မေးခွန်း (၁)- ကိုယ်တော်ဟာ အရင်ကတည်းက ကျွန်မတို့ကို ကတိပေးခဲ့တယ်လေ- “သင်တို့နေစရာ အရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏၊ ငါသည်သွား၍ သင်တို့နေစရာ အရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်” တဲ့ (ရှင်ယောဟန် ၁၄:၂-၃) သခင် ယေရှုကကျွန်မတို့အတွက်နေရာတစ်ခုကိုကောင်းကင်ဘုံမှာပြင်ဆင်ပေးထားပြီးသားပါ။ သူပြန်ကြွလာတဲ့အခါ၊ သူဟာ တို့တွေကို ချက်ချင်း ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်သွားလိမ့်မယ်။ တကယ်လို့သာ သခင်ပြန်ကြွလာခဲ့ပြီဆိုရင်၊ ဘာကြောင့် ကိုယ်တော့်ရဲ့ သန့်ရှင်းသူတွေဟာကမ္ဘာပေါ်မှာရှိနေသေးတာလဲ။ ဘာကြောင့် တို့တွေ ချီဆောင်မခံရသေးတာလဲ။

အဖြေ- သခင်က ယုံကြည်သူတွေအတွက် နေရာတစ်ခု ပြင်ဆင်ပေးထားတယ်ဆိုတာ၊ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါဟာ ကမ္ဘာ ပေါ်မှာလား၊ ကောင်းကင်ဘုံမှာလား။ ဒီအချက်ကို တို့တွေ တကယ်မကျိန်းသေကြဘူးလေ။ ကောင်းကင်နိုင်ငံတော် ဆိုတော့ ကောင်းကင်မှာရှိမှာပဲလို့ငါတို့ထင်ကြတယ်၊ တကယ်က ဒါဟာ တို့တတွေရဲ့ စိတ်ကူးယဉ်ထင်မြင်ချက် အပေါ်အခြေခံထား တာလေ။ အဲဒါဟာတကယ်အမှန်ဟုတ်လို့လား။ သခင်ယေရှု ပြောခဲ့တဲ့စကားကိုကြည့်ရအောင်- "ထိုကြောင့် သင်တို့ဆုတောင်း ရမည်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသောအကျွန်ုပ်တို့အဘ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။ နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင် ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။" တဲ့ (ရှင်မဿဲ ၆:၉-၁၀) ဘုရားသခင်ရဲ့ နိုင်ငံတော်ဆိုတာ ကောင်းကင်ဘုံမှာ မဟုတ်ဘူး၊ ကမ္ဘာပေါ်မှာပဲ ရှိတယ်ဆိုတာကို သခင်ယေရှုက အတိအလင်းမိန့်ခဲ့တာပါ။ ဘုရားသခင်ရဲ့ အလိုတော်ဟာ ကောင်းကင်ဘုံမှာပြည့်စုံသလို၊ ကမ္ဘာပေါ်မှာလည်း ပြည့်စုံလိမ့်မယ်။ ဗျာဒိတ်ကျမ်းအခန်း၂၁ အပိုဒ်ခွဲ၂နဲ့၃ ကိုဖတ်ကြည့် ကြရအောင်- "ငါယောဟန်သည် သန့်ရှင်းသော မြို့တည်းဟူသော ယေရုရှလင်မြို့သစ်သည်ဘုရားသခင့်အထံတော်၊ကောင်းကင်ဘုံမှဆင်းသက်သည်ကိုမြင်၏။ ဘုရားသခင်၏ တဲတော်သည် လူတို့တွင် ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်၊ သူတို့သည် ကိုယ်တော်၏ လူဖြစ်ကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင် သူတို့နှင့်အတူ ရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူမည်။ "တဲ့ ဗျာဒိတ်ကျမ်း၁၁နဲ့၁၅ကိုကြည့်ကြရအောင်- "လောကီနိုင်ငံသည် ငါတို့အရှင်၏နိုင်ငံ ဖြစ်လေပြီ၊ ထိုအရှင်၏ ခရစ်တော်နိုင်ငံ ဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်"တဲ့ ဒီလို အနာဂတ္တိစကားတွေကိုလည်း ဖော်ပြထားခဲ့ပါတယ်။" ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏ "သန့်ရှင်းသော မြို့တည်းဟူသော ယေရုရှလင် မြို့သစ်သည်ဘုရားသခင့် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက် သည်ကို မြင်၏ လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ၊ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ" ဤသည်မှာ ဘုရားသခင်က သူ့၏ နိုင်ငံတော်ကို ကမ္ဘာပေါ်တွင် တည်ထောင် လိမ့်မည်၊ သူကလည်း လူများနှင့်အတူ ကမ္ဘာပေါ်တွင် နေလိမ့်မည် ဖြစ်ကြောင်းကို သက်သေပြပါသည်။ ဤလောကီနိုင်ငံများ အားလုံးက ခရစ်တော်၏ နိုင်ငံများဖြစ်လာကြပြီး၊ ၎င်းတို့သည် အစဉ် ထာဝရ တည်ရှိကြလိမ့်မည်။ ကျွန်မတို့၏ စိတ်ကူးယဉ် ထင်မြင်ချက်များ အပေါ်အခြေခံပြီး၊ ဘုရားသခင်၏ နိုင်ငံတော်သည် ကောင်းကင်ဘုံ တွင် တည်ကြောင်း၊ ကိုယ်တော်က သူပြန်ကြွလာ သည့်အခါ ကျွန်မတို့ကို ကောင်းကင်ဘုံသို့ ခေါ်သွားမည် ဖြစ်ကြောင်း ယုံနေလျှင်၊ ကိုယ်တော် ယခင် ပြောသည့် စကားများက အချည်းအနှီးမဖြစ်ပါလား။ လက်တွေ့အရှိတရားတွင် လူသား မျိုးနွယ်ကို ကယ်တင်ဖို့ အတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ နောက်ဆုံးရလဒ်က ဘုရားသခင်၏ နိုင်ငံတော်ကို ကမ္ဘာပေါ်တွင် တည်ထောင်ခြင်း ဖြစ်ပါသည်။ နောက်ဆုံးသော ကာလ၏ ခရစ်တော်ဖြစ်သည့် အနန္တတန်ခိုးရှင်ဘုရားသခင်က ကမ္ဘာပေါ်တွင် အောင်မြင်သူတစ်စုကို ပြုလုပ်နိုင်ဖို့အတွက် လူသားမျိုးနွယ်အပေါ် တရားစီရင်ခြင်း၊ သန့်စင်ခြင်းအမှုများကို ပြုပါသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိပြီးစုံလင်ခြင်း ခံရသည့် အောင်မြင်သူများက ကမ္ဘာပေါ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးနိုင်သူများ၊ ကိုယ်တော့် လမ်းစဉ် အတိုင်းလိုက်နာ နိုင်သူများ ဖြစ်ပါသည်။ သူတို့က ကိုယ်တော့် နိုင်ငံတော်သားများဖြစ်ကြသည်။ ဤအောင်မြင်သူများ ကို ဖန်တီးပြီးနောက်၊ ဘုရားသခင်၏ အလိုတော်က ကမ္ဘာပေါ်တွင် ပြည့်စုံလာပါလိမ့်မည်။ ထို့နောက် ခရစ်တော်၏နိုင်ငံတော်ကို ကမ္ဘာပေါ်တွင် တည်ထောင်ပြီး၊ ဘုရားသခင်က အပြည့်အဝ ဘုန်းတော် ထင်ရှား လာလိမ့်မည်။ နောက်ဆုံးတွင် ကိုယ်တော်က ဗျာဒိတ်ကျမ်းထဲက အနာဂတ္တိ စကားများ အကုန်ပြည့်စုံစေ လိမ့်မည်။ ကျွန်မတို့ ယခုထိ ဤအချက်များကို မရှင်းမလင်း ဖြစ်နေသေးပါသလား။ သခင်ယေရှုက မည်သည့်နေရာကို ကျွန်မတို့အတွက် ပြင်ဆင်ပေး ခဲ့ သနည်း။ နောက်ဆုံးသော ကာလတွင် ကျွန်မတို့ကိုမွေးဖွားစေပြီး၊ သူပြန်ကြွလာသည့်အခါ ကမ္ဘာပေါ်တွင်သူနှင့်ဆုံတွေ့စေဖို့၊ ကျွန်မတို့က ဘုရားသခင်၏ သန့်စင်ခြင်း နှင့် စုံလင်စေခြင်းကို လက်ခံရရှိဖို့၊ ပြီးလျှင် ဘုရားသခင်၏ အလိုတော်ကို ထမ်းဆောင်နိုင်သည့် အောင်မြင်သူ များ ဖြစ်လာစေဖို့၊ နှင့် ကမ္ဘာပေါ်က လောကီနိုင်ငံများကို ခရစ်တော်၏နိုင်ငံများ ဖြစ်စေဖို့ ကိုယ်တော် စီမံခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော် ဖြစ်သည်။ ဘုရားသခင်က ကမ္ဘာပေါ် ကြွလာသော်လည်း၊ ကျွန်မတို့က ကောင်းကင်ဘုံဆီ တက်ဖို့သာ ကြိုးစားနေသည်။ ဤသို့ လုပ်ဆောင်ခြင်းဖြင့် ကျွန်မတို့က ဘုရားသခင်၏ အမှုတော် နှင့် သူ့ အလိုတော်တို့ကို ဆန့်ကျင်နေရာ မရောက်ပါလား။ ကိုယ်တော်ကသာ ကျွန်မတို့ကို ကောင်းကင်ပေါ် ခေါ်သွားမည် ဆိုလျှင်၊ ထိုနေရာတွင် နေစရာနှင့် စားစရာမှမရှိပါ၊ ကျွန်မတို့ မည်သို့ အသက်ရှင်မည်နည်း။ ယင်းမှာ ကျွန်မတို့၏ စိတ်ကူးယဉ် အယူအဆများသာ မဟုတ်ပါလား၊ ကိုယ်တော်က ထိုသို့သော အရာတစ်ခုခုကို လုပ်မည်လော။ ယင်းသို့ တွေးထင် ယုံကြည်နေခြင်းက ကျွန်မတို့ သိပ်ကို ကလေးဆန်နေကြောင်းကို ပြနေသည်။ ကျွန်မတို့သည် လေထဲတွင် အိမ်ဆောက်နေသကဲ့သို့ပင် ဖြစ်ပါသည်။

အိပ်မက်မှနိုးထလာခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၁) သခင်က ကျွန်တော်တို့ကို ကောင်းကင်နိုင်ငံတော်ဆီ ခေါ်ဆောင်ဖို့ ပြန်ပြီးကြွလာမယ်လို့ ကတိပြုထားတယ် ဒါပေမဲ့ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကိုပြုဖို့အတွက် သခင်ဟာ လူ့ဇာတိခံယူထားပြီးပြီလို့ ခင်ဗျားတို့က သက်သေထူတယ် သမ္မာကျမ်းမှာတော့ သခင်ဟာ ကောင်းကင်ထက်ကနေ ဘုန်းကျက်သရေအပြည့်နဲ့ ကြွရောက်လာမယ်လို့ အရှင်းဆုံးဟောကိန်းထုတ်ထားတယ် ခင်ဗျားတို့သက်သေထူသလို သခင်က လူ့ဇာတိခံယူပြီးတဲ့အပြင်၊ လူတွေကြားထဲ တိတ်တဆိတ်ကြွရောက်နေပြီဆိုတာနဲ့ကျတော့ တော်တော်ကွဲလွဲနေတယ်

နောက်တစ်ခုသို့- မေးခွန်း (၂) တို့ကတော့ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ ကောင်းကင်ဘုံမှာလား၊ ကမ္ဘာပေါ်မှာလား ဆိုတာကို ခုထိ မဆုံးဖြတ်နိုင်သေးဘူး။ တစ်ချိန်တုန်းက သခင်ယေရှု အကြိမ်ကြိမ် ပြောခဲ့တာကတော့ "ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ" "ကောင်းကင်နိုင်ငံတော်သည် လာချေပြီ"တဲ့ ကောင်းကင်နိုင်ငံတော်ဆိုမှတော့ ဒါဟာ ကောင်းကင် ထက်မှာပဲ ရှိသင့်တာပေါ့၊ ဘယ်လိုလုပ်ကမ္ဘာပေါ်မှာဖြစ်နိုင်မှာလဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။