အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ

  • 1
  • 2

၂။ သခင် ရောက်ရှိလာခြင်းနည်းလမ်းနှင့်ပတ်သက်သည့် အမေး၊ အဖြေ(တိတ်တဆိတ်နှင့် လူအများသိရှိခြင်း)

၅။ ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ခြင်းအတွက် သတ်မှတ်ချက်များနှင့် ပတ်သက်သော အမေးအဖြေများ

1မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။
2မေးခွန်း (၄): ကျွန်တော်တို့က သခင့်ကိုယုံကြည်ခဲ့ကြတာ နှစ်ပေါင်းများစွာရှိပါပြီ။ သခင့်အတွက် အမှုထမ်းတော့လည်း ရှင်ပေါလုရဲ့ဥပမာအတိုင်း လိုက်ခဲ့ကြတာပါ ကျွန်တော်တို့က သခင့်ရဲ့လမ်းခရီးနဲ့နာမတော်ကို သစ္စာရှိခဲ့ကြတာပါ ဒီတော့ ဖြောင့်မတ်ခြင်းသရဖူကလည်း ကျွန်တော်တို့ကို စောင့်နေမှာ သေချာတယ် ဒီနေ့၊ ကျွန်တော်တို့က သခင့်အတွက်အလုပ်ကြိုးစားဖို့နဲ့ သူ ပြန်လာခြင်းကို သတိနဲ့စောင့်ကြည့်ဖို့ကိုပဲ အာရုံစိုက်ဖို့လိုတယ် ဒီလိုမှပဲ ကျွန်တော်တို့အနေနဲ့ ကောင်းကင်နိုင်ငံတော်ဆီ ရောက်နိုင်မယ် သမ္မာကျမ်းစာမှာ အခုလိုပြောထားတယ် "… ငါ့ကို မြော်လင့်သောသူတို့သည် ရှက်ကြောက်ခြင်းမရှိ ကြောင်းကို၎င်း သင်သိလိမ့်မည်။" (ဟေရှာယအနာဂတ္တိကျမ်း ၄၉:၂၃) ကျွန်တော်တို့က သခင့်ကတိတော်ကို ယုံကြည်တယ်။ သူ ပြန်လာတဲ့အခါ ကျွန်တော်တို့ကို ကောင်းကင်နိုင်ငံတော်ဆီ ခေါ်ဆောင်မယ်ဆိုတာလေ ဒီနည်းလမ်းကို ကျင့်သုံးတာက တစ်ခုခုများ မှားနိုင်လို့လား။
3မေးခွန်း (၆)- ကျွန်တော်တို့က အရာအားလုံးကို စွန့်တယ်။ သခင့်ဧဝံဂေလိတရားကို ဖြန့်ဝေတယ်။ အသင်းတော်ကို လမ်းပြတယ် ဒီလိုအားထုတ်တာတွေက ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်ရွက်တာပဲလေ ကျွန်တော်တို့ကျင့်သုံးတဲ့ ဒီလမ်းစဉ်က ဘာများမှားလို့လဲ။
4မေးခွန်း (၇)- ဒီနေ့မှာ ကျွန်မတို့က သခင်ယေရှုကို ယုံကြည်ကြတယ်။ ကျန်တာတွေအားလုံးကို စွန့်ပြီး၊ သခင့်နာမတော်ကို ဝေငှဖို့ အနစ်နာခံကြတယ် ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်ရွက်နေတာပဲလေ ဒါက ကျွန်မတို့ဟာ သန့်ရှင်းခြင်းဖြစ်နေပြီလို့ ဆိုလိုတာပဲ သခင် ကြွလာတဲ့အခါ၊ ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်ခံရမှာ သေချာတယ်။

