မေးခွန်း (၄) အစောပိုင်းက ခင်ဗျားတို့ပြောတယ် ကျမ်းစာထဲမှာ အများဆုံး ပရောဖက်ပြုထားတာက နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့စီရင်ခြင်းအမှုတော်ပဲ ဘုရားသခင်ပြန်လာပြီး တရားစီရင်တဲ့အမှုကို ပြုမယ်ဆိုပြီး ပြောထားတဲ့ ကျမ်းပိုဒ် ၂၀၀ ကျော် ရှိတယ် ဒါအမှန်ပဲဆိုတာ ကျုပ်တို့သိပါတယ် ဒီပရောဖက်ပြုချက်ကို ၁ ပေတရု ၄:၁၇ ထဲမှာ ရှင်းရှင်းလင်းလင်းဖော်ပြထားတယ် “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။” ဘုရားသခင်ရဲ့တရားစီရင်ခြင်းအမှုတော်ဟာ ဧကန်ဖြစ်မယ်လို့ ထင်တယ် ဒါပေမဲ့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ ဘုရားသခင်က လူသားအနေနဲ့ ကြွလာတယ်လို့ ခင်ဗျားပြောလိုက်သလိုပဲ ကျုပ်တို့သိထားခဲ့တာနဲ့တော့ တခြားစီပဲ နောက်ဆုံးသောကာလမှာ ကိုယ်တော်က သေဆုံးပြီးမှ ရှင်ပြန်ထမြောက်လာတဲ့သခင်ယေရှုရဲ့ဝိညာဉ်ခန္ဓာအားဖြင့် တဖန်ပြန်ပေါ်လာမယ်လို့ တို့ကယုံကြည်ထားကြတာလေ ဘာသာရေးအသိုင်းအဝိုင်းကလူအများစုကလည်း ဒီလိုပဲမြင်ကြတယ် ကိုယ်တော်ဟာ တဖန်ပြန်ကြွလာပြီးတော့သူ့ရဲ့အမှုတော်တွေကို ဇာတိပကတိ၌ ဆောင်ရွက်မယ်ဆိုတဲ့ ဒီယူဆချက်ကို ကျုပ်တို့နားမလည်ဘူး အဲဒါ ကျုပ်တို့အတွက် အသစ်ဖြစ်နေတယ်။ အဲဒါကြောင့် ခင်ဗျားက နည်းနည်းလောက် ထပ်ပြီး ရှင်းပြပေးလို့ရမလား

အဖြေ- ကိုယ်တော်ကလူတွေကို ဆေးကြောခြင်းအမှုပြုဖို့နဲ့ တရားစီရင်မှုပြုလုပ်ဖို့ ပြန်လာမှာကို ရှင်တို့ ခိုင်ခိုင်မာမာယုံကြည်တာကြောင့် ပထမဦးဆုံးအနေနဲ့ ဝမ်းသာပါတယ် ဒါပေမဲ့ ပြဿနာတစ်ခုရှိတာက သူဘယ်လိုပုံစံ ဘယ်လိုနည်းလမ်း နဲ့ ပြန်လာမလဲဆိုတာကို ရှင်တို့က သေချာမသိဘူး ကိုယ်တော်ဟာ ရှင်ပြန်ထမြောက်တဲ့ သခင်ယေရှုရဲ့ဝိညာဉ်ခန္ဓာအားဖြင့် ပြန်ကြွလာလိမ့်မယ်လို့ပဲ ယုံကြည်သူအများစုက လက်ခံနေကြတယ် အဲဒါက ကိုယ်တော်ဟာ လူသားအနေနဲ့ ဘယ်တော့မှ လူ့ဇာတိခံမှာ မဟုတ်တော့ဘူးလို့ ဆိုလိုတာပဲ ဒါဆိုရင် ကိုယ်တော်က သူ့ရဲ့တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ဖို့ ကျွန်မတို့ဆီ ပေါ်ထွန်းလာတဲ့အချိန်မှာ ဘယ်လိုပုံစုံနဲ့ လာမှာလဲ ဝိညာဉ်ခန္ဓာအနေနဲ့လား.. ဒါမှမဟုတ်လူ့ဇာတိခံယူထားတဲ့ ဘုရားသခင် အနေနဲ့လား တွေ့တယ်နော်..