော သဘောထားမျိုးဖြစ်သနည်း။ ဤသည်မှာ ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု မယုံကြည်ခြင်းတစ်ခု မဟုတ်သလော။ ဘုရားသခင်သည် အရာအားလုံးကို စိစစ်သည်၊ သို့မဟုတ် ဖြောင့်မတ်သည်ဟု ၎င်းတို့က မယုံကြည်ပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာကွယ်ရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြုလိုကြသည်။ ၎င်းတို့က “ငါ့ကိုယ်ငါ မကာကွယ်လျှင် မည်သူကမျှ ကာကွယ်ပေးမည် မဟုတ်။ ဘုရားကလည်း ငါ့ကို မကာကွယ်နိုင်ပါ။ သူက ဖြောင့်မတ်သည်ဟု ပြောကြသည်။ သို့သော်လည်း လူများက ဒုက္ခရောက်သည့်အခါတွင် သူတို့ကို ဘုရားက အမှန်တကယ် မျှမျှတတ ဆက်ဆံသလော။ မဖြစ်နိုင်ပါ။ ဘုရားက ထိုသို့ မလုပ်ဆောင်ပါ” ဟူ၍ ယုံကြည်ကြသည်။ ဒုက္ခ၊ သို့မဟုတ် ဖိနှိပ်မှုနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့က အကူအညီမရဟု ခံစားရပြီး “သို့ဆိုလျှင် ဘုရားက အဘယ်မှာနည်း။ လူများက သူ့ကို မမြင်နိုင်၊ မထိတွေ့နိုင်ကြပါ။ မည်သူမျှ ငါ့ကို မကူညီနိုင်ပါ။ မည်သူကမျှ ငါ့ကို တရားမျှတမှု ကမ်းလင့်၍ ငါ့အတွက် တရားမျှတမှုကို ထိန်းသိမ်းမပေးနိုင်ပါ” ဟူ၍ ထင်ကြသည်။ ၎င်းတို့က မိမိတို့ကိုယ်ကို ကာကွယ်ရန် တစ်ခုတည်းသော နည်းလမ်းက ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် ဖြစ်သည်၊ ဤသို့မဟုတ်လျှင် ၎င်းတို့သည် ဆုံးရှုံးမှုကို ခံရမည်၊ အနိုင်ကျင့်ခံရပြီး ဖိနှိပ်ခံရမည်၊ ပြီးလျှင် ဘုရားအိမ်တော်သည်လည်း ဤအရာမှ လွတ်မည်မဟုတ်ဟု ထင်ကြသည်။ အန္တိခရစ်သည် သူ့အပေါ်သို့ တစ်စုံတစ်ခု မကျရောက်မီတွင် သူ့ကိုယ်သူအတွက် အရာရာတိုင်းကို စီစဉ်ပြီး ဖြစ်လိမ့်မည်။ တစ်ဖက်တွင် သူလုပ်ဆောင်သည့်အရာမှာ မည်သူကမျှ သူ့အား စိတ်အနှောင့်အယှက်မပေးရဲသည့်၊ သို့မဟုတ် ပြဿနာမရှာရဲသည့်၊ သို့မဟုတ် အနိုင်မကျင့်ရဲသည့် အလွန်အင်အားကြီးသောသူအဖြစ် သူ့ကိုယ်သူ အယောင်ဆောင်ရန် အလွန်ကြိုးစားအားထုတ်ခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင် စာတန်၏ အတွေးအခေါ်များနှင့် စာတန်၏ ဖြစ်တည်မှုနိယာမအပေါ် အခြေအနေတိုင်းတွင် လိုက်နာခြင်း ဖြစ်သည်။ ထိုအရာများမှာ အဓိကအားဖြင့် မည်သည့်အရာများ ဖြစ်သနည်း။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”၊ “ပုဂ္ဂိုလ်ရေးအရ မထိခိုက်ပါက အကြောင်းကိစ္စများကို လက်လွှတ်လိုက်ပါ” “အသိတရားရှိသော လူများသည် မိမိကိုယ်ကို ကာကွယ်ရာတွင် တော်၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားသည်”၊ လိမ္မာပါးနပ်လျက် အခြေအနေကိုကြည့်ပြီး လုပ်ဆောင်ခြင်း၊ “တိုက်ခိုက်မခံရလျှင် ကျွန်ုပ် တိုက်ခိုက်မည်မဟုတ်ပါ။”၊ “သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်”၊ “ပွင့်လင်းခြင်းသည် အခြားသူများကို စိတ်အနှောင့်အယှက် ဖြစ်စေသဖြင့် အခြားသူများ၏ခံစားချက်များ၊ ဆင်ခြင်တုံတရားများနှင့် သဟဇာတဖြစ်ရန် ကောင်းသော စကားများကို ပြောပါ”၊ “ဉာဏ်အမြော်အမြင်ရှိသူတစ်ဦးသည် အခြေအနေကို နာခံ၏” နှင့် အခြား ဤသို့သော ဆိုးယုတ်သည့် အတွေးအခေါ်များဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မချစ်ဘဲ စာတန်၏ အတွေးအခေါ်များကို အပြုသဘောဆောင်သော အရာများဖြစ်သကဲ့သို့ လက်ခံပြီး ဤအရာများက ၎င်းတို့ကို ကာကွယ်နိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ဤအရာများဖြင့် အသက်ရှင်နေထိုင်သည်။ မည်သူ့ကိုမျှ အမှန်တရားကို မပြောဘဲ နှစ်လိုဖွယ်ဖြစ်သောအရာများ၊ မျက်နှာချိုသွေးသော၊ မြှောက်ပင့်သောအရာများကို အစဉ်အမြဲ ပြောဆိုပြီး မည်သူ့ကိုမျှ စိတ်အနှောင့်အယှက် မပေးဘဲ ၎င်းတို့အား အခြားလူများ အထင်ကြီးစေရန်အတွက် ကိုယ့်ဂုဏ်ကိုယ်တင်ဖော်ဖို့ နည်းလမ်းများကို စဉ်းစားကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့အား လိုက်စားခြင်းကိုသာ ဂရုစိုက်ပြီး အသင်းတော်အလုပ်အား ထိန်းသိမ်းရန် မည်သည့်အရာကိုမျှ လုံးဝ မလုပ်ဆောင်ပေ။ မည်သူမဆိုက မကောင်းသောအရာတစ်ခုလုပ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ထိခိုက်သည်ဖြစ်စေ ထိုသူတို့ကို ဖော်ထုတ်ခြင်း၊ တိုင်ကြားခြင်းမရှိဘဲ မမြင်သကဲ့သို့ ပြုမူကြသည်။ အမှုအရာများကို ကိုင်တွယ်ခြင်းအတွက် ၎င်းတို့၏ စည်းမျဉ်းများနှင့် ၎င်းတို့အနီးဝန်းကျင်တွင် ဖြစ်ပျက်သည့်အရာအပေါ် ၎င်းတို့၏ ဆက်ဆံပုံကို ကြည့်လျှင် ၎င်းတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအပေါ် သိမြင်မှုတစ်ခုခု ရှိသလော။ ယင်းအပေါ်တွင် ယုံကြည်ခြင်းတစ်ခုခုရှိသလော။ မည်သည့်အရာမျှ မရှိပေ။ ဤတွင် “မည်သည့်အရာမျှ” ဆိုသည်မှာ ၎င်းတို့ သတိမထားမိဟု မဆိုလိုဘဲ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့်ပတ်သက်ပြီး သံသယများရှိသည်ဟု ဆိုလိုသည်။ ၎င်းတို့သည် ဘုရားသခင်က ဖြောင့်မတ်သည်ဟု လက်မခံသကဲ့သို့ အသိအမှတ်လည်းမပြုပေ။ ဘုရားအိမ်တော်တွင် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းတို့ စိုးမိုးကြောင်း လူများစွာတို့က သက်သေခံသည်ကို တွေ့မြင်သည့်အခါတွင် ၎င်းတို့သည် ခုခံပြီး “အဆင်းနီသော နဂါးကြီးသည် ဘုရားရွေးချယ်ထားသော လူများကို ထိုသို့ညှဉ်းပန်းနှိပ်စက်ခြင်းအတွက် အဘယ်ကြောင့် ဒဏ်ခတ်ခြင်းမခံရသနည်း။ ဘာသာတရားမရှိသူများထဲမှ ဆိုးယုတ်သောလူများသည် ဘုရားရွေးချယ်ထားသော လူများကို အနိုင်ကျင့်ပြီး အသရေဖျက်ကြကာ ဝေဖန်ကြသည်။ ပြီးလျှင် ၎င်းတို့သည် မည်သည့်ဒဏ်ခတ်ခြင်းကိုမျှလည်း ရင်မဆိုင်ရပါ။ ၎င်းတို့အားလုံးသည် ဖြုံပင်မဖြုံကြပေ။ ဘုရားကို ယုံကြည်သူများသည် အစဉ်သဖြင့် အနိုင်ကျင့်ခြင်းခံရသည့်သူများ အဘယ်ကြောင့် ဖြစ်ရသနည်း” ဟု စိတ်နှလုံးထဲတွင် ဝေဖန်ကြလေသည်။ ၎င်းတို့သည် စိတ်နှလုံးတွင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မယုံကြည်ကြပေ။ ဘုရားသခင်သည် လူတိုင်းကို ဖြောင့်မတ်ခြင်းဖြင့် ဆက်ဆံသည်ကို ၎င်းတို့ မယုံကြည်ကြသကဲ့သို့ ဘုရားသခင်သည် လူတစ်ဦးချင်းစီကို ထိုသူများ၏ လုပ်ဆောင်ချက်များနှင့်အညီ ထိုသူတို့နှင့် ထိုက်တန်သည့်အရာကို ပေးမည်ဖြစ်ကြောင်းနှင့် သမ္မာတရားကို လိုက်စားသောသူများသာလျှင် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံစားရပြီး လှပသော ပန်းတိုင်ကို ရရှိနိုင်ကြောင်းတို့ကိုလည်း ၎င်းတို့ မယုံကြည်ကြပေ။ အန္တိခရစ်တို့သည် ဤအရာများကို မယုံကြည်ကြပေ။ ၎င်းတို့က မိမိဘာသာ ပြောဆိုကြသည်မှာ “ဤအရာများသည် အမှန်တရားများဖြစ်ပါက ယင်းတို့ကို ကျွန်ုပ် အဘယ်ကြောင့် မတွေ့မြင်ရသေးသနည်း။ သမ္မာတရားကို လိုက်စားသောသူများသည် ဘုရား၏ ကောင်းချီးပေးခြင်းကို ခံရမည်ဟု သင်ပြောသည်။ ကောင်းပြီ၊ ကျွန်ုပ်တို့၏ အသင်းတော်တွင် မည်သူမည်ဝါသည် သမ္မာတရားကို လိုက်စားပြီး ဘုရားအတွက် မိမိကိုယ်ကို အသုံးခံကာ သူ၏ တာဝန်ကို အတော်အတန် သစ္စာစောင့်သိစွာ ထမ်းဆောင်သည်။ ယင်းက သူ့အတွက် မည်သို့အဆုံးသတ်သနည်း။ သူသည် အဆင်းနီသော နဂါးကြီး၏ လိုက်လံဖမ်းဆီးခြင်းကို ခံရသည်မှာ အိမ်ပင် မပြန်နိုင်ပါ။ သူ့မိသားစုမှာ တကွဲတပြား ဖြစ်ကြရသည်။ သူ့မှာ သူ၏ သားသမီးများကိုပင် မတွေ့ရပါ။ ယင်းမှာ ဘုရား၏ ဖြောင့်မတ်ခြင်း ဖြစ်သလော။ ပြီးလျှင် မည်သူမည်ဝါက ဘုရားကို ယုံကြည်ခြင်းအတွက် ထောင်ထဲသို့ အထည့်ခံရသည်။ ထိုနေရာတွင် သူ သေလုမြောပါး နှိပ်စက်ခြင်း ခံရသည်။ ထိုစဉ်အခါက ဘုရား၏ ဖြောင့်မတ်ခြင်းသည် အဘယ်မှာနည်း။ ထိုသူသည် သူ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ခဲ့သည်။ သူသည် ယုဒမဟုတ်ပါ။ ဘုရားက သူ့ကို အဘယ်ကြောင့် ကောင်းချီးမပေးသနည်း၊ အဘယ်ကြောင့် မကာကွယ်သနည်း။ ပြီးလျှင် အဆင်းနီသော နဂါးကြီးက သူ့ကို သေလုမြောပါး ရိုက်နှက်သည်ကို ဘုရားက အဘယ်ကြောင့် ခွင့်ပြုခဲ့သနည်း။ ကျွန်ုပ်တို့၏ အသင်းတော်တွင် အသင်းတော်အလုပ်အတွက် မိမိ၏ မိသားစုနှင့် အလုပ်အကိုင်ကို စွန့်လွှတ်သော ခေါင်းဆောင်တစ်ဦးလည်း ရှိခဲ့သည်။ သူသည် သူ၏တာဝန်ကို နှစ်ချီ၍ ထမ်းဆောင်ခဲ့ပြီး ဆင်းရဲဒုက္ခ အတော်များများကို ကြုံတွေ့ခဲ့ရသော်လည်း အဆုံးတွင်မူ မကောင်းမှု အနည်းငယ်မျှ ပြုခဲ့ပြီး အသင်းတော်၏ အလုပ်အပေါ် အဖျက်အမှောင့်လုပ်ခဲ့သည့်အတွက် ပြစ်တင်ရှုတ်ချပြီး ဖယ်ထုတ်ပစ်ခြင်းကို ခံခဲ့ရသည်။ ဘုရား၏ ဖြောင့်မတ်သော စိတ်သဘောထားသည် အဘယ်မှာနည်း။ ပြီးလျှင် ဘုရားအိမ်တော်၌ တာဝန်များကို ထမ်းဆောင်နေသည့် အသက်အတော်ငယ်သော ညီအစ်ကိုမောင်နှမတချို့ ရှိကြသည်။ ဆင်းရဲဒုက္ခများခံကြပြီး အားသွန်ခွန်စိုက် အလုပ်လုပ်ကြသည့်တိုင် အမှားတစ်ခုလုပ်မိပြီး စည်းမျဉ်းများကို ချိုးဖောက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် ပြုပြင်ခြင်းခံရသည်။ ၎င်းတို့ထဲမှ တချို့ဆိုလျှင် ၎င်းတို့ကို နှစ်သိမ့်ပေးမည့်သူ တစ်ဦးမျှ မရှိဘဲ ဖယ်ထုတ်ပစ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ကို ကြောက်သည့်အတွက် အတော်ပင် ဝမ်းနည်းပက်လက် ငိုကြွေးကြသည်။ ယင်းတွင် ဘုရား၏ ဖြောင့်မတ်ခြင်းကို ကျွန်ုပ် အဘယ်ကြောင့် မမြင်ရသနည်း။ ဤအရာများတွင် ဘုရား၏ ဖြောင့်မတ်သော စိတ်သဘောထားသည် အတိအကျ မည်သည့်နည်းလမ်းဖြင့် ပေါ်လွင်ထင်ရှားသနည်း။ ကျွန်ုပ် အဘယ်ကြောင့် မမြင်နိုင်ရသနည်း။ ပြီးလျှင် ကျွန်ုပ်ကိုယ်တိုင်၏ အခြေအနေကလည်း ရှိသည်။ ကျွန်ုပ်သည် မိမိ၏ တာဝန်ကို ထမ်းဆောင်ရာတွင် အနည်းငယ် ဝတ်ကျေတမ်းကျေ ဖြစ်ကောင်း ဖြစ်နိုင်ပြီး တစ်ခါတစ်ရံတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို အနည်းငယ် ထုတ်ဖော်ကောင်း ထုတ်ဖော်နိုင်သည်။ သို့သော်ငြားလည်း ကျွန်ုပ်တွင် ပါရမီရှိသည်။ ဘုရားအိမ်တော်သည် ကျွန်ုပ်ကို အဘယ့်ကြောင့် ရာထူးမတိုးပေးသနည်း” ဟူ၍ ဖြစ်လေသည်။ ထိုသို့သော အရေးကိစ္စများကြောင့် အန္တိခရစ်တို့သည် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။ ၎င်းတို့သည် အပြင်ပန်းဖြစ်စဉ်များကိုသာ မြင်ကြသည်။ သို့ရာတွင် အမှုအရာများ၏ နောက်ကွယ်ရှိ ဘုရားသခင်၏ ရည်ရွယ်ချက်များသည် မည်သည့်အရာများ ဖြစ်သည်ကိုမူ ၎င်းတို့ မမြင်နိုင်ကြပေ။ ၎င်းတို့ စိတ်နှလုံး နက်ရှိုင်းရာတွင် ဒွိဟများနှင့် သံသယများဖြင့်လည်းကောင်း၊ စိတ်ကူးများနှင့် အယူအဆများဖြင့်လည်းကောင်း ပြည့်နေကြပြီး ၎င်းတို့၏ စိတ်နှလုံးတွင် မဖြေလျှော့နိုင်သည့် အခဲမကျေမှုများစွာ ရှိသည်။ ဤအရာများအကြောင်းကို တွေးလိုက်သည့်အခါတိုင်းတွင် ၎င်းတို့သည် မကျေမချမ်းမှုဖြင့်လည်းကောင်း၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ဆန့်ကျင်၍ ပြစ်တင်ရှုတ်ချခြင်းနှင့် ပြစ်မှားစော်ကားခြင်းတို့ဖြင့်လည်းကောင်း ပြည့်သွားလေသည်။ စိတ်ထိခိုက်စွာဖြင့် ၎င်းတို့က မိမိတို့ကိုယ်ကို ပြောကြသည်။ “ဘုရားက ဖြောင့်မတ်လျှင် မာယာကင်းသော လူများသည် အဘယ်ကြောင့် ပြုပြင်ခြင်းခံရသနည်း။ သူက ဖြောင့်မတ်လျှင် ဖောက်ပြန်ပျက်စီးခြင်း အနည်းငယ်ကို ထုတ်ဖော်မိသည့် လူများကို အဘယ်ကြောင့် ခွင့်မလွှတ်သနည်း။ သူက ဖြောင့်မတ်လျှင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခဲ့ပြီး များစွာ ဆင်းရဲဒုက္ခခံခဲ့သော လူများသည် တကယ့်အလုပ်ကို လုပ်ရန် ပျက်ကွက်ခြင်းသက်သက်အတွက် အဘယ့်ကြောင့် အထုတ်ခံရသနည်း။ သူက ဖြောင့်မတ်လျှင် စွဲမြဲခိုင်မာစွာ ဆက်ကပ်ခြင်းဖြင့် သူ့နောက်လိုက်ကြသည့် ကျွန်ုပ်တို့သည် ညှဉ်းပန်းပြီး နှိပ်စက်ခြင်းခံရကာ ထောင်ချခြင်းခံရနိုင်ခြေရှိပြီး အချို့သော ကိစ္စများတွင် အသေရိုက်သတ်ခြင်းပင် ခံရမည်မှာ အဘယ့်ကြောင့်နည်း” ဟူ၍ ဖြစ်လေသည်။ အန္တိခရစ်များတွင် ဤဖြစ်စဉ်တစ်ခုတလေအတွက် ရှင်းလင်းသော ဖြေရှင်းချက် မရှိပေ။ ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို ၎င်းတို့ မသိကြပေ။ ယင်းကို ၎င်းတို့ ရှင်းလင်းစွာ မမြင်နိုင်ကြ။ မကြာခဏဆိုသလို ၎င်းတို့က မိမိတို့ကိုယ်ကို မေးမြန်းကြသည်။ “ကျွန်ုပ် ယုံကြည်သည့် ဘုရားသည် ဖြောင့်မတ်သလော။ သို့မဟုတ် မဖြောင့်မတ်သလော။ ဖြောင့်မတ်သည့် ဘုရားသည် တည်ရှိသလော။ သို့မဟုတ် မတည်ရှိသလော။ သူ အဘယ်မှာနည်း။ ကျွန်ုပ်တို့ အခက်အခဲများဖြင့် ရင်ဆိုင်ရသည့်အခါတွင်၊ ကျွန်ုပ်တို့ ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသည့်အခါတွင် သူဘာလုပ်နေသနည်း။ ကျွန်ုပ်တို့ကို သူကယ်တင်နိုင်သလော။ သို့မဟုတ် မကယ်တင်နိုင်သလော။ ဘုရားက ဖြောင့်မတ်လျှင် စာတန်ကို သူအဘယ်ကြောင့် မဖျက်ဆီးသနည်း။ အဆင်းနီသော နဂါးကြီးကို သူအဘယ်ကြောင့် မဖျက်ဆီးသနည်း။ ကောက်ကျစ်ဆိုးယုတ်သော ဤလူသားမျိုးနွယ်ကို သူအဘယ်ကြောင့် အပြစ်ဒဏ်မပေးသနည်း။ သူ့ကို ယုံကြည်ပြီး ဆိုးဆိုးရွားရွား ဒုက္ခခံထားရသော ကျွန်ုပ်တို့ကို သူအဘယ်ကြောင့် တရားမျှတခြင်း မကမ်းလှမ်းသနည်း၊ ပြီးလျှင် ကျွန်ုပ်တို့အတွက် မျှတခြင်းကို သူအဘယ်ကြောင့် မထိန်းသိမ်းသနည်း။ ကျွန်ုပ်တို့အတွက် သူအဘယ်ကြောင့် မရပ်တည်သနည်း။ နတ်ဆိုးများနှင့် စာတန်ကို ကျွန်ုပ်တို့ မုန်းတီးပြီး ဆိုးယုတ်သောလူများကို မုန်းတီးသည်။ ဘုရားသည် ကျွန်ုပ်တို့၏ မကျေနပ်ချက်များအတွက် အဘယ်ကြောင့် လက်စားမချေသနည်း” ဟူ၍ဖြစ်သည်။ “အဘယ်ကြောင့်” တစ်ခုပြီးတစ်ခုသည် အန္တိခရစ်တစ်ဦး၏ စိတ်နှလုံးထဲမှ မရပ်မနား ထွက်ပေါ်လာသည်မှာ စက်သေနတ်တစ်လက်ကဲ့သို့ဖြစ်ပြီး မည်သည့်နည်းနှင့်မျှ ထိန်းချုပ်၍ မရနိုင်ပေ။ ဤအရာများကို မထိန်းချုပ်နိုင်သည့်အခါတွင် ၎င်းတို့သည် အဘယ်ကြောင့် ဆုတောင်းပြီး ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ မလာသနည်း။ သို့မဟုတ် အဘယ်ကြောင့် သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး မိတ်သဟာယပြုရန်အတွက် ညီအစ်ကိုမောင်နှမများကို မရှာဖွေသနည်း။ ထိုသို့ပြုလျှင် ထိုသို့သော ပြဿနာများကို တစ်ခုပြီးတစ်ခု ၎င်းတို့ ဖြေရှင်းသွားမည်ပင် ဖြစ်သည်မဟုတ်လော။ ဤပြဿနာများကို ဖြေရှင်းခြင်းသည် အမှန်တကယ်ပင် ခက်ခဲသောအရာတစ်ခုဖြစ်သလော။ ဘုရားသခင်နှင့် သမ္မာတရားတို့ကို ကျိုးနွံနာခံသော သဘောထားတစ်ခု၊ သမ္မာတရားကို လက်ခံသော သဘောထားတစ်ခုကို သင်ခံယူလျှင် ဤပြဿနာများသည် ပြဿနာများ ဖြစ်တော့မည် မဟုတ်ချေ။ ယင်းတို့အားလုံးကို ဖြေရှင်း၍ရနိုင်သည်။ အန္တိခရစ်များသည် ယင်းကို အဘယ်ကြောင့် မလုပ်ဆောင်နိုင်သနည်း။ ၎င်းတို့သည် သမ္မာတရားကို လက်မခံသောကြောင့်ဖြစ်သည်။ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကို မယုံကြည်သောကြောင့် ဖြစ်သည်။ သို့မဟုတ် သမ္မာတရားကို အသိအမှတ်မပြုသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဖြစ်ပျက်သော အရာအားလုံးကို ဘုရားသခင်ထံမှ ခံယူနိုင်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအားလုံးကိုပင် ကျိုးနွံနာခံနိုင်ခြင်း မရှိပေ။ ထိုအကြောင်းကြောင့် အန္တိခရစ်များသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့်ပတ်သက်၍ စိတ်နှလုံးထဲတွင် သံသယများဖြင့် ပြည့်နေခြင်းဖြစ်သည်။ ၎င်းတို့သည် စမ်းသပ်မှုများဖြင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့၏ စိတ်နှလုံးတွင် ပြည့်နေသော သံသယများသည် ပေါက်ကွဲထွက်လာလိမ့်မည်ဖြစ်ကာ အတွင်းထဲတွင် ၎င်းတို့က “ဘုရားက ဖြောင့်မတ်လျှင် ကျွန်ုပ်တို့ကို သူအဘယ်ကြောင့် အလွန်များစွာ ဒုက္ခခံစားခွင့်ပေးသနည်း။ ဘုရားက ဖြောင့်မတ်လျှင် ခရစ်တော်နောက်လိုက်ရာ၌ ဒုက္ခတစ်ဝကြီး ခါးစည်းခံခဲ့ရသော ကျွန်ုပ်တို့အပေါ် သူအဘယ်ကြောင့် သနားကရုဏာ မထားသနည်း။ ဘုရားက ဖြောင့်မတ်လျှင် သူ့အတွက် မိမိတို့ကိုယ်ကို အသုံးခံပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်သော ကျွန်ုပ်တို့ကို သူအဘယ်ကြောင့် မကာကွယ်သနည်း၊ သို့မဟုတ် ကျွန်ုပ်တို့၏ မိသားစုများကို သူအဘယ်ကြောင့် မကာကွယ်သနည်း။ ဘုရားက ဖြောင့်မတ်လျှင် သူ့ကို ရိုးသားစစ်မှန်စွာ ယုံကြည်သော လူတချို့ကို အဆင်းနီသော နဂါးကြီး၏ လက်ထဲတွင် ထောင်ထဲ၌ သူအဘယ်ကြောင့် သေခွင့်ပြုသနည်း” ဟု ဘုရားသခင်ကို မေးခွန်းထုတ်မည် ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် ဘုရားသခင်ကို စတင်၍ ပွက်ပွက်ညံအောင် ကန့်ကွက်ကြတော့သည်။ “ဘုရားက ဖြောင့်မတ်လျှင် ကျွန်ုပ်တို့ကို အလွန်များစွာ ဒုက္ခခံခွင့်မပြုသင့်ပါ။ ဘုရားက ဖြောင့်မတ်လျှင် ကျွန်ုပ်တို့ကို ယုတ္တိမဲ့စွာဖြစ်စေ၊ အကြောင်းပြချက်မဲ့စွာဖြစ်စေ ဆုံးမပဲ့ပြင်ခြင်းနှင့် ထုတ်ဖော်ခြင်း မပြုသင့်ပါ။ ဘုရားက ဖြောင့်မတ်လျှင် ကျွန်ုပ်တို့ လုပ်ဆောင်သည့် ဒုစရိုက်အမှုများ အားလုံးကို သည်းခံသင့်ပြီး ကျွန်ုပ်တို့၏ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းများအားလုံးကို ခွင့်လွှတ်ကာ ကျွန်ုပ်တို့၏ ပြစ်မှားခြင်းများအားလုံးအတွက် ခွင့်ပြုချက်ပေးသင့်သည်။ သင်သည် ဤအရာများကိုပင် မလုပ်ဆောင်နိုင်လျှင် ဖြောင့်မတ်သောဘုရားတစ်ပါး မဟုတ်ပါ” ဟူ၍ ဖြစ်လေသည်။ ဤအရာများအားလုံးသည် အန္တိခရစ်တို့၏ စိတ်ထဲတွင် ရှိသော အရာများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများဖြင့် ပြည့်နေပြီး ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို လုံးဝမရှာဖွေကြချေ။ ၎င်းတို့ ထုတ်ဖော်ခြင်းခံရသည့် နေ့ရက်ရောက်လာသည့်အခါတွင် ဤအယူအဆများသည် ပေါက်ကွဲထွက်လာရန် သေချာပေသည်။ ယင်းမှာ အန္တိခရစ်တို့၏ အကျည်းတန်သော စိတ်နေစိတ်ထားနှင့် စစ်မှန်သော စရိုက်မှန် ဖြစ်၏။

အန္တိခရစ်တို့သည် ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်သည် ဟူသည့်အချက်ကို အသိအမှတ်ပြုရန် မဆိုထားနှင့် သမ္မာတရားကို အသိအမှတ်ပြုခြင်း သို့မဟုတ် လက်ခံခြင်းပင် မရှိကြသောကြောင့် ၎င်းတို့အတွက် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ကြီးမားသော၊ မဖြေရှင်းရသေးသော မေးခွန်းတစ်ခုဖြစ်သည်။ ပြီးလျှင် အချိန်ကုန်လွန်လာသည်နှင့်အမျှ၊ ဖြစ်ရပ်များ ဖြစ်ပေါ်လာသည်နှင့်အမျှ၊ ပြဿနာမျိုးစုံ ပေါ်ပေါက်လာသည်နှင့်အမျှ ၎င်းတို့၏ ထိုမေးခွန်းအမှတ်အသားသည် ပို၍ ကြီးသည်ထက် ကြီးလာကာ ဖြည်းဖြည်းချင်းဖြင့် ကြက်ခြေခတ် အမှတ်သားအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုကြက်ခြေခတ် အမှတ်အသားသည် မည်သည့်သဘောဆောင်သနည်း။ ယင်းမှာ ဘုရားသခင်သည် ဖြောင့်မတ်သည်ဟူသည့် အချက်ကို ၎င်းတို့က လုံးလုံးလျားလျား ငြင်းပယ်သည်ကို ဆိုလိုသည်။ ပြီးလျှင် ဘုရားသခင်သည် ‌ဖြောင့်မတ်သည်ကို အန္တိခရစ်တစ်ဦး ငြင်းပယ်သည့်အချိန်ဖြစ်သည့် ထိုကြက်ခြေခတ်အမှတ်အသား ရေးဆွဲပြီးသည့်အခါတွင် ၎င်းတို့၏ စိတ်ကူးယဉ်အိပ်မက်များနှင့် ဆန္ဒများ အားလုံးသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားကြ၏။ ဤအရာကို သေချာစဉ်းစားဆင်ခြင်လော့။ ထိုသို့သော အကျိုးဆက်တစ်ခုသို့ ဆိုက်ရောက်စေသည့် အစမှတ်မှာ အဘယ်နည်း။ (အန္တိခရစ်တို့က ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် ၎င်းတို့သည် ကောင်းချီးပေးခြင်းခံရသင့်ကာ သူ၏ ကွယ်ကာခြင်းကို လက်ခံရရှိသင့်သည်ဟု တွေးထင်ကြပါသည်။ ထို့ကြောင့် ဘုရားသခင်က ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် မကိုက်ညီသော အမှုကို ဆောင်ရွက်သည့်အခါတွင် ၎င်းတို့က သူသည် မဖြောင့်မတ်ကြောင်း ခံစားရ၍ ထိုအမှုကို သူ့ထံမှ မခံယူနိုင်ကြပါ။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ မိမိတို့၏ အယူအဆများ ပေါ်ပေါက်လာသည့်အခါ ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်း မရှိလေရာ ယင်းတို့ကို ချက်ချင်း မဖြေရှင်းနိုင်ကြပါ။ ဤနည်းအားဖြင့် ၎င်းတို့၏ အယူအဆများသည် စုစည်းလာကာ ပုံလာပါသည်။ ယင်းက အဆုံးတွင် ထိုသို့သော အကျိုးဆက်တစ်ခုကို ဖြစ်စေသည့်အရာ ဖြစ်ပါသည်။) သင်တို့က အပေါ်ယံအဆင့် ဖြစ်စဉ်အကြောင်း ပြောနေကြခြင်း ဖြစ်သည်။ အရင်းအမြစ်ကို သဘောပေါက်ခြင်း မရှိပေ။ ငါအဘယ်ကြောင့် ထိုသို့ပြောရသနည်း။ အကြောင်းမှာ ဤကဲ့သို့ပြုမူရန်၊ ထိုသို့သော အမြင်ရှုထောင့်များ ထားရှိရန် အန္တိခရစ်တို့၏ စွမ်းရည်ဇာစ်မြစ်တွင်လည်းကောင်း၊ ဘုရားသခင်ကို သံသယထားရန်နှင့် ငြင်းပယ်ရန် ၎င်းတို့၏ စွမ်းရည်ဇာစ်မြစ်တွင်လည်းကောင်း တစ်စုံတစ်ရာ ရှိသောကြောင့် ဖြစ်၏။ ယင်းကို အန္တိခရစ်တစ်ဦး၏ သဘာဝအနှစ်သာရအားဖြင့် အဆုံးအဖြတ်ပေးသည်မှာ ပြောစရာမလိုပေ။ ယင်းမှာ အရင်းအမြစ်ဖြစ်သည်။ ထိုအကြောင်းကိုမူ ဤမျှသာ ပြောဦးမည်။ အဓိက ဖြစ်ကြောင်းရင်းမြစ်မှာ တကယ့်ကနဦးအစကတည်းက အန္တိခရစ်တို့သည် သမ္မာတရားကို ချစ်ခြင်း သို့မဟုတ် လက်ခံခြင်း မရှိကြခြင်းဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို အဘယ်ကြောင့် လက်မခံသနည်း။ ဤသည်မှာလည်း ယင်း၏ အရင်းအမြစ်ရှိသည်။ ၎င်းတို့သည် ဘုရားသခင်က သမ္မာတရားဖြစ်ကြောင်း၊ သူ့နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း အသိအမှတ်မပြုကြပေ။ ပြီးလျှင် ၎င်းတို့က ယင်းကို အသိအမှတ်မပြုသည့်အတွက် လက်မခံနိုင်ပေ။ သမ္မာတရားကို ၎င်းတို့ လက်မခံနိုင်သည်ကို ထောက်ဆသော် သမ္မာတရား၏ ရှုမြင်ပုံဖြင့် ပြဿနာတစ်ခုတလေကို တစ်နည်းနည်းနှင့် ကြည့်နိုင်သလော။ (မကြည့်နိုင်ပါ။) ယင်းကို ၎င်းတို့ မလုပ်ဆောင်နိုင်ပေ။ သို့ဖြစ်၍ အကျိုးဆက်များမှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့အပေါ် ဖြစ်ပျက်သော အမှုအရာများသည် မည်သည့်အရာများဖြစ်ပါစေ ယင်းတို့ကို မရိပ်စားမိနိုင်ချေ။ ၎င်းတို့အနီးတွင် ဖြစ်ပျက်သော ကိစ္စကြီးကြီးငယ်ငယ်ကိုလည်း‌ကောင်း၊ အခြားသူများ၏ စကားများကိုလည်းကောင်း မရိပ်စားမိနိုင်ချေ။ လူများ သို့မဟုတ် ဖြစ်ရပ်များကို ၎င်းတို့ မရိပ်စားမိနိုင်ချေ။ မည်သည့်အရာကိုမျှ ၎င်းတို့ မရိပ်စားမိနိုင်ချေ။ အချို့သောအရာများသည် အပြင်ပန်းတွင် ၎င်းတို့ပြောသည့်အတိုင်း ဖြစ်ပုံရသော်လည်း အနှစ်သာရအားဖြင့် ယင်းတို့မှာ ထိုသို့မဟုတ်ပေ။ ဤသည်မှာ သမ္မာတရားနှင့် သက်ဆိုင်သည်။ သင်သည် သမ္မာတရားကို နားမလည်လျှင်၊ သို့မဟုတ် လက်မခံလျှင် ဤအရာများတွင် ပါဝင်သည့် သမ္မာတရားကို နားလည်နိုင်သလော။ သင်နားမလည်နိုင်ပေ။ သို့ဖြစ်၍ လူ၏ ရှုမြင်ပုံဖြင့်၊ လူ၏ အသိပညာဖြင့်၊ လူ၏ ဦးနှောက်ဖြင့် အမှုအရာများကို ဆန်းစစ်ပြီး လေ့လာရုံသာ သင်လုပ်ဆောင်နိုင်လေသည်။ ထိုသို့သော လေ့လာမှုသည် မည်သည့်ရလဒ်များကို ဖြစ်ပေါ်စေမည်နည်း။ ယင်းတို့သည် သမ္မာတရားနှင့် ကိုက်ညီမည်လော။ ယင်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များ၊ ရည်ရွယ်ချက်များဖြင့် ကိုက်ညီမည်လော။ မကိုက်ညီချေ၊ ယင်းတို့သည် မည်သည့်အခါမျှ ကိုက်ညီမည် မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သည့်သူများအားလုံး သိရှိကြသည့် ယောဘ၏ ဇာတ်ကြောင်းကဲ့သို့ပင် ဖြစ်လေသည်။ သမ္မာတရားကို အသိအမှတ်ပြုပြီး လက်ခံသည့်အပြင် ဘုရားသခင်ကို ယုံကြည်ပြီး ကျိုးနွံနာခံနိုင်သည့် လူတိုင်းက စိတ်နှလုံးတွင် ယောဘကို ချီးကျူးပြီး လေးစားအားကျကြသည်။ ၎င်းတို့အားလုံးသည် ယောဘကဲ့သို့ လူတစ်ယောက် ဖြစ်ဖို့ ဆန္ဒရှိကြသည်။ မိမိအပေါ် စမ်းသပ်မှုများအလယ်တွင် ဘုရားသခင်အတွက် ချီးကျူးခြင်းနှင့် အသိအမှတ်ပြုခြင်းဖြစ်သည့် ယောဘ၏ ထုတ်ဖော်ပြသမှုများကိုလည်း ၎င်းတို့က ချီးကျူးပြီး လေးစားအားကျကြသည်။ ယောဘအပေါ် ဆိုက်ရောက်လာသည့် အမျိုးမျိုးသော အတိဒုက္ခများနှင့် မချိမဆံ့ဝေဒနာများသည် ဘုရားသခင်၏ အမှုဖြစ်ကြောင်း လူများက ၎င်းတို့၏ စိတ်နှလုံးထဲတွင် နားလည်နိုင်ကြသည်။ ခြုံကြည့်သော် လူတစ်ယောက်အနေဖြင့် ယောဘသည် သမ္မာတရား လိုက်စားသူများအားလုံးအတွက် ရည်သန်မျှော်မှန်းချက်တစ်ခုအဖြစ် ရပ်တည်လေသည်။ ၎င်းတို့အားလုံးသည် သူ၏ စံနမူနာအတိုင်း လိုက်လိုပြီး ထိုသို့သော လူတစ်ဦး ဖြစ်လိုကြသည်။ သို့ဆိုလျှင် ထိုသို့သော အပြုသဘောဆောင်သည့် ရလဒ်သည် မည်သို့စွမ်းဆောင်ရရှိသနည်း။ ယင်း၏ အခြေခံအုတ်မြစ်မှာ အဘယ်နည်း။ ဤသည်မှာ သမ္မာတရားဖြစ်ကြောင်း၊ ဤအရာအားလုံးသည် ဘုရားသခင်၏ အမှုတော်ဖြစ်ကြောင်း လှိုက်လှိုက်လှဲလှဲ ယုံကြည်လက်ခံခြင်းနှင့် အသိအမှတ်ပြုခြင်း ဖြစ်သည်။ လူတစ်ဦးသည် ယောဘကဲ့သို့ လူတစ်ယောက် ဖြစ်ရန် တစ်ဆင့်ချင်း ဆန္ဒရှိလာသည်မှာ၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်သောသူတစ်ဦး ဖြစ်လာရန် ဆန္ဒရှိလာသည်မှာ ဤအခြေခံအုတ်မြစ်ပေါ်တွင် ဖြစ်လေသည်။ ၎င်းတို့သည် စိတ်နှလုံးတွင် ဤအရာအားလုံးကို ယုံကြည်ပြီး အသိအမှတ်ပြုကာ နောက်ဆုံးတွင် ယင်းနှင့်ပတ်သက်၍ ပြင်းပြင်းသောဆန္ဒတစ်ခုကို စွမ်းဆောင်ရရှိကြသည်။ ယင်းမှာ ၎င်းတို့၏ ဘဝတွင် ၎င်းတို့ ဆက်လက်လိုက်စားသည့်အရာ ဖြစ်သည်။ ထိုသို့သောရလဒ်တစ်ခုကို စွမ်းဆောင်ရရှိရန် အခြေခံအကျဆုံးသော အရာမှာ ဤအရာအားလုံးကို စိတ်နှလုံးတွင် အသိအမှတ်ပြုပြီး ယုံကြည်ရန် ဖြစ်သည်။ သို့ဆိုလျှင် အန္တိခရစ်များတွင် ထိုသို့သော အသိအမှတ်ပြုခြင်းနှင့် ယုံကြည်လက်ခံခြင်း ရှိသလော။ ၎င်းတို့တွင် မရှိပေ။ အန္တိခရစ်များသည် ယောဘ ဖြတ်သန်းခဲ့သည့်အရာ အားလုံးကို မည်သို့ရှုမြင်သနည်း။ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာများအားလုံးတွင် အရေးပါမှု ရှိသည်ဟု ၎င်းတို့ထင်သလော။ ယင်းတို့အားလုံးအပေါ် သူအုပ်စိုးထားသည်ကို ၎င်းတို့မြင်နိုင်သလော။ ယင်းကို ၎င်းတို့ မမြင်နိုင်သကဲ့သို့ ဘုရားသခင် လုပ်ဆောင်သမျှ အရာအားလုံးတွင် အရေးပါမှု ရှိသည်ကိုလည်း ၎င်းတို့ မမြင်နိုင်ကြချေ။ ၎င်းတို့သည် ယင်းတွင် မည်သည့်အရာကို မြင်ကြသနည်း။ ယောဘတွင် သိုးများနှင့် နွားယှဉ်များ တောင်ပုံရာပုံဖြင့်လည်းကောင်း၊ တစ်ပြည်လုံးတွင် အလှပဆုံးသော သားများနှင့် သမီးများဖြင့်လည်းကောင်း ကြီးမားသော ဓနဥစ္စာရှိကြောင်းကို မြင်ကြသည်။ ဤအရာကိုမူ ၎င်းတို့ မြင်ကြသည်။ ထို့နောက်တွင် သူ၏ ဆင်းရဲဒုက္ခများအားလုံး ပြီးနောက်တွင် ဘုရားသခင်က သူ့ကို နောက်တစ်ကြိမ် ကောင်းချီးပေးလေသည်။ ယင်းတွင် ၎င်းတို့ မည်သည့်အရာကို မြင်ကြသနည်း။ ၎င်းတို့က “ထိုလူသည် ထိုကောင်းချီးများအတွက် အပေးအယူလုပ်ခဲ့သည်။ သူသည် ယင်းတို့ကို ထိုက်ထိုက်တန်တန် ရရှိခဲ့ခြင်းဖြစ်သည်။ ဘုရားအနေဖြင့် ယင်းတို့ကို ပေးသနားမှသာ တရားနည်းလမ်းကျမည်” ဟု ပြောကြမည်ဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ၎င်းတို့၏ ယေဘုယျ နားလည်သဘောပေါက်မှုတွင် အန္တိခရစ်တို့၏ အမြင်ရှုထောင့်သည် သမ္မာတရားကို ၎င်းတို့လက်ခံပြီး ဘုရားသခင်ကို ကျိုးနွံနာခံသည့် အမြင်ရှုထောင့်မှ ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ယင်းကို မည်သည့်အမြင်ရှုထောင့်မျိုးမှ ၎င်းတို့ရှုမြင်ကြသနည်း။ ကိစ္စရပ်တစ်ခုလုံးကို အန္တိခရစ်တို့ ရှုမြင်သည့် အမြင်ရှုထောင့် တစ်ခုတည်းသာ ရှိသည်။ ယင်းမှာ မယုံကြည်သူတစ်ဦး၏ အမြင်ရှုထောင့်ဖြစ်၏။ မယုံကြည်သူတစ်ဦးသည် အမြတ်ထွက်မထွက်ကိုဖြစ်စေ၊ အကျိုးရခြင်း ရှိမရှိကိုဖြစ်စေ၊ ဆုံးရှုံးနစ်နာမှု ရှိမရှိကိုဖြစ်စေ ကြည့်ရှုကြပြီး အခွင့်အရေးကို မည်သို့ကောင်းစွာ အသုံးချပြီး မည်သို့အသုံးမချရမည်၊ ဆုံးရှုံးမှုနှင့် ဆင်းရဲဒုက္ခတို့ကို မည်သည့်အရာက ဖြစ်စေသည်၊ မည်သည့်အရာက လုပ်ဆောင်ရကျိုးမနပ်ဘဲ မည်သည့်အရာက လုပ်ဆောင်ရကျိုးနပ်သည်တို့ကို ကြည့်ရှုကြသည်။ ဤသည်မှာ မယုံကြည်သူများ၏ အမြင်ရှုထောင့်ဖြစ်၏။ မယုံကြည်သူများသည် ဤနည်းဟန်ဖြင့်လည်းကောင်း၊ ဤအနှစ်သာရမျိုးဖြင့်လည်းကောင်း အရာရာကို ရှုမြင်ကာ သဘောထားပြီး လုပ်ဆောင်ကြသည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအပေါ် အန္တိခရစ်တို့၏ သဘောထားဖြစ်လေသည်။

ခ။ ဘုရားသခင်၏ အနန္တတန်ခိုးကို စက်ဆုပ်ရွံရှာခြင်း

အန္တိခရစ်များသည် ဘုရားသခင်၏ အနန္တတန်ခိုးကို မည်သို့ ရှုမြင်သနည်း။ အန္တိခရစ်တစ်ဦးအတွက် “အနန္တတန်ခိုး”ဟူသည့် စကားလုံးသည် ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို နှိုးဆော်ပေးနိုင်သည့် အလွန် စိတ်လှုပ်ရှားစေသော စကားလုံးတစ်ခုဖြစ်သည်ဟုဆိုလျှင် တရားနည်းလမ်းကျပေသည်။ ဤသည်မှာ ၎င်းတို့သည် ထိုသို့သောလူစားမျိုး အလွန်ပင် ဖြစ်လိုသောကြောင့်တည်း။ အနန္တတန်ခိုးရှင်ဖြစ်ရန်၊ အရာခပ်သိမ်း တတ်စွမ်းနိုင်ရန်နှင့် နေရာတိုင်းတွင် တစ်ပြိုင်နက်တည်းရှိရန်၊ အရာရာကို လုပ်နိုင်စွမ်းရှိရန်၊ မည်သည့်အရာကိုမဆို လုပ်ဆောင်တတ်ရန်၊ မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ရန် လူတစ်ဦးသည် ဤလုပ်နိုင်စွမ်းကို ရရှိခဲ့လျှင်၊ ၎င်းသည် ဤစွမ်းရည်ရှိခဲ့လျှင် အရာရာသည် ၎င်းအတွက် အလွယ်ကလေး ဖြစ်ပေမည်။ ၎င်းသည် မည်သူ့ကိုမျှ ကြောက်ရန် လိုအပ်မည် မဟုတ်ပေ။ ၎င်းတွင် အမြင့်မားဆုံးသော ဩဇာအာဏာ၊ အမြင့်မားဆုံးသော အဆင့်အတန်း ရှိမည် ဖြစ်ပြီး အခြားသူများအပေါ် အုပ်စိုးနိုင်လိမ့်မည်။ ၎င်းသည် အခြားသူများအပေါ် ထိန်းချုပ်ရန်နှင့် ကြိုးကိုင်ညွှန်ကြားရန် အကြွင်းမဲ့ တန်ခိုးအာဏာရှိလိမ့်မည်။ အန္တိခရစ်တစ်ဦးသည် ဤအရာကို လက်လှမ်းမမီနိုင်ဘဲ ယင်းက ၎င်း၏ ရည်မှန်းချက်များ၊ ၎င်း၏ လိုအင်ဆန္ဒများနှင့် ၎င်း၏ စရိုက်မှန်တို့ကို ပေါ်လွင်စေ၏။ ဤအရာ၏ တစ်စိတ်တစ်ဒေသမှာ “ဘုရားသခင်၏ အနန္တတန်ခိုး” ဟူသော စကားရပ်က ၎င်းတို့ကို အမျိုးစုံသော စိတ်ကူးစိတ်သန်းများ၊ သိချင်စိတ်ပြင်းပြခြင်း၊ အယူအဆများဖြင့် ပြည့်စေသောကြောင့် ဖြစ်သည်။ နောက်တစ်ပိုင်းမှာမူ ၎င်းတို့၏ သိမြင်မှုကို ဖြန့်ကျက်နိုင်ရန်၊ ပို၍ ထိုးထွင်းအမြင်ရှိနိုင်ရန်နှင့် ၎င်းတို့၏ သိချင်စိတ်ပြင်းပြမှုကို ဖြည့်ဆည်းနိုင်ရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်ခြင်းမှတစ်ဆင့် သူ၏အနန္တတန်ခိုးကို ထိုးထွင်းသိမြင်မှု ရလိုသောကြောင့် ဖြစ်သည်။ နောက်တစ်ပိုင်းရှိသေးသည်မှာ ၎င်းတို့သည်လည်း အရာခပ်သိမ်း တတ်စွမ်းနိုင်ရန်၊ ပိုပို၍များသော လူများက ၎င်းတို့အား ပျပ်ဝပ်ပြီး ထိုလူတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့အတွက် နေရာတစ်ခု ထားရှိလျက်ဖြင့် ထောင်ပေါင်းများစွာတို့၏ ကိုးကွယ်ခြင်းခံရရန်လည်း ကြိုးစားနေခြင်းဖြစ်သည်။ သို့ဆိုလျှင် အန္တိခရစ်တို့တွင် ဘုရားသခင်၏ အနန္တတန်ခိုးနှင့်ပတ်သက်၍ စစ်မှန်သော သိမြင်မှု ရှိကြသလော။ ၎င်းတို့တွင် စစ်မှန်သော ယုံကြည်ခြင်း ရှိသလော။ တစ်ဖန် ယင်းမှာ အန္တိခရစ်တို့က ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် ပတ်သက်လျှင် ဖြစ်သကဲ့သို့ပင် ၎င်းတို့သည် အယူအဆများဖြင့်လည်းကောင်း၊ အမှန်တရားနှင့် မကိုက်ညီသော မရေရာဘဲ အနှစ်သာရမဲ့သော စိတ်ကူးစိတ်သန်းများဖြင့်လည်းကောင်း ပြည့်နေရုံမျှမကဘဲ ဘုရားသခင်၏ အနန္တတန်ခိုးအပေါ် နက်ရှိုင်းသော သံသယများလည်း ပေါက်ဖွားကြလေသည်။ ၎င်းတို့သည် သံသယရှိကြသည်။ ယင်းကို မယုံကြည်ကြပေ။ “အနန္တတန်ခိုးလော။ ဤကမ္ဘာတွင် အနန္တတန်ခိုးရှင် ဖြစ်သည့်သူ တစ်ဦးတလေ မည်သည့်နေရာတွင် ရှိသနည်း။ နေရာတိုင်းတွင် တစ်ပြိုင်နက်တည်းရှိပြီး အရာခပ်သိမ်း တတ်စွမ်းနိုင်သည့်သူတစ်ဦး ရှိသည့်နေရာ အဘယ်မှာနည်း။ ထိုသို့သောသူ မရှိပါ။ ကမ္ဘာကြီးတွင် ကြီးမြတ်ပြီး ထင်ရှားသော လူများ တစ်ပုံတစ်ပင်ရှိသည်။ ပြီးလျှင် ဥပမာအနေဖြင့် ပရောဖက်များ၊ အမျိုးစုံသော နက္ခတ်ဗေဒင်ဆရာများနှင့် ပရောဖက်ပြုချက်ကို အနက်အဓိပ္ပာယ် ဖွင့်ဆိုသူများကဲ့သို့ သိပ္ပံနည်းဖြင့် အဖြေထုတ်၍ မရနိုင်သော စွမ်းအားဖြင့် လူများ များစွာရှိပြီး ၎င်းတို့ပင်လျှင် အရာခပ်သိမ်း တတ်စွမ်းနိုင်သည့်သူ မဟုတ်ကြပါ။ ‘ဘုရား၏ အနန္တတန်ခိုး’ ၏ နောက်ကွယ်တွင် ထားရှိရန် မေးခွန်းအမှတ်သင်္ကေတတစ်ခု လိုအပ်နေဆဲဖြစ်သည်။ ယင်းကို နှံ့နှံ့စပ်စပ် သုတေသနပြုရန် လိုအပ်သည်” ဟူ၍ ဖြစ်သည်။ သို့ဖြစ်၍ အန္တိခရစ်တစ်ဦးအတွက်မူ “ဘုရားက မည်သို့ဖြစ်၍များ အနန္တတန်ခိုးရှင် ဖြစ်နိုင်သည်ကို ငါ စိတ်ကူး၍မရနိုင်၊ သို့မဟုတ် နားမလည်နိုင်ပါ။ သို့ဖြစ်၍ သူ၏ ဤ ‘အနန္တတန်ခိုး’ သည် မတည်ရှိပါ။ ယင်းကို ငါ အသိအမှတ်မပြုပါ။ အကယ်ပင် ဘုရား၏ စွမ်းပကားနှင့် တတ်နိုင်စွမ်းတို့က မည်မျှကြီးမားသနည်း။ အတိတ်မှ၊ ပစ္စုပ္ပန်မှ၊ သို့မဟုတ် အနာဂတ်မှ မည်သူကမျှ ၎င်းကို မမြင်ဖူးပါ၊ သို့မဟုတ် မြင်မည်မဟုတ်ပါ” ဟူ၍ ၎င်းတို့က ယုံကြည်သဖြင့် အနန္တတန်ခိုးနှင့်ဆိုင်သော ဘုရားသခင်၏ အနှစ်သာရသည် မတည်ရှိပေ။ အန္တိခရစ်တို့သည် စိတ်နှလုံးထဲတွင် အဆက်မပြတ် သံသယရှိကာ မသေမချာ ဖြစ်နေကြသောကြောင့် အသင်းတော်တွင်လည်းကောင်း၊ ညီအစ်ကိုမောင်နှမများအပေါ်ကိုလည်းကောင်း ဖြစ်ပျက်သည့်အရာမှန်သမျှသည် ၎င်းတို့၏ သုတေသန အကြောင်းအရာနှင့် နယ်ပယ်ဖြစ်လာလေသည်။ ၎င်းတို့သည် မည်သည့်အရာကို သုတေသန လုပ်နေကြသနည်း။ ၎င်းတို့သည် ဖြစ်ပေါ်လာသမျှ အရာအားလုံးတွင်လည်းကောင်း၊ အုပ်စုတစ်စု သို့မဟုတ် လူတစ်ယောက်တွင် ဖြစ်ပျက်သည့်အရာ အားလုံးတွင်လည်းကောင်း၊ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာကိုလည်းကောင်း၊ သူမည်သို့ လုပ်ဆောင်ခဲ့သည်ကိုလည်းကောင်း၊ ယင်းထဲတွင် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်အမှုတစ်ခုတလေ ရှိမရှိကိုလည်းကောင်း၊ လူတစ်ဦးစိတ်ကူး၍ ရနိုင်သောအရာထက် ကျော်လွန်သော၊ သို့မဟုတ် လူတစ်ဦး၏ စွမ်းရည်နှင့် လက်လှမ်းမီမှုကို ကျော်လွန်သော သစ်လွင်ပြီး တမူထူးခြားသည့် ဖြစ်စဉ်တစ်ခုတလေ ရှိမရှိကိုလည်းကောင်း သုတေသန လုပ်နေကြသည်။ ထို့အပြင် ညီအစ်ကိုမောင်နှမတစ်ဦးတလေက ၎င်းတို့ထဲတွင် ဘုရားသခင်က လူ၏ မျှော်မှန်းချက်များကို ကျော်လွန်သွားသကဲ့သို့ဖြစ်သော ထိုသို့သော အမှုကို လုပ်ဆောင်နေသည့် အတွေ့အကြုံတစ်ခုအကြောင်း ပြောဆိုထားခြင်း ရှိမရှိကို ၎င်းတို့ သုတေသန ပြုနေကြသည်။ ဤအရာ၏ ဥပမာတစ်ခုမှာ ရိုးရာပုံပြင်ထဲမှကဲ့သို့ပင် မိန်းမငယ်လေးတစ်ဦးသည် မြစ်ခရုခွံထဲမှ ထွက်လာပြီး ၎င်းတို့ အဆာလောင်ဆုံးအချိန်တွင် ၎င်းတို့အတွက် စားတော်ပွဲ ပြင်ဆင်ပေးခြင်း ဖြစ်ပေမည်။ နောက်ထပ်တစ်ခုမှာ ၎င်းတို့၏ နေအိမ်တွင် ၎င်းတို့ ‌ငွေနည်းနေသည့်အချိန်တွင် မမျှော်လင့်ဘဲ ရွှေများ ထွက်ပေါ်လာခြင်း၊ သို့မဟုတ် ၎င်းတို့ လိုက်လံဖမ်းဆီးခြင်း ခံရသည့်အချိန်တွင် ၎င်းတို့ကို လိုက်လံဖမ်းဆီးသူများသည် ရုတ်ခြည်း မည်သည့်အရာမျှ မမြင်ရတော့ဘဲ မျက်လုံးကန်းသွားခြင်း သို့မဟုတ် ကောင်းကင်တမန်တစ်ပါး ဆင်းလာကာ ၎င်းတို့အား “ကလေး၊ မကြောက်နှင့်။ သင့်ကို ကယ်တင်ရန် ငါ ရောက်လာ၏” ဟု ပြောခြင်း ဖြစ်လေသည်။ ကွဲပြားသော ဥပမာတစ်ခုမှာမူ ညီအစ်ကိုမောင်နှမများက ကြမ်းတမ်းစွာ ရိုက်နှက်ခြင်းများနှင့် ရက်စက်စွာ နှိပ်စက်ခြင်းတို့ကို ခံစားနေရသည်အချိန်တွင် ဘုရား၏ ကြီးမားသော အလင်းရောင်က ဖြာကျလာပြီး အပြစ်ကျူးလွန်သူများ၏ မျက်လုံးများကို ကန်းစေ၍ ဘုရားက ၎င်းတို့ကို အပြစ်ဒဏ်ပေးသဖြင့် ကြမ်းပြင်ပေါ်တွင် ၎င်းတို့ လူးလှိမ့်လျက် သနားကရုဏာထားပါရန် အနူးအညွတ် တောင်းပန်ကာ ညီအစ်ကိုမောင်နှမများကို မည်သည့်အခါမျှ ထပ်၍ မရိုက်ရဲအောင် ဖြစ်သွားစေခြင်း ဖြစ်သည်။ သို့မဟုတ် ၎င်းတို့က ဘုရားနှုတ်ကပတ်တော်များကို ဖတ်နေသော်လည်း ၎င်းတို့ မည်မျှကြိုးစားပါစေ ယင်းတို့ကို နားမလည်နိုင်ဘဲ မှေးခနဲဖြစ်ခါနီးတွင် “မအိပ်နှင့်။ နိုးထလော့။ ဤသည်မှာ ငါ့နှုတ်ကပတ်တော်များက ဆိုလိုသည့်အရာဖြစ်သည်” ဟု ၎င်းတို့ကို ပြောသော မြူထဲမှ ပုံစံတစ်ခုကို မြင်ရသည့် အချိန်တွင်ဖြစ်သည်။ သို့မဟုတ် တစ်စုံတစ်ခု ဖြစ်ပျက်ပြီး ၎င်းတို့က အမှားတစ်ခုကို လုပ်တော့မည့်ဆဲဆဲတွင် ယင်းကို လုပ်ဆောင်ခြင်းသည် မှားယွင်းမည် ဖြစ်ကြောင်းနှင့် ဤအရာကို လုပ်ဆောင်ခြင်းသည် မှန်ကန်မည်ဖြစ်ကြောင်း တန်ခိုးစွမ်းအားရှိသော စိတ်အတွင်းပိုင်းမှ အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းအားဖြင့် သတိပေးနှိုးဆော်ခြင်း ခံရသည့်အချိန် ဖြစ်သည်။ သာမန်လူများက မတွေ့ကြုံနိုင်ဘဲ လုပ်ဆောင်နိုင်စွမ်း မရှိသော ဤအရာများထဲမှ တစ်ခုတလေ အသင်းတော်တွင် ဖြစ်ပျက်ခဲ့လျှင်၊ ဘုရားအိမ်တော်တွင် ဖြစ်ပျက်ခဲ့လျှင်၊ ဘုရားသခင်နောက်လိုက်သည့်သူ တစ်ယောက်တလေတွင် ဖြစ်ပျက်ခဲ့လျှင် ယင်းမှာ ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ကြောင်း သက်သေပြရန် လုံလောက်မည်ဖြစ်သည်။ ထိုသို့သောအရာမျိုး မဖြစ်ပျက်လျှင်၊ သို့မဟုတ် ထိုသို့သောအရာများသည် အတော်ပင် ဖြစ်ခေါင့်ဖြစ်ခဲသာ ဖြစ်ပျက်လျှင်၊ ထိုသို့သောအရာများသည် အမှန်တကယ် ဖြစ်ပေါ်လျှင်ပင် ယင်းမှာ မည်သို့ဆိုစေ ကောလာဟလသာ ဖြစ်သောကြောင့် ယင်းတို့၏ အဖြစ်မှန်ဖြစ်ခြင်းနှင့် ယုံကြည်လက်ခံနိုင်သောအရာ ဖြစ်ခြင်းတို့မှာ ကြီးမားစွာ ယုံမှားမကင်းခံရလေလျှင် ဘုရားသခင်၏ အနန္တတန်ခိုးသည် အမှန်တရားတစ်ခု ဟုတ်သလော။ သို့မဟုတ် မဟုတ်သလော။ ဘုရားခင်သည် အနန္တတန်ခိုး၏ အနှစ်သာရကို ပိုင်ဆိုင်သလော။ သို့မဟုတ် မပိုင်ဆိုင်သလော။ အန္တိခရစ်တစ်ဦး၏ စိတ်နှလုံးထဲတွင် ၎င်းသည် ဤစိတ်ကူးများ၏ နောက်တွင် မေးခွန်းသင်္ကေတတစ်ခုကို ထားရှိကြလေသည်။

ဘုရားသခင်က လူကို အမှုပြုကာ စကားပြောပြီး ကယ်တင်စဉ်တွင် အန္တိခရစ်တို့ကမူ ဤနိမိတ်လက္ခဏာများ၊ အံ့ဖွယ်အမှုများနှင့် သိပ္ပံနည်းဖြင့် အဖြေမထုတ်နိုင်သော အစွမ်းများကို ထာဝရ လိုက်စားနေကြသည်။ ၎င်းတို့သည် လက်တွေ့အရှိတရား သို့မဟုတ် အမှန်တရားတို့နှင့် မကိုက်ညီသော အရာများကို လိုက်စားကြသည်။ ၎င်းတို့ လိုက်စားကြသည့် ဤအရာများသည် လူကို ကယ်တင်သည့် ဘုရားသခင်၏ အမှုနှင့်ဖြစ်စေ၊ သမ္မာတရားနှင့်ဖြစ်စေ၊ လူ၏ စိတ်သဘောထားကို ပြော်းလဲခြင်းတစ်ခုနှင့်ဖြစ်စေ လုံးဝပင် မည်သို့မျှ မသက်ဆိုင်ပေ။ သို့သော်ငြားလည်း ၎င်းတို့သည် ယင်းတို့ကို လိုက်စားရာတွင် စိတ်ထက်သန်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အနန္တတန်ခိုးနှင့်ပတ်သက်၍ သိချင်စိတ်ပြင်းပြခြင်းဖြင့် ပြည့်နေကြသည်။ မကြာခဏဆိုသကဲ့သို့ပင် ၎င်းတို့၏ ဆုတောင်းချက်များတွင် ၎င်းတို့သည် ဘုရားသခင်ကို တောင်းဆိုကြလိမ့်မည်။ “အိုဘုရား၊ ကိုယ်တော်၏ အနန္တတန်ခိုးကို ကျွန်ုပ်ကို ထုတ်ဖော်ပြမည်လော။ အိုဘုရား၊ ကိုယ်တော်သည် အနန္တတန်ခိုးရှင် မဟုတ်သလော။ ကိုယ်တော်သည် အနန္တတန်ခိုးရှင် ဖြစ်လျှင် ဤကိစ္စကို ကျွန်ုပ်အတွက် ဖြေရှင်းပေးပါရန် ကျွန်ုပ် တောင်းလျှာက်ပါသည်။ ဘုရား၊ ကိုယ်တော်သည် အနန္တတန်ခိုးရှင်၊ အရာခပ်သိမ်း တတ်နိုင်စွမ်းသူနှင့် နေရာတိုင်းတွင် တစ်ပြိုင်နက်တည်း ရှိသူဖြစ်လျှင် ကျွန်ုပ်သည် အခက်အခဲများစွာကို ယခုအခါတွင် ရင်ဆိုင်နေရသဖြင့် ကျွန်ုပ်ကို ကူညီပါရန် ကိုယ်တော့်ကို အသနားခံပါသည်။ ဘုရား၊ ကိုယ်တော်သည် အနန္တတန်ခိုးရှင် ဖြစ်လျှင် ကျွန်ုပ်၏ ခန္ဓာကိုယ်မှ ဤရောဂါကို ဖယ်ရှားပေးပါရန်၊ ကျွန်ုပ် ရင်ဆိုင်နေရသော အခြေအနေများကို ဖယ်ရှားပေးပါရန်၊ ကျွန်ုပ် အန္တရာယ်ကို ရှောင်ရာတွင် ကူညီပေးပါရန် ကျွန်ုပ် အသနားခံပါသည်။ ဘုရား၊ ကိုယ်တော်သည် အနန္တတန်ခိုးရှင် ဖြစ်လျှင် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို လေ့လာစရာမလိုဘဲ နားလည်သဘောပေါက်နိုင်ရန်၊ ကျွမ်းကျင်သူတစ်ဦး ဖြစ်နိုင်ရန်နှင့် အခြားသူများနှင့် ကွဲပြားခြားနားနိုင်ရန်အတွက် ကျွန်ုပ်ကို ညတွင်းချင်း တော်ပြီး လိမ္မာပါးနပ်အောင်၊ ပင်ကိုစွမ်းရည်ပြည့်ဝပြီး ဆုကျေးဇူးရှိအောင် လုပ်ဆောင်ပေးပါရန် ကိုယ်တော့်ကို ကျွန်ုပ် အသနားခံပါသည်။ အို၊ ဘုရား၊ ကိုယ်တော်သည် အနန္တတန်ခိုးရှင် ဖြစ်လျှင် ကိုယ်တော့်အပေါ် ကျွန်ုပ်၏ ယုံကြည်မှုကို အပုပ်ချပြီး လှောင်ပြောင်သောသူများအပေါ် အပြစ်ဒဏ်ပေးပြီး ဒဏ်ခတ်ပေးပါရန် ကိုယ်တော့်ကို ကျွန်ုပ် တောင်းလျှောက်ပါသည်။ ၎င်းတို့ကို ဦးခေါင်းပေါ်တွင် အနာစိမ်းများနှင့် ၎င်းတို့ ခြေထောက်များ၏ ခြေဖဝါးများမှ ပြည်များထွက်လျက် မျက်မမြင်၊ နားမကြားဖြစ်စေပါ။ ၎င်းတို့ကို ခွေးများကဲ့သို့ သေစေပါ။ ဘုရား၊ ကိုယ်တော်သည် အနန္တတန်ခိုးရှင် ဖြစ်လျှင် ကိုယ်တော်၏ အနန္တတန်ခိုးကို ကျွန်ုပ်အား တွေ့မြင်ခွင့်ပေးပါရန် ကိုယ်တော့်ကို ကျွန်ုပ် အသနားခံ တောင်းပန်ပါသည်” ဟူ၍ ဖြစ်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့ပြီး အလုပ်များစွာ လုပ်ဆောင်ပြီးဖြစ်သည့်တိုင် အန္တိခရစ်များသည် ယင်းကို လျစ်လျူရှုကြကာ ဘေးသို့ ဖယ်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ မည်သည့်အခါကမျှ အ‌လေးအနက်မထားသကဲ့သို့ သူ၏အလုပ်ကိုလည်းကောင်း၊ လူကို ကယ်တင်သော သူ၏ အရေးပါသော အလုပ်၏ ခြေလှမ်းတစ်ခုချင်းစီကိုလည်းကောင်း အလေးအနက် မထားပေ၊ သို့မဟုတ် အလေးအနက် မခံယူပေ။ ထိုအစား ၎င်းတို့သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများအတွက်၊ ဘုရားသခင်က သူ၏အမှုအတွင်းတွင် ထူးဆန်းသော တန်ခိုးများ ပြုခြင်းအတွက် တောင်းလျှောက်ရန်ကိုလည်းကောင်း၊ ဘုရားသခင်၏ တည်ရှိမှုကို သက်သေပြရန်၊ သူသည် အနန္တတန်ခိုးရှင်ဖြစ်ကြောင်း သက်သေပြရန်အတွက် ၎င်းတို့၏ မျက်လုံးများကို ဖွင့်ပေးပြီး ၎င်းတို့၏ စူးစမ်းမှုကို ဖြည့်ဆည်းပေးမည့် အထူးအမှုအရာများကို ဘုရားသခင် လုပ်ဆောင်ပေးဖို့ တောင်းလျှောက်ရန်ကိုလည်းကောင်း စိတ်အားထက်သန်နေကြသည်။ ပို၍ ရယ်စရာ ကောင်းသည်မှာ အန္တိခရစ်များသည် ဆုတောင်းချက်တွင်ပင် ဘုရားသခင်ကို အသနားခံကြခြင်း ဖြစ်သည်။ “အို၊ ဘုရား၊ ကိုယ်တော့်ကို ကျွန်ုပ် မမြင်နိုင်သောကြောင့် ကျွန်ုပ်၏ ယုံကြည်ခြင်းက သေးငယ်ပါသည်။ အိပ်မက်ထဲတွင်သာ ဖြစ်လျှင်ပင် ဖြစ်ပါစေ ကိုယ်တော်၏ စစ်မှန်သော ဇာတိအဖြစ်တော်ကို ကျွန်ုပ်ကို ထုတ်ဖော်ပြဖို့ ကိုယ်တော့်ကို ကျွန်ုပ် တောင်းလျှောက်ပါသည်။ ကိုယ်တော့်ကို ကျွန်ုပ် ယုံကြည်ခြင်း ရှိနိုင်ရန်နှင့် ကိုယ်တော်၏ တည်ရှိမှုကို သေသေချာချာ ယုံကြည်နိုင်ရန် ကိုယ်တော်၏ အနန္တတန်ခိုးကို ကျွန်ုပ်အား ထုတ်ဖော်ပြရန် ကိုယ်တော့်ကို ကျွန်ုပ် တောင်းလျှောက်ပါသည်။ ကိုယ်တော် မထုတ်ဖော်ပြလျှင် ကိုယ်တော့်ကို ကျွန်ုပ်၏ ယုံကြည်လက်ခံမှုတွင် ဒွိဟများ အစဉ်သဖြင့် ရှိနေမည် ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် သူ၏ အလုပ်နှင့် နှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်၏ တည်ရှိမှုကို မမြင်နိုင်ပေ၊ သို့မဟုတ် သူ၏ အနှစ်သာရနှင့် စိတ်သဘောထားကို သိနားလည်ခြင်း မရှိနိုင်ပေ။ သို့သော် ၎င်းတို့ကို အားကောင်းလာပြီး ၎င်းတို့၏ ယုံကြည်မှု တည်မြဲစေဖို့အတွက် လူတို့အတွက် စိတ်ကူး၍ပင် မရနိုင်သောအရာများဖြစ်သည့် အပိုဆောင်း အမှုအရာများကို လုပ်ဆောင်ခိုင်းမည် ဖြစ်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို ပြောပြီး အမှုများစွာကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည့်တိုင် သူ၏ နှုတ်ကပတ်တော်များက မည်မျှ လက်တွေ့ကျပါစေ၊ သူပြောသည့် သမ္မာတရားများသည် လူတို့အတွက် မည်မျှတည်ဆောက်စရာ ဖြစ်ပါစေ၊ ယင်းတို့ကို ၎င်းတို့အနေဖြင့် မည်မျှ အဆောတလျင် နားလည်ဖို့ လိုအပ်ပါစေ အန္တိခရစ်တို့က စိတ်မဝင်စားကြဘဲ အလေးအနက် မထားကြချေ။ ထိုအစား ဘုရားသခင် စကားပြောလေ၊ ပို၍ သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်များကို သူလုပ်ဆောင်လေ၊ ၎င်းတို့က ပို၍ ပစ်ပစ်ခါခါငြင်းကာ ကသိကအောက်ဖြစ်ပြီး အတိုက်အခံဖြစ်သည်ဟု ခံစားရလေဖြစ်သည်။ ထို့အပြင် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချခြင်းနှင့် သူ့အပေါ် ပြစ်မှားစော်ကားခြင်းတို့ပင် ၎င်းတို့ထဲတွင် ပေါ်ပေါက်လာလိမ့်မည်။ ၎င်းတို့သည် သူ့ကို ပွက်ပွက်ညံအောင် ကန့်ကွက်လိမ့်မည်။ “ဤနှုတ်ကပတ်တော်များတွင် ကိုယ်တော်၏ အနန္တတန်ခိုး ပါရှိသလား။ နှုတ်ကပတ်တော်များ ဖော်ပြသည်မှာ ကိုယ်တော်လုပ်ဆောင်သမျှ ဖြစ်သလော။ ကိုယ်တော် စကားမပြောခဲ့လျှင် အနန္တတန်ခိုးရှင် မဖြစ်တော့မည်လော။ ကိုယ်တော်သည် အနန္တတန်ခိုးရှင် ဖြစ်လျှင် စကားမပြောနှင့်။ ကျွန်ုပ်တို့အား အသက်ရရှိရန်နှင့် စိတ်သဘောထား ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိရန် ထောက်ကူပေးဖို့ စကားပြောခြင်းကိုဖြစ်စေ၊ သမ္မာတရားကို မိတ်သဟာယပြုခြင်းနှင့် လူကို သမ္မာတရားဖြင့် ထောက်ပံ့ခြင်းတို့ကိုဖြစ်စေ အသုံးမပြုနှင့်။ ကိုယ်တော်သည် ကျွန်ုပ်တို့အားလုံးကို ညတွင်းချင်း ကောင်းကင်တမန်များ ဖြစ်လာစေပါက၊ ကိုယ်တော်၏ တမန်များ ဖြစ်လာစေပါက ယင်းမှာ အနန္တတန်ခိုး ဖြစ်ပေမည်” ဟူ၍ ဖြစ်လေသည်။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို ပြောဆိုပြီး သူ၏အမှုကို ‌ဆောင်ရွက်သည်နှင့်အညီ အန္တိခရစ်တို့၏ သဘာဝသည် ဖုံးကွယ်ထားခြင်း တစ်စက်မျှ မရှိဘဲ နည်းနည်းချင်း ထုတ်ဖော်ခြင်းနှင့် ဖော်ထုတ်ခြင်းတို့ကို ခံရသည်။ ပြီးလျှင် သမ္မာတရားအပေါ် အလွန်အမင်း မနှစ်မြို့ခြင်းနှင့် အတိုက်အခံလုပ်ခြင်းဖြစ်သည့် ၎င်းတို့၏ အနှစ်သာရသည်လည်း လုံးလုံး ချပြခြင်း ခံရလေသည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် သူ၏ အနှစ်သာရတို့ကို စက်ဆုပ်မုန်းတီးသည့် အန္တိခရစ်တို့၏ စိတ်သဘောထားနှင့် အနှစ်သာရတို့သည်လည်း ဘုရားသခင်က သူ၏ အလုပ်တွင် ရှေ့လျှောက် တိုးတက်မှုများ ပြုလုပ်သည်နှင့်အညီ အချိန်နှင့်အမျှ မရပ်မနား နည်းနည်းချင်း ဖော်ထုတ်ပြီး ထုတ်ဖော်ခြင်း ခံရလေသည်။ အန္တိခရစ်တို့သည် မရေရာသော အရာများကို လိုက်စားကြသည်။ ၎င်းတို့သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို မြင်ရခြင်းအား လိုက်စားသည်။ ပြီးလျှင် လက်တွေ့အရှိတရားနှင့် မကိုက်ညီသည့် ဤရည်မှန်းချက်၊ လိုအင်ဆန္ဒတို့ဖြင့် စိုးမိုးခြင်းခံရကာ သမ္မာတရားအပေါ် အလွန်အမင်း မနှစ်မြို့ခြင်းနှင့် မုန်းတီးခြင်းတို့ဖြစ်သည့် ၎င်းတို့၏ သဘာဝသည် ပေါ်လွင်လာလေသည်။ ဆန့်ကျင်ဘက်အနေဖြင့် စစ်မှန်မှုနှင့် သမ္မာတရားကို အမှန်တကယ် လိုက်စားသည့်သူများ၊ အပြုသဘောဆောင်သည့်အရာများကို ယုံကြည်ပြီး ချစ်သောသူများသည် ဘုရားသခင်၏ အနန္တတန်ခိုးကို သူ၏ အလုပ်ဖြစ်စဉ်နှင့် နှုတ်ကပတ်တော်များတွင် မြင်နိုင်ကြသည်။ ပြီးလျှင် ဤလူများ မြင်နိုင်သည့်အရာများ၊ ၎င်းတို့ ရရှိနိုင်သည့်အရာများနှင့် ၎င်းတို့ သိမြင်နိုင်သည့် အရာများသည် အန္တိခရစ်များက ထာဝရ မသိနိုင်သော၊ မရရှိနိုင်သော အရာများ အတိအကျပင် ဖြစ်လေသည်။ လူများသည် ဘုရားသခင်ထံမှ အသက်ကို ရမည်ဖြစ်ပါက နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများရှိဖို့ လိုအပ်သည်ဟု အန္တိခရစ်များက ယုံကြည်ကြလေသည်။ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများ မရှိပါက ဘုရားနှုတ်ကပတ်တော်များထံမှ အသက်နှင့် သမ္မာတရားကို ရရှိခြင်းတစ်ခုတည်းနှင့် ထိုသို့ဖြင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိပြီး ကယ်တင်ခြင်းကို ရရှိခြင်းသည် မဖြစ်နိုင်ခြင်း ဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ အန္တိခရစ်တစ်ဦးအတွက်မှာမူ ယင်းမှာ ထာဝရ မဖြစ်နိုင်ခြင်း ဖြစ်သည်။ ယင်းသည် မခိုင်လုံချေ။ ထိုအကြောင်းကြောင့် ဘုရားသခင်က ၎င်းတို့အတွက် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ထုတ်ဖော်ကာ ထူးဆန်းသောတန်ခိုးများကို ပြုမည်ဟု မျှော်လင့်လျက် ၎င်းတို့သည် မမောနိုင်မပန်းနိုင် စောင့်ဆိုင်းကာ ဆုတောင်းကြခြင်း ဖြစ်သည်။ ပြီးလျှင် ဘုရားသခင်က မလုပ်ဆောင်လျှင် သူ၏ အနန္တတန်ခိုးသည် မတည်ရှိဟူ၍ ဖြစ်သည်။ ဤအရာ၏ နောက်မှ သွယ်ဝိုက်ညွှန်းဆိုချက်မှာ ဘုရားသခင်၏ အနန္တတန်ခိုး မတည်ရှိလျှင် ဘုရားသခင်သည်လည်း သေချာပေါက် မတည်ရှိဟူ၍ ဖြစ်သတည်း။ ဤသည်မှာ အန္တိခရစ်တို့၏ တွေးခေါ်မှုစနစ်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပြစ်တင်ရှုတ်ချကြပြီး သူ၏အနန္တတန်ခိုးကို ပြစ်တင်ရှုတ်ချကြသည်။

