မေးခွန်း- လူသားကို နာခံခြင်းနှင့် လူနောက်လိုက်ခြင်းမှာ မည်သည့်အရာ အတိအကျ ဆိုလိုသည်ဆိုသည်နှင့် ဘုရားသခင်ကို နာခံခြင်းနှင့် နောက်လိုက်ခြင်းမှာ မည်သည့်အရာကို အတိအကျဆိုလိုသည်နှင့် ပတ်သက်၍၊ လူအများစုက သမ္မာတရား၏ ဤရှုထောင့်ကို နားမလည်ကြပါ။ ကျေးဇူးပြုပြီး ဤအရာပေါ် ဆွေးနွေးပေးပါ။

အဖြေ- ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်နောက်လိုက်လျှောက်ခြင်း မှာ အဘယ်သို့အတိအကျရှိသနည်း။ ဤသမ္မာတရားရှုထောင့်နှင့် ပတ်သက်၍၊ ဦးစွာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် စာပိုဒ်တစ်ပိုဒ်ကို ဖတ်ကြပါစို့။ “ဘုရားသခင်နောက်လိုက်ရာတွင် အဓိကအရေးကြီးသောအရာမှာ အရာခပ်သိမ်းသည် ယနေ့ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ ဖြစ်သင့်ခြင်းပင် ဖြစ်သည်၊ အသက်ထဲသို့ ဝင်ရောက်ခြင်းကို သင်ရှာမှီးနေသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံစေခြင်းကို ရှာမှီးနေသည်ဖြစ်စေ၊ အရာခပ်သိမ်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ဗဟိုပြုထားခြင်း ဖြစ်သင့်သည်။ အကယ်၍ သင်မိတ်သဟာယဖွဲ့သောအရာနှင့် လုပ်ဆောင်သော အရာတို့မှာ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ဗဟိုမပြုပါက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းကားနေသော သူတစ်ဦးဖြစ်ပြီး၊ သင်၌ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် လုံးဝကင်းမဲ့နေမည်။ ဘုရားသခင်အလိုရှိသောအရာမှာ သူ၏ခြေလှမ်းများနောက်ကို လိုက်လျှောက်ကြသောသူများဖြစ်သည်။ သင်ယခင်က နားလည်ခဲ့သောအရာများသည် မည်သို့ပင် အံ့သြဖွယ်ကောင်းပြီး ဖြူစင်သည်ဖြစ်စေ ဘုရားသခင်က ၎င်းကို အလိုမရှိပါ၊ ထို့အပြင် အကယ်၍ သင်သည် ထိုသို့သောအရာများကို ဘေးသို့ မဖယ်ထားနိုင်ပါက ၎င်းတို့သည် အနာဂတ်၌ သင်၏ဝင်ရောက်မှုအတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလင်းနောက်သို့ လိုက်လျှောက်နိုင်စွမ်းရှိသူ အားလုံးသည် ကောင်းချီးမင်္ဂလာကို ခံစားရသောသူများဖြစ်သည်။ အတိတ်ကာလများမှ လူတို့သည် ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့ကြသော်လည်း၊ ယနေ့တိုင် ၎င်းတို့ လိုက်လျှောက်နိုင်ခဲ့ခြင်း မရှိပါ၊ ဤအရာသည် နောက်ဆုံးသောကာလရှိ လူများ၏ ကောင်းချီးမင်္ဂလာဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိအလုပ်နောက်သို့ လိုက်လျှောက်နိုင်သောသူများနှင့် ဘုရားသခင်က သူတို့ကို မည်သည့်နေရာသို့ ဦးဆောင်သည်ဖြစ်စေ လိုက်လျှောက်နိုင်သည့်အတိုင်း ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်းရှိသော အဆိုပါလူများသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံစားရသောသူများဖြစ်ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိအလုပ်နောက်သို့ မလိုက်လျှောက်သောသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အလုပ်ထဲသို့ ဝင်ရောက်ခြင်း မရှိသေးပါ၊ ထို့အပြင် ၎င်းတို့ မည်မျှပင် လုပ်ဆောင်ပါစေ၊ သို့မဟုတ် ၎င်းတို့၏ ဒုက္ခဆင်းရဲများ မည်မျှပင် ကြီးမားပါစေ၊ သို့မဟုတ် ၎င်းတို့ မည်မျှပင် ဟိုဟိုသည်သည် အလုပ်များနေပါစေ၊ ထိုအရာတစ်ခုမျှ ဘုရားသခင်အတွက် အဓိပ္ပာယ်မရှိပါ၊ ဘုရားသခင်သည် ၎င်းတို့ကို ချီးကျူးမည်မဟုတ်။...‘သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်ခြင်း’ ဆိုသည်မှာ ယနေ့ ဘုရားသခင်၏ အလိုတော်ကို နားလည်ခြင်း၊ လက်ရှိ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ကျင့်ကြံလုပ်ဆောင်နိုင်စွမ်း ရှိခြင်းနှင့် ဘုရားသခင်၏ အသစ်အဖြစ်ဆုံးသော မိန့်မြွက်ချက်များနှင့်အညီ ဝင်ရောက်ခြင်းတို့ကိုဆိုလိုသည်။ ဤသို့သောသူသာလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်သောသူနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲ၌ ရှိသောသူဖြစ်သည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ရနိုင်စွမ်းနှင့် ဘုရားသခင်ကို မြင်တွေ့နိုင်စွမ်း ရှိရုံမျှမက၊ ဘုရားသခင်၏ စိတ်သဘောထားကို ဘုရားသခင်ပြုသော နောက်ဆုံးအလုပ်အားဖြင့် သိနိုင်ပြီး၊ လူတို့၏ အယူအဆများနှင့် မနာခံမှုတို့ကိုသာမက လူတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို ဘုရားသခင်၏ နောက်ဆုံးအလုပ်အားဖြင့် သိနိုင်ပါသည်၊ ထို့အပြင် ၎င်းတို့အစေခံစဉ် ၎င်းတို့၏ စိတ်သဘောထားအထဲ၌ တဖြည်းဖြည်း ပြောင်းလဲမှုများကို ရယူနိုင်စွမ်းရှိကြသည်။ ဤကဲ့သို့သောသူများသာလျှင် ဘုရားသခင်ကို ရနိုင်စွမ်းရှိကြပြီး၊ မှန်သောလမ်းကို အမှန်တကယ် တွေ့ရှိသောသူများဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့) ဘုရားသခင်၏ နောက်သို့လိုက်ခြင်းဆိုသည်မှာ အဓိကအားဖြင့် ဘုရားသခင်၏ လက်ရှိအမှုတော်နောက်ကို လိုက်ခြင်း၊ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များကို ဆက်ကပ်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ ပညတ်ချက်များကို စောင့်ထိန်းနိုင်ခြင်း၊ အကြောင်းကိစ္စအားလုံးတွင် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အညီ လက်တွေ့လုပ်ဆောင်ခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့် ဦးဆောင်လမ်းပြမှုကို လုံးဝဆက်ကပ်အပ်နှံခြင်းတို့ကို ရည်ညွှန်းပါသည်။ နောက်ဆုံးတွင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်သော လူတစ်ဦးဖြစ်လာခြင်းကို ရည်ညွှန်းပါသည်။ ဤသို့သော လူမျိုးသည်သာ ဘုရားသခင်၏ နောက်လိုက်ဖြစ်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိသောသူတစ်ဦးဖြစ်သည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတွင် သမ္မာကျမ်းစာအပေါ် မီခိုပြီး သမ္မာကျမ်းစာကို