ဒါက ဘုရားသခင်ကို ယုံကြည်တဲ့သူတွေ အရေးထားဆုံးမေးခွန်းပဲ အခုဆိုရင် ဘုရားသခင်က လူသားအနေနဲ့ပြန်လာပြီး တရားစီရင်မှုတွေကိုပြုလုပ်မယ်ဆိုတဲ့ ကျွန်မတို့ရဲ့သက်သေခံချက်ကို ကျမ်းစာထဲမှာ ရှင်းရှင်းလင်းလင်း ပရောဖက်ပြုထားတာကို တွေ့နိုင်တယ် သခင်ယေရှု ပြောခဲ့သည်မှာ- “ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၃)သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၇) ဒါကြောင့် ဘုရားသခင်က တရားစီရင်မှုကိုပြုလုပ်ဖို့အတွက် ကမ္ဘာမြေကို လူသားတစ်ယောက်အနေနဲ့ပဲ ပြန်လာခဲ့မယ်လို့ သခင်ယေရှုက တိုက်ရိုက်ပြောခဲ့တာပဲ ဘယ်ကျမ်းကိုးကားချက်မှာမဆို “သားတော်” ဖြစ်ဖြစ် “လူသား” ဖြစ်ဖြစ် အကုန်လုံးက လူ့ဇာတိခံယူထားတဲ့ ခရစ်တော်ကိုပဲ ရည်ညွှန်းတာဖြစ်တယ် ဟုတ်ပြီနော်.. သခင်ယေရှုကိုလဲ “လူသား” အနေနဲ့ ရည်ညွှန်းခဲ့ကြတာပဲ သာမန်လူသားသဘာဝနဲ့ လူသားမျိုးနွယ်ဆီ မွေးဖွားခဲ့တယ် သာမန်လူတွေကြားထဲမှာ ရှင်သန်နေထိုင်ဖို့ သာမန်လူတစ်ယောက်ရဲ့ပုံစံကိုပဲ ယူခဲ့တယ် အဲဒီအတွက်ကြောင့်ပဲ သူ့ကို “လူသား” ခရစ်တော်လို့ ခေါ်ကြတယ် ဝိညာဉ်ကိုတော့ “လူသား” ဆိုပြီးမခေါ်နိုင်ဘူး ကျွန်မတို့က ယေဟောဝါဘုရားကို ဝိညာဉ်အနေနဲ့သိတယ်. ဒါကြောင့် သူ့ကို “လူသား” လို့ မခေါ်နိုင်ဘူး ရှင်ပြန်ထမြောက်တဲ့ ယေရှုရဲ့ဝိညာဉ်ခန္ဓာက လူ့ဇာတိခံယူထားတဲ့ ဘုရားသခင် မဟုတ်ဘူး ဒါကြောင့် သူ့ကို လူသားလို့လည်း ခေါ်လို့မရဘူး တကယ်လို့ တစ်စုံတစ်ယောက်က လူသားတစ်ယောက်ရဲ့ပုံသဏ္ဌာန်ရှိပေမဲ့ ဝိညာဉ်ခန္ဓာထဲမှာရှိနေတယ်ဆိုရင် သူက “လူသား” မဖြစ်နိုင်ဘူး သခင်ယေရှု ပရောဖက်ပြုခဲ့သလိုပဲ “ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) သခင်ဟာ လူသားအဖြစ် အသွေးအသားနဲ့ ပြန်ကြွလာမယ်ဆိုတာ ဒီအချက်က ပိုပြီးသက်သေပြနေတယ် ကိုယ်တော်ဟာ ဝိညာဉ်ခန္ဓာနဲ့ ပြန်ကြွလာမယ်ဆိုရင် ဆင်းရဲဒုက္ခကို ခံဖို့ လိုမှာမဟုတ်ဘူး ဒီလူသားမျိုးဆက်တွေရဲ့ ငြင်းပယ်ခြင်းကိုလည်း ခံခဲ့ရမှာမဟုတ်ဘူး ဝိညာဉ်ကိုယ်ခန္ဓာဟာ သာမန်ထက်ထူးခြားတယ် ကိုယ်တော်ဟာ အံ့ဖွယ်ရာများကို လုပ်ဆောင်ရုံမက ကိုယ်တော့်ရဲ့အမိန့်တော်တိုင်းဟာလည်း ချက်ချင်း အမှန်ဖြစ်လာလိမ့်မယ် အဲဒါသာ အမှန်ဖြစ်ခဲ့ရင် လူတိုင်းဟာ ကိုယ်တော့်နောက်တော်ကို လိုက်ကြလိမ့်မယ် ယုံကြည်သူအားလုံးရော မယုံကြည်သူများရော နတ်ဆိုးစာတန်တောင် ကိုယ်တော့်ကို ဝတ်ပြုကိုးကွယ်ကြမှာ ဖြစ်တယ် တကယ်လို့ အဲလိုသာဖြစ်ခဲ့မယ်ဆိုရင် မျက်မှောက်ခေတ်လူသားမျိုးဆက်တွေက သခင်ကို ဘယ်လိုလုပ်ပြီး ငြင်းပယ်နိုင်ပါတော့မလဲ မှတ်သားစရာက သန့်ရှင်းသူတွေကို ခေါ်ဆောင်ဖို့ ဝိညာဉ်ခန္ဓာနဲ့ လာခဲ့မယ်ဆိုရင် ယုံကြည်သူတွေဟာ ကိုယ်တော့်ကို ပိုပြီးတော့တောင် ငြင်းပယ်ဖို့ အလားအလာမရှိဘူး ရိုးရိုးသားသားဝန်ခံကြပါ.. အဲဒီလို ဖြစ်မှာပဲမဟုတ်လား သခင်ယေရှုရဲ့ပရောဖက်ပြုချက်ထဲမှာ ပြောခဲ့သလိုပဲ လုံးဝသေချာတာက သခင်ယေရှုဟာ ကိုယ်တော့်ရဲ့နှုတ်ကပတ်တော်ကို ဖော်ပြဖို့နဲ့ ကိုယ်တော်ရဲ့စီရင်ခြင်းကို လုပ်ဆောင်ဖို့ လူသားအဖြစ်နဲ့ ဇာတိပကတိ၌ ပြန်ပြီးကြွလာလိမ့်မယ် အဲဒါအရမ်းမှန်တယ် ကိုယ်တော်ဟာ ဝိညာဉ်ကိုယ်ခန္ဓာ အသွင်မဆောင်နိုင်တာလည်းဖြစ်နိုင်တယ် ကျွန်မတို့လွယ်လွယ်ကူကူ ဒါကို ပယ်လို့ရပါတယ်

စီရင်ခြင်းကိုလုပ်ဆောင်ဖို့ နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ လူသားအဖြစ် ပြန်ကြွလာတယ် ကောင်းကင်နိုင်ငံတော်ရဲ့ သတင်းကောင်းကို ပျံ့နှံ့စေဖို့.... သခင်ယေရှု ကမ္ဘာမြေကို ကြွလာခဲ့တုန်းကလိုပဲပေါ့ လူသားတွေဟာ သခင်ယေရှုကို သာမန်လူသားတစ်ယောက် အဖြစ်ပဲ မြင်ခဲ့ကြတယ် ဒါပေမဲ့ ကိုယ်တော့်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်မှာ အခွင့်အာဏာနဲ့ တန်ခိုးရှိပြီး လူတွေကိုယုံကြည်စေခဲ့တယ် သခင်ယေရှုရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကနေ ကျွန်မတို့ပြောနိုင်တာက ကိုယ်တော်ပြောခဲ့တဲ့အရာတိုင်းက သမ္မာတရားဖြစ်ပြီး အားလုံးကိုလည်း လုံးဝယုံကြည်စေခဲ့တယ် ပုံမှန်အားဖြင့် သခင်ယေရှုကို