ဘုရားသခင်က လူများအား ကယ်တင်စဉ်တွင် အန္တိခရစ်များက သူ၏နှုတ်ကပတ်တော်များ၊ သူ၏ အမျိုးမျိုးသော သတ်မှတ်ချက်များနှင့် သူ၏ ရည်ရွယ်ချက်များကို လုံးလုံး စိတ်ပါဝင်စားခြင်း မရှိပေ။ ၎င်းတို့က မိမိတို့၏ စိတ်နှလုံးနက်ရှိုင်းရာထဲမှနေ၍ ဤအရာများကို အတိုက်အခံလုပ်ပြီး အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်ကြလေသည်။ ၎င်းတို့ စိတ်ဝင်စားသည့်အရာမှာ အပြုသဘောဆောင်သော အရာများအားလုံး၏ စစ်မှန်မှု မဟုတ်သကဲ့သို့ လူက သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများကို ကျိုးနွံနာခံခြင်းတို့၏ ရလဒ်အနေဖြင့် စွမ်း‌ဆောင်ရရှိနိုင်သည့် ကယ်တင်ခြင်းနှင့် စုံလင်အောင်ပြုခံရခြင်းတို့ မဟုတ်ချေ။ ဤသို့ဆိုလျှင် ၎င်းတို့က မည်သည့်အရာကို စိတ်ဝင်စားကြသနည်း။ ဘုရားက ၎င်းတို့ တွေ့မြင်စေရန် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ထုတ်ဖော်ခြင်းနှင့် ထူးဆန်းသောတန်ခိုးများကို ပြုခြင်းတွင်လည်းကောင်း၊ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် ဘုရားက ၎င်းတို့အား ထိုးထွင်းအမြင်ရအောင် ထောက်ကူပေးခြင်းတွင်လည်းကောင်း၊ ၎င်းတို့ကို အံ့လောက်သော လူများ၊ အာဂလူများ၊ ထူးခြားသောတန်ခိုးများရှိသည့် လူများ၊ အံ့မခန်းသော လူများအဖြစ် ပြောင်းလဲစေရန် ထောက်ကူပေးခြင်းတွင်လည်းကောင်း ၎င်းတို့ စိတ်ဝင်စားကြသည်။ ၎င်းတို့သည် ပုံမှန်လူများ၊ သာမန်လူများနှင့် ဖောက်ပြန်ပျက်စီးသော လူများဟူသကဲ့သို့သော ဂုဏ်ထူးများ၊ ပင်ကိုလက္ခဏာများနှင့် အဆင့်အတန်းများကို ဘုရား၏ အနန္တတန်ခိုးမှတစ်ဆင့် ဖယ်ရှားရန် အားထုတ်ဖို့ ဆန္ဒရှိကြသည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုထဲတွင် ၎င်းတို့အတွက် မည်သည့်အယူအဆများ သို့မဟုတ် မည်သည့်ပြဿနာများ ရှိကောင်းရှိနိုင်ပါစေ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ၎င်းတို့ မရှာကြပေ။ ၎င်းတို့သည် သမ္မာတရားကို နားမလည်နိုင်ခြင်းမျှသာ သို့မဟုတ် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု မရရှိနိုင်ခြင်းမျှသာ မဟုတ်ပေ။ မဟုတ်။ ၎င်းတို့သည် ဘုရားသခင်ကိုလည်း ဝေဖန်သုံးသပ်ပြီး သူ့ကို ပြစ်တင်ရှုတ်ချကာ သူ့ကို အတိုက်အခံလုပ်ကြသည်။ အကြောင်းမှာ သူလုပ်သမျှသည် ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသောကြောင့် ဖြစ်သည်။ အန္တိခရစ်များ၏ အမြင်တွင် ဘုရားသခင်လုပ်ဆောင်သည့် လက်တွေ့ကျသော အလုပ်အားလုံးသည် ၎င်းတို့ အသိအမှတ်မပြုသည့် အရာဖြစ်သည်။ ယင်းမှာ ၎င်းတို့ ပြစ်တင်ရှုတ်ချသည့်အရာဖြစ်၏။ အဆုံးတွင် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ အနှစ်သာရ တည်ရှိခြင်းကို လုံးလုံးလျားလျား ငြင်းပယ်စေသည်မှာ၊ ဘုရားသခင်၏ အနှစ်သာရ တည်ရှိခြင်းကို ပို၍ပင် လုံးလုံးလျားလျား ပြစ်တင်ရှုတ်ချကာ အသရေဖျက်ပြီး ပြစ်မှားစော်ကားစေသည်မှာ ဤအမြင်များနှင့် ဤအနက်ဖွင့်ဆိုမှုများဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်လက်ခံမှုသည် ဘုရားက အနန္တတန်ခိုးရှင်ဖြစ်ကြောင်း၊ ဘုရားက ၎င်းတို့၏ နစ်နာချက်များအတွက် တရားသဖြင့် ဖြစ်စေမည်ဖြစ်ကြောင်း၊ ၎င်းတို့အတွက် သူက လက်တုံ့ပြန်ပေးမည်ဖြစ်ကြောင်း၊ ၎င်းတို့အတွက်ဆိုလျှင် ၎င်းတို့ မုန်းတီးပြီး အထင်သေးသည့်သူများအားလုံးကို သူအနိုင်ယူမည်ဖြစ်ကြောင်း၊ ဘုရားသည် ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို ဖြည့်ဆည်းပေးမည် ဖြစ်ကြောင်းဟူသည့် အခြေခံအုတ်မြစ်ပေါ်တွင် တည်ထောင်ထားခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်လက်ခံခြင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။ သို့ရာတွင် လက်ရှိအချိန်ကို ရောက်လာပြီးသည့်နောက်တွင် ထိုသို့သော ဘုရားက မတည်ရှိကြောင်းနှင့် ဘုရားသခင်သည် ၎င်းတို့အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ချေ မရှိကြောင်း ဤဆိုးယုတ်သော လူများသည် ယခုအခါတွင် မြင်ကြရလေသည်။ ၎င်းတို့၏ အမြင်ရှုထောင့်မှကြည့်လျှင် ဤသည်မှာ ၎င်းတို့အတွက် အတော်ပင် သဘောမကျသော အခြေအနေဖြစ်သည်။ ယင်းမှာ ဆိုးရွားလှသည်။ သို့ဖြစ်၍ ၎င်းတို့သည် အမှုအရာများစွာကို တွေ့ကြုံပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့်ပတ်သက်သော ၎င်းတို့၏ ဒွိဟများနှင့် သံသယများသည် ပို၍ အားကောင်းသည်ထက် အားကောင်းလာသည်မှာ ဘုရားသခင်နှင့် သူ၏ အိမ်တော်ကို စွန့်ခွာရန်၊ လောကီကို လိုက်စားရန်၊ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနောက် လိုက်ရန်နှင့် စာတန်၏ ပွေ့ဖက်မှုထဲသို့ တိုးဝင်ရန် ဆုံးဖြတ်ကြသည်အထိပင် ဖြစ်လေသည်။ ယင်းမှာ ဤလူများ နိဂုံးချုပ်သည့်ပုံစံဖြစ်၏။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် သူ၏ အနန္တတန်ခိုးတို့အပေါ် အန္တိခရစ်များ၏ သဘောထားကို အကဲဖြတ်ရလျှင် အန္တိခရစ်တို့သည် မယုံကြည်သူများ အမှန်ပင် ဖြစ်လေသည်။ ၎င်းတို့တွင် ဘုရားသခင်ကို ယုံကြည်ခြင်း စိုးစဉ်းမျှ မရှိကြသကဲ့သို့ ဘုရားသခင် လုပ်ဆောင်သည့်အရာကို ကျိုးနွံနာခံမှုဖြစ်စေ၊ လက်ခံခြင်းဖြစ်စေ စိုးစဉ်းမျှ မရှိကြပေ။ အပြုသဘောဆောင်သော အရာများ၊ သမ္မာတရားတို့နှင့် ပတ်သက်လျှင် ၎င်းတို့သည် ယင်းတို့ကို ပစ်ပစ်ခါခါငြင်းပြီး အတိုက်အခံ လုပ်ကြလေသည်။ ထိုအကြောင်းကြောင့် ယင်းကို သင်မည်သို့ကြည့်ပါစေ အန္တိခရစ်တို့၏ မယုံကြည်သူ အနှစ်သာရသည် အမှန်တကယ်ပင် တည်ရှိလေသည်။ ယင်းမှာ အခြားသူများက ၎င်းတို့အပေါ် သွတ်သွင်းထားသည့် အရာတစ်ခု မဟုတ်သကဲ့သို့ ယင်းမှာ တစ်ဆိတ်ကို တစ်အိတ်လုပ်ခြင်းလည်း မဟုတ်။ ၎င်းတို့၏ ဤအနှစ်သာရကို အမှုအရာများ ၎င်းတို့အပေါ်သို့ ကျရောက်သောအခါတွင် ၎င်းတို့ ထုတ်ဖော်သည့် အမြင်များနှင့် ချဉ်းကပ်မှုများအားလုံးကို အခြေခံ၍ သတ်မှတ်ခြင်း ဖြစ်သည်။

အန္တိခရစ်တို့က ဘုရားသခင်သည် လူ၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသည့် အမှန်တရားကို မြင်နိုင်ခြင်း မရှိဘဲ ဘုရားသခင်ကို နှစ်နှင့်ချီ၍ ယုံကြည်ကြသည်။ ထိုအမှန်တရားကို ၎င်းတို့ နားမလည်နိုင်ကြချေ။ အမှန်တရားတစ်ခုကို ၎င်းတို့၏ မျက်စိရှေ့တွင် ချခင်းပြသော်ငြားလည်း ယင်းကို ၎င်းတို့ နားမလည်နိုင်ကြ။ ယင်းမှာ မျက်ကန်းခြင်း မဟုတ်လော။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် သူ၏ အနန္တတန်ခိုးတို့သည် အသင်းတော်၏ အလုပ်တွင်လည်းကောင်း၊ သူရွေးချယ်ထားသော လူများတွင်လည်းကောင်း၊ ဖြစ်ပေါ်သည့် အမှုအရာမျိုးစုံတွင်လည်းကောင်း မကြာခဏ ထုတ်ဖော်သည်။ သူသည် လူများအား ဤအရာများကို နေရာအနှံ့တွင် မြင်တွေ့စေသည်။ သို့ရာတွင် မျက်လုံးကန်းနေကြသော အန္တိခရစ်များကမူ ယင်းတို့ကို မမြင်နိုင်ကြချေ။ အန္တိခရစ်များသည် နှစ်ပေါင်းများစွာ ဘုရားသခင်နောက် လိုက်ပြီးသည့်အခါတွင် “ဘုရားကို နှစ်ပေါင်းများစွာ ကျွန်ုပ် ယုံကြည်ခဲ့ပြီးဖြစ်ပြီး ကျွန်ုပ် မည်သည့်အရာ ရရှိပြီးဖြစ်သနည်း” ဟူသည့် လူသိများသော စကားရပ်တစ်ခုကို ၎င်းတို့ ပြောကြလိမ့်မည်။ ၎င်းတို့သည် အမှန်တကယ်ကို မည်သည့်အရာကိုမျှ ရရှိပြီးခြင်း မရှိသည့် သဘောရသည်။ ဘုရားသခင်သည် လူအတွက် သူ၏အသက်ကို ဖွင့်ထုတ်ပေးပြီး ဖြစ်သော်လည်း အန္တိခရစ်များကမူ မည်သည့်အရာမျှ မရရှိသေးပေ။ ယင်းမှာ သနားစရာကောင်းလောက်အောင် နုံချာသည် မဟုတ်လော။ တကယ်ကို ဟုတ်ပေသည်။ အန္တိခရစ်တို့၏ ထိုစကားရပ်သည် ပြဿနာကို အလွန်ပင် ကောင်းစွာ သရုပ်ဖော်လေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားပြီး သူ၏ အလုပ်ကို တွေ့ကြုံသူတိုင်း၊ သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ အသက်အဖြစ် လက်ခံသူတိုင်း “ဘုရားသခင်ကို ကျွန်ုပ်တို့ နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သည်၊ ပြီးလျှင် သူ့ထံမှ ကျွန်ုပ်တို့ များစွာ ရရှိပြီးဖြစ်သည်။ ကျေးဇူးတော်နှင့် ကောင်းချီးများ၊ သူ၏ ကွယ်ကာခြင်းနှင့် သူ၏ သနားကရုဏာတို့သာ မဟုတ်ပါ။ ပို၍ အရေးကြီးသည့်အရာမှာ ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ များလှစွာသော သမ္မာတရားများကို နားလည်ကာ ရရှိပြီးဖြစ်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် လူသားပုံသဏ္ဌာန်ဖြင့်၊ သိက္ခာဖြင့် အသက်ရှင်နေထိုင်ကြသည်။ မည်သို့ကျင့်ကြံပြုမူရမည်ကို ကျွန်ုပ်တို့သိသည်။ ဘုရားသခင်ကို ကျွန်ုပ်တို့ များစွာ အကြွေးတင်နေသည်။ သူပေးဆပ်သော အဖိုးအခနှင့်ယှဉ်လျှင်၊ ကျွန်ုပ်တို့အတွက် သူလုပ်ဆောင်ပေးသည့်အရာနှင့် ယှဉ်လျှင် ကျွန်ုပ်တို့၏ ဆင်းရဲဒုက္ခလေးများသည် စကားထဲထည့်ပြောရန်ပင် မထိုက်တန်ပါ။ လူသည် ဘုရားသခင်၏ အချစ်ကို ပြန်လည်ပေးဆပ်သင့်သည်” ဟု ပြောလေ့ရှိကြလေသည်။ သို့ရာတွင် အန္တိခရစ်တို့သည် အတော်ပင် ဆန့်ကျင်ဘက် ဖြစ်သည်။ ၎င်းတို့က ပြောကြလေ၏။ “ဘုရားသည် ပြီးခဲ့သည့်နှစ်အနည်းငယ်တွင် အမှုပြုနေခဲ့သည်၊ သို့ဖြစ်၍ ကျွန်ုပ်သည် အဘယ့်ကြောင့် မည်သည့်အရာကိုမျှ မရရှိသေးသနည်း။ ဤအရာ၊ ထိုအရာကို ရရှိပြီးဖြစ်သည်၊ ဤအတွေ့အကြုံကိုဖြစ်စေ၊ ထိုအတွေ့အကြုံကိုဖြစ်စေ ရရှိပြီးဖြစ်သည်ဟု သင်တို့အားလုံးက ပြောကြသည်။ သို့ရာတွင် ထိုအတွေ့အကြုံများသည် သင့်ကို အစဉ် အစာကျွေးမည်လော။ ဤအတွေ့အကြုံများက မည်သည့်အရာနှင့် ညီမျှသနည်း။ ကောင်းချီးများ၊ ကျေးဇူးတော်၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများအား တွေ့မြင်ခြင်းတို့နှင့်ယှဉ်လျှင် ယင်းတို့သည် စကားထဲထည့်ပြောရန် လုံးလုံး မထိုက်တန်ဘူး မဟုတ်လော။ ထိုအကြောင်းကြောင့် ဘုရားကို ကျွန်ုပ် ယုံကြည်လက်ခံခဲ့သည့် နှစ်ပေါင်းများစွာတွင် တစ်ခုမျှ ရရှိပြီးခြင်း မရှိသေးဟု ကျွန်ုပ် ခံစားရခြင်း ဖြစ်သည်။ ကျွန်ုပ် ခါးစည်းခံခဲ့ရသည့် ဆင်းရဲဒုက္ခနှင့်ယှဉ်လျှင်၊ ဘုရားအတွက် ကျွန်ုပ် စွန့်လွှတ်ခဲ့ရသည့်အရာ၊ အသုံးခံခဲ့ရသည့် အရာနှင့်ယှဉ်လျှင် ကျွန်ုပ် ရရှိပြီးဖြစ်သည့် အရာများသည် လုံးဝ မတန်ပါ။ သမ္မာတရားဆိုသည်မှာ စကားအနည်းငယ်နှင့် သဘောတရားအနည်းငယ်မှလွဲ၍ အဘယ်အရာဖြစ်သနည်း။ ယင်းသည် အယူဝါဒအနည်းငယ်မှလွဲ၍ အဘယ်အရာဖြစ်သနည်း။ ဤစကားများ၊ ဤသမ္မာတရားများကို ကျွန်ုပ် ကြားဖူးပြီးဖြစ်သည်၊ ပြီးလျှင် ကျွန်ုပ်၌ ကြီးကြီးမားမား ပြောင်းလဲမှုတစ်ခုခု စွမ်းဆောင်ရရှိပြီးဖြစ်သည်ဟု ကျွန်ုပ် မခံစားရချေ။ ပထမဦးစွာ ကျွန်ုပ် အမှုအရာများအကြောင်းကို တွေးသည့်အခါတွင် ကျွန်ုပ်၏ စိတ်သည် ထိုမျှသွက်လက်ထက်မြက်ခြင်း မရှိပေ။ ထို့အပြင် ကျွန်ုပ်သည် အိုမင်းလာပြီဖြစ်ကာ ကျွန်ုပ်၏ ကျန်းမာရေးသည်လည်း ယခင်ကထက် ပို၍ကောင်းမွန်လာခြင်း မရှိပါ။ ကျွန်ုပ်၏ ဆံပင်ဖြူလာပြီ၊ ကျွန်ုပ်၏ မျက်နှာပေါ်တွင် အရေးအကြောင်းများ ပိုများလာပြီ။ သွားအနည်းငယ်ပင် ကျွတ်ကုန်ပြီဖြစ်ကာ သွားအသစ်တစ်ချောင်းမျှ ပြန်မပေါက်တော့ပါ။ ကယ်တင်ခြင်း ခံရသည့်သူများသည် လန်းဆန်းသော၊ သက်ဝင်လှုပ်ရှားသော ကလေးများကဲ့သို့ဖြစ်သည်ဟု ဘုရားပြောသော်လည်း ကျွန်ုပ်မှာမူ အဘိုးကြီးမျက်နှာဖြင့် အရိုးပဒေသာအိုကြီးသာ ဖြစ်သည်။ ကျွန်ုပ်သည် ကလေးငယ်တစ်ဦးအဖြစ် ပြောင်းလဲသွားခြင်း မရှိသေးပါ။ ဘုရား၏ စကားများအရဆိုလျှင် ဆံပင်ဖြူနေသော လူအိုများသည် ပိတုန်းရောင်ကေသာဖြင့် လူငယ်များအဖြစ် ပြောင်းလဲနိုင်သည်ဟူ၍ဖြစ်သည်။ ကျွန်ုပ်က အဘယ်သို့ဖြစ်၍များ မပြောင်းလဲသေးသနည်း။ လူများကို လုံးလုံးလျားလျား ပြောင်းလဲပစ်မည်ဟု ဘုရားက ပြောသော်လည်း ကျွန်ုပ်မှာမူ ဘာမျှ မဖြစ်သေးပါ။ ကျွန်ုပ်သည် လူသစ်မဖြစ်လာသေးပါ။ ကျွန်ုပ်သည် ယခင်အတိုင်းသာ ရှိနေသေးပြီး အမှုအရာများ ကျွန်ုပ်ထံ ဖြစ်ပျက်သည့်အခါတွင် ယင်းတို့ကို မိမိဘာသာ မည်သို့ကိုင်တွယ်ရမည်ကို အဖြေရှာရန် လိုအပ်နေဆဲဖြစ်သည်။ ကျွန်ုပ်၏ ဇာတိပကတိဆိုင်ရာ အခက်အခဲများသည်လည်း တိုးပွားနေ၏။ ကျွန်ုပ်သည် မကြာခဏ အားနည်းပြီး အပျက်သဘောဆောင်နေလေသည်။ ထို့အပြင် ကျွန်ုပ်၏ မှတ်ဉာဏ်သည် လွန်ခဲ့သည့် နှစ်နှစ်အတွင်းတွင် ဆိုးရွားနေခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များကို များစွာ ကျွန်ုပ် ဖတ်ရှုသော်လည်း ကျွန်ုပ်၏ မှတ်ဉာဏ်ကို အားကောင်းအောင် သူမလုပ်ပေးသေးပါ။ ဘုရားသည် လူတို့အား ၎င်းတို့၏ ခန္ဓာကိုယ်များ အိုမင်းရင့်ရော်ခြင်းမှ တားဆီးပေးသည့် ထူးခြားသော စွမ်းရည်အနည်းငယ် ပေး၍ မရနိုင်သလော။ ယခုအခါတွင် အကြီးမားဆုံးသော ပြဿနာမှာ လူများ လုံးလုံး အသွင်ပြောင်းလဲခြင်း ဖြစ်သည်ဟု ကျွန်ုပ် ခံစားရသည်။ သမ္မာတရားသည် ထိုပြဿနာကို ဖြေရှင်းပေးနိုင်ခြင်း ရှိပုံမရ။ လူတစ်ဦးကို တောက်ပနေသော ကောင်းကင်တမန်၏ အသွင်အပြင်ဖြင့်၊ လိပ်ပြာလွှင့်နိုင်သောသူ၊ ထုထည်ရှိသော နံရံများကို ဖြတ်ကာ ရုန်းထွက်လွတ်မြောက်နိုင်သူ၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် အန္တရာယ်တို့ဖြင့် ရင်ဆိုင်ရသည့်အခါ ဂါထာမန္တာန်တစ်ခု ရွတ်ဆိုပြီး ကိုယ်ယောင်ဖျောက်နိုင်သည့်သူ၊ ထာဝရ ဖမ်းဆီး၍ မရနိုင်သောသူဖြစ်သည့် လူသစ်တစ်ဦးအဖြစ် အမှန်တကယ် ပြောင်းလဲနိုင်သည့်အရာတစ်ခုကို ဘုရား ပြောမည်ဆိုလျှင်၊ ဘုရားနှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုခြင်းအားဖြင့် လူတို့၏ ဆံပင်များ ဖြူမသွားလျှင်၊ ၎င်းတို့၏ မျက်နှာ ပါးရေနားရေ မတွန့်ခဲ့လျှင်၊ ၎င်းတို့ ကျွတ်သွားသည့်သွားများကို အစားထိုးရန် သွားသစ်များ ပေါက်လာမည်ဆိုလျှင် ယင်းမှာ အလွန်ပင် ကောင်းပေမည်။ ယင်းမှာ လုံးလုံးလျားလျား ပြောင်းလဲခြင်းဟူသည့်အရာ ဖြစ်သည်။ ဘုရားသည် ထိုအရာများကို ပြုလုပ်မည်ဆိုလျှင် သူသည် ဘုရားဖြစ်သည်ဟု သံသယတစ်စက်မျှ မထားဘဲ ကျွန်ုပ် ယုံကြည်မည်ဖြစ်သည်။ သူသည် သမ္မာတရားကို ဆက်လက်၍ ပြောဆိုပြီး ဟောကြားနေလျှင် ကျွန်ုပ်၏ ယုံကြည်ခြင်းသည် မကြာမီ လျော့ပါးသွားမည် ဖြစ်သည်။ မကြာမီတွင် ကျွန်ုပ်သည် ဆက်လက်၍ ယုံကြည်နိုင်တော့မည် မဟုတ်ပေ။ ပြီးလျှင် ကျွန်ုပ်၏ တာဝန်ကိုလည်း နောက်ထပ် ထမ်းဆောင်နိုင်ခြင်း ရှိကောင်း ရှိနိုင်မည်မဟုတ်။ ကျွန်ုပ် ထမ်းဆောင်ချင်မည် မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ အန္တိခရစ်တစ်ဦး ဘုရားသခင်၏နောက်ကို လိုက်လျှောက်သည့် အချိန်ကာလအတွင်းတွင် ၎င်း၏စိတ်နှလုံးထဲ၌ ဘုရားသခင်အပေါ် ဤတောင်းဆိုမှုဖြစ်စေ၊ ထိုတောင်းဆိုမှုဖြစ်စေ မကြာခဏ ပေါ်ပေါက်လိမ့်မည်ဖြစ်သည်။ ပြီးလျှင် ၎င်း၏ အယူအဆများအတွင်းတွင် မျိုးစုံသော သံသယများနှင့် အတင်းတောင်းဆိုသော တောင်းဆိုချက်များသည် မကြာခဏ ပေါ်ပေါက်လိမ့်မည်ဖြစ်ပြီး ၎င်း၏ ပတ်ဝန်းကျင်များနှင့် ၎င်း၏ ကိုယ်ရေးကိုယ်တာ လိုအင်ဆန္ဒများကို တုံ့ပြန်သည့်အနေဖြင့် ထူးခြားသော အတွေးအခေါ် မျိုးစုံသည် ၎င်းထံ ရောက်လာလိမ့်မည်။ သို့ရာတွင် အမှုအရာတစ်ခုက ရှိလေသည်။ ဘုရားသခင် လုပ်ဆောင်သမျှသည် လူကို ကယ်တင်ရန် ရည်ရွယ်ကြောင်း၊ ယင်းတို့အားလုံးမှာ လူတို့အနေဖြင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိစေရန် ထောက်ကူပေးဖို့ ရည်ရွယ်ကြောင်းကို ၎င်းတို့ နားလည်နိုင်ရန် မဆိုထားနှင့်၊ ၎င်းတို့သည် ဘုရားသခင် ပြောဆိုသည့် နှုတ်ကပတ်တော်များကိုပင် နားမလည်နိုင်သကဲ့သို့ လူကို ကယ်တင်ရန် ဘုရားသခင် အလုပ်လုပ်သည်ဟူသည့် အမှန်တရားကိုလည်း ၎င်းတို့ မမြင်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့ ဆက်လက် ယုံကြည်သည်နှင့်အမျှ ၎င်းတို့၏ စိတ်ဓာတ်ခွန်အားကို ဆုံးရှုံးရသည်။ ၎င်းတို့ ဆက်လက် ယုံကြည်သည်နှင့်အမျှ အပျက်သဘောဆောင်ခြင်းနှင့် မျှော်လင့်ချက် ကင်းမဲ့ခြင်း ခံစားချက်များသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ပေါ်ပေါက်လာလေသည်။ ပြီးလျှင် ၎င်းတို့တွင် စွန့်ခွာခြင်း၊ လက်လျှော့ခြင်း ခံစားချက်များနှင့် အတွေးများ ရှိလေသည်။ ဘုရားသခင်၏ အနှစ်သာရအတွက်မူ ၎င်းတို့သည် ယင်းကို ယုံကြည်မည် ဟုတ်မဟုတ်၊ သို့မဟုတ် ယင်းကို အသိအမှတ်ပြုမည် ဟုတ်မဟုတ်၊ သို့မဟုတ် လက်ခံမည် ဟုတ်မဟုတ်ကို ထားလော့။ ၎င်းတို့ ဆက်လက်ယုံကြည်သည်နှင့်အမျှ ထိုကိစ္စကို စိတ်ဝင်စားရန် ဒုက္ခခံနိုင်မည်ပင် မဟုတ်ချေ။ ထိုအကြောင်းကြောင့် တစ်စုံတစ်ရာသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၊ သူ၏ အနန္တတန်ခိုးနှင့် အချုပ်အခြာအာဏာတို့ ဖြစ်သည်ဟုလည်းကောင်း၊ လူတို့အနေဖြင့် ယင်းကို ကျိုးနွံနာခံသင့်ကြောင်းနှင့် သိသင့်ကြောင်း မိတ်သဟာယ၌ သင်ပြောသည့်အခါတွင် အန္တိခရစ်တို့သည် အပြင်ပန်းတွင် အသံထွက်မည် မဟုတ်။ အမြင်ရှုထောင့် တစ်ခုမျှ လုံးဝကို ဖော်ပြမည် မဟုတ်။ သို့သော် စိတ်ထဲတွင်မူ ရွံရှာစက်ဆုပ်ခြင်းက ထွက်ပေါ်လိမ့်မည်။ ၎င်းတို့သည် နားထောင်လိုမည် မဟုတ်ချေ။ ၎င်းတို့သည် နားထောင်ရန် လိုလားမည်မဟုတ်ချေ။ ၎င်းတို့ထဲမှ အချို့မှာမူ မတ်တပ်ထ၍ ထွက်ခွာသွားကြလိမ့်မည်။ လူတိုင်းက ဒေသနာများကို နားထောင်နေသည့်အချိန်တွင်၊ အခြားသူများက ဘုရားနှုတ်ကပတ်တော်များကို မိတ်သဟာယ ပြုနေသည့်အချိန်တွင်၊ ညီအစ်ကိုမောင်နှမများသည် မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ကြီးစွာသော စိတ်အားထက်သန်မှုဖြင့် မိတ်သဟာယ ပြုနေသည့်အချိန်တွင် အန္တိခရစ်တို့သည် မည်သည့်အရာများ လုပ်ဆောင်နေကြသနည်း။ ရေနွေးကြမ်းသောက်ခြင်း၊ မဂ္ဂဇင်းဖတ်ခြင်း၊ မိမိတို့၏ ဖုန်းများဖြင့် ဆော့ကစားခြင်း၊ အလဟဿ အတင်းပြောခြင်းတို့ဖြစ်သည်။ ပြီးလျှင် အသံတိတ်သော ဤလုပ်ရပ်များဖြင့် သဘောမတူကြောင်းပြခြင်းနှင့် အတိုက်အခံလုပ်ခြင်းအားဖြင့် ဘုရားသခင် လုပ်ဆောင်သမျှသည် အကျိုးမရှိကြောင်း ၎င်းတို့၏ အပြုအမူများဖြင့် အတည်ပြုရန် ကြိုးစားနေကြခြင်း ဖြစ်သည်။ “သင်တို့သည် အမှုအရာများကို ရှာကြံအကြောင်းပြရန် ကြိုးစားနေခြင်းသာ၊ သင်တို့ကိုယ်သင်တို့ အရူးလုပ်နေခြင်းသာ ဖြစ်သည်။ ဘုရားနှင့် သမ္မာတရားဟူသည်မှာ တကယ့်ကို မတည်ရှိပါ။ ပြီးလျှင် လူသားမျိုးနွယ်အနေဖြင့် ဘုရား၏ ကယ်တင်ခြင်းခံရရန်မှာ တကယ်ကို မဖြစ်နိုင်ပါ” ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ အမြင်တွင် သမ္မာတရားကို ယုံကြည်သည့်သူ၊ ဘုရားသခင်ကို ကျိုးနွံနာခံသည့်သူနှင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်နိုင်သည်ဟူသည့်အမှန်တရားကို ယုံကြည်သည့်သူအားလုံးတို့သည် လူနုံလူအများသာ ဖြစ်လေသည်။ ထိုသူတို့အားလုံးသည် ဦးနှောက်မရှိဘဲ အားလုံးလှည့်စားခံရပြီ ဖြစ်သည်ဟူ၍တည်း။ လူတစ်ဦး၏ ကံကြမ္မာသည် သူကိုယ်တိုင်၏ လက်ထဲတွင် ရှိသည်ဟုလည်းကောင်း၊ မိမိအတွက် အခြားလူများက ယင်းကို စီစဉ်ညွှန်ကြားပေးသည်ကို ခွင့်ပြု၍မရနိုင်ဟုလည်းကောင်း၊ လူများသည် ရုပ်သေးများ မဟုတ်ဘဲ ပြဿနာများနှင့်ပတ်သက်၍ အမှီအခိုကင်းကင်း တွေးတောရန် စိတ်နှင့် စွမ်းရည် ရှိသည်ဟုလည်းကောင်း၊ လူတစ်ဦးသည် မိမိကိုယ်တိုင်၏ ကံကြမ္မာကိုပင် မထိန်းချုပ်နိုင်လျှင် ထိုသူသည် အမှိုက်ဖြစ်သည်၊ နိမ့်ကျသောပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်ဟုလည်းကောင်း ၎င်းတို့က ယုံကြည်ကြသည်။ ထို့ကြောင့် မည်သည့်အရာပင်ဖြစ်ပါစေ ၎င်းတို့သည် မိမိတို့၏ ကံကြမ္မာကို ဘုရားသခင် ထိန်းချုပ်ရန်အတွက် သူ့အား လွှဲပြောင်းပေးဖို့ မလိုလားကြချေ။ ဤသည်မှာ ဘုရားသခင် လုပ်ဆောင်သမျှ အရာအားလုံးအပေါ် အန္တိခရစ်တို့၏ သဘောထား ဖြစ်လေသည်။ ၎င်းတို့သည် အစမှ အဆုံးအထိ စာတန်၏ လက်ပါးစေများ၏ ကဏ္ဍကို ပါဝင်ဆောင်ရွက်ကြသည့် ပွဲကြည့်ရှုသူများနှင့် မယုံကြည်သူများဖြစ်လျက် ရှိကြသည်။ ၎င်းတို့သည် ကပ်ပါးရပ်ပါးများနှင့် ပြဿနာရှာသူများဖြစ်သည်။ ၎င်းတို့သည် ခိုးကြောင်ခိုးဝှက် ဝင်လာပြီးဖြစ်သည့် မကောင်းမှုပြုသူများ ဖြစ်လေသည်။

