မေးခွန်း (၃)- ခရစ်တော်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်လို့ ခင်ဗျားတို့က ပြောတယ်။ ဒါက သန့်ရှင်းသောဝိညာဉ်တော်ရဲ့သက်သေခံချက်ဖြစ်တယ်။ မေးခွန်းထုတ်စရာ မရှိပါဘူး။ ဒါပေမဲ့ သမ္မာကျမ်းစာဟာ သခင်ယေရှုရဲ့တမန်တော်တွေနဲ့ ဘာသာရေးကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကြီးတချို့ရဲ့မိန့်ဆိုချက်တွေကိုလည်း မှတ်တမ်းတင်ထားတာပါ။ သူတို့တွေရဲ့ဖော်ပြချက်တွေကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အဖြစ် ယူဆလို့ရလား။ သူတို့ရဲ့ဖော်ပြချက်တွေကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အဖြစ် ယူဆလို့ရတယ်ဆိုရင်တော့၊ အဲဒါတွေကလည်း သမ္မာတရား၊ လမ်းခရီးနဲ့ အသက် မဟုတ်ဘူးလား။ ကျွန်တော် သိသလောက်တော့ သူတို့နဲ့ သခင်ယေရှုရဲ့မိန့်ဆိုချက်တွေကြားမှာ ကွဲပြားမှုမရှိပါဘူး၊ အားလုံးကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အဖြစ် သတ်မှတ်တယ်။ ဒါကြောင့် သူတို့မိန့်ဆိုချက်တွေကို ဘာကြောင့် သမ္မာတရား၊ လမ်းခရီးနဲ့ အသက်အဖြစ် မသတ်မှတ်တာလဲ။

အဖြေ- ယုံကြည်သူတွေက ခရစ်တော်ကို သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်ကြောင်း အစစ်အမှန်အသိအမှတ်ပြုနိုင်တယ်ဆိုရင်၊ ဒါဟာ တကယ့်ကိုအဖိုးတန်ပါတယ်၊ ဒီလိုယုံကြည်သူတွေဟာ ခရစ်တော်ရဲ့ဂုဏ်တော်ကို အမှန်တကယ်သိကြတယ်ဆိုတဲ့သဘောပါပဲ။ အဲဒီလိုလူတစ်ယောက်ဟာ ဘုရားသခင်ကို အမှန်တကယ်သိတယ်လို့ ဆိုနိုင်တယ်။ ခရစ်တော်ဟာ လူ့ဇာတိခံယူတဲ့ လက်တွေ့ကျသော ဘုရားသခင်ပါပဲ။ ခရစ်တော်ကို အသိအမှတ်ပြုပြီး နာခံနိုင်သူတွေသာ ဘုရားသခင်ကို အမှန်တကယ်သိတာဖြစ်ပါတယ် အကြောင်းကတော့ သမ္မာတရား၊ လမ်းခရီးနဲ့အသက်ဟာ ဘုရားသခင်ဆီက ပေါ်ထွက်တာကြောင့်ပါပဲ၊ ဒါတွေအားလုံးဟာ လူ့ဇာတိခံယူတဲ့ခရစ်တော်ရဲ့ထုတ်ဖော်ပြမှုတွေကနေ လာတာပါ။ ခရစ်တော်ကလွဲရင်၊ ဘယ်သူ့ကိုမှ သမ္မာတရား၊ လမ်းခရီးနဲ့အသက်ဖြစ်တယ်လို့ မဆိုနိုင်ပါဘူး၊ ဒါကို နားလည်တဲ့လူဆိုတာလည်း မရှိသလောက်ပါပဲ။ လူ့ဇာတိခံခြင်းကို အသိအမှတ်ပြုလာစေဖို့အတွက် ဘုရားသခင်ဟာ လူရဲ့စွမ်းရည်ကိုပဲ အသုံးချပါတယ် လူတွေကိုစမ်းသပ်တဲ့ စံနှုန်းအဖြစ်နဲ့ပါ။ ယုံကြည်မှုအရ ဒီစံနှုန်းကိုမီတဲ့သူတွေသာ ဘုရားသခင်ရဲ့ချီးမွမ်းမှုကို ရနိုင်တယ်။ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းကို လက်ခံနာယူသူအားလုံးဟာ မကောင်းမှုမှာကျော်လွှားနိုင်သူတွေပါပဲ။ ပြီးပြည့်စုံမှုကို ဦးဆုံးရဖို့အတွက် ဘုရားသခင်ရှေ့မှောက် ချီဆောင်ခံရမယ့်လူတွေပါ။ ခရစ်တော်ကို လက်မခံနိုင်၊ မနာခံနိုင်သူတွေကတော့ ကပ်ဘေးမျိုးစုံကို ကြုံကြရပါလိမ့်မယ် အကြောင်းကတော့ သူတို့ဟာ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းကို အသိအမှတ်မပြုတာကြောင့်၊ ပညာဉာဏ်နည်းတဲ့ကညာပျိုတွေအဖြစ် သတ်မှတ်ခံရလို့ပါပဲ။ သခင်ယေရှု ကြွခဲ့တဲ့ကာလတုန်းကလိုပေါ့၊ သမ္မာတရားကို ချစ်မြတ်နိုးသူတွေနဲ့ ကိုယ်တော့်နှုတ်ကပတ်တော်ကို လက်ခံပြီး၊ ကိုယ်တော်ကို အမှန်တကယ်ဆည်းကပ်သူတွေအားလုံးကို ကိုယ်တော်က တောင်ထိပ်ဆီ ခေါ်သွားခဲ့တယ်၊ သူတို့အားလုံးကို သီးခြားလမ်းပြပေးတယ်၊ သင်ကြားပေးတယ်၊ ဒါပေမဲ့ ဘာသာရေးလောကထဲက လူတွေ၊ ဘုရားသခင်ကို