မေးခွန်း (၅) ဘုရားသခင်ရဲ့ အိမ်တော်က အစပြုတဲ့ သူ့ရဲ့ တရားစီရင်ခြင်းကို လူသားအနေနဲ့ ဘုရားသခင်က ဆောင်ရွက်ပြီလို့ မင်းသက်သေခံခဲ့တယ်နော် အမှန်ပဲ ကျမ်းစာရဲ့ပရောက်ဖက်ပြုချက်နဲ့လည်း ကိုက်ညီတယ် ဒါပေမဲ့ ငါနားမလည်ဘူး အဲဒီဘုရားရဲ့အိမ်တော်မှာ အစပြုတဲ့ တရားစီရင်ခြင်းက ဗျာဒိတ်ကျမ်းထဲက ပလ္လင်ဖြူကြီးရှေ့မှာ စီရင်ခြင်းလိုပုံစံမျိုးနဲ့ တထပ်တည်းပဲလား ပလ္လင်ဖြူကြီးရှေ့မှာစီရင်ခြင်းဆိုတာ စာတန်ရဲ့မယုံကြည်သူတွေ အားလုံးအတွက် ဆိုလိုတယ်လို့ ငါတို့ထင်တယ် သခင်ပြန်ကြွလာတဲ့အခါ ယုံကြည်သူတွေဟာ ကောင်းကင်ကို ခေါ်ဆောင်ခြင်းခံရပြီး အဲဒီနောက် မယုံကြည်သူတွေအတွက် ကပ်ဘေးဆိုးကြီးလွှတ်လိုက်မယ် နားလည်တယ်နော်၊ ပလ္လင်ဖြူကြီးရှေ့က စီရင်ခြင်းဆိုတာ အဲဒါပဲလေ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့စီရင်ခြင်း အစပြုနေပြီဆိုပြီး မင်းသက်သေခံခဲ့တာကို ငါကြားတယ် ဒါပေမဲ့ မယုံကြည်သူတွေအပေါ် ဘုရားသခင် ဖျက်ဆီးခြင်းဖြစ်စေတာကို ငါတို့မမြင်ဖူးဘူး အဲဒါက ပလ္လင်ဖြူကြီးရှေ့မှာ စီရင်ခြင်းနဲ့ ဘယ်လိုလုပ်ပြီး တူညီနိုင်မှာလဲ အဲဒီစီရင်ခြင်းက ဘာလဲဆိုတာကို ငါတို့ကို ဘာလို့တိတိကျကျ မပြောတာလဲ ကျေးဇူးပြုပြီး ဒါကိုပိုပြီးရှင်းလင်းအောင် လုပ်ပေးပါ

အဖြေ- ကျမ်းစာကိုအမှန်တကယ် နားလည်သည့် သူတိုင်းက ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုထားသည့် ပလ္လင်ဖြူကြီး၏ စီရင်ခြင်းဆိုသည်မှာ နောက်ဆုံးသောကာလမှာ ဘုရားသခင့် စီရင်ခြင်း ၏ ရူပါရုံ ဖြစ်သည်ကို သိကြပါသည်။ လူဇာတိခံသည့် အနန္တတန်ခိုးရှင်ဘုရားသခင်က ကိုယ်တော်၏ စီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ သမ္မာတရားကို ဖော်ပြပြီး၊ လူသားများကို ကယ်တင်ခြင်းနှင့် ဆေးကြောခြင်းကို စတင်ခဲ့သည်။ ဤသည်မှာ ပလ္လင်ဖြူကြီးကနေ ကိုယ်တော့်၏ စီရင်ခြင်းစတင်ခဲ့ပြီးပြီဟု ဆိုလိုခြင်း ဖြစ်သည်။ ဤအမှုတော်က ဘုရားသခင်၏ အိမ်တော်ကနေစပါသည်။ ဤနည်းနှင့် ဘုရားသခင်က အောင်မြင်သောသူတစ်စုကို ပြုလုပ်နိုင်သည်။ နောက်ပြီး ဘုရားသခင်က ဆိုးညစ်သည့်လောကကို သုတ်သင်ရှင်းလင်းပြီးသည့်အထိ ကောင်းသောသူကို ဆုလာဘ်ပေးပြီး၊ ဆိုးညစ်သူကို အပြစ်ပေးရင်းနှင့် ကပ်ဘေးဆိုးများ စေလွှတ်လိမ့်မည်။ ကြီးမြတ်သည့် ပလ္လင်ဖြူ ပေါ်က ဘုရားသခင်၏စီရင်မှုက ပြီးဆုံးမည်ဖြစ်သည်။ ထို့နောက်တွင် ဘုရားသခင်က