ဂ။ ဘုရားသခင်၏ သန့်ရှင်းမှုနှင့် အတုမရှိမှုကို စက်ဆုပ်ရွံရှာခြင်း

အန္တိခရစ်တို့သည် ဘုရားသခင်၏ စိတ်သဘောထား အနှစ်သာရတွင် ဖြောင့်မတ်ခြင်းနှင့် အနန္တတန်ခိုးတို့ ရှိသည်ကို သိမြင်မှုတစ်စုံတစ်ရာ ရှိရန် မဆိုထားနှင့်၊ စိုးစဉ်းမျှ အသိအမှတ်ပြုခြင်းဖြစ်စေ၊ ယုံကြည်ခြင်းဖြစ်စေ မရှိကြချေ။ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် အတုမရှိခြင်းတို့ကို ယုံကြည်ရန်၊ အသိအမှတ်ပြုရန်နှင့် သိကျွမ်းရန်တို့သည် ၎င်းတို့အတွက် ပို၍ပင် ခက်ခဲလေသည်မှာ ပြောစရာမလိုချေ။ သို့ဖြစ်၍ ဘုရားသခင်က လူများအား ရိုးသားအောင် နေခိုင်းကြောင်း၊ မိမိ၏နေရာအဆင့်အတန်းကို စောင့်ထိန်းနိုင်သည့် လက်တွေ့ကျသော ဖန်ဆင်းခံများဖြစ်အောင် နေခိုင်းကြောင်း ဘုရားသခင်က ထုတ်ဖော်ပြောသည့်အခါတွင် အန္တိခရစ်တို့တွင် စိတ်ကူးများ ပေါ်ထွက်လာကြပြီး ၎င်းတို့၌ သဘောထားနှင့် ခံစားချက်များလည်း ထွက်ပေါ်လာလေသည်။ ၎င်းတို့က “ဘုရားသည် ချီးမြှောက်ခြင်း မခံရသလော။ သူသည် အထွတ်အထိပ် မဟုတ်သလော။ သို့ဆိုလျှင် လူအပေါ် သူပြုသည့် တောင်းဆိုချက်များသည် ကြီးကျယ်ခမ်းနားပြီး အဆင့်မြင့်သင့်သည်။ ဘုရားသည် အလွန်နက်နဲသည်ဟု ကျွန်ုပ် ထင်မှတ်ခဲ့သည်။ သူသည် လူအပေါ် ထိုသို့မဖြစ်စလောက်သော တောင်းဆိုချက်များကို ပြုလိမ့်မည်ဟု ကျွန်ုပ် တွေးထင်ခဲ့မိမည် မဟုတ်။ ယင်းတို့ကို သမ္မာတရားအဖြစ် ထင်မြင်၍ ရနိုင်သလော။ ယင်းတို့သည် အလွန်ရိုးရှင်းသည်။ ဘုရား၏ တောင်းဆိုချက်များ မြင့်သွားခြင်းမှာ သင့်တော်ပေလိမ့်မည်။ လူတစ်ဦးသည် မဟာလူသားတစ်ဦး၊ ကြီးမြတ်သောလူတစ်ဦး၊ စွမ်းပကား ရှိသောလူတစ်ဦး ဖြစ်သင့်သည်။ ယင်းမှာ လူတို့ လုပ်ဆောင်ရန် ဘုရားအနေဖြင့် တောင်းဆိုသင့်သည့်အရာ ဖြစ်သည်။ သူက လူတစ်ဦးကို ရိုးသားသောသူတစ်ဦး ဖြစ်အောင် နေခိုင်းသည်။ ယင်းမှာ အမှန်တကယ်ပင် ဘုရားအလုပ်ဖြစ်သလော။ ယင်းမှာ အတုအယောင်ဖြစ်ခြင်း မဟုတ်လော” ဟု ပြောကြသည်။ အန္တိခရစ်တို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ၎င်းတို့သည် သမ္မာတရားကို အတိုက်အခံပြုခြင်းသာ မဟုတ်ဘဲ ထိုသို့လုပ်ဆောင်သည့်အခါတွင် ပြစ်မှားစော်ကားခြင်းကလည်း ၎င်းတို့တွင် ထွက်ပေါ်လာလေသည်။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာခြင်း မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ တောင်းဆိုချက်များအတွက် မထီမဲ့မြင်ပြုခြင်းနှင့် အထင်သေးခြင်းတို့ဖြင့် ပြည့်နေကြသည်။ ယင်းတို့ကို အရေးမစိုက်ခြင်း၊ ဥပေက္ခာပြုခြင်း၊ ထေ့ငေါ့ခြင်းနှင့် လှောင်ပြောင်ခြင်း သဘောထားတစ်ခုဖြင့် အနက်အဓိပ္ပာယ်ဖွင့်ကာ ဆက်ဆံကြလေသည်။ သိသာထင်ရှားစွာပင် အန္တိခရစ်တို့သည် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတွင် မသတီစရာ ဖြစ်လေသည်။ ၎င်းတို့သည် စစ်မှန်ကာ လှပပြီး လက်တွေ့ကျသော အရာများ သို့မဟုတ် စကားများကို လက်ခံနိုင်စွမ်း မရှိကြ။ ဘုရားသခင်၏ အနှစ်သာရသည် စစ်မှန်ပြီး လက်တွေ့ကျသည်၊ ပြီးလျှင် လူများအပေါ် သူ၏ တောင်းဆိုချက်များသည် လူများလိုအပ်သည့်အရာနှင့် ကိုက်ညီလေသည်။ “ကြီးကျယ်ခမ်းနားပြီး အဆင့်မြင့်သည်” ဟူ၍ အန္တိခရစ်တို့က တင်ပြ၏။ ယင်းမှာ အဘယ်နည်း။ ယင်းသည် မှားယွင်းကာ အနှစ်မဲ့ပြီး ပေါ့တန်လေသည်။ လူများကို ဖောက်ပြန်ပျက်စီးစေပြီး အထင်အမြင်မှားစေသည်။ ၎င်းတို့ကို ပြိုလဲစေပြီး ဘုရားသခင်ထံမှ ဝေးရာကို ၎င်းတို့အား ခေါ်ဆောင်လေသည်။ အခြားတစ်ဖက်တွင် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားနှင့် သူ၏ အသက်တို့မှာမူ သစ္စာရှိသည်၊ ချစ်ခင်နှစ်လိုဖွယ်ကောင်းပြီး လက်တွေ့ကျလေသည်။ လူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို အတန်ကြာ တွေ့ကြုံပြီးဖြစ်သည်နှင့် တစ်ပြိုင်နက် ဘုရားသခင်၏ အသက်တစ်ခုတည်းသည်ပင် ချစ်ခင်နှစ်လိုဖွယ် အကောင်းဆုံး ဖြစ်သည့်အရာဖြစ်ကြောင်း၊ သူ့နှုတ်ကပတ်တော်များတစ်ခုတည်းသည်ပင် လူများနှင့် ၎င်းတို့၏ အသက်တာများကို ပြောင်းလဲနိုင်ကြောင်း၊ ယင်းတို့မှာ လူတို့ လိုအပ်သည့်အရာဖြစ်ကြောင်း၊ သို့သော်လည်း စာတန်နှင့် အန္တိခရစ်များ တင်ပြသည့် ကြီးကျယ်ခမ်းနားပြီး အဆင့်မြင့်သည့် ထင်မြင်ချက်များနှင့် ဆိုရိုးများကမူ လူတို့အပေါ် ဘုရားသခင် တောင်းဆိုချက်များ၏ စစ်မှန်ခြင်း၊ လက်တွေ့ကျခြင်းတို့ဖြင့် လုံးလုံးကြီး ဆန့်ကျင်နေကြောင်းတို့ကို ၎င်းတို့ ရှာဖွေတွေ့ရှိကြမည် ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်တို့၏ ဤအနှစ်သာရမျိုးအရ ၎င်းတို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် အတုမရှိခြင်းတို့ကို လက်ခံနိုင်စွမ်း လုံးလုံး မရှိကြချေ။ ထိုအရာများကို ၎င်းတို့ အသိအမှတ်ပြုမည့်အရေးမှာ လုံးဝကို မဖြစ်နိုင်ပေ။ ဘုရားသခင်၏ ဖော်ထုတ်ခြင်းခံရသော လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရတို့၏ မျိုးစုံသော ရှုထောင့်များဖြစ်သည့် ၎င်းတို့၏ စိတ်နှလုံးမာကျောခြင်းနှင့် မာနထောင်လွှားခြင်း၊ လှည့်ဖြားတတ်ခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့ကဲ့သို့ ၎င်းတို့၏ စိတ်သဘောထားများအတွက်မှာမူ အန္တိခရစ်တို့သည် ယင်းတို့ကို လုံးဝ လက်မခံကြပေ။ လူတို့အပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ၎င်းတို့အပေါ် သူ၏ ပြင်းထန်သော ပြစ်တင်မောင်းမဲခြင်းတို့အတွက်မှာမူ အန္တိခရစ်တို့သည် ယင်းတို့ထဲမှ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းတို့ကို သိနိုင်စွမ်း မရှိခြင်းမျှသာ မဟုတ်ဘဲ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ပြောသည့် ထိုနှုတ်ကပတ်တော်များကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ ယင်းတို့ကို အတိုက်အခံလည်း လုပ်လေသည်။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြစ်တင်ဆုံးမသော၊ တရားစီရင်ပြီး ဖော်ထုတ်သော ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုသည့်အခါတိုင်းတွင် ယင်းတို့ကို မုန်းတီးပြီး ကျိန်ဆဲလိုကြ၏။ ၎င်းတို့သည် မာနထောင်လွှားသည်၊ စိတ်နှလုံးမာကျောသော လူတစ်ဦးဖြစ်သည်၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် ကောက်ကျစ်ဆိုးယုတ်သော လူတစ်ဦးဖြစ်သည်ဟု တစ်စုံတစ်ဦးက ပြောလျှင် ထိုပုဂ္ဂိုလ်နှင့် ငြင်းခုံကြမည်ဖြစ်ကာ ၎င်းတို့၏ ဘိုးဘေးဘီဘင်များကို တိုင်တည်ကာ ကျိန်ကြလေသည်။ ပြီးလျှင် တစ်စုံတစ်ဦးက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို ဖော်ထုတ်ပြီး ပြစ်တင်ရှုတ်ချလျှင် ယင်းမှာ ထိုလူသည် ၎င်းတို့ကို သတ်ရန် ရည်ရွယ်သည့်အလား ဖြစ်သည်။ ၎င်းတို့သည် လုံးဝကို လက်မခံကြပေ။ အန္တိခရစ်တို့သည် ထိုသို့သော အနှစ်သာရရှိပြီး ထိုသို့သောအရာများကို ထုတ်ဖော်ပြသဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်နှင့် အသင်းတော်ထဲတွင် သိပင်မသိလိုက်ဘဲ ရွေးထုတ်ခြင်းခံရကာ အမှတ်တမဲ့ ခွဲထုတ်ပြီး ထုတ်ဖော်ခံရခြင်းဖြစ်သည်။ ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့သည် မကြာခဏဆိုသကဲ့သို့ မပြည့်ဝသောကြောင့် ဘုရားသခင်ပြောသည့် စကားများအတွက်၊ သူ၏တည်ရှိခြင်းအတွက်၊ ပြီးလျှင် “ဘုရားအိမ်တော်၌ သမ္မာတရား စိုးမိုးသည်” ဟူသည့် စကားရပ်အတွက် ၎င်းတို့၏ အမုန်းတရားသည် တိုးပွားလာခြင်းဖြစ်၏။ ထိုစကားရပ်ကို ၎င်းတို့အား သင်ပြောလျှင် ၎င်းတို့သည် သင့်အား သေသည်အထိ ယှဉ်ပြိုင်တိုက်ခိုက်လိုလိမ့်မည်။ သင့်အား သေအောင် နှိပ်စက်လိုလိမ့်မည်။ ဤသည်မှာ အန္တိခရစ်တို့က ဘုရားသခင်ကို မလိုလားကြောင်းကို ယင်းဘာသာပြခြင်း မဟုတ်လော။ အမှန်ပင် ပြပေသည်။ လူတစ်ဦးက “ဘုရားသခင်သည် အတုမရှိ။ လူသည် သူမှလွဲ၍ မည်သူ့ကိုမျှ မကိုးကွယ်ရ သို့မဟုတ် မည်သည့်ကိုးကွယ်စရာကိုမျှ မကိုးကွယ်ရ” ဟု ပြောလျှင် အန္တိခရစ်တစ်ဦးသည် ကြားလိုစိတ် ရှိမည်လော။ (မရှိပါ။) အဘယ်ကြောင့် မရှိသနည်း။ ဤစကားများသည် ၎င်းတို့ကို ပြစ်တင်ရှုတ်ချသည်၊ မဟုတ်လော။ ယင်းတို့သည် ၎င်းတို့၏ ဘုရားဖြစ်ခွင့်ကို ယူဆောင်သွားသည် မဟုတ်လော။ ဘုရားဖြစ်ခွင့်မရှိဘဲ ထိုမျှော်လင့်ချက် ကွယ်ပျောက်သွားသောကြောင့် ၎င်းတို့သည် ပျော်ရွှင်မည်လော။ (ပျော်ရွှင်မည် မဟုတ်ပါ။) ထိုအကြောင်းကြောင့် သင်သည် ၎င်းတို့ကို ဖော်ထုတ်လျှင်၊ ၎င်းတို့အား မည်သူမျှ ကိုးကွယ်သည့်သူ မရှိဘဲ ၎င်းတို့၏ အဆင့်နှင့် ဂုဏ်သတင်းတို့တွင် ပျက်စီးသွားစေလျှင်၊ ၎င်းတို့အား လူများကို စည်းရုံးသိမ်းသွင်းနိုင်စွမ်း မရှိဖြစ်သွားစေလျှင်၊ အဆင့်အတန်းမဲ့သွားစေလျှင် ၎င်းတို့သည် မိမိတို့၏ မလိုမုန်းထားသော၊ မကောင်းဆိုးဝါးဆန်သော လက်သည်းများဖြင့် သင့်ကို နှိပ်စက်ရန် လက်လှမ်းလိမ့်မည်ဖြစ်သည်။ အသင်းတော်တွင် အမှုအရာများ ဖြစ်ပျက်ပြီး တစ်စုံတစ်ဦးက ယင်းတို့ကို အထက်သို့ တိုင်ကြားရန် ရည်ရွယ်သည့်အခါတွင် အသင်းတော်ခေါင်းဆောင်သည် အန္တိခရစ်တစ်ဦး ဖြစ်ပါက ထိုသူအား တိုင်ကြားခွင့်ပြုမည်လော။ ထိုသူသည် သူ့ကို ကျော်နိုင်မည် မဟုတ်။ သူက ပြောလိမ့်မည်။ “သင်တိုင်ကြားလျှင် အကျိုးဆက်များက သင့်ခေါင်းပေါ်ရောက်လိမ့်မည်။ အထက်က ကျွန်ုပ်တို့ကို ပြုပြင်ပြီး ကျွန်ုပ်တို့၏ အသင်းတော်တွင် လူများကို ဖယ်ထုတ်ပစ်လျှင် သင်နောင်တရစေဖို့ ကျွန်ုပ် သေချာအောင် လုပ်မည်။ လူတိုင်းအား သင့်ကို စွန့်ပစ်ခိုင်းမည်။ ထို့နောက်တွင် ဖယ်ထုတ်ပစ်ခံရခြင်းသည် မည်ကဲ့သို့ ခံစားရသည်ကို သင်မြည်းစမ်းရလိမ့်မည်” ဟူ၍ ဖြစ်လေသည်။ ဤအရာက တိုင်ကြားလိုက်သည့်သူကို ကြောက်လန့်စေပြီး ခြိမ်းခြောက်သည် မဟုတ်လော။ အန္တိခရစ်က “ဘုရားသည် အတုမရှိဖြစ်သည် မဟုတ်လော။ ကောင်းပြီ။ ကျွန်ုပ်လည်း အတုမရှိ ဖြစ်အောင်လုပ်မည်။ ကျွန်ုပ်တို့၏ အသင်းတော်တွင် ကျွန်ုပ် ပြောသည့်အတိုင်း ဖြစ်သည်။ သင်မည်သည့်အရာကို လုပ်ဆောင်လိုပါစေ ကျွန်ုပ်၏ အတည်ပြုချက်ကို သင် ယူရမည်။ ပြီးလျှင် သင်သည် ကျွန်ုပ်ကို ကျော်၍မရပါ။ သင် ကျွန်ုပ်ကို ကျော်ချင်သလော။ ကျွန်ုပ်၏ အစွမ်းကုန် ပိတ်ပင်တားဆီးခြင်းကြားမှ သင်လုပ်ဆောင်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ အသင်းတော်ကို ကျွန်ုပ် စိုးမိုးသည်။ ဤနေရာတွင် ကျွန်ုပ်ပြောသည့်အတိုင်း ဖြစ်၏။ ကျွန်ုပ်သည် သမ္မာတရားဖြစ်သည်။ ကျွန်ုပ်သည် အတုမရှိသည့်သူ ဖြစ်သည်” ဟု ပြောသည်။ ဤသည်မှာ နတ်ဆိုးတစ်ကောင်က ပေါ်လွင်လာခြင်း မဟုတ်သလော။ ဟုတ်ပေသည်။ ယင်း၏ နတ်ဆိုးဆန်သော မျက်နှာထားကို ဖော်ထုတ်ပြီးဖြစ်သည်။ ယင်း၏ နတ်ဆိုးဆန်သော စကားများကို ပြောပြီးဖြစ်သည်။

ဘုရားသခင်၏ အနှစ်သာရအပေါ် အန္တိခရစ်များ သဘောထားပုံနှင့်စပ်လျဉ်း၍ ၎င်းတို့သည် မယုံကြည်ခြင်းနှင့် သံသယများမှနေ၍ စောင့်ဆိုင်းခြင်းနှင့် စမ်းသပ်ခြင်းဆီသို့ ရောက်ရှိကြကာ နောက်ဆုံးတွင် ဝေဖန်အပြစ်တင်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းဆီသို့ ရောက်လေသည်။ ဤအရာက ၎င်းတို့အား တစ်ဆင့်ပြီးတစ်ဆင့် လှုပ်လေမြုပ်လေဖြစ်သော အရှုပ်တော်ပုံထဲသို့၊ အနက်ရှိုင်းဆုံးသော ချောက်ထဲသို့ ဆိုက်ရောက်စေကာ ဘုရားသခင်နှင့် လုံးလုံးဆန့်ကျင်ဘက်ဖြစ်၍ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် သူ၏ရန်သူဖြစ်ခြင်း၊ သူ့ကို အဆုံးထိတိုင် ပွက်ပွက်ညံအောင် ကန့်ကွက်ခြင်း လမ်းကြောင်းပေါ်သို့ ၎င်းတို့ကို ဆိုက်ရောက်စေသည်မှာ ထိုနေရာမှ ပြန်လှည့်စရာ မရှိပေ။ ၎င်းတို့သည် ဘုရားသခင်၏ အနှစ်သာရ တည်ရှိခြင်းကို အသိအမှတ်ပြုရန် ပျက်ကွက်ရုံမျှသာ မဟုတ်ဘဲ ထိုအစား ဘုရားသခင်၏ အနှစ်သာရနှင့်သက်ဆိုင်သော သွင်ပြင်လက္ခဏာ တစ်ခုချင်းစီအပေါ် မျိုးစုံသော အယူအဆများနှင့် စိတ်ကူများ ၎င်းတို့တွင် ပေါ်ပေါက်လာလေသည်။ ယင်းတို့ဖြင့် ၎င်းတို့အနီးရှိလူများနှင့် ၎င်းတို့ ထိတွေ့ဆက်ဆံရသည့်လူများကို ၎င်းတို့ အထင်အမြင်မှားစေကြသည်။ ၎င်းတို့၏ ပန်းတိုင်မှာ ပို၍များသော လူများအား ၎င်းတို့ကဲ့သို့ ဘုရားသခင်၏ တည်ရှိမှုနှင့် သူ့အနှစ်သာရ တည်ရှိမှုကို သံသယဖြစ်အောင် လုပ်ဆောင်ရန် ဖြစ်သည်။ ၎င်းတို့ သေဆုံးသည့်အခါတွင် အခြားသူများကို ၎င်းတို့နှင့်အတူ ဆွဲပင် ဆွဲချသွားမည် ဖြစ်သည်။ ၎င်းတို့က သူတို့ဘာသာ မကောင်းသောအရာများ လုပ်ဆောင်သည်မှာ မလုံလောက်သေးဘဲ ၎င်းတို့နှင့် အဖော်ပြုရန်၊ ၎င်းတို့နှင့်အတူ မကောင်းသောအရာများ လုပ်ဆောင်ရန်၊ ဘုရားသခင်ကို အတိုက်အခံလုပ်ရန်၊ ၎င်းတို့နှင့်အတူ သူ့အိမ်တော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ရန်၊ ၎င်းတို့နှင့်အတူ ဘုရားသခင်ကို သံသယရှိပြီး ငြင်းပယ်စေရန် အခြားသူများကိုလည်း ရှာလိုသည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ အနှစ်သာရနှင့် သက်ဆိုင်သော သွင်ပြင်လက္ခဏာတိုင်းနှင့်ပတ်သက်၍ အယူအဆများ၊ စိတ်ကူးများဖြင့် ပြည့်နေကြသည်။ ၎င်းတို့သည် ဘုရားသခင် လုပ်ဆောင်သမျှတွင် သူ၏ အနှစ်သာရကို သိနိုင်စွမ်း မရှိရုံသာမက ဘုရားသခင်၏ အနှစ်သာရကို တင်းတင်းကျပ်ကျပ် ခွဲခြမ်းစိတ်ဖြာကာ လေ့လာ၍ စမ်းသပ်ပြီး ဝေဖန်သုံးသပ်မည်လည်းဖြစ်ကာ “ကိုယ်တော်သည် အတုမရှိသည် မဟုတ်လော။ ကိုယ်တော်သည် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည့် ဘုရားမဟုတ်သလော။ ကိုယ်တော်သည် မည်သို့ဖြစ်၍များ ကိုယ်တော့်ကို ယုံကြည်သည့် လူများအပေါ် ထိုသို့သောအရာများကို ဖြစ်ခွင့်ပြုသနည်း။ ကိုယ်တော်သည် အတုမရှိသည့်ဘုရားဖြစ်လျှင် ကိုယ်တော်၏ အလုပ်နေရာကို မည်သည့်ရန်သူအင်အားစုတစ်ခုမျှ ကျူးကျော်ဝင်ရောက်ခွင့် လုံးဝ မပြုသင့်ပါ” ဟုပြောလျက် ဘုရားသခင်နှင့် တိတ်တဆိတ်ပင် ပြိုင်ဆိုင်လိမ့်မည်။ ယင်းမှာ မည်သည့်စကားမျိုး ဖြစ်သနည်း။ အသင်းတော်တွင် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတိုင်းတွင် အန္တိခရစ်များသည် ပထမဆုံး ရင်ဆိုင်ကာ ထိခိုက်စေသည့် စကားများ၊ အပျက်သဘောဆောင်ပြီး ဝေဖန်သုံးသပ်သော စကားများပြောသည့် ပထမဆုံးသောသူ ဖြစ်လိမ့်မည်။ ၎င်းတို့သည် ပထမဆုံး ဘုရားသခင်ကို ရင်ဆိုင်ပြီး ငြင်းခုံသောသူ၊ ထိပ်တိုက်ရင်ဆိုင်သောသူ၊ ဤအရာနှင့် ထိုအရာကို လုပ်ဆောင်ရန် ဘုရားသခင်ကို တောင်းဆိုသောသူ ဖြစ်လိမ့်မည်။ ဘုရားအိမ်တော်က အခက်အခဲများ သို့မဟုတ် ခက်ခဲသော ပြဿနာများကို ရင်ဆိုင်ရသည့် ထိုအချိန်များသည် အထူးသဖြင့် အန္တိခရစ်များ အလွန့်အလွန် ဝမ်းမြောက်သော အချိန်ဖြစ်၏။ ထိုအချိန်များသည် ၎င်းတို့အနေဖြင့် အပျော်ရွှင်ဆုံးနှင့် ဝမ်းအမြောက်ဆုံးအချိန်များ ဖြစ်သည်။ ဝမ်းမြောက်သဖြင့် ၎င်းတို့ အမြင့်ဆုံး ခုန်ပေါက်ကြသည့် အချိန်များဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မထိန်းသိမ်းနိုင်ခြင်းမျှသာ မဟုတ်ပေ။ ဤသို့ မဟုတ်၊ ၎င်းတို့သည် ဘေးတွင် ရပ်နေကြကာ စောင့်ကြည့်ပြီး ရယ်မောလျက် ဘုရားအိမ်တော်တွင် ဆူပူအုံကြွမှု ရုတ်တရက် ဖြစ်ပေါ်လာသည်ကိုလည်းကောင်း၊ ဘုရားသခင် ရွေးချယ်ထားသော လူများ ဖမ်းဆီးခံရကာ ပြိုကွဲသွားပြီး သူ့အိမ်တော်၏ အလုပ်သည် ဆက်လက်၍ တိုးတက်နိုင်စွမ်း မရှိတော့သည်ကိုလည်းကောင်း စိတ်အားထက်သန်စွာ စောင့်ဆိုင်းလျက်နေကြသည်။ ထိုအချိန်တွင် ၎င်းတို့သည် နှစ်သစ်ကူးအကြိုရက် ရောက်နေသကဲ့သို့ ပျော်ရွှင်ကြမည်ဖြစ်သည်။ ပြီးလျှင် ဘုရားအိမ်တော်တွင် ဖြစ်ပျက်သည့် အရာတစ်ခုက တည်ငြိမ်ပြီး ပြေလည်သွားသည့်အခါတိုင်းတွင် ညီအစ်ကိုမောင်နှမများက ယင်းမှ သင်ခန်းစာ ယူကြသည်။ ထိုအချိန်သည် အန္တိခရစ်တို့ကို “ပြစ်ဒဏ်ချမှတ်”မည့် အချိန်ဖြစ်လိမ့်မည်။ ယင်းသည် အန္တိခရစ်တို့ စိတ်မချမ်းမြေ့ဆုံးသော၊ ဝမ်းအနည်းဆုံးသော၊ ပြီးလျှင် စိတ်ပျက်လက်ပျက် အဖြစ်ဆုံးသော အချိန်လည်းဖြစ်သည်။ ညီအစ်ကိုမောင်နှမများ အဆင်ပြေနေသည်ကို ဖြစ်စေ၊ ဘုရားသခင်၏ နောက်လိုက်များ ယုံကြည်ခြင်း ရှိနေပြီး ဘုရားသခင်နောက်လိုက်သည်နှင့်အညီ ယုံကြည်ခြင်းဖြင့် ပြည့်နှက်နေသည်ကိုဖြစ်စေ မြင်ရသည်ကို ၎င်းတို့ သည်းမခံနိုင်ကြပေ။ ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင် ညီအစ်ကိုမောင်နှမများက မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲကြကာ မိမိတို့၏ တာဝန်များကို သစ္စာစောင့်သိစွာ ထမ်းဆောင်ပြီး အလုပ်က ပို၍ ပို၍ ကောင်းမွန်လာသည်ကို မြင်ရခြင်းအား သည်းမခံနိုင်ပေ။ အသင်းတော်က ကြီးပွားတိုးတက်နေသည်ကိုဖြစ်စေ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်က ကောင်းမွန်သည့် ဦးတည်ချက်သို့ တစ်စပြီးတစ်စ တိုးတက်နေသည်ကိုဖြစ်စေ ၎င်းတို့ မြင်ရခြင်းအား သည်းမခံနိုင်ပေ။ ထို့အပြင် လူများက ဘုရားနှုတ်ကပတ်တော်များကို အစဉ်သဖြင့် တရားဟောနေသည့်အခါ၊ သူ့အတွက် သက်သေခံနေကြသည့်အခါ၊ သူ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းနှင့် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားတို့ကို ချီးမွမ်းနေကြသည့်အခါတွင် ပို၍ပင် မုန်းတီးကြသည်။ ထို့အပြင် လူများအပေါ် မည်သည့်အရာများ ဖြစ်ပျက်ပါစေ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းကို လိုက်နာလျက် ဘုရားသခင်ကို ရှာဖွေသည့်အခါတွင်၊ သူ့ကို ဆုတောင်းသည့်အခါတွင်၊ သူ၏ နှုတ်ကပတ်တော်များကို ရှာဖွေသည့်အခါတွင် ယင်းကို စက်ဆုပ်ရွံရှာကြသည်။ အန္တိခရစ်များသည် ဘုရားအိမ်တော်မှ စားသုံးသည့်အခါ၊ ဘုရားနှုတ်ကပတ်တော်များကို မွေ့လျော်သည့်အခါနှင့် သူ့အိမ်တော်၏ အကျိုးကျေးဇူးများအားလုံးကို ပျော်မွေ့သည့်အခါတို့တွင်ပင် ဘုရားအိမ်တော်ကို ရယ်မောလှောင်ပြောင်ဖို့ အခွင့်တစ်ခုရရှိရန် မကြာခဏ ဆန္ဒပြုနေကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူအားလုံးတို့ လူစုကွဲသွားပြီး ဘုရားသခင်၏ အမှုတော်သည် ဆက်လက်၍ တိုးတက်နိုင်စွမ်း မရှိတော့သည်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။ ထို့ကြောင့် ဘုရားအိမ်တော်တွင် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတွင် ယင်းကို ခုခံကာကွယ်ရမည့်အစား သို့မဟုတ် ပြဿနာကို ဖြေရှင်းရန် နည်းလမ်းများကို တွေးတောရမည့်အစား သို့မဟုတ် ညီအစ်ကိုမောင်နှမများကို ၎င်းတို့ အစွမ်းရှိသမျှ ကာကွယ်ရမည့်အစား သို့မဟုတ် ပြဿနာကို စည်းလုံးမှုဖြင့် တာဝန်ယူဖြေရှင်းရန် ထိုသူများနှင့် ပူးပေါင်းရမည့်အစား၊ ဘုရားသခင်၏ ရှေ့မှောက်သို့ အတူတကွ လာရောက်ကြပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံရမည့်အစား အန္တိခရစ်တို့သည် ဘေးတွင် ရပ်နေကာ ရယ်မောကြလိမ့်မည်။ အသုံးမကျသော အကြံပြုချက်များပေးလိမ့်မည်။ ဖျက်ဆီးကာ အဖျက်အမှောင့် လုပ်ကြလိမ့်မည်။ အရေးကြီးသောအချိန်တွင် ဘုရားအိမ်တော်ကို ထိခိုက်နစ်နာစေခြင်းဖြင့် အပြင်လူများကို ကူညီဖို့ပင် ကမ်းလှမ်းကြမည်ဖြစ်သည်။ ထိုသို့ဖြင့် အမှုအရာများကို တမင်သက်သက် အဖျက်အမှောင့်လုပ်ကာ ဖျက်ဆီးလျက် စာတန်၏ အစေခံများအဖြစ် ပြုမူဆောင်ရွက်ကြလေသည်။ ထိုသို့သောလူတစ်ဦးသည် ဘုရားသခင်၏ ရန်သူတစ်ဦး မဟုတ်သလော။ ပို၍ အရေးကြီးသော အခိုက်အတန့်တွင် ၎င်းတို့၏ နတ်ဆိုးဆန်သော ပုံသဏ္ဌာန်က ပို၍ ရှင်းလင်းစွာ ဖော်ထုတ်ခြင်းခံရသည်။ ပို၍ အရေးကြီးသော အချိန်ဖြစ်လေ၊ ထူးထူးခြားခြား အဖြစ်အပျက်များ ပိုဖြစ်လေဖြစ်ကာ ၎င်းတို့၏ နတ်ဆိုးဆန်သော ပုံသဏ္ဌာန်က အသေးစိတ် အကျဆုံး၊ အတိုင်းအတာအပြည့်အဝဖြင့် ပို၍ ဖော်ထုတ်ခြင်းခံရလေ ဖြစ်သည်။ အရေးကြီးသော အချိန်ပို၍ဖြစ်လေ ၎င်းတို့သည် ဘုရားအိမ်တော်ကို ထိခိုက်နစ်နာစေခြင်းဖြင့် အပြင်လူများကို ပို၍ အကူအညီ ပေးကြမည်ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာမျိုးဖြစ်သနည်း။ ထိုသို့သောလူများသည် ညီအစ်ကိုမောင်နှမများ ဖြစ်သလော။ ၎င်းတို့သည် ဖျက်လိုဖျက်ဆီးလုပ်သည့် လူများ၊ မသတီစရာ အရာများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်သည်။ ၎င်းတို့သည် နတ်ဆိုးများ ဖြစ်သည်။ ၎င်းတို့သည် စာတန်များဖြစ်သည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများ၊ အန္တိခရစ်များဖြစ်သည်။ ညီအစ်ကိုမောင်နှမများ မဟုတ်သကဲ့သို့ ကယ်တင်ခြင်းအတွက် သင့်တော်သည့်သူများလည်း မဟုတ်ချေ။ ၎င်းတို့သည် ညီအစ်ကိုမောင်နှများ၊ ဘုရားအိမ်တော်၏ လူများ အမှန်တကယ်ဖြစ်လျှင် သူ၏အိမ်တော်တွင် ဖြစ်ပေါ်လာသမျှ မည်သည့်ပြဿနာကိုမဆို စည်းစည်းလုံးလုံး ရင်ဆိုင်ကာ ကိုင်တွယ်ရန် မိမိတို့၏ ညီအစ်ကိုမောင်နှမများနှင့် တစ်စိတ်တစ်ဝမ်းတည်း ရှိကြလိမ့်မည်။ ၎င်းတို့သည် စောင့်ကြည့်ပြီး လှောင်ရယ်ဖို့ မဆိုထားနှင့်၊ ပွဲကြည့်ပရိတ်သတ်များပင် ဖြစ်မည် မဟုတ်ချေ။ အန္တိခရစ်တို့ကဲ့သို့ လူများသာလျှင် ဘေးတွင်ထိုင်ကာ ရယ်မောပြီး ဘုရားအိမ်တော်တွင် မကောင်းသောအရာများ ပေါ်ပေါက်လာသည်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းကြမည် ဖြစ်သည်။