၁၀။ လူ့ဇာတိခံခြင်း၏ သမ္မာတရားနှင့် ပတ်သက်သည့် အမေးအဖြေများ

1မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။
2မေးခွန်း (၂)- နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကိုပြုဖို့အတွက် ဘုရားသခင်ဟာ ဘာကြောင့် လူ့ဇာတိခံယူရတာလဲ။ ပညတ်တော်ခေတ်မှာဆိုရင်၊ ဘုရားသခင်ဟာ အမှုတော်ကိုဆောင်ရွက်ဖို့အတွက် မောရှေကို အသုံးပြုခဲ့တယ်၊ ဒါကြောင့် နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုအတွက်လည်း ဘုရားသခင်ဟာ ဘာကြောင့် လူကို အသုံးမပြုနိုင်ရတာလဲ။
3မေးခွန်း (၃)- ခရစ်တော်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်လို့ ခင်ဗျားတို့က ပြောတယ်။ ဒါက သန့်ရှင်းသောဝိညာဉ်တော်ရဲ့သက်သေခံချက်ဖြစ်တယ်။ မေးခွန်းထုတ်စရာ မရှိပါဘူး။ ဒါပေမဲ့ သမ္မာကျမ်းစာဟာ သခင်ယေရှုရဲ့တမန်တော်တွေနဲ့ ဘာသာရေးကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကြီးတချို့ရဲ့မိန့်ဆိုချက်တွေကိုလည်း မှတ်တမ်းတင်ထားတာပါ။ သူတို့တွေရဲ့ဖော်ပြချက်တွေကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အဖြစ် ယူဆလို့ရလား။ သူတို့ရဲ့ဖော်ပြချက်တွေကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အဖြစ် ယူဆလို့ရတယ်ဆိုရင်တော့၊ အဲဒါတွေကလည်း သမ္မာတရား၊ လမ်းခရီးနဲ့ အသက် မဟုတ်ဘူးလား။ ကျွန်တော် သိသလောက်တော့ သူတို့နဲ့ သခင်ယေရှုရဲ့မိန့်ဆိုချက်တွေကြားမှာ ကွဲပြားမှုမရှိပါဘူး၊ အားလုံးကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အဖြစ် သတ်မှတ်တယ်။ ဒါကြောင့် သူတို့မိန့်ဆိုချက်တွေကို ဘာကြောင့် သမ္မာတရား၊ လမ်းခရီးနဲ့ အသက်အဖြစ် မသတ်မှတ်တာလဲ။
4မေးခွန်း (၄) ကျွန်တော်ဆိုရင် မနေ့ညက အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်တွေကို ဖတ်တယ်၊ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်။” ဒါလေးက ဘုရားသခင်နှုတ်ကပတ်တော်ထဲက သိပ်ကောင်းတဲ့စာပိုဒ်တစ်ခုပါပဲ။ အရမ်းလက်တွေ့ကျတယ်၊ အရမ်းလည်း အရေးပါပါတယ်။ အကျင့်ပျက်နေတဲ့လူသားတွေဟာ ဘုရားသခင်ရဲ့လူ့ဇာတိခံပြီး ကယ်တင်ခြင်းကို ဘာကြောင့် မဖြစ်မနေရယူရမယ်ဆိုတာနဲ့ပတ်သက်ရင်၊ ဒါက လူတွေအနေနဲ့ အရေးတကြီး နားလည်ရမယ့် သမ္မာတရားရဲ့လက္ခဏာတစ်ခုပါပဲ။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို နောက်ထပ်ဆွေးနွေးပေးပါဦး။

၁၇။ အဘယ်ကြောင့် စစ်မှန်သည့်လမ်းခရီး နှိပ်ကွပ်ခံရသည့် အကြောင်းရင်းနှင့် ပတ်သက်သော အမေးအဖြေများ

1မေးခွန်း (၁)- ကျွန်တော်နားမလည်တာက အရှေ့အရပ်က လျှပ်ပြက်ခြင်းက စစ်မှန်တဲ့လမ်းဆိုရင် တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ဘာဖြစ်လို့ အတင်းအကျပ် ဆန့်ကျင်နေရတာလဲ ဘာသာရေးခေါင်းဆောင်တွေကရော ဘာဖြစ်လို့ သဲသဲမဲမဲ ရှုံ့ချကြတာလဲ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကလည်း တရုတ်ကွန်မြူနစ်ပါတီအစိုးရရဲ့ အညှဉ်းဆဲမခံရတာလည်း မဟုတ်ဘဲနဲ့ ဒါပေမဲ့ အရှေ့အရပ်က လျှပ်ပြက်ခြင်းနဲ့ ပတ်သက်လာရင် ဘုရားသခင်ကို အစေခံတဲ့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ဘယ်လိုများ တရုတ်ကွန်မြူနစ်ပါတီအစိုးရလို တူညီတဲ့အမြင်နဲ့ အကျင့်စရိုက်တွေရှိနေနိုင်ရတာလဲ နောက်ကွယ်က အကြောင်းပြချက်က ဘာလဲဆိုတာကိုပဲ။
  • 1
  • 2