ပွင့်ပွင့်လင်းလင်း ပေါ်ထွက်လာပြီး၊ ကိုယ်တော်က အသစ်သော ခေတ်ကို အစပြုလိမ့်မည်။ ယခုပင် ကျွန်မတို့ ဤလက္ခဏာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီ။ ဘေးအန္တရာယ်ကျရောက်ခြင်း၏ နိမိတ်ဖြစ်သည့် သွေးရောင် လွှမ်းသည့် လလေးလုံးက ထွက်ပေါ်ခဲ့ပြီးပြီ။ ကြီးမားသည့် ဘေးအန္တရာယ်က နီးနေပြီ နောက်ဆုံးမှာ ကြီးမားသည့် ဘေးအန္တရာယ် ကျရောက်လာသည့်အခါ ဘုရားကို ဆန့်ကျင်သည့်သူ ဘုရားကို ဝေဖန်သည့်သူ သို့မဟုတ် ဘုရားကို ဆန့်ကျင်တိုက်ခိုက်သည့် လူတိုင်းအပြင် စာတန်၏ သားသမီးများနှင့် နတ်ဆိုးများက ဘုရားသခင်၏ လက်တော်အားဖြင့် ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ ယင်းမှာ တကယ့် ပလ္လင်ဖြူကြီးကနေ တရားစီရင်ခြင်းပင် မဟုတ်ပါလား။ ဘုရားသခင်က တိတ်တဆိတ် ရောက်လာခြင်းနှင့် လူပုံအလယ်မှာ ရောက်ရှိခြင်းအတွက် စီစဉ်နေကြောင်းကို ကျမ်းစာ၏ ပရောဖက်ပြုချက်ကနေ ကျွန်မတို့မြင်နိုင်ပါသည်။ ကိုယ်တော် လာသည့်အခါမှာ ကိုယ်တော်က သူခိုးကဲ့သို့ ကြွလာမှာ ဖြစ်သည်။ ယင်းမှာ စီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ သမ္မာတရားကို ဖော်ပြဖို့ ဘုရားသခင်က တိတ်တဆိတ် လူ့ဇာတိခံမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ကိုယ်တော့်၏ ပထမဆုံးတာဝန်က အောင်မြင်သည့် လူတစ်စုကို ပြုလုပ်ပေးဖို့သာ ဖြစ်သည်။ “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်” ပရောဖက်ပြုခြင်းကို ပြည့်စုံစေသည်။ နောက်ဆုံးသောကာလမှာ ဘုရားသခင် စီရင်ခြင်း၏အမှုက ဘုရားသခင် လူ့ဇာတိခံပြီး၊ လူသားအားလုံးကို စီရင်ဖို့နှင့် သမ္မာတရားကို ဖော်ပြဖို့ တိတ်တဆိတ်ကြွလာခဲ့ချိန် ကတည်းက အစပြုခဲ့သည်။ ပထမအဆင့်က ဘုရားသခင် အိမ်တော်က အစပြုသည့်စီရင်ခြင်းကို ပေးဖို့ ဖြစ်သည်။ ဤကဲ့သို့ လုပ်ခြင်းအားဖြင့် ကိုယ်တော့်၏အသံတော်ကိုကြားပြီး၊ ကိုယ်တော့် ရှေ့ကိုလာသည့်လူတိုင်းက ကိုယ်တော့်၏ကယ်တင်ခြင်းနှင့် ဆေးကြော ပေးခြင်းကို ခံရကြသည်။ အောင်မြင်သူများလည်း ဖြစ်လာကြလိမ့်မည်။ ထို့နောက် ဘုရားသခင်၏ ကြီးမားသည့်အမှုတော် ပြီးမြောက်ပြီး၊ ကြီးမားသည့် ဘေးအန္တရာယ်ဆိုးကြီး စတင်ကျရောက် လာလိမ့်မည်။ ဟောင်းနွမ်းနေသည့်လောကကို အပြစ်ပေးဖို့နှင့် ဖျက်ဆီးဖို့ ကိုယ်တော်က ဘေးဒဏ်များအားလုံးကို အသုံးပြုလိမ့်မည်။ ထိုအချိန်ရောက်ပါက