အန္တိခရစ်တို့၏ အနှစ်သာရကို မည်သည့်ကိစ္စတွင်မဆိုဖြစ်စေ၊ ကိစ္စတိုင်းဖြစ်စေ ဖော်ထုတ်၍ ရကောင်းရနိုင်သည်။ ယင်းမှာ အတော်ပင် ဖုံးကွယ်၍မရနိုင်ပေ။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ၊ အမှုကိစ္စက မည်သည့်အရာဖြစ်စေ ၎င်းတို့ ထုတ်ဖော်သည့် အမြင်ရှုထောင့်များနှင့် စိတ်သဘောထားများသည် လူနှင့် ဘုရားသခင်အတွက် ရွံရှာဖွယ်ဖြစ်သည်။ ၎င်းတို့သည် ဘေးမှနေ၍ ရယ်နေလျက် ဖြစ်လာသည့်အရာမျိုးစုံကို အဖျက်အဆီး၊ အနှောင့်အယှက်နှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေရုံသာမက ဘုရားသခင်ကို ထိပ်တိုက်ရင်ဆိုင်ခြင်းနှင့် သူ့ကို စမ်းသပ်ခြင်းတို့ကိုလည်း မကြာခဏ ပြုလေသည်။ ဘုရားသခင်ကို စမ်းသပ်ခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (၎င်းတို့သည် စိတ်နှလုံးထဲတွင် ဘုရားသခင်ကို မယုံကြည်ကြဘဲ သူ၏ အကြံအစည်များသည် မည်သည့်အရာဖြစ်သည်ကို အဖြေရှာဖို့ ကြိုးစားလျက် ယင်းကို စမ်းသပ်ရန် အချို့သော အရာများကို ပြောကြသည်၊ သို့မဟုတ် လှည့်ကွက်အချို့ကို အသုံးပြုကြသည်။) ထိုအရာ များစွာဖြစ်ပွားသည်ကို သင်မြင်ရသည်။ ယောဘ၏ ကိစ္စတွင် စာတန်သည် ဘုရားသခင်ကို မည်သို့ စမ်းသပ်ခဲ့သနည်း။ (စာတန်ပထမအကြိမ် စကားပြောသည့်အချိန်က ဘုရားသခင်သည် ယောဘ၏ အိမ်ထောင်စုနှင့် ပစ္စည်းဥစ္စာများကို ထိခိုက်ပါက ယောဘသည် ဘုရားသခင်ကို ကိုးကွယ်တော့မည် မဟုတ်ကြောင်း ၎င်းက ဆိုခဲ့သည်။ ဒုတိယအကြိမ်တွင် ဘုရားသခင်က ယောဘ၏ အသားနှင့် အရိုးတို့ကို ထိခိုက်ပါက ယောဘသည် ဘုရားသခင်ကို ငြင်းပယ်မည်ဟု ၎င်းက ဆိုသည်။ စာတန်က ယောဘထံ ဘေးဒုက္ခများ ဖြစ်ပျက်စေခြင်းအားဖြင့် ဘုရားသခင်ကို စမ်းသပ်လိုသည်။) ယင်းမှာ စမ်းသပ်မှုတစ်ခု ဖြစ်သလော။ ယင်းမှာ ထိုဝေါဟာရ၏ တိကျမှန်ကန်သော အဓိပ္ပာယ်သတ်မှတ်ချက် ဟုတ်သလော။ (မဟုတ်ပါ။) တိတိကျကျဆိုရလျှင် ထိုကောက်နုတ်ချက်စာသားများက စွဲဆိုချက်တစ်ခုကို ရည်ညွှန်းပေသည်။ ထိုအရာများကို ပြောရာတွင် စာတန် ဆိုလိုခဲ့သည့်အရာမှာ “ယောဘသည် စုံလင်သောသူတစ်ဦး ဖြစ်သည်ဟု ကိုယ်တော် မပြောခဲ့သလော။ သူ့အား ကိုယ်တော်ပေးခဲ့သည့် ကောင်းသည့်အရာများ အားလုံးကြောင့် သူသည် ကိုယ်တော့်ကို မကိုးကွယ်ဘဲ အဘယ်သို့ နေနိုင်မည်နည်း။ ကိုယ်တော်သည် သူ့ထံမှ ထိုကောင်းသောအရာများကို ထိခိုက်လိုက်ပါက သူသည် ကိုယ်တော့်ကို ကိုးကွယ်ဦးမည်ဟု ကိုယ်တော်ထင်သလော” ဟူ၍ဖြစ်သည်။ ယင်းမှာ စွဲဆိုချက် ဖြစ်သည်။ သို့ဆိုလျှင် မည်သည့်အရာမျိုးသည် စမ်းသပ်မှု ဖြစ်သနည်း။ စာတန်သည် ဓားပြများအား ယောဘ၏ ပစ္စည်းဥစ္စာများကို ဓားပြတိုက်ပြီး လုယက်ယူငင်ခိုင်းသည်။ ယောဘအတွက်မှာမူ ယင်းသည် စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ယင်းသည် အဘယ်သို့များ စမ်းသပ်မှုတစ်ခု ဖြစ်ရသနည်း။ “သင်သည် ဘုရားကို မယုံကြည်သလော။ သင့်ထံမှ ဤအရာများကို ငါ ထိခိုက်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုအချိန်တွင် သင်သည် ဘုရားသခင်အား ယုံကြည်သေးသလော ဟူသည်ကို ကြည့်ကြစို့” ဟူသည့်နည်းလမ်းအားဖြင့် ဖြစ်လေသည်။ သို့တိုင်အောင် ယောဘသည် ယင်းကို မည်သို့နားလည်ခဲ့သနည်း။ ယင်းကို ဘုရားသခင်ထံမှ စမ်းသပ်မှုတစ်ခုအဖြစ် ယုံကြညလျက် သူသည် ရုန်းကန်ခြင်း သို့မဟုတ် တိုက်ခိုက်ခြင်း မရှိခဲ့သကဲ့သို့ မည်သည့်အရာကိုမျှလည်း မပြောခဲ့ပေ။ သူသည် ယင်းကို ကျိုးနွံနာခံကာ ဘုရားသခင်ထံမှ ခံယူခဲ့သည်။ သခင်ယေရှုအပေါ် ဖြစ်ပျက်သည့် အမှုအရာများလည်း ရှိပေသည်။ စာတန်က သခင်ယေရှုကို ကျောက်ခဲတို့ကို မုန့်အဖြစ် ပြောင်းခိုင်းပြီး ကမ္ဘာလောက၏ ဘုန်းကျက်သရေနှင့် စည်းစိမ်များအားလုံးကို ပြသကာ သခင်ယေရှုကို ၎င်းအား ဦးညွှတ်၍ ကိုးကွယ်ခိုင်းသည်။ ယင်းတို့မှာ စုံစမ်းသွေးဆောင်မှုများ ဖြစ်လေသည်။ သို့ဖြစ်၍ အန္တိခရစ်တို့သည် ဘုရားသခင်ကို စမ်းသပ်မှုများအနေဖြင့် မည်သည့်အရာများကို လုပ်ဆောင်ကြသနည်း။ (အန္တိခရစ်တို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိကြပါ။ ၎င်းတို့သည် သိလျက်နှင့်ပင် မကောင်းမှုကို ပြုကြသည်။ ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းသည် ၎င်းတို့အပေါ် ဖြစ်ပျက်မည် ဟုတ်မဟုတ်ကို မြင်တွေ့ရန် ဘုရားသခင်ကို ၎င်းတို့က စမ်းသပ်လိုကြသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ၎င်းတို့ မယုံကြည်သည်နှင့်အမျှ ၎င်းတို့ မကောင်းမှုပြုကြသည့်အခါတွင် ၎င်းတို့သည် ယင်းကို သတိမပြုမိကြချေ။) ယင်းမှာ စမ်းသပ်မှုတစ်ခု ဖြစ်လေသည်။ ၎င်းတို့သည် ယင်းကို လုပ်ဆောင်ကြည့်ပြီး ကြည့်ကြစို့ ဟူသည့် စိတ်ဓာတ်ဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်မည်ကိုသာ ၎င်းတို့ မြင်တွေ့လိုကြသည်။ “ဘုရားသည် ဘုန်းအာနုဘော်ရှိပြီး အမျက်ဒေါသရှိသည် မဟုတ်လော။ ကောင်းပြီ၊ ငါသည် အသင်းတော်တွင် နိုင်လိုမင်းထက် ပြုမူနေပြီး ဘုရား၏ နောက်ကွယ်တွင်လည်းကောင်း၊ လူ၏ နောက်ကွယ်တွင်လည်းကောင်း မကောင်းသည့်အရာများစွာကို လုပ်ဆောင်ပြီးဖြစ်သည်။ ယင်းကို ဘုရားသိသလော၊ သို့မဟုတ် မသိသလော။ ငါ၏ စိတ်ထဲတွင် ဝမ်းနည်းမှုတစ်စက်မျှ မရှိဘဲ ဇာတိပကတိဆိုင်ရာ အပြစ်ဒဏ်ပေးခြင်းကို ငါ မခံစားရလျှင်၊ ယင်းမှာ ဘုရား မသိသည်ကို ဆိုလိုသည်” ဟူ၍ ဖြစ်သည်။ ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဟုတ်မဟုတ်ကို စမ်းသပ်ရန်၊ သူသည် လူများ၏ စိတ်နှလုံး အတွင်းအကျဆုံးနေရာကို စောင့်ကြည့်လေ့လာခြင်း ရှိမရှိကို စမ်းသပ်ရန် ၎င်းတို့သည် ချဉ်းနင်းဝင်ရောက်မှု အသေးစားလေးများ ပြုလုပ်နေကြသည်။ ယင်းတို့မှာ စမ်းသပ်မှုများ ဟူသည့်အရာများဖြစ်သည်။ ၎င်းတို့သည် ကိစ္စ၏ မှန်ကန်မှုကို အတည်ပြုလိုသည်၊ ဘုရားသခင်သည် အမှန်တကယ် အရေးယူဆောင်ရွက်မည် ဟုတ်မဟုတ်ကိုလည်းကောင်း၊ သူအမှန်တကယ် တည်ရှိခြင်း ရှိမရှိကိုလည်းကောင်း စမ်းသပ်လိုကြသည်။ ယင်းမှာ စမ်းသပ်မှုများဟူသည့် အရာများဖြစ်လေသည်။

တစ်ခါက တရုတ်ပြည်မကြီးတွင် လူတစ်စုကို အထင်အမြင်မှားစေခဲ့သည့် အန္တိခရစ်တစ်ဦး ရှိခဲ့လေသည်။ ဘုရားအိမ်တော်က နိုင်ငံရပ်ခြားတွင် သံစုံကျူးအေးများနှင့် ဓမ္မသီချင်း သီဆိုခြင်းတို့ကို စီမံခန့်ခွဲနေသည်ကို သူမြင်လိုက်ပြီး “သင်တို့ နိုင်ငံရပ်ခြားတွင် သံစုံကျူးအေးများ သီဆိုနိုင်လျှင် ငါတို့သည်လည်း ဤနေရာတွင် လုပ်ဆောင်နိုင်သည်ဟု” ဟု တွေးမိသည်။ သို့ဖြစ်၍ သူသည် သံစုံကျူးအေး သီဆိုရန် နေရာမျိုးစုံမှ လူများကို အတူတကွ ခေါ်ဆောင်လာ၏။ ၎င်းတို့အတွက် များစွာသော ပရိတ်သတ်ကိုလည်း သူစုဝေးပေးခဲ့သည်။ ယင်းမှာ အတော်ပင် အထင်ကြီးလောက်စရာ မြင်ကွင်းတစ်ခုဖြစ်သည်။ သူသည် အဘယ်ကြောင့် ဤအရာကို လုပ်ဆောင်ခဲ့သနည်း။ တစ်ဖက်တွင် သူသည် ဂရုတစိုက်နှင့် အသေးစိတ်ဆောင်ရွက်မှု မလိုအပ်သော အမှီအခိုကင်းသော နယ်မြေတစ်ခုကို တည်ထောင်နေခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင် သူဆိုလိုသည်မှာ “ငါတို့ ယုံကြည်သည့် ဘုရားမှာ စစ်မှန်သော ဘုရားဖြစ်ပြီး ငါတို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုရှိသည်။ ငါတို့သည် အဆင်းနီသော နဂါးကြီးက ငါတို့ကို ညှဉ်းပန်းနှိပ်စက်ကာ အနီးကပ်ပြီး တင်းကျပ်သော စောင့်ကြပ်မှုအောက်တွင် ငါတို့ကို ထားခြင်းကြောင့် ရန်လိုသော ပတ်ဝန်းကျင်တစ်ခုတွင် နေရကောင်း နေရသော်လည်း ဘုရားက ငါတို့ကို ကွယ်ကာနေခြင်း ရှိမရှိဟူသည်ကို လူတို့အား ပြကြစို့။ ငါတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်နိုင်ခြင်း ရှိမရှိကို ကြည့်ကြစို့။ ငါတို့သည် အဖမ်းခံရနိုင်ခြင်း ရှိမရှိကို ကြည့်ကြစို့” ဟူ၍ ဖြစ်လေသည်။ ယင်းမှာ မည်သည့်စိတ်ဓာတ်မျိုး ဖြစ်သနည်း။ (စမ်းသပ်သော စိတ်ဓာတ်တစ်ခု ဖြစ်ပါသည်။) ယင်းမှာ စမ်းသပ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် အမှန်တကယ် လုပ်ဆောင်မည့်အရာကို ဆန်းစစ်ရန်၊ သူနှင့် လောင်းကြေးထပ်ရန်၊ ပြီးလျှင် သူနှင့် ယှဉ်ပြိုင်ရန်အတွက် ထိုသို့သော အောင်လံများကို လွှင့်နေပြီး ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ပြီး တစ်ချိန်တည်းတွင် နေရာတိုင်း၌ ရှိသည်ကို ယုံကြည်သည်ဟူသည့် ထိုသို့သော ရေပန်းစားသော စကားများကို သုံးနေခြင်း ဖြစ်သည်။ ယင်းမှာ “စမ်းသပ်ခြင်း” ဟု ခေါ်သည်။ လူအချို့အတွက် အခြားသူများက ၎င်းတို့အား “သင်သည် ဤအရာကို စား၍မရ၊ ယင်းက သင့်အား ဗိုက်အောင့်စေလိမ့်မည်” ဟု ပြောသည့်အခါတွင် ၎င်းတို့က “သင့်ကို ငါမယုံပါ။ ငါစားလိုက်မည်။ ဘုရားသခင်က ငါ့ကို ဗိုက်အောင့်စေမည် ဟုတ်မဟုတ်ကို ကြည့်ကြစို့” ဟု ပြောကြလေသည်။ သို့ဖြစ်၍ ၎င်းတို့ စားလိုက်ပြီး အမှန်ဧကန်ပင် ယင်းက ၎င်းတို့ကို ဗိုက်အောင့်စေသည်။ ၎င်းတို့က “ဘုရားသခင်က ငါ့ကို အဘယ်ကြောင့် မကွယ်ကာသနည်း။ ယင်းသည် အခြားလူများ၏ ဗိုက်များကို အောင့်စေသော်လည်း ယင်းမှာ ၎င်းတို့က ဘုရားသခင်ကို မယုံကြည်ကြသောကြောင့် ဖြစ်သည်။ ငါက ဘုရားသခင်ကို ယုံကြည်သည်။ ယင်းသည် အခြားလူများ၏ ဗိုက်များကို အောင့်စေသကဲ့သို့ ငါ၏ ဗိုက်ကိုလည်း အဘယ်ကြောင့် အောင့်စေခဲ့သနည်း” ဟု မိမိဘာသာ တွေးကြသည်။ ဤသည်မှာ မည်သည့်အပြုအမူမျိုး ဖြစ်သနည်း။ (စမ်းသပ်ခြင်း ဖြစ်ပါသည်။) ယင်းမှာ ၎င်းတို့က ဘုရားသခင်ကို မသိကျွမ်းခြင်း၏ ရလဒ်ဖြစ်သည်။ သို့ရာတွင် အန္တိခရစ်တို့မှာမူ အခြားအပိုဆောင်းတစ်ခု ရှိသည်။ ၎င်းတို့သည် ဘုရားသခင်၏ အနှစ်သာရ တည်ရှိခြင်းကို လုံးဝ အသိအမှတ် မပြုကြသောကြောင့် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အားထုတ်မှုများနှင့် မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများဖြင့် အမှုအရာများကို လုပ်ဆောင်ကြပြီး ယုံကြည်ခြင်းအားဖြင့် ထိုအရာများကို မလုပ်ဆောင်ကြပေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင်ကို စမ်းသပ်နေကြသည်။ ၎င်းတို့သည် ဘုရားသခင် တည်ရှိခြင်း ရှိမရှိ၊ သူ၏ အနန္တတန်ခိုးက စစ်မှန်ခြင်း ရှိမရှိနှင့် သူသည် ၎င်းတို့အား အမှန်တကယ် ကွယ်ကာနိုင်ခြင်း ရှိမရှိတို့ကို စုံစမ်းလေ့လာရန်အတွက် မိမိတို့၏ အပြုအမူကိုလည်းကောင်း၊ မိမိတို့၏ ခဏတာ အတွေးအခေါ်များနှင့် စိတ်ပေါက်ရာပြုခြင်းတို့ကိုလည်းကောင်း အသုံးပြုနေကြသည်။ ၎င်းတို့၏ လက်တွေ့စမ်းသပ်မှုက အောင်မြင်ပါက ၎င်းတို့၏ ယုံကြည်မှုသည် ထိုအခြေခံအရ ဆက်သွားမည် ဖြစ်သည်။ ယင်းက မအောင်မြင်လျှင်၊ ဘုရားသခင်သည် ၎င်းတို့ကို စိတ်ပျက်စေလျှင် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ကြမည်နည်း။ ၎င်းတို့က “ဘုရားကို ငါ မယုံကြည်တော့ပါ။ သူက လူများအတွက် ဂရုစိုက်သည့်ပုံ မရှိပါ။ ဘုရားသည် လူ၏ ခိုလှုံရာဖြစ်သည်ဟု လူတိုင်းက ပြောကြသည်။ ငါမြင်သမျှမှာ ယင်းသည် ပကတိအခြေအနေ ဖြစ်ချင်မှ ဖြစ်ပေမည်။ ထိုစကားများနှင့် စပ်လျဉ်း၍ လူတို့သည် အနာဂတ်တွင် မိမိတို့အတွက် အရန်ဖြစ်သော အစီအစဉ်အချို့ကို ပြုလုပ်ထားရန် လိုအပ်သည်။ ၎င်းတို့သည် အမှုအရာများနှင့်ပတ်သက်၍ ထိုမျှ ထုံအ၍ မရနိုင်ပါ။ လူတို့သည် မိမိတို့၏ ကိစ္စများကို မိမိတို့ကိုယ်တိုင် ဖြေရှင်းရန် လိုအပ်သည်။ ၎င်းတို့သည် အရာရာအတွက် ဘုရားကို မှီခို၍မရနိုင်ပါ” ဟူ၍ ပြောကြလိမ့်မည်။ ယင်းမှာ ၎င်းတို့၏ စမ်းသပ်မှုမှနေ၍ ၎င်းတို့ ကောက်ချက်ချခဲ့သည့် ရလဒ်ဖြစ်လေသည်။ ဤရလဒ်ကို သင်မည်သို့ထင်မြင်သနည်း။ လူများက သမ္မာတရားကို လိုက်စားပါက ၎င်းတို့အတွက် ရလဒ်သည် ဤအရာဖြစ်မည်လော။ (မဟုတ်ပါ။) အဘယ်ကြောင့် မဟုတ်ရသနည်း။ လူများက သမ္မာတရားကို လိုက်စားလျှင် နောက်ဆုံး၌ ၎င်းတို့သည် ကောင်းမွန်ကာ အပြုသဘောဆောင်သည့် အောင်မြင်မှုနှင့် ဆုလာဘ်တစ်ခုကို ရရှိလိမ့်မည်။ ဆိုလိုသည်မှာ လူများက မည်သည့်အမှုအရာများကို လုပ်ဆောင်ပါစေ ဘုရားသခင်၌ သူတုံ့ပြန်ရာတွင် မည်သို့ပြုမူလုပ်ဆောင်သည်၊ ဤအရာများကို သူမည်သို့သဘောထားပြုမူသည်တို့နှင့်ပတ်သက်၍ သူ၏ နည်းလမ်းများနှင့် စည်းမျဉ်းများ ရှိပြီး လူများတွင် ထမ်းဆောင်ရန် မိမိတို့၏ ဝတ္တရားများနှင့် မိမိတို့၏ ကိုယ်ပိုင် ပင်ကိုအသိစိတ်များ ရှိကြလေသည်။ ဘုရားသခင်သည် ၎င်းတို့၏ ပင်ကိုအသိစိတ်များကို ၎င်းတို့အား ပေးအပ်ထားသည်။ ၎င်းတို့အား စည်းမျဉ်းများ ပေးထားပြီးသားဖြစ်သောကြောင့် လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်ရှိ ထိုစည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်သင့်ကြသည်။ အချို့သောအရာများနှင့်ပတ်သက်လျှင် အပေါ်ယံတွင် ဘုရားသခင်သည် လူကို ကွယ်ကာသင့်သည့်အလား ထင်ရသော်လည်း ထို “သင့်” ဟူသည်မှာ လူထံမှ လာသလော၊ သို့မဟုတ် ဘုရားသခင်ထံမှ လာသလော။ (လူထံမှ လာပါသည်။) ယင်းကို လူ၏ စိတ်ထဲတွင် စိတ်ကူးထားခြင်း ဖြစ်သည်။ ထို “သင့်” သည် သမ္မာတရား မဟုတ်။ ယင်းသည် ဘုရားသခင်၏ တာဝန် မဟုတ်။ သို့ဖြစ်၍ ဘုရားသခင်သည် အတိအကျ မည်သည့်အရာ လုပ်ဆောင်မည်နည်း။ ဘုရားသခင်ထံတွင် သူ၏ လုပ်ဆောင်ခြင်း နည်းလမ်းများရှိပြီး သူ့စည်းမျဉ်းနှင့်သူ ရှိလေသည်။ တစ်ခါတစ်ရံတွင် သင့်ကို မကွယ်ကာခြင်းအားဖြင့် သူက သင့်ကို ထုတ်ဖော်နေခြင်း ဖြစ်သည်။ သင် မည်သည့်လမ်းကြောင်း ရွေးချယ်သည်ကို ကြည့်နေခြင်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် ရန်လိုသော ပတ်ဝန်းကျင်တစ်ခုအားဖြင့် သူသည် သင့်အား အချို့သောကဏ္ဍများတွင် သင်၏ သိမြင်မှုကို စုံလင်အောင်ပြုနေခြင်း ဖြစ်သည်။ သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခုကို သင်ရရှိပြီး အချို့သောနည်းလမ်းဖြင့် ပြောင်းလဲစေရန် ခွင့်ပေးနေခြင်း ဖြစ်သည်။ သူသည် သင့်အား အားဖြည့်ပေးနေကာ သင်ကြီးထွားအောင် ပြုလုပ်နေခြင်း ဖြစ်သည်။ အတိုချုပ်အားဖြင့် ဘုရားသခင် မည်သို့ ပြုမူဆောင်ရွက်ပါစေ သူ့ထံတွင် သူ့စည်းမျဉ်းများနှင့်သူ ရှိသကဲ့သို့ ဆင်ခြင်တုံတရားများအပြင် သူ၏ ပန်းတိုင်များနှင့် ရည်မှန်းချက်တို့လည်း ရှိလေသည်။ သင်သည် “ဘုရားသခင်က ငါ့ကို ကွယ်ကာသင့်ပြီး သူသည် ထိုနည်းလမ်းဖြင့် ပြုမူဆောင်ရွက်သင့်သည်” ဟူသည့် စိတ်ကူးကို အမှန်တရားအဖြစ် မှတ်ယူကာ ထိုအတိုင်း စောင့်ထိန်းလိုက်နာ၍ ဘုရားသခင်ကို ယင်းဖြင့် တောင်းဆိုမှုများ ပြုပါက ဘုရားသခင်က ထိုနည်းအားဖြင့် မပြုမူသောအခါတွင် သင်နှင့် ဘုရားသခင်တို့ ကြားတွင် ပဋိပက္ခတစ်ခု ဖြစ်ပေါ်လိမ့်မည်။ ဤပဋိပက္ခ ဖြစ်ပေါ်သည့်အခါတွင် ဘုရားသခင်က မှားမည်မဟုတ်။ မည်သူက မှားမည်နည်း။ (လူဖြစ်ပါသည်။) ယင်းက လူတို့၏ အမြင်ရှုထောင့်ရှိ ပြဿနာတစ်ခု၌၊ မှားယွင်းသော ရပ်တည်မှုပြုခြင်းဖြင့်၊ မှားယွင်းသော နေရာကို ယူခြင်းဖြင့် စတင်လေသည်။ သင်သည် ဘုရားသခင်ကို နည်းလမ်းတစ်ခုခုဖြင့် ပြုမူဆောင်ရွက်ရန် တောင်းဆိုသောအခါ သင်သည် အတော်အတန် ကျိုးကြောင်းခိုင်လုံသည်ဟု ခံစားရလိမ့်မည်။ သို့ရာတွင် ပြန်၍ဆင်ခြင်သုံးသပ်သော် သင်သည် ကျိုးနွံနာခံနိုင်ပြီး လက်ခံနိုင်သောအခါတွင် သင်၏ ကျိုးကြောင်းပြချက်များက မခိုင်လုံကြောင်းနှင့် ဤသည်တို့မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဆင်ခြင်တုံတရား မရှိသော တောင်းဆိုချက်များ ဖြစ်ကြောင်းတို့ကို သင်ခံစားရလိမ့်မည်။ သင်လက်ခံနိုင်သောအခါတွင် ဘုရားသခင်သည် သင်ရရှိသင့်သည် သမ္မာတရားနှင့် သိမြင်မှု ပမာဏကို သင့်အပေါ် ပေးအပ်လိမ့်မည်။ သူ့အမြင်တွင် ယင်းသည် သင်အရရှိသင့်ဆုံးသော သမ္မာတရား လက္ခဏာဖြစ်ကာ မပြောပလောက်သော ကျေးဇူးတော်အချို့ သို့မဟုတ် ကောင်းချီးမင်္ဂလာအချို့ မဟုတ်ပေ။ သင့်အတွက် အရေးအကြီးဆုံးသောအရာသည် မည်သည့်အရာဖြစ်ကြောင်းကို ဘုရားသခင် တစ်ပါးတည်းသာလျှင် သိရှိပြီး အချိန်ကျသည့်အခါတွင် သူသည် သင့်ကို အချိန်အဆဖြင့် ပေးအပ်လိမ့်မည်။ တစ်ဖက်တွင် အန္တိခရစ်တို့ကမူ သမ္မာတရားကိုဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဖြစ်စေ အသိအမှတ် မပြုကြချေ။ မည်သူက သမ္မာတရားကို မိတ်သဟာယပြုပြီး ဘုရားသခင်၏ ချစ်ခြင်းနှင့် ကယ်တင်ခြင်းတို့ကို သက်သေခံကောင်း သက်သေခံနိုင်ပါစေ အန္တိခရစ်တစ်ဦးသည် ယင်းကို လက်ခံရန် ငြင်းဆန်မည်သာမက ယင်းကို ၎င်းတို့က ပစ်ပစ်ခါခါ ငြင်းပယ်ပြီး အတိုက်အခံလုပ်ကြလိမ့်မည်။ ဤသည်မှာ အန္တိခရစ်များနှင့် သာမန် ဖောက်ပြန်ပျက်စီးသော လူများကြားမှ ကွာခြားချက် ဖြစ်လေသည်။

ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် သူ၏ အတုမရှိခြင်း အနှစ်သာရတို့ကို ငြင်းပယ်သည့် အန္တိခရစ်တို့၏ အင်္ဂါရပ်နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် နိဂုံးချုပ်မည်။ သင်တို့တွင် နောက်ထပ်မေးစရာရှိသေးသလော။ (ဘုရားသခင်၊ ကျွန်ုပ်တွင် မေးခွန်းတစ်ခု ရှိပါသည်။ ကျွန်ုပ် ဧဝံဂေလိတရားဟောနေသည့်အချိန်တွင် သခင့်ကို ယုံကြည်သူများစွာနှင့် ကျွန်ုပ် ကြုံတွေ့ခဲ့ရပြီး ၎င်းတို့က “အသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်သည်။” ဟူသည့် ပေါလု၏ အမြင်ကို စောင့်ထိန်းလိုက်နာရန် အလွန်စိတ်ထက်သန်နေကြသည်။ ပေါလု၏ စကားများ၏ စံနှုန်းပြည့်နိုင်လျှင် ၎င်းတို့သည် ဘုရားဖြစ်လာနိုင်သည်ဟု ထင်မြင်ကြသည်။ ဤသည်မှာ အန္တိခရစ်တို့၏ နောက်ထပ် သရုပ်သကန်ဖြစ်သလော။ ပြီးလျှင် ဘုရားသခင်၏ အတုမရှိခြင်း အနှစ်သာရကို ငြင်းဆန်ခြင်းလည်း ဖြစ်သလော။) အနည်းနှင့်အများဆိုသလိုပင် ဖြစ်လေသည်။ အန္တိခရစ်များက ဘုရားသခင်၏ အတုမရှိခြင်းကို ငြင်းပယ်ခြင်းမှာ အဓိကအားဖြင့် ၎င်းတို့သည်လည်း ဘုရားဖြစ်လိုသောကြောင့်ဖြစ်သည်။ “ငါအတွက်မှာမူ၊ အသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏၊ အသက်ရှင်သည့်အရာမှာ ဘုရားဖြစ်၏၊ ဘုရား၏အသက်နှင့် ငါသည် ဘုရားဖြစ်၏” ဆိုသော ပေါလု၏စကားတို့သည် ၎င်းတို့ အထူးသဖြင့် အနှစ်သက်ဆုံးသောအရာ ဖြစ်သည်။ ဤအမြင်က မှန်ကန်လျှင် ၎င်းတို့သည် ဘုရားဖြစ်ဖို့၊ ဘုရင်အဖြစ် အုပ်စိုးရဖို့၊ လူတို့အပေါ် ထိန်းချုပ်မှုကို ရရှိဖို့ မျှော်လင့်ချက်ရှိသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ မမှန်ကန်လျှင် ဘုရင်အဖြစ် အုပ်စိုးဖို့နှင့် ဘုရားဖြစ်ဖို့ဟူသည့် ၎င်းတို့၏ မျှော်လင့်ချက်များက ပျက်စီးသွားပြီဖြစ်သည်။ အတိုချုပ်ဆိုရလျှင် စာတန်သည် အစဉ်ပင် ဘုရားသခင်နှင့် တန်းတူရည်တူဖြစ်ချင်သည်။ အန္တိခရစ်များလည်း ထို့အတူပင်ဖြစ်သည်။ ၎င်းတို့သည်လည်း ဤအနှစ်သာရကို ပိုင်ဆိုင်သည်။ ဥပမာအားဖြင့် ဘုရားသခင်နောက်သို့ လိုက်သောသူများအကြားတွင် ဘုရားသခင်ကို အဆက်မပြတ် ချီးမြှောက်ကာ သက်သေခံသောသူများ၊ ဘုရားသခင်၏ လုပ်ဆောင်မှုအပေါ်၊ ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က လူသား၌ ဖြစ်စေသော အကျိုးသက်ရောက်မှုအပေါ် အဆက်မပြတ် သက်သေခံသောသူများ ရှိသည်။ လူသားကို ကယ်တင်ရန် ဘုရားသခင်လုပ်ဆောင်သော အမှုအားလုံးကို ၎င်းတို့က ချီးမွမ်းကြသည်။ ဘုရားသခင် ပေးဆပ်ခဲ့သော အဖိုးအခကိုလည်း ၎င်းတို့က ချီးမွမ်းကြသည်။ ဤအရာအားလုံးကို အန္တိခရစ်များကလည်း ခံစားလိုကြသလော၊ သို့မဟုတ် မခံစားလိုကြသလော။ ၎င်းတို့သည် လူတို့ထံမှ ထောက်ခံအားပေးခြင်း၊ မြှောက်ပင့်ခြင်း၊ ချီးမြှောက်ခြင်း၊ ချီးမွမ်းခြင်းကိုပင် ခံစားလိုကြသည်။ အခြား မည်သည့်ရှက်ဖွယ်စိတ်ကူးများကို ၎င်းတို့အကြံပေါက်ကြသနည်း။ လူတို့ကို ၎င်းတို့အပေါ် ယုံကြည်စေလိုကြသည်၊ အရာရာ၌ ၎င်းတို့အပေါ် မှီခိုစေလိုကြသည်။ လူတို့အနေဖြင့် ဘုရားသခင်ကို အမှီပြုခြင်းမှာလည်း ပြဿနာမရှိပေ။ သို့သော် ဘုရားသခင်ကို ၎င်းတို့မှီခိုနေသည့် တစ်ချိန်တည်းမှာပင် အန္တိခရစ်တို့အပေါ် မှီခိုရခြင်းသည် ၎င်းတို့အတွက် ပို၍ လက်တွေ့ကျပြီး စစ်မှန်နေလျှင် အန္တိခရစ်များက အလွန့်အလွန် ကျေနပ်ကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်ကို သင်ချီးမွမ်းပြီး ဘုရားသခင်က သင့်အပေါ် ပေးအပ်ခဲ့သည့် ကျေးဇူးတော်များကို သင်ရေတွက်သည့် တစ်ချိန်တည်းမှာပင် သင်သည် အန္တိခရစ်များ၏ ချီးမွမ်းထိုက်သော အောင်မြင်မှုများအားလုံးကိုပါ ထည့်သွင်းကာ ၎င်းတို့လုပ်ဆောင်သမျှ အရာရာတိုင်းကို အရပ်တကာတွင် အများသိအောင် ပြောဆိုလျက် သင်၏ညီအစ်ကိုမောင်နှမများကြားတွင် ၎င်းတို့ကို အလွန်အမင်း ချီးမွမ်းပါက ၎င်းတို့၏စိတ်နှလုံးထဲတွင် အလွန်ပင် ကျေနပ်ဝမ်းမြောက်လိမ့်မည်ဖြစ်ပြီး တင်းတိမ်ရောင့်ရဲလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များ၏ သဘာဝ အနှစ်သာရတို့၏ ရှုထောင့်မှ ဆိုရလျှင် ဘုရားသခင်သည် သြဇာအာဏာကို ပိုင်ဆိုင်ကြောင်း၊ ဖြောင့်မတ်ကြောင်းနှင့် လူတို့ကို ကယ်တင်နိုင်ကြောင်း ပြောသောအခါ ထိုကဲ့သို့သော အနှစ်သာရကို ဘုရားသခင်ကသာလျှင် ပိုင်ဆိုင်ကြောင်း၊ ဤအမှုမျိုးကို ဘုရားသခင်ကသာ လုပ်ဆောင်နိုင်ကြောင်းနှင့် ဤအရာတို့ကို လုပ်ဆောင်ရာတွင် မည်သူကမျှ သူ၏ကိုယ်စား ရပ်တည်ခြင်းဖြစ်စေ၊ သူ့ကို ကိုယ်စားပြုခြင်းကိုဖြစ်စေ မလုပ်နိုင်သကဲ့သို့ မည်သူတစ်ဦးတစ်ယောက်မျှ ဤအနှစ်သာရကို မပိုင်ဆိုင်နိုင်ကြောင်း၊ ဤအရာတို့ကို မလုပ်ဆောင်နိုင်ကြောင်း သင်ပြောဆိုသောအခါ အန္တိခရစ်များသည် ၎င်းတို့၏စိတ်နှလုံးတွင် ဤစကားတို့ကို လက်မခံဘဲ အသိအမှတ်ပြုရန် ငြင်းဆန်ကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် လက်မခံကြသနည်း။ ၎င်းတို့တွင် ရည်မှန်းချက်များ ရှိသောကြောင့်ဖြစ်သည်။ ဤသည်မှာ ဤအရေးကိစ္စ၏ တစ်ပိုင်းဖြစ်သည်။ အခြားအပိုင်းမှာ ၎င်းတို့သည် လူ့ဇာတိခံ ခန္ဓာကို ဘုရားသခင်ဖြစ်သည်ဟု မယုံကြည်သကဲ့သို့ အသိအမှတ်လည်း မပြုကြပေ။ ဘုရားသခင်သည် အတုမရှိကြောင်း၊ ဘုရားသခင်ကသာလျှင် ဖြောင့်မတ်ကြောင်း တစ်စုံတစ်ယောက်က ပြောဆိုသည့်အခါတိုင်းတွင် ၎င်းတို့၏စိတ်နှလုံးထဲ၌ လက်သင့်မခံဘဲ “မှားသည်။ ငါသည်လည်း ဖြောင့်မတ်သည်” ဟူ၍ ပြောဆိုကာ စိတ်အတွင်း၌ ဆန့်ကျင်ကြလိမ့်မည်။ ဘုရားသခင်ကသာ သန့်ရှင်းသည်ဟု သင်ဆိုလျှင် ၎င်းတို့က “မှားသည်။ ငါသည်လည်း သန့်ရှင်းသည်” ဟု ပြောကြလိမ့်မည်။ ပေါလုမှာ ဤအရာ၏ ဥပမာတစ်ခုဖြစ်သည်။ သခင်ယေရှုခရစ်တော်သည် လူသားမျိုးနွယ်အတွက် သူ၏အဖိုးတန်သော အသွေးတော်ကို ပေးအပ်ခဲ့ကြောင်း၊ သူသည် အပြစ်ဖြေရာယဇ်အဖြစ် အစေခံခဲ့ကြောင်း၊ လူသားမျိုးနွယ်အားလုံးကို ကယ်တင်ခဲ့ပြီး လူသားမျိုးနွယ်အားလုံးကို အပြစ်မှ ရွေးနုတ်ခဲ့ကြောင်းကို လူတို့က ပြောဆိုလျက် သခင်ယေရှုခရစ်တော်၏ နှုတ်ကပတ်တော်ကို ဖြန့်ချိကြသောအခါ ဤအရာကို ကြားပြီး ပေါလုက မည်သို့ခံစားခဲ့ရသနည်း။ ဤအရာအားလုံးမှာ ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်သည်ဟု သူအသိအမှတ်ပြုခဲ့သလော။ ဤအရာအားလုံးကို လုပ်ဆောင်နိုင်သောသူမှာ ခရစ်တော်ဖြစ်ကြောင်း၊ ခရစ်တော်သည်သာ ဤအရာအားလုံးကို လုပ်ဆောင်နိုင်ကြောင်း အသိအမှတ်ပြုခဲ့သလော။ ဤအရာအားလုံးကို လုပ်ဆောင်နိုင်သောသူသာလျှင် ဘုရားသခင်ကို ကိုယ်စားပြုနိုင်ကြောင်း သူအသိအမှတ်ပြုခဲ့သလော။ မပြုခဲ့ပေ။ သူပြောခဲ့သည်မှ “ယေရှုက ကားစင်တင်ခံနိုင်လျှင် လူတို့သည်လည်း ကားစင်တင်ခံနိုင်သည်ပင်။ ယေရှုက သူ၏ အဖိုးတန်သော အသွေးတော်ကို ပေးနိုင်လျှင် လူတို့သည်လည်း ပေးနိုင်သည်ပင်။ ဤအရာကို ထပ်ဖြည့်စွက်ရလျှင် ငါသည်လည်း ဟောပြောနိုင်၏။ ငါသည် သူ့ထက်ပို၍ သိကျွမ်းနှံ့စပ်၏။ ငါသည် ဒုက္ခခံနိုင်၏။ သူသည် ခရစ်တော်ဖြစ်သည်ဟု သင်ဆိုလျှင် ငါသည်လည်း ခရစ်တော်ဟု အခေါ်ခံရသင့်သည် မဟုတ်လော။ သူ၏ သန့်ရှင်းသောနာမတော်ကို သင်ကြေညာလျှင် သင်သည်လည်း ငါ၏ နာမကို မကြေညာသင့်သလော။ သူသည် ခရစ်တော်ဟု ခေါ်ဆိုခံရရန် ထိုက်တန်သည်ဆိုလျှင်၊ သူသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်လျှင်၊ သူသည် ဘုရားသခင်၏ သားတော်ဖြစ်လျှင် ငါတို့သည်လည်း မဖြစ်သလော။ ဒုက္ခခံစားနိုင်ပြီး အဖိုးအခပေးဆပ်နိုင်သောငါတို့၊ ဘုရားအတွက် အားသွန်ခွန်စိုက် လုပ်နိုင်ပြီး အလုပ်လုပ်နိုင်သော ငါတို့သည်လည်း ခရစ်တော်ဟု အခေါ်မခံရနိုင်သလော။ ဘုရား၏ အသိအမှတ်ပြုခံရခြင်းနှင့် ခရစ်တော်ဟု ခေါ်ခံရခြင်းတို့သည် ခရစ်တော်နှင့် မည်သို့များ ကွာခြားမှုတစ်ခုတလေ ရှိလေသနည်း” ဟူ၍ဖြစ်သည်။ အတိုချုပ်အားဖြင့် အန္တိခရစ်တို့သည် ဘုရားသခင်၏ အတုမရှိခြင်းဖြစ်သည့် သူ၏ အနှစ်သာရနှင့်သက်ဆိုင်သော သွင်ပြင်လက္ခဏာကို နားလည်သဘောပေါက်ရန် အရေးနိမ့်ခဲ့ကြသည်။ ပြီးလျှင် ဘုရားသခင်၏ အတုမရှိခြင်းသည် စင်စစ်အားဖြင့် မည်သည့်အရာ ဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ ၎င်းတို့က “ခရစ်တော်ဖြစ်ခြင်း၊ သို့မဟုတ် ဘုရားဖြစ်ခြင်းသည် လူတစ်ဦးက စွမ်းရည်နှင့် လုပ်နိုင်စွမ်း အင်အားနှင့်ပတ်သက်၍ အားထုတ်သည့်အရာတစ်ခု ဖြစ်သည်မှာ တိုက်ခိုက်ခြင်းမှတစ်ဆင့် အာဏာရသကဲ့သို့ပင် ဖြစ်သည်။ ဘုရား၏ အနှစ်သာရရှိခြင်းအားဖြင့် သင်သည် ခရစ်တော်ဟု အခေါ်ခံရခွင့် မရှိ။ ခရစ်တော်ဖြစ်ခြင်းဟူသည်မှာ လူတစ်ယောက်၏ ကိုယ်ပိုင်စွမ်းရည်နှင့်သက်ဆိုင်သော ကြိုးစားပန်းစား ထိုက်ထိုက်တန်တန် ရရှိသော ရလဒ်ဖြစ်သည်။ ယင်းမှာ ကမ္ဘာတွင် အမှုကိစ္စများ၏ ပကတိအခြေများကဲ့သို့ပင် ဖြစ်လေသည်။ အရည်အချင်းပိုရှိသူ၊ ပို၍လုပ်ဆောင်နိုင်စွမ်းရှိသူ မည်သူမဆိုက ရာထူးကြီး အရာရှိဖြစ်နိုင်ပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိနိုင်သောသူ ဖြစ်သည်” ဟု ယုံကြည်ကြသည်။ ဤသည်မှာ ၎င်းတို့၏ စဉ်းစားတွေးခေါ်ပုံဖြစ်သည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် အသိအမှတ်မပြုပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ပြောဆိုထားသော ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို ၎င်းတို့နားမလည်နိုင်ပေ။ ၎င်းတို့သည် လူပြိန်းများနှင့် အပြင်လူများဖြစ်ကာ နလပိန်းတုံးများ ဖြစ်သောကြောင့် ၎င်းတို့၏ပြောဆိုမှုတွင် အပြင်လူများ၏ စကားလုံးများ၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသော စကားလုံးများသာ ပါဝင်သည်။ ၎င်းတို့သည် နှစ်အနည်းငယ်မျှ အလုပ်လုပ်ပြီး ၎င်းတို့အနေဖြင့် ဒုက္ခခံကာ အဖိုးအခ ပေးဆပ်နိုင်စွမ်းရှိကြောင်း၊ အယူဝါဒများကို တရားဟောစဉ်တွင် အာပေါင်အာရင်းသန်သန် ပြောဆိုနိုင်ကြောင်း၊ ကြောင်သူတော်အဖြစ် လုပ်ဆောင်နည်းကို ၎င်းတို့သင်ယူသိရှိပြီးဖြစ်ကြောင်း၊ သူတစ်ပါးတို့ကို အထင်အမြင်မှားအောင် လုပ်ဆောင်နိုင်ကြောင်းနှင့် လူအချို့၏ သဘောကျမှုကို ရရှိပြီးဖြစ်ကြောင်း ထင်မြင်ကြလျှင် ၎င်းတို့သည် ခရစ်တော်ဖြစ်လာနိုင်စွမ်း၊ ဘုရားဖြစ်လာနိုင်စွမ်း ရှိသည်ဟု အလိုအလျောက်ပင် ယုံကြည်ကြလေသည်။