ချီးမြှောက်သော်လည်း လက်တွေ့အရှိတရားတွင် ကျွန်ုပ်တို့၏ လက်တွေ့လုပ်ဆောင်မှုနှင့် အတွေ့အကြုံမှာ သမ္မာကျမ်းစာမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆက်ကပ်အပ်နှံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအစား၊ သမ္မာကျမ်းစာထဲက လူသားတို့၏ စကားများနှင့် သွန်သင်ချက်များအရ ဖြစ်လျှင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ်တို့ သဘောပေါက်နားလည်ခြင်းမရှိပဲ ယင်းအစား ဘာသာရေးအခမ်းအနားများနှင့် စည်းမျဉ်းများကိုသာ လိုက်နာစောင့်ထိန်းလျှင်၊ ဤသည်မှာ လူနောက်လိုက်နေခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာထဲမှ လူတို့၏ စကားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကဲ့သို့ လိုက်လျှောက်၍ လက်တွေ့လုပ်ဆောင်ပြီး သခင်ယေရှုကိုတော့ ပြယုဂ်တစ်ခုမျှအဖြစ်သာ ယူဆလျင် သူ၏ စကားများကို လျစ်လျူရှုကာ သူ၏ ပညတ်ချက်များကို လိုက်လျှောက်ရန် မည်သည့်အရာမျှ မလုပ်ဆောင်လျှင်၊ ကျွန်ုပ်တို့သည် သူတော်ကောင်းအယောင်ဆောင် ဖာရိရှဲများကဲ့သို့ပင် ဧကန်မုချ သခင်ယေရှုအားဖြင့် ပြုပြင်ခံရပြီး ကျိန်ဆဲခံရကြလိမ့်မည်ဖြစ်သည်။ သခင်၌ယုံကြည်ခြင်းရှိသော်လည်း ဝိညာဉ်ရေးရာ ကျော်ကြားသူများ သို့မဟုတ် သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို မျက်စိကန်းစွာ ကိုးကွယ်ကြသော လူများစွာရှိသည်၊ ၎င်းတို့သည် ဖာရိရှဲများကို ကြည်ညိုကြလေသည်။ ၎င်းတို့ အပေါ်ကို မည်သည့်အမှုအ ရာကျရောက်ပါလေ့စေ၊ ဦးဆောင်လမ်းပြမှုကို ရှာဖွေရန် သင်းအုပ်ဆရာများနှင့် အကြီးအကဲများထံသို့ ပြေးသွားကြသည်၊ မှန်သောလမ်းကို လေ့လာစုံစမ်းရာတွင်လည်း ထပ်တူ ၎င်းတို့ လုပ်ဆောင်ကြ၏။ ရလဒ်အနေဖြင့်၊ ၎င်းတို့သည် သူတော်ကောင်းအယောင်ဆောင် ဖာရိရှဲများနှင့် ဘာသာရေး ခေါင်းဆောင်များအားဖြင့် လှည့်ဖြားခံရပြီး လွဲမှားစွာဦးဆောင်ခြင်းခံရကြကာ ဘုရားသခင်ကို အာခံသည့် လမ်းကြောင်းပေါ် စတင်သက်ဆင်းမိကြသည်။ ဤအရာများသည် ဘုရားသခင်အစား လူနောက်လိုက်လျှောက်ခြင်း၏ အကျိုးဆက်များနှင့် အဆုံးသတ်များဖြစ်သည်။ ဘုရားသခင်နောက်ကို အမှန်တကယ် လိုက်လျှောက်ရန် တစ်ခုတည်းသောလမ်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နောက်လိုက်လျှောက်ခြင်း၊ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များကို လိုက်လျှောက်ခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော် အမှုတော်၏ ခြေရာများနောက်လိုက်လျှောက်ခြင်းနှင့် ကျွန်ုပ်တို့၏ တာဝန်များကို ဖြည့်ဆည်းရန် အကောင်းဆုံးပေးဆပ်ခြင်းတို့အပေါ် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို အဓိက အခြေပြုရန် ဖြစ်သည်။ အထူးသဖြင့် နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် သူ၏ တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်သည့်အခါတွင် ဘာသာရေးလောကသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးခဲ့ပြီဖြစ်ပြီး ခြောက်ကပ်လာခဲ့ပြီဖြစ်သည်။ မှန်ကန်သောလမ်းကို ကျွန်ုပ်တို့ မဖြစ်မနေ ရှာရသောအခါ၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အာရုံကို အသင်းတော်များအတွက် သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များကို ရှာဖွှေခြင်းဆီသို့ ပို၍ပင် လှည့်ကြရပါမည်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ မိန့်မြွက်ချက်များနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်တို့ကို ရှာဖွေကြရပါမည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်နှင့် အမှုတော်တို့ကို ကျွန်ုပ်တို့ မရှာလျှင်၊ ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်တို့ မကြားနိုင်လျှင်၊ လက်ရှိ ဘုရားနှုတ်ကပတ်တော်များ၏ အာဟာရကို ရယူရန် မတတ်နိုင်လျှင်၊ ကျွန်ုပ်တို့သည် ပယ်ရှားခံရလိမ့်မည်၊ အမှောင်ထဲသို့ လိမ့်ကျရင်း၊ ငိုကြွေးကာ အံသွားခဲကြိတ်ကြလျက်၊ နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်ကာလအတွင်းတွင် ဖယ်ရှားခံရကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်နောက်ကို အမှန်တကယ်လိုက်ပြီး ဆက်ကပ်အပ်နှံသောသူတို့သည် ကိုယ်တော်အားဖြင့် ဘယ်သောအခါမျှ စွန့်ပစ်ခံရလိမ့်မည်မဟုတ်ပါ။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို ကိုးကွယ်သော သူတို့သည် လူကိုဆက်ကပ်အပ်နှံခြင်းဖြစ်ပြီး လူ၏ နောက်လိုက်များ ဖြစ်ကြသည်။ ဤလူတို့သည် ဘုရားသခင်၏ အမှုတော်အားဖြင့် နောက်ဆုံးတွင် ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရလိမ့်မည်။

ကျွန်ုပ်တို့၏ နှုတ်များမှ ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်ရမည်၊ ဘုရားသခင်နောက်ကို လိုက်ရမည်ဖြစ်ပြီး သူ့ကို ဆက်ကပ်အပ်နှံရမည်ဟု ကြွေးကြော်ကြသော်လည်း လက်တွေ့အရှိတရားတွင် ဖြစ်သောအရာမှာ မတူပေ။ ဤအရာကို ကျေးဇူးတော်ခေတ်တွင် ဂျူးဘာသာယုံကြည်မှုရှိသောသူတို့က ပေတရုနှင့် ယောဟန်တို့ လုပ်ဆောင်ပုံနှင့် ဆန့်ကျင်စွာ သခင်ယေရှုကို ဆက်ဆံခဲ့သည့်နည်းလမ်းမှ ကျွန်ုပ်တို့ ရှင်းလင်းစွာ မြင်နိုင်သည်။သခင်ယေရှုသည် သူ၏ အသစ်သောအမှုတော်ကို ဆောင်ရွက်ခဲ့သည်၊ သမ္မာတရားကို ထုတ်ပြန်ခဲ့ပြီး နောင်တလမ်းကို ဆောင်ကျဉ်းခဲ့သော်လည်း ထိုအချိန်က ဂျူးလူမျိုးအများစုက ယဇ်ပရောဟိတ်အကြီးအကဲများနှင့် ဖာရိရှဲတို့၏ သွန်သင်ချက်များကိုသာ နားထောင်ခဲ့ကြသည်။ သခင်ယေရှု၏ အမှုတော်နှင့် နှုတ်ကပတ်တော်များကို လက်မခံခဲ့ကြပါ၊ ရလဒ်အနေဖြင့် သခင်ယေရှု၏ ကယ်တင်ခြင်းကို သူတို့ ဆုံးရှုံးခဲ့သည်။ အမည်ခံအားဖြင့် ဘုရားသခင်ကို သူတို့ယုံကြည်ကြ၏၊ သို့သော် အမှန်တကယ်တွင် ၎င်းတို့သည် ယဇ်ပရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲများကို ယုံကြည်ခဲ့ကြသည်။ သို့သော်၊ ပေတရု၊ မဿဲ၊ ဖိလ္လပိ နှင့် အခြားသူများက သခင်ယေရှု၏ နှုတ်ကပတ်တော်များက သြဇာအာဏာနှင့် တန်ခိုးရှိပြီး ၎င်းတို့သည် သမ္မာတရားဖြစ်သည်ကို မြင်ခဲ့ကြသည်။ သခင်ယေရှု၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့သည် ဘုရားသခင်ထံမှာလာသည်ကို သူတို့ မြင်ခဲ့ကြပြီး သူ့နောက်ကို နီးကပ်စွာ လိုက်ခဲ့ကြသည်။ ဖာရိရှဲတို့၏ ထိန်းချုပ်မှုကို ၎င်းတို့ လုံးဝ မခံခဲ့ကြရပဲ ဘုရားသခင်နောက်ကို အမှန်တကယ် လိုက်ပြီး နာခံသောသူများဖြစ်ခဲ့ကြသည်။ နောက်ဆုံးသောကာလတွင်၊ ဘုရာသခင်နောက်ကို အမှန်တကယ်လိုက်လျှောက်ပြီး ဆက်ကပ်အပ်နှံဖို့ တစ်ခုတည်းသော နည်းလမ်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်ကို လက်ခံကာ ဆက်ကပ်အပ်နှံဖို့ဖြစ်ပြီး ဤအရာက ဗျာဒိတ်ကျမ်းတွင် တွေ့ရသော ပရောဖက်ပြုချက်ဖြစ်သည့်၊ “သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။(ဗျာဒိတ် ၁၄:၄) ဆိုသည့်အရာကို ပြည့်စုံစေသည်။ လက်ရှိတွင်၊ ဘာသာရေးလောကထဲရှိ ခေါင်းဆောင်များသည် ဂျူးလူမျိုးဖာရိရှဲတို့၏ အခန်းကဏ္ဍတွင် သရုပ်ဆောင်နေကြပြီး ကျမ်းစာထဲရှိ လူ၏ စကားများကို ချီးမြှောက်ဖို့ရန် တတ်နိုင်သမျှ ကြိုးပမ်းအားထုတ်ကြသော်လည်း သခင်ယေရှု၏ နှုတ်ကပတ်တော်များအပေါ် သစ္စာပျက်ကြလေသည်။ ပို၍အဓိပ္ပါယ်မဲ့စွာပင်၊ ၎င်းတို့သည် နောက်ဆုံးသောကာလထဲက ဘုရားသခင်ပြုသော အမှုကို ရှုတ်ချဖို့ရန် ကျမ်းချက်များကို အဆက်အစပ်မရှိ ကိုးကားခြင်းအားဖြင့် ကျမ်းစာကို အမြတ်ထုတ်ကြသည်။ ၎င်းတို့သည် ယုံကြည်သူများကို လှည့်ဖြားရန်၊ မျက်ကန်းဖြစ်စေရန် နှင့် ထိန်းချုပ်ရန် ဤအရာကို လုပ်ဆောင်ကြသည်။ ဥပမာအားဖြင့် သခင်ယေရှုက၊ “ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ အလိုတော်ကို ဆောင်သောသူသာလျှင်၊(ရှင်မဿဲခရစ်ဝင် ၇:၂၁) ကောင်းကင်နိုင်ငံတော် ဝင်ရလိမ့်မည်ဟု ရှင်းလင်းစွာ ဖော်ပြခဲ့ပါသည်။ သို့တိုင်၊ ဘာသာရေးလောကထဲက ခေါင်းဆောင်များကြားတွင်၊ ယုံကြည်မှုထဲတွင် လူတစ်ယောက် လုပ်ဆောင်ဖို့ လိုအပ်သည့်အရာအားလုံးမှာ ကြိုးစားလုပ်ဆောင်ဖို့ဖြစ်ပြီး သူ့အနေဖြင့် ကောင်းကင်နိုင်ငံထဲသို့ ဝင်နိုင်လိမ့်မည်ဖြစ်ပြီး ကောင်းကင်နိုင်ငံမှာအင်အားဖြင့် အမိအရဖမ်းဆုပ်နိုင်သောအရာဖြစ်သည်ဟု ဆိုကြသည်။ သခင်ယေရှုက ကျွန်ုပ်တို့ကို၊ “သင်၏ ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုကိုးကွယ်ရမည်၊(ရှင်မဿဲခရစ်ဝင် ၄:၁၀) ဟု တောင်းဆိုထားပါသည်။ သို့သော်လည်း ဝိညာဉ်ရေးရာ ကျော်ကြားသူများဟု ခေါ်ဆိုသောသူအချို့က ယုံကြည်သူများကို အဘယ်သို့ ဘုရားဖြစ်လာရမည် သို့မဟုတ် ရှင်ဘုရင်ဖြစ်ဖို့ရန် အဘယ်သို့ ကြိုးစားရမည်နှင့် တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအားလုံးအပေါ် အာဏာစွဲကိုင်ခြင်းတို့ကို