ကိုယ်ကျိုးအတွက်သာ ယုံကြည်သူတွေကိုတော့ နည်းနည်းမှ ဂရုစိုက်ခြင်းမရှိခဲ့ပါဘူး ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အထက်ကောင်းကင်ဘုံတွေမှာရှိတယ်ဆိုတဲ့ ဝိုးတဝါးဘုရားသခင်ကိုပဲ ယုံကြည်ခဲ့ကြတယ်။ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းကိုလည်း လက်မခံခဲ့ကြဘူး။ သူတို့တွေဟာ ဘုရားသခင်ကိုအသိအမှတ်ပြုနိုင်စွမ်း မရှိတာကြောင့် အကန်းလိုဖြစ်ခဲ့ကြတာပါ။ ဒါကြောင့် လူ့ဇာတိခံယူတဲ့ခရစ်တော်ကို လက်ခံနာယူသူတွေသာ ဘုရားသခင်ရဲ့ချီးမွမ်းခြင်းကို ရလိမ့်မယ်။ ကိုယ်တော်ကြောင့် ပြီးပြည့်စုံခြင်းကို ရလိမ့်မယ်။ ဘာကြောင့် ခရစ်တော်ကသာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်ရတာလဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တစ်ခုကို ဖတ်ကြည့်ကြရအောင်- “အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခုမဟုတ်၊ လူတိုင်း အလွယ်တကူ ရယူနိုင်သောအရာလည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အသက်သည် ဘုရားသခင်ထံမှသာ လာနိုင်သည့်အတွက်ကြောင့်ဖြစ်၏။ ဆိုလိုသည်မှာ ဘုရားသခင်ကိုယ်တိုင်သည်သာ အသက်၏အနှစ်သာရကို ပိုင်ဆိုင်၏။ ဘုရားသခင်ကိုယ်တိုင်မရှိဘဲ အသက်၏ လမ်းခရီးမရှိပါ။ ထို့ကြောင့် ဘုရားသခင်သာလျှင် အသက်၏အရင်းအမြစ်ဖြစ်၍ ထာဝရစီးဆင်းနေသော အသက်စမ်းရေဖြစ်၏။ ကမ္ဘာမြေကြီးကို သူဖန်ဆင်းချိန်မှစ၍ ဘုရားသခင်သည် အသက်၏ တက်ကြွမှုနှင့်ပတ်သက်သည့် အမှုများစွာကို ဆောင်ရွက်ခဲ့၏။ လူသားအတွက် အသက်ယူဆောင်လာသည့် အမှုများစွာကို ဆောင်ရွက်ခဲ့၏။ ထို့အပြင် လူသားအနေဖြင့် အသက်ရရှိစေရန်အလို့ငှာ ကြီးမားသော အဖိုးအခလည်း ပေးခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကိုယ်တိုင်သည် ထာဝရအသက်ဖြစ်၍ ဘုရားသခင်ကိုယ်တိုင်သည် လူသားကို ရှင်ပြန်ထမြောက်စေသည့် လမ်းခရီးလည်း ဖြစ်သောကြောင့်ဖြစ်၏။… ဘုရားသခင်သာလျှင် မပြောင်းလဲနိုင်သော အသက်ဖြစ်ကြောင်းနှင့် ဘုရားသခင်သာလျှင် အသက်၏ လမ်းခရီးကို ပိုင်ဆိုင်ကြောင်း ငါပြောခဲ့ပြီးဖြစ်သည်။ သူ၏အသက်သည် ပြောင်းလဲနိုင်ခြင်း မရှိသဖြင့် ထာဝရဖြစ်၏။ ဘုရားသခင်သာလျှင် အသက်၏ လမ်းခရီး ဖြစ်သောကြောင့် ဘုရားသခင် ကိုယ်တိုင်သည် ထာဝရအသက်၏ လမ်းခရီဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်) အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အရ သမ္မာတရား၊ လမ်းခရီးနဲ့အသက်ဟာ ဘုရားသခင်ထံကသာ ဖြစ်လာမှန်း ကျွန်တော်တို့သိကြပြီ။ ဘဝလမ်းခရီးဆိုတာ ဘုရားသခင်ကိုယ်တော်တိုင်သာ ပိုင်ဆိုင်ပါတယ်။ “အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။” လို့ သမ္မာကျမ်းမှာ ဆိုပါတယ် (ရှင်ယောဟန် ၁:၁) နှုတ်ကပတ်တော်ဟာ ဘုရားသခင်ပါပဲ။ နှုတ်ကပတ်တော်ဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ပါပဲ။ နှုတ်ကပတ်တော်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ပါပဲ။ ဇာတိဖြစ်လာသောနှုတ်ကပတ်တော်ဆိုတာ လူ့ဇာတိမှာ ပေါ်ပေါက်လာတဲ့ ဘုရားသခင်ရဲ့ဝိညာဉ်တော်ကို ရည်ညွှန်းပါတယ်၊ တစ်နည်းပြောရရင် သမ္မာတရား၊ လမ်းခရီးနဲ့အသက်ဟာ ဇာတိပကတိမှာ အားလုံးဖြစ်လာပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် ပြောသည့်အတိုင်းပင်- “နှုတ်ကပတ်တော်မှာ လူ့ဇာတိခံယူပြီး သမ္မာတရား၏ ဝိညာဉ်သည် ဇာတိပတိထဲ၌ အကောင်အထည် ပေါ်လာပြီးဖြစ်သည်—သမ္မာတရားအားလုံး၊ လမ်းခရီးနှင့် အသက်သည် ဇာတိပကတိထဲသို့ ကြွဆင်းလာပြီးလျှင် ဘုရားသခင်၏ ဝိညာဉ်တော်သည် ကမ္ဘာပေါ်သို့ ဧကန်အမှန်ပင် ရောက်ရှိလာကာ ဝိညာဉ်တော်သည် ဇာတိပကတိထဲသို့…(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၄)) ကိုယ်တော်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့အသက်ဖြစ်တယ်ဆိုတဲ့အချက်ကို ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်း နှစ်ကြိမ်စလုံးက သက်သေခံနေပါတယ်။ ဒါဟာ လူတွေကို လေးလေးနက်နက်ထုတ်ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်၊ ခရစ်တော်ကသာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်ဆိုတာ လူတွေကို ပြခဲ့တာပါ ခရစ်တော်ရဲ့နှုတ်ကပတ်တော်တွေနဲ့ အမှုတော်၊ ကိုယ်တော်ရဲ့အရာအားလုံးနှင့်ဖြစ်ခြင်းတွေဟာလည်း သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်ဆိုတာကို ပြခဲ့တာပါ။ ဒါဟာ ခရစ်တော်ရဲ့အနှစ်သာရပါပဲ။ ခရစ်တော်က ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ဟောကြားတယ်ဆိုတာ၊ ဘုရားသခင်ကိုယ်တော်တိုင် အမှုတော်ကို ဆောင်ရွက်တာနဲ့အတူတူပါပဲ၊ ဒီလိုနဲ့ပဲ ခရစ်တော်ဟာ ခေတ်ဟောင်းကိုအဆုံးသတ်ပေးသလို၊ ခေတ်သစ်တစ်ခုကိုလည်း အစပျိုးပေးတယ်၊ လူသားအားလုံးအတွက် ခေတ်ကာလတစ်ခုလုံးရဲ့ အမှုတော်ကို ဆောင်ရွက်ပေးတယ်။ ခရစ်တော် ဟောကြားတဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ အမှုတော်တစ်ခုအတွက် အလုံးစုံသောနှုတ်ကပတ်တော်ပါပဲ။ ဘုရားသခင်ရဲ့စိတ်သဘောထား၊ ဘုရားသခင်ရဲ့အရာအားလုံးနှင့်ဖြစ်ခြင်း၊ ဘုရားသခင်အစီအမံတွေရဲ့နက်နဲခြင်းတွေကို စစ်မှန်စွာဖော်ထုတ်ပြခြင်းပါပဲ၊ လူတွေအပေါ် ဘုရားသခင်ရဲ့တောင်းဆိုချက်၊ ရည်ရွယ်ချက်ကို ဖော်ပြခြင်းလည်း ဖြစ်ပါတယ်။ ကိုယ်တော်ရဲ့နှုတ်ကပတ်တော်အားလုံးဟာ သမ္မာတရားပါပဲ။ ဒါတွေဟာ လူတွေရဲ့ဘဝမှာ ပါဝင်နေရုံမကဘူး၊ ဘဝအတွက် အထောက်အပံ့ကိုလည်း ဖြည့်စွမ်းပေးနိုင်ပါတယ်။ သခင်ယေရှု ကြွခဲ့တဲ့အချိန်တုန်းကလိုပါပဲ။ ကိုယ်တော်ဟာ ကျေးဇူးတော်ခေတ်မှာ လူတွေ လိုအပ်တဲ့ သမ္မာတရားအားလုံးကို ဖော်ပြခဲ့တယ်၊ လူတွေကို အပြစ်တွေဝန်ခံစေတယ်၊ နောင်တရစေတယ်၊ ဘုရားသခင်ရှေ့မှောက် ပြန်ရောက်စေခဲ့တယ်။ ကိုယ်တော့်ကျေးဇူးတော်ကို ဝမ်းမြောက်တတ်စေဖို့ ကိုယ်တော့်သနားကရုဏာနဲ့ မေတ္တာကို မြင်တတ်စေဖို့အတွက်၊ လူတွေကို ဘုရားသခင်ထံ ဆုတောင်းတတ်အောင် ဘုရားသခင်ရှေ့မှောက် ရောက်အောင် မြှင့်တင်ပေးခဲ့တယ်။ ဒါဟာ ရွေးနုတ်ခြင်းအမှုတော်ကြောင့် ရခဲ့တဲ့ရလဒ်ပါပဲ။ သခင်ယေရှုရဲ့အမှုတော်ဟာ လူတွေကိုအပြစ်ကနေ ရွေးနုတ်ရင်း၊ ခွင့်လွှတ်ခြင်းကို ရစေခဲ့ပါတယ်။ သခင်ယေရှုဟာ လူတွေကိုရွေးနုတ်ခြင်းအမှုရဲ့အဆင့်တစ်ခုကို ဆောင်ရွက်ခဲ့တာဖြစ်သလို၊ ပညတ်တော်ခေတ်ကို အဆုံးသတ်စေခဲ့ပြီး၊ ကျေးဇူးတော်ခေတ်ကို အစပျိုးပေးခဲ့တာပါပဲ။ နောက်ဆုံးသောကာလအတွက် လူ့ဇာတိခံတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ ကြွရောက်နေပါပြီ၊ လူတွေကို သန့်စင်စေမယ့် ကယ်တင်မယ့် သမ္မာတရားအားလုံးကို