လူသားမျိုးနွယ်အပေါ် ဘုရား၏စီရင်ခြင်းက အရှိန် အဟုန်အမြင့်ဆုံး ဖြစ်လိမ့်မည်။ ဘုရားသခင်က တိမ်များကြားမှာ ရှင်းလင်းစွာပေါ်ထွက်လာသည့် အခါ ကိုယ်တော့်၏ စီရင်ခြင်းက နောက်ဆုံးမှာ ပြီးပြည့်စုံပြီဟု ဆိုလိုခြင်း ဖြစ်သည်။ ထို့နောက်မှာတော့ ဘုရားသခင်၏ နိုင်ငံတော်အသစ်က ပေါ်ထွက်လာလိမ့်မည်။ ယင်းမှာ ကောင်းကင်ကနေဆင်းသက်သည့် ယေရုရှလင်မြို့သစ်ဆိုသည့် ကျမ်းစာ၏ပရောဖက်ပြုချက်ကို ပြည့်စုံစေခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့်အတိုင်းပင်- “ဘုရားသခင့် အမှုတော်၏ ကဏ္ဍတစ်ရပ်မှာ လူသားမျိုးနွယ်အပေါင်းတို့ကို သိမ်းပိုက်ရန်နှင့် ရွေးချယ်ခံရသူများကို သူ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ရယူရန်ဖြစ်သည်။ နောက်ထပ်တစ်ခုမှာ ပုန်ကန်ခြင်း၏သားများအားလုံးကို ကပ်ဘေးအမျိုးမျိုး၏ နည်းလမ်းဖြင့် သိမ်းပိုက်ရန်ဖြစ်သည်။ ဤသည်မှာ ကျယ်ပြန့်များပြားသော ဘုရားသခင့် အမှုတော်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဤနည်းဖြင့်သာ ဘုရားသခင် အလိုရှိသည့် ကမ္ဘာမြေကြီးပေါ်ရှိ နိုင်ငံတော်ကို အပြည့်အဝ စွမ်းဆောင်ရရှိနိုင်ပြီး၊ ဤသည်မှာ ရွှေစစ်စစ်ဖြစ်သည့် ဘုရားသခင့်အမှု၏ အစိတ်အပိုင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁၇)) ဘုရား၏နှုတ်ကပတ်တော်ထဲမှာ ကိုယ်တော် လုပ်ဆောင်မည့်် အမှုတော်ကို တကယ်အတိအကျ ပေါင်းစည်း ဖော်ပြထားပါသည်။ ယင်းကို ကျွန်မတို့ လွယ်လွယ်ကူကူ နားလည်နိုင်သည်။ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ စီရင်ခြင်းက ဗျာဒိတ်ကျမ်းမှာ ပရောဖက်ပြုခဲ့သည့် ပလ္လင်ဖြူကြီးရှေ့က တရားစီရင် ခြင်းပဲဖြစ်သည်။ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို အခြေတည်ပြီး ကျွန်မတို့ နားလည်သဘောပေါက် နိုင်သည်မှာ အသက်စာစောင်ကိုဖွင့်ခြင်းနှင့် လူသေများကို စီရင်သည့် စာစောင်ကို ဖွင့်ခြင်းအကြောင်းများ ဖြစ်ပါသည်။ သင်တို့သဘောကျမည်ဆိုပါက ကျွန်မတို့ရှင်းပြမည်။ လူသေများကိုစီရင်သည့် စာစောင်ကိုဖွင့်ခြင်း ဆိုသည်မှာ ဘုရားသခင်ကို ဆန့်ကျင်သည့် လူများနှင့် ဘုရားသခင်ကို ငြင်းပယ်ဖို့ ကြိုးစားသည့် လူများအားလုံးနှင့် သက်ဆိုင်သည့် ဘုရားသခင်၏ တရားစီရင်ခြင်းကို ရည်ညွှန်းပါသည်။ ရလဒ်အနေနှင့် သူတို့ကိုယ်တိုင် ရှုတ်ချခြင်းခံရမည်။ ပြစ်ဒဏ်ပေးခံရပြီး