သင်တို့တွင် နောက်ထပ်မေးစရာ တစ်ခုတလေ ရှိသေးသလော။ (ဘုရားသခင်၊ ဘုရားသခင်ကို စမ်းသပ်ခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်းနှင့်ပတ်သက်၍ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အနည်းငယ်ထပ်၍ မိတ်သဟာယဖွဲ့ပေးမည်လော။ လူများတွင် ဘုရားသခင်ကို စမ်းသပ်ခြင်းသည် မည်သည့်နည်းလမ်းများဖြင့် ပေါ်လွင်ထင်ရှားသနည်း။) ဘုရားသခင်ကို စမ်းသပ်ခြင်းဟူသည်မှာ လူတို့က ဘုရားသခင် မည်သို့ပြုမူဆောင်ရွက်ကို မသိသည့်အချိန်နှင့် သူ့ကို မသိသည့်အချိန် သို့မဟုတ် သူ့ကို နားမလည်သည့်အချိန်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သူ့အပေါ် ဆင်ခြင်တုံတရား မရှိသော တောင်းဆိုမှုအချို့ကို မကြာခဏ အကြံထုတ်ကြသည်။ ဥပမာအနေဖြင့် လူတစ်ဦးက နေမကောင်းသည့်အခါတွင် ဘုရားသခင်က ၎င်းကို ကုသပေးရန် ၎င်းက တောင်းဆိုကောင်း တောင်းဆိုနိုင်သည်။ “ကျွန်ုပ်သည် ကုသမှုကို ခံယူမည် မဟုတ်ပါ။ ဘုရားသခင်က ကျွန်ုပ်ကို ကုသပေးမည် ဟုတ်မဟုတ်ကို ကြည့်ကြစို့” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ထံမှ မည်သည့်လုပ်ဆောင်ချက်မျှ မရှိဘဲ အချိန်အတော်ကြာ ဆုတောင်းပြီးသည့်နောက်တွင် ၎င်းက “ဘုရားသခင်က မည်သည့်အရာကိုမျှ မပြုသည့်အတွက် ကျွန်ုပ်သည် ဆေးသောက်မည်ဖြစ်ပြီး သူက ကျွန်ုပ်ကို ဟန့်တားခြင်း ရှိမရှိကြည့်မည်။ ဆေးက ကျွန်ုပ်၏ လည်ချောင်းထဲတွင် တစ်နေလျှင် သို့မဟုတ် ကျွန်ုပ် ရေအနည်းငယ် ဖိတ်စင်သွားလျှင် ယင်းမှာ ဘုရားသခင်က ကျွန်ုပ်ကို ဆေးမသောက်ရန် ဟန့်တားပြီး တားဆီးနေသည့် နည်းလမ်း ဖြစ်ကောင်းဖြစ်နိုင်သည်” ဟူ၍ ပြောလေသည်။ ယင်းမှာ စမ်းသပ်မှုတစ်ခု ဟူသောအရာ ဖြစ်သည်။ သို့တည်းမဟုတ် ဥပမာအနေဖြင့် သင်သည် ဧဝံဂေလိ ဖြန့်ဝေရန် စေခိုင်းခြင်း ခံရသည်။ ပုံမှန်အခြေအနေများတွင် သင်၏တာဝန်များက မည်သည့်အရာကို လိုအပ်လာသည်ကိုလည်းကောင်း၊ သင် မည်သည့်အရာကို လုပ်ဆောင်သင့်သည်ကိုလည်းကောင်း လူတိုင်းက မိတ်သဟာယနှင့် စဉ်းစားဆင်ခြင်ခြင်းတို့အားဖြင့် ဆုံးဖြတ်ကြသည်၊ ထို့နောက်တွင် အချိန်ကျလာသည့်အခါတွင် သင် ဆောင်ရွက်ရလေသည်။ သင်ဆောင်ရွက်နေစဉ် တစ်စုံတစ်ခု ဖြစ်ပျက်လျှင် ယင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ ဖြစ်သည်။ ဘုရားသခင်က သင့်ကို ဟန့်တားမည်ဆိုလျှင် သူသည် သင့်ကို အလျင်ဦးအောင် တားမြစ်လိမ့်မည်။ သို့ရာတွင် သင်က “အိုဘုရားသခင်၊ ယနေ့ ဧဝံဂေလိတရားကို ဖြန့်ဝေရန် ကျွန်ုပ် အပြင်ထွက်ပါမည်။ ကျွန်ုပ် အပြင်ထွက်ခြင်းသည် ကိုယ်တော်၏ ရည်ရွယ်ချက်နှင့် ကိုက်ညီခြင်း ရှိပါသလော။ ယနေ့ ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူက လက်ခံနိုင်ခြင်း ရှိမရှိကို ကျွန်ုပ် မသိသကဲ့သို့ ကိုယ်တော်က ဤအရာအား မည်သို့ အတိအကျ အုပ်စိုးမည်ကိုလည်း ကျွန်ုပ် မသိပါ။ ကိုယ်တော်၏ အစီအစဉ်များ၊ ကိုယ်တော်၏ လမ်းပြမှု၊ ဤအရာများကို ကိုယ်တော် ကျွန်ုပ်အား ပြဖို့အတွက် ကျွန်ုပ် တောင်းလျှောက်ပါသည်” ဟု ဆုတောင်းခြင်းတွင် ပြောသည်ဟု ဆိုကြပါစို့။ ဆုတောင်းပြီးသည့်နောက်တွင် သင်က ထိုနေရာတွင် မလှုပ်မယှက်ထိုင်ကာ ထို့နောက်တွင် “ဘုရားသခင်သည် ယင်းနှင့်ပတ်သက်၍ အဘယ်ကြောင့် ပြောစရာတစ်ခုမျှ မရှိသနည်း။ ယင်းမှာ ကျွန်ုပ်သည် သူ၏ နှုတ်ကပတ်တော်များကို လုံလုံလောက်လောက် မဖတ်ရှုသောကြောင့် ထိုအရာများကို သူက ကျွန်ုပ်အား ပြ၍မရနိုင်သည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤသို့ဖြစ်ပါက ကျွန်ုပ်သည် ဤနေရာမှ ချက်ချင်း ထွက်သွားလိုက်မည်။ အပြင်တွင် ကျွန်ုပ် မှောက်လျက်လဲကျလျှင် ယင်းမှာ ဘုရားသခင်က ကျွန်ုပ်ကို မသွားအောင် တားဆီးနေခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး အရာရာက ချောမွေ့နေပြီး ဘုရားသခင်က ကျွန်ုပ်ကို မဟန့်တားလျှင် ယင်းမှာ ဘုရားသခင်က ကျွန်ုပ်ကို သွားခွင့်ပြုနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်” ဟု ပြောသည်။ ယင်းမှာ စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ယင်းကို ငါတို့က အဘယ်ကြောင့် စမ်းသပ်မှုတစ်ခုဟု ခေါ်နေကြသနည်း။ ဘုရားသခင်၏ အလုပ်က လက်တွေ့ကျသည်။ လူများအနေဖြင့် ၎င်းတို့ ထမ်းဆောင်သင့်သည့် တာဝန်များကိုသာ ထမ်းဆောင်ခြင်း၊ ၎င်းတို့၏ နေ့စဉ်အသက်တာများကို စီစဉ်ခြင်း၊ စည်းမျဉ်းများနှင့်ညီသည့် နည်းလမ်းတစ်ခုဖြင့် ပုံမှန်လူ့သဘာဝနှင့်ဆိုင်သော ၎င်းတို့၏ အသက်တာများကို အသက်ရှင်နေထိုင်ခြင်းတို့က အဆင်ပြေပါသည်။ ဘုရားသခင်က မည်သို့ပြုမူဆောင်ရွက်မည် သို့မဟုတ် မည်သည့်လမ်းပြမှုကို သူပေးမည်တို့ကို စမ်းသပ်ရန် မလိုအပ်ပေ။ သင်လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ခြင်းကိုသာ သင် စိတ်ဝင်စားလော့။ “ဘုရားသခင်က ငါ့အား ဤအရာ လုပ်ဆောင်ခွင့်ပေးမည်လော၊ သို့မဟုတ် သူ ခွင့်မပေးမည်လော။ ဤအရာကို ငါလုပ်ဆောင်လျှင် ဘုရားသခင်သည် ငါ့ကို မည်သို့ ကိုင်တွယ်မည်နည်း။ ငါ့အနေဖြင့် ဤသို့ လုပ်ဆောင်ခြင်းသည် မှန်ကန်သလော” ဟူသကဲ့သို့ အပိုဆောင်း အတွေးများကို အစဉ်သဖြင့် မထားရှိနှင့်။ တစ်စုံတစ်ခုသည် သိသာထင်ရှားစွာပင် မှန်ကန်လျှင် ယင်းကို လုပ်ဆောင်ခြင်းကိုသာ သင်စိတ်ဝင်စားလော့။ ဤအရာ၊ ထိုအရာအကြောင်းကို လိုက်မတွေးနေနှင့်။ ဤနေ့ရက်တွင် သင်၏အသက်တာကို သူလမ်းပြပေးမည့်အရေး၊ ယနေ့တွင် သင်ထမ်းဆောင်သည့် တာဝန်ကို သူ လမ်းပြပေးမည့်အရေး ဘုရားသခင်၏ လမ်းပြမှုအတွက် ဆုတောင်းခြင်းသည် အဆင်ပြေသည်မှာ ပြောစရာမလိုပေ။ လူတစ်ဦးအနေဖြင့် ကျိုးနွံနာခံခြင်း စိတ်နှလုံးနှင့် သဘောထားတစ်ခု ရှိခြင်းက လုံလောက်ပြီဖြစ်သည်။ ဥပမာအနေဖြင့် သင်သည် လျှပ်စစ်ကို သင်၏ လက်ဖြင့် တို့ထိလိုက်ပါက သင် ဓာတ်လိုက်မည် ဖြစ်ပြီး သင်၏ အသက်ပင် ဆုံးရှုံးကောင်း ဆုံးရှုံးနိုင်သည်ကို သင်သိသည်။ သို့တိုင်အောင် သင်က သေချာစဉ်းစားလေသည်။ “စိတ်ပူစရာ မရှိပါ။ ဘုရားသခင်က ငါ့ကို ကွယ်ကာနေသည်။ ငါက ဘုရားသခင် ငါ့ကို ကွယ်ကာမည်လောဟူသည်ကို မြင်ဖို့၊ ဘုရားသခင်၏ ကွယ်ကာခြင်းက မည်သို့ခံစားရသည်ကို မြင်ဖို့ ကြိုးစားကြည့်ရုံသာ ရှိသည်” ဟူ၍ ဖြစ်သည်။ ထို့နောက်တွင် သင်သည် လျှပ်စစ်ကို သင်၏ လက်နှင့် တို့ထိလိုက်ပြီး ရလဒ်အနေဖြင့် ဓာတ်လိုက်သွားသည်။ ယင်းမှာ စမ်းသပ်မှုတစ်ခုဖြစ်သည်။ အချို့သောအရာများသည် သိသိသာသာပင် မှားယွင်းနေပြီး မလုပ်ဆောင်သင့်ပေ။ သင်သည် ဘုရားသခင်၏ တုံ့ပြန်မှုက မည်သည့်အရာ ဖြစ်မည်ကို မြင်ရရန် ယင်းတို့ကို လုပ်ဆောင်နေဆဲဖြစ်လျှင် ယင်းမှာ စမ်းသပ်မှုတစ်ခု ဖြစ်သည်။ လူအချို့က “လူများက ဟိတ်ကြီးဟန်ကြီးဖြင့် ဝတ်စားဆင်ယင်ပြီး မိတ်ကပ်များ ထူပျစ်အောင် လူးထားသည့်အခါတွင် ဘုရားသခင် မနှစ်သက်ပါ။ သို့ဆိုလျှင် ထိုအရာကို ကျွန်ုပ် လုပ်ဆောင်မည်ဖြစ်ပြီး ဘုရားသခင်က ကျွန်ုပ်ကို စိတ်ထဲတွင် ပြစ်တင်မောင်းမဲသည်မှာ မည်သို့ခံစားရသည်ကို ကြည့်မည်” ဟု ဆိုကြသည်။ သို့ဖြစ်၍ ၎င်းတို့ ဖီးလိမ်းပြင်ဆင်ပြီးသည့်နောက်တွင် မှန်ထဲသို့တစ်ချက် ကြည့်လိုက်သည်။ “အလိုလေး၊ ငါ့ကြည့်ရသည်မှာ သက်ရှိတစ္ဆေတစ်ကောင်နှင့် တူနေသည်။ သို့သော်လည်း ယင်းမှာ အနည်းငယ် ရွံရှာစရာကောင်းသည်ဟုသာ ငါ ခံစားရလင့်ကစား မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရန် အားမထုတ်နိုင်ပါ။ ထိုထက်ပို၍ မည်သည့်အပိုဆောင်း ခံစားချက်မျှမရှိ။ ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို ငါမခံစားရသကဲ့သို့ ငါ့ကို ဒဏ်ခတ်ရန်၊ တရားစီရင်ရန် သူ့စကားများ ချက်ချင်းကျရောက်လာသည်ကိုလည်းကောင်း၊ ငါ မခံစားရ” ဟူ၍ ဖြစ်လေသည်။ ဤသည်မှာ မည်သည့် အပြုအမူမျိုး ဖြစ်သနည်း။ (စမ်းသပ်ခြင်း ဖြစ်ပါသည်။) တစ်ခါတစ်ရံတွင် သင်၏တာဝန်တွင် သင်ဝတ်ကျေတမ်းကျေဖြစ်ပြီး ထိုသို့ဖြစ်သည်ကိုလည်း သင်ရှင်းလင်းစွာ သိလျှင် ယင်းမှာ သင့်အနေဖြင့် နောင်တသာရပြီး ပြန်လှည့်ရန် လုံလောက်ပေသည်။ သို့ရာတွင် သင်က “အို၊ ဘုရားသခင်၊ ကျွန်ုပ် ဝတ်ကျေတမ်းကျေ လုပ်နေခဲ့မိပါသည်။ ကျွန်ုပ်ကို ဆုံးမပဲ့ပြင်ဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါသည်” ဟု အစဉ်သဖြင့် ဆုတောင်းနေသည်။ သင်၏ အသိစိတ်က မည်သည့်အသုံးဝင်မှု ရှိသနည်း။ သင့်ထံတွင် အသိစိတ်ရှိလျှင် သင်ကိုယ်တိုင်၏ အပြုအမူအတွက် သင်တာဝန်ယူသင့်သည်။ သင်သည် ယင်းကို ချုပ်တည်းသင့်သည်။ ဘုရားသခင်ထံ ဆုမတောင်းနှင့်။ ထိုဆုတောင်းချက်သည် စမ်းသပ်မှုတစ်ခု ဖြစ်လာလိမ့်မည်။ အလွန်အလေးအနက်ဖြစ်သည့် အရာကို ယူပြီး ဟာသလုပ်ပစ်ခြင်း ဖြစ်သည့် စမ်းသပ်မှုတစ်ခုဟူသည်မှာ ဘုရားသခင် စက်ဆုပ်သည့်အရာတစ်ခု ဖြစ်လေသည်။ ပြဿနာတစ်ခုနှင့် ကြုံတွေ့သောအခါတွင် လူများက ဘုရားသခင်ထံ ဆုတောင်းပြီး သူ့ကို ရှာဖွေသောအခါ၊ ပြီးလျှင် ဘုရားသခင်ကို ၎င်းတို့၏ ဆက်ဆံမှုရှိ ၎င်းတို့၏ သဘောထားများ၊ တောင်းဆိုမှုများနှင့် အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းများတွင်လည်း စမ်းသပ်မှုအချို့ မကြာခဏ ရုတ်တရက်ဆိုသလို ပေါ်ထွက်လာလိမ့်မည်။ ဤစမ်းသပ်မှုများတွင် အဓိကအားဖြင့် မည်သည့်အရာများ ပါဝင်သနည်း။ ယင်းမှာ ဘုရားသခင် မည်သို့ ပြုမူဆောင်ရွက်မည်ကို သင်မြင်လိုခြင်းဖြစ်သည်၊ သို့မဟုတ် ဘုရားသခင်သည် တစ်စုံတစ်ခုကို လုပ်ဆောင်နိုင်ခြင်း ရှိမရှိကို သင်မြင်တွေ့လိုခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်ကို စမ်းသပ်လိုသည်။ သင်သည် ဘုရားသခင်က မည်သည့်ပုံစံရှိသည်ကို အတည်ပြုရန်၊ ဘုရားသခင်ပြောခဲ့သည့် မည်သည့်စကားများသည် မှန်ကန်ပြီး တိကျသည်ဆိုသည်ကိုလည်းကောင်း၊ မည်သည့်စကားများက တကယ်ဖြစ်လာနိုင်သည်ကိုလည်းကောင်း၊ သူဖြစ်မြောက်အောင်မြင်နိုင်သည့်အရာကိုလည်းကောင်း မှန်မမှန် ကြည့်ရှုစစ်ဆေးရန် ဤကိစ္စကို သင်အသုံးပြုလိုသည်။ ဤအရာအားလုံးသည် စမ်းသပ်မှုများဖြစ်သည်။ အမှုအရာများကို ဤနည်းအားဖြင့် ပြုမူခြင်းသည် သင်တို့တွင် ပုံမှန်ပေါ်ပေါက်လေ့ ရှိသလော။ သင့်အနေဖြင့် မှန်ကန်အောင် လုပ်ဆောင်ပြီးခြင်း ရှိမရှိ သို့မဟုတ် ယင်းက သမ္မာတရားစည်းမျဉ်းများနှင့်ညီခြင်း ရှိမရှိကို သင်မသိသည့်အရာ တစ်ခုရှိသည်ဟု ဆိုပါစို့။ ဤနေရာတွင် ဤကိစ္စကို သင်လုပ်ဆောင်ခဲ့သည့်အရာသည် စမ်းသပ်မှုတစ်ခု ဟုတ်မဟုတ်၊ ယင်းသည် အပြုသဘောဆောင်ခြင်း ရှိမရှိကို မှန်မမှန်စစ်ဆေးနိုင်သည့် နည်းစနစ်နှစ်ခု ရှိသည်။ နည်းစနစ်တစ်ခုမှာ “ဤသည်မှာ ကျွန်ုပ်ထံ ဖြစ်ပျက်သည့် ဤအမှုအရာကို ကျွန်ုပ် ကိုင်တွယ်ကာ ရှုမြင်သည့်ပုံဖြစ်ပြီး ကျွန်ုပ် ထိုသို့ကိုင်တွယ်ခြင်း၏ ရလဒ်အနေဖြင့် ယခုအခါတွင် ဖြစ်သည့်ပုံစံဖြစ်သည်။ ဤသည်မှာ ကျွန်ုပ် အမှန်တကယ် လုပ်ဆောင်ခဲ့သင့်သည့် ပုံစံဟုတ်မဟုတ်ကိုမူ ကျွန်ုပ် မဆုံးဖြတ်နိုင်ပါ” ဟု ပြောလျက် နှိမ့်ချပြီး သမ္မာတရားကို ရှာဖွေသော စိတ်နှလုံး ရှိရန် ဖြစ်သည်။ ဤသဘောထားကို သင်မည်သို့ထင်သနည်း။ ဤသည်မှာ သမ္မာတရားကို ရှာဖွေခြင်း သဘောထားတစ်ခု ဖြစ်သည်။ ယင်းတွင် စမ်းသပ်မှု မပါရှိပေ။ သင်က “မိတ်သဟာယပြီးသည့်နောက်တွင် လူတိုင်း ဤအမှုအရာကို အတူတကွ ဆုံးဖြတ်ကြသည်” ဟု ပြောသည်ဆိုပါစို့။ လူတစ်ဦးက “ဤအရာကို မည်သူက ကြီးကြပ်သနည်း။ အဓိက ဆုံးဖြတ်ချက်ချသူမှာ အဘယ်သူနည်း” ဟု မေးလေသည်။ ပြီးလျှင် သင်က “လူတိုင်းဖြစ်ပါသည်” ဟု ဆိုသည်။ သင်၏ ရည်ရွယ်ချက်မှာ ဤသို့ဖြစ်သည်။ “ဤအမှုအရာကို စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ထားသည်ဟု ၎င်းတို့က ဆိုလျှင် ငါ လုပ်ဆောင်ခဲ့သည်ဟု ငါ ဆိုမည်။ ယင်းသည် စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ထားခြင်း မရှိဟု ၎င်းတို့က ဆိုလျှင် မည်သူလုပ်ဆောင်သည်၊ မည်သူက ဆုံးဖြတ်ချက်ချသည်တို့ကို ထိမ်ချန်ထားခြင်းဖြင့် ငါ စတင်မည်။ ဤသို့ဖြင့် ၎င်းတို့က ရှေ့ဆက်ပြီး အပြစ်ဖို့ရန် ကြိုးစားလျှင်ပင် ငါ့အပေါ် အပြစ်ဖို့မည် မဟုတ်ဘဲ တစ်စုံတစ်ယောက်က အရှက်ရရလျှင် ယင်းမှာ ငါတစ်ယောက်တည်း ဖြစ်မည် မဟုတ်”ဟူ၍ ဖြစ်လေသည်။ ထိုသို့သော ရည်ရွယ်ချက်နှင့် သင် စကားပြောလျှင် ယင်းမှာ စမ်းသပ်မှုတစ်ခု ဖြစ်၏။ လူတစ်ဦးက “လူက လောကီဆိုင်ရာ အမှုအရာများနောက် လိုက်သည့်အခါတွင် ဘုရားသခင်က ယင်းကို စက်ဆုပ်ရွံရှာသည်။ လူသားမျိုးနွယ်၏ အထိမ်းအမှတ်နေ့ရက်များနှင့် ပွဲတော်များကဲ့သို့သော အရာများကို သူက စက်ဆုပ်ရွံရှာသည်” ဟူ၍ ပြောကောင်းပြောနိုင်သည်။ ယခုအခါတွင် ဤအရာကို သင်သိသဖြင့် ထိုသို့သောအရာများကို ရှောင်ရန် အခြေအနေပေးသမျှ သင်အစွမ်းကုန် လုပ်ဆောင်လော့။ သို့ရာတွင် ပွဲတော်အချိန်ကာလများအတွင်းတွင် အမှုအရာများကို လုပ်ဆောင်နေစဉ် လောကီဆိုင်ရာ ကိစ္စများနောက်ကို သင် တမင်သက်သက် လိုက်ခဲ့ပြီး ထိုသို့ သင်လိုက်သည်နှင့်အမျှ သင်ထားရှိသည့် ရည်ရွယ်ချက်မှာ ဤသို့ဖြစ်သည်ဟု ဆိုကြပါစို့။ “ဤအရာကို လုပ်ဆောင်ခြင်းအတွက် ဘုရားသခင်က ငါ့ကို ဆုံးမပဲ့ပြင်မည် ဟုတ်မဟုတ်၊ သူက အာရုံစိုက်ခြင်း ရှိမရှိကိုသာ ကြည့်နေခြင်း ဖြစ်သည်။ အမှန်တကယ်တွင် သူသည် ငါ့အပေါ် မည်သည့်သဘောထား ထားရှိသည်၊ သူ၏ စက်ဆုပ်ရွံရှာခြင်းက မည်မျှနက်ရှိုင်းသည်ကိုသာ ငါကြည့်နေခြင်းဖြစ်သည်။ ဤအရာကို ဘုရားသခင် စက်ဆုပ်ရွံရှာသည်ဟု ၎င်းတို့က ဆိုကြသည်။ သူသည် သန့်ရှင်းပြီး မကောင်းမှုကို ရွံမုန်းသည်ဟု ၎င်းတို့က ပြောသောကြောင့် သူသည် မကောင်းမှုကို မည်မျှရွံမုန်းပြီး ငါ့ကို မည်သို့ဆုံးမပဲ့ပြင်သည်ကို ငါကြည့်မည်။ ဤအရာများကို ငါလုပ်ဆောင်သည့်အခါတွင် ဘုရားသခင်က ငါ့ခန္ဓာကိုယ်ရှိ အပေါက်များမှ အရည်များထွက်လာအောင်၊ မူးဝေခြင်းဖြင့် မွှန်ထူလာအောင်၊ အိပ်ရာထဲမှ မထွက်နိုင်အောင် ဖြစ်စေလျှင် ဘုရားသခင်သည် ဤအရာများကို အမှန်တကယ်ကိုပင် စက်ဆုပ်ရွံရှာသည်ဟု မြင်ရလိမ့်မည်။ သူက စကားပြောနေခြင်းမျှသာ ဖြစ်မည်မဟုတ်။ အဖြစ်မှန်များက အမှန်တရားကို သက်သေပြလိမ့်မည်” ဟူ၍ ဖြစ်သည်။ သင်သည် ထိုသို့သော အဖြစ်အပျက်မျိုးကို တွေ့ရဖို့ အစဉ်သဖြင့် မျှော်လင့်နေလျှင် သင့်ထံတွင် မည်သည့် အပြုအမူမျိုးနှင့် ရည်ရွယ်ချက်မျိုး ရှိသနည်း။ သင်သည် စမ်းသပ်နေသည်။ လူသည် ဘုရားသခင်ကို မည်သည့်အခါမျှ မစမ်းသပ်ရ။ ဘုရားသခင်ကို သင်စမ်းသပ်သည့်အခါတွင် သူက သင့်ထံမှ ကွယ်ဝှက်ကာ သူ၏ မျက်နှာတော်ကို သင့်ထံမှ ဖုံးကွယ်ထားပြီး သင်၏ ဆုတောင်းချက်များသည် အသုံးမတည့်ပေ။ အချို့က “ကျွန်ုပ်သည် စိတ်နှလုံးထဲတွင် ရိုးသားစစ်မှန်လျှင်ပင် အလုပ်မဖြစ်ဘူးလော” ဟူ၍ မေးကောင်းမေးနိုင်သည်။ မှန်သည်၊ သင်သည် စိတ်နှလုံးထဲတွင် ရိုးသားစစ်မှန်လျှင်ပင် အလုပ်မဖြစ်ပေ။ ဘုရားသခင်သည် လူများအား သူ့ကို စမ်းသပ်ခွင့်မပြု။ သူသည် မကောင်းမှုကို ရွံမုန်းသည်။ ဤကောက်ကျစ်ဆိုးယုတ်သော စိတ်ကူးများနှင့် အတွေးအခေါ်များကို သင်လက်သင့်ခံထားလျှင် ဘုရားသခင်သည် သင့်ထံမှ ကွယ်ဝှက်လိမ့်မည်ဖြစ်သည်။ သူသည် သင့်ကို ဉာဏ်အလင်းပွင့်စေတော့မည် မဟုတ်ဘဲ သင့်ကို တစ်ဖက်တွင် ဖယ်ထားလိမ့်မည်။ ပြီးလျှင် သင်သည် မိုက်မဲသော၊ အနှောင့်အယှက်ဖြစ်ပြီး အဖျက်အမှောင့်လုပ်သော အရာများကို ဆက်လက်၍ လုပ်ဆောင်သည်မှာ သင်၏ တကယ့် ပကတိအခြေအနေကို ပြသခြင်းခံရသည်အထိပင် ဖြစ်လေသည်။ ဤသည်မှာ လူများက ဘုရားသခင်ကို စမ်းသပ်ခြင်းမှ လာသည့် အကျိုးဆက်ဖြစ်သည်။