ရှာဖွေရန် ဦးဆောင်ကြသည်၊ ယင်းမှာ လုံးလုံးလျားလျား အဓိပ္ပါယ်မဲ့သောအရာဖြစ်သည်။ ဘာသာရေးလောကထဲရှိ ခေါင်းဆောင်များသည် နာမည်အရ သခင်အတွက် အလုပ်လုပ်ကြပြီး တရားဒေသနာများကို ဟောပြောကြသည်၊ သို့သော် လက်တွေ့အရှိတရားတွင်၊ ၎င်းတို့သည် လူ၏ သွန်သင်ချက်များကို ဖြန့်နေကြကာ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများကို ကျွန်ုပ်တို့အတွက် လုက်နာရမည့် သမ္မာတရားအဖြစ် မြှင့်တင်ကြသည်။ ၎င်းတို့သည် သူတော်ကောင်းယောင်ဆောင် ဖာရိရှဲများကဲ့သို့သာ ဖြစ်ပြီး လမ်းခရီးကို ဦးဆောင်ရန် ကြိုးစားသော မျက်ကန်းဖြစ်ကြသည်။ ၎င်းတို့သည် ကိုယ်တော်နှင့်အတူ တန်းတူရပ်တည်ရင်း ခရစ်တော်ကို အာခံပြီး ဆန့်ကျင်ရန် ကြိုးစားနေကြသည်။ ၎င်းတို့သည် သီးခြား လွတ်လပ်သော နိုင်ငံတော်ကို ဖန်တီးရန် လုပ်ဆောင်နေကြသော အန္တိခရစ်များ ဖြစ်ကြသည်။ သစ္စာရှိသူ ကျွန်ုပ်တို့သည် ဘာသာရေးလောက၏ ခေါင်းဆောင်များနှင့် ကျော်ကြားသူများနောက်ကို စတင်လိုက်သည်နှင့်တပြိုင်နက်၊ ကျွန်ုပ်တို့ ကိုယ်ပိုင်လမ်းကြောင်းကို စတင် လျှောက်လှမ်းခြင်းဖြစ်ပြီး သခင့်၏ လမ်းကြောင်းမှ သွေဖည်ခြင်း ဖြစ်သည်။ ဤသည်မှာ သခင့်ကို အာခံခြင်းနှင့် သစ္စာဖောက်ခြင်းတို့၏ အလွန်ဆိုးရွားသော ဖြစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့ နောင်တမရလျှင်၊ ဘုရားသခင်အားဖြင့် ဖယ်ရှားခံရပြီး သုတ်သင်ပယ်ရှင်းခြင်းခံရကြမည်ဖြစ်သည်။

ဘေးအန္တရာယ်အတွင်းမှ ချီဆောင်ခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၅) ပညတ်တော်ခေတ်ရဲ့အမှုတော်ကို လုပ်ဆောင်ခဲ့တာဟာ ဘုရားသခင် အသုံးပြုခဲ့တဲ့ မောရှေအားဖြင့်ဖြစ်ပါတယ်။ ဘုရားသခင်ဟာ နောက်ဆုံးသောကာလ သူ့ရဲ့ တရားစီရင်ခြင်းအမှုတော်တွေကို ဆောင်ရွက်ဖို့ ဘာကြောင့်များ လူသားကို မသုံးတာ ဖြစ်မလဲ။ ပြီးတော့ သူကိုယ်တိုင် ဘာကြောင့် လူ့ဇာတိခံယူပြီး ကြွလာဖို့ လုပ်တာလဲ။

နောက်တစ်ခုသို့- မေးခွန်း (၁) “လူက ဘုရားဖြစ်လာနိုင်ဖို့ ဘုရားက လူဖြစ်လာခဲ့တယ်” ဆိုတာက အစ်ကိုလင်း ဟောပြောတာတွေရဲ့ အထွတ်အထိပ် ရူပါရုံပါ အစအဦးမှာ ဘုရားသခင် ဖန်ဆင်းခဲ့တဲ့အရာက လူဆိုပေမဲ့ လူကို ဖန်ဆင်းရာမှာ ဘုရားသခင်ရဲ့ရည်ရွယ်ချက်က သူတို့ကို ဘုရားဖြစ်လာစေဖို့ပါပဲ ပထမတော့ လူသားတွေက ဘုရားရဲ့ အသက်တာ စိတ်သဘောထား မရှိလို့ စာတန်က သူတို့ကို အပြစ်ပြုရာထဲ လှည့်စားနိုင်ခဲ့တယ် လူသားမျိုးနွယ်ကို ကယ်တင်ရာမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က သူ့အသက်တာ စိတ်သဘောထားကို ကျွန်တော်တို့ထဲ ပေးဝေဖို့ဖြစ်ပါတယ် ဘုရားရဲ့ အသက်တာ စိတ်သဘောထားကို ကျွန်တော်တို့ ရတာနဲ့တစ်ပြိုင်နက် ဘုရားဖြစ်လာကြမှာ မဟုတ်လား ဒီနေရာမှာ မှားယွင်းတာတစ်ခုခု ရှိနိုင်ပါ့မလား

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။