ပျက်ဆီးကြရမည်။ အသက်စာစောင်ကို ဖွင့်ခြင်းဆိုသည်မှာ ဘုရားသခင်၏ အိမ်တော်မှာ စီရင်ခြင်း အစပြုသည်ကို ရည်ညွှန်းသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်သည့် နောက်ဆုံးသောကာလ၏ ခရစ်တော် က ကိုယ်တော့်၏ပလ္လင်တော်ရှေ့ကို လာသည့်လူတိုင်းကို ဆေးကြောခြင်းနှင့် စီရင်ခြင်းပြုဖို့ သမ္မာတရားကို ဖော်ပြပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏စီရင်ခြင်းကို လက်ခံသည့် ရွေးချယ်ခံ လူများက ကိုယ်တော့်ထံကို ချီဆောင်ခြင်းခံရပြီး၊ ဘုရားသခင်၏ စီရင်ခြင်း ဆေးကြောပေးခြင်းနှင့် စစ်မှန်သည့် ကယ်တင်ခြင်းကို ပေးသနားခံရလိမ့်မည်။ ဘုရားသခင် အိမ်တော်မှာ အစပြုသည့် စီရင်ခြင်းဆိုသည်မှာ ဘေးဒဏ်များ မကျရောက်မီ ဤလူတစ်စုကို ပြီးပြည့်စုံစေဖို့ ဖြစ်သည်။ ဤလူတစ်စုသာလျှင် အသိပညာရှိသည့် အပျိုကညာဟုခေါ်ဖို့ ထိုက်တန်ပြီး သူတို့၏နာမည်များက အသက်စာစောင်မှာ ရေးမှတ်ထား မည်မှာ သေချာသည်။ သူတို့က ဗျာဒိတ်ကျမ်းထဲက အောင်မြင်သောသူ ၁၄၄ဝဝဝ ဖြစ်သည်။ နောက်ဆုံးမှာ သူတို့က ကောင်းကင်နိုင်ငံတော်ကို ဝင်သွားပြီး ထာဝရ အသက်ကို အမွေခံရလိမ့်မည်။ ယင်းမှာ ဗျာဒိတ်ကျမ်း အခန်းကြီး ၁၄ အငယ် ၁-၅ ပရောဖက်ပြု ချက်ကို ပြည့်စုံစေခြင်း ဖြစ်သည်။ “ထိုနောက်မှ ငါကြည့်လျှင်၊ သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာရပ်နေ၏။ သူ၏ နာမနှင့် ခမည်း တော်၏ နာမကိုနဖူး၌ အက္ခရာတင်သောသူ တသိန်းလေးသောင်းလေးထောင်လည်း သူနှင့်အတူ ရှိကြ၏။ သမုဒ္ဒရာရေသံ၊ ကြီးစွာသော မိုဃ်းကြိုးသံကဲ့သို့ ကောင်းကင်က အသံကို ငါကြား၏။ ထိုသို့ ငါကြားသော အသံသည် စောင်းသမားများ စောင်းတီးသော အသံ ကဲ့သို့ဖြစ်၏။ ပလ္လင်တော်ရှေ့၌၎င်း၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့ရှေ့၌၎င်း၊ သူတို့သည် အသစ်သော သီချင်းကို ဆိုကြ၏။ မြေကြီးမှရွေးနှုတ်သောသူ တသိန်းလေးသောင်းလေးထောင်မှတပါး၊ အဘယ်သူမျှ ထို သီချင်းကို သင်၍မရနိုင်။ ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ၏။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသော အသီးဖြစ်ကြ၏။ အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။(ဗျာဒိတ်ကျမ်း ၁၄:၁-၅)