(ဘုရားသခင်၊ ကျွန်ုပ်၌ မေးလျှောက်စရာတစ်ခု ရှိပါသည်။ ကျွန်ုပ်သည် အသင်းတော်၌ ပစ္စည်းကိရိယာများကို စီမံခန့်ခွဲပါသည်။ ဤတာဝန်အပေါ်ထားသော ကျွန်ုပ်၏ သဘောထားသည် အမြဲတစေ ပေါ့ပေါ့ဆဆနိုင်၍ အလေးအနက်မရှိခဲ့ပါ။ ညီအစ်ကိုမောင်နှမများသည် ကျွန်ုပ်၏အမှားများကို ထောက်ပြ၍ ကျွန်ုပ်ကို ပြုပြင်ခဲ့ပြီး ချောင်းဆိုးပျောက်ဆေးကို ခိုးသောက်ခဲ့သည့် လူတစ်ယောက်အကြောင်း ဘုရားသခင် တစ်ချိန်က ပေးခဲ့သော ဥပမာနှင့်ပတ်သက်၍လည်း ကျွန်ုပ်ကို မိတ်သဟာယဖွဲ့ပေးခဲ့ပါသည်။ ဘုရားသခင်သည် သူ့ကို ဆုံးမပဲ့ပြင်ခြင်း သို့မဟုတ် ပြစ်တင်မောင်းမဲခြင်း မပြုဘဲ ထိုဆေးကို သောက်ပြီးသည်နှင့် တစ်ပြိုင်နက် သူ့ကို ဖယ်ရှားရှင်းလင်းခဲ့ပါသည်။ ဘုရားသခင်၏ စိတ်သဘောထားသည် လူ၏ ပုန်ကန်ပြစ်မှားခြင်းများကို ခွင့်လွှတ်ခြင်းမရှိဟူသည့် ထိုစကားများကို ကျွန်ုပ်သိပါ၏၊ သို့သော် ဘုရားသခင်သည် သနားကရုဏာ ပြည့်ဝပြီး ချစ်တတ်ကြောင်း၊ သူသည် ထိုလူကို ဆက်ဆံခဲ့သကဲ့သို့ ကျွန်ုပ်ကို ဆက်ဆံမည် မဟုတ်ကြောင်း အမြင်တစ်ခု ကျွန်ုပ်၌ ရှိနေခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်သည် ကြောက်ရွံ့မနေခဲ့ပါ။ ယနေ့ ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်းအပေါ် အခြေခံ၍ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားအပေါ် သံသယဖြစ်သည့် သဘောထားတစ်ခု၊ ဘုရားသခင်ကို စမ်းသပ်ခြင်းနှင့် သူ့ကို မည်သည့်အခါမျှ မကြောက်ရွံ့ခြင်းတည်းဟူသော အန္တိခရစ်တို့၏ အပြုအမူတို့သည် ကျွန်ုပ်၌ ရှိနေသည်ဟု ကျွန်ုပ် ခံစားမိပါသည်။) လူတစ်ယောက်အပေါ် ဘုရားသခင် ထားရှိသော သဘောထားသည် ထိုသူက ဘုရားသခင်ကို ကြောက်ရွံ့ခြင်း ရှိမရှိအပေါ်၌ အခြေမခံသကဲ့သို့ သီးခြားကိစ္စတစ်ခုနှင့်ပတ်သက်၍ ထိုသူ၌ ရှိကောင်းရှိနိုင်သော ခဏတာ သဘောထားအပေါ်၌လည်း အခြေမခံပေ။ အသက်တာ၏ အသေးအဖွဲကိစ္စများတွင် လူတစ်ယောက်က ပြသပြီး ထုတ်ဖော်ကောင်း ထုတ်ဖော်နိုင်သည့် မကောင်းသော အလေ့အကျင့်များနှင့် တာဝန်မဲ့သော နည်းလမ်းများကို ဘုရားသခင်သည် ဆိုးရွားသော ပြဿနာများအဖြစ် မမှတ်ယူချေ။ သင်၏ အဓိကကျသော တာဝန်ကို ကြိုးစားထမ်းဆောင်၍ တာဝန်ယူနိုင်စွမ်း ရှိရုံမျှဖြင့် လုံလောက်ပေသည်။ သင်သည် မိမိကိုယ်ကို ပစ္စည်းကိရိယာများ စီမံခန့်ခွဲမှုအတွက် တာဝန်ယူရန် အစဉ်သဖြင့် မတတ်နိုင်ဟု ခံစားရပြီး ယင်းကို ကောင်းမွန်စွာ လုပ်ဆောင်ရန် သင်၏ အစွမ်းခွန်အားရှိသမျှကို အသုံးမပြုနိုင်ပါက ယင်းက အဘယ်အရာကို ပြသနေသနည်း။ တစ်စိတ်တစ်ပိုင်းအားဖြင့် ယင်းက သင်သည် စီမံခန့်ခွဲမှုတွင် မတော်ကြောင်းကို ပြသသည်။ ထို့အပြင် သင်သည် ထိုအလုပ်အတွက် ထိုမျှ မသင့်တော်ကြောင်းကိုလည်း ပြသသည်။ သင်သည် ထိုအလုပ်၌ ဆက်လုပ်နေခြင်းက တစ်နေ့တွင် ဘေးဖြစ်စေနိုင်သည်ဟု ခံစားရပါက ယင်းအတွက် အခြားတစ်စုံတစ်ယောက်ကို အကြံပြုပေးခြင်းက ပို၍ကောင်း၏။ အသင်းတော်ရှိ ထိုတာဝန်နှင့် သင့်တော်သူတစ်ဦးကို သင့်အစား ဝင်ရောက်လုပ်ဆောင်စေပြီး ထို့နောက် သင် ကျွမ်းကျင်ပြီး စိတ်ဝင်စားသော အလုပ်ကို သွား၍ လုပ်ဆောင်ကာ ထိုတာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်လော့။ ထို့ပြင် တစ်စုံတစ်ယောက်သည် သမ္မာတရားကို အမှန်တကယ် ချစ်မြတ်နိုးပြီး ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ရန်၊ ဂုဏ်သိက္ခာရှိရှိ အသက်ရှင်နေထိုင်ပြီး အခြားသူတို့၏ စက်ဆုပ်ရွံရှာခြင်းကိုမခံရဘဲ လေးစားခြင်းကို ခံရရန် အမှန်တကယ် အလိုရှိလျှင် ထိုသူသည် အရာခပ်သိမ်းကို ကောင်းမွန်စွာ လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်သင့်သည်။ ထိုသို့လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရှေ့မှောက်၌ “ဘုရားသခင်၊ ကျွန်ုပ်သည် ညံ့ဖျင်းစွာ ထမ်းဆောင်ခဲ့ပါက ကျွန်ုပ်ကို ဆုံးမပဲ့ပြင်ပါ၊ ကိုယ်တော်၏အမှုကို ပြုပါ” ဟု ပြောဆိုရန် စိတ်ပိုင်းဖြတ်ချက် ရှိသင့်သည်။ လူတို့သည် အခြားသူတို့ကို စီမံခန့်ခွဲရာ၌ ညံ့ဖျင်း၏။ အများဆုံးအနေဖြင့် ၎င်းတို့သည် တစ်စုံတစ်ယောက်ကို နယ်ပယ်တစ်ခုတည်း၌ ထူးချွန်သူတစ်ဦး ဖြစ်လာရန်သာ သင်ကြားပေးနိုင်ပေမည်။ သို့သော် တစ်စုံတစ်ယောက် လျှောက်လှမ်းသည့် လမ်းကြောင်း၊ သူ၏အသက်တာအမြင်၊ အသက်တာ၌ ရွေးချယ်သည့် ပန်းတိုင်များနှင့် မည်သို့သော ပုဂ္ဂိုလ်မျိုးဖြစ်ရန် ရွေးချယ်မည် ဟူသည်တို့နှင့်ပတ်သက်လာလျှင် မည်သူမျှ သူ့ကို မကူညီနိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်တစ်ပါးတည်းသာလျှင် လူတို့ကို ပြောင်းလဲစေနိုင်၏။ ဤအရာသည် မည်သို့ ဖြစ်မြောက်လာသနည်း။ လူတို့ကိုယ်တိုင်က မစွမ်းဆောင်နိုင်သည့်အတွက် ၎င်းတို့သည် အမှုကိစ္စများကို ဘုရားသခင်အား ကိုင်တွယ်စေရမည်။ သို့ဖြစ်၍ ဘုရားသခင် အလုပ်လုပ်လိုမည့် အရေးမတိုင်မီ ဘုရားသခင် အလုပ်လုပ်စေရန်အတွက် လူတစ်ဦးသည် မည်သည့်စံသတ်မှတ်ချက်များနှင့် ကိုက်ညီရမည်နည်း။ ၎င်းသည် “ဤတာဝန်ကို ကျွန်ုပ် မည်သည့်အခါမျှ ကောင်းစွာ မထမ်းဆောင်နိုင်ခဲ့သည်ကို ကျွန်ုပ်သိပါသည်။ ညီအစ်ကိုမောင်နှမများလည်း စိတ်ကျေနပ်မှု မရှိခဲ့သလို ကျွန်ုပ်ကိုယ်တိုင်လည်း စိတ်ကျေနပ်မှုမရှိခဲ့ပါ၊ သို့သော် ကျွန်ုပ်သည် ယင်းကို ကောင်းစွာ ထမ်းဆောင်လိုစိတ် ရှိပါသည်။ ကျွန်ုပ် မည်သည့်အရာကို လုပ်ရမည်နည်း။ ကျွန်ုပ်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ ဆုတောင်းခြင်းဖြင့် လာရောက်ကာ သူ့အား ကျွန်ုပ်အထဲ၌ အလုပ်လုပ်စေပါမည်” ဟူ၍ ပြောလျက် ရှေးဦးစွာ စိတ်ပိုင်းဖြတ်ချက် ရှိရမည်၊ ထိုသို့သော ဆန္ဒ ရှိရမည်။ သင့်အထဲ၌ ဘုရားသခင် အလုပ်လုပ် စေလိုပါက သင့်အတွက် ပထမဆုံးအချက်မှာ ဒုက္ခခံနိုင်စွမ်းရှိခြင်းပင် ဖြစ်သည်။ ဘုရားသခင်က သင့်အား ဆုံးမပဲ့ပြင်သည့်အခါ၊ သူက သင့်အား ပြစ်တင်မောင်းမဲသည့်အခါတွင် သင်သည် ယင်းကို လက်ခံနိုင်ရမည်။ စိတ်နှလုံးထဲတွင် နာခံခြင်းနှင့် လက်ခံခြင်းသည် မည်သည့်အမှုကိုမဆို ကောင်းမွန်စွာ လုပ်ဆောင်ခြင်း၏ အစဖြစ်၏။ လူတိုင်းသည် အလုံးစုံ ကယ်တင်ခြင်းမခံရမီ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် အနန္တတန်ခိုးကို သံသယဝင်မည်ဟု ဆိုခြင်းက တရားနည်းလမ်းကျ၏။ ကွာခြားချက်မှာမူ သာမန် ဖောက်ပြန်ပျက်စီးသော လူတို့သည် သံသယမျှသာ ရှိနေသော်လည်း မိမိတို့၏ တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ပြီး သမ္မာတရားကို လိုက်စားကာ ဘုရားသခင်ကို တစ်စတစ်စ သိကျွမ်းလာနိုင်ခြင်း ဖြစ်သည်။ ၎င်းတို့၏ ခံစားချက်အရဖြစ်သော လိုအင်ဆန္ဒသည် တက်ကြွပြီး အပြုသဘောဆောင်၏။ အန္တိခရစ်များမှာမူ အတော်ပင် ဆန့်ကျင်ဘက် ဖြစ်၏။ ၎င်းတို့၏ ခံစားချက်အရဖြစ်သော လိုအင်ဆန္ဒများသည် လက်ခံခြင်းနှင့် နာခံတတ်ခြင်း မဟုတ်သည့်အပြင် အသိအမှတ်ပြုရန်လည်း ဆန္ဒပြင်းပြခြင်း မရှိပေ။ ထိုအစား ၎င်းတို့သည် အတိုက်အခံလုပ်သည်။ ၎င်းတို့သည် လက်ခံနေခြင်း မရှိပေ။ သို့ဆိုလျှင် သာမန် ဖောက်ပြန်ပျက်စီးသော လူတို့၌မူကား အဘယ်အရာ ကောင်းသနည်း။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို လှိုက်လှိုက်လှဲလှဲ လက်ခံပြီး ချစ်မြတ်နိုး၏။ သို့ရာတွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် မိမိတို့ကိုယ်ကို မထိန်းချုပ်နိုင်သည့်အခါများ၊ ညံ့ဖျင်းစွာ လုပ်ဆောင်မိသည့်အခါများနှင့် အမှုအရာတို့သည် ၎င်းတို့ လုပ်ဆောင်နိုင်စွမ်း မရှိသည့်အခါများ၊ မိမိတို့ လက်လှမ်းမမီသည့်အခါများ ရှိတတ်သည်။ ထို့ကြောင့် ၎င်းတို့သည် စိတ်နှလုံးထဲ၌ မကြာခဏ အပျက်သဘောဆောင်ကာ အားနည်းနေပြီး ဘုရားသခင်က ၎င်းတို့ကို မလိုလားဟုလည်းကောင်း၊ သူက ၎င်းတို့ကို စက်ဆုပ်ရွံရှာသည်ဟုလည်းကောင်း ခံစားရ၏။ ယင်းသည် ခံစားချက်ကောင်းတစ်ခုလော။ ယင်းသည် ရှိသင့်သော ခံစားချက်ကောင်းတစ်ခု ဖြစ်၏။ ယင်းက သင်၌ ကယ်တင်ခြင်းခံရရန် အခွင့်အရေး ရှိသည်ကို ဆိုလိုပြီး သင် ကယ်တင်ခြင်း ခံရနိုင်ကြောင်းပြသည့် လက္ခဏာတစ်ရပ်လည်း ဖြစ်သည်။ သင်သည် ယင်းကိုပင် ခံစား၍မရနိုင်ပါက သမ္မာတရားကို ရရှိပြီး ကယ်တင်ခြင်းခံရရန်ဟူသည့် သင်၏ မျှော်လင့်ချက်များသည် အလွန်ပင် အလှမ်းဝေးနေပေလိမ့်မည်။ ဤခံစားချက်ရှိခြင်း အတိအကျကပင် သင်၌ အသိတရား၊ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုတို့ ရှိနေသေးသည့်အပြင် သင်၌ ဆင်ခြင်တုံတရားလည်း ရှိနေသေးကြောင်းကို ပြသနေသည်။ သင်၌ ဤအရာများပင် မရှိပါက သင်သည် အမှန်တကယ်ပင် အန္တိခရစ်တစ်ဦး၊ မယုံကြည်သူတစ်ဦး ဖြစ်၏။ လက်ရှိတွင် သင်၌ မယုံကြည်သူတစ်ဦး၏ အပြုအမူအချို့၊ ၎င်း ထုတ်ဖော်ပြသည့်အရာ အနည်းငယ်နှင့် ၎င်း၏ စိတ်သဘောထား အနည်းငယ်သာ ရှိသေးသည့်တိုင် သင်သည် မယုံကြည်သူတစ်ဦး မဟုတ်သေးပေ။ ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းပေါ်တွင်လည်းကောင်း၊ သင်၏ လိုက်စားမှုတွင်လည်းကောင်း၊ သင်၏ အမြင်များတွင်လည်းကောင်း၊ သင်၏ တစ်ကိုယ်ရေအသက်တာ၏ ကဏ္ဍ အသီးသီးတွင်လည်းကောင်း သင့်ထံတွင် ပြဿနာများနှင့် ချို့တဲ့မှုများစွာ ကျန်ရှိနေသေးသော်လည်း ဘုရားသခင် ရှုမြင်ပုံအရ သင်သည် သူ့ကို ယုံကြည်ပြီး သူ၏ နောက်လိုက် ဖြစ်၏။ သို့ဖြစ်လျှင် ဤပြဿနာများကို မည်သို့ ဖြေရှင်းရမည်နည်း။ ယင်းသည် လွယ်ကူ၏။ သင်၌ အသိတရားနှင့် ဆင်ခြင်တုံတရား ရှိပြီး သမ္မာတရားကို လိုက်စားကာ အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးခြင်းဟူသော အခြေခံတောင်းဆိုချက်များကို ပြည့်မီသရွေ့ ဤပြဿနာများအားလုံးကို ဖြေရှင်းနိုင်ပေမည်။ ယင်းသည် အချိန်ကာလတစ်ခုသာ လို၏။ သင်သည် သမ္မာတရားကိုလည်းကောင်း၊ ဘုရားသခင်ထံမှ လာသော ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကိုလည်းကောင်း လက်ခံနိုင်သရွေ့ သင်သည် ပထမအခက်အခဲကို ကျော်လွှားပြီးဖြစ်၏။ သင်လိုအပ်သော ဒုတိယ အခက်အခဲမှာမူ သင့်ဘက်မှ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန်၊ အမှုအရာတစ်ခုချင်းစီ သင်အပေါ် ကျရောက်လာသည့်အခါ သင်၌ ပေါ်ပေါက်လာသော အမျိုးမျိုးသော အခြေအနေများကို ဖြေရှင်းရန် သင်ယူဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုစဉ်၊ မိတ်သဟာယဖွဲ့ခြင်းနှင့် ညီအစ်ကိုမောင်နှမများ၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို နားထောင်စဉ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပြဿနာများကို ဖြေရှင်းရန် သင်ယူဖို့ လိုအပ်ခြင်း ဖြစ်၏။ သင်သည် သူ၏ ရှေ့မှောက်သို့ မကြာခဏ လာရောက်နိုင်ရန်၊ သင်၏ အခြေအနေများနှင့် အနေအထားများအပြင် သင်ရင်ဆိုင်နေရသော ပြဿနာများကိုပါ သူ့ထံ ပြောပြရန်၊ ယင်းတို့ကို သူ့အား ပွင့်လင်းစွာ ပြောပြရန်နှင့် သူ၏ ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ရိုက်နှက်ခြင်းတို့အပြင် သင့်အပေါ်ထားသော သူ၏ ထုတ်ဖော်ခြင်းနှင့် သဘောထားကိုပင် ရိုးသားစွာ လက်ခံရန် လိုအပ်သည်။ သင်၏ စိတ်နှလုံးသည် သူ့အပေါ် ပိတ်ထားခြင်းမရှိဘဲ ပွင့်လင်းနေရန် လိုအပ်၏။ သင်၏ စိတ်နှလုံးသည် ပွင့်လင်းနေသရွေ့ သင်၏ အသိတရားနှင့် ဆင်ခြင်တုံတရားတို့သည် အသုံးဝင်နိုင်မည်ဖြစ်ပြီး သမ္မာတရားသည်လည်း သင်၏အတွင်းသို့ ဝင်ရောက်နိုင်ကာ သင့်၌ ပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်ပေမည်။ ထိုအခါ ဤပြဿနာအားလုံးကို ဖြေရှင်းနိုင်ပေလိမ့်မည်။ ယင်းတို့သည် ဖြေရှင်း၍မရနိုင်သည် မဟုတ်ပေ။ ယင်းတို့အနက် တစ်ခုမျှ ကြီးမားသော ပြဿနာမဟုတ်ချေ။ လူတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်းသည် အဖြစ်များသော အရာတစ်ခု ဖြစ်၏။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံး၌ တွေ့ရသည့် အဖြစ်အများဆုံးသော အနေအထား ဖြစ်သည်။ အနေအထားတစ်ခုမှာ လိမ်လည်မှုများနှင့် ပြည့်နှက်နေခြင်းဖြစ်ပြီး နောက်တစ်ခုမှာမူ ပေါ့ပျက်ပျက်နေခြင်း၊ ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်း၊ အမှုအရာအားလုံး၌ တာဝန်မဲ့ခြင်း၊ ဖြစ်သလို နေသည့် အခြေအနေတွင် ရှိနေခြင်း၊ အိုးနင်းခွက်နင်းနှင့် ပြီးမြောက်သွားသည့် အနေအထားတွင် ရှိနေခြင်းတို့ ဖြစ်သည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးအတွက် ပုံမှန်အခြေအနေဖြစ်၏။ ယင်းတို့သည် လူ၏ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် သမ္မာတရားကို ငြင်းပယ်ခြင်းတို့ထက် ဆိုးရွားမှု များစွာနည်းပါးသော အမှုအရာများ ဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်က လူ၌ ကြည့်ရှုသောအရာများပင် မဟုတ်ချေ။ အကယ်၍ ဘုရားသခင်သည် လူတို့ကို အသေးစိတ် ချင့်ချိန်တိုင်းတာလျှင် ၎င်းတို့သည် မှားယွင်းသော စကားတစ်ခွန်း ပြောမိပါက သူသည် ၎င်းတို့ကို အလိုရှိမည်မဟုတ်ပေ။ ၎င်းတို့သည် တစ်ကြိမ်တစ်ခါ သေးငယ်သောအမှားတစ်ခု ပြုလုပ်ခဲ့လျှင် သူသည် ၎င်းတို့ကို အလိုရှိမည်မဟုတ်ပေ။ လူတို့သည် လူငယ်သဘာဝအရ စိတ်မြန်လက်မြန်ရှိပြီး အမှုအရာများကို စိတ်မရှည်စွာ လုပ်ဆောင်လျှင် ဘုရားသခင်သည် ၎င်းတို့ကို နှစ်သက်မည်မဟုတ်ဘဲ ထိုအခါ ၎င်းတို့သည် သူ စွန့်ပစ်ပြီး ဖယ်ရှားရှင်းလင်းမည့်သူများ ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဖြစ်ခဲ့လျှင် လူတစ်ဦးတစ်ယောက်မျှ ကယ်တင်ခြင်းခံရမည် မဟုတ်ပေ။ အချို့က “ဘုရားသခင်သည် လူများကို ၎င်းတို့၏ အပြုအမူအားဖြင့် ပြစ်တင်ရှုတ်ချပြီး ၎င်းတို့၏ အဆုံးသတ်ကို ဆုံးဖြတ်သည်ဟု ကိုယ်တော် မပြောခဲ့ဘူးလား” ဟု ပြောပေလိမ့်မည်။ ထိုအရာသည် အခြားကိစ္စတစ်ခု ဖြစ်သည်။ စိတ်သဘောထား ပြောင်းလဲခြင်းနှင့် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိရန်အလို့ငှာ သမ္မာတရားကို လိုက်စားသည့် လူတို့၏ လမ်းကြောင်းပေါ်တွင် လူ၌ရှိသော ထိုသို့သော ဖြစ်တည်မှု အခြေအနေများသည် ဘုရားသခင် မြင်သည့်ပုံအရ အလွန်တရာ အဖြစ်များဆုံးသော အရာများဖြစ်ပြီး ဖြစ်နိုင်သမျှ သာမန်အဖြစ်ဆုံးနှင့် အတွေ့ရအများဆုံးသော အရာများဖြစ်သည်။ ဘုရားသခင်သည် ယင်းတို့ကို ကြည့်ပင်မကြည့်။ သူသည် မည်သည့်အရာကို ကြည့်ရှုသနည်း။ သင်၌ အပြုသဘောဆောင်သော လိုက်စားမှု ရှိ မရှိ၊ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများအပေါ်၌လည်းကောင်း၊ စိတ်သဘောထား ပြောင်းလဲခြင်းကို လိုက်စားမှုအပေါ်၌လည်းကောင်း သင်၏ သဘောထားသည် မည်သည့်အရာဖြစ်သည်ကို သူ ကြည့်ရှုသည်။ သင်၌ ထိုသို့သော လိုအင်ဆန္ဒတစ်ခု ရှိ မရှိနှင့် သင်သည် ကြိုးစားအားထုတ်နေခြင်း ရှိ မရှိ ဟူသည်ကို သူ ကြည့်ရှုသည်။ သင်၌ ဤအရာများ ရှိသည်ကိုလည်းကောင်း၊ သင်အမှား လုပ်မိသည့်အခါ သင် လိပ်ပြာမလုံသည်ကိုလည်းကောင်း၊ သင်သည် ယင်းကို မုန်းတီးရမှန်း သိသည်ကိုလည်းကောင်း၊ သင်သည် ဆုတောင်းလျက် ဘုရားသခင်၏ ရှေ့မှောက်သို့ လာရောက်ရန်နှင့် သူထံ ဝန်ချတောင်းပန်ပြီး နောင်တရရန် သိသည်ကိုလည်းကောင်း ဘုရားသခင် မြင်သောအခါ သူက သင်၌ မျှော်လင့်ချက်ရှိကြောင်း၊ သင်သည် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်မဟုတ်ကြောင်း ပြောလေသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏ သနားကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့သည် အားလုံး အနှစ်သာရမရှိသော စကားစုများဖြစ်သည်ဟု သင်ထင်သလော။ သူ၌ ထိုသို့သော အနှစ်သာရတစ်ခု ရှိသောကြောင့်ပင် ဘုရားသခင်သည် လူအမျိုးအစား အသီးသီးအပေါ်၌ သဘောထားတစ်ခု ရှိခြင်းဖြစ်ပြီး ဤသဘောထားများသည် အလွန်အမင်း လက်တွေ့ကျသည်။ ယင်းတို့သည် လုံးဝ အနှစ်မမဲ့ပေ။

ငါတို့ ယခုအတန်ကြာ ဆွေးနွေးနေခဲ့သည့် အန္တိခရစ်များ၏ အနှစ်သာရနှင့်ပတ်သက်သော ဤစကားပြောခြင်းသည် အကြောင်းတစ်ချက်မှာ လူတိုင်းက အန္တိခရစ်များကို သိနားလည်နိုင်ပြီး ပိုင်းခြားသိမြင်ကာ ၎င်းတို့သည် မည်သူဖြစ်သည်ကို သတ်မှတ်ပြီး ၎င်းတို့ကို ငြင်းပယ်နိုင်စေရန်အလို့ငှာ လူတိုင်း ကြားသိစေဖို့ ရည်ရွယ်သည့်အပြင် အန္တိခရစ်များ၌ ရှိသကဲ့သို့ပင် လူတိုင်း၌လည်း အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ရှိကြောင်း၊ သို့သော် စစ်မှန်သော အန္တိခရစ်များကိုသာ ဖယ်ရှားရှင်းလင်း၍ စွန့်ပစ်ရမည်ဖြစ်ပြီး အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိသော သာမန်လူများမှာမူ ဘုရားသခင် ဖယ်ရှားရှင်းလင်းမည့်သူများ မဟုတ်ဘဲ သူ ကယ်တင်မည့်သူများ ဖြစ်သည်ကို လူတိုင်းအား သိစေရန်လည်း ဖြစ်ပေသည်။ အန္တိခရစ်များ၏ အနှစ်သာရနှင့် ၎င်းတို့၏ စိတ်သဘောထား အသွင်အပြင်တစ်ခုစီနှင့်ပတ်သက်၍ လူတို့နှင့် မိတ်သဟာယဖွဲ့ခြင်းသည် လူတို့ကို ပြစ်တင်ရှုတ်ချရန် မဟုတ်ဘဲ လူတို့ကို ကယ်တင်ရန်၊ ၎င်းတို့အား လမ်းကြောင်းတစ်ခု ပေးရန်၊ ၎င်းတို့၌ အမှန်တကယ်ရှိသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများမှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ လူသားမျိုးနွယ်သည် သူ၏ ရန်သူဖြစ်သည်ဟု ဘုရားသခင် ပြောသည့်အခါ သူသည် အမှန်တကယ် မည်သည့်အရာကို ပြောနေခြင်း ဖြစ်ကြောင်းကိုလည်းကောင်း၊ မည်သည့်အကြောင်းကြောင့် ထိုသို့ပြောခြင်း ဖြစ်ကြောင်းကိုလည်းကောင်း၊ လူ၌ မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားများ အတိအကျ ရှိကြောင်းကိုလည်းကောင်း၊ လူ၌ရှိသော ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း၊ ပုန်ကန်ခြင်းနှင့်ပတ်သက်သည့် မည်သည့်ထုတ်ဖော်ပြမှုများက ဘုရားသခင်ကို ထိုသို့ ပြောကြားစေ၍ ဤသို့သော ပြစ်တင်ရှုတ်ချခြင်းများကို ပြုလုပ်စေကြောင်းကိုလည်းကောင်း ၎င်းတို့အား ရှင်းလင်းစွာ မြင်စေခြင်းတို့ ဖြစ်ပေသည်။ ဘုရားသခင်သည် လူကို ကယ်တင်လိုသောကြောင့်လည်းကောင်း၊ သူသည် လူသားမျိုးနွယ်ကိုဖြစ်စေ၊ သူ၏ နောက်လိုက်များကိုဖြစ်စေ၊ သူ ရွေးချယ်ထားသူများကိုဖြစ်စေ မစွန့်ပစ်သောကြောင့်လည်းကောင်း အတိအကျပင် သူသည် ဤနည်းဖြင့် မမောမပန်း စကားပြောပြီး အမှုပြုခြင်း ဖြစ်သည်။ ဘုရားသခင်က ဤကဲ့သို့ စကားပြောနေခြင်းနှင့် အမှုပြုနေခြင်းက သူသည် မည်မျှ ချစ်ခင်နှစ်လိုဖွယ်ကောင်းကြောင်း၊ လူတို့အပေါ် မည်မျှ စိတ်အားထက်သန်၍ စိတ်ရှည်ကြောင်း၊ မည်မျှ ကြိုးစားအားထုတ်ခဲ့ကြောင်းတို့ကို လူတို့အား နားလည်စေရန်အတွက်သာ မဟုတ်ပေ။ ဤအရာများကို နားလည်ခြင်းသည် အဘယ်အသုံးဝင်မည်နည်း။ လူတို့သည် ဤအရာများကို နားလည်သောအခါ ဘုရားသခင်အပေါ် ကျေးဇူးတင်စိတ် အနည်းငယ်မျှသာ ရှိ၏။ သို့သော် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှာမူ အလျှင်း ပြေလည်မသွားပေ။ ဘုရားသခင်သည် ဤသို့ စိတ်အားထက်သန်စွာ စိတ်ရှည်မှုဖြင့် စကားပြောခြင်းမှာ လူတို့ကို ကယ်တင်ခြင်းနှင့်ပတ်သက်၍ ကြိုးပမ်းအားထုတ်မှုများ ပြုခဲ့ပြီး စိတ်ပိုင်းဖြတ်ထားကြောင်းကို လူတို့အား မြင်စေရန် ဖြစ်သည်။ သူသည် နောက်ပြောင်နေခြင်း မဟုတ်ပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်လိုပြီး ထိုသို့ပြုလုပ်ရန် စိတ်ပိုင်းဖြတ်ထားသည်။ ဤအရာကို မည်သို့ မြင်နိုင်မည်နည်း။ ဘုရားသခင်အနေဖြင့် တစ်ဖက်တည်းမှ သို့မဟုတ် ရှုထောင့်တစ်ခုတည်းမှ စကားပြောသော သမ္မာတရား၏ အသွင်အပြင်တစ်ခုမျှ မရှိသကဲ့သို့ နည်းလမ်းတစ်မျိုးတည်းဖြင့်လည်း စကားပြောခြင်း မရှိပေ။ ထိုအစား လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် မိမိတို့ကိုယ်ကို သိရှိပြီး ထိုမှနေ၍ ၎င်းတို့၏ လိုက်စားမှုက ယူသင့်သော ဦးတည်ချက်နှင့် ၎င်းတို့ လျှောက်လှမ်းသင့်သော လမ်းကြောင်း အမျိုးအစားကို နားလည်စေရန်အလို့ငှာ သူသည် ရှုထောင့်အမျိုးမျိုးမှလည်းကောင်း၊ ပုံစံအမျိုးမျိုးဖြင့်လည်းကောင်း၊ ဘာသာစကား အမျိုးမျိုးဖြင့်လည်းကောင်း၊ အတိုင်းအတာအမျိုးမျိုးဖြင့်လည်းကောင်း လူတို့အား ပြောကြားလေသည်။ သူသည် ဤသို့ ပြုခြင်းမှာ လူတို့သည် မိမိတို့၏ စာတန်ဆန်၍ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်လွှတ်၍ ပြောင်းလဲရန်နှင့်၊ စာတန်က လူတို့ကို ဖောက်ပြန်ပျက်စီးစေသည့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များ၊ ရှင်သန်ရပ်တည်မှု နည်းလမ်းများနှင့် အသက်ရှင်နေထိုင်မှု နည်းလမ်းများနှင့် ပုံစံများကို လက်လွှတ်စေရန် ဖြစ်သည်။ ထိုအစား ဘုရားသခင်က လူတို့အား ပြသပြီး ပြောကြားခဲ့သော နည်းလမ်းများ၊ ပုံစံများ၊ ဦးတည်ချက်များ၊ ပန်းတိုင်များနှင့်အညီ ၎င်းတို့ကို အသက်ရှင်နေထိုင်စေရန် ဖြစ်သည်။ ဘုရားသခင်သည် ဤအရာအားလုံးကို လူတို့အား လက်ခံယုံကြည်လာစေရန်၊ သူ၏ အပင်ပန်းခံရသော ရည်ရွယ်ချက်များကို သို့မဟုတ် သူပြုသမျှသည် မည်မျှ ခက်ခဲကြောင်းကို ၎င်းတို့အား မြင်စေရန် ပြုခြင်းမဟုတ်ပေ။ သင်သည် ယင်းကို သိရန်မလိုအပ်ပေ။ ဘုရားသခင် ပြောကြားသော နှုတ်ကပတ်တော်များထဲတွင် သင် လက်တွေ့လုပ်ဆောင်သင့်သည့်အရာကို ရှာဖွေခြင်းနှင့် ယင်းတို့ထဲမှ သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခြင်းအပေါ်၌သာ အာရုံစိုက်လော့။ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်လော့။ သမ္မာတရား စည်းမျဉ်းများနှင့်အညီ အသက်ရှင်နေထိုင်၍ သမ္မာတရား စည်းမျဉ်းများနှင့်အညီ ကျင့်ကြံပြုမူကာ လုပ်ဆောင်လော့၊ ပြီးလျှင် ဘုရားသခင် ပေးအပ်သော တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်အောင် ဆောင်ရွက်လော့၊ ဤသို့ဖြင့် သင်သည် ကယ်တင်ခြင်းကို ရရှိမည် ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်သည် ကျေနပ်မည်ဖြစ်ပြီး လူကို ကယ်တင်ခြင်းဆိုင်ရာ အမှုသည်လည်း တစ်လုံးတစ်ဝတည်း ပြီးမြောက်ကာ ဤသို့ဖြင့် လူကိုလည်း အကျိုးပြုပေလိမ့်မည်။ ပြီးလျှင် လူတို့ပြောဆိုသော စကားများတွင် အယူဝါဒများစွာ ပါနေသေးသည့်အခါ၊ ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် အပေါ်ယံ ဆန်လွန်းနေသည့်အခါ၊ ၎င်းတို့သည် အမြဲတမ်း ဝတ်ကျေတမ်းကျေ လုပ်ဆောင်သည့်အခါ၊ ၎င်းတို့၏ ယုတ်ညံ့မှုသည် ပြင်းထန်နေသည့်အခါ၊ ထိုအချိန်များတွင်မူ အထူးသဖြင့် စည်းကမ်းများကို မလိုက်နာတတ်ဘဲ တစ်ခါတစ်ရံ အိပ်ရာထနောက်ကျခြင်းကို ပျော်မွေ့ပြီး အခြားသူများအတွက် ကျိုးကြောင်းဆီလျော်မှုဖြစ်စေ၊ တည်ဆောက်ပေးခြင်းဖြစ်စေ အတော်အတန် မရှိသည့် အလေ့အကျင့်အချို့ရှိသည့် လူငယ်များအပေါ် ဤအရာများကို အတင်းအကျပ် မပြုလုပ်နှင့်။ ၎င်းတို့နှင့်ပတ်သက်၍ ဖြည်းဖြည်းချင်းသာ ဆောင်ရွက်လော့။ သင်သည် သမ္မာတရားကို လိုက်စားလိုစိတ်ရှိ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ကြိုးစားအားထုတ်နိုင်ပြီး သူ့ထံ မိမိတို့၏စိတ်နှလုံးကို ဖွင့်ပြလျက် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာရောက်နိုင်သရွေ့ သူသည် အလုပ်လုပ်လိမ့်မည်။ မည်သူကမျှ အခြားလူတစ်ဦးဦးကို လူ့အစွမ်းဖြင့်ဖြစ်စေ၊ လူ့နည်းလမ်းဖြင့်ဖြစ်စေ မပြောင်းလဲနိုင်သည်မှာ သင့်ကို မပြောင်းလဲနိုင်သည့် သင်၏ မိဘများပါ အပါအဝင်ဖြစ်လေသည်။