ဖော်ထုတ်ပြနေပါပြီ၊ တရားစီရင်ခြင်းအမှုကိုလည်း ဘုရားသခင်ရဲ့အိမ်တော်ကနေ စတင်ဆောင်ရွက်နေပါပြီ၊ လူတွေအနေနဲ့ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ကြဉ်ကြစေဖို့၊ မာရ်နတ်ရဲ့လွှမ်းမိုးမှုအောက်က ရုန်းထွက်ပြီး၊ ဘုရားသခင်ရှေ့မှောက် ပြန်ရောက်လာစေဖို့အတွက်၊ ဘုရားသခင်ရဲ့ဖြောင့်မတ်တဲ့စိတ်သဘောထား၊ အနန္တတန်ခိုးတော်နဲ့ ပညာဉာဏ်တွေကို ထုတ်ဖော်ပြနေပါတယ်၊ လူတွေရဲ့ပင်ကိုယ်စရိုက်တွေကို သန့်စင်ပေးနေပါတယ်။ ပြောင်းလဲပေးနေပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမှုတော်ဟာ နိုင်ငံတော်ခေတ်ကို အစပျိုးပေးပြီး၊ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပါတယ်။ ဒါဟာ ဘာကိုပြလဲဆိုရင် ခရစ်တော် မိန့်ဆိုသမျှ၊ လုပ်ဆောင်သမျှ၊ ဖော်ထုတ်ပြသမျှအားလုံးဟာ အလုံးစုံသောသမ္မာတရားဖြစ်တယ်ဆိုတာပါပဲ။ ခရစ်တော်ကသာ လူတွေကို လမ်းမှန်ဆီ ညွှန်ပြနိုင်တယ်။ လူတွေအတွက် ဘဝအထောက်အပံ့နဲ့ ကယ်တင်ခြင်းကို ပေးနိုင်တယ်၊ ဒီလိုအရာတွေကို ဘယ်လိုလူကမှ မပိုင်ဆိုင်ပါဘူး။ မဖော်ထုတ်ပြနိုင်ပါဘူး။ ခရစ်တော်ဟာ လူတွေရဲ့ဘဝအတွက် မပြတ်တမ်းရှိနေတဲ့ အထောက်အပံ့ဖြစ်ပါတယ်။ ကိုယ်တော်ဟာ ဘုရားသခင်ပေါ်ထွန်းခြင်းပါပဲ။ ကိုယ်တော်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ပါပဲ၊ ခရစ်တော်ကသာ လူတွေကို ရွေးနုတ်ခြင်း၊ ကယ်တင်ခြင်းပြုပါတယ်။ ခရစ်တော်ကလွဲရင် သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ကို ဘယ်သူမှ မပိုင်ဆိုင်ပါဘူး၊ ဒီအချက်ကိုတော့ အရှင်းဆုံးမြင်နိုင်ပါတယ်။

ခရစ်တော်ဟာ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တော်ဟာ ဘုရားရဲ့ သဘောသဘာဝ အနှစ်သာရနဲ့ ပြည့်စုံတယ်၊ ပရောဖက်တွေ၊ တမန်တော်တွေကျတော့ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်း မဟုတ်တာကြောင့်၊ လူသားဆိုတဲ့ဂုဏ်ပဲ ရှိပါတယ်၊ ဒါကြောင့် ပရောဖက်တွေ၊ တမန်တော်တွေကို ခရစ်တော်နဲ့ တစ်တန်းတည်းထားလို့မရပါဘူး။ လူ့ဇာတိခံတဲ့ဘုရားသခင်ဟာ သမ္မာတရားရဲ့ပြယုဂ် ဖြစ်တဲ့အပြင်၊ နှုတ်ကပတ်တော်တွေရဲ့အစပြုရာဖြစ်တာကြောင့်၊ ကိုယ်တော်ဟာ လူတွေကို ဘဝအထောက်အပံ့ဖြစ်စေဖို့အတွက်၊ သမ္မာတရားကို တိုက်ရိုက်ဖော်ပြနိုင်တယ်၊ ပရောဖက်တွေ၊ တမန်တော်တွေကတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို လက်ဆင့်ကမ်းပေးရုံပဲတတ်နိုင်တယ်၊ ဒါမှမဟုတ် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ဉာဏ်အလင်းပေးမှုနဲ့၊ သမ္မာတရားနဲ့လျော်ညီတာတွေကိုပဲ မိန့်ဆိုနိုင်ကြတယ်၊ ဒါပေမဲ့ သူတို့မှာ လူသားဆိုတဲ့ဂုဏ်ပုဒ်ပဲရှိတယ်။ သူတို့တွေက လူ့ဇာတိခံတဲ့ဘုရားသခင် မဟုတ်ပါဘူး။ ဒါကြောင့် သူတို့မှာ သမ္မာတရားမရှိဘူး။ သမ္မာတရားကို မဖော်ပြနိုင်ပါဘူး။ သူတို့တွေဟာ ကိုယ်တော်ရဲ့အရွေးချယ်ခံတွေကို ပျိုးထောင်ပေးဖို့၊ အထောက်အပံ့ပေးဖို့၊ လမ်းပြပေးဖို့အတွက်၊ ဘုရားသခင် အသုံးပြုတဲ့လူတွေပါပဲ၊ သူတို့တွေက သူတို့ရဲ့လူ့တာဝန်တွေကို ဆောင်ရွက်နေကြတာပါ၊ သူတို့က သန့်ရှင်းသောဝိညာဉ်တော်ရဲ့အသံတော်ကို တိုက်ရိုက်မိန့်ဆိုနိုင်လောက်အောင် အရည်အချင်းမပြည့်မီပါဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တချို့ကို ထပ်ဖတ်ကြည့်ရအောင်-