ဘုရားသခင်က စေလွှတ်လိုက်တာဖြစ်ပြီး ဘုရားရဲ့အမှုတော်ကို လုပ်ဆောင်ခဲ့တဲ့ ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်တယ်ဆိုတာ လူတွေက ယုံကြည်ကြတယ် အဲဒီနည်းလမ်းအတိုင်းပဲ နောက်ဆုံးသောကာလမှာ ကိုယ်တော့်ရဲ့ အမှုတော်ကိုလုပ်ဆောင်ဖို့ အနန္တတန်ခိုးရှင်ဘုရားသခင်ကြွလာတဲ့ အခါ လူတွေဟာ ဘုရားရဲ့အသံတော်ကိုကြားရပြီး ကျွန်မတို့ရဲ့ကမ္ဘာမှာ လျှပ်စီးပြက်သလိုပဲ သမ္မာတရားပေါ်ထွက်လာတာကို သူတို့အားလုံးမြင်ရတယ် လူဇာတိခံတဲ့လူသားဟာ ဖောက်ပြန်ပျက်စီးနေတဲ့ လူသားမျိုးနွယ်ကို ဆေးကြောပြီး တရားစီရင်ဖို့ သမ္မာတရားတွေကို ပြောဆိုနိုင်တယ်ဆိုတာ လူတိုင်း မြင်ရလိမ့်မယ် အဲလိုဖြစ်တာတွေသာမကပဲ လူ့ဇာတိခံခဲ့တဲ့ လူသားရဲ့ သမ္မာတရားကနေ တဆင့် ဘုရားရဲ့ဖြောင့်မတ်တဲ့ စိတ်သဘောထားကိုလည်း လူတိုင်းသိလာစေတယ် လူတွေဟာ ဘုရားကိုချစ်ကြောက်ရိုသေပြီး သူတို့ရဲ့နှလုံးသားထဲမှာ ဘုရားသခင်ကိုနာခံကြမယ် ဒီလို နာခံနိုင်ပြီဆိုတာနဲ့ ဘုရားသခင်အားဖြင့် သူတို့ ကယ်တင်ခံရပြီး ရယူခြင်းခံရနိုင်တယ် အခု အနန္တတန်ခိုးရှင်ဘုရားသခင်က စကားတွေ ပြောဆိုပြီး ဘုရားရဲ့ အိမ်တော်ကတဆင့် စီရင်ခြင်း အမှုတော်ကို စတင်နေပါပြီ ဘုရားသခင်ရဲ့ပလ္လင်တော်ရှေ့မှာ ဆေးကြောခြင်းနဲ့ ကယ်တင်ခြင်း ခံရတဲ့သူတွေကို ဘေးအန္တရာယ်မကျရောက်ခင် ကျော်လွှားအောင်မြင်သူတွေ ဖြစ်လာအောင်လုပ်ပေးနေတယ် အခုအချိန်မှာဆိုရင် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ ကိုယ်တော့်ရဲ့ စီရင်ခြင်း၊ ဆေးကြောခြင်းနဲ့ ပြည့်စုံစေခြင်းအမှုကို တွေ့ကြုံခံစားရတဲ့ကိုယ်တော့်ရဲ့ရွေးချယ်ခံလူတွေရဲ့ သက်သေခံချက်တွေ၊ အားလုံးကို အင်တာနက်ပေါ်မှာ အဆင်သင့်ရှာဖွေလို့ ရနိုင်နေပါပြီ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှုပြန်ကြွလာခြင်းဖြစ်တယ်ဆိုတာကို သူတို့တွေဟာ ကမ္ဘာလောကတစ်ခုလုံးကို ပြောနေကြတယ် အနန္တတန်ခိုးရှင်ဘုရားသခင်သာလျှင် လူသားအားလုံးကို ကယ်တင်ဖို့နဲ့ စီရင်ဖို့ လာတဲ့ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားသခင်ဖြစ်တယ် အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသလိုပဲ “ငါသည် ကမ္ဘာမြေကြီးတစ်ခုလုံးကို စောင့်ကြည့်မည်ဖြစ်ပြီး၊ လောကကြီး၏ အရှေ့အရပ်တွင် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်တော်၊ ပြစ်တင်ဆုံးမခြင်းတို့နှင့် ပေါ်လာလျက်၊ လူသားမျိုးနွယ် အသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆))

အောင်ပွဲဝင်တေး ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း ၂- ခေတ်အသီးသီးရှိ ဘုရားသခင်၏ အမည်နာမက ဘုရားသခင်၏ အရာအားလုံးကို ကိုယ်စားမပြုနိုင်ပေ၊ သို့ဆိုလျှင် ခေတ်အသီးသီးထဲက ကိုယ်တော့် အမည်နာမ၏ အဓိပ္ပါယ်မှာ အဘယ်နည်း။

နောက်တစ်ခုသို့- မေးခွန်း (၅) ဘုရားသခင်ရဲ့ အိမ်တော်က အစပြုတဲ့ သူ့ရဲ့ တရားစီရင်ခြင်းကို လူသားအနေနဲ့ ဘုရားသခင်က ဆောင်ရွက်ပြီလို့ မင်းသက်သေခံခဲ့တယ်နော် အမှန်ပဲ ကျမ်းစာရဲ့ပရောက်ဖက်ပြုချက်နဲ့လည်း ကိုက်ညီတယ် ဒါပေမဲ့ ငါနားမလည်ဘူး အဲဒီဘုရားရဲ့အိမ်တော်မှာ အစပြုတဲ့ တရားစီရင်ခြင်းက ဗျာဒိတ်ကျမ်းထဲက ပလ္လင်ဖြူကြီးရှေ့မှာ စီရင်ခြင်းလိုပုံစံမျိုးနဲ့ တထပ်တည်းပဲလား ပလ္လင်ဖြူကြီးရှေ့မှာစီရင်ခြင်းဆိုတာ စာတန်ရဲ့မယုံကြည်သူတွေ အားလုံးအတွက် ဆိုလိုတယ်လို့ ငါတို့ထင်တယ် သခင်ပြန်ကြွလာတဲ့အခါ ယုံကြည်သူတွေဟာ ကောင်းကင်ကို ခေါ်ဆောင်ခြင်းခံရပြီး အဲဒီနောက် မယုံကြည်သူတွေအတွက် ကပ်ဘေးဆိုးကြီးလွှတ်လိုက်မယ် နားလည်တယ်နော်၊ ပလ္လင်ဖြူကြီးရှေ့က စီရင်ခြင်းဆိုတာ အဲဒါပဲလေ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့စီရင်ခြင်း အစပြုနေပြီဆိုပြီး မင်းသက်သေခံခဲ့တာကို ငါကြားတယ် ဒါပေမဲ့ မယုံကြည်သူတွေအပေါ် ဘုရားသခင် ဖျက်ဆီးခြင်းဖြစ်စေတာကို ငါတို့မမြင်ဖူးဘူး အဲဒါက ပလ္လင်ဖြူကြီးရှေ့မှာ စီရင်ခြင်းနဲ့ ဘယ်လိုလုပ်ပြီး တူညီနိုင်မှာလဲ အဲဒီစီရင်ခြင်းက ဘာလဲဆိုတာကို ငါတို့ကို ဘာလို့တိတိကျကျ မပြောတာလဲ ကျေးဇူးပြုပြီး ဒါကိုပိုပြီးရှင်းလင်းအောင် လုပ်ပေးပါ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။