သင် ယနေ့ ဘုရားသခင်၏ အိမ်တော်သို့ ရောက်လာခြင်းသည် ဘုရားသခင်၏ အမှုတော်ဖြစ်၏။ ပြီးလျှင် ဤခေတ်ကာလ၌ပင် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ အလယ်၌ ဤနေရာတွင် တရားဒေသနာများကို လုံခြုံစွာနှင့် တည်ငြိမ်စွာ နားထောင်နိုင်ပြီး အခကြေးငွေ တစ်ပြားတစ်ချပ်မျှ မရရှိဘဲ သင်၏ တာဝန်ကို ထမ်းဆောင်နိုင်ခြင်းသည်လည်း ဘုရားသခင်၏ အမှုတော်ပင် ဖြစ်ပေသည်။ အဘယ်ကြောင့် ဘုရားသခင်သည် ဤသို့ ပြုသနည်း။ ဘုရားသခင်သည် သင်၌ အဘယ်အရာကို နှစ်သက်သနည်း။ သင်၌ တရားမျှတစိတ် တစ်စုံတစ်ရာ ရှိခြင်း၊ သင်၌ အသိစိတ်ရှိခြင်း၊ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို သင် အလွန်အမင်း မနှစ်မြို့ဘဲ အပြုသဘောဆောင်သော အရာများကို နှစ်သက်ခြင်း၊ ထို့ပြင် ဘုရားသခင်၏ နိုင်ငံတော် ကြွလာခြင်းကိုလည်းကောင်း၊ ခရစ်တော်နှင့် သမ္မာတရားတို့ အုပ်စိုးခြင်းကိုလည်းကောင်း သင် မျှော်လင့်စောင့်စားခြင်းတို့ပင် ဖြစ်ပေသည်။ သင်၌ ဤဆန္ဒများ ရှိပြီး ယင်းတို့ကို ဘုရားသခင် နှစ်သက်သောကြောင့် သင့်ကို သူ၏အိမ်တော်သို့ ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သင်၏ ထိုမကောင်းသော အပြစ်အနာအဆာများနှင့် အလေ့အထများကို မမြင်ဟု သင် ထင်မှတ်သလော။ ဘုရားသခင်သည် သင်၏ အပြစ်အနာအဆာများကို သိမြင်၏။ သူသည် ထိုအရာအားလုံးကို သိ၏။ သူ သိလျှင် အဘယ်ကြောင့် ထိုအရာများကို ကိုင်တွယ်ဖြေရှင်း မပေးသနည်း။ ဤသို့သောအရာများသည် လူတို့အား ဖြစ်စဉ်များစွာ၌ စိတ်နှလုံးထဲတွင် ပဋိပက္ခဖြစ်ပေါ်စေသည်။ ၎င်းတို့က “ဘုရားသခင်သည် ကျွန်ုပ်ကဲ့သို့သောသူကို ကယ်တင်မည်လော။ ကျွန်ုပ်ကဲ့သို့သော သူတစ်ယောက်သည် ကယ်တင်ခြင်းကို ရရှိနိုင်မည်လော။ ကျွန်ုပ်သည် အလွန် ကောက်ကျစ်ဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးသည်၊ ဆုံးမပဲ့ပြင်ခြင်းကို ကျိုးနွံနာခံရန် အလွန်ဝန်လေးသည်၊ အလွန်ပုန်ကန်သည့်အပြင် ဘုရားသခင်ကိုလည်း အတိုက်အခံလုပ်ပြီး သံသယဝင်သည်။ ဘုရားသခင်သည် ကျွန်ုပ်ကို အဘယ်သို့လျှင် ရွေးကောက် ဦးမည်နည်း” ဟု ပြောလေသည်။ သင့်ကို အဘယ်အရာက စိတ်ရှုပ်ထွေးစေသနည်း။ ဘုရားသခင်တစ်ပါးတည်းသာလျှင် သင့်ကို ကယ်တင်နိုင်သည်။ သူ တတ်နိုင်ကြောင်းကို သင် ယုံကြည်ရမည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်းအပေါ်တွင်လည်းကောင်း၊ ယင်းတို့ကို လက်ခံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတို့အပေါ်တွင်လည်းကောင်း အာရုံစိုက်ရန်သာ လိုပေသည်။ ထိုအခြားကိစ္စများတွင် ပိတ်မိမနေနှင့်။ ယင်းတို့ကြောင့် အစဉ်သဖြင့် အပျက်သဘောမဆောင်နှင့်။ မည်သူကမျှ သင့်ကို ချုပ်ကိုင်ထားခြင်းမရှိပေ။ မည်သူကမျှ သင့်ကို တိုက်ခိုက်ရန် ပြောကွက် ရမထားပေ။ ဘုရားသခင်သည် ထိုအရာများကို မကြည့်ပေ။ ဘဝ၏ အရှုပ်အထွေးများတွင် ငြိတွယ်မိရာမှ ဖြစ်ပေါ်လာသည့် အကျင့်ဆိုးများ၊ ချို့ယွင်းချက်များ သို့မဟုတ် ယုတ်ညံ့မှုများက သင်၏ မှန်ကန်သော လမ်းကြောင်းနှင့် သမ္မာတရားကို လိုက်စားခြင်းအား အဖျက်အမှောင့်လုပ်ပါက ယင်းမှာ ဆုံးရှုံးမှုတစ်ခု မဟုတ်လော။ ယင်းမှာ မတန်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လက်ရှိတွင် ထိုကဲ့သို့သော အခြေအနေ၌ နစ်နေသည့် လူအတော်များများ ရှိနေပေသည်။ အချို့လူများက မိမိတို့သည် အလွန်အမင်း လောကြီးတတ်သည့် ပင်ကိုစရိုက်ရှိပြီး မိမိတို့လုပ်ဆောင်သမျှတွင် အလွန်ကြမ်းတမ်းကာ စာလေ့လာခြင်းကို မနှစ်သက်ဟု ဆိုသည်။ ၎င်းတို့တွင် အကျင့်ဆိုးများလည်း ရှိသေးသည်ဟု ဆိုသည်။ ၎င်းတို့သည် နံနက်စောစောထခြင်း သို့မဟုတ် ညဘက်အိပ်ရာဝင်ခြင်းကို မနှစ်သက်ဘဲ ဂိမ်းကစားခြင်းကို အလွန်ခုံမင်နှစ်သက်သည်။ တစ်ခါတစ်ရံ အကျိုးမရှိသော စကားစမြည် ပြောဆိုခြင်းကို နှစ်သက်ပြီး တစ်ခါတစ်ရံတွင်လည်း ဟာသများ ပြောဆိုခြင်းကို နှစ်သက်သည်။ ၎င်းတို့က “ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်မည်လော” ဟု မေး၏။ သင်၌ မိမိတို့ကိုယ်ကိုအပေါ် အယူအဆများနှင့် စိတ်ကူးစိတ်သန်းများစွာ ရှိနေခြင်းသည် ပြဿနာတစ်ခု မဟုတ်လော။ သင်သည် အဘယ်ကြောင့် အနည်းငယ်မျှ မရှာဖွေသနည်း။ ဘုရားသခင်၏ အမြင်သည် အမှန်တကယ်တွင် အဘယ်အရာ ဖြစ်သနည်း၊ ပြီးလျှင် သူ၏ နှုတ်ကပတ်တော်များက အမှန်တကယ်တွင် အဘယ်အရာကို ဆိုထားသနည်း။ သူ၏ နှုတ်ကပတ်တော်များ၌ ဤအရာများကို ပြဿနာများအဖြစ် ဖော်ပြထားသလော။ အချို့လူများက မိမိတို့သည် ဝတ်စားဆင်ယင်ရခြင်းကို နှစ်သက်ပြီး မိမိတို့ကိုယ်ကို အစဉ်အမြဲ ချုပ်တည်းရမည်ဟုဆို၏။ အခြားသူများကမူ မိမိတို့သည် အစားလောဘကြီးကာ အသားစားခြင်းကို နှစ်သက်သည်ဟု ဆို၏။ ဤအရာများသည် အသေးစား ပြဿနာလေးများ ဖြစ်၏။ ဤချို့ယွင်းချက်များ၊ ဤပင်ကိုစရိုက်များ သို့မဟုတ် ဤဘဝအလေ့အထများသည် အများဆုံးအနေဖြင့် လူတစ်ဦး၏ လူ့သဘာဝရှိ ချို့ယွင်းချက်များမျှသာဖြစ်ပြီး ယင်းတို့ကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဟု မသတ်မှတ်ပေ။ လူတို့ အမှန်တကယ် ဖြေရှင်းရန် လိုအပ်သည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်၏။ အဓိကကျသော အကြောင်းအရာကို လျစ်လျူမရှုထားနှင့်။ သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိကြောင်း သိရှိလာပြီး ယင်းကို ဆင်ခြင်သုံးသပ်ပြီး ပိုင်းခြားသိမြင်ရန် စတင်၍ အာရုံစိုက်ကာ ယင်းနှင့်ပတ်သက်၍ ကြိုးပမ်းအားထုတ်ပြီး စတင် မုန်းတီးလာသည့်အခါ သင်၏ ထိုချို့ယွင်းချက်ငယ်များသည် တဖြည်းဖြည်း ပြောင်းလဲသွားမည်ဖြစ်ပြီး ပြဿနာတစ်ရပ်အဖြစ် ဆက်ရှိတော့မည် မဟုတ်ပေ။ လူငယ်အချို့သည် ပျော်ပါးခြင်းကို နှစ်သက်၏။ ၎င်းတို့၏ သင့်တော်သောအလုပ် ပြီးစီးသည့်အခါ ခေတ္တခဏ ပျော်ပါးခြင်းသည် ကိစ္စမရှိပေ။ အမျိုးသမီးငယ်အချို့သည် ဝတ်စားဆင်ယင်ပြီး မိတ်ကပ်လိမ်းခြယ်ကာ လှပနေရခြင်းကို နှစ်သက်၏။ ယင်းတို့က အလွန်အကျွံမဖြစ်သရွေ့၊ ထူးထူးဆန်းဆန်း ဝတ်စားဆင်ယင်မှုများ ဝတ်ဆင်ခြင်း သို့မဟုတ် မိတ်ကပ်အထူကြီး လိမ်းခြယ်ခြင်း မပြုသရွေ့ ယင်းသည်လည်း ကိစ္စမရှိပေ။ ဤအရာအားလုံးသည် ကိစ္စမရှိပေ။ မည်သူမျှ ၎င်းတို့ကို ကန့်သတ်ချုပ်ချယ်ထားခြင်းမရှိသည့်အပြင် ဤအရာများထဲမှ တစ်ခုမျှသည် ပြဿနာတစ်ရပ် မဟုတ်ပေ။ ဘဝနေထိုင်မှုဆိုင်ရာ ဤအလေ့အထများ၊ သင်၏ ဘဝအရည်အသွေးအတွက် တောင်းဆိုမှုများနှင့် ပင်ကိုစရိုက်၏ သေးငယ်သော ပြဿနာများ၊ ဤအရာများထဲမှ တစ်ခုမျှသည် သင့်ကို ဘုရားသခင်အား အတိုက်အခံ ပြုစေနိုင်မည်မဟုတ်သကဲ့သို့ သမ္မာတရားကို ဆန့်ကျင်စေနိုင်မည်လည်း မဟုတ်ပေ။ သင့်ကို ဘုရားသခင်အား အမှန်တကယ် အတိုက်အခံပြုစေ၍ သူ၏ရှေ့မှောက်သို့ မလာရောက်နိုင်အောင် တားဆီးကာ သူအား ပုန်ကန်စေသည့်အရာမှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားပင် ဖြစ်သည်။ သင်သည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ရှာဖွေတွေ့ရှိ၊ သိရှိနားလည်ကာ မုန်းတီးနိုင်ပြီး သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန် မိမိခံစားချက်အရဖြစ်သော လိုအင်ဆန္ဒ ရရှိလာသည့်အခါ ဤသေးငယ်သော ချို့ယွင်းချက်အားလုံးကို ဖြေရှင်းနိုင်ပေမည်။ ထို့ပြင် ဘုရားသခင်အား သင် အတိုက်အခံ ပြုခြင်းတည်းဟူသော အကြီးမားဆုံး ပြဿနာဖြစ်သည့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းပြီးဖြစ်သောအခါ သင်၏ ထိုသေးငယ်သော ချို့ယွင်းချက်များသည် ပြဿနာများအဖြစ် ရှိနေဦးမည်လော။ ထိုအချိန်ကျရောက်လာသောအခါ သင်၏ ကျင့်ကြံပြုမူပုံ၊ အသက်ရှင်နေထိုင်ပုံ၊ စားသောက်ပုံ၊ အနားယူပုံ၊ တာဝန်ထမ်းဆောင်ပုံနှင့် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံပုံကဲ့သို့သော သေးငယ်သည့် အရာများသည် တစ်စတစ်စဖြင့် စည်းမျဉ်းနှင့်ညီလာပေမည်။ ထိုအခါမှသာလျှင် သင်သည် လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်းသည် ထိုသူ၏ဘဝတွင် အကြီးမားဆုံးသော အရေးကိစ္စဖြစ်ခဲ့ပြီး ဖြစ်နေဆဲဖြစ်ကြောင်းကိုလည်းကောင်း၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းပြီးသည်နှင့် အခြားပြဿနာအားလုံးလည်း ပြေလည်သွားကြောင်းကိုလည်းကောင်း သိရှိလာပေမည်။ ဘုရားသခင်ကို ပုန်ကန်ခြင်း ပြဿနာကို သင် ဖြေရှင်းပြီးသောအခါ ထိုအချိန်သည် သင် ဂုဏ်သိက္ခာရှိစွာဖြင့် လူသားပုံသဏ္ဌာန်နှင့်အညီ အသက်ရှင်မည့်အချိန် ဖြစ်သည်။ ယခုအခါတွင် သင် မပြသတော့သည့် အသေးစား ချို့ယွင်းချက်အချို့ ရှိကောင်းရှိနိုင်ပါသည်။ လူတို့က သင့်ကို ကောင်းမွန်သော လူငယ်တစ်ဦး ဖြစ်ကြောင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ရိုးသားစစ်မှန်ကြောင်း၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦးနှင့် တူကြောင်း ပြောဆိုကာ ချီးမွမ်းကောင်း ချီးမွမ်းပေမည်။ သို့သော် ဘုရားသခင်က သင်သည် သူ့ကို ပုန်ကန်နေနိုင်သေးသည်ဟု မိန့်လျှင်မူကား သင်၏ အပြင်ပန်း ကောင်းမွန်သော အပြုအမူများသည် မည်မျှပင် ကောင်းမွန်နေပါစေ အသုံးမဝင်ချေ။ အခြေခံကျသော ပြဿနာသည် ပြေလည်ခြင်း မရှိသေးချေ။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ပြေလည်ခြင်း မရှိသေးသည့်အပြင် သင်သည် ဘုရားသခင်ကို ပုန်ကန်ကောင်း ပုန်ကန်နိုင်သေးသည်။ သင်သည် ကယ်တင်ခြင်းနှင့် များစွာ ဝေးကွာနေသေးသည်တကား။ ကောင်းမွန်သော အပြုအမူများ ရှိရုံမျှဖြင့် သင့်အဖို့ အဘယ်အသုံးဝင်မည်နည်း။ သင်သည် ထိုအပြုအမူများဖြင့် မိမိကိုယ်ကို လှည့်ဖြားနေခြင်းမျှသာ မဟုတ်လော။

သင်တို့အတွက် ယခု ဖြေရှင်းရန် အရေးအကြီးဆုံးသော ပြဿနာမှာ အဘယ်အရာ ဖြစ်သနည်း။ (ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာပင် ဖြစ်သည်။) အချို့ကမူ “ကျွန်ုပ်သည် အရောင်စုံသော အဝတ်အစားများကို ကြိုက်နှစ်သက်သော်လည်း ဘုရားသခင်၏ အိမ်တော်ကမူ ယင်းတို့ကို မနှစ်သက်သောကြောင့် ဤအပြုအမူကို ကျွန်ုပ် ပုန်ကန်မည်” ဟု ဆိုကောင်းဆိုပေမည်။ သင်သည် ထိုသို့ပြုရန် မလိုအပ်ချေ။ သင် ကြိုက်နှစ်သက်ပါက ဝတ်ဆင်လော့။ အချို့ကမူ “ကျွန်ုပ်သည် ပေါင်ဒါနှင့် မိတ်ကပ် လိမ်းခြယ်ခြင်းကို နှစ်သက်ပြီး နေ့စဉ် လူတို့နှင့် တွေ့သောအခါ ကျော့မော့လှပစွာ နေပြခြင်းသည် အလွန်ကောင်းလှသည်တကား” ဟု ဆိုသည်။ သင့်တွင် အချိန်ရှိသရွေ့ အဆင်ပြေ၏။ အချို့ကမူ “ကျွန်ုပ်သည် အစားကောင်းအသောက်ကောင်း စားသုံးခြင်းကို နှစ်သက်ပြီး အစပ်ကိုလည်းကောင်း၊ အချဉ်ကိုလည်းကောင်း နှစ်သက်သည်” ဟု ဆိုသည်။ သင့်တွင် အခြေအနေ၊ အခွင့်အခါနှင့် အားလပ်ချိန်တို့ ရှိနေသမျှကာလပတ်လုံး သင်သည် ထိုအရာများကို စိတ်ကျေနပ်သည်အထိ စားသုံးနိုင်၏။ သင်သည် ဤအရာများကို မကျေနပ်ဘဲထား၍ ချုပ်တည်းပြီး ၎င်းတို့အပေါ် ပုန်ကန်လျှင်ပင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ပြေလည်သွားမည် မဟုတ်ပေ။ သင်က ၎င်းတို့ကို ချုပ်တည်းခြင်းအားဖြင့် အဘယ်အရာ ဖြစ်ထွန်းလာနိုင်မည်နည်း။ သင်သည် ဇာတိပကတိ၏ ဆင်းရဲဒုက္ခကို များစွာ ခါးစည်းခံမည်ဖြစ်သော်လည်း စိတ်နှလုံးထဲ၌မူ အလွန်တရာ မတရားသဖြင့် ပြုခံရသည်ဟု ခံစားရလိမ့်မည်။ ထို့နောက် နောက်ဆက်တွဲအနေဖြင့် အဘယ်ကဲ့သို့သော အပျက်သဘောဆောင်သည့် အကျိုးဆက်က သင့်အပေါ် ကျရောက်လာမည်နည်း။ သင်သည် ဘုရားသခင်အတွက် များစွာ ဆင်းရဲဒုက္ခ ခံခဲ့ရသည်ဟုလည်းကောင်း၊ သမ္မာတရားကို ရရှိခဲ့ပြီဟုလည်းကောင်း ခံစားရလိမ့်မည်။ အမှန်တကယ်တွင်မူ သင်သည် မည်သည့်အရာမျှ ရရှိမည်မဟုတ်ပေ၊ သို့မဟုတ် မည်သည့်အရာမျှ ဖြစ်လာမည်မဟုတ်ပေ။ သင်သည် သပ်ရပ်ကျနာစွာဖြင့် သိက္ခာရှိကာ တည်ကြည်စွာ ဝတ်စားဆင်ယင်နိုင်ပေမည်။ သင်သည် ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးကဲ့သို့ ထင်ရနိုင်ပြီး စည်းစနစ်ကျသူလည်း ဖြစ်နိုင်ပေသည်။ သို့သော် သင်သည် တာဝန်တစ်ခုကို ထမ်းဆောင်ရသည့်အခါ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေတွေ့ရှိနိုင်ခြင်းပင် မရှိလျှင်လည်းကောင်း၊ အသင်းတော်၏ အလုပ်ကို ဆက်လက်၍ နှောင့်ယှက်ပြီး အဖျက်အမှောင့် လုပ်ကောင်း လုပ်နိုင်လျှင်လည်းကောင်း သင်၏ အခြေခံပြဿနာသည် ပြေလည်သွားပြီလော။ (မပြေလည်သေးပါ။) ထို့ကြောင့် မည်သို့ပင်ကြည့်သည်ဖြစ်စေ၊ အခြေခံအကျဆုံးအရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားကို နားလည်ခြင်း၊ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းနှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်းတို့ ဖြစ်ပေသည်။ အသေးအဖွဲ ပြဿနာအချို့နှင့် အပြင်ပန်း အပြုအမူများကို စွဲစွဲလန်းလန်း တွေးတော၍ လက်မလွှတ်ခြင်း၊ စိတ်နှလုံးထဲ၌ အမြဲတစေ အပြစ်ရှိခြင်းနှင့် အကြွေးတင်ခြင်းတို့ကို ခံစားရခြင်း၊ ထိုအရာများကို ကြီးကျယ်သော အမှုကိစ္စများသဖွယ် အမြဲတစေ ဖြေရှင်းခြင်းတို့အပေါ် သင်၏ ကြိုးစားအားထုတ်မှုများကို မသုံးစွဲနှင့်။ ထိုအရာမှ ဖြစ်ပေါ်လာသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အစဉ်သဖြင့် မပြေလည်ဘဲ ရှိနေခြင်းပင် ဖြစ်သည်။ သင် မည်သို့သော ပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း သို့မဟုတ် မိမိ၌ မည်သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုး ရှိကြောင်းကို သင်ကိုယ်တိုင်ပင် မသိရှိလျှင်၊ ယင်းနှင့်ပတ်သက်၍ အနည်းဆုံးသော နားလည်ခြင်းပင် သင်၌ မရှိလျှင် ယင်းက အခြေအနေကို ရှုပ်ထွေးသွားစေမည် မဟုတ်လော။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သိရှိလာသောအခါ သင်၏ ထိုအသေးအဖွဲ ပြဿနာများသည် ပြဿနာများအဖြစ် ရှိတော့မည်မဟုတ်ပေ။ သဘာဝအတိုင်းပင် သင်သည် သမ္မာတရားကို နားလည်လာပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ကာ သမ္မာတရား စည်းမျဉ်းများအတိုင်း ပို၍ ပြုမူဆောင်ရွက်နိုင်လာသည်နှင့်အမျှ သင်သည် ထိုအသေးအဖွဲ ပြဿနာများမှ တဖြည်းဖြည်း ကင်းလွတ်သွားပေလိမ့်မည်။ ယင်းမှာ ဂနာမငြိမ်သော ပင်ကိုစရိုက် သို့မဟုတ် အင်မတန် နှေးကွေးခြင်း သို့မဟုတ် စကားများခြင်း သို့မဟုတ် စကားနည်းခြင်းတို့နှင့်ပတ်သက်၍လည်း ထိုကဲ့သို့ပင်ဖြစ်၏။ ဤသည်တို့မှာ ပြဿနာများ မဟုတ်ပေ။ ယင်းတို့သည် ပင်ကိုစရိုက်ဆိုင်ရာ ကိစ္စများသာ ဖြစ်သည်။ အချို့သောလူတို့သည် စကားပြောပီသသော်လည်း အချို့မှာမူ မပီသပေ။ အချို့သောသူတို့သည် ပို၍ ရဲရင့်ကာ လူအများရှေ့တွင် စကားပြောဝံ့သော်လည်း အချို့မှာမူ ရဲရင့်မှုနည်းပါးပြီး လူအများရှိသည့်အခါ မပြောဝံ့ပေ။ အချို့သောသူတို့သည် ပွင့်လင်းဖော်ရွေပြီး အချို့မှာမူ အေးဆေးတည်ငြိမ်သည်။ ဤအရာများအနက် တစ်ခုမျှ ပြဿနာမဟုတ်ပေ။ မည်သည့်အရာက ပြဿနာဖြစ်သနည်း။ ဘုရားသခင်ကို ဆန့်ကျင်သော အန္တိခရစ်များ၏ စိတ်သဘောထားဖြစ်သည်။ ယင်းက ပြဿနာတစ်ခု ဖြစ်သည်။ ထိုအရာသည် အကြီးမားဆုံးသော ပြဿနာဖြစ်ပြီး လူသားအားလုံး၏ ဖောက်ပြန်ပျက်စီးမှု၏ ရင်းမြစ်လည်း ဖြစ်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာကို ဖြေရှင်းလိုက်ပါက အခြားမည်သည့်ပြဿနာမျှ ပြဿနာအဖြစ် ရှိတော့မည် မဟုတ်ပေ။

အခြားမေးခွန်းများ ရှိသေးသလော။ (ဘုရားသခင်၊ ကျွန်ုပ်၌ မေးခွန်းတစ်ခု ရှိပါသည်။ ကျွန်ုပ်သည် သမ္မာတရားကို လိုက်စားရာတွင် ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခု ရှိပါ၏၊ သို့တိုင်အောင် သမ္မာတရားကို ချစ်မြတ်နိုး၍ လိုက်စားသော စိတ်နှလုံးမှာမူ သိပ်မကောင်းလှပါ။ မိမိ၏အခြေအနေ မှားယွင်းနေသည်ဟု ကျွန်ုပ်ခံစားရသည့်အခါ ရက်အနည်းငယ်မျှ ဇွဲလုံ့လဖြင့် လိုက်စားပါသည်၊ သို့သော် ထိုရက်များ ကုန်လွန်သွားသောအခါတွင်မူ တစ်ဖန်ပြန်၍ ခိုကပ်သွားပြန်ပါသည်။ ဤအခြေအနေသည် အထပ်ထပ်အခါခါ ဖြစ်ပေါ်လာပြီး ယင်းသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော စိတ်သဘောထား ဖြစ်ကြောင်း ကျွန်ုပ်သိပါ၏၊ သို့သော်လည်း ယင်းကို အရင်းအမြစ်မှ ကျွန်ုပ်မဖြေရှင်းနိုင်သေးပါ။) ထိုအရာကို ရှောင်လွှဲ၍မရပေ။ ယင်းမှာ လူ့အသက်ဝင်ရောက်မှု၏ ပကတိအခြေအနေ ဖြစ်သည်။ ဤပြဿနာကို အမြဲတစေ ဖြေရှင်းရန် ဆန္ဒရှိနေခြင်းသည် သင် အမှားလုပ်နေခြင်း ဖြစ်သည်။ ဥပမာအနေဖြင့် အမျိုးသမီးအချို့သည် ခင်ပွန်းတစ်ယောက် ရှာဖွေရာ၌ သူ၏ရုပ်ရည်မှာ သာမန်မျှသာ ဖြစ်လျှင် အရေးမကြီးသော်လည်း ကြင်နာယုယတတ်သူတစ်ဦး ဖြစ်ရမည်ဟူသော စံသတ်မှတ်ချက်တစ်ခု ရှိသည်။ သူသည် ၎င်းတို့ ပထမဆုံး တွေ့ဆုံခဲ့သည့် အချိန်နှင့် နေရာ၊ သူမ၏ မွေးနေ့၊ ၎င်းတို့၏ နှစ်ပတ်လည်နေ့ စသည်တို့ကို မှတ်မိရမည်။ သူသည် အထူးနေ့ရက်များကို မှတ်မိရမည်ဖြစ်ပြီး “အချစ်လေး၊ ကိုယ် မင်းကို ချစ်သည်” ဟု အခါအားလျော်စွာ ပြောဆိုရန်နှင့် သူမအတွက် လက်ဆောင်များ ရံဖန်ရံခါ ဝယ်ပေးရန်ကိုလည်း မှတ်မိနေရမည် ဖြစ်သည်။ သူမက “ကျွန်မတို့ ပထမဆုံး ချိန်းတွေ့ခဲ့သောနေ့သည် မည်သည့်နေ့ ဖြစ်သနည်း။ ချစ်သူများနေ့သည် မည်သည့်အချိန်နည်း” ဟု သူ့ကို စမ်းသပ်လိမ့်မည်။ ၎င်းသည် ထိုကဲ့သို့သော ကြင်နာယုယမှုနှင့် စိတ်လှုပ်ရှားမှုကို မကြာခဏ ရှာဖွေနေပြီး ၎င်း၏ဘဝသည် တစ်စုံတစ်ရာ ငြီးငွေ့ဖွယ်ကောင်းလာလျှင် မကျေမချမ်းဖြစ်ကာ ၎င်း၏ခင်ပွန်းကို “သင့်ကို ကြည့်ပါဦး၊ သင် ငတုံး။ ကြင်နာယုယမှုအကြောင်း သင် သိနားလည်ခြင်း မရှိ။ သင်နှင့်အတူ ကျွန်မ၏ နေ့ရက်တို့ကို ဖြတ်သန်းရခြင်းသည် အလွန်တရာ ငြီးငွေ့ဖွယ် ကောင်းလှသည်။ ကျွန်မ၏ ဘဝသည် သင့်လက်ထဲတွင် ပျက်စီးရချေပြီတကား” ဟု စောဒကတက်လေသည်။ ဤချို့ယွင်းချက်ကို ပြသသော အမျိုးသမီးများစွာ မရှိသလော။ အခြားတစ်ယောက်၏ ခင်ပွန်းသည် ကြင်နာယုယတတ်ကြောင်း၊ အမျိုးသမီးတစ်ယောက်ကို မည်သို့ ချော့မော့ရမည်ကို သိကြောင်း၊ သူ၏ဇနီးကို မင်းသမီးတစ်ပါးကဲ့သို့ ဆက်ဆံကြောင်း သင်က ပြောသောအခါ ထိုအမျိုးသမီးများသည် ထိုခင်ပွန်းကို မိမိတို့အတွက် လုယူနိုင်ဖို့ ဆန္ဒရှိကာ မခံမရပ်နိုင်အောင် မနာလိုဖြစ်သည်။ ၎င်းတို့သည် မထူးခြားဘဲ သာမန်ဖြစ်သော ဘဝတွင် နေထိုင်ရန် တကယ်ကို မလိုလားကြချေ။ သင်သည် ဤချို့ယွင်းချက်ကို ပြသခဲ့ဖူးသလော။ (ပြဖူးပါသည်။) ဘုရားသခင်သည် အမှုတော်ကို ဆောင်ရွက်၍ လူတို့ကို ကယ်တင်သည့်အခါ စိတ်လှုပ်ရှားဖွယ်ရာ၊ စိတ်လှုပ်ရှားစရာ အပိုင်းများ ထိုမျှမများလှဘဲ သူသည် သင့်အတွက် အံ့အားသင့်စရာများကို ဖန်တီးမည်မဟုတ်ပေ။ ယင်းသည် မထူးခြားဘဲ သာမန်ဖြစ်သည်။ ယင်းမှာ လက်တွေ့ကျခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ သမ္မာတရားကို လိုက်စားခြင်းသည် ခံစားချက် မလိုအပ်ပေ။ သင်၏စိတ်နှလုံးထဲတွင် လိုက်စားမှု ရှိနေသရွေ့၊ ပြီးလျှင် သင်လျှောက်လှမ်းနေသော လမ်းကြောင်းသည် သွေဖည်ခြင်း ရှိမရှိ၊ သင်ထမ်းဆောင်သော တာဝန်တွင် လူ့အမှားကြောင့် ဖြစ်သော လစ်ဟင်းမှုများ သို့မဟုတ် ဆုံးရှုံးမှုများ ရှိမရှိကို အခါအားလျော်စွာ ဆန်းစစ်ခြင်း၊ ဤအချိန်အတောအတွင်း ညီအစ်ကိုမောင်နှမများ၌ သင်ချို့တဲ့နေသည့် တာဝန်ထမ်းဆောင်ခြင်းနှင့် ပတ်သက်သော ထိုးထွင်းအမြင် သို့မဟုတ် သိမြင်မှုအသစ်များ ရှိမရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ သင်၏သဘောပေါက်နားလည်မှုတွင် လွဲချော်မှုများ ရှိခဲ့ခြင်း ရှိမရှိ၊ ယင်းတို့ထဲတွင် သင်လက်လှမ်းမမီနိုင်သော၊ သို့မဟုတ် သင်မတွေ့ကြုံဖူးသေးသော၊ သို့မဟုတ် လျစ်လျူရှုခဲ့သော အရာများ ရှိခဲ့ခြင်း ရှိမရှိ စသည်တို့နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့သရွေ့၊ ထိုကဲ့သို့သော လမ်းခရီးများ၊ ပန်းတိုင်များနှင့် ဦးတည်ချက်များ အားလုံးသည် ပုံမှန်ဖြစ်ပြီး မှန်ကန်နေသရွေ့ ထိုမျှနှင့် လုံလောက်ပြီဖြစ်သည်။ သင်၏ အလုံးစုံ ဦးတည်ချက်သည် မှန်ကန်နေသရွေ့ ထိုမျှနှင့် လုံလောက်ပြီဖြစ်သည်။ စိတ်လှုပ်ရှားမှုကို မရှာဖွေနှင့်၊ အံ့အားသင့်စရာများကိုလည်း မမျှော်လင့်နှင့်။ မည်သူကမျှ သင့်ကို အံ့အားသင့်စေမည် မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းသည် သာမန်လူများ မိမိတို့၏ အသက်တာတွင် အသက်ရှင်နေထိုင်သည့်အတိုင်းပင် ဖြစ်သည်။ အချိန်အများစုတွင် ထူးခြားမှုမရှိလှပေ။ အကြောင်းမှာ သင်သည် သဘာဝလွန် မည်သည့်အရာမျှမရှိ၊ လက်တွေ့ဘဝနှင့် ကင်းကွာသောအရာလည်း မည်သည့်အရာမျှ မရှိသည့် ဤလောက၌ အသက်ရှင်နေထိုင်သောကြောင့် ဖြစ်သည်။ ထိုသို့ပင် သာမန်ဖြစ်လှပေသည်။ သို့သော် ဤသို့ ထူးခြားမှုမရှိသော အသက်တာမျိုးနှင့် မယုံကြည်သူတို့၏ အသက်တာတို့အကြားတွင် ကွာခြားချက်တစ်ခု ရှိသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်၍ သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အစဉ်မပြတ် လေ့လာသိရှိနေသည်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို အစဉ်မပြတ် ပြုပြင်ပြီး ပြောင်းလဲနေသည်၊ ပြီးလျှင် သင် နားမလည်သော သမ္မာတရားများကို အစဉ်မပြတ် လေ့လာနေပြီး သင် မသိသော သို့မဟုတ် နားမလည်သော သမ္မာတရားများကို သိရှိပြီး လက်ခံနေသည်။ ထိုသည်မှာ ကွာခြားချက်ပင် ဖြစ်သည်။ ထိုသည်မှာ အတော်ပင် ကြီးမားသော ကွာခြားချက်တစ်ခု ဖြစ်နေပေပြီ။ သို့ဖြစ်၍ သင်သည် အခြားမည်သည့်အရာကို တောင်းဆိုနိုင်ဦးမည်နည်း။ ဘုရားသခင်၏ အိမ်တော်၌လည်းကောင်း၊ အသင်းတော်၌လည်းကောင်း၊ သင်၏ ပတ်ဝန်းကျင်၌လည်းကောင်း လုံလောက်သော အမှုအရာများ မဖြစ်ပျက်သလော။ ဘုရားသခင်၏ အမှုတော် အစပြုသည့်အချိန်မှစ၍ ယခုအချိန်အထိ ဖြစ်ပျက်ခဲ့သော အမှုအရာများသည် လူတို့အတွက် ဆင်ခြင်သုံးသပ်ရန် လုံလောက်ပေသည်။ နေ့ရက်တို့သည် အလွန်လျင်မြန်စွာ ကုန်လွန်သွားသည်။ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်သည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားပြီး နောက်ထပ် မျက်စိတစ်မှိတ်အတွင်းမှာပင် အနှစ်သုံးဆယ်၊ အနှစ်ငါးဆယ် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ထိုမျှသည် လူတစ်ဦး၏ ဘဝတစ်သက်တာအတွက် ဖြစ်သင့်ဖြစ်ထိုက်ပေသည်။ အခြားမည်သည့် စိတ်လှုပ်ရှားမှုကို ရှာဖွေရန် ရှိသေးသနည်း။ ဤအမှုအရာများသည် အတော်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။ သင်၏ ပတ်ဝန်းကျင်၌ ဖြစ်ပျက်သမျှသော အမှုအရာအားလုံးသည် သင့်ကို တစ်မူထူးခြားသောအရာများကို ရှာဖွေတွေ့ရှိစေရန်၊ သမ္မာတရားကို ဖော်ထုတ်တွေ့ရှိရန်နှင့် သင့်အတွက် အံ့အားသင့်စရာ ဖြစ်စေရန် အခွင့်ပေးသင့်သည်။ ယင်းက ထူးခြားမှုမရှိခြင်း မဟုတ်ပေ၊ မှန်သလော။ (မှန်ပါသည်၊ မဟုတ်ပါ။) သမ္မာတရားကို လိုက်စားခြင်းသည် စိတ်လှုပ်ရှားမှုကို ရှာဖွေခြင်း မဟုတ်ပေ။ ဤရုပ်ဝတ္ထုလောက၌ ၎င်းတို့၏ ပုံမှန်လူ့သဘာဝအတိုင်း အသက်ရှင်နေထိုင်သော လူတို့အတွက် ဤသို့ပင်ဖြစ်သည်။ စိတ်လှုပ်ရှားမှုကို လျှောက်မရှာဖွေနှင့်။ စိတ်လှုပ်ရှားမှုနှင့် ခံစားချက်ကို ရှာဖွေခြင်းသည် ဗိုက်ပြည့်၍ အားနေသူတို့ အပျင်းပြေ ပြုလုပ်သည့်အရာ ဖြစ်သည်။ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းတို့၌ လူတို့သည် နေ့စဉ် သင်ယူစရာ သင်ခန်းစာအသစ်များ ရှိသည်။ အချို့ကမူ “သို့ဆိုလျှင် အဘယ်ကြောင့် ကျွန်ုပ်သည် မသင်ယူနေရသနည်း” ဟု ဆိုလိမ့်မည်။ ဤသို့ဆိုလျှင် သင်၏ တိုးတက်မှုသည် အနည်းငယ် နှေးကွေးနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သင်၌ လစဉ် သင်ယူစရာအရာများ ရှိလျှင် ထိုသည်မှာ လုံလောက်ပေသည်။ သင်သည် တိုးတက်မှုရှိနေပြီး သမ္မာတရားကို လိုက်စားနေသမျှ ကာလပတ်လုံး သင်၌ ပြစရာတစ်ခုခု ရှိနေလိမ့်မည်။ ဤမိတ်သဟာယဖွဲ့ခြင်းက ပြဿနာကို ဖြေရှင်းပြီးပြီလော။ (ဖြေရှင်းပြီးပါပြီ။) မည်သို့နည်း။ မည်သည့်နှုတ်ကပတ်တော်များက ယင်းကို ဖြေရှင်းပေးခဲ့သနည်း။ (ဘုရားသခင်ကို ယုံကြည်ခြင်း၌ ကျွန်ုပ်၏ လိုက်စားမှု နောက်ကွယ်မှ ကျွန်ုပ်၏အမြင်ရှုထောင့်များသည် လက်တွေ့မကျကြောင်း၊ ကျွန်ုပ်၏လိုက်စားပုံသည် လက်တွေ့ကျသော နည်းလမ်းတစ်ခု မဟုတ်ကြောင်းကို သိရှိသွားသည့်အတွက် ဤပြဿနာသည် ဖြေရှင်းပြီးဖြစ်ပါသည်။ ကျွန်ုပ်သည် စိတ်လှုပ်ရှားမှုကို လိုက်စားရန် အစဉ်သဖြင့် ကြိုးစားကာ ခံစားချက်များကို အစဉ်သဖြင့် လိုက်စားပြီး ဘုရားသခင်ကို အယူအဆများ၊ စိတ်ကူးစိတ်သန်းများဖြင့်သာ ဆက်ဆံကာ သူနှင့်ပတ်သက်၍ ရိုသေလေးစားသော်လည်း အလှမ်းဝေးသော ဆက်ဆံရေးမျိုးကို ထိန်းသိမ်းထားခဲ့သည်။ သို့တိုင် လူတို့သည် ၎င်းတို့၏ အသက်ဝင်ရောက်မှုတစ်လျှောက်တွင် အားနည်းချက်များ ရှိမည်ဖြစ်ပြီး ထိုသို့ရှိနေစဉ်တွင်ပင် ထိုလူတို့ ကြီးထွားလာမည်ဖြစ်ကာ အခြေအနေအမျိုးမျိုးနှင့် ရင်ဆိုင်ရမည်ဖြစ်သည်ကိုမူ လျစ်လျူရှုခဲ့သည်။ ယင်းမှာ ပုံမှန် ဖြစ်ပါသည်။) သင်သည် ယင်းကို မှန်ကန်စွာ နားလည်သဘောပေါက်သွားပြီ။ မည်သည့်အခြေအနေမျှ မပေါ်ပေါက်သေးသည့်အခါ လူတို့သည် ၎င်းတို့၏ တာဝန်များကို ၎င်းတို့ ထမ်းဆောင်သင့်သည့်အတိုင်း ထမ်းဆောင်အပ်ပြီး ၎င်းတို့၏ လိုက်စားမှုကိုလည်း ဆက်သင့်သည့်အတိုင်း ဆက်လက် လိုက်စားသွားသင့်သည်။ စိတ်လှုပ်ရှားမှုကို မရှာဖွေနှင့်။ သို့မဟုတ် အမှုအရာများကို မခံစားနှင့်။ အလွန်အမင်း အာရုံခံစားလွယ်ခြင်းမျိုး မဖြစ်နှင့်၊ ပြီးလျှင် “အဘယ်ကြောင့် ယနေ့ ကျွန်ုပ် စိတ်မကြည်မလင် ဖြစ်နေရသနည်း။ ဪ၊ ဘုရားသခင်နှင့် ကျွန်ုပ်၏ ဆက်ဆံရေးသည် အလှမ်းဝေးနေပြီ။ ကျွန်ုပ် အမြန်ဆုတောင်းမှ ဖြစ်မည်” ဟု မပြောဆိုနှင့်။ ထိုသို့ အလွန်အမင်း အာရုံခံစားလွယ်ရန် မလိုအပ်ပေ။ ဘုရားသခင်သည် ဂရုမစိုက်ပေ။ သူသည် သင်၏ ထိုအသေးအဖွဲ ကိစ္စများကို အရေးမလုပ်ချေ။ သင်က “ကျွန်ုပ်သည် ရက်အတန်ကြာ ဆုမတောင်းခဲ့သော်လည်း ပြုမူလုပ်ဆောင်သည့်အခါတိုင်း စိတ်နှလုံးထဲ၌ ဘုရားသခင်ကို မကြာခဏ ရှာဖွေပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးကိုလည်း ထိန်းသိမ်းထားပါသည်” ဟု ပြောကောင်းပြောနိုင်သည်။ ယင်းမှာ ပြဿနာမရှိ။ အချို့ကလည်း “ဪ၊ ကျွန်ုပ်သည် မိမိ၏တာဝန်နှင့် အလွန်အလုပ်များနေခဲ့သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ရှုသည်မှာ ရက်အတန်ကြာပြီ” ဟု ပြောကြလိမ့်မည်။ သင်သည် ထိုလုပ်ထုံးလုပ်နည်းကို မလုပ်ဆောင်ဘဲ ယင်းကို လျစ်လျူရှုခဲ့သော်လည်း သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ် တစ်လျှောက်တွင် ပြဿနာများစွာကို တွေ့ရှိခဲ့ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အနည်းငယ်ကိုလည်း ထုတ်ဖော်ပြခဲ့ကာ ထိုကာလအတွင်း အခြားသူများ၏ မိတ်သဟာယဖွဲ့ခြင်းကို နားထောင်ခဲ့သဖြင့် သင်သည် များစွာ တိုးတက်ခဲ့သည်။ ထိုသည်မှာ စစ်မှန်သော အကျိုးအမြတ်တစ်ခု မဟုတ်လော။ သင်သည် သမ္မာတရားကို နားလည်ပြီး ယင်းကို ရရှိရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည် မဟုတ်လော။ ယင်းကို တိကျသော နည်းလမ်း သို့မဟုတ် ပုံစံတစ်ခုဖြင့် လုပ်ဆောင်ရန် မရမက တောင်းဆိုခြင်းသည် အဘယ်အသုံးဝင်မည်နည်း။ ကောင်းပြီ။ ယနေ့အတွက် မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် ငါတို့ အဆုံးသတ်မည်။ နှုတ်ဆက်လိုက်ပါသည်။ (ဘုရားသခင်ကို ကျေးဇူးတင်ပါသည်၊ နှုတ်ဆက်ပါသည်။)

၂၀၂၀ခုနှစ်၊ မေလ ၃၀

အရှေ့သို့- အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၁၀)

နောက်တစ်ခုသို့- အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို မျက်နှာပြောင်တိုက်၍ မထီမဲ့မြင်ပြုပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၂)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။