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူသားတို့၏ စကားကဲ့သို့ ပြောရန် မဖြစ်နိုင်ပါ။ လူသားတို့၏ စကားကို ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ်ပြောရန် ပိုဝေးပါသည်။ ဘုရားသခင် အသုံးပြုသောသူသည် ဘုရားသခင် လူ့ဇာတိအဖြစ် ခံယူထားသူ မဟုတ်ပါ။ လူ့ဇာတိအဖြစ်ကို ခံယူထားသော ဘုရားသခင်သည်လည်း ဘုရားသခင် အသုံးပြုသောသူ မဟုတ်ပါ။ ဤတွင် အနှစ်အသာရအားဖြင့် ကွဲပြားမှုတစ်ခု ရှိပါသည်။… လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ခေတ်သစ်တစ်ခုကို စတင်ဖော်ဆောင်ကာ လူသားထုတစ်ရပ်လုံးကို လမ်းညွှန်ခြင်း၊ နက်နဲသောအရာများကို ဖော်ထုတ်ခြင်းနှင့် ခေတ်သစ်တစ်ခုတွင် လူသားများကို ရှေ့ဆောင်လမ်းပြ ပြုခြင်းတို့ကို လုပ်ဆောင်ပါသည်။ သို့သော် လူသားရရှိသော ဉာဏ်ပွင့်ခြင်းမှာမူ ရိုးရှင်းသော အလေ့အကျင့် သို့မဟုတ် ဗဟုသုတပြည့်စုံခြင်းသာ ဖြစ်ပါသည်။ ယင်းက လူသားထု တစ်ရပ်လုံးကို ခေတ်သစ်တစ်ခုဆီသို့ လမ်းညွှန်နိုင်ခြင်းမရှိပါ၊ သို့မဟုတ် ဘုရားသခင် ကိုယ်တိုင်နှင့် ပတ်သက်သည့် နက်နဲသောအရာကို ဖော်ထုတ်နိုင်ခြင်းမရှိပါ။ နောက်ဆုံးမှာတော့ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသားသည် လူသားဖြစ်သည်။ ဘုရားသခင်တွင် ဘုရားသခင်၏ အနှစ်သာရရှိပြီး လူတွင် လူသားအနှစ်သာရရှိသည်။ ဘုရားသခင်ပြောစကားများကို သန့်ရှင်းသော ဝိညာဉ်တော်၏ ရိုးရှင်းသော ဉာဏ်အလင်းရရှိခြင်းအဖြစ်သာ ရှုမြင်ပြီး တမန်တော်များနှင့် ပရောဖက်များ၏စကားကို ဘုရားသခင်ကိုယ်တိုင်ပြောသော စကားများအဖြစ် မှတ်ယူပါက၊ လူသည် မှားယွင်းပြီ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား)

ဆိုလိုသည်မှာ လူသား၏မိတ်သဟာရဖွဲ့ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ကွဲပြားသည်။ လူသားတို့ မိတ်သဟာရဖွဲ့သည့်အရာသည် သူတို့၏တစ်ဦးချင်း တွေ့မြင်ခြင်းနှင့် အတွေ့အကြုံတို့ကို လွှဲပြောင်းပေးပြီး ဘုရားသခင့်အလုပ်၏ အခြေခံအုတ်မြစ်ပေါ်တွင် သူတို့တွေ့မြင်ကာ ကြုံတွေ့ခဲ့ရသည့်အရာတို့ကို ဖော်ပြသည်။ သူတို့၏တာဝန်မှာ ဘုရားသခင်အလုပ်လုပ်ခြင်း သို့မဟုတ် ပြောကြားခြင်းပြီးနောက်တွင် သူတို့ ကျင့်ဆောင်သင့်သော သို့မဟုတ် ဝင်ရောက်သင့်သည့်အရာကို ရှာဖွေကာ နောက်လိုက်များထံသို့ ဝေမျှရန်ဖြစ်သည်။… ဘုရားသခင်ဖော်ပြသည့် အရာသည် ဘုရားသခင် ကိုယ်တော်တိုင်အကြောင်းဖြစ်ပြီး ထိုအရာသည် လူတို့လက်လှမ်းမီနိုင်သည်ထက် ကျော်လွန်သည်။ ထိုအရာသည် လူသားတို့၏ စဉ်းစားနိုင်မှုထက် ကျော်လွန်သည်။ သူသည် လူသားအားလုံးကို ဦးဆောင်သည့် သူ့အလုပ်ကိုဖော်ပြပြီး ထိုအလုပ်သည် လူသားအတွေ့အကြုံနှင့်ပတ်သက်သော အချက်အလက် အတိအကျများနှင့် သင့်လျော်မှု မရှိပေ။ ထိုအစား သူ၏ကိုယ်ပိုင်စီမံခန့်ခွဲမှုနှင့် သက်ဆိုင်လေသည်။ လူသားသည် သူ၏အတွေ့အကြုံကို ဖော်ပြနေသော်လည်း ဘုရားသခင်သည် သူ၏ဖြစ်တည်မှုကို ဖော်ပြလေသည်။ ဤဖြစ်တည်မှုသည် သူ၏ပင်ကိုစိတ်သဘောထားဖြစ်ပြီး လူသား လက်လှမ်းမီနိုင်သည်ထက် ကျော်လွန်လေသည်။ လူသား၏ အတွေ့အကြုံသည် ဘုရားသခင်က သူ၏ဖြစ်တည်မှုကို ဖော်ပြသည့် အပေါ်တွင်အခြေခံပြီး ရလာသည့် သူတွေ့မြင်သည့်အရာနှင့် အသိပညာတို့ဖြစ်သည်။ ထိုတွေ့မြင်ခြင်းနှင့် အသိပညာကို လူသား၏ ဖြစ်တည်မှုဟု ခေါ်သည်။ ယင်းတို့ကို လူသား၏ ပင်ကိုစိတ်သဘောထားနှင့် သူ၏ အရည်အချင်းမှန်တို့၏ အခြေခံပေါ်တွင် ဖော်ပြခြင်းခံရသည်။ သို့ဖြစ်၍ ယင်းတို့ကို လူသား၏ ဖြစ်တည်မှုဟုလည်းခေါ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်)