အနန္တတန်ခိုးရှင်ဘုရားသခင်က စီရင်ခြင်းအမှုကို လုပ်ဆောင်သည့်အခါ ဗျာဒိတ်ကျမ်းမှာ ဖော်ပြထားသကဲ့သို့ ဘုရားသခင်က ပလ္လင်ဖြူကြီးမှာ ထိုင်နေစဉ် စီရင်လိမ့်မည် ဆိုသည့် ဗျာဒိတ်ကို ပြီးမြောက်ပြည့်စုံစေလိမ့်မည်။ ပလ္လင်ဖြူကြီးဆိုသည်မှာ ဘုရားသခင်၏ အခွင့်အာဏာတော်ကို ပြောခြင်း ဖြစ်သည်။ သို့သော်လည်း ဘုရား၏အခွင့်အာဏာတော်ကို ကျွန်မတို့ မည်သို့ သိနိုင်မည်နည်း။ ကျွန်မတို့အားလုံးသိကြသည့်အတိုင်း ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို သူ့၏နှုတ်ကပတ်တော်နှင့် ဖန်ဆင်းခဲ့ပါသည်။ ကျွန်မတို့ကို လမ်းညွှန်ပေးဖို့၊ ဆေးကြောပေးဖို့၊ ကယ်တင်ဖို့အတွက်နှင့် အလုံးစုံကိုပြီးပြည့်စုံစေဖို့ သူက နှုတ်ကပတ်တော်ကို အသုံးပြုပါသည်။ ဘုရားသခင်၏ကိုယ်ပိုင် စကားတော်က သူ့၏သြဇာအာဏာကို ကိုယ်စားပြုနေပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့်အတိုင်းပင်- “ငါပြောလျှင်၊ ဖြစ်လိမ့်မည်။ ငါ အမိန့်ပေးလျှင် မြဲမြံစွာတည်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၁))ငါသည် ငါပြောသောအရာအပေါ် ခိုင်ခိုင်မာမာရပ်တည်ပြီး၊ ငါ ခိုင်ခိုင်မာမာ ရပ်တည်သောအရာကို ငါ အမြဲစုံလင်စေကာ၊ ဤအရာကို မည်သူမျှ မပြောင်းလဲနိုင်ပေ- ယင်းမှာ အကြွင်းမဲ့ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁)) အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်က နှုတ်ကပတ်တော်အားဖြင့် လုပ်ဆောင်သော အမှုတော်ဖြစ်သည်။ စကြဝဠာနှင့် လူသားမျိုးနွယ် တစ်ခုလုံးကို ထိန်းချုပ်ဖို့ သူက နှုတ်ကပတ်တော်ကိုသာ အသုံးပြုသည်။ ဘုရားသခင်က လူသားများကို လမ်းညွှန်မှုပေးဖို့၊ ထောက်ပံ့ မစဖို့အတွက် နှုတ်ကပတ်တော်ကို အသုံးပြုပါသည်။ နောက်ဆုံးသော ကာလမှာ သူက လောကကြီးကို တရားစီရင်ဖို့နှင့် လူသားများကို သန့်စင်ဆေးကြောဖို့အတွက် နှုတ်ကပတ်တော်ကို အသုံးပြုနေ ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ငါသည် တစ်ကမ္ဘာလုံးရှိ လူသားများကို ခါနာန်ပြည်သို့ ခေါ်ဆောင်မည် ဖြစ်သောကြောင့်၊ စကြဝဠာ တစ်ခုလုံးကို ထိန်းချုပ်ဖို့ ခါနာန်ပြည်တွင် ငါသည် မိန့်မြွက်ချက်များကို ဆက်လက် ထုတ်ပြန်လေသည်။ ယခုအချိန်တွင် ခါနာန်ပြည်မှလွဲ၍ ကမ္ဘာမြေပြင်တစ်ခုလုံး၌ အလင်းမရှိပေ။ ထို့အပြင် လူသားအားလုံး ဆာလောင်မှုနှင့် အအေးတို့ကြောင့် ဒုက္ခရောက်နေ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်)နောက်ဆုံးသောကာလ အတောအတွင်းတွင်၊ ဘုရားသခင်သည် လူ့ဇာတိခံယူချိန်တွင်၊ အရာအားလုံးကို ပြီးမြောက်စေဖို့နှင့် အရာအားလုံးကို ရှင်းလင်းသွားစေဖို့ အဓိကအားဖြင့် နှုတ်ကပတ်တော်ကို အသုံးပြုလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်)ဆိုးယုတ်သောသူ အားလုံးသည် ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များ၏ ပြစ်တင်ဆုံးမခြင်းကို ခံရကြလိမ့်မည်၊ ဖြောင့်မတ်သော သူအားလုံးသည် သူ၏နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များ၏ ကောင်းချီးပေးခြင်း ခံရလိမ့်မည် ဖြစ်ပြီး၊ အရာအားလုံးသည် ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များအားဖြင့် တည်ထောင်ခြင်းကို ခံရပြီး၊ ပြည့်စုံစေခြင်း ခံရလိမ့်မည်။ သူသည် မည်သည့် နိမိတ်လက္ခဏာ သို့မဟုတ် မည်သည့်အံ့ဖွယ်ရာကိုမျှ ထင်ရှားစေမည်မဟုတ်။ အရာအားလုံးသည် သူ၏ နှုတ်ကပတ်တော်များအားဖြင့် ပြီးမြောက်လိမ့်မည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များသည် အမှန်တရားများကို ဖြစ်ပေါ်စေလိမ့်မည်။ ကမ္ဘာပေါ်ရှိ အယောက်တိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ချီးကျူးဂုဏ်ပြုကြလိမ့်မည်၊ လူကြီးဖြစ်စေ၊ ကလေးများဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ၊ အသက်ကြီးသူဖြစ်စေ၊ အသက်ငယ်သူဖြစ်စေ လူအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအောက်တွင် ကျိုးနွံနာခံကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ) အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်က ဖော်ပြခြင်းသည် အရှေ့အရပ်ကနေ အနောက်အရပ်အထိ တောက်ပ သွားသည့် လျှပ်စီးကဲ့သို့ပဲဖြစ်ပါသည်။ ယင်းမှာ ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှောက်ကို ပြန်ရောက်လာသည့် လူတိုင်းကို ဆေးကြောပေးပြီး ပြည့်စုံစေပါသည်။ သမ္မာတရားကို ဖော်ပြခံရသည့်အခါ နှုတ်ကပတ်တော်ကို မုန်းတီးသည့် သူများ ဖာရိရှဲကဲ့သို့ လူများဖြစ်သည့် သူတော်ကောင်း အယောင်အဆောင် များကို ဖော်ထုတ်ပါသည်။ ထို့အပြင် ဘုရားကို ဆန့်ကျင်ပြီး ငြင်းပယ်သည့်လူဆိုးများလည်း ကျန်ရစ်ခဲ့မည် ဖြစ်သည်။ ဘုရားသခင်ကို မနာခံသည့် သူများအားလုံးကို ချိုးနှိမ်ပစ်ဖို့ ကိုယ်တော်က သူ့၏နှုတ်ကပတ်တော်ကို အသုံးပြုပါသည်။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်၏ တရားစီရင်ခြင်းများက ဘုရားသခင်က သူ့၏ပလ္လင်ပေါ်မှာ ထိုင်လျက် အုပ်စိုးတော်မူပြီဖြစ်ကြောင်း ဖော်ပြပါသည်။ ယခုအချိန်မှာ ဆိုးညစ်မှုနှင့် မှောင်မိုက်သည့်ကမ္ဘာဟောင်းကြီး တည်ရှိနေသော်လည်း၊ ယင်းမှာ မကြာခင်အချိန်အတော အတွင်းမှာ ဘုရားသခင် စေလွှတ်သည့် ကပ်ဘေးအားဖြင့် ဖျက်ဆီးခံရမှာဖြစ်သည်။ ကမ္ဘာပေါ်မှာ တည်ရှိသည့် မည်သည့်အရာကမှ ဘုရားသခင်၏ နိုင်ငံတော်ကို မဖျက်ဆီးနိုင်ပါ။ ဘုရား၏တရားစီရင်မှုနှင့် သူ့၏အမှုတော်များကို ဖျက်ဆီးပစ်ဖို့ ရပ်တန့်ပစ်ဖို့ မည်သည့်အရာကမှ မစွမ်းနိုင်ပါ။ ဘုရားသခင်က ကမ္ဘာပေါ်မှာ အာဏာကိုကိုင်ဆောင်ခြင်းက ကောင်းကင်နိုင်ငံမှာ ရှိသည့် သူ့၏ပလ္လင်တော်ပေါ်တွင် ရှိသကဲ့သို့ပင် ဖြစ်ပါသည်။ မည်သူကမှ မရွေ့လျော့စေနိုင်သကဲ့သို့၊ မည်သူကမှ မပြောင်းလဲနိုင်သည့် အရာတစ်ခုဖြစ်သည်။ ယင်းမှာ အမှန်တရားတစ်ခုဖြစ်ကြောင်း ကျွန်မတို့သိကြပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့်အတိုင်းပင်- “နိုင်ငံတော်သည် လူသားမျိုးနွယ် အလယ်တွင် တိုးချဲ့လျက်ရှိသည်၊ ယင်းသည် လူသားမျိုးနွယ်၏ အလယ်တွင် ဖွဲ့စည်းလျက် ရှိပြီး၊ လူသားမျိုးနွယ်၏ အလယ်တွင် မားမားမတ်မတ်ရပ်လျက် ရှိသည်။ ငါ၏ နိုင်ငံတော်ကို ဖျက်ဆီးနိုင်သည့် အင်အားစု မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၉)) ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်မှာ ဖော်ပြထားသည့် တန်ခိုးတော်နှင့် အခွင့်အာဏာတော်ဖြစ်ပါသည်။ ဘုရား၏နှုတ်ကပတ်တော်က ကမ္ဘာပေါ်မှာ အုပ်စိုးပါက၊ ဤသည်မှာ ကမ္ဘာပေါ်မှာ ခရစ်တော်အုပ်စိုးပြီဟု ဆိုလိုခြင်း ဖြစ်သည်။ ဘုရားသခင်က သူ့၏ပလ္လင်တော်ကနေ မြေကြီးပေါ်မှာ အုပ်စိုးနေကြောင်းကို သိသာထင်ရှားစေသည်။ ဤသည်မှာ ဘုရားသခင်၏နိုင်ငံတော်က မြေကြီးပေါ်မှာ တည်ရှိပြီးဖြစ်ကြောင်း ကို သက်သေပြဖို့ လုံလောက်သည်။ လုံးဝ ခိုင်လုံအားကောင်းသည့် အချက်ပင် ဖြစ်သည်။ မည်သူမျှ ငြင်း၍မရပါ။ ဘုရားသခင်၏အလိုတော်က ကောင်းကင်ပေါ်မှာ ပြည့်စုံပြီးသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံခဲ့ပြီးပြီဆိုသည့် အချက်တစ်ချက်ကို ကျွန်မတို့မြင်နိုင်သည်။ သခင်ယေရှု ပြောခဲ့သည်မှာ- “နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။(ရှင်မဿဲခရစ်ဝင် ၆:၁၀) ဗျာဒိတ်ကျမ်း အခန်းကြီး ၁၁ အပိုဒ်ခွဲ ၁၅-၁၇ မှာလည်း “သတ္တမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကောင်းကင်ဘုံ၌ကြီးသော အသံတို့ကား၊ လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်။ ဘုရားသခင်ရှေ့တော်၌ မိမိတို့ပလ္လင်ပေါ်မှာထိုင်သော အသက်ကြီးသူ နှစ်ဆယ့်လေးပါးတို့သည် ပျပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လျက်၊ အနန္တတန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ယူဆောင်၍ စိုးစံတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ် တို့သည် ချီးမွမ်းပါ၏။(ဗျာဒိတ်ကျမ်း ၁၁:၁၅-၁၇) ဟု ဖြစ်ပါသည်။ ဤစကားများက အမှန်တကယ်ဖြစ်လာခဲ့ပြီ။ ၎င်းတို့အားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်နှင့် ကိုယ်တော့်၏ စွမ်းအားကြီးသည့် စီရင်ခြင်းက ပြီးမြောက်ပြည့်စုံ စေခဲ့သည့် အမှန်တရားပဲဖြစ်သည်။

အောင်ပွဲဝင်တေး ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၄) အစောပိုင်းက ခင်ဗျားတို့ပြောတယ် ကျမ်းစာထဲမှာ အများဆုံး ပရောဖက်ပြုထားတာက နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့စီရင်ခြင်းအမှုတော်ပဲ ဘုရားသခင်ပြန်လာပြီး တရားစီရင်တဲ့အမှုကို ပြုမယ်ဆိုပြီး ပြောထားတဲ့ ကျမ်းပိုဒ် ၂၀၀ ကျော် ရှိတယ် ဒါအမှန်ပဲဆိုတာ ကျုပ်တို့သိပါတယ် ဒီပရောဖက်ပြုချက်ကို ၁ ပေတရု ၄:၁၇ ထဲမှာ ရှင်းရှင်းလင်းလင်းဖော်ပြထားတယ် “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။” ဘုရားသခင်ရဲ့တရားစီရင်ခြင်းအမှုတော်ဟာ ဧကန်ဖြစ်မယ်လို့ ထင်တယ် ဒါပေမဲ့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ ဘုရားသခင်က လူသားအနေနဲ့ ကြွလာတယ်လို့ ခင်ဗျားပြောလိုက်သလိုပဲ ကျုပ်တို့သိထားခဲ့တာနဲ့တော့ တခြားစီပဲ နောက်ဆုံးသောကာလမှာ ကိုယ်တော်က သေဆုံးပြီးမှ ရှင်ပြန်ထမြောက်လာတဲ့သခင်ယေရှုရဲ့ဝိညာဉ်ခန္ဓာအားဖြင့် တဖန်ပြန်ပေါ်လာမယ်လို့ တို့ကယုံကြည်ထားကြတာလေ ဘာသာရေးအသိုင်းအဝိုင်းကလူအများစုကလည်း ဒီလိုပဲမြင်ကြတယ် ကိုယ်တော်ဟာ တဖန်ပြန်ကြွလာပြီးတော့သူ့ရဲ့အမှုတော်တွေကို ဇာတိပကတိ၌ ဆောင်ရွက်မယ်ဆိုတဲ့ ဒီယူဆချက်ကို ကျုပ်တို့နားမလည်ဘူး အဲဒါ ကျုပ်တို့အတွက် အသစ်ဖြစ်နေတယ်။ အဲဒါကြောင့် ခင်ဗျားက နည်းနည်းလောက် ထပ်ပြီး ရှင်းပြပေးလို့ရမလား

နောက်တစ်ခုသို့- မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။