ပေတရုနှင့် ပေါလုတို့ကို ဥပမာယူပါ။ ယေရှုဦးဆောင်သော လမ်းကြောင်းအပေါ်တွင်က မလျှောက်လှမ်းမီက သူတို့တွင် သူတို့ကိုယ်ပိုင် အတွေ့အကြုံမရှိခဲ့ကြပေ။ ယေရှုက လမ်းကြောင်းကို ဦးဆောင်ပြီးမှသာလျှင် ယေရှုပြောခဲ့သော နှုတ်ကပတ်တော်များနှင့် သူဦးဆောင်သောလမ်းကြောင်းကို သူတို့အတွေ့အကြုံရခဲ့သည်။ ထိုမှလျှင် သူတို့သည် အတွေ့အကြုံအများအပြားရရှိလာပြီး သြဝါဒစာများ ရေးခဲ့ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍)

ဘုရားသခင် အသုံးပြုတဲ့လူတွေရဲ့အဆိုအမိန့်နဲ့ ဂုဏ်ပုဒ်တွေရယ်၊ ခရစ်တော်ရဲ့မိန့်ဆိုချက်နဲ့ဂုဏ်ပုဒ်တွေကြားက ခြားနားမှုကို အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်မှာ သေချာရှင်းပြထားတာပါ။ ခရစ်တော်ဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့တိုက်ရိုက်ဖော်ထုတ်ပြမှုဖြစ်ပါတယ်၊ ဒါကြောင့် ခရစ်တော် ဖော်ပြသမျှအားလုံးဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ပါပဲ။ သမ္မာတရားပါပဲ။ တမန်တော်တွေ၊ ဘာသာရေးကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကြီးတွေကျတော့၊ ဘယ်လိုအကြောင်းအရာတွေကိုပဲ ရေးခဲ့သည်ဖြစ်ဖြစ်၊ သူတို့ရဲ့ပုဂ္ဂိုလ်ရေးအတွေ့အကြုံတွေ၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အပေါ် သူတို့နားလည်ပုံတွေကိုပဲ ထင်ဟပ်ပြတာပါ။ သူတို့တွေရဲ့အဆိုအမိန့်အများစုဟာ သမ္မာတရားနဲ့ကိုက်ညီနေတယ်ဆိုပေမယ့်၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော် ဖြစ်တယ်လို့မဆိုနိုင်ပါဘူး။ သူတို့ရဲ့အရေးအသားတွေနဲ့ ခရစ်တော် ဖော်ပြတဲ့ သမ္မာတရားတွေကြားမှာ ကြီးမားတဲ့ကွာဟချက် ရှိနေတုန်းပါပဲ။ သူတို့တွေက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ဉာဏ်အလင်းပေးမှု၊ အလင်းပြမှုကို ရထားတဲ့အပြင်၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုလည်း နားလည်သဘောပေါက်ထားတဲ့အတွက် သူတို့မိန့်ဆိုသမျှဟာ သမ္မာတရားနဲ့ ကိုက်ညီတယ်လို့ လူတွေက ယုံကြည်ကြတယ်။ ဒါပေမဲ့ ခရစ်တော်ကသာ သမ္မာတရားကို မဖော်ပြခဲ့ဘူးဆိုရင်၊ တမန်တော်တွေ၊ ဘာသာရေးကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကြီးတွေအနေနဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို တွေ့ကြုံကြမှာမဟုတ်သလို နားလည်သဘောပေါက်ကြမှာ မဟုတ်ဘူး၊ တစ်နည်းပြောရရင် ခရစ်တော်ရဲ့နှုတ်ကပတ်တော်နဲ့အမှုတော်ဟာ အခြေခံအုတ်မြစ်ဖြစ်ပြီး၊ အဲဒီအပေါ်မှာမှ သူတို့က ထပ်ပြီးတည်ဆောက်ကြတာပါ။ ခရစ်တော်က သမ္မာတရားကို ဖော်ထုတ်ပြလိုက်တော့မှသာ၊ တမန်တော်တွေက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို နားလည်နိုင်ခဲ့ကြတာပါ။ ဒါကြောင့် ဘုရားသခင်ရဲ့အမှုတော်နဲ့ပတ်သက်ရင်၊ ခရစ်တော်ကသာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ဖော်ပြနိုင်တယ်။ ဘုရားသခင် အသုံးပြုတဲ့လူတွေရဲ့အဆိုအမိန့်တွေကတော့ သူတို့ရဲ့ကိုယ်ပိုင်နားလည်မှုနဲ့ အတွေ့အကြုံကို ထင်ဟပ်ပြတာတွေသာဖြစ်ပါတယ်၊ ခရစ်တော် ဖော်ထုတ်ပြခဲ့တဲ့နှုတ်ကပတ်တော်တွေကို သက်သေထူတာတွေ၊ ထပ်ပြီးဖြန့်ဝေတာတွေ ဖြစ်ပါတယ်။ သူတို့ဆွေးနွေးပြတာတွေဟာ ခရစ်တော် ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေရဲ့ကျယ်ပြန့်မှုအတိုင်းအတာကို မကျော်လွန်နိုင်ပါဘူး၊ သူတို့ရဲ့အဆိုအမိန့်တွေဟာ ခရစ်တော် ဖော်ပြတဲ့နှုတ်ကပတ်တော်ရဲ့နက်နဲမှုပမာဏကို မမီနိုင်ပါဘူး။ ဒါကြောင့် သူတို့ရဲ့အဆိုအမိန့်တွေဟာ သမ္မာတရားနဲ့ ဘယ်လိုပဲ ကိုက်ညီသည်ဖြစ်ဖြစ်၊ ဘုရားသခင်နှုတ်ကပတ်တော်ရဲ့စစ်မှန်တဲ့ဂုဏ်တော်ကို လုံးဝမမီနိုင်ပါဘူး။ ဒါကတော့ သေချာပါတယ်။

ခရစ်တော် ဖော်ထုတ်ပြတဲ့သမ္မာတရားဟာ မကုန်ခန်းနိုင်ပါဘူး။ ဒါက လူတွေအတွက် ထာဝရရှိနေမယ့် သန့်ရှင်းသောရေစင်ပါပဲ။ တမန်တော်တွေဟာ ဘုရားသခင်ရဲ့အမိန့်ကိုနာခံပြီး၊ နှုတ်ကပတ်တော်တွေကို ဖြန့်ဝေပေးတယ်ဆိုပေမယ့်၊ သူတို့ဖြန့်ဝေတဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ ဘုရားသခင်ကိုယ်တိုင် အမှုတော်မှာ ဖော်ထုတ်ပြတဲ့နှုတ်ကပတ်တော်နဲ့စာရင် တော်တော်ကွဲပြားပါတယ်။ တမန်တော်တွေဟာ ဘုရားသခင်ရဲ့အမှုတော်ကို မဆောင်ရွက်နိုင်ပါဘူး။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို တချို့သောအခြေအနေတွေမှာသာ ဖြန့်ဝေပေးနိုင်တာဖြစ်ပါတယ်။ သူတို့က တချို့သောအခြေအနေတွေ၊ ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး၊ ဘုရားသခင်ရဲ့အရွေးချယ်ခံလူတွေကို သတိပေးတာတွေ လုပ်ပါတယ်၊ ဣသရေလလူမျိုးတွေကို လမ်းပြဖို့အတွက် တိုက်တွန်းတာတွေ၊ နှစ်သိမ့်တာတွေ၊ ဟောကိန်းပြတာတွေ လုပ်ဆောင်ပါတယ်။ တမန်တော်တွေဆိုတာ ဘုရားသခင်က ပညတ်တော်ခေတ်မှာ အသုံးပြုခဲ့တဲ့လူတွေပါပဲ။ ခေတ်အမျိုးမျိုးမှာ ကိုယ်တော် ပျိုးထောင်ခဲ့တာတွေနဲ့ အတူတူပါပဲ။ သူတို့တွေဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ယေဟောဝါဘုရားသခင်ရဲ့အမိန့်တော်အားဖြင့် ဖြန့်ဝေနိုင်ခဲ့ကြတာပါ။ ဘုရားသခင်ရဲ့အသေးအဖွဲအမှုတော်တချို့ကို ပြီးမြောက်အောင် ကူညီခဲ့တာလောက်ပဲရှိပါတယ်။ သူတို့ဆောင်ရွက်ခဲ့တာတွေအားလုံးဟာ သူတို့ရဲ့လူ့တာဝန်ကို ကျေပွန်ဖို့အတွက်ပါပဲ။ ဘုရားသခင်ရဲ့အမိန့်တော်သာ မရှိခဲ့ရင်၊ သူတို့လည်း ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ဖြန့်ဝေခွင့်ရကြမှာမဟုတ်ဘူး။ တမန်တော်တွေမှာ သမ္မာတရား၊ လမ်းခရီးနဲ့အသက် မရှိဘူးဆိုတာကို ဒါက သက်သေပြပါတယ် ဒါကို ငြင်းလို့မရပါဘူး။ ဘုရားသခင်က ခေတ်တစ်ခုအစပျိုးခြင်းအမှုကို ပြုတဲ့အခါ၊ အမှုတော်အလုံးစုံဟာ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းနဲ့ပဲ တိုက်ရိုက်ပြီးမြောက်ပါတယ်၊ လူတွေအတွက် ဘုရားသခင်ရဲ့အလိုတော်အားလုံးနဲ့ ဆောင်ရွက်ရမယ့်အမှုတော်ကိုလည်း ကိုယ်တော်ကပဲ ဖော်ထုတ်ပြပါတယ်။ ပြောရရင်တော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ခရစ်တော်ကသာ တိုက်ရိုက်ဖော်ပြနိုင်တယ်၊ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” ဆိုတဲ့အမှုကို ခရစ်တော်ကသာ ဆောင်ရွက်နိုင်တယ်။ တမန်တော်တွေ တစ်ပိုင်းတစ်စဖြန့်ဝေပေးတာတွေက ဘုရားသခင်ရဲ့ခေတ်တစ်ခုအစပျိုးခြင်းအမှုကို ကိုယ်စားမပြုပါဘူး။ ဒါကတော့ လုံး၀သေချာပါတယ်။ တမန်တော်တွေ၊ ဘာသာရေးဆရာကြီးတွေက ဟောစာတွေ၊ ကျမ်းစာတွေကို ဘယ်လောက်ပဲရေးခဲ့ပါစေ၊ နောက်ဆုံးတော့ သူတို့ဖော်ထုတ်ပြခဲ့တာတွေဟာ သူတို့ရဲ့ပုဂ္ဂိုလ်ရေးအတွေ့အကြုံနဲ့ နားလည်မှုတွေ၊ သူတို့ရဲ့သီးခြားသက်သေခံမှုတွေသာ ဖြစ်ပါတယ်၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ခရစ်တော် ဖော်ထုတ်ပြတာတွေနဲ့တော့ နှိုင်းယှဉ်လို့မရပါဘူး။ ဒါကြောင့် ဘုရားသခင် အသုံးပြုတဲ့လူတွေဖြစ်ဖြစ်၊ တမန်တော်တွေဖြစ်ဖြစ်၊ ဘာသာရေးဆရာကြီးတွေဖြစ်ဖြစ်၊ သူတို့အားလုံးကို သမ္မာတရား၊ လမ်းခရီးနဲ့အသက်အဖြစ် မှတ်ယူလို့မရပါဘူး၊ သူတို့ကိုယ်သူတို့လည်း သမ္မာတရား၊ လမ်းခရီးနဲ့အသက်ဖြစ်တယ်ဆိုပြီး ပြောဝံ့ကြမှာမဟုတ်ဘူး၊ သူတို့ရဲ့အဆိုအမိန့်တွေဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဖြစ်တယ်၊ သမ္မာတရားဖြစ်တယ်ဆိုတာမျိုးကိုလည်း သူတို့ကိုယ်တိုင် သေချာပေါက်ပြောဝံ့ကြမှာမဟုတ်ဘူး။ ကျွန်တော်တို့အားလုံးလည်း မြင်ကြပါတယ်။ တမန်တော်တွေဖြစ်ဖြစ်၊ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်ကြီးတွေပဲဖြစ်ဖြစ်ပါ၊ သူတို့အနေနဲ့ နှစ်တွေဘယ်လောက်ကြာအောင် လုပ်ကိုင်ပါစေ၊ သူတို့ရဲ့ လုပ်နိုင်စွမ်းက အကန့်အသတ်ရှိပါတယ်။ သူတို့အနေနဲ့ လူတွေကိုမကယ်တင်နိုင်ပါဘူး၊ ပြီးပြည့်စုံအောင် မလုပ်ပေးနိုင်ပါဘူး။ ခရစ်တော်ကသာ လူတွေကို ကယ်တင်နိုင်တယ်၊ ပြည့်စုံစေနိုင်ပါတယ်။ ဒါဟာ အမှန်ပါပဲ။ ဒါကြောင့် ခရစ်တော်ကသာ သမ္မာတရား၊ လမ်းခရီးနဲ့အသက်ဖြစ်ပါတယ်။ တမန်တော်တွေ၊ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်ကြီးတွေက သမ္မာတရား၊ လမ်းခရီးနဲ့အသက် မဟုတ်ပါဘူး။

မှန်ကန်သော ကိုးကွယ်ခြင်း၏နက်နဲသောအရာ ၏ ရုပ်ရှင် ဇာတ်ညွှန်းမှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “အပေါ်တွင် မလျှောက်လှမ်းမီ” ဟူသော စကားစု မပါဝင်ပါ။

အရှေ့သို့- မေးခွန်း (၂)- နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကိုပြုဖို့အတွက် ဘုရားသခင်ဟာ ဘာကြောင့် လူ့ဇာတိခံယူရတာလဲ။ ပညတ်တော်ခေတ်မှာဆိုရင်၊ ဘုရားသခင်ဟာ အမှုတော်ကိုဆောင်ရွက်ဖို့အတွက် မောရှေကို အသုံးပြုခဲ့တယ်၊ ဒါကြောင့် နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုအတွက်လည်း ဘုရားသခင်ဟာ ဘာကြောင့် လူကို အသုံးမပြုနိုင်ရတာလဲ။

နောက်တစ်ခုသို့- မေးခွန်း (၄) ကျွန်တော်ဆိုရင် မနေ့ညက အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်တွေကို ဖတ်တယ်၊ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်။” ဒါလေးက ဘုရားသခင်နှုတ်ကပတ်တော်ထဲက သိပ်ကောင်းတဲ့စာပိုဒ်တစ်ခုပါပဲ။ အရမ်းလက်တွေ့ကျတယ်၊ အရမ်းလည်း အရေးပါပါတယ်။ အကျင့်ပျက်နေတဲ့လူသားတွေဟာ ဘုရားသခင်ရဲ့လူ့ဇာတိခံပြီး ကယ်တင်ခြင်းကို ဘာကြောင့် မဖြစ်မနေရယူရမယ်ဆိုတာနဲ့ပတ်သက်ရင်၊ ဒါက လူတွေအနေနဲ့ အရေးတကြီး နားလည်ရမယ့် သမ္မာတရားရဲ့လက္ခဏာတစ်ခုပါပဲ။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို နောက်ထပ်ဆွေးနွေးပေးပါဦး။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။